ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 58

12.5K 2K 73
By Cora0411

Zawgyi

Chapter 58 : ႏိုင္ငံ့အဆင့္CPေမြးဖြားလာမႈေရွ႕ေျပး + မ်က္ႏွာျဖတ္ရိုက္ျခင္း + ေျပာင္းျပန္ျဖစ္သြားျခင္း

ေနာက္ေတာ့ ယန္က်င္ရႊင္က ဆရာနဲ႔အခ်ိန္ကို အတည္ျပဳလုိက္ျပီး သေဘာတူထားတဲ့အခ်ိန္က မနက္ကုိးခြဲသို႔ တရားဝင္ေျပာင္းလဲသြားသည္။

အခ်ိန္မရွိေတာ့ေပ။ထပ္ေျပာရရင္ ရွန္ရိက်င္းကလည္း အဝတ္လဲျပီးျပီဆိုေတာ့ က်င္ရႊင္က သူ႔စိတ္ကိုျပင္ဆင္ျပီး စက္ဘီးနဲ႔သြားတာပုိေကာင္းတယ္လို႔ ခံစားမိသည္။

“ သြားႏုိင္လား ရွဲန္းရွန္?” က်င္ရႊင္ကေမးလိုက္သည္။

“အင္း” ရွန္ရိက်င္းက က်င္ရႊင္ဆီေလွ်ာက္လာကာ ေမးသည္ “ေရွာင္ရႊင္က ကုိယ့္ကုိေက်ာင္းလိုက္ပို႔ေပးေစခ်င္တာလား?”

“ဟုတ္” က်င္ရႊင္က ခ်က္ခ်င္းေျဖလိုက္၏။

အသြင္ေျပာင္းထားတဲ့ရွဲန္းရွန္က အရမ္းကုိလန္းဆန္းပံုေပၚေနသည္။ အမ်ားၾကီးပုိျပီးရင္းႏွီးတယ္လုိ႔ ခံစားရေစသည္။ က်င္ရႊင္ကမေနႏုိင္ဘဲ အေရွ႕တုိးကာ ရွဲန္းရွန္ကို ရင္ခ်င္းအပ္၍ေပြ႔ဖက္လိုက္သည္။

အခု သူက ရွန္ရိက်င္းနဲ႔ေက်ာင္းကိုတူတူသြားခ်င္ရုံတင္မကဘဲ ရွန္ရိက်င္းကုိ ဒီထက္ပိုေစာေစာမေတြ႔ဆံုခဲ့ရတဲ့အတြက္ ဝမ္းနည္းေနမိသည္။

…ရွဲန္းရွန္ေက်ာင္းတက္တုန္းက ဘယ္လုိမ်ိဳးလဲဆိုတာကုိ သူရုတ္ျခည္းသိခ်င္လာမိသည္။

ရွန္ရိက်င္းက သူ႔ရဲ႕ေကာင္းမြန္ေသာအသြင္အျပင္ႏွင့္ အဆင့္ေတြေၾကာင့္ ေက်ာင္းဝင္းအတြင္းမွာ တကယ္ကုိထင္ရွားလူသိမ်ားမွန္း သူထန္းလီဆီကေန ၾကားခဲ့ရသည္။

သုိ႔ေသာ္ သူကအရမ္းကုိေအးစက္တာေၾကာင့္ အဆံုးမွာတစ္ေယာက္တည္းပဲရွိေနဆဲပင္။

ဒါက…သူမေနႏုိင္ဘဲ သက္ျပင္းခ်လိုက္မိသည္။ တကယ္လို႔ သူတို႔သာ အခ်င္းခ်င္း အခ်ိန္အၾကာၾကီးကတည္းက သိခဲ့ၾကရင္ ဒါမွမဟုတ္ အတန္းေဖာ္ေတြျဖစ္ခဲ့ၾကျပီး ေက်ာင္းကုိတူတူသြားႏုိင္ခဲ့ရင္ ရွဲန္းရွန္ရဲ႕ေရာဂါကလည္း ေစာေစာသက္သာသြားျပီး သူကဒီေလာက္ထိမေအးစက္ေတာ့တာလည္း ျဖစ္ႏုိင္တာပဲေလ

ကံေကာင္းစြာနဲ႔ ေက်ာင္းကိုအတူတူသြားဖို႔အတြက္ အရမ္းေနာက္မက်ေသးဘူး။

ဒါကုိေတြးလိုက္မိခ်ိန္ က်င္ရႊင့္ႏွလံုးသားက တစ္ဖန္ႏူးညံ့သြားသည္။

သူကတစ္ဖက္လူကုိ ခ်ည္ေႏွာင္ျပီးေတာ့ သူ႔ပတ္လည္က ေရခဲေတြကို အရည္ေဖ်ာ္ေပးခ်င္တယ္

ရွန္ရိက်င္းရဲ႕ႏွလံုးသားထက္ ရိုးရွင္းစြာလဲေလ်ာင္းရင္း သူ႔ပါးေတြကုိ တစ္ဖက္လူရဲ႕ႏူးႏူးညံ့ညံ့ရွပ္ျဖင့္ ပြတ္သပ္ကာ က်င္ရႊင္ကအနည္းငယ္ေခါင္းညိတ္လိုက္ျပီး
“ ရွဲန္းရွန္ ေက်ာင္းလိုက္ပို႔ေပးတာကုိ ကၽြန္ေတာ္ၾကိဳက္ပါတယ္”

“က်င္ရႊင္…”

ရွန္ရိက်င္းအသံက အက္ရွလာကာ လူငယ္ေလးပတ္လည္ရွိ သူ႔လက္ေမာင္းေတြက မသိစိတ္အေလ်ာက္ တင္းက်ပ္လာေပမယ့္ ထုိအခိုက္အတန္႔မွာပဲ က်င္ရႊင္က ရုတ္တရက္ေခါင္းေမာ့လာရင္း သူ႔ေမးေစ့ကုိရင္ဘတ္ေပၚေထာက္ကာေမးလာသည္
“ ဒါနဲ႔ရွဲန္းရွန္ ခင္ဗ်ား စိတ္ေရာဂါအထူးကုနဲ႔ ေနာက္ထပ္ေတြ႔ဆံုမႈတစ္ခု မလုပ္သင့္ဘူးလား?”

“ကုိယ္သိျပီ”

ရွန္ရိက်င္းက တံု႔ျပန္လာသည္ : “ကုိယ္သြားေတြ႔လိုက္ပါ့မယ္”

စကားေျပာရင္း ေခါင္းငံု႔ကာ လူငယ္ေလးရဲ႕နဖူးျပင္ထက္ အနမ္းတစ္ပြင့္ေျခြခ်လုိက္သည္။

ရွန္ရိက်င္းရဲ႕အသံက တုိးလ်ေနျပီး ေတးသြားေကာင္းတစ္ပုဒ္လုိပင္ : “ အခုတာဝန္က ေရွာင္ရႊင့္ကို ေက်ာင္းအရင္ပို႔ေပးဖို႔ပဲ”

က်င္ရႊင္ : “…”

သူ အမွန္ကုိ ေက်ာင္းလိုက္ပို႔ေပးတာခံခ်င္ေပမယ့္လည္း တစ္ဖက္လူေျပာလာတဲ့အခ်ိန္က် ထူးဆန္းေနသလုိခံစားေနရတယ္…

ေက်ာင္းကိုေရာက္ျပီးေနာက္ အဝတ္အစားကုိ လံုးဝေျပာင္းလဲထားတဲ့ရွန္ရိက်င္းက ေမွ်ာ္လင့္ထားသေလာက္ အရမ္းၾကီးသတိျပဳမခံရေပ။

ဒါေပမယ့္ မ်က္စိဖမ္းစားဖြယ္ေကာင္းသင့္တာကေတာ့ မ်က္စိဖမ္းစားဖြယ္ေကာင္းေနတုန္းပဲ

အုတ္ေအာ္ေသာင္းတင္းျဖစ္သင့္တာကလည္း အမွန္တကယ္အုတ္ေအာ္ေသာင္းတင္းျဖစ္သြားတုန္းပဲ

လူသိရွင္ၾကားျဖစ္သင့္တာက လူသိရွင္ၾကားျဖစ္သြားဆဲပဲ

         …

ရွဲန္းရွန္ရဲ႕အရပ္၊ အသြင္အျပင္ႏွင့္ သူ႔ရဲ႕ယဥ္ေက်းတည္ျငိမ္တဲ့ပင္ကုိစရုိက္အရဆို သူဘာေတြပဲဝတ္ထားပါေစ၊ ဘယ္ေနရာမွာပဲေပၚလာပါေစ ေသခ်ာေပါက္သူကအာရုံအလံုးစံုတို႔ရဲ႕ စံုစည္းရာျဖစ္လာမွာဆိုတဲ့အခ်က္ကို က်င္ရႊင္လံုးဝလ်စ္လ်ဴရႈမိခဲ့သည္။

ဒါ့အျပင္ ဝတ္စံုျပည့္ဝတ္ထားတာကမွ အျခားသူေတြအား အကြာအေဝးတစ္ခုေပးႏုိင္ဆဲျဖစ္ျပီး လူေတြအားတုိက္ရုိက္ၾကည့္ဖုိ႔ရန္ ေၾကာက္လန္႔ေစသည္။

သုိ႔ေပမယ့္ ရိုးရုိးအဝတ္အစားဝတ္ျပီး ေက်ာင္းပရဝုဏ္အတြင္းေပၚလာခ်ိန္ ရွဲန္းရွန္ရဲ႕သရုပ္မွန္ကုိမသိသူေတြက သူ႔ကုိျမင္လိုက္တဲ့အခါ ေသခ်ာေပါက္ေက်ာင္းသားတစ္ေယာက္လုိ႔ပဲ မွတ္ယူလိုက္မွာ…ဒီျမင္ကြင္းက ေမႊေႏွာက္မႈတစ္ခုမျဖစ္ေစေလာက္ဘူးလား?

အထူးသျဖင့္ စက္ဘီးရပ္ကာေသာ့ခတ္ျပီးေနာက္ ရွန္ရိက်င္းက အလြန္ကုိသဘာဝက်စြာပင္ သူ႔လက္အားဆြဲယူသြားကာ သင္ၾကားေရးအေဆာက္အဦးဆီ ေက်ာင္းနယ္ေျမကိုျဖတ္၍ ေလွ်ာက္သြားၾကသည္။

         …

မၾကာေသးခင္ကပဲ သူတုိ႔မွာလက္ကိုင္တဲ့အက်င့္ရွိလာသည္။

ဘယ္အခ်ိန္ကတည္းက သူနဲ႔ရွဲန္းရွန္ မသိစိတ္အေလ်ာက္ လက္စတင္ကိုင္ၾကမွန္း သူမသိ။

ကုမၸဏီမွာရွိေနတဲ့အခ်ိန္၊ ဘယ္သူမွမရွိတဲ့အခ်ိန္၊ မေန႔ညအပါအဝင္ ေမွာင္ေနတဲ့အခ်ိန္ေတြမွာေပါ့…

တစ္ခါတစ္ေလ သူေတာင္သတိမထားမိေသးဘဲ သူတုိ႔လက္ေခ်ာင္းေတြက ယွက္ႏြယ္ျပီးသြားၾကျပီ

ဒါေပမယ့္ ေက်ာင္းမွာက…

က်င္ရႊင္ : “…”

သူေက်ာင္းမွာ အခ်ိန္အၾကာၾကီးေနခဲ့ဖူးသည္။ စာေလ့လာျခင္းနဲ႔ သုေတသနလုပ္ဖို႔သာသိတဲ့ ေက်ာင္းသားေကာင္းတစ္ေယာက္အေနျဖင့္ ေက်ာင္းမွာလက္မကုိင္သင့္ဘူးလို႔ က်င္ရႊင္ခံစားေနမိသည္။

သို႔တေစ ေကာလိပ္ပရဝုဏ္အတြင္း လက္တြဲျပီး အတူတူဝင္ထြက္ေနတဲ့စံုတြဲေတြ မၾကာခဏရွိတာမို႔ ဘာမွမျဖစ္ေလာက္ပါဘူးေလ…

ဟုတ္သားပဲ သူက singleမွမဟုတ္ေတာ့တာ သူဒါကုိက်င့္သားရေနရမယ္

သူ႔နားရြက္ေတြထက္ ထိန္းခ်ဳပ္လို႔မရႏုိင္တဲ့ရွက္ေသြးျဖာမႈ ေပၚေပါက္လာသည္။ က်င္ရႊင္က ရွန္ရိက်င္းေနာက္ နီးနီးကပ္ကပ္လိုက္ေနရင္း မသိစိတ္အရ သူ႔လက္ေခ်ာင္းေတြကုိ တင္းက်ပ္လိုက္မိသည္။

စားေသာက္ဆိုင္ဝင္ေပါက္ရွိ မစ္တီးဆိုင္ကိုျဖတ္သြားေတာ့ သူ႔မ်က္လံုးေတြက ရုတ္တရက္ဝင္းလက္သြားသည္ : “ရွဲန္းရွန္ မစ္တီးေသာက္ခ်င္လားဟင္?”

မၾကာေသးခင္တုန္းက သူေသာက္ရတာၾကိဳက္လာတဲ့မစ္တီးက ေရခဲနည္းနည္း၊ သၾကား30%ျဖင့္ ပင္လယ္ဆားအရသာႏုိ႔အႏွစ္ေလးေတြ ပါဝင္ေသာ oolong teaပင္။

မြန္းေလွာင္ေနတဲ့ေႏြရာသီေန႔ေတြမွာ မစ္တီးေအးေအးေလးတစ္ခြက္၊ ငန္က်ိက်ိႏုိ႔အရသာထဲမွ လန္းဆန္းမႈတို႔က လံုးဝကုိအံ့အားသင့္ဖြယ္ပင္။

က်င္ရႊင္က ဒီဆိုင္မွာ ထိုမစ္တီးကုိတစ္ခါေသာက္ခဲ့ဖူးျပီး ခ်က္ခ်င္းစြဲလမ္းသြားခဲ့တာပင္။ အခု လမ္းၾကံဳမွေတာ့ ရွန္ရိက်င္းကို အရသာခံေစခ်င္ေနသည္။

တစ္ခ်ိန္တည္းမွာပဲ ေက်ာင္းအေဆာက္အဦးေအာက္ထပ္ဝယ္ သူတုိ႔ႏွစ္ဦး စက္ဘီးေသာ့ခတ္ကာ လက္ခ်င္းတြဲျပီး မစ္တီးဆိုင္ထဲဝင္သြားတာအား ျမင္လုိက္ၾကေသာ အျခားေက်ာင္းသားအားလံုးက အံ့ၾသသြားၾကသည္!

“!!!”

“ၾကည့္စမ္း..ၾကည့္စမ္း..ငါနင့္ကိုေျပာသားပဲ သူတုိ႔ႏွစ္ေယာက္က အတြဲေတြပါဆို!”

“ အလိုေလး..ဝူးဝူး..သူတုိ႔ ဘာလို႔ေက်ာင္းကsingle dogေတြအမ်ားၾကီးကုိ ညွဥ္းပန္းရတာလဲလို႔ ? တစ္ကုိယ္တည္းတကၠသိုလ္ေက်ာင္းသားေတြက ႏွိပ္စက္ခံရဖို႔ ထိုက္တန္လို႔လား..?”

ဒီအခ်ိန္မွာ စာေမးပြဲရက္သတၱပတ္က လံုးဝမျပီးဆံုးေသးေပ။ က်င္ရႊင္က စာေမးပြဲျပီးသြားျပီး နားရက္ရေနျပီဆိုေပမယ့္လည္း ရက္စက္ခက္ခဲတဲ့စာေမးပြဲကုိ ေတြ႔ၾကံဳေနရဆဲ အျခားအတန္းမွေက်ာင္းသားေတြအမ်ားၾကီးရွိေနေသးတာမို႔ ေက်ာင္းက ပံုမွန္လုိပဲသက္ဝင္လႈပ္ရွားေနသည္။

စိတ္ဖိစီးဖြယ္ စာေမးပြဲျပင္ဆင္ျခင္းကာလမွာ ေက်ာင္းဖိုရမ္၌ တစ္စံုတစ္ေယာက္က က်င္ရႊင္နဲ႔ ရွန္ရိက်င္းတုိ႔ပံုေတြကုိ တိတ္တဆိတ္တင္လာျပီး တြဲပါလာတဲ့ေခါင္းစဥ္ကေတာ့ : [ဒီေန႔ေခတ္ေကာင္ငယ္ေလးေတြက *အခ်င္းခ်င္းပဲအတြင္းက်က်အစာခ်က္ၾကတာလား ?]

{*အုပ္စုတူ ဒါမွမဟုတ္အသိုင္းအဝုိင္းတူထဲမွ လူေတြခ်ိန္းေတြ႔တာကုိဆုိလိုျခင္း။ တူညီတဲ့အတန္းမွ AကBနဲ႔တြဲတဲ့အုပ္စုငယ္ေလးလည္းျဖစ္ႏုိင္သလို တူညီတဲ့ျမိဳ႕မွ C ကDကို တြဲသည့္အုပ္စုၾကီးလည္းျဖစ္ႏုိင္သည္}

အားလံုးေပါင္းဆို ဓာတ္ပံုေတြအမ်ားၾကီးပင္။ ပထမႏွစ္ပံုက ရွန္ရိက်င္းနင္းတဲ့ စက္ဘီးေနာက္ခံုထက္ က်င္ရႊင္ထုိင္ေနပံုေတြပင္။

ေနာက္ပိုင္းပံုအနည္းငယ္က ႏွစ္ဦးသား စက္ဘီးရပ္ကာ မစ္တီးဆုိင္ထဲလက္တြဲဝင္သြားၾကတဲ့ ျဖစ္စဥ္တစ္ရပ္လံုးပင္။

ဓာတ္ပံုေတြကို ေဝးကြာတဲ့ေနရာမွ ရိုက္ယူထားျပီး တမင္ျမင္ကြင္းကိုအနီးကပ္ဆြဲယူထားသည္။ ဒီေက်ာင္းသားရဲ႕ဖုန္းကင္မရာက ေတာ္ေတာ္ေလးေကာင္းတာ သိသာလွသည္။ ဒါကမၾကည္ေနေပမယ့္ လူႏွစ္ေယာက္ရဲ႕မ်က္ႏွာကိုေတာ့ ျမင္ႏုိင္ဆဲပင္။ သူတို႔ေတြမွာ ရွည္လ်ားေထာင္မတ္တဲ့ေကာက္ေၾကာင္းေတြရွိျပီး လက္ဆယ္ေခ်ာင္းကုိ ယွက္သြယ္လ်က္ လမ္းေလ်ာက္ေနၾကသည္။

[??ဒါက ငါတုိ႔ေက်ာင္းလား]

[ ေသခ်ာေပါက္ငါတုိ႔ေက်ာင္းေပါ့ ဟဟဟ အေနာက္ခံုက လူငယ္ေလးက အေတာ္ေလးေက်ာ္ၾကားတယ္ေလ သခၤ်ာဌာနကမလား? သူ႔ကုိ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြ ေလွာင္ေျပာင္ေနတဲ့ဗီဒီယိုကုိ ငါမွတ္မိေနေသးတယ္]

[ဖာ့ခ္ သူ႔ကုိရင္းႏွီးေနပါတယ္လို႔ ငါခုေလးတင္ေတြးေနတာ ‘သူ’ျဖစ္ေနတာပဲ!]

[ေျပာစမ္းပါဦး ဘာလို႔ထပ္ျပီးသူပဲလဲ! သူ႔ပံုေတြတင္တာမရပ္ႏုိင္ဘူးလား!]

[ၾကည့္စမ္းပါဦး အခ်ိဳ႕လူေတြက မနာလိုျဖစ္ေနၾကတယ္ ၾကည့္ေကာင္းတဲ့လူေတြက ေသြးမုန္တုိင္းကိုလြယ္လြယ္ကူကူျဖစ္ေစႏုိင္တာပဲ]

[ သူ႔ကုိစက္ဘီးနဲ႔တင္သြားတဲ့တစ္ေယာက္က ဘယ္သူလဲ!! ဒီေတာ့ ဒီေမာင္ငယ္ေလးက ေကာင္ေလးအသစ္ရသြားျပီလား မျဖစ္ဘူး! ငါ့အသည္းေတာ့ကြဲျပန္ျပီ!!!]

[အေပၚထပ္ေရ တူတူပဲ! အေရွ႕တစ္ေယာက္က ဘယ္ဌာနကလဲဆိုတာ ငါသိခ်င္တယ္ ေသာက္ပဲ သူကအရမ္းခန္႔ညားလြန္းတယ္ အား!!!]

[အေပၚထပ္ကလူေတြေရ မင္းတုိ႔ျမင္းေတြကိုထိန္းထားၾကပါ။ သူတို႔က အတြဲေတြမွန္း သိသာတယ္ေနာ္ ပံုကုိၾကည့္လိုက္ၾက]

[ငါလည္း သူဘယ္ဌာနကမွန္းသိခ်င္တယ္! ငါက ေမာင္ငယ္ေလးရဲ႕အတြဲကို ကြဲဖို႔မရည္ရြယ္ပါဘူး ဒီတုိင္းအေရွ႕တစ္ေယာက္ကုိ သိခ်င္ရုံေလးပါ qaq]

[+1 သူက ငါတို႔ဌာနကျဖစ္ေလာက္တယ္ ဟားဟားဟား အဲ့စီနီယာက ျဖစ္စဥ္တစ္ေလွ်ာက္လံုး မ်က္ႏွာကေအးစက္ေနတာ အရမ္းမိုက္တာပဲ။ သူက ငါတုိ႔ဌာနကျဖစ္ျပီး ငါ့စီနီယာလို႔ေတြးၾကည့္ရုံနဲ႔တင္ ခ်က္ခ်င္းေသာကေတြကင္းေဝးသြားတယ္လုိ႔ခံစားရတယ္…]

[ေဟး အေနာက္ခံုကညီငယ္ေလးက သခၤ်ာဌာနရဲ႕ေက်ာင္းေကာင္စီဥကၠ႒ေဟာင္းမလား တုိက္တုိက္ဆုိင္ဆုိင္ ငါ့သူ႔ဖရဲေစ့ကုိစားခဲ့ရတယ္…ငါၾကားတာေတာ့ ဒီခိုးခ်တဲ့သူကို ေက်ာင္းက ဖံုးကာေပးထားတယ္တဲ့။ သူ႔ကုိအျပစ္မေပးဘဲ က်ရႈံးအဆင့္ဘဲေပးတယ္တဲ့ေလ]

[???]

