When a man falls in love...(C...
By wookiekyoe
160K 4.9K 147
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြ... More
Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END
Part 13 uni
4K 169 0
By wookiekyoe
မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.
အပိုင်း....၁၃
Bloodအိမ်ထဲကိုလက်နက်မှောင်ခိုကားတွေ၀င်လာသည်။
လက်နက်အမျိုးအစားအများအပြား၊သေ
နတ်ပြောင်းအတ်ို၊အရှည်..သရီးရိုင်ဖယ်၊
ပစ္စတိုတွေ.. အကုန်bloodရှေ့သို့ချပြသည်။
သူအကုန်လုံးကိုစစ်ဆေးကြည့်ပြီး..
"တော်တယ်.."
"မနက်ဖြန်ည ဂျေဆန်တို့အိမ်ကပါတီကို
သွားဖို့အဆင်သင့်ဖြစ်ပြီပဲ..
ကြေငြာလိုက်.. မနက်ဖြန်ညမှာ
Zenkia နဲ့Blood တစ်ပွဲတစ်လမ်းနွဲရအောင်လို့.."
"ဟုတ်သခင်လေး.. "
ဂျေဆန်ကဂိုဏ်းစည်းကမ်းဖောက်ပြီးသူ့
ကိုလုပ်ကြံတယ်.. အဲ့ဒီအတွက်ပြန်ပေးဆပ်ရမယ်..
မေ့ပျောက်ထားလိုက်ပြီ ထင်လို့လား..
နိုး... နိုး... bloodရဲ့ဘ၀မှာကိုယ့်ကိုအပြစ်လုပ်တဲ့လူကိုခွင့်လွှတ်ရိုးထုံးစံမရှိဘူး..
လက်နက်တွေမှာထားပြီးဒီအတော
အတွင်း ဂိုဏ်းသားတွေကို ကိုယ်တိုင်သင်
ကြားပေးပြီးပြီ...
အခုလက်နက်‌ေတွ‌ေရာက်ပြီဆိုတော့..
သွေးချောင်းစီးဖို့ပြင်ထားတော့..မနက်
ဖြန်ညမှာ အသေအကြေတိုက်ခိုက်ကြမှာ
ဖြစ်သည်။
ဂိုဏ်းစတားဆိုပေမယ့်စည်းကမ်းအရ
တဖက်ဂိုဏ်းကိုအလစ်၀င်တ်ိုက်တာမျိုး
မလုပ်ဘူး..
သူရဲ့သေနတ်တွေကိုလည်းသေချာပြန်စစ်ဆေးနေတုန်း..
လူရိပ်မြင်လိုက်လို့..အနောက်ကိုလှည့်ပြီး
ချိန်ရွယ်လိုက်သည်။
"Baby ကိုယ်မင်းကိုပစ်မိတော့မလို့..
ဒီကိုဘာလာလုပ်တာလဲ.."
"ခခ ဦးအနီကိုလွမ်းလို့.."
သူနာရီကိုငုံ့ကြည့်ရင်း..
"လွန်ခဲ့တဲ့ ၃နာရီကမှ၊ ကိုယ်နဲ့တွေ့ခဲ့တာလေ.."
"ခခက ဦးအနီကို၁၅မိနစ်တစ်ခါတွေ့ချင်တာ.. ၁၅မိနစ်ကျော်ရင်အလိုလိုလွမ်း
လာေရာ...."
ဒီလိုချွဲတဲ့ ကောင်မလေးရှိသေးလား..
"လာ လေ.."
သူကလက်ဆန့်တန်းလိုက်လျှင်..ခခက
သူ့ကိုပြေးဖက်သည်။
သူကပြန်လည်သိုင်းဖက်ထားလျှင်...
"အဲ့သေနတ်ကြီးကချထားပါ.."
"မရဘူး..ချိန်ထားလိုက်ပြီ.."
ဟွန့်...
"ဒါမှ မင်းကိုယ့်ကိုကြောက်နေမှာ.."
"ကြောက်စေချင်တာလား၊ ချစ်စေချင်တာလား.."
"နှစ်ခုစလုံး.."
"လောဘကြီးလိုက်တာ..."
"မင်းမသိဘူးလား...အိမ်ထောင်တစ်ခုမှာ
ခင်ပွန်း ကိုချစ်ကြောက်၊ရိုသေရင် ဘာရှည်တယ်ဆိုလား ပဲ.."
"ဟွန်.. ဦးအနီနော်.."
"အဲ့လိုရှိတယ်..ကိုယ်ပြောတာယုံ baby...
ကိုယ်တို့ဘာသာစကားမှာ ဝေါဟာရတွေ
ကြွယ်၀တယ်...စကားပုံတွေ
ဆိုရိုးတွေ အများကြီးရှိတယ်...
ဒယ်မွန်ကကိုယ့်ဆီကပိုက်ဆံတွေအများ
ကြီး ယူပြီးမင်းကိုဒါတွေကြတော့မသင်ပေးခဲ့ဘူးကိုး...
