ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

99

10.5K 1.7K 380
By Kiyoiko__

{Unicode}

"စိတ်ချမ်သာ"

ရှောက်ယယ် ရုံးခန်းထဲ ဝင်လာချိန်တွင် မျက်နှာကြီးက မည်းရှုံ့နေသည်။

ရန်ကျားလိသည် သူ့အား တံခါးကြားမှ ကြည့်နေပြီး ကြည့်ရင်း ကြည့်ရင်းနှင့် မနေ့က ယဲ့ထင် သူ့ကိုပေးခဲ့သည့် ဟက်စကီး​ကောင်နှင့် တူလာသည်ဟုသာ ခံစားလိုက်ရသည်။

တစ်ပုံစံတည်း အစွယ် တဖွေးဖွေး၊ သွားရေ တမျှားမျှား၊ တစ်ပုံစံတည်း တဝုတ်ဝုတ် အူငင်ပြီး၊ လူကို လိုက်နှောင့်ယှက်သည်မှာလည်း တစ်ပုံစံတည်းပင်။

ရှောက်ယယ်သည် မရှုမလှ မျက်နှာနှင့် ကျောက်ရှန့်ဟိုင်ရှေ့ လျှောက်သွားလိုက်ပြီး  မျက်လုံးထဲတွင်လည်း မည်းမှောင်နေကာ ခံစားချက်များ ရောပြွန် လှိုင်းထနေသည်။

ကျောက်ရှန့်ဟိုင်မှာတော့ အေးဆေး တည်ငြိမ်နေပြီး လက်ထဲမှ နောက်ဆုံးသော စာရွက်စာတမ်းကို လက်မှတ်ထိုးပြီးမှ ခေါင်းမော့လာကာ အညှာတာ ကင်းမဲ့စွာနှင့်

"ကိစ္စရှိ?"

ရှောက်ယယ်သည် လက်သီးကျစ်ကျစ် ဆုပ်ထားပြီး

"ခင်ဗျား မသိဘူးလား။ မနေ့ညက ကျုပ်ခင်ဗျားကို တစ်ညလုံး စောင့်နေတာ"

ကျောက်ရှန့်ဟိုင်က သြော်ဟု ပြန်ပြောလာပြီး စာရွက်စာတမ်းများကို တစ်ဖက်ချကာ မျက်မှန် ချွတ်လိုက်သည်။

ရှောက်ယယ်က အံကြိတ်နေပြီး

"မနေ့က ဘယ်သွားတာလဲ။ ဘယ်သူနဲ့ သွားတာလဲ! စကားပြောလေ၊ အ နေတာလား"

ကျောက်ရှန့်ဟိုင်က မျက်လွှာပင့်လိုက်ပြီး မျက်လုံးထဲတွင် အရင်အချိန်က တည်ရှိခဲ့သော နွေးထွေးပျူဌာမှုနှင့် သူတစ်ပါးအပေါ် တွေးခေါ် ဆင်ခြင်ပေးမှုတို့က လုံးလုံး ပျောက်ကွယ်သွားကာ လေးဆေး တည်ငြိမ်မှုတို့သာ အစားဝင်လာပြီး

"ငါဘယ်သွားလဲ ဆိုတာက မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်း မမေ့နဲ့၊ ငါတို့ လမ်းခွဲပြီးပြီ"

"ကျုပ်စောက် သဘောမတူဘူး!"

ရှောက်ယယ်က အလောသုံးဆယ် ဖြစ်လာပြီး ဒေါသမာန်တက်နေသည့် မျက်လုံးများက ပေါက်ထွက်လာတော့မည့်အတိုင်း ဖြစ်နေကာ

"ကျောက်ရှန့်ဟိုင်၊ ခင်ဗျား လျှောက်မလုပ်လို့ မရဘူးလား။ ကျုပ်က တခြားသူနဲ့ အိပ်နေတာလည်း မဟုတ်ဘူး။ ကျုပ်က ဖုကျိုးမင်နဲ့ ရုပ်ရှင်လေးပဲ သွားကြည့်တာ၊ ခင်ဗျားကို တောင်းလည်း တောင်းပန်ပြီးနေပြီ။ တကယ်ပဲ ဘာထပ်ဖြစ်ချင်နေသေးတာလဲ။ ခင်ဗျား အိမ်ပြန်မလာတာ ဘယ်နှစ်ရက် ရှိပြီလဲ။ ဒီလို ကိစ္စအသေးလေးကို မဖြစ်မနေ ပုံကြီးချဲ့မှ ရမှာလား"

ရန်ကျားလိသည် တံခါးနောက်ကွယ်တွင် ပုန်းနေပြီး ကျောက်ရှန့်ဟိုင်၏ မျက်နှာကို တိတ်တဆိတ် ချောင်းကြည့်နေသည်။

ကျောက်ရှန့်ဟိုင်၏ မျက်နှာပေါ်မှ အမူအရာကို သူ အတော်လေး ရင်းနှီးနေသည်။ ၎င်းမှာ စွန့်လွှတ်လိုက်ခြင်းပင်။

ကျောက်ရှန့်ဟိုင်က မတ်မတ်ရပ်လိုက်ပြီး ရှောက်ယယ်၏ အမျက်ချောင်းချောင်း ထွက်နေသည့် မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်ကာ ပြောသည်။

"ရှောက်ယယ်၊ မင်းငါ့ကို အဲ့အိမ်ဆိုတဲ့ စကားလုံးကို ပြောဖို့ အရှက်ရှိသေးတယ်လား"

"မင်းအပြင်မှာ အချိန်ဖြုန်းပြီး အိမ်ကို တော်တော်ကြာကြာ ပြန်မရောက်လာခဲ့တဲ့ အချိန်တုန်းက ကိုယ့်ဘာသာကိုယ် အိမ်ရှိတယ်လို့ရော တွေးခဲ့ဖူးရဲ့လား"

"မင်းအိမ်ပြန်လာတဲ့ အရေအတွက်က နည်းသထက် နည်းလာတယ်။ ပြန်လာခဲ့ရင်တောင် ခဏလောက်နေပြီး ပြန်ထွက်သွားတယ်။ မင်းကငါ့ကိုဆို ရွံရှာပြီး ငြီးငွေ့နေတဲ့ အပြုအမူတွေပဲ စွန့်ကြဲပေးနေတဲ့အချိန်၊ မင်းခေါ်လာတဲ့ ကောင်လေးကိုတော့ အပြုံးတွေ ဝေမျှပေးနေတဲ့ အချိန်မှာ၊ မင်းမှာ အိမ်ရှိသေးတယ် ဆိုတာကိုရော စဥ်းစားမိခဲ့ရဲ့လား"

ကျောက်ရှန့်ဟိုင်၏ နဖူးထက်တွင် အပြာရောင် သွေးပြန်ကြောများက တလူလူ ခုန်လှုပ်နေပြီး

"ငါအိမ်ပြန်မလာဘဲ အပြင်မှာ နှစ်ရက်လောက်လေး နေလိုက်တာနဲ့ မင်း မတရားဘူးလို့ ခံစားသွားရတာ ဟုတ်တယ်မလား။ မင်း စဥ်းစားကြည့်ဖူးလား။ ခုနစ်နှစ်ပြည့် နှစ်ပတ်လည်၊ ငါ့မွေးနေ့၊ လဲ့လဲ့မွေးနေ့ အဲ့အချိန်တွေတုန်းက ငါစားပွဲအပြည့် ဟင်းပူပူတွေ တင်ထားပေမယ့် အဲ့ဒါတွေ တဖြည်းဖြည်းနဲ့ အေးစက်သွားတာကိုပဲ ကြည့်နေရချိန်မှာ မင်း ဘယ်ရောက်နေလဲ"

"မင်းကအပြင်မှာ တခြားတစ်ယောက်နဲ့ ပျော်ရွှင် ကြည်နူးနေတယ်။ မင်းက ငယ်ရွယ်တဲ့ အနုပညာရှင်လေးကို ခေါ်သွားပြီး စံအိမ်ထဲမှာ ပျော်မွေ့နေတယ်လေ"

ရှောက်ယယ်၏ အမူအရာမှာ တင်းမာနေပြီး စကားပြောချင်သော်လည်း ရုတ်တရက် မည်သို့မည်ပုံ ငြင်းဆန် တွန်းလှန်ရမည်ကိုလည်း မသိပေ။

ကျောက်ရှန့်ဟိုင်၏ မျက်နှာတွင် စိတ်ပျက်မှုတို့ ထင်ဟပ်နေပြီး အတန်ကြာသော် သရော်ပြုံး နှစ်ချက် ပြုံးလိုက်ပြီး

"မင်းကငါနဲ့ အိမ်ဆိုတဲ့ စကားကိုပြောဖို့ အရှက်ရှိသေးတယ်ပေါ့။ ဒီအိမ်က မင်းလုပ်လို့ပဲ အစောကြီးကတည်းက လုံးလုံးလျားလျား ပြိုကွဲ သွားခဲ့ပြီးသားဆိုတာ၊ မင်း မသိသေးဘူးလား"

ရှောက်ယယ်၏ မျက်နှာသည် ဖြူနေရာမှ နီမြန်းသွားရပြန်သည်။

အချိန်အတော်ကြာမှ အံကြိတ်ရင်း သွားကြားမှ စကားတစ်ခွန်း ညှစ်ထုတ်ပြောလာသည်။

"ဒါဆို ကျုပ်တို့ အစကနေ ပြန်စကြမယ်လေ။ ဒီနေ့ည၊ ခင်ဗျားကျုပ်ကို ကတိပေး၊ ခင်ဗျား အိမ်ပြန်လာမယ်ဆိုတာ"

ကျောက်ရှန့်ဟိုင်က သူ့ကို ဂရုပင် မစိုက်ဘဲ အတွင်းဖုန်း ခလုတ်ကိုနှိပ်ကာ အေးတိအေးစက်နှင့်

"လက်ထောက်ဝမ်၊ လုံခြုံရေး အစောင့် ခေါ်လိုက်"

ရှောက်ယယ်က အံ့သြတကြီး ဖြစ်သွားပြီး

"ခင်ဗျားက လုံခြုံရေး ခေါ်ပြီး ကျုပ်ကို နှင်ထုတ်မယ်?"

