When a man falls in love...(C...

By wookiekyoe

171K 5K 148

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြ... More

Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END

Part 11 uni

5.3K 185 6
By wookiekyoe

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..👯
When a man falls in love.💏

အပိုင်း....၁၁

ဦးအနီ..နဲနဲသက်သာတာနဲ့ဆေးရုံကနေ
အိမ်ပြန်ခေါ်လာရသည်။
ခခ တနေကုန်တနေခမ်း..သူ့အနားထိုင်
ပြီးသူခိုင်းသမျှလုပ်ပေးရသည်။

တကယ်ဂဂျီဂဂျောင်နိုင်တဲ့ ဦးအနီပါ....
ဘာနေရာမဆိုသူ့စိတ်ကြီးပဲ..သူများကို
ဆိုတစ်ခုမှစိတ်တိုင်းမကြဘူး..
..အော်လိုက်ငေါက်လိုက်နဲ့
အသုံးမကျဘူးလို့လည်းပြောသေးတယ်..
ခင်ဗျားကြီးကို..ချစ်နေလို့နော်..မဟုတ်ရင်..

သူအိပ်ပျော်သွားတုန်းလေး ရေချိုးခန်းအမြန်၀င်ရသည်၊ လူကညစ်ပတ်နေပြီလေ...

" ငါလေးလည်း ဒီသုံးလေးရက်အတွင်းမှာ
တော်တော်အိုစာသွားတာပဲ.. မျက်နှာမှာ
အ‌ေရးအကြောင်းတွေတောင် ပေါ်လာပြီ
ကြည့်စမ်း.. အဲ့လူကြီးကိုစိတ်ပူနေရလို့.."

ရေချိုးခန်းထဲကထွက်လာတဲ့ပုံစံလေးအ
တ်ိုင်းမှန်‌ေရှ့ထိုင်ကာ... မျက်နှာကိုပြူးပြဲ
ကြည့်သည်။
"ဒါက ၀က်ခြံများလား.."

သူမရဲ့မျက်နှာလေးကိုသေချာသန့်စင်နေတာဘယ်လောက်ကြာသွားမှန်းမသိ...

ထထိုင်ပြီးသူမကိုလှမ်းကြည့်နေတဲ့ ဦးအနီကို မှန်ထဲကနေမြင်မှ

"ဦးအနီ နိုးပြီလား..
အသံလေး ဘာလေးပေးမှပေါ့.."
(...)
"ဟင်..ဘာလို့ဒီလိုကြည့်နေတာလဲ..
တစ်ခုခုဖြစ်နေလို့လား.."

အနားထသွားပြီး...
"ဦးအနီ..ဘာနေရာနေမကောင်းလို့လဲ"

"ကိုယ် တကယ်တော့..တစ်ခုခုဖြစ်နေတယ်.."
သူမကိုယ်လေးကိုလှမ်းဆွဲယူလိုက်သည်။

"ဦးအနီ..ရှင်နော်.. ဟင့်အင်း.."
သူရဲ့ချုပ်နှောင်မှုကဒီလောက်တင်းကျပ်မြဲမြံနေမယ်လို့မထင်ခဲ့...
"ဦးအနီ..ဖယ်နော် အဟင့်..ဟင့်.."

သူမရဲ့အရှက်သိက္ခာတရားအတွက်..သူမ
အတင်းအကန်ငြင်းဆန်ခဲ့သည်။
Blood..သေချာတော့သူလည်းတဒင်္ဂလေးမှာ..ရူးသွပ်သွားတာထင်သည်။
ခခ ကိုဆွဲချုပ်ထားပြီးအနမ်းမိုးများ..သည်း
ထန်ခဲ့သည်။
>>>>>>>>>>>>>

အသိတရားနဲ့သူပြန်လည်ထိကပ်မိချိန်မှာ
တော့.. သူချစ်တဲ့မိန်းကလေးကသူ့ဘေး
မှာငိုနေတာပဲ...
"Baby.."
"မခေါ်နဲ့.. ဦးအနီကို.... မုန်းတယ်..
ဦးအနီ ယုတ်မာတယ် "

"ကိုယ်.. မှားပါတယ်..ကိုယ်တကယ်စိတ်
လွတ်နေခဲ့တာ.. တကယ်ဆိုဒီလိုမဖြစ်
သင့်တာကို..
ကိုယ်လူသတ်ချင်လူသတ်မယ်..ဒါပေမယ့် ...မိန်းကလေးတွေကိုအနိုင်မကျင့်ဘူး
Baby.. ကိုယ်တကယ်တောင်းပန်ပါတယ်.."