ဒါဆိုနောက်မှ ကိုယ် သင်ပေးမယ်...."
"နည်းပြ ကတစ်ခုတော့ပြောသွားတယ်.."
"ဘာတဲ့လဲ.. "
"ဦးအနီက အဲ့တာမျိုးတွေဆို တစ်ခုမှမှန်
အောင်မပြောနိင်ဘူးတဲ့.."
"ဘာ..."
တောက်))))....
>>>>>>>>>>>
ဂျေဆန်တို့အိမ်ကိုသွားရမယ့်နေ့ညခင်း...
အားလုံးကပြင်ဆင်ပြီးနေပေမယ့်အခုထိ သခင်လေးကထွက်မလာသေးတော့..
ဒေါက်..ဒေါက်...
"ဘယ်သူလဲ ဟင်.."
ခခ အိပ်ခန်းတံခါးလာဖွင့်ကာ..
"သြော်.. အကိုဒိုင်းရိပ် ဘာကိစ္စရှိလို့လဲ.."
ထွက်လာတဲ့ခခ ပုံစံကတဘတ်စောင်လေးပဲပတ်ထားတာကြောင့် ဒိုင်းရိပ်မျက်နှာပြန်လွှဲရင်း...
"သ သခင်လေးနဲ့ပြောစရာရှိလို့..ခဏ.."
"ဦးအနီကအိပ်နေတယ်.. သူအနားယူချင်
လို့ဘယ်သူမှမနှောက်ယှက်နဲ့လို့လဲ မှာ
ထားတယ်.."
မဖြစ်နိုင်တာ..သခင်လေးကဒီနေ့အစဉ်
ကိုမေ့နေတာလား..ဒါမှမဟုတ်တခြား
အစီအစဉ်ရှိနေတာလား..
"ရှင်မယုံရင် ၀င်ပြီးကြည့်လေ..."
ခခ ခပ်ဟဟဖွင့်ပေးထားတဲ့တံခါးကနေ
သခင်လေးကကိုယ်အပေါ်ပိုင်းဗလာနဲ့
ခါးအောက်ပိုင်းပဲစောင်ခြုံထားပြီးအိပ်ပျော်
နေတာကိုလှမ်းမြင်ရသည်။
ဘယ်လိုမှသူ၀င်သွားနှိုးမေးဖို့မသင့်တော်
ပါ...
"တောင်းပန်ပါတယ်.. မိန်းခလေး
ကျွန်တော်ရိုင်းသလိုဖြစ်သွားရင်ဆောရီး.."
"ရပါတယ်.."
ဒိုင်းရိပ်ပြန်လှည့်ထွက်သွားမှ အခန်းတံခါး
ကိုလော့ချပြန်ပိတ်လိုက်သည်။
ဒီနေ့ သူမ ပြသနာအကြီးကြီးရှာလိုက်ပြီလေ..
မနေ့ကတကယ်တော့ bloodတို့
အစီအစဉ်တွေကိုခခအကုန်ကြားခဲ့သည်။
ဦးအနီကိုလူမသတ်စေချင်သလို..သူ
ကိုယ်တိုင်ကိုလည်းမထိခိုက်စေချင်ပါ..
ဒါကြောင့်နေ့လည်အိမ်ပြန်လာထဲက
အိပ်ဆေးခပ်ထားတဲ့ဖျော်ရည်တိုက်ပြီး
Spaဆားဗစ်ပေးလိုက်တာ..ဦးအနီ
တကယ်အိပ်ပျော်သွားတယ်...
နိုးလာရင်တော့ သူမအတွက်ကောင်းစရာ
မရှိပေမယ့်..
"ဦးအနီ ရှင်ဒီလိုအိပ်နေတာပဲကောင်းပါတယ်.."
သူ့အနား မေးလေးထောက်ပြီးထိုင်ကြည့်နေသည်။
>>>>>>>>>>>
မနက်ခင်းနေ‌ေရာင်ခြည်မှန်တံခါးတွေကနေတဆင့်အခန်းထဲသို့ကျ‌ေရာက်လာမှ
သူနိုးလာသည်။
အား...ကျွတ်...ကျွတ်...
သူသတိရပြီး နာရီကြည့်လိုက်ကာ...
"ဒါဘယ်လိုဖြစ်တာလဲ..နောက်တစ်နေ့
ကူးနေပြီလား.. ငါဒီလောက်အိပ်နေခဲ့တာလား.."
အင်တာကွန်းကနေ ဒိုင်းရိပ်ကိုလှမ်းခေါ်
သည်။
မနက်စာပြင်ဆင်ထားပြီး အခန်းထဲ၀င်လာတဲ့ ခခ..
"ဦးအနီ နိုးပြီလား.. "
ဒိုင်းရိပ်လည်း ၀င်လာကာ..
"ကျွန်တော်ေရာက်ပါပြီ.."
