ကီးဘုတ်အင်မော်တယ်-ဇူအန်

Galing kay SoeHmue

44.7K 5.9K 37

အတွဲ(၂) Higit pa

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

223

284 41 0
Galing kay SoeHmue

Chapter 223: ရွေးချယ်စရာ

“မင်းရဲ့ ကိုယ်ခန္ဓာ နေရာအနှံ့ နဲ့ ကီ သွေးကြောတွေနဲ့ ရင်းနှီးတဲ့သူက ငါတစ်ယောက်တည်းလေ။ အားဘယ်လောက်စိုက်ထုတ်ရမလဲဆိုတာရယ် ၊ ဘယ်နေရာမှာ အားထည့်သင့်လဲဆိုတာမျိုး ငါပဲသိတယ်။ နည်းနည်းလေးမှားလိုက်တာနဲ့ အဲ့ဒါက မင်းရဲ့ ကီသွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အလွယ်တကူ ဖျက်ဆီးသွားနိုင်တယ်။ အဲ့ဒါကြောင့် ဒါက မင်းရဲ့ ကိုယ်တွင်းပိုင်းအခြေအနေကို ကောင်းကောင်းနားမလည်တဲ့ သူတွေအတွက် မဖြစ်နိုင်တဲ့ အလုပ်ပဲ” ဇူအန် ပြောလိုက်သည်။

သူ အမှန်ပြောနေခြင်းမဟုတ်ပါ။ ချူချူယန်၏ အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်သည့်သူသည် အမှန်မှာ မိန်လိ ဖြစ်သည်။ အရင်တုန်းက ချူချူယန်ကိုယ်ထဲသို့ ဝင်ပူးခဲ့ဖူးသဖြင့် ချူချူယန်ကိုယ်တွင်းထဲရှိ အခြေအနေကို တစ်လက်မမှမကျန်အောင် သူမ သိခွင့်ရခဲ့သည်။
သို့သော် မိန်လိ၏တည်ရှိမှုကို မထုတ်ပြောရန် သူ ကတိပေးခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူသာ ကိုယ်စားပြုပြောဆိုနိုင်တော့သည်။

ချူချူယန်သည် ယင်းစကားများကြောင့် အံ့အားသင့်သွားပြီး “နင်က ဘာလို့ငါ့ကိုယ်ခန္ဓာအခြေအနေနဲ့ ရင်းနှီးနေတာလဲ”

ဇူအန် ညင်သာစွာ ရယ်ပြီး ပြောလိုက်သည်။ “မင်း မေ့သွားပြီလား။ မြေအောက်နန်းဆောင်ထဲ ကိုယ် မင်းကို ကုပေးတုန်းက မင်းရဲ့ ကီသွေးကြောတွေကို ပြုပြင်ပေးဖို့ ကိုယ် အာရုံစိုက်ခဲ့တာလေ။ မင်းကိုယ်ခန္ဓာထဲက အခြေအနေနဲ့ မရင်းနှီးစရာအကြောင်း လုံးဝမရှိဘူး။ ဒီလောကမှာ ကိုယ့်ထက် မင်းရဲ့ ကိုယ်ခန္ဓာထဲက အခြေအနေကို ကောင်းကောင်းပိုသိတဲ့သူ တစ်ယောက်မှ မရှိဘူး”

ချူချူယန် မျက်နှာ ချက်ချင်းနီရဲသွားပြီး “တော်…တော်ပြီ။ ထပ်မပြောနဲ့တော့။ မြန်မြန် ငါ့ကို အပ်စိုက်ကုထုံးနဲ့ ကုပေးတော့”

ဇူအန် နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး ချန်ရှို့ပင်းအား ကြိုပြင်ဆင်ခိုင်းထားခဲ့သည့် ဆေးများကို ထုတ်လိုက်သည်။ ဆေးပင်များကို အမှုန့်အဖြစ်သို့ ကြိတ်ချေလိုက်ပြီးမှ ဆေးအမယ်တစ်ခုတည်းအဖြစ်သို့ ရောနှောဖော်စပ်လိုက်သည်။

ဆေးဘက်ဝင်အပင်များ၏ အနံ့အသက်ကို ရရှိလိုက်သဖြင့် ချူချူယန် မနေနိုင်ဘဲ မေးလိုက်သည်။ “နင် ဆေးပညာကိုရော သိတာလား။ ဒါပေမယ့် ငါသိထားသလောက်ဆို နင် ဆေးပညာကို အရင်တုန်းက မလေ့လာဖူးပါဘူး”

“ငါ့ကို သူ့ပညာတွေ လက်ဆင့်ကမ်းပေးတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အဖိုးတစ်ယောက်ရှိတယ်လို့ ပြောပြခဲ့ဖူးတယ်မလား။ အဲ့ပညာတွေမှာ ဆေးပညာလည်း ပါတယ်။ ဒီအတိုင်း ဆေးပညာကဏ္ဍဘက်ကို ငါ အရမ်းစိတ်မဝင်စားခဲ့လို့ပါ။ မင်းရဲ့အခြေအနေကြောင့်ပဲ ပြန်စဉ်းစားလိုက်တာ” ဇူအန် ပြုံးရင်း ပြန်ပြောလိုက်သည်။

“ဘယ်သူ့ကို အဖိုးကြီးလို့ ပြောလိုက်တာလဲ” သူ့ခေါင်းထဲ၌ မိန်လိသည် ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။ “ငါက အသက်ကြီးတဲ့ပုံ ပေါက်လို့လား”

ကျေးဇူးပြုပြီး အခုဆို မင်း နှစ်ထောင်ချီကျော်လောက် အသက်ရှင်နေခဲ့ပြီးပြီလေ။ ကိုယ့်ကိုကိုယ် သတိပြုနိုင်မှု အဲ့လောက်တောင် ကင်းမဲ့တာလား။
မည်သို့ပင်ဖြစ်စေ ဇူအန်သည် ထိုစကားများကို အသံကျယ်ကျယ်ဖြင့် ထုတ်ပြောဖို့ လုံးဝမဖြစ်နိုင်ပါ။ သူ အလျှင်အမြန် ပြန်ပြောလိုက်ရသည်။
“ကျုပ် ခင်ဗျားအကြောင်း ပြောနေတာမဟုတ်ဘူး။ ခင်ဗျားဆီကနေ သင်ယူလေ့လာထားတဲ့ ဗဟုသုတတွေကို ရှင်းပြဖို့ အရင်တုန်းက ကျုပ် လုပ်ကြံဖန်တီးထားတဲ့ လူပုံရိပ်ကို အသုံးချရုံသက်သက်ပဲ”

“အဲ့လိုမှပေါ့” မိန်လိ အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။ “ပြောရင်းဆိုရင်းနဲ့ မင်းရဲ့ ပညာတွေအားလုံးကို ဘယ်ကနေ ကောက်ရခဲ့လဲဆိုတာ ငါ တကယ်စိတ်ဝင်စားမိတယ်။ ငါတို့ ပထမဆုံးစတွေ့တွေ့ချင်းတုန်းကလည်း မင်း ငါ့နာမည်ကို ချက်ခြင်းသိသွားခဲ့တယ်လေ”

ဇူအန် သူ့ကိုယ်သူ အကျဉ်းအကျပ်ထဲ ရောက်သွားအောင် တွန်းပို့မိလိုက်သဖြင့် အကြီးအကျယ် နောင်တရသွားသည်။ သူမကို အမှန်အတိုင်း မပြောဘဲ အရာအားလုံးကို ဟိုလျို့ဝှက်ဆန်းကြယ်တဲ့ အဖိုးအိုအပေါ်ပဲ ပုံချလိုက်မယ်။

“ကျုပ်တို့ အဲ့အကြောင်းကို နောက်မှ ပြောလည်း ရပါတယ်။ ဘယ်လိုပဲဆိုဆို ခင်ဗျား ကျုပ်နဲ့ အချိန်တစ်ခုလောက်ထိတော့ နေနေအုံးမှာပဲလေ။ ကျုပ် လျို့ဝှက်ချက်တွေကို နောက် အလိုလိုသိလာမှာပါ။ အခုတော့ ကျုပ်ဇနီးကို ကယ်တင်မယ့်အပေါ်မှာပဲ အရင်အာရုံစိုက်ရအောင်” ဇူအန် ပြောလိုက်သည်။

မိန်လိ တိတ်ဆိတ်သွားသည်။ မသိမသာ လက်ခံသည့် လက္ခဏာပင်ဖြစ်၏။ ၎င်းက ဇူအန်ကို သက်ပြင်းချသွားစေနိုင်ခဲ့သည်။

“ဘာဖြစ်တာလဲ” ဇူအန်က မိန်းမောတွေဝေပြီး ရပ်နေသဖြင့် သူ့အမူအရာ ပြောင်းလဲမှုသေးသေးလေးကိုပင် ချူချူယန် သတိထားမိသွားခဲ့သည်။

“ဘာမှမဟုတ်ဘူး။ အခု စကြရအောင်” ဇူအန် လက်ဆန့်ပြီး ချူချူယန်လက်ကို ဖမ်းဆုပ်ဖို့ လုပ်လိုက်သည်။