"ဦးအနီ အိမ်ထဲမှာဆိုပြီး..ခခကိုအနိုင်
ကျင့်တာ"
"မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘူး..."
"ဘာမှလာမပြောနဲ့.."

သူ့ကိုအော်ပြီး..ရေချိုးခန်းထဲသို့ပြေး၀င်ကာတံခါးပိတ်ထားသည်။
ဟာ..ကျစ်..
"Baby..တံခါးဖွင့်.."
ဒုံး...ဒုံး....
(...)
"Baby မင်းမဟုတ်တာတွေလျှောက်မလုပ်နဲ့နော်.."
တံခါးကိုကျောမှီထိုင်ချရင်း..ခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ကာ..

<ကျစ်..ငါရူးသွားတာ.>

==================
Next day;
ခခက စူပုတ်နေပြီး တဖက်လှည့်နေတာကို...သူ့ဘက်သို့ဆွဲလှည့်ရင်း..

"ကိုယ်တို့အခုလက်ထပ်ရအောင်.."
"ဘာပြောတယ်.. "
"ကိုယ်ယောက်ျားပါ.. ကိုယ့်အမှားကိုယ်
တာ၀န်ယူတယ်.."

"သြော်... ဦးအနီကတကယ်အပြောကောင်းတာပဲ..
မှားမှန်းသိရက်နဲ့တမင်ကျူးလွန်ပြီးမှ
ကိုယ်မှားသွားတယ်..
ကိုယ့်မှားတာကိုယ်တာ၀န်ယူပါရစေဆို
တော့..
ဘာလဲ..လက်ထပ်တာကဦးအနီအတွက်
အပြစ်ဒဏ်လား..
ဒါဆိုခခကကော ဘာလဲ"

သူမရဲ့မေးခွန်းကြောင့် မှင်သက်သွားသည်။
စုံတွဲတွေ ဒီလိုအဆင့်ကျော်သွားရင်
ယောက်ျားလေးကလက်ထပ်ယူပါမယ်လို့ပြော
ကြတာမဟုတ်ဘူးလား.. သူ့ကြမှဘာလို့
အဆင်မပြေတာလဲ..

"Baby မင်းဗမာစကားကိုတစ်လပဲသင်ခဲ့
ရလို့နော်..မွေးကတည်းကသာတတ်ရင်
ကိုယ်တော်တော်ခေါင်းစားရမှာ.."

"အခု ကိုယ့်ကိုဘယ်လိုဖြစ်စေချင်တာလဲ..အပြစ်ပေးချင်တာလား"
"ခခ ဦးအနီ နဲ့ဒီအတ်ိုင်းလက်မထပ်နိုင်ဘူး.."
"ဘာ.."
အရင်ကလက်ထပ်ပါလို့ ခခယယတောင်း
ပန်ခဲ့တဲ့မိန်းကလေးတွေကို သူခါခဲ့သမျှ..
အခု ၀ဠ်လည်တာပဲ..

"ဦးအနီ တွေးနေမှာပေါ့.. ခခလိုအစေခံ
သာသာမိန်းကလေးဆီမှာအငြင်းခံရလို့
ခံပြင်းနေမှာပေါ့.."

"မင်းကိုကိုယ် အဲ့လိုသဘောမထားခဲ့မှန်း
မင်းသိမှာပါ..."

"ခခကို ဦးအနီတကယ်ချစ်ရင်..
မိသားဖသားပီပီတောင်းရမ်းယူပါ..
ထိုင်းမှာဒီလိုထုံးတမ်းအစဉ်အလာရှိတယ်..ဗမာမှာလည်းရှိတယ် မို့လား.."

သူ့ကိုတန်ဖိုးထားစေချင်တဲ့ မိန်းကလေးရဲ့
စိတ်ကိုသူနားလည်ပါတယ်..ဒါပေမယ့်...

"ခခ ရဲ့မိဘတွေကိုရှာပြီး..သူတို့ရှေ့မှာ
လက်ထပ်ပါ.."
"မိဘတွေရှိသေးတာလား.."

