မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.
အပိုင်း....၁၂
ဂျယ်ဂျူဒိုကိုေရာက်တာနာရီပိုင်းပဲရှိသေး
သည်။ရူခင်းအကောင်းဆုံးအဆင်မြင့်ဟော်တယ်မှာတည်းခိုကြသည်။
သူကအလုပ်ကိစ္စနဲ့ဖုန်းပြောနေတုန်း..
Baby အတွင်းခန်းထဲ၀င်သွားတာ....
"ဦးအနီ...ကယ်ပါအုံး.. ဦးအနီ..."
ဟင်...ဒါဘာသံလဲ...
သူလိုက်ပြေး၀င်သွားသည်။
ဟော်တယ်ခန်းထဲကေရကူးကန်မှာ...
ခခ ယက်ကန်ယက်ကန်ဖြစ်နေသည်။
ဗွမ်း..ဗွမ်း....
"ဦးအနီ.... ကယ်ပါ.."
ဟာ..ကျစ် သူေရမကူးတတ်ဘူးလား...
သူဆင်းပြီးပွေ့ချီဆယ်ပေးရသည်။
"ဖူး..ဖူး..အမလေး..သေတော့မှာပဲ..
"မင်းေရမကူးတတ်ဘူးလား.."
"ဟင့်အင်း.."
"ဒါဆို ဘာလို့ဆင်းသွားတာလဲ.."
"ဦးအနီ ရှိနေတာပဲ..ခခ နစ်ရင်လာဆယ်
မယ်မှန်းသိလို့ပေါ့.."
၂ပေခွဲပဲရှိတဲ့ကန်မှာေရနစ်ရတယ်လို့ ငါ့
နှယ်..
"ဒီလို ကန်လောက်ဆိုကလေးတောင်မနစ်ဘူး.."
"ဦးအနီနော်..."
သူမကိုထိုင်ခိုင်းပြီးသူကနောက်ကရပ်ပြီး
ရေသုတ်ပေးရင်း ..
"မင်းေရမကူးတတ်တာဆိုးတာပဲ...
မင်းေရကူးတတ်အောင်သင်.. လက်ထပ်
ပြီးရင် ကိုယ် မင်းနဲ့သွားချင်တဲ့နေရာရှိတယ်..."
"ဘယ်နေရာမို့လို့လဲ.."
"ရရှား.."
ဟမ်...
"Okhotsk ပင်လယ်..အဲ့မှာေရအောက်ထဲ
ဆင်းပြီး အကောင်ဖမ်းရတာပျော်ဖို့ကောင်းတယ်.."
ခခ သူ့ကိုလှည့်ကြည့်ပြီး...
"ဦးအနီ..သေနတ်ပါတယ်မို့လား..အခုပဲ
ဖြစ်ဖြစ်ပစ်လိုက်ပါတော့လား..
ဒီအတိုင်း ရိုးရိုးသတ်လည်းသေပါတယ်...
အေးခဲနေတဲ့ပင်လယ်အထိသွားပြီး ခခကို
ငါးစာကျွေးဖို့စဉ်းစားနေတာလား..."
"ဟား ဟား...ကိုယ်ရှိရင်မကြောက်ဘူးဆို..အချစ်ဆိုတာနှစ်ယောက်အတူ
စွန့်စားရတာတဲ့ baby"
"ကိုယ့်ဟာကိုယ်တစ်ယောက်ထဲသွားပါ
လား.. လူယုတ်မာကြီးရဲ့..."
တကယ်ပါ..လူယုတ်မာရယ်သံနဲ့ရယ်နေလိုက်တာများ...
>>>>>>>>
ပင်လယ်ကိုတော့အတူသွားလည်ဖြစ်သည်။
ဒီလူက ခခဘ၀ထဲကိုမုန်တိုင်းလိုေရာက်
လာပြီး..ကြောက်ရွံ့နာကျင်ခြင်းတွေကို
လည်းပေးခဲ့သူပါ...
ထပ်ပြီး ချစ်ခြင်းတရားနဲ့ပျော်ရွှင်မှုတွေကို
ယူဆောင်ပေးသူကလည်း ဒီလူပဲဖြစ်နေ
ပြန်သည်။
နောက်လာမည့်နေ့ရက်တွေမှာပျော်ရွှင်
ရမလား၊၀မ်းနည်းရမလား၊သေချာမသိပေ
မယ့်...ဒီလူနဲ့ပဲဖြတ်သန်းသွားချင်ပါတယ်..
သူနဲ့ပဲအိုမင်းပါရစေ... နောက်ဆုံးထွက်သက်အထိ..အတူရှိနေပါရစေ..
"Baby.. ဘာတွေတွေးနေတာလဲ.."