         *

မေန႔က ဒုကၡေရာက္ခဲ့တဲ့ယန္က်န္းေပၚက သူအိမ္ျပန္ေရာက္တဲ့အခ်ိန္ သူ႔အေဖထံမွ အဆူအဆဲခံလိုက္ရသည္။

“အေဖ…ဒါက ကၽြန္ေတာ္နဲ႔ဘာမွမဆိုင္ဘူးေလ အဲ့ဒါကယန္က်င္ရႊင္ပဲ! သူက ဥကၠ႒ရွန္ေရွ႕မွာ ကၽြန္ေတာ္တို႔မိသားစုရဲ႕အပုပ္အပြေတြကုိ ေဖာ္ထုတ္လိုက္တာ။ ဝမ္းကြဲလည္းဒါကုိၾကားခဲ့တယ္”

ယန္က်န္းေပၚက သူ႔အေဖေရွ႕မွာ မ်က္ရည္ေတြတာက်ိဳးလုနီးပါးပင္ : “ အဲ့အခ်ိန္တုန္းက ကၽြန္ေတာ္လည္းမ်က္ႏွာပ်က္ခဲ့ရတာပဲကုိ! ဒီကိစၥမွာ ယန္က်င္ရႊင္က မသိနားမလည္တာေလ။ သူက ေထာက္ပံ့ေၾကးလိုခ်င္တယ္လို႔ေျပာျပီး ဥကၠ႒ရွန္ကို ေရွ႕ေနတစ္ေယာက္ပို႔ေပးဖို႔ ေသြးထိုးေနခဲ့တာ”

“ထိုက္လင္က ငါ့ကုိအဲ့အေၾကာင္းေတြေျပာျပီးသြားျပီ” ယန္ကြမ္က်ိဳးက သူ႔အားခက္ထန္စြာစကားျဖတ္ေျပာလုိက္သည္ “ငါမင္းကိုေမးပါဦးမယ္ ဘာလို႔ေရွာင္ရႊင္ကိုရန္သြားစရတာလဲ?”

“…”

သူ႔အေဖေျပာေနတာနဲ႔ပတ္သက္ျပီး သူ႔မွာျပန္ေျဖစရာမရွိေပ။ ဒါ့ေၾကာင့္ ယန္က်န္းေပၚက ဘာစကားကုိမွျပန္မေျပာရဲခဲ့။

သူမထင္ထားတာက သူ႔ကုိၾကိမ္ဖန္မ်ားစြာ အျပစ္တင္ျပီးေနာက္ ယန္ကြမ္က်ိဳးက မထင္မွတ္ထားစြာျဖင့္ သူ႔ေလသံကုိေျပာင္းကာ : “အလိုေလး ဒီေရွာင္ရႊင္ကေတာ့ တကယ္ကိုပဲ..ေမ့လိုက္ေတာ့ ဒီကိစၥကိုထားလုိက္ေတာ့။ သူက ဥကၠ႒ရွန္နဲ႔ဆက္ဆံေရးေကာင္းရွိတာလည္း ေကာင္းတာပဲ”

“အေဖ…?” ယန္က်န္းေပၚက ရုတ္တရက္မေကာင္းတဲ့အတိတ္နမိတ္ရလာသည္ : “ အေဖက ယန္က်င္ရႊင္ကို လူကုိယ္တုိင္သြားရွာမို႔လား…?”

“မဟုတ္ရင္ေရာ ငါတုိ႔ဘာလုပ္ရမွာလဲ! ဒါကငါတုိ႔မိသားစုစီးပြားေရးေလ!” ယန္ကြမ္က်ိဳးရဲ႕အသံက တစ္ဖန္ခက္ထန္လာျပန္သည္ “ မင္းသာနည္းနည္းေလာက္ အလားအလာေကာင္းခဲ့ရင္ မင္းဗိသုကာဆုကုိပါရေလာက္တယ္။ အဲ့လိုသာျဖစ္ခဲ့ရင္ ငါတုိ႔မိသားစုက ဒီေလာက္ႏွိမ့္ခ်ေနစရာလုိပါ့မလား အသံုးမက်လုိက္တဲ့ေကာင္! မင္း Level 2 certificateကိုေတာင္ မရႏုိင္ခဲ့ဘူး! ငါအခုမင္းကုိေျပာထားမယ္ ဒီအခ်ိန္အတြင္း မင္းကုိယ္မင္းျပန္သံုးသပ္ထားျပီး မင္းညီကုိ ထပ္မေႏွာင့္ယွက္နဲ႔ေတာ့! ”

“…”

ဒီအေၾကာင္းအရင္းေၾကာင့္ ယန္က်န္းေပၚက သူ႔လူေတြ ယန္က်င္ရႊင္အေၾကာင္းအခ်က္အလက္တစ္ခ်ိဳ႕ ေပးပို႔လာခ်ိန္အထိ ညလယ္ေခါင္နီးပါးတုိင္ေအာင္ ေဒါသူပုန္ထေနခဲ့သည္။

…ဒါမတိုင္ခင္တုန္းက သူ႔ေစ်းေပါတဲ့ညီကို ဒီေလာက္ဂရုစိုက္ေပးရမယ့္ေန႔ရွိလာမယ္လို႔ သူတစ္ခါမွေတြးမထားခဲ့ဖူးဘူး။

သူတုိ႔မိသားစုမသိတဲ့တစ္ေနရာမွာ သူ႔ရဲ႕ဒီညီက အံ့အားသင့္ဖြယ္ေကာင္းစြာပင္…သူစိတ္ကူးထားတာထက္ ပုိျပီးေကာင္းေကာင္းေနေနတယ္လို႔ တစ္ခါမွထင္မထားခဲ့ဖူးဘူး

သူက ပထမဦးဆံုး ရွန္မိသားစုရဲ႕ဒုတိယသခင္ေလးေနာက္လုိက္ခဲ့ျပီး အခု ရွန္မိသားစုရဲ႕အၾကီးဆံုးသခင္ေလးေနာက္ လုိက္ေနတယ္…

ဒါေတြက သူတုိ႔အိမ္ကုိဝင္ခဲ့ျပီး ဆုိဖာေထာင့္မွာပဲ တုန္ယင္ေနခဲ့တဲ့ထုိညီေလးရဲ႕လုပ္ရပ္ေတြေရာ တကယ္ဟုတ္ရဲ႕လား??

         ……

မေန႔တုန္းက ယန္က်င္ရႊင္မွာ အရမ္းကုိထက္ျမတဲ့လွ်ာရွိခဲ့ျပီး သူ႔ကုိယ္ပုိင္မိသားစုကုိ ဘာသနားဂရုဏာမွမျပခဲ့ျခင္းအား သူခ်က္ခ်င္းျပန္ေတြးမိသြားသည္။ ယန္က်န္းေပၚလည္း မေသမခ်ာျဖစ္ေနသည္။ လူေတြက ေျပာင္းလဲႏုိင္တာလည္း ျဖစ္တတ္တာပဲေလ။

အခုယန္က်င္ရႊင္က လြန္ခဲ့တဲ့သံုးႏွစ္ကလိုမ်ိဳး သူရဲေဘာေၾကာင္တဲ့ေကာင္ငယ္ေလးမဟုတ္ေတာ့ဘူး

         ……

ယန္က်န္းေပၚက အခ်က္အလက္ကိုဆက္ဖတ္လိုက္သည္။ ရလဒ္အေနနဲ႔ သူ႔အာရုံကုိ ေနာက္ဆံုးရွိ “စာေမးပြဲက်ျခင္း” ၊ “ခိုးခ်တယ္လို႔ ဆရာ့ရဲ႕သံသယဝင္ခံရျခင္း” တုိ႔က ဆြဲေဆာင္သြားသည္။

ဒီစာလံုးေသးေသးေလးေတြျဖင့္ စာေၾကာင္းကိုျမင္ေတာ့ ယန္က်န္းေပၚက ခ်က္ခ်င္းပင္ သူ႔လက္ေထာက္အားဖုန္းေခၚျပီး အတည္ျပဳလုိက္၏ : “ ယန္က်င္ရႊင္က ခိုးခ်တယ္လုိ႔ သံသယဝင္ခံေနရတာမုိ႔ ေက်ာင္းက သူ႔ကုိ59မွတ္ပဲေပးခဲ့တယ္ဆိုတာ ေသခ်ာရဲ႕လား?”

“ဟုတ္ပါတယ္” သူ႔လက္ေထာက္ကျပန္ေျဖ၏ “ ယန္က်င္ရႊင္ရဲ႕အခ်က္အလက္ကို စုေဆာင္းဖုိ႔ကၽြန္ေတာ္ငွားထားတဲ့သူက သိပၸံနည္းပညာတကၠသိုလ္ရဲ႕သခၤ်ာဌာနကပါ။ အေျဖလႊာေတြ အမွတ္စစ္တဲ့အခ်ိန္ သူ႔အတန္းေဖာ္က ရုံးခန္းထဲေရာက္ေနေတာ့ မေတာ္တဆနားစြန္နားဖ်ားၾကားခဲ့ရတာ။ ယန္က်င္ရႊင္က ေက်ာင္းေကာင္စီဥကၠ႒ေဟာင္းျဖစ္ျပီး သူခိုးခ်တယ္ဆိုတဲ့သက္ေသလည္းမရွိတာေၾကာင့္ ဆရာက သူ႔ကုိ59မွတ္ေပးဖို႔ ဆံုးျဖတ္ခဲ့တာ…”

“ဟားဟားဟား ငါသိျပီ” ယန္က်န္းေပၚက ရယ္ေမာကာ သူ႔စိတ္ထဲ၌ စတင္တြက္ခ်က္လုိက္သည္။

သူ႔အေဖက ယန္က်င္ရႊင္အား ျပႆနာမရွာရန္သတိေပးခဲ့ေသာ္ျငားလည္း သူသည္းမခံႏုိင္ဘူး။ ယန္က်င္ရႊင္က ကားကုိသူကိုယ္တုိင္လွန္ေမွာက္ခဲ့တာပဲ*

[*က်ရႈံးမႈ၊ မထင္မွတ္ထားတဲ့အမွား ဒါမွမဟုတ္ တစ္စံုတစ္ေယာက္က မိမိကိုယ္ကို အရူးလုပ္မိျခင္း]

လူတုိင္းသိထားၾကတဲ့အတိုင္းပဲ စာေမးပြဲက်တာက ဘာမွမမွားေပ၊ သူေတာင္မွ ရံဖန္ရံခါ သူ႔ေကာလိပ္စာေမးပြဲက်ခဲ့ဖူးတယ္။

ဒါေပမယ့္ ခုိးခ်တာကေတာ့ ကြာျခားတယ္!

ေက်ာင္းက သူ႔ကုိဖံုးကြယ္ထားေပးဖို႔ ရည္ရြယ္ျပီး သူ႔အေဖက ခိုးခ်တာကို ဂရုမစိုက္ရင္ေတာင္မွ…ဥကၠ႒ရွန္က ေသခ်ာေပါက္ ဂရုစိုက္ေလာက္တယ္

သူၾကားခဲ့တာကေတာ့ ရွန္ရိက်င္းက သူ႔အမိႏိုင္ငံကုိျပန္မလာခင္ အတန္းငါးတန္း တစ္ဆင့္တည္းျဖတ္ေက်ာ္ျပီး ေဒါက္တာဘြဲ႔ရခဲ့သူျဖစ္သည္။

ဒါ့အျပင္ မေန႔တုန္းက ရွန္ရိက်င္းရဲ႕တည္ၾကည္ေလးနက္တဲ့သေဘာထားနဲ႔ သူ႔ရဲ႕*ဆီဆားကင္းမဲ့မႈကုိ သူျပည့္ျပည့္ဝဝနားလည္ခဲ့သည္။

[*ေခါင္းမာေသာ ပင္ကုိစရိုက္]

ရွန္ရိက်င္းလုိ လူတစ္ေယာက္ စာေမးပြဲခုိးခ်တဲ့သူကုိ သူ႔ပတ္ဝန္းက်င္မွာ လက္ခံႏုိင္ပါ့မလား?

ယန္က်န္းေပၚက ခ်က္ခ်င္းပဲ ယန္က်င္ရႊင့္ရဲ႕ခိုးခ်တဲ့ကိစၥကို အဓိက ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြ၊ သိပၸံနည္းပညာတကၠသိုလ္နဲ႔ဆက္စပ္ေနသာ ဖိုရမ္ေတြမွာ လူသိရွင္ၾကားျဖစ္ေအာင္လုပ္ရန္ လူအနည္းငယ္စီစဥ္ဖို႔ သူ႔လက္ေထာက္အားခ်က္ခ်င္းေျပာလုိက္သည္။ သူတုိ႔ဒီကိစၥကို ပင့္တင္ေပးျပီး လူတုိင္းသိေအာင္လုပ္ရမယ္!

“ဒါက မေကာင္းဘူးေနာ္” သူ႔လက္ေထာက္က အတန္ငယ္တံု႔ဆိုင္းေနကာ “ …သခင္ငယ္ေလးကုိ မရွာရဘူးလို႔ ဥကၠ႒ယန္ေျပာခဲ့တယ္…ယန္က်င္ရႊင္ကုိ ျပႆနာရွာဖို႔ ဆရာ့ကုိခြင့္မျပဳထားဘူးေလ…”

“မင္းကငါ့လက္ေထာက္ပဲ ငါ့အေဖမဟုတ္ဘူး!” ယန္က်န္းေပၚအသံက ခ်က္ခ်င္းပင္ မႈန္မႈိင္းလာသည္ : “ အနာဂတ္မွာ ကုမၸဏီကိုဘယ္သူပုိင္မွာလဲဆုိတာ မင္းရဲ႕ႏွလံုးအိမ္ထဲမွာ သိထားသင့္တယ္။ မင္းကုိလုပ္ဖုိ႔ေျပာတာကုိ သြားလုပ္ အဓိပၸါယ္မရွိတာေတြ သိပ္မေျပာနဲ႔!”

ေမွ်ာ္လင့္ထားတဲ့အတုိင္းပင္ လက္ေထာက္က ျခိမ္းေျခာက္ခံလုိက္ရျပီး ေျပာတဲ့အတုိင္းလုပ္ေဆာင္ပါ့မယ္ဟု ေျပာလာသည္။

ဖုန္းခ်ျပီးေနာက္ ယန္က်န္းေပၚက ေကာင္းမြန္တဲ့စိတ္အေျခအေနကို တစ္ဖန္ျပန္ေရာက္သြားသည္။

ထိုညကုိ သူေတြးလိုက္မိခ်ိန္ သူ႔အေဖက ရွန္ရိက်င္းေပါင္ကိုဖက္ရန္ ယန္က်င္ရႊင္အားအသံုးျပဳဖို႔ စီစဥ္ထားတယ္ဆိုတဲ့အခ်က္က သူ႔ကုိအရမ္းစိတ္ဖိစီးေစခဲ့တာမို႔ သူလံုးဝမအိပ္ႏုိင္ခဲ့ေပ!

ယန္က်င္ရႊင္က ဘယ္လုိလုပ္ အဲ့ေလာက္ထုိက္တန္ႏိုင္ပါ့မလဲ!

သူမရႏုိင္တဲ့အရာကုိ ယန္က်င္ရႊင္လည္း မရႏုိင္ေစရဘူး!

ယန္က်င္ရႊင္နဲ႔ရွန္ရိက်င္းဆက္ဆံေရးကုိ ေမႊေႏွာက္တာက သူတုိ႔စီးပြားေရးကုိ ထိခိုက္ႏုိင္မလားဆိုတာအတြက္ကေတာ့…

ယန္က်န္းေပၚက အဲ့ေလာက္အမ်ားၾကီးမေတြးႏုိင္ေပ။

ဒီေနာက္ပိုင္း သူ႔အေဖက ထူးဆန္းလာျပီး မၾကာခဏယန္က်င္ရႊင္အေၾကာင္းကုိေျပာလာတယ္။ တကယ္လုိ႔အဲ့ေကာင္က ဒီအခြင့္အေရးကိုယူျပီး ယန္အိမ္ဝင္ေရာက္လာတာကို ခြင့္ျပဳလုိက္ရင္ ျပႆနာတက္မယ့္လူကသူပဲ!

         *

မစ္တီးႏွစ္ခြက္ဝယ္ျပီးေနာက္ က်င္ရႊင္နဲ႔ရွန္ရိက်င္းက ဆရာရုံးခန္းတည္ရွိေသာသင္ၾကားေရးအေဆာက္အဦးထံ လမ္းေလွ်ာက္သြားလုိက္ၾကသည္။ သူတုိ႔ရုံးခန္းထဲဝင္ခါနီးမွာ ရွန္ရိက်င္းကစကားဆိုလာသည္
“အထဲဝင္သြားေတာ့ ကုိယ္ဒီကေန မင္းကိုေစာင့္ေနမယ္”

“ဟုတ္”

လံုျခံဳစိတ္ခ်မႈအတြက္ သူ႔မစ္တီးခြက္ကို ရွန္ရိက်င္းႏွင့္ထားခဲ့ျပီး က်င္ရႊင္ေျပာလုိက္၏ “ဒါဆုိရွဲန္းရွန္ ခဏေစာင့္ေနဦးေနာ္၊ ကၽြန္ေတာ္မၾကာခင္ျပန္ထြက္လာခဲ့မယ္”

“အင္း” ရွန္ရိက်င္းက ေလတုိက္ခတ္မႈေၾကာင့္ အနည္းငယ္ရႈပ္ေထြးေနေသာ လူငယ္ေလးရဲ႕ဆံပင္ေတြအား ရွင္းလင္းေပးရန္ လက္တစ္ဖက္ေျမွာက္ကာ : “ ကုိယ္ေကာ္ရစ္တာ ဝင္ေပါက္မွာပဲရွိေနမယ္။ တကယ္လုိ႔ တစ္ခုခုျဖစ္ရင္ တံခါးဖြင့္လိုက္တာနဲ႔ေရွာင္ရႊင္ကိုယ့္ကုိရွာေတြ႔လိမ့္မယ္”

က်င္ရႊင္က ျပံဳးကာ : “အုိေက”

ဘာမွျဖစ္လာမွာမဟုတ္ေလာက္ဘူးလို႔ သူထင္ေပမယ့္ ရွဲန္းရွန္ရဲ႕ဂရုတစိုက္ အၾကံေပးမႈေနာက္ကြယ္ရွိ စုိးရိမ္ပူပန္မႈအား သူခံစားႏုိင္သည္။

က်င္ရႊင္က ဒါကိုလည္းအသိအမွတ္ျပဳ၏။

တံခါးထဲမဝင္ခင္မွာ သူက ရွန္ရိက်င္းအား ခပ္ေဖ်ာ့ေဖ်ာ့ေလး ေပြ႔ဖက္လုိက္သည္ : “ရွဲန္းရွန္…”

“ဘာလဲ” ရွန္ရိက်င္းက သူ႔ကုိဖက္ခြင့္ျပဳထားျပီးေနာက္ တစ္ခဏရပ္တန္႔သြားကာ က်င္ရႊင့္ရဲ႕စိတ္လႈပ္ရွားေပြ႔ဖက္မႈကို အျခားအရာအျဖစ္ အဓိပၸါယ္ေကာက္လြဲသြားပံုပင္။

“ ကုိယ္မင္းနဲ႔အထဲလိုက္ျပီး အေဖာ္လုပ္ေပးရမလား”

“မလိုဘူး မလိုဘူး မလိုပါဘူး” က်င္ရႊင္က သူ႔ေခါင္းကုိ ကမူးရႈးထိုးလႈပ္ခါကာ သူ႔မ်က္ႏွာက ျပင္းျပင္းထန္ထန္ကို နီရဲသြား၏။

“ရွဲန္းရွန္…ကၽြန္ေတာ့္မစ္တီးကုိ ေစာင့္ေရွာက္ေပးထားေနာ္” သူ႔ေခါင္းကိုခါျပီးေနာက္ ရွန္ရိက်င္းလက္ထဲရွိ မစ္တီးကုိေတြ႔ျမင္သြားသည္။ က်င္ရႊင္က ခပ္သြက္သြက္ေျပာလိုက္၏
“ ကၽြန္ေတာ္ျပီးရင္ ဆက္ေသာက္ဦးမွာ”

“ဟုတ္ပါျပီ” ရွန္ရိက်င္းက ျပံဳးကာျပန္ေျဖသည္။

အျပံဳးက အရမ္းမသိသာေပမယ့္ သူ႔မ်က္ႏွာထက္မွာ ေပၚလာတာကေတာ့ အံ့ၾသဖြယ္ရာပင္။

ထုိ႔ေနာက္ တစ္ဖက္လူရဲ႕ေစာင့္ၾကည့္ေနေသာ မ်က္ဝန္းေတြေအာက္မွာပဲ က်င္ရႊင္ကရုံးခန္းတံခါးကိုေခါက္လိုက္သည္။

မနက္ကိုးနာရီခြဲမွာ ခ်ိန္းဆိုထားတဲ့အခ်ိန္အတုိင္းေရာက္လာတဲ့က်င္ရႊင္က သူတုိ႔ဌာနရဲ႕နည္းျပနဲ႔ ေက်ာင္းအုပ္ၾကီးကုိျမင္လိုက္ရခ်ိန္ အရမ္းမအံ့ၾသသြားခဲ့ေပ။

လြန္ခဲ့တဲ့တစ္ခဏ သူတို႔အိမ္မွာရွိေနခ်ိန္ ဆရာနဲ႔စကားရည္ျပိဳင္လုေနတဲ့က်င္ရႊင္က သူဟာ အျခားမေကာင္းသတင္းအတင္းအဖ်င္းတစ္ခုရဲ႕ဗဟိုဆံုခ်က္ ျဖစ္လာမွန္း မသိခဲ့ေပ။

တစ္ညတာလံုးအခ်ဥ္ေဖာက္ျပီး မလိုမုန္းထားတဲ့ပုိ႔စ္မ်ားစြာေၾကာင့္ သူစာေမးပြဲမွာခိုးခ်တာမို႔59မွတ္ရခဲ့တယ္ဆိုတဲ့အခ်က္က အမ်ိဳးမ်ိဳးေသာ ေက်ာင္းပရဝုဏ္တြင္းမီဒီယာေတြမွာ ေခါင္းၾကီးပုိင္းျဖစ္လာခဲ့သည္။

သူအိမ္ကထြက္ခ်ိန္ ထန္က်င္းယြမ္ဆီက ဖုန္းေခၚဆုိမႈလက္ခံရခ်ိန္မွသာလွ်င္ ဒါကုိသိခဲ့ရတာျဖစ္သည္။

ထန္က်င္းယြမ္က စစခ်င္းဖုန္းေခၚတုန္းက အတန္ငယ္တံု႔ဆိုင္းေနခဲ့သည္။ တကယ္ေတာ့ က်င္ရႊင္က 59မွတ္ရတာကုိ မသိခင္ကတည္းက သူေက်ာင္းဖုိရမ္ကုိဖတ္ျပီးသြားခဲ့ျပီ။