"ဒါဘယ်လိုဖြစ်တာလဲ..မနေ့ကငါ့အစီအစဉ်.. ကျွတ် မင်းငါ့ကိုဘာ
လို့လာမနှိုးတာလဲ.."
"ခခ မနှိုးခိုင်းတာပါ.."
"ဘာ.....
ငါအခုမှသတိရပြီ.. မင်း မင်းပဲ..
မင်းအဲ့ဒီ့အရည်မှာဘာတွေခပ်ထားလဲ..
ပြီးတော့ မင်းငါ့ကိုတမင်အိပ်ပျော်အောင်
လုပ်တာ..
ပြောစမ်း.. မင်းဘာလို့အဲ့လိုလုပ်တာလဲ.."
"ဦးအနီ ကအိပ်နေရင်ချစ်ဖို့ကောင်းလို့.."
"ဘာ.. "
"ဦးအနီ အိပ်ပျော်နေတော့ ဘယ်သူမှမသေတော့ဘူးလေ..."
"ခခ မင်းအခုဘာလုပ်လိုက်လဲ သိရဲ့လား.."
"မသ်ိဘူး..ခခသိတာ ဦးအနီအခုဒဏ်ရာမရပဲအကောင်းအတိုင်းရှိနေတယ်.."
"မင်း.."တောက်)))))))
ဝုန်း ဒုန်း ခွမ်း..
အနားရှိရှ်ိသမျှ ပစ္စည်းတို့သည်၊သူ့ဒေါသ
ကြောင့်ကြေမွကုန်သည်။
အနီသွေးဆိုတဲ့သူက မိန်းမတစ်ယောက်ဆီမှာလှည့်စားခံရတယ်လို့...
ဘယ်လောက်ပဲချစ်တဲ့မိန်းမဖြစ်ပစေ..
အခုသူမလုပ်ရပ်ကြောင့်..Zenkia ဂိုဏ်း
ကလှောင်ရယ်တော့မယ်။
ဂိုဏ်းလောကသားတွေ၊ငယ်သားတွေရှေ့
မှာ bloodကစ်ိန်ခေါ်ပြီးမှသွေးကြောင်တဲ့
ကောင်လို့အထင်ခံရတော့မယ်..
အချစ်တစ်ခုမှာသာယာမိတာနဲ့ မိန်းမတစ်
ယောက်ဆီမှာဒီလိုအချိုသတ်ခံရတာ..
ဒါကြောင့်အဖေက မိန်မတွေမာယာ
များတယ်လို့ပြောတာ..
ကြည့်စမ်း...ခခလိုဖြူစင်တယ်လို့သူထင်
နေတဲ့မိန်းကလေးကတောင် သူ့ကိုလှည့်
စားနိုင်တယ်..
ဒါမျိုးထပ်မဖြစ်အောင်..သူမအပြစ်ကိုတော့သိအောင်ပြရမယ်..
"သူ့ကို မြေအောက်ခန်းထဲပို့လိုက်.."
"ဟုတ်.."
ဒိုင်းရိပ်လည်းဘာမှမတတ်နိုင်ခဲ့...
ခခ သိပါတယ်.. ဦးအနီခွင့်လွတ်မှာမဟုတ်မှန်း..
"ဦးအနီ အပြင်မသွားခင်မနက်စာတော့
စားဖြစ်အောင် စားသွားပါ..
ဘာဆေးမှခတ်မထားတာမို့ စိတ်ချပါ.."
ပြောပြီး.. သူများဆွဲခေါ်တာမခံပါ..
ရှေ့ကနေဦးဆောင်ပြီးမြေအောက်ခန်းဆီ
သူမဖာသာ‌ေရာက်အောင်သွားသည်။
ဒိုင်းရိပ်ကအခန်းထဲမပိတ်မှီ..
" မင်း ဒီမှာအဆင်ပြေပါ့မလား.."
"အကိုဒိုင်းရိပ်က သူ့အမိန့်ကိုလွန်ဆန်နိုင်လို့လား...
မနေ့ကခခ ညာပြောခဲ့မိလို့တောင်းပန်ပါတယ်..
အခု သူ့ကိုဂရုစိုက်ပေးပါ..
ခခဆီမှာအညာခံရလို့ အရမ်းဒေါသထွက်နေမှာပဲ.."
"မင်းလည်း တော်တော်ထူးဆန်းတဲ့
မိန်းကလေးပဲ.."
>>>>>>>>
ဖုန်းတစ်ခုလက်ခံရတာနဲ့ သူအားချင်းဆို
သလိုထွက်သွားရသည်။
အဝေးထွက်လာရတာကြောင့်၃ရက်ကြာ
မှအိမ်ပြန်‌ေရာက်သည်။
အိမ်ထဲ‌ေရာက်တာနဲ့...
"ဦးအနီ ပြန်လာပြီလား..."ဆိုပြီးပြေးကြို
တတ်တဲ့သူမ...
တနေရာကနေထွက်ထွက် လာပြီး..
"ဦးအနီ...."လို့ခေါ်ပြီး စကားတွေမနားတမ်းပြောတတ်တဲ့ သူမ...