ကျောက်ရှန့်ဟိုင်သည် ဟိုအရင်အချိန်က ရှောက်ယယ်အား စိတ်နှလုံးသားထဲ အမှန်တကယ် ထည့်သွင်းထားခဲ့ဖူးသည်။

ကျောက်ရှန့်ဟိုင်သည်လည်း အတော်အတန် အလုပ်များသည့် အမှုဆောင် ဥက္ကဌပါပင်။ သို့သော် ရှောက်ယယ်နှင့် အတူရှိပြီးသည့်နောက် လက်ဆေးပြီး စွတ်ပြုတ်လုပ်ဖို့ရန် အချိန်ကိုပင် ညှစ်ထုတ်လာလိုက်သေးသည်။ ဤတင်မက အိမ်မှုကိစ္စများကိုလည်း အများအပြား သင်ယူခဲ့သေးသည်။ ထို့အပြင် ရှောက်ယယ်သည် 1 စစ်စစ် ဖြစ်သောကြောင့် မိမိမှာ အံကြိတ်ရင်း ရှောက်ယယ် ခန္ဓာအောက် လဲလျောင်းကာ အချစ်ကြောင့် သုည ဖြစ်သွားခဲ့ရသည်။

ရှောက်ယယ်တစ်ယောက် အစဥ်အမြဲ တွေးတောခဲ့သည်က၊ ကျောက်ရှန့်ဟိုင်သည် မိမိကို အလွန် သဘောကျပြီး မိမိမှ မဟုတ်လျှင် မဖြစ်ဘူးဟူ၍ပင်။

အပြင်ဘက်တွင် တစ်ညလုံး နေပြီး အိမ်ပြန်မလာဘဲ နံဘေးတွင် ခေါ်ထားသူမှာ ဖုကျိုးမင်အဖြစ် ပြောင်းလဲလာသောအခါ သူသည်လည်း စိတ်မသိုးမသန့် ဖြစ်ခဲ့ဖူးပါသည်။

သို့သော်ငြား ပြန်ပြောင်း စဥ်းစားကြည့်တော့ သူ ဘယ်အချိန်မှာ ဘယ်လိုဘယ်ပုံ ပြန်လာသည်ဖြစ်စေ ကျောက်ရှန့်ဟိုင်အား အစဥ်အမြဲ မြင်တွေ့နေနိုင်ခဲ့သည်။ သူသည် ထိုအကြောင်းအရာများကို ကျောက်ရှန့်ဟိုင်အား အသိပေးမည် မဟုတ်သလို အကယ်၍ ကျောက်ရှန့်ဟိုင် သိသွားလျှင်ပင် ခဏတာ ဒေါသထွက်ပြီး တောင်းပန်လိုက်လျှင် ပြီးသွားပါလိမ့်မည်။ သူကရော ဘယ်ကို ထွက်သွားနိုင်ဦးမှာမို့လို့လဲ?

သို့သော် မထင်မှတ်ပါဘဲ လှိုင်းတံပိုး၏ ရိုက်ခတ်အားက ကြီးမားလွန်း၍ အိမ်ပါ ပြိုကွဲသွားရတော့သည်။

ရှောက်ယယ်သည် လည်ပင်းထဲတွင် တစ်ဆို့တစ်ဆို့ ဖြစ်နေပြီး လက်ဆန့်ကာ ကမန်းကတန်းနှင့် တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်ချင်သော်ငြား ဘာကိုမှလည်း မဖမ်းဆုပ်နိုင်တော့ဘူး ထင်ပါ၏။

လုံခြုံရေး အစောင့်က ရုံးခန်းထဲ ဝင်လာပြီး ကျောက်ရှန့်ဟိုင်၏ မျက်လုံး အချက်ပြမှုအောက်တွင် ရှောက်ယယ်အား အပြင်ဘက်သို့ ဆွဲခေါ်ထုတ်သွားသည်။

ရှောက်ယယ်က တံခါးဘောင် အပြင်မှာ ပိတ်ရပ်နေပြီး ရုန့်ရင်းကြမ်းတမ်းစွာ ပြောသည်။

"ကျောက်ရှန့်ဟိုင်၊ ခင်ဗျားဒီနေ့ သေချာပေါက် အိမ်ပြန်လာရမယ်! နောက်ဆို ကျုပ်လည်း အချိန်မှန် အိမ်ပြန်လာမယ်။ ကျုပ်တို့လည်း ဆက်မွှေနှောက် မနေတော့ဘဲ ကောင်းကောင်းမွန်မွန် ဖြတ်သန်းကြမယ်"

ကျောက်ရှန့်ဟိုင်က ခေါင်းယမ်းပြီး ရှောက်ယယ်နံဘေး လျှောက်သွားလိုက်ကာ

"ဒီနေ့ညလည်း၊ ငါ အိမ်ပြန်မလာနိုင်သေးမှာ ဆိုးတယ်"

သူသည် လက်ကောက်ဝတ်ကို မြှောက်ပြီး နာရီကြည့်နေရင်း ပြောသည်။

"ငါ့ကုမ္ပဏီ လက်အောက်မှာ တော်တော်လေး တောက်ပနေတဲ့ ကြယ်ပွင့်လေးရှိတယ်။ သူ့ရုပ်ရှင်က ရုံတင်နေပြီ။ သူနဲ့အတူ လိုက်ကြည့်ပေးဖို့ ငါ့ကို ချိန်းထားတယ်လေ။ အဲ့တော့ ဒီနေ့ညလည်း ပြန်မလာနိုင်တော့ဘူးပေါ့"

ရှောက်ယယ်၏ မျက်လုံးတစ်စုံသည် ချက်ချင်း ပြူးကျယ်လာပြီး အလောတကြီး စိတ်ဆိုးမာန်ဆိုးနှင့်

"ခင်ဗျား လုပ်ရဲလား!"

ကျောက်ရှန့်ဟိုင်က ရယ်သည်။

"ရုပ်ရှင်လေး ကြည့်ရုံပဲဟာ၊ မင်းက ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာလဲ။ တကယ်လို့ မင်းအရမ်း စိတ်ထဲထားမိနေတယ်ဆိုရင်လည်း ငါအိမ်ပြန်လာတဲ့ အခါကျ မင်းကို ပြန်တောင်းပန်မယ်လေ။ လုံခြုံရေး၊ လူကို ဆွဲခေါ်သွားတော့။ နောက်ဆို အစောင့်တွေ ပိုထည့်ထား၊ ကြိုချိန်းထားတာ မရှိရင် သူ့ကို ဝင်မလာခိုင်းနဲ့"

လုံခြုံရေးက ခေါင်းညိတ်လိုက်ပြီး လူတစ်စုက အရပ်ရှည် သန်မာသည့် ရှောက်ယယ်ကို ဆွဲထုတ်သွားကြသည်။

ရှောက်ယယ်သည် ဒေါသတကြီး အော်ဟစ်နေဆဲဖြစ်ပြီး မျက်လုံးထဲတွင်လည်း မီးတောက်နေပုံပေါ်သည်။

"ကျောက်ရှန့်ဟိုင်၊ ခင်ဗျား တမင်လုပ်နေတာမလား။ မသွားရဘူး! ခင်ဗျား မကြားဘူးလား။ ကျုပ်ပြောနေတယ် မသွားရဘူးလို့!"

ကျောက်ရှန့်ဟိုင်၏ လေသံသည် ရုတ်တရက် ပျော့ပြောင်းလာပြီး

"ရှောက်ယယ်၊ စွန့်လွှတ်ပစ်လိုက်တယ်ဆိုတာ ဘယ်လိုအရသာလဲ မင်းသိလား"

ရှောက်ယယ်သည် တစ်ခဏလောက် ငေးကြောင်သွားပြီး အပြုအမူများလည်း ရပ်တန့်သွားသည်။

ကျောက်ရှန့်ဟိုင်၏ နှုတ်ခမ်းစွန်းက ကွေးတက်သွားပြီး ရှောက်ယယ်၏ နားရွက်နား တိုးကပ်သွားကာ

"မင်းရဲ့ စိတ်တွေက လမ်းချော်ပြီး တစ်ညလုံး အိမ်ပြန်မလာတော့တဲ့ အချိန်မှာ ငါကတော့ ရှင်းရှင်းလင်းလင်းကြီးကို သိပြီးသွားပြီ"

လုံခြုံရေးများသည် ရှောက်ယယ်အား အဆောက်အအုံထဲမှ အတင်းကာရော ဆွဲထုတ်လာကြသည်။

ရန်ကျားလိသည် ကျောက်ရှန့်ဟိုင်တစ်ယောက် တံခါးကို မျက်နှာမူ ရပ်နေကာ အတန်ကြာအောင် မလှုပ်မယှက် ရှိနေခဲ့သည်ကို တွေ့နေရသည်။

ရန်ကျားလိသည် ရုတ်တရက် ဖော်ပြ၍ပင် မရသော ပုံရိပ်တစ်ခုကို တွေးမိသွားသည်။ ခြောက်သွေ့ပြီး အသက်ဆက်ရန် အခွင့်အလမ်း မရှိသော သဲကန္တာရ အလယ်တွင် မိုးထိတိုင်အောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရပ်နေခဲ့သည်။ ထိုအပင်ကြီးသည် ခိုင်ခံ့ပြီး ကျန်းမာဝပြောသည်ဟု ထင်ရသော်လည်း အောက်ခြေမှာကား ခြောက်သွေ့ကာ အကြွင်းမဲ့ ဆွေးမြေ့ပျက်စီးသွားပြီဖြစ်သည်။ နောက်ဆုံးသော ဂုဏ်သိက္ခာနှင့် အခြားသော ကာကွယ် စောင့်ရှောက်ရမည့် အရာများအတွက်သာ ကျယ်ပြော ပြာလဲ့နေသည့် ကောင်းကင်ခုံးအောက်တွင် တစ်ပင်တည်း ထီးထီးကြီး ထွေလေ ထိုင်းမှိုင်းစွာနှင့် ကြံ့ကြံ့ခံနေခဲ့ကာ ထာဝရ တစ်သက်တာ ဝမ်းနည်းကြေကွဲမှုမျိုး ရှိနေခဲ့၏။

ရန်ကျားလိသည် အနားယူခန်းမှ ထွက်လာကာ ကျောက်ရှန့်ဟိုင် နံဘေး လျှောက်သွားလိုက်ပြီး

"ဟိုင်ကော?"