ရလဒ္ေတြကုိ စစ္ေဆးေနခ်ိန္ ထန္က်င္းယြမ္က က်င္ရႊင္က်ရႈံးဖို႔မေမွ်ာ္လင့္ထားတာေၾကာင့္ သိပ္ျပီးအာရုံမထားခဲ့။ ဒါက ယန္က်င္ရႊင္ကခိုးခ်ခဲ့တာေၾကာင့္ 59မွတ္ပဲရတယ္ဆိုတဲ့ေကာမန္႔ေတြကို မျမင္ခင္အထိပင္၊ ဒီေတာ့မွ ရႊင္ရႊင္က အမွန္တကယ္ၾကီး သင္ရိုးတစ္ခုက်ရႈံးခဲ့မွန္း သူသေဘာေပါက္သြားသည္။

သို႔ေပမယ့္ က်င္ရႊင့္ရဲ႕ခြန္အားအစစ္အမွန္ကိုသိျပီး က်င္ရႊင္မခုိးခ်မွန္းေသခ်ာတဲ့ထန္က်င္းယြမ္က ထုိအခ်ိန္၌ အြန္လိုင္းေပၚကမလိုမုန္းထားတိုက္ခုိက္မႈေတြကို စိတ္ထဲမမွတ္ယူခဲ့ေပ။

က်င္ရႊင္ကအမ်ားအားျဖင့္ ဆိုရွယ္မီဒီယာအားၾကည့္ေလ့မရွိတာကို သူသိတာေၾကာင့္ သူကအင္တာနက္ေပၚမွာ ခုိးခ်တယ္ဆိုျပီးနာမည္ထြက္တာအား တမင္သက္သက္သတိမေပးခဲ့တာျဖစ္သည္။ သူက ရႊင္ရႊင့္ရဲ႕စိတ္အေျခအေနကုိ မသက္ေရာက္ေစရန္ ဒီလိုမ်ိဳးလုပ္ခဲ့တာပင္။

ထုိအခ်ိန္တုန္းက က်င္ရႊင့္အား 59မွတ္ရတဲ့ကိစၥကိုအရင္ဆံုးအနည္ထုိင္ေစဖို႔ သူကရိုးရုိးစင္းစင္းေတြးခဲ့တာျဖစ္သည္။

အခု သူဖုန္းထပ္ေခၚလိုက္ရတာကေတာ့ အင္တာနက္ေပၚမွာ သူကက်င္ရႊင့္အားကူညီကာ စကားလံုးအနည္းငယ္ေျပာခဲ့ေပမယ့္ သူကခ်က္ခ်င္းပင္water armyေတြရဲ႕ ရိုက္ႏွက္ျခင္းခံရလိုက္၏။ သူက *အထပ္ေတြအမ်ားၾကီးရဲ႕ ဆဲဆိုက်ိန္ဆဲျခင္းခံလုိက္ရသည္။

[*သူကေကာမန္႔ေတြအမ်ားၾကီးရဲ႕က်ိန္ဆဲျခင္းခံလိုက္ရသည္။ ]

ထုိအခ်ိန္မွာ အင္တာနက္ေပၚ၌ water armyေတြနဲ႔ ပဋိပကၡျဖစ္ေနေသာ ပြဲၾကည့္ပရိတ္သတ္ေတြကုိ ျမင္ေတာ့ ထန္က်င္းယြမ္က ရုတ္တရက္ၾကီးတစ္ခုခုမွားေနျပီမွန္း ခံစားလိုက္ရသည္။

“ ငါက မင္းစာေမးပြဲမွာ ခိုးခ်တယ္ဆိုတဲ့သက္ေသမရွိဘူးလို႔ပဲ ျပန္ေျဖခဲ့တာ၊ ျပီးတာနဲ႔ငါက်ိန္ဆဲခံရေတာ့တာပဲ။ တစ္ေယာက္ေယာက္က မင္းကိုေႏွာင့္ယွက္ဖို႔ၾကိဳးစားေနတယ္လို႔ ငါထင္တယ္”

ထန္က်င္းယြမ္က က်င္ရႊင္အားသတိေပးလိုက္သည္ : “အတုိခ်ဳပ္ေျပာရရင္ မင္းဂရုစုိက္ရမယ္ေနာ္။ မင္းရွင္းရွင္းလင္းလင္းေျဖရွင္းျပီးသြားရင္ မင္းမခိုးခ်ဖူးဆိုတာ ဆရာ့ကိုသက္ေသျပခိုင္းရင္ပုိေကာင္းမယ္ အဲ့ဒါမွလူတုိင္းက အင္တာနက္ေပၚမွာ ေပါက္တတ္ကရေတြ ေလွ်ာက္မေျပာေတာ့မွာ”

“အိုေက ငါသိျပီ။ ငါေတာင္းပန္ပါတယ္ေနာ္ ယြမ္ယြမ္ ငါမင္းကုိပါဆြဲခ်မိသြားျပီ”

“ငါ့ကိုဆြဲခ်သြားတယ္ဆိုတာက မင္းဘာကိုဆုိလိုတာလဲ?!” ထန္က်င္းယြမ္ : “ၾကည့္ေလ၊ စိတ္ခ်လက္ခ်ေနစမ္းပါ ငါကုိက္ႏုိင္ပါေသးတယ္ကြ!”

က်င္ရႊင္က မေနႏုိင္ဘဲျပံဳးလိုက္မိသည္။ သူက ထန္က်င္းယြမ္အားဖုန္းကေနတစ္ဆင့္ အေလးအနက္ေက်းဇူးတင္လိုက္သည္။ ထုိ႔ေနာက္ သူကဖိုရမ္ကုိဝင္ၾကည့္လိုက္ေတာ့ သူကေနာက္တစ္ဖန္“နာမည္ၾကီး”ေနမွန္း ရွာေတြ႔သြားသည္။

ထိုပုိ႔စ္ေတြမွာ သူ႔အားခုိးခ်တယ္လုိ႔ တုိက္ရုိက္စြပ္စြဲေနျပီး စကားလံုးေတြက အရမ္းကိုၾကမ္းတမ္းလွသည္။ အေျခခံအားျဖင့္ သူကခိုးခ်ခဲ့ေပမယ့္ ဆရာေတြမိတာမခံလုိက္ရတဲ့အတြက္ ကံေကာင္းတယ္ဆိုျပီး ထက္သန္စြာေျပာဆိုေနၾကသည္။

ေက်ာင္းက သူ႔ရဲ႕59မွတ္အတြက္ အေၾကာင္းျပခ်က္ကုိ မေၾကညာေပမယ့္လည္း “အမည္မသိအသံုးျပဳသူ”ဆိုတဲ့ IDျဖင့္ ပုိ႔စ္တင္သူက ယန္က်င္ရႊင္ဟာ အေျဖလႊာစာရြက္ကို ပထမဆံုးထပ္တဲ့သူျဖစ္တာေၾကာင့္ ဆရာကခုိးခ်တယ္ဆိုျပီးယူဆလုိက္ေၾကာင္း သတင္းကုိထုတ္ေဖာ္လာသည္။ အေျဖလႊာစာရြက္ေတြအားလံုးမွာ တြက္ခ်က္မႈေတြ၊ ျဖစ္စဥ္ေျဖရွင္းမႈေတြ တစ္ခုမွရွိမေနခဲ့ေပ။

သိသာစြာကုိပဲ ဒီအေျခအေနေတြက အင္တာနက္အသံုးျပဳသူေတြရဲ႕မ်က္လံုးထဲမွာ စာခုိးခ်ျခင္းနဲ႔ ေမးခြန္းအားခိုးယူျခင္းအတြက္ အစစ္အမွန္သက္ေသတစ္ခုလိုျဖစ္ေနသည္။

သို႔တုိင္ေအာင္ ဒီကိစၥေတြက အနည္းငယ္ထူးဆန္းတယ္လုိ႔ က်င္ရႊင္လည္းခံစားေနရသည္။

ခုနေလးတင္ သူဆရာနဲ႔ဖုန္းေျပာကာေဆြးေႏြးေနတဲ့အခ်ိန္ တစ္ဖက္လူက ခိုးခ်ျခင္းသည္ အရွက္မဲ့တယ္လုိ႔ ခံစားေနရတာအသိသာၾကီးပင္၊ ဆရာကသူ႔ကုိစကားထပ္မေျပာခ်င္ေတာ့ဘဲ စာေမးပြဲကိုသာ ျပန္လည္ေျဖဆိုဖို႔ သူ႔ကုိတုိက္ရုိက္ေျပာခဲ့သည္။

ခုိးခ်တဲ့သူအျဖစ္ သတ္မွတ္ခံရတာက စိတ္တုိစရာဆိုေသာ္ျငားလည္း သူတုိ႔ၾကားရွိစကားေျပာဆိုမႈကုိ အေျခခံရရင္ ဆရာက ဒီကိစၥကို လူသိရွင္ၾကားထုတ္ေဖာ္ဖို႔ မရည္ရြယ္ထားမွန္း ေကာက္ခ်က္ခ်ႏုိင္သည္။ က်ရႈံးအဆင့္ေပးတာက “သတိေပးရန္” ပင္ျဖစ္သည္။

ျပီးေတာ့ ဆရာ့ကုိၾကည့္ရတာ အြန္လိုင္းေပၚမွာဘာေတြျဖစ္ေနမွန္း သူလည္းသတိမျပဳမိပံုပင္။

ဒီေတာ့ ဒီကိစၥက ေက်ာင္းနဲ႔မပတ္သက္ဘူး။ ေနာက္ကြယ္ကေန အျခားတစ္စံုတစ္ေယာက္က ဒီကိစၥကို တြန္းပို႔ေနတာနဲ႔တူသည္။

အဆံုးမွာေတာ့ ခက္ထန္တဲ့မွတ္ခ်က္ေတြၾကား ေက်ာင္းကလည္း *လွဲေနရင္းအပစ္ခံေနရတာပဲေလ

{*ဘာမွမလုပ္ေပမယ့္ အျပစ္တင္ခံေနရျခင္း}

[ ေက်ာင္းက ငါတုိ႔ကုိေျဖရွင္းခ်က္တစ္ခုေပးႏုိင္မယ္လို႔ ငါေမွ်ာ္လင့္တယ္၊ သူက ေက်ာင္းေကာင္စီဥကၠ႒ေဟာင္းျဖစ္တာေၾကာင့္နဲ႔ ေက်ာင္းက သူခုိးတစ္ေယာက္ကုိ အကာအကြယ္ေပးထားတယ္လား? ဒါက အရမ္းကုိမမွ်မတျဖစ္လြန္းတယ္!]

[ဟုတ္ပ! ခိုးခ်တာအတြက္ ဘာလုိ႔အျပစ္ေပးမႈမရွိရတာလဲ?  ျပီးေတာ့ စာေမးပြဲေမးခြန္းကုိ ခိုးယူတယ္ ? အရင္ကအျပစ္ေပးခံခဲ့ရတဲ့သူေတြအတြက္ကေရာ?]

[မနက္ေစာေစာစီးစီး ဒီလုိသတင္းေတြျမင္ရတာ တကယ္စိတ္ပ်က္စရာပဲ]

[ေက်းဇူးျပဳျပီးေတာ့..ယန္က်င္ရႊင္က ခုိးခ်တယ္ဆုိတဲ့ခုိင္လံုသက္ေသမရွိဘူးေနာ္ ဟုတ္ျပီလား? ေက်ာင္းကလည္း ယန္က်င္ရႊင္ခိုးခ်တယ္ဆိုျပီး သက္ေသျပစရာမရွိတာေၾကာင့္ ဘာအျပစ္ဒဏ္မွ မေၾကညာေသးဘူး…]

[သက္ေသမရွိတာနဲ႔ပဲ သူမခုိးခ်ဘူးလို႔ဆိုလုိတာလား?]

[ဒါက က်ရႈံးအဆင့္ဆုိေပမယ့္လည္း 59မွတ္ရတာကေတာ့ ထူးဆန္းေနတာ အသိသာၾကီးေလ။ သာမန္လူေတြအတြက္ 59မွတ္ရဖို႔ခက္ခဲတယ္ ဟုတ္တယ္မလား? ဒါကသက္ေသအေကာင္လုိက္ၾကီးပဲေလ!]

[မင္းက လိုရာဆြဲေျပာေနတာပဲ ဆရာက ယန္က်င္ရႊင္ကို နားလည္မႈလြဲသြားတာဆိုရင္ေရာ ဘယ္လုိလုပ္မလဲ?]

[ရမွတ္က 59မွတ္ဆုိမွေတာ့ ျပႆနာတစ္ခုခုရွိရမယ္။ အဲ့ဘာသာရဲ႕ဆရာကုိ ငါသိတယ္။ သူကငါတုိ႔ကုိအေထြေထြသင္ရိုးတစ္ခုသင္တာ။ သူက ပြင့္လင္းရိုးသားတယ္၊ ဒီကိစၥမွာ ျပႆနာတစ္ခုခုရွိေနတယ္လို႔ သူထင္မွေတာ့ ျပႆနာက ရွိကိုရွိရမယ္]

[ခုိးခ်တဲ့သူအတြက္ ေျပာေပးေနတဲ့တစ္ေယာက္ေရ မင္းက သူငွားထားတဲ့water armyလား? ဘာျပႆနာမွမရွိဘူးလို႔မင္းေျပာတယ္ေနာ္ ဒါဆို သူအဲ့ေမးခြန္းေတြကို ဘယ္လုိေျဖခဲ့လဲဆိုတာ ငါ့ကုိရွင္းျပစမ္းပါဦး ]

[ဖံုးဖိတဲ့ပံုစံက အရမ္းကုိဥာဏ္နည္းတာပဲ ဟားဟားဟား ငါရယ္ရလို႔ေသေတာ့မယ္။ ဘာတြက္ခ်က္မႈျဖစ္စဥ္မွ မပါတဲ့အေျဖလႊာက အံ့ၾသစရာမဟုတ္ပါဘူး ဒါေပမယ့္ သူကအေျဖလႊာကုိ ပထမဆံုးအပ္တဲ့သူပဲ ဒီIQက အံ့ၾသစရာေတာ့မဟုတ္ဘူး]

……

က်င္ရႊင္က ဒီမွတ္ခ်က္ေတြကုိ ၾကည့္ေနတဲ့အခ်ိန္ ရွန္ရိက်င္းက အလုိအေလ်ာက္ပင္ သူ႔ဖုန္းအားဆြဲထုတ္ကာ ဖုန္းေခၚဆိုမႈေတြ စတင္ျပဳလုပ္ေတာ့သည္။

သူက ဖုန္းေခၚမႈသံုးခုကို တစ္ဆက္တည္းျပဳလုပ္လုိက္ျပီး အခ်ိဳ႕လူေတြကို တကယ္ထိတ္လန္႔သြားေစခဲ့သည္။

ဒါ့ေၾကာင့္ က်င္ရႊင္ရုံးခန္းထဲကိုေရာက္သြားတဲ့အခ်ိန္ ေက်ာင္းရဲ႕တတိယေျမာက္အာဏာရွိသူ ေက်ာင္းအုပ္ေကာင္းကိုယ္တုိင္ေရာက္ရွိေနသည္။

လက္ရွိ ရုံးခန္းအျပင္ဘက္တြင္ အထဲကုိလိုက္မဝင္သြားတဲ့ရွန္ရိက်င္းက သူ႔ဖုန္းကိုထုတ္ယူကာ : “ ေကာလဟာလေတြကုိ ဘယ္သူျဖန္႔တာလဲ စစ္ေဆးၾကည့္လိုက္”

ရုံးခန္းထဲတြင္ ေက်ာင္းအုပ္ေကာင္းက အစျပဳကာ ျပႆနာကုိေျဖရွင္းေပးလိုက္၏ : “ ေက်ာင္းသားယန္နဲ႔ပတ္သက္တဲ့အေျခအေနကို ငါတုိ႔ခုနကမွ သိခဲ့ရတယ္။ ဒါကအမွားတစ္ခုပါ”

ထုိ႔ေနာက္ က်င္ရႊင့္ေရွ႕ေမွာက္တြင္ပင္ သူက 59မွတ္ေပးခဲ့တဲ့ဆရာျဖစ္သူဘက္ လွည့္ကာရွင္းျပလိုက္သည္ : “အခု ဆရာလီ မင္းလည္းအေျခအေနကိုသိေနျပီပဲ။ ေက်ာင္းသားယန္အတြက္ကေတာ့ သူက ပေရာ္ဖက္ဆာဟုိ႔နဲ႔အတူ R&Dပေရာဂ်က္တစ္ခုမွာ ပါဝင္ခဲ့တယ္။ အခ်ိန္က စာေမးပြဲနဲ႔တုိက္သြားေတာ့ သူကဘာတြက္ခ်က္မႈျဖစ္စဥ္မွမေရးဘဲ အေျဖလႊာထပ္ခဲ့မိတာ

ေသခ်ာတာေပါ့ ဘာတြက္ခ်က္မႈျဖစ္စဥ္မွမပါရင္ေတာင္မွ ဒီေမးခြန္းေတြကုိ ေက်ာင္းသားယန္ကုိယ္တုိင္ေျဖထားခဲ့တာဆိုတာ ငါအာမခံေပးႏုိင္ပါတယ္! …ဆရာလီ မင္းေတာ့သိမွာမဟုတ္ဘူး ဒါေပမယ့္ ပေရာ္ဖက္ဆာဟို႔က ေက်ာင္းသားယန္ရဲ႕အတြက္အခ်က္စြမ္းရည္ကုိ ကုိယ္တုိင္ကုိယ္က်အသိအမွတ္ျပဳထားတာ မဟုတ္ရင္ သူ႔ကုိဘယ္လိုလုပ္ဘြဲ႔လြန္ပေရာဂ်က္ထဲ ပါခြင့္ေပးမွာလဲ။ ဒါ့အျပင္ ဒီပေရာဂ်က္ရဲ႕ေအာင္ျမင္သြားမႈကလည္း ေက်ာင္းသားယန္ေၾကာင့္ပဲ”

ေက်ာင္းအုပ္ေကာင္းက လည္ေခ်ာင္းရွင္းကာ : “ ဒါ့ေၾကာင့္ ဒီအခ်က္အရ ေက်ာင္းသားယန္ရဲ႕စြမ္းရည္နဲ႔ပတ္သက္ျပီး ငါအာမခံတယ္ ခိုးခ်တယ္ဆိုတာက လံုးလံုးကုိမျဖစ္ႏုိင္ဘူး”

က်င္ရႊင္မေရာက္လာခင္ကတည္းက ဒီကိစၥကိုေဆြးေႏြးခဲ့ျပီးျပီ။ ဆရာလီရဲ႕သေဘာထားက ေပ်ာ့ေပ်ာင္းသြားျပီဆိုေပမယ့္ ေရွာ့ခ္ရမႈနဲ႔ အေျခအေနေျပာင္းျပန္ျဖစ္သြားမႈက အရမ္းၾကီးမားလြန္းတာေၾကာင့္ သူဘာမွမေျပာဘဲရပ္ေနတုန္းပင္။

ေက်ာင္းအုပ္ေကာင္း : “ေသခ်ာတာေပါ့ ေက်ာင္းသားယန္ မင္းေရာပဲ၊ ပဋိပကၡျဖစ္တဲ့အခ်ိန္ မင္းဘက္ကအရင္စျပီး ဌာနကဆရာေတြကုိ ဆက္သြယ္သင့္တယ္။ ဘယ္လိုလုပ္ျပီး ဒီတုိင္းထားႏုိင္တာလဲ….ဘယ္လုိပဲျဖစ္ျဖစ္ အမွန္တကယ္လည္း မင္းအေျဖလႊာေပၚမွာ ျဖစ္စဥ္ေတြခ်ေရးရမယ္ဆိုတဲ့စည္းမ်ဥ္းမွမရွိဘဲ…”

“အဟမ္း…မင္းတြက္ခ်က္မႈျဖစ္စဥ္ေတြ ခ်မေရးခဲ့တာေၾကာင့္ ခိုးခ်တယ္လုိ႔သတ္မွတ္ခံရတဲ့အတြက္ကေတာ့…အဓိကက အရင္တုန္းကငါတုိ႔ေက်ာင္းမွာ ေမးခြန္းေပါက္ၾကားခဲ့ျပီး တစ္စံုတစ္ေယာက္က အေျဖေတြကုိတိုက္ရုိက္ေရးခဲ့ဖူးလို႔ပဲ။ ဒါက ဆရာလီရဲ႕အတန္းမွာပဲ ျဖစ္သြားခဲ့တာဆိုေတာ့ သူကမင္းကုိအထင္မွားသြားခဲ့မိတာ။ ဒါေပမယ့္ အထင္လြဲမႈကလည္း အခုေျဖရွင္းျပီးျပီပဲ။ ေက်ာင္းက ေက်ာင္းသားယန္ရဲ႕အဆင့္ေတြကို အမွန္ျပန္ျပင္ေပးပါ့မယ္။ ဒီေနရာမွာပဲ ငါကဆရာလီရဲ႕ကုိယ္စား ေက်ာင္းသားယန္ကုိေတာင္းပန္ပါတယ္၊ မင္းနစ္နာခဲ့ရျပီ”

ဆရာ့ဘက္ကေန ၾကည့္ရင္ တစ္ဖက္လူရဲ႕သံသယဝင္မႈကုိ သူလည္းနားလည္ပါတယ္ဟု က်င္ရႊင္ကလည္းေဖာ္ျပလိုက္၏။

သုိ႔ေပမယ့္ သံသယဝင္တာက ကိစၥတစ္ရပ္ပဲ၊ ဒါေပမယ့္ ခုိးခ်တယ္လို႔တုိက္ရုိက္အကဲျဖတ္ျပီး ဘာသက္ေသမွမရွိပါဘဲ က်ရႈံးအဆင့္ေပးတာကေတာ့ တစ္နည္းတစ္ဖံုျဖင့္ ေက်ာင္းသားေတြအေပၚ မမွ်မတျဖစ္ေနဆဲပင္။

အဆံုးမွာေတာ့ ခုိးခ်တယ္ဆိုျပီး သတ္မွတ္ခံရတာက ေက်ာင္းသားရဲ႕ဂုဏ္သိကၡာကုိ ေစာ္ကားတာပဲေလ။

ျပီးေတာ့ သူဒီမနက္ခင္းမွာဖုန္းဆက္ျပီး သူ႔ကုိယ္သူသက္ေသျပဖို႔ မရမကမေတာင္းဆုိခဲ့ဘူးဆိုရင္ အျခားသူေတြရဲ႕မ်က္လံုးထဲမွာ သူကအျမဲတမ္းခုိးခ်တဲ့သူတစ္ေယာက္ျဖစ္ေနမွာပင္။

