When a man falls in love...(C...

By wookiekyoe

171K 5K 148

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြ... More

Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END

part 4 uni

6K 245 6
By wookiekyoe

မိန်းခ‌လေးတစ်ယောက်ကိုချစ်မိရင်..💖
When a man falls in love

အပိုင်း..၄

Breaking new...
ထိုင်းမင်းသမီးရင်က သူမရဲ့အိမ်ခန်းထဲမှာ
ဓားဒဏ်ရာအချက်ပေါင်းများစွာနဲ့သေဆုံး
.....အမှုမှန်ပေါ်ပေါက်‌ေရးအတွက်ထိုင်းရဲ
တပ်ဖွဲ့မှ..အသေးစိတ်စုံစမ်းလျှက်ရှိပါတယ်...]

တီဗီမှာလာနေတဲ့သတင်းအစီအစဉ်ကြောင့်..သူမနားမျက်စိများပင်မယုံကြည်နိုင်..  လွန်ခဲ့တဲ့၃ရက်ကမှဘန်ကောက်
ကိုပြန်သွားတဲ့မရင်ကအခုသေပြီတဲ့လား..

"အား...မဟုတ်ဘူး..အီး ဟီး.."
ခခ အပေါ်ထပ်မှာအော်ဟစ်သောင်းကျန်း
နေတာကြောင့် သူ့အဖိုးပြေးတတ်လာပြီး

"ဟဲ့ မြေး... ညည်းဘာဖြစ်နေတာတုန်း.."

"ဖိုးဖိုး လာကြည့်ပါအုံး..မရင်လေ..
သူသေပြီတဲ့.. အသတ်ခံရတာတဲ့..အီးဟီး."
"ဟေ.."
သတင်းကဆက်လက်ကြေငြာနေကာ..

[ရဲတပ်ဖွဲ့မှအတည်ပြုပြောကြားချက်အရ
သံသယရှိသူမှာ.. အမည်မသိဂိုဏ်းရာဇာ
တစ်ယောက်ဖြစ်ပြီး.. သူမ၏ချစ်သူဟောင်းလည်းဖြစ်တယ်ဟုသိ၇ပါတယ်..
အသတ်ခံရတဲ့အကြောင်းအရင်းကိုတော့
ဆက်လက်စုံစမ်းလျှက်ရှိပါတယ်]
ဗီလာရဲ့ဓာတ်လှေကားထဲကcctvမှာရိုက်
မိထားတဲ့..bloodရဲ့ပုံပါသတင်းထဲပါလာ
သည်။
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတာကြောင့်မျက်နှာမပေါ်ပဲ...ဦးထုတ်ကိုကိုင်
လိုက်တဲ့သူ့ရဲ့လက်ဖျံမှတတ်တူးကိုပဲထင်
ထင်ရှားရှားမြင်နေရသည်။

"မဖြစ်နိုင်တာ..အမရင်ကဒီလိုလူဆိုးနဲ့
ကြိုက်စရာလား...ဖိုးဖိုးရဲ့..."

သံသယရှိသူကိုကြည့်ကာ ဘိုးစံသာမှာ
ပိုမို၍ထိတ်လန့်သွားကာ..

"မဖြစ်နိုင်ဘူး..."

"ဖိုးဖိုး လည်းအဲ့လိုပဲထင်တယ်မှတ်လား..
မရင်လိုချောချောလှလှလေးက ဒီလိုလူဆိုးကြီးကိုကြိုက်စရာအကြောင်း
မရှိဘူးလေ....
ခခ ကိုတောင်ချစ်သူမရှိဘူးလို့ပြောခဲ့တာ...ဖိုးဖိုးရဲ့...
အဲ့လူသတ်သမားကြီးက မရင်ချစ်သူမဟုတ်ဘူး...
သနားစရာ ငါ့မင်းသမီးလေး..အဟင့် အဟင့်...
ငါ့မရင်ကိုသတ်တဲ့လူယုတ်မာကြီး
ဒင်းကိုလည်းရဲတွေအမြန်မိပြီး..သေဒဏ်ပေးခံရပါစေ..."

"ဟေ့မြေး ဘာလို့သူများကိုကြိမ်ဆဲနေရ
တာလဲ.. သူသတ်တာဟုတ်ချင်မှဟုတ်မှာ
ပါ..."
"ဖိုးဖိုးက သူ့ကိုသိလို့လား.. ဘာလို့လူဆိုး
ကိုကာကွယ်ပြောနေတာလဲ..."