ပင်လယ်ဘက်မျက်နှာမူထားတဲ့ခခကို
သူကနောက်ကသိုင်းဖက်ထားရင်းမေး
သည်။
"ပင်လယ်ကြီးကကဗျာဆန်ဆန်လှနေတော့.. ရင်ထဲမှာကဗျာတွေဖြစ်ပေါ်လာ
လို့ပါ.."
"အဲ့ကဗျာတွေက ကိုယ့်အတွက်ပဲဟုတ်
ရဲ့လား..
ဟိုကိုရီးယားကောင်တွေကိုစိတ်ကူးယဉ်
နေတာဆ်ိုရင်တော့."
"ဦးအနီ အတွက်ပါ.. ခခရဲ့စိတ်..နှလုံးသား
အချစ်တွေအားလုံးနဲ့ ဘ၀အထိပါ
ဦးအနီပဲပိုင်တာပါ.."
အဟွန်း... ခခအပြောကြောင့်သွားတန်း
လေးတွေပေါ်အောင်သူရယ်သည်။
ခခ လှည့်ကြည့်ပြီး..
"ထပ်ရယ်ပြပါအုံး..."
"ဘာဖြစ်လို့လဲ "
"ချစ်ဖို့ကောင်းလို့.."
"ယောက်ျားလေးကို.."
"ဦအနီကို ဘယ်သူမှအဲ့လိုမပြောဘူးလား."
"ပြောစရာလား..."
"ဒါဆို ခခ တစ်ယောက်ထဲမူပိုင်ပေါ့..
နောက် ဘယ်သူ့ဆီကမှအပြောမခံနဲ့နော်.."
"အင်း.."
>>>>>>>
ကမ်းခြေမှာအတူလက်တွဲပြီး
လမ်းလျှောက်ကြသည်။
"ခခက ဦးအနီရဲ့လက်တွေကို အေးစက်
နေမယ်ထင်ထားတာ.."
"Why.?"
"Cool guyကြီးမို့လေ..."
"အခုကော.."
"အရမ်းနွေးထွေးပါတယ်.."
....
ကမ်းခြေမှာသူကသူမပေါင်ပေါ်ခေါင်းတင်ထားကာ...
ခခက သူ့ဆံပင်တွေကိုပွတ်သပ်ပေးနေသည်။
နေ၀င်သွားတဲ့အထိထိုင်နေကြပြီးမှ...
သူမကိုကုန်းပိုးကာ..ကမ်းစပ်နားကိုလျှောက်သွားသည်။
နှစ်ယောက်ကိုမှ ခြေရာတစ်စုံထဲမို့..သဲပြင်မှာခြေ၇ာကွက်ကလေးနစ်နေအောင်ကျန်ရစ်ခဲ့သည်။
"ဦးအနီ...ချပေးပါ..ကိုယ့်ဟာကိုယ်လမ်း
လျှောက်ပါ့မယ်.. ခခက လေးတယ်.."
"ဒီနေ့တော့ ဒီအတိုင်းပဲ... ကိုယ်ဒီလိုလုပ်
ပေးချင်တယ်.."
"ချစ်လိုက်တာ.."
"ဟမ် ဘာပြောတာလဲ.."
"ချစ်တယ်လို့.."
"ကိုယ်မကြားရဘူး..."
သူ့နားရွက်နားကပ်ကာ နမ်းလိုက်ပြီး..
"ဟောဒီက လူမိုက်ဂိုဏ်းစတားကြီးကို..
ဒီကယုန်ဖြူမလေး ကသိပ်ချစ်တယ်လို့."
"အဟွင်း...ဟွင်း..."
....
ခပ်လှမ်းလှမ်းကနေလိုက်ပါ..စောင့်ကြည့်နေရတဲ့
ဒိုင်းရိပ်.. ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
အဲ့တာ.. သခင်လေးအတွက်ပါပဲ...
>>>>>>>>>>>>
တစ်ပတ်ပြည့်ပြီးတဲ့နောက် ပြန်လာခဲ့ပြီး.
ဦးအနီ လည်းသူ့လုပ်ငန်းတွေနဲ့သူ မအား
မလပ်ဖြစ်နေသည်။
"သခင်လေး.. မမလေးရဲ့မိဘတွေကိုရှာ
တွေ့ပါပြီ.."
"တကယ်လား.. "
......
သူနဲ့ခခကိုတစ်နေရာသို့ခေါ်လာခဲ့သည်။
ေရာက်တော့အမျိုးသမီး၁ယောက်ကဆီး
ကြိုနေသည်။
"သူလေးလား...မင်းပြောတာဒီကလေးမ
လေးလား.. တကယ်လှလှပပကြီးပြင်းလာတာပဲ..."