ဒါက မခုိးခ်ခဲ့တဲ့သူေတြအတြက္ အေျခအျမစ္မရွိတဲ့ထိခိုက္မႈပင္။

“ေက်ာင္းသားယန္ေျပာတာမွန္ပါတယ္” ေက်ာင္းအုပ္ေကာင္းကေျပာ၏ : “ ေက်ာင္းသားက မခိုးခ်ပါဘူးဆိုတဲ့အခြင့္အေရးက တစ္ေထာင္ပံုတစ္ပံုေလာက္ပဲရွိေနရင္ေတာင္ ငါတုိ႔ကသူ႔ကုိခိုးခ်ပါတယ္လို႔ တုိက္ရုိက္အကဲမျဖတ္သင့္ဘူး။ ဆရာလီ မင္းတစ္ဘဝလံုးစာသင္ေနခဲ့တာ။ ေက်ာင္းသားအားလံုးက အဆင့္တူမဟုတ္ၾကဘူးဆိုတာကုိ မင္းသိသင့္တယ္ ငါတုိ႔ေက်ာင္းက ေက်ာင္းသားယန္လိုလူမ်ိဳးတည္ရွိတာကုိ ခြင့္ျပဳထားသင့္တယ္”

တကယ္ေတာ့ ဒီအခိုက္မွာ ဆရာလီက သူ႔အမွားကုိသေဘာေပါက္ေနပါျပီ။

ခုနေလးတင္ ကြန္ျပဴတာသိပၸံဌာနရဲ႕ပေရာ္ဖက္ဆာဟို႔ထံမွ ဖုန္းေခၚမႈလက္ခံရခဲ့သည္။ တစ္ဖက္လူက ဒီကိစၥကုိ သူ႔အားကုိယ္တုိင္ကုိယ္က်ရွင္းျပလာသည္။ သူက ေက်ာင္းသားယန္ရဲ႕ခြန္အားအေၾကာင္း ေျပာခဲ့ရုံသာမကဘဲ သူမခုိးခ်ေၾကာင္း အာမခံေပးရန္ သူ႔ဂုဏ္သိကၡာအားအသံုးျပဳခဲ့သည္…

ပေရာ္ဖက္ဆာဟို႔ရဲ႕ေလးနက္စြာခ်ီးမြမ္းမႈျပီးေနာက္ အခ်ိဳ႕ေက်ာင္းသားေတြက ေမးခြန္းအားလံုးကုိ စိတ္ပုိင္းဆိုင္ရာတြက္ခ်က္မႈျဖင့္ ျပီးေျမာက္ႏုိင္ေၾကာင္း ဆရာလီက ရုတ္ျခည္းသေဘာေပါက္သြားသည္။

ထုိ႔ေနာက္ ေက်ာင္းအုပ္ေကာင္းက စာေမးပြဲေျဖတဲ့အခ်ိန္က ေစာင့္ၾကည့္ဗီဒီယိုအား သူ႔ကုိျပလာသည္။

ေက်ာင္းသားယန္က ေတြးေတာေနခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ႏုိင္သည္။ သူက အရင္ဆံုးေမးခြန္းတစ္ခုခ်င္းစီတုိင္းကုိဖတ္ကာ အဲ့ဒါကုိေတြးေတာျပီးမွ အေျဖခ်ေရးတာျဖစ္သည္။

ျဖစ္ရပ္က မႏိႈင္းယွဥ္ႏုိင္ေလာက္ေအာင္ျမန္ဆန္တယ္ဆိုေသာ္ျငားလည္း တြက္ခ်က္တဲ့အေျဖနဲ႔ က်က္ထားတဲ့အေျဖေတြၾကား ကြာဟခ်က္ၾကီးၾကီးတစ္ခုရွိေနဆဲပင္။

အေျဖတြက္ခ်က္မႈျဖစ္စဥ္အား မေရးခဲ့တဲ့အတြက္ အမွတ္ျပည့္မေပးတာက လက္ခံေကာင္းလက္ခံႏုိင္သည္။

ဒါေပမယ့္ ဘာသက္ေသမွမရွိဘဲ ခုိးခ်တယ္လို႔ ခုိင္ခိုင္မာမာလက္ကုိင္ထားခဲ့တာက…အရမ္းမ်ားသြားျပီ

ဆရာလီက သူ႔ကုိယ္သူအတြက္ ဘာအေၾကာင္းျပခ်က္မွ ထပ္မေပးႏုိင္ေတာ့ဘဲ ခ်က္ခ်င္းေျပာလုိက္၏ : “ဒီကိစၥက တကယ္ကုိ ငါ့ရဲ႕ကုိယ္ပိုင္ယူဆခ်က္ပါ။ ငါအေျခအေနကို အရင္ဆံုးထဲထဲဝင္ဝင္ စံုစမ္းခဲ့သင့္တယ္။ ေက်ာင္းသားယန္ မင္းဒီဆရာရဲ႕ေတာင္းပန္မႈကို လက္ခံေပးႏုိင္မလား”

အထင္လြဲမွားမႈကုိ ေျဖရွင္းကာ ရလဒ္ေတြကို ျပန္ေျပာင္းလဲျပီး ေတာင္းပန္မႈတစ္ခု လက္ခံရျပီးျပီဆုိမွေတာ့ က်င္ရႊင္က ဘာကုိမွထပ္မဆြဲဆန္႔ခ်င္ေတာ့ေပ။

သူ႔ကုိယ္သူသက္ေသျပရန္ စာေမးပြဲထပ္ေျဖစရာမလိုေတာ့ က်င္ရႊင္က စိတ္သက္သာရာရသြားသည္။

အထင္လြဲမွားမႈဆိုမွေတာ့ ဒီတုိင္းပဲေျဖရွင္းလိုက္တာေပါ့

မူလကတည္းက ဒီကိစၥက အင္တာနက္ေပၚမွာ သတင္းမျပန္ခဲ့ရင္ ကိစၥၾကီးတစ္ခုမဟုတ္ေပ။

         …

က်င္ရႊင္ကေျပာလိုက္၏ : “အင္တာနက္ေပၚက လူထုအျမင္အတြက္ကေတာ့ ဆရာတုိ႔ကိုပဲကူေျဖရွင္းေပးဖို႔ ကၽြန္ေတာ္ေတာင္းဆိုရမွာပဲ”

“ေသခ်ာတာေပါ့” ေက်ာင္းအုပ္ေကာင္းက အင္တာနက္ေပၚမွာ ဘာေတြျဖစ္ေနမွန္းသိေနတာ ရွင္းလင္းလွသည္။သူက အေတာ္ေလးစနစ္က်စြာျဖင့္ေျပာလာသည္ : “ သတင္းေတြကုိ ငါတုိ႔ေက်ာင္းက ျဖန္႔တာမဟုတ္ဘူးဆိုေပမယ့္လည္း ငါတုိ႔မွာတာဝန္ရွိေနတုန္းပဲ။ ေၾကညာခ်က္ထုတ္ဖုိ႔ ငါတစ္ေယာက္ေယာက္စီစဥ္ျပီး သက္ေသကုိပါတင္ေပးလိုက္မယ္။ ဒီျဖစ္ရပ္က ေက်ာင္းသားယန္ရဲ႕ဂုဏ္သတင္းကုိ ထိခုိက္ေစခဲ့တာအမွန္ပဲ။ ဒီေနရာမွာ ေက်ာင္းရဲ႕ကုိယ္စား ငါကမင္းကုိထပ္ေတာင္းပန္ပါတယ္”

         ……

မနက္ 9:34တြင္

သိပၸံနည္းပညာတကၠသိုလ္မွ တရားဝင္ေၾကညာခ်က္တစ္ခုက အမ်ိဳးမ်ိဳးေသာတကၠသိုလ္ေက်ာင္းသားေတြရဲ႕ ဆိုရွယ္မီဒီယာပလက္ေဖာင္းေတြထက္ တုိက္ရိုက္ေပၚေပါက္လာသည္။

ေၾကညာခ်က္ရဲ႕ပထမစာေၾကာင္းက က်င္ရႊင့္ခိုးခ်မႈသည္ သတင္းမွားတစ္ခုသာျဖစ္ေၾကာင္း တုိက္ရုိက္ထုတ္ျပန္ထားျပီး စာေမးပြဲျဖစ္စဥ္အတြင္း သူ႔အေျခအေနအား အေသးစိတ္ထပ္မံရွင္းျပထားကာ ခိုးခ်တယ္လို႔မွားယြင္းခံရတဲ့အေၾကာင္းအရင္းကုိလည္း ေဖာ္ျပထားသည္။

ဒါနဲ႔ပူးတြဲပါလာတာက ဆရာလီထံမွ လူသိရွင္ၾကား ေတာင္းပန္မႈစာႏွင့္ ရွင္းျပခ်က္ျဖစ္ျပီး က်င္ရႊင့္ရဲ႕ေမးခြန္းေျဖဆုိေနေသာ ေစာင့္ၾကည့္ဗီဒီယိုလည္းပါဝင္သည္။

ပုိျပီးေတာ့ယံုၾကည္ႏုိင္ေလာက္ေစရန္ ေက်ာင္းက ယန္က်င္ရႊင္ရဲ႕အျခားစာေမးပြဲရလဒ္ေတြႏွင့္အေျဖလႊာေတြကုိ အထူးတင္ေပးခဲ့တဲ့အျပင္ ကြန္ျပဴတာသိပၸံဌာနပေရာဂ်က္က က်င္ရႊင့္ရဲ႕အုပ္စုရလဒ္ကုိပါ ဖြင့္ဟျပခဲ့သည္။ ဒါ့အျပင္ ထိုအခ်ိန္ကာလအတြင္းသူေရးခဲ့တဲ့ ပရိုဂရမ္ေလးႏွစ္ခုမွ ယူေဆာင္လာေပးေသာ အက်ိဳးရလဒ္အျဖာျဖာကုိလည္း ျပသခဲ့၏။

[…ဒီထုတ္ျပန္ခ်က္နဲ႔ သက္ေသေတြက ဘာကိုဆုိလိုတာလဲဆိုတာ ရွင္းျပေပးႏုိင္မယ့္ ကုိယ္စားလွယ္တစ္ေယာက္ေယာက္မ်ားရွိမလား?]

[ဆိုလိုတာက ဒီေက်ာင္းသားယန္က လံုးဝခိုးမခ်ခဲ့ဖူးတဲ့။ အေျဖေတြကုိ သူ႔ဘာသာတြက္ျပီး ခ်ေရးခဲ့တာ၊ ဆရာက မွားယြင္းျပီးအကဲျဖတ္ခဲ့မိတာတဲ့]

[? ေက်ာင္းက ဒီခိုးခ်တဲ့သူကို စတင္ဖံုးဖိေပးေနျပီလား]

[အေပၚထပ္ကလူေရ ဒီေလာက္မသိနားမလည္လို႔ရမလား? သက္ေသေတြကုိ ၾကည့္ျပီးမွ ထပ္လာေျပာ!]

[အိုး ေသာက္က်ိဳးနည္း…ငါအဲ့ေစာင့္ၾကည့္ဗီဒီယိုကုိ သံုးခါေတာင္ၾကည့္ခဲ့တာ။ စီနီယာက ေမးခြန္းတုိင္းကို စဥ္းစားေနခဲ့တာအရွင္းလင္းၾကီး ဟုတ္ျပီလား? သူကေမးခြန္းေတြကိုေျဖတဲ့အခ်ိန္ နာရီဝက္လံုးေခါင္းေတာင္မေမာ့လာဘူး! စိတ္ဆင္းရဲလိုက္တာ ျပီးေတာ့သူတုိ႔က သူခိုးခ်တယ္လို႔ေျပာေနေသးတယ္…]

[အမွန္ပဲ ဝူးဝူးဝူး..ဒီေမာင္ငယ္ေလးရဲ႕ေမးခြန္းေတြကုိ တိတ္တဆိတ္စဥ္းစားေနတဲ့အသြင္အျပင္က ဘာလို႔ဒီေလာက္ေတာင္ ထူးထူးျခားျခားေၾကကြဲဖြယ္ေကာင္းေနရတာလဲ]

[Ahhhhh သူကအရမ္းရည္မြန္ျပီး ဆြဲေဆာင္မႈရွိတာ ရွင္းေနတာပဲ အား…ဒါက တကယ္ကိုပုိျပီးေတာ့ဦးေႏွာက္ကိုေလာင္ကၽြမ္းေစမယ္…ဒါက ခႏၶာကုိယ္ကုိ အရမ္းထိခုိက္ေစႏိုင္တယ္လို႔ ငါထင္တယ္…ဒီေမာင္ငယ္ေလး ဒီေလာက္ပိန္ေနတာ မထူးဆန္းေတာ့ပါဘူး]

[အခ်ိဳ႕လူေတြက အၾကမ္းစာရြက္သံုးဖို႔မလိုဘူး။ ဒီလိုဂ်ီးနီးယပ္စ္မ်ိဳးက ေရွးအခ်ိန္ေတြကတည္းက ရွိခဲ့တာ သူကပထမဆံုးမဟုတ္ဘူး။ တစ္ဖက္လူက ကူးခ်ေနတယ္လို႔ ေကာက္ခ်က္ခ်တာေတာ့ အရမ္းမ်ားလြန္းတယ္]

[ယန္က်င္ရႊင္က ကြန္ျပဴတာသိပၸံဌာနရဲ႕ပေရာဂ်က္မွာ ပါခဲ့တုန္းက ေရးခဲ့တဲ့ပရိုဂရမ္အေသးေလးႏွစ္ခုကုိ အာရုံစိုက္ေနမိတာ ငါတစ္ေယာက္တည္းလား? ေက်ာင္းက သူ႔အတြက္ ပုိင္ဆုိင္မႈအခြင့္အေရးေတြ ေထာက္ပံ့ေပးခဲ့ရဲ႕လား?…ဒီလိုလူတစ္ေယာက္..သူကခိုးခ်လိမ့္မယ္လို႔ မင္းတုိ႔ထင္လား? သခၤ်ာစာေမးပြဲေလးမွာေလ]

[ ေသာက္က်ိဳးနည္းၾကီး ဒါကဘယ္လုိဦးေႏွာက္မ်ိဳးပါလိမ့္!]

[ဘာၾကီး? ငါစာေမးပြဲျပီးေတာ့ ဒီပုိ႔စ္ကုိျမင္လုိက္တာ ဘာေတြျဖစ္သြားတာလဲ]

[ယန္က်င္ရႊင္က ကူးခ်သူဆိုတဲ့ဟိုပို႔စ္ေၾကာင့္ ငါအူတက္ေသေတာ့မွာပဲ။ ေမးခြန္းေမးတဲ့သူေတြကုိလည္း ဖံုးဖိေပးေနတယ္ဆိုျပီး တုိက္ရုိက္တံဆိပ္ကပ္ခဲ့တယ္။ ယန္က်င္ရႊင္က IQနိမ့္ျပီး ခုိးခ်ခဲ့တယ္လုိ႔ေျပာခဲ့တဲ့သူေတြေရ မင္းတုိ႔မရွက္ၾကဘူးလား]

[Ahhhhhhhhhhh ငါမွန္တယ္! သူ႔ကုိပေရာဂ်က္ထဲမွာပါဖို႔ ပေရာ္ဖက္ဆာဟို႔ကဖိတ္ေခၚခဲ့မွန္း သိထားေတာ့ ဒီေမာင္ငယ္ေလးက တြက္ခ်က္မႈျဖစ္စဥ္ေတြကို ေရးဖို႔ပ်င္းေနတာလို႔ ငါထင္ထားတာ…အဲ့ဒါက အမွန္ျဖစ္ေနမယ္လုိ႔ ငါမထင္ထားဘူး! ဟားဟားဟား ကံေကာင္းစြာနဲ႔ ငါဒါကုိေတာင့္ခံႏုိင္ျပီး ငါ့ကုိယ္ပိုင္ယံုၾကည္မႈေလးကို မေပ်ာက္ေစခဲ့မိတာ!]

[ပထမစာမ်က္ႏွာႏွစ္ခုက ပါးစပ္ေပါက္ေတြက တကယ္ကိုအဆိပ္ျပင္းလြန္းတယ္။ ငါ့အျမင္ကုိငါေဖာ္ျပတာ ငါကwater armyတစ္ေယာက္ျဖစ္သြားတယ္ေလ။ ဦးေႏွာက္မရွိတဲ့မင္းတုိ႔တစ္ေတြ ေက်ာင္းသားယန္ကုိ ေတာင္းပန္ဖုိ႔ငါေမွ်ာ္လင့္တယ္]

[ဟားဟားဟားဟား ဒီႏွစ္ရဲ႕အေကာင္းဆံုးေသာေျပာင္းျပန္ျဖစ္သြားျခင္းပဲ၊ ငါေတာ့အူတက္ေသျပီ]

[ငါေက်ာင္းသားယန္ကုိေတာင္းပန္ပါတယ္။ ငါမူလပို႔စ္တင္ခဲ့သူရဲ႕ေဖာ္ျပခ်က္ကုိျမင္တုန္းက ငါ့ရဲ႕ပထမဆံုးတံု႔ျပန္မႈက သူခိုးခ်ခဲ့တယ္လို႔ပဲ။ ငါအဲ့အေၾကာင္းကိုမေတြးခဲ့ဘဲ တိုက္ရုိက္ပဲေပါက္တတ္ကရေတြကုိ ကရားေရလႊတ္ေျပာခဲ့မိတယ္။ ငါအရမ္းတံုးတယ္၊ အရမ္းကုိမိုက္မဲျပီး အရမ္းအဆိပ္ျပင္းခဲ့တယ္။ ငါ မုန္းစရာေကာင္းတဲ့ဒီလိုေရပန္းစားမႈမ်ိဳးကို ေနာက္တစ္ခါမပါဝင္ေတာ့ဘူး ငါေတာင္းပန္ပါတယ္]

         ……

က်င္ရႊင္ ရုံးခန္းအျပင္ကုိ ထြက္လာခ်ိန္ ရွန္ရိက်င္းက ရပ္ေစာင့္ေနဆဲပင္။

ရွည္လ်ားျပီး ေျဖာင့္တန္းေသာေကာက္ေၾကာင္း၊ မဟားတရားခန္႔ညားေသာမ်က္ႏွာႏွင့္အတူ ေတာက္ပတဲ့ေကာ္ရစ္တာထဲ မတ္တပ္ရပ္ေနေသာရွန္ရိက်င္းက ခန္႔ညားေခ်ာေမာေနသည္။

က်င္ရႊင္က ေျခလွမ္းစိပ္ကာ အျမန္ေျပးသြားလိုက္သည္။ ရွန္ရိက်င္းရဲ႕အျပင္ကုိဆန္႔ထုတ္ထားေသာလက္ေမာင္းေတြက သူ႔အားဖမ္းမိသြားသည္။

တင္းမာတဲ့မ်က္ႏွာအစိတ္အပုိင္းေတြက အနည္းငယ္ေျပေလ်ာ့သြားသည္။ ရွန္ရိက်င္းရဲ႕နက္ေမွာင္ေဖ်ာ့ေတာ့ေသာ မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက အျပံဳးတစ္ခုအျဖစ္လႈပ္ရွားသြားသည္ : “ဘယ္လိုေနလဲ”

“ ကၽြန္ေတာ္ စာေမးပြဲထပ္ေျဖစရာမလိုေတာ့ဘူး”

ရွန္ရိက်င္းျပဳလုပ္ခဲ့ေသာ ဖုန္းေခၚဆိုမႈေတြေၾကာင့္သာမဟုတ္ရင္ ကိစၥက ဒီေလာက္လြယ္လြယ္ေျဖရွင္းျပီးခဲ့မွာမဟုတ္။ ျဖစ္ႏုိင္တာက သူဆရာလီကုိ အၾကာၾကီးရွင္းျပေနရေလာက္တယ္

သူ႔ကုိ ေက်းဇူးတင္ေၾကာင္းေျပာခြင့္မေပးထားေသာ္လည္း က်င္ရႊင္ကမေနႏုိင္စြာျဖင့္
“ေက်းဇူးပါ ရွဲန္းရွန္”

“မင္းက ကုိယ့္ကုိဘာေတြေက်းဇူးတင္ေနတာလဲ?” ရွန္ရိက်င္းက အနည္းငယ္ကူကယ္ရာမဲ့စြာျဖင့္ လူငယ္ေလးကုိ သူ႔လက္ေမာင္းထဲဆြဲသြင္းကာ ေလးေလးနက္နက္ေျပာလိုက္သည္ “ ေရွာင္ရႊင္ကုိယ္တုိင္က ထူးခၽြန္ေနလို႔ေလ”

--လံုးဝကုိ ရွင္းျပစရာမလိုဘူး။ သက္ေသအနည္းငယ္ျပျပီး လူငယ္ေလးရဲ႕ခြန္အားကို အတန္ငယ္ခ်ျပလိုက္ရုံနဲ႔တင္ သူ႔အျပစ္ကင္းစင္မႈကုိ သက္ေသျပႏုိင္သည္။

ဒါက က်င္ရႊင့္ကိုယ္ပုိင္ခြန္အားပင္။

အာမခံအေနနဲ႔ ဆရာလီကုိဖုန္းေခၚခဲ့တဲ့ပေရာ္ဖက္ဆာဟို႔ကလည္း ဒါကုိသူ႔ကုိယ္ပုိင္ဆႏၵနဲ႔ျပဳလုပ္ခဲ့တာပင္။

ဒီအေျခအေနကုိၾကားျပီးေနာက္ ပေရာ္ဖက္ဆာဟို႔က ခ်က္ခ်င္းစတင္ဖုန္းေခၚခဲ့တာျဖစ္သည္။

ေက်ာင္းအုပ္ေကာင္းကလည္း က်င္ရႊင့္ခြန္အားကုိသိတာမို႔ ေျဖရွင္းေပးရန္ေရွ႕ထြက္လာခဲ့တာပင္။ ထုိ႔ေၾကာင့္ သူကခ်က္ခ်င္းပဲ ေစာင့္ၾကည့္ဗီဒီယိုကုိသက္ေသအေနနဲ႔ ယူရန္တစ္စံုတစ္ေယာက္အားေစခုိင္းခဲ့တာျဖစ္သည္။

သူသာမန္ကာလွ်ံကာ ေရးခဲ့တဲ့ပရုိဂရမ္အေသးစားႏွစ္ခုအပါအဝင္ သက္ေသေတြက ထြက္ေပၚလာေပမယ့္ ဒါကက်င္ရႊင္ျပဳလုပ္ခဲ့တာရဲ႕ တစ္သန္းပံုတစ္ပံုသာရွိေသးသည္။

သူ႔ရဲ႕ရိေဝ့ကုိ ေန႔စဥ္အက်ိဳးျပဳေနမႈအား သူတုိ႔သိသြားၾကရင္…

သူ႔မ်က္ေတာင္ရွည္ၾကီးေတြက တဖ်တ္ဖ်တ္ျငင္သာစြာလႈပ္ခတ္သြားသည္။ ရွန္ရိက်င္းက သူဂရုတစိုက္ေစာင့္ေရွာက္ေပးထားေသာ ျပတင္းေဘာင္ေပၚကမစ္တီးခြက္ကုိ ေကာက္ကိုင္ကာ လူငယ္ေလးရဲ႕ပါးစပ္ထဲ ပုိက္ထုိးေပးလိုက္ရင္း : “တစ္ငံုေသာက္ခ်င္လား?”