အခုသူပြန်လာတော့ အဲ့လိုအသံမကြားရ
တော့အိမ်ကတိတ်ဆိတ်ခြောက်ကပ်နေ
သည်။
"Baby.."
........
"ခခ ဘယ်မှာလဲ.. "
ဒိုင်းရိပ်ကိုလည်းမေးလို့မရဘူးလေ..
ဒိုင်းရိပ်ကသူ့နောက်လိုက်ရတာဆိုတော့
သူနဲ့အတူပြန်‌ေရာက်တာမို့...
၀ ပု ရှည် မဲ တပည့်ကျော်လေးယောက်
ကိုလှမ်းမေးလိုက်သည်။
သူမေ့နေတာလား..သူပဲမြေအောက်ခန်း
ထဲထည့်ပိတ်ခိုင်းပြီး..
သူတ်ို့၄ယောက်တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်နေကြသည်။
"ဟေ့ကောင်တွေ ငါမေးနေတယ်လေ..."
"မမလေးက မြေအောက်ခန်းထဲမှာလေ.."
"ဘာ အခုချိန်ထိလား.. ငါအဲ့လောက်ထိ
ထားဖို့မှာထားလို့လား..
Sသုံးမကျတဲ့ကောင်တွေ.."
ဘုန်း..ဘုန်း...ဘုန်း..ဘုန်း..
လေးကောင်ကိုစိတ်တိုတိုနဲ့ဆင့်ကန်ခဲ့ပြီး
မြေအောက်ခန်းဘက်ထွက်လာခဲ့သည်။
ငယ်ငယ်ကအက်စီးဒင့်ကြောင့်လားမသိ
ခခကအမှောင်ကိုကြောက်သည်။
ဒါကိုသူသိတယ်..တစ်ရက်လောက်ထား
လိုက်ရင် နှောင်ကျဉ်မှာပဲဆိုပြီး..
အခုတော့..
အခန်းတံခါးဖွင့်လိုက်ရာ..ခခကခွေခွေလေး...
"Baby..."
"ဦးအနီ‌ေရာက်လာပြီလား..."
ငိုနေတာ မဟုတ်ပေမယ့် မျက်ရည်ကြည်
တွေဝေ့ဝဲနေသည်။
"ခခ ကိုစိတ်ဆိုးပြေပြီလားဟင်.."
သူပြန်မဖြေန်ိုင်ပဲ..သူမကိုပွေ့ဖက်ထား
သည်။
"ဦးအနီ နောက်ကိုခခကိုစိတ်ဆိုးရင်ရိုက်
လိုက်ပါ.. ဒီကိုမပို့ပါနဲ့.. ခခ အမှောင်ကြောက်လို့ပါ.."
"နောက်ကို ကိုယ်စိတ်ဆိုးအောင်မလုပ်
တော့ဘူးလို့ ပြောရမှာလေ.."
"ဟင့်အင်း..ဦးအနီကိုအနာတရဖြစ်စေ
နိုင်တာမျိုးဆို ခခ တားမှာပဲ..
ထပ်မလုပ်ဘူးလို့ ကတိမပေးဘူး.."
မင်းဘယ်လိုကောင်မလေးလဲကွာ..
ရင်ထဲကအေးခဲနေတဲ့မြစ်ကြီးပါ..အရည်ပျော်ကြမိတာ.. သူမဆိုတဲ့မိန်းခလေးကြောင့်..
>>>>>>>>>>>>>
သူကလပ်တွေသိပ်မထိုင်တာကြာပြီဖြစ်
သည်။ သူ့ရဲ့ပျော်စရာကဒီမှာမရှိဘူးလေ..
အမည်မဖော်တဲ့ VIPဧည့်သည်ကချိန်းလို့
သာ သူစောင့်နေတာ..
နာရီကိုကြည့်လိုက်သည်။ စောင့်ရတယ်
ဆိုတာ..သူ့စတိုင်မဟုတ်..
အိမ်မှာသူ့ကိုမျှော်နေမယ့် အချစ်ကလေး
ရှိနေတာကို..ဒီနေရာမှာအချိန်ထပ်မဖြုန်း
ချင်တော့ဘူး...
သူထရပ်လိုက်သည်။
"သွေး.."
ဟင်..အသံလာရာဘက်သို့လှည့်ကြည့်
လိုက်သည်။
"စီလင်း.."
"ဟုတ်တယ် ငါ.."
"ချိန်းထားတဲ့ VIPဆိုတာ"
"ငါပဲလေ.."
"မတွေ့ရတာဘယ်လောက်ကြာပြီလဲ..သွေး
အခုလည်းနဲနဲသာနောက်ကြရင် လွဲတော့
မလို့မဟုတ်လား.."
"စောင့်ရတာက ငါ့စတိုင်မဟုတ်တော့.."
"သွေး..နင်အခုကောငါ့ကိုတွေ့ချင်ရဲ့လား.."
