When a man falls in love...(C...

By wookiekyoe

170K 5K 148

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြ... More

Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END

Part 14 uni

4.1K 164 1
By wookiekyoe

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၁၄

သခင်ကြီးကသူလုပ်နေကြအတိုင်း မာယာဆိုတဲ့မိန်းမကိုခေါ်ပြီး ခရီးထွက်သွားသည်။
ဦးအနီကအလုပ်အ‌ေရးကြီးမှအပြင်ထွက်
ပြီး.. ကျန်တာတွေတပည့်တွေနဲ့လွှဲကာ..
အခုမှအိမ်မြဲနေသည်။

ကြည့်အခုလည်း..ခခက သူ့အတွက်ထိုင်း
စတ်ိုင်ပင်လယ်စာဟင်းချက်နေတာကို..
အနောက်ကနေခါးဖက်ထားပြီးရှုပ်နေသည်။

"ဦးအနီ.. ဖယ်ပါ..သိပ်ရှုပ်တာပဲ.."

"ဘာ ကိုယ်ကရှုပ်တယ်ဟုတ်လား..
.. မင်းတကယ်အပြောင်းအလဲမြန်
တာပဲ..ဦးအနီ ဖက်ထားပေးပါလို့ပြောတာ
ဘယ်တုန်းကလဲ.. "

"အဲ့တာ အချိန်နဲ့အခါနဲ့ကြည့်ပြီးဖက်ပေါ့..
အခုလည်းဦးအနီ စားဖို့ဟင်းချက်နေတာ
ပဲလေ.. ဦးအနီကြောင့် ဒီမှာကောင်းကောင်းမချက်ရတော့..စားမကောင်းပဲ
နေမှာပေါ့.."

"ဟမ်း... ဘယ်လိုပဲပြောပြောမင်းကိုယ့်
ကိုရှုပ်တယ်လို့ပြောလိုက်တာပဲ..
စိတ်ဆိုးတယ် သွားတော့မယ်.. "

ဟောတော့....သူတကယ်ထွက်ဖို့လှမ်း
လျှင်အကျီစကိုဆွဲထားကာ..
"ဦးအနီဒါဘယ်လဲ..မရဘူးနော်..
ဒီမှာကျက်ကာနီးပြီ....စားပြီးမှအပြင်ထွက်.."
"ထမင်းတစ်နပ်မစားလို့ငတ်သေတဲ့မသာ
မရှိသေးဘူး...
အခု ကိုယ်မင်းကိုစ်ိတ်ဆိုးနေတယ်စကား
လာမပြောနဲ့.."

"ဦးအနီ အသက်ကဘယ်လောက်မို့လဲ
ကလေးကြနေတာပဲ.."

"တွေ့လားအသက်ကိုထိခိုက်ပြီးပြောပြန်
ပြီ... သေချာတယ်မင်းကိုယ့်ကိုယ်စိတ်ကုန်နေပါပြီ.."

"ဦးအနီနော်.. အဲ့လိုမပြောနဲ့သိလား...
ဦးအနီအတွက် ခခကအချစ်ဦးမဟုတ်ပေ
မယ့်.. ခခ အတွက်တော့ဦးအနီက အချစ်
ဦး၊အသဲဦး ၊ရင်ခုန်သံအရာအားလုံး
ဦးဦးဖျားဖျားပေးခဲ့တာ
ခခ အချစ်ကိုဒီလိုမစော်ကားပါနဲ့.."

ခခ သူ့ကိုပြန်ပြောရင်း မျက်ရည်တွေတောင်ဝေ့ဝဲလာသည်။
"အရူးမလေး ကိုယ်ကစတာကို..."
ဟွန့်...
သူမကို ပြန်ဖက်ထားရင်း ..ပုခုံးပေါ်မေးတင်တာ...
"Baby အချစ်ဆိုတာ ချစ်ရတာတော့လွယ်ပြီးထိန်းသိမ်းဖို့ကြခက်တာ
မင်းသိလား...
ကိုယ် ဘယ်သူနဲ့ချစ်ခဲ့တယ်ဆိုတာ
အ‌ေရးကြီးလို့လား..
အခု ကိုယ်တ်ို့ချစ်နေပြီး.. ဘယ်အချိန်ထိ
ဒီလိုချစ်သွားနိုင်မှာလဲဆိုတာအဓိကပါပဲ.."

"အဲ့တာတွေက ဘယ်စာအုပ်ထဲကလဲ.."

"မမှတ်မိဘူး ဖတ်ဖူးတာအတော်ကြာနေ
ပြီ.."
"ထင်သားပဲ.. ...ဦးအနီလားဒါမျိုးသိမှာ.."

"ကိုယ်ကဂိုဏ်းစတားလေ.. စိတ်ကူးမယဉ်တတ်ဘူး..
ချစ်တာကိုချစ်ကြောင်း လက်တွေ့ပြမယ်လာ.."