ချူချူယန်သည် အလိုအလျောက် သူမလက်ကို ပြန်ဆွဲနှုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဇူအန်ကလည်း မလွှတ်ပေးပါ။ ထို့အစား သူမလက်ကို သူ့ဘက်သို့ အတင်းဆွဲပစ်လိုက်သည်။
သူမတုံ့ပြန်ပုံသည် အနည်းငယ် လွန်သွားကြောင်း ချူချူယန် သိသည်။ သူက သူမကို ကုပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ရုန်းကန်လိုစိတ်ကို ချိုးနှိမ်ပြီး သူ့စိတ်တိုင်းကျ လုပ်ရန် ခွင့်ပြုပေးလိုက်သည်။

ဇူအန် သူ့ငွေရောင်အပ်များကို ထူးခြားဆန်းကြယ်သော ဆေးရည်ထဲသို့ ခဏစိမ်ထားလိုက်ပြီးနောက် ညင်ညင်သာသာလေး ခါလိုက်သည်။ သူ့ရွေ့လျားမှုများသည် အလွန်ချောမွေ့သဖြင့် သက်တမ်းရင့် ဆေးဆရာတစ်ယောက်နှင့်ပင် တူနေသည်။
၎င်းက ချူချူယန်ကို ခါတိုင်းထက် ပိုပြီး စိတ်ရှုပ်ထွေးသွားစေသည်။ ဒီကောင်က တကယ်ကြီး လျို့ဝှက်ချက်အများကြီးဖုံးကွယ်ထားတာပဲ။

ထို့နောက် မှုန်ဝါးသော ယင်ကောင်တစ်ကောင်သည် သူမမျက်စိရှေ့မှ ဖြတ်သန်းပျံသန်းသွားပြီး သူမ မသိခင်၌ ငွေရောင်အပ်များသည် သူမလက်မနှင့်လက်ညိုးကြား အရေပြားဆက်တွင် ထိုးစိုက်နေခဲ့ပြီးသားဖြစ်နေသည်။

တအံ့တသြနှင့် မျက်တောင်တပုပ်ပုပ် ခတ်လိုက်သည်။ ကုသမှုဖြစ်စဉ်က နာကျင်မယ်လို့ သူမ မျှော်လင့်ထားခဲ့တာ၊ ဒါပေမယ့် သူမ ဘာကိုဘာမှ လုံးဝမခံစားရဘူး။ ထို့အစား ငွေရောင်အပ်များမှတစ်ဆင့် သူမကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားသည့် ပူနွေးမှုကို သူမ ခံစားနေရသည်။

ထို့နောက် ဇူအန်သည် သူမအင်္ကျီလက်ကို ပုခုံးထိ တွန်းတင်ပေးထားလိုက်သည်။ သူမ၏ လှပချောမွတ်သော လက်မောင်းများ ပေါ်လွင်လာ၏။

“ရှင် ဘာလုပ်တာလဲ” ချူချူယန် ကြောက်လန့်သွားသည်။

“မင်း ဒီလောက်အပြင်းအထန် တုံ့ပြန်ဖို့ မလိုပါဘူး။ ဘယ်လိုပဲဆိုဆို ဒါပထမဆုံးအကြိမ် တွေ့ရတာမှ မဟုတ်တာ။ အရင်တစ်ခေါက်တုန်းက ငါမင်းတစ်ကိုယ်လုံးကိုတောင် အနမ်းတွေပေးခဲ့ပြီးပြီပဲ။ အခု မင်းလက်မောင်းပေါ်က အခြားသွေးကြောဆုံမှတ်နေရာတွေမှာ အပ်စိုက်ပေးမလို့ပါ” ဇူအန် ပြောလိုက်သည်။

ယင်းစကားများကြောင့် ချူချူယန် ပြောမပြတတ်အောင် ရှက်သွားသည်။ မနေနိုင်ဘဲ မြေအောက်နန်းဆောင်တုန်းက သူမ တကိုယ်လုံးကို နမ်းရှိုက်နေခဲ့သည့် သူ့ပုံရိပ်ကို ပြန်စဉ်းစားမိသွားသည်။ ၎င်းက သူမကို အနည်းငယ် စိတ်တိုသွားစေသလို ရှက်လည်းရှက်သွားစေခဲ့သည်။

သင်သည် ချူချူယန်ထံမှ အမျက်ပွိုင့် ၃၃ ရရှိပါသည်။

အမျက်ပွိုင့်ရောက်လာသောကြောင့် သူမ အရမ်းစိတ်ဆိုးသွားသလားဟု ဇူအန်ရင်ထိတ်သွားသည်။ သို့သော် အမျက်ပွိုင့်ပမာဏကို တွေ့သည့်အခါမှ စိတ်အေးသွားသည်။ သူမမချင့်မရဲ ဖြစ်နေတာပဲ ဖြစ်ရမည်။

“မင်းစိတ်အာရုံတွေကို ပြန်စုစည်းထားလိုက်။ အဲ့လိုမဟုတ်မဟပ်အဓိပ္ပါယ်မရှိတာတွေကို မစဉ်းစားနဲ့တော့” မိန်လိက သတိပေးလိုက်သည်။

သူ အမှားတစ်ချက်လေးတောင် လုပ်လို့ မဖြစ်ကြောင်း သိထားသဖြင့် ဇူအန် လျှင်လျှင်မြန်မြန် အာရုံစုစည်းပြီး မိန်လိ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။ သူ့ကီများကို သူမလက်မောင်းပေါ်က ငွေရောင်အပ်များမှတစ်ဆင့် သွေးကြောဆုံမှတ်သို့ ပို့ပေးပြီး ၎င်းတို့ကို ကမ္ဘာဦးကီအလွှာတစ်ခုထဲ၌ လွှမ်းခြုံထားလိုက်သည်။

ကမ္ဘာဦးကီသည် သူ ကမ္ဘာဦးမူလကျင့်စဉ် အဆင့် ၄ မရောက်ခင်အထိ ဘယ်သူ့အပေါ်မှာမှ ပြန်ကောင်းမွန်လာသော အကျိုးအာနိသင်မျိုး သက်ရောက်မှာ မဟုတ်ချေ။ သို့သော် သူသည် အရင်တုန်းက ချူချူယန်နှင့် နှီးနှောဆက်ဆံခဲ့ပြီး သူ့ကမ္ဘာဦးကီဖြင့် သူ့ကီသွေးကြောများကို ပြုပြင်ပေးခဲ့သည်။ ရလဒ်အနေဖြင့် သူမ ကီသွေးကြောများထဲတွင် သူ့ကမ္ဘာဦးကီများ အနည်းအကျဉ်း ကျန်နေခဲ့ကြသေးသည်။ ထို့ကြောင့် သူမ ကိုယ်တွင်းရှိ ကမ္ဘာဦးကီနှင့် ဖြည့်စွက်ပေါင်းစည်းစေခြင်းဖြင့် သွေးကြောဆုံမှတ်သို့ သူ ပို့ပေးနိုင်သည်။

ထိုစဉ် ချူချူယန်သည် သူ၏ အပ်စိုက်ကုသပုံ ကျွမ်းကျင်မှုကြောင့် အံ့အားသင့်နေသည်။ အေးစက်စက်စွမ်းအင်သည် သူမလက်မောင်းမှတစ်ဆင့် ငွေရောင်အပ်များစီသို့ စီးဆင်းသွားနေကြကြောင်း သူ ခံစားမိသည်။ ထို့နောက် ယင်းငွေရောင်အပ်များတွင် ဆီးနှင်းများ ခဲလာပြီး အပူငွေ့ဖြင့် ပျောက်ကွယ်သွားကြကြောင်းကို သူမ ထင်ထင်ရှားရှား မြင်လိုက်ရသည်။

ဇူအန်သည် သူမဘယ်ဘက်လက်မောင်းကို အခံ တစ်ခုပေါ် ညင်ညင်သာသာလေး တင်ပေးလိုက်သည်။ သို့သော် အပ်များကို မဆွဲနှုတ်သေးပါ။ ထို့အစား သူမညာဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်တွင် ချူချူယန်သည် ကုသမှုက အကျိုးသက်ရောက်မှုရှိကြောင်း ပြောနိုင်ပြီဖြစ်သည်။ ထို့ကြောင့် နောက်ထပ်မခုခံတော့ပါ။ ထို့အစား သူနှင့်အတူ ပူးပေါင်းပေးပြီး သူမလက်မောင်းကို မ လိုက်၍ သူမအင်္ကျီလက်ကို ပုခုံးထိ တင်ခွင့်ပြုလိုက်သည်။

ဇူအန်သည် သူမညာဘက်လက်မောင်းပေါ်တွင်လည်း တစ်ထပ်တည်းတူအောင် လုပ်လိုက်သည်။ သူမလက်မောင်းကို ငွေရောင်အပ်များနှင့် ပြည့်နှက်သွားစေလိုက်၏။ 

“မင်း ဘယ်လိုခံစားရလဲ” ဇူအန်သည် သူမညာဘက်လက်မောင်းကို အခံတစ်ခုပေါ် တင်ပေးရင်းဖြင့် မေးလိုက်သည်။