"ဘယ်သူလဲ ခခရဲ့အမေလားဟင်"
"မဟုတ်ပါဘူးကွယ်..မင်းရဲ့မိဘတွေနဲ့ ဆွေမျိုးလိုရင်းနှီးတဲ့သူပါ.."
"ဒါဆို ခခ မိဘတွေကကော...."
"မင်းမမှတ်မိဘူးလား.. မင်းတို့မိသားစု
ခရီးသွားရင်းကားအက်ဆီးဒင့်ဖြစ်ခဲ့တာ
မင်းတစ်ယောက်ပဲအသက်ရှင်တယ်လေ.."
"မဟုတ်ဘူး.."
ခခ ရင်ထဲဆို့နင့်သွားသည်။
အဲ့အမျိုးသမီးကဆက်ကာ...
"တစ်ယောက်ထဲကျန်ခဲ့တဲ့မင်းကို ငါစောင့်
ရှောက်ပေးဖို့ကြိုးစားပါသေးတယ်..
ဒါပေမယ့် ငါ့မှာလည်းအဲ့လောက်မပြေ
လည်ဘူး..
ဒါကြောင့် ဦးစံသာတို့လင်မယားဆီမွေးစားဖို့ပေးလိုက်တာပါ.."
"တကယ်လား.. ခခကိုတကယ်သိတာလား.. ခခရဲ့မိဘတွေကတကယ်
သေပြီလား.."
"တကယ်ပါကွယ်.. ဒီဆွဲကြိုးလေးကမင်း
ကိုမင်းအမေကမွေးနေ့လက်ဆောင်အဖြစ်၀တ်ပေးခဲ့တာ.. မင်း၄နှစ်ပြည့်တုန်း
ကပေါ့... ငါကမင်းကိုကူထိန်းပေးခဲ့ရတာပါ...
ငါမင်းကိုမွေးစားခဲ့သင့်တာ..တကယ်စိတ်မကောင်းပါဘူး.."
"ပြီးတော့ ငါမှတ်မိသေးတယ်..မင်းပုခုံးမှာ
အမှတ်ကလေးတစ်ခုရှ်ိတယ်လေ.."
ဒိုင်းရိပ်..ဟန်ဆောင်ခိုင်းထားတဲ့အမျိုး
သမီးကတကယ်ပီပြင်လွန်းသဖြင့်...
ခခယုံသွားသည်။
ကျန်တာတွေလိမ်နိုင်ပေမယ့်..ပုခုံးပေါ်က
အမှတ်ကတော့ လူမသိနိုင်တာကြောင့်..
Bloodတောင် သံသယမ၀င်ခဲ့ပါ..
ခခ.. ကြူကြူပါအောင်ငိုကြွေးတော့သည်။
"ဦးအနီ.. ခခ ကမိဘမဲ့တဲ့..
ခခမှာမိဘမရှိဘူးတဲ့.. တစ်ကောင်ကြွက်တဲ့..အဟင့်..ဟင့်.."
"မင်းမှာမိဘမရှိတော့ပေမယ့်..တစ်ကောင်ကြွက်တော့မဟုတ်ပါဘူး..
မင်းအတွက် ကိုယ်ရှိတယ်လေ..."
သူမမျက်ရည်တွေကိုသုပ်ပေးပြီး.. ရင်ခွင်ထဲထွေးပွေ့ဖက်ထားပေးသည်။
>>>>>
အဲ့နေရာကပြန်လာတဲ့လမ်းမှာတံတားကို
ဖြတ်တော့..
"ဦးအနီ.. ခခ တစ်ယောက်ထဲလမ်းလျှောက်ချင်တယ်.."
ကားပေါ်ကဆင်းပြီးတစ်ယောက်ထဲလမ်း
လျှောက်သည်။
သူက ကားကိုလှိမ့်ယုံပဲမောင်းခိုင်းပြီးဘေး
ကလိုက်ပါလာသည်။
တနေရာရာမှာခခ ရဲ့အိမ်ရှိနေလိမ့်အုံးမယ်
ဆိုတဲ့ မျှော်လင့်ချက်ကလေးပျက်စီးသွား
ပြီ.. ခခ တကယ်၀မ်းနည်းတယ်..
လမ်းလျှာက်ရင်း ခွေခနဲလဲကြသွားတော့
မှ.. bloodသူမကိုပွေ့ချီပြီးအိမ်သို့ပြန်ခေါ်
လာရသည်။
သူမက်ိုကုတင်ပေါ်ကိုချသိပ်ပေးပြီး..
စောင်သေချာခြုံပေးကာ..မျက်ရည်တွေ
ကြောင့်စိုစွတ်နေတဲ့မျက်တောင်ဖျားလေး
တွေကို ညင်သာစွာထိကပ်နမ်းရင်း..
"ကိုယ်ရှိတယ်လေ.မကြောက်နဲ့..baby.."