"ဟင့်အင်း..လွှတ်ပါ..ဟင်းအိုးတူးတော့မှာပဲ.."
"ဟင်းအိုးက ကိုယ့်ထက်အ‌ေရးကြီးနေပြန်
ပြီလား.."

"ဒါကတော့ ဦးအနီကမှစားလို့မရတာ.."
"ဟာကွာ....ဘေဘီ ဒီမှာကြည့်
ကိုယ့်တစ်ကိုယ်လုံးမင်းစိတ်ကြိုက်စားလို့
ရတယ်.."
"တကယ်လား...အင်းဒါဆိုဘယ်နေရာအရင်စစားရင်ကောင်းမလဲ.."

" ဒီနေရာလေးအရင်စား..ကိုယ့်အသဲ
ကမင်းလေးအတွက်ဆိုချိုပြီးသား.."

"Wow!...တကယ်နော်ဒါဆိုဖောက်စားပြီ.."
"လုပ်လိုက်.."
မျက်စိမှိတ်ပြီးလက်နှစ်ဖက်ကိုဘေးသို့ဆန့်ကားထားသည်။
ယုန်မလေးဆီမှာ အစားခံဖို့အသင့်ရှိနေတဲ့..ကိုးတောင်ကျားကြီးပါလား...
အသဲယားစရာ..
ခခက သူ့ခါးကိုသိုင်းဖက်လိုက်ရင်း..သူ့
ရင်ထဲတိုးကာ..

"တော်ပါပြီ ချစ်လွန်းလို့မစားရက်တော့
ပါဘူး.."
အဟွန်း....
ဒီလောက်ကြည်နေကြမှတော့ ဟင်းအိုး
ကကောင်းအုံးမယ်...

ထိုစဉ်
"သခင်လေး...."
အသံနဲ့အတူဒိုင်းရိပ်ပြေး၀င်လာမှ...
နှစ်ယောက်သားလန့်ပြီးကိုယ်ချင်းခွာ
လိုက်သည်။

"မင်း...တကယ်အလိုက်ကမ်းဆိုးမသိတဲ့
ကောင်ပဲ.."
"တောင်းပန်ပါတယ်..ဒါပေမယ့် ပြသနာ
ဖြစ်နေလို့ပါ.."

ဒိုင်းရိပ်ရဲ့ မျက်နှာအနေအထားအရတော်
တော်အ‌ေရးကြီးမှန်းသူရိပ်စားမိကာ..

"ဘာကိစ္စမို့လဲ.. "
"သခင်ကြီးကိစ္စပါ..."

"Baby sorry ကိုယ်ပြန်လာမှအတူစားမယ်..."
သူနဲ့ဒိုင်းရိပ်ချက်ချင်းအပြင်ပြန်ထွက်သွားသည်။

ခခ မီးဖိုပေါ်ကချက်လက်စဟင်းကိုကြည့်ကာ..
"ဒီနေ့လည်း ငါတစ်ယောက်ထဲစားရအုံး
မှာပဲ.. နှမြောလိုက်တာ..ဒါလေးစားပြီးမှ
သွားေရာပေါ့.."
>>>>>>>>>

"ဒါတကယ်လား..."
"ဟုတ်ပါတယ် သခင်လေး.. သခင်ကြီး
ထောင်ချောက်မိသွားတာပါ.. မာယာက
ထောင်ချောက်ပါ..."
တောက်)))))))

လည်လွန်းပါတယ်ဆိုတဲ့အဖေ..ဒီမိန်းမ
ကြမှအလွယ်တကူမရှင်းနိုင်ပဲ..ကိုယ်တိုင်
ထောက်ချောက်ထဲ၀င်သွားရလား...

နိုင်ငံခြားမှာပိတ်မိနေတယ်တဲ့...အဖမ်းခံရ
ဖို့သေချာပြီဖြစ်နေတာမို့..bloodတောင်
ပြာယာခတ်သွားသည်။
အဖေ့ကိုဘယ်မှာဖမ်းထားမှန်းမသိတော့
သူလည်းလိုက်သွားလို့မရဘူး...

သူလူတစ်ယောက်ဆီကိုသွားကာ...
"အဖေ့ကိုထုတ်ပေးပါ.. ခင်ဗျားအတွက်
မနစ်နာစေရဘူး.."

"စိတ်မကောင်းပါဘူး..blood
မင်းအဖေကငါလက်လှမ်းမမှီတဲ့နေရာကို
ေရာက်နေတာ.."

"ခင်ဗျား စျေးမကိုင်ပါနဲ့..ဒါခင်ဗျားကျွမ်းကျင်တဲ့အလုပ်ပဲ..အဖေဘယ်မှာလဲရှာပေး..လိုချင်သလောက်ပေးမယ်"

"Blood အမဲလိုက်ရင်းတစ်ခါတစ်လေ
ကိုယ်တိုင်ကသားကောင်အဖြစ်ကိုေရာက်
သွားတာမျိုးလည်းရှိတယ်..အခုမင်းအဖေ
လိုပေါ့...
ငါလည်းမကယ်နိုင်ဘူး..
ဒါပေမယ့် လူတစ်ယောက်ကတော့မင်း
အဖေကိုကယ်န်ိင်တယ်.."

