ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 57

13.2K 2.1K 94
By Cora0411

Zawgyi

Chapter 57 : သစ္ကုိင္းေတြၾကား ျဖတ္သန္းတိုက္ခတ္လာေသာေလ + 59မွတ္

က်င္ရႊင္က ရွန္ရိက်င္းေနာက္လိုက္ကာ ေလွကားကေနဆင္းျပီး ပထမထပ္ကုိ သြားၾကသည္။

မန္ေနဂ်ာက ေနာက္ကေန လုိက္ေနရင္း သူ႔နဖူးထက္ရွိ ေခၽြးေစးေတြကုိ မသုတ္ပဲမေနႏုိင္ေပ။

…ဒီလူႏွစ္ေယာက္ရဲ႕အဝတ္အစားေတြနဲ႔ အသြင္အျပင္ကုိၾကည့္မယ္ဆိုရင္ ခုနတုန္းက သူကဥကၠ႒ရွန္ရဲ႕အခ်ိန္ေကာင္းေလးကုိ ေႏွာင့္ယွက္ခဲ့မိပံုပဲ!

…ဘုရားေရ သူဘာလုပ္ခဲ့မိတာလဲ?!

ထန္းေရွာက္ရယ္ကုိ ထိန္းထားဖို႔ သူအရင္ဆံုး လူလႊတ္ျပီး ဒီမွာသူရွင္းျပီးမွ ဥကၠ႒ရွန္ကို သြားရွာခဲ့သင့္တာ…

မန္ေနဂ်ာက သူ႔ရဲ႕လြတ္ေနတဲ့ဦးေႏွာက္ေၾကာင့္ ေၾကာက္လန္႔လာကာ ဒယီးဒယိုင္ပင္ျဖစ္လာသည္။ အေရွ႕မွာေတာ့ ရွန္ရိက်င္းနဲ႔ က်င္ရႊင္က ပထမထပ္ကုိေရာက္သြားၾကျပီ။

ျမိဳ႕လယ္ေကာင္ရွိ ႏိုက္ကလပ္က ဧည့္သည္ေတြအမ်ားၾကီးရွိတာမို႔ သူတုိ႔က လံုျခံဳေရးကုိ အမ်ားၾကီးအာရုံစုိက္ရျပီး ထပ္ခါတလဲလဲ ေတာင့္တင္းေအာင္လုပ္ေနရသည္။

ဒီတစ္ၾကိမ္မွာ ထန္းလီက ေဒါသေပါက္ကြဲမႈတစ္ခုလုပ္ခဲ့ျပီး လံုျခံဳေရးေတြရဲ႕ ဆြဲျခင္းခံရကာ အခန္းငယ္ေလးတစ္ခုထဲေနရာခ်ခံထားရသည္။ သူက ဘာေႏွာင့္ယွက္မႈမွ မလုပ္ခဲ့တာမို႔ ဒါက ၾကီးမားတဲ့ျဖစ္ရပ္ေတာ့မဟုတ္ေပ။

သုိ႔ေပမယ့္ သူက ဥကၠ႒ရွန္ကုိယ္တုိင္ေခၚေဆာင္လာခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ကုိအသိေပးရန္ လိုအပ္ေနဆဲပင္။ အဲ့ေနာက္မွာ မန္ေနဂ်ာက သူ႔ကုိယ္သူအားတင္းရင္း တံခါးေခါက္ခဲ့တာျဖစ္သည္။

ရွန္ရိက်င္း ေအာက္ထပ္ကုိေရာက္ေတာ့ သီးသန္႔ခန္းတံခါးကုိတြန္းဖြင့္လိုက္ခ်ိန္ ဖရုိဖရဲပံုစံျဖင့္ ၾကမ္းျပင္ေပၚမွာ မလႈပ္မယွက္ထုိင္ေနေသာ ထန္းလီကုိေတြ႔လိုက္ရသည္။ သူ႔လက္ေတြကလည္း ဒဏ္ရာဒဏ္ခ်က္ေတြျဖင့္။

ေရွာင္ထန္းက သူ႔အစ္ကုိေဘးမွာ ေဆာင့္ေၾကာင့္ထုိင္ကာ သူ႔လက္ဖမိုးမွ ေသြးေတြကုိ တစ္ရွဴးျဖင့္သုတ္ေနသည္။

ရွန္ရိက်င္းရဲ႕အမူအရာက နက္ရိႈင္းသြားသည္။ သူကထန္းလီကိုေမးလိုက္သည္ : “ဘာေတြျဖစ္သြားတာလဲ စီနီယာ မင္းတစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္လာတာလား?”

ထန္းလီက ေနရာမွာပဲ ေတြေဝမိန္းေမာစြာထိုင္ေနျပီး စကားမေျပာေပ။ ေရွာင္ထန္းကလည္း မ်က္ႏွာထက္မွာ စိတ္ရႈပ္ေနတဲ့အမူအရာနဲ႔အတူ ေခါင္းငံု႔ထားသည္။

ဒါ့ေၾကာင့္ ေဘးဘက္ရွိ မန္ေနဂ်ာကပဲ ရွင္းျပလိုက္ရသည္ : “မဟုတ္..မဟုတ္ပါဘူး ဘယ္သူကမွ ထန္းေရွာက္ရယ္နဲ႔ ရန္မျဖစ္ခဲ့ပါဘူး”

ေနာက္ေနတာလား? ဥကၠ႒ရွန္က သူအေပၚတက္မသြားခင္ ထန္းေရွာက္ရယ္ကုိ ေစာင့္ၾကည့္ေပးထားဖို႔ မွာခဲ့တဲ့ဟာကုိ။ တကယ္လို႔ တစ္ဖက္လူသာ သူ႔မ်က္လံုးေအာက္မွာ အရုိက္ခံခဲ့ရရင္ သူဒီမွာထပ္ျပီးအလုပ္လုပ္ေနစရာ မလိုေတာ့ဘူး။

မန္ေနဂ်ာက ေျပာျပလုိက္၏ : “ သူ႔လက္က ဒဏ္ရာက…ထန္းေရွာက္ရယ္ဘာသာ လုပ္ထားတာပါ။ သူက နံရံကို ထိုးေနခဲ့တာ”

ရွန္ရိက်င္း : “…”

“မင္းတို႔အရင္ထြက္သြားလိုက္” သူက မသက္ဆိုင္တဲ့သူေတြအားလံုးကုိ တံခါးအျပင္ဘက္ပို႔လိုက္သည္။ ရွန္ရိက်င္းက ထန္းလီေရွ႕ ေဆာင့္ေၾကာင့္ထိုင္ခ်လုိက္သည္။

“ဘာျဖစ္ခဲ့တာလဲ?”

ဗလာျဖစ္ေနတဲ့အမူအရာနဲ႔ရွိေနေသာ ထန္းလီက သူေျပာတာကို မၾကားသလုိပင္ ဒါမွမဟုတ္ အသံမျပဳခ်င္ပံု။

ဒါ့ေၾကာင့္ ေရွာင္ထန္းကသာေျဖႏုိင္သည္ : “ ၾကည့္ရတာေတာ့…အစ္ကုိက်င္းပဲ”

တကယ္တမ္းေတာ့ ေရွာင္ထန္းလည္း ဘာျဖစ္ခဲ့မွန္းမသိေပ။

ခုနေလးတုန္းက သူနဲ႔သူ႔ကုိၾကီးက ကစားေနခဲ့ၾကတာ။ အစပုိင္းမွာေတာ့ ေပ်ာ္ဖို႔ေကာင္းေပမယ့္ တစ္နည္းတစ္ဖံုျဖင့္ သူ႔အစ္ကုိၾကီးရဲ႕အသားအေရာင္က ရုတ္ျခည္းေျပာင္းသြားကာ ဦးတည္ရာတစ္ခုကုိ တဟုန္ထုိးေျပးသြားသည္။

အကလႊာမွာက လူေတြအမ်ားၾကီးရွိေနတာမုိ႔ ေရွာင္ထန္းရဲ႕တုံ႔ျပန္မႈက စည္းခ်က္တစ္ဝက္စာေလာက္ ေႏွးေကြးသြားသည္။ သူက လူအုပ္ကုိတြန္းဖယ္ကာ မီေအာင္လိုက္သြားခ်ိန္ သူ႔ကုိၾကီးက ေပ်ာက္ကြယ္သြားႏွင့္ျပီ။

အၾကာၾကီးရွာျပီးတာေတာင္ သူ႔ကုိၾကီးကုိ သူရွာမေတြ႔ႏုိင္ခဲ့ေပ။ အဲ့ဒါက တစ္စံုတစ္ေယာက္ဆီကေန ရန္ပြဲတစ္ခုျဖစ္ေနတယ္လို႔ သူနားစြန္နားဖ်ားမၾကားခင္အထိေပ၊ သူ႔ကုိၾကီးကိုမ်ား ရွာႏုိင္မလားဆိုျပီး သူအေျပးသြားၾကည့္ခဲ့တာ။

ဒါေပမယ့္ သူေရာက္သြားခ်ိန္မွာ ဘာရန္ပြဲမွမေတြ႔ဘဲ နံရံကုိလက္သီးျဖင့္ထိုးေနေသာ သူ႔ကုိၾကီးကုိသာလွ်င္ ေတြ႔လိုက္ရသည္။

သူ႔ကုိၾကီးကုိထိန္းခ်ဳပ္ျပီးတဲ့အခ်ိန္ သူ႔ကုိၾကီးက ဘာမွမေျပာဘဲ…အစ္ကုိက်ဲ႕ဟိန္ရဲ႕နာမည္ကုိပဲ ေခၚေနတယ္

ေနာက္ပုိင္းမွာေတာ့ သူတုိ႔ကုိဒီေနရာမွာ သီးသန္႔ထားလုိက္တယ္။ သူ႔ကုိၾကီးက တျဖည္းျဖည္းစိတ္ျငိမ္ကာ အမူးေျပလာသည္။ သူက ဘာစကားမွမေျပာေတာ့ဘဲ မိန္းေမာစြာျဖင့္ထုိင္ေနေတာ့သည္။

“က်င္းက်ဲ႕ဟိန္?” ရွန္ရိက်င္းက နာမည္ကုိ ထပ္ခါထပ္ခါရြတ္လုိက္သည္။

ထန္းလီက ထိုနာမည္ကုိၾကားခ်ိန္ ေနာက္ဆံုးမွာေတာ့ တံု႔ျပန္မႈတစ္ခုရွိလာသည္။

အာရုံစူးစုိက္မႈမရွိတဲ့သူငယ္အိမ္ေတြက တစ္ဖန္ျပန္စုစည္းလာသည္။ တစ္ခဏၾကာျပီးေနာက္ ထန္းလီက ကြဲျပားစြာဝတ္ဆင္ထားျပီး သူ႔ကုိစိုက္ၾကည့္ေနတဲ့ က်င္ရႊင္ႏွင့္ရွန္ရိက်င္းအား ျမင္သြားေတာ့သည္ : “မင္းတို႔ေကာင္ေတြက ဘာလို႔…ဒါက ဘားမွာပဲရွိေသးတာလား? ရင္ဖိုစရာေကာင္းလိုက္တာ”

အကြာအေဝးတစ္ခု၌ မတ္တပ္ရပ္ေနေသာ က်င္ရႊင္ : “…?”

ဒါကုိေျပာျပီးေနာက္ သူၾကမ္းျပင္ေပၚမွာ တကယ္ၾကီးထိုင္ေနတယ္ဆုိတာကုိ သေဘာေပါက္သြားရာ ထန္းလီက ၾကိဳးစားျပီးမတ္တပ္ရပ္လိုက္သည္။

အကူအညီျဖင့္ ဆိုဖာေပၚေရာက္သြားျပီးေနာက္ သူ႔လက္ရွိဒဏ္ရာကုိၾကည့္ကာ
“ဒါက ဘာမွမဟုတ္ပါဘူး”

သူက ေရွာင္ထန္းကုိႏွစ္သိမ့္ေပးလိုက္သည္ : “မစုိးရိမ္ပါနဲ႔ မင္းကုိၾကီးအဆင္ေျပပါတယ္”

ေရွာင္ထန္းက ေစာနတုန္းက အရမ္းေၾကာက္သြားတာျဖစ္သည္။ သူ႔ကုိၾကီးအမူးေျပသြားတာကုိျမင္ေတာ့ စုိးရိမ္ေနတဲ့သူ႔မ်က္ႏွာကုိ ဖယ္ရွားလိုက္ကာ ခက္ထန္စြာေျပာလိုက္၏ “ဘာျဖစ္တာလဲဗ် ကုိၾကီးအရင္က ဒီလုိမ်ိဳးတစ္ခါမွမျဖစ္ဖူးပါဘူး! ျပီးေတာ့ ကုိၾကီး တကယ္ပဲ အစ္ကုိက်ဲ႕ဟိန္ကုိျမင္လုိက္လုိ႔လား? သူက အပန္းေျဖခရီးမသြားဘူးလား?”

“မဟုတ္ပါဘူး” ထန္းလီက သူ႔နားထင္ကုိ လက္တစ္ဖက္ျဖင့္ပြတ္ကာ သူ႔မ်က္ႏွာကို ၾကမ္းတမ္းစြာဖံုးကာလုိက္၏ : “ ငါသူ႔ကုိျမင္လုိက္တယ္လို႔ ေျပာခဲ့လို႔လား?”

ေရွာင္ထန္း : “……”

ထန္းလီ : “ မွားေျပာမိတာျဖစ္မယ္ ငါမမွတ္မိဘူး”

“…”

ထန္းလီက ခုထိ အျပည့္အဝအမူးမေျပေသးတာမို႔ ဘားထဲမွာ ဆက္ေနရန္အဆင္မေျပေပ။ သူထပ္ျပီးမကစားခ်င္ေတာ့ဘူးေျပာကာ ထြက္ခြာဖို႔ျပင္လိုက္ေပမယ့္ ရွန္ရိက်င္းကတားလုိက္သည္။

“ မင္းအတြက္ အခန္းတစ္ခန္းစီစဥ္ေပးရမလား”

“မလုိဘူး” ထန္းလီကေျပာ၏။

သူက အမ်ားအားျဖင့္ သူ႔ညီေလးနဲ႔လုပ္သလိုမ်ိဳး ရွန္ရိက်င္းပခံုးကုိမပုတ္ခဲ့ေပ။ သူက ေျပာရုံသာေျပာလိုက္သည္ : “မင္းတုိ႔ေကာင္ေတြ ဆက္ျပီးေပ်ာ္သင့္တယ္။ ငါအရင္သြားႏွင့္ေတာ့မယ္”

သူ႔လက္က ဒဏ္ရာရထားျပီး အမ်ားၾကီးေသာက္ထားတာမို႔ ဒီလုိပံုနဲ႔ေတာ့ သူအိမ္ျပန္ႏုိင္မွာမဟုတ္ေလာက္ေပ။ ဒါေပမယ့္ ထန္းလီက Dragonျမိဳ႕ေတာ္မွာ ေျခခ်စရာေနရာမရွိသူမွ မဟုတ္ဘဲ ဒါ့ေၾကာင့္ ရွန္ရိက်င္းက သူ႔အားမစိုးရိမ္ေပ။

သူျပန္ခ်င္ေနမွေတာ့ သူတို႔အတြက္ကားစီစဥ္ေပးလိုက္သည္။

ထန္းညီအစ္ကုိကုိ ယာယီအားျဖင့္ ႏႈတ္ဆက္စကားေျပာရင္း သူတုိ႔အားလံုး ကားဆီလမ္းေလွ်ာက္လာၾကကာ အျပင္ဘက္ရွိမုိးက မေမွ်ာ္လင့္ထားစြာပဲ တိတ္သြားေလျပီ။

လမ္းမထက္ကို မိုးေရျဖင့္ေဆးေၾကာထားတာမို႔ စိုထုိင္းထုိင္းအေငြ႔အသက္ေလးခပ္ေဖ်ာ့ေဖ်ာ့ရွိေနသည္။ လမ္းႏွစ္ဖက္လံုးရွိ အာေကးရွားသစ္ရြက္ေတြက ေျမျပင္ေပၚကုိ အမ်ားအျပားေၾကြက်ေနသည္။ စုိထုိင္းထုိင္းေရေငြ႔ေတြအျပင္ ေလထုထဲမွာ ျမက္ပင္နဲ႔သစ္ပင္ေတြရဲ႕ အနံ႔ေဖ်ာ့ေဖ်ာ့လည္း ရွိေနသည္။

ေခါင္မိုးေပၚ တင္က်န္ေနဆဲမိုးေရစက္ေတြက ျဖည္းျဖည္းမွန္မွန္ က်ဆင္းေနျပီး ညခင္းကုိ အမ်ားၾကီးေအးျမေစသည္။

ဘားထဲရွိ ေလေအးေပးစက္ရဲ႕ေအးျမမႈနဲ႔မတူဘဲ အျပင္ဘက္မွာတိုက္ခတ္ေနတဲ့ေလညင္းေလးေတြရဲ႕ ေအးျမမႈက ဘယ္လူလုပ္ေလေအးေပးစက္မွ အစားမထုိးႏုိင္ေပ။

က်င္ရႊင္က လတ္ဆတ္တဲ့ေလေအးေအးကုိ တစ္ခ်က္ရိႈက္သြင္းလုိက္သည္။

ရွန္ရိက်င္းက သူ႔လက္ကုိကုိင္ကာ “ ကုိယ္တုိ႔ေရာ အိမ္ျပန္ၾကေတာ့မလား”

“ဟုတ္” က်င္ရႊင္ကေျပာ၏ “အိမ္ျပန္ၾကမယ္”

ႏွစ္ဦးသားက ခ်က္ခ်င္းကားထဲမဝင္ေပ။ အဲ့အစား သူတုိ႔လက္ကုိင္ကာ ကတၱရာလမ္းပလက္ေဖာင္းမွာ လမ္းေလွ်ာက္ေနၾက၏။