"ဖိုးနဲ့ဖွားက ခခကိုမွေးစားထားတာ..
ခခမိဘတွေက ဒီနိုင်ငံသားပါ...
ခခငယ်ငယ်ကအက်စီးဒင့်တစ်ခုဖြစ်ဘူး
တယ်တဲ့...
ငယ်ငယ်ကမှတ်ဉာဏ်တွေပျောက်ဆုံးနေလို့ ၊သူတ်ို့နဲ့ဘယ်လိုကွဲကွာခဲ့သလဲ
မမှတ်မိဘူး..သူတ်ို့ရှိအုံးမယ်ဆို၇င်
ရှာကြည့်ချင်တယ်..ဦးအနီ "

"ကိုယ် ဘာလို့ဒါတွေမသိခဲ့တာလဲ.."
"ဦးအနီက သူများအကြောင်းမှစိတ်မ၀င်စားတာ.."
"မင်းအကြောင်းဆို စိတ်၀င်စားပါတယ်.."

"အခုမှ.."
"မဟုတ်ဘူး..အရင်ကတည်းက..

ကောင်းပြီ..ဒါဆိုကိုယ် မင်းရဲ့မိဘတွေကို
တွေ့အောင်ရှာပေးမယ်..
ကတိပေးတယ်.."

သူမ သိပါတယ်..ဦးအနီကအရမ်းဆိုးတဲ့
လူမဟုတ်မှန်း...
ဦးအနီက နတ်ဘုရားတခြမ်း၊နတ်ဆိုးတစ်
ခြမ်း..ပေါင်းစပ်ထားတဲ့လူသား၇ယ်ပါ..

"ဒါပေမယ့်..ကိုယ်တို့အခုအခြေအနေက
ဘယ်လိုကြီးလဲ...
သမီးရည်းစားလည်းမဟုတ်၊အိမ်ထောင်
ရှင်လည်းမဟုတ်နဲ့.."

"ဦးအနီနော်.. အဲ့အကြောင်းထပ်မပြော
ပါနဲ့ဆို..."
"ပြောချင်နေတာကို ဘယ်လိုလုပ်ရမလဲ.."
လူညစ်...
>>>>>>>>>>>>>>

ဒိုင်းရိပ်ကိုခေါ်ကာ...
"ဒိုင်းရိပ်.. ခခမှာမိဘရှိသေးတယ်တဲ့
ဘိုးစံသာကမွေးစားခဲ့တာဆို.. ငါ့ကိုလိမ့်ခဲ့တာပဲ.. မင်းကောသိနေသလား..
မင်းတို့ ရင်းနှီးတယ်မှတ်လား..."

"ကျွန် ကျွန်တော်ကဘယ်လိုလုပ်သိမှာလည်းသခင်လေး.."

"ထားပါတော့...အခုသူ့မိဘတွေကိုရှာချင်တယ်.. ငယ်ငယ်ကမှတ်ဉာဏ်တွေမရလို့
ဘာမှမသိဘူးတဲ့..
ဒီဆွဲကြိုးတစ်ခုနဲ့အလုပ်ဖြစ်ပါ့မလား.."⭐

"ကျွန်တော်ရှာကြည့်ပါ့မယ်..
အချိန်ကြာမယ်ဆိုရင်တောင်ရှာလို့တော့
တွေ့မှာပါ.."

"ဟေ့ကောင်..ကြာလို့မဖြစ်ဘူးကွ..

အမြန်ရှာ.. လူအင်အား၊ငွေအင်အားသုံး
ပြီးအမြန်တွေ့အောင်ရှာ..
ဒီနေ့ကစပြီး အဲ့တာပဲမင်းလုပ်.. ငါ့နောက်
မလိုက်နဲ့..."
"ဟုတ်ကဲ့ ..သခင်လေး.."

မိန်းမအရမ်းလိုချင်နေပါသောသခင်လေး
နဲ့..... ဒိုင်းရိပ်အရမ်းစိတ်ညစ်နေပါသည်။

အစကတည်းက မီးနဲ့‌ေရကိုတွဲမထားသင့်
တာပါ...
နတ်ဘုရားမလိုလှပတဲ့ရင်ရင် တုန်းကတောင် ဒီလိုမဖြစ်ခဲ့တော့.. ဒီလိုကလေး
ကလားနဲ့မိန်းကလေးကို သခင်လေး
တိမ်းညွှတ်သွားမယ်လို့မထင်ခဲ့ပါ..

အဖေကိုတောင်ဆန့်ကျင်ပြီးလက်ထပ်မယ်တကဲကဲဖြစ်နေပြီ...

ခခ ရဲ့မိဘတွေကိုသခင်လေးမရှာပေးသင့်ဘူး..ပြန်တွေ့ရင်၊သူ့မိသားစုအကြောင်းပြန်မှတ်မိသွားရင်..
သခင်လေးအတွက်ကောင်းစရာမရှိပါ...