ကျောက်ရှန့်ဟိုင်သည် အသိပြန်ကပ်သွားပြီး ရန်ကျားလိအား နှစ်ကြိမ်လောက် အတင်းကာရော ပြုံးပြလိုက်ကာ

"မင်းကို ရယ်စရာတွေ ကြည့်စေမိပြီ"

သူသည် သူဌေးထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ နဖူးကို နှိပ်နယ်နေရင်း ခါးသက်စွာ ပြုံးလိုက်သည်။

"အရင်က အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ရဲ့ ရှူထောင့်ကနေ မင်းရဲ့ ခံစားချက်တွေအကြောင်း ဆွေးနွေးပေးနေခဲ့တာ။ ဒါပေမဲ့ ပြန်စဥ်းစားကြည့်တော့ ကိုယ်ကိုယ်တိုင်ရဲ့ မိသားစုကိုက ဒီလို ရှုပ်ပွနေပြီပဲ၊ တကယ် ရယ်ရတယ်"

ရန်ကျားလိက ခေါင်းခါလိုက်ပြီး နှစ်သိမ့်သည့် သဘောနှင့် ကျောက်ရှန့်ဟိုင် ပခုံးပေါ် လက်တင်ထားလိုက်ကာ

"ဟိုင်ကော၊ ကျွန်တော် ခင်ဗျားရဲ့ စိတ်ကို တကယ် နားလည်ပါတယ်။ ကျွန်တော် ခံရအခက်ဆုံး အချိန်တွေမှာ၊ ခင်ဗျားပဲ ကျွန်တော့်ကို တစ်လျှောက်လုံး ကူညီပေးခဲ့တာ။ အခု ကျွန်တော် ကူညီပေးဖို့ တစ်ခုခု လိုအပ်တာများရှိရင်၊ ဒါမှမဟုတ် ယုံကြည်ရတဲ့ လူတစ်ယောက်ယောက်နဲ့ စကားပြောပြီး စိတ်ကို ဖြေလျော့ပစ်ချင်ရင်...."

ရန်ကျားလိက သူ့ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ပုတ်ပြလာပြီး

"ကျွန်တော် အချိန်မရွေး အဆင်ပြေတယ်"

ကျောက်ရှန့်ဟိုင်သည် သူ့ အပြုအမူကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျောက်ရှန့်ဟိုင်သည် သူ့ခေါင်းကို ပုတ်လိုက်ပြီး စနောက်သလို ပြောလာသည်။

"ဟုတ်ပြီ၊ မင်းကို အလဟဿ မနာကျင်စေရပါဘူး"

(ဒါကသူများရဲ့ စိတ်ညစ်စရာ ကိစ္စတွေကို နားထောင်ပေးရလို့ သူများကို စိတ်မဆင်းရဲစေရပါဘူးလို့ ပြောတာထင်တယ်...)

ဟိုင်ကောနှင့် ခဏတာ စကားပြောပြီး အနည်းငယ် စိတ်ချမ်းသာရာ ရသွားစေပြီးနောက် ဟိုင်ကောအား ကိစ္စတစ်ခုခု ရှိလျှင် မိမိအား သေချာပေါက် လာရှာရန် မှာကြားပြီး ရန်ကျားလိလည်း အိမ်ပြန်လာသည်။

ယဲ့ထင်သည်လည်း အစောကြီး ပြန်ရောက်လာပြီး ရန်ကျားလိ အိမ်ပြန်လာချိန်တွင် ယဲ့ထင်က စာဖတ်ခန်းထဲ ထိုင်နေပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် ရေးနေခဲ့သည်။

ရန်ကျားလိက အနားတိုးသွားပြီး ကြည့်သည်။

ယဲ့ထင်သည် အပေါ်မှ လှပသည့် စာကြောင်း အတန်းလိုက်ကို ညွှန်ပြပြီး ပြုံးကာပြောသည်။

"ကိုယ်ဒီနေ့ အလုပ်တက်နေတုန်း မင်းနဲ့ကိုယ်နဲ့ ပြောထားခဲ့ဖူးတဲ့ မလုပ်ဖြစ်သေးတဲ့ ဟာတွေကို ထပ်စဥ်းစားမိသွားတယ်.....မင်းကြည့်ကြည့်၊ ဒီအချက်လေးတွေက နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်တယ်နော်"

ရန်ကျားလိက ခေါင်းငုံ့ပြီး ကြည့်လိုက်သောအခါ ယဲ့ထင်က သူ့ကိုဖက်လိုက်ပြီး လေသံတိုးနှင့်

"ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ ကိုယ်ကမင်းနဲ့ အတူတူ အရာအားလုံးကို အကောင်အထည်ဖော်မှာ၊ ဟုတ်ပြီလား"

ဆက်လက် ရောက်ရှိလာသည့် နေ့ရက်များတွင် ယဲ့ထင်သည် သူပြောထားသည့်အတိုင်း အရေးတယူ လုပ်ဆောင်လာခဲ့သည်။

သူတို့သည် ကံကောင်းထောက်မစွာနှင့် ဟာအယ်ပင်း၏ နှင်းပွဲတော် နောက်ဆုံးရက်လေးကို မှီသွားပြီး နောက်ဆုံးသော ရေခဲပန်းပု ရုပ်ပြပွဲကို ကြည့်နိုင်ခဲ့ကြသည်။ သူတို့သည် ဖက်ထုပ်လုံးကြီးလို (ခန္ဓာကိုယ်ကို) ထုပ်ပိုးထားပြီး အေးလွန်း၍ မျက်နှာများက နီမြန်းနေသော်လည်း မျက်လုံးထဲတွင်တော့ တောက်ပနေစမြဲဖြစ်ကာ လက်တွဲထားရင်း နှင်းရေခဲများ ပြည့်နှက်နေသည့် ကမ္ဘာလောကကို ဖြတ်သန်း သွားလာခဲ့ကြသည်။

သူတို့သည် ရှန့်ဟိုင်မှ ဒစ်စနေးလန်းကိုလည်း သွားခဲ့ကြပြီး ရန်ကျားလိ အမျှော်လင့်ခဲ့ရဆုံးသော ပီတာပန်၏ စွန့်စားခန်း ခရီးစဥ်တွင် ဝင်ရောက် ဆော့ကစားခဲ့ကြသည်။  သူတို့သည် ကလေးဘဝ အငွေ့အသက်များနှင့် ပြည့်နှက်နေသည့် အာကာသယာဥ်ထဲတွင် ပီတာပန်နှင့်အတူ မှောင်မိုက်မိုက် လန်ဒန်၏ ညကောင်းကင်ယံကို ဖြတ်သန်းပြီး ကလေးဘဝကို ပြန်လည် ဝင်ရောက်သွားသကဲ့သို့ စိတ်ကူးယဥ် ကမ္ဘာထဲ ကူးလူးပျံသန်းခဲ့ကြသည်။

သူတို့သည် ပေကျင်းကိုလည်း သွားခဲ့ကြပြီး ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသော လူစည်ကားသည့် တောင်ပိုင်း လွောကူ လမ်းကြားလေးတွင် ရန်ကျားလိသည် မွေးပျံ့လွန်းသော ပန်းအရသာ ပန်ကိတ်ကို ယဲ့ထင် နှုတ်ခမ်းနား ပို့လိုက်ပြီး အစွန်းအထင်းများ ပေကျံနေသေးသော နှုတ်ခမ်းနှင့် အံ့သြတကြီး အော်ပြောလာသည်။

"မြန်မြန်၊ ကိုက်လိုက်၊ ကိုက်လိုက်....စား​ကောင်းတယ်မလား။ ငါ မင်းကို ပြောပြမယ် အရမ်း စားလို့ကောင်းတယ်လို့!"