"အသဲအသန်တွေ့ချင်တာတော့မဟုတ်ပေမယ့်..ရှောင်နေရမယ့်လူလည်းမဟုတ်
ပါဘူး..."
"ငါ့အဖိုးကြောင့်နင် အထဲေရာက်ရတော့
နင် ငါ့ကိုမမြင်ချင်လောက်ဘူးထင်လို့
နာမည်ကြိုမပြောတာ.."
"ငါ အဲ့တာတွေမေ့လိုက်ပြီ..
အခု အေးဆေးပါပဲ.."
"တော်သေးတာပေါ့.. "
"နင်ဒီအတောအတွင်း ဘယ်ပျောက်နေခဲ့တာလဲ.."
"နင်မေးမှ မေးပါ့မလားလို့.."
"အဟွန်း..."
သူရယ်လိုက်တာကို အထူးအဆန်းလုပ်ပြီးလိုက်ကြည့်ကာ..
"သွေး နင်တော်တော်ပြောင်းလဲလာတယ်
နော်.."
"ငါတို့က လူကြီးဖြစ်နေပြီလေ.."
"ငါအသက်မကြီးချင်ပါဘူး...
နင်တစ်ယောက်ထဲကြီး.."
"၃၀ကျော်လာဆိုတော့ မိန်းကလေးတစ်
ယောက်အနေနဲ့ အပျိုကြီးစာရင်းမ၀င်ချင်သေးတဲ့ နင့်က်ိုငါနားလည်ပေးနိုင်ပါတယ်.."
"နင်နော်... "
အဟက်..
ထပ်ရယ်ပြန်ပြီ.. Death kingကြီးက..
"နင်အသားအရည်တွေပိုကောင်းလာတယ်.."
"အဲ့လိုထင်ရလား.."
"ဆေးသုံးသေးလား.."
"ပျက်သလောက်တော့ရှိနေပြီ.."
"အခု နင့်ကြောင့် bloodဂိုဏ်းကတော်တော်အင်အားကြီးလာတာပဲ.."
"အင်း.. ရာမဂိုဏ်းကိုတော့မမှီနိုင်သေးဘူး..
ငါနဲ့ နင့်အဖိုး တနေ့နေ့ဆုံရရင်တောင်
စီလင်း နင်စိတ်ချပါ.. ဒီရန်ပွဲထဲ ငါနင့်ကိုဆွဲမထည့်ဘူး.."
"အခုထိ အဖိုးကနင့်ရန်သူဖြစ်နေတုန်းပဲ.."
"မိတ်ဆွေတွေမှမဖြစ်နိုင်တာ.."
မဟုတ်ဘူး.. သွေး.. Bloodဂိုဏ်းနဲ့ရာမက
ပေါင်းစည်းရမှာ..
ငါတို့လက်ထပ်ပြီးရင်ပေါ့...
ငါပြန်လာတာ နင်နဲ့လက်ထပ်ဖို့...
(သွေးရယ်သူမရယ်၊ဒယ်မွန်ရယ်ကကျောင်းနေဖက်တွေ၊
ငယ်ငယ်ကဂိုဏ်းစတားရဲ့မြေးမမို့လို့
ကျောင်းမှာကလေးတွေကသူမကိုအ
ပေါင်းအသင်းမလုပ်ချင်ကြပေ..
သူများတွေဆော့တာကိုကြည့်ရင်း အထီး
ကျန်ဆန်တဲ့ကလေးဘ၀ ၅တန်းအရွယ်..
"နင်ဘာလို့ငိုနေတာလဲ.."
"ငါကလူဆိုးရဲ့မြေးမို့လို့ ငါနဲ့ဘယ်သူမှ
မကစားဘူး.."
"ဒါဆို သူတို့လည်းမကစားစေနဲ့.."
"ငါက ဘယ်လိုလုပ်ရမှာလဲ.."
"နင့်ကို သူတ်ို့ကြောက်အောင်လုပ်.."
"ငါမသိဘူး..."
"ငါသင်ပေးမယ်.."
ကျောင်းမှာကျောင်းသားကျောင်းသူအ
ကုန်ကြောက်ရတဲ့ လူမိုက်ကျောင်းသား
လေးက bloodပေါ့..
သူမကိုလည်း ကြောက်ရွံ့အောင်သင်ပေး
သည်။
သူမနားလည်လာခဲ့သည်။ လူတွေကိုအကြောက်တရားဘယ်လိုပေးရမလဲဆိုတာကို..
အဲ့ဒီနောက် သူမကိုဖယ်ကျဉ်ခဲ့ကြတဲ့သူ
တွေက ခြေထောက်ကိုလျှာနဲ့လျှက်မတတ်ရိုကျိုးလာသည်။
Bloodကတော့အထက်တန်းဆက်မတတ်ပဲကျောင်းထွက်ပြီး.. ဂိုဏ်းစတား
ပေါက်စဖြစ်လာသည်။
သူတို့အသက်၂၀လောက်မှာ အဖိုးကြောင့် bloodထောင်ကျခဲ့သည်။
သူမ အဖိုးကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပေ
မယ့် အလွှတ်မပေးခဲ့.. သွေး အကျဉ်း၃နှစ်
ကြခဲ့သည်။
အဲ့ထဲကအဖိုးကိုမုန်းပြီး..လန်ဒန်မှာသွားနေတာ...