♬အနမ်းများနဲ့နှစ်သိမ့်ချင်ရဲ့ မင်းစိတ်ညစ်
အဆင်မပြေနေတုန်းခဏ♬
♬ နွေးထွေးခြင်းတို့ရှိလိမ့်မယ်.. ဒီရင်ခွင်ခိုနားလှည့်တော့ကလေးရယ်..♬
"မင်းကကိုယ့်ရဲ့မိန်းကလေးမို့ က်ိုယ့်ရင်ထဲ
မှာပဲနေ.. အပြင်လောကမပြောနဲ့..
အိပ်မက်ထဲအထိတောင် ကိုယ်လိုက်စောင့်ရှောက်ပေးမယ်.."
>>>>>>>>>>>
သခင်ကြီးကထပ်ပြီးမိန်းမတစ်ယောက်
ကိုအိမ်ခေါ်လာပြန်သည်။မာယာတဲ့..
ပါတီလည်းလုပ်သေးသည်။ လက်ထပ်လိုက်တယ်ဆိုလား..
ဦးအနီအရွယ်လောက်ပဲရှိအုံးမှာပါ..ကောက်ကြောင်းတွေကပုရိသဖျားလောက်အောင်လှကာ..sexxyကြလွန်းသည်။
ခခ အဲ့အမျိုးသမီးကိုသွားသွားချောင်းကြည့်ကာ...
"တော်ပါသေရဲ့ ဦးအနီအိမ်မှာမရှိလို့ မဟုတ်ရင်ငါစိတ်မချဖြစ်နေရအုံးမှာ.."
အဲ့မာယာက ရုပ်ကလေးလှသလောက်
တကယ်မောက်မာလွန်းသည်။
"ငါ ဒါလိုချင်တာမဟုတ်ဘူး.."
"ဒီအေရာင်မဟုတ်ဘူး..ဒီလောက်တောင်
§ သုံးမကြရသလား..ကဲဟယ် ဖြန်း.."
"ဘာကြည့်နေတာလဲ ထွက်သွားကြ..."
"ဟဲ့..ဟိုတစ်ယောက်.."
ခခကိုမြင်သွားလို့ ထွက်အပြေးမှာ အဲ့မာ
ယာကလှမ်းခေါ်လိုက်သည်။
"ခခ ခခ ကိုခေါ်တာလား."
"နင်ကဘယ်ထွက်ပြေးတာလဲ.."
"ဟင့်အင်း...မပြေးပါဘူး..ခခမှာအလုပ်ရှိသေးလို့."
"အံမာ..နင်ကငါ့ကိုဒီလိုတောင်ပြန်ပြောရဲ
တာလား.. နင် ဒီနားလာစမ်း.."
ခခ သွားရမှာလား..မသွားရဘူးလား..
စဉ်းစားနေစဉ်..အစေခံခေါင်းဆောင်မကြီး
၀င်လာကာ..
"သခင်မ..ခိုင်းစရာရှိ၇င် ကျွန်မတို့ကိုခိုင်းပါ... သူမကအစေခံမဟုတ်ပါဘူး.."
"ဘာ.. သူကဘယ်သူမို့လဲ..ဒီအိမ်မှာ
ငါကသခင်မပဲ..ဘာလို့သူ့ကိုခိုင်းလို့မရတာလဲ.."
"သခင်လေးရဲ့ မိန်းကလေးပါ..
သခင်လေးနဲ့သီးသန့်နေတာဖြစ်ပြီး...
သူမကို အလုပ်ခိုင်း၇င် သခင်လေးဒေါသ
ထွက်ပါလိမ့်မယ်...
ဒီအိမ်မှာ သခင်ကြီးပြီးရင် သခင်လေးရဲ့
အမိန့်ကိုအားလုံးနာခံရပါတယ်.."
Bloodရဲ့အကြောင်းကိုကြားဖူးနေတာမို့
မာယာစိတ်က်ိုတထစ်လျှော့လိုက်ရသည်။
"ငါ နင့်ကိုအလုပ်မခိုင်းပါဘူး..
နင်က bloodရဲ့မိန်းကလေးဆိုတော့..
ဘာပဲဖြစ်ဖြစ်အခု ငါက နင့်အမေပဲမဟုတ်လား.."
"ရှင် ...ဟုတ်..."
မာယာကသူမကိုစေ့စေ့စပ်စပ်ကြည့်ကာ..
"bloodကဒီလိုပုံမျိုးကြိုက်လိမ့်မယ်လို့
မထင်ရဘူး .."
"ဧကန်န နင့်ကိုbloodက အရုပ်ကလေး
လို့ထင်နေတာမဟုတ်လား.."
"ရှင် အဲ့တာ..ဘာ ဘာ ပြောတာလဲဟင်.."