သူတို့သည် နေရာ အများကြီး အများကြီး လျှောက်သွားခဲ့ကြသည်။

သူတို့သည် ဇာတ်လမ်း ဇာတ်ကွက်ထဲ နစ်မြောသွားကြပုံပေါ်ပြီး ယစ်မူးနေရာမှ နိုးထမလာနိုင်ကြတော့ချေ။

လဝက်ရောက်သောအခါ ယဲ့ထင်သည် ရန်ကျားလိအား တက္ကသိုလ်သို့ ပြန်ခေါ်သွားပေးခဲ့သည်။

ယဲ့ထင်သည် အောင်မြင်သည့် လူပုဂ္ဂိုလ်အနေနှင့်တစ်ဖုံ၊ ထူးချွန်ထက်မြက်သည့် ကျောင်းသားဟောင်း အနေနှင့်တစ်မျိုး မိမိ၏ ကျောင်းတော်အတွက် သန်းငါးဆယ် ရင်းနှီးမြှုပ်နှံပေးခဲ့သည်။

ကျောင်းမှ ခေါင်းဆောင်များသည် သူ့အား ကိုယ်တိုင်လာရောက် ကြိုဆို နှုတ်ဆက်ကြကာ ဂုဏ်သရေရှိ ဧည့်သည့်အဖြစ် ဟောပြောပွဲတွင် ပါဝင်ဆင်နွှဲပေးရန် ဖိတ်ခေါ်ကြသည်။

ကားသည် ယဲ့ထင်နှင့် ရန်ကျားလိအား ကျောင်းထဲသို့ ပို့ဆောင်ပေးခဲ့ပြီး ကျောင်းအရှေ့တံခါးကို ဖြတ်သန်းသွားသည်နှင့် အရှေ့တံခါး၏ လမ်းတစ်လျှောက်သည် ပြန်လည် ပြင်ဆင်မွမ်းမံထားပြီး ထိုနှစ်က အရှေ့တံခါးဝတွင် မားမတ်စွာ တည်ရှိနေခဲ့သော Photinia ပင်ကြီးကိုလည်း မတွေ့ရတော့သည်ကို ရန်ကျားလိတစ်ယောက် သတိထားမိသွားသည်။

သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့ထင်၏ ခါးကို ဆွဲဆိတ်ကာ

"သစ်ပင်ရော"

ယဲ့ထင်က ရူးချင်ယောင်ဆောင်နေပြီး

"ဘာသစ်ပင်လဲ"

"အဲ့ဒီ Photiniaပင်လေ"

ရန်ကျားလိက တစ်နေရာရာကို လက်ညှိုး ညွှန်ပြလိုက်ပြီး

"အဲ့နှစ်တုန်းက ငါတို့ အဲ့အောက်မှာ လမ်းခွဲစကား ပြောခဲ့ကြတဲ့ အဲ့ဒီသစ်ပင်လေ"

ယဲ့ထင်သည် တစ်ချက် ကြည့်လိုက်ပြီးနောက် ပခုံးတွန့်ကာ

"မသိဘူးလေ"

ရန်ကျားလိသည် မျက်လုံးများ မှေးစင်းသွားပြီး ယဲ့ထင်၏ လည်ကုပ်နား ကပ်သွားကာ လက်ချောင်းလေးနှင့် ယဲ့ထင်၏ လည်စလုပ်ကို ကုတ်လိုက်ပြီး

".....မင်းလုပ်တာတော့ မဟုတ်ဘူးမလား"

ယဲ့ထင်သည် တစ်ခဏအတွင်း ခေါင်းလှည့်သွားပြီး ရေရွတ်ပြောဆိုလာသည်။

"မဟုတ်ပါဘူး"

ကားသည် ကျောင်းအဆောက်အအုံအောက်သို့ ရောက်လာသောအခါ ကားဆရာက ကားတံခါးကို ဖွင့်ပေးလာပြီး ကျောင်း၏ ခေါင်းဆောင်များကလည်း အပြင်တွင် ရပ်နေကြသည်။

ယဲ့ထင်သည် ရန်ကျားလိအား ကားပေါ်မှ ခေါ်ထုတ်လာပြီး ရန်ကျားလိတစ်ယောက် တည့်တည့်မတ်မတ် ရပ်နိုင်ရုံရှိသေး၊ တစ်ချိန်က ကြမ်းကြမ်းကြုတ်ကြုတ်နှင့် ကျောင်း၏ ခေါင်းဆောင်က ယဲ့ထင်အား လက်ဆွဲနှုတ်ဆက်နေရင်း ပြုံးဖြီးဖြီးနှင့် ပြောလာသည်ကို တွေ့လိုက်ရသည်။

"ခင်ဗျားကို ဥက္ကဌယဲ့လို့ ခေါ်ရတော့မှာပဲ။ ဥက္ကဌယဲ့က ကျောင်းဆောက်လုပ်ရေး ထောက်ပံ့ကြေးမှာ ပါဝင်ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်ဗျာ။ ဥက္ကဌယဲ့ရဲ့ ပံ့ပိုးကူညီမှုကြောင့် စီးပွားရေးကျောင်းကနေ အရှေ့တံခါးရဲ့ လမ်းအထိ ပြန်ပြီး ပြုပြင်နိုင်ခဲ့ပါပြီ"

ယဲ့ထင်၏ နှလုံးက တစ်ချက် တုန်ခါသွားပြီး စကားစကို ဖြတ်တောက်ရန် ကြိုးစားနေချိန်တွင် ရန်ကျားလိက ဆက်မေးလာသည်ကို ကြားလိုက်ရသည်။

"ဒါဆို အဲ့ဒီသစ်ပင်ရော"

ကျောင်းခေါင်းဆောင်က ဟားဟားဟု ရယ်လိုက်ပြီး

"သစ်ပင်ရဲ့ အနံ့အသက်က ထူးဆန်းလွန်းတယ်လို့ ကျောင်းသားတွေက သတင်းပို့ကြတယ်လေ။ ဥက္ကဌယဲ့ကလည်း အပင်အသစ် ပြောင်းပေးဖို့ အထူးတလည် ပြောထားတာမို့၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ရောင်းပြီး တခြားနေရာကို ပို့လိုက်ပါပြီ"

ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး သြော်ဟု သံရှည်ဆွဲလိုက်သည်။

သူသည် ခေါင်းလှည့်လာပြီး ယဲ့ထင်ကို အေးစက်စက်နှင့် ကြည့်လိုက်သည်။

ယဲ့ထင်က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုသည့် အကြည့်နှင့် သူ့အား ပြန်ကြည့်သည်။ နှုတ်ခမ်းလွှာကလည်း လှုပ်ယမ်းသွားကာ အသံမထွက်ဘဲ ပေါင်ပေါင်းဟု ခေါ်လိုက်သည်။

လူအုပ်ကြီးသည် ကျောင်းဝင်းထဲသို့ ဝင်သွားကြချိန်တွင် ရန်ကျားလိသည် မည်သူတစ်ယောက်ကမှ ဂရုစိုက်မနေသည်ကို အခွင့်ကောင်းယူပြီး ယဲ့ထင်အား လှေကားထောင့်သို့ ဆွဲသွားကာ သူ့အား နံရံထက် ဖိထားပြီး ယဲ့ထင်၏ အင်္ကျီကော်လံနှင့် နက်ခ်တိုင်ကို ဆွဲချွတ်လိုက်ကာ ယဲ့ထင်၏ လည်ပင်းထက် မပြင်းလွန်း မဖျော့လွန်းစွာနှင့် ကိုက်ပစ်လိုက်ပြီး ရယ်မောသလို ဆူဆဲသလိုနှင့်

"ငါ့ကို လိမ်တယ်! သစ်ပင်လေးတောင် အလွတ်မပေးနိုင်ဘူး။ ယဲ့ထင်၊ မင်း ကလေးဆန်လား မဆန်ဘူးလား"
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။

ယဲ့ထင် : အဲ့ဒီသစ်ပင်က အဲ့နှစ်တုန်းက ငါနဲ့ပေါင်ပေါင်းကို လမ်းခွဲသွားစေခဲ့တာလေ။ အဲ့ဒါကြောင့် ငါကြည့်နေရတာ ထောင့်မကျိုးလို့ တခြားနေရာကို ရွေ့ပစ်လိုက်တာ။

သစ်ပင် : နင် ရူးနေတာလား!

25/1/2022(Tue)

                               ×××

{Zawgyi}

"စိတ္မခ်မ္းသာ"

ေရွာက္ယယ္ ရံုးခန္းထဲ ဝင္လာခ်ိန္တြင္ မ်က္ႏွာႀကီးက မည္းရႈံ႔ေနသည္။

ရန္က်ားလိသည္ သူ႔အား တံခါးၾကားမွ ၾကည့္ေနၿပီး ၾကည့္ရင္း ၾကည့္ရင္းႏွင့္ မေန့က ယဲ့ထင္ သူ႔ကိုေပးခဲ့သည့္ ဟက္စကီး​ေကာင္ႏွင့္ တူလာသည္ဟုသာ ခံစားလိုက္ရသည္။

တစ္ပံုစံတည္း အစြယ္ တေဖြးေဖြး၊ သြားေရ တမ်ွားမ်ွား၊ တစ္ပံုစံတည္း တဝုတ္ဝုတ္ အူငင္ၿပီး၊ လူကို လိုက္ေနွာင့္ယွက္သည္မွာလည္း တစ္ပံုစံတည္းပင္။

ေရွာက္ယယ္သည္ မရႈမလွ မ်က္ႏွာႏွင့္ ေက်ာက္ရွန္႔ဟိုင္ေရ႔ွ ေလ်ွာက္သြားလိုက္ၿပီး  မ်က္လံုးထဲတြင္လည္း မည္းေမွာင္ေနကာ ခံစားခ်က္မ်ား ေရာႁပြန္ လိႈင္းထေနသည္။

ေက်ာက္ရွန္႔ဟိုင္မွာေတာ့ ေအးေဆး တည္ၿငိမ္ေနၿပီး လက္ထဲမွ ေနာက္ဆံုးေသာ စာရြက္စာတမ္းကို လက္မွတ္ထိုးၿပီးမွ ေခါင္းေမာ့လာကာ အၫွာတာ ကင္းမဲ့စြာႏွင့္

"ကိစၥရိွ?"