သိမ္ေမြ႔တဲ့ေလညင္းေတြက တုိက္ခတ္လာကာ သစ္ကုိင္းေတြကို ျဖတ္သန္းတုိက္ခတ္သြားျပီး လမ္းႏွစ္ဖက္လံုးရွိ အာေကးရွားသစ္ပင္တြက တရွဲရွဲျမည္ေနသည္။ နီယြန္လမ္းမီးေရာင္ေတြက ေႏြးေထြးေတာက္ပေနျပီး လူႏွစ္ေယာက္ရဲ႕အရိပ္ကုိ ေျမျပင္ထက္ေရးဆြဲေပးေနသည္။

         …

ရွန္ေပၚဟန္ေဘးမွ လူေတြအတြက္ေတာ့ ဒီညက တကယ္ကုိအသက္ဝင္တဲ့ညဆိုတာကုိ တညီတညြတ္တည္းသေဘာတူရမယ္။

လင္လိက ထိုရိုက္ခ်က္ေတြကုိ အုပ္စုစကားေျပာခန္းထဲတင္လိုက္ခ်ိန္ အုပ္စုတစ္ခုလံုးေပါက္ကြဲထြက္ကုန္သည္။

သူက ပံုေတြကုိ လူတုိင္းအတူတူရွိေနၾကတဲ့ဂရုထဲမတင္ဘဲ သီးျခားဖန္တီးထားတဲ့ဂရုငယ္ေလးထဲ ပုိ႔လိုက္တာျဖစ္သည္။

သူတို႔အုပ္စုငယ္ေလးမွာ အဓိကက်ပံုရိပ္ ငါးေယာက္၊ေျခာက္ေယာက္ေလာက္ပဲ ပါဝင္တာျဖစ္သည္။ ဒီအုပ္စုထဲမွလူေတြက အမ်ားအားျဖင့္ ေနာက္လိုက္ငယ္ေတြနဲ႔ XXဆယ္လီေတြအပါအဝင္ သူရယ္၊ရွန္ေပၚဟန္ရယ္နဲ႔ အျပင္ထြက္ေလ့ရွိသည္။ ဒီအုပ္စုထဲရွိလူတုိင္းက တကယ့္ခ်မ္းသာတဲ့မိသားစုက အစစ္အမွန္ ဒုတိယနဲ႔တတိယမ်ိဳးဆက္ေလးေတြျဖစ္သည္။

ဒီလူေတြမွာ ဘံုလကၡဏာတစ္ခုရွိသည္ အဲ့ဒါကေတာ့ သူတုိ႔အားလံုးရွန္ရိက်င္းကိုသိၾကတယ္။

သူတုိ႔က စည္းမ်ဥ္းေတြကုိလည္းသိျပီး ရွန္မိသားစုက သာ့ေရွာက္ရယ္ရဲ႕ *ဖရဲေစ့ကုိ ဘယ္လုိစားရမလဲဆုိတာကုိလည္း သိတယ္။

[*ေကာလဟာလ၊ အတင္းအဖ်င္း]

အဆံုးမွာေတာ့ ရွန္ရိက်င္းက သူတုိ႔အားလံုးနဲ႔ ျခားနားတယ္ေလ။

သူတုိ႔အားလံုးက သူတို႔ရဲ႕ေနထုိင္မႈအတြက္ မိသားစုအေပၚမွီခုိေနရေပမယ့္ ရွန္ရိက်င္းကေတာ့ ရွန္မိသားစုလုပ္ငန္းရဲ႕80%ကို ဖမ္းဆုပ္မိထားျပီးျပီ။

သူတုိ႔က ဘဝမွာမေရမရာျဖစ္ေနေသးျပီး ဘာစြမ္းေဆာင္ရည္မွမရွိၾကေပ။ သို႔ေပမယ့္ ရွန္ရိက်င္းတည္ေထာင္ထားတဲ့ မ်ားစြာေသာကုမၸဏီေတြက ကနဦးအဆင့္ပင္ေရာက္ေနျပီး မၾကာခင္စာရင္းဝင္ကုမၸဏီေတြျဖစ္လာလုနီးပါးပင္။

ဒီ့အျပင္ သူတုိ႔ရဲ႕သက္ဆုိင္ရာမိသားစုက အဖိုးၾကီးေတြနဲ႔ကလန္အၾကီးအကဲေတြက ရွန္ရိက်င္းနဲ႔ ဆက္ဆံေရးေကာင္းေကာင္းရေအာင္ ၾကိဳးစားေနၾကတာျဖစ္သည္။

ဒါ့ေၾကာင့္ ရွန္ရိက်င္းကသာ ႏွိမ့္ႏွိမ့္ခ်ခ်ေနခ်င္တယ္ဆိုရင္ သူ႔ကုိသိတဲ့ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္၊တတိယမ်ိဳးဆက္ေတြထဲမွ မည္သူကမွ သူ႔သတင္းအား အျပင္မွာမဖြရဲေပ။ ရွန္ရိက်င္းက သူတို႔နဲ႔မကစားသလို သူတုိ႔ကလည္း တက္ၾကြစြာျဖင့္ သူ႔အားစိတ္အေႏွာင့္အယွက္သြားေပးမွာမဟုတ္ေပ။

ဒါက သူတို႔အသိုင္းအဝုိင္းမွာ ေရးသားေဖာ္ျပထားျခင္းမရွိတဲ့ စည္းမ်ဥ္းတစ္ခုျဖစ္လာသည္။

ရွန္ရိက်င္းက သူတို႔လူငယ္မ်ိဳးဆက္ေတြရဲ႕ သီးသန္႔စုေဝးပြဲေတြမွာ ပါဝင္ခဲလွျပီး တစ္ခါမွကစားဖို႔ထြက္မလာဖူးေပ။ သူနဲ႔ စီးပြားေရးအေၾကာင္းေတြ႔ဆံုေျပာႏုိင္သူေတြက သူတုိ႔မိသားစုမွ အၾကီးအကဲေတြပင္။ ထုိအခ်က္ေၾကာင့္ မ်ားစြာေသာ ဒုတိယ၊တတိယမ်ိဳးဆက္ေတြက ရွန္မိသားစုရဲ႕သာ့ေရွာက္ရယ္ကုိ သူတို႔ရဲ႕အေဖေတြ၊အဖိုးေတြနဲ႔ မ်ိဳးဆက္တူတူပဲဟု မသိစိတ္အေလ်ာက္ခြဲျခားထားမိသည္။

သူတုိ႔ထဲမွအမ်ားအျပားက အမွန္တကယ္ကို ရွန္ရိက်င္းထက္ အသက္ပိုၾကီးတယ္ဆိုေပမယ့္လည္းေပါ့။

လက္ရွိမွာေတာ့ သူတို႔က အဆံုး၌ ရွန္ရိက်င္းရဲ႕ဖရဲေစ့ကုိ စားႏုိင္ၾကျပီ…ဂရုငယ္ေလးက ေပါက္ကြဲသြားေသာ္ျငားလည္း လူတုိင္းက စည္းမ်ဥ္းေဟာင္းကုိလိုက္နာၾကျပီး ဘယ္သူကမွသတင္းေတြကို လူေရွ႕ခ်မျပရဲေပ။

ဒါေၾကာင့္လည္း လင္လိက ဓာတ္ပံုေတြကို ဒီေနရာမွာ တင္ခဲ့တာျဖစ္သည္။

သူဒါကုိတင္ခဲ့တဲ့အေၾကာင္းျပခ်က္အတြက္ကေတာ့ ဒီကိစၥက အရမ္းကုိေပါက္ကြဲဖို႔ေကာင္းလို႔ပဲ! သူမေအာင့္ထားႏုိင္ဘူး!

         ……

ဂရုထဲမွာ ဖရဲ႕ေစ့စားတဲ့မွတ္ခ်က္ေတြနဲ႔ ျပည့္ေနသည္။

[ ခ်ီးပဲ ဒီေတာ့ ထန္းလီလည္းျပန္လာျပီေပါ့? ငါသူ႔ကုိမျမင္တာ ႏွစ္ေတာ္ေတာ္ၾကာျပီ]

[သူအိမ္ကိုျပန္လာတဲ့အခ်ိန္ အရမ္းရူးသြပ္ေနသလုိ ျပဳမူေနတာပဲ ငါၾကားတာေတာ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက သူ႔မိသားစုနဲ႔ စီးပြားေရးရာဆက္ဆံေရးေတြကုိ ျဖတ္ပစ္ခဲ့တာတဲ့ ျပီးေတာ့ သူက အခုႏုိင္ငံျခားမွာ သူ႔ဘာသာဒီဇိုင္းပညာရပ္ကုိလုပ္ေနတာ…သူ ဆင္းရဲမြဲေတသြားတာေၾကာင့္ ဒီေလာက္ထိမူးရူးေနတာမ်ားလား?]

[ဘယ္လိုေတာင္တံုးအလုိက္တဲ့အေကာင္လဲ ဒါက ရိုးရိုးဒီဇိုင္းအလုပ္မဟုတ္ဘူး။ သူက ပထမတန္းစားဗိသုကာပညာရွင္ကြ! သူက ႏုိင္ငံတကာဆုတံဆိပ္ကုိ ရခဲ့တာ…သူ႔ကုိပုိက္ဆံေပးခ်င္လို႔ ဒူးေထာက္ေနတဲ့သူေတြ အမ်ားၾကီးပဲကြ ဟုတ္ျပီလား?]

[လင္လိ : ဖာ့ခ္ ဖာ့ခ္ ဖာ့ခ္ ငါဘာေတြ႔ခဲ့လဲဆိုတာ ၾကည့္ၾကည့္လိုက္စမ္း! ေတာ္ေသးတာေပါ့ ငါေစာေစာမထြက္သြားတာ မွန္သြားတယ္! @အာ့ေရွာက္]

ဂရုထဲမွာ ေဆြးေႏြးမႈအရွိန္တက္ေနစဥ္ လင္လိက ေနာက္ထပ္ပံုအနည္းငယ္ထပ္ပို႔လာသည္။

သူတုိ႔က မႈန္ဝါးဝါး လ်ပ္တစ္ျပက္ရိုက္ခ်က္ေတြျဖစ္ျပီး ေနာက္ခံက ဘားထဲမွာပင္။

ဒါေပမယ့္ ေသေသခ်ာခ်ာစူးစမ္းၾကည့္လိုက္ေတာ့ သူတို႔ရွန္ရိက်င္းနဲ႔ယန္က်င္ရႊင္အား မွတ္မိႏုိင္သလို ထန္းမိသားစုရဲ႕ညီအစ္ကုိႏွစ္ေယာက္ကုိပါ မွတ္မိၾကသည္။ ေလးေယာက္သားက တံခါးဆီအတူတကြေလွ်ာက္သြားေနၾကျပီး သူတုိ႔ၾကည့္ရတာ ျပန္ၾကေတာ့မယ့္ပံုပင္။

[ ဒါက ဘာမွားေနလို႔လဲ? ရွန္ရိက်င္းက ထန္းလီကိုသိတာ ပံုမွန္ပဲေလ…]

[ငါလည္း ဘာအံ့အားသင့္စရာမွ မျမင္ဘူး…သူတုိ႔အခု ထြက္သြားေတာ့မွာပဲ ဖာ့ခ္ပဲ ငါက ဒီျမင္ကြင္းကုိ ငါ့ကုိယ္ပုိင္မ်က္လံုးနဲ႔ၾကည့္ျပီး စိတ္လႈပ္ရွားမႈကုိ သက္ေသထူခ်င္ေသးတာကုိ!]

[လင္လိ : မဟုတ္ဘူး မင္းတုိ႔မ်က္လံုးေတြကေတာ့…မင္းတို႔မ်က္စိဌာနမွာ သြားစစ္ေဆးၾကည့္ရမယ့္အခ်ိန္ပဲ ယန္က်င္ရႊင္ရဲ႕အဝတ္အစားေတြကုိ ၾကည့္ေလကြာ! ျပီးေတာ့ အေပၚက ငါပုိ႔ထားတဲ့ပထမဆံုးပံုကုိပါၾကည့္၊ အဝတ္အစားေတြက ကြာျခားေနတယ္! ဒါေတြက သူ႔ကုိယ္ပိုင္အဝတ္ေတြမဟုတ္တာအသိသာၾကီး!]

[!!!]

[လင္လိ: ျပီးေတာ့ ရွန္ရိက်င္းရဲ႕အေပၚဝတ္လည္း ေပ်ာက္ေနတယ္ ဒါကဘာကုိရည္ညႊန္းတာလဲ?]

[……]

[စကားမစပ္ ငါတုိ႔ဒါကုိ အာ့ေရွာက္ေရွ႕မွာ ေဆြးေႏြးေနတာ တကယ္ေရာအဆင္ေျပပါ့မလား…]

[အာ့ေရွာက္က ဖ်ားေနတုန္းပဲေလ သူဘယ္လိုလုပ္WeChatကို ဖတ္ႏုိင္မွာလဲ? ဒါ့အျပင္ အာ့ေရွာက္က ယန္က်င္ရႊင္ကို စြန္႔ပစ္ျပီးသားေလ…]

[ ေျပာရမယ္ဆို ဒါကအရမ္းထူးဆန္းတယ္ေနာ္၊ အဲ့လူမွာ သူငယ္ခ်င္းဘာညာရွိတယ္လို႔ ငါမၾကားခဲ့ဖူးဘူး..မင္းတုိ႔သိတယ္မလား? ႏ်ဲ႕ယန္တုန္းေလ..သိပ္မၾကာခင္တုန္းက သူက အဲ့လူရဲ႕အိပ္ရာေပၚကုိ တစ္စံုတစ္ေယာက္ပုိ႔ေပးအတြက္ ရူးသြပ္ေနခဲ့တာလို႔ ငါၾကားခဲ့တယ္။ ရလဒ္အေနနဲ႔ သူမေအာင္ျမင္ခဲ့တဲ့အျပင္ အဲ့လူကုိလည္း စိတ္အေႏွာင့္အယွက္ေပးမိလုနီးပါးပဲ]

[? အမွန္လား အမွားလား လူတစ္ေယာက္ပုိ႔ေပးတာက ဘာလို႔အဲ့ေလာက္ထိ စိတ္အေႏွာင့္အယွက္ျဖစ္ရတာလဲ?]

[အမွန္ပဲ ဥကၠ႒ႏ်ဲ႕ကုိယ္တုိင္ ငါ့ကိုေျပာျပခဲ့တာ အဲ့လူက တကယ္ကုိဆိုးရြားတဲ့ေဒါသရွိေနတာပဲ!]

         ……

[လင္လိ : …ကိစၥေတြက ပုိပိုျပီးေတာ့ ေပါက္ကြဲထြက္လာျပီ ငါခုနေလးတင္ ဒီေနရာက မန္ေနဂ်ာကုိသြားေမးခဲ့တာ။ သူေျပာတာကေတာ့ ယန္က်င္ရႊင္က သာ့ေရွာက္ရယ့္နဲ႔အတူ သီးသန္႔ခန္းထဲမွာ တစ္ခဏေလာက္ေနေနခဲ့တာတဲ့။ သူက ဝတ္စံုကုိေရာ နက္ခ္တုိင္ကိုေရာထားခဲ့တယ္ ျပီးေတာ့ မင္းတုိ႔သိလား..သူ႔လည္ပင္းမွာ hickeyေတြနဲ႔တဲ့! Hickeyေတြမွ အမ်ားၾကီးပဲ!]

[…Hickey? ယန္က်င္ရႊင္က စြမ္းရည္ေတာ္အေတာ္ေလးရွိသားပဲ ]

[ ဒီေတာ့ ဒါက တကယ္ၾကီးလား? ဒါဆို သူတုိ႔ဘယ္လုိလုပ္အတူတူရွိသြားၾကတာလဲ…]

[တကယ္ေတာ့ ယုတၱိက်က်ခြဲျဖာရရင္ ယန္က်င္ရႊင္က အမွန္ကုိၾကည့္ေကာင္းတာ…ငါတို႔မသိတဲ့ အရည္အခ်င္းေကာင္းအခ်ိဳ႕ သူ႔မွာရွိေနတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တာပဲ ]

[အဓိကအားျဖင့္ ငါတုိ႔အာ့ေရွာက္ရဲ႕အျမင္က သာမန္ရဲ႕အထက္မွာရွိေနေပမယ့္ အဲ့အဆင့္ထိေတာ့မဟုတ္ဘူး…ေသာက္ပဲ ငါသာသိခဲ့ရင္ ငါ့အဲ့အတြက္စမ္းၾကည့္ခဲ့ပါတယ္]

[ေမ့လုိက္ေတာ့ အရင္အာ့ေရွာက္ကုိ ယန္က်င္ရႊင္ၾကိဳက္တုန္းက ဘယ္ေလာက္ေတာင္ရူးသြပ္ခဲ့လဲဆုိတာ မင္းေမ့သြားျပီလား? မင္းလုိလူကိုေတာ့ သူေၾကြသြားမွာမဟုတ္ဘူး ]

[ @အာ့ေရွာက္ ျမန္ျမန္ႏုိးပါေတာ့ မင္းကုိအရမ္းခ်စ္ခဲ့တဲ့ယန္က်င္ရႊင္က အျခားတစ္ေယာက္ရဲ႕ကုတင္ေပၚ ေရာက္ေနျပီ!]

         ……

လင္လိ ဒီပံုေတြကုိ ပုိ႔ခဲ့တဲ့အေၾကာင္းျပခ်က္က ရွန္ေပၚဟန္ရဲ႕ပံုမွန္အထက္စီးဆန္မႈကို ကလဲ့စားျပန္ေခ်ရန္ျဖစ္သည္။

သူတုိ႔အုပ္စုက အာ့ေရွာက္ရဲ႕ေနာက္လုိက္ေတြဆိုေသာ္ျငားလည္း ရွန္ေပၚဟန္က တစ္ခါတစ္ရံ အျခားသူေတြေရွ႕မွာ သူ႔အား ေလးစားမႈနည္းနည္းေလးေတာင္မေပးခဲ့ေပ…သူတုိ႔ထဲက ဘယ္သူကေရာ သူတုိ႔မိသားစုရဲ႕အလိုလိုက္ခံထားရတဲ့ သခင္ငယ္ေလးမဟုတ္လို႔လဲ? လင္မိသားစုက ရွန္မိသားစုနဲ႔မယွဥ္ႏုိင္ဘူးဆိုရင္ေတာင္၊ ရွန္ေပၚဟန္နားမွာ တြယ္ကပ္ေနလို႔ သူအက်ိဳးအျမတ္အခ်ိဳ႕ရခဲ့တယ္ဆိုရင္ေတာင္မွ ဘယ္သူက ဒါကိုဒီေလာက္ၾကီးသည္းခံႏုိင္မွာလဲ

သူက အာ့ေရွာက္ေဒါသထြက္ေစရန္ တမင္သက္သက္ပံုေတြပုိ႔ေပးခဲ့တာျဖစ္သည္။

အာ့ေရွာက္က ယန္က်င္ရႊင္ကုိ သေဘာမက်ေတာ့ဘူးဆိုရင္ေတာင္…သူ႔ရည္စားေဟာင္းက သူ႔အစ္ကုိၾကီးနဲ႔ ခ်စ္သူေတြျဖစ္သြားတယ္ေလ၊ အထူးသျဖင့္ အဲ့လူက ရွန္ရိက်င္း!