သွေး နင်ငါ့ကိုမလိုချင်ရင်တောင် ရာမဂိုဏ်းကိုတော့ နင်လိုချင်မှာပါ..
နင်ငယ်ငယ်ထဲကနင့်အဖေထက် အင်အားကြီးတဲ့လူဖြစ်ချင်နေတာ ငါသေချာ
သိတယ်...
>>>>>>>>>>>>>>>>
ဦးအနီက..သူနဲ့အတူပွဲတစ်ခုလိုက်ခဲ့ရမယ်တဲ့...
ဒါကြောင့်ခခက်ို Beauty shopကိုခေါ်လာသည်။
ခခ ကိုမိတ်ကပ်ဝိုင်းပြင်ပေးနေကြသည်။
ကျောလယ်လောက်ရှိနေတဲ့သူမဆံပင်လေးကိုကောက်ပေးသည်။golden brownလေးဆိုးထားတာဖြစ်သည်။
နာရီ၀က်ခန့်ပြင်ဆင်ပေးပြီးနောက်မှန်ထဲ
မှာခခ ကိုယ့်ကိုယ်ကိုယ်တောင်မမှတ်မိ
အောင်လှလာသည်ဟုထင်သည်။
အကျီ၀တ်တော့မှပြသနာပဲ..
ခခကရင်ပြတ်ဂါ၀န်မ၀တ်ရဲဘူး..နောက်
ကျောမှာအမှတ်ကြီးရှိတယ်လေ..
"မမ တခြားအကျီမရှိဘူးလားဟင်.."
"ဘာဖြစ်လို့လဲ ညီမလေး..သူဌေးလေးနဲ့
ဆင်တူဖက်ရှင်၀တ်ဖို့..ညီမအတွက်ပြင်
ထားပေးတာလေ.. အကျီကလည်းအတော်ပဲကို.."
"ခခ ဒီလိုမ၀တ်ရဲလို့ပါ.. ကျောမှာအမှတ်
နဲ့ဆိုတော့.."
"သြော်.. အွန်း..ဒါဆို..
အပေါ်ကနေပုဝါထပ်ခြုံလိုက်မယ်ဆိုရင်ကော..."
"ဟုတ်သားပဲ.. ဒါဆိုမမြင်ရတော့ဘူးပေါ့..
ကျေးဇူးပါနော် မမ.."
"မိန်းခလေးကတကယ်ချစ်ဖို့ကောင်းတာပဲ.. သူဌေးလေးနဲ့လက်ထပ်ရင်လည်းတို့ တာ၀န်ယူပြင်ပေးပါရစေ.."
"လက်ထပ်ရင်..သြော် ဟုတ်ကဲ့."
သူမကိုစောင့်နေတဲ့ဦးအနီကလည်း အနက်နဲ့မရမ်းစေ့ေရာင်တွဲထားတဲ့ ကုတ်
ကို၀တ်ဆင်ထားသည်။
"ဦးအနီ..ကြည့်ပါအုံး ခခ လှရဲ့လား.."
"အင်း..."
သူက ခခကိုမကြည့်ပဲဖြေလျှင်..မျက်လုံးရှေ့‌ေရာက်အောင်သွားကာ...
"ဦးအနီ ဒီကိုကြည့် ၊မကြည့်ပဲနဲ့..
လှမလှဘယ်သိမှာလဲ.."
အမေကအ၀တ်တစ်ထည်၀ယ်ပေးတိုင်း
၀တ်ကြည့်ပြီးလှလားလို့လိုက်မေးတတ်တဲ့ကလေးဆိုးလိုပဲ.. သူ့ရှေ့အသဲယား
အောင်လာလုပ်နေတဲ့အခါ...
"ဟာ.. ဦးအနီ ဘာလုပ်တာလဲ လူတွေနဲ့..."
သူမကို ဆွဲဖက်ရင်းနမ်းနေတာကြောင့်..
ခခ တွန့်လိမ်နေသည်။
"ဝါး သူတို့၂ယောက်အရမ်းလိုက်တာပဲ.."
အထဲမှန်တံခါးကနေလှမ်းမြင်ရတော့..
မိတ်ကပ်ဆိုင်ကလူတွေကသူတို့ကိုဓာတ်
ပုံခိုးရိုက်ထားလေသည်။
"ဦးအနီ ဆိုင်ရှေ့ကြီးမှာလူတွေနဲ့ကို .."
"နမ်းမိမှာဆိုးလို့မကြည့်တာကို.. ဘာလို့ ကိုယ်အသဲယားအောင်လာလုပ်လဲ.. ."
"အသဲယားတိုင်းလူရှေ့အဲ့လိုလုပ်ရလား.."