"ဘယ်သူလဲ.. "
"စိန်ရာမ.."
"ခင်ဗျားရူးနေလား..အဲ့အဘိုးကြီးနဲ့ကျုပ်
အကြောင်းသိရက်နဲ့..."

"သူ့မြေးနဲ့တော့အဆင်ပြေတယ်မို့လား.."

."ခင်ဗျား ကျုပ်ကိုဘယ်လိုလူထင်နေလဲ.."

ဘာပြောမှန်းသိ၍ဒေါသထွက်ပြီး အကျီစ
ကိုကိုင်ဆောင့်ကာ..အော်လိုက်သည်။

"စိန်ရာမကလက်တံရှည်တယ်..
မင်းအဖေကိုသူပဲထုတ်ပေးနိုင်မှာ..
ငါပြောနိုင်တာ ဒါအကုန်ပဲ blood.."

တောက်))))...သူထိုလူကိုပြန်လွှတ်ပေးပြီး
နေရာမှထထွက်လာခဲ့သည်။

>>>>>>>>>>>>>>
ရာမဂိုဏ်းရဲ့အိမ်တော်.. သူတို့အိမ်ကြတော့ကျွန်းသစ်တွေနဲ့ချည်းနန်းတော်လို
တည်ဆောက်ထားတာဖြစ်သည်။
Bloodကား ပေါ်တီထဲထိုးရပ်လိုက်တယ်
ဆိုရင်ပဲ.. အိမ်ထဲကနေစီလင်းပြေးထွက်
လာသည်။

"သွေး ေရာက်လာပြီလား ...ရှင်လာမယ်
ဆိုလို့ အဖိုးစောင့်နေတယ်.."
"အင်း.."

တစ်လုံးထဲပဲဖြေပြီး..ဦးစိန်ရာမ ရှိရာသို့ဦး
တည်လျှောက်လာသည်။
"အဖိုးက အခန်းထဲမှာ.. ရှင်တို့စကားပြော
ကြနော်.."

စီလင်းကတော့လိုက်မ၀င်လာပဲကျန်ရစ်ခဲ့
သည်။
"မင်းေရာက်လာသားပဲ..blood..
ဆိုပါဦး မင်းရဲ့လာရင်းကိစ္စ.."

"အဖေ့ကိုထုတ်ပေးပါ ဘာခိုင်းခိုင်းလုပ်ပေးပါ့မယ်.."

"ဘာပဲဖြစ်ဖြစ် ဟုတ်လား..
မင်းကတကယ်သတ္တိတော့ကောင်းသားပဲ..
ဒါပေမယ့် သတ္တိရှ်ိတိုင်းလည်း သူရဲကောင်းမဖြစ်ဘူးblood..
ရှင်ဘုရင်ကသူရဲကောင်းကိုဘယ်လို‌ေရွးချယ်လဲ မင်းသိလား.."

"ကျွန်တော်က ဘုရင်ခေတ်မှာမွေးတာ
မဟုတ်လို့မသိပါဘူး.."

အဘိုးကြီးကမတ်တပ်ထရပ်ရင်း...

"ရှင်ဘုရင်တစ်ပါးကတိုင်းပြည်ထဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတစ်ယောက်ထွက်ပေါ်
လာရင်..နေပြည်တော်ကိုခေါ်လို့
မင်းသမီးနဲ့လက်ဆက်ပေးပြီး သူကောင်း
ပြုတယ်.. အနားထားပြီးအစေအပါးဖြစ်
စေတယ်..
အဲ့လိုမဖြစ်နိုင်ရင်တော့..သူရဲ့ရဲစွမ်းသတ္တိ
ကရှင်ဘုရင်အတွက်စိတ်အနှောက်အယှက်ဖြစ်စရာပဲလေ...

ဒါကြောင့် ပုန်ကန်သူအပြစ်သားအဖြစ်
သတ်မှတ်ပြီးကွပ်မျက်လိုက်တယ်.."

"တော်တော်ရူးတဲ့အတွေးအခေါ်ပဲနော်...
ဒါကြောင့်လဲ အင်ပါယာဘုရင်တွေမျိုး
ဆက်ပျက်သုန်းကုန်တာဖြစ်မယ်.."

"Blood ဒါဟာသမဟုတ်ဘူး...
မင်းဒီအခန်းထဲကပြန်မထွက်ခင်
မှာ‌ေရွးချယ်ရလိမ့်မယ်...
သူရဲကောင်းလုပ်မလား..ဒါမှမဟုတ်
ပုန်ကန်မလား..
မင်းရဲ့လာရင်းကိစ္စ ကလည်းမင်းအဖြေ
အပေါ်မူတည်တယ်.."