ေရွာက္ယယ္သည္ လက္သီးက်စ္က်စ္ ဆုပ္ထားၿပီး

"ခင္ဗ်ား မသိဘူးလား။ မေန့ညက က်ဳပ္ခင္ဗ်ားကို တစ္ညလံုး ေစာင့္ေနတာ"

ေက်ာက္ရွန္႔ဟိုင္က ေၾသာ္ဟု ျပန္ေျပာလာၿပီး စာရြက္စာတမ္းမ်ားကို တစ္ဖက္ခ်ကာ မ်က္မွန္ ခြၽတ္လိုက္သည္။

ေရွာက္ယယ္က အံႀကိတ္ေနၿပီး

"မေန့က ဘယ္သြားတာလဲ။ ဘယ္သူနဲ႔ သြားတာလဲ! စကားေျပာေလ၊ အ ေနတာလား"

ေက်ာက္ရွန္႔ဟိုင္က မ်က္လႊာပင့္လိုက္ၿပီး မ်က္လံုးထဲတြင္ အရင္အခ်ိန္က တည္ရိွခဲ့ေသာ ေနြးေထြးပ်ူဌာမႈႏွင့္ သူတစ္ပါးအေပၚ ေတြးေခၚ ဆင္ျခင္ေပးမႈတို႔က လံုးလံုး ေပ်ာက္ကြယ္သြားကာ ေလးေဆး တည္ၿငိမ္မႈတို႔သာ အစားဝင္လာၿပီး

"ငါဘယ္သြားလဲ ဆိုတာက မင္းနဲ႔ ဘာဆိုင္လို႔လဲ။ မင္း မေမ့နဲ႔၊ ငါတို႔ လမ္းခြဲၿပီးၿပီ"

"က်ဳပ္ေစာက္ သေဘာမတူဘူး!"

ေရွာက္ယယ္က အေလာသံုးဆယ္ ျဖစ္လာၿပီး ေဒါသမာန္တက္ေနသည့္ မ်က္လံုးမ်ားက ေပါက္ထြက္လာေတာ့မည့္အတိုင္း ျဖစ္ေနကာ

"ေက်ာက္ရွန္႔ဟိုင္၊ ခင္ဗ်ား ေလ်ွာက္မလုပ္လို႔ မရဘူးလား။ က်ဳပ္က တျခားသူနဲ႔ အိပ္ေနတာလည္း မဟုတ္ဘူး။ က်ဳပ္က ဖုက်ိဳးမင္နဲ႔ ရုပ္ရွင္ေလးပဲ သြားၾကၫ့္တာ၊ ခင္ဗ်ားကို ေတာင္းလည္း ေတာင္းပန္ၿပီးေနၿပီ။ တကယ္ပဲ ဘာထပ္ျဖစ္ခ်င္ေနေသးတာလဲ။ ခင္ဗ်ား အိမ္ျပန္မလာတာ ဘယ္ႏွစ္ရက္ ရိွၿပီလဲ။ ဒီလို ကိစၥအေသးေလးကို မျဖစ္မေန ပံုႀကီးခ်ဲ့မွ ရမွာလား"

ရန္က်ားလိသည္ တံခါးေနာက္ကြယ္တြင္ ပုန္းေနၿပီး ေက်ာက္ရွန္႔ဟိုင္၏ မ်က္ႏွာကို တိတ္တဆိတ္ ေခ်ာင္းၾကၫ့္ေနသည္။

ေက်ာက္ရွန္႔ဟိုင္၏ မ်က္ႏွာေပၚမွ အမူအရာကို သူ အေတာ္ေလး ရင္းႏွီးေနသည္။ ၄မွာ စြန္႔လႊတ္လိုက္ျခင္းပင္။

ေက်ာက္ရွန္႔ဟိုင္က မတ္မတ္ရပ္လိုက္ၿပီး ေရွာက္ယယ္၏ အမ်က္ေခ်ာင္းေခ်ာင္း ထြက္ေနသည့္ မ်က္ဝန္းမ်ားကို တည့္တည့္ စိုက္ၾကည့္ကာ ေျပာသည္။

"ေရွာက္ယယ္၊ မင္းငါ့ကို အဲ့အိမ္ဆိုတဲ့ စကားလံုးကို ေျပာဖို႔ အရွက္ရိွေသးတယ္လား"

"မင္းအျပင္မွာ အခ်ိန္ျဖဳန္းၿပီး အိမ္ကို ေတာ္ေတာ္ၾကာၾကာ ျပန္မေရာက္လာခဲ့တဲ့ အခ်ိန္တုန္းက ကိုယ့္ဘာသာကိုယ္ အိမ္ရိွတယ္လို႔ေရာ ေတြးခဲ့ဖူးရဲ့လား"

"မင္းအိမ္ျပန္လာတဲ့ အေရအတြက္က နည္းသထက္ နည္းလာတယ္။ ျပန္လာခဲ့ရင္ေတာင္ ခဏေလာက္ေနၿပီး ျပန္ထြက္သြားတယ္။ မင္းကငါ့ကိုဆို ရြံရွာၿပီး ၿငီးေငြ့ေနတဲ့ အျပဳအမူေတြပဲ စြန္႔ႀကဲေပးေနတဲ့အခ်ိန္၊ မင္းေခၚလာတဲ့ ေကာင္ေလးကိုေတာ့ အၿပံဳးေတြ ေဝမ်ွေပးေနတဲ့ အခ်ိန္မွာ၊ မင္းမွာ အိမ္ရိွေသးတယ္ ဆိုတာကိုေရာ စဥ္းစားမိခဲ့ရဲ့လား"

ေက်ာက္ရွန္႔ဟိုင္၏ နဖူးထက္တြင္ အျပာေရာင္ ေသြးျပန္ေၾကာမ်ားက တလူလူ ခုန္လႈပ္ေနၿပီး

"ငါအိမ္ျပန္မလာဘဲ အျပင္မွာ ႏွစ္ရက္ေလာက္ေလး ေနလိုက္တာနဲ႔ မင္း မတရားဘူးလို႔ ခံစားသြားရတာ ဟုတ္တယ္မလား။ မင္း စဥ္းစားၾကည့္ဖူးလား။ ခုနစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္၊ ငါ့ေမြးေန့၊ လဲ့လဲ့ေမြးေန့ အဲ့အခ်ိန္ေတြတုန္းက ငါစားပြဲအျပည့္ ဟင္းပူပူေတြ တင္ထားေပမယ့္ အဲ့ဒါေတြ တျဖည္းျဖည္းနဲ႔ ေအးစက္သြားတာကိုပဲ ၾကည့္ေနရခ်ိန္မွာ မင္း ဘယ္ေရာက္ေနလဲ"

"မင္းကအျပင္မွာ တျခားတစ္ေယာက္နဲ႔ ေပ်ာ္ရႊင္ ၾကည္ႏူးေနတယ္။ မင္းက ငယ္ရြယ္တဲ့ အႏုပညာရွင္ေလးကို ေခၚသြားၿပီး စံအိမ္ထဲမွာ ေပ်ာ္ေမြ့ေနတယ္ေလ"

ေရွာက္ယယ္၏ အမူအရာမွာ တင္းမာေနၿပီး စကားေျပာခ်င္ေသာ္လည္း ရုတ္တရက္ မည္သို႔မည္ပံု ျငင္းဆန္ တြန္းလွန္ရမည္ကိုလည္း မသိေပ။

ေက်ာက္ရွန္႔ဟိုင္၏ မ်က္ႏွာတြင္ စိတ္ပ်က္မႈတို႔ ထင္ဟပ္ေနၿပီး အတန္ၾကာေသာ္ သေရာ္ၿပံဳး ႏွစ္ခ်က္ ၿပံဳးလိုက္ၿပီး

"မင္းကငါနဲ႔ အိမ္ဆိုတဲ့ စကားကိုေျပာဖို႔ အရွက္ရိွေသးတယ္ေပါ့။ ဒီအိမ္က မင္းလုပ္လို႔ပဲ အေစာႀကီးကတည္းက လံုးလံုးလ်ားလ်ား ၿပိဳကြဲ သြားခဲ့ၿပီးသားဆိုတာ၊ မင္း မသိေသးဘူးလား"

ေရွာက္ယယ္၏ မ်က္ႏွာသည္ ျဖဴေနရာမွ နီျမန္းသြားရျပန္သည္။

အခ်ိန္အေတာ္ၾကာမွ အံႀကိတ္ရင္း သြားၾကားမွ စကားတစ္ခြန္း ၫွစ္ထုတ္ေျပာလာသည္။

"ဒါဆို က်ဳပ္တို႔ အစကေန ျပန္စၾကမယ္ေလ။ ဒီေန့ည၊ ခင္ဗ်ားက်ဳပ္ကို ကတိေပး၊ ခင္ဗ်ား အိမ္ျပန္လာမယ္ဆိုတာ"

ေက်ာက္ရွန္႔ဟိုင္က သူ႔ကို ဂရုပင္ မစိုက္ဘဲ အတြင္းဖုန္း ခလုတ္ကိုႏိွပ္ကာ ေအးတိေအးစက္ႏွင့္

"လက္ေထာက္ဝမ္၊ လံုၿခံဳေရး အေစာင့္ ေခၚလိုက္"

ေရွာက္ယယ္က အံ့ၾသတႀကီး ျဖစ္သြားၿပီး

"ခင္ဗ်ားက လံုၿခံဳေရး ေခၚၿပီး က်ဳပ္ကို ႏွင္ထုတ္မယ္?"