ကျွန်တော် ဘယ်လိုလုပ်ရမလဲ.....
အတတ်နိုင်ဆုံးတော့ ကာကွယ်ရမယ်.ဟူးးး
>>>>>>>>>>>
ည၁နာရီ..ဒါဦးအနီအိမ်ပြန်လာတဲ့...အစောဆုံးအချိန်ပါ..
"ပြန်လာပြီလား.."
"ကိုယ့်ကိုစောင့်နေတာလား..."
"မဟုတ်ပါဘူး.."

သူကုတ်အကျီချွတ်တာကို ခခကူပေးရင်း
အကျီကိုလှမ်းယူလိုက်သည်။
လက်ကိုင်မိတဲ့နေရာကစေးကပ်ကပ်ကြီး
ဖြစ်နေလို့..သေချာကြည့်တော့
သွေးစွန်းနေတာပဲ....
သူ မထိခိုက်လာဘူးဆိုတော့ တဖက်က
တော့သေပြီဆိုတဲ့သဘော....
လူသတ်တာက်ိုမကြိုက်လည်းခခတား
လို့ရမှာမှမဟုတ်တာ...

"ရေချိုးကန်မှာ ရေစပ်ပေးထားတယ်..
လန်းဆန်းသွားအောင်‌ေရချိုးလိုက်အုံး.."

"အင်း..ကျေးဇူးပဲ..baby.."

သူ‌ေရမချိုးခင်..အင်တာကွန်းကနေအကို
ဒိုင်းရိပ်ကိုကော်ဖီလှမ်းမှာနေတာ..ခခ
ကြားသည်။
သူ‌ေရချိုးနေတုန်း..ဟိုကလာပ်ို့သွားသည်။
ပြန်ထွက်လာတော့ ကော်ဖီခွက်ကိုယူပြီး
ခုံမှာထိုင်ကာ..
ရနံ့ကိုရူရိူက်ခံစားလိုက်သည်။

ဒီရနံ့ကိုသူကြိုက်တယ်..အရင်ကကြိုက်ခဲ့
တာတော့မဟုတ်ပေမယ့်..အခုတော့စွဲနေ
ပြီ...
သူမော့သောက်ရန်ပြင်စဉ်.. ခခကခွက်
ကိုလှမ်းဆွဲထားသည်။
"ဘာလုပ်တာလဲ..ညနက်နေပြီသွားအိပ်
တော့.."
"မသောက်ပါနဲ့..ဒါရိုးရိုးကော်ဖီမဟုတ်မှန်း
ခခသိတယ်.."

"ဘေဘီ..ကိုယ့်ကိုဒီအတိုင်းလွှတ်ထားပေးပါ.."
"ဟင့်အင်း..အဲ့လိုမလုပ်နိုင်ဘူး.."

ကော်ဖီခွက်ကိုဆွဲယူပြီးကြမ်းပေါ်သွန်ချ
လိုက်သည်။ ထို့နောက်သူ့ပေါင်ပေါ်ထိုင်
ရင်းသူနှုတ်ခမ်းကိုစတင်နမ်းလိုက်သည်။

"Baby ကိုယ်သိတဲ့မူးယစ်ဆေးထဲမှာတော့ မင်းကအပြင်းဆုံးပဲ.."
"ဒါဆို..နောက်ကိုအဖြူတွေမသောက်နဲ့
တော့.."

သူချက်ချင်းတော့မဖြတ်နိုင်မှန်း..ခခသိတယ်...
ဒါပေမယ့် သူလုံးဝဆေးပြတ်သွားအောင်
တော့ကြိုးစားမှာပါ...

အချစ်....မှာချစ်တယ်ဆိုယုံနဲ့တော့မပြီးဘူးလေ...
အချစ်အတွက်လုပ်ဆောင်ပေးဆပ်ရမယ့်
တာ၀န်တွေလည်းရှိပါသေးတယ်..
ခခ လုပ်ရမှာကဦးအနီကိုပုံမှန်ဘ၀ထဲ
ရောက်အောင်ဆွဲခေါ်လာဖို့ပဲ..

မလွယ်မှန်းတော့သိတယ်.. ခခဖြတ်သန်း
လာတဲ့ ၁၈နှစ်ကျော်ကာလထက်တောင်
ပိုခက်ခဲမယ်မှန်းသိတယ်..
ဒါပေမယ့်..လည်းလက်မလျှော့နိုင်ဘူး..
ခခတော့ စတင်လိုက်ပြီ...

>>>>>>>>>>
မနက်ခင်းထမင်းဝိုင်းလေး..
သူဆေးမသုံးထားတာကြောင့်ပုံမှန်ပဲဖြစ်
ပြီး.. ထမင်းလည်းစား၀င်သည်။
ဆေးသုံးရင်အဲ့လောက်မစားဘူး...

