မိန်းခလေးတစ်ယောက်ကိုချစ်မိရင်..♥
When a man falls in love..
အပိုင်း...၅
ခခအိမ်အပြင်ကိုခိုးကြောင်ခိုးဝှက်ထွက်ရန်ပြင်နေစဉ်..
"ဟေ့..ဒါဘယ်သွားမလို့လဲ.".
"လမ်းထိပ်စတိုးဆိုင်သွားမလို့.. ကျွန်မက
ရှင်တ်ို့ရဲ့ အကျဉ်းသားလည်းမဟုတ်ပဲ
ဘာလို့လူကိုစစ်လားဆေးလားလုပ်နေတာလဲ.."
"ငါတို့အလုပ် ငါတို့လုပ်နေတာ...
မင်းကိုအပြင်ထွက်ခွင့်မပေးနိုင်ဘူး..
ဘာလိုချင်တာလဲ..မင်းလိုချင်တာမင်းအဖိုးကို၀ယ်ခိုင်း."
"မိန်းကလေး ပစ္စည်းကိုအဖိုးကို၀ယ်ခိုင်း
လို့ရမလားရှင့်..
ရှင်တ်ို့ကော၀ယ်ပေးမှာလား..
လမ်းထိပ်လေးတင်..ခဏပဲမကြာဘူး..
မယုံရင်လိုက်ခဲ့.."
"ပြီးေရာ..အမြန်သွား.."
ခခ စက်ဘီးနဲ့လှစ်ခနဲပြေးထွက်လာသည်။သူတို့ကိုမုန်းပေမယ့် ဖိုးဖိုးစကားတော့
နားထောင်ရမယ်လေ..
၀ယ်စရာရှိတာ၀ယ်ပြီးအမြန်ပြန်မှ...
မုန့်ဆိုင်ကရှိသမျှမုန့်တွေအကုန်ကောက်ထည့်ပြီး...
"ဒါလေး ရှင်းမယ်..."
"ဟဲ့မယ်ခ ညည်းနေမကောင်းလို့အိပ်ယာ
ထဲကမထနိုင်ဘူးဆို.."
"ဘယ်သူပြောလဲ ခခကအလန်းကြီးပါ
အရီးရယ်.."
"ညည်းအဖိုးလေ ညည်းနေမကောင်းလို့
ဆိုပြီးနေ့တ်ိုင်းဆရာ၀န်အိမ်ပင့်နေတာ
မဟုတ်လား.."
ဟိုက်!
"အဲ့တာက ဖိုးဖိုးရဲ့မိတ်ဆွေ၊အိမ်ကဧည့်
သည်နေမကောင်းတာပါ....
အရီးေရ ခခသွားလိုက်အုံးမယ်နော်.."
အဲ့အရီးကျန် ကတကယ်စပ်စုတာပဲ...
>>>>>>>>>>>>
ခြံထဲကတစ်ယောက်ေရးကြီးသုပ်ပြာတတ်လာပြီး..
"ဆရာဒိုင်း... ရဲတွေနောက်ယောင်ခံလိုက်လာနေပါတယ်.."
"ဘာ...အဲ့ကောင်တွေကဘယ်လိုလုပ်
ဒီနေရာကိုသိသွားတာလဲ.."
"ဒီမိန်းကလေးအပြင်ထွက်သွားပြီးက
တည်းကအဲ့ကောင်တွေပါလာတာပဲ.."
"မင်းတို့ ဘာလို့သူ့ကိုအပြင်ပေးထွက်တာလဲ.."
အိမ်ထဲမှာမုန့်ထိုင်စားနေတဲ့ ခခ
သူတို့ကဗမာလိုတွေပြောနေတာကြောင့်
ဘာမှနားမလည်ပဲ၊ ပြူးကြည့်ရင်း...
"ရှင်တ်ို့ကောမုန့်စားချင်လို့လား..ရော့လေ"တဲ့
ဘိုးစံသာပါ ထွက်လာပြီး...
"ဘာဖြစ်လို့လဲ ဒိုင်းရိပ်.."
"ရဲတွေ ရိပ်မိသွားပြီထင်တယ်...မြေးဖြစ်
သူကြောင့်.."
"ဘာ မြေး..."
"ဟင် ဖိုးဖိုး ခခဘာမှမလုပ်ဘူးနော်.."
"တကယ် ဘယ်သူ့ကိုဘာမှမပြောခဲ့ဘူး
လား.."
"အရီးကျန်နဲ့မုန့်ဆိုင်မှာတွေ့လို့ ခခနေမ
ကောင်းဘူးလားမေးလို့...
ခခမဟုတ်ပဲ အိမ်မှာေရာက်နေတဲ့ဧည့်
သည်နေမကောင်းတာပါလ်ို့ပဲ ပြောမိတာ.."
"ခခ ညည်းတော့.."
"ဖိုးဖိုးကလည်း ခခ ဘာမှားလို့လဲ.."