ေက်ာက္ရွန္႔ဟိုင္သည္ ဟိုအရင္အခ်ိန္က ေရွာက္ယယ္အား စိတ္ႏွလံုးသားထဲ အမွန္တကယ္ ထည့္သြင္းထားခဲ့ဖူးသည္။

ေက်ာက္ရွန္႔ဟိုင္သည္လည္း အေတာ္အတန္ အလုပ္မ်ားသည့္ အမႈေဆာင္ ဥကၠဌပါပင္။ သို႔ေသာ္ ေရွာက္ယယ္ႏွင့္ အတူရိွၿပီးသည့္ေနာက္ လက္ေဆးၿပီး စြတ္ျပဳတ္လုပ္ဖို႔ရန္ အခ်ိန္ကိုပင္ ၫွစ္ထုတ္လာလိုက္ေသးသည္။ ဤတင္မက အိမ္မႈကိစၥမ်ားကိုလည္း အမ်ားအျပား သင္ယူခဲ့ေသးသည္။ ထို႔အျပင္ ေရွာက္ယယ္သည္ 1 စစ္စစ္ ျဖစ္ေသာေၾကာင့္ မိမိမွာ အံႀကိတ္ရင္း ေရွာက္ယယ္ ခႏၶာေအာက္ လဲေလ်ာင္းကာ အခ်စ္ေၾကာင့္ သုည ျဖစ္သြားခဲ့ရသည္။

ေရွာက္ယယ္တစ္ေယာက္ အစဥ္အၿမဲ ေတြးေတာခဲ့သည္က၊ ေက်ာက္ရွန္႔ဟိုင္သည္ မိမိကို အလြန္ သေဘာက်ၿပီး မိမိမွ မဟုတ္လ်ွင္ မျဖစ္ဘူးဟူ၍ပင္။

အျပင္ဘက္တြင္ တစ္ညလံုး ေနၿပီး အိမ္ျပန္မလာဘဲ နံေဘးတြင္ ေခၚထားသူမွာ ဖုက်ိဳးမင္အျဖစ္ ေျပာင္းလဲလာေသာအခါ သူသည္လည္း စိတ္မသိုးမသန္႔ ျဖစ္ခဲ့ဖူးပါသည္။

သို႔ေသာ္ျငား ျပန္ေျပာင္း စဥ္းစားၾကည့္ေတာ့ သူ ဘယ္အခ်ိန္မွာ ဘယ္လိုဘယ္ပံု ျပန္လာသည္ျဖစ္ေစ ေက်ာက္ရွန္႔ဟိုင္အား အစဥ္အၿမဲ ျမင္ေတြ့ေနႏိုင္ခဲ့သည္။ သူသည္ ထိုအေၾကာင္းအရာမ်ားကို ေက်ာက္ရွန္႔ဟိုင္အား အသိေပးမည္ မဟုတ္သလို အကယ္၍ ေက်ာက္ရွန္႔ဟိုင္ သိသြားလ်ွင္ပင္ ခဏတာ ေဒါသထြက္ၿပီး ေတာင္းပန္လိုက္လ်ွင္ ၿပီးသြားပါလိမ့္မည္။ သူကေရာ ဘယ္ကို ထြက္သြားႏိုင္ဦးမွာမို႔လို႔လဲ?

သို႔ေသာ္ မထင္မွတ္ပါဘဲ လိႈင္းတံပိုး၏ ရိုက္ခတ္အားက ႀကီးမားလြန္း၍ အိမ္ပါ ၿပိဳကြဲသြားရေတာ့သည္။

ေရွာက္ယယ္သည္ လည္ပင္းထဲတြင္ တစ္ဆို႔တစ္ဆို႔ ျဖစ္ေနၿပီး လက္ဆန္႔ကာ ကမန္းကတန္းႏွင့္ တစ္စံုတစ္ခုကို ဖမ္းဆုပ္လိုက္ခ်င္ေသာ္ျငား ဘာကိုမွလည္း မဖမ္းဆုပ္ႏိုင္ေတာ့ဘူး ထင္ပါ၏။

လံုၿခံဳေရး အေစာင့္က ရံုးခန္းထဲ ဝင္လာၿပီး ေက်ာက္ရွန္႔ဟိုင္၏ မ်က္လံုး အခ်က္ျပမႈေအာက္တြင္ ေရွာက္ယယ္အား အျပင္ဘက္သို႔ ဆြဲေခၚထုတ္သြားသည္။

ေရွာက္ယယ္က တံခါးေဘာင္ အျပင္မွာ ပိတ္ရပ္ေနၿပီး ရုန္႔ရင္းၾကမ္းတမ္းစြာ ေျပာသည္။

"ေက်ာက္ရွန္႔ဟိုင္၊ ခင္ဗ်ားဒီေန့ ေသခ်ာေပါက္ အိမ္ျပန္လာရမယ္! ေနာက္ဆို က်ဳပ္လည္း အခ်ိန္မွန္ အိမ္ျပန္လာမယ္။ က်ဳပ္တို႔လည္း ဆက္ေမႊေနွာက္ မေနေတာ့ဘဲ ေကာင္းေကာင္းမြန္မြန္ ျဖတ္သန္းၾကမယ္"

ေက်ာက္ရွန္႔ဟိုင္က ေခါင္းယမ္းၿပီး ေရွာက္ယယ္နံေဘး ေလ်ွာက္သြားလိုက္ကာ

"ဒီေန့ညလည္း၊ ငါ အိမ္ျပန္မလာႏိုင္ေသးမွာ ဆိုးတယ္"

သူသည္ လက္ေကာက္ဝတ္ကို ေျမႇာက္ၿပီး နာရီၾကည့္ေနရင္း ေျပာသည္။

"ငါ့ကုမၸဏီ လက္ေအာက္မွာ ေတာ္ေတာ္ေလး ေတာက္ပေနတဲ့ ၾကယ္ပြင့္ေလးရိွတယ္။ သူ႔ရုပ္ရွင္က ရံုတင္ေနၿပီ။ သူနဲ႔အတူ လိုက္ၾကည့္ေပးဖို႔ ငါ့ကို ခ်ိန္းထားတယ္ေလ။ အဲ့ေတာ့ ဒီေန့ညလည္း ျပန္မလာႏိုင္ေတာ့ဘူးေပါ့"

ေရွာက္ယယ္၏ မ်က္လံုးတစ္စံုသည္ ခ်က္ခ်င္း ျပဴးက်ယ္လာၿပီး အေလာတႀကီး စိတ္ဆိုးမာန္ဆိုးႏွင့္

"ခင္ဗ်ား လုပ္ရဲလား!"

ေက်ာက္ရွန္႔ဟိုင္က ရယ္သည္။

"ရုပ္ရွင္ေလး ၾကည့္ရံုပဲဟာ၊ မင္းက ဘာေတြ ေရးႀကီးခြင္က်ယ္ လုပ္ေနတာလဲ။ တကယ္လို႔ မင္းအရမ္း စိတ္ထဲထားမိေနတယ္ဆိုရင္လည္း ငါအိမ္ျပန္လာတဲ့ အခါက် မင္းကို ျပန္ေတာင္းပန္မယ္ေလ။ လံုၿခံဳေရး၊ လူကို ဆြဲေခၚသြားေတာ့။ ေနာက္ဆို အေစာင့္ေတြ ပိုထည့္ထား၊ ႀကိဳခ်ိန္းထားတာ မရိွရင္ သူ႔ကို ဝင္မလာခိုင္းနဲ႔"

လံုၿခံဳေရးက ေခါင္းညိတ္လိုက္ၿပီး လူတစ္စုက အရပ္ရွည္ သန္မာသည့္ ေရွာက္ယယ္ကို ဆြဲထုတ္သြားၾကသည္။

ေရွာက္ယယ္သည္ ေဒါသတႀကီး ေအာ္ဟစ္ေနဆဲျဖစ္ၿပီး မ်က္လံုးထဲတြင္လည္း မီးေတာက္ေနပံုေပၚသည္။

"ေက်ာက္ရွန္႔ဟိုင္၊ ခင္ဗ်ား တမင္လုပ္ေနတာမလား။ မသြားရဘူး! ခင္ဗ်ား မၾကားဘူးလား။ က်ဳပ္ေျပာေနတယ္ မသြားရဘူးလို႔!"

ေက်ာက္ရွန္႔ဟိုင္၏ ေလသံသည္ ရုတ္တရက္ ေပ်ာ့ေျပာင္းလာၿပီး

"ေရွာက္ယယ္၊ စြန္႔လႊတ္ပစ္လိုက္တယ္ဆိုတာ ဘယ္လိုအရသာလဲ မင္းသိလား"

ေရွာက္ယယ္သည္ တစ္ခဏေလာက္ ေငးေၾကာင္သြားၿပီး အျပဳအမူမ်ားလည္း ရပ္တန္႔သြားသည္။

ေက်ာက္ရွန္႔ဟိုင္၏ ႏႈတ္ခမ္းစြန္းက ေကြးတက္သြားၿပီး ေရွာက္ယယ္၏ နားရြက္နား တိုးကပ္သြားကာ

"မင္းရဲ့ စိတ္ေတြက လမ္းေခ်ာ္ၿပီး တစ္ညလံုး အိမ္ျပန္မလာေတာ့တဲ့ အခ်ိန္မွာ ငါကေတာ့ ရွင္းရွင္းလင္းလင္းႀကီးကို သိၿပီးသြားၿပီ"

လံုၿခံဳေရးမ်ားသည္ ေရွာက္ယယ္အား အေဆာက္အအံုထဲမွ အတင္းကာေရာ ဆြဲထုတ္လာၾကသည္။

ရန္က်ားလိသည္ ေက်ာက္ရွန္႔ဟိုင္တစ္ေယာက္ တံခါးကို မ်က္ႏွာမူ ရပ္ေနကာ အတန္ၾကာေအာင္ မလႈပ္မယွက္ ရိွေနခဲ့သည္ကို ေတြ့ေနရသည္။

ရန္က်ားလိသည္ ရုတ္တရက္ ေဖာ္ျပ၍ပင္ မရေသာ ပံုရိပ္တစ္ခုကို ေတြးမိသြားသည္။ ေျခာက္ေသြ့ၿပီး အသက္ဆက္ရန္ အခြင့္အလမ္း မရိွေသာ သဲကႏၲာရ အလယ္တြင္ မိုးထိတိုင္ေအာင္ ျမင့္မားေသာ သစ္ပင္ႀကီးတစ္ပင္ ရပ္ေနခဲ့သည္။ ထိုအပင္ႀကီးသည္ ခိုင္ခံ့ၿပီး က်န္းမာဝေျပာသည္ဟု ထင္ရေသာ္လည္း ေအာက္ေျခမွာကား ေျခာက္ေသြ့ကာ အႂကြင္းမဲ့ ေဆြးေျမ့ပ်က္စီးသြားၿပီျဖစ္သည္။ ေနာက္ဆံုးေသာ ဂုဏ္သိကၡာႏွင့္ အျခားေသာ ကာကြယ္ ေစာင့္ေရွာက္ရမည့္ အရာမ်ားအတြက္သာ က်ယ္ေျပာ ျပာလဲ့ေနသည့္ ေကာင္းကင္ခံုးေအာက္တြင္ တစ္ပင္တည္း ထီးထီးႀကီး ေထြေလ ထိုင္းမိႈင္းစြာႏွင့္ ႀကံ့ႀကံ့ခံေနခဲ့ကာ ထာဝရ တစ္သက္တာ ဝမ္းနည္းေၾကကြဲမႈမ်ိဳး ရိွေနခဲ့၏။

ရန္က်ားလိသည္ အနားယူခန္းမွ ထြက္လာကာ ေက်ာက္ရွန႔္ဟိုင္ နံေဘး ေလ်ွာက္သြားလိုက္ၿပီး

"ဟိုင္ေကာ?"

