{Zawgyi}
အနက္ေရာင္ကားက ဟိုတယ္ရဲ႕ေျမေအာက္ကားပါကင္ကေန ေခ်ာေခ်ာေမြ႕ေမြ႕ထြက္လာတယ္။
ေမာ့က်ဴးခ်န္က ကားေနာက္ခန္းထဲမွာ ၿပိဳလဲလုနီးနီးအမူအယာနဲ႔ ထိုင္ေနတယ္။
သူ႔ခါးကို မတ္ထားၿပီး လက္ႏွစ္ဖက္စလုံးက လက္သီးကိုက်စ္ေနေအာင္ဆုပ္ထားၿပီး သူ႔ဒူးေခါင္းေတြေပၚမွာ တင္ထားတယ္။
သူ အရမ္းစိတ္လႈပ္ရွားရတဲ့ ပထမဆုံးအႀကိမ္ပဲ။
__အိမ္က စည္းကမ္းတင္းက်ပ္လွပါတယ္ဆိုတဲ့မိဘေတြနဲ႔ အႀကီးအကဲေတြကို ရင္ဆိုင္ရခ်ိန္မွာေတာင္ ဒီလိုမ်ိဳး ဘယ္တုန္းကမွ မခံစားဖူးဘူး။
တကယ္ေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္တာက...
ေမာ့က်ဴးခ်န္တစ္ေယာက္ သူ႔ရဲ႕ေျခာက္ကပ္ေနတဲ့ႏႈတ္ခမ္းေတြကို လွ်ာနဲ႔အျမန္သပ္လိုက္တယ္။
ခုေလးတင္ သူက ညီျဖစ္သူကို တစ္ခုခုလုပ္ခ်င္ေနခဲ့ေပမယ့္ ခဏတြင္းခ်င္း အစ္ကိုျဖစ္သူနဲ႔ တိုးသြားေတာ့တယ္။
ဒါက လူကို စိတ္လႈပ္ရွားေစတယ္။
ခုေလးတင္ျဖစ္သြားတာကို ေတြးမိၿပီး မေနႏိုင္စြာ ေခါင္းလွည့္ၿပီး လင္ရွန္းကို ၾကည့္မိတယ္။
ထိုင္ခုံခါးပတ္,ပတ္ထားတဲ့ေကာင္ေလးက ကားေနာက္ထိုင္ခုံမွာ ေခါင္းမွီထားၿပီး ႏႈတ္ခမ္းေလးေတြေတာင္မွ အနည္းငယ္ ပြင့္ဟေနေသးတယ္။
ရင္ဘတ္က ပုံမွန္ေလး နိမ့္လိုက္ျမင့္လိုက္ျဖစ္ေနၿပီး ရွည္လ်ားတဲ့မ်က္ေတာင္ႀကီးေတြက မ်က္ႏွာေပၚမွာ အရိပ္ငယ္ေလးက်ေနေစတယ္။
လင္ရွန္းကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္လို႔ေနတယ္။
သူ႔အစ္ကိုႀကီးကလည္း အေတာ္ေလးတည္ၿငိမ္စြာ ေမာင္းေနတယ္။
ကားေမာင္းတဲ့ႏႈန္းက ျမန္ေနတာမ်ိဳးမဟုတ္ဘဲ လမ္းခ်ိဳးေတြမွာေတာင္ လင္ရွန္းကို လုံးဝႏိုးမသြားေစဘူး။
အိပ္ေပ်ာ္ေနတဲ့လင္ရွန္းကို ေမာ့က်ဴးခ်န္ ခဏေလာက္စိုက္ၾကည့္ေနၿပီးေနာက္မွာ သူ႔ရဲ႕အထိတ္တလန႔္ျဖစ္ေနတဲ့ စိတ္အေျခအေနက မဆိုစေလာက္ေလး တည္ၿငိမ္သြားရတယ္။
သူ႔မ်က္လုံးေတြကို ကားေမာင္းတဲ့သူရဲ႕ထိုင္ခုံဆီ ျပန္လႊဲလိုက္ေတာ့ လင္ယြမ္က အေရွ႕ကိုသာ စူးစူးစိုက္စိုက္ၾကည့္ေနတယ္။
သူက ေမာ့က်ဴးခ်န္ရဲ႕အၾကည့္ကို ခံစားမိတာေၾကာင့္ျဖစ္မယ္၊ ဖ်တ္ခနဲ မ်က္လုံးေတြပင့္လာၿပီး ေနာက္ၾကည့္မွန္ကေနတဆင့္ သူ႔ကိုၾကည့္လာတယ္။
လင္ယြမ္က သူ႔ရဲ႕ႏႈတ္ခမ္းေထာင့္ေတြကို ေကြးၫြတ္ကာ "ကိုယ့္ညီေလးက ဘယ္လိုေသာက္ရမွန္း မသိေသးေတာ့ မင္းကို ဒုကၡေပးမိၿပီ"
"မဟုတ္တာ" ေမာ့က်ဴးခ်န္ အျမန္ေျပာလိုက္တယ္ "သူက ဘယ္လိုေသာက္ရမွန္း တကယ္မသိတာပဲရွိတာပါ၊ သိပ္ေတာ့မဆိုးပါဘူး"
လင္ရွန္းက အနည္းငယ္မူးသြား႐ုံသာျဖစ္ၿပီး အ႐ူးမထဘဲ တအားကို လိမၼာသြားတယ္။ လုံးဝကို ဒုကၡမေရာက္ဘူး!
လင္ယြမ္ ၿပဳံးသြားျပန္တယ္။
ေနာက္ၾကည့္မွန္ကေနတဆင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ သူ႔ညီေလးကို ၾကည့္လိုက္တယ္။
ေကာင္ေလးကို ၾကည့္ရတာ တစ္ခုခုေျပာခ်င္ေနပုံေပၚတယ္။
ခုေလးတင္ ေမာ့က်ဴးခ်န္ရဲ႕ ခ်ီးက်ဴးျခင္းခံလိုက္ရတဲ့ လင္ရွန္းက ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနရာကေန ႐ုတ္တရက္ဆိုသလို မ်က္လုံးေတြ ေျဖးေျဖးခ်င္းပြင့္လာတယ္။
"ေမာ့က်ဴးခ်န္..." လင္ရွန္း ဗလုံးဗေထြးေျပာလာတယ္။
သူ႔မ်က္လုံးေတြက အာ႐ုံစိုက္ႏိုင္ပုံ မေပၚတာေၾကာင့္ ခုထိ အျပည့္အဝ မႏိုးေသးတာျဖစ္ႏိုင္တယ္။
"ဟမ္?" ေမာ့က်ဴးခ်န္ အနားကို တိုးကပ္လိုက္တယ္။
လင္ရွန္းက "Ohm's Law မွာ U ဆိုတာ ဗို႔အားကို ကိုယ္စားျပဳတယ္၊ U=Ir ၊ I ဆိုတာက လွ်ပ္စီးေၾကာင္း r ဆိုတာက ခုခံမႈ၊ ဗို႔ေတြ (Volts) နဲ႔ အမ္ပီယာ (amperes)ေတြ...
သူက လက္ေခ်ာင္းေတြကို ခ်ိဳးကာ ေရတြက္ေတာ့တယ္ "Ω လည္းရွိေသးတယ္!"
ေမာ့က်ဴးခ်န္ "..."
"ငါ မွတ္မိတယ္!" လင္ရွန္းက အားပါးတရေခါင္းၿငိတ္ကာ လက္သီးေတြကို ဆုပ္ထားရင္း "ငါ အားလုံး မွတ္မိတယ္!"
ေမာ့က်ဴးခ်န္ "..."
'မင္းမွတ္မိမွန္း သိရတာ ဝမ္းသာပါတယ္!'
'မင္းအစ္ကိုက ေရွ႕ကေန ၾကည့္ေနတယ္၊ မင္းကို ၾကည့္ေနတာကြ!'
'သူ ထင္သြား..."
"ေႏြဦးဒီေရက အခါေႏွာင္းမိုးနဲ႔ ပါလာၿပီး ေတာ႐ိုင္းႀကီးထဲမွာ ေမာင္းသူမဲ့ေလွက အထက္စီးဆန္စြာ ကူးျဖတ္ေနတယ္!" ႐ုတ္တရက္ လင္ရွန္း ေျပာလာေတာ့တယ္ "အဲ့ေရွ႕မွာ စာေၾကာင္းႏွစ္ခုရွိတယ္ : အထီးက်န္ဆန္စြာ သနားစရာေကာင္းတဲ့မင္းက ျမက္တန္းႀကီးအစြန္းမွာရွိေနၿပီး နက္ရႈိင္းတဲ့ေတာႀကီးထဲမွာ ငွက္ဝါငွက္တစ္ေကာင္ရွိတယ္!"
သူ နာခံစြာ ေျပာေနတယ္ "ထ်န္မင္းဆက္တုန္းက ေဝ့ယင္းဝူေရးတဲ့ ခ်ဴက်ဳံးအေရွ႕ဘက္စမ္းေခ်ာင္း... ေတြ႕လား ငါ မွတ္မိပါတယ္ဆို!"
သူက ေခါင္းလွည့္ကာ ေမာ့က်ဴးခ်န္ကို ၾကည့္ၿပီး လက္ကိုဆန႔္ထုတ္ကာ သူ႔ေပၚက ထိုင္ခုံခါးပတ္ကို ဆြဲလိုက္တယ္ "မင္း ေမးခြန္းထပ္ေမးထားေသးတယ္! ငါ အားလုံးမွတ္မိတယ္!"
လင္ရွန္းက တကယ့္ကို မူးေနတာျဖစ္တယ္။
ဒါေၾကာင့္ပဲ ႐ုတ္တရက္ႀကီး သူ႔ကိုယ္သူ ထၿပီး ခ်ီးက်ဴးေတာ့တယ္ "သိပ္ေတာ္လိုက္တဲ့ငါ!"
ေမာ့က်ဴးခ်န္ "..."
'မင္းက ေလးစားစရာေကာင္းမွန္း သိေနလို႔လည္း ဝမ္းသာပါတယ္!'
'ဒါေပမယ့္ ဒါႀကီးက တကယ္ရွက္ဖို႔ေကာင္းတယ္ေလ! မင္းအစ္ကိုက ထပ္ၾကည့္ေနၿပီ'
သူ ရွင္းျပႏိုင္ပါတယ္၊ ေနာက္ပိုင္းေမးခြန္းက တကယ္ႀကီး သူေမးထားတာ မဟုတ္ရပါဘူး!