"အရုပ်ကလေး လိုကစားပြီးရင်ပစ်လိုက်မှာပေါ့..."
"မဟုတ်ဘူး.. ဦးအနီကအဲ့လိုမဟုတ်ဘူး."
"နင် ယုံကြည်တယ်ပေါ့...
သူ့အကြောင်း ဘယ်လောက်သိလ်ို့လဲ...
နင် ကသူထားတဲ့နေရာလေးမှာပဲ နေရတာ မဟုတ်ဘူးလား.."
ခခ တွေဝေသွားသည်၊၊ သူပြောတာလည်းဟုတ်သလိုလိုနဲ့...
"နင်ကရိုးအလွန်းတာပဲ..bloodအတွက်
နင့်ကိုပစ်ဖို့ကသိပ်လွယ်ကူမှာပဲ..
ဘာပဲဖြစ်ဖြစ်နင်ကောငါကောမိန်းမသားမို့ နင့်ကို ကူညီရမလား..."
"ခခ ခခ ဘာလုပ်ရမှာလဲ.. "
"နင်က အခုထိမိန်းမတစ်ယောက်တောင်
မဖြစ်သေးဘူး.."
"ခခ ခခလည်းမိန်းမပါ...."
"နင့်ပုံစံကကလေးကလားနဲ့ ဘယ်လိုလုပ်မိန်းမဖြစ်အုံးမှာလဲ.. နင့်ခန္တာကိုယ်ကိုလည်းပြန်ကြည့်အုံး..ရင်ဘတ်ကလည်းပြားချပ်နေတာပဲ.. ဘာလဲသံပုရာသီးလား..."
ဟင့်... ခခ ရှက်လိုက်တာ..
"Blood အကြိုက်ပုံစံဖြစ်လာပြီး..နင့်ကို
မပစ်နိုင်အောင် နင့်ပုံစံကိုပြောင်းမှဖြစ်မယ်... "
"ရှင် ခခကဘယ်လိုလုပ်.."
"ဒါကိုမပူပါနဲ့ ငါသင်ပေးမှာပေါ့.."
>>>>>>>>
သုံးလေးရက်ကြာမှ...bloodကတစ်နေရာ
ကနေပြန်လာသည်။
"ဦးအနီ ပြန်ေရာက်ပြီလား.."
"အင်း.. ဟင် မင်းဘယ်လိုဖြစ်နေတာလဲ.."
မိတ်ကပ်တွေလည်းပြင်ထားပြီး နှုတ်ခမ်းနီ
လည်းရဲတွတ်နေအောင်ဆိုးကာ..
အကျီကလည်းအတိုအပြတ်ကလေးနဲ့...
"မင်း မချမ်းဘူးလား..အပြင်မှာအေးနေတာကို.."
ပြောရင်း သူ့ကုတ်အကျီချွတ်ပြီး သူမကို
ခြုံပေးသည်။
"ဟင့်အင်း..ရပါတယ်..ခခ မအေးပါဘူး..."
"ဘာမအေးတာလဲ..မင်းကိုယ်တောင်အေးစက်နေပြီကို.. ဘာလို့ဒီလိုလုပ်နေတာလဲ.."
သူ့လေသံနဲနဲ မာသွားတော့ ခခ၀မ်းနည်း
လာပြီး...
"ဟုတ်တယ်...အေးတယ်..အေးလို့သေတော့မယ်.. ဦးအနီ ကြိုက်အောင်တမင်
၀တ်ထားတာလေ... ဘာလို့အော်တာလဲ..
အဟင့်..ဟင့်.."
"ကိုယ် ဒါမျိုး ကြိုက်တယ်လို့ ဘယ်တုန်း
ကပြောဘူးလို့လဲ.."
"မဟုတ်ဘူးလား.. ဦးအနီက ဒါမျိုးကြိုက်တာမဟုတ်ဘူး မို့လား..
တကယ်နော်..နောက်မှတစ်မျိုးမပြောနဲ့နော်..ကတိတည်နော်"
ခုန်ပေါက်ပြီး ရေချိုးခန်းဘက်ပြေး၀င်သွား
လို့bloodတောင် ကြောင်ပြီးကျန်ရစ်ခဲ့သည်။
ဘေးက ဒိုင်းရိပ်ကို...
"သူမ ဘာဖြစ်သွားတာလဲ.."
"ကျွန်တော် လည်းမသိဘူးလေ.."
....
ရေချိုးခန်းထဲေရာက်မှ...
"အမလေးအေးတယ်...အေးလိုက်တာ
သေတော့မှာပဲ.. "
သဘတ်စောင်ဆွဲခြုံရင်းမိတ်ကပ်တွေကို
ဖျက်ကာ.. ရင်ဘတ်ထဲကအတွင်းပစ္စည်း
တွေကိုဆွဲထုတ်လိုက်သည်။
ဟူး ..အခုမှပဲ နေရတာသက်တောင့်သက်သာရှိတော့တယ်...