"တော်တေ့ာ ဘိုးစံသာသူ့ကိုဆူလည်းအ
ကြောင်းမထူးဘူး.. နေရာသိသွားပြီဆို
တော့မကြာခင်တပ်ဖွဲ့တွေလာတော့မယ်..
ကျုပ် သခင်လေးဆီအစီရင်ခံလိုက်အုံးမယ်.."
>>>>>>>>>>>>>>>
Bloodသိသွားပြီးနောက်..
"ဘယ်တတ်နိုင်မလဲ.. အမြန်ထွက်သွားရမှာပေါ့.. ကားပြင်ထားလိုက်.."
သူ့ရဲ့အ၀တ်အစားတွေကိုပြန်ပြီးလဲ၀တ်
နေသည်။
"သခင်လေး ဒဏ်ရာကမသက်သာသေးပဲ
အခုလိုထွက်သွားရမှာ...
ကျွန်တော့်အပြစ်ပါ.. သခင်လေးကိုသေချာဂရုမစိုက်နိုင်တာ ခွင့်လွှတ်ပါ..."
"ကျုပ်က ခင်ဗျားကိုအနှောက်အယှက်ပေးမိတာပဲ.. တောင်းပန်ဖို့မလိုပါဘူး...
မြေးဖြစ်သူကိုလည်း စောင့်ရှောက်ရအုံး
မယ်ဆိုတော့ကောင်းကောင်းမွန်မွန်နေခဲ့ပါ..
နောက်ထပ် ကျုပ်တို့တွေ့စရာအကြောင်း
မရှိဘူး.. ရဲတွေမေးရင်ခြိမ်းခြောက်ခံရတာလို့ဖြေလိုက်.."
ဘိုးစံသာ.. .မျက်နှာမကောင်းရှာပါ...
"ဒိုင်းရိပ်.. သခင်လေးကိုသေချာစောင့်
ရှောက်နော်...
သခင်.. လမ်းခရီးမှာအဆင်ပြေပါစေ.."
........
သူတ်ို့ထွက်သွားမလို့ပြင်ပြီးမှ...
"ဒါဘာသံတွေလဲ.."
အစောင့်တစ်ယောက်ကပြေး၀င်လာပြီး..
"ရဲတွေရာက်နေပြီ..သခင်လေး"
"ဒီလောက်မြန်မြန်ကြီးလား..
ကြည့်ရတာတော့ ဒီအတိုင်းထွက်မသွား
နိုင်တော့ဘူးထင်တယ်.."
Bloodနဲ့အဖွဲ့ကလက်နက်တွေပြင်လိုက်
သည်။
ရဲတပ်ဖွဲ့ကခြံအပြင်ကနေဝိုင်းထားလ်ိုက်
ရင်း...
သူတို့ကိုထွက်လာအဖမ်းခံခိုင်းသည်။
စောင့်နေမယ့်ကားဆီကိုေရာက်ဖို့ဆို..ရဲ
တွေကိုထိုးဖောက်ထွက်ရမှာပဲ...
Bloodတို့လေးယောက်အိမ်ထဲကနေ
လက်မြှောက်ပြီးထွက်လာသည်။
[လက်နက်ချပြီးအဖမ်းခံပါ..]
သေနတ်ကိုထုတ်ပြပြီး အောက်ချပေးလိုက်သည်။အဖမ်းခံမယ်လို့အယုံသွင်းနေသည်။
ရဲတွေအနားလာပြီးဖမ်းဖို့လုပ်သည်။
လက်ထိပ်ခတ်ခါနီးမှ ပြန်ချပြီးထွက်ပြေး
ဖို့လုပ်ထားပေမယ့်..
ရဲထဲကတစ်ယောက်ကပစ်မိန့်မပေးပဲ
Bloodရဲ့နောက်ကျောကိုလှမ်းပစ်လိုက်
သည်။
"သခင်လေး.."
ဒိုင်း ... အား...
ဘိုးစံသာက မြင်ပြီး၀င်ခံလိုက်လေသည်။
"ဘိုး စံ သာ.."
Blood ဘိုးစံသာဆီပြန်ပြေးလာသည်။
"ဘာလို့၀င်ခံတာလဲ.. ကောင်းကောင်းနေ
ခဲ့ပါလို့ပြောထားတယ်လေ..."
"ဘာပဲဖြစ်ဖြစ် သေရမယ့်အသက်ပါပဲ...
ကျွန်တော်ကအသက်ကြီးပါပြီ...
တစ်ခုပဲ..စိတ်ထင့်နေတာ အဲ့ကလေးမ
သူ့ကို သခင်လေးခေါ်သွားပေးပါ...
သူရဲ့နေရာအမှန်က အဲ့မှာမို့... အ..."
သူ့လက်ထဲမှာသေဆုံးသွားခဲ့သည်။
"ဖိုးဖိုး... ဖိုးဖိုး..."