"ကဲ ပြောလေခက်လေ.."
"မသိဘူး..မသိဘူး..ခခ အဲ့လူကြီးကိုမုန်းတယ်.."
===========================

အခုထိထိုင်းနိုင်ငံမှာရှိနေသေးတဲ့ blood..
ရင်သေပြီဆိုတဲ့သတင်းကိုလည်းသိပြီးပြီ
ဖြစ်သည်။
ဒါတောင် ဘာမှမဖြစ်တဲ့ပုံစံနဲ့သူ့ရဲ့အ‌ေရာင်းအ၀ယ်ကိစ္စက်ိုပဲ သွေးအေးအေးနဲ့လုပ်နေတာကြောင့်... ဒ်ိုင်းရိပ်တောင်ဝေခွဲမရ
ဖြစ်နေသည်။
¿တကယ်ပဲသခင်လေးများ
စိတ်တိုပြီးသတ်ပစ်ခဲ့သလား...|

အဖေလိုချင်တဲ့ဆေးတွေအပြည့်ရပြီဖြစ်
ကာ.. အဆက်အသွယ်နဲ့လည်းအဖေ့ဆီ
ပို့လိုက်လို့ သူ့တာ၀န်ပြီးပြီဖြစ်သည်။

သူတို့တည်းခိုတဲ့အဆောက်အဦးမှာ..
"ဒိုင်းရိပ် မနက်ဖြန်ပြန်မယ်.. အသင့်ပြင်ထား..
အခု ငါတစ်ယောက်ထဲနေချင်တယ်..အနှောင့်အယှက်မပေးနဲ့.."
"ဟုတ်ကဲ့သခင်လေး.."
>>>>>>>>>>>>>>
ဒိုင်းရိပ်ထွက်သွားမှသူမဲ့ပြုံးတစ်ချက်ပြုံး
ကာ တစ်ကိုယ်လုံးအနက်‌ေရာင်လဲ၀တ်ကာ တစ်နေရာသို့ထွက်လာခဲ့သည်။
......
ဘန်ကောက်ရဲ့အဆင့်အမြင့်ဆုံးဟော်တယ်...
လူချမ်းသာများငွေဖြုန်းတီးရာနေရာဖြစ်ပြီး..အထပ်ပေါင်းများစွာရှိသော်လည်း..
၁၉လွှာကိုတော့လူတိုင်း၀င်လို့မရပါ..
ဓာတ်လှေကားမှာ နံပတ်၁၉ကိုနှိပ်ရင်လည်းအဲ့နေရာကိုမ‌ေရာက်ပါ..

ည‌ေရာက်လာပြီမို့..ဟော်တယ်ရဲ့ညနတ်
သမီးများလည်း အလုပ်လုပ်ရန်တဖွဲဖွဲ
ရောက်လာကြသည်။
ကျော့ရှင်းလှပသောအမျိုးသမီးတစ်ယောက်လည်းထ်ိုနည်းတူပင်...

" ဆူဇီ... မတွေ့ရတာကြာပြီနော်..."
"Blood ရှင်ပါလား.."
"အရမ်းအံ့သြသွားလား...."
"မအံ့သြပါဘူး...ဒီက်ိုရှင်‌ေရာက်လာမယ်
မှန်းသိပြီးသားပါ..
ဒီအတိုင်းကျော်သွားရင် bloodဘယ်ပီသ
ပါ့မလဲ.. "

"မင်းကထက်မြက်လွန်းပါတယ်..."

"ကျွန်မကမှ ရှင်နဲ့အလိုက်ဖက်ဆုံးဆိုတာ
ရှင်သိသင့်တယ်...
သြော် ဒါနဲ့ရှင့်ချစ်သူအတွက်တော့ တကယ်စိတ်မကောင်းပါဘူး..."

"တော်တော့..ဆူဇီ က်ိုယ့်ကိုနောက်ပြောင်
မနေနဲ့.."
"ကျွန်မဘာကူညီရမှာလဲ..."
"၁၉ လွှာကိုခေါ်သွားပေး၊ မင်း၀င်လို့ရမှန်း
ငါသိတယ်.."
"ပရာဂျက်ကလည်း ရှင့်ကိုစောင့်နေမှာပဲ
ရှင်တစ်ယောက်ထဲဆိုအန္တရာယ်များတယ်
ကိုယ့်သေတွင်းကိုယ်တူးတော့မလို့လား..
Oh.. အချစ်ကလေး..ရှင့်ကိုတော့မသေစေချင်ပါဘူးနော်...."

"မင်း ကိုယ်ခိုင်းတာပဲလုပ်ပါ.."
"ဒါဆို ဘာပြန်ရမှာလဲ.."
"မင်းလိုချင်တာအကုန်ရမယ်.."

"ရှင့်ကို..ဆိုရင်ကော..
ကျွန်မအတွက်ရှင့်လောက်ဘယ်အရာမှ
မခက်ခဲဘူးလေ..."
"၀k.."
"ရှင်အခု သဘောတူတာလား.."
"ဘာဖြစ်လို့လဲ ကိုယ်လည်းမိန်းကလေးတွေနဲ့နေရတာကိုသဘောကြပါတယ်..
သွားမယ်.. လာ..."
....
ဆူဇီနဲ့သူအခန်းတစ်ခုယူကာ.....
အခန်းအတွင်း၌ သူကဝှက်ယူလာတဲ့ပစ္စ
တိုကိုတပ်ဆင်နေသည်။
ဆူဇီ က‌ေရချိုးခန်းထဲထွက်လာပြီး..