ဒါက အလြန္ကိုေရွာ့ခ္ရဖြယ္ရာၾကီး!

အာ့ေရွာက္က ခုခ်ိန္ဘာနဲ႔တူေနမလဲ သူတကယ္သိခ်င္မိသည္ သူေနာင္တမ်ားရေနမလား…

သုိ႔ေသာ္ လင္လိက ဘယ္ေလာက္ထိဆက္သြားရမလဲ ဘယ္ခ်ိန္မွာရပ္ရမလဲကုိ သိေနေသးသည္။

ဂရုထဲက အခ်ိဳ႕ေကာမန္႔ေတြက အစြန္းေရာက္လာတာကုိျမင္ေတာ့ သူလ်င္ျမန္စြာ စာရုိက္လိုက္သည္ :
[လင္လိ : အုိက္ယား မင္းတုိ႔ေကာင္ေတြကလည္း စိတ္ထားက်ဥ္းေျမာင္းလိုက္တာ။ အာ့ေရွာက္က ဘယ္လုိလုပ္ဒီအေၾကာင္းကုိ ဂရုစိုက္ႏုိင္မွာလဲ…ယန္က်င္ရႊင္ရဲ႕အျပဳအမူအရဆို သူသာ့ေရွာက္ရယ္ေနာက္လုိက္ရင္ေတာင္ ၾကာၾကာခံမွာမဟုတ္ဘူး။ ငါတို႔ဘာသာငါတုိ႔ဖရဲေစ့စားျပီး အာ့ေရွာက္နားေနပါေစ]

         ……

ထိုအခိုက္အတန္႔မွာ အာ့ေရွာက္ကႏုိးေနတာ ရွင္းလင္းလွသည္။

ကုိယ္ပုိင္ေဆးရုံရဲ႕အဆင့္ျမင့္ဝင္းထဲမွာ အလင္းေရာင္တုိ႔ရွိမေန။

ဖုန္းကုိတစ္ခါျပန္ေကာက္ယူလိုက္တဲ့ ရွန္ေပၚဟန္က အဖ်ားျပန္တက္လာတာကုိ ၾကံ႕ၾကံ႕ခံထားရသည္။ သူက နာက်င္က်ိန္းစပ္ေနျပီး တစ္ခါတစ္ရံမ်က္ရည္လည္လာတဲ့မ်က္လံုးေတြျဖင့္ ဖုန္းမ်က္ႏွာျပင္ကုိ မမွိတ္မသုန္စုိက္ၾကည့္ေနသည္။

သူက စာေတြအားလံုးကုိ ေခါင္းမာစြာစုိက္ၾကည့္ေနကာ တစ္ခုကိုမွအလြတ္မေပးေပ။

ဒီစာေတြကုိ ဂရုထဲပုိ႔ရင္း လင္လိရဲ႕စိတ္ေသးေသးေလးက ဘာေတြေတြးေနမွန္း သူသိတာေပါ့ ဒါေပမယ့္ ဒီအခိုက္မွာ သူအဲ့ေကာင္ကုိ ဂရုစုိက္မေနခ်င္ေပ။

သူတုိ႔ေျပာတာေတြက မွန္တယ္

ယန္က်င္ရႊင္က ၾကည့္ေကာင္းတယ္

ယန္က်င္ရႊင္မွာ ေကာင္းတဲ့အခ်က္ေတြအမ်ားၾကီးလည္း ရွိတယ္

အဲ့ဒါက သူပဲ၊ သူပဲ…ရွန္ေပၚဟန္ဆိုတဲ့သူ…တန္ဖိုးထားရမယ္မွန္း မသိခဲ့တဲ့သူ

ဒါေၾကာင့္ သူက ေလွာင္ေျပာျပီးသေရာ္ထားတဲ့စကားလံုးတုိင္းကုိ ရွင္းရွင္းလင္းလင္းဖတ္ရမယ္ ဘာလို႔လဲဆိုေတာ့ ဒီလူေတြက ယန္က်င္ရႊင္ကုိ ဒီလုိမ်ိဳးေထ့လံုးေငါ့လံုးေတြနဲ႔ အျမဲေလွာင္ေျပာင္ခဲ့ၾကတာ။

ဒါက ယန္က်င္ရႊင္ခံစားရတာထက္ အမ်ားၾကီးနည္းေနေသးတယ္

အဲ့ဒါေၾကာင့္မို႔ သူေတြကိုၾကည့္ရမယ္

ဒါက သူသည္းခံထားသင့္တဲ့အရာပဲ

         ..

“ဟပ္ခ်ိဳး!” လမ္းေဘးမွာ မိနစ္ႏွစ္ဆယ္ေလာက္ေလွ်ာက္သြားျပီးေနာက္ က်င္ရႊင္က ရုတ္ျခည္းႏွာေခ်လုိက္မိသည္။

ရွန္ရိက်င္းက ခ်က္ခ်င္းရပ္ကာ သူ႔ကုိလွည့္ၾကည့္လာျပီး : “ ဘာလဲ ေရွာင္ရႊင္ေအးေနျပီလား”

“မဟုတ္ပါဘူး” က်င္ရႊင္က သူ႔ႏွာေခါင္းကုိပြတ္ကာ အဲ့ေနာက္ ထူးထူးျခားျခားပူေလာင္ေနတဲ့သူ႔နားရြက္ကုိ ထိကိုင္လိုက္သည္…တစ္စံုတစ္ေယာက္က သူ႔ေနာက္ကြယ္မွာ သူ႔အေၾကာင္းေျပာေနတယ္လို႔ ခံစားေနရတယ္

ရွန္ရိက်င္းက ထပ္ေမးလာသည္
“ဒါဆုိမင္းေမာေနျပီလား? မင္းပင္ပန္းေနရင္ ကိုယ္တုိ႔ကားထဲဝင္ၾကမယ္ေလ”

ဒရုိင္ဘာက သူတုိ႔ေနာက္ကေနလိုက္ကာ သိပ္မေဝးတဲ့ေနရာမွာ ရပ္ထားတာျဖစ္သည္။

က်င္ရႊင္က သူမပင္ပန္းေသးပါဟု ေျပာလိုက္သည္။

ေစာေသးဆဲျဖစ္ကာ လမ္းေလွ်ာက္ဖို႔အတြက္ မဆုိးလွေပ။

အေရးၾကီးဆံုးကေတာ့ ျပႆနာေတြအားလံုးျပီးသြားျပီးေနာက္ ရွဲန္းရွန္က အဆံုးမွာ မိုးကုိျငင္းပယ္ႏုိင္သြားျပီေလ။ မိုးရြာျပီးေနာက္ ညခင္းမွာ ရွန္ရိက်င္းဒီလိုမ်ိဳးတစ္ခါမွလမ္းေလွ်ာက္ဖူးမွာမဟုတ္မွန္း သူခန္႔မွန္းႏုိင္သည္…

ရွဲန္းရွန္က စိတ္အေျခအေနေကာင္းေနတယ္လို႔ သူခံစားမိတာေၾကာင့္ က်င္ရႊင္က ဒီလိုမ်ိဳးျပန္သြားဖုိ႔ဆႏၵမရွိေပ။

“ဆက္ေလွ်ာက္ရေအာင္ေနာ္ ရွဲန္းရွန္” သူေျပာလုိက္၏။

“ဟုတ္ျပီ”

သဘာဝက်စြာပင္ ရွန္ရိက်င္းမွာလည္း ျငင္းပယ္စရာမရွိေပ။

ႏွစ္ဦးသားက အေရွ႕ကုိဆက္ေလွ်ာက္ေနသည္။ က်င္ရႊင့္ႏွလံုးသားထဲမွာ *စိမ္းလန္းစိုျပည္တဲ့ငယ္ရြယ္မႈကာလခံစားခ်က္က ေမႊေႏွာက္လာကာ သူတုိ႔က ေဘးခ်င္းယွဥ္ရပ္လမ္းေလွ်ာက္ေနတဲ့ ဆယ္ေက်ာ္သက္ေလးႏွစ္ေယာက္လိုမ်ိဳး ခံစားရေစသည္။

[*အသက္၁၆မွ ၂၀ၾကားကာလ]

ရွန္ရိက်င္းကုိ မဆိုထားနဲ႔ဦး ႏွစ္စဥ္ႏွစ္တုိင္းေက်ာင္းမွာေနခဲ့တဲ့က်င္ရႊင္ေတာင္မွ သူ႔ရဲ႕ေနမေကာင္းမႈေၾကာင့္ ဒီလုိခံစားခ်က္မ်ိဳး တစ္ခါမွမေတြ႔ၾကံဳဖူးေပ။

လတ္ဆတ္တဲ့ေလေအးေအးကုိ ရွဴရိႈက္ေနရင္း က်င္ရႊင္က မေနႏုိင္ဘဲ သူတုိ႔ရဲ႕ယွက္သြယ္ထားေသာလက္ေတြကုိ လႊဲခါကာ ခပ္ျမင့္ျမင့္ေျမွာက္လုိက္သည္။

သူ႔ခႏၶာကုိယ္က ေထာင္ေထာင္ ေထာင္ေထာင္ျဖစ္ေနျပီး တစ္ခါတစ္ရံ ကေလးေလးတစ္ေယာက္လိုမ်ိဳး တစ္ပတ္လွည့္ကာခုန္ေနေသးသည္။

သူ႔ေပ်ာ္ရႊင္မႈကိုျမင္ေနတဲ့ရွန္ရိက်င္းကလည္း ေပ်ာ္ရႊင္ေနမိသည္။

သူက လူငယ္ေလးနဲ႔အတူ လိုက္မခုန္ေပမယ့္ တစ္ခ်ိန္လံုး သူ႔လက္ေခ်ာင္းေတြကုိ လူငယ္ေလးရဲ႕လက္ေခ်ာင္းေတြနဲ႔ ခုိင္ျမဲစြာခ်ိတ္ဆက္ထားရင္း ရံဖန္ရံခါ ပူးေပါင္းတဲ့အေနနဲ႔ သူ႔လက္ေမာင္းကိုျမင့္ျမင့္ေျမွာက္ေပးကာ လူငယ္ေလးရဲ႕ေျခလွမ္းေတြကို စိတ္ပါလက္ပါအေဖာ္ျပဳလိုက္ပါေပးေနသည္။

သူတုိ႔ေနာက္ကေန ေခြးေက်ာင္းရင္း လုိက္လာတဲ့ဦးေလးၾကီးနဲ႔အန္တီၾကီးက နားမလည္ႏုိင္ေတာ့ေပ…အခုေခတ္လူငယ္ေတြက အရမ္းေမာ္ၾကြားေမာ္ၾကြားနဲ႔ ကေလးဆန္တာလား?

သူတုိ႔ဒီေလာက္အရပ္ရွည္ရွည္ၾကီးျပင္းလာတာက ႏွေျမာစရာၾကီးေပါ့

ထုိ႔ေနာက္ သူတုိ႔ကတစ္ခဏၾကာဆက္ေလွ်ာက္ေနၾကျပီး သူတုိ႔ေနာက္ကေန ေႏွးေကြးစြာလိုက္လာတဲ့ ေတာက္ေတာက္ပပRolls Royceကားသစ္ၾကီးက အမည္မဖာ္ႏုိင္စြာျဖင့္ ဘရိတ္အုပ္ကာ လမ္းေဘးခ်ရပ္လိုက္သည္။ အမ်ိဳးသားငယ္ေလးႏွစ္ေယာက္ကလည္း တစ္ေယာက္ျပီးတစ္ေယာက္ ကားထဲကုိဝင္သြားၾကသည္။

ကားထဲကိုအရင္ဝင္သြားတဲ့လူငယ္ေလးက ေက်ာက္စိမ္းျဖဴလိုမ်ိဳး သိမ္ေမြ႔ေႏြးေထြးတဲ့မ်က္ဝန္းေတြရွိသည္။ သူ႔မွာတည္ၾကည္တဲ့မ်က္ႏွာလွလွေလးရွိ၏။ သူ႔ကုိတံခါးကူဖြင့္ေပးတဲ့ဒရုိင္ဘာကို ယဥ္ယဥ္ေက်းေက်းျဖင့္ ေက်းဇူးတင္စကားေျပာေနကာ ခုနကလို ကေလးဆန္မႈမ်ိဳး တစ္စြန္းတစ္ပါဒမွ် မျပသေပ။

ေနာက္မွဝင္သြားတဲ့ အမ်ိဳးသားငယ္ေလးကေတာ့ အရင္ဆံုးသူက လူငယ္ေလးရဲ႕ေခါင္းကို ကာကြယ္ေပးရန္လက္ကုိေျမွာက္ထားျပီးေနာက္ သူ႔ရဲ႕သြယ္လ်တဲ့ခႏၶာကိုယ္က အနည္းငယ္လွည့္ကာ ကားတံခါးကုိျပန္မပိတ္ခင္ အေနာက္ကိုျပန္ၾကည့္လာသည္။

အေနာက္ကိုျပန္ၾကည့္လာတဲ့ အရပ္ရွည္ရွည္အမ်ိဳးသားမွာ နက္ရိႈင္းတဲ့မ်က္ခံုးေတြႏွင့္အတူ ေအးစက္တဲ့အမူအရာရွိသည္။ သူ႔အသြင္အျပင္က တည္ၾကည္ေလးနက္ျပီး မယိမ္းမယိုင္ျဖစ္ေနကာ ခုနက ကေလးဆန္မႈနဲ႔ လံုးဝတြဲၾကည့္လို႔မရႏိုင္ေပ။

ဦးေလးၾကီးနဲ႔အန္တီၾကီး : “…”

ဒီေန႔ေခတ္လူငယ္ေတြက…ဒီလုိမ်ိဳး ခိုင္မာတဲ့ကုိ္ယ္ရည္ကုိယ္ေသြးရွိၾကတာပဲ။

         .

ေနာက္တစ္ေန႔တြင္

အလုပ္မသြားခင္ က်င္ရႊင္က ရုတ္တရက္ၾကီး သူ႔အခန္းေဖာ္ဆီမွာ ဖုန္းေခၚဆိုမႈတစ္ခုလက္ခံရလိုက္သည္။

ထန္က်င္းယြမ္က စိတ္ပူပန္စြာျဖင့္ေမးလာသည္ : “ရႊင္ရႊင္ မင္း…အဆင့္ေတြကုိ စစ္ၾကည့္ျပီးျပီလား? မင္းဘာလို႔စာေမးပြဲက်တာလဲ?”

က်င္ရႊင္ : “ ? ”

သူမူလတန္းမွာ စာေမးပြဲစေျဖကတည္းက က်င္ရႊင္က အမွတ္ျပည့္နဲ႔လြဲခဲလွေပမယ့္ သူက်ရႈံးမယ္လုိ႔ေတာ့ တစ္ခါမွမေတြးခဲ့ဖူးေပ။

ထန္က်င္းယြမ္ကုိ သတင္းေပးတဲ့အတြက္ ေက်းဇူးတင္ျပီးေနာက္ သူ႔မုိဘိုင္းဖုန္းကုိ သံုးကာ ေက်ာင္းဝက္ဘ္ဆိုဒ္ထဲဝင္ေရာက္လုိက္သည္။

ေက်ာင္းသားအားလံုးရဲ႕ရလဒ္ေတြကုိ ေက်ာင္းရဲ႕အမ်ားဆိုင္ရာဝက္ဘ္ဆုိဒ္ထဲတြင္ေတြ႔ႏုိင္တာမို႔ က်င္ရႊင္ကလည္း သြားစစ္ၾကည့္လုိက္သည္…

ေသခ်ာေပါက္ပါပဲ သူစာေမးပြဲတစ္ခုက်ျပီး 59မွတ္ရတယ္?

……?

ဒီစာေမးပြဲအေပၚမွာ သူထင္ျမက္ခ်က္တစ္ခုရွိခဲ့သည္။ စာေမးပြဲေမးခြန္းေတြက မခက္ခဲတာပင္။ သူအေျဖအားလံုးကို အလြန္႔အလြန္ေခ်ာေမြ႔စြာနဲ႔ေျဖဆိုခဲ့တာ။ အမွတ္ျပည့္မရတာက ျဖစ္ႏုိင္ေသးေပမယ့္ က်ရႈံးတာကေတာ့ မတူပင္။

ဒါ့အျပင္ က်င္ရႊင္က သူ႔မွတ္ဥာဏ္ေတြထဲကုိ တစ္ဖန္ျပန္ရွာလုိက္ေတာ့ အေျဖမွားတာမ်ိဳးလည္းမရွိသလုိ စာေမးပြဲအေျဖစာရြက္ေပၚ နာမည္တပ္ဖို႔ေမ့တာမ်ိဳးလည္း မရွိေပ..

ဒီေတာ့ ဘယ္လုိျဖစ္သြားတာလဲ?