ဟား...ဟား...ဟား...
Blood အော်ရယ်လိုက်သည်။

ဒါကတကယ်တော့ ဒီမြှားရဲ့လားရာက
အဖေမဟုတ်ပဲ အစကထဲကသူဖြစ်နေတာကိုး...
ဘု၇င်ရူးရူးနေတဲ့ အဖိုးကြီး...
>>>>>>>>>>

သူတိကျတဲ့အဖြေတစ်ခုကိုပေးပြီးမှ
ပြန်ထွက်လာခဲ့သည်။
"သွေး.."

အပြင်မှာရပ်စောင့်နေတဲ့စီလင်းကို မဲ့ပြုံး
တစ်ချက်ပဲတုံ့ပြန်ပြီး...
ကားဆီသွားကာ..ကိုယ်တိုင်မောင်းထွက်
လာခဲ့သည်။

ဒိုင်းရိပ်ကနောက်ကားတစ်စီးနဲ့သူ့နောက်
လိုက်ရသည်။

Speedကိုအမြင့်ဆုံးတင်ပြီးတရမန်းကြမ်း
မောင်းကာ မြင်ကွင်းထဲကရှိရှိသမျှအကုန်
၀င်တ်ိုက်ပစ်လိုက်သည်။

ဒိုင်းရိပ် သူ့ကိုအမှီလိုက်ကာ...
နောက်ဆုံးမြို့အပြင်ကမြက်ခင်းပြင်ကျယ်
မှာ.. သူ့ကားမီးခိုးတအူအူထွက်နေသည်..

သူကကားနဲ့ခပ်လှမ်းလှမ်းမြက်ပြင်းပြင်
မှာ..ကားကိုကျောပေးထိုင်နေသည်။

"သခင်လေး.."
"ဒိုင်းရိပ် ငါ ထပ်ပြီး လူယုတ်မာလုပ်ရအုံးမယ်.."
"ဗျာ.."
>>>>>>><<<<>>>>

စီလင်း..beauty shopထဲ၀င်ပြီးဆံပင်ပြင်နေသည်။
"ပြီးရင် skin careလည်းလုပ်အုံးမယ်..."
"ဟုတ်ကဲ့.."

"ဒီနေရာမှာ ဒီဆ်ိုင်ကအကောင်းဆုံးလို့
ပြောတာကြားတယ်..
တို့နဲ့ အဆင်ပြေမယ်ထင်ရင် တို့wedding
ပါယူတို့ဆီမှာအပ်မယ်.."

"Wedding လုပ်တော့မှာလား...
ဒါဆိုရင်ကျမတို့ကိုသာစိတ်ချလိုက်ပါ..
မင်္ဂလာပွဲမှာ အလှဆုံးသတိုးသမီးလေး
ဖြစ်စေရမယ်..တာ၀န်ယူတယ်.. "

"စေ့စပ်ပွဲကော၊လက်ထပ်ပွဲကော..အကောင်းဆုံး၀န်ဆောင်မှုပေးပါတယ်နော်.."
သူမဆီ ကတ်တလောက်ယူပေးသည်။

"ဒါ မော်ဒယ်တွေအပြင်ဒီshopမှာ
လာပြင်ကြတဲ့စုံတွဲတွေလည်းပါတယ်.."

စီလင်းတစ်ပုံစီကြည့်ရင်း တစ်နေရာအ‌ေရာက်မှာ အကြည့်တွေရပ်တန့်သွားသည်။

"ဒါက.."
"သြော်..အဲ့တာကလား..ဒါဘယ်လိုလုပ်
ဒီေရာက်နေပါလိမ့်..
Red Dragon ကသူဌေးလေးနဲ့သူ့ကောင်
မလေးလေ..
သူတို့စုံတွဲကအရမ်းမိုက်လွန်းလို့.. ဆိုင်က
ကောင်မလေးတွေရိုက်ယူထားတာ..
ခွင့်မတောင်းရသေးဘူးဆိုတော့ ပုံထည့်
သုံးလို့တော့မရဘူး..."

စီလင်းပုံကိုအနီးကပ်ယူကြည့်ရင်း ဒေါသ
တွေငယ်ထိပ်တတ်ဆောင့်လာသည်။

"ဒါဘယ်တုန်းကပုံလဲ.."
"သိပ်တော့မကြာသေးဘူး..တစ်လလောက်ပဲရှိသေးတာ..ဘာဖြစ်လို့ပါ
လဲ ဧည့်သည်..."
"နောက်ထပ်ရှိသေးလား..ငါ့ဆီပေး..."

"ဘာလို့အဲ့လိုလုပ်နေမှန်း..."