အရင်ကတော့အဲ့လိုမဟုတ်ပေမယ့်..
ခခ‌ေရာက်လာပြီးမှ
သူနဲ့ခခ ထမင်းစားရင် ဒိုင်းရိပ်ကိုပါ၀င်စား
ခိုင်းလို့..သုံးယောက်အတူစားဖြစ်သည်။

"သခင်လေး..ညကကောင်းကောင်းအိပ်
ပျော်တယ်ထင်တယ်.. ဒီနေ့လန်းလန်း
ဆန်းဆန်းဖြစ်နေပါတယ်.."

"ဟုတ်လား..ငါကအမြဲတမ်းလန်းပါတယ်..
ဒါပေမယ့် ညကဆေးကပိုကောင်းလို့
ပိုလန်းနေတာနေမယ်.."

ခခ ကြည့်ပြီးမချိုမချဉ်ရုပ်နဲ့ ဒိုင်းရိပ်ကိုပြန်
ဖြေသည်။
ခခ အံကြိတ်ပြီး သူ့ဗိုက်ခေါက်ကိုဒိုင်းရိပ်
မမြင်အောင်ဆွဲလိမ်လိုက်သည်။

အ...
"သခင်လေး..ဘာဖြစ်လို့လဲ.. "
"ဟင့်အင်း..ဘာမှမဟုတ်ဘူး..
တစ်ခါတစ်လေကြရင် ရန်သူကထင်မှတ်
မထားပဲနီးနီးကပ်ကပ်မှာရှိနေတတ်တယ်.."
"ဗျာ.."
"မင်းနားမလည်ပါဘူး..
စားပြီးရင် သွားရအောင် "
"ဟုတ်.."

ထမင်းဝိုင်းကနေထထွက်သွားတော့..
ခခ ဆံပင်တွေကိုထိုးဖွခဲ့သေးသည်။
အဲ့လိုလုပ်တာ မကြိုက်မှန်းသိရက်နဲ့...

>>>>>>>>>>>
နောက်တစ်နေ့နံနက်ခင်းမှာ..သွားတိုက်နေရင်း..

"Baby ကိုယ် မင်းမိဘတွေကိုနေရာအနှံ့
ရှာခိုင်းထားပေမယ့်...
ကိုယ်တို့လက်ထပ်ဖို့ ဘယ်လောက်စောင့်
ရအုံးမလဲမသိဘူး...
အခုလိုမျိုး အနောက်တိုင်းဆန်ဆန်အတူ
နေချစ်သူဘ၀နဲ့..."

"ဦးအနီ..အဲ့တာပဲပြောနေတော့မှာလား.."

"ပတ်သတ်မှုကိုသေချာချင်လို့ပါ...."
"အဲ့လို အသားယူပြောရတာကို
သဘောကြနေတာမှတ်လား.."

"ဟန်းနီးမွန်းထွက်ရအောင်..
ကိုယ်နဲ့အဝေးကြီးသွားချင်တယ်မို့လား.."

"ဦးအနီကအားလို့လား.. အမြဲအလုပ်ရှုပ်
နေပြီးတော့.."

"၁ပတ် မင်းအတွက်အချိန်ပေးမယ်...
သွားချင်တဲ့နိုင်ငံရှိရင်ပြော.."

"၁ပတ်ကြီးများတောင်လား..
Wow.. အင်း သွားချင်တဲ့နိုင်ငံဆိုတော့..
ကိုရီးယားပေါ့.. ဒါပေမယ့် ဦးအနီကသွား
လို့မှမဖြစ်တာ.."

"ဘာဖြစ်လို့လဲ.. "
"အတိတ်မေ့နေတာလား.."
"ဟိုအမှုကြောင့်လား.. အဲ့တာကပြီးသွား
ပြီ.. တရားခံဖမ်းမိသွားပြီ.."
ဟမ်...
"တကယ် ကိုရီးယားနော်ကိုယ်စီစဉ်လိုက်ပြီ.."
တကယ်ပါ..သွားတိုက်ရင်းတန်းလန်းနဲ့
ဖုန်းခေါ်ပြီး ညွှန်ကြားနေတာ..
စိတ်မြန်ချက်က...9+++ရှိတဲ့ဦးအနီ...

"ဦးအနီ.. ခဏ.. ခခမှာနိုင်ငံကူးလက်မှတ်
မရှိဘူးလေ.. "
"စိတ်မပူပါနဲ့.. "
"ဘာလဲ အတုလုပ်လိုက်တာလား.."