က်င္ရႊင္က ေနာက္တစ္ခါထပ္စဥ္းစားလိုက္သည္။ ဒီသင္ရိုးရဲ႕ဆရာက စံျပအားျဖင့္စည္းကမ္းတင္းက်ပ္ျပီး အတန္းတက္ေရာက္မႈျမင့္တာကုိ သေဘာက်သည္။

ဒါေပမယ့္ ျပႆနာက သူအတန္းမေျပးခဲ့ဖူးဘူးေလ

အရင္တုန္းက မူလကုိယ္က သူ႔အခ်ိန္ပုိင္းအလုပ္ေတြေၾကာင့္ ခြင့္ရက္အနည္းငယ္ယူခဲ့ေပမယ့္ အမွတ္အခ်ိဳ႕ႏႈတ္ျပီးျပီေလ။

59မွတ္ရတာက မမွန္ေသးဘူး…

က်င္ရႊင္က ၾကက္ေသ,ေသေနျပီး အေျခအေနကုိနားလည္သြားတဲ့ရွန္ရိက်င္းက ေျပာလာသည္
“မင္းဆရာကုိဖုန္းေခၚျပီးေမးၾကည့္မလား?”

ဒါက အၾကံေကာင္းပဲလို႔ က်င္ရႊင္ေတြးလိုက္မိသည္။

မူလကုိယ္က ေက်ာင္းေကာင္စီဥကၠ႒ျဖစ္ခဲ့တာမို႔ သူ႔မွာဌာနရွိဆရာေတြရဲ႕ဖုန္းနံပါတ္ေတြရွိေနသည္။

ဆရာ့ရဲ႕ဖုန္းနံပါတ္ကုိရွာဖို႔ သိပ္အားမစုိက္လိုက္ရေပ။ က်င္ရႊင္ကအခ်ိန္ကုိၾကည့္ျပီး ဖုန္းမေခၚခင္ သင့္ေတာ္ရဲ႕လားဆိုတာ အရင္ေသခ်ာေအာင္လုပ္လုိက္သည္။ ရလဒ္အေနနဲ႔ သူျပန္ရတဲ့စကားကေတာ့ : “အိုး မင္းရဲ႕အေျဖလႊာေပၚ ငါထင္ျမင္ခ်က္တစ္ခုရွိပါတယ္”

တစ္ဖက္လူမွေျပာလာသည္ : “ ေမးခြန္းၾကီးတစ္ခုစီတုိင္းအတြက္ ဘာျဖစ္စဥ္မွမရွိဘူး ဖီလာအားျဖင့္ အေျဖေတြက်ေတာ့ အကုန္မွန္တယ္ ေက်ာင္းသားယန္ မင္းေမးခြန္းေတြကို မင္းဘာသာေျဖခဲ့တယ္ဆိုတာ ေသခ်ာရဲ႕လား?”

က်င္ရႊင္ : “…”

က်င္ရႊင္မွတ္မိသြားသည္ သူဒီစာေမးပြဲေျဖေနခ်ိန္မွာ ပေရာ္ဖက္ဆာဟို႔ရဲ႕ပေရာဂ်က္က ေနာက္နာရီဝက္အတြင္း အစည္းအေဝးတစ္ခုရွိေနခဲ့တာပင္။

သူက အုပ္စုထဲကုိမဝင္ခင္ ပေရာ္ဖက္ဆာဟုိ႔ကုိ ၾကိဳတင္တင္ျပျပီးျပီဆိုေသာ္ျငားလည္း ထိုႏွစ္ပတ္အတြင္း သူ႔ေနာက္ဆံုးစာေမးပြဲက ပေရာဂ်က္အခ်ိန္တစ္ခ်ိဳ႕ကုိ ေႏွာင့္ေႏွးေစခဲ့သည္။ ဒါေပမယ့္ ဒါက အရမ္းအေရးၾကီးတဲ့အုပ္စုအစည္းအေဝးပင္။ က်င္ရႊင္က အျခားအဖြဲ႔ဝင္ေတြရဲ႕အခ်ိန္ကို သူကိုယ္တုိင္ေၾကာင့္မေႏွာင့္ေႏွးေစခ်င္သလို သူလည္းေနာက္က်တာမ်ိဳး၊ ပ်က္ကြက္တာမ်ိဳးမျဖစ္ခ်င္ေပ။

ဒါ့ေၾကာင့္ အစည္းအေဝးကုိအေျပးသြားရန္ ေမးခြန္းအားလံုးကုိတုိက္ရုိက္အေျဖရွာဖို႔ သူ႔ဦးေႏွာက္ကိုသံုးခဲ့သည္။

ေမးခြန္းၾကီးေတြအတြက္ တြက္ခ်က္ပံုေတြ မေရးခဲ့ရုံသာမကဘဲ ေရြးခ်ယ္ေမးခြန္းေတြ၊ ကြက္လပ္ျဖည့္ေတြအတြက္လည္း အၾကမ္းစာရြက္မသံုးခဲ့ေပ…

သူ႔ဘဝမွာ ပထမဆံုးက်ရႈံးအဆင့္ရတာက ဒီအေၾကာင္းျပခ်က္ေၾကာင့္လား?

သို႔ေပမယ့္ သူရွင္းရွင္းလင္းလင္းမွတ္မိတာကေတာ့ အေျဖလႊာစာရြက္ေပၚမွာ သူတြက္ခ်က္မႈျဖစ္စဥ္ကုိ ေသခ်ာေပါက္ေရးရမယ္ဆိုတဲ့ မွတ္ခ်က္စည္းမ်ဥ္းမ်ိဳးမရွိဘူးေလ…

အတိတ္မွာတုန္းက က်င္ရႊင့္ပညာေရးလမ္းေၾကာင္းက အျခားသူေတြနဲ႔ကြာျခားသည္။ အထူးသျဖင့္ အသက္ဆယ့္ငါးႏွစ္မွာ ဂ်ီးနီးယစ္အတန္းကိုဝင္ေရာက္ျပီးေနာက္ သူစနစ္တက်စာေမးပြဲမ်ိဳးေျဖရတာ ရွားပါးလွသည္။

စာေမးပြဲအတြင္းမွာ အလ်င္လိုတာမ်ိဳးေတြ မၾကာခဏရွိတတ္ျပီး တစ္ခါတစ္ေလ အခ်ိဳ႕အဆင့္ေတြက ေရးဖို႔မလိုအပ္ဘူးလို႔ သူခံစားမိတာေၾကာင့္ ရလဒ္ကုိတစ္ဆင့္တည္းေျဖခဲ့တာျဖစ္သည္။

         …

ဒါေပမယ့္ က်င္ရႊင္က ဆရာ့ရဲ႕အေတြးေတြကုိ နားမလည္ႏုိင္ေပ။ သူမလန္႔သြားပါဘူး အဆိုးဆံုးမွ ေနာက္စာသင္ႏွစ္ဝက္မွာ ျပင္ဆင္စာေမးပြဲထပ္ေျဖရရုံေပါ့။

ဒီလိုမ်ိဳးက်ရႈံးတာက အေတာ္ေလးဆန္းၾကယ္တယ္လို႔ သူခံစားမိရုံတင္…ဒါကုိ တစ္ခါမွမေတြ႔ၾကံဳဖူးတဲ့အေတြ႔အၾကံဳအျဖစ္ မွတ္ယူႏုိင္တယ္

က်င္ရႊင္က အကူအညီမဲ့စြာေျပာလိုက္သည္ : “ ကၽြန္ေတာ္ ေမးခြန္းေတြကို ကၽြန္ေတာ့္ဘာသာေျဖခဲ့တာပါဆရာ ကၽြန္ေတာ္အာမခံႏုိင္ပါတယ္”

“ မင္းက ငါ့ကုိလိမ္ခ်င္ေနေသးတယ္ေပါ့ ဘာျဖစ္သြားလဲဆိုတာ ငါမသိဘူးလို႔မင္းမထင္နဲ႔။ ယန္က်င္ရႊင္ မင္းကအေျဖလႊာကို အရင္ဦးဆံုးထပ္တဲ့သူပဲ”

က်င္ရႊင္ : “……”

“ ဒီတစ္ၾကိမ္ေမးခြန္းေတြက မခက္ေပမယ့္လည္း ေနာက္ဆံုးေမးခြန္းၾကီးႏွစ္ခုအတြက္ မင္းဘာတြက္ခ်က္ပံုမွေရးမထားဘူး ဒီေတာ့ မင္းသူတုိ႔ကုိ တုိက္ရုိက္ဘယ္လုိေျဖႏုိင္သြားတာလဲ?” တစ္ဖက္ရွိဆရာကဆက္ေျပာလာသည္ : “ဒီတစ္ၾကိမ္ ငါမင္းကို59မွတ္ေပးတာက မ်က္ႏွာသာအခ်ိဳ႕ေပးထားတာပဲ။ ဘာမွမေျပာနဲ႔ေတာ့ ေနာက္စာသင္ႏွစ္ဝက္အတြက္ ျပင္ဆင္စာေမးပြဲကို ျပန္လာေျဖ”

“…”

ဘာသာရပ္တစ္ခု က်ရႈံးတာက တကယ္ကို ဝတၳဳဆန္တဲ့အေတြ႔အၾကံဳပဲ

ဒါေပမယ့္ စာေမးပြဲမွာ ခုိးခ်တယ္လို႔ အခုိင္အမာစြပ္စြဲခံရျပီး သူ႔အျပစ္ကင္းစင္မႈကို သက္ေသျပဖို႔ အခြင့္အေရးတစ္ခုေတာင္မေပးဘူး…ဒါက အရမ္းရွက္ဖို႔ေကာင္းတယ္

က်င္ရႊင္က က်ရႈံးစာေမးပြဲျပန္ေျဖရမွာကုိ စိတ္ထဲမထားေပမယ့္ သူ႔မွာလည္း ေအာက္ေျခစည္းရွိသည္။

သူျပန္ေျဖလုိက္၏ : “ဒါဆိုဆရာ၊ ဆရာ့မွာ ကၽြန္ေတာ္ခုိးခ်တယ္ဆိုတဲ့သက္ေသရွိလား? ကၽြန္ေတာ္ကအေျဖလႊာကိုပထမဆံုးလာထပ္တဲ့သူလို႔ ဆရာေျပာခဲ့တယ္ေလ ဒီေတာ့ ကၽြန္ေတာ္က ဘယ္သူ႔ဆီကေန သြားကူးရမွာလဲ?”

ပုိျပင္းထန္တဲ့ ျပစ္တင္ၾကိမ္းေမာင္းမႈတစ္ခု ထပ္ေပၚလာသည္ : “ မင္းဘယ္သူ႔ဆီက သြားကူးတယ္ဆိုတာ ဘယ္သူသိမွာလဲ မင္းငါ့စာေမးပြဲေမးခြန္းေတြကုိ ၾကိဳတင္ရထားတာလည္း ျဖစ္ႏုိင္တာပဲေလ!  ရိုးရုိးသားသားေျပာရရင္ ယန္က်င္ရႊင္..ဆရာ မင္းကုိအရမ္းစိတ္ပ်က္သြားျပီ!”

က်င္ရႊင္က ျပန္ေျပာ၏ : “ ဒါက ဆရာ့ရဲ႕ကုိယ္ပုိင္ယူဆခ်က္သာသာပဲေလ ကၽြန္ေတာ္ခိုးခ်တာကုိ ေနရာမွာမိတာလည္းမဟုတ္သလုိ ကၽြန္ေတာ္ခိုးခ်တယ္ဆိုတဲ့သက္ေသလည္းမရွိေပမယ့္ ဆရာက ကၽြန္ေတာ့္အေျဖေတြကုိ ခိုးခ်တယ္ဆိုျပီး သတ္မွတ္လိုက္တယ္။ ကၽြန္ေတာ့္အျမင္မွာေတာ့ ဒါက အရမ္းတာဝန္မဲ့လြန္းအားၾကီးတယ္”

“မင္း…!” ဒီဆရာက အသက္ငါးဆယ္ေက်ာ္ျပီျဖစ္ျပီး သူ႔ဘဝသက္တမ္းတစ္ခုလံုးကုိ ေက်ာင္းမွာကုန္ဆံုးခဲ့တာပင္။ သူက ဌာနမွာ စည္းကမ္းတင္းက်ပ္ တည္ၾကည္တယ္ဆိုျပီး နာမည္ဆိုးနဲ႔ေက်ာ္ၾကားတာဆိုေတာ့ ဒါကုိဘယ္သည္းခံႏုိင္ပါ့မလဲ

“ဒါ့ေၾကာင့္ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္သက္ေသျပဖို႔ ဆရာအခြင့္အေရးတစ္ခုေပးရမယ္”

တစ္ဖက္လူ လံုးဝမေပါက္ကြဲခင္ က်င္ရႊင္က အလ်င္အျမန္ေအာ္ေျပာလိုက္သည္။

“…”

သူေျပာတာကို ၾကားေတာ့ အျခားတစ္ဖက္က တစ္ခဏခန္႔ရပ္သြားျပီးေနာက္ ႏွာေခါင္းရႈံ႕လာသည္
“မင္းက မင္းကိုယ္မင္းဘယ္လုိသက္ေသျပမွာလဲ”

“ဆရာ ကၽြန္ေတာ့္ကုိ ေနာက္ထပ္ေမးခြန္းလႊာေပးရင္ေရာ? ေနရာမွာတင္ တစ္ခါတည္းစစ္လိုက္ေလ”

“ဒါဆို ငါ့ရုံးခန္းကိုလာခဲ့” ဆရာ့အသံက ခက္ထန္ေနဆဲပင္ : မင္း ကုိးနာရီမခြဲခင္ လာႏုိင္လား?”

က်င္ရႊင္က အခ်ိန္ကိုတစ္ခ်က္ၾကည့္ကာ ျပႆနာမရွိေၾကာင္းေျပာလုိက္သည္။

တကယ္ေတာ့ တစ္ဖက္လူကုိ ဖုန္းကေနျပီး ထိုျပႆနာေတြရဲ႕အေျဖကို ရွင္းျပလိုက္တာ ပုိလြယ္တယ္လုိ႔ သူေတြးခဲ့သည္။

ဒါေပမယ့္ ဒါကပိုသံသယျဖစ္ဖြယ္ေကာင္းေတာ့ ကုိယ္တုိင္သြားျပီး မ်က္ႏွာခ်င္းဆုိင္ေျဖရွင္းလိုက္တာ ပိုေကာင္းသည္။

“ရွဲန္းရွန္”

ဖုန္းခ်လုိက္တဲ့က်င္ရႊင္က ရွန္ရိက်င္းကုိရွာရန္ ဧည့္ခန္းကေန အိပ္ခန္းတစ္ေလွ်ာက္ေျပးသြားလိုက္၏ : “ကၽြန္ေတာ္ ဒီမနက္ခြင့္ယူမယ္ေနာ္ အလုပ္ကုိမလုိက္ေတာ့ဘူး”

ရွန္ရိက်င္းက အဝတ္လဲခန္းထဲမွာ အဝတ္လဲေနတာျဖစ္ႏုိင္သည္။

ဒါကိုၾကားေတာ့ သူေျပာလာ၏ “အိုေက”

က်င္ရႊင္က အခန္းထဲမဝင္သြားေပမယ့္ တံခါးအျပင္မွာ ရပ္ေနကာ သိပ္မေဝးတဲ့ဆီမွ ရွန္ရိက်င္းအသံကို နားေထာင္ေနသည္ : “ ကုိယ္ေရွာင္ရႊင္နဲ႔တူတူ ေက်ာင္းကုိလိုက္မယ္”

“အမ္”

က်င္ရႊင္က မသိစိတ္အေလ်ာက္ ျငင္းပယ္လုိက္မိသည္ : “မလိုပါဘူး ကၽြန္ေတာ္က ဆရာရုံးခန္းကုိသြားရံုပါပဲ”

သူခုနက ဖုန္းေျပာခဲ့တာေတြကုိ ရွန္ရိက်င္းအား အတိုခ်ံဳးျပန္ေျပာျပလိုက္သည္။

ဘာေတြပဲျဖစ္ေနပါေစ ဆရာက သူ႔ကုိယ္သူသက္ေသျပဖို႔ အခြင့္အေရးေပးေနသေရြ႕ ဒီကိစၥက အလြယ္တကူေျဖရွင္းႏုိင္သည္။

က်င္ရႊင္ကေျပာလုိက္သည္ : “ရွဲန္းရွန္ ကုမၸဏီကိုအရင္သြားႏွင့္လိုက္ေလ ကၽြန္ေတာ္ေန႔လည္က် ခင္ဗ်ားကုိလာရွာမယ္”

ရွန္ရိက်င္း : “ ကုိယ္ေက်ာင္းကိုအေဖာ္လိုက္ေပးတာကုိ ေရွာင္ရႊင္ကမၾကိဳက္ဘူးလား?”

“အဲ့လိုမဟုတ္ပါဘူး ” က်င္ရႊင္ကေျပာလုိက္သည္ : “ဒါေပမယ့္ ရွဲန္းရွန္ အလုပ္ရႈပ္ေနတာမဟုတ္လား?”

“ကုိယ္ဒီမနက္ အလုပ္မရႈပ္ဘူး”

“…”

က်င္ရႊင္က သေဘာတူလုိက္ရေတာ့သည္ : “ဒါဆုိလည္း ေကာင္းျပီေလ”

ရွန္ရိက်င္း ေက်ာင္းကုိအေဖာ္လိုက္ေပးတာအား မၾကိဳက္လုိ႔မဟုတ္ေပ။

အေနာက္တုိင္းဝတ္စံုျပည့္၊ သားေရဖိနပ္ျဖင့္ ျပင္းထန္တဲ့အရွိန္အဝါတုိ႔ ျပည့္လွ်မ္းေနသာ ရွဲန္းရွန္က သူနဲ႔တူတူေက်ာင္းမွာေပၚလာျပီး ဆရာရုံးခန္းကိုသြားမွာအား ေတြးၾကည့္လိုက္ရုံနဲ႔တင္….