"ဟန်နီ...ကျွန်မဘယ်လ်ိုနေလဲ..."
"So ugly.. "
"ရှင်နော်.."
ဆူဇီကသူ့ပေါင်ပေါ်တတ်ထိုင်ကာသူ့မျက်နှာကိုဆွဲယူပြီး.. အနမ်းများစတင်ခဲ့သည်။

သူဆူဇီကိုပြန်နမ်းရင်း.. ကုတင်ပေါ်ကိုလှဲ
ချလိုက်သည်။
ထိုစဉ် သူ့လက်ပတ်နာရီမှ alarm မြည်လာ
ရာ....
"ဆောရီး..မိုးလင်းနေပြီ လေဒီ..."
."မဖြစ်နိုင်တာ.. "
"ကိုယ်ကဒီနာရီနဲ့ပဲအလုပ်လုပ်တယ်..."
"ဘယ်ကစံတော်ချိန်လဲ.."

"Landon.. .
ကိုယ်အဲ့ကပြန်လာတာမကြာသေးလို့..."

"ရှင်ပြောတော့ မိန်းကလေးတွေနဲ့နေရတာကိုကြိုက်တယ်ဆို..."
"အသက်ကြီးတဲ့မိန်းမတွေကချွင်းချက်.."

"Blood လူဆိုးကောင်.."
"ရင်လည်း အဲ့လိုခေါ်ခဲ့တာပဲ..."
"ရှင်နော်.."
"ကဲ ထပါ ကိုယ်နောက်မကြချင်ဘူး.."

အနီသွေးဆီအညာခံရပေမယ့်လည်း..ကပြာကယာထပြီးအ၀တ်လဲကာသူ့ကို
လိုက်ပို့ရသည်။

၁၉ထပ်က လက်‌ေဗွရာဖတ်ပြီးမှတတ်လို့
ရတာဖြစ်သည်။
နတ်ပြည်‌ေရာက်သလိုပါပဲ..
အထဲမှာ spa..အနှိပ်ခန်း၊ကာရာအိုကေ
အရက်ဘားများအစုံအလင်ရှိကာ...ပရာ
ဂျက်ရဲ့ဘုံဗိမ္မာန်ပဲဖြစ်သည်။

"ဟန်နီ ကျွန်မဒီအထိပဲပို့ပေးနိုင်မယ်.."
"အိုကေ.. ဒါမင်းအတွက်.."
သူမလက်ထဲသို့ဒေါ်လာတစ်အုပ်ထည့်ပေးလိုက်သည်။
သူမက..သူ့မေးဖျားကိုမော့နမ်းရင်း...
"ဂရုစိုက်ပါ... ရှင်နဲ့ပြန်ဆုံချင်သေးတယ်.."
"Thank u.."

ဆူဇီနဲ့လမ်းခွဲပြီးသူတစ်ယောက်ထဲ ပရာဂျက်ကိုလိုက်ရှာရသည်။
အနှိပ်ခန်းရှေ့မှာအစောင့်၂ယောက်ရှိတာ
မို့အထဲမှာပရာဂျက်ရှိတာသေချာပြီ...

အစောင့်၂ယောက်ကိုအနောက်ကနေ
ချည်းကပ်ကာလက်နက်မသုံးပဲတ်ိုက်ခိုက်
သည်။

အထဲမှာပရာဂျက်ကအနှိပ်ခံနေကာ...
တပည့်တွေလည်းအနားမှာအများကြီး
ထားထားသည်။
"အပြင်မှာဘာဖြစ်တာလဲ သွားကြည့်စမ်း."

တစ်ယောက်ကတံခါးဖွင့်လိုက်လျှင်...
တံခါး၀မှာမားမားကြီးရပ်နေတဲ့ bloodက
ထိုသူအား..နှလုံးနေရာသို့တစ်ချက်ထဲထိုး
စိုက်လိုက်သည်။

"ပရာဂျက်..တွေ့ရတာ၀မ်းသာပါတယ်.."
"မင်း..."
"ဟေ့ကောင်တွေ အဲ့ကောင်ကိုအသေသတ်..."

ပရာဂျက်ကလက်နက်ကောက်ဆွဲပြီးသူ့
ကိုပစ်ဖို့ကြံလျှင် .... သူကလည်းအကျီထဲ
ကပစ္စတိုနှစ်လက်ကိုထုတ်ကာ ဘယ်ညာ
ကိုင်ပြီး.. ပရာဂျက်ကိုမသေမချင်းအရင်ပစ်သည်။
ဒိုင်း....ဒိုင်း....ဒိုင်း...
သူတပည့်တွေကလည်းသူ့ကိုပြန်ပစ်တာ
မို့.. လက်မောင်းတစ်ချက်တော့ထိသွား
သည်။
ဒါပေမယ့် ပရာဂျက်တို့ကအလစ်အငိုက်တ်ိုက်ခိုက်ခံလိုက်ရတာမို့..bloodကအ
သာစီးရကာ...အခန်းထဲမှာအကုန်သေပြီး
သွေးချောင်းကြီးပင်အပြင်ကိုစီးကြလာ
သည်။

သူအပြင်သို့ပြန်ထွက်လာတော့..ကော်ရစ်
တာလမ်းတလျှောက်မှာ ပရာဂျက်ရဲ့လူတွေနဲ့ဆုံပြန်သည်။

လူတွေကနေရာတိုင်းကနေထပ်ထွက်လာတာမို့.. သူ့သေနတ်မှာကျည်ဆံတစ်
တောင့်ပဲကျန်တော့သည်။
သူ့ဆီလာနေတာလူ၂ယောက်..
သူလည်းအမြဲတမ်းကံမကောင်းနိင်ပါလား..