က်င္ရႊင္က ရုံးခန္းထဲဝင္သြားတာ မိနစ္အနည္းငယ္သာရွိေသးတာမို႔ oolongမစ္တီးရွိ ႏို႔အျမဳပ္ေလးေတြက မူလအရသာလတ္ဆတ္မႈအတုိင္းရွိေနေသးသည္။

သူ႔ႏႈတ္ခမ္းဆီေရာက္လာမွေတာ့ က်င္ရႊင္က ရွန္ရိက်င္းလက္ထဲကေန တစ္ငံုေသာက္လုိက္သည္။

ၾကြယ္ဝတဲ့ႏုိ႔ရနံ႔တုိ႔ျဖင့္ ေရာေႏွာေနေသာ oolong teaက သူ႔ပါးစပ္ထဲေပါက္ကြဲထြက္သြားသည္။ က်င္ရႊင္က အားရေက်နပ္ေသာသက္ျပင္းတစ္ခုခ်လုိက္၏။

ေတာက္ပေနေသာမ်က္လံုးဝိုင္းၾကီးေတြျဖင့္ ရွန္ရိက်င္းအားၾကည့္ကာ : “ ရွဲန္းရွန္ ကၽြန္ေတာ္တုိ႔အခုဘယ္ကိုသြားမွာလဲ ကုမၸဏီကုိျပန္မွာလား”

“ကုမၸဏီကိုမျပန္ေသးဘူး”

သူက လူငယ္ေလးရဲ႕ႏႈတ္ခမ္းကို သုတ္ေပးလုိက္သည္။ သူ႔လက္ေခ်ာင္းေတြက လူငယ္ေလးရဲ႕မိွန္ေဖ်ာ့ေဖ်ာ့ပါးမို႔မို႔ထက္ ေခတၱရပ္တန္႔သြားျပီး ရွန္ရိက်င္းကေျပာလာသည္

“ ကုိယ္တုိ႔ကုိင္တြယ္စရာေတြ ရွိေသးတယ္”

“……”

က်င္ရႊင္က ခ်က္ခ်င္းတစ္စံုတစ္ခုကုိ သေဘာေပါက္သြားကာ သိလိုစိတ္အျပည့္ျဖင့္ေမးလိုက္သည္ : “ရွဲန္းရွန္ ဘယ္သူက ကၽြန္ေတာ့္ကိုနာမည္ဖ်က္ခ်င္ေနတာလဲဆိုတာ သိသြားျပီလား”

ထုိအခ်ိန္မွာ သူတုိ႔သတိမထားမိခဲ့တဲ့အရာေတြကုိ သိပ္အာရုံမစုိက္ခဲ့ေပ။ အင္တာနက္ေပၚက ခိုးခ်တဲ့ပို႔စ္ေတြက ေျပာင္းျပန္လွန္ခံရျပီးေနာက္ မနက္အေစာပိုင္းက “ေခ်ာေမာတဲ့လူငယ္ေလးေတြ အခ်င္းခ်င္း အတြင္းက်က်အစာခ်က္ၾကတယ္”ဆိုတဲ့ ပို႔စ္က ျဗဳန္းစားၾကီးေပါက္ကြဲသြားသည္။

ထုိဟာက ဖုိရမ္ေပၚမွာ ခ်က္ခ်င္းေကာမန္႔ေပါင္း50000ေက်ာ္ ရရွိသြားျပီး အဓိကေက်ာင္းပရဝုဏ္ေတြရဲ႕အြန္လိုင္းပလက္ေဖာင္းေတြေပၚမွာ အရိုင္းဆန္စြာ ျပန္တင္ျခင္းခံေနရသည္။

တစ္ခဏခန္႔ၾကာျပီးေနာက္ ႏုိင္ငံရဲ႕အေက်ာ္ၾကားဆံုးေသာဆိုရွယ္မီဒီယာပလက္ေဖာင္းေတြအားလံုးက ဒီအေၾကာင္းခ်ည္းပဲျဖစ္ေနၾကျပီး ႏွစ္ဦးသားရဲ႕ဓာတ္ပံုေတြက hot search ထိေတာင္ေရာက္လုနီးနီးပင္။

💧💧💧💧💧💧💧💧💧💧💧💧
UNICODE

Chapter 58 : နိုင်ငံ့အဆင့်CPမွေးဖွားလာမှုရှေ့ပြေး + မျက်နှာဖြတ်ရိုက်ခြင်း + ပြောင်းပြန်ဖြစ်သွားခြင်း

နောက်တော့ ယန်ကျင်ရွှင်က ဆရာနဲ့အချိန်ကို အတည်ပြုလိုက်ပြီး သဘောတူထားတဲ့အချိန်က မနက်ကိုးခွဲသို့ တရားဝင်ပြောင်းလဲသွားသည်။

အချိန်မရှိတော့ပေ။ထပ်ပြောရရင် ရှန်ရိကျင်းကလည်း အဝတ်လဲပြီးပြီဆိုတော့ ကျင်ရွှင်က သူ့စိတ်ကိုပြင်ဆင်ပြီး စက်ဘီးနဲ့သွားတာပိုကောင်းတယ်လို့ ခံစားမိသည်။

“ သွားနိုင်လား ရှဲန်းရှန်?” ကျင်ရွှင်ကမေးလိုက်သည်။

“အင်း” ရှန်ရိကျင်းက ကျင်ရွှင်ဆီလျှောက်လာကာ မေးသည် “ရှောင်ရွှင်က ကိုယ့်ကိုကျောင်းလိုက်ပို့ပေးစေချင်တာလား?”

“ဟုတ်” ကျင်ရွှင်က ချက်ချင်းဖြေလိုက်၏။

အသွင်ပြောင်းထားတဲ့ရှဲန်းရှန်က အရမ်းကိုလန်းဆန်းပုံပေါ်နေသည်။ အများကြီးပိုပြီးရင်းနှီးတယ်လို့ ခံစားရစေသည်။ ကျင်ရွှင်ကမနေနိုင်ဘဲ အရှေ့တိုးကာ ရှဲန်းရှန်ကို ရင်ချင်းအပ်၍ပွေ့ဖက်လိုက်သည်။

အခု သူက ရှန်ရိကျင်းနဲ့ကျောင်းကိုတူတူသွားချင်ရုံတင်မကဘဲ ရှန်ရိကျင်းကို ဒီထက်ပိုစောစောမတွေ့ဆုံခဲ့ရတဲ့အတွက် ဝမ်းနည်းနေမိသည်။

…ရှဲန်းရှန်ကျောင်းတက်တုန်းက ဘယ်လိုမျိုးလဲဆိုတာကို သူရုတ်ခြည်းသိချင်လာမိသည်။

ရှန်ရိကျင်းက သူ့ရဲ့ကောင်းမွန်သောအသွင်အပြင်နှင့် အဆင့်တွေကြောင့် ကျောင်းဝင်းအတွင်းမှာ တကယ်ကိုထင်ရှားလူသိများမှန်း သူထန်းလီဆီကနေ ကြားခဲ့ရသည်။

သို့သော် သူကအရမ်းကိုအေးစက်တာကြောင့် အဆုံးမှာတစ်ယောက်တည်းပဲရှိနေဆဲပင်။

ဒါက…သူမနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ တကယ်လို့ သူတို့သာ အချင်းချင်း အချိန်အကြာကြီးကတည်းက သိခဲ့ကြရင် ဒါမှမဟုတ် အတန်းဖော်တွေဖြစ်ခဲ့ကြပြီး ကျောင်းကိုတူတူသွားနိုင်ခဲ့ရင် ရှဲန်းရှန်ရဲ့ရောဂါကလည်း စောစောသက်သာသွားပြီး သူကဒီလောက်ထိမအေးစက်တော့တာလည်း ဖြစ်နိုင်တာပဲလေ

ကံကောင်းစွာနဲ့ ကျောင်းကိုအတူတူသွားဖို့အတွက် အရမ်းနောက်မကျသေးဘူး။

ဒါကိုတွေးလိုက်မိချိန် ကျင်ရွှင့်နှလုံးသားက တစ်ဖန်နူးညံ့သွားသည်။

သူကတစ်ဖက်လူကို ချည်နှောင်ပြီးတော့ သူ့ပတ်လည်က ရေခဲတွေကို အရည်ဖျော်ပေးချင်တယ်

ရှန်ရိကျင်းရဲ့နှလုံးသားထက် ရိုးရှင်းစွာလဲလျောင်းရင်း သူ့ပါးတွေကို တစ်ဖက်လူရဲ့နူးနူးညံ့ညံ့ရှပ်ဖြင့် ပွတ်သပ်ကာ ကျင်ရွှင်ကအနည်းငယ်ခေါင်းညိတ်လိုက်ပြီး
“ ရှဲန်းရှန် ကျောင်းလိုက်ပို့ပေးတာကို ကျွန်တော်ကြိုက်ပါတယ်”

“ကျင်ရွှင်…”

ရှန်ရိကျင်းအသံက အက်ရှလာကာ လူငယ်လေးပတ်လည်ရှိ သူ့လက်မောင်းတွေက မသိစိတ်အလျောက် တင်းကျပ်လာပေမယ့် ထိုအခိုက်အတန့်မှာပဲ ကျင်ရွှင်က ရုတ်တရက်ခေါင်းမော့လာရင်း သူ့မေးစေ့ကိုရင်ဘတ်ပေါ်ထောက်ကာမေးလာသည်
“ ဒါနဲ့ရှဲန်းရှန် ခင်ဗျား စိတ်ရောဂါအထူးကုနဲ့ နောက်ထပ်တွေ့ဆုံမှုတစ်ခု မလုပ်သင့်ဘူးလား?”

“ကိုယ်သိပြီ”

ရှန်ရိကျင်းက တုံ့ပြန်လာသည် : “ကိုယ်သွားတွေ့လိုက်ပါ့မယ်”

စကားပြောရင်း ခေါင်းငုံ့ကာ လူငယ်လေးရဲ့နဖူးပြင်ထက် အနမ်းတစ်ပွင့်ခြွေချလိုက်သည်။

ရှန်ရိကျင်းရဲ့အသံက တိုးလျနေပြီး တေးသွားကောင်းတစ်ပုဒ်လိုပင် : “ အခုတာဝန်က ရှောင်ရွှင့်ကို ကျောင်းအရင်ပို့ပေးဖို့ပဲ”

ကျင်ရွှင် : “…”

သူ အမှန်ကို ကျောင်းလိုက်ပို့ပေးတာခံချင်ပေမယ့်လည်း တစ်ဖက်လူပြောလာတဲ့အချိန်ကျ ထူးဆန်းနေသလိုခံစားနေရတယ်…

ကျောင်းကိုရောက်ပြီးနောက် အဝတ်အစားကို လုံးဝပြောင်းလဲထားတဲ့ရှန်ရိကျင်းက မျှော်လင့်ထားသလောက် အရမ်းကြီးသတိပြုမခံရပေ။

ဒါပေမယ့် မျက်စိဖမ်းစားဖွယ်ကောင်းသင့်တာကတော့ မျက်စိဖမ်းစားဖွယ်ကောင်းနေတုန်းပဲ

အုတ်အော်သောင်းတင်းဖြစ်သင့်တာကလည်း အမှန်တကယ်အုတ်အော်သောင်းတင်းဖြစ်သွားတုန်းပဲ

လူသိရှင်ကြားဖြစ်သင့်တာက လူသိရှင်ကြားဖြစ်သွားဆဲပဲ

         …

ရှဲန်းရှန်ရဲ့အရပ်၊ အသွင်အပြင်နှင့် သူ့ရဲ့ယဉ်ကျေးတည်ငြိမ်တဲ့ပင်ကိုစရိုက်အရဆို သူဘာတွေပဲဝတ်ထားပါစေ၊ ဘယ်နေရာမှာပဲပေါ်လာပါစေ သေချာပေါက်သူကအာရုံအလုံးစုံတို့ရဲ့ စုံစည်းရာဖြစ်လာမှာဆိုတဲ့အချက်ကို ကျင်ရွှင်လုံးဝလျစ်လျူရှုမိခဲ့သည်။

ဒါ့အပြင် ဝတ်စုံပြည့်ဝတ်ထားတာကမှ အခြားသူတွေအား အကွာအဝေးတစ်ခုပေးနိုင်ဆဲဖြစ်ပြီး လူတွေအားတိုက်ရိုက်ကြည့်ဖို့ရန် ကြောက်လန့်စေသည်။

သို့ပေမယ့် ရိုးရိုးအဝတ်အစားဝတ်ပြီး ကျောင်းပရဝုဏ်အတွင်းပေါ်လာချိန် ရှဲန်းရှန်ရဲ့သရုပ်မှန်ကိုမသိသူတွေက သူ့ကိုမြင်လိုက်တဲ့အခါ သေချာပေါက်ကျောင်းသားတစ်ယောက်လို့ပဲ မှတ်ယူလိုက်မှာ…ဒီမြင်ကွင်းက မွှေနှောက်မှုတစ်ခုမဖြစ်စေလောက်ဘူးလား?

အထူးသဖြင့် စက်ဘီးရပ်ကာသော့ခတ်ပြီးနောက် ရှန်ရိကျင်းက အလွန်ကိုသဘာဝကျစွာပင် သူ့လက်အားဆွဲယူသွားကာ သင်ကြားရေးအဆောက်အဦးဆီ ကျောင်းနယ်မြေကိုဖြတ်၍ လျှောက်သွားကြသည်။

         …

မကြာသေးခင်ကပဲ သူတို့မှာလက်ကိုင်တဲ့အကျင့်ရှိလာသည်။

ဘယ်အချိန်ကတည်းက သူနဲ့ရှဲန်းရှန် မသိစိတ်အလျောက် လက်စတင်ကိုင်ကြမှန်း သူမသိ။

ကုမ္ပဏီမှာရှိနေတဲ့အချိန်၊ ဘယ်သူမှမရှိတဲ့အချိန်၊ မနေ့ညအပါအဝင် မှောင်နေတဲ့အချိန်တွေမှာပေါ့…

တစ်ခါတစ်လေ သူတောင်သတိမထားမိသေးဘဲ သူတို့လက်ချောင်းတွေက ယှက်နွယ်ပြီးသွားကြပြီ

ဒါပေမယ့် ကျောင်းမှာက…

ကျင်ရွှင် : “…”

သူကျောင်းမှာ အချိန်အကြာကြီးနေခဲ့ဖူးသည်။ စာလေ့လာခြင်းနဲ့ သုတေသနလုပ်ဖို့သာသိတဲ့ ကျောင်းသားကောင်းတစ်ယောက်အနေဖြင့် ကျောင်းမှာလက်မကိုင်သင့်ဘူးလို့ ကျင်ရွှင်ခံစားနေမိသည်။

သို့တစေ ကောလိပ်ပရဝုဏ်အတွင်း လက်တွဲပြီး အတူတူဝင်ထွက်နေတဲ့စုံတွဲတွေ မကြာခဏရှိတာမို့ ဘာမှမဖြစ်လောက်ပါဘူးလေ…

ဟုတ်သားပဲ သူက singleမှမဟုတ်တော့တာ သူဒါကိုကျင့်သားရနေရမယ်

သူ့နားရွက်တွေထက် ထိန်းချုပ်လို့မရနိုင်တဲ့ရှက်သွေးဖြာမှု ပေါ်ပေါက်လာသည်။ ကျင်ရွှင်က ရှန်ရိကျင်းနောက် နီးနီးကပ်ကပ်လိုက်နေရင်း မသိစိတ်အရ သူ့လက်ချောင်းတွေကို တင်းကျပ်လိုက်မိသည်။

စားသောက်ဆိုင်ဝင်ပေါက်ရှိ မစ်တီးဆိုင်ကိုဖြတ်သွားတော့ သူ့မျက်လုံးတွေက ရုတ်တရက်ဝင်းလက်သွားသည် : “ရှဲန်းရှန် မစ်တီးသောက်ချင်လားဟင်?”

မကြာသေးခင်တုန်းက သူသောက်ရတာကြိုက်လာတဲ့မစ်တီးက ရေခဲနည်းနည်း၊ သကြား30%ဖြင့် ပင်လယ်ဆားအရသာနို့အနှစ်လေးတွေ ပါဝင်သော oolong teaပင်။

မွန်းလှောင်နေတဲ့နွေရာသီနေ့တွေမှာ မစ်တီးအေးအေးလေးတစ်ခွက်၊ ငန်ကျိကျိနို့အရသာထဲမှ လန်းဆန်းမှုတို့က လုံးဝကိုအံ့အားသင့်ဖွယ်ပင်။

ကျင်ရွှင်က ဒီဆိုင်မှာ ထိုမစ်တီးကိုတစ်ခါသောက်ခဲ့ဖူးပြီး ချက်ချင်းစွဲလမ်းသွားခဲ့တာပင်။ အခု လမ်းကြုံမှတော့ ရှန်ရိကျင်းကို အရသာခံစေချင်နေသည်။

တစ်ချိန်တည်းမှာပဲ ကျောင်းအဆောက်အဦးအောက်ထပ်ဝယ် သူတို့နှစ်ဦး စက်ဘီးသော့ခတ်ကာ လက်ချင်းတွဲပြီး မစ်တီးဆိုင်ထဲဝင်သွားတာအား မြင်လိုက်ကြသော အခြားကျောင်းသားအားလုံးက အံ့သြသွားကြသည်!

“!!!”

“ကြည့်စမ်း..ကြည့်စမ်း..ငါနင့်ကိုပြောသားပဲ သူတို့နှစ်ယောက်က အတွဲတွေပါဆို!”

“ အလိုလေး..ဝူးဝူး..သူတို့ ဘာလို့ကျောင်းကsingle dogတွေအများကြီးကို ညှဉ်းပန်းရတာလဲလို့ ? တစ်ကိုယ်တည်းတက္ကသိုလ်ကျောင်းသားတွေက နှိပ်စက်ခံရဖို့ ထိုက်တန်လို့လား..?”

ဒီအချိန်မှာ စာမေးပွဲရက်သတ္တပတ်က လုံးဝမပြီးဆုံးသေးပေ။ ကျင်ရွှင်က စာမေးပွဲပြီးသွားပြီး နားရက်ရနေပြီဆိုပေမယ့်လည်း ရက်စက်ခက်ခဲတဲ့စာမေးပွဲကို တွေ့ကြုံနေရဆဲ အခြားအတန်းမှကျောင်းသားတွေအများကြီးရှိနေသေးတာမို့ ကျောင်းက ပုံမှန်လိုပဲသက်ဝင်လှုပ်ရှားနေသည်။

စိတ်ဖိစီးဖွယ် စာမေးပွဲပြင်ဆင်ခြင်းကာလမှာ ကျောင်းဖိုရမ်၌ တစ်စုံတစ်ယောက်က ကျင်ရွှင်နဲ့ ရှန်ရိကျင်းတို့ပုံတွေကို တိတ်တဆိတ်တင်လာပြီး တွဲပါလာတဲ့ခေါင်းစဉ်ကတော့ : [ဒီနေ့ခေတ်ကောင်ငယ်လေးတွေက *အချင်းချင်းပဲအတွင်းကျကျအစာချက်ကြတာလား ?]

{*အုပ်စုတူ ဒါမှမဟုတ်အသိုင်းအဝိုင်းတူထဲမှ လူတွေချိန်းတွေ့တာကိုဆိုလိုခြင်း။ တူညီတဲ့အတန်းမှ AကBနဲ့တွဲတဲ့အုပ်စုငယ်လေးလည်းဖြစ်နိုင်သလို တူညီတဲ့မြို့မှ C ကDကို တွဲသည့်အုပ်စုကြီးလည်းဖြစ်နိုင်သည်}

အားလုံးပေါင်းဆို ဓာတ်ပုံတွေအများကြီးပင်။ ပထမနှစ်ပုံက ရှန်ရိကျင်းနင်းတဲ့ စက်ဘီးနောက်ခုံထက် ကျင်ရွှင်ထိုင်နေပုံတွေပင်။

နောက်ပိုင်းပုံအနည်းငယ်က နှစ်ဦးသား စက်ဘီးရပ်ကာ မစ်တီးဆိုင်ထဲလက်တွဲဝင်သွားကြတဲ့ ဖြစ်စဉ်တစ်ရပ်လုံးပင်။

ဓာတ်ပုံတွေကို ဝေးကွာတဲ့နေရာမှ ရိုက်ယူထားပြီး တမင်မြင်ကွင်းကိုအနီးကပ်ဆွဲယူထားသည်။ ဒီကျောင်းသားရဲ့ဖုန်းကင်မရာက တော်တော်လေးကောင်းတာ သိသာလှသည်။ ဒါကမကြည်နေပေမယ့် လူနှစ်ယောက်ရဲ့မျက်နှာကိုတော့ မြင်နိုင်ဆဲပင်။ သူတို့တွေမှာ ရှည်လျားထောင်မတ်တဲ့ကောက်ကြောင်းတွေရှိပြီး လက်ဆယ်ချောင်းကို ယှက်သွယ်လျက် လမ်းလျောက်နေကြသည်။

[??ဒါက ငါတို့ကျောင်းလား]

[ သေချာပေါက်ငါတို့ကျောင်းပေါ့ ဟဟဟ အနောက်ခုံက လူငယ်လေးက အတော်လေးကျော်ကြားတယ်လေ သင်္ချာဌာနကမလား? သူ့ကို ချမ်းသာတဲ့ဒုတိယမျိုးဆက်တွေ လှောင်ပြောင်နေတဲ့ဗီဒီယိုကို ငါမှတ်မိနေသေးတယ်]

[ဖာ့ခ် သူ့ကိုရင်းနှီးနေပါတယ်လို့ ငါခုလေးတင်တွေးနေတာ ‘သူ’ဖြစ်နေတာပဲ!]

[ပြောစမ်းပါဦး ဘာလို့ထပ်ပြီးသူပဲလဲ! သူ့ပုံတွေတင်တာမရပ်နိုင်ဘူးလား!]

[ကြည့်စမ်းပါဦး အချို့လူတွေက မနာလိုဖြစ်နေကြတယ် ကြည့်ကောင်းတဲ့လူတွေက သွေးမုန်တိုင်းကိုလွယ်လွယ်ကူကူဖြစ်စေနိုင်တာပဲ]

[ သူ့ကိုစက်ဘီးနဲ့တင်သွားတဲ့တစ်ယောက်က ဘယ်သူလဲ!! ဒီတော့ ဒီမောင်ငယ်လေးက ကောင်လေးအသစ်ရသွားပြီလား မဖြစ်ဘူး! ငါ့အသည်းတော့ကွဲပြန်ပြီ!!!]

[အပေါ်ထပ်ရေ တူတူပဲ! အရှေ့တစ်ယောက်က ဘယ်ဌာနကလဲဆိုတာ ငါသိချင်တယ် သောက်ပဲ သူကအရမ်းခန့်ညားလွန်းတယ် အား!!!]

[အပေါ်ထပ်ကလူတွေရေ မင်းတို့မြင်းတွေကိုထိန်းထားကြပါ။ သူတို့က အတွဲတွေမှန်း သိသာတယ်နော် ပုံကိုကြည့်လိုက်ကြ]

[ငါလည်း သူဘယ်ဌာနကမှန်းသိချင်တယ်! ငါက မောင်ငယ်လေးရဲ့အတွဲကို ကွဲဖို့မရည်ရွယ်ပါဘူး ဒီတိုင်းအရှေ့တစ်ယောက်ကို သိချင်ရုံလေးပါ qaq]

[+1 သူက ငါတို့ဌာနကဖြစ်လောက်တယ် ဟားဟားဟား အဲ့စီနီယာက ဖြစ်စဉ်တစ်လျှောက်လုံး မျက်နှာကအေးစက်နေတာ အရမ်းမိုက်တာပဲ။ သူက ငါတို့ဌာနကဖြစ်ပြီး ငါ့စီနီယာလို့တွေးကြည့်ရုံနဲ့တင် ချက်ချင်းသောကတွေကင်းဝေးသွားတယ်လို့ခံစားရတယ်…]

[ဟေး အနောက်ခုံကညီငယ်လေးက သင်္ချာဌာနရဲ့ကျောင်းကောင်စီဥက္ကဋ္ဌဟောင်းမလား တိုက်တိုက်ဆိုင်ဆိုင် ငါ့သူ့ဖရဲစေ့ကိုစားခဲ့ရတယ်…ငါကြားတာတော့ ဒီခိုးချတဲ့သူကို ကျောင်းက ဖုံးကာပေးထားတယ်တဲ့။ သူ့ကိုအပြစ်မပေးဘဲ ကျရှုံးအဆင့်ဘဲပေးတယ်တဲ့လေ]

[???]

         *

မနေ့က ဒုက္ခရောက်ခဲ့တဲ့ယန်ကျန်းပေါ်က သူအိမ်ပြန်ရောက်တဲ့အချိန် သူ့အဖေထံမှ အဆူအဆဲခံလိုက်ရသည်။

“အဖေ…ဒါက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလေ အဲ့ဒါကယန်ကျင်ရွှင်ပဲ! သူက ဥက္ကဋ္ဌရှန်ရှေ့မှာ ကျွန်တော်တို့မိသားစုရဲ့အပုပ်အပွတွေကို ဖော်ထုတ်လိုက်တာ။ ဝမ်းကွဲလည်းဒါကိုကြားခဲ့တယ်”

ယန်ကျန်းပေါ်က သူ့အဖေရှေ့မှာ မျက်ရည်တွေတာကျိုးလုနီးပါးပင် : “ အဲ့အချိန်တုန်းက ကျွန်တော်လည်းမျက်နှာပျက်ခဲ့ရတာပဲကို! ဒီကိစ္စမှာ ယန်ကျင်ရွှင်က မသိနားမလည်တာလေ။ သူက ထောက်ပံ့ကြေးလိုချင်တယ်လို့ပြောပြီး ဥက္ကဋ္ဌရှန်ကို ရှေ့နေတစ်ယောက်ပို့ပေးဖို့ သွေးထိုးနေခဲ့တာ”

“ထိုက်လင်က ငါ့ကိုအဲ့အကြောင်းတွေပြောပြီးသွားပြီ” ယန်ကွမ်ကျိုးက သူ့အားခက်ထန်စွာစကားဖြတ်ပြောလိုက်သည် “ငါမင်းကိုမေးပါဦးမယ် ဘာလို့ရှောင်ရွှင်ကိုရန်သွားစရတာလဲ?”

“…”

သူ့အဖေပြောနေတာနဲ့ပတ်သက်ပြီး သူ့မှာပြန်ဖြေစရာမရှိပေ။ ဒါ့ကြောင့် ယန်ကျန်းပေါ်က ဘာစကားကိုမှပြန်မပြောရဲခဲ့။

သူမထင်ထားတာက သူ့ကိုကြိမ်ဖန်များစွာ အပြစ်တင်ပြီးနောက် ယန်ကွမ်ကျိုးက မထင်မှတ်ထားစွာဖြင့် သူ့လေသံကိုပြောင်းကာ : “အလိုလေး ဒီရှောင်ရွှင်ကတော့ တကယ်ကိုပဲ..မေ့လိုက်တော့ ဒီကိစ္စကိုထားလိုက်တော့။ သူက ဥက္ကဋ္ဌရှန်နဲ့ဆက်ဆံရေးကောင်းရှိတာလည်း ကောင်းတာပဲ”

“အဖေ…?” ယန်ကျန်းပေါ်က ရုတ်တရက်မကောင်းတဲ့အတိတ်နမိတ်ရလာသည် : “ အဖေက ယန်ကျင်ရွှင်ကို လူကိုယ်တိုင်သွားရှာမို့လား…?”

“မဟုတ်ရင်ရော ငါတို့ဘာလုပ်ရမှာလဲ! ဒါကငါတို့မိသားစုစီးပွားရေးလေ!” ယန်ကွမ်ကျိုးရဲ့အသံက တစ်ဖန်ခက်ထန်လာပြန်သည် “ မင်းသာနည်းနည်းလောက် အလားအလာကောင်းခဲ့ရင် မင်းဗိသုကာဆုကိုပါရလောက်တယ်။ အဲ့လိုသာဖြစ်ခဲ့ရင် ငါတို့မိသားစုက ဒီလောက်နှိမ့်ချနေစရာလိုပါ့မလား အသုံးမကျလိုက်တဲ့ကောင်! မင်း Level 2 certificateကိုတောင် မရနိုင်ခဲ့ဘူး! ငါအခုမင်းကိုပြောထားမယ် ဒီအချိန်အတွင်း မင်းကိုယ်မင်းပြန်သုံးသပ်ထားပြီး မင်းညီကို ထပ်မနှောင့်ယှက်နဲ့တော့! ”

“…”

ဒီအကြောင်းအရင်းကြောင့် ယန်ကျန်းပေါ်က သူ့လူတွေ ယန်ကျင်ရွှင်အကြောင်းအချက်အလက်တစ်ချို့ ပေးပို့လာချိန်အထိ ညလယ်ခေါင်နီးပါးတိုင်အောင် ဒေါသူပုန်ထနေခဲ့သည်။

…ဒါမတိုင်ခင်တုန်းက သူ့ဈေးပေါတဲ့ညီကို ဒီလောက်ဂရုစိုက်ပေးရမယ့်နေ့ရှိလာမယ်လို့ သူတစ်ခါမှတွေးမထားခဲ့ဖူးဘူး။

သူတို့မိသားစုမသိတဲ့တစ်နေရာမှာ သူ့ရဲ့ဒီညီက အံ့အားသင့်ဖွယ်ကောင်းစွာပင်…သူစိတ်ကူးထားတာထက် ပိုပြီးကောင်းကောင်းနေနေတယ်လို့ တစ်ခါမှထင်မထားခဲ့ဖူးဘူး

သူက ပထမဦးဆုံး ရှန်မိသားစုရဲ့ဒုတိယသခင်လေးနောက်လိုက်ခဲ့ပြီး အခု ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးနောက် လိုက်နေတယ်…

ဒါတွေက သူတို့အိမ်ကိုဝင်ခဲ့ပြီး ဆိုဖာထောင့်မှာပဲ တုန်ယင်နေခဲ့တဲ့ထိုညီလေးရဲ့လုပ်ရပ်တွေရော တကယ်ဟုတ်ရဲ့လား??

         ……

မနေ့တုန်းက ယန်ကျင်ရွှင်မှာ အရမ်းကိုထက်မြတဲ့လျှာရှိခဲ့ပြီး သူ့ကိုယ်ပိုင်မိသားစုကို ဘာသနားဂရုဏာမှမပြခဲ့ခြင်းအား သူချက်ချင်းပြန်တွေးမိသွားသည်။ ယန်ကျန်းပေါ်လည်း မသေမချာဖြစ်နေသည်။ လူတွေက ပြောင်းလဲနိုင်တာလည်း ဖြစ်တတ်တာပဲလေ။

အခုယန်ကျင်ရွှင်က လွန်ခဲ့တဲ့သုံးနှစ်ကလိုမျိုး သူရဲဘောကြောင်တဲ့ကောင်ငယ်လေးမဟုတ်တော့ဘူး

         ……

ယန်ကျန်းပေါ်က အချက်အလက်ကိုဆက်ဖတ်လိုက်သည်။ ရလဒ်အနေနဲ့ သူ့အာရုံကို နောက်ဆုံးရှိ “စာမေးပွဲကျခြင်း” ၊ “ခိုးချတယ်လို့ ဆရာ့ရဲ့သံသယဝင်ခံရခြင်း” တို့က ဆွဲဆောင်သွားသည်။

ဒီစာလုံးသေးသေးလေးတွေဖြင့် စာကြောင်းကိုမြင်တော့ ယန်ကျန်းပေါ်က ချက်ချင်းပင် သူ့လက်ထောက်အားဖုန်းခေါ်ပြီး အတည်ပြုလိုက်၏ : “ ယန်ကျင်ရွှင်က ခိုးချတယ်လို့ သံသယဝင်ခံနေရတာမို့ ကျောင်းက သူ့ကို59မှတ်ပဲပေးခဲ့တယ်ဆိုတာ သေချာရဲ့လား?”

“ဟုတ်ပါတယ်” သူ့လက်ထောက်ကပြန်ဖြေ၏ “ ယန်ကျင်ရွှင်ရဲ့အချက်အလက်ကို စုဆောင်းဖို့ကျွန်တော်ငှားထားတဲ့သူက သိပ္ပံနည်းပညာတက္ကသိုလ်ရဲ့သင်္ချာဌာနကပါ။ အဖြေလွှာတွေ အမှတ်စစ်တဲ့အချိန် သူ့အတန်းဖော်က ရုံးခန်းထဲရောက်နေတော့ မတော်တဆနားစွန်နားဖျားကြားခဲ့ရတာ။ ယန်ကျင်ရွှင်က ကျောင်းကောင်စီဥက္ကဋ္ဌဟောင်းဖြစ်ပြီး သူခိုးချတယ်ဆိုတဲ့သက်သေလည်းမရှိတာကြောင့် ဆရာက သူ့ကို59မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ…”

“ဟားဟားဟား ငါသိပြီ” ယန်ကျန်းပေါ်က ရယ်မောကာ သူ့စိတ်ထဲ၌ စတင်တွက်ချက်လိုက်သည်။

သူ့အဖေက ယန်ကျင်ရွှင်အား ပြဿနာမရှာရန်သတိပေးခဲ့သော်ငြားလည်း သူသည်းမခံနိုင်ဘူး။ ယန်ကျင်ရွှင်က ကားကိုသူကိုယ်တိုင်လှန်မှောက်ခဲ့တာပဲ*

[*ကျရှုံးမှု၊ မထင်မှတ်ထားတဲ့အမှား ဒါမှမဟုတ် တစ်စုံတစ်ယောက်က မိမိကိုယ်ကို အရူးလုပ်မိခြင်း]

လူတိုင်းသိထားကြတဲ့အတိုင်းပဲ စာမေးပွဲကျတာက ဘာမှမမှားပေ၊ သူတောင်မှ ရံဖန်ရံခါ သူ့ကောလိပ်စာမေးပွဲကျခဲ့ဖူးတယ်။

ဒါပေမယ့် ခိုးချတာကတော့ ကွာခြားတယ်!

ကျောင်းက သူ့ကိုဖုံးကွယ်ထားပေးဖို့ ရည်ရွယ်ပြီး သူ့အဖေက ခိုးချတာကို ဂရုမစိုက်ရင်တောင်မှ…ဥက္ကဋ္ဌရှန်က သေချာပေါက် ဂရုစိုက်လောက်တယ်

သူကြားခဲ့တာကတော့ ရှန်ရိကျင်းက သူ့အမိနိုင်ငံကိုပြန်မလာခင် အတန်းငါးတန်း တစ်ဆင့်တည်းဖြတ်ကျော်ပြီး ဒေါက်တာဘွဲ့ရခဲ့သူဖြစ်သည်။

ဒါ့အပြင် မနေ့တုန်းက ရှန်ရိကျင်းရဲ့တည်ကြည်လေးနက်တဲ့သဘောထားနဲ့ သူ့ရဲ့*ဆီဆားကင်းမဲ့မှုကို သူပြည့်ပြည့်ဝဝနားလည်ခဲ့သည်။

[*ခေါင်းမာသော ပင်ကိုစရိုက်]

ရှန်ရိကျင်းလို လူတစ်ယောက် စာမေးပွဲခိုးချတဲ့သူကို သူ့ပတ်ဝန်းကျင်မှာ လက်ခံနိုင်ပါ့မလား?

ယန်ကျန်းပေါ်က ချက်ချင်းပဲ ယန်ကျင်ရွှင့်ရဲ့ခိုးချတဲ့ကိစ္စကို အဓိက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ၊ သိပ္ပံနည်းပညာတက္ကသိုလ်နဲ့ဆက်စပ်နေသာ ဖိုရမ်တွေမှာ လူသိရှင်ကြားဖြစ်အောင်လုပ်ရန် လူအနည်းငယ်စီစဉ်ဖို့ သူ့လက်ထောက်အားချက်ချင်းပြောလိုက်သည်။ သူတို့ဒီကိစ္စကို ပင့်တင်ပေးပြီး လူတိုင်းသိအောင်လုပ်ရမယ်!

“ဒါက မကောင်းဘူးနော်” သူ့လက်ထောက်က အတန်ငယ်တုံ့ဆိုင်းနေကာ “ …သခင်ငယ်လေးကို မရှာရဘူးလို့ ဥက္ကဋ္ဌယန်ပြောခဲ့တယ်…ယန်ကျင်ရွှင်ကို ပြဿနာရှာဖို့ ဆရာ့ကိုခွင့်မပြုထားဘူးလေ…”

“မင်းကငါ့လက်ထောက်ပဲ ငါ့အဖေမဟုတ်ဘူး!” ယန်ကျန်းပေါ်အသံက ချက်ချင်းပင် မှုန်မှိုင်းလာသည် : “ အနာဂတ်မှာ ကုမ္ပဏီကိုဘယ်သူပိုင်မှာလဲဆိုတာ မင်းရဲ့နှလုံးအိမ်ထဲမှာ သိထားသင့်တယ်။ မင်းကိုလုပ်ဖို့ပြောတာကို သွားလုပ် အဓိပ္ပါယ်မရှိတာတွေ သိပ်မပြောနဲ့!”

မျှော်လင့်ထားတဲ့အတိုင်းပင် လက်ထောက်က ခြိမ်းခြောက်ခံလိုက်ရပြီး ပြောတဲ့အတိုင်းလုပ်ဆောင်ပါ့မယ်ဟု ပြောလာသည်။

ဖုန်းချပြီးနောက် ယန်ကျန်းပေါ်က ကောင်းမွန်တဲ့စိတ်အခြေအနေကို တစ်ဖန်ပြန်ရောက်သွားသည်။

ထိုညကို သူတွေးလိုက်မိချိန် သူ့အဖေက ရှန်ရိကျင်းပေါင်ကိုဖက်ရန် ယန်ကျင်ရွှင်အားအသုံးပြုဖို့ စီစဉ်ထားတယ်ဆိုတဲ့အချက်က သူ့ကိုအရမ်းစိတ်ဖိစီးစေခဲ့တာမို့ သူလုံးဝမအိပ်နိုင်ခဲ့ပေ!

ယန်ကျင်ရွှင်က ဘယ်လိုလုပ် အဲ့လောက်ထိုက်တန်နိုင်ပါ့မလဲ!

သူမရနိုင်တဲ့အရာကို ယန်ကျင်ရွှင်လည်း မရနိုင်စေရဘူး!

ယန်ကျင်ရွှင်နဲ့ရှန်ရိကျင်းဆက်ဆံရေးကို မွှေနှောက်တာက သူတို့စီးပွားရေးကို ထိခိုက်နိုင်မလားဆိုတာအတွက်ကတော့…

ယန်ကျန်းပေါ်က အဲ့လောက်အများကြီးမတွေးနိုင်ပေ။

ဒီနောက်ပိုင်း သူ့အဖေက ထူးဆန်းလာပြီး မကြာခဏယန်ကျင်ရွှင်အကြောင်းကိုပြောလာတယ်။ တကယ်လို့အဲ့ကောင်က ဒီအခွင့်အရေးကိုယူပြီး ယန်အိမ်ဝင်ရောက်လာတာကို ခွင့်ပြုလိုက်ရင် ပြဿနာတက်မယ့်လူကသူပဲ!

         *

မစ်တီးနှစ်ခွက်ဝယ်ပြီးနောက် ကျင်ရွှင်နဲ့ရှန်ရိကျင်းက ဆရာရုံးခန်းတည်ရှိသောသင်ကြားရေးအဆောက်အဦးထံ လမ်းလျှောက်သွားလိုက်ကြသည်။ သူတို့ရုံးခန်းထဲဝင်ခါနီးမှာ ရှန်ရိကျင်းကစကားဆိုလာသည်
“အထဲဝင်သွားတော့ ကိုယ်ဒီကနေ မင်းကိုစောင့်နေမယ်”

“ဟုတ်”

လုံခြုံစိတ်ချမှုအတွက် သူ့မစ်တီးခွက်ကို ရှန်ရိကျင်းနှင့်ထားခဲ့ပြီး ကျင်ရွှင်ပြောလိုက်၏ “ဒါဆိုရှဲန်းရှန် ခဏစောင့်နေဦးနော်၊ ကျွန်တော်မကြာခင်ပြန်ထွက်လာခဲ့မယ်”

“အင်း” ရှန်ရိကျင်းက လေတိုက်ခတ်မှုကြောင့် အနည်းငယ်ရှုပ်ထွေးနေသော လူငယ်လေးရဲ့ဆံပင်တွေအား ရှင်းလင်းပေးရန် လက်တစ်ဖက်မြှောက်ကာ : “ ကိုယ်ကော်ရစ်တာ ဝင်ပေါက်မှာပဲရှိနေမယ်။ တကယ်လို့ တစ်ခုခုဖြစ်ရင် တံခါးဖွင့်လိုက်တာနဲ့ရှောင်ရွှင်ကိုယ့်ကိုရှာတွေ့လိမ့်မယ်”

ကျင်ရွှင်က ပြုံးကာ : “အိုကေ”

ဘာမှဖြစ်လာမှာမဟုတ်လောက်ဘူးလို့ သူထင်ပေမယ့် ရှဲန်းရှန်ရဲ့ဂရုတစိုက် အကြံပေးမှုနောက်ကွယ်ရှိ စိုးရိမ်ပူပန်မှုအား သူခံစားနိုင်သည်။

ကျင်ရွှင်က ဒါကိုလည်းအသိအမှတ်ပြု၏။

တံခါးထဲမဝင်ခင်မှာ သူက ရှန်ရိကျင်းအား ခပ်ဖျော့ဖျော့လေး ပွေ့ဖက်လိုက်သည် : “ရှဲန်းရှန်…”

“ဘာလဲ” ရှန်ရိကျင်းက သူ့ကိုဖက်ခွင့်ပြုထားပြီးနောက် တစ်ခဏရပ်တန့်သွားကာ ကျင်ရွှင့်ရဲ့စိတ်လှုပ်ရှားပွေ့ဖက်မှုကို အခြားအရာအဖြစ် အဓိပ္ပါယ်ကောက်လွဲသွားပုံပင်။

“ ကိုယ်မင်းနဲ့အထဲလိုက်ပြီး အဖော်လုပ်ပေးရမလား”

“မလိုဘူး မလိုဘူး မလိုပါဘူး” ကျင်ရွှင်က သူ့ခေါင်းကို ကမူးရှုးထိုးလှုပ်ခါကာ သူ့မျက်နှာက ပြင်းပြင်းထန်ထန်ကို နီရဲသွား၏။

“ရှဲန်းရှန်…ကျွန်တော့်မစ်တီးကို စောင့်ရှောက်ပေးထားနော်” သူ့ခေါင်းကိုခါပြီးနောက် ရှန်ရိကျင်းလက်ထဲရှိ မစ်တီးကိုတွေ့မြင်သွားသည်။ ကျင်ရွှင်က ခပ်သွက်သွက်ပြောလိုက်၏
“ ကျွန်တော်ပြီးရင် ဆက်သောက်ဦးမှာ”

“ဟုတ်ပါပြီ” ရှန်ရိကျင်းက ပြုံးကာပြန်ဖြေသည်။

အပြုံးက အရမ်းမသိသာပေမယ့် သူ့မျက်နှာထက်မှာ ပေါ်လာတာကတော့ အံ့သြဖွယ်ရာပင်။

ထို့နောက် တစ်ဖက်လူရဲ့စောင့်ကြည့်နေသော မျက်ဝန်းတွေအောက်မှာပဲ ကျင်ရွှင်ကရုံးခန်းတံခါးကိုခေါက်လိုက်သည်။

မနက်ကိုးနာရီခွဲမှာ ချိန်းဆိုထားတဲ့အချိန်အတိုင်းရောက်လာတဲ့ကျင်ရွှင်က သူတို့ဌာနရဲ့နည်းပြနဲ့ ကျောင်းအုပ်ကြီးကိုမြင်လိုက်ရချိန် အရမ်းမအံ့သြသွားခဲ့ပေ။

လွန်ခဲ့တဲ့တစ်ခဏ သူတို့အိမ်မှာရှိနေချိန် ဆရာနဲ့စကားရည်ပြိုင်လုနေတဲ့ကျင်ရွှင်က သူဟာ အခြားမကောင်းသတင်းအတင်းအဖျင်းတစ်ခုရဲ့ဗဟိုဆုံချက် ဖြစ်လာမှန်း မသိခဲ့ပေ။

တစ်ညတာလုံးအချဉ်ဖောက်ပြီး မလိုမုန်းထားတဲ့ပို့စ်များစွာကြောင့် သူစာမေးပွဲမှာခိုးချတာမို့59မှတ်ရခဲ့တယ်ဆိုတဲ့အချက်က အမျိုးမျိုးသော ကျောင်းပရဝုဏ်တွင်းမီဒီယာတွေမှာ ခေါင်းကြီးပိုင်းဖြစ်လာခဲ့သည်။

သူအိမ်ကထွက်ချိန် ထန်ကျင်းယွမ်ဆီက ဖုန်းခေါ်ဆိုမှုလက်ခံရချိန်မှသာလျှင် ဒါကိုသိခဲ့ရတာဖြစ်သည်။