ဒါက ေမႊေႏွာက္မႈတစ္ခုကုိ အလြယ္တကူဖန္တီးႏုိင္တယ္လုိ႔ သူခံစားေနမိသည္။

သူက ရွဲန္းရွန္ကုိ ခြဲျခားခြဲျခားလုပ္ဖို႔ရည္ရြယ္ခ်က္မရွိေပမယ့္ အမွန္အတုိင္းေျပာရရင္ Mr.ဗီလိန္ရဲ႕စရိုက္အသြင္အျပင္က တကယ္ကိုေက်ာင္းနဲ႔မလုိက္ဖက္ဘူး။

         ……

က်င္ရႊင္က ဒါကုိက်ယ္က်ယ္မေျပာႏိုင္ေပ။

သူကေခါင္းကုတ္လုိက္မိေပမယ့္ ရွဲန္းရွန္က တူတူသြားခ်င္တယ္ဆိုလည္း အဆင္ေျပပါတယ္။

သူက ထုိအရာကုိ တရစ္ဝဲလည္လည္ေတြးေနတာအား ရပ္လိုက္ျပီး ေကာ္ရစ္တာဆီျပန္လွည့္ကာ ရွန္ရိက်င္းျပီးတာနဲ႔တူတူထြက္လုိ႔ရေအာင္ အေပါက္ဝဆီဦးတည္လိုက္သည္။

ေျခလွမ္းႏွစ္လွမ္းေတာင္ မေလွ်ာက္ရေသးခင္ ရွန္ရိက်င္းေခၚလာတာအား ၾကားလိုက္ရ၏

“ေရွာင္ရႊင္”

က်င္ရႊင္က မသိစိတ္အေလ်ာက္ ေခါင္းလွည့္လိုက္မိေတာ့ ေနေရာင္ေၾကာင့္ တလက္လက္ေတာက္ပေနတဲ့စက်င္ေက်ာက္ျပားထက္ မတ္တပ္ရပ္ေနေသာ ေပါ့ေပါ့ပါးပါးအဝတ္အစားျဖင့္ ရွန္ရိက်င္းကုိ ျမင္လိုက္ရသည္။

သူက ထသြားထလာ Vသ႑ာန္လည္ပင္းပံုရွိ ေလ်ာ့ရဲရဲတီရွပ္ကို ဂ်င္းအနက္နဲ႔ တြဲဖက္ဝတ္ဆင္ထားသည္။

ဒီမနက္မွ ေလွ်ာ္ထားတဲ့ဆံပင္တုိတုိက သန္႔ရွင္းျပီးလန္းဆန္းေနသည္။ သဘာဝေလျဖင့္ အေျခာက္ခံျပီးေနာက္ အတန္ငယ္ညြတ္က်ေန၏။ တမင္တကာ ျပင္ဆင္ထားတာမ်ိဳးမရွိတဲ့ ဖြာက်ေနေသာဆံပင္က ငယ္ရြယ္မႈအျပည့္ဆံပင္စတုိင္ႏွင့္ တူသြားေစသည္။

         …

က်င္ရႊင္ : !

က်င္ရႊင့္ပါးစပ္က အနည္းငယ္က်ယ္သြားသည္။

ရွဲန္းရွန္က အရမ္းခန္႔ညားတာပဲ!

ပြတိပြေယာင္းအေပၚဝတ္နဲ႔ အသားကပ္ဂ်င္းေဘာင္းဘီက ပခံုးက်ယ္က်ယ္၊ ေျခတံရွည္ရွည္ျဖင့္ သူ႔ရဲ႕ပံုရိပ္ေကာင္းကုိ ကြက္တိပံုေဖာ္ေပးေနသည္။ ဒါ့အျပင္ နဖူးထက္ရွိညြတ္က်ေနတဲ့ဆံပင္ကလည္း သူ႔မ်က္လံုးထဲရွိ လ်စ္လ်ဴရႈေအးစက္မႈကို အနည္းႏွင့္အမ်ားဖံုးကြယ္ထားတာေၾကာင့္ ရွန္ရိက်င္းက ပံုမွန္ဗီလိန္လူၾကီးမင္းနဲ႔ အနည္းငယ္ျခားနားေနသည္။

သူက ေက်ာင္းပရဝဏ္အတြင္းက ေက်ာင္းသားတစ္ေယာက္ပါလို႔ေျပာရင္ လူအမ်ားစုက ယံုၾကလိမ့္မယ္။

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰
Unicode

Chapter 57 : သစ်ကိုင်းတွေကြား ဖြတ်သန်းတိုက်ခတ်လာသောလေ + 59မှတ်

ကျင်ရွှင်က ရှန်ရိကျင်းနောက်လိုက်ကာ လှေကားကနေဆင်းပြီး ပထမထပ်ကို သွားကြသည်။

မန်နေဂျာက နောက်ကနေ လိုက်နေရင်း သူ့နဖူးထက်ရှိ ချွေးစေးတွေကို မသုတ်ပဲမနေနိုင်ပေ။

…ဒီလူနှစ်ယောက်ရဲ့အဝတ်အစားတွေနဲ့ အသွင်အပြင်ကိုကြည့်မယ်ဆိုရင် ခုနတုန်းက သူကဥက္ကဋ္ဌရှန်ရဲ့အချိန်ကောင်းလေးကို နှောင့်ယှက်ခဲ့မိပုံပဲ!

…ဘုရားရေ သူဘာလုပ်ခဲ့မိတာလဲ?!

ထန်းရှောက်ရယ်ကို ထိန်းထားဖို့ သူအရင်ဆုံး လူလွှတ်ပြီး ဒီမှာသူရှင်းပြီးမှ ဥက္ကဋ္ဌရှန်ကို သွားရှာခဲ့သင့်တာ…

မန်နေဂျာက သူ့ရဲ့လွတ်နေတဲ့ဦးနှောက်ကြောင့် ကြောက်လန့်လာကာ ဒယီးဒယိုင်ပင်ဖြစ်လာသည်။ အရှေ့မှာတော့ ရှန်ရိကျင်းနဲ့ ကျင်ရွှင်က ပထမထပ်ကိုရောက်သွားကြပြီ။

မြို့လယ်ကောင်ရှိ နိုက်ကလပ်က ဧည့်သည်တွေအများကြီးရှိတာမို့ သူတို့က လုံခြုံရေးကို အများကြီးအာရုံစိုက်ရပြီး ထပ်ခါတလဲလဲ တောင့်တင်းအောင်လုပ်နေရသည်။

ဒီတစ်ကြိမ်မှာ ထန်းလီက ဒေါသပေါက်ကွဲမှုတစ်ခုလုပ်ခဲ့ပြီး လုံခြုံရေးတွေရဲ့ ဆွဲခြင်းခံရကာ အခန်းငယ်လေးတစ်ခုထဲနေရာချခံထားရသည်။ သူက ဘာနှောင့်ယှက်မှုမှ မလုပ်ခဲ့တာမို့ ဒါက ကြီးမားတဲ့ဖြစ်ရပ်တော့မဟုတ်ပေ။

သို့ပေမယ့် သူက ဥက္ကဋ္ဌရှန်ကိုယ်တိုင်ခေါ်ဆောင်လာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တာကြောင့် သူ့ကိုအသိပေးရန် လိုအပ်နေဆဲပင်။ အဲ့နောက်မှာ မန်နေဂျာက သူ့ကိုယ်သူအားတင်းရင်း တံခါးခေါက်ခဲ့တာဖြစ်သည်။

ရှန်ရိကျင်း အောက်ထပ်ကိုရောက်တော့ သီးသန့်ခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန် ဖရိုဖရဲပုံစံဖြင့် ကြမ်းပြင်ပေါ်မှာ မလှုပ်မယှက်ထိုင်နေသော ထန်းလီကိုတွေ့လိုက်ရသည်။ သူ့လက်တွေကလည်း ဒဏ်ရာဒဏ်ချက်တွေဖြင့်။

ရှောင်ထန်းက သူ့အစ်ကိုဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ သူ့လက်ဖမိုးမှ သွေးတွေကို တစ်ရှူးဖြင့်သုတ်နေသည်။

ရှန်ရိကျင်းရဲ့အမူအရာက နက်ရှိုင်းသွားသည်။ သူကထန်းလီကိုမေးလိုက်သည် : “ဘာတွေဖြစ်သွားတာလဲ စီနီယာ မင်းတစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား?”

ထန်းလီက နေရာမှာပဲ တွေဝေမိန်းမောစွာထိုင်နေပြီး စကားမပြောပေ။ ရှောင်ထန်းကလည်း မျက်နှာထက်မှာ စိတ်ရှုပ်နေတဲ့အမူအရာနဲ့အတူ ခေါင်းငုံ့ထားသည်။

ဒါ့ကြောင့် ဘေးဘက်ရှိ မန်နေဂျာကပဲ ရှင်းပြလိုက်ရသည် : “မဟုတ်..မဟုတ်ပါဘူး ဘယ်သူကမှ ထန်းရှောက်ရယ်နဲ့ ရန်မဖြစ်ခဲ့ပါဘူး”

နောက်နေတာလား? ဥက္ကဋ္ဌရှန်က သူအပေါ်တက်မသွားခင် ထန်းရှောက်ရယ်ကို စောင့်ကြည့်ပေးထားဖို့ မှာခဲ့တဲ့ဟာကို။ တကယ်လို့ တစ်ဖက်လူသာ သူ့မျက်လုံးအောက်မှာ အရိုက်ခံခဲ့ရရင် သူဒီမှာထပ်ပြီးအလုပ်လုပ်နေစရာ မလိုတော့ဘူး။

မန်နေဂျာက ပြောပြလိုက်၏ : “ သူ့လက်က ဒဏ်ရာက…ထန်းရှောက်ရယ်ဘာသာ လုပ်ထားတာပါ။ သူက နံရံကို ထိုးနေခဲ့တာ”

ရှန်ရိကျင်း : “…”

“မင်းတို့အရင်ထွက်သွားလိုက်” သူက မသက်ဆိုင်တဲ့သူတွေအားလုံးကို တံခါးအပြင်ဘက်ပို့လိုက်သည်။ ရှန်ရိကျင်းက ထန်းလီရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ?”

ဗလာဖြစ်နေတဲ့အမူအရာနဲ့ရှိနေသော ထန်းလီက သူပြောတာကို မကြားသလိုပင် ဒါမှမဟုတ် အသံမပြုချင်ပုံ။

ဒါ့ကြောင့် ရှောင်ထန်းကသာဖြေနိုင်သည် : “ ကြည့်ရတာတော့…အစ်ကိုကျင်းပဲ”

တကယ်တမ်းတော့ ရှောင်ထန်းလည်း ဘာဖြစ်ခဲ့မှန်းမသိပေ။

ခုနလေးတုန်းက သူနဲ့သူ့ကိုကြီးက ကစားနေခဲ့ကြတာ။ အစပိုင်းမှာတော့ ပျော်ဖို့ကောင်းပေမယ့် တစ်နည်းတစ်ဖုံဖြင့် သူ့အစ်ကိုကြီးရဲ့အသားအရောင်က ရုတ်ခြည်းပြောင်းသွားကာ ဦးတည်ရာတစ်ခုကို တဟုန်ထိုးပြေးသွားသည်။

အကလွှာမှာက လူတွေအများကြီးရှိနေတာမို့ ရှောင်ထန်းရဲ့တုံ့ပြန်မှုက စည်းချက်တစ်ဝက်စာလောက် နှေးကွေးသွားသည်။ သူက လူအုပ်ကိုတွန်းဖယ်ကာ မီအောင်လိုက်သွားချိန် သူ့ကိုကြီးက ပျောက်ကွယ်သွားနှင့်ပြီ။

အကြာကြီးရှာပြီးတာတောင် သူ့ကိုကြီးကို သူရှာမတွေ့နိုင်ခဲ့ပေ။ အဲ့ဒါက တစ်စုံတစ်ယောက်ဆီကနေ ရန်ပွဲတစ်ခုဖြစ်နေတယ်လို့ သူနားစွန်နားဖျားမကြားခင်အထိပေ၊ သူ့ကိုကြီးကိုများ ရှာနိုင်မလားဆိုပြီး သူအပြေးသွားကြည့်ခဲ့တာ။

ဒါပေမယ့် သူရောက်သွားချိန်မှာ ဘာရန်ပွဲမှမတွေ့ဘဲ နံရံကိုလက်သီးဖြင့်ထိုးနေသော သူ့ကိုကြီးကိုသာလျှင် တွေ့လိုက်ရသည်။

သူ့ကိုကြီးကိုထိန်းချုပ်ပြီးတဲ့အချိန် သူ့ကိုကြီးက ဘာမှမပြောဘဲ…အစ်ကိုကျဲ့ဟိန်ရဲ့နာမည်ကိုပဲ ခေါ်နေတယ်

နောက်ပိုင်းမှာတော့ သူတို့ကိုဒီနေရာမှာ သီးသန့်ထားလိုက်တယ်။ သူ့ကိုကြီးက တဖြည်းဖြည်းစိတ်ငြိမ်ကာ အမူးပြေလာသည်။ သူက ဘာစကားမှမပြောတော့ဘဲ မိန်းမောစွာဖြင့်ထိုင်နေတော့သည်။

“ကျင်းကျဲ့ဟိန်?” ရှန်ရိကျင်းက နာမည်ကို ထပ်ခါထပ်ခါရွတ်လိုက်သည်။

ထန်းလီက ထိုနာမည်ကိုကြားချိန် နောက်ဆုံးမှာတော့ တုံ့ပြန်မှုတစ်ခုရှိလာသည်။

အာရုံစူးစိုက်မှုမရှိတဲ့သူငယ်အိမ်တွေက တစ်ဖန်ပြန်စုစည်းလာသည်။ တစ်ခဏကြာပြီးနောက် ထန်းလီက ကွဲပြားစွာဝတ်ဆင်ထားပြီး သူ့ကိုစိုက်ကြည့်နေတဲ့ ကျင်ရွှင်နှင့်ရှန်ရိကျင်းအား မြင်သွားတော့သည် : “မင်းတို့ကောင်တွေက ဘာလို့…ဒါက ဘားမှာပဲရှိသေးတာလား? ရင်ဖိုစရာကောင်းလိုက်တာ”

အကွာအဝေးတစ်ခု၌ မတ်တပ်ရပ်နေသော ကျင်ရွှင် : “…?”

ဒါကိုပြောပြီးနောက် သူကြမ်းပြင်ပေါ်မှာ တကယ်ကြီးထိုင်နေတယ်ဆိုတာကို သဘောပေါက်သွားရာ ထန်းလီက ကြိုးစားပြီးမတ်တပ်ရပ်လိုက်သည်။

အကူအညီဖြင့် ဆိုဖာပေါ်ရောက်သွားပြီးနောက် သူ့လက်ရှိဒဏ်ရာကိုကြည့်ကာ
“ဒါက ဘာမှမဟုတ်ပါဘူး”

သူက ရှောင်ထန်းကိုနှစ်သိမ့်ပေးလိုက်သည် : “မစိုးရိမ်ပါနဲ့ မင်းကိုကြီးအဆင်ပြေပါတယ်”

ရှောင်ထန်းက စောနတုန်းက အရမ်းကြောက်သွားတာဖြစ်သည်။ သူ့ကိုကြီးအမူးပြေသွားတာကိုမြင်တော့ စိုးရိမ်နေတဲ့သူ့မျက်နှာကို ဖယ်ရှားလိုက်ကာ ခက်ထန်စွာပြောလိုက်၏ “ဘာဖြစ်တာလဲဗျ ကိုကြီးအရင်က ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး! ပြီးတော့ ကိုကြီး တကယ်ပဲ အစ်ကိုကျဲ့ဟိန်ကိုမြင်လိုက်လို့လား? သူက အပန်းဖြေခရီးမသွားဘူးလား?”

“မဟုတ်ပါဘူး” ထန်းလီက သူ့နားထင်ကို လက်တစ်ဖက်ဖြင့်ပွတ်ကာ သူ့မျက်နှာကို ကြမ်းတမ်းစွာဖုံးကာလိုက်၏ : “ ငါသူ့ကိုမြင်လိုက်တယ်လို့ ပြောခဲ့လို့လား?”