နောက်ဆုံးကျည်ဆံကိုအသုံးပြုလိုက်သည်။ဒါပေမယ့်တစ်ယောက်တော့ကျန်နေကာ..
ဒိုင်း...တစ်ချက်...ဒိုင်း...နှစ်ချက်...
ဒိုင်း....သုံးချက်...
အ...
ဒိုင်း...နောက်တစ်ချက်ထပ်ကြားလိုက်ပေမယ့်...သူ့က်ိုလာမထိဘူး..

ထို့နောက် သူ့အမြင်အာရုံတွေလည်းမသဲ
ကွဲတော့ပါ...
သူ့ဆီတစ်ယောက်ယောက်ပြေးလာနေတယ်...
ဖြူလွှလွှ၀တ်ရုံနဲ့... သူ့ကိုပြေးလာထူတာ
က.... ရင်....
ထို့နောက် သူဘာဆိုဘာမှမသိတော့ပါ...

®®®®®®®®®®®®®®®®®®
♬ ♬ ♬
ညနက်လူခြေတိတ်ချိန်...လေချွန်သံလို
လိုထွက်ပေါ်လာတာကြောင့် ဘိုးစံသာ
အိပ်ယာကနေငေါက်ခနဲထထိုင်လိုက်သည်။
ပြတင်းပေါက်တံခါးဖွင့်ကာခြံထဲကိုတ
ချက်ကြည့်ပြီး၊ ချက်ချင်းဓာတ်မီးယူကာ
ဆင်းလာခဲ့သည်။

"မင်း‌ေရာက်နေမှန်းသိတယ်..ထွက်လာခဲ့."
"မတွေ့တာကြာပြီ ဘိုးစံသာ.. ."
"ဒိုင်းရိပ်..သခင်လေးကော..
အခုထိ ထိုင်းမှာရှိနေတုန်းလား.."

"အဲ့တာကြောင့် ခင်ဗျားအကူအညီလို
တယ်...သခင်လေးကဒဏ်ရာအပြင်းအထန်ရထားပြီး သတ်ိမေ့နေတယ်...
ဒီတိုင်းပြန်ခေါ်သွားလို့်မဖြစ်ဘူး...
ဒီမှာနေပြီးဆေးကုပေးမှဖြစ်မယ်..."

"အခုဘယ်မှာလည်း ခေါ်လာခဲ့ပါ..."

"ခင်ဗျား အဆင်ပြေပါ့မလား.."
"တသက်လုံးရှောင်ပုန်းနေလို့မှမရတာ..
တစ်ချိန်ချိန်တော့ပြန်တွေ့ရမယ့်လူပဲ..."

"ကောင်းပြီလေ...အသင့်ပြင်ထားပါ.."
=====================
အိမ်မက်ကမ္ဘာထဲလွင့်မြောနေတဲ့ ခခ...
ရုတ်တရက်ဖိုးဖိုးလာနိုးလို့အိပ်ချင်မူးတူးနဲ့
ထလာသည်။
"ဘာလို့လဲ ဖိုးဖိုးရာ အစောကြီးရှိသေးတယ်.. ခခနဲနဲလောက်ပြန်အိပ်.."

အခန်း၀မှာလူရိပ်တွေမြင်လိုက်ရတာကြောင့် ခခ လန့်သွားကာ...
"ဖိုးဖိုး သူတို့ကဘယ်သူတွေလည်း
သူများအိမ်ကိုညကြီးဘာလာလုပ်တာလဲ.."

"ရူး တိုးတိုး...သူတို့ကအန္တရာယ်ပြုမယ့်သူ
တွေမဟုတ်ဘူး..
ဖိုးဖိုးမှာကိစ္စလေးရှိလို့ မြေးအောက်ထပ်
ကအခန်းထဲမှာဆင်းနေပါ..  ဘာသံကြား
ကြားအပေါ်ထပ်ကိုတတ်မလာရဘူး..
ခြံထဲကိုလည်းမဆင်းရဘူး.. ကြားလား.."

"ဘာဖြစ်နေတာလဲ ဖိုးဖိုး ခခကိုလည်းရှင်း
ပြပါအုံး.."
"ဖိုးဖိုး နောက်မှရှင်းပြမယ်.. အခုအောက်
ကိုသွား...ဖိုးဖိုးစကားနားထောင်.."

ခခ ဆောင့်ဆောင့်အောင့်အောင့်နဲ့အောက်ထပ်ကအခန်းထဲသို့၀င်နေရသည်။
မကြာပါ..ဖိုးဖိုးနဲ့တစ်စိမ်းယောက်ျားနှစ်ယောက်ကတစ်စုံတစ်ရာကိုသယ်ဆောင်
လာပြီး လှေကားပေါ်တတ်သွားတာကို
သူမအခန်းထဲကနေချောင်းကြည့်နေသည်။
#ဘာကြီးတုန်းဟ...
>>>>>>>>>>>>>>>>>>
"ဘိုးစံသာ.. ခုနကမိန်းကလေးက.. ဧကန်န..ဟိုကလေး.."
"ဟုတ်တယ်..မင်းခေါ်လာတဲ့ကလေးမလေးပဲ..."
"သူ့ကိုဂေဟာပို့ခိုင်းတာလေ.."
"ဇနီးက မွေးစားချင်တယ်ဆ်ိုလို့ပါ.."

"သူ ကျုပ်ကိုမှတ်မိမှာပေါ့..."

"မမှတ်မိနိုင်ပါဘူး..မင်းခေါ်လာတော့
ကလေးမလေးကအဖျားအရမ်းကြီးပြီး
အကြာကြီးမေ့မျောနေခဲ့တာ...
နိုးလာတော့ ဘာမှမေးမရဘူး..
ငါတ်ို့လင်မယားကို သူ့အဖိုးအဖွားလို့ထင်
နေရှာတာ.."

"ဒီကိစ္စ သခင်လေးသိလို့မဖြစ်ပါဘူး.."
"မင်းနဲ့ ငါပဲသိတာမို့.. နှုတ်ပိတ်ထားရင်
ရပါပြီ.."
....

"သခင်လေးရဲ့ဒဏ်ရာကတော်တော်ပြင်း
တာပဲ...မင်းအနားမှာရှိနေပြီးဘယ်လို
စောင့်ရှောက်နေတာလဲ.."

" ကျုပ်ကိုမခေါ်ပဲ တစ်ယောက်ထဲသွား
တာပါ၊ ဆူဇီဆိုတဲ့အပျော်မယ်သာကျုပ်ကို
မဆက်သွယ်ရင် သခင့်အသက်တောင်
မှီလိုက်မှာမဟုတ်ဘူး...
တကယ်တော့ ကျုပ်အသုံးမကျတာပဲ..
ပရာဂျက်ကိုဒီအတ်ိုင်းထားမှာမဟုတ်မှန်း
သိရက်သားနဲ့..."

"မင်းသမီးရင်ရင် သေတာနဲ့ပတ်သက်နေ
တာလား..."

"ခင်ဗျားဘယ်လိုလုပ်သိလဲ..."
"သတင်းမှာတွေ့တယ်.. ငါကသခင်လေး
အနား၁၀နှစ်ကျော်နေလာတာပါ.."

"သခင်လေး သတ်တာတော့မဟုတ်ဘူး.."
"အင်း...ငါလည်းသိပါတယ်.."
>>>>>>>>>>>>>>>>

ဘိုးစံသာကအားခြင်းဆရာ၀န်ရှာကာ...
Bloodကိုကုသပေးခိုင်းရသည်။

"ကိုယ်တွင်းသွေးလွန်နေတယ်...ဆေးရုံ
သွားရင်အကောင်းဆုံးပဲ..."
"ဆေးရုံသွားလို့ရရင် ခင်ဗျားဒီမှာရှိမနေဘူး.."
"ကျုပ် အတတ်နိင်ဆုံး ကုပေးထားပါတယ်.. ဘယ်တော့သတ်ိပြန်ရ
မလဲတော့ အာမမခံဘူး..."

ဘတ်ငွေ၂သောင်းပေးကာ..ဆရာ၀န်ကို
ပြန်ခိုင်းလိုက်သည်။
ဒါပေမယ့်...ဒိုင်းရိပ်ကဓားထုတ်ပြီး
နောက်ကနေအပြတ်ရှင်းဖို့ကို..

"မလုပ်နဲ့ သူ့ကိုသတ်လိုက်ရင်သခင်လေး
ကိုဘယ်သူကုမှာလဲ..."

"သူကယုံလို့ရပါ့မလား..."
"ရပါတယ်...သူကအမှောင်လောကသား
တွေကိုကုတဲ့ ကြေးစားဆရာ၀န်ပါ.."
"ပြီးတာပဲ..."
............................

ကိုယ့်ဟာကိုယ်နေရင်းထိုင်ရင်း အိမ်ထဲမှာအကျဉ်းကျနေရတဲ့ခခ...
ဘယ်က‌ေရာက်လာပြီး ဘယ်သူတွေမှန်း
လည်းမသိ၊ သူများအိမ်ကိုအနုကြမ်းစီး
ထားတယ်..
ဖိုးဖိုးကလည်းသူတို့နဲ့တစ်ဖွဲ့ထဲလိုလို..

ခခ ရဲ့ဟန်းဖုန်းကိုလည်း အဲ့ထဲကဆာမူရိုင်းလိုလူကပိုင်စိုးပိုင်နက်နဲ့ယူသိမ်းသွားသေးတယ်...

အပေါ်ထပ်ကိုသယ်သွားတာ အလောင်း
ကောင်ကြီးလား၊ ဘာကြီးလားမသိဘူး..
ဆရာ၀န်နဲ့ဆေးပစ္စည်းတွေယူလာတာ
ကိုလည်းချောင်းကြည့်ရင်းမြင်သည်။

ဆာမူရိုင်းလိုလူက အဲ့အနားကမခွာပဲ
အမြဲစောင့်နေကာ... ဖိုးဖိုးကတတ်လိုက်ဆင်းလိုက်နဲ့ဗျာများနေတာ..
ခခကိုတောင် ရှိတယ်မထင်ဘူး..

ခြံထဲလည်းဆင်းလို့မရပြန်ဘူး... ခြံထဲမှာ
လည်းနောက်ထပ်၂ယောက်ကစောင့်နေ
သေးတယ်...
သူတို့အိပ်တာလည်းမတွေ့ဘူး..

နေရတာမွန်းကြပ်လိုက်တာ...
.........
ပန်းတွေကိုအရမ်းဂရုစိုက်တဲ့ဖိုးဖိုးကအခု
တော့‌ေရတောင်မလောင်းအားပါ...

ဒီလောက်ဂရုစိုက်နေရအောင်အဲ့အလောင်းကောင်ကြီးကဘာမို့လို့လဲ...
ငါသိရမှဖြစ်တော့မယ်...
>>>>>>>>>
ဒိုင်းရိပ်..သခင်ကြီးဆီသို့လှမ်းပြီးသတင်း
ပို့ရသည်။

"အနီသွေး ဆိုတဲ့ကောင်သေပြီလား.."
"သခင်လေးကအခု လုံခြုံတဲ့နေရာမှာ
ရှိနေပါတယ်... သခင်ကြီး..."

"တော်တော်ပြသနာရှာတဲ့ကောင်...
စံအိမ်ကိုဒီအတိုင်းပြန်ခေါ်လာခဲ့.."

"သခင်ကြီး ...သခင်လေးကအခုထိသတ်ိ
မရသေးတော့..ခေါ်လာရင်အသက်အန္တ
ရယ်စိုးရိမ်ရပါတယ်.."

"ဒိုင်းရိပ်... မင်းကိုယ့်အဆင့်က်ိုယ်မေ့နေတာလား.. ငါ့ကိုတောင်ဆန့်ကျင်မလို့
လား.."

"ကျွန်တော်မလုပ်ရဲပါဘူး.."

သခင်ကြီးကရက်စက်ပါတယ်..လမ်းမှာ
သခင်လေးသေသွားနိုင်တာကို..ဒီအတိုင်း
ဘယ်လိုပြန်ခေါ်သွားရမလဲ...ဟူးးး

>>>>>>>>
တစ်ချိန်လုံးအပေါ်ထပ်ကိုချောင်းနေတဲ့
ခခ.. ခုနကဆာမူရိုင်းအပြင်ထွက်သွားတာသေချာတယ်...
ဖိုးဖိုးကလည်းအနောက်ဖက်မှာသူတ်ို့
အတွက်ထမင်းချက်နေတယ်..
ဒါအချိန်ကောင်းပဲ...

ခခ ခြေဖော့ပြီးအပေါ်ထပ်သို့ခိုးတတ်လာ
သည်။
ကျွီ...
ကုတင်ပေါ်မှာအောက်စီဂျင်ဘူးတပ်ထား
တဲ့လူတစ်ယောက်ကဆန့်ဆန့်ကြီးအိပ်နေသည်။
အသက်တော့ရှိသေးပုံပဲ...
အသားဖြူဖြူ၊အရပ်လည်းရှည်တယ်...
မျက်နှာသေချာမမြင်ရပေမယ့် အသက်ကြီးပုံတော့မရဘူး....

ဖိုးဖိုးရဲ့ဖျင်အကျီ၀တ်ပေးပြီးစောင်ကခါး
အောက်ပိုင်းလောက်ပဲခြုံထားတာကြောင့်
ပုခုံး၊လည်ပင်းနဲ့ လက်ကတတ်တူးတွေ
ကို ခခမြင်လိုက်ရသည်။

လက်ဖျံကတတ်တူးကြောင့် ခခ အနားသို့စွေ့ခနဲ‌ေရာက်သွားပြီး..
"ဒီတတ်တူးက... မဖြစ်နိုင်တာ.. .
ဒီလူက အမရင်ကို သတ်တဲ့လူလား.."

သူ့မျက်နှာကိုအသေအချာကြည့်ချင်တာ
ကြောင့်...ခေတ္တအကြောက်တရားတွေ
ပျောက်ဆုံးသွားပြီး၊ အောက်စီဂျင်mask
ကိုဆွဲဖြုတ်လိုက်သည်။

"တကယ်ပဲ ဒီလူလား...."😱
မျက်၀န်းတွေမှိတ်ထားပေမယ့်..မျက်တောင်အတိုစိတ်စိတ်ကလေးတွေကကော့နေသည်။
ဆံပင်ကဘေးခွဲကေကိုမှ နဲနဲရှည်ကာဘုတ်သိုက်ဖြစ်နေသည်။
နှာတံကစင်းစင်း..နှုတ်ခမ်းမွေးစစတွေပေါက်နေပေမယ့်..နှုတ်ခမ်းကြပါးပြီး...
ကြည့်ရမဆိုးပါ..

မရင်ရဲ့ ချစ်သူဟောင်း၊ဂိုဏ်းစတား..
ဟုတ်မဟုတ်သူမတွေးနေရင်း...
လက်ဖျံကတတ်တူးကိုသေချာအတည်ပြု
ကြည့်ရန် သူ့လက်ကိုကိုင်လိုက်စဉ်..

ထိုလူကရုတ်တရက်သူမလက်ကိုဖမ်းဆွဲ
ပြီး..သူမရဲ့ခေါင်းကိုဖိကိုင်ကာ..
နှုတ်ခမ်းချင်းတေ့ပြီး နမ်းလိုက်တာကြောင့်... သူမအသက်ပင်ရူ၍မရတေ့ာပါ.💏

"အု...အု..."လွှတ်ပါ...
ခခ အတင်းတွန်းဖယ်ရုန်းကန်သည်။

အပေါ်ထပ်ကအသံတွေကြောင့်..
ဖုန်းထွက်ပြောနေတဲ့ ဒိုင်းရိပ်ရယ်၊ ထမင်းချက်နေတဲ့အဖိုးပါပြေးတတ်လာသည်။

"သခင်လေး..."
"မြေး..."
ထိုလူကမျက်လုံးဖွင့်ကြည့်ပြီး သူမအား
ဆောင့်တွန်းထုတ်လိုက်ပြန်သည်။
အား....

ဟင်း...ဟင်း...သူကခေါင်းကိုဘယ်ညာရမ်းနေသည်။

"သခင်လေး အသက်ရူကြပ်နေတာလား.."
ဟုတ်တာပေါ့..ခခအောက်စီဂျင်ပိုက်ကို
သွားဖြုတ်မိလို့..ဒီအသေကောင်ကြီးအသက်ရူကြပ်ပြီးနိုးသွားတာလေ...
(တကယ်တော့ သူမနှုတ်ခမ်းကနေ လေက်ိုစုပ်ယူလ်ိုက်ချင်းသာ..)
ဒိုင်းရိပ်ကအောက်စီဂျင်ကိုပြန်တပ်ပေးလိုက်သည်။
သူကသတိပုံမှန်မရသေးတာကြောင့်..

"ဘိုးစံသာ ဆရာ၀န်မြန်မြန်.."

အသေကောင်ကဖုတ်ကောင်လိုထပြီး
လူကိုလည်းအတင်းနမ်းသေးတယ်..
ပြီးတော့လူကိုလည်း တွန်းထုတ်လိုက်လို့
ခခနောက်ပစ်လဲပြီး ခုံနဲ့ရိုက်မိလို့ဂျိုစောင်း
မှာဖုသွားတာကို...
ဘယ်သူမှဂရုမစိုက်ပါ..

"မြေး... ဘာလို့ဖိုးဖိုးစကားနားမထောင်
တာလဲ....
သခင်လေး အနားမသွားရဘူးလို့ပြောထားတယ်လေ.."

"သခင်လေး ဟုတ်လား.. သူကဘယ်သူ
မို့လဲ... ဖိုးဖိုးကဘာလို့သူ့ကိုရိုသေနေတာလဲ. .
သူကလူကောင်း‌ေရာဟုတ်ရဲ့လား...
အမရင်ကိုသတ်တဲ့ လူသတ်သမားရဲ့ တတ်တူးမျိုး ဘာလို့သူ့လက်မှာ
ရှိနေတာလဲ ...
ဘာလို့ဒဏ်ရာရတာကိုဆေးရုံမခေါ်သွား
တာလဲ...
ဖိုးဖိုး ဖြေပါ... သူကဂိုဏ်းစတားမဟုတ်လား.."

"သူကဘယ်သူဖြစ်ဖြစ် မြေးသိထားရမှာ
သူကဖိုးဖိုးရဲ့ သခင်၊ မြေးအတွက်လည်း
အသက်သခင်ပဲ.."
"ဒီခတ်မှာ သခင်တွေကျွန်တွေရှိသေးလို့လား.."

"ရှိတယ်... တစ်ခါကျွေးကျွန်ဖြစ်ပြီးရင်
တသက်လုံးကျေးကျွန်ပဲ.. မျိုးဆက်တွေ
လည်းကျေးကျွန်ပဲ ...
ဒါကြောင့် သူကမြေးအတွက်လည်းသခင်ပဲ...
သူဒီမှာ အကြာကြီးနေမှာမဟုတ်ဘူး..
ဒါကြောင့် မြေး သခင်လေးနဲ့ထပ်မတွေ့
အောင်နေ...
အကယ်၍ ဆုံခဲ့ရင်တောင်ဒီနေ့လို ရိုင်း
စိုင်းတဲ့အပြုအမူမလုပ်မိစေနဲ့...
ကြားလား..

ပြီးတော့ သခင်လေးက မင်းသမီးရင်ကို
မသတ်ဘူး...နောက်အဲ့လိုမစွပ်စွဲနဲ့...

ဖိုးဖိုး သခင်လေးအပေါ်အပြစ်ထပ်မလုပ်
ချင်ဘူး..."

ခခ ဘာမှနားမလည်တော့ဘူး..
ဘာလို့လဲ.... ခခတို့ကဒီအတိုင်းလွတ်လပ်တဲ့လူတွေမဟုတ်ဘူးလား..
ဘယ်ကသခင်ပေါ်လာတာလဲ...!
........

ဆရာ၀န်လာကြည့်ပြီး မကြာခင်မှာပဲ
သူပုံမှန်အသက်ပြန်ရူနိုင်ခဲ့သည်။
သူသတိပြန်ရလာပြီးနောက်...

"ဒိုင်းရိပ်...ဒါ ဘယ်နေရာလဲ.."
"ကျွန်တော်ရဲ့အိမ်ပါ သခင်လေး.."

"ဘိုး စံ သာ..."
"ဟုတ်ပါတယ် သခင်လေး.."

"ခင်ဗျား ကျုပ်က်ိုအခုလိုကယ်ထားယုံနဲ့
ခင်ဗျားအပြစ်တွေကျေမှာမဟုတ်ဘူး.."

"သိပါတယ်...သခင်လေး...
ကျွန်တော်လည်းနေသင့်သလောက်နေခဲ့ပြီးပါပြီ... "

"ဟိုမိန်းကလေးကကော ဘယ်သူလဲ.. "

ဒိုင်းရိပ်တို့ ၂ယောက်စလုံးမျက်လုံးပြူး
သွားသည်။

"ဇနီးသည်ဘက်ကဆွေမျိုးထဲကကလေး
ပါ... မိဘမရှိလို့ခေါ်ပြီးစောင့်ရှောက်ထားတာပါ..
ကျွန်တော့်ဇနီးကတော့မနှစ်ကဆုံးသွားပါ
ပြီ.."
.......
"ဒိုင်းရိပ်.. စံအိမ်ကထွက်ပြေးတဲ့အစေခံနဲ့ဘယ်အချိန်ထဲက အဆက်အသွယ်ရှိနေတာလဲ...
မင်း ငါ့ကိုနောက်ထပ်ဖုံးကွယ်ထားတာတွေရှိသေးလား.."

"မ မရှိပါဘူး..သခင်လေး...
ဘိုစံသာကို သခင်လေးကိုယ်တိုင်အလွှတ်ပေးလိုက်တာမို့...
သူရှိတဲ့နေရာကို သခင်လေးမသိချင်ဘူး
ထင်လို့မပြောပြခဲ့တာပါ...

နောက်ထပ်ဖုံးကွယ်ထားတာမရှိပါဘူး.."

"ထားလိုက်တော့ ၊ သခင်ကြီးကော
ဒီကအကြောင်းတွေသိသွားပြီလား.."

"ဟုတ်ကဲ့..သခင်လေးကိုပြန်ခေါ်လာဖို့
အမိန့်ပေးခဲ့ပါတယ်.."

အေးလေ..ဒါမှသူ့အဖေ ဦးဝေလုပီသမှာပေါ့... ဟွန့်....မဲ့ပြုံးတစ်ချက်ကိုစနစ်တကျ
ချိတ်ဆွဲလျှက်.....

လွန်ခဲ့တဲ့၁၅နှစ်တုန်းက ဘိုးစံသာတို့လင်မယားကစံအိမ်ကနေထွက်ပြေးခဲ့သည်။
စံအိမ်၇ဲ့ လျှိဝှက်ချက်တွေအပြင်က်ိုမပေါက်ကြားအောင် အဖေကသူ့ကိုလိုက်
သတ်ခိုင်းသည်။
သူတွေ့လျက်နဲ့ အဲ့လင်မယားကိုအလွတ်
ပေးပြီး...အဖေ့ကိုသေပြီဟုညာခဲ့သည်။
အဖေ့အမိန့်အတိုင်းမလုပ်ခဲ့တာပထမဆုံး
ဖြစ်သည်။

အနီသွေးက အဖေ့ရဲ့ခွေးလိုနေပေးတာ
အဖေ့ကိုကြောက်လို့မဟုတ်ဘူး...
အဖေဖြစ်နေလို့ပါ....
==========================

Continue Reading

You'll Also Like

352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...