“ငါ့လက်တွေက နောက်ထပ်မအေးစိမ့်တော့ဘူး။ ငါ့သွေးကြောဆုံမှတ်ပတ်ပတ်လည်က ဆီးနှင်းခဲတွေလည်း ဖြည်းဖြည်းချင်း အပြင်ဘက်ဆီ ထွက်လာနေကြပြီ” အနီးနားပတ်ဝန်းကျင်ရှိ အဖြူရောင်မြူခိုးများကို စိုက်ကြည့်ရင်း ချူချူယန် ပြန်ပြောလိုက်သည်။ “ဒါက တကယ်အလုပ်ဖြစ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး”

ယင်းစကားနှင့် ပတ်သက်ပြီး ဇူအန် ပြန်ဖြေလိုက်သည်။ “ဒါက အဲ့လောက်မရိုးစင်းဘူး။ မင်းခန္ဓာကိုယ်ထဲ စုပြုံနေတဲ့ ဆီးနှင်းခဲတွေက အရမ်းဆိုးရွားလွန်းတယ်။ မင်းရဲ့ မြင့်မားတဲ့ အရည်အသွေးက ဒီတစ်ခါတော့ မင်းကို အပြင်းအထန် ခံစားစေလိုက်တာပဲ။ မင်းရဲ့ကျင့်ကြံခြင်းအဆင့် တက်တာ အရမ်းမြန်လွန်းလို့ မင်းရဲ့ ခန္ဓာကိုယ်က ဆီးနှင်းခဲစုဆောင်းမှုကို နေသားမကျနိုင်ဘူး။ အဲ့ဒါက မင်း ဒဏ်ရာသေးသေးလေးရသွားတိုင်း တန်ပြန်မှုခံစားရအောင်ထိ အလွန်အားနည်းသွားစေတာ”

“အခုမှ ငါပြန်စဉ်းစားကြည့်လိုက်တာ ဒီပြဿနာကို ခြေရာခံလိုက်ရင် အိမ်တော်ပြိုင်ပွဲကနေ စခဲ့တာပဲ။ ဝူတိ နဲ့ တိုက်ခိုက်ရင်း မင်း ဆိုးရွားပြင်းထန်တဲ့ ဒဏ်ရာရခဲ့တုန်းကလေ။ အဲ့တုန်းကတော့ မင်း ထိန်းချုပ်နိုင်ခဲ့သေးတယ်။ ဒါပေမယ့် မျိုးစေ့က အဲ့ကတည်းက ရှိနေခဲ့ပြီးသားပဲ။ နောက်တော့ မင်းရဲ့ ကီကြောတွေ ပျက်စီးသွားတယ်၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မှေးမှိန်ကြာပန်းကြောင့် အတင်း မြင့်တက်သွားခဲ့တယ်၊ ရှီလဲ့ဇီရဲ့ ရိုက်ချက်ကိုလည်း မင်း ခံစားခဲ့ရသေးတယ်။ အဲ့အဖြစ်တွေအားလုံးက မင်းကိုယ်ထဲက ဆီးနှင်းခဲတွေကို လုံးဝမထိန်းချုပ်နိုင်တော့အောင် ဖြစ်သွားစေတာပဲ”

ဤအကြောင်းအရာများသည် မိန်လိ၏ စိတ်ဖြာသုံးသပ်ချက်ဖြစ်ပြီး သူက ချူချူယန်ထံ ပြန်ပြောရုံသက်သက်သာဖြစ်သည်။ အိမ်တော်ပြိုင်ပွဲနှင့် ပတ်သက်သည့် ကိစ္စသည် ဤပြဿနာကို ပိုပြီး တိတိကျကျ ချင့်ချိန်သုံးသပ်နိုင်ရန် သူ မိန်လိကို ပြောပြခဲ့ခြင်းဖြစ်သည်။

“အမှန်ပဲ” ချူချူယန် ဇူအန်ကို အကြီးအကျယ် အထင်ကြီးမိသွားသည်။ သူ့စိတ်ဖြာသုံးသပ်ချက်က အတိအကျ မှန်ကန်နေသည်။

“စုဆောင်းသွားတဲ့ ဆီးနှင်းခဲတွေက မင်းရဲ့ ကိုယ်အင်္ဂါတွေနဲ့ ကီသွေးကြောတွေအထိ စိမ့်ဝင်သွားခဲ့ပြီးပြီ၊ အဲ့ဒါက ဒီပြဿနာကို ပိုရှုပ်ထွေးသွားစေတာ။ ဒါက ရက်ပိုင်းအတွင်း ဖြေရှင်းလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ မင်းကိုယ်ထဲက ဆီးနှင်းခဲတွေကို ရှင်းထုတ်ပြီး လက်ရှိမင်းအခြေအနေကနေ ပြန်ကောင်းသွားဖို့ဆို အနည်းဆုံးတော့ နှစ်လ သုံးလလောက်အထိ နေ့စဉ်နေ့တိုင်း အပ်စိုက်ကုထုံး လုပ်ဖို့လိုလိမ့်မယ်” ဇူအန် ပြောလိုက်သည်။

“ဒါဆို ငါနင့်ကို ဒုက္ခပေးရတော့မှာပဲ” ချူချူယန် သက်ပြင်းချလိုက်သည်။

ဆေးဆရာ ပေါင်းယွဲ့လု ကတောင် ခုနတုန်းက သူမအခြေအနေကို မျှော်လင့်ချက်မရှိဘူး၊ ကျီတန်ထုကတောင် သူမအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမတတ်နိုင်လောက်ဘူးလို့ ပြောခဲ့တာလေ။ နှစ်လ သုံးလအတွင်း သူမ ပြန်ကောင်းနိုင်လောက်တယ်ဆိုသည့် အသိက သူမအတွက် အံ့သြဖွယ်ဖြစ်နေပြီဖြစ်သည်။

သို့သော် ဇူအန် ဆက်ပြောလသည့် စကားများက သူမကို ဆွံ့အသွားစေခဲ့သည်။ “မင်း ငါနဲ့ ပူးပေါင်းချင်တယ်ဆိုတော့ ကောင်းတာပဲ။ ကောင်းပြီ အခု မင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်တော့”

“…” ချူချူယန်

“ဘာလို့ငါ့ကို စိုက်ကြည့်နေတာလဲ။ အခုချိန်ထိ ငါလုပ်ခဲ့တာတွေအားလုံးက မင်းရဲ့လက်မောင်းတစ်လျှောက်က ဆီးနှင်းခဲတွေကို ရှင်းထုတ်ဖို့လေ။ အခု ပိုအရေးကြီးတာက မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲ စုပြုံနေတဲ့ ဆီးနှင်းခဲတွေပဲ” ဇူအန် မျက်စိလိမ့်စောင်းလိုက်ပြီး “မင်းရဲ့ အဝတ်အစားတွေကို မချွတ်ရင် ကိုယ် ဘယ်လိုလုပ် အပ်စိုက်ကုထုံး လုပ်နိုင်မလဲ”

“ကျွန်မ….” ၎င်းသည် ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုမှုဖြစ်ကြောင်း ချူချူယန် သိပါသည်။ သို့သော် သူမ၏ ရှက်သွေးဖြာမှုက သူမကို လုံးဝလမ်းပျောက်သွားစေသည်။

“မင်းခန္ဓာကိုယ်ကို ကိ်ုယ် မမြင်ဖူးတာမျိုးမှ မဟုတ်တာ။ အဲ့ဒါကြောင့် မင်း အရမ်းစိတ်ပူနေဖို့ မလိုပါဘူး” ဇူအန် ပြန်ပြောလိုက်သည်။ “အဲ့ဒါနဲ့ ပတ်သက်ပြီး မင်း စနိုးစနောင့်ဖြစ်နေရင် ပထမနည်းလမ်းနဲ့ ငါတို့လုပ်လို့လည်း ရတယ်။ တကယ်တော့ အဲ့ဒါက ပိုအကျိုးသက်ရောက်နိုင်စွမ်းရှိတယ်။ မင်းလည်း ရက်ပိုင်းအတွင်း ပြန်ကောင်းသွားမှာ။ လုပ်ငန်းစဉ်ကလည်း ပိုပျော်ဖို့ ကောင်း…အဟမ်း အဟမ်း သင့်တော်တယ်လို့ ပြောချင်တာ”

ချူချူယန် ချက်ချင်းပင် ပြင်းပြင်းထန်ထန် ခေါင်းခါလိုက်သည်။ ပထမနည်းလမ်းကို သူမ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိပါ။ “ရှင့်မျက်လုံးတွေကို စည်းထားလို့ ရမလား။ အပ်စိုက်ကုထုံးကို ကျွမ်းကျင်တဲ့ ဆေးဆရာတွေက မျက်လုံးမှိတ်ထားလျက်နှင့်တောင် လုပ်နိုင်ကြတယ်လို့ ကျွန်မ ကြားခဲ့ဖူးတယ်။”

“အဲ့တာတော့ မဖြစ်ဘူး” ဇူအန် ယတိပြတ် ငြင်းလိုက်သည်။ “ငါက အဲ့လိုဆေးဆရာတွေလောက် မကျွမ်းကျင်သလို မင်းအခြေအနေကလည်း အဲ့လိုမျိုးစွန့်စားဖို့အတွက်တော့ အရမ်းဆိုးရွားနေတယ်။ အစပိုင်းနည်းနည်းလေး မှားလိုက်ရုံနဲ့ မင်းရဲ့ကီသွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတို့ကို ကြီးကြီးမားမား ပျက်စီသွားစေနိုင်တယ်။ ဒီလောက်ရှုပ်ထွေးတဲ့ ကုသမှုအတွက် ငါ့အာရုံတစ်ခုကို ပိတ်ပြီး ခက်ခဲနှုန်းကို မြှင့်တင်လိုက်ရင် ငါ ရူးမိုက်နေတာပဲ ဖြစ်ရမယ်”