သူကရယ်ရင်း..သူမနှဖူးကိုလှမ်းတောက်
ကာ...
" Baby မင်းအရပ်ပုနေတာ...
စကားအရမ်းများလို့ဖြစ်မယ်.."
ကြည့် ခလေးကို...

✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈
ခခ..သွားချင်လှပါချည်ရဲ့ဆိုတဲ့..ကိုရီးယားသို့
ခရီးနှင်ခဲ့သည်။
ခခ ဖြင့်အိပ်မက်မက်နေတယ်တောင်ထင်တာ...
အင်ချွန်းလေဆိပ်ကိုေရာက်မှပဲယုံနိုင်
တော့သည်။
သူတို့၂ယောက်အပြင် ဒိုင်းရိပ်ကသူ့သက်
တော်စောင့်မို့သူပါပါသည်။

"ဝေးး.. ငါအခုတကယ်‌ေရာက်လာပြီပဲ...
ဦးအနီသိလား..ခခလေငယ်ငယ်ထဲက
ဒရမ်မာတွေကြည့်ပြီး ကိုရီးယားအရမ်း
ရောက်ချင်ခဲ့တာ...
ကိုရီးယားမင်းသားလေးတွေကိုအရမ်း
သဘောကြတာလေ.."

ဟိုကစိုက်ကြည့်နေတာကိုမသ်ိပဲ..အပျော်
လွန်ပြီးလျှောက်ပြောမိသည်။

နောက်မှသတ်ိရပြီး...
"ဟဲ .. အဲ့ဒါအရင်တုန်းကပါ..
ဦးအနီ နဲ့မတွေ့ခင်တုန်းကပါ...
အခုတော့ ဦးအနီတစ်ယောက်ထဲ

မဟုတ်ရင် ဦးအနီလက်ထဲ သူတို့တွေသေကုန်မှာပေါ့....

ဒါနဲ့..ဦးအနီ pistolတွေဘာတွေယူမလာ
ပါဘူးနော်..
ဟာ..မေ့နေတာပဲ..
ဦးအနီက လက်ညိုးနဲ့တောင်လူသတ်နိုင်
တာပဲ .."

"အဲ့တာကိုသိရင်..ခင်ဗျားလေးစကား
အပြောအဆို ဆင်ခြင်.."
"ဟုတ်ကဲ့.."
ခေါင်းလေးငုံ့ပြီး မလိမ်ပိုးမလိမ်မာရုပ်နဲ့..ဟွန်း

>>>>>>>>>>>>
"နန်းတော်..နန်းတော်ကိုသွားလည်ရအောင်...
အဲ့ဒါ..ခခရဲ့အိမ်မက်နေရာပဲ"

နန်းတော်ကိုလည်ချင်ပါတယ်ဆို၍
လိုက်ပို့ပေးရသည်။
"ကိုရီးယား၀တ်ဆုံ၀တ်ပြီး ဓာတ်ပုံရိုက်ရအောင်.. ခခကမိဖုရားလို၀တ်မယ်..
ဦးအနီက ဘုရင်ကြီးလို၀တ်လေ.."

"သေနတ်နဲ့ချိန်ထားရင်တောင် အဲ့လို
ကို့ယိုးကားယားတွေတော့ မ၀တ်နိုင်ဘူး.."
"သိပါပြီ.. ခခ ပဲ၀တ်မယ်..
ဓာတ်ပုံတော့ရိုက်ပေးနော်..."

ခခက ဂျူဂျောင်းမယ်မယ်/မိဖုရားခေါင်
အ၀တ်အစားတွေဌား၀တ်ပြီးပျော်နေသည်။
"ဦးအနီ ခခ ဘယ်လိုနေလဲ ကြည့်ပါအုံး...
တကယ်မိဖုရားကြီးနဲ့မတူဘူးလား.."
"အင်း.."

သူနဲ့ဒိုင်းရိပ် တစ်ဖက်လှည့်ပြီးရယ်နေကြ
သည်။
ပိုစ့်အမျိုးမျိုးပေးကာသူ့ကိုဓာတ်ပုံလိုက်ရိုက်ခိုင်းသည်။တကယ့်အမွှေစိန်မိန်းခလေး...
"ဦးအနီရယ်..ပျော်လိုက်တာ"လို့လဲပြော
သေးတယ်...
>>>>>>>>

ကိုရီးယားထဲက ကြားဖူးသမျှနေရာတွေကို
မှတ်ထားပြီးသူ့ကိုလိုက်ပို့ခိုင်းတာ..
လည်လို့အားရတော့...စားသောက်ဆိုင်
ရှာပြီး၀င်ထိုင်လိုက်သည်။

"ခခက အမဲစွတ်ပြုတ်.."
ဒိုင်းရိပ်ကလည်းအဲ့တာပဲတဲ့...

ဦးအနီကထူးဆန်းသည်။ သွေးပါတဲ့အစား
အသောက်ဆိုဘာမှမစားပါ...
သက်သက်လွတ်စားတာလည်းမဟုတ်ပဲ၊
သွေးမထွက်တဲ့ပင်လယ်စာ.. ဂဏန်း၊ခရု
ပြည်ကြီးငါး အဲ့တာတွေပဲအမြဲစားသည်။
ကြက်ကိုလည်း အသားကြမစားပဲ ဥပဲစား
သည်။ သူ့အကျင့်ကြတစ်မျိုး...

K အမဲစွတ်ပြုတ် ၂ပွဲ၊ပင်လယ်စာခေါက်ဆွဲတစ်ပွဲပေး"
K..ခနစောင့်ပါ.."
ကိုရီးယားလိုပီပီသသမှာပေးတဲ့သူ့ကိုကြည့်ရင်း...

"ဝါး.. ဦးအနီ တကယ်မိုက်တယ်...
ဒီလိုလဲရတာပဲနော်.. ခခ ကြွေပြီးရင်းကြွေ
နေပြီ.."
မေးကိုလက်၂ဖက်နဲ့ထောက်ကာစနောက်နေသည်။

စုံတွဲကြားထဲ ကန့်လန့်ကြီးပါလာရတဲ့
ဒိုင်းရိပ်..
"အကိုဒိုင်းရိပ်လည်း တစ်ယောက်ထဲမနေပဲကောင်မလေးရှာပါလား.."

"ဒီအတိုင်းပဲ ကောင်းပါတယ်.."
"ဟုတ်လို့လား..."

လာချပေးတဲ့စွတ်ပြုတ်ပန်းကန်ကို..
"ရုပ်ရှင်ကားထဲ အတိုင်းပဲ.. အရသာလည်းရှိမယ့်ပုံပဲ.."

"အဲ့ဒါက ဘာတွေမို့လို့လဲ.."
"အမဲ အူတွေအသည်းတွေပေါ့ ဦးအနီရဲ့
ဟော ဒီမှာတွေ့ပြီ.. "
What.??
"မျက်လုံးလေ ဒီမှာ.."

ဝေါ့.. "ငါမနေနိုင်တော့ဘူး.."
သူတကယ်ထပြေးရသည်။
K" please.. တွိုင်းလက်ဘယ်ဘက်မှာလဲ.."
K" တည့်တည့်သွားပြီ ညာဘက်ချိုးပါ.."
K"ကျေးဇူးပါပဲ.. "
>>>>>>>>>
"ဒါက ဘာဖြစ်လို့လဲ စားကောင်းတာပဲကို..."
"သခင်လေးရှေ့.. အဲ့လိုမလုပ်ပါနဲ့.."
"ရှင့်သခင်လေးက တော်တော်ထူးခြားတာပဲ.."
"ငယ်ငယ်ထဲက အဲ့လိုလူပါ.."

"သခင်လေးနဲ့ ပတ်သတ်ပြီးတစ်စုံတစ်ခု
နားမလည်နိုင်တာတွေကြုံလာရင်တောင်
သည်းခံနားလည်ပေးဖို့တောင်းဆိုပါတယ်.."
"တော်ပါသေးရဲ့ ဦးအနီမှာ ရှင့်လိုမိတ်ဆွေ
တစ်ယောက်ရှိနေသေးလို့.."
>>>>>>>>
ညဘက်Soulမြို့လမ်းမတွေပေါ်လျှောက်
သွားရင်း..အရုပ်ကောက်စက်ကိုမြင်တော့
လက်ညှိုးထိုးပြန်သည်။

"အရုပ်လိုချင်တာများ ၀ယ်လိုက်ပေါ့.."
"ဟာ..ဦးအနီကလည်း..
စုံတွဲတွေလျှောက်လည်ကြရင်..
ကောင်လေးကကောင်မလေးအတွက်
ကောက်ပေးရတာလေ.."

"ဘယ်အရူးတွေကအဲ့လိုလုပ်လဲ.."

"တစ်ခေါက်လောက်ရူးပေးပါ..လာ.."

အတင်းဆွဲခေါ်ကာအကြွေစေ့ထည့်ပြီး..

"ဦးအနီ.. ဦးအနီ ဒီဘက်ကအရုပ်ကလေး.
ရတော့မယ်..ရတော့မယ်.. ဟင်.."

သူကောက်လိုက်တ်ိုင်းပြန်ပြန်ပြုတ်ကျနေ
တော့...
"ထပ်ကြိုးစားကြည့်မယ်.."
"ရတော့မယ်..ရတော့မယ်..ဦးအနီ
ဖြေးဖြေး..ဟာ.."
"ဦးအနီက စိတ်မှမရှည်ပဲ.. စိတ်ရှည်ရှည်နဲ့
ယူရတာကို.."

တကယ်စိတ်တိုဖို့ကောင်းတယ်...ရခါနီး
လေးမှပြန်ပြန်ပြုတ်ကြတာ..
အကြွေလေးငါးစေ့ထည့်တာတောင်..သူ
တစ်ရုပ်မှမယူနိုင်ပါ...

ဦးအနီ မလုပ်နိုင်တဲ့အရာ..အခုရှာတွေ့ပြီ..

ဒိုင်းရိပ်က..
"ကျွန်တော် ကြိုးစားကြည့်ရမလား."
....
ဒိုင်းရိပ်ကောက်တော့ တစ်ခါထဲနဲ့ယူလို့
ရသွားသည်။
"ဝေး.မိုက်တယ်.. အကိုဒိုင်းရိပ်နောက်တစ်ရုပ်လောက်...
ဟိုဟာလေး... ဒီဟာလေး...ဒီဘက်ကဟာလေး.."

ဒိုင်းရိပ်ကြမှကောက်တိုင်းရလို့ အရုပ်တစ်ပွေ့တစ်ပိုက်ကြီးနဲ့ခခပျော်နေသည်။

"မင်းဘယ်တုန်းက ဒါမျိုးလေ့ကျင့်ထားတာလဲ.."
"မလေ့ကျင့်ပါဘူး သခင်လေး.."
"ပထမဆုံး လုပ်တာကို ဒီလောက်ကျွမ်း
ကျင်နေရလား...ပညာရှင်အတိုင်းပဲ.."

."ဒါကလွယ်လို့ပါ..."
"ဘာ.."

ဦးအနီ..ဒေါသကြောင့်ရာသီဥတုတောင်
မှောင်လာသလိုပဲ...
"ဦးအနီ ဟော်တယ်ကို ပြန်ရအောင်လေနော်...."
အရုပ်တွေအများကြီးရတာတောင်မပျော်
နိုင်ခဲ့...

>>>>>>>>>>>
နောက်တစ်နေ့မှာပင်လယ်ဘက်သွားဖို့
ဟော်တယ်ကနေထွက်လာသည်။
ကားလေးအဲ့ရှေ့ကနေဖြတ်သွားရင်း..

အရုပ်ကောက်စက်ကြီးရိုက်ခွဲခံရလို့...
အနားမှာလူတွေရဲ‌ေတွ‌ေရာက်နေတာကို..

ခခ ကားပေါ်ကကြည့်ပြီးလက်ညိုးတစ်ထိုးထိုးနဲ့..
"ညကတောင်အကောင်းကြီးရှိသေးတယ်..."
ပြီးနောက် သူ့ဘက်ကိုလှည့်ကြည့်ရင်း..

"ဦးအနီ မှတ်လား..မနက်အစောကြီးထ
ပြီးအပြင်ထွက်သွားတာလေ.."

ပြန်မဖြေပဲ..မျက်လုံးတွေကိုမှေးစင်းထား
ပြီးကားနောက်ဆိုဖာကိုမှီထားသည်။

"သေချာတာပဲ... ဦးအနီရူးနေပြီလား..
ဒါသူများနိုင်ငံလေ.."

"ကိုယ်က မိုက်တဲ့နေရာမှာနိုင်ငံမ‌ေရွးဘူး.."တဲ့

ယုံသွားပါပြီ...
ဖျက်ဆီး‌ေရးနတ်ဘုရား၊ သေမင်းတမန်၊
ကမ္ဘာကျော်အုံးမယ့် ဂိုဏ်းစတား...

ခင်ဗျားနဲ့အဲ့ဂုဏ်ထူးတွေလိုက်ပါပေတယ်..
အဲ့လိုလူကိုနင်ဘယ်လိုပြောင်းလဲမှာလဲ
မိန်းခလေး..

Continue Reading

You'll Also Like

377K 25.3K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
256K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
730K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
238K 17.1K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...