ထန်ကျင်းယွမ်က စစချင်းဖုန်းခေါ်တုန်းက အတန်ငယ်တုံ့ဆိုင်းနေခဲ့သည်။ တကယ်တော့ ကျင်ရွှင်က 59မှတ်ရတာကို မသိခင်ကတည်းက သူကျောင်းဖိုရမ်ကိုဖတ်ပြီးသွားခဲ့ပြီ။

ရလဒ်တွေကို စစ်ဆေးနေချိန် ထန်ကျင်းယွမ်က ကျင်ရွှင်ကျရှုံးဖို့မမျှော်လင့်ထားတာကြောင့် သိပ်ပြီးအာရုံမထားခဲ့။ ဒါက ယန်ကျင်ရွှင်ကခိုးချခဲ့တာကြောင့် 59မှတ်ပဲရတယ်ဆိုတဲ့ကောမန့်တွေကို မမြင်ခင်အထိပင်၊ ဒီတော့မှ ရွှင်ရွှင်က အမှန်တကယ်ကြီး သင်ရိုးတစ်ခုကျရှုံးခဲ့မှန်း သူသဘောပေါက်သွားသည်။

သို့ပေမယ့် ကျင်ရွှင့်ရဲ့ခွန်အားအစစ်အမှန်ကိုသိပြီး ကျင်ရွှင်မခိုးချမှန်းသေချာတဲ့ထန်ကျင်းယွမ်က ထိုအချိန်၌ အွန်လိုင်းပေါ်ကမလိုမုန်းထားတိုက်ခိုက်မှုတွေကို စိတ်ထဲမမှတ်ယူခဲ့ပေ။

ကျင်ရွှင်ကအများအားဖြင့် ဆိုရှယ်မီဒီယာအားကြည့်လေ့မရှိတာကို သူသိတာကြောင့် သူကအင်တာနက်ပေါ်မှာ ခိုးချတယ်ဆိုပြီးနာမည်ထွက်တာအား တမင်သက်သက်သတိမပေးခဲ့တာဖြစ်သည်။ သူက ရွှင်ရွှင့်ရဲ့စိတ်အခြေအနေကို မသက်ရောက်စေရန် ဒီလိုမျိုးလုပ်ခဲ့တာပင်။

ထိုအချိန်တုန်းက ကျင်ရွှင့်အား 59မှတ်ရတဲ့ကိစ္စကိုအရင်ဆုံးအနည်ထိုင်စေဖို့ သူကရိုးရိုးစင်းစင်းတွေးခဲ့တာဖြစ်သည်။

အခု သူဖုန်းထပ်ခေါ်လိုက်ရတာကတော့ အင်တာနက်ပေါ်မှာ သူကကျင်ရွှင့်အားကူညီကာ စကားလုံးအနည်းငယ်ပြောခဲ့ပေမယ့် သူကချက်ချင်းပင်water armyတွေရဲ့ ရိုက်နှက်ခြင်းခံရလိုက်၏။ သူက *အထပ်တွေအများကြီးရဲ့ ဆဲဆိုကျိန်ဆဲခြင်းခံလိုက်ရသည်။

[*သူကကောမန့်တွေအများကြီးရဲ့ကျိန်ဆဲခြင်းခံလိုက်ရသည်။ ]

ထိုအချိန်မှာ အင်တာနက်ပေါ်၌ water armyတွေနဲ့ ပဋိပက္ခဖြစ်နေသော ပွဲကြည့်ပရိတ်သတ်တွေကို မြင်တော့ ထန်ကျင်းယွမ်က ရုတ်တရက်ကြီးတစ်ခုခုမှားနေပြီမှန်း ခံစားလိုက်ရသည်။

“ ငါက မင်းစာမေးပွဲမှာ ခိုးချတယ်ဆိုတဲ့သက်သေမရှိဘူးလို့ပဲ ပြန်ဖြေခဲ့တာ၊ ပြီးတာနဲ့ငါကျိန်ဆဲခံရတော့တာပဲ။ တစ်ယောက်ယောက်က မင်းကိုနှောင့်ယှက်ဖို့ကြိုးစားနေတယ်လို့ ငါထင်တယ်”

ထန်ကျင်းယွမ်က ကျင်ရွှင်အားသတိပေးလိုက်သည် : “အတိုချုပ်ပြောရရင် မင်းဂရုစိုက်ရမယ်နော်။ မင်းရှင်းရှင်းလင်းလင်းဖြေရှင်းပြီးသွားရင် မင်းမခိုးချဖူးဆိုတာ ဆရာ့ကိုသက်သေပြခိုင်းရင်ပိုကောင်းမယ် အဲ့ဒါမှလူတိုင်းက အင်တာနက်ပေါ်မှာ ပေါက်တတ်ကရတွေ လျှောက်မပြောတော့မှာ”

“အိုကေ ငါသိပြီ။ ငါတောင်းပန်ပါတယ်နော် ယွမ်ယွမ် ငါမင်းကိုပါဆွဲချမိသွားပြီ”

“ငါ့ကိုဆွဲချသွားတယ်ဆိုတာက မင်းဘာကိုဆိုလိုတာလဲ?!” ထန်ကျင်းယွမ် : “ကြည့်လေ၊ စိတ်ချလက်ချနေစမ်းပါ ငါကိုက်နိုင်ပါသေးတယ်ကွ!”

ကျင်ရွှင်က မနေနိုင်ဘဲပြုံးလိုက်မိသည်။ သူက ထန်ကျင်းယွမ်အားဖုန်းကနေတစ်ဆင့် အလေးအနက်ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူကဖိုရမ်ကိုဝင်ကြည့်လိုက်တော့ သူကနောက်တစ်ဖန်“နာမည်ကြီး”နေမှန်း ရှာတွေ့သွားသည်။

ထိုပို့စ်တွေမှာ သူ့အားခိုးချတယ်လို့ တိုက်ရိုက်စွပ်စွဲနေပြီး စကားလုံးတွေက အရမ်းကိုကြမ်းတမ်းလှသည်။ အခြေခံအားဖြင့် သူကခိုးချခဲ့ပေမယ့် ဆရာတွေမိတာမခံလိုက်ရတဲ့အတွက် ကံကောင်းတယ်ဆိုပြီး ထက်သန်စွာပြောဆိုနေကြသည်။

ကျောင်းက သူ့ရဲ့59မှတ်အတွက် အကြောင်းပြချက်ကို မကြေညာပေမယ့်လည်း “အမည်မသိအသုံးပြုသူ”ဆိုတဲ့ IDဖြင့် ပို့စ်တင်သူက ယန်ကျင်ရွှင်ဟာ အဖြေလွှာစာရွက်ကို ပထမဆုံးထပ်တဲ့သူဖြစ်တာကြောင့် ဆရာကခိုးချတယ်ဆိုပြီးယူဆလိုက်ကြောင်း သတင်းကိုထုတ်ဖော်လာသည်။ အဖြေလွှာစာရွက်တွေအားလုံးမှာ တွက်ချက်မှုတွေ၊ ဖြစ်စဉ်ဖြေရှင်းမှုတွေ တစ်ခုမှရှိမနေခဲ့ပေ။

သိသာစွာကိုပဲ ဒီအခြေအနေတွေက အင်တာနက်အသုံးပြုသူတွေရဲ့မျက်လုံးထဲမှာ စာခိုးချခြင်းနဲ့ မေးခွန်းအားခိုးယူခြင်းအတွက် အစစ်အမှန်သက်သေတစ်ခုလိုဖြစ်နေသည်။

သို့တိုင်အောင် ဒီကိစ္စတွေက အနည်းငယ်ထူးဆန်းတယ်လို့ ကျင်ရွှင်လည်းခံစားနေရသည်။

ခုနလေးတင် သူဆရာနဲ့ဖုန်းပြောကာဆွေးနွေးနေတဲ့အချိန် တစ်ဖက်လူက ခိုးချခြင်းသည် အရှက်မဲ့တယ်လို့ ခံစားနေရတာအသိသာကြီးပင်၊ ဆရာကသူ့ကိုစကားထပ်မပြောချင်တော့ဘဲ စာမေးပွဲကိုသာ ပြန်လည်ဖြေဆိုဖို့ သူ့ကိုတိုက်ရိုက်ပြောခဲ့သည်။

ခိုးချတဲ့သူအဖြစ် သတ်မှတ်ခံရတာက စိတ်တိုစရာဆိုသော်ငြားလည်း သူတို့ကြားရှိစကားပြောဆိုမှုကို အခြေခံရရင် ဆရာက ဒီကိစ္စကို လူသိရှင်ကြားထုတ်ဖော်ဖို့ မရည်ရွယ်ထားမှန်း ကောက်ချက်ချနိုင်သည်။ ကျရှုံးအဆင့်ပေးတာက “သတိပေးရန်” ပင်ဖြစ်သည်။

ပြီးတော့ ဆရာ့ကိုကြည့်ရတာ အွန်လိုင်းပေါ်မှာဘာတွေဖြစ်နေမှန်း သူလည်းသတိမပြုမိပုံပင်။

ဒီတော့ ဒီကိစ္စက ကျောင်းနဲ့မပတ်သက်ဘူး။ နောက်ကွယ်ကနေ အခြားတစ်စုံတစ်ယောက်က ဒီကိစ္စကို တွန်းပို့နေတာနဲ့တူသည်။

အဆုံးမှာတော့ ခက်ထန်တဲ့မှတ်ချက်တွေကြား ကျောင်းကလည်း *လှဲနေရင်းအပစ်ခံနေရတာပဲလေ

{*ဘာမှမလုပ်ပေမယ့် အပြစ်တင်ခံနေရခြင်း}

[ ကျောင်းက ငါတို့ကိုဖြေရှင်းချက်တစ်ခုပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်၊ သူက ကျောင်းကောင်စီဥက္ကဋ္ဌဟောင်းဖြစ်တာကြောင့်နဲ့ ကျောင်းက သူခိုးတစ်ယောက်ကို အကာအကွယ်ပေးထားတယ်လား? ဒါက အရမ်းကိုမမျှမတဖြစ်လွန်းတယ်!]

[ဟုတ်ပ! ခိုးချတာအတွက် ဘာလို့အပြစ်ပေးမှုမရှိရတာလဲ?  ပြီးတော့ စာမေးပွဲမေးခွန်းကို ခိုးယူတယ် ? အရင်ကအပြစ်ပေးခံခဲ့ရတဲ့သူတွေအတွက်ကရော?]

[မနက်စောစောစီးစီး ဒီလိုသတင်းတွေမြင်ရတာ တကယ်စိတ်ပျက်စရာပဲ]

[ကျေးဇူးပြုပြီးတော့..ယန်ကျင်ရွှင်က ခိုးချတယ်ဆိုတဲ့ခိုင်လုံသက်သေမရှိဘူးနော် ဟုတ်ပြီလား? ကျောင်းကလည်း ယန်ကျင်ရွှင်ခိုးချတယ်ဆိုပြီး သက်သေပြစရာမရှိတာကြောင့် ဘာအပြစ်ဒဏ်မှ မကြေညာသေးဘူး…]

[သက်သေမရှိတာနဲ့ပဲ သူမခိုးချဘူးလို့ဆိုလိုတာလား?]

[ဒါက ကျရှုံးအဆင့်ဆိုပေမယ့်လည်း 59မှတ်ရတာကတော့ ထူးဆန်းနေတာ အသိသာကြီးလေ။ သာမန်လူတွေအတွက် 59မှတ်ရဖို့ခက်ခဲတယ် ဟုတ်တယ်မလား? ဒါကသက်သေအကောင်လိုက်ကြီးပဲလေ!]

[မင်းက လိုရာဆွဲပြောနေတာပဲ ဆရာက ယန်ကျင်ရွှင်ကို နားလည်မှုလွဲသွားတာဆိုရင်ရော ဘယ်လိုလုပ်မလဲ?]

[ရမှတ်က 59မှတ်ဆိုမှတော့ ပြဿနာတစ်ခုခုရှိရမယ်။ အဲ့ဘာသာရဲ့ဆရာကို ငါသိတယ်။ သူကငါတို့ကိုအထွေထွေသင်ရိုးတစ်ခုသင်တာ။ သူက ပွင့်လင်းရိုးသားတယ်၊ ဒီကိစ္စမှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ သူထင်မှတော့ ပြဿနာက ရှိကိုရှိရမယ်]

[ခိုးချတဲ့သူအတွက် ပြောပေးနေတဲ့တစ်ယောက်ရေ မင်းက သူငှားထားတဲ့water armyလား? ဘာပြဿနာမှမရှိဘူးလို့မင်းပြောတယ်နော် ဒါဆို သူအဲ့မေးခွန်းတွေကို ဘယ်လိုဖြေခဲ့လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါဦး ]

[ဖုံးဖိတဲ့ပုံစံက အရမ်းကိုဉာဏ်နည်းတာပဲ ဟားဟားဟား ငါရယ်ရလို့သေတော့မယ်။ ဘာတွက်ချက်မှုဖြစ်စဉ်မှ မပါတဲ့အဖြေလွှာက အံ့သြစရာမဟုတ်ပါဘူး ဒါပေမယ့် သူကအဖြေလွှာကို ပထမဆုံးအပ်တဲ့သူပဲ ဒီIQက အံ့သြစရာတော့မဟုတ်ဘူး]

……

ကျင်ရွှင်က ဒီမှတ်ချက်တွေကို ကြည့်နေတဲ့အချိန် ရှန်ရိကျင်းက အလိုအလျောက်ပင် သူ့ဖုန်းအားဆွဲထုတ်ကာ ဖုန်းခေါ်ဆိုမှုတွေ စတင်ပြုလုပ်တော့သည်။

သူက ဖုန်းခေါ်မှုသုံးခုကို တစ်ဆက်တည်းပြုလုပ်လိုက်ပြီး အချို့လူတွေကို တကယ်ထိတ်လန့်သွားစေခဲ့သည်။

ဒါ့ကြောင့် ကျင်ရွှင်ရုံးခန်းထဲကိုရောက်သွားတဲ့အချိန် ကျောင်းရဲ့တတိယမြောက်အာဏာရှိသူ ကျောင်းအုပ်ကောင်းကိုယ်တိုင်ရောက်ရှိနေသည်။

လက်ရှိ ရုံးခန်းအပြင်ဘက်တွင် အထဲကိုလိုက်မဝင်သွားတဲ့ရှန်ရိကျင်းက သူ့ဖုန်းကိုထုတ်ယူကာ : “ ကောလဟာလတွေကို ဘယ်သူဖြန့်တာလဲ စစ်ဆေးကြည့်လိုက်”

ရုံးခန်းထဲတွင် ကျောင်းအုပ်ကောင်းက အစပြုကာ ပြဿနာကိုဖြေရှင်းပေးလိုက်၏ : “ ကျောင်းသားယန်နဲ့ပတ်သက်တဲ့အခြေအနေကို ငါတို့ခုနကမှ သိခဲ့ရတယ်။ ဒါကအမှားတစ်ခုပါ”

ထို့နောက် ကျင်ရွှင့်ရှေ့မှောက်တွင်ပင် သူက 59မှတ်ပေးခဲ့တဲ့ဆရာဖြစ်သူဘက် လှည့်ကာရှင်းပြလိုက်သည် : “အခု ဆရာလီ မင်းလည်းအခြေအနေကိုသိနေပြီပဲ။ ကျောင်းသားယန်အတွက်ကတော့ သူက ပရော်ဖက်ဆာဟို့နဲ့အတူ R&Dပရောဂျက်တစ်ခုမှာ ပါဝင်ခဲ့တယ်။ အချိန်က စာမေးပွဲနဲ့တိုက်သွားတော့ သူကဘာတွက်ချက်မှုဖြစ်စဉ်မှမရေးဘဲ အဖြေလွှာထပ်ခဲ့မိတာ

သေချာတာပေါ့ ဘာတွက်ချက်မှုဖြစ်စဉ်မှမပါရင်တောင်မှ ဒီမေးခွန်းတွေကို ကျောင်းသားယန်ကိုယ်တိုင်ဖြေထားခဲ့တာဆိုတာ ငါအာမခံပေးနိုင်ပါတယ်! …ဆရာလီ မင်းတော့သိမှာမဟုတ်ဘူး ဒါပေမယ့် ပရော်ဖက်ဆာဟို့က ကျောင်းသားယန်ရဲ့အတွက်အချက်စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျအသိအမှတ်ပြုထားတာ မဟုတ်ရင် သူ့ကိုဘယ်လိုလုပ်ဘွဲ့လွန်ပရောဂျက်ထဲ ပါခွင့်ပေးမှာလဲ။ ဒါ့အပြင် ဒီပရောဂျက်ရဲ့အောင်မြင်သွားမှုကလည်း ကျောင်းသားယန်ကြောင့်ပဲ”

ကျောင်းအုပ်ကောင်းက လည်ချောင်းရှင်းကာ : “ ဒါ့ကြောင့် ဒီအချက်အရ ကျောင်းသားယန်ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး ငါအာမခံတယ် ခိုးချတယ်ဆိုတာက လုံးလုံးကိုမဖြစ်နိုင်ဘူး”

ကျင်ရွှင်မရောက်လာခင်ကတည်းက ဒီကိစ္စကိုဆွေးနွေးခဲ့ပြီးပြီ။ ဆရာလီရဲ့သဘောထားက ပျော့ပျောင်းသွားပြီဆိုပေမယ့် ရှော့ခ်ရမှုနဲ့ အခြေအနေပြောင်းပြန်ဖြစ်သွားမှုက အရမ်းကြီးမားလွန်းတာကြောင့် သူဘာမှမပြောဘဲရပ်နေတုန်းပင်။

ကျောင်းအုပ်ကောင်း : “သေချာတာပေါ့ ကျောင်းသားယန် မင်းရောပဲ၊ ပဋိပက္ခဖြစ်တဲ့အချိန် မင်းဘက်ကအရင်စပြီး ဌာနကဆရာတွေကို ဆက်သွယ်သင့်တယ်။ ဘယ်လိုလုပ်ပြီး ဒီတိုင်းထားနိုင်တာလဲ….ဘယ်လိုပဲဖြစ်ဖြစ် အမှန်တကယ်လည်း မင်းအဖြေလွှာပေါ်မှာ ဖြစ်စဉ်တွေချရေးရမယ်ဆိုတဲ့စည်းမျဉ်းမှမရှိဘဲ…”

“အဟမ်း…မင်းတွက်ချက်မှုဖြစ်စဉ်တွေ ချမရေးခဲ့တာကြောင့် ခိုးချတယ်လို့သတ်မှတ်ခံရတဲ့အတွက်ကတော့…အဓိကက အရင်တုန်းကငါတို့ကျောင်းမှာ မေးခွန်းပေါက်ကြားခဲ့ပြီး တစ်စုံတစ်ယောက်က အဖြေတွေကိုတိုက်ရိုက်ရေးခဲ့ဖူးလို့ပဲ။ ဒါက ဆရာလီရဲ့အတန်းမှာပဲ ဖြစ်သွားခဲ့တာဆိုတော့ သူကမင်းကိုအထင်မှားသွားခဲ့မိတာ။ ဒါပေမယ့် အထင်လွဲမှုကလည်း အခုဖြေရှင်းပြီးပြီပဲ။ ကျောင်းက ကျောင်းသားယန်ရဲ့အဆင့်တွေကို အမှန်ပြန်ပြင်ပေးပါ့မယ်။ ဒီနေရာမှာပဲ ငါကဆရာလီရဲ့ကိုယ်စား ကျောင်းသားယန်ကိုတောင်းပန်ပါတယ်၊ မင်းနစ်နာခဲ့ရပြီ”

ဆရာ့ဘက်ကနေ ကြည့်ရင် တစ်ဖက်လူရဲ့သံသယဝင်မှုကို သူလည်းနားလည်ပါတယ်ဟု ကျင်ရွှင်ကလည်းဖော်ပြလိုက်၏။

သို့ပေမယ့် သံသယဝင်တာက ကိစ္စတစ်ရပ်ပဲ၊ ဒါပေမယ့် ခိုးချတယ်လို့တိုက်ရိုက်အကဲဖြတ်ပြီး ဘာသက်သေမှမရှိပါဘဲ ကျရှုံးအဆင့်ပေးတာကတော့ တစ်နည်းတစ်ဖုံဖြင့် ကျောင်းသားတွေအပေါ် မမျှမတဖြစ်နေဆဲပင်။

အဆုံးမှာတော့ ခိုးချတယ်ဆိုပြီး သတ်မှတ်ခံရတာက ကျောင်းသားရဲ့ဂုဏ်သိက္ခာကို စော်ကားတာပဲလေ။

ပြီးတော့ သူဒီမနက်ခင်းမှာဖုန်းဆက်ပြီး သူ့ကိုယ်သူသက်သေပြဖို့ မရမကမတောင်းဆိုခဲ့ဘူးဆိုရင် အခြားသူတွေရဲ့မျက်လုံးထဲမှာ သူကအမြဲတမ်းခိုးချတဲ့သူတစ်ယောက်ဖြစ်နေမှာပင်။

ဒါက မခိုးချခဲ့တဲ့သူတွေအတွက် အခြေအမြစ်မရှိတဲ့ထိခိုက်မှုပင်။

“ကျောင်းသားယန်ပြောတာမှန်ပါတယ်” ကျောင်းအုပ်ကောင်းကပြော၏ : “ ကျောင်းသားက မခိုးချပါဘူးဆိုတဲ့အခွင့်အရေးက တစ်ထောင်ပုံတစ်ပုံလောက်ပဲရှိနေရင်တောင် ငါတို့ကသူ့ကိုခိုးချပါတယ်လို့ တိုက်ရိုက်အကဲမဖြတ်သင့်ဘူး။ ဆရာလီ မင်းတစ်ဘဝလုံးစာသင်နေခဲ့တာ။ ကျောင်းသားအားလုံးက အဆင့်တူမဟုတ်ကြဘူးဆိုတာကို မင်းသိသင့်တယ် ငါတို့ကျောင်းက ကျောင်းသားယန်လိုလူမျိုးတည်ရှိတာကို ခွင့်ပြုထားသင့်တယ်”

တကယ်တော့ ဒီအခိုက်မှာ ဆရာလီက သူ့အမှားကိုသဘောပေါက်နေပါပြီ။

ခုနလေးတင် ကွန်ပြူတာသိပ္ပံဌာနရဲ့ပရော်ဖက်ဆာဟို့ထံမှ ဖုန်းခေါ်မှုလက်ခံရခဲ့သည်။ တစ်ဖက်လူက ဒီကိစ္စကို သူ့အားကိုယ်တိုင်ကိုယ်ကျရှင်းပြလာသည်။ သူက ကျောင်းသားယန်ရဲ့ခွန်အားအကြောင်း ပြောခဲ့ရုံသာမကဘဲ သူမခိုးချကြောင်း အာမခံပေးရန် သူ့ဂုဏ်သိက္ခာအားအသုံးပြုခဲ့သည်…