ငါထင် သားပဲ..ဦးအနီက ဒါမျိုးတွေမကြိုက်ပါဘူးလို့...
ဒုန်း...ဒုန်း...
သူက ေရချိုးခန်းတံခါးကိုထုရင်း..
"Baby မင်းအဆင်ပြေပါတယ်နော်.."
"အိုကေ .."
>>>>>>>>>
နောက်တနေ့...အိမ်မကြီးမှာ
မာယာကအစေခံတွေကိုလည်း ရိုက်နှက်တဲ့အထိလုပ်သည်။
"ဟဲ့ လုပ်ပေးလိုက်..ပြုစုလိုက်ကြ..
မသာအလောင်းအလျာပဲကိုစိတ်ချမ်းသာ
အောင်ထားလိုက်ကြ.."
အစေခံခေါင်းမကြီးပြောနေတာကို နောက်ကေရာက်နေတဲ့ခခက မထင်မှတ်ပဲကြားသွားသည်။
"သခင်ကြီးက နောက်ကြသူ့ကိုသတ်မှာပဲ..
ဘယ်နှစ်ယောက်မြှောက်မှန်းမသိတဲ့
မသာအလောင်းအလျာက bloodစံအိမ်
ရဲ့သခင်မနေရာရရင်း..မာန်တတ်နေတာ..
Bloodစံအိမ်ရဲ့ ထုံးစံကိုမသိပဲနဲ့.."
သူတ်ို့မကျေမချမ်းတာတွေကိုပြောရင်း..
ခခ မကြားသင့်တာတွေကြားသွားကာ
အင်မတန်တုန်လှုပ်သွားသည်။
မဟုတ်ဘူး.. ဦးအနီကအဲ့လိုမဟုတ်ဘူး..
>>>>>>>>>
ဦးအနီကို အတည်ပြုပြီးမေးကြည့်ချင်သည်၊မေးလည်းမေမးရဲဘူး...
တနေ့လုံး နေမထိထိုင်မသာဖြစ်ကာ..
ညအိပ်တော့..ဦးအနီကသူ့လက်မောင်း
ကိုခေါင်းအုံးအိပ်ခိုင်းတာမို့..ခခကသူ့ရင်
ခွင်ထဲကလေးတစ်ယောက်လိုဖြစ်နေကာ..
ခခ သူ့ကိုမော့ကြည့်ရင်း...
"ဦးအနီ.."
"ဟင်.."
"ခခ မေးစရာရှိတယ်.."
"အင်း.."
"ဦးအနီရဲ့အဖေလေ သခင်ကြီးလေ"
မျက်လုံးမှိတ်ထားတဲ့သူက ဖွင့်ကြည့်ကာ..
"မင်းကိုထပ်ပြီးခေါ်တွေ့လို့လား.."
"ဟင့်အင်း..မဟုတ်ဘူး..
သခင်ကြီးက မိန်းမတွေအများကြီးယူတာ
ဆို.. အိမ်ခေါ်လာပြီးလက်ထပ်တယ်..
ပြီးကြရင်.. အဲ့မိန်းမတွေကို..
ဟို ကလေးမရခင် ရှင်းပစ်လိုက်တာဆို..."
"အဲ့တာတွေဘယ်ကကြားတာလဲ.."
"ဟုတ်မဟုတ်ပဲ ဖြေပေးပါ..
ဦးအနီလည်း အဲ့လိုလုပ်ရမှာလား..
ဒါကြောင့် ပထမတစ်ယောက် ၊ မရင်လေ
သူ့ကို သတ်လိုက်တာလား..
ခခ ကိုကော.. ခခမှာအဲ့လိုရှိလာရင်
သတ်မှာလားဟင်.."
အိပ်နေရင်းကနေသူမကိုစောင်းငဲ့ကြည့်ကာ..
"မင်းကိုတော့.. ဘာလုပ်ပစ်ရင်ကောင်းမလဲစဉ်းစားလိုက်အုံးမယ်.."
"ဦးအနီ.."အဟင့်...
"ကိုယ်အနားယူဖို့လိုနေတယ် baby
အိပ်တော့.."
ပြောပြီး သူကအိပ်သွားပေမယ့် ခခက
ဘယ်လိုအိပ်ပျော်နိုင်မှာလဲ...
>>>>>>>>>>>>>
မနက်ကြအိမ်တော်ထိန်းကိုခေါ်ကာ...
"ဒီအိမ်မှာ ခင်ဗျားဘယ်လိုထိန်းသိမ်းနေလဲ မသိဘူး.. စည်းကမ်းအရမ်းပျက်နေတာတော့သေချာတယ်..