"အင္း..." လင္ရွန္းက ထိုင္ခုံခါးပတ္ကို မျဖဳတ္ႏိုင္တာေၾကာင့္ ေခါင္းကိုသာေစာင္းၿပီး ေလးေလးနက္နက္ ဆက္စဥ္းစားေတာ့တယ္ "ေျဖဖို႔က်န္ေနတဲ့ ေမးခြန္းေတြရွိေသးတယ္!"
႐ုတ္တရက္ ေမာ့က်ဴးခ်န္ စိတ္လႈပ္ရွားလာတယ္။
လင္ရွန္းက ေကာက္ခါငင္ခါ အဂၤလိပ္စာေၾကာင္းတစ္ခု ႐ြတ္ျပေတာ့တယ္။
အသံထြက္က ျပတ္သားကာ သုံးလိုက္တဲ့စာလုံးက ေကာင္းမြန္ၿပီး tenseကလည္း လုံးဝမွန္ကန္တယ္။
ဒါက သူ႔ကို ဘာသာျပန္ဖို႔ေတာင္းဆိုခဲ့တဲ့ ေတာက္ရန္ရဲ႕ေမးခြန္းျဖစ္တယ္။
ေမာ့က်ဴးခ်န္ စိတ္သက္သာရာရစြာ သက္ျပင္းခ်မိသြားတယ္။
ထိုအခ်ိန္မွာတင္ အေျပာေကာင္းတဲ့လင္ရွန္းရဲ႕ စကားကို ၾကားလိုက္ရတယ္ "ဟုတ္တယ္! လင္ရွန္း ဆယ္မွတ္ ေပါင္းေပးလိုက္ၿပီ!"
"ဖြီး..." ေရွ႕မွာထိုင္ေနတဲ့လင္ယြမ္က ထရယ္ေတာ့တယ္။
သူက ေခါင္းယမ္းလိုက္ၿပီး သူ႔ညီ ဒီလိုမ်ိဳးျဖစ္ေနတာကို ပထမဆုံးျမင္ဖူးပုံေပၚတယ္။
"တကယ္ပါပဲ..." သူက ေနာက္ၾကည့္မွန္ကေန အေနာက္ခုံကို လွမ္းၾကည့္လိုက္တယ္ "မူးေနတာပဲ"
"မဟုတ္ဘူး" လင္ရွန္း ျပန္ခံေျပာလာတယ္ "မမူးဘူး"
သူက ေခါင္းကိုေစာင္းကာ ဆက္ေတြးေနလိုက္တယ္ "မွတ္မိၿပီ!"
သူ အလွ်င္စလိုေျပာလိုက္တယ္ "ေျပာလို႔မၿပီးေသးတဲ့ အေၾကာင္းအရာတစ္ခု က်န္ေနေသးတယ္၊ အဲ့တာနဲ႔ဆို ခ်က္ခ်င္း အမွတ္ျပည့္ရသြားမွာ"
ေမာ့က်ဴးခ်န္ "!!!"
'မေျပာနဲ႔!'
သူ အေလာတႀကီးေရွ႕တိုးကာ လင္ရွန္းပါးစပ္ကို ပိတ္ဖို႔ ႀကိဳးစားလိုက္ေပမယ့္ အရမ္းေနာက္က်သြားခဲ့ၿပီ။
လင္ရွန္းအသံက က်ယ္ေလာင္ေနတာမ်ိဳးမဟုတ္ေပမယ့္ သိပ္ကိုၾကည္လင္ျပတ္သားလွတယ္။
ဒီလိုက်ဥ္းေျမာင္းပိတ္ေလွာင္ေနတဲ့အကန႔္ေလးထဲမွာေတာ့ အဲ့တာက သူနဲ႔လင္ယြမ္ ျပတ္ျပတ္သားသားၾကားဖို႔ လုံေလာက္တယ္__
"မင္းနမ္းတဲ့နည္းစနစ္က အင္း..." လင္ရွန္း ေျပာလိုက္တယ္ "သာမန္ပဲ"
သူက ေလးနက္စြာ ေျပာျပေနတယ္ "ငါ ယွဥ္ေျပာတာေတာ့မဟုတ္ဘူး ဒါေပမယ့္ သမင္က ဝင္ေဆာင့္တာတို႔ဘာတို႔ မရွိဘူး! ႏွလုံးခုန္ေတာ့ ျမန္တယ္ ဒါေပမယ့္လည္း အဲ့တာက အခ်ိန္တိုင္း မင္းဘက္က အလန႔္တၾကားထ,ထလုပ္ေနလို႔ေလ... လန႔္သြားေတာ့ sympathetic အာ႐ုံေၾကာက ျမင့္တက္သြားၿပီး parasympathetic အာ႐ုံေၾကာက က်ဆင္းသြားတယ္ အဲ့မွာတင္ ႏွလုံးခုန္ျမန္သြားတာ၊ ဒါက ပုံမွန္႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈတစ္ခုပဲ" [ T/N : sympathetic nerve က တန္ျပန္တိုက္ခိုက္တာတို႔ ထြက္ေျပးတာတို႔ကို လႈံ႕ေဆာ္ေပးတာပါတဲ့ ၿပီးေတာ့ parasympathetic nerve ကက်ေတာ့ အနားယူတာတို႔ အစာေခ်ဖ်က္ေပးတာမ်ိဳးတို႔ကို လုပ္ေဆာင္ေပးတာပါတဲ့ အစ္မမွားေနတယ္ဆိုရင္ေျပာေပးပါေနာ္၊ sourceတစ္ခုတည္းကေနပဲ ၾကည့္ထားလို႔ပါ ]
သူ ေျပာလာတယ္ "ဒါက စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲသြားတာ မဟုတ္ဘူး"
ေမာ့က်ဴးခ်န္ "!!!"
"ဖူး..." ကားေမာင္းေနတဲ့ လင္ယြမ္တစ္ေယာက္ ေနာက္ဆုံးမွာ ထိန္းမထားႏိုင္ေတာ့ဘဲ ထုတ္ရယ္မိေတာ့တယ္ : "ဟားဟားဟားဟား"
သူ အႏၲရာယ္ျဖစ္မွာစိုးတဲ့အတြက္ ကားကို လမ္းေဘးနား ျမန္ျမန္ထိုးရပ္လိုက္ရတယ္။
ေမာ့က်ဴးခ်န္ "..."
႐ုတ္တရက္ဆိုသလို စာေမးပြဲမွာ ဘိတ္ေခ်းရေနက် အရႈပ္ထုပ္လင္ရွန္းကမွ ပိုေကာင္းေသးတယ္လို႔ ခံစားမိလိုက္တယ္။
'ဘာကို sympathetic လဲ?!'
'ဘာကို ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲတာလဲ?!'
သူကလည္း လင္ရွန္းရဲ႕ႏုံခ်ာတဲ့နမ္းပုံနမ္းနည္းေတြေၾကာင့္ စိတ္ပ်က္ေနရတာပါေနာ္!
သူ႔အစ္ကိုႀကီးေရွ႕မွာမွ!
ဒီလိုေတြေျပာၿပီးေနာက္မွာ တရားခံက သူ႔ထိုင္ခုံကိုမွီၿပီး ဆက္အိပ္သြားေတာ့တယ္။
ထပ္အိပ္ေပ်ာ္သြားတဲ့လင္ရွန္းကို ေမာ့က်ဴးခ်န္ ေငါင္ေတာင္ေတာင္နဲ႔သာ ၾကည့္ေနမိတယ္။
လင္ယြမ္ကေတာ့ ေရွ႕ခုံမွာ ရယ္ေနတုန္းပဲ။
သူ(ေမာ့က်ဴးခ်န္) အခု လင္ရွန္းကို မနမ္းခ်င္ေတာ့ဘူး၊ မနမ္းခ်င္ဘူး!
သူ႔ကို ခ်ဳပ္ထားၿပီး ထမင္းစားပြဲေပၚတင္ကာ အဲ့ေသာက္က်ိဳးနည္း sympathetic အာ႐ုံေၾကာကို ထုတ္ရင္း ငိုေအာင္လုပ္ပစ္လိုက္ခ်င္တယ္။
"ဟာ့ sorry..." လင္ယြမ္က ရယ္ေနတာကို ထိန္းခ်ဳပ္လို႔ရသြားၿပီဆိုေပမယ့္ သူ႔ပုခုံးေတြက လႈပ္ေနတုန္းပဲ။
"ကိုယ့္ညီေလးက..." သူ ေခါင္းလွည့္ကာ ေမာ့က်ဴးခ်န္ကိုၾကည့္ၿပီးေနာက္ သူ႔မ်က္လုံးေတြက လင္ရွန္းေပၚကို ညင္သာစြာ က်ေရာက္သြားတယ္ "တအားခ်စ္ဖို႔ေကာင္းေနတယ္"
ေမာ့က်ဴးခ်န္ "..." 'မေကာင္းဘူး!'
'သူ႔ရဲ႕ႏုံခ်ာတဲ့နမ္းပုံမ်ိဳးေတြနဲ႔ ဘာလို႔ခ်စ္ဖို႔ေကာင္းမွာလဲ?!'
"ကိုယ့္ညီေလးက..." လင္ယြမ္ အၿပဳံးတစ္ပြင့္နဲ႔ ေျပာလာတယ္ "တည္တည္ၾကည္ၾကည္နဲ႔ ေတြးေပးတတ္တယ္၊ လိမ္လည္းလိမၼာသလို ဉာဏ္လည္းေကာင္းတယ္၊ ဒီတိုင္း တစ္ခါတစ္ေလေတာ့လည္း..."
သူ ေမာ့က်ဴးခ်န္ကို စိတ္ရင္းနဲ႔ၾကည့္ကာ "သူ အတိုက္အခံလုပ္ၿပီး ေခါင္းမာတာမ်ိဳးလုပ္ဖို႔ ကိုယ္ ေမွ်ာ္လင့္မိတယ္၊ သူ ရယ္ခ်င္တာျဖစ္ျဖစ္ ငိုခ်င္တာျဖစ္ျဖစ္ လွည့္ပတ္မေနဘဲ ရယ္ခ်လိုက္တာမ်ိဳး ငိုခ်လိုက္တာမ်ိဳး ျဖစ္ေစခ်င္တယ္"
လင္ယြမ္က ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြထဲကို စိုက္ၾကည့္ကာ "အခုလိုမ်ိဳးေလးျဖစ္ေနေတာ့ ေကာင္းလိုက္တာ"
ဒါက လင္ယြမ္အတြက္ ျပႆနာတစ္ခုဟုတ္ပုံမေပၚဘူး။ သူက ေမာ့က်ဴးခ်န္ကို ျပန္ေျဖခိုင္းဖို႔လည္း စိတ္ကူးမရွိဘူး။
သူ ကားကိုစက္ျပန္ႏႈိးကာ လင္မိသားစုအိမ္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ေမာင္းႏွင္လိုက္ေတာ့တယ္။
ကားထဲမွာ ခဏတာ တိတ္ဆိတ္သြားတယ္။
"မင္း တကၠသိုလ္တစ္ခုခုတက္ဖို႔ စဥ္းစားထားတာရွိလား?" ႐ုတ္တရက္ လင္ယြမ္က ေမးလာတယ္။
"ဟမ္?" စကားလမ္းေၾကာင္းေျပာင္းလဲတာက ျမန္လြန္းတာေၾကာင့္ ေမာ့က်ဴးခ်န္ သူ႔အေတြးေတြကို အမွီမလိုက္ႏိုင္ျဖစ္သြားတယ္။
တကၠသိုလ္...