ပရော်ဖက်ဆာဟို့ရဲ့လေးနက်စွာချီးမွမ်းမှုပြီးနောက် အချို့ကျောင်းသားတွေက မေးခွန်းအားလုံးကို စိတ်ပိုင်းဆိုင်ရာတွက်ချက်မှုဖြင့် ပြီးမြောက်နိုင်ကြောင်း ဆရာလီက ရုတ်ခြည်းသဘောပေါက်သွားသည်။

ထို့နောက် ကျောင်းအုပ်ကောင်းက စာမေးပွဲဖြေတဲ့အချိန်က စောင့်ကြည့်ဗီဒီယိုအား သူ့ကိုပြလာသည်။

ကျောင်းသားယန်က တွေးတောနေခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သူက အရင်ဆုံးမေးခွန်းတစ်ခုချင်းစီတိုင်းကိုဖတ်ကာ အဲ့ဒါကိုတွေးတောပြီးမှ အဖြေချရေးတာဖြစ်သည်။

ဖြစ်ရပ်က မနှိုင်းယှဉ်နိုင်လောက်အောင်မြန်ဆန်တယ်ဆိုသော်ငြားလည်း တွက်ချက်တဲ့အဖြေနဲ့ ကျက်ထားတဲ့အဖြေတွေကြား ကွာဟချက်ကြီးကြီးတစ်ခုရှိနေဆဲပင်။

အဖြေတွက်ချက်မှုဖြစ်စဉ်အား မရေးခဲ့တဲ့အတွက် အမှတ်ပြည့်မပေးတာက လက်ခံကောင်းလက်ခံနိုင်သည်။

ဒါပေမယ့် ဘာသက်သေမှမရှိဘဲ ခိုးချတယ်လို့ ခိုင်ခိုင်မာမာလက်ကိုင်ထားခဲ့တာက…အရမ်းများသွားပြီ

ဆရာလီက သူ့ကိုယ်သူအတွက် ဘာအကြောင်းပြချက်မှ ထပ်မပေးနိုင်တော့ဘဲ ချက်ချင်းပြောလိုက်၏ : “ဒီကိစ္စက တကယ်ကို ငါ့ရဲ့ကိုယ်ပိုင်ယူဆချက်ပါ။ ငါအခြေအနေကို အရင်ဆုံးထဲထဲဝင်ဝင် စုံစမ်းခဲ့သင့်တယ်။ ကျောင်းသားယန် မင်းဒီဆရာရဲ့တောင်းပန်မှုကို လက်ခံပေးနိုင်မလား”

အထင်လွဲမှားမှုကို ဖြေရှင်းကာ ရလဒ်တွေကို ပြန်ပြောင်းလဲပြီး တောင်းပန်မှုတစ်ခု လက်ခံရပြီးပြီဆိုမှတော့ ကျင်ရွှင်က ဘာကိုမှထပ်မဆွဲဆန့်ချင်တော့ပေ။

သူ့ကိုယ်သူသက်သေပြရန် စာမေးပွဲထပ်ဖြေစရာမလိုတော့ ကျင်ရွှင်က စိတ်သက်သာရာရသွားသည်။

အထင်လွဲမှားမှုဆိုမှတော့ ဒီတိုင်းပဲဖြေရှင်းလိုက်တာပေါ့

မူလကတည်းက ဒီကိစ္စက အင်တာနက်ပေါ်မှာ သတင်းမပြန်ခဲ့ရင် ကိစ္စကြီးတစ်ခုမဟုတ်ပေ။

         …

ကျင်ရွှင်ကပြောလိုက်၏ : “အင်တာနက်ပေါ်က လူထုအမြင်အတွက်ကတော့ ဆရာတို့ကိုပဲကူဖြေရှင်းပေးဖို့ ကျွန်တော်တောင်းဆိုရမှာပဲ”

“သေချာတာပေါ့” ကျောင်းအုပ်ကောင်းက အင်တာနက်ပေါ်မှာ ဘာတွေဖြစ်နေမှန်းသိနေတာ ရှင်းလင်းလှသည်။သူက အတော်လေးစနစ်ကျစွာဖြင့်ပြောလာသည် : “ သတင်းတွေကို ငါတို့ကျောင်းက ဖြန့်တာမဟုတ်ဘူးဆိုပေမယ့်လည်း ငါတို့မှာတာဝန်ရှိနေတုန်းပဲ။ ကြေညာချက်ထုတ်ဖို့ ငါတစ်ယောက်ယောက်စီစဉ်ပြီး သက်သေကိုပါတင်ပေးလိုက်မယ်။ ဒီဖြစ်ရပ်က ကျောင်းသားယန်ရဲ့ဂုဏ်သတင်းကို ထိခိုက်စေခဲ့တာအမှန်ပဲ။ ဒီနေရာမှာ ကျောင်းရဲ့ကိုယ်စား ငါကမင်းကိုထပ်တောင်းပန်ပါတယ်”

         ……

မနက် 9:34တွင်

သိပ္ပံနည်းပညာတက္ကသိုလ်မှ တရားဝင်ကြေညာချက်တစ်ခုက အမျိုးမျိုးသောတက္ကသိုလ်ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေထက် တိုက်ရိုက်ပေါ်ပေါက်လာသည်။

ကြေညာချက်ရဲ့ပထမစာကြောင်းက ကျင်ရွှင့်ခိုးချမှုသည် သတင်းမှားတစ်ခုသာဖြစ်ကြောင်း တိုက်ရိုက်ထုတ်ပြန်ထားပြီး စာမေးပွဲဖြစ်စဉ်အတွင်း သူ့အခြေအနေအား အသေးစိတ်ထပ်မံရှင်းပြထားကာ ခိုးချတယ်လို့မှားယွင်းခံရတဲ့အကြောင်းအရင်းကိုလည်း ဖော်ပြထားသည်။

ဒါနဲ့ပူးတွဲပါလာတာက ဆရာလီထံမှ လူသိရှင်ကြား တောင်းပန်မှုစာနှင့် ရှင်းပြချက်ဖြစ်ပြီး ကျင်ရွှင့်ရဲ့မေးခွန်းဖြေဆိုနေသော စောင့်ကြည့်ဗီဒီယိုလည်းပါဝင်သည်။

ပိုပြီးတော့ယုံကြည်နိုင်လောက်စေရန် ကျောင်းက ယန်ကျင်ရွှင်ရဲ့အခြားစာမေးပွဲရလဒ်တွေနှင့်အဖြေလွှာတွေကို အထူးတင်ပေးခဲ့တဲ့အပြင် ကွန်ပြူတာသိပ္ပံဌာနပရောဂျက်က ကျင်ရွှင့်ရဲ့အုပ်စုရလဒ်ကိုပါ ဖွင့်ဟပြခဲ့သည်။ ဒါ့အပြင် ထိုအချိန်ကာလအတွင်းသူရေးခဲ့တဲ့ ပရိုဂရမ်လေးနှစ်ခုမှ ယူဆောင်လာပေးသော အကျိုးရလဒ်အဖြာဖြာကိုလည်း ပြသခဲ့၏။

[…ဒီထုတ်ပြန်ချက်နဲ့ သက်သေတွေက ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းပြပေးနိုင်မယ့် ကိုယ်စားလှယ်တစ်ယောက်ယောက်များရှိမလား?]

[ဆိုလိုတာက ဒီကျောင်းသားယန်က လုံးဝခိုးမချခဲ့ဖူးတဲ့။ အဖြေတွေကို သူ့ဘာသာတွက်ပြီး ချရေးခဲ့တာ၊ ဆရာက မှားယွင်းပြီးအကဲဖြတ်ခဲ့မိတာတဲ့]

[? ကျောင်းက ဒီခိုးချတဲ့သူကို စတင်ဖုံးဖိပေးနေပြီလား]

[အပေါ်ထပ်ကလူရေ ဒီလောက်မသိနားမလည်လို့ရမလား? သက်သေတွေကို ကြည့်ပြီးမှ ထပ်လာပြော!]

[အိုး သောက်ကျိုးနည်း…ငါအဲ့စောင့်ကြည့်ဗီဒီယိုကို သုံးခါတောင်ကြည့်ခဲ့တာ။ စီနီယာက မေးခွန်းတိုင်းကို စဉ်းစားနေခဲ့တာအရှင်းလင်းကြီး ဟုတ်ပြီလား? သူကမေးခွန်းတွေကိုဖြေတဲ့အချိန် နာရီဝက်လုံးခေါင်းတောင်မမော့လာဘူး! စိတ်ဆင်းရဲလိုက်တာ ပြီးတော့သူတို့က သူခိုးချတယ်လို့ပြောနေသေးတယ်…]

[အမှန်ပဲ ဝူးဝူးဝူး..ဒီမောင်ငယ်လေးရဲ့မေးခွန်းတွေကို တိတ်တဆိတ်စဉ်းစားနေတဲ့အသွင်အပြင်က ဘာလို့ဒီလောက်တောင် ထူးထူးခြားခြားကြေကွဲဖွယ်ကောင်းနေရတာလဲ]

[Ahhhhh သူကအရမ်းရည်မွန်ပြီး ဆွဲဆောင်မှုရှိတာ ရှင်းနေတာပဲ အား…ဒါက တကယ်ကိုပိုပြီးတော့ဦးနှောက်ကိုလောင်ကျွမ်းစေမယ်…ဒါက ခန္ဓာကိုယ်ကို အရမ်းထိခိုက်စေနိုင်တယ်လို့ ငါထင်တယ်…ဒီမောင်ငယ်လေး ဒီလောက်ပိန်နေတာ မထူးဆန်းတော့ပါဘူး]

[အချို့လူတွေက အကြမ်းစာရွက်သုံးဖို့မလိုဘူး။ ဒီလိုဂျီးနီးယပ်စ်မျိုးက ရှေးအချိန်တွေကတည်းက ရှိခဲ့တာ သူကပထမဆုံးမဟုတ်ဘူး။ တစ်ဖက်လူက ကူးချနေတယ်လို့ ကောက်ချက်ချတာတော့ အရမ်းများလွန်းတယ်]

[ယန်ကျင်ရွှင်က ကွန်ပြူတာသိပ္ပံဌာနရဲ့ပရောဂျက်မှာ ပါခဲ့တုန်းက ရေးခဲ့တဲ့ပရိုဂရမ်အသေးလေးနှစ်ခုကို အာရုံစိုက်နေမိတာ ငါတစ်ယောက်တည်းလား? ကျောင်းက သူ့အတွက် ပိုင်ဆိုင်မှုအခွင့်အရေးတွေ ထောက်ပံ့ပေးခဲ့ရဲ့လား?…ဒီလိုလူတစ်ယောက်..သူကခိုးချလိမ့်မယ်လို့ မင်းတို့ထင်လား? သင်္ချာစာမေးပွဲလေးမှာလေ]

[ သောက်ကျိုးနည်းကြီး ဒါကဘယ်လိုဦးနှောက်မျိုးပါလိမ့်!]

[ဘာကြီး? ငါစာမေးပွဲပြီးတော့ ဒီပို့စ်ကိုမြင်လိုက်တာ ဘာတွေဖြစ်သွားတာလဲ]

[ယန်ကျင်ရွှင်က ကူးချသူဆိုတဲ့ဟိုပို့စ်ကြောင့် ငါအူတက်သေတော့မှာပဲ။ မေးခွန်းမေးတဲ့သူတွေကိုလည်း ဖုံးဖိပေးနေတယ်ဆိုပြီး တိုက်ရိုက်တံဆိပ်ကပ်ခဲ့တယ်။ ယန်ကျင်ရွှင်က IQနိမ့်ပြီး ခိုးချခဲ့တယ်လို့ပြောခဲ့တဲ့သူတွေရေ မင်းတို့မရှက်ကြဘူးလား]

[Ahhhhhhhhhhh ငါမှန်တယ်! သူ့ကိုပရောဂျက်ထဲမှာပါဖို့ ပရော်ဖက်ဆာဟို့ကဖိတ်ခေါ်ခဲ့မှန်း သိထားတော့ ဒီမောင်ငယ်လေးက တွက်ချက်မှုဖြစ်စဉ်တွေကို ရေးဖို့ပျင်းနေတာလို့ ငါထင်ထားတာ…အဲ့ဒါက အမှန်ဖြစ်နေမယ်လို့ ငါမထင်ထားဘူး! ဟားဟားဟား ကံကောင်းစွာနဲ့ ငါဒါကိုတောင့်ခံနိုင်ပြီး ငါ့ကိုယ်ပိုင်ယုံကြည်မှုလေးကို မပျောက်စေခဲ့မိတာ!]

[ပထမစာမျက်နှာနှစ်ခုက ပါးစပ်ပေါက်တွေက တကယ်ကိုအဆိပ်ပြင်းလွန်းတယ်။ ငါ့အမြင်ကိုငါဖော်ပြတာ ငါကwater armyတစ်ယောက်ဖြစ်သွားတယ်လေ။ ဦးနှောက်မရှိတဲ့မင်းတို့တစ်တွေ ကျောင်းသားယန်ကို တောင်းပန်ဖို့ငါမျှော်လင့်တယ်]

[ဟားဟားဟားဟား ဒီနှစ်ရဲ့အကောင်းဆုံးသောပြောင်းပြန်ဖြစ်သွားခြင်းပဲ၊ ငါတော့အူတက်သေပြီ]

[ငါကျောင်းသားယန်ကိုတောင်းပန်ပါတယ်။ ငါမူလပို့စ်တင်ခဲ့သူရဲ့ဖော်ပြချက်ကိုမြင်တုန်းက ငါ့ရဲ့ပထမဆုံးတုံ့ပြန်မှုက သူခိုးချခဲ့တယ်လို့ပဲ။ ငါအဲ့အကြောင်းကိုမတွေးခဲ့ဘဲ တိုက်ရိုက်ပဲပေါက်တတ်ကရတွေကို ကရားရေလွှတ်ပြောခဲ့မိတယ်။ ငါအရမ်းတုံးတယ်၊ အရမ်းကိုမိုက်မဲပြီး အရမ်းအဆိပ်ပြင်းခဲ့တယ်။ ငါ မုန်းစရာကောင်းတဲ့ဒီလိုရေပန်းစားမှုမျိုးကို နောက်တစ်ခါမပါဝင်တော့ဘူး ငါတောင်းပန်ပါတယ်]

         ……

ကျင်ရွှင် ရုံးခန်းအပြင်ကို ထွက်လာချိန် ရှန်ရိကျင်းက ရပ်စောင့်နေဆဲပင်။

ရှည်လျားပြီး ဖြောင့်တန်းသောကောက်ကြောင်း၊ မဟားတရားခန့်ညားသောမျက်နှာနှင့်အတူ တောက်ပတဲ့ကော်ရစ်တာထဲ မတ်တပ်ရပ်နေသောရှန်ရိကျင်းက ခန့်ညားချောမောနေသည်။

ကျင်ရွှင်က ခြေလှမ်းစိပ်ကာ အမြန်ပြေးသွားလိုက်သည်။ ရှန်ရိကျင်းရဲ့အပြင်ကိုဆန့်ထုတ်ထားသောလက်မောင်းတွေက သူ့အားဖမ်းမိသွားသည်။

တင်းမာတဲ့မျက်နှာအစိတ်အပိုင်းတွေက အနည်းငယ်ပြေလျော့သွားသည်။ ရှန်ရိကျင်းရဲ့နက်မှောင်ဖျော့တော့သော မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက အပြုံးတစ်ခုအဖြစ်လှုပ်ရှားသွားသည် : “ဘယ်လိုနေလဲ”

“ ကျွန်တော် စာမေးပွဲထပ်ဖြေစရာမလိုတော့ဘူး”

ရှန်ရိကျင်းပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုမှုတွေကြောင့်သာမဟုတ်ရင် ကိစ္စက ဒီလောက်လွယ်လွယ်ဖြေရှင်းပြီးခဲ့မှာမဟုတ်။ ဖြစ်နိုင်တာက သူဆရာလီကို အကြာကြီးရှင်းပြနေရလောက်တယ်

သူ့ကို ကျေးဇူးတင်ကြောင်းပြောခွင့်မပေးထားသော်လည်း ကျင်ရွှင်ကမနေနိုင်စွာဖြင့်
“ကျေးဇူးပါ ရှဲန်းရှန်”

“မင်းက ကိုယ့်ကိုဘာတွေကျေးဇူးတင်နေတာလဲ?” ရှန်ရိကျင်းက အနည်းငယ်ကူကယ်ရာမဲ့စွာဖြင့် လူငယ်လေးကို သူ့လက်မောင်းထဲဆွဲသွင်းကာ လေးလေးနက်နက်ပြောလိုက်သည် “ ရှောင်ရွှင်ကိုယ်တိုင်က ထူးချွန်နေလို့လေ”

--လုံးဝကို ရှင်းပြစရာမလိုဘူး။ သက်သေအနည်းငယ်ပြပြီး လူငယ်လေးရဲ့ခွန်အားကို အတန်ငယ်ချပြလိုက်ရုံနဲ့တင် သူ့အပြစ်ကင်းစင်မှုကို သက်သေပြနိုင်သည်။

ဒါက ကျင်ရွှင့်ကိုယ်ပိုင်ခွန်အားပင်။

အာမခံအနေနဲ့ ဆရာလီကိုဖုန်းခေါ်ခဲ့တဲ့ပရော်ဖက်ဆာဟို့ကလည်း ဒါကိုသူ့ကိုယ်ပိုင်ဆန္ဒနဲ့ပြုလုပ်ခဲ့တာပင်။

ဒီအခြေအနေကိုကြားပြီးနောက် ပရော်ဖက်ဆာဟို့က ချက်ချင်းစတင်ဖုန်းခေါ်ခဲ့တာဖြစ်သည်။

ကျောင်းအုပ်ကောင်းကလည်း ကျင်ရွှင့်ခွန်အားကိုသိတာမို့ ဖြေရှင်းပေးရန်ရှေ့ထွက်လာခဲ့တာပင်။ ထို့ကြောင့် သူကချက်ချင်းပဲ စောင့်ကြည့်ဗီဒီယိုကိုသက်သေအနေနဲ့ ယူရန်တစ်စုံတစ်ယောက်အားစေခိုင်းခဲ့တာဖြစ်သည်။

သူသာမန်ကာလျှံကာ ရေးခဲ့တဲ့ပရိုဂရမ်အသေးစားနှစ်ခုအပါအဝင် သက်သေတွေက ထွက်ပေါ်လာပေမယ့် ဒါကကျင်ရွှင်ပြုလုပ်ခဲ့တာရဲ့ တစ်သန်းပုံတစ်ပုံသာရှိသေးသည်။

သူ့ရဲ့ရိဝေ့ကို နေ့စဉ်အကျိုးပြုနေမှုအား သူတို့သိသွားကြရင်…

သူ့မျက်တောင်ရှည်ကြီးတွေက တဖျတ်ဖျတ်ငြင်သာစွာလှုပ်ခတ်သွားသည်။ ရှန်ရိကျင်းက သူဂရုတစိုက်စောင့်ရှောက်ပေးထားသော ပြတင်းဘောင်ပေါ်ကမစ်တီးခွက်ကို ကောက်ကိုင်ကာ လူငယ်လေးရဲ့ပါးစပ်ထဲ ပိုက်ထိုးပေးလိုက်ရင်း : “တစ်ငုံသောက်ချင်လား?”

ကျင်ရွှင်က ရုံးခန်းထဲဝင်သွားတာ မိနစ်အနည်းငယ်သာရှိသေးတာမို့ oolongမစ်တီးရှိ နို့အမြုပ်လေးတွေက မူလအရသာလတ်ဆတ်မှုအတိုင်းရှိနေသေးသည်။

သူ့နှုတ်ခမ်းဆီရောက်လာမှတော့ ကျင်ရွှင်က ရှန်ရိကျင်းလက်ထဲကနေ တစ်ငုံသောက်လိုက်သည်။

ကြွယ်ဝတဲ့နို့ရနံ့တို့ဖြင့် ရောနှောနေသော oolong teaက သူ့ပါးစပ်ထဲပေါက်ကွဲထွက်သွားသည်။ ကျင်ရွှင်က အားရကျေနပ်သောသက်ပြင်းတစ်ခုချလိုက်၏။

တောက်ပနေသောမျက်လုံးဝိုင်းကြီးတွေဖြင့် ရှန်ရိကျင်းအားကြည့်ကာ : “ ရှဲန်းရှန် ကျွန်တော်တို့အခုဘယ်ကိုသွားမှာလဲ ကုမ္ပဏီကိုပြန်မှာလား”

“ကုမ္ပဏီကိုမပြန်သေးဘူး”

သူက လူငယ်လေးရဲ့နှုတ်ခမ်းကို သုတ်ပေးလိုက်သည်။ သူ့လက်ချောင်းတွေက လူငယ်လေးရဲ့မှိန်ဖျော့ဖျော့ပါးမို့မို့ထက် ခေတ္တရပ်တန့်သွားပြီး ရှန်ရိကျင်းကပြောလာသည်

“ ကိုယ်တို့ကိုင်တွယ်စရာတွေ ရှိသေးတယ်”

“……”

ကျင်ရွှင်က ချက်ချင်းတစ်စုံတစ်ခုကို သဘောပေါက်သွားကာ သိလိုစိတ်အပြည့်ဖြင့်မေးလိုက်သည် : “ရှဲန်းရှန် ဘယ်သူက ကျွန်တော့်ကိုနာမည်ဖျက်ချင်နေတာလဲဆိုတာ သိသွားပြီလား”

ထိုအချိန်မှာ သူတို့သတိမထားမိခဲ့တဲ့အရာတွေကို သိပ်အာရုံမစိုက်ခဲ့ပေ။ အင်တာနက်ပေါ်က ခိုးချတဲ့ပို့စ်တွေက ပြောင်းပြန်လှန်ခံရပြီးနောက် မနက်အစောပိုင်းက “ချောမောတဲ့လူငယ်လေးတွေ အချင်းချင်း အတွင်းကျကျအစာချက်ကြတယ်”ဆိုတဲ့ ပို့စ်က ဗြုန်းစားကြီးပေါက်ကွဲသွားသည်။

ထိုဟာက ဖိုရမ်ပေါ်မှာ ချက်ချင်းကောမန့်ပေါင်း50000ကျော် ရရှိသွားပြီး အဓိကကျောင်းပရဝုဏ်တွေရဲ့အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ အရိုင်းဆန်စွာ ပြန်တင်ခြင်းခံနေရသည်။

တစ်ခဏခန့်ကြာပြီးနောက် နိုင်ငံရဲ့အကျော်ကြားဆုံးသောဆိုရှယ်မီဒီယာပလက်ဖောင်းတွေအားလုံးက ဒီအကြောင်းချည်းပဲဖြစ်နေကြပြီး နှစ်ဦးသားရဲ့ဓာတ်ပုံတွေက hot search ထိတောင်ရောက်လုနီးနီးပင်။

 

Continue Reading

You'll Also Like

346K 38.3K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
436K 54K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...