အလုပ်လုပ်တာထက် စကားအရမ်းများ
လွန်းတယ်..ကျုပ်အိမ်ထဲကိုတောင်
အမှိုက်တွေသယ်လာရဲတယ်"
"တောင်းပန်ပါတယ် သခင်လေး.."
အိမ်တော်ထိန်းက သိမ်းထားတဲ့ကြာပွတ်
ကိုထုတ်ကာ..အစေခံအားလုံးကိုမြေ
အောက်ခန်းသို့ခေါ်လိုက်သည်။
"ဒီကြာပွတ်ကိုအသုံးမပြုရတာကြာပြီ...
နင်တို့စည်းကမ်းတွေလျှော့ရဲနေတာ..
သခင်လေးက သတ်ိပေးထားတယ်
နင်တို့ကို ဆုံးမမှဖြစ်မယ်.."
ရွမ်း...ရွမ်း....
အစေခံတွေအတွက်ငရဲခန်းထဲေရာက်တဲ့နေ့
ရက်ဖြစ်ခဲ့သည်။
"Bloodအိမ်ရဲ့ အဓိကစည်းကမ်းက
သခင်အကြောင်းဝေဖန်တာ၊ပြောဆိုတာ
မလုပ်ရဘူး..
သိလည်းမသိသလို..နေရမယ်..
အားလုံးကြားလား..".
"ဟုတ်.."
အဲ့ဒီနောက် အိမ်ထဲမှာအပ်ကြသံပင်ကြား
ရလောက်အောင်တိတ်ဆိတ်ကာ..
အစေခံမတွေ ခခကိုလှမ်းမြင်တာနဲ့
ကွေ့ဝိုက်ရှောင်သွားကြလေတော့သည်။
>>>>>>>>>>>>>
လန်ဒန်မြို့ရဲ့တနေရာ..
အဆင့်မြင့်ဗီလာထဲကအိမ်ခန်းတစ်ခုမှာ..
"စီလင်းထပ်ဆွဲနေပြန်ပြီလား.. စပ်စုတယ်
လို့မထင်နဲ့နော်..စီလင်းဆွဲလိုက်တ်ိုင်း
မော်ဒယ်ကပုံစံတစ်မျိုးထဲပဲ.. မျက်နှာလေးထောင့်ဆန်ပြီး.. ညို့မျက်၀န်းနဲ့
နှာတံဖြောင့်ဖြောင့်..ထောင့်ချိုးညီတဲ့နှုတ်
ခမ်းတွေ..
စီလင်းဆွဲလာတဲ့ပုံတွေမှာ အသက်အရွယ်ပဲနဲနဲပြောင်းလာပြီး လူကတော့
တစ်ယောက်ထဲလို့ထင်ရတယ်..
ဒါ တို့အထင်ပြောတာနော်"
စီလင်းကဆွဲလက်စပန်းချီကိုလက်စသတ်ရင်း..
"ယူ့ ထင်တာမှန်ပါတယ်..သူကတစ်ယောက်ထဲပဲလေ.."
"အိုး..ပုံထဲကလူကအပြင်မှာတကယ်ရှိတာလား..."
"ဒါပေါ့.. စီလင်းစိတ်ကူးယဉ်ပြီးဆွဲထား
တာမှမဟုတ်တာ... စိတ်ထဲမှာစွဲမြဲနေတဲ့
လူတစ်ယောက်ရဲ့ပုံတူပန်းချီတွေပါ..
ဒါပေမယ့် ဒီနေ့ထိတစ်ထေရာထဲထပ်တူ
ကျအောင်မဆွဲနိုင်သေးဘူး..."
"အိုး မိုင်ဂေါ့.. ဒါကလူသားတစ်ယောက်
ဆိုရင်..စီလင်းေရ ရှင့်လူကအပြင်မှာ
မြင်ရရင် မူးမိုက်သွားလောက်အောင်
ညို့အားပြင်းမှာပဲနော် .."
စီလင်း ပြုံးလိုက်ရင်း..
"ဒါကြောင့် စီလင်းအရူးအမူးချစ်ခဲ့တာပေါ့.."
သူ့ရဲ့ပုံတူပန်းချီမှာ မျက်ခုံးနေရာနဲနဲထပ်ဆွဲနေရင်း...
#လူကိုမပိုင်ရပေမယ့်..ဒီလိုပုံတူပန်းချီဆွဲ
နေရတိုင်း..သွေးကစီလင်းအနားမှာထိုင်
နေတယ်လို့ခံစားရတယ်..
ရှင့်ကိုချစ်တယ်သွေး...
တင်းတောင်....တင်းတောင်...
"ဧည့်သည်ထင်တယ်..တို့တံခါးသွားဖွင့်
ပေးလိုက်အုံးမယ်.."