ေက်ာက္ရွန္႔ဟိုင္သည္ အသိျပန္ကပ္သြားၿပီး ရန္က်ားလိအား ႏွစ္ႀကိမ္ေလာက္ အတင္းကာေရာ ၿပံဳးျပလိုက္ကာ

"မင္းကို ရယ္စရာေတြ ၾကည့္ေစမိၿပီ"

သူသည္ သူေဌးထိုင္ခံုတြင္ ျပန္ထိုင္လိုက္ကာ နဖူးကို ႏိွပ္နယ္ေနရင္း ခါးသက္စြာ ၿပံဳးလိုက္သည္။

"အရင္က အေတြ့အႀကံဳရိွတဲ့ လူတစ္ေယာက္ရဲ့ ရႉေထာင့္ကေန မင္းရဲ့ ခံစားခ်က္ေတြအေၾကာင္း ေဆြးေနြးေပးေနခဲ့တာ။ ဒါေပမဲ့ ျပန္စဥ္းစားၾကည့္ေတာ့ ကိုယ္ကိုယ္တိုင္ရဲ့ မိသားစုကိုက ဒီလို ရႈပ္ပြေနၿပီပဲ၊ တကယ္ ရယ္ရတယ္"

ရန္က်ားလိက ေခါင္းခါလိုက္ၿပီး ႏွစ္သိမ့္သည့္ သေဘာႏွင့္ ေက်ာက္ရွန္႔ဟိုင္ ပခံုးေပၚ လက္တင္ထားလိုက္ကာ

"ဟိုင္ေကာ၊ ကြၽန္ေတာ္ ခင္ဗ်ားရဲ့ စိတ္ကို တကယ္ နားလည္ပါတယ္။ ကြၽန္ေတာ္ ခံရအခက္ဆံုး အခ်ိန္ေတြမွာ၊ ခင္ဗ်ားပဲ ကြၽန္ေတာ့္ကို တစ္ေလ်ွာက္လံုး ကူညီေပးခဲ့တာ။ အခု ကြၽန္ေတာ္ ကူညီေပးဖို႔ တစ္ခုခု လိုအပ္တာမ်ားရိွရင္၊ ဒါမွမဟုတ္ ယံုၾကည္ရတဲ့ လူတစ္ေယာက္ေယာက္နဲ႔ စကားေျပာၿပီး စိတ္ကို ေျဖေလ်ာ့ပစ္ခ်င္ရင္...."

ရန္က်ားလိက သူ႔ရင္ဘတ္ကို တဘုန္းဘုန္းႏွင့္ ပုတ္ျပလာၿပီး

"ကြၽန္ေတာ္ အခ်ိန္မေရြး အဆင္ေျပတယ္"

ေက်ာက္ရွန္႔ဟိုင္သည္ သူ႔ အျပဳအမူေၾကာင့္ အနည္းငယ္ စိတ္သက္သာရာ ရသြားခဲ့သည္။

ေက်ာက္ရွန္႔ဟိုင္သည္ သူ႔ေခါင္းကို ပုတ္လိုက္ၿပီး စေနာက္သလို ေျပာလာသည္။

"ဟုတ္ၿပီ၊ မင္းကို အလဟႆ မနာက်င္ေစရပါဘူး"

(ဒါကသူမ်ားရဲ့ စိတ္ညစ္စရာ ကိစၥေတြကို နားေထာင္ေပးရလို႔ သူမ်ားကို စိတ္မဆင္းရဲေစရပါဘူးလို႔ ေျပာတာထင္တယ္...)

ဟိုင္ေကာႏွင့္ ခဏတာ စကားေျပာၿပီး အနည္းငယ္ စိတ္ခ်မ္းသာရာ ရသြားေစၿပီးေနာက္ ဟိုင္ေကာအား ကိစၥတစ္ခုခု ရိွလ်ွင္ မိမိအား ေသခ်ာေပါက္ လာရွာရန္ မွာၾကားၿပီး ရန္က်ားလိလည္း အိမ္ျပန္လာသည္။

ယဲ့ထင္သည္လည္း အေစာႀကီး ျပန္ေရာက္လာၿပီး ရန္က်ားလိ အိမ္ျပန္လာခ်ိန္တြင္ ယဲ့ထင္က စာဖတ္ခန္းထဲ ထိုင္ေနၿပီး တစ္စံုတစ္ခုကို ေလးေလးနက္နက္ ေရးေနခဲ့သည္။

ရန္က်ားလိက အနားတိုးသြားၿပီး ၾကည့္သည္။

ယဲ့ထင္သည္ အေပၚမွ လွပသည့္ စာေၾကာင္း အတန္းလိုက္ကို ၫႊန္ျပၿပီး ၿပံဳးကာေျပာသည္။

"ကိုယ္ဒီေန့ အလုပ္တက္ေနတုန္း မင္းနဲ႔ကိုယ္နဲ႔ ေျပာထားခဲ့ဖူးတဲ့ မလုပ္ျဖစ္ေသးတဲ့ ဟာေတြကို ထပ္စဥ္းစားမိသြားတယ္.....မင္းၾကည့္ၾကည့္၊ ဒီအခ်က္ေလးေတြက နည္းနည္းေတာ့ ရူးေၾကာင္ေၾကာင္ ႏိုင္တယ္ေနာ္"

ရန္က်ားလိက ေခါင္းငံု႔ၿပီး ၾကည့္လိုက္ေသာအခါ ယဲ့ထင္က သူ႔ကိုဖက္လိုက္ၿပီး ေလသံတိုးႏွင့္

"ဒါေပမဲ့ ကိစၥ မရိွပါဘူး။ ကိုယ္ကမင္းနဲ႔ အတူတူ အရာအားလံုးကို အေကာင္အထည္ေဖာ္မွာ၊ ဟုတ္ၿပီလား"

ဆက္လက္ ေရာက္ရိွလာသည့္ ေန့ရက္မ်ားတြင္ ယဲ့ထင္သည္ သူေျပာထားသည့္အတိုင္း အေရးတယူ လုပ္ေဆာင္လာခဲ့သည္။

သူတို႔သည္ ကံေကာင္းေထာက္မစြာႏွင့္ ဟာအယ္ပင္း၏ ႏွင္းပြဲေတာ္ ေနာက္ဆံုးရက္ေလးကို မွီသြားၿပီး ေနာက္ဆံုးေသာ ေရခဲပန္းပု ရုပ္ျပပြဲကို ၾကည့္ႏိုင္ခဲ့ၾကသည္။ သူတို႔သည္ ဖက္ထုပ္လံုးႀကီးလို (ခႏၶာကိုယ္ကို) ထုပ္ပိုးထားၿပီး ေအးလြန္း၍ မ်က္ႏွာမ်ားက နီျမန္းေနေသာ္လည္း မ်က္လံုးထဲတြင္ေတာ့ ေတာက္ပေနစၿမဲျဖစ္ကာ လက္တြဲထားရင္း ႏွင္းေရခဲမ်ား ျပၫ့္ႏွက္ေနသည့္ ကမ႓ာေလာကကို ျဖတ္သန္း သြားလာခဲ့ၾကသည္။

သူတို႔သည္ ရွန္႔ဟိုင္မွ ဒစ္စေနးလန္းကိုလည္း သြားခဲ့ၾကၿပီး ရန္က်ားလိ အေမ်ွာ္လင့္ခဲ့ရဆံုးေသာ ပီတာပန္၏ စြန္႔စားခန္း ခရီးစဥ္တြင္ ဝင္ေရာက္ ေဆာ့ကစားခဲ့ၾကသည္။  သူတို႔သည္ ကေလးဘဝ အေငြ့အသက္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ အာကာသယာဥ္ထဲတြင္ ပီတာပန္ႏွင့္အတူ ေမွာင္မိုက္မိုက္ လန္ဒန္၏ ညေကာင္းကင္ယံကို ျဖတ္သန္းၿပီး ကေလးဘဝကို ျပန္လည္ ဝင္ေရာက္သြားသကဲ့သို႔ စိတ္ကူးယဥ္ ကမ႓ာထဲ ကူးလူးပ်ံသန္းခဲ့ၾကသည္။

သူတို႔သည္ ေပက်င္းကိုလည္း သြားခဲ့ၾကၿပီး ပ်ားပန္းခပ္မ်ွ လႈပ္ရွားသြားလာေနၾကေသာ လူစည္ကားသည့္ ေတာင္ပိုင္း ေလြာကူ လမ္းၾကားေလးတြင္ ရန္က်ားလိသည္ ေမြးပ်ံ့လြန္းေသာ ပန္းအရသာ ပန္ကိတ္ကို ယဲ့ထင္ ႏႈတ္ခမ္းနား ပို႔လိုက္ၿပီး အစြန္းအထင္းမ်ား ေပက်ံေနေသးေသာ ႏႈတ္ခမ္းႏွင့္ အံ့ၾသတႀကီး ေအာ္ေျပာလာသည္။

"ျမန္ျမန္၊ ကိုက္လိုက္၊ ကိုက္လိုက္....စား​ေကာင္းတယ္မလား။ ငါ မင္းကို ေျပာျပမယ္ အရမ္း စားလို႔ေကာင္းတယ္လို႔!"