“……” ချူချူယန်

အချိန်အတန်ကြာကြာသွားပြီးနောက် သူမနှုတ်ခမ်းကို ကိုက်ပြီး ဇူအန်ကို စူးစူးရှရှ စိုက်ကြည့်၍ ပြောလိုက်သည်။ “နင် တမင်လုပ်နေတာမဟုတ်လား”

“ဘာပြောချင်တာလဲ” ဇူအန် ဘာမှမသိသလိုမျိုး ပြန်မေးလိုက်သည်။
စိတ်ကောက်နေလျက်နှင့်တောင် သူမက လှမြဲလှနေဆဲပဲ။ ဒါက တကယ့် ငါ့မျက်စိအစာပဲ။

“နင် ပြောတဲ့ ကုသဖို့ နည်းလမ်းနှစ်ခုလုံးက..ဟိုလိုမျိုးတွေချည်းပဲလေ။ ဒါက လုံးဝရွေးချယ်မှုမှ မဟုတ်တာ” ချူချူယန် စိတ်တိုသွားသည်။ “တတိယနည်းလမ်းမရှိဘူးလား”

ဇူအန် သက်မချပြီး ပြောလိုက်သည်။ “အသည်းလေး မင်းအခြေအနေက ဘယ်လောက်ရှုပ်ထွေးလဲဆိုတာ မင်းလည်း သိမှာပဲ။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိနေတာကို ကျေးဇူးတောင်တင်ရမှာ။ ဘယ်လိုလုပ် တတိယနည်းလမ်း ရှိနိုင်မှာလဲ”

ချူချူယန် အလွန်စိတ်ရှုပ်ထွေးသွားသည်။ ပြောစရာမလိုအောင် ပထမနည်းလမ်းက လုံးဝပင် ၊ ဒါပေမယ့် ဒုတိယနည်းလမ်းကလည်း……

သူမ၏ တုံ့ဆိုင်းတွေဝေနေမှုကို ခံစားမိသဖြင့် ဇူအန် ထပ်ပြောလိုက်သည်။ “ပုဝါအပါးလေးနဲ့ မင်းရဲ့ အထိမခံနိုင်တဲ့ အပိုင်းတွေကို ဖုံးထားလို့ရပါတယ်။ အဲ့လိုနေရာတွေမှာလည်း အပ်စိုက်ဖို့ လိုလိမ့်မယ်လို့ ကိုယ် မထင်ဘူး”

ထိုစကားများကြားသည့်အခါ ချူချူယန်သည် စိတ်သက်သာစွာ သက်ပြင်းချပြီး ပြောလိုက်သည်။ “ကောင်းတယ်…ဒါဆို ဒုတိယနည်းလမ်းအတိုင်း လုပ်ကြရအောင်”

ထိုစဉ် ဇူအန်သည် သူ့အောင်မြင်မှုအတွက် ဝမ်းမြောက်ပျော်ရွှင်နေသည်။ လူတွေက ဒီလိုပဲလေ။ အစကတည်းက ဒုတိယနည်းလမ်းကို သူ ပြောလိုက်ရင် သူမက လုံးဝလက်ခံမှာ မဟုတ်ချေ။ ဒါပေမယ့် လုံးဝလက်ခံနိုင်ခြေမရှိတဲ့ ပထမနည်းလမ်းကို အရင်ပြောပြခြင်းဖြင့် ၎င်းက ဒုတိယနည်းလမ်းကို ပိုပြီး လက်သင့်ခံချင်စရာကောင်းသည့်ပုံ ပေါက်သွားစေသည်။

လုခွန်း ရဲ့ အဆိုတွေက တကယ်မှန်နေတာပဲ။ တကယ်လို့ အကျဉ်းထောင်အခန်းတစ်ခုမှာ လေသာပြတင်းပေါက်လုပ်ဖို့ သင် တောင်းဆိုရင် တဖက်လူက လုံးဝလက်ခံမှာမဟုတ်ချေ။ ဒါပေမယ့် အမိုးတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ အရင်ပြောလိုက်မယ်ဆိုရင်တော့ တဖက်လူက ဆွေးနွေးညှိနှိုင်းပြီး လေသာပြတင်းပေါက် လုပ်ဖို့ ခွင့်ပြုနိုင်ချေရှိသည်။

“ကျွန်မတို့…အနောက်ဘက်ကနေ စလို့ရမလား” ချူချူယန် ခေါင်းငုံ့လိုက်သည်။ သူမအသက်ရှူနှုန်း အနည်းငယ်လျှင်မြန်နေ၏။ အခုချိန်တွင် သူမ စိုးရိမ်ထိတ်လန့်နေသည်မှာ သိသာနေသည်။

“ရတာပေါ့ ကိစ္စမရှိပါဘူး” ဇူအန် ပြုံးရင်း ပြန်ပြောလိုက်သည်။

ချူချူယန်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် နှုတ်ခမ်းကိုက်နေပြီးမှ နောက်ဆုံး၌ သက်မချလိုက်သည်။ သူမခါးစည်းကြိုးကို ပြေလျော့သွားစေလိုက်သည်။ သူမ၏ ပိုးခြည်ဝတ်ရုံသည် သူမပုခုံးပေါ်မှ လျောကျပြီး သူမ၏ နောက်ကျောအလှ ပေါ်လွင်လာခဲ့သည်။

လပြည့်မြို့၏ နံပါတ် တစ် အလှမယ်ဆိုသည့်အတိုင်း သူမ အသားအရေသည် အရမ်းချောမွေ့ပြီး မှန်တစ်ချပ်နှင့်ပင် တူနေသည်။ သူမကောက်ကြောင်းသည် ခါးမှတစ်ဆင့် တင်ပါးဆုံထိ တစ်လျှောက်လုံး ညက်ညောပြေပြစ်စွာ ကော့ညွှတ်နေသည်။ သူမကိုယ်ပေါ် အပြစ်နာဆာ ပြောစရာ တစ်ခုလေးပင် မရှိပါ။

ချူချူယန်သည် ပိုးခြည်စဖြင့် သူမကိုယ်အရှေ့ပိုင်းကို ဖုံးကာရင်း အသံတိုးတိုးဖြင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။ “ဘာလို့မစသေးတာလဲ”

----- ----- ----------------------------------------- --- --- - - - - - - -

Chapter 223: ေ႐ြးခ်ယ္စရာ

မင္းရဲ႕ ကိုယ္ခႏၶာ ေနရာအႏွံ႕ နဲ႕ ကီ ေသြးေၾကာေတြနဲ႕ ရင္းႏွီးတဲ့သူက ငါတစ္ေယာက္တည္းေလ။ အားဘယ္ေလာက္စိုက္ထုတ္ရမလဲဆိုတာရယ္ ၊ ဘယ္ေနရာမွာ အားထည့္သင့္လဲဆိုတာမ်ိဳး ငါပဲသိတယ္။ နည္းနည္းေလးမွားလိုက္တာနဲ႕ အဲ့ဒါက မင္းရဲ႕ ကီေသြးေၾကာေတြနဲ႕ ကိုယ္တြင္းအဂၤါေတြကို အလြယ္တကူ ဖ်က္ဆီးသြားနိုင္တယ္။ အဲ့ဒါေၾကာင့္ ဒါက မင္းရဲ႕ ကိုယ္တြင္းပိုင္းအေျခအေနကို ေကာင္းေကာင္းနားမလည္တဲ့ သူေတြအတြက္ မျဖစ္နိုင္တဲ့ အလုပ္ပဲ ဇူအန္ ေျပာလိုက္သည္။

သူ အမွန္ေျပာေနျခင္းမဟုတ္ပါ။ ခ်ဴခ်ဴယန္၏ အေျခအေနႏွင့္ ရင္းႏွီးကြၽမ္းဝင္သည့္သူသည္ အမွန္မွာ မိန္လိ ျဖစ္သည္။ အရင္တုန္းက ခ်ဴခ်ဴယန္ကိုယ္ထဲသို႔ ဝင္ပူးခဲ့ဖူးသျဖင့္ ခ်ဴခ်ဴယန္ကိုယ္တြင္းထဲရွိ အေျခအေနကို တစ္လက္မမွမက်န္ေအာင္ သူမ သိခြင့္ရခဲ့သည္။
သို႔ေသာ္ မိန္လိ၏တည္ရွိမႈကို မထုတ္ေျပာရန္ သူ ကတိေပးခဲ့သည္။ ထို႔ေၾကာင့္ သူ႕ကိုယ္သူသာ ကိုယ္စားျပဳေျပာဆိုနိုင္ေတာ့သည္။

ခ်ဴခ်ဴယန္သည္ ယင္းစကားမ်ားေၾကာင့္ အံ့အားသင့္သြားၿပီး နင္က ဘာလို႔ငါ့ကိုယ္ခႏၶာအေျခအေနနဲ႕ ရင္းႏွီးေနတာလဲ