"ဒါဆို ကားပေါ်ေရာက်မှ ဆက်နမ်းမယ်
လာ.."
"မိတ်ကပ်တွေပျက်ကုန်မှာပေါ့.."
"ကိုယ့်အတွက်ပြင်ထားတာဆို.."
"ဒါတော့ ဒါပေါ့ ဒါပေမယ့်.. ပွဲထဲမှာလည်း
လှနေချင်သေးတယ်လေ..
အဲ့ဒါ လည်းဦးအနီအတွက်ပါနော်
ခခ ရုပ်ဆိုးနေရင် ဦးအနီသိက္ခာကြမှာဆိုး
လို့.."
"သြော် ဟုတ်လား...ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ.
ကိုယ်ကရုပ်ဆိုးမလေးနဲ့ပဲတွဲချင်တာ.."
ဟင့်...
ကားပေါ်မှာလည်း အနမ်းကြမ်းနေပြန်သည်။
မောင်းနေတဲ့ဒိုင်းရိပ်ပင် မနည်းစိတ်တည်ငြိမ်အောင်ထားနေရသည်။
၁၂ရာသီ roနေတဲ့သခင်လေးနဲ့တော့
ဒုက္ခပါပဲ။
>>>>>>>>>>
သူခေါ်တဲ့ပါတီသို့ခခသူ့လက်ကိုချိတ်ပြီး
လိုက်လာခဲ့သည်။
အသွင်ပြောင်းစီးပွား‌ေရးလုပ်ငန်းရှင်တွေ၊
နိုင်ငံေရးသမားတွေ.. စသည်ဖြင့်အဘက်
ဘက်မှတတ်‌ေရာက်ပြီးစည်ကားလျှက်ရှ်ိ
သည်။
"ဦးအနီက ဒီလိုနေရာတွေလည်းလာရတာပဲလား..."
"အမှောင်ဂိုဏ်းကအင်အားကြီးပေမယ့်.
အမြဲတမ်း မရပ်တည်နိုင်ဘူး..
ရေရှည်မှာတော့စီးပွားေရးကိုအဓိထားပြီး
အဖေ့ရဲ့ ရည်မှန်းချက်က နိုင်ငံ‌ေရး
လောကထဲ၀င်ဖို့ပဲလေ...."
"ဟင်.. ဦးအနီအဖေက နိုင်ငံ‌ေရးကိုဘာ
လို့စိတ်၀င်စားတာလဲ.."
"မင်းညံ့လ်ိုက်တာ.. အာဏာလိုချင်လို့ပေါ့.
အာဏာသာလက်ထဲရှိရင် သူလိုချင်တဲ့
လောကကိုဖန်တီးနိုင်မယ်လေ.."
"သခင်ကြီးလိုချင်တဲ့လောကကဘယ်လို
မျိုးလဲ.."
"ကိုယ်လည်းမသိဘူး.. ကိုယ်သိတာက
သူဖြစ်ချင်တာလုပ်ပေးရမှာကိုယ့်တာ၀န်....
ကဲ ဘေဘီ ကိုယ်ဒီမှာတွေ့ရမယ့်လူတွေ
ရှိသေးတယ်..
မင်းဒီနေရာမှာပဲနေနော်.... ဘယ်မှမသွားနဲ့.."
"ဟုတ်ကဲ့.. အလုပ်ပြီးရင်မြန်မြန်ပြန်လာ
နော်.."
သူမနှဖူးကိုနမ်းပြီး..သူချိန်းထားတဲ့လူတွေ
ဆီသို့ထွက်သွားသည်။
အကောင်းစားဟော်တယ်ကြီးမှာ..
၀တ်ကောင်းစားလှတွေ၀တ်ထားတဲ့လူတွေရယ်၊ ရေမွှေးရနံ့တွေရယ်၊အနောက်တ်ိုင်းဂီတသံရယ်..
ခခ မြင်မြင်သမျှလိုက်ကြည့်ပြီး ချကျွေးသ
မျှတွေယူစားသည်။
ကော့တေးတစ်ခွက်လောက်ယူသောက်မိရာ.. အရသာတော့မဆိုးပေမယ့် ရင်ထဲ
မှာတော့တစ်မျိုးကြီးပဲ..
သူကရင်ဘတ်ကိုဖိနှိပ်နေရသည်။
"မရတော့ဘူး.. "
"တွိုင်းလက်ကဘယ်ဘက်မှာလဲရှင့်.."
သူမ တစ်ချိုးထဲပြေးရတော့သည်။
လမ်းမှာအမျိုးသမီးကြီးတစ်ယောက်ကို
၀င်တိုက်မိသေးသည်။
"တောင်းပန်ပါတယ်ရှင့်.."