သူ ဘယ္တကၠသိုလ္သြားမယ္ဆိုၿပီး စဥ္းစားဖူးရဲ႕လား?
သူ႔အတြက္ မိသားစုက လမ္းေၾကာင္းကို ေဖာက္ထားေပးၿပီးသား။
အေကာင္းဆုံးအေနအထားနဲ႔ ေရွ႕ဆက္သြားႏိုင္ဖို႔ သူ႔အေဖက လမ္းေၾကာင္းကို နည္းနည္းေလးေတာင္ ေခ်ာ္မသြားေအာင္ လုပ္ေပးထားတယ္။
သူ႔အေတြးကေရာ?
"ဟမ္" လင္ယြမ္ ေျပာလိုက္တယ္ "မင္း ဘယ္ဘာသာကို သေဘာက်လဲ? ေရွ႕ေလွ်ာက္ ဘယ္တကၠသိုလ္မွာ ဘယ္majorနဲ႔ တက္မယ္ဆိုတာကို ေတြးဖူးလား? ဒါမွမဟုတ္..."
သူ ခဏေလးေတြးၿပီးေတာ့မွ "မင္းမိသားစုက မင္းအတြက္ အစီအစဥ္ေတြ ခ်ေပးထားတာလား?"
ေမာ့က်ဴးခ်န္ ျပန္မေျဖျဖစ္ခဲ့ဘူး။
"ေတာင္းပန္ပါတယ္" လင္ယြမ္က ၿပဳံးကာ "ကိုယ့္ေမးခြန္းက စည္းေက်ာ္သလိုျဖစ္သြားေလာက္တယ္"
"ရွန္းရွန္းက မင္းတို႔သူငယ္ခ်င္းေတြကို သေဘာက်ေနပုံရတယ္၊ အဲ့တာေၾကာင့္ ကိုယ္ေတြးၾကည့္တာ သူသာ ေရွ႕ေလွ်ာက္ ၿမိဳ႕ေတာ္က တကၠသိုလ္တစ္ခုကို သြားႏိုင္မယ္ဆိုရင္ မင္းတို႔နဲ႔ တကၠသိုလ္တစ္ခုတည္း အတူတက္ရရင္ တအားေပ်ာ္သြားမွာပဲ"
ေမာ့က်ဴးခ်န္ ေတြးဆဆနဲ႔ လင္ယြမ္ရဲ႕မ်က္လုံးေတြကို ၾကည့္လိုက္မိတယ္။
တစ္ဖက္လူက ယဥ္ေက်းၿပီး လူႀကီးလူေကာင္းဆန္တယ္။
သူ ၾကားဖူးသေလာက္ဆို ဉာဏ္ႀကီးရွင္တစ္ေယာက္လည္းဟုတ္တယ္။
ညီျဖစ္သူ လင္ရွန္းအေပၚလည္း သိပ္ကို ဂ႐ုစိုက္ေပးတယ္။
ဒါေပမယ့္ တစ္ခုခုမွားေနတယ္လို႔ သူ အၿမဲခံစားမိေနတယ္။
ေမာ့က်ဴးခ်န္ လင္ယြမ္ကို တည္ၿငိမ္စြာ ၾကည့္ေနရင္း သူ႔ရဲ႕ရွက္႐ြံ႕မႈေတြကလည္း ေျဖးေျဖးခ်င္း ေပ်ာက္ကြယ္လာေတာ့တယၤ။
ဒါေပမယ့္...
ဘာက ထူးဆန္းတာလဲ?
ဟိုတယ္က ရွင္းဆန္းေက်ာင္းရယ္ လင္အိမ္ေတာ္ရယ္နဲ႔ သိပ္မေဝးဘူး။
လြတ္လြတ္လပ္လပ္ေျပာဆိုရင္းနဲ႔ပဲ လင္ယြမ္က လင္မိသားစုဗီလာထဲ ကားေတာင္ထိုးလိုက္ၿပီျဖစ္တယ္။
"မင္း ဒီေနရာမွာ ဒ႐ိုက္ဘာရွာလို႔ရပါ့မလား?" သူကားထဲက ထြက္ကာ (သူ႔လိုပဲ)ကားထဲက လိုက္ထြက္လာတဲ့ ေမာ့က်ဴးခ်န္ကိုၾကည့္ရင္း "ဒါမွမဟုတ္ တစ္ညေလာက္ေတာ့ ကိုယ့္အိမ္မွာ ေနသြားခ်င္လား?"
အခုခ်ိန္မွာ ညတာက ၿမိဳ႕ေတာ္တစ္ခုလုံးကို လႊမ္းၿခဳံသြားၿပီျဖစ္တယ္။
လင္မိသားစုဗီလာတည္ရွိတဲ့ ရပ္ကြက္ေလးထဲမွာ လမ္းမီးေတြ ထြန္းထားတယ္ဆိုေပမယ့္ အလင္းေရာင္ေတြက သိပ္မလင္းဘူး။
လင္ယြမ္က အလင္းေရာက္ေအာက္မွာရပ္ၿပီး ကားတစ္ဖက္ျခမ္းက ေမာ့က်ဴးခ်န္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္ေနမိၾကတယ္။
သူက တစ္ဖက္လူကို သိမ္ေမြ႕စြာ ဖိတ္ၾကားလိုက္တယ္။
လင္မိသားစုဆီမွာ တစ္ညေနရမယ္?
ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းေတြက အနည္းငယ္ေကြးသြားတယ္။
လင္ရွန္းေတာင္မွ သူ႔ကို ဒီလိုမ်ိဳး ဘယ္တုန္းကမွ မဖိတ္ခဲ့ဖူးဘူး။
ဒါေပမယ့္ ဒါက တကယ္ ေကာင္းပါ့မလား?
လင္ယြမ္က...
ဒါမွမဟုတ္ လင္မိသားစုက ဒါကို တကယ္ စိတ္ပါရဲ႕လား?
လင္ရွန္းက တိုက္႐ိုက္ မေျပာခဲ့ေပမယ့္ နမ္းတဲ့နည္းစနစ္ဆိုတာေတြကေရာ၊ သမင္ ဝင္တိုးတာတို႔ဘာတို႔၊ အလစ္တိုက္တာတို႔ဘာတို႔ေလ။
လင္ယြမ္ရဲ႕ ဉာဏ္ေကာင္းပုံမ်ိဳးနဲ႔ဆို သူနဲ႔ လင္ရွန္းၾကားမွာ ဘာျဖစ္ခဲ့တယ္ဆိုတာကို မၾကားႏိုင္ဖို႔က မျဖစ္ႏိုင္သေလာက္ပဲ။
သူ စိတ္ထဲမထားဘူးလား?
သူ႔(ေမာ့က်ဴးခ်န္)ကိုေတာင္မွ ေနဖို႔ဖိတ္လိုက္ေသးတယ္။
သူ ဘာကိုဆိုလိုခ်င္တာလဲ?
ေမာ့က်ဴးခ်န္က ဒီေမးခြန္းကို အေျဖမရွာႏိုင္ေသးေပမယ့္ လင္ယြမ္ကေတာ့ ကားေနာက္ခန္းတံခါးကိုေတာင္ ဖြင့္ေနၿပီျဖစ္တယ္။
သူက ကိုယ္ကိုကိုင္းကာ လင္ရွန္းရဲ႕ထိုင္ခုံခါးပတ္ကို အရင္ျဖဳတ္လိုက္တယ္။
"ရွန္းရွန္း?" လင္ယြမ္ လင္ရွန္းရဲ႕မ်က္ႏွာကို ထပ္ပုတ္လိုက္တယ္ "အိမ္ေရာက္ၿပီေလ၊ အိမ္ထဲဝင္ၿပီးမွ ထပ္အိပ္ေတာ့"
လင္ရွန္းလည္း အိပ္ခ်င္မူးတူးနဲ႔ ညည္းတြားကာ ေနာက္ဆုံးေတာ့ မ်က္လုံးေတြ ေျဖးေျဖးခ်င္းပြင့္လာတယ္။
ကားထဲမွာ အလင္းေရာင္က အနည္းငယ္မွိန္ေနတယ္။
လင္ယြမ္က ကားတံခါးကေန ကိုယ္ကိုကိုင္းၿပီးပိတ္ထားတာေၾကာင့္ ကားထဲကို က်ေရာက္တဲ့လမ္းမီးေရာင္ကို လုံးဝပိတ္ထားလိုက္သလိုျဖစ္ေနတယ္။
လင္ရွန္းလည္း မႈန္တိမႈန္ဝါးျဖစ္ေနၿပီး သူ႔ကို အိမ္ထဲဝင္ဖို႔ေျပာေနတဲ့ သိမ္ေမြ႕တဲ့အသံတစ္သံကိုသာ ၾကားေနရတယ္။
ဒါက သူ႔ကို ေႏြးေထြးေစတယ္။
"ယန္ရႈိ႕ေကာ" သူက ဗလုံးဗေထြးနဲ႔ "ကြၽန္ေတာ္ ဘယ္ေရာက္ေနတာလဲ..."
"ရွန္းရွန္း?" လင္ယြမ့္ရဲ႕ ႐ႊင္ျပတဲ့အသံ ေပၚထြက္လာတယ္ "မူးေနတုန္းလား?"
"ေကာ?" လင္ရွန္း ေၾကာင္အသြားၿပီး ခ်က္ခ်င္းဆိုသလို သတိျပန္ကပ္သြားေတာ့တယ္။
သူ ႐ုတ္ျခည္းမ်က္လုံးေတြဖြင့္ၾကည့္ေတာ့မွ ျပတ္ျပတ္သားသားျမင္လာတယ္။
သူ႔ကို အၿပဳံးတစ္ပြင့္နဲ႔ ၾကည့္ေနတာ ဘယ္သူလဲ၊ ယန္ရႈိ႕ ဘယ္မွာလဲ?!