"ဒီပုံထဲက ဘယ်သူမှန်းသိလို့လား..
Red dragonကသူဌေးလေးဟုတ်လား..
မဟုတ်ဘူး.. .
သူကငါ့သတိုးသားလောင်း..blood.."

ဆိုင်ကလူတွေ စွံ့အအံ့သြနေသည်။

"ဟုတ်တယ်..နင်တို့ကြားဖူးမှာပေါ့..
Bloodဂိုဏ်းက bloodအကြောင်း...
ပြီးတော့ထပ်ပြောလိုက်မယ်
.. ငါကစိန်စီလင်း
စိန်ရာမရဲ့တစ်ဦးတည်းသောမြေး..."

ဟင်.. ပိုပြီးတော့တောင်မျက်လုံးတွေပြူး
ထွက်လာကြသည်။

"Bloodကငါ့သတ်ိုးသားလောင်း..
ပုံထဲက ဒီမိန်းကလေးကသူ့ရဲ့အပျော်မယားအဆင့်ပဲ..
အဲ့တာတောင်ရှင်တို့မျက်စိထဲ
လိုက်ဖက်နေသေးလား.."

"တောင်းပန်ပါတယ်..ကျမတို့ကဘာမှမသိပါဘူး..."
တောက်))))))
စီလင်း ဓာတ်ပုံကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းထိုဆိုင်ကနေထထွက်လာခဲ့သည်။

"အမလေး ကြောက်စရာပဲ.. မြင်လိုက်ကြလား.. လူထသတ်တော့မယ့်မျက်လုံးတွေနဲ့...
ဂိုဏ်းစတားရဲ့မြေးပီသပါပေတယ်...
ဒါနဲ့ ဟိုဟာကတကယ် bloodလား..
အမလေး ငါတော့ရူးချင်တာပဲ..သူတ်ို့နဲ့
မှပတ်သတ်မိတယ်လို့.."

>>>>>>>>>>>
စီလင်း တစ်ယောက်အိမ်ခန်းထဲကရှိရှိသ
မျှတွေကိုပစ်ပေါက်ခွဲနေသည်။
"မမလေး..စိတ်လျှော့ပါ.."
....
"ဒီဟာမ ကဘယ်သူလဲ..ဘယ်အိမ်ကသမီးလဲ.. သွေး နဲ့ဘယ်လောက်ထိပတ်သက်နေသလဲ..
ငါ့ကိုသေသေချာချာစုံစမ်းပေးစမ်း.."
"ဟုတ်..မမလေး.."

သွေးကတခြားမိန်းမနဲ့နမ်းနေတာမြင်ပြီး
သူမအသဲတွေဆွဲစုတ်လိုက်သလိုခံစား
ရသည်။
___________________________________

ခခ တစ်ယောက်ဒီရက်ပိုင်းမှာသူမဖြစ်လာတဲ့အပြောင်းအလဲတွေကိုခံစားမိ
သည်။ မိန်းကလေးသဘာ၀အရ ဒါဘာလဲ
သူမရိပ်မိနေသည်။

အရင်က ကဝေမလို့သူမနာမည်ပေးခဲ့သောအစေခံမနဲ့ အခုတော့ခခကပိုက်ဆံ
နဲ့အသုံးအဆောင်ပစ္စည်းတွေပေးတတ်
တာကြောင့်..အရမ်းခင်မင်နေပါပြီ..

"မမလေးေရာ့..မှာလိုက်တဲ့ပစ္စည်း.."
"ကျေးဇူးပါနော်.. ဘယ်သူမှမသိဘူးမှတ်
လား.."
"မသိပါဘူး..စိတ်ချ.."
ကိုယ်၀န်စစ်တံပါ.. သူမအထင်မှန်မမှန်သေချာစစ်ဆေးဖို့လိုနေပြီလေ..

အပြာလိုင်းလေး၂ရစ်ကိုမြင်တော့..ရင်ထဲ
တလှပ်လှပ်တုန်လာသည်။
ဒါတကယ်ပဲကိုး.. ငါ့မှာဦးအနီရဲ့ကလေး
လေးရှိနေပြီကိုး...

ဦးအနီသိရင် ပျော်ပါ့မလား..
သူလည်းသူ့အဖေလို ကလေးမလိုချင်ရင်.
မဖြစ်နိုင်တာ ဦးအနီကငါ့ကိုချစ်ပါတယ်..
လက်ထပ်မယ်လို့လည်းပြောခဲ့တာပဲ
ငါ့ကလေးလေးကိုလည်းသူချစ်မှာပါ.

သူပြန်လာရင်ဖွင့်ပြောလိုက်ရမလား...
ဒါမှမဟုတ် နေမကောင်းဘူးလို့ပြောပြီး
ဆရာ၀န်ခေါ်ခိုင်းရမလား. ..ရှက်တော့ရှက်စရာကြီးပဲ...