.....
"စီလင်း.."
ထိုအသံကိုကြားတာနဲ့ ဆွဲနေတဲ့ကင်းဘတ်စကိုအ၀တ်နဲ့ဖုံးအုပ်လိုက်ရင်း၊
မီးတောက်နေတဲ့မျက်၀န်းများနဲ့ပြန်လှည့်
ကြည့်သည်။
"ဟို..စီလင်းရဲ့ဧည့်သည်ထင်တယ်...
စကားပြောနှင့်ကြအုံးနော်..တို့အပြင်သွား
လိုက်အုံးမယ်.."
အခန်းဖော်ပြင်သစ်သူကအလိုက်တသိနဲ့
ရှောင်ပေးသည်။
စိန်စီလင်းဆိုတဲ့သူမက..ရာမဂိုဏ်းရဲ့ခေါင်းဆောင်ဦးစိန်ရာမရဲ့မြေး..ဖြစ်သည်။
"ဒီနေရာကိုဘာလာလုပ်တာလဲ..ကျမရှိ
တဲ့နေရာကိုမလာဖို့ပြောထားတယ်လေ.."
"အဖိုးကိုအခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား.."
"ဘယ်တော့မှ ခွင့်မလွှတ်ဘူး...
အဖိုးကြောင့် ကျမ အဖေ၊အမေနဲ့မောင်လေးကိုဆုံးရှုံးရတယ်..
နောက်ပြီး ချစ်ရတဲ့သူအထိပါ..
ကျမအခုလိုဖြစ်နေရတာဘယ်သူ့ကြောင့်လဲ.....ထွက်သွား... မမြင်ချင်တာမို့ထွက်သွား..."
သူ့အဖိုးဖြစ်သူစိန်ရာမအားအရူးလိုအော်ဟစ်မ်ိသည်။
"မြေးအတွက် သေသွားတဲ့လူတွေကိုပြန်
ရှင်အောင်မလုပ်ပေးနိုင်ပေမယ့်..အသက်
ရှင်နေသေးတဲ့လူက်ိုတော့..မြေးဆီပြန်လာအောင်လုပ်ပေးနိုင်ပါတယ်..
အခုအချိန်ထိ အနီသွေး..အဲ့ကောင်လေး
ကိုမမေ့နိုင်ဘူးမို့လား.."
"မဖြစ်နိုင်တာတွေလာမပြောနဲ့..အဖိုးကြောင့် သွေးထောင်ကြရတာ..
အဖိုးကသူ့ရန်သူပဲ..သွေးနဲ့စီလင်းကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
"ဒါတွေက၁၀နှစ်တောင်ကျော်ခဲ့ပြီပဲ..
မြေး အိမ်ပြန်လာဖို့သင့်ပြီ...
ပြီးမှ မြေးချစ်တဲ့သူကိုလက်ထပ်ပေါ့..."
"သွေးက ခွင့်လွှတ်မှာမဟုတ်ဘူး.."
"သူလူကြီးတစ်ယောက်ဖြစ်နေပါပြီ...
ဘာကအကောင်းဆုံးလဲ သေချာေရွးချယ်
နိုင်တယ်..
မြေးပြန်လာပြီး နှစ်ယောက်လက်ထပ်ရင်
မြေးရဲ့အနီသွေး ကရာမဂိုဏ်းရဲ့ဆက်ခံသူတစ်ယောက်ဖြစ်လာလိမ့်မယ်.."
"အဖိုးတကယ်ပြောနေတာလား.."
"ဒီအတောအတွင်းအဲ့ကောင်လေးကို
စောင့်ကြည့်ခဲ့တယ်.. တကယ်အရည်အ
ချင်းရှိတဲ့သူပဲ..
မြေးသာ အဖိုးကိုခွင့်လွှတ်မယ်ဆိုရင်..
မြေးဖြစ်ချင်တာတွေ ဖြစ်လာရမှာပါ.."
"ဟင့်အင်း..ကျမအဖိုးကိုမယုံဘူး.."
"ဒါဆ်ို အမြဲတမ်း ဒီလိုပုံတူတွေဆွဲပြီး
ဖြေသိမ့်နေတော့မှာလား.."
...စီလင်းတွေဝေနေသည်။
ဟုတ်တယ်..ထာ၀ရအဆုံးရှုံးခံမှာလား.
"ဒါပေမယ့် တစ်ခုတော့မှတ်ထားပါဖိုးဖိုး
...ဖိုးဖိုးသူ့ကိုသတ်ဖို့ကြံစည်ခဲ့ရင်..
ကျွန်မကိုလည်းအသက်ရှင်လျှက်မြင်ရ
မယ်မထင်နဲ့.."
>>>>>>>>>>>>>