ဇူအန္ ညင္သာစြာ ရယ္ၿပီး ေျပာလိုက္သည္။ မင္း ေမ့သြားၿပီလား။ ေျမေအာက္နန္းေဆာင္ထဲ ကိုယ္ မင္းကို ကုေပးတုန္းက မင္းရဲ႕ ကီေသြးေၾကာေတြကို ျပဳျပင္ေပးဖို႔ ကိုယ္ အာ႐ုံစိုက္ခဲ့တာေလ။ မင္းကိုယ္ခႏၶာထဲက အေျခအေနနဲ႕ မရင္းႏွီးစရာအေၾကာင္း လုံးဝမရွိဘူး။ ဒီေလာကမွာ ကိုယ့္ထက္ မင္းရဲ႕ ကိုယ္ခႏၶာထဲက အေျခအေနကို ေကာင္းေကာင္းပိုသိတဲ့သူ တစ္ေယာက္မွ မရွိဘူး

ခ်ဴခ်ဴယန္ မ်က္ႏွာ ခ်က္ခ်င္းနီရဲသြားၿပီး ေတာ္ေတာ္ၿပီ။ ထပ္မေျပာနဲ႕ေတာ့။ ျမန္ျမန္ ငါ့ကို အပ္စိုက္ကုထုံးနဲ႕ ကုေပးေတာ့

ဇူအန္ ႏူးႏူးညံ့ညံ့ ၿပဳံးလိုက္ၿပီး ခ်န္ရွို႔ပင္းအား ႀကိဳျပင္ဆင္ခိုင္းထားခဲ့သည့္ ေဆးမ်ားကို ထုတ္လိုက္သည္။ ေဆးပင္မ်ားကို အမႈန့္အျဖစ္သို႔ ႀကိတ္ေခ်လိဳက္ၿပီးမွ ေဆးအမယ္တစ္ခုတည္းအျဖစ္သို႔ ေရာႏွောေဖာ္စပ္လိုက္သည္။

ေဆးဘက္ဝင္အပင္မ်ား၏ အနံ႕အသက္ကို ရရွိလိုက္သျဖင့္ ခ်ဴခ်ဴယန္ မေနနိုင္ဘဲ ေမးလိုက္သည္။ နင္ ေဆးပညာကိုေရာ သိတာလား။ ဒါေပမယ့္ ငါသိထားသေလာက္ဆို နင္ ေဆးပညာကို အရင္တုန္းက မေလ့လာဖူးပါဘူး

ငါ့ကို သူ႕ပညာေတြ လက္ဆင့္ကမ္းေပးတဲ့ လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အဖိုးတစ္ေယာက္ရွိတယ္လို႔ ေျပာျပခဲ့ဖူးတယ္မလား။ အဲ့ပညာေတြမွာ ေဆးပညာလည္း ပါတယ္။ ဒီအတိုင္း ေဆးပညာက႑ဘက္ကို ငါ အရမ္းစိတ္မဝင္စားခဲ့လို႔ပါ။ မင္းရဲ႕အေျခအေနေၾကာင့္ပဲ ျပန္စဥ္းစားလိုက္တာ ဇူအန္ ၿပဳံးရင္း ျပန္ေျပာလိုက္သည္။

ဘယ္သူ႕ကို အဖိုးႀကီးလို႔ ေျပာလိုက္တာလဲ သူ႕ေခါင္းထဲ၌ မိန္လိသည္ ေဒါသတႀကီးျဖင့္ ေအာ္ဟစ္ေနသည္။ ငါက အသက္ႀကီးတဲ့ပုံ ေပါက္လို႔လား

ေက်းဇူးျပဳၿပီး အခုဆို မင္း ႏွစ္ေထာင္ခ်ီေက်ာ္ေလာက္ အသက္ရွင္ေနခဲ့ၿပီးၿပီေလ။ ကိုယ့္ကိုကိုယ္ သတိျပဳနိုင္မႈ အဲ့ေလာက္ေတာင္ ကင္းမဲ့တာလား။
မည္သို႔ပင္ျဖစ္ေစ ဇူအန္သည္ ထိုစကားမ်ားကို အသံက်ယ္က်ယ္ျဖင့္ ထုတ္ေျပာဖို႔ လုံးဝမျဖစ္နိုင္ပါ။ သူ အလွ်င္အျမန္ ျပန္ေျပာလိုက္ရသည္။
က်ဳပ္ ခင္ဗ်ားအေၾကာင္း ေျပာေနတာမဟုတ္ဘူး။ ခင္ဗ်ားဆီကေန သင္ယူေလ့လာထားတဲ့ ဗဟုသုတေတြကို ရွင္းျပဖို႔ အရင္တုန္းက က်ဳပ္ လုပ္ႀကံဖန္တီးထားတဲ့ လူပုံရိပ္ကို အသုံးခ်႐ုံသက္သက္ပဲ

အဲ့လိုမွေပါ့ မိန္လိ ေအးစက္စက္ျဖင့္ ႏွာမႈတ္လိုက္သည္။ ေျပာရင္းဆိုရင္းနဲ႕ မင္းရဲ႕ ပညာေတြအားလုံးကို ဘယ္ကေန ေကာက္ရခဲ့လဲဆိုတာ ငါ တကယ္စိတ္ဝင္စားမိတယ္။ ငါတို႔ ပထမဆုံးစေတြ႕ေတြ႕ခ်င္းတုန္းကလည္း မင္း ငါ့နာမည္ကို ခ်က္ျခင္းသိသြားခဲ့တယ္ေလ

ဇူအန္ သူ႕ကိုယ္သူ အက်ဥ္းအက်ပ္ထဲ ေရာက္သြားေအာင္ တြန္းပို႔မိလိုက္သျဖင့္ အႀကီးအက်ယ္ ေနာင္တရသြားသည္။ သူမကို အမွန္အတိုင္း မေျပာဘဲ အရာအားလုံးကို ဟိုလ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အဖိုးအိုအေပၚပဲ ပုံခ်လိဳက္မယ္။

က်ဳပ္တို႔ အဲ့အေၾကာင္းကို ေနာက္မွ ေျပာလည္း ရပါတယ္။ ဘယ္လိုပဲဆိုဆို ခင္ဗ်ား က်ဳပ္နဲ႕ အခ်ိန္တစ္ခုေလာက္ထိေတာ့ ေနေနအုံးမွာပဲေလ။ က်ဳပ္ လ်ိဳ႕ဝွက္ခ်က္ေတြကို ေနာက္ အလိုလိုသိလာမွာပါ။ အခုေတာ့ က်ဳပ္ဇနီးကို ကယ္တင္မယ့္အေပၚမွာပဲ အရင္အာ႐ုံစိုက္ရေအာင္ ဇူအန္ ေျပာလိုက္သည္။

မိန္လိ တိတ္ဆိတ္သြားသည္။ မသိမသာ လက္ခံသည့္ လကၡဏာပင္ျဖစ္၏။ ၎က ဇူအန္ကို သက္ျပင္းခ်သြားေစနိုင္ခဲ့သည္။

ဘာျဖစ္တာလဲ ဇူအန္က မိန္းေမာေတြေဝၿပီး ရပ္ေနသျဖင့္ သူ႕အမူအရာ ေျပာင္းလဲမႈေသးေသးေလးကိုပင္ ခ်ဴခ်ဴယန္ သတိထားမိသြားခဲ့သည္။

ဘာမွမဟုတ္ဘူး။ အခု စၾကရေအာင္ ဇူအန္ လက္ဆန့္ၿပီး ခ်ဴခ်ဴယန္လက္ကို ဖမ္းဆုပ္ဖို႔ လုပ္လိုက္သည္။

ခ်ဴခ်ဴယန္သည္ အလိုအေလ်ာက္ သူမလက္ကို ျပန္ဆြဲႏႈတ္ဖို႔ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ ဇူအန္ကလည္း မလႊတ္ေပးပါ။ ထို႔အစား သူမလက္ကို သူ႕ဘက္သို႔ အတင္းဆြဲပစ္လိုက္သည္။
သူမတုံ႕ျပန္ပုံသည္ အနည္းငယ္ လြန္သြားေၾကာင္း ခ်ဴခ်ဴယန္ သိသည္။ သူက သူမကို ကုေပးေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ႐ုန္းကန္လိုစိတ္ကို ခ်ိဳးႏွိမ္ၿပီး သူ႕စိတ္တိုင္းက် လုပ္ရန္ ခြင့္ျပဳေပးလိုက္သည္။

ဇူအန္ သူ႕ေငြေရာင္အပ္မ်ားကို ထူးျခားဆန္းၾကယ္ေသာ ေဆးရည္ထဲသို႔ ခဏစိမ္ထားလိုက္ၿပီးေနာက္ ညင္ညင္သာသာေလး ခါလိုက္သည္။ သူ႕ေ႐ြ႕လ်ားမႈမ်ားသည္ အလြန္ေခ်ာေမြ႕သျဖင့္ သက္တမ္းရင့္ ေဆးဆရာတစ္ေယာက္ႏွင့္ပင္ တူေနသည္။
၎က ခ်ဴခ်ဴယန္ကို ခါတိုင္းထက္ ပိုၿပီး စိတ္ရႈပ္ေထြးသြားေစသည္။ ဒီေကာင္က တကယ္ႀကီး လ်ိဳ႕ဝွက္ခ်က္အမ်ားႀကီးဖုံးကြယ္ထားတာပဲ။

ထို႔ေနာက္ မႈန္ဝါးေသာ ယင္ေကာင္တစ္ေကာင္သည္ သူမမ်က္စိေရွ႕မွ ျဖတ္သန္းပ်ံသန္းသြားၿပီး သူမ မသိခင္၌ ေငြေရာင္အပ္မ်ားသည္ သူမလက္မႏွင့္လက္ညိုးၾကား အေရျပားဆက္တြင္ ထိုးစိုက္ေနခဲ့ၿပီးသားျဖစ္ေနသည္။

တအံ့တၾသႏွင့္ မ်က္ေတာင္တပုပ္ပုပ္ ခတ္လိုက္သည္။ ကုသမႈျဖစ္စဥ္က နာက်င္မယ္လို႔ သူမ ေမွ်ာ္လင့္ထားခဲ့တာ၊ ဒါေပမယ့္ သူမ ဘာကိုဘာမွ လုံးဝမခံစားရဘူး။ ထို႔အစား ေငြေရာင္အပ္မ်ားမွတစ္ဆင့္ သူမကိုယ္ထဲသို႔ စိမ့္ဝင္ပ်ံ့ႏွံ႕သြားသည့္ ပူႏြေးမႈကို သူမ ခံစားေနရသည္။

ထို႔ေနာက္ ဇူအန္သည္ သူမအကၤ်ီလက္ကို ပုခုံးထိ တြန္းတင္ေပးထားလိုက္သည္။ သူမ၏ လွပေခ်ာမြတ္ေသာ လက္ေမာင္းမ်ား ေပၚလြင္လာ၏။

ရွင္ ဘာလုပ္တာလဲ ခ်ဴခ်ဴယန္ ေၾကာက္လန့္သြားသည္။

မင္း ဒီေလာက္အျပင္းအထန္ တုံ႕ျပန္ဖို႔ မလိုပါဘူး။ ဘယ္လိုပဲဆိုဆို ဒါပထမဆုံးအႀကိမ္ ေတြ႕ရတာမွ မဟုတ္တာ။ အရင္တစ္ေခါက္တုန္းက ငါမင္းတစ္ကိုယ္လုံးကိုေတာင္ အနမ္းေတြေပးခဲ့ၿပီးၿပီပဲ။ အခု မင္းလက္ေမာင္းေပၚက အျခားေသြးေၾကာဆုံမွတ္ေနရာေတြမွာ အပ္စိုက္ေပးမလို႔ပါ ဇူအန္ ေျပာလိုက္သည္။

ယင္းစကားမ်ားေၾကာင့္ ခ်ဴခ်ဴယန္ ေျပာမျပတတ္ေအာင္ ရွက္သြားသည္။ မေနနိုင္ဘဲ ေျမေအာက္နန္းေဆာင္တုန္းက သူမ တကိုယ္လုံးကို နမ္းရွိုက္ေနခဲ့သည့္ သူ႕ပုံရိပ္ကို ျပန္စဥ္းစားမိသြားသည္။ ၎က သူမကို အနည္းငယ္ စိတ္တိုသြားေစသလို ရွက္လည္းရွက္သြားေစခဲ့သည္။

သင္သည္ ခ်ဴခ်ဴယန္ထံမွ အမ်က္ပြိုင့္ ၃၃ ရရွိပါသည္။

အမ်က္ပြိုင့္ေရာက္လာေသာေၾကာင့္ သူမ အရမ္းစိတ္ဆိုးသြားသလားဟု ဇူအန္ရင္ထိတ္သြားသည္။ သို႔ေသာ္ အမ်က္ပြိုင့္ပမာဏကို ေတြ႕သည့္အခါမွ စိတ္ေအးသြားသည္။ သူမမခ်င့္မရဲ ျဖစ္ေနတာပဲ ျဖစ္ရမည္။

မင္းစိတ္အာ႐ုံေတြကို ျပန္စုစည္းထားလိုက္။ အဲ့လိုမဟုတ်မဟပ်အဓိပ္ပါယ်မရှိတာတွေကို မစဥ္းစားနဲ႕ေတာ့ မိန္လိက သတိေပးလိုက္သည္။

သူ အမွားတစ္ခ်က္ေလးေတာင္ လုပ္လို႔ မျဖစ္ေၾကာင္း သိထားသျဖင့္ ဇူအန္ လွ်င္လွ်င္ျမန္ျမန္ အာ႐ုံစုစည္းၿပီး မိန္လိ ၫႊန္ၾကားခ်က္အတိုင္း လိုက္လုပ္လိုက္သည္။ သူ႕ကီမ်ားကို သူမလက္ေမာင္းေပၚက ေငြေရာင္အပ္မ်ားမွတစ္ဆင့္ ေသြးေၾကာဆုံမွတ္သို႔ ပို႔ေပးၿပီး ၎တို႔ကို ကမၻာဦးကီအလႊာတစ္ခုထဲ၌ လႊမ္းၿခဳံထားလိုက္သည္။

ကမၻာဦးကီသည္ သူ ကမၻာဦးမူလက်င့္စဥ္ အဆင့္ ၄ မေရာက္ခင္အထိ ဘယ္သူ႕အေပၚမွာမွ ျပန္ေကာင္းမြန္လာေသာ အက်ိဳးအာနိသင္မ်ိဳး သက္ေရာက္မွာ မဟုတ္ေခ်။ သို႔ေသာ္ သူသည္ အရင္တုန္းက ခ်ဴခ်ဴယန္ႏွင့္ ႏွီးႏွောဆက္ဆံခဲ့ၿပီး သူ႕ကမၻာဦးကီျဖင့္ သူ႕ကီေသြးေၾကာမ်ားကို ျပဳျပင္ေပးခဲ့သည္။ ရလဒ္အေနျဖင့္ သူမ ကီေသြးေၾကာမ်ားထဲတြင္ သူ႕ကမၻာဦးကီမ်ား အနည္းအက်ဥ္း က်န္ေနခဲ့ၾကေသးသည္။ ထို႔ေၾကာင့္ သူမ ကိုယ္တြင္းရွိ ကမၻာဦးကီႏွင့္ ျဖည့္စြက္ေပါင္းစည္းေစျခင္းျဖင့္ ေသြးေၾကာဆုံမွတ္သို႔ သူ ပို႔ေပးနိုင္သည္။

ထိုစဥ္ ခ်ဴခ်ဴယန္သည္ သူ၏ အပ္စိုက္ကုသပုံ ကြၽမ္းက်င္မႈေၾကာင့္ အံ့အားသင့္ေနသည္။ ေအးစက္စက္စြမ္းအင္သည္ သူမလက္ေမာင္းမွတစ္ဆင့္ ေငြေရာင္အပ္မ်ားစီသို႔ စီးဆင္းသြားေနၾကေၾကာင္း သူ ခံစားမိသည္။ ထို႔ေနာက္ ယင္းေငြေရာင္အပ္မ်ားတြင္ ဆီးႏွင္းမ်ား ခဲလာၿပီး အပူေငြ႕ျဖင့္ ေပ်ာက္ကြယ္သြားၾကေၾကာင္းကို သူမ ထင္ထင္ရွားရွား ျမင္လိုက္ရသည္။

ဇူအန္သည္ သူမဘယ္ဘက္လက္ေမာင္းကို အခံ တစ္ခုေပၚ ညင္ညင္သာသာေလး တင္ေပးလိုက္သည္။ သို႔ေသာ္ အပ္မ်ားကို မဆြဲႏႈတ္ေသးပါ။ ထို႔အစား သူမညာဘက္လက္ကို ဆုပ္ကိုင္လိုက္သည္။

ထိုအခ်ိန္တြင္ ခ်ဴခ်ဴယန္သည္ ကုသမႈက အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ေျပာနိုင္ၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေနာက္ထပ္မခုခံေတာ့ပါ။ ထို႔အစား သူႏွင့္အတူ ပူးေပါင္းေပးၿပီး သူမလက္ေမာင္းကို မ လိုက္၍ သူမအကၤ်ီလက္ကို ပုခုံးထိ တင္ခြင့္ျပဳလိုက္သည္။

ဇူအန္သည္ သူမညာဘက္လက္ေမာင္းေပၚတြင္လည္း တစ္ထပ္တည္းတူေအာင္ လုပ္လိုက္သည္။ သူမလက္ေမာင္းကို ေငြေရာင္အပ္မ်ားႏွင့္ ျပည့္ႏွက္သြားေစလိုက္၏။ 

မင္း ဘယ္လိုခံစားရလဲ ဇူအန္သည္ သူမညာဘက္လက္ေမာင္းကို အခံတစ္ခုေပၚ တင္ေပးရင္းျဖင့္ ေမးလိုက္သည္။

ငါ့လက္ေတြက ေနာက္ထပ္မေအးစိမ့္ေတာ့ဘူး။ ငါ့ေသြးေၾကာဆုံမွတ္ပတ္ပတ္လည္က ဆီးႏွင္းခဲေတြလည္း ျဖည္းျဖည္းခ်င္း အျပင္ဘက္ဆီ ထြက္လာေနၾကၿပီ အနီးနားပတ္ဝန္းက်င္ရွိ အျဖဴေရာင္ျမဴခိုးမ်ားကို စိုက္ၾကည့္ရင္း ခ်ဴခ်ဴယန္ ျပန္ေျပာလိုက္သည္။ ဒါက တကယ္အလုပ္ျဖစ္လိမ့္မယ္လို႔ ငါ မထင္ခဲ့ဘူး

ယင္းစကားႏွင့္ ပတ္သက္ၿပီး ဇူအန္ ျပန္ေျဖလိုက္သည္။ ဒါက အဲ့ေလာက္မရိုးစင္းဘူး။ မင္းခႏၶာကိုယ္ထဲ စုၿပဳံေနတဲ့ ဆီးႏွင္းခဲေတြက အရမ္းဆိုး႐ြားလြန္းတယ္။ မင္းရဲ႕ ျမင့္မားတဲ့ အရည္အေသြးက ဒီတစ္ခါေတာ့ မင္းကို အျပင္းအထန္ ခံစားေစလိုက္တာပဲ။ မင္းရဲ႕က်င့္ႀကံျခင္းအဆင့္ တက္တာ အရမ္းျမန္လြန္းလို႔ မင္းရဲ႕ ခႏၶာကိုယ္က ဆီးႏွင္းခဲစုေဆာင္းမႈကို ေနသားမက်နိဳင္ဘူး။ အဲ့ဒါက မင္း ဒဏ္ရာေသးေသးေလးရသြားတိုင္း တန္ျပန္မႈခံစားရေအာင္ထိ အလြန္အားနည္းသြားေစတာ

အခုမွ ငါျပန္စဥ္းစားၾကည့္လိုက္တာ ဒီျပႆနာကို ေျခရာခံလိုက္ရင္ အိမ္ေတာ္ၿပိဳင္ပြဲကေန စခဲ့တာပဲ။ ဝူတိ နဲ႕ တိုက္ခိုက္ရင္း မင္း ဆိုး႐ြားျပင္းထန္တဲ့ ဒဏ္ရာရခဲ့တုန္းကေလ။ အဲ့တုန္းကေတာ့ မင္း ထိန္းခ်ဳပ္နိုင္ခဲ့ေသးတယ္။ ဒါေပမယ့္ မ်ိဳးေစ့က အဲ့ကတည္းက ရွိေနခဲ့ၿပီးသားပဲ။ ေနာက္ေတာ့ မင္းရဲ႕ ကီေၾကာေတြ ပ်က္စီးသြားတယ္၊ မင္းရဲ႕က်င့္ႀကံျခင္းအဆင့္ကလည္း ေမွးမွိန္ၾကာပန္းေၾကာင့္ အတင္း ျမင့္တက္သြားခဲ့တယ္၊ ရွီလဲ့ဇီရဲ႕ ရိုက္ခ်က္ကိုလည္း မင္း ခံစားခဲ့ရေသးတယ္။ အဲ့အျဖစ္ေတြအားလုံးက မင္းကိုယ္ထဲက ဆီးႏွင္းခဲေတြကို လုံးဝမထိန္းခ်ဳပ္နိုင္ေတာ့ေအာင္ ျဖစ္သြားေစတာပဲ

ဤအေၾကာင္းအရာမ်ားသည္ မိန္လိ၏ စိတ္ျဖာသုံးသပ္ခ်က္ျဖစ္ၿပီး သူက ခ်ဴခ်ဴယန္ထံ ျပန္ေျပာ႐ုံသက္သက္သာျဖစ္သည္။ အိမ္ေတာ္ၿပိဳင္ပြဲႏွင့္ ပတ္သက္သည့္ ကိစၥသည္ ဤျပႆနာကို ပိုၿပီး တိတိက်က် ခ်င့္ခ်ိန္သုံးသပ္နိုင္ရန္ သူ မိန္လိကို ေျပာျပခဲ့ျခင္းျဖစ္သည္။

အမွန္ပဲ ခ်ဴခ်ဴယန္ ဇူအန္ကို အႀကီးအက်ယ္ အထင္ႀကီးမိသြားသည္။ သူ႕စိတ္ျဖာသုံးသပ္ခ်က္က အတိအက် မွန္ကန္ေနသည္။

စုေဆာင္းသြားတဲ့ ဆီးႏွင္းခဲေတြက မင္းရဲ႕ ကိုယ္အဂၤါေတြနဲ႕ ကီေသြးေၾကာေတြအထိ စိမ့္ဝင္သြားခဲ့ၿပီးၿပီ၊ အဲ့ဒါက ဒီျပႆနာကို ပိုရႈပ္ေထြးသြားေစတာ။ ဒါက ရက္ပိုင္းအတြင္း ေျဖရွင္းလို႔ရတဲ့ ကိစၥ မဟုတ္ဘူး။ မင္းကိုယ္ထဲက ဆီးႏွင္းခဲေတြကို ရွင္းထုတ္ၿပီး လက္ရွိမင္းအေျခအေနကေန ျပန္ေကာင္းသြားဖို႔ဆို အနည္းဆုံးေတာ့ ႏွစ္လ သုံးလေလာက္အထိ ေန႕စဥ္ေန႕တိုင္း အပ္စိုက္ကုထုံး လုပ္ဖို႔လိုလိမ့္မယ္ ဇူအန္ ေျပာလိုက္သည္။

ဒါဆို ငါနင့္ကို ဒုကၡေပးရေတာ့မွာပဲ ခ်ဴခ်ဴယန္ သက္ျပင္းခ်လိဳက္သည္။

ေဆးဆရာ ေပါင္းယြဲ႕လု ကေတာင္ ခုနတုန္းက သူမအေျခအေနကို ေမွ်ာ္လင့္ခ်က္မရွိဘူး၊ က်ီတန္ထုကေတာင္ သူမအေျခအေနနဲ႕ ပတ္သက္ၿပီး ဘာမွမတတ္နိုင္ေလာက္ဘူးလို႔ ေျပာခဲ့တာေလ။ ႏွစ္လ သုံးလအတြင္း သူမ ျပန္ေကာင္းနိုင္ေလာက္တယ္ဆိုသည့္ အသိက သူမအတြက္ အံ့ၾသဖြယ္ျဖစ္ေနၿပီျဖစ္သည္။

သို႔ေသာ္ ဇူအန္ ဆက္ေျပာလသည့္ စကားမ်ားက သူမကို ဆြံ႕အသြားေစခဲ့သည္။ မင္း ငါနဲ႕ ပူးေပါင္းခ်င္တယ္ဆိုေတာ့ ေကာင္းတာပဲ။ ေကာင္းၿပီ အခု မင္းရဲ႕ အဝတ္အစားေတြကို ခြၽတ္လိုက္ေတာ့

ခ်ဴခ်ဴယန္

ဘာလို႔ငါ့ကို စိုက္ၾကည့္ေနတာလဲ။ အခုခ်ိန္ထိ ငါလုပ္ခဲ့တာေတြအားလုံးက မင္းရဲ႕လက္ေမာင္းတစ္ေလွ်ာက္က ဆီးႏွင္းခဲေတြကို ရွင္းထုတ္ဖို႔ေလ။ အခု ပိုအေရးႀကီးတာက မင္းရဲ႕ ကိုယ္တြင္းအဂၤါေတြထဲ စုၿပဳံေနတဲ့ ဆီးႏွင္းခဲေတြပဲ ဇူအန္ မ်က္စိလိမ့္ေစာင္းလိုက္ၿပီး မင္းရဲ႕ အဝတ္အစားေတြကို မခြၽတ္ရင္ ကိုယ္ ဘယ္လိုလုပ္ အပ္စိုက္ကုထုံး လုပ္နိုင္မလဲ

ကြၽန္မ. ၎သည္ က်ိဳးေၾကာင္းဆီေလ်ာ္သည့္ ေတာင္းဆိုမႈျဖစ္ေၾကာင္း ခ်ဴခ်ဴယန္ သိပါသည္။ သို႔ေသာ္ သူမ၏ ရွက္ေသြးျဖာမႈက သူမကို လုံးဝလမ္းေပ်ာက္သြားေစသည္။

မင္းခႏၶာကိုယ္ကို ကိ်ုယ် မျမင္ဖူးတာမ်ိဳးမွ မဟုတ္တာ။ အဲ့ဒါေၾကာင့္ မင္း အရမ္းစိတ္ပူေနဖို႔ မလိုပါဘူး ဇူအန္ ျပန္ေျပာလိုက္သည္။ အဲ့ဒါနဲ႕ ပတ္သက္ၿပီး မင္း စနိုးစေနာင့္ျဖစ္ေနရင္ ပထမနည္းလမ္းနဲ႕ ငါတို႔လုပ္လို႔လည္း ရတယ္။ တကယ္ေတာ့ အဲ့ဒါက ပိုအက်ိဳးသက္ေရာက္နိုင္စြမ္းရွိတယ္။ မင္းလည္း ရက္ပိုင္းအတြင္း ျပန္ေကာင္းသြားမွာ။ လုပ္ငန္းစဥ္ကလည္း ပိုေပ်ာ္ဖို႔ ေကာင္းအဟမ္း အဟမ္း သင့္ေတာ္တယ္လို႔ ေျပာခ်င္တာ

ခ်ဴခ်ဴယန္ ခ်က္ခ်င္းပင္ ျပင္းျပင္းထန္ထန္ ေခါင္းခါလိုက္သည္။ ပထမနည္းလမ္းကို သူမ လုံးဝလက္ခံနိုင္စရာအေၾကာင္းမရွိပါ။ ရွင့္မ်က္လုံးေတြကို စည္းထားလို႔ ရမလား။ အပ္စိုက္ကုထုံးကို ကြၽမ္းက်င္တဲ့ ေဆးဆရာေတြက မ်က္လုံးမွိတ္ထားလ်က္ႏွင့္ေတာင္ လုပ္နိုင္ၾကတယ္လို႔ ကြၽန္မ ၾကားခဲ့ဖူးတယ္။

အဲ့တာေတာ့ မျဖစ္ဘူး ဇူအန္ ယတိျပတ္ ျငင္းလိုက္သည္။ ငါက အဲ့လိုေဆးဆရာေတြေလာက္ မကြၽမ္းက်င္သလို မင္းအေျခအေနကလည္း အဲ့လိုမ်ိဳးစြန့္စားဖို႔အတြက္ေတာ့ အရမ္းဆိုး႐ြားေနတယ္။ အစပိုင္းနည္းနည္းေလး မွားလိုက္႐ုံနဲ႕ မင္းရဲ႕ကီေသြးေၾကာေတြနဲ႕ ကိုယ္တြင္းအဂၤါတို႔ကို ႀကီးႀကီးမားမား ပ်က္စီသြားေစနိုင္တယ္။ ဒီေလာက္ရႈပ္ေထြးတဲ့ ကုသမႈအတြက္ ငါ့အာ႐ုံတစ္ခုကို ပိတ္ၿပီး ခက္ခဲႏႈန္းကို ျမႇင့္တင္လိုက္ရင္ ငါ ႐ူးမိုက္ေနတာပဲ ျဖစ္ရမယ္

ခ်ဴခ်ဴယန္

အခ်ိန္အတန္ၾကာၾကာသြားၿပီးေနာက္ သူမႏႈတ္ခမ္းကို ကိုက္ၿပီး ဇူအန္ကို စူးစူးရွရွ စိုက္ၾကည့္၍ ေျပာလိုက္သည္။ နင္ တမင္လုပ္ေနတာမဟုတ္လား

ဘာေျပာခ်င္တာလဲ ဇူအန္ ဘာမွမသိသလိုမ်ိဳး ျပန္ေမးလိုက္သည္။
စိတ္ေကာက္ေနလ်က္ႏွင့္ေတာင္ သူမက လွၿမဲလွေနဆဲပဲ။ ဒါက တကယ့္ ငါ့မ်က္စိအစာပဲ။

နင္ ေျပာတဲ့ ကုသဖို႔ နည္းလမ္းႏွစ္ခုလုံးက..ဟိုလိုမ်ိဳးေတြခ်ည္းပဲေလ။ ဒါက လုံးဝေ႐ြးခ်ယ္မႈမွ မဟုတ္တာ ခ်ဴခ်ဴယန္ စိတ္တိုသြားသည္။ တတိယနည္းလမ္းမရွိဘူးလား

ဇူအန္ သက္မခ်ၿပီး ေျပာလိုက္သည္။ အသည္းေလး မင္းအေျခအေနက ဘယ္ေလာက္ရႈပ္ေထြးလဲဆိုတာ မင္းလည္း သိမွာပဲ။ အခု မင္းမွာ ေ႐ြးခ်ယ္စရာႏွစ္ခု ရွိေနတာကို ေက်းဇူးေတာင္တင္ရမွာ။ ဘယ္လိုလုပ္ တတိယနည္းလမ္း ရွိနိုင္မွာလဲ

ခ်ဴခ်ဴယန္ အလြန္စိတ္ရႈပ္ေထြးသြားသည္။ ေျပာစရာမလိုေအာင္ ပထမနည္းလမ္းက လုံးဝပင္ ၊ ဒါေပမယ့္ ဒုတိယနည္းလမ္းကလည္း

သူမ၏ တုံ႕ဆိုင္းေတြေဝေနမႈကို ခံစားမိသျဖင့္ ဇူအန္ ထပ္ေျပာလိုက္သည္။ ပုဝါအပါးေလးနဲ႕ မင္းရဲ႕ အထိမခံနိုင္တဲ့ အပိုင္းေတြကို ဖုံးထားလို႔ရပါတယ္။ အဲ့လိုေနရာေတြမွာလည္း အပ္စိုက္ဖို႔ လိုလိမ့္မယ္လို႔ ကိုယ္ မထင္ဘူး

ထိုစကားမ်ားၾကားသည့္အခါ ခ်ဴခ်ဴယန္သည္ စိတ္သက္သာစြာ သက္ျပင္းခ်ၿပီး ေျပာလိုက္သည္။ ေကာင္းတယ္ဒါဆို ဒုတိယနည္းလမ္းအတိုင္း လုပ္ၾကရေအာင္

ထိုစဥ္ ဇူအန္သည္ သူ႕ေအာင္ျမင္မႈအတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနသည္။ လူေတြက ဒီလိုပဲေလ။ အစကတည္းက ဒုတိယနည္းလမ္းကို သူ ေျပာလိုက္ရင္ သူမက လုံးဝလက္ခံမွာ မဟုတ္ေခ်။ ဒါေပမယ့္ လုံးဝလက္ခံနိုင္ေျခမရွိတဲ့ ပထမနည္းလမ္းကို အရင္ေျပာျပျခင္းျဖင့္ ၎က ဒုတိယနည္းလမ္းကို ပိုၿပီး လက္သင့္ခံခ်င္စရာေကာင္းသည့္ပုံ ေပါက္သြားေစသည္။

လုခြန္း ရဲ႕ အဆိုေတြက တကယ္မွန္ေနတာပဲ။ တကယ္လို႔ အက်ဥ္းေထာင္အခန္းတစ္ခုမွာ ေလသာျပတင္းေပါက္လုပ္ဖို႔ သင္ ေတာင္းဆိုရင္ တဖက္လူက လုံးဝလက္ခံမွာမဟုတ္ေခ်။ ဒါေပမယ့္ အမိုးတစ္ခုလုံးကို ဖ်က္ဆီးပစ္ဖို႔ အရင္ေျပာလိုက္မယ္ဆိုရင္ေတာ့ တဖက္လူက ေဆြးႏြေးညွိႏွိုင္းၿပီး ေလသာျပတင္းေပါက္ လုပ္ဖို႔ ခြင့္ျပဳနိုင္ေခ်ရွိသည္။

ကြၽန္မတို႔အေနာက္ဘက္ကေန စလို႔ရမလား ခ်ဴခ်ဴယန္ ေခါင္းငုံ႕လိုက္သည္။ သူမအသက္ရႉႏႈန္း အနည္းငယ္လွ်င္ျမန္ေန၏။ အခုခ်ိန္တြင္ သူမ စိုးရိမ္ထိတ္လန့္ေနသည္မွာ သိသာေနသည္။

ရတာေပါ့ ကိစၥမရွိပါဘူး ဇူအန္ ၿပဳံးရင္း ျပန္ေျပာလိုက္သည္။

ခ်ဴခ်ဴယန္သည္ တုံ႕ဆိုင္းတုံ႕ဆိုင္းျဖင့္ ႏႈတ္ခမ္းကိုက္ေနၿပီးမွ ေနာက္ဆုံး၌ သက္မခ်လိဳက္သည္။ သူမခါးစည္းႀကိဳးကို ေျပေလ်ာ့သြားေစလိုက္သည္။ သူမ၏ ပိုးျခည္ဝတ္႐ုံသည္ သူမပုခုံးေပၚမွ ေလ်ာက်ၿပီး သူမ၏ ေနာက္ေက်ာအလွ ေပၚလြင္လာခဲ့သည္။

လျပည့္ၿမိဳ႕၏ နံပါတ္ တစ္ အလွမယ္ဆိုသည့္အတိုင္း သူမ အသားအေရသည္ အရမ္းေခ်ာေမြ႕ၿပီး မွန္တစ္ခ်ပ္ႏွင့္ပင္ တူေနသည္။ သူမေကာက္ေၾကာင္းသည္ ခါးမွတစ္ဆင့္ တင္ပါးဆုံထိ တစ္ေလွ်ာက္လုံး ညက္ေညာေျပျပစ္စြာ ေကာ့ၫႊတ္ေနသည္။ သူမကိုယ္ေပၚ အျပစ္နာဆာ ေျပာစရာ တစ္ခုေလးပင္ မရွိပါ။

ခ်ဴခ်ဴယန္သည္ ပိုးျခည္စျဖင့္ သူမကိုယ္အေရွ႕ပိုင္းကို ဖုံးကာရင္း အသံတိုးတိုးျဖင့္ ခပ္ဆတ္ဆတ္ေျပာလိုက္သည္။ ဘာလို႔မစေသးတာလဲ

----- ----- ----------------------------------------- --- --- - - - - - - -

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

160K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
124K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...
589K 15.2K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...