ဘာပဲဖြစ်ဖြစ်..ကလေးလေးရေ..
တို့ မင်းရဲ့အမေလုပ်ဖို့တော့အဆင်သင့်မဖြစ်သေးဘူး..ဒါပေမယ့် မင်းေရာက်လာတာကို၀မ်းသာပါတယ်..
မင်းကငါ့အတွက် တစ်ဦးတည်းသော
သွေးသားရင်းခြာမို့ပါ..

ဒီကိစ္စကို ဦးအနီသိအောင်ဘယ်လိုဖွင့်ပြောရင်ကောင်းမလဲ..စဉ်းစားနေသည်။

>>>>>>>>>
ရာမအိမ်တော်...
"မမလေး.."
"သိရပြီလား.."
"မမလေး စုံစမ်းခိုင်းတဲ့မိန်းကလေးက..
သခင်လေးblood ထိုင်းကနေခေါ်လာ
တာပါ.."
"ဘာ.."
"သူက ထိုင်းလား.."
"ထိုင်းေရာက်မြန်မာလူမျိုးပါ..
အခုသခင်လေးနဲ့အတူနေပါတယ်.."

ခွမ်း... အနားရှိပန်းအိုးကိုပစ်ပေါက်ခွဲလိုက်သည်။ အတူနေတဲ့အဆင့်တဲ့လား..
"သူ့ကိုငါ့ရှေ့ ခေါ်လာခဲ့.."

"တောင်းပန်ပါတယ် မမလေး.. အဲ့တာက
မလွယ်ပါဘူး.. သူကသခင်လေးရဲ့bloodစံအိမ်ထဲမှာပါ.."
ဖြန်းး...
"နင် ဘာအသုံးကျတာရှိလဲ.."

"စိတ်ကိုလျှော့ပါ မမလေး.. သခင်လေးက
မမလေးနဲ့လက်ထပ်မယ့်လူပဲ..
အဲ့မိန်းခလေးက အပျော်မိန်းမသက်သက်ပါ..
သခင်လေးနဲ့လက်ထပ်ပြီးမှ သူ့ကိုရှင်းပစ်
လို့ရပါတယ်.."

"နင်ပြောတာမှန်တယ်.. ဒါပေမယ့်..
ငါသူတ်ို့ကိုထပ်ပြီး တစ်ရက်တောင်အတူ
နေခွင့်မပေးနိုင်ဘူး.."

"အခုနေ လှုပ်ရှားလိုက်ရင် သခင်လေးရဲ့
ဒေါသကိုသက်သက်ဆွသလိုဖြစ်သွားမှာ
ပါ.."

တောက်))))အဆင့်မရှိတဲ့ အောက်တန်း
စားမက ရာရာစစ... သွေးကိုမြူဆွယ်နိုင်
ရတယ်လို့...
ခွမ်း... ခွမ်း...ခွမ်း...

>>>>>>>>>>>
စိတ်လေနေတာကြောင့် အိမ်မပြန်ပဲ
ကလပ်မှာထိုင်နေတဲ့ သူ့ဆီစီလင်းဝုန်းဒိုင်း
နဲ့ေရာက်ချလာပြီး...

"သွေး...ရှင်ဒီမှာရှိနေမယ်မှန်းသိသားပဲ.."

"စုံစမ်းပြီးမှ‌ေရာက်လာတာ မဟုတ်ဘူး
လား.."

"ရှင်က အခုရာမဂိုဏ်းရဲ့ သတ်ိထားစရာ
လူတစ်ယောက်ဖြစ်နေတာမို့ပါ.."

"ထားပါတော့.. လာရင်းက...?"
"ကျမတို့စေ့စပ်ပွဲကိုbloodစံအိမ်မှာလုပ်မယ်.."

"ရာမအိမ်လည်းရှိပြီး၊ဟော်တယ်တွေ
လည်းအများကြီးကို..ဘာလို့bloodအိမ်လဲ.."

"နောက်လည်း ကျမနေရမယ့်နေရာပဲလေ..မရဘူးလား.."

"Blood အ်ိမ်ဆို မင်းအဖိုးလာလို့အဆင်ပြေပါ့မလား..."
"ရှင်သာ ဗုံးမထောင်ထားရင်ပေါ့.."
"အိုကေ.. ကြိုက်တာလုပ်.."

တည်တည်ငြိမ်ငြိမ်နဲ့..စပ်ထားတဲ့အရက်ခွက်ကိုယူသောက်နေသည်။
# ဟန်ဆောင်နေတာလား..တကယ်ပဲ
ဘာမှမဖြစ်တာလား.. ရှင့်မယားငယ်ကို
ဘယ်လိုလုပ်မလဲ သိချင်လိုက်တာ..

>>>>>>>>
စီလင်းပြန်သွားမှ ..
"သခင်လေး...ဒါဆိုမမလေးကိုဘယ်လို
လုပ်မလဲ.."