ရှောင်ထန်း : “……”

ထန်းလီ : “ မှားပြောမိတာဖြစ်မယ် ငါမမှတ်မိဘူး”

“…”

ထန်းလီက ခုထိ အပြည့်အဝအမူးမပြေသေးတာမို့ ဘားထဲမှာ ဆက်နေရန်အဆင်မပြေပေ။ သူထပ်ပြီးမကစားချင်တော့ဘူးပြောကာ ထွက်ခွာဖို့ပြင်လိုက်ပေမယ့် ရှန်ရိကျင်းကတားလိုက်သည်။

“ မင်းအတွက် အခန်းတစ်ခန်းစီစဉ်ပေးရမလား”

“မလိုဘူး” ထန်းလီကပြော၏။

သူက အများအားဖြင့် သူ့ညီလေးနဲ့လုပ်သလိုမျိုး ရှန်ရိကျင်းပခုံးကိုမပုတ်ခဲ့ပေ။ သူက ပြောရုံသာပြောလိုက်သည် : “မင်းတို့ကောင်တွေ ဆက်ပြီးပျော်သင့်တယ်။ ငါအရင်သွားနှင့်တော့မယ်”

သူ့လက်က ဒဏ်ရာရထားပြီး အများကြီးသောက်ထားတာမို့ ဒီလိုပုံနဲ့တော့ သူအိမ်ပြန်နိုင်မှာမဟုတ်လောက်ပေ။ ဒါပေမယ့် ထန်းလီက Dragonမြို့တော်မှာ ခြေချစရာနေရာမရှိသူမှ မဟုတ်ဘဲ ဒါ့ကြောင့် ရှန်ရိကျင်းက သူ့အားမစိုးရိမ်ပေ။

သူပြန်ချင်နေမှတော့ သူတို့အတွက်ကားစီစဉ်ပေးလိုက်သည်။

ထန်းညီအစ်ကိုကို ယာယီအားဖြင့် နှုတ်ဆက်စကားပြောရင်း သူတို့အားလုံး ကားဆီလမ်းလျှောက်လာကြကာ အပြင်ဘက်ရှိမိုးက မမျှော်လင့်ထားစွာပဲ တိတ်သွားလေပြီ။

လမ်းမထက်ကို မိုးရေဖြင့်ဆေးကြောထားတာမို့ စိုထိုင်းထိုင်းအငွေ့အသက်လေးခပ်ဖျော့ဖျော့ရှိနေသည်။ လမ်းနှစ်ဖက်လုံးရှိ အာကေးရှားသစ်ရွက်တွေက မြေပြင်ပေါ်ကို အများအပြားကြွေကျနေသည်။ စိုထိုင်းထိုင်းရေငွေ့တွေအပြင် လေထုထဲမှာ မြက်ပင်နဲ့သစ်ပင်တွေရဲ့ အနံ့ဖျော့ဖျော့လည်း ရှိနေသည်။

ခေါင်မိုးပေါ် တင်ကျန်နေဆဲမိုးရေစက်တွေက ဖြည်းဖြည်းမှန်မှန် ကျဆင်းနေပြီး ညခင်းကို အများကြီးအေးမြစေသည်။

ဘားထဲရှိ လေအေးပေးစက်ရဲ့အေးမြမှုနဲ့မတူဘဲ အပြင်ဘက်မှာတိုက်ခတ်နေတဲ့လေညင်းလေးတွေရဲ့ အေးမြမှုက ဘယ်လူလုပ်လေအေးပေးစက်မှ အစားမထိုးနိုင်ပေ။

ကျင်ရွှင်က လတ်ဆတ်တဲ့လေအေးအေးကို တစ်ချက်ရှိုက်သွင်းလိုက်သည်။

ရှန်ရိကျင်းက သူ့လက်ကိုကိုင်ကာ “ ကိုယ်တို့ရော အိမ်ပြန်ကြတော့မလား”

“ဟုတ်” ကျင်ရွှင်ကပြော၏ “အိမ်ပြန်ကြမယ်”

နှစ်ဦးသားက ချက်ချင်းကားထဲမဝင်ပေ။ အဲ့အစား သူတို့လက်ကိုင်ကာ ကတ္တရာလမ်းပလက်ဖောင်းမှာ လမ်းလျှောက်နေကြ၏။

သိမ်မွေ့တဲ့လေညင်းတွေက တိုက်ခတ်လာကာ သစ်ကိုင်းတွေကို ဖြတ်သန်းတိုက်ခတ်သွားပြီး လမ်းနှစ်ဖက်လုံးရှိ အာကေးရှားသစ်ပင်တွက တရှဲရှဲမြည်နေသည်။ နီယွန်လမ်းမီးရောင်တွေက နွေးထွေးတောက်ပနေပြီး လူနှစ်ယောက်ရဲ့အရိပ်ကို မြေပြင်ထက်ရေးဆွဲပေးနေသည်။

         …

ရှန်ပေါ်ဟန်ဘေးမှ လူတွေအတွက်တော့ ဒီညက တကယ်ကိုအသက်ဝင်တဲ့ညဆိုတာကို တညီတညွတ်တည်းသဘောတူရမယ်။

လင်လိက ထိုရိုက်ချက်တွေကို အုပ်စုစကားပြောခန်းထဲတင်လိုက်ချိန် အုပ်စုတစ်ခုလုံးပေါက်ကွဲထွက်ကုန်သည်။

သူက ပုံတွေကို လူတိုင်းအတူတူရှိနေကြတဲ့ဂရုထဲမတင်ဘဲ သီးခြားဖန်တီးထားတဲ့ဂရုငယ်လေးထဲ ပို့လိုက်တာဖြစ်သည်။

သူတို့အုပ်စုငယ်လေးမှာ အဓိကကျပုံရိပ် ငါးယောက်၊ခြောက်ယောက်လောက်ပဲ ပါဝင်တာဖြစ်သည်။ ဒီအုပ်စုထဲမှလူတွေက အများအားဖြင့် နောက်လိုက်ငယ်တွေနဲ့ XXဆယ်လီတွေအပါအဝင် သူရယ်၊ရှန်ပေါ်ဟန်ရယ်နဲ့ အပြင်ထွက်လေ့ရှိသည်။ ဒီအုပ်စုထဲရှိလူတိုင်းက တကယ့်ချမ်းသာတဲ့မိသားစုက အစစ်အမှန် ဒုတိယနဲ့တတိယမျိုးဆက်လေးတွေဖြစ်သည်။

ဒီလူတွေမှာ ဘုံလက္ခဏာတစ်ခုရှိသည် အဲ့ဒါကတော့ သူတို့အားလုံးရှန်ရိကျင်းကိုသိကြတယ်။

သူတို့က စည်းမျဉ်းတွေကိုလည်းသိပြီး ရှန်မိသားစုက သာ့ရှောက်ရယ်ရဲ့ *ဖရဲစေ့ကို ဘယ်လိုစားရမလဲဆိုတာကိုလည်း သိတယ်။

[*ကောလဟာလ၊ အတင်းအဖျင်း]

အဆုံးမှာတော့ ရှန်ရိကျင်းက သူတို့အားလုံးနဲ့ ခြားနားတယ်လေ။

သူတို့အားလုံးက သူတို့ရဲ့နေထိုင်မှုအတွက် မိသားစုအပေါ်မှီခိုနေရပေမယ့် ရှန်ရိကျင်းကတော့ ရှန်မိသားစုလုပ်ငန်းရဲ့80%ကို ဖမ်းဆုပ်မိထားပြီးပြီ။

သူတို့က ဘဝမှာမရေမရာဖြစ်နေသေးပြီး ဘာစွမ်းဆောင်ရည်မှမရှိကြပေ။ သို့ပေမယ့် ရှန်ရိကျင်းတည်ထောင်ထားတဲ့ များစွာသောကုမ္ပဏီတွေက ကနဦးအဆင့်ပင်ရောက်နေပြီး မကြာခင်စာရင်းဝင်ကုမ္ပဏီတွေဖြစ်လာလုနီးပါးပင်။

ဒီ့အပြင် သူတို့ရဲ့သက်ဆိုင်ရာမိသားစုက အဖိုးကြီးတွေနဲ့ကလန်အကြီးအကဲတွေက ရှန်ရိကျင်းနဲ့ ဆက်ဆံရေးကောင်းကောင်းရအောင် ကြိုးစားနေကြတာဖြစ်သည်။

ဒါ့ကြောင့် ရှန်ရိကျင်းကသာ နှိမ့်နှိမ့်ချချနေချင်တယ်ဆိုရင် သူ့ကိုသိတဲ့ချမ်းသာတဲ့ဒုတိယမျိုးဆက်၊တတိယမျိုးဆက်တွေထဲမှ မည်သူကမှ သူ့သတင်းအား အပြင်မှာမဖွရဲပေ။ ရှန်ရိကျင်းက သူတို့နဲ့မကစားသလို သူတို့ကလည်း တက်ကြွစွာဖြင့် သူ့အားစိတ်အနှောင့်အယှက်သွားပေးမှာမဟုတ်ပေ။

ဒါက သူတို့အသိုင်းအဝိုင်းမှာ ရေးသားဖော်ပြထားခြင်းမရှိတဲ့ စည်းမျဉ်းတစ်ခုဖြစ်လာသည်။

ရှန်ရိကျင်းက သူတို့လူငယ်မျိုးဆက်တွေရဲ့ သီးသန့်စုဝေးပွဲတွေမှာ ပါဝင်ခဲလှပြီး တစ်ခါမှကစားဖို့ထွက်မလာဖူးပေ။ သူနဲ့ စီးပွားရေးအကြောင်းတွေ့ဆုံပြောနိုင်သူတွေက သူတို့မိသားစုမှ အကြီးအကဲတွေပင်။ ထိုအချက်ကြောင့် များစွာသော ဒုတိယ၊တတိယမျိုးဆက်တွေက ရှန်မိသားစုရဲ့သာ့ရှောက်ရယ်ကို သူတို့ရဲ့အဖေတွေ၊အဖိုးတွေနဲ့ မျိုးဆက်တူတူပဲဟု မသိစိတ်အလျောက်ခွဲခြားထားမိသည်။

သူတို့ထဲမှအများအပြားက အမှန်တကယ်ကို ရှန်ရိကျင်းထက် အသက်ပိုကြီးတယ်ဆိုပေမယ့်လည်းပေါ့။

လက်ရှိမှာတော့ သူတို့က အဆုံး၌ ရှန်ရိကျင်းရဲ့ဖရဲစေ့ကို စားနိုင်ကြပြီ…ဂရုငယ်လေးက ပေါက်ကွဲသွားသော်ငြားလည်း လူတိုင်းက စည်းမျဉ်းဟောင်းကိုလိုက်နာကြပြီး ဘယ်သူကမှသတင်းတွေကို လူရှေ့ချမပြရဲပေ။

ဒါကြောင့်လည်း လင်လိက ဓာတ်ပုံတွေကို ဒီနေရာမှာ တင်ခဲ့တာဖြစ်သည်။

သူဒါကိုတင်ခဲ့တဲ့အကြောင်းပြချက်အတွက်ကတော့ ဒီကိစ္စက အရမ်းကိုပေါက်ကွဲဖို့ကောင်းလို့ပဲ! သူမအောင့်ထားနိုင်ဘူး!

         ……

ဂရုထဲမှာ ဖရဲ့စေ့စားတဲ့မှတ်ချက်တွေနဲ့ ပြည့်နေသည်။

[ ချီးပဲ ဒီတော့ ထန်းလီလည်းပြန်လာပြီပေါ့? ငါသူ့ကိုမမြင်တာ နှစ်တော်တော်ကြာပြီ]

[သူအိမ်ကိုပြန်လာတဲ့အချိန် အရမ်းရူးသွပ်နေသလို ပြုမူနေတာပဲ ငါကြားတာတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သူ့မိသားစုနဲ့ စီးပွားရေးရာဆက်ဆံရေးတွေကို ဖြတ်ပစ်ခဲ့တာတဲ့ ပြီးတော့ သူက အခုနိုင်ငံခြားမှာ သူ့ဘာသာဒီဇိုင်းပညာရပ်ကိုလုပ်နေတာ…သူ ဆင်းရဲမွဲတေသွားတာကြောင့် ဒီလောက်ထိမူးရူးနေတာများလား?]

[ဘယ်လိုတောင်တုံးအလိုက်တဲ့အကောင်လဲ ဒါက ရိုးရိုးဒီဇိုင်းအလုပ်မဟုတ်ဘူး။ သူက ပထမတန်းစားဗိသုကာပညာရှင်ကွ! သူက နိုင်ငံတကာဆုတံဆိပ်ကို ရခဲ့တာ…သူ့ကိုပိုက်ဆံပေးချင်လို့ ဒူးထောက်နေတဲ့သူတွေ အများကြီးပဲကွ ဟုတ်ပြီလား?]

[လင်လိ : ဖာ့ခ် ဖာ့ခ် ဖာ့ခ် ငါဘာတွေ့ခဲ့လဲဆိုတာ ကြည့်ကြည့်လိုက်စမ်း! တော်သေးတာပေါ့ ငါစောစောမထွက်သွားတာ မှန်သွားတယ်! @အာ့ရှောက်]

ဂရုထဲမှာ ဆွေးနွေးမှုအရှိန်တက်နေစဉ် လင်လိက နောက်ထပ်ပုံအနည်းငယ်ထပ်ပို့လာသည်။

သူတို့က မှုန်ဝါးဝါး လျပ်တစ်ပြက်ရိုက်ချက်တွေဖြစ်ပြီး နောက်ခံက ဘားထဲမှာပင်။

ဒါပေမယ့် သေသေချာချာစူးစမ်းကြည့်လိုက်တော့ သူတို့ရှန်ရိကျင်းနဲ့ယန်ကျင်ရွှင်အား မှတ်မိနိုင်သလို ထန်းမိသားစုရဲ့ညီအစ်ကိုနှစ်ယောက်ကိုပါ မှတ်မိကြသည်။ လေးယောက်သားက တံခါးဆီအတူတကွလျှောက်သွားနေကြပြီး သူတို့ကြည့်ရတာ ပြန်ကြတော့မယ့်ပုံပင်။

[ ဒါက ဘာမှားနေလို့လဲ? ရှန်ရိကျင်းက ထန်းလီကိုသိတာ ပုံမှန်ပဲလေ…]

[ငါလည်း ဘာအံ့အားသင့်စရာမှ မမြင်ဘူး…သူတို့အခု ထွက်သွားတော့မှာပဲ ဖာ့ခ်ပဲ ငါက ဒီမြင်ကွင်းကို ငါ့ကိုယ်ပိုင်မျက်လုံးနဲ့ကြည့်ပြီး စိတ်လှုပ်ရှားမှုကို သက်သေထူချင်သေးတာကို!]

[လင်လိ : မဟုတ်ဘူး မင်းတို့မျက်လုံးတွေကတော့…မင်းတို့မျက်စိဌာနမှာ သွားစစ်ဆေးကြည့်ရမယ့်အချိန်ပဲ ယန်ကျင်ရွှင်ရဲ့အဝတ်အစားတွေကို ကြည့်လေကွာ! ပြီးတော့ အပေါ်က ငါပို့ထားတဲ့ပထမဆုံးပုံကိုပါကြည့်၊ အဝတ်အစားတွေက ကွာခြားနေတယ်! ဒါတွေက သူ့ကိုယ်ပိုင်အဝတ်တွေမဟုတ်တာအသိသာကြီး!]

[!!!]

[လင်လိ: ပြီးတော့ ရှန်ရိကျင်းရဲ့အပေါ်ဝတ်လည်း ပျောက်နေတယ် ဒါကဘာကိုရည်ညွှန်းတာလဲ?]

[……]

[စကားမစပ် ငါတို့ဒါကို အာ့ရှောက်ရှေ့မှာ ဆွေးနွေးနေတာ တကယ်ရောအဆင်ပြေပါ့မလား…]

[အာ့ရှောက်က ဖျားနေတုန်းပဲလေ သူဘယ်လိုလုပ်WeChatကို ဖတ်နိုင်မှာလဲ? ဒါ့အပြင် အာ့ရှောက်က ယန်ကျင်ရွှင်ကို စွန့်ပစ်ပြီးသားလေ…]

[ ပြောရမယ်ဆို ဒါကအရမ်းထူးဆန်းတယ်နော်၊ အဲ့လူမှာ သူငယ်ချင်းဘာညာရှိတယ်လို့ ငါမကြားခဲ့ဖူးဘူး..မင်းတို့သိတယ်မလား? နျဲ့ယန်တုန်းလေ..သိပ်မကြာခင်တုန်းက သူက အဲ့လူရဲ့အိပ်ရာပေါ်ကို တစ်စုံတစ်ယောက်ပို့ပေးအတွက် ရူးသွပ်နေခဲ့တာလို့ ငါကြားခဲ့တယ်။ ရလဒ်အနေနဲ့ သူမအောင်မြင်ခဲ့တဲ့အပြင် အဲ့လူကိုလည်း စိတ်အနှောင့်အယှက်ပေးမိလုနီးပါးပဲ]

[? အမှန်လား အမှားလား လူတစ်ယောက်ပို့ပေးတာက ဘာလို့အဲ့လောက်ထိ စိတ်အနှောင့်အယှက်ဖြစ်ရတာလဲ?]

[အမှန်ပဲ ဥက္ကဋ္ဌနျဲ့ကိုယ်တိုင် ငါ့ကိုပြောပြခဲ့တာ အဲ့လူက တကယ်ကိုဆိုးရွားတဲ့ဒေါသရှိနေတာပဲ!]

         ……

[လင်လိ : …ကိစ္စတွေက ပိုပိုပြီးတော့ ပေါက်ကွဲထွက်လာပြီ ငါခုနလေးတင် ဒီနေရာက မန်နေဂျာကိုသွားမေးခဲ့တာ။ သူပြောတာကတော့ ယန်ကျင်ရွှင်က သာ့ရှောက်ရယ့်နဲ့အတူ သီးသန့်ခန်းထဲမှာ တစ်ခဏလောက်နေနေခဲ့တာတဲ့။ သူက ဝတ်စုံကိုရော နက်ခ်တိုင်ကိုရောထားခဲ့တယ် ပြီးတော့ မင်းတို့သိလား..သူ့လည်ပင်းမှာ hickeyတွေနဲ့တဲ့! Hickeyတွေမှ အများကြီးပဲ!]

[…Hickey? ယန်ကျင်ရွှင်က စွမ်းရည်တော်အတော်လေးရှိသားပဲ ]

[ ဒီတော့ ဒါက တကယ်ကြီးလား? ဒါဆို သူတို့ဘယ်လိုလုပ်အတူတူရှိသွားကြတာလဲ…]

[တကယ်တော့ ယုတ္တိကျကျခွဲဖြာရရင် ယန်ကျင်ရွှင်က အမှန်ကိုကြည့်ကောင်းတာ…ငါတို့မသိတဲ့ အရည်အချင်းကောင်းအချို့ သူ့မှာရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ ]

[အဓိကအားဖြင့် ငါတို့အာ့ရှောက်ရဲ့အမြင်က သာမန်ရဲ့အထက်မှာရှိနေပေမယ့် အဲ့အဆင့်ထိတော့မဟုတ်ဘူး…သောက်ပဲ ငါသာသိခဲ့ရင် ငါ့အဲ့အတွက်စမ်းကြည့်ခဲ့ပါတယ်]

[မေ့လိုက်တော့ အရင်အာ့ရှောက်ကို ယန်ကျင်ရွှင်ကြိုက်တုန်းက ဘယ်လောက်တောင်ရူးသွပ်ခဲ့လဲဆိုတာ မင်းမေ့သွားပြီလား? မင်းလိုလူကိုတော့ သူကြွေသွားမှာမဟုတ်ဘူး ]

[ @အာ့ရှောက် မြန်မြန်နိုးပါတော့ မင်းကိုအရမ်းချစ်ခဲ့တဲ့ယန်ကျင်ရွှင်က အခြားတစ်ယောက်ရဲ့ကုတင်ပေါ် ရောက်နေပြီ!]

         ……

လင်လိ ဒီပုံတွေကို ပို့ခဲ့တဲ့အကြောင်းပြချက်က ရှန်ပေါ်ဟန်ရဲ့ပုံမှန်အထက်စီးဆန်မှုကို ကလဲ့စားပြန်ချေရန်ဖြစ်သည်။

သူတို့အုပ်စုက အာ့ရှောက်ရဲ့နောက်လိုက်တွေဆိုသော်ငြားလည်း ရှန်ပေါ်ဟန်က တစ်ခါတစ်ရံ အခြားသူတွေရှေ့မှာ သူ့အား လေးစားမှုနည်းနည်းလေးတောင်မပေးခဲ့ပေ…သူတို့ထဲက ဘယ်သူကရော သူတို့မိသားစုရဲ့အလိုလိုက်ခံထားရတဲ့ သခင်ငယ်လေးမဟုတ်လို့လဲ? လင်မိသားစုက ရှန်မိသားစုနဲ့မယှဉ်နိုင်ဘူးဆိုရင်တောင်၊ ရှန်ပေါ်ဟန်နားမှာ တွယ်ကပ်နေလို့ သူအကျိုးအမြတ်အချို့ရခဲ့တယ်ဆိုရင်တောင်မှ ဘယ်သူက ဒါကိုဒီလောက်ကြီးသည်းခံနိုင်မှာလဲ

သူက အာ့ရှောက်ဒေါသထွက်စေရန် တမင်သက်သက်ပုံတွေပို့ပေးခဲ့တာဖြစ်သည်။

အာ့ရှောက်က ယန်ကျင်ရွှင်ကို သဘောမကျတော့ဘူးဆိုရင်တောင်…သူ့ရည်စားဟောင်းက သူ့အစ်ကိုကြီးနဲ့ ချစ်သူတွေဖြစ်သွားတယ်လေ၊ အထူးသဖြင့် အဲ့လူက ရှန်ရိကျင်း!

ဒါက အလွန်ကိုရှော့ခ်ရဖွယ်ရာကြီး!

အာ့ရှောက်က ခုချိန်ဘာနဲ့တူနေမလဲ သူတကယ်သိချင်မိသည် သူနောင်တများရနေမလား…

သို့သော် လင်လိက ဘယ်လောက်ထိဆက်သွားရမလဲ ဘယ်ချိန်မှာရပ်ရမလဲကို သိနေသေးသည်။

ဂရုထဲက အချို့ကောမန့်တွေက အစွန်းရောက်လာတာကိုမြင်တော့ သူလျင်မြန်စွာ စာရိုက်လိုက်သည် :
[လင်လိ : အိုက်ယား မင်းတို့ကောင်တွေကလည်း စိတ်ထားကျဉ်းမြောင်းလိုက်တာ။ အာ့ရှောက်က ဘယ်လိုလုပ်ဒီအကြောင်းကို ဂရုစိုက်နိုင်မှာလဲ…ယန်ကျင်ရွှင်ရဲ့အပြုအမူအရဆို သူသာ့ရှောက်ရယ်နောက်လိုက်ရင်တောင် ကြာကြာခံမှာမဟုတ်ဘူး။ ငါတို့ဘာသာငါတို့ဖရဲစေ့စားပြီး အာ့ရှောက်နားနေပါစေ]

         ……

ထိုအခိုက်အတန့်မှာ အာ့ရှောက်ကနိုးနေတာ ရှင်းလင်းလှသည်။

ကိုယ်ပိုင်ဆေးရုံရဲ့အဆင့်မြင့်ဝင်းထဲမှာ အလင်းရောင်တို့ရှိမနေ။

ဖုန်းကိုတစ်ခါပြန်ကောက်ယူလိုက်တဲ့ ရှန်ပေါ်ဟန်က အဖျားပြန်တက်လာတာကို ကြံ့ကြံ့ခံထားရသည်။ သူက နာကျင်ကျိန်းစပ်နေပြီး တစ်ခါတစ်ရံမျက်ရည်လည်လာတဲ့မျက်လုံးတွေဖြင့် ဖုန်းမျက်နှာပြင်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

သူက စာတွေအားလုံးကို ခေါင်းမာစွာစိုက်ကြည့်နေကာ တစ်ခုကိုမှအလွတ်မပေးပေ။

ဒီစာတွေကို ဂရုထဲပို့ရင်း လင်လိရဲ့စိတ်သေးသေးလေးက ဘာတွေတွေးနေမှန်း သူသိတာပေါ့ ဒါပေမယ့် ဒီအခိုက်မှာ သူအဲ့ကောင်ကို ဂရုစိုက်မနေချင်ပေ။

သူတို့ပြောတာတွေက မှန်တယ်

ယန်ကျင်ရွှင်က ကြည့်ကောင်းတယ်

ယန်ကျင်ရွှင်မှာ ကောင်းတဲ့အချက်တွေအများကြီးလည်း ရှိတယ်

အဲ့ဒါက သူပဲ၊ သူပဲ…ရှန်ပေါ်ဟန်ဆိုတဲ့သူ…တန်ဖိုးထားရမယ်မှန်း မသိခဲ့တဲ့သူ

ဒါကြောင့် သူက လှောင်ပြောပြီးသရော်ထားတဲ့စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်းဖတ်ရမယ် ဘာလို့လဲဆိုတော့ ဒီလူတွေက ယန်ကျင်ရွှင်ကို ဒီလိုမျိုးထေ့လုံးငေါ့လုံးတွေနဲ့ အမြဲလှောင်ပြောင်ခဲ့ကြတာ။

ဒါက ယန်ကျင်ရွှင်ခံစားရတာထက် အများကြီးနည်းနေသေးတယ်

အဲ့ဒါကြောင့်မို့ သူတွေကိုကြည့်ရမယ်

ဒါက သူသည်းခံထားသင့်တဲ့အရာပဲ

         ..

“ဟပ်ချိုး!” လမ်းဘေးမှာ မိနစ်နှစ်ဆယ်လောက်လျှောက်သွားပြီးနောက် ကျင်ရွှင်က ရုတ်ခြည်းနှာချေလိုက်မိသည်။

ရှန်ရိကျင်းက ချက်ချင်းရပ်ကာ သူ့ကိုလှည့်ကြည့်လာပြီး : “ ဘာလဲ ရှောင်ရွှင်အေးနေပြီလား”

“မဟုတ်ပါဘူး” ကျင်ရွှင်က သူ့နှာခေါင်းကိုပွတ်ကာ အဲ့နောက် ထူးထူးခြားခြားပူလောင်နေတဲ့သူ့နားရွက်ကို ထိကိုင်လိုက်သည်…တစ်စုံတစ်ယောက်က သူ့နောက်ကွယ်မှာ သူ့အကြောင်းပြောနေတယ်လို့ ခံစားနေရတယ်

ရှန်ရိကျင်းက ထပ်မေးလာသည်
“ဒါဆိုမင်းမောနေပြီလား? မင်းပင်ပန်းနေရင် ကိုယ်တို့ကားထဲဝင်ကြမယ်လေ”

ဒရိုင်ဘာက သူတို့နောက်ကနေလိုက်ကာ သိပ်မဝေးတဲ့နေရာမှာ ရပ်ထားတာဖြစ်သည်။

ကျင်ရွှင်က သူမပင်ပန်းသေးပါဟု ပြောလိုက်သည်။

စောသေးဆဲဖြစ်ကာ လမ်းလျှောက်ဖို့အတွက် မဆိုးလှပေ။

အရေးကြီးဆုံးကတော့ ပြဿနာတွေအားလုံးပြီးသွားပြီးနောက် ရှဲန်းရှန်က အဆုံးမှာ မိုးကိုငြင်းပယ်နိုင်သွားပြီလေ။ မိုးရွာပြီးနောက် ညခင်းမှာ ရှန်ရိကျင်းဒီလိုမျိုးတစ်ခါမှလမ်းလျှောက်ဖူးမှာမဟုတ်မှန်း သူခန့်မှန်းနိုင်သည်…

ရှဲန်းရှန်က စိတ်အခြေအနေကောင်းနေတယ်လို့ သူခံစားမိတာကြောင့် ကျင်ရွှင်က ဒီလိုမျိုးပြန်သွားဖို့ဆန္ဒမရှိပေ။

“ဆက်လျှောက်ရအောင်နော် ရှဲန်းရှန်” သူပြောလိုက်၏။

“ဟုတ်ပြီ”

သဘာဝကျစွာပင် ရှန်ရိကျင်းမှာလည်း ငြင်းပယ်စရာမရှိပေ။

နှစ်ဦးသားက အရှေ့ကိုဆက်လျှောက်နေသည်။ ကျင်ရွှင့်နှလုံးသားထဲမှာ *စိမ်းလန်းစိုပြည်တဲ့ငယ်ရွယ်မှုကာလခံစားချက်က မွှေနှောက်လာကာ သူတို့က ဘေးချင်းယှဉ်ရပ်လမ်းလျှောက်နေတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်လိုမျိုး ခံစားရစေသည်။

[*အသက်၁၆မှ ၂၀ကြားကာလ]

ရှန်ရိကျင်းကို မဆိုထားနဲ့ဦး နှစ်စဉ်နှစ်တိုင်းကျောင်းမှာနေခဲ့တဲ့ကျင်ရွှင်တောင်မှ သူ့ရဲ့နေမကောင်းမှုကြောင့် ဒီလိုခံစားချက်မျိုး တစ်ခါမှမတွေ့ကြုံဖူးပေ။

လတ်ဆတ်တဲ့လေအေးအေးကို ရှူရှိုက်နေရင်း ကျင်ရွှင်က မနေနိုင်ဘဲ သူတို့ရဲ့ယှက်သွယ်ထားသောလက်တွေကို လွှဲခါကာ ခပ်မြင့်မြင့်မြှောက်လိုက်သည်။

သူ့ခန္ဓာကိုယ်က ထောင်ထောင် ထောင်ထောင်ဖြစ်နေပြီး တစ်ခါတစ်ရံ ကလေးလေးတစ်ယောက်လိုမျိုး တစ်ပတ်လှည့်ကာခုန်နေသေးသည်။

သူ့ပျော်ရွှင်မှုကိုမြင်နေတဲ့ရှန်ရိကျင်းကလည်း ပျော်ရွှင်နေမိသည်။

သူက လူငယ်လေးနဲ့အတူ လိုက်မခုန်ပေမယ့် တစ်ချိန်လုံး သူ့လက်ချောင်းတွေကို လူငယ်လေးရဲ့လက်ချောင်းတွေနဲ့ ခိုင်မြဲစွာချိတ်ဆက်ထားရင်း ရံဖန်ရံခါ ပူးပေါင်းတဲ့အနေနဲ့ သူ့လက်မောင်းကိုမြင့်မြင့်မြှောက်ပေးကာ လူငယ်လေးရဲ့ခြေလှမ်းတွေကို စိတ်ပါလက်ပါအဖော်ပြုလိုက်ပါပေးနေသည်။

သူတို့နောက်ကနေ ခွေးကျောင်းရင်း လိုက်လာတဲ့ဦးလေးကြီးနဲ့အန်တီကြီးက နားမလည်နိုင်တော့ပေ…အခုခေတ်လူငယ်တွေက အရမ်းမော်ကြွားမော်ကြွားနဲ့ ကလေးဆန်တာလား?

သူတို့ဒီလောက်အရပ်ရှည်ရှည်ကြီးပြင်းလာတာက နှမြောစရာကြီးပေါ့

ထို့နောက် သူတို့ကတစ်ခဏကြာဆက်လျှောက်နေကြပြီး သူတို့နောက်ကနေ နှေးကွေးစွာလိုက်လာတဲ့ တောက်တောက်ပပRolls Royceကားသစ်ကြီးက အမည်မဖာ်နိုင်စွာဖြင့် ဘရိတ်အုပ်ကာ လမ်းဘေးချရပ်လိုက်သည်။ အမျိုးသားငယ်လေးနှစ်ယောက်ကလည်း တစ်ယောက်ပြီးတစ်ယောက် ကားထဲကိုဝင်သွားကြသည်။

ကားထဲကိုအရင်ဝင်သွားတဲ့လူငယ်လေးက ကျောက်စိမ်းဖြူလိုမျိုး သိမ်မွေ့နွေးထွေးတဲ့မျက်ဝန်းတွေရှိသည်။ သူ့မှာတည်ကြည်တဲ့မျက်နှာလှလှလေးရှိ၏။ သူ့ကိုတံခါးကူဖွင့်ပေးတဲ့ဒရိုင်ဘာကို ယဉ်ယဉ်ကျေးကျေးဖြင့် ကျေးဇူးတင်စကားပြောနေကာ ခုနကလို ကလေးဆန်မှုမျိုး တစ်စွန်းတစ်ပါဒမျှ မပြသပေ။

နောက်မှဝင်သွားတဲ့ အမျိုးသားငယ်လေးကတော့ အရင်ဆုံးသူက လူငယ်လေးရဲ့ခေါင်းကို ကာကွယ်ပေးရန်လက်ကိုမြှောက်ထားပြီးနောက် သူ့ရဲ့သွယ်လျတဲ့ခန္ဓာကိုယ်က အနည်းငယ်လှည့်ကာ ကားတံခါးကိုပြန်မပိတ်ခင် အနောက်ကိုပြန်ကြည့်လာသည်။

အနောက်ကိုပြန်ကြည့်လာတဲ့ အရပ်ရှည်ရှည်အမျိုးသားမှာ နက်ရှိုင်းတဲ့မျက်ခုံးတွေနှင့်အတူ အေးစက်တဲ့အမူအရာရှိသည်။ သူ့အသွင်အပြင်က တည်ကြည်လေးနက်ပြီး မယိမ်းမယိုင်ဖြစ်နေကာ ခုနက ကလေးဆန်မှုနဲ့ လုံးဝတွဲကြည့်လို့မရနိုင်ပေ။

ဦးလေးကြီးနဲ့အန်တီကြီး : “…”

ဒီနေ့ခေတ်လူငယ်တွေက…ဒီလိုမျိုး ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးရှိကြတာပဲ။

         .

နောက်တစ်နေ့တွင်

အလုပ်မသွားခင် ကျင်ရွှင်က ရုတ်တရက်ကြီး သူ့အခန်းဖော်ဆီမှာ ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရလိုက်သည်။

ထန်ကျင်းယွမ်က စိတ်ပူပန်စွာဖြင့်မေးလာသည် : “ရွှင်ရွှင် မင်း…အဆင့်တွေကို စစ်ကြည့်ပြီးပြီလား? မင်းဘာလို့စာမေးပွဲကျတာလဲ?”

ကျင်ရွှင် : “ ? ”

သူမူလတန်းမှာ စာမေးပွဲစဖြေကတည်းက ကျင်ရွှင်က အမှတ်ပြည့်နဲ့လွဲခဲလှပေမယ့် သူကျရှုံးမယ်လို့တော့ တစ်ခါမှမတွေးခဲ့ဖူးပေ။

ထန်ကျင်းယွမ်ကို သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပြီးနောက် သူ့မိုဘိုင်းဖုန်းကို သုံးကာ ကျောင်းဝက်ဘ်ဆိုဒ်ထဲဝင်ရောက်လိုက်သည်။

ကျောင်းသားအားလုံးရဲ့ရလဒ်တွေကို ကျောင်းရဲ့အများဆိုင်ရာဝက်ဘ်ဆိုဒ်ထဲတွင်တွေ့နိုင်တာမို့ ကျင်ရွှင်ကလည်း သွားစစ်ကြည့်လိုက်သည်…

သေချာပေါက်ပါပဲ သူစာမေးပွဲတစ်ခုကျပြီး 59မှတ်ရတယ်?

……?

ဒီစာမေးပွဲအပေါ်မှာ သူထင်မြက်ချက်တစ်ခုရှိခဲ့သည်။ စာမေးပွဲမေးခွန်းတွေက မခက်ခဲတာပင်။ သူအဖြေအားလုံးကို အလွန့်အလွန်ချောမွေ့စွာနဲ့ဖြေဆိုခဲ့တာ။ အမှတ်ပြည့်မရတာက ဖြစ်နိုင်သေးပေမယ့် ကျရှုံးတာကတော့ မတူပင်။

ဒါ့အပြင် ကျင်ရွှင်က သူ့မှတ်ဉာဏ်တွေထဲကို တစ်ဖန်ပြန်ရှာလိုက်တော့ အဖြေမှားတာမျိုးလည်းမရှိသလို စာမေးပွဲအဖြေစာရွက်ပေါ် နာမည်တပ်ဖို့မေ့တာမျိုးလည်း မရှိပေ..

ဒီတော့ ဘယ်လိုဖြစ်သွားတာလဲ?

ကျင်ရွှင်က နောက်တစ်ခါထပ်စဉ်းစားလိုက်သည်။ ဒီသင်ရိုးရဲ့ဆရာက စံပြအားဖြင့်စည်းကမ်းတင်းကျပ်ပြီး အတန်းတက်ရောက်မှုမြင့်တာကို သဘောကျသည်။

ဒါပေမယ့် ပြဿနာက သူအတန်းမပြေးခဲ့ဖူးဘူးလေ

အရင်တုန်းက မူလကိုယ်က သူ့အချိန်ပိုင်းအလုပ်တွေကြောင့် ခွင့်ရက်အနည်းငယ်ယူခဲ့ပေမယ့် အမှတ်အချို့နှုတ်ပြီးပြီလေ။

59မှတ်ရတာက မမှန်သေးဘူး…

ကျင်ရွှင်က ကြက်သေ,သေနေပြီး အခြေအနေကိုနားလည်သွားတဲ့ရှန်ရိကျင်းက ပြောလာသည်
“မင်းဆရာကိုဖုန်းခေါ်ပြီးမေးကြည့်မလား?”

ဒါက အကြံကောင်းပဲလို့ ကျင်ရွှင်တွေးလိုက်မိသည်။

မူလကိုယ်က ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်ခဲ့တာမို့ သူ့မှာဌာနရှိဆရာတွေရဲ့ဖုန်းနံပါတ်တွေရှိနေသည်။

ဆရာ့ရဲ့ဖုန်းနံပါတ်ကိုရှာဖို့ သိပ်အားမစိုက်လိုက်ရပေ။ ကျင်ရွှင်ကအချိန်ကိုကြည့်ပြီး ဖုန်းမခေါ်ခင် သင့်တော်ရဲ့လားဆိုတာ အရင်သေချာအောင်လုပ်လိုက်သည်။ ရလဒ်အနေနဲ့ သူပြန်ရတဲ့စကားကတော့ : “အိုး မင်းရဲ့အဖြေလွှာပေါ် ငါထင်မြင်ချက်တစ်ခုရှိပါတယ်”

တစ်ဖက်လူမှပြောလာသည် : “ မေးခွန်းကြီးတစ်ခုစီတိုင်းအတွက် ဘာဖြစ်စဉ်မှမရှိဘူး ဖီလာအားဖြင့် အဖြေတွေကျတော့ အကုန်မှန်တယ် ကျောင်းသားယန် မင်းမေးခွန်းတွေကို မင်းဘာသာဖြေခဲ့တယ်ဆိုတာ သေချာရဲ့လား?”

ကျင်ရွှင် : “…”

ကျင်ရွှင်မှတ်မိသွားသည် သူဒီစာမေးပွဲဖြေနေချိန်မှာ ပရော်ဖက်ဆာဟို့ရဲ့ပရောဂျက်က နောက်နာရီဝက်အတွင်း အစည်းအဝေးတစ်ခုရှိနေခဲ့တာပင်။

သူက အုပ်စုထဲကိုမဝင်ခင် ပရော်ဖက်ဆာဟို့ကို ကြိုတင်တင်ပြပြီးပြီဆိုသော်ငြားလည်း ထိုနှစ်ပတ်အတွင်း သူ့နောက်ဆုံးစာမေးပွဲက ပရောဂျက်အချိန်တစ်ချို့ကို နှောင့်နှေးစေခဲ့သည်။ ဒါပေမယ့် ဒါက အရမ်းအရေးကြီးတဲ့အုပ်စုအစည်းအဝေးပင်။ ကျင်ရွှင်က အခြားအဖွဲ့ဝင်တွေရဲ့အချိန်ကို သူကိုယ်တိုင်ကြောင့်မနှောင့်နှေးစေချင်သလို သူလည်းနောက်ကျတာမျိုး၊ ပျက်ကွက်တာမျိုးမဖြစ်ချင်ပေ။

ဒါ့ကြောင့် အစည်းအဝေးကိုအပြေးသွားရန် မေးခွန်းအားလုံးကိုတိုက်ရိုက်အဖြေရှာဖို့ သူ့ဦးနှောက်ကိုသုံးခဲ့သည်။

မေးခွန်းကြီးတွေအတွက် တွက်ချက်ပုံတွေ မရေးခဲ့ရုံသာမကဘဲ ရွေးချယ်မေးခွန်းတွေ၊ ကွက်လပ်ဖြည့်တွေအတွက်လည်း အကြမ်းစာရွက်မသုံးခဲ့ပေ…

သူ့ဘဝမှာ ပထမဆုံးကျရှုံးအဆင့်ရတာက ဒီအကြောင်းပြချက်ကြောင့်လား?

သို့ပေမယ့် သူရှင်းရှင်းလင်းလင်းမှတ်မိတာကတော့ အဖြေလွှာစာရွက်ပေါ်မှာ သူတွက်ချက်မှုဖြစ်စဉ်ကို သေချာပေါက်ရေးရမယ်ဆိုတဲ့ မှတ်ချက်စည်းမျဉ်းမျိုးမရှိဘူးလေ…

အတိတ်မှာတုန်းက ကျင်ရွှင့်ပညာရေးလမ်းကြောင်းက အခြားသူတွေနဲ့ကွာခြားသည်။ အထူးသဖြင့် အသက်ဆယ့်ငါးနှစ်မှာ ဂျီးနီးယစ်အတန်းကိုဝင်ရောက်ပြီးနောက် သူစနစ်တကျစာမေးပွဲမျိုးဖြေရတာ ရှားပါးလှသည်။

စာမေးပွဲအတွင်းမှာ အလျင်လိုတာမျိုးတွေ မကြာခဏရှိတတ်ပြီး တစ်ခါတစ်လေ အချို့အဆင့်တွေက ရေးဖို့မလိုအပ်ဘူးလို့ သူခံစားမိတာကြောင့် ရလဒ်ကိုတစ်ဆင့်တည်းဖြေခဲ့တာဖြစ်သည်။

         …

ဒါပေမယ့် ကျင်ရွှင်က ဆရာ့ရဲ့အတွေးတွေကို နားမလည်နိုင်ပေ။ သူမလန့်သွားပါဘူး အဆိုးဆုံးမှ နောက်စာသင်နှစ်ဝက်မှာ ပြင်ဆင်စာမေးပွဲထပ်ဖြေရရုံပေါ့။

ဒီလိုမျိုးကျရှုံးတာက အတော်လေးဆန်းကြယ်တယ်လို့ သူခံစားမိရုံတင်…ဒါကို တစ်ခါမှမတွေ့ကြုံဖူးတဲ့အတွေ့အကြုံအဖြစ် မှတ်ယူနိုင်တယ်

ကျင်ရွှင်က အကူအညီမဲ့စွာပြောလိုက်သည် : “ ကျွန်တော် မေးခွန်းတွေကို ကျွန်တော့်ဘာသာဖြေခဲ့တာပါဆရာ ကျွန်တော်အာမခံနိုင်ပါတယ်”

“ မင်းက ငါ့ကိုလိမ်ချင်နေသေးတယ်ပေါ့ ဘာဖြစ်သွားလဲဆိုတာ ငါမသိဘူးလို့မင်းမထင်နဲ့။ ယန်ကျင်ရွှင် မင်းကအဖြေလွှာကို အရင်ဦးဆုံးထပ်တဲ့သူပဲ”

ကျင်ရွှင် : “……”

“ ဒီတစ်ကြိမ်မေးခွန်းတွေက မခက်ပေမယ့်လည်း နောက်ဆုံးမေးခွန်းကြီးနှစ်ခုအတွက် မင်းဘာတွက်ချက်ပုံမှရေးမထားဘူး ဒီတော့ မင်းသူတို့ကို တိုက်ရိုက်ဘယ်လိုဖြေနိုင်သွားတာလဲ?” တစ်ဖက်ရှိဆရာကဆက်ပြောလာသည် : “ဒီတစ်ကြိမ် ငါမင်းကို59မှတ်ပေးတာက မျက်နှာသာအချို့ပေးထားတာပဲ။ ဘာမှမပြောနဲ့တော့ နောက်စာသင်နှစ်ဝက်အတွက် ပြင်ဆင်စာမေးပွဲကို ပြန်လာဖြေ”

“…”

ဘာသာရပ်တစ်ခု ကျရှုံးတာက တကယ်ကို ဝတ္ထုဆန်တဲ့အတွေ့အကြုံပဲ

ဒါပေမယ့် စာမေးပွဲမှာ ခိုးချတယ်လို့ အခိုင်အမာစွပ်စွဲခံရပြီး သူ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အခွင့်အရေးတစ်ခုတောင်မပေးဘူး…ဒါက အရမ်းရှက်ဖို့ကောင်းတယ်

ကျင်ရွှင်က ကျရှုံးစာမေးပွဲပြန်ဖြေရမှာကို စိတ်ထဲမထားပေမယ့် သူ့မှာလည်း အောက်ခြေစည်းရှိသည်။

သူပြန်ဖြေလိုက်၏ : “ဒါဆိုဆရာ၊ ဆရာ့မှာ ကျွန်တော်ခိုးချတယ်ဆိုတဲ့သက်သေရှိလား? ကျွန်တော်ကအဖြေလွှာကိုပထမဆုံးလာထပ်တဲ့သူလို့ ဆရာပြောခဲ့တယ်လေ ဒီတော့ ကျွန်တော်က ဘယ်သူ့ဆီကနေ သွားကူးရမှာလဲ?”

ပိုပြင်းထန်တဲ့ ပြစ်တင်ကြိမ်းမောင်းမှုတစ်ခု ထပ်ပေါ်လာသည် : “ မင်းဘယ်သူ့ဆီက သွားကူးတယ်ဆိုတာ ဘယ်သူသိမှာလဲ မင်းငါ့စာမေးပွဲမေးခွန်းတွေကို ကြိုတင်ရထားတာလည်း ဖြစ်နိုင်တာပဲလေ!  ရိုးရိုးသားသားပြောရရင် ယန်ကျင်ရွှင်..ဆရာ မင်းကိုအရမ်းစိတ်ပျက်သွားပြီ!”

ကျင်ရွှင်က ပြန်ပြော၏ : “ ဒါက ဆရာ့ရဲ့ကိုယ်ပိုင်ယူဆချက်သာသာပဲလေ ကျွန်တော်ခိုးချတာကို နေရာမှာမိတာလည်းမဟုတ်သလို ကျွန်တော်ခိုးချတယ်ဆိုတဲ့သက်သေလည်းမရှိပေမယ့် ဆရာက ကျွန်တော့်အဖြေတွေကို ခိုးချတယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ ကျွန်တော့်အမြင်မှာတော့ ဒါက အရမ်းတာဝန်မဲ့လွန်းအားကြီးတယ်”

“မင်း…!” ဒီဆရာက အသက်ငါးဆယ်ကျော်ပြီဖြစ်ပြီး သူ့ဘဝသက်တမ်းတစ်ခုလုံးကို ကျောင်းမှာကုန်ဆုံးခဲ့တာပင်။ သူက ဌာနမှာ စည်းကမ်းတင်းကျပ် တည်ကြည်တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတာဆိုတော့ ဒါကိုဘယ်သည်းခံနိုင်ပါ့မလဲ

“ဒါ့ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်သက်သေပြဖို့ ဆရာအခွင့်အရေးတစ်ခုပေးရမယ်”

တစ်ဖက်လူ လုံးဝမပေါက်ကွဲခင် ကျင်ရွှင်က အလျင်အမြန်အော်ပြောလိုက်သည်။

“…”

သူပြောတာကို ကြားတော့ အခြားတစ်ဖက်က တစ်ခဏခန့်ရပ်သွားပြီးနောက် နှာခေါင်းရှုံ့လာသည်
“မင်းက မင်းကိုယ်မင်းဘယ်လိုသက်သေပြမှာလဲ”

“ဆရာ ကျွန်တော့်ကို နောက်ထပ်မေးခွန်းလွှာပေးရင်ရော? နေရာမှာတင် တစ်ခါတည်းစစ်လိုက်လေ”

“ဒါဆို ငါ့ရုံးခန်းကိုလာခဲ့” ဆရာ့အသံက ခက်ထန်နေဆဲပင် : မင်း ကိုးနာရီမခွဲခင် လာနိုင်လား?”

ကျင်ရွှင်က အချိန်ကိုတစ်ချက်ကြည့်ကာ ပြဿနာမရှိကြောင်းပြောလိုက်သည်။

တကယ်တော့ တစ်ဖက်လူကို ဖုန်းကနေပြီး ထိုပြဿနာတွေရဲ့အဖြေကို ရှင်းပြလိုက်တာ ပိုလွယ်တယ်လို့ သူတွေးခဲ့သည်။

ဒါပေမယ့် ဒါကပိုသံသယဖြစ်ဖွယ်ကောင်းတော့ ကိုယ်တိုင်သွားပြီး မျက်နှာချင်းဆိုင်ဖြေရှင်းလိုက်တာ ပိုကောင်းသည်။

“ရှဲန်းရှန်”

ဖုန်းချလိုက်တဲ့ကျင်ရွှင်က ရှန်ရိကျင်းကိုရှာရန် ဧည့်ခန်းကနေ အိပ်ခန်းတစ်လျှောက်ပြေးသွားလိုက်၏ : “ကျွန်တော် ဒီမနက်ခွင့်ယူမယ်နော် အလုပ်ကိုမလိုက်တော့ဘူး”

ရှန်ရိကျင်းက အဝတ်လဲခန်းထဲမှာ အဝတ်လဲနေတာဖြစ်နိုင်သည်။

ဒါကိုကြားတော့ သူပြောလာ၏ “အိုကေ”

ကျင်ရွှင်က အခန်းထဲမဝင်သွားပေမယ့် တံခါးအပြင်မှာ ရပ်နေကာ သိပ်မဝေးတဲ့ဆီမှ ရှန်ရိကျင်းအသံကို နားထောင်နေသည် : “ ကိုယ်ရှောင်ရွှင်နဲ့တူတူ ကျောင်းကိုလိုက်မယ်”

“အမ်”

ကျင်ရွှင်က မသိစိတ်အလျောက် ငြင်းပယ်လိုက်မိသည် : “မလိုပါဘူး ကျွန်တော်က ဆရာရုံးခန်းကိုသွားရုံပါပဲ”

သူခုနက ဖုန်းပြောခဲ့တာတွေကို ရှန်ရိကျင်းအား အတိုချုံးပြန်ပြောပြလိုက်သည်။

ဘာတွေပဲဖြစ်နေပါစေ ဆရာက သူ့ကိုယ်သူသက်သေပြဖို့ အခွင့်အရေးပေးနေသရွေ့ ဒီကိစ္စက အလွယ်တကူဖြေရှင်းနိုင်သည်။

ကျင်ရွှင်ကပြောလိုက်သည် : “ရှဲန်းရှန် ကုမ္ပဏီကိုအရင်သွားနှင့်လိုက်လေ ကျွန်တော်နေ့လည်ကျ ခင်ဗျားကိုလာရှာမယ်”

ရှန်ရိကျင်း : “ ကိုယ်ကျောင်းကိုအဖော်လိုက်ပေးတာကို ရှောင်ရွှင်ကမကြိုက်ဘူးလား?”

“အဲ့လိုမဟုတ်ပါဘူး ” ကျင်ရွှင်ကပြောလိုက်သည် : “ဒါပေမယ့် ရှဲန်းရှန် အလုပ်ရှုပ်နေတာမဟုတ်လား?”

“ကိုယ်ဒီမနက် အလုပ်မရှုပ်ဘူး”

“…”

ကျင်ရွှင်က သဘောတူလိုက်ရတော့သည် : “ဒါဆိုလည်း ကောင်းပြီလေ”

ရှန်ရိကျင်း ကျောင်းကိုအဖော်လိုက်ပေးတာအား မကြိုက်လို့မဟုတ်ပေ။

အနောက်တိုင်းဝတ်စုံပြည့်၊ သားရေဖိနပ်ဖြင့် ပြင်းထန်တဲ့အရှိန်အဝါတို့ ပြည့်လျှမ်းနေသာ ရှဲန်းရှန်က သူနဲ့တူတူကျောင်းမှာပေါ်လာပြီး ဆရာရုံးခန်းကိုသွားမှာအား တွေးကြည့်လိုက်ရုံနဲ့တင်….

ဒါက မွှေနှောက်မှုတစ်ခုကို အလွယ်တကူဖန်တီးနိုင်တယ်လို့ သူခံစားနေမိသည်။

သူက ရှဲန်းရှန်ကို ခွဲခြားခွဲခြားလုပ်ဖို့ရည်ရွယ်ချက်မရှိပေမယ့် အမှန်အတိုင်းပြောရရင် Mr.ဗီလိန်ရဲ့စရိုက်အသွင်အပြင်က တကယ်ကိုကျောင်းနဲ့မလိုက်ဖက်ဘူး။

         ……

ကျင်ရွှင်က ဒါကိုကျယ်ကျယ်မပြောနိုင်ပေ။

သူကခေါင်းကုတ်လိုက်မိပေမယ့် ရှဲန်းရှန်က တူတူသွားချင်တယ်ဆိုလည်း အဆင်ပြေပါတယ်။

သူက ထိုအရာကို တရစ်ဝဲလည်လည်တွေးနေတာအား ရပ်လိုက်ပြီး ကော်ရစ်တာဆီပြန်လှည့်ကာ ရှန်ရိကျင်းပြီးတာနဲ့တူတူထွက်လို့ရအောင် အပေါက်ဝဆီဦးတည်လိုက်သည်။

ခြေလှမ်းနှစ်လှမ်းတောင် မလျှောက်ရသေးခင် ရှန်ရိကျင်းခေါ်လာတာအား ကြားလိုက်ရ၏

“ရှောင်ရွှင်”

ကျင်ရွှင်က မသိစိတ်အလျောက် ခေါင်းလှည့်လိုက်မိတော့ နေရောင်ကြောင့် တလက်လက်တောက်ပနေတဲ့စကျင်ကျောက်ပြားထက် မတ်တပ်ရပ်နေသော ပေါ့ပေါ့ပါးပါးအဝတ်အစားဖြင့် ရှန်ရိကျင်းကို မြင်လိုက်ရသည်။

သူက ထသွားထလာ Vသဏ္ဍာန်လည်ပင်းပုံရှိ လျော့ရဲရဲတီရှပ်ကို ဂျင်းအနက်နဲ့ တွဲဖက်ဝတ်ဆင်ထားသည်။

ဒီမနက်မှ လျှော်ထားတဲ့ဆံပင်တိုတိုက သန့်ရှင်းပြီးလန်းဆန်းနေသည်။ သဘာဝလေဖြင့် အခြောက်ခံပြီးနောက် အတန်ငယ်ညွတ်ကျနေ၏။ တမင်တကာ ပြင်ဆင်ထားတာမျိုးမရှိတဲ့ ဖွာကျနေသောဆံပင်က ငယ်ရွယ်မှုအပြည့်ဆံပင်စတိုင်နှင့် တူသွားစေသည်။

         …

ကျင်ရွှင် : !

ကျင်ရွှင့်ပါးစပ်က အနည်းငယ်ကျယ်သွားသည်။

ရှဲန်းရှန်က အရမ်းခန့်ညားတာပဲ!

ပွတိပွယောင်းအပေါ်ဝတ်နဲ့ အသားကပ်ဂျင်းဘောင်းဘီက ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်ဖြင့် သူ့ရဲ့ပုံရိပ်ကောင်းကို ကွက်တိပုံဖော်ပေးနေသည်။ ဒါ့အပြင် နဖူးထက်ရှိညွတ်ကျနေတဲ့ဆံပင်ကလည်း သူ့မျက်လုံးထဲရှိ လျစ်လျူရှုအေးစက်မှုကို အနည်းနှင့်အများဖုံးကွယ်ထားတာကြောင့် ရှန်ရိကျင်းက ပုံမှန်ဗီလိန်လူကြီးမင်းနဲ့ အနည်းငယ်ခြားနားနေသည်။

သူက ကျောင်းပရဝဏ်အတွင်းက ကျောင်းသားတစ်ယောက်ပါလို့ပြောရင် လူအများစုက ယုံကြလိမ့်မယ်။

 

Continue Reading

You'll Also Like

577K 103K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.