သန့်စင်ခန်းထဲ၀င်ပြီး သူမထိုးအန်လိုက်မှ
နေရတာသက်သာသည်။
"အိုး.. မူးလိုက်တာ..ဒုက္ခပဲ.. "
သူမ သန့်စင်ခန်းကထွက်လာတော့..ရုတ်
တရက်လက်ကိုဖမ်းဆွဲခံရသည်။
"baby.. မင်းနေရာကနေပျောက်သွားလို့ကိုယ်ဖြင့်စိတ်ပူလိုက်ရတာ.."
ဟုတ်ပါရဲ့..တကယ်စိုးရိမ်နေတဲ့မျက်၀န်း
တွေနဲ့ ဒီရှေ့ထိလာစောင့်နေတာ..
"ဦးအနီ..စိတ်ပူအောင်လုပ်မိတာ
တောင်းပန်ပါတယ်...ခခ အစားမှားသွား
လို့ထင်တယ်..ရင်ထဲသိပ်မကောင်းတာနဲ့.."
"နေမကောင်းလို့လား..မှန်း..မင်းအသား
တွေအေးနေပါလား..
လာ အခုပြန်ပို့ပေးမယ်.."
"ဦးအနီ အလုပ်ရှိသေးတယ်ဆို.."
"ထားလိုက်.. လာ..."
သူမကိုပွေ့ချီခေါ်ပြီးကားဆီပြန်လာခဲ့သည်။
"ကိုယ်ဆရာ၀န်ခေါ်လိုက်မယ်.."
"ဟင့်အင်း ခခ သက်သာနေပါပြီ..
ဦးအနီ ဒီအတိုင်းဖက်ထားပေး.."
"တကယ်ရလို့လား..."
"အွင်း.."
သူ့ရင်ခွင်ထဲမှာကလေးတစ်ယောက်လို
နေချင်တဲ့သူမ...
>>>>>>>>>
ဟော်တယ်ထဲကတနေရာ...
"မရမ်းစေ့‌ေရာင်ဂါ၀န်နဲ့လေ..ဆံပင်ဒီလောက်ရှိတဲ့ကောင်မလေးတစ်ယောက်
ကိုတွေ့မိသေးလား..."
"မတွေ့မိပါဘူး..sorry."
.....
"ထား..မင်းဘယ်သူ့ကိုလိုက်ရှာနေတာလဲ.."
"လူကြီးမင်း.. ကြယ်လေး ကျမတို့ကြယ်လေးကိုတွေ့လိုက်တယ်.."
"ထားရယ်... အခုမင်းလက်လျှော့လိုက်
သင့်နေပါပြီ..ကိုယ်တို့သမီးက"
"မပြောနဲ့.. ရှင်လည်း ကျမကိုရူးနေပြီထင်
တယ်မှတ်လား...
မဟုတ်ဘူး..ကျမတို့ကြယ်လေးကိုဒီမျက်လုံးနှစ်လုံးနဲ့သေချာမြင်လိုက်တာ..
နောက်ကျောမှာ ကြယ်လေးလိုအမှတ်ရှိတယ်...
ကျမသူ့နောက်ကိုပြေးလိုက်ရင်း ဒီနားမှာ
ပျောက်သွားတာ..
ကူရှာပေးပါ..
သူက ကြယ်လေးပဲ ကျမမမှားဘူး..
ကျမတို့သမီးလေး အသက်ရှင်နေတယ်.."
"အင်းပါ ထားရယ်.. မင်းကိုယုံပါတယ်
ကိုယ်ဟော်တယ်မှာလူဖြန့်ရှာခိုင်းလိုက်မယ်..ကိုယ်တို့သမီးအမှန်ဆိုရင်
ပြန်တွေ့ရတော့မှာပါ.."
ဟော်တယ်အ၀င်အထွက်မှာ ကြယ်လေး
ကိုရှာပုံတော်ဖွင့်ခဲ့ပေမယ့်..
လူသာကုန်သွားပြီး ရှာမတွေ့ခဲ့..
Cctv မှာလည်း bloodကပွေ့ချီခေါ်သွား
တာကြောင့်.. အထွက်ကသူမရဲ့ပုံစံကို
သဲသဲကွဲကွဲ မမြင်ရပါ...
ကြယ်လေးမေမေစိတ်ထိခိုက်ကာခွေခနဲ
လဲကျသွားတော့သည်။
"ထား..သတိထားပါအုံး.."
"ကံတရားကဘာလို့ဒီလောက်ရက်စက်
ရတာလဲ ... သမီးလေးနဲ့ခွဲခဲ့ရတာ၁၃နှစ်ရှိပြီ..
ဘာလို့အခုထိပြန်ဆုံခွင့်မပေးသေးတာလဲ...
ကျမတို့သမီးလေး တကယ်ပဲတစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်အသက်ရှင်နေမှာပါနော်.."
"အဲ့လိုပဲဖြစ်မှာပါ.. ငါတ်ို့ရဲ့မင်းသမီးလေး
ကဘယ်‌ေရာက်‌ေရာက်အချစ်ခံရမှာပါ.."
>>>>
Continue Reading
You'll Also Like
589K 15.1K 77
1.1M 64.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
234K 17K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
550K 63.6K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...