"အတတ်နိုင်ဆုံးတော့ စီလင်းမျက်စိရှေ့
မ‌ေရာက်အောင်ထားရမှာပေါ့.."
"မင်း သူ့ကို (***)အဲ့က်ိုခေါ်သွားပေး...
ငါ့ကို နောက်ယောင်ခံလိုက်နေတယ်.."
"ဟုတ်ကဲ့.."
________________________________

ဦးအနီ..ဆီမှာမကောင်းတဲ့ကိစ္စရှိနေတာ
သူမသိတယ်.. သူမကိုဘာလဲမပြောပြပေ
မယ့်..သခင်ကြီးနဲ့ပတ်သတ်နေတာလဲ
သိသည်။ ဦးအနီ ဒါကြောင့်အလုပ်တော်
တော်များနေတယ်ထင်တယ်.. ညက
လည်းအိမ်ပြန်မလာဘူး..

ကားအသံကြားလို့ သူပြန်လာတယ်ထင်ပြီး အရှေ့ထွက်လာသည်။

"အကိုဒိုင်းရိပ် ဦးအနီကော..."
"မမလေး အခု ကျွန်တော်နဲ့တစ်နေရာကို
လိုက်ခဲ့ပေးပါ.. သခင်လေးအမိန့်ပါ.."

"ဦးအနီ တစ်ခုခုဖြစ်နေတာ မဟုတ်ပါဘူး
နော်.."
"သခင်လေးဘာမှမဖြစ်လို့ မစိုးရိမ်ပါနဲ့.."

ဒိုင်းရိပ်လည်း သူမအတွက်စိတ်မကောင်း
ဖြစ်နေရသည်။
ဒါပေမယ့် သခင်လေးကိုယုံပါတယ်..
သူဘာလုပ်နေမှန်းသူသိတယ်...

ဒိုင်းရိပ်..ကသူမကိုတစ်နေရာလိုက်ပို့ပေး
သည်။
မြို့အစွန်နားမှာရှိတဲ့အိမ်လေးတစ်လုံးပါပဲ..
အသုံးအဆောင်ပစ္စည်းတချို့လည်းရှိပြီး
တည်းခိုခန်းလိုအိမ်လေးပါ...

"ကိုဒိုင်းရိပ် ဘာလို့ ခခကိုဒီခေါ်လာတာလဲ.."
"သခင်လေးကမမလေးကိုခေါ်လာခိုင်း
တာပါ.. ဒီမှာသူ့ကိုစောင့်နေဖို့ပြောပါတယ်..."
"သူအရမ်း အလုပ်များနေလား..."
."အင်း နဲနဲတော့ ...
အလုပ်ပြီးရင် သူလာပါလိမ့်မယ်..."

"ခခသိပါပြီ.. ဒီအိမ်လေးကလည်းချစ်ဖို့
ကောင်းသားပဲ.. ခခ ဒီမှာသူ့ကိုစောင့်နေ
ပါ့မယ်...
အကိုဒိုင်းရိပ် ကပြန်သွားရမှာ မဟုတ်လား.."
"ဟုတ်.."

>>>>>>>>
ခခ လောလောဆယ်နေထိုင်လို့ရအောင်
အိမ်လေးက်ိုပြင်ဆင်လိုက်သည်။

လှုပ်လှုပ်ရှားရှား လုပ်ပြီးမှ.. သတိရကာ...

"တော်ပြီ တော်ပြီ.. ငါအခုအရမ်းလှုပ်ရှား
လို့မဖြစ်ဘူး.. ငါ့ကလေးလေး ဒုက္ခဖြစ်မယ်..
တောင်းပန်ပါတယ်.. အဖေမရှိတုန်းမင်း
ကိုပိုဂရုစိုက်ပေးရမှာကို...ပင်ပန်းသွားပြီလား..
ဝါး... ငါလည်း ပင်ပန်းသွားပြီ..
ကလေးရေ.. ခဏလောက်အိပ်ရအောင်
နော်...
အဖေ ပြန်လာတာကိုအိပ်ပြီးစောင့်ရအောင်.."

ကုတင်အဖြူေရာင်လေးပေါ်လှဲချလိုက်ရင်း တခူးခူးနဲ့အိပ်ပျော်သွားတော့သည်။

"Baby.."
နောက်ယောင်ခံလိုက်နေတဲ့လူတွေကို
မျက်ခြေဖျက်ပြီး.. blood..ေရာက်လာတော့.. သူမကအိပ်မောကြနေသည်။

သူမကိုကြည့်ပြီး သူ့ရင်ထဲဆွေးမြေ့ကြေကွဲ၇သည်။
"ကိုယ် ခဏတော့ လူယုတ်မာလုပ်ရအုံး
မယ်.. baby....
ကိုယ်တို့ခဏတော့ခွဲနေရမယ်..
ကိုယ် ဒီလိုလုပ်တာ.. မင်းအတွက်ပါ.."