ခခ လည်းအနားပြေးလာပြီး အော်ငိုနေ
သည်။
Bloodရဲ့မျက်၀န်းထဲမှာ သွေးေရာင်အပြည့်လွှမ်းလာသည်။
သေဖို့သာပြင်ထားတော့...
သေနတ်၂လက်ကောက်ကိုင်ပြီးရဲတွေက်ို
တရပ်စပ်ပစ်ခတ်သည်။
Bloodရဲ့အဖွဲ့နဲ့ရဲတွေတိုက်ပွဲအပြင်းအ
ထန်ဖြစ်ပွားခဲ့သည်။
Bloodက ခခ ကိုပါဆွဲခေါ်ပြီးအတူ
ထွက်ပြေးသည်။
"ဟင့်အင်း... လွှတ်မလိုက်ဘူး.."
သူတို့ပြေးဖို့လမ်းပွင့်သွားတာနဲ့.. အသင့်
စောင့်နေမယ့်ကားဆီကိုပြေးကာ....
ခခ ကိုပါအတင်းကားပေါ်ဆွဲတင်ကာ
မောင်းထွက်လာခဲ့သည်။
ဒီလောက်ရဲ အင်အားနဲ့များ Bloodကို
မိမယ်တဲ့လား...
"ဟင့်အင်း...ရှင်တို့နဲ့မလိုက်ဘူး.. လွှတ်
လွှတ်.. ဖိုးဖိုး... ဖိုးဖိုး.."
ခခ ကားပေါ်မှာအတင်းရုန်းကန်နေသည်။
ကားနောက်ခန်းမှာ bloodနဲ့ဒိုင်းရိပ်ကသူ
မရဲ့ဘေးတစ်ဖက်ဆီမှာ..
ကားတစ်စီး လူက၆ယောက်...
"လွှတ်..လွှတ်..လူယုတ်မာတွေ
ရှင်တို့ကြောင့် ကျွန်မအဖိုးသေရတာ.."
"နားငြီးလိုက်တာ..."
Bloodကသူမရဲ့ဇတ်ပိုးကိုလက်ဝါးစောင်း
နဲ့ရိုက်ပစ်လိုက်မှ... သူမငြိမ်ကြသွားတော့သည်။
သတိမေ့သွားတဲ့သူမရဲ့ကိုယ်ပေါ်သို့သူရဲ့
ကုတ်အကျီခြုံပေးလိုက်ရင်း..
ကားလေးကတော့လိုရာ
ခရီးကိုအသော့နှင်နေသည်။
®®®®®®®®®®®®®®®®®
မိန်းခလေး...
"ကျွတ်..အား အား.."
သူမ ညီးညူကာအိပ်နေရာကနိုးလာတော့...သူမကbloodရဲ့ပေါင်ကိုခေါင်းအုံး
အိပ်နေတာဖြစ်ပြီး...သူမရဲ့ကိုယ်ပေါ်မှာသူ့
ကုတ်အကျီကလွှမ်းခြုံရက်သားလေး...
Bloodကတော့မျက်၀န်းတွေမှေးစင်းထား
ပြီးနောက်ကိုမှီထားသည်။
ကျန်တဲ့လူတွေကားပေါ်မှာမရှိတော့ပဲသူ
တို့၂ယောက်ထဲသာ..
သူမကပြာကယာထလိုက်သည်။
"မင်းနိုးပြီလား.."
"ဒါကဘယ်နေရာလဲ..
ခင်ဗျားကြီး..ဘာလို့လူကိုဖမ်းခေါ်လာတာ
လဲ...
အခု အဖိုးဆီပြန်ပို့ပေး.."
"မင်းအဖိုးကသေပြီ..."
"မဟုတ်ဘူး.."
"မင်းကိုခေါ်သွားပေးဖို့ ငါ့ကိုတောင်းဆိုခဲ့တယ်.."
"မဟုတ်ဘူး..ခင်ဗျားနဲ့မလိုက်နိုင်ဘူး.
အခုပြန်ပို့ပေး..ခင်ဗျားကြီးကဂိုဏ်းစတား
မှတ်လား... မရင်ကိုသတ်တာလဲ ခင်ဗျား
မဟုတ်လား.. ဒါကြောင့်ရဲတွေလိုက်ဖမ်း
နေတာ... ခင်ဗျားကြောင့် ဖိုးဖိုးလည်းသေရတာ.."
"ငါဘယ်လိုလူလဲ မင်းသိပြီးပြီဆိုတော့...
ဒီမှာ ချာတိတ်...ငါစကားအများကြီးပြော
ရတာကိုမကြိုက်ဘူး..
မင်းအဖိုးမသေခင်ကမင်းကိုငါ့လက်ထဲထည့်ပေးခဲ့တယ်...
ဒါကြောင့်အခုကစပြီးမင်း ငါ့အမိန့်
ကိုနာခံ..
မင်းသိရမှာက မင်းအဖိုးကလည်းငါ့အစေခံ..အခုမင်းလည်းအတူတူပဲ"
"ဟင့်အင်း.. ခခကဘာလို့ခင်ဗျားစကား
နားထောင်ရမှာလဲ.."
"ဘာလို့လဲဆိုတော့ မင်းမှာသွားစရာနေရာမရှိလို့... အဲ့နေရာကိုပြန်သွားရင်
လည်းမင်းကိုလက်ခံပေးမယ့်သူမရှိဘူး."
သူမနားထင်ကိုသေနတ်နဲ့ချိန်ရွယ်ရင်း...
"ဒါကြောင့်ငါ့နောက်
ကိုပါးစပ်ပိတ်ပြီးလိုက်ခဲ့...
ထွက်ပြေးရင် မင်းအဖိုးနောက်ကိုတစ်ခါ
ထဲထည့်ပေးလိုက်မယ်..နားလည်လား...."
ခက်ထန်လှတဲ့bloodကို..သူမကြောက်ပြီးတသ်ိမ့်သိမ့်ရှိုက်ငိုနေသည်။
ကျစ်...
"ငိုလို့သေတဲ့မသာမရှိဘူးဆိုတော့ ကြိုက်
သလောက်သာငို...
ငိုလို့၀ရင်ပြော ခရီးဆက်ရဦးမယ်"
သူကားပေါ်ကဆင်းကာ
ကားတံခါးကိုဝုန်းခနဲဆောင့်ပိတ်လိုက်သည်။
ကားဘောနက်ပေါ်သွားထိုင်ပြီး စီးကရက်
ထုတ်သောက်ကာ ဖွာရှိုက်နေလေသည်။
🚬
^မုန်းလိုက်တာ ဖိုးဖိုး..ဖိုးဖိုးဘာလို့ဒီလို
လုပ်ရတာလဲ.. ဘာလို့ခခကိုဒီလူကြီး
လက်ထဲထည့်ပြီး ထွက်သွားနိုင်ရတာလဲ..
ဖိုးဖိုး လည်းခခကိုမချစ်ပါဘူး..
ဖိုးဖိုးလည်း ခခကိုခခရဲ့မိဘတွေလိုစွန့်ပစ်
လိုက်တာပဲ..."
>>>>>>>>>
သူတို့ကတောလမ်းအတိုင်းသွားမှာမို့ကား
ကိုထားခဲ့ရမည်ဖြစ်သည်။
အမြဲတမ်းသွားနေကြတော့မဟုတ်ပေမယ့်...သွားလာဖူးတဲ့လမ်းမို့သူတို့
အတွက်အခက်အခဲမရှိပေမယ့် မိန်းကလေးပါတော့ခရီးကနှောင့်နှေးနေသည်။
ခခလမ်းတစ်လျှောက်၊ပေကပ်ကပ်လုပ်နေတာကြောင့် သူစိတ်မရှည်တော့ပဲ...
"မင်း လာစမ်း.." ချောက်...
"ဟာ.. ဘာလုပ်တာလဲ.."
ရဲဆီကနေုလုယူလာတဲ့ လက်ထိပ်နဲ့သူ့
လက်တစ်ဖက်နဲ့ ခခရဲ့လက်တစ်ဖက်ကို
တွဲခတ်လိုက်သည်။
"ငါအမြန်ေရာက်ဖို့လိုတယ်.."
သူမကိုဆောင့်ဆွဲခေါ်သွားမှသူ့နောက်ကို
ခခ ကန့်လန့်ကန့်လန့်နဲ့ပါလာသည်။
ကျန်တဲ့ လူတွေကသေနတ်ကိုယ်ဆီနဲ့
ပတ်၀န်းကျင်အခြေအနေကြည့်ရင်း...
အရှေ့အနောက်ကနေစောင့်ရှောက်ရင်း လိုက်ပါလာသည်။
"ဖြေးဖြေးသွားပါ..ဒီမှာနာလှပြီ.."
သူမရဲ့လက်ကောက်၀တ်လေးသွေးခြေဥ
နေပြီဖြစ်သည်။
သူလက်ထိပ်ပြန်ဖြုတ်ပေးရင်း...ဒိုင်းရိပ်ကို...
"သူ့ကိုမင်းပဲစောင့်ခေါ်လာခဲ့...မဟုတ်ရင်
ငါပစ်သတ်မိတော့မယ်.."
အဲ့လောက်မေတ္တာတရားကြီးမားတာ...
နေတောင်အတော်ပင်ကျော်လာပြီ..ခုထိ
မရပ်မနားခရီးဆက်လာတာ...
"ဟေ့လူကြီး.."
Bloodသူ့ကိုခေါ်မှန်းသိပေမယ့် လှည့်မကြည့်...
"ကိုယ့်ကိုယ်ကိုယ်လည်းပြန်ငုံ့ကြည့်အုံး..
ခင်ဗျားဒဏ်ရာကသွေးတွေစီးကျနေပြီ.."
"လျှာမရှည်နဲ့.."
"လျှာမရှည်နဲ့..ပါးစပ်ပိတ်ထား..အဲ့၂ခွန်း
အပြင်ခင်ဗျားမပြောတတ်ဘူးထင်တယ်.."
"မင်း....."
"သူပြောတာမှန်ပါတယ် သခင်လေး...
ခဏလောက်အနားယူပါ.."
သူ့တပည့်တွေက ရေနဲ့အစားအသောက်
တွေရှာလာသည်။
"သူ့ကိုကျွေးလိုက်.."
ခခ နဲနဲတော့မူပြီး ယူမစားပေမယ့်...
လမ်းအဝေးကြီးလျှောက်လာရတာမို့..
ဗိုက်ကပုန်ကန်နေသောအခါ..
တောထဲကခူးလာတဲ့လက်လက်ဆက်ဆက်အသီးမှည့်တွေကအရမ်းချိုတော့
သူမ တစ်လုံးပြီးတစ်လုံးယူစားမိသည်။
စားနေရင်းဖိုးဖိုးကိုသတိရလာပြန်သည်။
လူ့စိတ်ကအတော်ထူးဆန်းတာပဲ...မနေ့
တနေ့ကမှဖိုးဖိုးဆုံးတာကို..အခုငါကဘာ
မှမဖြစ်သလိုနဲ့ စားသောက်နေရလား...
"တော်ပါပြီ ခခ မစားတော့ဘူး.."
"ကုန်လည်းကုန်နေပါပြီ...."
ဟင်....
သူမကိုကြည့်ပြီး ဗမာလိုပြောပြီးရီနေကြတာကြောင့်...သူမရှက်သွားသည်။
အကျင့်မကောင်းတဲ့လူတွေ...
.................
သူ့ဒဏ်ရာကိုဒိုင်းရိပ်ကဆေးပြန်စည်းပေး
နေတော့...သူမတဖက်သို့လှည့်ထိုင်နေသည်။
နဲတောင်နဲသေးတယ်... ဟွန့်...
သူတို့ဆေးထည့်ပြီး ပြန်ကြည့်တော့သူမ
မရှိတော့...
"တောက် ဒီမိန်းကလေး ဘယ်လစ်သွား
ပြန်ပြီလဲ...ရှာကြစမ်း.တွေ့ရင်ပစ်သတ်လိုက်.."
"မ်ိန်းကလေးက ဟိုမှာပါသခင်လေး..."
အနားမှာရှိတဲ့ စမ်းချောင်းဘေးမှာထိုင်ပြီး
သူမပန်းတွေကောက်ပြီးခွေထားတဲ့ပန်း
ခွေလေးကိုေရထဲမျှောကာ..
"ဖိုးဖိုး.. အခုအဖွားနဲ့တွေ့နေပြီလားဟင်..
ဖိုးဖိုးရော ဖွားဖွားကော ခခကိုဒီအရွယ်ထိ
စောင့်ရှောက်ပေးခဲ့တာကိုကျေးဇူးတင်ပါ
တယ်...
ခခ သိပါတယ်.. ခခကမြေးအရင်းမဟုတ်
မှန်း... အဖိုး၊နဲ့အဖွားပြောနေတာကိုခိုးနား
ထောင်ခဲ့မိလို့လည်းတောင်းပန်ပါတယ်..
ခခ မသိသလိုနေခဲ့တာက..ခခမှာသွား
စရာနေရာမရှိလို့ပါ...
ဖိုးဖိုးက သူ့နောက်လိုက်ပြီးခခရဲ့မိဘတွေ
ကိုရှာစေချင်တာမှတ်လား..
ဟုတ်ကဲ့.. အဲ့လိုလုပ်ပါ့မယ်.."
အဟင့် ဟင့်.....
မျက်ရည်တွေကိုလက်ခုံနဲ့ပွတ်သုတ်ရင်း..
"အခု ခခက်ိုစိတ်ချပါနော်..နောက်ဆံတင်း
ရင်ဘ၀ကူးမကောင်းဘူးလို့ပြောတယ်..
ခခ အတွက်စိတ်မပူပါနဲ့တော့.. ခခ ဟိုလူ
ကြီးနဲ့လိုက်သွားပြီး ခခရဲ့နေရာအမှန်ကို
ပြန်ရှာပါ့မယ်...
ဖိုးဖိုး ကောင်းရာသုဂတိလားပါစေ..."
၀မ်းနည်းတကြီးငိုနေတဲ့မိန်းကလေးကိုသူ
အကြာကြီးရပ်ကြည့်နေမိသည်။
ခခ ငိုလို့၀မှသတိရပြီးပြန်ထလာကာ...
သူ့နားလျှောက်လာရင်း..
"ဘာလို့ ဒီလိုကြည့်နေတာလဲ...ငိုနေတဲ့
မိန်းကလေးကိုမမြင်ဘူးလို့လား...
မဟုတ်ရင် ခခ ထွက်ပြေးမှာစိုးလို့လား...
ခင်ဗျားကြီးစ်ိတ်ချပါ.. ထွက်မပြေးပါဘူး..
အခုပြေးလည်း ခင်ဗျားလက်ထဲမိမှာပဲကို..
ပြေးစရာနေရာမှ မရှိတာ.."
"ကြည့်ရတာ မင်းကိုငါအကြောက်တရား
တွေသင်ပေးရအုံးမယ်..ထင်တယ်.."
ခင်ဗျားကိုမကြောက်ဘူး...မုန်းတာ...
>>>>>>>>>>>>>>
သူတို့ထပ်ပြီးခရီးဆက်လာရင်း.. ထိုင်းနိုင်
ငံနယ်နိမိတ်ကိုကျော်လွန်ပြီး..ထိုင်းအား
နှုတ်ဆက်လိုက်သည်။
သူတ်ို့ရပ်နားပြီးတစ်စုံတစ်ခုကိုစောင့်နေကြဟန်တူသည်။
တစ်နာရီလောက်စောင့်ပြီးမှ..
ပြောင်လက်နေသောကားတစ်စီးနှင့်အတူ
နောက်ကားအနက်၂စီးပါ..သူတို့အရှေ့သို့ထိုးရပ်လာသည်။
ကားတွေပေါ်မှ.. ၀၀ပုပု၊ပိန်ပိန်ရှည်ရှည်၊
မဲမဲသဲသဲ၊မျက်လုံးပြူးပြူး...
စသောပုံသဏ္ဏန်အစုံနဲ့လူလေးယောက်
ဆင်းလာသည်။
သူ့ရှေ့မှာခပ်ရို့ရို့လာရပ်ရင်း..
"ပြန်လာပြီလား...သခင်လေး.."
"သခင်လေးစောင့်နေတာကို ၁နာရီတိတိ
နောက်ကျတယ် မင်းတို့.."
ဒိုင်းရိပ်ကပြောပြီး အဲ့လေးယောက်ရဲ့ခြေ
သလုံးတွေပိတ်ကန်ပစ်သည်။
"တော်တော့်.. ဒီကောင်တွေကိုရိုက်လည်းအကျိုးမရှိဘူး.အေရကထူနေတာ...
ဘယ်လောက်ပြောပြောအမှတ်မရှ်ိဘူး
နွားကိုစမူစာကျွေးရတဲ့အတ်ိုင်းပဲ.."
ငင့်...
"ပလာတာပါ သခင်လေး.."
"မင်း.."
"တောင်းပန်ပါတယ်....."
မှားတာထောက်ပြရင်လည်း မကြိုက်ပြန်ဘူး..
သူကားပေါ်လှမ်းတတ်တော့..တံခါးဝိုင်း
ဖွင့်ပေးကြသည်။ပြီးနောက်သူတို့လည်း
တခြားကားပေါ်တတ်ဖို့လုပ်သည်။
"ရပ်စမ်း...မင်းတို့မပါဘူး....
လမ်းလျှောက်ပြန်ခဲ့.."
ငင့်...အပြစ်မပေးတော့ဘူးလို့ထင်နေတာ..
"ကားတားစီးလာရင် အသေပဲ.."
"ဟုတ်ကဲ့ ပါသခင်လေး.. "
>>>>>>>>>>>
မကြာခင်ပဲ သူတို့ကားတွေခြံ၀င်းတစ်ခုထဲ
သို့မောင်း၀င်လာခဲ့သည်။
တော်တော်ဝေးဝေးမောင်းမှ အိမ်ကြီးကို
မြင်ရသည်။
ဥရောပဒီဇိုင်းဆောက်ထားသောအိမ်မကြီးအပြင်မျက်နှာစာတစ်ဖက်သို့လှည့်ထားသော..တိုက်တစ်လုံးလည်းရှိသည်။
ကားပေါ်တီထဲထိုးရပ်လိုက်တာနဲ့.. ရပ်ကြိုနေတဲ့လူတစ်စုက ခေါင်းငုံ့ကာ..
"အိမ်ပြန်လာတာကြိုဆိုပါတယ်..သခင်လေး.."
"သခင်ကြီး စောင့်နေပါတယ်.."
သူကစကားပြန်မဆိုပဲ..အထဲသို့လှမ်း၀င်
သွားသည်၊
ခခ ကိုလည်းဒိုင်းရိပ်ကခေါ်လာသည်။
အထဲမှာ ခြေချိတ်ရက်သားထိုင်နေတဲ့လူ
ကြီးအား...
"ကျွန်တော်ေရာက်ပါပြီ.."
"အနီသွေး... မင်းတော်တော်အပိုပြသနာ
ရှာတဲ့ကောင်ပဲ..."
"လုပ်သင့်လို့လုပ်ခဲ့တာပါ.."
သခင်ကြီးက မိန်းကလေးကိုမျက်လုံးဝေ့ဝဲကြည့်ကာ...
"သူမက ဘယ်သူလဲ.."
"ကျွန်တော် ခေါ်လာတဲ့မိန်းကလေး.."
မိန်းကလေးကိုသေချာအကဲခတ်ကြည့်သည်။
ခခလည်းသူတ်ို့ ဗမာလိုပြောလို့နားမလည်ပေမယ့်...သူမကိုစိုက်
ကြည့်နေမှန်းသိ၍ ကြောက်မိသည်။
ကြောက်စရာကြီးကို...
ဒီတစ်ယောက်ထက်ပိုဆိုးတဲ့လူထင်တယ်..ဘုရား...ဘုရား
"တစ်ယောက်ဆုံးတာဘာကြာသေးလို့လဲ..."
"ကျွန်တော်လည်း သခင်ကြီးခြေရာအမှီ
နင်းမှာပါ"
"မင်းကိုစောင့်ကြည့်နေတာ မမေ့နဲ့."
"ဟုတ်ကဲ့.. အခုခိုင်းစရာရှိပါသလား."
"မင်းဒဏ်ရာတွေအရင်ဆေးကု.."
"ဒါဆို သွားခွင့်ပြုပါ....
ဟေ့.. လာ.."
သူမကိုဆွဲခေါ်ပြီး အနားကထွက်သွားဖို့
လုပ်လျှင်...
[ဟို မိန်းကလေး....]
ထိုင်းလိုခေါ်တာကြောင့် ခခပြန်လှည့်ကြည့်သည်။
[ငါ့သားကို သေချာပြုစုပေးလိုက်..]
ဟင်...ဒါဘာပြောတာလဲ...
"မင်း လာစမ်း.."
သခင်ကြီးရှေ့ကနေသူမကိုအမြန်ဆွဲခေါ်
သွားဖို့လုပ်သည်။
သခင်ကြီးကအိမ်တော်ထိန်းကိုလှမ်းကာ..
"မြင်လား..မင်းတ်ို့သခင်လေး...
ပထမဦးဆုံးအိမ်ခေါ်လာတဲ့မိန်းကလေးပဲ..
သူ့အတွက်ပွဲစီစဉ်ပေးလိုက်အုံး.."
"ဟုတ်ကဲ့.."
Bloodကပြန်လှည့်ကြည့်ပြီး..
"မလိုပါဘူး...ပြီး၇င် ပစ်ရမှာပဲကို.."
မင်းအဲ့လိုလုပ်နိုင်မလား..စောင့်ကြည့်နေမယ်...အနီသွေး
=========================
တစ်ဖက်ကိုမျက်နှာစာလှည့်ထားတာကမှ
Bloodရဲ့အိမ်ဖြစ်သည်။
နှစ်ခုဆက်ထားပေမယ့်..တစ်ယောက်တစ်အိမ်နေသည်။
အိမ်မကြီးမှာ အဖေ့ရဲ့မိန်းမတွေဧည့်သည်
တွေနဲ့အမြဲတမ်းနီးပါး..ပွဲရှိပြီးလူသံ
ဆူညံပေမယ့်....bloodကတိတ်ဆိတ်တာကိုကြိုက်သည်။
သူ့အိမ်ထဲကို တရပ်စပ်သူမအားဆွဲခေါ်လာသည်။
"လွှတ်ပါအုံး.. ခုနကဘာပြောတာလဲ..
အဲ့လူကဘယ်သူလဲ.. ရှင့်အဖေလား...
ဘာလို့ ခခ ကရှင့်ကိုပြုစုရမှာလဲ..."
"မင်းအခုထိ နားမလည်ဘူးလား..."
ခခ အတန်ငယ်စဉ်းစားကာ..
"ခခ ကိုခင်ဗျားရဲ့မိန်းမလုပ်ခိုင်းနေတာလား..
ဟင့်အင်း.. မလုပ်ဘူး.."
"ဒါဆို မင်းအဖိုးလိုအစေခံလုပ်မလား..
အစေခံဆ်ိုရင် သခင်ကြီးသဘောကြရင်
မင်းသူ့အခန်းထဲလဲသွားရမယ်..
ဒါကော အဆင်ပြေလား...
ငါဆိုရင် သခင်ကြီးထက်ပိုမကောင်းဘူးလား.."
"ခင်ဗျားကြီးနော်.."
ကျွတ်...
"ဒီမှာချာတိတ် အဲ့လောက်ကြီးဖြစ်မနေနဲ့
မင်းကိုငါ အကြောင်းရှိလို့ခေါ်ထားရယုံပဲ..
မင်းကိုငါစိတ်မ၀င်စားဘူး
မင်းလိုကလေးကလားပုံစံကငါ့အကြိုက်မဟုတ်လို့....
ဒီတော့ မင်းသာ ငါ့ကိုကြိုက်မနေရင် ရပြီ..."
သေလိုက်ပါလား..အကြောကြီးနဲ့...
သူမကိုအခန်းတစ်ခုထဲဆွဲခေါ်လာသည်။
"ဒါက ခင်ဗျားအခန်းမဟုတ်လား.."
"ဟုတ်တယ်...လောလောဆယ်တော့မင်း
ဒီမှာနေ..သခင်ကြီးခရီးသွားရင်မင်းအတွက်နေရာစီစဉ်ပေးမယ်..."
ထိုစဉ်...သူ့တို့အခန်းနားလျှောက်လာနေ
သောခြေသံကြာင့်...
သူမကိုဆွဲပြီးကုတင်ပေါ်ပစ်လှဲချလိုက်သည်။
"ခင်ဗျား ဘာ ဘာလုပ်တာလဲ..
ခုနကပြောတော့.."
"အသာနေစမ်း.."
သူမကိုဆွဲဖက်ထားသည်။
ဒေါက် .ဒေါက်...
"ဘယ်သူလဲ.."
"သခင်လေး..ကျွန်တော်ပါ..."
"၀င်လာခဲ့.."
.....
အိမ်တော်ထိန်း၀င်လာကာ...သူတို့ပုံစံကို
မြင်ပြီး...
"သခင်လေးတို့ကိုအနှောက်အယှက်ပေးမိပါပြီ.."
"ဘာကိစ္စလဲ.. "
"သခင်လေးကိုကြည့်ဖို့ ဆရာ၀န်ရောက်
နေပါပြီ.."
."မြန်မြန်ဆန်ဆန်ကြီးလား.."
"သခင်ကြီးကသခင်လေးကိုဂရုစိုက်ဖို့
မှာထားလို့ပါ.."
မဖြစ်နိုင်တာတွေ...ဒါပေမယ့်..
"၀င်လာခိုင်းလိုက်.."
သူ့ကိုဆရာ၀န်၀င်လာကြည့်ပေးသည်။
ခခလည်းအနားမှာ မကြည့်ချင်ပေမယ့်
မြင်နေရသည်။
"ဒဏ်ရာတချို့ကပြည်တည်နေတာကြောင့်..ဆေးပုံမှန်ထည့်ပြီး..သောက်ဆေးလည်းပုံမှန်သောက်ပါ.."
"သိပြီ.."
ဆေးကုလို့အပြီးမှာအိမ်တော်ထိန်းက...
"ဒါဆို ကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံး.."
"အင်း."
ခခဘက်သို့လှည့်ကာ..
T လို[မိန်းကလေး..သခင်လေးဒဏ်ရာတွေက
ရေထိလို့မရသေးလို့..ရေမချိုးခိုင်းပါနဲ့...
သခင်လေးကိုကောင်းကောင်းဂရုစိုက်ပေးပါ..]
[ရှင် အဲ ဟုတ်..]
.......
သူတို့ထွက်သွားမှ...
"ခင်ဗျားရဲ့ မိသားစုကဒီလိုပဲလား..."
"မင်းတစ်ခုသိထားရမှာက.. မင်းသိချင်တာ
တစ်ခုချင်းစီငါလိုက်ရှင်းပြမှာမဟုတ်ဘူး..
မင်းဖာသာအားလုံးနားလည်အောင်ကြိုးစား.. ချာတိတ်
ပြီးတော့...ထိုင်းမှာတုန်းကအကြောင်း
တွေကိုမေ့လိုက်..မင်းကဘိုးစံသာရဲ့မြေး
မှန်းဘယ်သူ့ကိုမှမပြောနဲ့....
မင်းအဖိုးကအိမ်တော်ကထွက်ပြေးနေတဲ့
အစေခံဟောင်းမှန်း အဖေသိရင်မင်းအတွက်ကောင်းစရာမရှိဘူး.."
"မင်းကိုအဖေကစောင့်ကြည့်နေလိမ့်မယ်.
အမှားမလုပ်မိစေနဲ့..အထူးသဖြင့်အိမ်တော်ထိန်းရှေ့မှာ..."
"ဒါက လူနေတဲ့အိမ်လား...ငရဲလား.."
"ကြိုက်သလိုမှတ်ပြီး... အဆင်ပြေသလို
နေ... ငရဲဖြစ်ဖြစ်အိမ်ဖြစ်ဖြစ်သေချာတာ
တော့ ...ဒါလက်ရှိမင်းနေရမယ့်နေရာ.."
"ကျစ်..ငါစကားတွေအများကြီးပြောမိပြန်
ပြီ.. ပင်ပန်းနေတယ် .. .အနားယူချင်ပြီ.."
ပြောပြီးသူကအိပ်သွားလျှင်...
ခခ ကဘယ်နေရာမှာဘယ်လိုနေရပါ့...
>>>>