သူတို႔သည္ ေနရာ အမ်ားႀကီး အမ်ားႀကီး ေလ်ွာက္သြားခဲ့ၾကသည္။

သူတို႔သည္ ဇာတ္လမ္း ဇာတ္ကြက္ထဲ နစ္ေျမာသြားၾကပံုေပၚၿပီး ယစ္မူးေနရာမွ ႏိုးထမလာႏိုင္ၾကေတာ့ေခ်။

လဝက္ေရာက္ေသာအခါ ယဲ့ထင္သည္ ရန္က်ားလိအား တကၠသိုလ္သို႔ ျပန္ေခၚသြားေပးခဲ့သည္။

ယဲ့ထင္သည္ ေအာင္ျမင္သည့္ လူပုဂၢိုလ္အေနႏွင့္တစ္ဖံု၊ ထူးခြၽန္ထက္ျမက္သည့္ ေက်ာင္းသားေဟာင္း အေနႏွင့္တစ္မ်ိဳး မိမိ၏ ေက်ာင္းေတာ္အတြက္ သန္းငါးဆယ္ ရင္းႏွီးျမႇဳပ္ႏွံေပးခဲ့သည္။

ေက်ာင္းမွ ေခါင္းေဆာင္မ်ားသည္ သူ႔အား ကိုယ္တိုင္လာေရာက္ ႀကိဳဆို ႏႈတ္ဆက္ၾကကာ ဂုဏ္သေရရိွ ဧည့္သည့္အျဖစ္ ေဟာေျပာပြဲတြင္ ပါဝင္ဆင္ႏႊဲေပးရန္ ဖိတ္ေခၚၾကသည္။

ကားသည္ ယဲ့ထင္ႏွင့္ ရန္က်ားလိအား ေက်ာင္းထဲသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေက်ာင္းအေရ႔ွတံခါးကို ျဖတ္သန္းသြားသည္ႏွင့္ အေရ႔ွတံခါး၏ လမ္းတစ္ေလ်ွာက္သည္ ျပန္လည္ ျပင္ဆင္မြမ္းမံထားၿပီး ထိုႏွစ္က အေရ႔ွတံခါးဝတြင္ မားမတ္စြာ တည္ရိွေနခဲ့ေသာ Photinia ပင္ႀကီးကိုလည္း မေတြ့ရေတာ့သည္ကို ရန္က်ားလိတစ္ေယာက္ သတိထားမိသြားသည္။

သူသည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ယဲ့ထင္၏ ခါးကို ဆြဲဆိတ္ကာ

"သစ္ပင္ေရာ"

ယဲ့ထင္က ရူးခ်င္ေယာင္ေဆာင္ေနၿပီး

"ဘာသစ္ပင္လဲ"

"အဲ့ဒီ Photiniaပင္ေလ"

ရန္က်ားလိက တစ္ေနရာရာကို လက္ၫွိုး ၫႊန္ျပလိုက္ၿပီး

"အဲ့ႏွစ္တုန္းက ငါတို႔ အဲ့ေအာက္မွာ လမ္းခြဲစကား ေျပာခဲ့ၾကတဲ့ အဲ့ဒီသစ္ပင္ေလ"

ယဲ့ထင္သည္ တစ္ခ်က္ ၾကည့္လိုက္ၿပီးေနာက္ ပခံုးတြန္႔ကာ

"မသိဘူးေလ"

ရန္က်ားလိသည္ မ်က္လံုးမ်ား ေမွးစင္းသြားၿပီး ယဲ့ထင္၏ လည္ကုပ္နား ကပ္သြားကာ လက္ေခ်ာင္းေလးႏွင့္ ယဲ့ထင္၏ လည္စလုပ္ကို ကုတ္လိုက္ၿပီး

".....မင္းလုပ္တာေတာ့ မဟုတ္ဘူးမလား"

ယဲ့ထင္သည္ တစ္ခဏအတြင္း ေခါင္းလွည့္သြားၿပီး ေရရြတ္ေျပာဆိုလာသည္။

"မဟုတ္ပါဘူး"

ကားသည္ ေက်ာင္းအေဆာက္အအံုေအာက္သို႔ ေရာက္လာေသာအခါ ကားဆရာက ကားတံခါးကို ဖြင့္ေပးလာၿပီး ေက်ာင္း၏ ေခါင္းေဆာင္မ်ားကလည္း အျပင္တြင္ ရပ္ေနၾကသည္။

ယဲ့ထင္သည္ ရန္က်ားလိအား ကားေပၚမွ ေခၚထုတ္လာၿပီး ရန္က်ားလိတစ္ေယာက္ တည့္တည့္မတ္မတ္ ရပ္ႏိုင္ရံုရိွေသး၊ တစ္ခ်ိန္က ၾကမ္းၾကမ္းၾကဳတ္ၾကဳတ္ႏွင့္ ေက်ာင္း၏ ေခါင္းေဆာင္က ယဲ့ထင္အား လက္ဆြဲႏႈတ္ဆက္ေနရင္း ၿပံဳးၿဖီးၿဖီးႏွင့္ ေျပာလာသည္ကို ေတြ့လိုက္ရသည္။

"ခင္ဗ်ားကို ဥကၠဌယဲ့လို႔ ေခၚရေတာ့မွာပဲ။ ဥကၠဌယဲ့က ေက်ာင္းေဆာက္လုပ္ေရး ေထာက္ပံ့ေၾကးမွာ ပါဝင္ကူညီေပးခဲ့တာ ေက်းဇူးတင္ပါတယ္ဗ်ာ။ ဥကၠဌယဲ့ရဲ့ ပံ့ပိုးကူညီမႈေၾကာင့္ စီးပြားေရးေက်ာင္းကေန အေရ႔ွတံခါးရဲ့ လမ္းအထိ ျပန္ၿပီး ျပဳျပင္ႏိုင္ခဲ့ပါၿပီ"

ယဲ့ထင္၏ ႏွလံုးက တစ္ခ်က္ တုန္ခါသြားၿပီး စကားစကို ျဖတ္ေတာက္ရန္ ႀကိဳးစားေနခ်ိန္တြင္ ရန္က်ားလိက ဆက္ေမးလာသည္ကို ၾကားလိုက္ရသည္။

"ဒါဆို အဲ့ဒီသစ္ပင္ေရာ"

ေက်ာင္းေခါင္းေဆာင္က ဟားဟားဟု ရယ္လိုက္ၿပီး

"သစ္ပင္ရဲ့ အနံ႔အသက္က ထူးဆန္းလြန္းတယ္လို႔ ေက်ာင္းသားေတြက သတင္းပို႔ၾကတယ္ေလ။ ဥကၠဌယဲ့ကလည္း အပင္အသစ္ ေျပာင္းေပးဖို႔ အထူးတလည္ ေျပာထားတာမို႔၊ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေရာင္းၿပီး တျခားေနရာကို ပို႔လိုက္ပါၿပီ"

ရန္က်ားလိသည္ မ်က္ခံုးပင့္သြားၿပီး ေၾသာ္ဟု သံရွည္ဆြဲလိုက္သည္။

သူသည္ ေခါင္းလွည့္လာၿပီး ယဲ့ထင္ကို ေအးစက္စက္ႏွင့္ ၾကည့္လိုက္သည္။

ယဲ့ထင္က မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္ လုပ္ေနၿပီး ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုသည့္ အၾကည့္ႏွင့္ သူ႔အား ျပန္ၾကည့္သည္။ ႏႈတ္ခမ္းလႊာကလည္း လႈပ္ယမ္းသြားကာ အသံမထြက္ဘဲ ေပါင္ေပါင္းဟု ေခၚလိုက္သည္။

လူအုပ္ႀကီးသည္ ေက်ာင္းဝင္းထဲသို႔ ဝင္သြားၾကခ်ိန္တြင္ ရန္က်ားလိသည္ မည္သူတစ္ေယာက္ကမွ ဂရုစိုက္မေနသည္ကို အခြင့္ေကာင္းယူၿပီး ယဲ့ထင္အား ေလွကားေထာင့္သို႔ ဆြဲသြားကာ သူ႔အား နံရံထက္ ဖိထားၿပီး ယဲ့ထင္၏ အက်ႌေကာ္လံႏွင့္ နက္ခ္တိုင္ကို ဆြဲခြၽတ္လိုက္ကာ ယဲ့ထင္၏ လည္ပင္းထက္ မျပင္းလြန္း မေဖ်ာ့လြန္းစြာႏွင့္ ကိုက္ပစ္လိုက္ၿပီး ရယ္ေမာသလို ဆူဆဲသလိုႏွင့္

"ငါ့ကို လိမ္တယ္! သစ္ပင္ေလးေတာင္ အလြတ္မေပးႏိုင္ဘူး။ ယဲ့ထင္၊ မင္း ကေလးဆန္လား မဆန္ဘူးလား"
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရိွသည္။

ယဲ့ထင္ : အဲ့ဒီသစ္ပင္က အဲ့ႏွစ္တုန္းက ငါနဲ႔ေပါင္ေပါင္းကို လမ္းခြဲသြားေစခဲ့တာေလ။ အဲ့ဒါေၾကာင့္ ငါၾကည့္ေနရတာ ေထာင့္မက်ိဳးလို႔ တျခားေနရာကို ေရြ့ပစ္လိုက္တာ။

သစ္ပင္ : နင္ ရူးေနတာလား!

25/1/2022(Tue)

                               ×××

Continue Reading

You'll Also Like

90.2K 15.5K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
339K 26.9K 29
Mini Story Uni Life Style Sweet Romance
1.1M 147K 93
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...