ဒါက သူ႔အစ္ကို လင္ယြမ္ပဲ။
"ေကာတို႔ အိမ္ေရာက္ၿပီ" လင္ယြမ္က သူ႔ကို ပုခုံးပုတ္လိုက္တယ္။
သူက မတ္မတ္ရပ္ကာ လင္ရွန္းရဲ႕လြယ္အိတ္ကိုသယ္ၿပီး ေလွ်ာက္သြားတယ္ "ဆင္းေတာ့"
"အိုး" လင္ရွန္း ေခါင္းျမန္ျမန္ၿငိတ္ျပလိုက္တယ္။
သူ အသက္ကိုျပင္းျပင္းရႈသြင္းကာ ေနာက္ထပ္ေလးဖင့္မေနရဲေတာ့ဘူး။
သူ ခုေလးတင္ ယန္ရႈိ႕နာမည္ကို ေခၚမိလိုက္တာလား?
လင္ရွန္း သိပ္မေသခ်ာဘူး။
သူ ကားထဲက အျမန္ထြက္ကာ သူ႔အစ္ကိုေဘးနားမွာ အနည္းငယ္စိတ္လႈပ္ရွားစြာနဲ႔ ရပ္လိုက္တယ္။
ဒါမွမဟုတ္ မေခၚမိလိုက္ဘူးလား?
လင္ယြမ္က ၾကားလိုက္ေပမယ့္ ဂ႐ုမစိုက္တာလည္း ျဖစ္ႏိုင္တယ္။
လင္ယြမ္က ယန္ရႈိ႕နာမည္ကို ၾကားလိုက္တယ္ဆိုရင္ေတာင္ ဂ႐ုစိုက္မွာ မဟုတ္ေလာက္ဘူး။
တကယ္ေတာ့ သူနဲ႔လင္ရွန္းက တစ္ရက္မွာ ၂၄နာရီလုံး အတူတူေနၾကတာမဟုတ္ဘဲ ႏွစ္ေယာက္စလုံးမွာလည္း ကိုယ္ပိုင္အသိုင္းအဝိုင္းနဲ႔ကိုယ္ ရွိၾကတယ္။
"ရွန္းရွန္း" လင္ယြမ္က သူ႔အေနာက္ဘက္ကို ေမးေငါ့ျပကာ ၿပဳံးလိုက္တယ္ "အတန္းေဖာ္ေမာ့က်ဴးခ်န္က မင္းကို ျပန္လိုက္ပို႔တာ"
"အိုး... ဟမ္?" လင္ရွန္းက ခုေလးတင္ေမးလိုက္တာကို စဥ္းစားေနတုန္းပဲ။
သူ ေခါင္းလွည့္ကာ ကားတစ္ဖက္ျခမ္းမွာ ရပ္ေနတဲ့ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။
သူအိပ္မေပ်ာ္သြားခင္တုန္းက မွတ္ဉာဏ္ေတြက သူ႔စိတ္ထဲ ျဖည္းျဖည္းခ်င္းျပန္ဝင္လာတယ္။
သူတို႔ေတြ ေတာက္ရန္နဲ႔ ရႈခ်န္းတို႔က လပတ္စာေမးပြဲၿပီးသြားလို႔ ေအာင္ပြဲခံတဲ့အေနနဲ႔ စားေသာက္ဆိုင္မွာ စားခဲ့ၾကတယ္။
ေတာက္ရန္က အနက္ေရာင္ဘီယာကို ယူလာၿပီး သူတို႔အားလုံးက ဆယ့္ရွစ္ႏွစ္ျပည့္ၿပီးသားေတြမို႔ ေသာက္လို႔ရတယ္ဆိုၿပီး ေျပာခဲ့တယ္။
ၿပီးေတာ့ ေနာက္ပိုင္း...
လင္ရွန္း ေခါင္းယမ္းလိုက္တယ္၊ သူ ဘယ္ေလာက္ေတာင္ ေသာက္ခဲ့တာလဲ?
သူ ယူလိုက္တဲ့ အနက္ေရာင္ဘီယာက ယစ္မူးစရာအနံ႔ေလးနဲ႔ အရသာလည္းရွိတယ္။ ေနာက္ေတာ့ သူေတာ္ေတာ္ေလး ေသာက္ခဲ့ပုံေပၚတယ္။
ၾကားဖူးေနက်စကားလိုမ်ိဳး တတိတိနဲ႔ ေသာက္ခဲ့မိတာလား?
လင္ရွန္း စိတ္ရႈပ္စြာ သူ႔ေခါင္းသူ ပုတ္လိုက္တယ္။
သူ ဒီလိုမ်ိဳးကို အရင္ဘယ္တုန္းကမွ မႀကဳံဖူးတာေၾကာင့္ သူ မူးသြားတဲ့အခ်ိန္မွာ ဘြင္းဘြင္းရွင္းရွင္းႀကီးေတြေတာ့ မလုပ္မိလိုက္ပါဘူးေနာ္?
"ငါကို ျပန္ပို႔ေပးလို႔ ေက်းဇူးပါ" လင္ရွန္း ေမာ့က်ဴးခ်န္ကို ေျပာလိုက္တယ္ "ေက်းဇူးတင္ပါတယ္"
"ရွန္းရွန္း" လင္ယြမ္က သူ႔ကို ထပ္ေခၚလိုက္ျပန္တယ္ "မင္းအတန္းေဖာ္ကလည္း မူးေနေလာက္တယ္၊ ကားေမာင္းလို႔ မရဘူး"
သူ လင္ရွန္းကို ေမးလိုက္တယ္ "မင္း သူ႔ကို အိမ္ထဲဖိတ္ၿပီး တစ္ညေလာက္ အိမ္မွာ ေနသြားေစခ်င္လား?"
"ဟမ္?" လင္ရွန္း ေၾကာင္အသြားတယ္ "ရတာလား...?"
"ေသခ်ာေပါက္ ရတာေပါ့" လင္ယြမ္က ေခါင္းၿငိတ္ကာ ညင္သာစြာ ၿပဳံးလိုက္တယ္ "မင္းက ေဆာ့ဖို႔ဆိုၿပီး အိမ္ကို ဘယ္တုန္းကမွ သူငယ္ခ်င္းေခၚမလာဖူးဘူးေလ၊ အဲ့တာက မင္းရဲ႕သူငယ္ခ်င္းေကာင္းဆိုရင္ ေခၚလို႔ရတာက ပုံမွန္ပဲေလ"
သူက လင္ရွန္းရဲ႕ပုခုံးကို ပုတ္ကာ "ဒါက မင္းရဲ႕အိမ္ဆိုလည္း ဟုတ္တယ္ေလ"
လင္ရွန္း ခဏေလာက္ ဒီတိုင္းေနေနမိတယ္။
သူ မေနႏိုင္စြာ ေမာ့က်ဴးခ်န္ဘက္ကို ေခါင္းလွည့္ၾကည့္လိုက္တယ္။
တစ္ဖက္လူက ကားရဲ႕တျခားဖက္က အေမွာင္ရိပ္ထဲမွာ ရပ္ေနတယ္။
ေကာင္ေလးရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာက လမ္းမီးအလင္းေရာင္ကို ကြယ္ေနၿပီး အနည္းငယ္သီးျခားဆန္ကာ ေအးစက္ေနတယ္။
"ဒါက..." လင္ရွန္းက သူ႔အိမ္မွာ ေဆာ့ၾကဖို႔ဆိုၿပီး သူငယ္ခ်င္းေတြ ဒါမွမဟုတ္လည္း အတန္းေဖာ္ေတြကို ဘယ္တုန္းကမွ မဖိတ္ခဲ့ဖူးဘူး။ တစ္ေယာက္တည္းပဲ ေနခဲ့တယ္။
ဒါေပမယ့္အခု ေမာ့က်ဴးခ်န္ကို ဖိတ္မွာက တကယ္ေရာ ေကာင္းပါ့မလား?
သူတို႔ႏွစ္ေယာက္ၾကားက ျပႆနာကလည္း မရွင္းေသးဘူး။
ဒါေပမယ့္ သူ႔အစ္ကိုႀကီးကေတာ့ ေမာ့က်ဴးခ်န္ေရွ႕မွာ ေျပာလိုက္ၿပီ။
တကယ္လို႔ သူ႔ကိုသာ ခြင့္ျပဳလိုက္ရင္ စိတ္ႀကီးဝင္ေနတဲ့ေက်ာင္းျမက္ႀကီးက ထပ္ၿပီး(တစ္မ်ိဳးထင္)ေတြးအုံးမွာလား?
လင္ရွန္းတစ္ေယာက္ လင္ယြမ္ကိုၾကည့္လိုက္ ေမာ့က်ဴးခ်န္ကိုၾကည့္လိုက္နဲ႔ တြန႔္ဆုတ္ေနတယ္။
လင္ယြမ္ကေတာ့ အထင္လြဲသြားမွန္းသိသာတယ္။
သူက လင္ရွန္းပုခုံးကိုပုတ္ကာ "စကားေျပာၾကေပါ့"
သူက ေျပာၿပီးတာနဲ႔ လင္ရွန္းရဲ႕လြယ္အိတ္ကို ဆြဲကာ ဗီလာဆီကို ေလွ်ာက္သြားတယ္။
ဗီလာရဲ႕ဝင္ေပါက္ထဲကို ဝင္ၿပီးတဲ့ေနာက္ တံခါးကို ေသခ်ာပိတ္ကာ လင္ရွန္းအတြက္ ေနရာေပးခဲ့တယ္။
"ေမာ့ ေမာ့က်ဴးခ်န္"
ဗီလာအျပင္ဘက္မွာ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္သာ က်န္ခဲ့တယ္။
"မင္း ေနခ်င္တယ္ဆို..."
လင္ရွန္း ေျပာလို႔မၿပီးေသးခင္ ေမာ့က်ဴးခ်န္က ႐ုတ္တရက္ႀကီး သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လာတယ္။
တစ္ဖက္လူရဲ႕လက္က ခပ္ၾကမ္းၾကမ္းဖိကိုင္ထားတာျဖစ္ၿပီး သူ မ႐ုန္းႏိုင္ေသးခင္ ကားထဲလွ်င္ျမန္စြာ ထည့္ျခင္းခံလိုက္ရတယ္။
သူ႔ေနာက္ေက်ာနာသြားတာကို လင္ရွန္းခံစားလိုက္ရၿပီး လူတစ္ကိုယ္လုံး ေမာ့က်ဴးခ်န္ကို ခုခံေနရတယ္။
သူ အသက္တစ္ခ်က္ရႈိက္ၿပီး ေမာ့က်ဴးခ်န္ကို မ်က္လုံးေတြျပဴးက်ယ္ကာ ၾကည့္မိသြားတယ္။
တစ္ဖက္လူက သူ႔ရဲ႕ဘယ္ဘက္လက္ကို ေျမႇာက္ကာ လင္ရွန္းရဲ႕ရင္ဘတ္အလယ္ကို ဖိထားတယ္။
"ဟမ့္!" ေမာ့က်ဴးခ်န္ဘက္က ေျပာလာတယ္ "ငါမင္းကို ထပ္ၿပီးတိုက္တာေလ"
သူ႔မ်က္လုံးေတြက လင္ရွန္းရဲ႕မ်က္လုံးေတြထဲၾကည့္ကာ "အခု sympathetic အာ႐ုံေၾကာလား ဘာလား အဲ့တာက အလုပ္စလုပ္ေနၿပီလား? အဲ့ေတာ့ မင္းရဲ႕ႏွလုံးခုန္သံက ျမန္လာျပန္ၿပီလား?"
သူ ခက္ထန္စြာ ေမးလာတယ္။
လင္ရွန္း "???"
သူ အူေၾကာင္ေၾကာင္နဲ႔ ေခါင္းငုံ႔ကာ သူ႔ရင္ဘတ္ေပၚမွာဖိထားတဲ့ ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းသြယ္သြယ္ေတြကို ၾကည့္လိုက္တယ္။
တစ္ဖက္လူက ႐ုတ္တရက္ႀကီး ဘာေၾကာင့္ဒီေလာက္အၾကမ္းပတမ္းျဖစ္သြားတာလဲဆိုတာကို မသိေပမယ့္...
လင္ရွန္းရဲ႕လည္ေစ့က အေပၚေအာက္လႈပ္ရွားသြားၿပီးမွ အသံခပ္အုပ္မုပ္နဲ႔ ေျပာလိုက္တယ္ "မင္းလက္ေခ်ာင္းေတြ အခုေရာက္ေနတဲ့ေနရာက... ဗိုက္မွာ၊ ႏွလုံးခုန္တဲ့ေနရာမွာ မဟုတ္ဘူး"
___________________________________
{Unicode}
အနက်ရောင်ကားက ဟိုတယ်ရဲ့မြေအောက်ကားပါကင်ကနေ ချောချောမွေ့မွေ့ထွက်လာတယ်။
မော့ကျူးချန်က ကားနောက်ခန်းထဲမှာ ပြိုလဲလုနီးနီးအမူအယာနဲ့ ထိုင်နေတယ်။
သူ့ခါးကို မတ်ထားပြီး လက်နှစ်ဖက်စလုံးက လက်သီးကိုကျစ်နေအောင်ဆုပ်ထားပြီး သူ့ဒူးခေါင်းတွေပေါ်မှာ တင်ထားတယ်။
သူ အရမ်းစိတ်လှုပ်ရှားရတဲ့ ပထမဆုံးအကြိမ်ပဲ။
__အိမ်က စည်းကမ်းတင်းကျပ်လှပါတယ်ဆိုတဲ့မိဘတွေနဲ့ အကြီးအကဲတွေကို ရင်ဆိုင်ရချိန်မှာတောင် ဒီလိုမျိုး ဘယ်တုန်းကမှ မခံစားဖူးဘူး။
တကယ်တော့ ဖြစ်ကောင်းဖြစ်နိုင်တာက...
မော့ကျူးချန်တစ်ယောက် သူ့ရဲ့ခြောက်ကပ်နေတဲ့နှုတ်ခမ်းတွေကို လျှာနဲ့အမြန်သပ်လိုက်တယ်။
ခုလေးတင် သူက ညီဖြစ်သူကို တစ်ခုခုလုပ်ချင်နေခဲ့ပေမယ့် ခဏတွင်းချင်း အစ်ကိုဖြစ်သူနဲ့ တိုးသွားတော့တယ်။
ဒါက လူကို စိတ်လှုပ်ရှားစေတယ်။
ခုလေးတင်ဖြစ်သွားတာကို တွေးမိပြီး မနေနိုင်စွာ ခေါင်းလှည့်ပြီး လင်ရှန်းကို ကြည့်မိတယ်။
ထိုင်ခုံခါးပတ်,ပတ်ထားတဲ့ကောင်လေးက ကားနောက်ထိုင်ခုံမှာ ခေါင်းမှီထားပြီး နှုတ်ခမ်းလေးတွေတောင်မှ အနည်းငယ် ပွင့်ဟနေသေးတယ်။
ရင်ဘတ်က ပုံမှန်လေး နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ရှည်လျားတဲ့မျက်တောင်ကြီးတွေက မျက်နှာပေါ်မှာ အရိပ်ငယ်လေးကျနေစေတယ်။
လင်ရှန်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေတယ်။
သူ့အစ်ကိုကြီးကလည်း အတော်လေးတည်ငြိမ်စွာ မောင်းနေတယ်။
ကားမောင်းတဲ့နှုန်းက မြန်နေတာမျိုးမဟုတ်ဘဲ လမ်းချိုးတွေမှာတောင် လင်ရှန်းကို လုံးဝနိုးမသွားစေဘူး။
အိပ်ပျော်နေတဲ့လင်ရှန်းကို မော့ကျူးချန် ခဏလောက်စိုက်ကြည့်နေပြီးနောက်မှာ သူ့ရဲ့အထိတ်တလန့်ဖြစ်နေတဲ့ စိတ်အခြေအနေက မဆိုစလောက်လေး တည်ငြိမ်သွားရတယ်။
သူ့မျက်လုံးတွေကို ကားမောင်းတဲ့သူရဲ့ထိုင်ခုံဆီ ပြန်လွှဲလိုက်တော့ လင်ယွမ်က အရှေ့ကိုသာ စူးစူးစိုက်စိုက်ကြည့်နေတယ်။
သူက မော့ကျူးချန်ရဲ့အကြည့်ကို ခံစားမိတာကြောင့်ဖြစ်မယ်၊ ဖျတ်ခနဲ မျက်လုံးတွေပင့်လာပြီး နောက်ကြည့်မှန်ကနေတဆင့် သူ့ကိုကြည့်လာတယ်။
လင်ယွမ်က သူ့ရဲ့နှုတ်ခမ်းထောင့်တွေကို ကွေးညွတ်ကာ "ကိုယ့်ညီလေးက ဘယ်လိုသောက်ရမှန်း မသိသေးတော့ မင်းကို ဒုက္ခပေးမိပြီ"
"မဟုတ်တာ" မော့ကျူးချန် အမြန်ပြောလိုက်တယ် "သူက ဘယ်လိုသောက်ရမှန်း တကယ်မသိတာပဲရှိတာပါ၊ သိပ်တော့မဆိုးပါဘူး"
လင်ရှန်းက အနည်းငယ်မူးသွားရုံသာဖြစ်ပြီး အရူးမထဘဲ တအားကို လိမ္မာသွားတယ်။ လုံးဝကို ဒုက္ခမရောက်ဘူး!
လင်ယွမ် ပြုံးသွားပြန်တယ်။
နောက်ကြည့်မှန်ကနေတဆင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့ညီလေးကို ကြည့်လိုက်တယ်။
ကောင်လေးကို ကြည့်ရတာ တစ်ခုခုပြောချင်နေပုံပေါ်တယ်။
ခုလေးတင် မော့ကျူးချန်ရဲ့ ချီးကျူးခြင်းခံလိုက်ရတဲ့ လင်ရှန်းက အေးအေးချမ်းချမ်းအိပ်ပျော်နေရာကနေ ရုတ်တရက်ဆိုသလို မျက်လုံးတွေ ဖြေးဖြေးချင်းပွင့်လာတယ်။
"မော့ကျူးချန်..." လင်ရှန်း ဗလုံးဗထွေးပြောလာတယ်။
သူ့မျက်လုံးတွေက အာရုံစိုက်နိုင်ပုံ မပေါ်တာကြောင့် ခုထိ အပြည့်အဝ မနိုးသေးတာဖြစ်နိုင်တယ်။
"ဟမ်?" မော့ကျူးချန် အနားကို တိုးကပ်လိုက်တယ်။
လင်ရှန်းက "Ohm's Law မှာ U ဆိုတာ ဗို့အားကို ကိုယ်စားပြုတယ်၊ U=Ir ၊ I ဆိုတာက လျှပ်စီးကြောင်း r ဆိုတာက ခုခံမှု၊ ဗို့တွေ (Volts) နဲ့ အမ်ပီယာ (amperes)တွေ...
သူက လက်ချောင်းတွေကို ချိုးကာ ရေတွက်တော့တယ် "Ω လည်းရှိသေးတယ်!"
မော့ကျူးချန် "..."
"ငါ မှတ်မိတယ်!" လင်ရှန်းက အားပါးတရခေါင်းငြိတ်ကာ လက်သီးတွေကို ဆုပ်ထားရင်း "ငါ အားလုံး မှတ်မိတယ်!"
မော့ကျူးချန် "..."
'မင်းမှတ်မိမှန်း သိရတာ ဝမ်းသာပါတယ်!'
'မင်းအစ်ကိုက ရှေ့ကနေ ကြည့်နေတယ်၊ မင်းကို ကြည့်နေတာကွ!'
'သူ ထင်သွား..."
"နွေဦးဒီရေက အခါနှောင်းမိုးနဲ့ ပါလာပြီး တောရိုင်းကြီးထဲမှာ မောင်းသူမဲ့လှေက အထက်စီးဆန်စွာ ကူးဖြတ်နေတယ်!" ရုတ်တရက် လင်ရှန်း ပြောလာတော့တယ် "အဲ့ရှေ့မှာ စာကြောင်းနှစ်ခုရှိတယ် : အထီးကျန်ဆန်စွာ သနားစရာကောင်းတဲ့မင်းက မြက်တန်းကြီးအစွန်းမှာရှိနေပြီး နက်ရှိုင်းတဲ့တောကြီးထဲမှာ ငှက်ဝါငှက်တစ်ကောင်ရှိတယ်!"
သူ နာခံစွာ ပြောနေတယ် "ထျန်မင်းဆက်တုန်းက ဝေ့ယင်းဝူရေးတဲ့ ချူကျုံးအရှေ့ဘက်စမ်းချောင်း... တွေ့လား ငါ မှတ်မိပါတယ်ဆို!"
သူက ခေါင်းလှည့်ကာ မော့ကျူးချန်ကို ကြည့်ပြီး လက်ကိုဆန့်ထုတ်ကာ သူ့ပေါ်က ထိုင်ခုံခါးပတ်ကို ဆွဲလိုက်တယ် "မင်း မေးခွန်းထပ်မေးထားသေးတယ်! ငါ အားလုံးမှတ်မိတယ်!"
လင်ရှန်းက တကယ့်ကို မူးနေတာဖြစ်တယ်။
ဒါကြောင့်ပဲ ရုတ်တရက်ကြီး သူ့ကိုယ်သူ ထပြီး ချီးကျူးတော့တယ် "သိပ်တော်လိုက်တဲ့ငါ!"
မော့ကျူးချန် "..."
'မင်းက လေးစားစရာကောင်းမှန်း သိနေလို့လည်း ဝမ်းသာပါတယ်!'
'ဒါပေမယ့် ဒါကြီးက တကယ်ရှက်ဖို့ကောင်းတယ်လေ! မင်းအစ်ကိုက ထပ်ကြည့်နေပြီ'
သူ ရှင်းပြနိုင်ပါတယ်၊ နောက်ပိုင်းမေးခွန်းက တကယ်ကြီး သူမေးထားတာ မဟုတ်ရပါဘူး!
"အင်း..." လင်ရှန်းက ထိုင်ခုံခါးပတ်ကို မဖြုတ်နိုင်တာကြောင့် ခေါင်းကိုသာစောင်းပြီး လေးလေးနက်နက် ဆက်စဉ်းစားတော့တယ် "ဖြေဖို့ကျန်နေတဲ့ မေးခွန်းတွေရှိသေးတယ်!"
ရုတ်တရက် မော့ကျူးချန် စိတ်လှုပ်ရှားလာတယ်။
လင်ရှန်းက ကောက်ခါငင်ခါ အင်္ဂလိပ်စာကြောင်းတစ်ခု ရွတ်ပြတော့တယ်။
အသံထွက်က ပြတ်သားကာ သုံးလိုက်တဲ့စာလုံးက ကောင်းမွန်ပြီး tenseကလည်း လုံးဝမှန်ကန်တယ်။
ဒါက သူ့ကို ဘာသာပြန်ဖို့တောင်းဆိုခဲ့တဲ့ တောက်ရန်ရဲ့မေးခွန်းဖြစ်တယ်။
မော့ကျူးချန် စိတ်သက်သာရာရစွာ သက်ပြင်းချမိသွားတယ်။
ထိုအချိန်မှာတင် အပြောကောင်းတဲ့လင်ရှန်းရဲ့ စကားကို ကြားလိုက်ရတယ် "ဟုတ်တယ်! လင်ရှန်း ဆယ်မှတ် ပေါင်းပေးလိုက်ပြီ!"
"ဖွီး..." ရှေ့မှာထိုင်နေတဲ့လင်ယွမ်က ထရယ်တော့တယ်။
သူက ခေါင်းယမ်းလိုက်ပြီး သူ့ညီ ဒီလိုမျိုးဖြစ်နေတာကို ပထမဆုံးမြင်ဖူးပုံပေါ်တယ်။
"တကယ်ပါပဲ..." သူက နောက်ကြည့်မှန်ကနေ အနောက်ခုံကို လှမ်းကြည့်လိုက်တယ် "မူးနေတာပဲ"
"မဟုတ်ဘူး" လင်ရှန်း ပြန်ခံပြောလာတယ် "မမူးဘူး"
သူက ခေါင်းကိုစောင်းကာ ဆက်တွေးနေလိုက်တယ် "မှတ်မိပြီ!"
သူ အလျှင်စလိုပြောလိုက်တယ် "ပြောလို့မပြီးသေးတဲ့ အကြောင်းအရာတစ်ခု ကျန်နေသေးတယ်၊ အဲ့တာနဲ့ဆို ချက်ချင်း အမှတ်ပြည့်ရသွားမှာ"
မော့ကျူးချန် "!!!"
'မပြောနဲ့!'
သူ အလောတကြီးရှေ့တိုးကာ လင်ရှန်းပါးစပ်ကို ပိတ်ဖို့ ကြိုးစားလိုက်ပေမယ့် အရမ်းနောက်ကျသွားခဲ့ပြီ။
လင်ရှန်းအသံက ကျယ်လောင်နေတာမျိုးမဟုတ်ပေမယ့် သိပ်ကိုကြည်လင်ပြတ်သားလှတယ်။
ဒီလိုကျဉ်းမြောင်းပိတ်လှောင်နေတဲ့အကန့်လေးထဲမှာတော့ အဲ့တာက သူနဲ့လင်ယွမ် ပြတ်ပြတ်သားသားကြားဖို့ လုံလောက်တယ်__
"မင်းနမ်းတဲ့နည်းစနစ်က အင်း..." လင်ရှန်း ပြောလိုက်တယ် "သာမန်ပဲ"
သူက လေးနက်စွာ ပြောပြနေတယ် "ငါ ယှဉ်ပြောတာတော့မဟုတ်ဘူး ဒါပေမယ့် သမင်က ဝင်ဆောင့်တာတို့ဘာတို့ မရှိဘူး! နှလုံးခုန်တော့ မြန်တယ် ဒါပေမယ့်လည်း အဲ့တာက အချိန်တိုင်း မင်းဘက်က အလန့်တကြားထ,ထလုပ်နေလို့လေ... လန့်သွားတော့ sympathetic အာရုံကြောက မြင့်တက်သွားပြီး parasympathetic အာရုံကြောက ကျဆင်းသွားတယ် အဲ့မှာတင် နှလုံးခုန်မြန်သွားတာ၊ ဒါက ပုံမှန်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုပဲ" [ T/N : sympathetic nerve က တန်ပြန်တိုက်ခိုက်တာတို့ ထွက်ပြေးတာတို့ကို လှုံ့ဆော်ပေးတာပါတဲ့ ပြီးတော့ parasympathetic nerve ကကျတော့ အနားယူတာတို့ အစာချေဖျက်ပေးတာမျိုးတို့ကို လုပ်ဆောင်ပေးတာပါတဲ့ အစ်မမှားနေတယ်ဆိုရင်ပြောပေးပါနော်၊ sourceတစ်ခုတည်းကနေပဲ ကြည့်ထားလို့ပါ ]
သူ ပြောလာတယ် "ဒါက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားတာ မဟုတ်ဘူး"
မော့ကျူးချန် "!!!"
"ဖူး..." ကားမောင်းနေတဲ့ လင်ယွမ်တစ်ယောက် နောက်ဆုံးမှာ ထိန်းမထားနိုင်တော့ဘဲ ထုတ်ရယ်မိတော့တယ် : "ဟားဟားဟားဟား"
သူ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် ကားကို လမ်းဘေးနား မြန်မြန်ထိုးရပ်လိုက်ရတယ်။
မော့ကျူးချန် "..."
ရုတ်တရက်ဆိုသလို စာမေးပွဲမှာ ဘိတ်ချေးရနေကျ အရှုပ်ထုပ်လင်ရှန်းကမှ ပိုကောင်းသေးတယ်လို့ ခံစားမိလိုက်တယ်။
'ဘာကို sympathetic လဲ?!'
'ဘာကို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတာလဲ?!'
သူကလည်း လင်ရှန်းရဲ့နုံချာတဲ့နမ်းပုံနမ်းနည်းတွေကြောင့် စိတ်ပျက်နေရတာပါနော်!
သူ့အစ်ကိုကြီးရှေ့မှာမှ!
ဒီလိုတွေပြောပြီးနောက်မှာ တရားခံက သူ့ထိုင်ခုံကိုမှီပြီး ဆက်အိပ်သွားတော့တယ်။
ထပ်အိပ်ပျော်သွားတဲ့လင်ရှန်းကို မော့ကျူးချန် ငေါင်တောင်တောင်နဲ့သာ ကြည့်နေမိတယ်။
လင်ယွမ်ကတော့ ရှေ့ခုံမှာ ရယ်နေတုန်းပဲ။
သူ(မော့ကျူးချန်) အခု လင်ရှန်းကို မနမ်းချင်တော့ဘူး၊ မနမ်းချင်ဘူး!
သူ့ကို ချုပ်ထားပြီး ထမင်းစားပွဲပေါ်တင်ကာ အဲ့သောက်ကျိုးနည်း sympathetic အာရုံကြောကို ထုတ်ရင်း ငိုအောင်လုပ်ပစ်လိုက်ချင်တယ်။
"ဟာ့ sorry..." လင်ယွမ်က ရယ်နေတာကို ထိန်းချုပ်လို့ရသွားပြီဆိုပေမယ့် သူ့ပုခုံးတွေက လှုပ်နေတုန်းပဲ။
"ကိုယ့်ညီလေးက..." သူ ခေါင်းလှည့်ကာ မော့ကျူးချန်ကိုကြည့်ပြီးနောက် သူ့မျက်လုံးတွေက လင်ရှန်းပေါ်ကို ညင်သာစွာ ကျရောက်သွားတယ် "တအားချစ်ဖို့ကောင်းနေတယ်"
မော့ကျူးချန် "..." 'မကောင်းဘူး!'
'သူ့ရဲ့နုံချာတဲ့နမ်းပုံမျိုးတွေနဲ့ ဘာလို့ချစ်ဖို့ကောင်းမှာလဲ?!'
"ကိုယ့်ညီလေးက..." လင်ယွမ် အပြုံးတစ်ပွင့်နဲ့ ပြောလာတယ် "တည်တည်ကြည်ကြည်နဲ့ တွေးပေးတတ်တယ်၊ လိမ်လည်းလိမ္မာသလို ဉာဏ်လည်းကောင်းတယ်၊ ဒီတိုင်း တစ်ခါတစ်လေတော့လည်း..."
သူ မော့ကျူးချန်ကို စိတ်ရင်းနဲ့ကြည့်ကာ "သူ အတိုက်အခံလုပ်ပြီး ခေါင်းမာတာမျိုးလုပ်ဖို့ ကိုယ် မျှော်လင့်မိတယ်၊ သူ ရယ်ချင်တာဖြစ်ဖြစ် ငိုချင်တာဖြစ်ဖြစ် လှည့်ပတ်မနေဘဲ ရယ်ချလိုက်တာမျိုး ငိုချလိုက်တာမျိုး ဖြစ်စေချင်တယ်"
လင်ယွမ်က မော့ကျူးချန်ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ကာ "အခုလိုမျိုးလေးဖြစ်နေတော့ ကောင်းလိုက်တာ"
ဒါက လင်ယွမ်အတွက် ပြဿနာတစ်ခုဟုတ်ပုံမပေါ်ဘူး။ သူက မော့ကျူးချန်ကို ပြန်ဖြေခိုင်းဖို့လည်း စိတ်ကူးမရှိဘူး။
သူ ကားကိုစက်ပြန်နှိုးကာ လင်မိသားစုအိမ်ကို ချောချောမွေ့မွေ့နဲ့ မောင်းနှင်လိုက်တော့တယ်။
ကားထဲမှာ ခဏတာ တိတ်ဆိတ်သွားတယ်။
"မင်း တက္ကသိုလ်တစ်ခုခုတက်ဖို့ စဉ်းစားထားတာရှိလား?" ရုတ်တရက် လင်ယွမ်က မေးလာတယ်။
"ဟမ်?" စကားလမ်းကြောင်းပြောင်းလဲတာက မြန်လွန်းတာကြောင့် မော့ကျူးချန် သူ့အတွေးတွေကို အမှီမလိုက်နိုင်ဖြစ်သွားတယ်။
တက္ကသိုလ်...
သူ ဘယ်တက္ကသိုလ်သွားမယ်ဆိုပြီး စဉ်းစားဖူးရဲ့လား?
သူ့အတွက် မိသားစုက လမ်းကြောင်းကို ဖောက်ထားပေးပြီးသား။
အကောင်းဆုံးအနေအထားနဲ့ ရှေ့ဆက်သွားနိုင်ဖို့ သူ့အဖေက လမ်းကြောင်းကို နည်းနည်းလေးတောင် ချော်မသွားအောင် လုပ်ပေးထားတယ်။
သူ့အတွေးကရော?
"ဟမ်" လင်ယွမ် ပြောလိုက်တယ် "မင်း ဘယ်ဘာသာကို သဘောကျလဲ? ရှေ့လျှောက် ဘယ်တက္ကသိုလ်မှာ ဘယ်majorနဲ့ တက်မယ်ဆိုတာကို တွေးဖူးလား? ဒါမှမဟုတ်..."
သူ ခဏလေးတွေးပြီးတော့မှ "မင်းမိသားစုက မင်းအတွက် အစီအစဉ်တွေ ချပေးထားတာလား?"
မော့ကျူးချန် ပြန်မဖြေဖြစ်ခဲ့ဘူး။
"တောင်းပန်ပါတယ်" လင်ယွမ်က ပြုံးကာ "ကိုယ့်မေးခွန်းက စည်းကျော်သလိုဖြစ်သွားလောက်တယ်"
"ရှန်းရှန်းက မင်းတို့သူငယ်ချင်းတွေကို သဘောကျနေပုံရတယ်၊ အဲ့တာကြောင့် ကိုယ်တွေးကြည့်တာ သူသာ ရှေ့လျှောက် မြို့တော်က တက္ကသိုလ်တစ်ခုကို သွားနိုင်မယ်ဆိုရင် မင်းတို့နဲ့ တက္ကသိုလ်တစ်ခုတည်း အတူတက်ရရင် တအားပျော်သွားမှာပဲ"
မော့ကျူးချန် တွေးဆဆနဲ့ လင်ယွမ်ရဲ့မျက်လုံးတွေကို ကြည့်လိုက်မိတယ်။
တစ်ဖက်လူက ယဉ်ကျေးပြီး လူကြီးလူကောင်းဆန်တယ်။
သူ ကြားဖူးသလောက်ဆို ဉာဏ်ကြီးရှင်တစ်ယောက်လည်းဟုတ်တယ်။
ညီဖြစ်သူ လင်ရှန်းအပေါ်လည်း သိပ်ကို ဂရုစိုက်ပေးတယ်။
ဒါပေမယ့် တစ်ခုခုမှားနေတယ်လို့ သူ အမြဲခံစားမိနေတယ်။
မော့ကျူးချန် လင်ယွမ်ကို တည်ငြိမ်စွာ ကြည့်နေရင်း သူ့ရဲ့ရှက်ရွံ့မှုတွေကလည်း ဖြေးဖြေးချင်း ပျောက်ကွယ်လာတော့တင်္ယ။
ဒါပေမယ့်...
ဘာက ထူးဆန်းတာလဲ?
ဟိုတယ်က ရှင်းဆန်းကျောင်းရယ် လင်အိမ်တော်ရယ်နဲ့ သိပ်မဝေးဘူး။
လွတ်လွတ်လပ်လပ်ပြောဆိုရင်းနဲ့ပဲ လင်ယွမ်က လင်မိသားစုဗီလာထဲ ကားတောင်ထိုးလိုက်ပြီဖြစ်တယ်။
"မင်း ဒီနေရာမှာ ဒရိုက်ဘာရှာလို့ရပါ့မလား?" သူကားထဲက ထွက်ကာ (သူ့လိုပဲ)ကားထဲက လိုက်ထွက်လာတဲ့ မော့ကျူးချန်ကိုကြည့်ရင်း "ဒါမှမဟုတ် တစ်ညလောက်တော့ ကိုယ့်အိမ်မှာ နေသွားချင်လား?"
အခုချိန်မှာ ညတာက မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီဖြစ်တယ်။
လင်မိသားစုဗီလာတည်ရှိတဲ့ ရပ်ကွက်လေးထဲမှာ လမ်းမီးတွေ ထွန်းထားတယ်ဆိုပေမယ့် အလင်းရောင်တွေက သိပ်မလင်းဘူး။
လင်ယွမ်က အလင်းရောက်အောက်မှာရပ်ပြီး ကားတစ်ဖက်ခြမ်းက မော့ကျူးချန်နဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိကြတယ်။
သူက တစ်ဖက်လူကို သိမ်မွေ့စွာ ဖိတ်ကြားလိုက်တယ်။
လင်မိသားစုဆီမှာ တစ်ညနေရမယ်?
မော့ကျူးချန်ရဲ့လက်ချောင်းတွေက အနည်းငယ်ကွေးသွားတယ်။
လင်ရှန်းတောင်မှ သူ့ကို ဒီလိုမျိုး ဘယ်တုန်းကမှ မဖိတ်ခဲ့ဖူးဘူး။
ဒါပေမယ့် ဒါက တကယ် ကောင်းပါ့မလား?
လင်ယွမ်က...
ဒါမှမဟုတ် လင်မိသားစုက ဒါကို တကယ် စိတ်ပါရဲ့လား?
လင်ရှန်းက တိုက်ရိုက် မပြောခဲ့ပေမယ့် နမ်းတဲ့နည်းစနစ်ဆိုတာတွေကရော၊ သမင် ဝင်တိုးတာတို့ဘာတို့၊ အလစ်တိုက်တာတို့ဘာတို့လေ။
လင်ယွမ်ရဲ့ ဉာဏ်ကောင်းပုံမျိုးနဲ့ဆို သူနဲ့ လင်ရှန်းကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မကြားနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ။
သူ စိတ်ထဲမထားဘူးလား?
သူ့(မော့ကျူးချန်)ကိုတောင်မှ နေဖို့ဖိတ်လိုက်သေးတယ်။
သူ ဘာကိုဆိုလိုချင်တာလဲ?
မော့ကျူးချန်က ဒီမေးခွန်းကို အဖြေမရှာနိုင်သေးပေမယ့် လင်ယွမ်ကတော့ ကားနောက်ခန်းတံခါးကိုတောင် ဖွင့်နေပြီဖြစ်တယ်။
သူက ကိုယ်ကိုကိုင်းကာ လင်ရှန်းရဲ့ထိုင်ခုံခါးပတ်ကို အရင်ဖြုတ်လိုက်တယ်။
"ရှန်းရှန်း?" လင်ယွမ် လင်ရှန်းရဲ့မျက်နှာကို ထပ်ပုတ်လိုက်တယ် "အိမ်ရောက်ပြီလေ၊ အိမ်ထဲဝင်ပြီးမှ ထပ်အိပ်တော့"
လင်ရှန်းလည်း အိပ်ချင်မူးတူးနဲ့ ညည်းတွားကာ နောက်ဆုံးတော့ မျက်လုံးတွေ ဖြေးဖြေးချင်းပွင့်လာတယ်။
ကားထဲမှာ အလင်းရောင်က အနည်းငယ်မှိန်နေတယ်။
လင်ယွမ်က ကားတံခါးကနေ ကိုယ်ကိုကိုင်းပြီးပိတ်ထားတာကြောင့် ကားထဲကို ကျရောက်တဲ့လမ်းမီးရောင်ကို လုံးဝပိတ်ထားလိုက်သလိုဖြစ်နေတယ်။
လင်ရှန်းလည်း မှုန်တိမှုန်ဝါးဖြစ်နေပြီး သူ့ကို အိမ်ထဲဝင်ဖို့ပြောနေတဲ့ သိမ်မွေ့တဲ့အသံတစ်သံကိုသာ ကြားနေရတယ်။
ဒါက သူ့ကို နွေးထွေးစေတယ်။
"ယန်ရှို့ကော" သူက ဗလုံးဗထွေးနဲ့ "ကျွန်တော် ဘယ်ရောက်နေတာလဲ..."
"ရှန်းရှန်း?" လင်ယွမ့်ရဲ့ ရွှင်ပြတဲ့အသံ ပေါ်ထွက်လာတယ် "မူးနေတုန်းလား?"
"ကော?" လင်ရှန်း ကြောင်အသွားပြီး ချက်ချင်းဆိုသလို သတိပြန်ကပ်သွားတော့တယ်။
သူ ရုတ်ခြည်းမျက်လုံးတွေဖွင့်ကြည့်တော့မှ ပြတ်ပြတ်သားသားမြင်လာတယ်။
သူ့ကို အပြုံးတစ်ပွင့်နဲ့ ကြည့်နေတာ ဘယ်သူလဲ၊ ယန်ရှို့ ဘယ်မှာလဲ?!
ဒါက သူ့အစ်ကို လင်ယွမ်ပဲ။
"ကောတို့ အိမ်ရောက်ပြီ" လင်ယွမ်က သူ့ကို ပုခုံးပုတ်လိုက်တယ်။
သူက မတ်မတ်ရပ်ကာ လင်ရှန်းရဲ့လွယ်အိတ်ကိုသယ်ပြီး လျှောက်သွားတယ် "ဆင်းတော့"
"အိုး" လင်ရှန်း ခေါင်းမြန်မြန်ငြိတ်ပြလိုက်တယ်။
သူ အသက်ကိုပြင်းပြင်းရှုသွင်းကာ နောက်ထပ်လေးဖင့်မနေရဲတော့ဘူး။
သူ ခုလေးတင် ယန်ရှို့နာမည်ကို ခေါ်မိလိုက်တာလား?
လင်ရှန်း သိပ်မသေချာဘူး။
သူ ကားထဲက အမြန်ထွက်ကာ သူ့အစ်ကိုဘေးနားမှာ အနည်းငယ်စိတ်လှုပ်ရှားစွာနဲ့ ရပ်လိုက်တယ်။
ဒါမှမဟုတ် မခေါ်မိလိုက်ဘူးလား?
လင်ယွမ်က ကြားလိုက်ပေမယ့် ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်။
လင်ယွမ်က ယန်ရှို့နာမည်ကို ကြားလိုက်တယ်ဆိုရင်တောင် ဂရုစိုက်မှာ မဟုတ်လောက်ဘူး။
တကယ်တော့ သူနဲ့လင်ရှန်းက တစ်ရက်မှာ ၂၄နာရီလုံး အတူတူနေကြတာမဟုတ်ဘဲ နှစ်ယောက်စလုံးမှာလည်း ကိုယ်ပိုင်အသိုင်းအဝိုင်းနဲ့ကိုယ် ရှိကြတယ်။
"ရှန်းရှန်း" လင်ယွမ်က သူ့အနောက်ဘက်ကို မေးငေါ့ပြကာ ပြုံးလိုက်တယ် "အတန်းဖော်မော့ကျူးချန်က မင်းကို ပြန်လိုက်ပို့တာ"
"အိုး... ဟမ်?" လင်ရှန်းက ခုလေးတင်မေးလိုက်တာကို စဉ်းစားနေတုန်းပဲ။
သူ ခေါင်းလှည့်ကာ ကားတစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ်။
သူအိပ်မပျော်သွားခင်တုန်းက မှတ်ဉာဏ်တွေက သူ့စိတ်ထဲ ဖြည်းဖြည်းချင်းပြန်ဝင်လာတယ်။
သူတို့တွေ တောက်ရန်နဲ့ ရှုချန်းတို့က လပတ်စာမေးပွဲပြီးသွားလို့ အောင်ပွဲခံတဲ့အနေနဲ့ စားသောက်ဆိုင်မှာ စားခဲ့ကြတယ်။
တောက်ရန်က အနက်ရောင်ဘီယာကို ယူလာပြီး သူတို့အားလုံးက ဆယ့်ရှစ်နှစ်ပြည့်ပြီးသားတွေမို့ သောက်လို့ရတယ်ဆိုပြီး ပြောခဲ့တယ်။
ပြီးတော့ နောက်ပိုင်း...
လင်ရှန်း ခေါင်းယမ်းလိုက်တယ်၊ သူ ဘယ်လောက်တောင် သောက်ခဲ့တာလဲ?
သူ ယူလိုက်တဲ့ အနက်ရောင်ဘီယာက ယစ်မူးစရာအနံ့လေးနဲ့ အရသာလည်းရှိတယ်။ နောက်တော့ သူတော်တော်လေး သောက်ခဲ့ပုံပေါ်တယ်။
ကြားဖူးနေကျစကားလိုမျိုး တတိတိနဲ့ သောက်ခဲ့မိတာလား?
လင်ရှန်း စိတ်ရှုပ်စွာ သူ့ခေါင်းသူ ပုတ်လိုက်တယ်။
သူ ဒီလိုမျိုးကို အရင်ဘယ်တုန်းကမှ မကြုံဖူးတာကြောင့် သူ မူးသွားတဲ့အချိန်မှာ ဘွင်းဘွင်းရှင်းရှင်းကြီးတွေတော့ မလုပ်မိလိုက်ပါဘူးနော်?
"ငါကို ပြန်ပို့ပေးလို့ ကျေးဇူးပါ" လင်ရှန်း မော့ကျူးချန်ကို ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ်"
"ရှန်းရှန်း" လင်ယွမ်က သူ့ကို ထပ်ခေါ်လိုက်ပြန်တယ် "မင်းအတန်းဖော်ကလည်း မူးနေလောက်တယ်၊ ကားမောင်းလို့ မရဘူး"
သူ လင်ရှန်းကို မေးလိုက်တယ် "မင်း သူ့ကို အိမ်ထဲဖိတ်ပြီး တစ်ညလောက် အိမ်မှာ နေသွားစေချင်လား?"
"ဟမ်?" လင်ရှန်း ကြောင်အသွားတယ် "ရတာလား...?"
"သေချာပေါက် ရတာပေါ့" လင်ယွမ်က ခေါင်းငြိတ်ကာ ညင်သာစွာ ပြုံးလိုက်တယ် "မင်းက ဆော့ဖို့ဆိုပြီး အိမ်ကို ဘယ်တုန်းကမှ သူငယ်ချင်းခေါ်မလာဖူးဘူးလေ၊ အဲ့တာက မင်းရဲ့သူငယ်ချင်းကောင်းဆိုရင် ခေါ်လို့ရတာက ပုံမှန်ပဲလေ"
သူက လင်ရှန်းရဲ့ပုခုံးကို ပုတ်ကာ "ဒါက မင်းရဲ့အိမ်ဆိုလည်း ဟုတ်တယ်လေ"
လင်ရှန်း ခဏလောက် ဒီတိုင်းနေနေမိတယ်။
သူ မနေနိုင်စွာ မော့ကျူးချန်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။
တစ်ဖက်လူက ကားရဲ့တခြားဖက်က အမှောင်ရိပ်ထဲမှာ ရပ်နေတယ်။
ကောင်လေးရဲ့ကြည့်ကောင်းတဲ့မျက်နှာက လမ်းမီးအလင်းရောင်ကို ကွယ်နေပြီး အနည်းငယ်သီးခြားဆန်ကာ အေးစက်နေတယ်။
"ဒါက..." လင်ရှန်းက သူ့အိမ်မှာ ဆော့ကြဖို့ဆိုပြီး သူငယ်ချင်းတွေ ဒါမှမဟုတ်လည်း အတန်းဖော်တွေကို ဘယ်တုန်းကမှ မဖိတ်ခဲ့ဖူးဘူး။ တစ်ယောက်တည်းပဲ နေခဲ့တယ်။
ဒါပေမယ့်အခု မော့ကျူးချန်ကို ဖိတ်မှာက တကယ်ရော ကောင်းပါ့မလား?
သူတို့နှစ်ယောက်ကြားက ပြဿနာကလည်း မရှင်းသေးဘူး။
ဒါပေမယ့် သူ့အစ်ကိုကြီးကတော့ မော့ကျူးချန်ရှေ့မှာ ပြောလိုက်ပြီ။
တကယ်လို့ သူ့ကိုသာ ခွင့်ပြုလိုက်ရင် စိတ်ကြီးဝင်နေတဲ့ကျောင်းမြက်ကြီးက ထပ်ပြီး(တစ်မျိုးထင်)တွေးအုံးမှာလား?
လင်ရှန်းတစ်ယောက် လင်ယွမ်ကိုကြည့်လိုက် မော့ကျူးချန်ကိုကြည့်လိုက်နဲ့ တွန့်ဆုတ်နေတယ်။
လင်ယွမ်ကတော့ အထင်လွဲသွားမှန်းသိသာတယ်။
သူက လင်ရှန်းပုခုံးကိုပုတ်ကာ "စကားပြောကြပေါ့"
သူက ပြောပြီးတာနဲ့ လင်ရှန်းရဲ့လွယ်အိတ်ကို ဆွဲကာ ဗီလာဆီကို လျှောက်သွားတယ်။
ဗီလာရဲ့ဝင်ပေါက်ထဲကို ဝင်ပြီးတဲ့နောက် တံခါးကို သေချာပိတ်ကာ လင်ရှန်းအတွက် နေရာပေးခဲ့တယ်။
"မော့ မော့ကျူးချန်"
ဗီလာအပြင်ဘက်မှာ လင်ရှန်းနဲ့ မော့ကျူးချန်သာ ကျန်ခဲ့တယ်။
"မင်း နေချင်တယ်ဆို..."
လင်ရှန်း ပြောလို့မပြီးသေးခင် မော့ကျူးချန်က ရုတ်တရက်ကြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာတယ်။
တစ်ဖက်လူရဲ့လက်က ခပ်ကြမ်းကြမ်းဖိကိုင်ထားတာဖြစ်ပြီး သူ မရုန်းနိုင်သေးခင် ကားထဲလျှင်မြန်စွာ ထည့်ခြင်းခံလိုက်ရတယ်။
သူ့နောက်ကျောနာသွားတာကို လင်ရှန်းခံစားလိုက်ရပြီး လူတစ်ကိုယ်လုံး မော့ကျူးချန်ကို ခုခံနေရတယ်။
သူ အသက်တစ်ချက်ရှိုက်ပြီး မော့ကျူးချန်ကို မျက်လုံးတွေပြူးကျယ်ကာ ကြည့်မိသွားတယ်။
တစ်ဖက်လူက သူ့ရဲ့ဘယ်ဘက်လက်ကို မြှောက်ကာ လင်ရှန်းရဲ့ရင်ဘတ်အလယ်ကို ဖိထားတယ်။
"ဟမ့်!" မော့ကျူးချန်ဘက်က ပြောလာတယ် "ငါမင်းကို ထပ်ပြီးတိုက်တာလေ"
သူ့မျက်လုံးတွေက လင်ရှန်းရဲ့မျက်လုံးတွေထဲကြည့်ကာ "အခု sympathetic အာရုံကြောလား ဘာလား အဲ့တာက အလုပ်စလုပ်နေပြီလား? အဲ့တော့ မင်းရဲ့နှလုံးခုန်သံက မြန်လာပြန်ပြီလား?"
သူ ခက်ထန်စွာ မေးလာတယ်။
လင်ရှန်း "???"
သူ အူကြောင်ကြောင်နဲ့ ခေါင်းငုံ့ကာ သူ့ရင်ဘတ်ပေါ်မှာဖိထားတဲ့ မော့ကျူးချန်ရဲ့လက်ချောင်းသွယ်သွယ်တွေကို ကြည့်လိုက်တယ်။
တစ်ဖက်လူက ရုတ်တရက်ကြီး ဘာကြောင့်ဒီလောက်အကြမ်းပတမ်းဖြစ်သွားတာလဲဆိုတာကို မသိပေမယ့်...
လင်ရှန်းရဲ့လည်စေ့က အပေါ်အောက်လှုပ်ရှားသွားပြီးမှ အသံခပ်အုပ်မုပ်နဲ့ ပြောလိုက်တယ် "မင်းလက်ချောင်းတွေ အခုရောက်နေတဲ့နေရာက... ဗိုက်မှာ၊ နှလုံးခုန်တဲ့နေရာမှာ မဟုတ်ဘူး"
_____
Thanks 🌹