အိပ်လို့လည်းပျော်မှာမဟုတ်တဲ့သူမို့...
ကုတင်နားက ဒရင်းဘတ်ပေါ်မှာလှဲကာ
စီးကရက်သောက်ကာဖွာရှိုက်နေရင်း
မျက်၀န်းတွေကိုမှေးမှိတ်ထားသည်။🚬

"ဦးအနီ.."
"ဟင် baby.."
"ဘယ်တုန်းက‌ေရာက်နေတာလဲ..."
"မကြာသေးဘူး.."

ခခကအိပ်ယာကနေထပြီး သူ့လက်ထဲက
စီးကရက်ကိုယူကာ..အနံ့နမ်းကြည့်သည်။

"ဦးအနီ.. ဒါတွေသုံးပြန်ပြီလား..."
"ဒီတစ်ခါပဲ.. ကိုယ်လိုအပ်နေလို့..."

"တစ်ခါ၊တစ်ခါအဲ့လိုနဲ့
မဖြတ်နိုင်တော့တာပဲ.."

"နောက်မသုံးတော့ဘူး.."

"တကယ်နော်.. လိမ်မာလိုက်တာ.."

"ဒါနဲ့ ဦးအနီခုနကမျက်နှာလည်းမကောင်းဘူး...
ဘာကိစ္စရှိလို့လဲ ဟင်.. မကောင်းတဲ့ကိစ္စလား.."

"အင်း.."
"ခခ ကိုပြောပြမှာမဟုတ်ဘူး မှတ်လား.."
"အင်း.."

"သိပါပြီ..မမေးတော့ပါဘူး.."
"အင်း..."
"ဦးအနီ ၀မ်းနည်းတဲ့ပုံပေါက်နေတယ်ဆို
တော့..ဖက်ထားပေးရမလား."

"အင်း..ကျေးဇူးပဲ.."
"ဘာကိစ္စမှန်းမသိပေမယ့်..အဆင်ပြေသွားမှာပါ..ဦးအနီကိုယုံတယ်.."

ကိုယ်လိုလူကိုယုံကြည်တယ်တဲ့လား..
ကလေးရယ်...

>>>>>>>>>>>>>
နံနက်ခင်းလေး....
ခခ သူ့ကုတ်အကျီကိုကြယ်သီးတပ်ပေးနေတုန်း..
"Baby ဒီအိမ်ကအဆင်ပြေရဲ့လား..
အဆင်မပြေရင် ကိုယ်တခြားဗီလာဖြစ်ဖြစ်.."

"ဟင့်အင်း.. ခခအဆင်ပြေပါတယ်..
ဒီလိုခြံ၀င်းသေးသေးလေးနဲ့အိမ်မှာ ဦးအနီနဲ့၂ယောက်ထဲနေချင်တာ..
ခခ စိတ်ကူးထဲကအတ်ိုင်းပဲလေ..

ဦးအနီ အားတဲ့နေ့ကြရင် ဆေးအ‌ေရာင်
ပြောင်းသုတ်လိုက်ရင် အသစ်လေးလိုဖြစ်
သွားမှာ.."

"အင်း ကိုယ်နောက်ကြရင်လုပ်ပေးမယ်.."

"ဒီနေ့ကော နောက်ကြအုံးမှာလား..."
"ကိုယ့်ကိစ္စတွေပြီးရင် ပြန်လာခဲ့မယ်.."

"တကယ်တော့လေ
ခခ ဦးအနီကိုပြောစရာရှိတယ်.."

သူ့ဖုန်းကထမြည်တော့.. သူကြည့်ပြီးမကိုင်သေးပဲ..
"ပြောလေ..."

"အ‌ေရးကြီးတဲ့ဖုန်းထင်တယ်..ကိုင်လိုက်ပါ.. ခခကအ‌ေရးမကြီးပါဘူး...
ဦးအနီ ပြန်လာရင် အဲ့ကြမှပဲပြောတော့မယ်..."

သူဖုန်းကိုင်လ်ိုက်ပြီး.. တဖက်ကဘာပြော
လဲမသိပါ...
"သိပြီ.."
ဆိုပြီး ဖုန်းချကာ..

"ကိုယ်သွားရတော့မယ်.."
"ဟုတ်..တာ့တာ.."

သူမ နဖူးလေးကိုနမ်းပြီးနောက်..ချခနဲလှည့်ထွက်သွားသည်။
ခခ သူ့ကားလေးမြင်ကွင်းထဲကပျောက်
သည်အထိလက်ပြရင်း ရပ်ကျန်ခဲ့သည်။

"ကလေးရေ ဖေဖေကအရမ်းအလုပ်ရှုပ်
နေတယ်ထင်တယ်.. နောက်မှပဲ.. မင်းအကြောင်းအသိပေးရတော့မယ်..."

>>>>>

Continue Reading

You'll Also Like

376K 68.6K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
42.1K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator