When a man falls in love...(C...

By wookiekyoe

162K 4.9K 147

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြ... More

Part 1 uni
part 1 zawgyi
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END

part 2 uni

8.2K 273 7
By wookiekyoe

မိန်းကလေးတစ်ယောက်ကိုချစ်မိရင်..♥
When a man falls in love..
အပိုင်း.2

အနီသွေးကညဘက်ကြလျှင်bloodဂိုဏ်းကပိုင်ဆိုင်သောကလပ်များအားလိုက်လံကြီးကြပ်ရတာကြောင့်မနက်ခင်းဆိုအရေးအကြီးအလုပ်မရှိလျှင်ဘယ်တော့မှစော
စောမထပါ။

အခုလည်းသူနေမြင့်မှနိုးလာပြီးမနက်စာကိုသူ့အခန်းထဲပို့ခိုင်းကာ..ကော်ဖီသောက်ရင်းသတင်းဖွင့်ကြည့်နေသည်။

[ Breaking new,,
ယမန်နေ့ကShoppingမှာ မသမာသူတစ်စုကပေါက်ကွဲစေနိုင်သောလက်လုပ်ဗုံးများ ထောင်ပြီးလူအများရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံခဲ့ရပါတယ်။
ကံကောင်းထောက်မစွာ သတင်းရရှိခဲ့ပြီး
နာရီပိုင်းအတွင်း အဆိုပါပေါက်ကွဲစေနိုင်တဲ့ပစွည်းများကိုရှင်းလင်းခဲ့ပါတယ်။

အလားတူဖြစ်ရပ်မျိုးနောက်ထပ်အဖြစ်ခံမည်မဟုတ်ဟု မြို့တော်ဝန်မှပြောကြား။
ပြည်သူတွေကိုခြိမ်းခြောက်နေတဲ့အဖွဲ့အစည်းမှန်သမျှ အမြစ်ပြတ်ချေမှုန်းမည်ဟုကြွေးကြော်။
တကယ့်ကို သက်ရှိနတ်ဘုရားပဲမဟုတ်ပါလား..].

အဟက် ဟက်...
Bloodတီဗီကိုပိတ်ပြီး ဟက်ဟက်ပက်ပက်ရယ်မောနေသည်။
''ဒိုင်းရိပ်..''
''အမိန့်ရှိပါ သခင်''
''ကားအသင့်ပြင်ထား''
''ဟုတ်''
''ဒီလိုသာယာတဲ့နေ့မျိုးမှာ နတ်ဘုရားဆီအလည်သွားဖို့ကို မင်းမမေ့သင့်ဘူး''
''အသင့်ပါပဲ သခင်''
_______________________________
သူ့ရဲ့အနက်‌ေရာင်ပြိုင်ကားလေး..ခြံကြီး
တစ်ခုရှေ့ထိုးရပ်လိုက်တာနဲ့.. ခြံထဲမှအစောင့်အများအပြားထွက်လာကာ..

"ဘယ်သူလဲ ဘယ်သူနဲ့တွေ့ချင်လို့လဲ"

ကားမှန်ကိုချလိုက်ကာ..
"ဒါက လူကြီးမင်းရဲ့အိမ်မှတ်လား...
သူ့အိမ်လာမှတော့ သူ့ဧည့်သည်ပေါ့.."

"လူကြီးမင်းနဲ့တွေ့ချင်ရင်ကြိုချိန်းပြီးမှလာပါ..
အခု လူကြီးမင်းကအ်ိမ်မှာမရှိပါဘူး.."

ကျစ်..
Bloodကမျက်မှန်အနက်‌ေရာင်တပ်ဆင်
လိုက်ပြီး.. ကားပေါ်ကဆင်းကာ..

"ဒီမှာ.. မင်းတို့လူကြီးမင်းကိုသတင်းပို့လိုက်
အနီသွေးက စောင့်နေတယ်လို့.."

Bloodက ဖိတ်ခေါ်မယ့်သူမရှိပဲ..
သူ‌ေရာက်နေတဲ့အိမ်ကြီးရဲ့ ဧည့်ခန်းထဲကို
လှည့်ပတ်ကြည့်ရှုနေသည်။

အိမ်ကြီးရဲ့အတွင်းပိုင်းပြင်ဆင်မှုကနန်းဆန်ပြီး ခမ်းနားလှသည်။
ဧည့်ခန်းရဲ့တစ်နေရာမှာ ကျွန်းသစ်သား
ဘောင်ခတ်ထားသောဓာတ်ပုံကြီးတစ်ခု
ချိတ်ဆွဲထားသည်။ ထိုပုံထဲမှာ..၅နှစ်ခန့်
ကောင်မလေးတစ်ယောက်ကဂါ၀န်ကား
ကားနဲ့ထိုင်ခုံတစ်ခုပေါ်မှာကျနစွာထိုင်နေတဲ့ပုံဖြစ်သည်။

သွေးထိုပုံအနားကိုလျှောက်ရင်းသေချာစူးစိုက်ကြည့်ကာ..တစ်နေရာရာမှာတွေ့ဘူး..မြင်ဘူးသလိုခံစားရသည်။

"Blood.."
အားခြင်းဆိုသလို‌ေရာက်လာတဲ့
လူကြီးမင်းကြောင့်
သူပုံခုံးတစ်ချက်ပင့်ပြီးလှည့်ကြည့်သည်။

"ဒီနေရာကိုဘာထင်နေလို့..မင်းလာတာလဲ.. တော်တော်အတင့်ရဲပါလား blood .."

"လူကြီးမင်းကအခုတလောအရမ်းအလုပ်များတော့ကျုပ်ကိုများမေ့နေမလားလို့ပါ..''

''ဘာလို့မင်းအလျှင်လိုနေရတာလဲ။
ပြောရရင်မင်းတကယ်လုပ်လိုက်ရတာလဲသိပ်မရှိပဲနဲ့''

''ဒါဆိုလည်းကျုပ်ပြန်ရင်လူကြီးမင်းအိမ်မှာလက်ဆောင်ထားခဲ့ပါ့မယ်''

''blood မင်း..''
''အဟွန်း...ကျုပ်လူတွေအသက်နဲ့ရင်းထားရတဲ့ ကိစ္စမျိုးကိုမနောက်ပြောင်သင့်ဘူး''

လူကြီးမင်းက သူ့တပည့်တစ်ယောက်ကိုအနား
ခေါ်ကာတစ်ခုခုယူလာခိုင်းလိုက်သည်။

bloodလာချပေးထားတဲ့ကော်ဖီကိုယူသောက်ရင်း
''ဒါနဲ့လူကြီးမင်းဟိုဓာတ်ပုံထဲကကလေးက ဘယ်သူလဲ သမီးများလား''

''ဘာလို့မေးတာလဲ''
''မြင်ဘူးသလိုပဲ''
''မဖြစ်နိုင်တာ ငါ့သမီးကအဲ့အရွယ်ထဲကပျောက်
နေတာ''

''ဒီလိုဆိုတော့ လူကြီးမင်းကကျုပ်အဖေထက်တောင်ဆိုးတဲ့လူထင်တယ်။
ကျုပ်အဖေဆိုရည်ရွယ်ချက်ချပြီးပုန်းနေရင်တောင် တွေ့အောင်
ရှာနိုင်တယ်''

''ငါဘာလို့မင်းလိုကောင်ဆီမှာဒီလိုအပြောအဆိုခံနေရလည်းမသိတော့ဘူး''

''အဟွန်း,, သမီးဖြစ်သူကို တစ်ခေါက်လောက်ရှာကြည့်ပေးရမလား
မြေကြီးထဲ ဝင်သွားတာနဲ့ကောင်းကင်
ပေါ်ပျံတတ်သွားတာမဟုတ်ရင်
ကျုပ်လူတွေကဘယ်လောက်ကြာကြာရှာတွေ့နိုင်ပါတယ်....
တစ်ခုပဲ ရှာတွေ့ရင်တော့ ကျုပ်နဲ့လက်ထပ်ပေးမယ်ဆိုရင်ပေါ့''

''ငါကတစ်ဦးတည်းသောသမီးကိုမရှာပဲ
နေခဲ့ပါ့မလား။
ခွေးကောင်ရ ငါ့သမီးလေးကရှိမယ်ဆိုရင်
အခုမှကလေးသာသာကို မင်းနဲ့သဘောတူစရာလား''

''မိန်းမနဲ့ယောက်ျားအသက်ကွာတာအဆန်းမှမဟုတ်တာ.... စကားပုံတောင်ရှိတယ်မဟုတ်လား
ဘာတဲ့''

ဘာသာစကားပေါင်းစုံပြောတတ်ပြီး။ ရိုးရာစကားပုံတွေဆိုရင်တော့ ပြောချင်ပေမယ့်တစ်လုံးမှမသိတဲ့ bloodရဲ့ type...
အနားမှာရပ်နေတဲ့ဒိုင်းရိပ်ကဝင်ကာ.,

''မိန်းမပုခက်တွင်း ယောက်ျားဦးပဇ္ဇင်းလား
သခင်လေး,''

''သြော် ဟုတ်တယ် သူပြောတဲ့အတိုင်းပဲ''

သူတို့စကားပြောနေစဉ်ငွေအိတ်ယူပြီး လာပေးတာကြောင့် ။ bloodဆီလွှဲပေးပြီး

''ပေါက်ကရတွေပြောမနေပဲ ပြန်တော့''

''ကျုပ်ကဒီစကားပြောတတ်တဲ့အကျင့်မရှိ‌ေပမယ့် ။ကျေးဇူးပါပဲ လူကြီးမင်း
ငွေအနံ့ကတကယ်ကောင်းတယ်လေ''

ဒိုင်းရိပ်ကိုငွေသေတ္တာသယ်ခိုင်းကာ ပြန်ရန်ထရပ်လိုက်ပြီး,,

''သြော်ဒါနဲ့ ခုနပြောတာအတည်နော်
လူကြီးမင်းသာသဘောတူမယ်ဆိုရင် ဇနီးလောင်းလို့သဘောထားပြီး မတွေ့တွေ့အောင်ရှာကြည့်ပါ့မယ်''

''ခွေးကောင် ..ငါ့သမီးကိုမင်းလိုဂိုဏ်းစတားပေါက်စနဲ့သဘောတူစရာလား''

''ဒါဆိုလည်း ကျုပ်နဲ့မတွေ့ခင် အရင်တွေ့အောင်ရှာပြီးသာဖွတ်ထားပါ။
ကျုပ်က စွန့်စာခန်းတွေကိုကြိုက်တယ်
ဥပမာ ။ လူကြီးမင်းသမီးကိုကားတင်ပြေးရတာမျိုး''
အဟွန်း

''တကယ်အကြောက်အလန့်မရှိတဲ့ ကောင်''

သူ့ရဲ့ရန်သူတွေကိုဖြေရှင်းဖို့bloodလိုခွေးရူးမျိုးကလိုအပ်သည်။ bloodနဲ့အလုပ်လုပ်တာသိပ်မကြာသေးပေမယ့်ခိုင်းတိုင်းလွဲတယ်ဆိုတာမရှိအောင်အဲ့ဂိုဏ်းစတားပေါက်စကစိတ်ချရသည်။

ပုံမှန်ဆိုစကားအများကြီးပြောလေ့မရှိတဲ့ bloodကဒီနေ့မှဘာစိတ်ကူးပေါက်မှန်းမသိစောစောစီးစီးလာရှာပြီး ။ သူ့သမီးကိုမဦးမချွတ်တွေလျှောက်ပြောသွားသည်ကလေးအမေများကြားသွားရင်ဖြင့်...

bloodအိမ်ကပြန်အထွက်မှာအခုမှတစ်
နေရာကပြန်လာသောလူကြီးမင်းကတော်နဲ့တိုးသည်။
သူ့ကိုအလိုမကြတဲ့မျက်နှာထားနဲ့ကြည့်
မှန်းသိပေမယ့်bloodခေါင်းအနည်းငယ်ငဲ့ပြီး သူ့လမ်းသူဆက်သွားသည်။
ဒါပေါ့လေ သူကအဲ့လိုလူတကာရွံ့တဲ့ လူမိုက်ပဲလေ။

ဒေါ်ခင်ခင်ထားအိမ်ထဲဆောင့်အောင့်ကာဝင်လာပြီး
''လူကြီးမင်း ..ခုနကသူကဘယ်သူလဲ''
''ဒီအတိုင်း မိတ်ဆွေရဲ့သားပါ
လုပ်ငန်းကိစ္စနဲ့လာတွေ့တာ, ဘာဖြစ်လို့လဲထားရဲ့''

''ကျွန်မ မျက်စိထဲတော့လူကောင်းလို့မမြင်မိဘူး
လူကြီးမင်း ..ဒီနှစ်တွေမှာရှင်ဘာလုပ်လုပ် ကျွန်မမသိချင်ယောင်ဆောင်ပေမယ့်
လူမိုက်တွေကိုတော့ကျွန်မအိမ်ထဲဝင်ထွက်ခွင့်မပေးနိုင်ဘူး။
ကျွန်မလူမိုက်တွေဆိုဘယ်လောက်မုန်းလဲ ရှင်သိရဲ့နဲ့''

''အင်းပါထားရယ် နောက်အဲ့ကောင် မလာစေရပါဘူး''
//////////////////////////////
ပြောပြီးဒေါ်ခင်ခင်ထားအပေါ်သို့တတ်လာပြီးသမီးလေးရဲ့အခန်းထဲသို့ဝင်လာခဲ့သည်။

''ကြယ်လေး အမေ့ရဲ့ကြယ်လေး ..ဘယ်မှာလဲ
ဘယ်ကိုရောက်နေလဲကွယ်''
၁၂နှစ်တောင်ရှိခဲ့ပြီနော်သမီးလေးနဲ့ဝေးခဲ့ရတာကံတရားကရက်စက်လိုက်တာ။
သူမကအရမ်းချမ်းသာပါသည်။မိဘတွေဆီကအမွေအဖြစ်မြို့တော်မှာအကြီးဆုံးစိန်တိုက်ကိုပိုင်ဆိုင်ထားသည်။ ယောက်ျားကအာဏာရှိသောလူ
,ဒါပေမယ့် သူမဘဝကမပြည့်စုံခဲ့ဘူး

အရာအားလုံးနဲ့လဲရရင်တောင်သမီးလေးကိုပဲပြန်လိုချင်တယ်။
၆နှစ်အရွယ်မှာပြန်ပေးဆွဲခံရတဲ့သမီးလေး
လိုချင်တာပေးဖို့စောင့်နေခဲ့ပေမယ့်
ဒီနေ့ထိ သတင်းအစအနပင်ရှာမရပါ

''ဘယ်မှာလဲ အမေ့ရဲ့ကြယ်လေး,
ပြောပြပါတစ်ယောက်ယောက် ကျွန်မရဲ့ကလေးဘယ်မှာလဲလို့''

သမီးလေးကိုယ်စားအရုပ်တွေကိုပွေ့ပိုက်ရင်း တသိမ့်သိမ့်ငိုကြွေးနေခဲ့သည်။

=========================
ဒီနေ့တော့လိုင်လာတို့ဆီ သူမပန်းအရင်သွားပို့ပြီးမှ အမရင်ရဲ့ရူတင်ကိုသွားကြည့်ရမှာမို့...ဆန္ဒစောစွာစက်ဘီးလေးကိုမြန်
သထက်မြန်အောင်မောင်းနှင်လာခဲ့သည်။

''အကြွေးတွေဘယ်တော့ဆပ်မှာလဲ"

"ခနလောက်စောင့်ပေးပါရှင် ဒီရက်ပိုင်းအ
တွင်းရအောင်ရှာပေးပါ့မယ်"
"အရင်တစ်ခေါက်လာတုန်းကလည်းမင်း
အဲ့လိုပြောတာပဲ .ထပ်ပြီးမစောင့်နိုင်တော့ဘူး အခုပေး"

"တောင်းပန်ပါတယ်ရှင် ဒီရက်ပိုင်းအ‌‌ေရာင်းအ၀ယ်မကောင်းလို့ပါ နဲနဲပဲထပ်ပြီး
အချိန်ပေးပါ"
"ငါတို့ကိုလာမလှည့်စားနဲ့ ဟေ့ကောင်တွေငွေမရရင် အားလုံးဖျက်စီးပစ်လိုက်"

ငွေချေးစားတဲ့လူမိုက်သုံးယောက်ကလိုင်
လာတို့ဆိုင်ကိုဖျက်စီးပစ်သည်။
"မလုပ်ပါနဲ့ ဒါတွေမရှိရင်ဘယ်လိုလုပ်အကြွေးပြန်ဆပ်နိုင်တော့မှာလဲ.. အီး ဟီး"

ဟင်လိုင်လာတို့ပန်းဆိုင်လေးကိုဖျက်စီးနေပါလား..
"ဟေ့လူတွေ ဘာလို့သူများပစ္စည်းကိုဖျက်စီးနေတာလဲ... ရဲတိုင်လိုက်ရမလား.."

"ကျစ် သူကကောဘာလဲ..အတူတူပဲလား"
"မဟုတ်ပါဘူး.. ခခသွားတော့
ဒီနေ့လိုင်လာပန်းမယူတော့ဘူးလို့
အဖိုးကိုပြောပေး.."

" လိုင်လာ ပန်းမ‌ေရာင်းရရင်ဘာနဲ့ထမင်း
စားမှာလဲ.. ဒီလူတွေကိုမကြောက်နဲ့
ခခရဲကိုဖုန်းဆက်လိုက်မယ်.. သူတို့ဖျက်
စီးထားတာတွေပါပြန်လျှော်ခိုင်းပစ်မယ်.."

ခခကတကယ်ဖုန်းထုတ်ပြီး ဆက်နေသည်။

"ဟဲလို ဟဲလို ရဲစခန်းကလား."

"ဒီဟာမလေးတော့ ကြည့်နေလို့အကောင်းမှတ်နေတယ်.. ပေးစမ်းအဲ့ဖုန်း.."

"မပေးဘူး.."
လူမိုက်တစ်ယောက်ကသူမလက်ကိုချုပ်
ကိုင်ထားလျှင်
"လွတ်လွှတ် ငါ့ကိုလွှတ်နော် ခွေးကြီး.."

ထိုလူမိုက်ရဲ့လက်ကိုကုန်းကိုက်ပစ်လိုက်
သည်။
"အား.. နင်ငါ့ကိုကိုက်တယ်ဟုတ်လား.."

"ကိုက်ယုံတင်မကဘူး ဒီလိုပါကန်ပစ်လိုက်အုံးမှာ.."
လူမိုက်ရဲ့အဓိကနေရာကို‌ေရွးကန်ပြီးစက်
ဘီးပေါ်တတ်ပြီး ကျန်နှစ်ယောက်ကိုလည်းစက်ဘီးနဲ့ ၀င်တိုက်သည်။

သူမကြောင့်လူမိုက်သုံးယောက်ကို့ရို့ကား
ယားဖြစ်သွားသည်။
"နင် နင် ပြန်လာခဲ့စမ်း.."
"ဘယ်သူကပြန်လာမှာလဲ ရူးနေလို့လား
"
ဗြဲ
လျှာထုတ်ပြောင်ပြကာစက်ဘီးကိုခြေကုန်
သုတ်နင်းပြီးပြေးတော့သည်။

"အဲ့ဟာမလေးနောက်လိုက်ကြ.."
လူမိုက်တွေဆိုင်ကယ်ပေါ်တတ်ပြီးသူမနောက်သို့လိုက်လာကြသည်။

ဘာလဲသူတို့ငါ့နောက်လိုက်လာတာလား
မဖြစ်ဘူး... စျေးလမ်းမထဲကို
အရှိန်ကုန်နင်းပြီးဖြတ်လာရာ စျေးသည်
များရဲ့ စျေးဗန်းတွေပါမှောက်ကုန်သည်။

"ဟဲ့ မိခ ဘယ်လိုဖြစ်တာတုန်း.."
"တောင်းပန်ပါတယ်အရီးရေ နောက်မှလာ
လျှော်ပေးပါ့မယ်.."
"ဘေးဖယ်ကြပါ..ဘေးဖယ်ကြပါ.."

ခခတစ်ယောက်ကြောင့်စျေးလမ်းထဲမှာကို့ယို့ကားယားဖြစ်ကုန်ကာ..
နောက်ကဆိုင်ကယ်ကလည်း ထပ်ကြပ်မခွာ...ဝူးးး

ခြံထဲသို့အတင်းပြေး၀င်ပြီး..
"ဖိုးဖိုးရေ ကယ်ပါအုံး.."
"ဘာဖြစ်လာတာလဲ မြေး.."
"ဟိုမှာ သူတို့.."
"သြော် ဒါမင်းအိမ်လား.."

"မောင်ရင်တို့ကဘယ်သူတွေလဲ
ကျုပ်မြေးမကဘာလုပ်မိလို့လဲ..."

"သူ ကျုပ်တို့ကိုပြသနာရှာသွားတာ
ဟေ့ နောက်မှာပုန်းမနေပဲ ထွက်လာစမ်း"

"ကျုပ်မြေးမလေးအစား တောင်းပန်ပါတယ်ကွယ်"
"တောင်းပန်ယုံနဲ့ရမလား.."
"ဒါဆို ဘာဖြစ်ချင်လို့လဲ.."
"အဘိုးကြီးက လူမိုက်စကားပြောနေတယ်..သေချင်နေလို့လား.."
"လာလေ.."

ယျား ခွပ်..အွင့်...
ဦးစံသာနဲ့လူမိုက်သုံးယောက်ချကြတာကို
ခခအကွယ်ကနေချောင်းကြည့်နေသည်။

အဘိုးကြီးကဘာလို့ဒီလောက်သန်မာနေရတာလဲ..
"ကဲ အခု မင်းတို့လမ်းကိုမင်းတို့သွားကြ
တော့..နောက်တစ်ခါငါ့မြေးမကိုဒုက္ခမပေး
နဲ့.."
"သိပါပြီ..ဟေ့ကောင်တွေလာသွားစို့
အား ကျွတ် ကျွတ်.."

ထိုလူသုံးယောက်ထွက်သွားမှ ခခပန်းခြုံ
ထဲကထွက်လာကာ..
"ဖိုးဖိုး.. ဟိုလူတွေကိုဘယ်လိုချလိုက်တာလဲ...
ဖိုးဖိုးအရင်ကသိုင်းမတတ်ပါဘူး..ဖွားဖွား
ဆီမှာတောင်အမြဲအရိုက်ခံနေရတာလေ..
ဘယ်တုန်းကသင်လိုက်တာလဲ..
ခုနကချသွားတာ ဘာသိုင်းလဲ
ဟန်နုမာလား ၊စွန်းဝူခုံးလား..
မိုက်လိုက်တာ.. "

ထိုစဉ်.. ခြံရှေ့မှ
"မယ်ခ ရေ.."
အော်သံကျယ်ကြီးထွက်ပေါ်လာလျှင်
"ဟင်... ရောက်လာပြီလား..
သူတို့ကိုလည်း ဖိုးဖိုးပဲရှင်းလိုက်တော့နော်.."

ခခတစ်ယောက်အိမ်နောက်ဖက်သို့လှစ်ခနဲပြေး၀င်သွားတော့သည်။

========================

Bloodကဒရုန်းတစ်ခုကိုအဆောက်အဦး
တစ်ခုပေါ်တတ်ပြီးပျံသန်းနေသည်။

"သခင်... အ.."
ရုတ်တရက်သူရှိရာသို့တတ်လာတဲ့ဒိုင်းရိပ်.. သူလွှတ်လိုက်တဲ့ဒရုန်းကိုရှောင်ချိန်
မရလိုက်ပဲ..လက်မောင်းထိရှသွားသည်။

ဒီဒရုန်းကိုbloodကိုတိုင်ဒီဇိုင်းဆွဲပြီးတပ်ဆင်ထားတာကြောင့်..သတင်းအချက်အလက်ရယူဖို့ပင်မက..လူသတ်ရန်လည်းအသုံးပြုနိုင်သည်၊၊

"သတိထားမှ‌ပေါ့."
"ဟုတ်ကဲ့.."
"ဘာကိစ္စလဲ.. နေအုံးအ‌ေရးမကြီးရင်နောက်မှပြော ငါသွားစရာရှိတယ်.."
"ဒါဆိုကျွန်တော် ကားအသင့်ပြင်ထားပါ့မယ်.."
>>>>>>>>>
အနီသွေးက တကယ်တော့သူ့ဝါသနာက
စက်ရုပ်လိုကိရိယာတည်ထွင်တာမျိုးကို
နှစ်သက်သူဖြစ်သည်။

ဒရုန်းပညာရှင်ရဲ့အိမ်...
သူယူလာတဲ့ဒရုန်းကိုချလိုက်ပြီး၊
"ကျုပ်ရဲ့ဒရုန်းက ပေ၂၀၀ကျော်ကိုမပျံနိုင်
ဘူး.. ပြသနာကဘာလဲ"

"Blood ငါမင်းကိုဒီပညာသင်ပေးခဲ့တာက.. လူ့သတ်ဖို့မဟုတ်ဘူး.."
"ကျုပ်ဟာကျုပ်ဘာလုပ်လုပ် ခင်ဗျားအပူ
မပါဘူး...မေးတာကိုပဲဖြေ"

"ငါမင်းကိုပညာကုန်သင်ပေးပြီးပြီ..
ငါသိသလောက်ကိုမင်းလည်းသိတယ်..
မင်းဘာသာအဖြေရှာကြည့်...
မင်းလူသတ်ဖို့အတွက်ဆို ငါမကူညီနိုင်ဘူး"

"ကျုပ်ကအကူအညီလာတောင်းတာမဟုတ်ဘူး...အမိန့်ပေးနေတာ
အဘ်ိုးကြီး အသက်ကြီးလာတော့
နေရတာညီးငွေ့လာလို့ထင်တယ်.. စကားတွေအရမ်းများနေပါလား.."

"မင်း ငါ့ကိုသတ်လိုက်ရင်လည်း မင်းသိ
ချင်တာသိရမှာမဟုတ်ဘူး..."

"အဲ့ဒါနဲ့ပဲ ကျုပ်ကမသတ်နိုင်ဘူးလို့ထင်
နေရင် ခင်ဗျားမှားသွားပြီး... " ဒုန်းး

လူကြီးကိုဆွဲဆောင့်ပြီးနံရံမှာကပ်ချုပ်လိုက်တာ..
"ကျုပ်ရဲ့ဒရုန်းမှာ ပြသနာကဘာလဲ
မသေချင်ရင်ဖြေ.."

ထိုစဉ်...
"ဆရာကြီး..အထဲမှာရှိလားခင်ဗျာ"
အပြင်ကလူခေါ်သံကြောင့်..
"တခြားဧည့်သည်လာတဲ့ပုံပဲ...
ဆရာကြီး ဒီနေ့အရမ်းကံကောင်း နေတာပဲ..
ကျုပ်အခုပြန်လိုက်မယ်.. နောက်သုံးရက်
နေရင်ပြန်လာခဲ့မယ်..
ကျုပ်သိချင်တဲ့အဖြေရှာထား...မဟုတ်ရင်ကိုယ့်သေတွင်းသာကိုယ်တူးထားလိုက်.."

အွင့်... ဘုန်း...
ပညာရှင်အားတွန်းထုတ်ပြီး..လျှာထိုးဦးထုတ်ကိုခပ်ငိုက်ငိုက်ပြန်ဆောင်းကာပြန်ထွက်လာခဲ့သည်။

"ဆရာကြီး...ဆရာကြီး ရရဲ့လား..."
"ရပါတယ်.. မင်းေရာက်လာတာအချိန်ကိုက်ပဲ.."
"ခုနကလူက ဘယ်သူမို့ဆရာကြီးကိုချိန်း
ခြောက်နေတာလဲ.."

"မင်းကြားသွားပြီလား..
သူက ဒရုန်းတည်ထွင်တာကို
ရူးသွပ်တဲ့လူတစ်ယောက်ပါ။
ဒီ ဒရုန်းကသူကိုယ်တိုင်လုပ်ထားတာ
လေ....

ဒရုန်းမှာ အတိုင်းအတာ၃မျိုးရှိတယ်..

မိုးလုံလေလုံအဆောက်အဦးတွေမှာGPS
မရှိဘူး.. GPSမရှိ၇င် ဒရုန်းတွေမပျံနိုင်ဘူး..
ဒီကောင့်ဒရုန်းကပျံနိုင်တယ်..
ဘာလို့လဲသိလား..ဂျာမနီကနေနည်း
ပညာခိုးယူထားတာလေ...
ဒီဟာမှာ MEMS အာရုံခံစနစ်ကိုသုံးထားတာ...

ဒီကောင်ကဘက်စုံထူးချွန်တဲ့
ပါရမီရှင်ပဲ.. နှမြောစရာကောင်းတာက မင်းလိုလူကောင်းမဟုတ်ဘူး.. "

"သူကလူကောင်း မဟုတ်ဘူးလား."

"ငါမင်းကိုအပိုတွေလျှောက်ပြောမိပြီထင်တယ်.."

"ဆရာကြီးမပြောလည်း ကျွန်တော်သိပါတယ်..
သူက Blood...ဒုစရိုက်လောကကbloodဂိုဏ်းရဲ့
ဒုတိယခေါင်းဆောင် အနီသွေး..."

"မင်း bloodမှန်းဘယ်လိုလုပ်သိလဲ.."

"ကျွန်တော် သူ့နောက်လိုက်နေတာကြာ
ပြီ.."

"ဒီမှာ ကောင်လေး..
လက်လျှော့လိုက်...
မင်းကငယ်သေးတယ်..ရှေ့ဆက်လူလုပ်ရမယ့်နေ့တွေကျန်သေးတယ်..မင်း
မှာရည်မှန်းချက်ဆိုတာမျိုးတော့ရှိမှာပဲ...

Bloodဆိုတဲ့ကောင်ကတော့ ခွေးရူး..
ရှင်သန်ခြင်းဆိုတာကိုမသိဘူး၊ အနာဂတ်
အိမ်မက် ပန်းတိုင် ဘာမှမရှိဘူး..

ပြီးတော့ကောင်လေး..အင်အားဆိုတာ
ကိုမင်းသိလား..
အဲ့ဒီကောင်မှာဒါမျိုးရှိတယ်..
သူလူသတ်တယ်..ဒါပေမယ့်ဘယ်တော့
မှသက်သေမကျန်ခဲ့ဘူး..
အဲ့တာ အဲ့ကောင်ရဲ့အင်အားပဲ...."

"သူနဲ့အင်အားကွာလည်း
ကျွန်တော်ကရဲလေ...
ဒီလိုလူဆိုးကောင်မျိုးကိုဖမ်းဖို့က ကျွန်တော့်တာ၀န်"

"ဒါဆိုလည်း ကံကောင်းပါစေ ကိုလှ‌ေရွှလေး."

==========================
သူ့ကိုစောင့်နေတဲ့ကားပေါ်လှမ်းတတ်လိုက်ရင်း...
"ဒိုင်းရိပ်.. အဲ့ကောင်ကရဲထင်တယ်..
သူ့အကြောင်းစုံစမ်းလိုက်.."
"ဟုတ်.."

ဒိုင်းရိပ်ကသူနဲ့အတူကြီးပြင်းလာပြီး သူ့ရဲ့
အရိပ်လိုလူမို့.. သူဘာကိုဆိုလိုသလဲတစ်
ချက်ထဲနဲ့သဘောပေါက်သည်။
"မင်းခုနကတစ်ခုခုပြောဖို့မဟုတ်လား..
ဘာကိစ္စလဲ.. "

"အဲ့ဒါကအရင်ကသခင်ကြီးရဲ့ညာလက်ရုံးကသခင့်ကိုတွေ့ချင်နေပါတယ်"

"အထဲေရာက်နေတဲ့လူက ငါ့ကိုဘာဖြစ်လို့.."
"သခင်မှာ..သူ့ဆီကနေသိချင်နေတာရှိရင်
လာတွေ့ပါတဲ့.."
"ရာရာစစ အတင့်ရဲလို့.."
======================

သူစံအိမ်ကိုပြန်‌ေရာက်လာတော့.. အိမ်ထဲ
မှာအစေခံတွေ ယောက်ယက်ခတ်နေတာ
ကြောင့်...ခေါင်းဆောင်ကိုခေါ်ကာ..

"ဘာဖြစ်နေတာလဲ.. "
"သခင်လေးပြန်လာပြီလား..
သခင်ကြီးက ဒီနေ့လက်ထပ်မယ်ဆိုလို့ပါ."
"သြော်.."

အဖေကထပ်ပြီး မင်္ဂလာဆောင်အုံးမယ်ပေါ့.. ဒါကသိပ်ထူးဆန်းတာတော့မဟုတ်ပါ..
အဖေဒီိလိုလက်ထပ်တာ တစ်ခါနှစ်ခါမှ
မဟုတ်တာ...ဘယ်နှစ်ကြိမ်မြောက်မှန်းတောင်မသိတော့ဘူး..

အသက်ကြီးကြီး၊ ငယ်ငယ်၊ သားလောက်ရှိသူ၊ သားထက်တောင်ငယ်သူ..
စသည်ဖြင့် မရိုးနိုင်သောမိန်းမများကရံဖန်
ရံခါအဖေနဲ့ပါလာတတ်သည်။
ဖမ်းခေါ်လာတာမျိုးလည်းမဟုတ်ပဲ ၊သူတို့
ကိုယ်တိုင်ကြည်ကြည်ဖြူဖြူလိုက်လာကြ
ခြင်းပင်ဖြစ်သည်။

အမြဲတမ်းသူ့ရှေ့မှာတင် အပေါင်းအသင်း
တွေခေါ်ပြီး မင်္ဂလာဆောင်သည်။
တစ်လ၊နှစ်လ ပြီးရင်ဟန်းနီးမွန်းလိုလိုဘာလိုလို အဖေနဲ့အတူထွက်သွား
ပြီးရင်အဲ့မိန်းမတွေအိမ်ပြန်ပါမလာတော့ပါ...
ဘယ်‌ေရာက်ကုန်လည်းသူလည်းမသ်ိ...
သိလည်းမသိချင်..
ဒါပေမယ့်အဖေ့မှာသာသမီးဆိုလို့သူတစ်
ယောက်ထဲရှိတာတော့သေချာသည်။
ဒါကကံကောင်းတာလား၊ကံဆိုးတာလား
မသိတော့ပါ...
==========================
အကျဉ်းထောင်ထဲကအဖေ့ရဲ့တပည့်ဟောင်းဦးဖိုးသူ ကိုသူသွားတွေ့သည်။
ဒီလူကဂိုဏ်းကိုသစ္စာဖောက်ခဲ့တာမို့..
အဖေကပြန်မထုတ်ပေးခဲ့တာဖြစ်သည်။

"ကျုပ်ကိုဘာလို့တွေ့ချင်တာလဲ.."
"သခင်လေး ကျုပ်ကိုဒီအထဲကနေထုတ်ပေးပါ.."
"အိပ်မက်မက်မနေနဲ့.."
"သခင်လေး ကျုပ်ဆီကနေသိချင်နေတာတွေရှိတယ်မဟုတ်လား..ဒါကြောင့်လည်း
ဒီအထိ‌ေရာက်လာတာမဟုတ်လား...

ကျုပ်ကိုသခင်ကြီးမသိအောင်ထုတ်ပေးပါ.. ဒါဆိုရင် ကျုပ်ကသခင်လေးရဲ့
ငယ်ငယ်ကအကြောင်းတွေပြောပြပါ့မယ်"

"ကျုပ်အရင်ကမေးခဲ့တုန်းက ဘာမှမသိဘူးဆို.. အခုမှဘာလို့စိတ်ပြောင်းသွားတာလဲ"

"ဒီထဲမှာဒီိလိုမျိုးဘ၀က်ိုအဆုံးမသတ်ချင်
ဘူး.. ကျုပ်မှာသားသမီးတွေရှိတယ်...
လက်ကျန်အချိန်ကိုမိသားစုနဲ့အတူနေ
ပြီး ကုန်ဆုံးချင်တယ်..."

"ဟား ဟား ဟား လူမိုက်လုပ်ပြီး
စိတ်ကူးကြယဉ်တတ်လိုက်တာ.."

"သခင်လေး အမေအကြောင်းမသိချင်ဘူးလား.."

အမေဆိုတာနဲ့ အနီသွေးမျက်၀န်းတွေမီး
တောက်လာသည်။

"ကျုပ်အမေအကြောင်း ခင်ဗျားတကယ်သိတယ်ပေါ့...
ကျုပ်ကိုလိမ်ညာဖို့ကြိုးစားရင် ခင်ဗျားရဲ့
တစ်မိသားစုလုံးကိုမြေမြုပ်ခံရမှာနော်.."

"သခင်ကြီးကော၊ သခင်လေးကော
ဘယ်လိုလူတွေမှန်း ကျုပ်ကောင်းကောင်းသိပါတယ်..."

Blood အတန်ငယ်စဉ်းစားကာ..
"စောင့်နေ... "

>>>>>>>>
ငွေကိုဗုံးကြဲပစ်ကာ ထိုလူကိုbloodထုတ်
ပေးလိုက်သည်။

ဒီနေ့လွတ်မှာမို့ သူကိုယ်တိုင်အကျဉ်းထောင်ရှေ့လိုက်လာပြီးရပ်စောင့်နေသည်။

"သခင်လေး.."
ဦးဖိုးသူကသူ့ကိုတွေ့လို့ လှမ်းခေါ်ပြီး
အားရ၀မ်းသာနဲ့လျှောက်လာပေမယ့်...

ဝူးးး.. အနောက်ကကားတစ်စီးကအရှိန်နဲ့
ပစ်၀င်တ်ိုက်ပစ်လိုက်သည်။

"မဖြစ်ဘူး.."
ဦးဖိုးသူတော်တော်မြင့်မြင့်ကိုမြှောက်တတ်သွားကာ အရှိန်နဲ့ပြန်ကြလာသည်။
ကားကအသားကုန်မောင်းပြေးသွားသည်။
"ဦးသူ... ထစမ်း...
ကျုပ်သိချင်တာ မသိရသေးဘဲ မသေနဲ့.."

"သခင်... သူအသက်မရှိတော့ပါဘူး..
အမှုအခင်းထဲမပါအောင် နေရာကနေ
ရှောင်ရပါမယ်..."
"တောက်....))))"
သူလုပ်သမျှ သဲထဲ‌ေရသွန်ဖြစ်သွားသည်။

"ပြန်မယ်.. အိမ်ကိုမောင်း...
ဒါအဖေ့လက်ချက်ပဲ...
တခြားလူကိုမပြောစေချင်မှတော့..
သူဆီကနေ ကိုယ်တိုင်ပြောတာနားထောင်ကြည့်ရတာပေါ့..."

"သခင်လေး.. သခင်ကြီးနဲ့ထိပ်တိုက်တွေ့
မယ်ဆိုရင်. "
"ပါးစပ်ပိတ်ထားစမ်း..."

အနှစ်၃၀လုံး ဖုံးကွယ်ထားတဲ့ငါ့အမေအကြောင်းငါဒီနေ့သိရမှဖြစ်မယ်..

သခင်ကြီးကလည်းအ်ိမ်မှာသူ့ကိုကြိုစောင့်နေတာဖြစ်သည်။

"အနီသွေး မင်းတော်တော်အရွယ်ရောက်
နေပြီပေါ့... မခိုင်းတာပါလုပ်တတ်နေပြီ.."

"ဒါကြောင့် ဦးဖိုးသူကို နှုတ်ပိတ်လိုက်တာ
လား..
ဟုတ်တယ်.. ကျွန်တော်အရွယ်‌ေရာက်နေပြီ...
ဒါကြောင့် အနှစ်၃၀လုံးဖုံးကွယ်ထားတဲ့
အမှန်တရားကိုသိရမှဖြစ်မယ်.."

"ခြေရာချင်းတူလာပြီဆိုတော့ ဆန့်ကျင်တော့မယ့်သဘောလား.."

"ကျွန်တော်အဲ့လိုမလုပ်မိခင်..သခင်ကြီး
ပြောပါ.. ကျွန်တော့်အမေကဘယ်မှာလဲ.
ဘယ်လိုလူကကျွန်တော့်ကိုမွေးထားတာ
လဲလို့.."

"မမှတ်မိဘူး.. မင်းအမေကဘယ်လိုပုံစံ
လဲ.. "
"သခင်ကြီး..."
"မင်းအမေရဲ့နာမည်တောင် ငါမေ့နေပြီ..

အနီသွေး
ဘာလဲ မင်းကအဲ့လိုကြည့်နေတာငါ့ကို
သတ်ချင်လို့လား..."

"အဲ့အကြည့်ကိုပြင်စမ်း... မှတ်ထား
အနီသွေး မင်းမှာအမေမရှိဘူး..
နောက်ထပ် ဒီနေ့လိုလုပ်ရက်ထပ်မလုပ်နဲ့...

ဒီနေ့မင်းရဲ့ အပြစ်အတွက်..."

အနားမှာဒူးထောက်ထိုင်ခိုင်းထားတဲ့ဒိုင်း
ရိပ်ကို သေနတ်နဲ့ချိန်ရွယ်ကာလှမ်းပစ်လိုက်သည်။

ဒိုင်း...
အနီသွေးကရှေ့က၀င်ခံလိုက်တာမို့...
သူ့၀မ်းဗိုက်ကိုပဲရှပ်ထိသွားသည်။

"ကိုယ့်အပြစ်ကိုယ်ခံမယ်.."

ဒဏ်ရာကိုလက်နဲ့ဖိရင်း သခင်ကြီးရဲ့အခန်းထဲကပြန်ထွက်လာခဲ့သည်၊၊
ဒိုင်းရိပ်အနောက်ကနေလိုက်ပါလာပြီး..

"သခင်လေး ဘာလို့၀င်ခံတာပါလဲ..."

"သူကလူစိတ်မရှိဘူးဆိုပေမယ့်..ငါ့အဖေ
ပါ..
မင်းကိုအလွယ်လေးသတ်နိုင်ပေမယ့်...
ငါ့ကိုတော့မသတ်နိုင်ဘူး...
သူ့မှာငါတစ်ယောက်ထဲရှိတာမို့လို့..."

သွေးစက်စက်ကျနေလျှက် ဒယီးဒယိုင်
လမ်းလျှောက်ရင်းသူ့အခန်းဘက်သို့
ပြန်လာခဲ့သည်။

>>>>>>>>>

Continue Reading

You'll Also Like

74.7K 8.5K 200
အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလေ...
199K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG