ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 55

14.2K 2.4K 103
By Cora0411

//Zawgyi//

Chpater 55 : ခ်စ္ျခင္းေမတၱာတုိ႔ေပါင္းစည္းျပသျခင္း

"က်စ္က်စ္ မင္းတို႔က ဒီလိုမ်ိဳးမင္းတို႔ရဲ႕ခ်စ္ခင္မႈေတြကို ျပေနၾကတာလား?" သူ႕ေဘးရွိထန္းလီက ေအာက္ဘက္ကို အၾကည့္ေ႐ႊ႕လိုက္သည္။

အုပ္စုက တစ္ဖက္လွည့္ကာ သီးသန႔္ခန္းအတြင္း ဝင္ေရာက္သြားၿပီး ယန္က်န္းေပၚနဲ႕အျခားသူေတြကို ေနာက္မွာခ်န္ထားခဲ့လိုက္သည္။ ထန္းလီက အထိတ္တလန႔္ေရ႐ြတ္လာ၏
" ခ်ီးပဲ အားက်င္း မင္းလည္ပင္းက ဘာျဖစ္တာလဲကြ...အာ..ငါသိၿပီ"

ရွန္ရိက်င္း : "......"

တစ္ဖက္ျခမ္းမွ ေရွာင္ထန္းက နားေထာင္ေနၿပီး ခ်က္ခ်င္းပင္ရယ္ေမာေတာ့သည္ : "ဟားဟား ကိုႀကီးမွာ ထက္ျမတဲ့မ်က္လုံးေတြရွိေနတုန္းပဲကိုး။ ေဘာ့စ္ရဲ႕လည္ပင္းက...ဒီႏွစ္ရက္အတြင္း ဒါက ကုမၸဏီမွာ အေဆြးေႏြးဆုံးအေၾကာင္းအရာျဖစ္ေနတာေလ"

က်င္႐ႊင္ : "......"

သီးသန႔္ခန္းတံခါးက ပိတ္သြားၿပီး သူတို႔ရဲ႕အသံေတြကို ထပ္မၾကားနိုင္ေတာ့ေပ။

ေကာ္ရစ္တာတစ္ေလွ်ာက္ တိတ္ဆိတ္ၿငိမ္သက္မႈက ျပန္လည္အစားထိုးသြားၿပီး ယန္က်န္းေပၚမ်က္ႏွာက စိမ္းတလွည့္နီတလွည့္ပင္။

တစ္ဖက္မွာ မန္ေနဂ်ာက သူ႕ကိုထြက္ခြာသြားရန္ ယဥ္ယဥ္ေက်းေက်းတိုက္တြန္းေနတာမို႔ သူ႕မ်က္ႏွာကို ဘယ္နားသြားထားရမယ္မွန္း မသိေတာ့။ အျခားတစ္ဖက္၌လည္း ယန္က်င္႐ႊင္က...မေမွ်ာ္လင့္ထားစြာျဖင့္ ရွန္ရိက်င္းအေပၚတြယ္ကပ္သြားနိုင္တဲ့အခ်က္မွာ သူနစ္ျမဳပ္ေနဆဲ။ ဒီတိုက္ခတ္မႈႀကီးေၾကာင့္ သူအခ်ိန္အေတာ္ၾကာအထိ သတိျပန္မဝင္ေသးေပ။

သူ႕ထက္ပိုၿပီးေရွာ့ခ္ရသြားသူကေတာ့ ရွီထိုက္လင္ပင္။

ရွန္အုပ္စုမွာ တစ္လနီးပါးေလာက္ အခ်ည္းႏွီးေနထိုင္ခဲ့မႈနဲ႕ ျပန္ေရာက္တဲ့အခ်ိန္ သူ႕ဦးေလးကိုဘယ္လိုတင္ျပရမယ္မွန္းမသိတာတို႔ကို စဥ္းစားရင္း ေနရာမွာတင္ သူသတိလစ္ခ်င္မိသြားသည္။

ရွီထိုက္လင္ၾကည့္ရတာ ထုံထိုင္းသလိုမ်ိဳးျဖစ္လာၿပီး ေနရာမွာတင္မတ္တပ္ရပ္ရင္း သူ႕ကိုယ္သူတီးတိုးေရ႐ြတ္ေန၏ : " ဒီတစ္ေခါက္ေတာ့ ၿပီးသြားၿပီ။ အခုငါတို႔ ရွန္အုပ္စုကို ထည့္တြက္လို႔မရနိုင္ေတာ့ဘူး...ငါတို႔ကုမၸဏီလည္း ဖိႏွိပ္ခံရတာမ်ိဳးျဖစ္နိုင္တယ္...ဘယ္လိုေတာင္ေကာင္းလိုက္လဲ...ဝမ္းကြဲ႐ႊင္က ငါတို႔ကို လက္တုံ႕ျပန္ခ်င္တယ္ဆိုရင္..."

"ပါးစပ္ပိတ္ထား" ယန္က်န္းေပၚက သူ႕ကိုထပ္မေျပာရန္ ေအာ္ဟစ္လိုက္၏။ သို႔တိုင္ေအာင္ ရွီထိုက္လင္က ေခ်ာက္ခ်ားေနၿပီျဖစ္တာမို႔ လုံးဝမရပ္တန႔္နိုင္ေပ : " ခုနက ဥကၠ႒ရွန္ဘာေျပာသြားလဲဆိုတာ မင္းမၾကားလိုက္ဘူးလား? ဝမ္းကြဲ႐ႊင္နဲ႕သူနဲ႕က မိသားစုေတြ!...ၿပီးသြားၿပီ ဒါကၿပီးသြားၿပီကြ!"

"ပါးစပ္ပိတ္ထား! မင္းေျပာလို႔ၿပီးၿပီလား မင္းအရွက္ရတာမလုံေလာက္ေသးလို႔လားကြ!"

အဆုံးမရွိ ေရာက္တတ္ရာရာေျပာေနတဲ့ ရွီထိုက္လင္နဲ႕ ရင္ဆိုင္ရခ်ိန္ ယန္က်န္းေပၚက သူ႕ေကာ္လံကိုဆြဲကာ မန္ေနဂ်ာ၊ လုံၿခဳံေရးေတြနဲ႕ စားပြဲထိုးေတြရဲ႕အၾကည့္ေအာက္ ဆိုင္တံခါးဆီေလွ်ာက္သြားလိုက္၏။

ရွန္ရိက်င္းအား ေစာင့္ဆိုင္းေနတဲ့အႀကံက က်ရႈံးသြားတာမို႔ ႏွစ္ေယာက္သားအေနနဲ႕ ဒီဆိုင္မွာမစားေတာ့မွာက သဘာဝက်သည္။

သို႔ေပမယ့္ ဒီလိုမ်ိဳးထြက္ခြာသြားၿပီးေနာက္ ယန္က်န္းေပၚက အရွက္ရမႈနဲ႕ ရွက္႐ြံ႕မႈကို မထိန္းထားနိုင္ေသးေပ။ သူက အ႐ူးတစ္ေယာက္လိုမ်ိဳး လမ္းတစ္ေလွ်ာက္လုံး ဆဲေရးလာသည္ : "ဖာ့ခ္ပဲ ယန္က်င္႐ႊင္က ငါတို႔နဲ႕လာရႈပ္ရဲဖို႔ သတၱိရွိေနတာကို ငါမယုံဘူး။ ငါျပန္ေရာက္တဲ့အခ်ိန္...သူ႕ေျခေထာက္ကို ရိုက္ခ်ိဳးဖို႔..အေဖ့ကိုေျပာရမယ္!"

"ဒါ့အျပင္ သူတို႔ေျပာတာကို မင္းဘယ္လိုယုံနိုင္ရတာလဲကြ ဒီလက္ထပ္မႈ...ဘယ္သူသိမွာလဲ ဒါကဗလာသက္သက္ကတိေတြပဲျဖစ္မွာေပါ့...ႏွစ္ရက္အတြင္း သူစြန႔္ပစ္ခံရတာလည္း ျဖစ္နိုင္တာပဲကို!"

...

ယန္က်န္းေပၚက ရွီထိုက္လင္ကို စားေသာက္ဆိုင္တစ္ေလွ်ာက္လုံး ဆြဲေခၚသြား၏။

သီးသန႔္ခန္းထဲမွာ က်င္႐ႊင္နဲ႕ထန္းလီက "ဆိုးယုတ္တည္ရွိမႈကိုတိုက္ခိုက္ျခင္း"ဆိုတဲ့ ထူးထူးဆန္းဆန္းဆက္ဆံေရးမ်ိဳး ရွိေနသည္ထင္။ ပထမဆုံးအႀကိမ္ေတြ႕ဖူးတဲ့လူႏွစ္ေယာက္က အလ်င္အျမန္ပဲ အခ်င္းခ်င္းရင္းႏွီးသြားၾကေတာ့သည္။

ဒါ့အျပင္ သိသာစြာကိုပဲ ထန္းလီက ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႕စကားမ်ားသူတစ္ေယာက္ပင္။ သူရွိေနတဲ့ေနရာတိုင္း ကသိကေအာက္တိတ္ဆိတ္မႈမ်ိဳး ရွိေနမွာမဟုတ္ေလာက္။ သူက ထိုေျမေခြးမ်က္ဝန္းတစ္စုံနဲ႕ ထိုက္တန္ေပ၏။ သူက ပူပင္ေၾကာင့္ၾကမဲ့ကာ အနည္းငယ္အဆိပ္ရွိသလို ထင္ရေပမယ့္ တကယ္ေတာ့ လိမၼာပါးနပ္ၿပီး ဘာကိုေျပာရမလဲ ဘာကိုမေျပာရဘူးလဲဆိုတာကို သိသူတစ္ေယာက္ပင္။

ထိုင္ၿပီးေနာက္ လူတိုင္းက အျပန္အလွန္နားလည္မႈျဖင့္ ခုနကအပိုင္းဆက္ေလးကို ဆက္မေျပာၾကေပ။ ထန္းလီက ဝမ္းနည္းပူေဆြးစြာညည္းၫူ၏ : "အိုက္ယား..အားက်င္းက မၾကာခင္လက္ထပ္ေတာ့မယ္လို႔ ငါထင္မထားဘူး....ငါတို႔အတန္းေဖာ္ေဟာင္းေတြကို ငါဒီအေၾကာင္းမေျပာရဲဘူး မဟုတ္ရင္ လူတိုင္း လန႔္ေသသြားလိမ့္မယ္။ ဒါကအရမ္းျမန္လြန္းတယ္...စကားမစပ္ ..ဘာလို႔ငါတို႔ဂ်ဴနီယာညီေလး အားဟိန္ကမလာတာလဲ ဒီစီနီယာျပန္ေရာက္လာေပမယ့္ သူကမလာဘူး?!"

က်င္းက်ဲ့ဟိန္က ရွန္ရိက်င္းနဲ႕အသက္တူတူဆိုေပမယ့္ ရွန္ရိက်င္းက အတန္းငါးတန္းကို ခုန္ေက်ာ္ခဲ့တဲ့မေကာင္းဆိုးဝါးေကာင္ေလ။ ထန္းလီက ဒီႏွစ္မွာ အသက္သုံးဆယ္ရွိၿပီမို႔ စည္းမ်ဥ္းတက်ျဖင့္ စီနီယာက်မႈအတိုင္းေျပာရရင္ က်င္းက်ဲ့ဟိန္က အမွန္တကယ္ကို သူတို႔၏ဂ်ဴနီယာပင္။

ဒါကိုေျပာလာေတာ့ ေရွာင္ထန္းက စိတ္ဆိုးစြာျဖင့္ : "အစ္ကိုက်ဲ့ဟိန္က ခုနေလးတင္ကြၽန္ေတာ့္ကိုဖုန္းေခၚၿပီး သူမနက္ျဖန္အားလပ္ရက္အပန္းေျဖခရီးရွိတယ္လို႔ေျပာလာတယ္။ သူဒီည ဒီေနရာကိုလာဖို႔အဆင္မေျပဘူးတဲ့"

"အပန္းေျဖခရီး?" ထန္းလီက ၾကက္ေသ,ေသသြားကာ သူ႕ရဲ႕ေျမေခြးမ်က္ဝန္းတစ္စုံက က်ဥ္းေျမာင္းသြားၿပီး စိတ္တိုတဲ့အမူအရာသို႔ေျပာင္းသြားသည္ : "အေစာႀကီးလည္းမဟုတ္သလို ေနာက္က်မွလည္းမဟုတ္ဘဲ အခုမွအားလပ္ရက္ယူတယ္တဲ့လား?"

သူက ရွန္ရိက်င္းအား ခ်ဲ့ကားတဲ့အမူအရာျဖင့္ ၾကည့္ကာ : "တကယ္ႀကီးလား?"

"အင္း" ရွန္ရိက်င္း : "အားဟိန္က ႏွစ္ႏွစ္လုံးအတြက္ ဘာအားလပ္ရက္မွ မယူထားဘူး။ သူက ဒီတစ္ႀကိမ္ေတာ့ ရက္အနည္းငယ္ နားရက္ယူခ်င္ေနတယ္"

"...မျဖစ္နိုင္တာ" ထန္းလီက မွိန္ေဖ်ာ့စြာဆက္ေျပာ၏ : " မင္းကုမၸဏီက လူေတြအားလုံးက ဒီေလာက္ေတာင္ ႐ူးသြပ္ေနၾကတာလား?"

ရွန္ရိက်င္းက ဗလာသက္သက္အမူအရာျဖင့္ေျပာလာသည္ : "ကုမၸဏီစနစ္က ဝန္ထမ္းေတြကို သူတို႔ႏွစ္ကုန္ခြင့္အတြက္ ႀကိဳက္တဲ့အခ်ိန္ လြတ္လြတ္လပ္လပ္ေ႐ြးခြင့္ေပးထားတယ္။ ဝန္ထမ္းေတြက သူတို႔အားလပ္ရက္ေတြကို မစုေဆာင္းထားနိုင္ဘူးဆိုတဲ့ စည္းမ်ဥ္းလည္းမရွိဘူး"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ငါသိပါၿပီကြာ" ထန္းလီက သူ႕ေခါင္းကို အလ်င္အျမန္ခါယမ္းရင္း မေနနိုင္ဘဲ မ်က္ႏွာခ်င္းဆိုင္မွ က်င္႐ႊင့္ကိုၾကည့္ကာ
" မင္းေယာက်္ားက အၿမဲတမ္းအဲ့လိုခ်ည္းပဲ မင္းသည္းခံနိုင္တယ္လား?"

က်င္႐ႊင္ : "......"

ေယာ...ေယာက်္ား?

ရွန္ရိက်င္းက သူ႕ေယာက်္ားလို႔ အရင္ကဘယ္သူမွမေျပာခဲ့ဖူးတာေၾကာင့္ ျဖစ္မည္ထင္၊ ဒီစကားလုံးကိုၾကားေတာ့ က်င္႐ႊင့္မ်က္ႏွာက ခ်က္ခ်င္းနီျမန္းသြားသည္။

သူက ခပ္ျမန္ျမန္ ေခါင္းငုံ႕လိုက္သည္။

သို႔ေပမယ့္ ဒီတစ္ႀကိမ္မွာ သူရွဲန္းရွန္မ်က္ႏွာပ်က္မွာအား ခြင့္မျပဳနိုင္ေပ။ ေခါင္းကိုအနည္းငယ္ငုံ႕ထားတဲ့က်င္႐ႊင္က အေလးအနက္ေျပာလိုက္သည္ : "ရွဲန္းရွန္က အရမ္းကိုေကာင္းတဲ့လူပါ"

ဟုတ္တယ္ေလ Mr.ထန္းရဲ႕"႐ႊတ္ေနာက္ေနာက္ပုံ"နဲ႕ယွဥ္ရင္ သူကေတာ့ ရွန္ရိက်င္းရဲ႕တည္ၿငိမ္မႈနဲ႕ေစ့စပ္မႈကို ပိုႏွစ္ၿခိဳက္သည္။

ရွန္ရိက်င္းက သူ႕ကိုၾကည့္ေနတာျမင္ေတာ့ က်င္႐ႊင္က သဘာဝက်စြာျဖင့္ကာ ျပန္ၾကည့္ကာ တစ္ဖက္လူကို အၿပဳံးေလးျဖင့္မ်က္စိမွိတ္ျပလိုက္၏။ ထို႔ေနာက္ စားပြဲခုံေအာက္ဝယ္ သူ႕ေျခေထာက္က အနီးနားရွိရွန္ရိက်င္းကို ထိကပ္လိုက္သည္။

ေရွးက်တင့္တယ္တဲ့သီးသန႔္ခန္းထဲဝယ္ ညစာစားပြဲက ရိုးရွင္းတဲ့ေထာင့္မွန္စတုဂံပုံမေဟာ္ဂနီသစ္စားပြဲျဖစ္သည္။ လူေလးေယာက္က စားပြဲရွည္ႀကီးရဲ႕တစ္ဖက္တစ္ခ်ပ္ဆီမွာ အတြဲလိုက္ထိုင္ေနၾက၏။ ရွန္ရိက်င္းကေတာ့ သူ႕ညာဘက္တြင္။

က်င္႐ႊင္က မသိစိတ္အေလ်ာက္ တစ္ဖက္လူေျခေထာက္ေပၚရွိ လက္ကိုသြားထိလိုက္မိသည္။ သဘာဝက်စြာပင္ က်င္႐ႊင္က တစ္ဖက္လူရဲ႕ဘယ္လက္၊ လက္သူႂကြယ္ရွိ လက္ထပ္လက္စြပ္ကို တိမိသြားကာ ႏွစ္ႀကိမ္ေလာက္ပြတ္သပ္လိုက္၏။

စားပြဲတစ္ဖက္ျခမ္းမွာေတာ့ ထန္းလီကေျပာလာသည္ : "...အိုး ဘုရားေရ"

ႏွစ္ေယာက္သားက စားပြဲခုံေအာက္မွာ ဘာလုပ္ေနမွန္း သူမသိေပမယ့္လည္း က်င္႐ႊင့္အမူအရာကိုၾကည့္ျခင္းျဖင့္ သူႏွိပ္စက္ညွဥ္းပန္းခံေနရေလၿပီ။

ထန္းလီက အစြယ္ျပၿပီး မာန္ဖီေတာ့သည္ : "မင္းသိရဲ႕လား ငါကမင္းရဲ႕ေစ့စပ္ပြဲအခမ္းအနားကို တက္ေရာက္ဖို႔ေစာေစာျပန္လာတာေလ! ဒီလိုမ်ိဳး ညွဥ္းပန္းခံရမယ္မွန္းသိရင္ ငါျပန္မလာဘူး!"

"ဒါေပမယ့္ ကိုႀကီးေျပာေတာ့ ေနာက္လအနည္းငယ္အတြင္း ကိုႀကီးလက္ထပ္ေတာ့မွာဆို" ေရွာင္ထန္းကေမး၏ :" ကြၽန္ေတာ့္မရီးကိုပါ ကိုႀကီးတစ္ခါတည္းေခၚလာမယ္လို႔ ထင္ေနတာ..."

"မင္းမွာ ဘာမရီးမွမရွိေတာ့ဘူး" ထန္းလီကေျပာ၏ "မင္းကိုႀကီး စြန႔္ပစ္ခံလိုက္ရၿပီ"

"...ဟမ္?" ေရွာင္ထန္းက ၾကက္ေသ,ေသသြားသည္။

မတိုင္မီသူတို႔လမ္းမွာတုန္းက ဘာလို႔သူ႕မရီးကိုမေခၚခဲ့တာလဲဟု သူတစ္ႀကိမ္မကေမးခဲ့ဖူး၏။ သူ႕အစ္ကိုက တမင္တကာ ေခါင္းစဥ္ေျပာင္းလိုက္ၿပီး ဘာမွမေျပာခဲ့ေပ။

ဒါက...သူစြန႔္ပစ္ခံလိုက္ရတာပဲ ဒါ့ေၾကာင့္ သူအဲ့ဒါကိုမေျပာခ်င္တာေပါ့!

"ၿပီးသြားၿပီ...ေဖေဖနဲ႕ေမေမက ကိုႀကီးက မရီးကိုျပန္ေခၚလာမယ္လို႔ တကယ္ထင္ေနတာ ကိုႀကီးေရ ကံေကာင္းေအာင္သာဆုေတာင္းထားေပေတာ့" ေရွာင္ထန္းက သူ႕အစ္ကိုရင္းကို သနားစာနာမႈအျပည့္ျဖင့္ ၾကည့္လိုက္သည္။

သူ႕မိဘေတြနဲ႕ သူ႕အစ္ကိုက ဒီကိစၥမ်ိဳးေၾကာင့္ ဟိုးအရင္ကတည္းက ခဏခဏစကားမ်ားၾကတာကို သူမွတ္မိပါေသးတယ္။ သူ႕အစ္ကိုက မိသားစုမွစီစဥ္ေပးတဲ့လက္ထပ္မႈကို လက္မခံလိုတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ တ႐ုတ္ျပည္ကိုျပန္မလာခဲ့တာပင္။

အခုသူ႕မိဘေတြက ေနာက္ဆုံးေတာ့အေပးအယူလုပ္ကာ ညွိႏွိုင္းခဲ့သည္ ၊ သူ႕ကိုႀကီးက အျပင္ကေန လက္ထပ္ဖို႔ရန္လက္တြဲေဖာ္တစ္ေယာက္ရွာလာၿပီး အေျခခ်တာကို သေဘာတူျခင္းျဖင့္ေပါ့။ ရလဒ္အေနနဲ႕ သူ႕ကိုႀကီးက သူ႕မရီးရဲ႕ပစ္ခ်ျခင္းခံလိုက္ရတယ္...

ဒါက အရမ္းဝမ္းနည္းဖို႔ေကာင္းတာပဲ!

ထန္းလီက မ်က္လႊာခ်ကာ : "...မင္းက တကယ္ေရာငါ့ညီေလးဟုတ္ရဲ႕လား။ ဒီလိုမ်ိဳး စိတ္အေျခအေနကို ဖ်က္လိုဖ်က္စီးျဖစ္ေစတဲ့အရာမ်ိဳးကို မင္းဘယ္လိုလုပ္ေျပာနိုင္ရတာလဲ?"

ေရွာင္ထန္းက စိတ္ထိခိုက္သြားသလိုမ်ိဳး ႏႈတ္ခမ္းစူကာျဖင့္ : "ကြၽန္ေတာ္က ကိုႀကီးကိုဂ႐ုစိုက္ေပးတဲ့ဟာကို"

ထန္းလီက ေရွာင္ထန္းေခါင္းအားပုတ္ေပးကာ ေလးေလးနက္နက္ေျပာလာသည္ : "ဒါက မင္းထင္ထားသေလာက္ မရွိးရွင္းဘူး ေကာင္ကေလးရဲ႕။ မင္းလည္းမငယ္ေတာ့ဘူး ဒီေတာ့ မိသားစုကေန လက္ထပ္ေပးဖို႔တြန္းအားေပးခံေနရတဲ့ ဝန္ထုပ္ႀကီးကို ရင္ဆိုင္နိုင္ေအာင္ မင္းကိုႀကီးကို ကူညီရမယ့္အခ်ိန္ပဲ"

ေရွာင္ထန္း : "???"

ေသခ်ာတာေပါ့ ထန္းလီကေနာက္ေနျခင္းပင္။ သူ႕ညီေလးရဲ႕လန႔္ဖ်ပ္သြားေသာမ်က္လုံးေတြေအာက္ သူရယ္ေမာလိုက္သည္။

ရွန္ရိက်င္း : " မင္းဒီတစ္ေခါက္ ဒီမွာဘယ္ေလာက္ၾကာၾကာေနဖို႔ စီစဥ္ထားလဲ"

"ၾကည့္ရမွာပဲ" ထန္းလီက ကုလားထိုင္ကိုမွီကာ ထိုင္လိုက္ၿပီး သူ႕ၾကည့္ရတာအနည္းငယ္ပင္ပန္းေနပုံပင္ : " ငါ မျပန္ခင္ေတာ့ မင္းအဘိုးေမြးေန႕ၿပီးတဲ့ထိေစာင့္ဦးမယ္"

"ဒါေပမယ့္လည္း ငါအိမ္ကိုျပန္ျပန္ခ်င္း ေသြးမုန္တိုင္းတစ္ခုဆင္ႏႊဲရဦးမွာ။ မင္းေစာင့္သာၾကည့္ေနလိုက္ေတာ့ ဒီတစ္ႀကိမ္လည္း ငါဘယ္မိန္းကေလးနဲ႕ ဘလိုင္းဒိတ္သြားေတြ႕ရဦးမယ္မွန္းမသိဘူး"

သူစကားေျပာေနရင္း အိတ္ကပ္ထဲမွ စီးကရက္တစ္လိပ္ထုတ္ကာ အရင္ဦးဆုံး မ်က္ႏွာခ်င္းဆိုင္မွ ရွန္ရိက်င္းဆီကမ္းေပးလိုက္၏။

ရွန္ရိက်င္းက မယူေပ။ ထန္းလီက သူ႕ေခါင္းကို က်င္႐ႊင့္ဘက္တစ္ဖန္လွည့္ကာ : "ညီငယ္ေလးေရာ ေဆးလိပ္ေသာက္လား?"

က်င္႐ႊင္ : "မေသာက္ပါဘူး..ေက်းဇူး"

ထန္းလီက ေနာက္ဆုံးေတာ့ ေဆးလိပ္တိုကို ပါးစပ္ထဲထည့္လိုက္၏။ သူမီးညွိခါနီးမွာ ရွန္ရိက်င္းက ေခါင္းေစာင္းကာျဖင့္ အခန္းထဲက အကန႔္ငယ္ေလးတစ္ခုကို ၫႊန္ျပလာၿပီး အၾကင္နာမဲ့စြာေျပာလာသည္
"အထဲဝင္ၿပီး သြားေသာက္"

"...Shit"

ေဆးလိပ္ေငြ႕က အမွန္တကယ္ကို အႏၲရာယ္မ်ားေလသည္ အထူးသျဖင့္ က်င္႐ႊင္နဲ႕ေရွာင္ထန္းလို ေဆးလိပ္မေသာက္ေသာသူေတြအတြက္ေပါ့။

ထန္းလီက အဆုံးမွာေတာ့ ေဆးလိပ္ကိုျပန္ခ်ကာ မေသာက္ပဲနဲ႕ တစ္ခဏခန႔္ကိုင္ထား၏။

ကံေကာင္းစြာနဲ႕ စားစရာေတြက တစ္ခုၿပီးတစ္ခုေရာက္လာသည္။ ေဆးလိပ္အာသာျပင္းျပျခင္းက တူေတြကိုေ႐ြ႕လ်ားၿပီးေနာက္ သိပ္မျပင္းထန္ေတာ့ေပ။

ထန္းလီက တူနာဆာရွီမီတစ္ခုကို တူနဲ႕ညွပ္ကာ သူ႕ပါးစပ္ထဲထည့္လိုက္၏။ စားပြဲတစ္ဖက္ျခမ္းမွာ ရွန္ရိက်င္းက ေက်ာက္ပုစြန္တစ္ဝက္ကို သူ႕ပန္းကန္ထဲထည့္ကာ အတြင္းမွအသားေတြကို ခြာထုတ္ရန္ အထူးစပါယ္ရွယ္ဇြန္းအေသးေလးကို ေကာက္ကိုင္လိုက္တာအား သူျမင္လိုက္ရသည္။ ေနာက္ဆုံးမွာေတာ့ သူက အသားေတြကို အျခားပန္းကန္ျပားအေသးေလးထဲထည့္ကာ သူ႕နံေဘးရွိ လူငယ္ေလးထံပါးခ်ေပးၿပီး ေျပာလာသည္
"ပူတုန္းေလးစားလိုက္"

"ေက်းဇူးပါ ရွဲန္းရွန္"

က်င္႐ႊင္ကလည္း ယဥ္ေက်းမေနေပ။ သူက ေက်ာက္ပုစြန္အသားတစ္ခုကို ညွပ္ယူကာ ပါးစပ္ထဲထည့္လိုက္၏။

Fနိုင္ငံကေန ေလေၾကာင္းျဖင့္ပို႔ေဆာင္ထားတဲ့ Brittany Blue lobsters သုံးေပါင္ကို တိုက္ရိုက္ေပါင္းထားသည္။ ဒါက ေက်ာက္ပုစြန္ရဲ႕အရသာကို မူလအေျခအေနအတိုင္း ထိန္းသိမ္းထားၿပီး အသားကိုပိုတင္းရင္းေစသည္။ ပူပူေလးစားမယ္ဆိုရင္ လတ္ဆတ္ကာ အရသာရွိ႐ုံတင္မကဘဲ အလြန္႐ြအိၿပီးဝါးလြယ္သည္။

အရသာကအရမ္းေကာင္းတယ္လို႔ က်င္႐ႊင္ထင္မိတာေၾကာင့္ က်န္တာကို ရွန္ရိက်င္းအတြက္ ခ်န္ထားေပးလိုက္သည္။

ေက်ာက္ပုစြန္အသားကို ၿမိဳခ်ၿပီးခါပဲရွိေသး ရွန္ရိက်င္းက ငါးလိပ္ေက်ာက္ငါးမန္းဆူးေတာင္တစ္ခုကို ေကာက္ယူကာ သူ႕ပန္းကန္ထဲထည့္ေပးရင္း အႀကံေပးလာသည္ : " ျဖည္းျဖည္းစားေနာ္ ဒါက နည္းနည္းမာလိမ့္မယ္"

က်င္႐ႊင္ : "ဟုတ္"

မ်က္ႏွာခ်င္းဆိုင္မွ ထန္းလီ : "......"

ေခါင္းမာကာ ခံစားခ်က္ကင္းမဲ့တယ္ဆိုၿပီး ေက်ာ္ၾကားတဲ့ရွန္ရိက်င္းက လူတစ္ေယာက္အတြက္ ဒီေလာက္သဘာဝက်က် ညစာတည္ခင္းေပးေနတာကိုျမင္လိုက္ရေတာ့ ႐ုတ္ျခည္း ကမာၻႀကီးေျပာင္းလဲသြားသကဲ့သို႔ ထန္းလီခံစားလိုက္ရသည္။

သူ ရွန္ရိက်င္းကို သိခဲ့တာ ဆယ္ႏွစ္ေက်ာ္ၿပီ

သူ႕ကိုဒီလိုမ်ိဳးျမင္ဖူးတာေတာ့ ပထမဆုံးပဲ!

" လုံေလာက္ပါၿပီ ခ်စ္မိသြားတာက တကယ္ကြဲျပားတာပဲ" ထန္းလီက ခါးသက္စြာေျပာလိုက္၏။

သူ ေဆးလိပ္မေသာက္နိုင္ေတာ့ အရက္ပဲေသာက္ေန႐ုံေပါ့။

ေရာက္ရွိလာတဲ့ဟင္းလ်ာေတြက *ဗ်စ္ပန္းအနံ႕ခပ္ေရးေရးနဲ႕အတူ ဆာေကးနည္းနည္းပါဝင္ၿပီး ေႏြးေထြးသည္။

[*ဘီယာခ်က္ရာတြင္သုံးသည္]

...

ထန္းလီက ခြက္ေသးတစ္ခြက္ကို တစ္က်ိဳက္တည္းေမာ့လိုက္၏။

သူ႕ေလသံက ခါးသက္ေနေသာ္ျငားလည္း ရွန္ရိက်င္းအတြက္ သူဝမ္းသာေနဆဲပင္။ အေတာ္မ်ားမ်ားေသာက္ၿပီးေနာက္ သူကမတ္တပ္ရပ္ကာ က်င္႐ႊင့္ကိုေတာင္ တစ္ခြက္ေသာက္ဖို႔ ေတာင္းဆိုလာသည္။

ေသာက္ဖို႔က...

က်င္႐ႊင္က သူ႕ေရွ႕ရွိ လွလွပပဖန္တီးထားတဲ့ ျဖဴျပာေရာင္ေက်ာက္စိမ္းခြက္ေလးကိုၾကည့္ကာ ထိုဟာကိုမ,မယူလိုက္ခင္ ရွန္ရိက်င္းဘက္ငဲ့ၾကည့္လိုက္၏။

ရွန္ရိက်င္းကေျပာလာသည္ : "ေရွာင္႐ႊင္ေသာက္ခ်င္လို႔လား"

က်င္႐ႊင္က နာနာခံခံေခါင္းညိတ္ျပကာ သူအရသာျမည္းၾကည့္ခ်င္ေၾကာင္း ၫႊန္ျပလာသည္။

"ဒါဆိုလည္း နည္းနည္းေသာက္" ရွန္ရိက်င္းက ေျပာေနရင္းျဖင့္ ခရားကိုေကာက္ကိုင္ကာ သူ႕ခြက္ထဲနည္းနည္းထည့္ေပးလိုက္သည္။

"..."ထန္းလီက ေနာက္တစ္ႀကိမ္သူအနိုင္က်င့္ခံရသလို ခံစားရျပန္သည္။

ထို႔ေနာက္ လူေလးေယာက္က အတူတကြခြက္တိုက္လိုက္ၾကသည္။

က်င္႐ႊင္က ၿပိဳင္ဘက္ကင္းဗ်စ္ပန္းရနံ႕ကို အရသာမခံမိေပ။ သူခံစားမိတာကေတာ့ ဝိုင္က ေရကိုအရက္ျပန္ေရာထားတာနဲ႕တူတူေလာက္ပဲ။ သူက လည္ေခ်ာင္းထဲဝင္ေရာက္သြားဖို႔ မခက္ေပမယ့္ အရသာလည္းမရွိေပ။

...လတ္လတ္ဆတ္ဆတ္ညွစ္ယူထားတဲ့အသီးေဖ်ာ္ရည္က ပိုေကာင္းတယ္!

ထို႔ေနာက္ ရွန္ရိက်င္းက ထန္းလီအား အေဖာ္ျပဳကာ နည္းနည္းေသာက္ေပးလိုက္၏။ ၾကည့္ရတာ ဒီဆာေကးမ်ိဳးက လူေတြကိုေပ်ာ္႐ႊင္ေအာင္လုပ္ဖို႔ တကယ္ခက္ခဲတဲ့ပုံပင္။ စားၿပီးေနာက္ ထန္းလီက ဘားကိုခဏသြားထိုင္ရန္ အႀကံျပဳလာသည္။

သူက ရွန္ရိက်င္းကိုေျပာ၏ : " ေက်ာ္ၾကားတဲ့နိုက္ကလပ္တစ္ခုခုဆိုပိုေကာင္းတယ္..အိုး ငါမွတ္မိၿပီ အေကးရွားလမ္းမမွာ မင္းတို႔မိသားစုပိုင္တစ္ခုရွိတယ္မလား?"

"အင္း" ရွန္ရိက်င္းကေျပာ၏ "မင္းသြားခ်င္ရင္ ဒရိုင္ဘာကို ပို႔ေပးဖို႔ေျပာလိုက္မယ္"

"အဲ့လိုမလုပ္နဲ႕" ထန္းလီက ႐ုတ္တရက္ မွားယြင္းတဲ့တစ္စုံတစ္ရာကို ၾကားလိုက္ရသလိုမ်ိဳးျဖင့္ : " မင္းတို႔ႏွစ္ေယာက္ ဒီညအျခားလုပ္စရာမရွိဘူးမလား? တူတူသြားရေအာင္ မင္းကအခုတည္းက ထြက္သြားခ်င္ေနၿပီလားကြ?"

"......"

ရွန္ရိက်င္းက က်င္႐ႊင္အားၾကည့္ကာ ေမးလိုက္သည္
"မင္းသြားခ်င္လား?"

တစ္ဖက္ျခမ္းမွ ထန္းလီက သူ႕မ်က္လုံးကိုဖုံးထားလို႔မရတဲ့အတြက္ မုန္းတီးေနမိသည္။

ၿပီးသြားၿပီ

ရွန္ရိက်င္းက ေက်ာင္းတက္ခ်ိန္တုန္းက ေန႕တိုင္းလိုလို မေရမတြက္နိုင္တဲ့ ရည္စားစာေတြလက္ခံရခဲ့သည္။ မ်ားျပားလြန္းတာေၾကာင့္ သူက ၎တို႔ကိုအမ်ိဳးအစားခြဲစုစည္းရန္ လူတစ္ေယာက္အားခိုင္းခဲ့ရၿပီး သူတို႔ကိုအတြဲလိုက္ျပန္ျငင္းခဲ့သည္။ မေမွ်ာ္လင့္ထားစြာပဲ သူက မယားေၾကာက္ဘဝကို ကူးေျပာင္းသြားခဲ့ၿပီ!

ဖီလာအားျဖင့္ က်င္႐ႊင္က အေကးရွားလမ္းကိုၾကားလိုက္ခ်ိန္ ရွန္ရိက်င္းအားၾကည့္ေနတဲ့ သူ႕ရဲ႕ဗာဒံေစ့သ႑ာန္မ်က္ဝန္းေတြက အမွတ္မထင္ ျပဴးက်ယ္သြားေတာ့၏

"အဲ့ဘားက..."

ရွန္ရိက်င္းက ျပန္ေျဖသည္ : "ဟုတ္တယ္"

က်င္႐ႊင္ : "......"

မမွားပါဘူး အေကးရွားလမ္းမွ ထိုနိုက္ကလပ္က သူစာအုပ္ထဲပထမဆုံးကူးေျပာင္းခ်ိန္ ေရာက္သြားခဲ့တဲ့ေနရာပင္။

သူနဲ႕ရွန္ရိက်င္း...ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့တဲ့ ေနရာလည္းျဖစ္၏။

တကယ္လို႔သူတို႔သြားမယ္ဆိုရင္ ေနရာေဟာင္းကို အလည္တစ္ပတ္ျပန္ေရာက္သြားသလိုျဖစ္ေနမွာ အတိအက်ပင္။

ေက်ာက္စိမ္းလိုျဖဴေဖြးတဲ့သူ႕မ်က္ႏွာက ခ်က္ခ်င္းနီရဲသြားသည္။ က်င္႐ႊင္က ေခါင္းကိုငုံ႕ကာ သူ႕မ်က္ႏွာကို ရွဲန္းရွန္ပခုံးထက္အပ္ခ်င္ေနမိသည္။ သို႔ရာတြင္ ဒီမွာအျခားသူေတြပါရွိေနတာေၾကာင့္ သူအဲ့လိုမလုပ္နိုင္သည္မွာ ေသခ်ာေပါက္ပပင္။

ရွန္ရိက်င္းေဘးကို က်ဳံ႕သြားၿပီး က်င္႐ႊင္က ေခါင္းညိတ္ျပလိုက္သည္
"သြားၾကတာေပါ့"

အဆုံးမွာေတာ့ သူကဒီေလာက္ထိႀကီးျပင္းလာေပမယ့္ ဘားမွာတစ္ခါမွသြားမကစားဖူးဘူးေလ။

...သူကူးေျပာင္းလာခါစ အရင္တစ္ႀကိမ္ကို ထည့္တြက္လို႔မရဘူး။

ဒါ့အျပင္ အစ္ကိုႀကီးထန္းျပန္လာဖို႔က မလြယ္ကူေပ။ ႏွစ္ေပါင္းမ်ားစြာရင္းႏွီးလာတဲ့သူငယ္ခ်င္းတစ္ေယာက္အေနျဖင့္ ရွန္ရိက်င္းက သူ႕ကိုအေဖာ္ျပဳေပးသင့္သည္။ လူအမ်ားစုနဲ႕မတူဘဲ ရွဲန္းရွန္က အၿမဲတမ္းတည္ၿငိမ္ေနကာ ႏွစ္ေပါင္းမ်ားစြာမေတြ႕ျဖစ္တဲ့သူငယ္ခ်င္းနဲ႕ ျပန္ဆုံေတြ႕ရခ်ိန္ စိတ္လႈပ္ရွားစြာျဖင့္ ေပြ႕ဖက္မႈမ်ိဳးဘာမ်ိဳးေပးမွာမဟုတ္ေပ၊ သူ႕စကားလုံးေတြကလည္း အတန္အသင့္ပင္။ သို႔တိုင္ေအာင္ ဒါက သူ႕ရဲ႕ပင္ကိုယ္စရိုက္ေၾကာင့္ျဖစ္ၿပီး ထန္းလီအား သူငယ္ခ်င္းတစ္ေယာက္အေနႏွင့္ ဂ႐ုမစိုက္တာေၾကာင့္မဟုတ္ေပ။

ရွန္ရိက်င္းကိုသိတဲ့သူတိုင္း ကြဲျပားခ်က္ကိုျမင္နိုင္သည္။ ထန္းလီက ဒါနဲ႕အၾကာႀကီးကတည္းက က်င့္သားရေနတာေၾကာင့္ သူကရွဲန္းရွန္ရဲ႕ဂ႐ုမစိုက္သလိုအသြင္အျပင္ကို ေတာင့္ခံနိုင္သည္။

အုပ္စုက ဘားဆီ ဒရိုင္ဘာရဲ႕ေမာင္းပို႔ျခင္းခံလိုက္ရ၏။

ခုနကစားေနရင္း စကားစျမည္ေျပာေနတာေၾကာင့္ အခ်ိန္အနည္းငယ္ေႏွာင့္ေႏွးသြားသည္။ လမ္းေပၚမွာကုန္သြားတဲ့အခ်ိန္ပါ ထပ္ေပါင္းလိုက္ေတာ့ သူတို႔ဘားကိုေရာက္သြားခ်ိန္ ကိုးနာရီခြဲအတိအက်ပင္။

ဒါက နိုက္ကလပ္စတင္ၿပီးသက္ဝင္တဲ့အခ်ိန္ျဖစ္သည္။

ရွန္မိသားစုရဲ႕စားေသာက္ဆိုင္ေတြနဲ႕ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြအားလုံးက အဆင့္အတန္းျမင့္ အေဆာက္အဦးေတြျဖစ္ကာ ဒီနိုက္ကလပ္လည္းအတူတူပင္။

နိုက္ကလပ္က မွိန္ေဖ်ာ့ေဖ်ာ့ေလးလင္းေနေပမယ့္ လူေတြျပည့္က်ပ္ေနသည္။

မီးေမာင္းက အေပၚဘက္ကေန လႊဲယမ္းေန၏။ အတြင္းပိုင္းအကလႊာရဲ႕အလယ္ဗဟိုမွာ မေရမတြက္နိုင္ေသာအမ်ိဳးသားနဲ႕အမ်ိဳးသမီးတို႔ရဲ႕ကိုယ္ေတြက DJသံစဥ္အလိုက္ ျပင္းျပင္းထန္ထန္လႈပ္ခါေနၾကသည္။

ဒီေနရာမွာ ေလထုကိုပိုေကာင္းေကာင္းခံစားနိုင္ရန္အလို႔ငွာ ရွန္ရိက်င္းက အေပၚထပ္ရွိ အကန႔္ငယ္တစ္ခုမွာ ေနရာခ်ေပးရန္တစ္စုံတစ္ေယာက္အား အထူးခိုင္းေစလိုက္၏။

ႏူးညံ့ကာသက္ေတာင့္သက္သာရွိေသာ ဇိမ္ခံအဝိုင္းပုံဆိုဖာမွာ ထိုင္ေနရင္း က်င္႐ႊင္က အရမ္းဆူညံတယ္လို႔ခံစားရျခင္းမရွိဘဲ ေအာက္ထပ္ရွိအေျခအေနတစ္ခုလုံးကို ျမင္နိုင္သည္။

ဖရဲသီးနဲ႕အသီးစိတ္ေလးေတြ အမ်ိဳးမ်ိဳးက စားပြဲေပၚကို အလိုအေလ်ာက္ေရာက္လာသည္။ စားပြဲထိုးတစ္ေယာက္က မီႏူးယူလာၿပီး ထန္းလီကတစ္ခ်က္ၾကည့္ကာ ဝိုင္ႏွစ္ပုလင္းမွာလိုက္၏။

ႏွစ္ပုလင္းက အလယ္အလတ္ႏွင့္အျပင္းစားဝီစကီေတြျဖစ္ၿပီး ေရခဲတုံးေလးေတြပါ တစ္ပါတည္းပါလာသည္။ ေရွာင္ထန္းက အလန႔္တၾကားျဖင့္: "ကိုႀကီး ဒီေလာက္အမ်ားႀကီးေသာက္နိုင္တာ ေသခ်ာရဲ႕လား?"

ထန္းလီက အမ်ားအားျဖင့္ *ေခြးတစ္ေကာင္နဲ႕တူေပမယ့္ သူ႕စရိုက္ကေတာ့ အၿမဲေပါ့ေပါ့ပါးပါးပင္။ သူက ေလွ်ာက္ေနာက္ရတာကိုႀကိဳက္၏။

[*သေရာ္ျခင္း ေထ့ျခင္းတို႔တြင္သုံးသည္။ ဥပမာအေနနဲ႕ လူအဝတ္ၿခဳံထားတဲ့သားရဲေကာင္]

သူကခ်က္ခ်င္းပင္ျပန္ေျဖ၏ : "ငါမေသာက္နိုင္ဘူး ဒါေပမယ့္ေအာက္ထပ္မွာ လွလွပပေကာင္ငယ္ေလးေတြအမ်ားႀကီးရွိတယ္ေလ သူတို႔ကိုဖိတ္ေခၚလိုက္ရင္ရတာပဲ၊ ဘယ္လိုပဲျဖစ္ျဖစ္ မင္းတို႔ေဘာ့စ္က ကပ္ေစးႏွဲမွမဟုတ္တာ"

ေရွာင္ထန္း : "..."

ဒီေတာ့ ဘာလို႔လွလွပပတဲ့ေကာင္ကေလးေတြျဖစ္ေနရတာလဲ??

ရွန္ရိက်င္းက ထန္းလီရဲ႕အျပဳအမူေပၚ ဘာမွတ္ခ်က္မွမေပးေပ။ သူက မီႏူးကိုသာ ထပ္ယူလိုက္ၿပီး cocktailေနရာကိုလွန္ကာ က်င္႐ႊင္ဘာေသာက္ခ်င္လဲေမးလိုက္သည္။

"Cocktailေတြက အယ္လ္ကိုေဟာပမာဏနည္းနည္းပဲပါၿပီး အမ်ားအားျဖင့္ ေဖ်ာ္ရည္ေတြနဲ႕ေပါင္းစပ္ထားတာ၊ ဒါေၾကာင့္အရသာက လက္ခံနိုင္ေလာက္တယ္"

က်င္႐ႊင္က အေျပးအလႊားေခါင္းညိတ္လိုက္၏။ မူလ၌ သူက ရွဲန္းရွန္လက္ထဲရွိ မီႏူးကိုၾကည့္ခ်င္႐ုံဆိုေပမယ့္ လမ္းတစ္ဝက္မွာ တစ္ဖက္လူရဲ႕ထိုအေပၚမွီထားတဲ့ သြယ္လ်လ်လက္ေခ်ာင္းေတြေအာက္ ဆြဲေဆာင္ခံလိုက္ရသည္။

ရွန္ရိက်င္းက ဝတ္စုံျပည့္ဝတ္ထားဆဲျဖစ္ၿပီး ေျခခ်င္းထပ္ထားကာ တစ္ဝက္ေကြးဆိုဖာထက္ ေပါ့ေပါ့ပါးပါးထိုင္ေနသည္။ သူ႕အသြင္အျပင္က ျမင့္ျမတ္တဲ့အရွိန္အဝါေတြျဖင့္ျပည့္ေန၏။

မၾကာခဏဆိုသလို အထက္မွအလင္းေရာင္က သူတို႔ေခါင္းေတြထက္ ေရာက္ရွိလာၿပီး ရွဲန္းရွန္ရဲ႕ခန႔္ညားတဲ့မ်က္ႏွာကို အလင္းျပန္ေစသည္။

ပထမဆုံးအၾကည့္မွာတင္ သူ႕ရဲ႕စနစ္တက်အဝတ္အစားနဲ႕တည္ၾကည္တဲ့အသြင္အျပင္က ဒီဆူဆူညံညံညျမင္ကြင္းနဲ႕ သဟဇာတမျဖစ္ေသာ္ျငားလည္း အလြန္အမင္းအေသာက္အစားကင္းတဲ့ပုံက ထူးထူးဆန္းဆန္းပင္ ဒီအသုံးအျဖဳန္းႀကီးပုံရေသာေနရာႏွင့္ တစ္ထပ္တည္းက်ေန၏။ အနည္းဆုံးေတာ့ အကြာအေဝးတစ္ခုကေန လည္ပင္းအထက္က ရွန္ရိက်င္းရဲ႕ေအးစက္စက္အသြင္အျပင္က လူမ်ားစြာရဲ႕မ်က္လုံးကိုေတာက္ပသြားေစနိုင္တဲ့ တည္ရွိမႈတစ္ခုပင္။

က်င္႐ႊင္ေတာင္မွ ထိုအရာကေန မကင္းလြတ္နိုင္ေပ။

သူ႔အၾကည့္က ရွန္ရိက်င္းမ်က္ႏွာကေန ေအာက္ထိတစ္ေလွ်ာက္လံုးဆင္းသြားကာ ေနာက္ဆံုးမွာေတာ့ ရွဲန္းရွန္ရဲ႕လက္ေခ်ာင္းေတြ၌ တစ္ခဏခန္႔ရပ္တန္႔သြားသည္။ ဒါက ရွန္ရိက်င္းသူ႔ကုိေခၚေတာ့မွ က်င္ရႊင္အလ်င္အျမန္အသိကပ္လာတဲ့အထိပင္။

သို႔တုိင္ေအာင္ က်င္ရႊင္မသိတာကေတာ့ သူ႔ရဲ႕ကုိယ္ပုိင္တည္ရွိမႈကလည္း အရမ္းကိုျပင္းထန္လြန္းတယ္ဆိုတာကုိပင္။

လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက သူ႔ဆံပင္က ရွည္လာျပီမို႔ က်င္ရႊင္က ဆံပင္ညွပ္ခဲ့၏။ ဒါက လန္းဆန္းျပီးသိမ္ေမြ႔တဲ့ေက်ာင္းသားဆံပင္စတုိင္ျဖစ္ဆဲဆိုေပမယ့္လည္း စီနီယာဆံသပညာရွင္ရဲ႕အထူးပံုေဖာ္ျပီးေနာက္ ဆံပင္တုိတုိက အရမ္းကုိအႏုပညာဆန္လွပကာ က်င္ရႊင့္ရဲ႕ေခ်ာေမာလွပေသာမ်က္ႏွာ၊ ထင္ရွားေသာမ်က္ႏွာအစိတ္အပိုင္းေတြနဲ႔ တကယ့္ကိုလိုက္ဖက္ညီလွသည္။

သူက ႏွစ္လိုဖြယ္ေကာင္းျပီးရုိးသားသည္။ သူက ရည္မြန္ျပီးျငင္သာသလုိမ်ိဳး ဆံပင္စတုိင္အသစ္ကလည္း သိမ္ေမြ႔ေနသည္။

ဒါက က်င္ရႊင့္ကို ႏုိက္ကလပ္ပံုစံႏွင့္ လံုးဝေရာစပ္သြားရန္ မျဖစ္ႏုိင္ေအာင္ျပဳလုပ္ေပးေနသည္။ သုိ႔ေပမယ့္ သူ႔ရဲ႕တုႏိႈင္းမဲ့အသြင္အျပင္က သံသယဝင္စရာမလိုေအာင္ကုိ ဒီေနရာ၌ သစ္လြင္လန္းဆန္းမႈေလထုေလးျဖစ္ေနသည္။ သူကကြဲျပားေနတာေၾကာင့္ သူက ပိုမ်ားတဲ့အာရုံစုိက္မႈေတြကို ဆြဲေဆာင္ေနသည္။

ဒီပံုစံအတုိင္း အေသာက္အစားကင္းမဲ့ပံုေပၚတဲ့ ရွန္ရိက်င္းနဲ႔အတူတူထုိင္ေနရာ..သူတုိ႔က အသန္မာဆံုးေပါင္းစပ္မႈျဖစ္လာသည္။

သူတုိ႔စားပြဲက ပုိျပီးလ်ိဳ႕ဝွက္ေသာပံုစံခ်ထားေသာ္ျငားလည္း သူ႔ဆီကုိဦးတည္လာေသာအၾကည့္ေတြက မေလ်ာ့က်သြားခဲ့ေပ။

ဒီလုိမ်ိဳးေတြနဲ႔စပ္လ်ဥ္းျပီး စိတ္မဝင္စားတဲ့က်င္ရႊင္က အျခားသူေတြရဲ႕မ်က္လံုးေတြအား သတိမျပဳမိေပ။ ေနာက္ဆံုးမွာေတာ့ သူက လန္းဆန္းေစတဲ့အေရာင္ျဖစ္ေသာ ဟာဝိုင္အီျပာျပာတစ္ခြက္ေရြးခ်ယ္လုိက္သည္။

ေဘာ့စ္က ဒီကိုလာမယ္ဆိုတာ သိထားတာမို႔ ႏုိက္ကလပ္မန္ေနဂ်ာက ျပင္ဆင္မႈေတြျပဳလုပ္ထားႏွင့္ျပီးျပီျဖစ္သည္။ သူက စားပြဲထုိးေတြကုိ ပုိျပီးသြက္သြက္လက္လက္ျဖစ္ေစဖို႔ အထူးမွာၾကားထားတာေၾကာင့္ က်င္ရႊင္မွာလုိက္တဲ့cocktailက အလ်င္အျမန္ပင္ေရာက္ရွိလာသည္။

ေရခဲျပာေရာင္အရည္ေတြကို cocktaikဖန္ခြက္ထဲဝယ္ အလွဆင္မႈအမ်ားအျပားျဖင့္ ထည့္ထားသည္။ ဒါကလွပျပီးေတာ့ အိပ္မက္ဆန္ရာ က်င္ရႊင့္ရဲ႕အႏွစ္သက္ဆံုးပံုစံပင္။

ဖန္ခြက္ဝမွာ ကပ္ညိေနတဲ့ဆားပြင့္ေလးေတြက cocktailအရသာနဲ႔ အလြန္ေကာင္းမြန္စြာ လုိက္ဖက္ညီေနသည္။ အယ္လ္ကုိေဟာလ္အရသာ လံုးဝရွိမေနဘဲ ဆားငန္မႈႏွင့္ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အသီးရနံ႔တုိ႔သာလွ်င္ရွိသည္။

သုိ႔တုိင္ေအာင္ က်င္ရႊင္က အမ်ားၾကီးမေသာက္ရဲေပ။ ဘီယာခြက္နည္းနည္းေလာက္ေသာက္ရုံနဲ႔ ေအာင္ေအာင္ျမင္ျမင္အႏုိင္ပုိင္းခံလိုက္ရသူအေနျဖင့္ သူ႔အေသာက္စြမ္းရည္အေပၚ သိပ္ျပီးယံုၾကည္ခ်က္မရွိေပ။

အေရးအၾကီးဆံုးကေတာ့ သူက ရွန္ရိက်င္းနဲ႔ထန္းလီလက္ထဲမွ ဝီစကီကုိ ပုိျပီးစိတ္ဝင္စားေနသည္။

"ရွဲန္းရွန္ ကၽြန္ေတာ္ဒါကုိစမ္းၾကည့္ခ်င္တယ္" က်င္ရႊင္က မ်က္လံုးေတာက္ေတာက္ေလးေတြျဖင့္ေျပာလိုက္သည္။

သူက ဒီလိုျပင္းတဲ့ဟာေတြ တစ္ခါမွမေသာက္ခဲ့ဖူးဘဲ အယ္လ္ကိုေဟာလ္ျပင္းျပင္းေတြအေၾကာင္း နည္းနည္းေလးသာသိသည္။ က်င္ရႊင္ေတြးလိုက္တာေလးကေတာ့ ေရခဲတံုးေတြေပ်ာ္ဝင္ေနတဲ့ ဒီေကာ္ဖီေဖ်ာ့ေရာင္အရည္ကလည္း ေတာက္ေတာက္ပပ ဖန္ခြက္အၾကည္ထဲမွာ လွပေနတာဟုပင္။

ခြက္ကုိကုိင္ထားတဲ့လက္က အရမ္းလွပေနျပီး ဒါကုိေသာက္ေနခ်ိန္ ရွန္ရိက်င္းအသြင္အျပင္ကလည္း အမ်ားၾကီးလွပေနတာမို႔...

ဒါ့ေၾကာင့္ **အိမ္အတြက္အခ်စ္က ၎ေခါင္မိုးေပၚတြင္ နားေနေသာက်ီးကန္းေတြဆီပါ ခ်ဲ႕ထြင္သြားသည္။ ဒါက သူ႔အား ရွဲန္းရွန္မ်ိဳခ်လိုက္တဲ့ အေရာင္ေဖ်ာ့ေဖ်ာ့အရည္ကုိ စိတ္ဝင္စားသြားေစသည္။

[**မင္းတစ္စံုတစ္ေယာက္ကို ခ်စ္တဲ့အခ်ိန္က် ထုိအခ်စ္က သူနဲ႔ဆက္စပ္ေနေသာပစၥည္းေတြ လူေတြဆီပါ တိုးခ်ဲ႕သြားသည္။ အဂၤလိပ္စကားပံုတစ္ခုျဖစ္တဲ့ "ငါ့ကိုခ်စ္ရင္၊ ငါ့ေခြးကိုပါခ်စ္"ဆိုတာနဲ႔ ဆင္သည္]

သူ႔စကားလံုးေတြကုိၾကားေတာ့ ရွန္ရိက်င္းရဲ႕အေရာင္ေဖ်ာ့ေဖ်ာ့မ်က္ဝန္းေတြက ေမာ့ၾကည့္လာကာ သူ႔မ်က္လံုးေအာက္ေျခ၌ အျပံဳးေလးတစ္ခု ရုတ္ျခည္းေပၚလာသည္ : "အရသာခံခ်င္လို႔လား?"

" ဒါဆိုလည္း ေသာက္ေလ" နံေဘးရွိ ထန္းလီကေျပာလာသည္။

ထန္းလီက ညစာစားတုန္းကလည္း ဆာေကးႏွစ္ခရားသံုးခရားေလာက္ ေသာက္ျပီးသြားျပီ။ သူက ယေန႔မမူးရင္ အိမ္ျပန္ဖုိ႔ရည္ရြယ္ခ်က္မရွိပံုပင္။ ထုိင္ျပီးရုံပဲရွိေသး သူကတစ္ခါတည္းျဖင့္ အရက္ျပင္းျပင္း ႏွစ္ခြက္ေသာက္ျပီးသြားျပီ။

သူအခုခ်ိန္ နည္းနည္းေလးမူးလာလို႔ျဖစ္မယ္ သူ႔စကားလံုးေတြနဲ႔ အျပဳအမူေတြက ပုိပိုျပီးထူးဆန္းလာသည္။

သူက စားပြဲထိုးကုိ လက္ေဝ့ယမ္းျပကာ : "လာလာ..ဒီကုိ ဖန္ခြက္ေနာက္တစ္ခြက္ေလာက္ ယူခဲ့ဦး"

ဒီေနရာရွိ လႈပ္ရွားမႈေတြကို အသိစိတ္အေလ်ာက္ေရာ မသိစိတ္အေလ်ာက္ေရာ ၾကည့္ေနမိတဲ့ မန္ေနဂ်ာက အလ်င္အျမန္ပင္ တစ္စံုတစ္ေယာက္အား ခြက္တစ္ခြက္သြားယူခိုင္းလိုက္ေပမယ့္ ရွန္ရိက်င္းက မလိုအပ္ေၾကာင္းေျပာလာသည္။ သူက သူ႔ကုိယ္ပုိင္ဖန္ခြက္ကုိမကာ က်င္ရႊင့္ဆီ ကမ္းေပးလိုက္သည္ : "ေရွာင္ရႊင္က အမ်ားၾကီးမေသာက္ႏုိင္ဘူး"

ဒါက သူဘာလို႔ေနာက္ထပ္တစ္ခြက္ကုိ အသံုးမျပဳရတာလဲဆိုတာကုိ အျခားသူေတြအား ရွင္းျပျခင္းတစ္မ်ိဳးပင္။

ဒါက ရွဲန္းရွန္ရဲ႕ဖန္ခြက္ထဲကေန သူတစ္စံုတစ္ခုေသာက္တဲ့ပထမဆံုးအၾကိမ္မဟုတ္တာမို႔ တစ္ခုခုမွားေနတယ္လို႔ က်င္ရႊင္ကမေတြးမိေပ။

ဒါ့အျပင္ ဘားထဲရွိအလင္းက မွိန္ေဖ်ာ့ေနသည္။ သာမန္အခ်ိန္ေတြမွာ သူ႔ရဲ႕ရွက္ရြံ႕စိတ္က သူ႔ကုိလူျမင္ကြင္းေတြဆီမွာ ပုိျပီးသတိရွိေအာင္လုပ္ေပးလိမ့္မည္။ ဒါေပမယ့္ ေမွာင္မိုက္၊ ပူေလာင္ျပီး ဆူညံေနတ့ဲပတ္ဝန္းက်င္မွာ အယ္လ္ကုိေဟာလ္နည္းနည္းပါ ထပ္ေပါင္းလိုက္ေတာ့ က်င္ရႊင္က ဒီတစ္ၾကိမ္ေတာ့ အနည္းငယ္ေမြ႔ေလ်ာ္ခ်င္မိသည္။

အမ်ားၾကီးေတြးမေနဘဲ သူက ရွန္ရိက်င္းလက္ထဲမွ ဝိုင္တစ္ငံုေသာက္လုိက္သည္။

..

...ဒါက တကယ္ကိုျပင္းလြန္းတယ္

နီရဲေတာက္ပေနတဲ့ႏႈတ္ခမ္းက ပြင့္ကာ ပိတ္သြားျပီး တစ္မဟုတ္ခ်င္း ပုိလုိ႔ပင္နီရဲလာသည္။

ကံေကာင္းစြာနဲ႔ က်င္ရႊင္က မေသာက္ခင္မွာ တစ္နည္းတစ္ဖံုျဖင့္ စိတ္အားျပင္ဆင္ထားျပီးျပီျဖစ္သည္။ သူက ဘာလြန္ကဲတဲ့အမူအရာမွမရွိဘဲ ေအးေအးေဆးေဆးမ်ိဳခ်လိုက္သည္။

သို႔ေပမယ့္ ျပင္းျပတဲ့အရည္က သူ႔လည္ေခ်ာင္းကို ျဖတ္သြားျပီးေနာက္ သူ႔အစာအိမ္ကုိခ်က္ခ်င္းပင္ ပူေလာင္လာေစသည္။ ဗာဒံေစ့သ႑ာန္မ်က္ဝန္းေတြကို ခ်က္ခ်င္းပင္ ျမဴႏွင္းတစ္လႊာဖံုးအုပ္သြားသည္။ ေသာက္ျပီးတဲ့ေနာက္ ဒါက အမွန္ကုိ ပူေလာင္ျပီး မအီမသာျဖစ္ေစသည္။

က်င္ရႊင္က ႏွာေခါင္းရႈံ႕ကာျဖင့္ ျပတ္ျပတ္သားသားေျပာလုိက္သည္
" ထပ္မေသာက္ေတာ့ဘူး"

"ဟားဟားဟား" ရွန္ရိက်င္းက သတိရွိရွိျဖင့္ က်င္ရႊင္အား တုိက္ေနတာကုိ ေစာင့္ၾကည့္ေနေသာ ထန္းလီက သူ႔အမူအရာေၾကာင့္ သေဘာေတြ႔သြားသည္။

ျပီးေတာ့ သူတို႔ေဘးလိုင္းမွာ တိတ္တဆိတ္ရပ္ေနတဲ့ မန္ေနဂ်ာကလည္း ေဘာ့စ္ေဘးမွာထုိင္ေနတဲ့လူငယ္ေလးကုိ ေရွာ့ခ္ရစြာျဖင့္ၾကည့္လုိက္မိသည္...

သူတုိ႔ဝင္လာတဲ့အခုိက္အတန္႔မွ ေကာင္ေလးက သူတုိ႔ေဘာ့စ္နဲ႔ မီႏူးကုိ တူတူၾကည့္ေနခ်ိန္ တစ္ခုခုေတာ့ မွားေနျပီလို႔ သူခံစားခဲ့မိသည္။

သူ႔ကုိယ္ပုိင္ဖန္ခြက္ကိုသာ အျမဲသံုးေလ့ရွိတဲ့ ဥကၠ႒ရွန္က လူငယ္ေလးကုိ ကုိယ္တုိင္ကိုယ္က် ခြံ႔ေပးတယ္ဆိုတာက...ထိုအခ်ိန္မွာ မန္ေနဂ်ာရဲ႕တစ္ကုိယ္လံုးက ပုိပုိျပီး ထံုထိုင္းလာသလိုပင္။

ဥကၠ႒ရွန္က ဒီေနရာကို မၾကာခဏမလာေပ။ သူက အထူးေန႔ရက္ေတြမွာသာ လာတာျဖစ္သည္။ ရံဖန္ရံခါ အေရးၾကီးဧည့္သည္အခ်ိဳ႕နဲ႔ေတြ႔တဲ့အခါျဖစ္ျဖစ္ ဒါမွမဟုတ္ ဆုိင္နဲ႔ပတ္သက္တဲ့ကိစၥေတြ ကုိင္တြယ္တဲ့အခ်ိန္မွလြဲလို႔ သူက သီးသန္႔ခန္းထဲမွာ ေနတာျဖစ္၏။

ညအိပ္တယ္ဆိုေပမယ့္လည္း ေဘာ့စ္ကအျမဲတမ္းတစ္ေယာက္တည္းပင္။ သူက ဒီေနရာအား ဘယ္သူ႔ကိုမွမေခၚေဆာင္လာခဲ့ဖူးသလို သူတုိ႔ေဘာ့စ္နဲ႔ဒီေလာက္နီးကပ္တဲ့တစ္စံုတစ္ေယာက္ကုိလည္း တစ္ခါမွမျမင္ဖူးခဲ့ေပ။

...ဒါကုိေျပာမွ သူတုိ႔ဥကၠ႒ရွန္က အမွန္တကယ္ကို မၾကာခဏလာမလည္တာေတာင္ အေတာ္ၾကာျပီ

က်င္ရႊင္က စပ္တယ္လုိ႔ေျပာေတာ့ ရွန္ရိက်င္းက အလိုအေလ်ာက္ပင္ သူပလုတ္က်င္းဖို႔အတြက္ ေရတစ္ခြက္ယူေပး၏။

ေခြးစာေတြျဖင့္ အျပည့္လႊမ္းခံထားရတဲ့ထန္းလီက သူဘာမွမျမင္ခဲ့သလို ဟန္ေဆာင္လိုက္၏။ သူက သူ႔ညီေလးေခါင္းကိုပုတ္ကာ
" ငါဒီေနရာမွာ ထပ္မထုိင္ႏုိင္ေတာ့ဘူး၊ ငါေလွ်ာက္ပတ္ျပီး အလွေလးဘာေလးရွိလား သြားၾကည့္လုိက္ဦးမယ္"

ေရွာင္ထန္း : "..."

သူ႔ကုိၾကီးက လံုးဝကုိမူးေနျပီဟု ေရွာင္ထန္းခံစားမိေနသည္။ သူကအျပင္ထြက္ကစားရတာကုိ မၾကိဳက္ေသာ္ျငားလည္း ဒီလိုေနရာမ်ိဳးနဲ႔ေတာ့ မစိမ္းေနေပ။ သူက သူ႔အစ္ကုိလိုက္ပတ္တာကို အေဖာ္ျပဳေပးရန္စီစဥ္ထားသည္။

သူ႔ကိုၾကီးကုိ စိုးရိမ္ေနတာအျပင္ အဓိကအေၾကာင္းျပခ်က္ကေတာ့ သူဒီေနရာမွာထိုင္ျပီး အပိုမီးသီးေလးမျဖစ္ခ်င္ေတာ့ဘူးလို႔!

ႏွစ္ဦးသားက တစ္ေယာက္ျပီးတစ္ေယာက္ ခံုကေနထသြားၾကသည္။ က်င္ရႊင္က သူ႔ေရွ႕ရွိ cocktailကို ေနာက္တစ္ငံုေသာက္ျပီးမွသာ လံုးဝခံစားလို႔ေကာင္းသြားေတာ့သည္။

...လူေတြက သူတုိ႔ဘားကုိသြားကစားခ်င္လို႔ ေျပာတာကို သူအျမဲၾကားခဲ့ေပမယ့္ အခုသူဒီေရာက္လာတဲ့အခ်ိန္ေတာ့ က်င္ရႊင္က စိတ္ဝင္စားစရာေကာင္းတာမ်ိဳးမေတြ႔ေပ။

ေသခ်ာတာေပါ့ အခ်ိဳ႕လူေတြက ရိုမန္႔တစ္ဆန္တဲ့ကိစၥရပ္ေတြအတြက္ ကလပ္တက္ၾကျပီး အခ်ိဳ႕ကေတာ့ သူငယ္ခ်င္းေတြနဲ႔ ရိုးရိုးရွင္းရွင္းေသာက္ၾကကာ အျခားသူေတြက ဒီလိုေနရာမ်ိဳးမွာ မိတ္ျဖစ္ေဆြျဖစ္အေပါင္းအသင္းေတြရေအာင္ ေရြးခ်ယ္ၾကမွန္း သူသိသည္။

ဒီကအရာေတြက သူ႔ကုိစိတ္မဝင္စားေစတာေၾကာင့္ သူပ်င္းေနရုံပါပဲ

အျခားအရာေတြထက္ သူတုိ႔ဒီေနရာမွာ ခ်ိန္းေတြ႔တယ္လို႔ စိတ္ကူးၾကည့္ၾကပါစုိ႔...သူတုိ႔ခ်ိန္းေတြ႔တယ္ဆိုမွေတာ့ သူနဲ႔ရွဲန္းရွန္ အိမ္မွာျဖစ္ျဖစ္ ကုမၸဏီမွာပဲျဖစ္ျဖစ္ ရွိေနတဲ့အခ်ိန္က ပုိျပီးေတာ့ သက္ေတာင့္သက္သာရွိတယ္ဆိုတာ ေသခ်ာေပါက္ပင္။

အနည္းဆံုးေတာ့ ဒီေလာက္ဆူညံမေနဘူးဘူးေလ၊ ဒုတိယတစ္ခ်က္က သူ႔ေဘးမွာ ဒီေလာက္လူအမ်ားၾကီးရွိမေနဘူး။

သို႔ေပမယ့္ ဒါက ရွန္ရိက်င္းနဲ႔တူတူ ႏုိက္ကလပ္မွာ ရွိေနတဲ့ပထမဆံုးအၾကိမ္ပင္။

ဒါကုိေတြးေထာက္မိေတာ့ အခုဒီေနရာမွာရွိေနတဲ့ ဘဝေပ်ာ္ရႊင္မႈကို ႏွစ္ျခိဳက္ေနသင့္တာမို႔ က်င္ရႊင္က ရွန္ရိက်င္းေဘးမွာ စိတ္ရွည္စြာျငိမ္ျငိမ္သက္သက္ေနေနဆဲပင္။

ဝီစကီက အရမ္းျပင္းလြန္းျပီး အစ္ကုိၾကီးထန္းက အခုဒီေနရာမွာ မရွိတာမို႔ က်င္ရႊင္က သူ႔cocktailကို ရွဲန္းရွန္ေရွ႕ခ်ေပးကာ သူ႔ကိုေသာက္မလားေမးလိုက္သည္။

စားပြဲေပၚက ေသာက္စရာကုိ ေရႊ႕ရမယ့္အစား ရွန္ရိက်င္းက သူ႔လက္ေမာင္းကိုေျမွာက္ကာ လူငယ္ေလးေနာက္ရွိ ဆိုဖာေက်ာဘက္ေပၚ တင္လုိက္၏ က်င္ရႊင္က သူ႔လက္ေမာင္းထဲမွာ ကုိယ္တစ္ဝက္နစ္ျမဳပ္ေနပံုေပၚသည္။

သူေျပာလာသည္
"တကယ္လို႔ ေရွာင္ရႊင္ပ်င္းရင္ ကုိယ္တို႔အေပၚတက္ျပီး နားၾကမယ္ေလ"

အေပၚထပ္...

က်င္ရႊင္က တုန္လႈပ္စြာေမးလိုက္သည္ : "အေပၚထပ္က...အရင္တစ္ေခါက္ ကၽြန္ေတာ္မေတာ္တမ ဝင္လာမိတဲ့ေနရာလား?"

ရွန္ရိက်င္း : "အင္း"

"အဲ့အခန္းက အျမဲတမ္းကုိယ့္အတြက္ပဲထားထားတာ၊ အျခားဘယ္သူမွ အဲ့မွာမေနဘူး"

သြယ္ဝိုက္ညႊန္းဆုိခ်က္ကေတာ့ က်င္ရႊင္အိပ္ခ်င္တယ္ဆိုရင္လည္း အဆင္ေျပတယ္၊အထဲမွာနားေနလုိ႔ရတယ္။

သို႔ေပမယ့္ က်င္ရႊင္ေတြးလိုက္တာကေတာ့ "ပထမအၾကိမ္"နဲ႔ ပတ္သက္တဲ့အရာပင္...

ေသာက္ျပီးေနာက္ သူ႔မ်က္ႏွာက အျပည့္အဝကိုရင့္မွည့္ေနျပီးျပီ။

ထုိအခိုက္အတန္႔မွာ ပတ္ဝန္းက်င္ကလည္း ဘယ္လုိပဲျဖစ္ျဖစ္ ေမွာင္ေနတာဆိုေတာ့ သူေျပေျပျပစ္ျပစ္ပင္ သူ႔ေခါင္းကုိ ရွန္ရိက်င္းခႏၶာကုိယ္ထက္ ျမွဳပ္ႏွံလိုက္၏
"ဒီ...ဒီမွာ ခဏေလာက္ေနၾကရေအာင္"

"အိုေက" ရွန္ရိက်င္းက ျပန္ေျဖ၏။

လူငယ္ေလးထံမွ အသက္ရွဴေငြ႔ေႏြးေႏြးက သူ႔ေပၚပ်ံ႕လြင့္လို႔လာသည္။ ေကာ္လံေအာက္က တစ္ဖက္လူရဲ႕တုန္ယင္ေနတဲ့မ်က္ေတာင္ေလးေတြကိုပါ သူခံစားလို႔ရႏုိင္ေနသည္။

ရွန္ရိက်င္းက ထိန္းမထားႏုိင္ေတာ့ဘဲ သူ႔လက္ကုိေျမွာက္ကာ လူငယ္ေလးရဲ႕ဆံပင္အိအိေလးေတြကုိ ထိကုိင္လိုက္သည္။

ျမင့္ျမတ္တဲ့အမ်ိဳးသားက ဘားရဲ႕အျမင့္ဆံုးေနရာမွာထုိင္ေနျပီး သူ႔ပံုစံက ဘုရင္တစ္ပါးလိုပင္။

ရွန္ရိက်င္းက ဦးတည္ရာတစ္ခုကို ထူးမျခားနားမ်က္ဝန္းေတြျဖင့္ စူးစူးရဲရဲၾကည့္လုိက္ျပီးေနာက္ ရိုးရွင္းစြာအၾကည့္ျပန္လွည့္သြားကာ သူ႔လက္ေမာင္းထဲရွိ လူငယ္ေလးကုိ ေပြ႔ဖက္ထားလိုက္သည္။

.

သူတုိ႔တည္ေနရာက ေခ်ာင္ခ်ျပီး မီးလည္းခဏခဏထုိးမခံရတာမို႔ ဒါက အလြန္အမင္းကို သီးသန္႔ဆန္တဲ့ထိုင္ခံုျဖစ္သင့္တာပင္။

ဒါေပမယ့္ သူတို႔ဝင္လာျပီးကတည္းက အာရုံစိုက္မႈမ်ားစြာကုိ ဆြဲေဆာင္သြားတာမို႔ အခ်ိန္အေတာ္ၾကာျပီးတာေတာင္ သူတို႔ေနရာက လူေတြရဲ႕မသိစိတ္အေလ်ာက္ျဖစ္ေစ၊ သိစိတ္အေလ်ာက္ျဖစ္ေစ အၾကည့္ခံေနရဆဲ။

လင္လိက ဒီေန႔လည္းထံုးစံအတုိင္း သူငယ္ခ်င္းအနည္းငယ္၊ေနာက္လိုက္အခ်ိဳ႕ျဖင့္ ဒီဘားကုိေရာက္လာသည္။

{Lilac-သူ႔ကုိမွတ္မိၾကေသးရဲ႕လားಠ_ಠ }

ရွန္မိသားစုမွ ဦးစီးေသာဘားက အဆင့္အတန္းျမင့္သည္။ စတိတ္စင္ကိရိယာေတြ၊ ပတ္ဝန္းက်င္နဲ႔ ဖိတ္ၾကားထားတဲ့အဆိုေတာ္ေတြ၊ DJေတြကလည္း ထိပ္တန္းအဆင့္ပင္။ ဒါ့ေၾကာင့္ လူငယ္ေတြက ဒီမွာလာေပ်ာ္ရတာကို သေဘာက်ၾကသည္။ ဒါက ျမိဳ႕ေတာ္တြင္း အေက်ာ္ၾကားဆံုးႏုိက္ကလပ္ေတြၾကား တစ္ခုျဖစ္ေလသည္။

ဒီကာလအတြင္း ရွန္ေပၚဟန္က ဖ်ားနာကာ ေဆးရုံတင္ခံထားရေပမယ့္ ဒါက သူ႔ေဘးရွိသူငယ္ခ်င္းေတြ ဒီကိုလာေပ်ာ္တာကုိ မေႏွာင့္ေႏွးေစႏုိင္ေပ။

သုိ႔ရာတြင္ တစ္စံုတစ္ေယာက္က ရွန္ရိက်င္းလာေနျပီလို႔ လင္လိကုိေျပာလာခ်ိန္ သူကမသိစိတ္အေလ်ာက္ပုန္းကြယ္ခ်င္လာမိသည္ ဘာလို႔လဲဆိုေတာ့ သူက ရွန္အာ့ေရွာက္ရဲ႕အမာခံေနာက္လိုက္ေတြထဲက တစ္ေယာက္မို႔လို႔ပင္။

ရွန္ေပၚဟန္နဲ႔ ရွန္ရိက်င္းၾကားဆက္ဆံေရးက မနီးစပ္ေပ။ ဒါက ဒီအသိုင္းအဝိုင္းရွိ လူတုိင္းလိုလိုသတိျပဳမိတဲ့အရာပင္။

ရွန္ရိက်င္းခႏၶာကုိယ္ပတ္ပတ္လည္မွ အရွိန္အဝါက အရမ္းေအးစက္ကာ ထက္ရွလြန္းတာမို႔ တကယ္ကုိလန္႔စရာပင္။

ကံေကာင္းစြာနဲ႔ သူတို႔သင္ၾကားခဲ့ရတဲ့စည္းမ်ဥ္းေတြအရ ရွန္ရိက်င္းကဒီကုိလာခဲ့ရင္ေတာင္ သူက အေရးၾကီးကိစၥေတြ ကုိင္တြယ္ရင္ကုိင္တြယ္ မဟုတ္ရင္ အေပၚက သီးသန္႔ခန္းကုိပဲတန္းသြားတာျဖစ္ျပီး ေဟာခန္းမထဲမွာေပၚလာတာရွားလွသည္။

လင္လိနဲ႔အျခားသူေတြက တမင္သက္သက္ သူ႔ကုိေရွာင္လိုက္ၾကသည္။ သူတို႔အကလႊာရဲ႕အလယ္မွာရွိေနသ၍ ဒါမွမဟုတ္ ခဏတာအတြက္ သီးသန္႔ခန္းတစ္ခုမွာ ေနေနတာပဲျဖစ္ျဖစ္ သူနဲ႔ၾကံဳမိေလာက္မွာမဟုတ္ေပ။

မေမွ်ာ္လင့္ထားစြာပဲ ေနာက္လိုက္ေလးက သူ႔တုိ႔ကုိတင္ျပလာသည္
"ယန္က်င္ရႊင္လည္း ဒီေနရာမွာပဲ..."

"ဘာ?" လင္လိက ခ်က္ခ်င္းထေအာ္လုိက္ျပီး သူ႔ဖန္ခြက္ကိုခ်ကာ : "သူကဒီေနရာကုိ ထပ္လာရဲတယ္ေပါ့?!"

ယန္က်င္ရႊင္ အေဆာက္အဦးေပၚက ခုန္ခ်မယ့္ဗီဒီယိုက အင္တာနက္ေပၚမွာ အဖြခံလိုက္ရတာမို႔ သူက မိသားစုထံကေန ေကာင္းေကာင္းအဆူခံ၊အရုိက္ခံလိုက္ရျပီး အက်ယ္ခ်ဳပ္ပါခ်ဳပ္ခံလိုက္ရသည္။

သူ႔လြတ္လပ္မႈကို ျပန္ရျပီးေနာက္ သူကအလိုအေလ်ာက္ပင္ ဒီမေတာ္တဆမႈကို ယန္က်င္ရႊင့္ေခါင္းေပၚ ပံုခ်လုိက္သည္...အာ့ေရွာက္က ဒီမေတာ္တမႈျပီးသြားျပီလို႔ဆိုကာ ထပ္မံေျပာခြင့္မေပးေပ။ ဒီအခ်ိန္အတြင္းမွာ သူတို႔ ယန္က်င္ရႊင္ကိုလည္း သြားမရွာခဲ့ေပ။ လူႏွစ္ေယာက္က လံုးဝလမ္းခြဲသြားခဲ့ၾကတယ္ေလ။

သို႔ေပမယ့္ ဒီလူက ဒီေနရာကုိလာရဲေသးတယ္ေပါ့...လင္လိက ခ်က္ခ်င္းလက္ငင္း မတ္တပ္ထရပ္လိုက္သည္။

သူနဲ႔အၾကံတူတဲ့ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေလးေတြ တစ္ေယာက္ထက္မကရွိသည္။ သူနဲ႔တူညီတဲ့ၾကမၼာကို ခံစားခဲ့ရျပီး အက်ယ္ခ်ဳပ္ခံခဲ့ရသူေတြက မထိန္းထားႏုိင္ဘဲေျပာလုိက္ၾကသည္ : "ယန္က်င္ရႊင္...သူက အာ့ေရွာက္ကုိရွာဖို႔ ဒီလာတာေတာ့ မဟုတ္ပါဘူးေနာ္?"

"မျဖစ္ႏုိင္တာ သူတုိ႔ႏွစ္ေယာက္က အေစာကတည္းက လမ္းခြဲျပီးျပီမဟုတ္ဘူးလား?"

"ဘယ္သူသိမွာလဲ မၾကာေသးခင္တုန္းက အာ့ေရွာက္ကအရမ္းလ်ိဳ႕ဝွက္လာတယ္လို႔ ငါခံစားမိတယ္ မင္းမသိေသးဘူးလား ဟူေရွာင္ဖုန္းေတာင္ ဒီရက္ပုိင္းေပ်ာက္ေနတယ္"

" သူက အာ့ေရွာက္ကို ေဆးရုံမွာ ျပဳစုေပးရင္း အလုပ္မ်ားေနတယ္ထင္ထားတာ၊ သူ႔ကုိစိတ္ေက်နပ္ေအာင္ ၾကိဳးစားေပးရင္းေလ...ဟဟဟ ယန္က်င္ရႊင္ကလည္း အာ့ေရွာက္ကုိရွာဖုိ႔ဆို ေဆးရုံကုိပဲသြားသင့္တယ္ေလ"

"ေဟး အာ့ေရွာက္က ဒီရက္ပုိင္းစိတ္အေျခအေနမေကာင္းဘူးလို႔ မင္းမေတြးမိဘူးလား? သူကငါတုိ႔ကုိ သိပ္ျပီးမဆက္သြယ္ေတာ့ဘူး"

"ေတာ္စမ္းပါ သူက အခုဖ်ားျပီးေဆးရုံတက္ေနရတာေလ ဘယ္လိုလုပ္ခံစားလို႔ေကာင္းမွာလဲ?" လင္လိက သူ႔အေဖာ္ကုိ ဆူပူလိုက္၏။

သူက ရွန္ေပၚဟန္ဘက္မွ ခုခံကာကြယ္ေပးဖို႔ရည္ရြယ္ခ်က္မရွိေပ။ သူတစ္ခါတစ္ေလ ရွန္ေပၚဟန္ရဲ႕အထက္စီးဆန္မႈကို မုန္းတီးမိေပမယ့္ သူတုိ႔အသိုင္းအဝုိင္းေသးေလးက ရွန္ေပၚဟန္ကုိ ဗဟုိျပဳထားရတာေလ။ ဒီကိစၥမွာ အာ့ေရွာက္က ပ်က္ကြက္ေလေလ သူကပုိျပီးခုိင္ခုိင္မာမာရပ္တည္ႏုိင္ေလပဲ။

လင္လိက သူ႔ေနာက္လိုက္ကိုေမးလုိက္သည္
" ယန္က်င္ရႊင္က ဘယ္မွာလဲ အာ့ေရွာက္က ဒီေန႔ဒီမွာမရွိဘူးဆိုေတာ့ အာ့ေရွာက္အတြက္သူ႔ကုိေဖ်ာ္ေျဖခုိင္းၾကရေအာင္"

"အာ..." ေနာက္လုိက္ေလးက ရုတ္ျခည္းတုံ႔ုဆိုင္းသြားသည္။ ေတာ္ေတာ္ၾကာျပီးေနာက္မွ သူေျပာလာတာကေတာ့ : "အစ္ကုိလိ ကၽြန္ေတာ္ေျပာခ်င္တာကေလ...ယန္က်င္ရႊင္က အၾကီးဆံုးသခင္ေလးရွန္နဲ႔ ထုိင္ေနတာ"

"?"

"သူတုိ႔က တူတူဝင္လာၾကတာ။ အခု သူတို႔က အေပၚဘက္ဝို္င္းမွာ အျခားသူေတြနဲ႔တူတူထုိင္ေနၾကတယ္ ဒါေပမယ့္ ၾကည့္ရတာ..သူက အၾကီးဆံုးသခင္ေလးရွန္ေနာက္ကိုလိုက္ေနသလိုပဲ..."

ထို႔ေနာက္ လင္လိနဲ႔ သူ႔အုပ္စုက လူၾကားထဲတုိးကာျဖင့္ အေပၚစားပြဲတည္ေနရာကုိ ခ်ဥ္းကပ္လုိက္ၾကသည္။

သူတုိ႔ရဲ႕လူအေရအတြက္က သူတို႔ပန္းတိုင္ကုိ ထုတ္ေဖာ္မိသြားမွာစိုးတာေၾကာင့္ သူတုိ႔ကတမင္ပင္လူခြဲလုိက္ျပီး ႏွစ္ေယာက္တြဲ၊သံုးေယာက္တြဲေတြျဖင့္ မေတာ္တဆလို႔ဟန္ေဆာင္ေမာ့ၾကည့္လိုက္ၾက၏။

ထိုေနရာမွအလင္းေရာင္က မွိန္ေဖ်ာ့ေနသည္။ ေအာက္ကေန သူတို႔တကယ္ကို ဘာမွမျမင္ႏုိင္ေပမယ့္ ရံဖန္ရံခါ မီးဆိုင္းက လႊဲယမ္းသြားတဲ့အခ်ိန္က်...သူတို႔ဘာျမင္လုိက္ရတာလဲ?

ရွန္ရိက်င္းက ကုိယ္တုိင္ကုိယ္က် လူငယ္ေလးတစ္ေယာက္ကုိ ခြံ႔ေပးေနတယ္

ရွန္ရိက်င္းက လူငယ္ေလးတစ္ေယာက္ကုိ ကုိယ္တစ္ဝက္ျဖင့္ ေပြ႔ဖက္ထားတယ္။

ရွန္မိသားစုရဲ႕အၾကီးဆံုးသခင္ေလးက မွတ္မိဖို႔လြယ္တာေၾကာင့္ သူတုိ႔မမွားႏုိင္ေပ။ ထုိလူငယ္ေလးကေတာ့...

ထိုလူငယ္ေလးက...သံသယရွိစရာမလိုေအာင္ကို ယန္က်င္ရႊင္ပဲ

......

ညက ပုိပုိျပီးေမွာင္လာသလို ဘားကပုိပုိျပီးျမဴးထူးဆူညံလာသည္။

အသစ္ေျပာင္းလုိက္တဲ့DJအကက နားကြဲမတက္ပင္ျဖစ္ေနျပီး စင္တစ္ခုလံုးဆူပြက္ေနသည္။ အဲ့လိုဆုိေသာ္ျငား လူအမ်ားအျပားက သူနဲ႔က်င္ရႊင္ရွိတဲ့ဒီဦးတည္ရာကို ၾကည့္ေနၾကဆဲဆုိတာကုိ ရွန္ရိက်င္းခံစားမိ၏။

သူက လက္ကုိခပ္သြက္သြက္ေျမွာက္ကာ သူ႔လည္ေခ်ာင္းပတ္လည္က နက္ခ္တုိင္ကို ဆြဲလိုက္သည္။

သူ႔လႈပ္ရွားမႈေတြကို ခံစားမိေတာ့ က်င္ရႊင္က ရွန္ရိက်င္းပူေနတယ္လို႔ ထင္လုိက္မိတာေၾကာင့္ ေခါင္းေမာ့ကာ သူတို႔ၾကားအကြာအေဝးကုိ အနည္းငယ္ဟလုိက္သညု္။

သူ႔အၾကည့္က တစ္ဖက္လူရဲ႕ဆြဲေဆာင္မႈရွိေသာ Adam appleဆီ ေရြ႕လ်ားသြားခ်ိန္ က်င္ရႊင္က သဘာဝမက်စြာျဖင့္ မ်က္စိေမွးကာၾကည့္လုိက္သည္။ သီခ်င္းက ေျပာင္းသြားကာ အကအလႊာကလည္း ပုိလို႔သက္ဝင္လာသည္။ သူမေနႏုိင္ဘဲ ေအာက္ထပ္က အေျခအေနကုိ ၾကည့္ရန္ လွည့္လိုက္သည္။

ရုတ္တရက္ လက္တစ္ဖက္က သူ႔ခါးေပၚေရာက္လာသည္။

ရွန္ရိက်င္းက သူ႔အား သူ႔ဘက္ကုိျပန္ဆြဲေခၚလုိက္၏။ ၾကည္လင္မူးယစ္ဖြယ္အသက္ရွဴသံႏွင့္အတူ တစ္ဖက္လူက သူ႔နားထက္ အယ္လ္ကုိေဟာလ္အနံ႔တုိ႔ယစ္သိုင္းလ်က္ ေခၚလာသည္ : "ေရွာင္ရႊင္"

"......"

ေအာက္ထပ္က အပူေတြနဲ႔စိတ္လႈပ္ရွားမႈက ရွဲန္းရွန္ရဲ႕အက္ရွရွအသံကုိ ဖံုးကြယ္မထားႏုိင္ေပ။

က်င္ရႊင္က သူ႔အားေျပာလာတာကုိၾကားလိုက္ရသည္ : " အေပၚတက္ျပီး အနားယူၾကရေအာင္ေနာ္ အမ္?"

**

စာေရးသူမွာ ေျပာစရာရွိပါတယ္ :

ထန္းလီ : ဥကၠ႒ရွန္က ေျပာင္းလဲသြားျပီ! သူက အရာရာတုိင္းအတြက္ သူ႔မိန္းမရဲ႕ေရြးခ်ယ္မႈကိုပဲ ေမးေနတယ္!!

✵✵✵✵✵✵✵✵✵✵✵✵✵✵✵

//Unicode//

Chpater 55 : ချစ်ခြင်းမေတ္တာတို့ပေါင်းစည်းပြသခြင်း

"ကျစ်ကျစ် မင်းတို့က ဒီလိုမျိုးမင်းတို့ရဲ့ချစ်ခင်မှုတွေကို ပြနေကြတာလား?" သူ့ဘေးရှိထန်းလီက အောက်ဘက်ကို အကြည့်ရွှေ့လိုက်သည်။

အုပ်စုက တစ်ဖက်လှည့်ကာ သီးသန့်ခန်းအတွင်း ဝင်ရောက်သွားပြီး ယန်ကျန်းပေါ်နဲ့အခြားသူတွေကို နောက်မှာချန်ထားခဲ့လိုက်သည်။ ထန်းလီက အထိတ်တလန့်ရေရွတ်လာ၏
" ချီးပဲ အားကျင်း မင်းလည်ပင်းက ဘာဖြစ်တာလဲကွ...အာ..ငါသိပြီ"

ရှန်ရိကျင်း : "......"

တစ်ဖက်ခြမ်းမှ ရှောင်ထန်းက နားထောင်နေပြီး ချက်ချင်းပင်ရယ်မောတော့သည် : "ဟားဟား ကိုကြီးမှာ ထက်မြတဲ့မျက်လုံးတွေရှိနေတုန်းပဲကိုး။ ဘော့စ်ရဲ့လည်ပင်းက...ဒီနှစ်ရက်အတွင်း ဒါက ကုမ္ပဏီမှာ အဆွေးနွေးဆုံးအကြောင်းအရာဖြစ်နေတာလေ"

ကျင်ရွှင် : "......"

သီးသန့်ခန်းတံခါးက ပိတ်သွားပြီး သူတို့ရဲ့အသံတွေကို ထပ်မကြားနိုင်တော့ပေ။

ကော်ရစ်တာတစ်လျှောက် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်အစားထိုးသွားပြီး ယန်ကျန်းပေါ်မျက်နှာက စိမ်းတလှည့်နီတလှည့်ပင်။

တစ်ဖက်မှာ မန်နေဂျာက သူ့ကိုထွက်ခွာသွားရန် ယဉ်ယဉ်ကျေးကျေးတိုက်တွန်းနေတာမို့ သူ့မျက်နှာကို ဘယ်နားသွားထားရမယ်မှန်း မသိတော့။ အခြားတစ်ဖက်၌လည်း ယန်ကျင်ရွှင်က...မမျှော်လင့်ထားစွာဖြင့် ရှန်ရိကျင်းအပေါ်တွယ်ကပ်သွားနိုင်တဲ့အချက်မှာ သူနစ်မြုပ်နေဆဲ။ ဒီတိုက်ခတ်မှုကြီးကြောင့် သူအချိန်အတော်ကြာအထိ သတိပြန်မဝင်သေးပေ။

သူ့ထက်ပိုပြီးရှော့ခ်ရသွားသူကတော့ ရှီထိုက်လင်ပင်။

ရှန်အုပ်စုမှာ တစ်လနီးပါးလောက် အချည်းနှီးနေထိုင်ခဲ့မှုနဲ့ ပြန်ရောက်တဲ့အချိန် သူ့ဦးလေးကိုဘယ်လိုတင်ပြရမယ်မှန်းမသိတာတို့ကို စဉ်းစားရင်း နေရာမှာတင် သူသတိလစ်ချင်မိသွားသည်။

ရှီထိုက်လင်ကြည့်ရတာ ထုံထိုင်းသလိုမျိုးဖြစ်လာပြီး နေရာမှာတင်မတ်တပ်ရပ်ရင်း သူ့ကိုယ်သူတီးတိုးရေရွတ်နေ၏ : " ဒီတစ်ခေါက်တော့ ပြီးသွားပြီ။ အခုငါတို့ ရှန်အုပ်စုကို ထည့်တွက်လို့မရနိုင်တော့ဘူး...ငါတို့ကုမ္ပဏီလည်း ဖိနှိပ်ခံရတာမျိုးဖြစ်နိုင်တယ်...ဘယ်လိုတောင်ကောင်းလိုက်လဲ...ဝမ်းကွဲရွှင်က ငါတို့ကို လက်တုံ့ပြန်ချင်တယ်ဆိုရင်..."

"ပါးစပ်ပိတ်ထား" ယန်ကျန်းပေါ်က သူ့ကိုထပ်မပြောရန် အော်ဟစ်လိုက်၏။ သို့တိုင်အောင် ရှီထိုက်လင်က ချောက်ချားနေပြီဖြစ်တာမို့ လုံးဝမရပ်တန့်နိုင်ပေ : " ခုနက ဥက္ကဋ္ဌရှန်ဘာပြောသွားလဲဆိုတာ မင်းမကြားလိုက်ဘူးလား? ဝမ်းကွဲရွှင်နဲ့သူနဲ့က မိသားစုတွေ!...ပြီးသွားပြီ ဒါကပြီးသွားပြီကွ!"

"ပါးစပ်ပိတ်ထား! မင်းပြောလို့ပြီးပြီလား မင်းအရှက်ရတာမလုံလောက်သေးလို့လားကွ!"

အဆုံးမရှိ ရောက်တတ်ရာရာပြောနေတဲ့ ရှီထိုက်လင်နဲ့ ရင်ဆိုင်ရချိန် ယန်ကျန်းပေါ်က သူ့ကော်လံကိုဆွဲကာ မန်နေဂျာ၊ လုံခြုံရေးတွေနဲ့ စားပွဲထိုးတွေရဲ့အကြည့်အောက် ဆိုင်တံခါးဆီလျှောက်သွားလိုက်၏။

ရှန်ရိကျင်းအား စောင့်ဆိုင်းနေတဲ့အကြံက ကျရှုံးသွားတာမို့ နှစ်ယောက်သားအနေနဲ့ ဒီဆိုင်မှာမစားတော့မှာက သဘာဝကျသည်။

သို့ပေမယ့် ဒီလိုမျိုးထွက်ခွာသွားပြီးနောက် ယန်ကျန်းပေါ်က အရှက်ရမှုနဲ့ ရှက်ရွံ့မှုကို မထိန်းထားနိုင်သေးပေ။ သူက အရူးတစ်ယောက်လိုမျိုး လမ်းတစ်လျှောက်လုံး ဆဲရေးလာသည် : "ဖာ့ခ်ပဲ ယန်ကျင်ရွှင်က ငါတို့နဲ့လာရှုပ်ရဲဖို့ သတ္တိရှိနေတာကို ငါမယုံဘူး။ ငါပြန်ရောက်တဲ့အချိန်...သူ့ခြေထောက်ကို ရိုက်ချိုးဖို့..အဖေ့ကိုပြောရမယ်!"

"ဒါ့အပြင် သူတို့ပြောတာကို မင်းဘယ်လိုယုံနိုင်ရတာလဲကွ ဒီလက်ထပ်မှု...ဘယ်သူသိမှာလဲ ဒါကဗလာသက်သက်ကတိတွေပဲဖြစ်မှာပေါ့...နှစ်ရက်အတွင်း သူစွန့်ပစ်ခံရတာလည်း ဖြစ်နိုင်တာပဲကို!"

...

ယန်ကျန်းပေါ်က ရှီထိုက်လင်ကို စားသောက်ဆိုင်တစ်လျှောက်လုံး ဆွဲခေါ်သွား၏။

သီးသန့်ခန်းထဲမှာ ကျင်ရွှင်နဲ့ထန်းလီက "ဆိုးယုတ်တည်ရှိမှုကိုတိုက်ခိုက်ခြင်း"ဆိုတဲ့ ထူးထူးဆန်းဆန်းဆက်ဆံရေးမျိုး ရှိနေသည်ထင်။ ပထမဆုံးအကြိမ်တွေ့ဖူးတဲ့လူနှစ်ယောက်က အလျင်အမြန်ပဲ အချင်းချင်းရင်းနှီးသွားကြတော့သည်။

ဒါ့အပြင် သိသာစွာကိုပဲ ထန်းလီက ဖော်ဖော်ရွေရွေနဲ့စကားများသူတစ်ယောက်ပင်။ သူရှိနေတဲ့နေရာတိုင်း ကသိကအောက်တိတ်ဆိတ်မှုမျိုး ရှိနေမှာမဟုတ်လောက်။ သူက ထိုမြေခွေးမျက်ဝန်းတစ်စုံနဲ့ ထိုက်တန်ပေ၏။ သူက ပူပင်ကြောင့်ကြမဲ့ကာ အနည်းငယ်အဆိပ်ရှိသလို ထင်ရပေမယ့် တကယ်တော့ လိမ္မာပါးနပ်ပြီး ဘာကိုပြောရမလဲ ဘာကိုမပြောရဘူးလဲဆိုတာကို သိသူတစ်ယောက်ပင်။

ထိုင်ပြီးနောက် လူတိုင်းက အပြန်အလှန်နားလည်မှုဖြင့် ခုနကအပိုင်းဆက်လေးကို ဆက်မပြောကြပေ။ ထန်းလီက ဝမ်းနည်းပူဆွေးစွာညည်းညူ၏ : "အိုက်ယား..အားကျင်းက မကြာခင်လက်ထပ်တော့မယ်လို့ ငါထင်မထားဘူး....ငါတို့အတန်းဖော်ဟောင်းတွေကို ငါဒီအကြောင်းမပြောရဲဘူး မဟုတ်ရင် လူတိုင်း လန့်သေသွားလိမ့်မယ်။ ဒါကအရမ်းမြန်လွန်းတယ်...စကားမစပ် ..ဘာလို့ငါတို့ဂျူနီယာညီလေး အားဟိန်ကမလာတာလဲ ဒီစီနီယာပြန်ရောက်လာပေမယ့် သူကမလာဘူး?!"

ကျင်းကျဲ့ဟိန်က ရှန်ရိကျင်းနဲ့အသက်တူတူဆိုပေမယ့် ရှန်ရိကျင်းက အတန်းငါးတန်းကို ခုန်ကျော်ခဲ့တဲ့မကောင်းဆိုးဝါးကောင်လေ။ ထန်းလီက ဒီနှစ်မှာ အသက်သုံးဆယ်ရှိပြီမို့ စည်းမျဉ်းတကျဖြင့် စီနီယာကျမှုအတိုင်းပြောရရင် ကျင်းကျဲ့ဟိန်က အမှန်တကယ်ကို သူတို့၏ဂျူနီယာပင်။

ဒါကိုပြောလာတော့ ရှောင်ထန်းက စိတ်ဆိုးစွာဖြင့် : "အစ်ကိုကျဲ့ဟိန်က ခုနလေးတင်ကျွန်တော့်ကိုဖုန်းခေါ်ပြီး သူမနက်ဖြန်အားလပ်ရက်အပန်းဖြေခရီးရှိတယ်လို့ပြောလာတယ်။ သူဒီည ဒီနေရာကိုလာဖို့အဆင်မပြေဘူးတဲ့"

"အပန်းဖြေခရီး?" ထန်းလီက ကြက်သေ,သေသွားကာ သူ့ရဲ့မြေခွေးမျက်ဝန်းတစ်စုံက ကျဉ်းမြောင်းသွားပြီး စိတ်တိုတဲ့အမူအရာသို့ပြောင်းသွားသည် : "အစောကြီးလည်းမဟုတ်သလို နောက်ကျမှလည်းမဟုတ်ဘဲ အခုမှအားလပ်ရက်ယူတယ်တဲ့လား?"

သူက ရှန်ရိကျင်းအား ချဲ့ကားတဲ့အမူအရာဖြင့် ကြည့်ကာ : "တကယ်ကြီးလား?"

"အင်း" ရှန်ရိကျင်း : "အားဟိန်က နှစ်နှစ်လုံးအတွက် ဘာအားလပ်ရက်မှ မယူထားဘူး။ သူက ဒီတစ်ကြိမ်တော့ ရက်အနည်းငယ် နားရက်ယူချင်နေတယ်"

"...မဖြစ်နိုင်တာ" ထန်းလီက မှိန်ဖျော့စွာဆက်ပြော၏ : " မင်းကုမ္ပဏီက လူတွေအားလုံးက ဒီလောက်တောင် ရူးသွပ်နေကြတာလား?"

ရှန်ရိကျင်းက ဗလာသက်သက်အမူအရာဖြင့်ပြောလာသည် : "ကုမ္ပဏီစနစ်က ဝန်ထမ်းတွေကို သူတို့နှစ်ကုန်ခွင့်အတွက် ကြိုက်တဲ့အချိန် လွတ်လွတ်လပ်လပ်ရွေးခွင့်ပေးထားတယ်။ ဝန်ထမ်းတွေက သူတို့အားလပ်ရက်တွေကို မစုဆောင်းထားနိုင်ဘူးဆိုတဲ့ စည်းမျဉ်းလည်းမရှိဘူး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ငါသိပါပြီကွာ" ထန်းလီက သူ့ခေါင်းကို အလျင်အမြန်ခါယမ်းရင်း မနေနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ကျင်ရွှင့်ကိုကြည့်ကာ
" မင်းယောကျ်ားက အမြဲတမ်းအဲ့လိုချည်းပဲ မင်းသည်းခံနိုင်တယ်လား?"

ကျင်ရွှင် : "......"

ယော...ယောကျ်ား?

ရှန်ရိကျင်းက သူ့ယောကျ်ားလို့ အရင်ကဘယ်သူမှမပြောခဲ့ဖူးတာကြောင့် ဖြစ်မည်ထင်၊ ဒီစကားလုံးကိုကြားတော့ ကျင်ရွှင့်မျက်နှာက ချက်ချင်းနီမြန်းသွားသည်။

သူက ခပ်မြန်မြန် ခေါင်းငုံ့လိုက်သည်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာ သူရှဲန်းရှန်မျက်နှာပျက်မှာအား ခွင့်မပြုနိုင်ပေ။ ခေါင်းကိုအနည်းငယ်ငုံ့ထားတဲ့ကျင်ရွှင်က အလေးအနက်ပြောလိုက်သည် : "ရှဲန်းရှန်က အရမ်းကိုကောင်းတဲ့လူပါ"

ဟုတ်တယ်လေ Mr.ထန်းရဲ့"ရွှတ်နောက်နောက်ပုံ"နဲ့ယှဉ်ရင် သူကတော့ ရှန်ရိကျင်းရဲ့တည်ငြိမ်မှုနဲ့စေ့စပ်မှုကို ပိုနှစ်ခြိုက်သည်။

ရှန်ရိကျင်းက သူ့ကိုကြည့်နေတာမြင်တော့ ကျင်ရွှင်က သဘာဝကျစွာဖြင့်ကာ ပြန်ကြည့်ကာ တစ်ဖက်လူကို အပြုံးလေးဖြင့်မျက်စိမှိတ်ပြလိုက်၏။ ထို့နောက် စားပွဲခုံအောက်ဝယ် သူ့ခြေထောက်က အနီးနားရှိရှန်ရိကျင်းကို ထိကပ်လိုက်သည်။

ရှေးကျတင့်တယ်တဲ့သီးသန့်ခန်းထဲဝယ် ညစာစားပွဲက ရိုးရှင်းတဲ့ထောင့်မှန်စတုဂံပုံမဟော်ဂနီသစ်စားပွဲဖြစ်သည်။ လူလေးယောက်က စားပွဲရှည်ကြီးရဲ့တစ်ဖက်တစ်ချပ်ဆီမှာ အတွဲလိုက်ထိုင်နေကြ၏။ ရှန်ရိကျင်းကတော့ သူ့ညာဘက်တွင်။

ကျင်ရွှင်က မသိစိတ်အလျောက် တစ်ဖက်လူခြေထောက်ပေါ်ရှိ လက်ကိုသွားထိလိုက်မိသည်။ သဘာဝကျစွာပင် ကျင်ရွှင်က တစ်ဖက်လူရဲ့ဘယ်လက်၊ လက်သူကြွယ်ရှိ လက်ထပ်လက်စွပ်ကို တိမိသွားကာ နှစ်ကြိမ်လောက်ပွတ်သပ်လိုက်၏။

စားပွဲတစ်ဖက်ခြမ်းမှာတော့ ထန်းလီကပြောလာသည် : "...အိုး ဘုရားရေ"

နှစ်ယောက်သားက စားပွဲခုံအောက်မှာ ဘာလုပ်နေမှန်း သူမသိပေမယ့်လည်း ကျင်ရွှင့်အမူအရာကိုကြည့်ခြင်းဖြင့် သူနှိပ်စက်ညှဉ်းပန်းခံနေရလေပြီ။

ထန်းလီက အစွယ်ပြပြီး မာန်ဖီတော့သည် : "မင်းသိရဲ့လား ငါကမင်းရဲ့စေ့စပ်ပွဲအခမ်းအနားကို တက်ရောက်ဖို့စောစောပြန်လာတာလေ! ဒီလိုမျိုး ညှဉ်းပန်းခံရမယ်မှန်းသိရင် ငါပြန်မလာဘူး!"

"ဒါပေမယ့် ကိုကြီးပြောတော့ နောက်လအနည်းငယ်အတွင်း ကိုကြီးလက်ထပ်တော့မှာဆို" ရှောင်ထန်းကမေး၏ :" ကျွန်တော့်မရီးကိုပါ ကိုကြီးတစ်ခါတည်းခေါ်လာမယ်လို့ ထင်နေတာ..."

"မင်းမှာ ဘာမရီးမှမရှိတော့ဘူး" ထန်းလီကပြော၏ "မင်းကိုကြီး စွန့်ပစ်ခံလိုက်ရပြီ"

"...ဟမ်?" ရှောင်ထန်းက ကြက်သေ,သေသွားသည်။

မတိုင်မီသူတို့လမ်းမှာတုန်းက ဘာလို့သူ့မရီးကိုမခေါ်ခဲ့တာလဲဟု သူတစ်ကြိမ်မကမေးခဲ့ဖူး၏။ သူ့အစ်ကိုက တမင်တကာ ခေါင်းစဉ်ပြောင်းလိုက်ပြီး ဘာမှမပြောခဲ့ပေ။

ဒါက...သူစွန့်ပစ်ခံလိုက်ရတာပဲ ဒါ့ကြောင့် သူအဲ့ဒါကိုမပြောချင်တာပေါ့!

"ပြီးသွားပြီ...ဖေဖေနဲ့မေမေက ကိုကြီးက မရီးကိုပြန်ခေါ်လာမယ်လို့ တကယ်ထင်နေတာ ကိုကြီးရေ ကံကောင်းအောင်သာဆုတောင်းထားပေတော့" ရှောင်ထန်းက သူ့အစ်ကိုရင်းကို သနားစာနာမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

သူ့မိဘတွေနဲ့ သူ့အစ်ကိုက ဒီကိစ္စမျိုးကြောင့် ဟိုးအရင်ကတည်းက ခဏခဏစကားများကြတာကို သူမှတ်မိပါသေးတယ်။ သူ့အစ်ကိုက မိသားစုမှစီစဉ်ပေးတဲ့လက်ထပ်မှုကို လက်မခံလိုတာကြောင့် နှစ်ပေါင်းများစွာ တရုတ်ပြည်ကိုပြန်မလာခဲ့တာပင်။

အခုသူ့မိဘတွေက နောက်ဆုံးတော့အပေးအယူလုပ်ကာ ညှိနှိုင်းခဲ့သည် ၊ သူ့ကိုကြီးက အပြင်ကနေ လက်ထပ်ဖို့ရန်လက်တွဲဖော်တစ်ယောက်ရှာလာပြီး အခြေချတာကို သဘောတူခြင်းဖြင့်ပေါ့။ ရလဒ်အနေနဲ့ သူ့ကိုကြီးက သူ့မရီးရဲ့ပစ်ချခြင်းခံလိုက်ရတယ်...

ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ!

ထန်းလီက မျက်လွှာချကာ : "...မင်းက တကယ်ရောငါ့ညီလေးဟုတ်ရဲ့လား။ ဒီလိုမျိုး စိတ်အခြေအနေကို ဖျက်လိုဖျက်စီးဖြစ်စေတဲ့အရာမျိုးကို မင်းဘယ်လိုလုပ်ပြောနိုင်ရတာလဲ?"

ရှောင်ထန်းက စိတ်ထိခိုက်သွားသလိုမျိုး နှုတ်ခမ်းစူကာဖြင့် : "ကျွန်တော်က ကိုကြီးကိုဂရုစိုက်ပေးတဲ့ဟာကို"

ထန်းလီက ရှောင်ထန်းခေါင်းအားပုတ်ပေးကာ လေးလေးနက်နက်ပြောလာသည် : "ဒါက မင်းထင်ထားသလောက် မရှိးရှင်းဘူး ကောင်ကလေးရဲ့။ မင်းလည်းမငယ်တော့ဘူး ဒီတော့ မိသားစုကနေ လက်ထပ်ပေးဖို့တွန်းအားပေးခံနေရတဲ့ ဝန်ထုပ်ကြီးကို ရင်ဆိုင်နိုင်အောင် မင်းကိုကြီးကို ကူညီရမယ့်အချိန်ပဲ"

ရှောင်ထန်း : "???"

သေချာတာပေါ့ ထန်းလီကနောက်နေခြင်းပင်။ သူ့ညီလေးရဲ့လန့်ဖျပ်သွားသောမျက်လုံးတွေအောက် သူရယ်မောလိုက်သည်။

ရှန်ရိကျင်း : " မင်းဒီတစ်ခေါက် ဒီမှာဘယ်လောက်ကြာကြာနေဖို့ စီစဉ်ထားလဲ"

"ကြည့်ရမှာပဲ" ထန်းလီက ကုလားထိုင်ကိုမှီကာ ထိုင်လိုက်ပြီး သူ့ကြည့်ရတာအနည်းငယ်ပင်ပန်းနေပုံပင် : " ငါ မပြန်ခင်တော့ မင်းအဘိုးမွေးနေ့ပြီးတဲ့ထိစောင့်ဦးမယ်"

"ဒါပေမယ့်လည်း ငါအိမ်ကိုပြန်ပြန်ချင်း သွေးမုန်တိုင်းတစ်ခုဆင်နွှဲရဦးမှာ။ မင်းစောင့်သာကြည့်နေလိုက်တော့ ဒီတစ်ကြိမ်လည်း ငါဘယ်မိန်းကလေးနဲ့ ဘလိုင်းဒိတ်သွားတွေ့ရဦးမယ်မှန်းမသိဘူး"

သူစကားပြောနေရင်း အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ကာ အရင်ဦးဆုံး မျက်နှာချင်းဆိုင်မှ ရှန်ရိကျင်းဆီကမ်းပေးလိုက်၏။

ရှန်ရိကျင်းက မယူပေ။ ထန်းလီက သူ့ခေါင်းကို ကျင်ရွှင့်ဘက်တစ်ဖန်လှည့်ကာ : "ညီငယ်လေးရော ဆေးလိပ်သောက်လား?"

ကျင်ရွှင် : "မသောက်ပါဘူး..ကျေးဇူး"

ထန်းလီက နောက်ဆုံးတော့ ဆေးလိပ်တိုကို ပါးစပ်ထဲထည့်လိုက်၏။ သူမီးညှိခါနီးမှာ ရှန်ရိကျင်းက ခေါင်းစောင်းကာဖြင့် အခန်းထဲက အကန့်ငယ်လေးတစ်ခုကို ညွှန်ပြလာပြီး အကြင်နာမဲ့စွာပြောလာသည်
"အထဲဝင်ပြီး သွားသောက်"

"...Shit"

ဆေးလိပ်ငွေ့က အမှန်တကယ်ကို အန္တရာယ်များလေသည် အထူးသဖြင့် ကျင်ရွှင်နဲ့ရှောင်ထန်းလို ဆေးလိပ်မသောက်သောသူတွေအတွက်ပေါ့။

ထန်းလီက အဆုံးမှာတော့ ဆေးလိပ်ကိုပြန်ချကာ မသောက်ပဲနဲ့ တစ်ခဏခန့်ကိုင်ထား၏။

ကံကောင်းစွာနဲ့ စားစရာတွေက တစ်ခုပြီးတစ်ခုရောက်လာသည်။ ဆေးလိပ်အာသာပြင်းပြခြင်းက တူတွေကိုရွေ့လျားပြီးနောက် သိပ်မပြင်းထန်တော့ပေ။

ထန်းလီက တူနာဆာရှီမီတစ်ခုကို တူနဲ့ညှပ်ကာ သူ့ပါးစပ်ထဲထည့်လိုက်၏။ စားပွဲတစ်ဖက်ခြမ်းမှာ ရှန်ရိကျင်းက ကျောက်ပုစွန်တစ်ဝက်ကို သူ့ပန်းကန်ထဲထည့်ကာ အတွင်းမှအသားတွေကို ခွာထုတ်ရန် အထူးစပါယ်ရှယ်ဇွန်းအသေးလေးကို ကောက်ကိုင်လိုက်တာအား သူမြင်လိုက်ရသည်။ နောက်ဆုံးမှာတော့ သူက အသားတွေကို အခြားပန်းကန်ပြားအသေးလေးထဲထည့်ကာ သူ့နံဘေးရှိ လူငယ်လေးထံပါးချပေးပြီး ပြောလာသည်
"ပူတုန်းလေးစားလိုက်"

"ကျေးဇူးပါ ရှဲန်းရှန်"

ကျင်ရွှင်ကလည်း ယဉ်ကျေးမနေပေ။ သူက ကျောက်ပုစွန်အသားတစ်ခုကို ညှပ်ယူကာ ပါးစပ်ထဲထည့်လိုက်၏။

Fနိုင်ငံကနေ လေကြောင်းဖြင့်ပို့ဆောင်ထားတဲ့ Brittany Blue lobsters သုံးပေါင်ကို တိုက်ရိုက်ပေါင်းထားသည်။ ဒါက ကျောက်ပုစွန်ရဲ့အရသာကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားပြီး အသားကိုပိုတင်းရင်းစေသည်။ ပူပူလေးစားမယ်ဆိုရင် လတ်ဆတ်ကာ အရသာရှိရုံတင်မကဘဲ အလွန်ရွအိပြီးဝါးလွယ်သည်။

အရသာကအရမ်းကောင်းတယ်လို့ ကျင်ရွှင်ထင်မိတာကြောင့် ကျန်တာကို ရှန်ရိကျင်းအတွက် ချန်ထားပေးလိုက်သည်။

ကျောက်ပုစွန်အသားကို မြိုချပြီးခါပဲရှိသေး ရှန်ရိကျင်းက ငါးလိပ်ကျောက်ငါးမန်းဆူးတောင်တစ်ခုကို ကောက်ယူကာ သူ့ပန်းကန်ထဲထည့်ပေးရင်း အကြံပေးလာသည် : " ဖြည်းဖြည်းစားနော် ဒါက နည်းနည်းမာလိမ့်မယ်"

ကျင်ရွှင် : "ဟုတ်"

မျက်နှာချင်းဆိုင်မှ ထန်းလီ : "......"

ခေါင်းမာကာ ခံစားချက်ကင်းမဲ့တယ်ဆိုပြီး ကျော်ကြားတဲ့ရှန်ရိကျင်းက လူတစ်ယောက်အတွက် ဒီလောက်သဘာဝကျကျ ညစာတည်ခင်းပေးနေတာကိုမြင်လိုက်ရတော့ ရုတ်ခြည်း ကမ္ဘာကြီးပြောင်းလဲသွားသကဲ့သို့ ထန်းလီခံစားလိုက်ရသည်။

သူ ရှန်ရိကျင်းကို သိခဲ့တာ ဆယ်နှစ်ကျော်ပြီ

သူ့ကိုဒီလိုမျိုးမြင်ဖူးတာတော့ ပထမဆုံးပဲ!

" လုံလောက်ပါပြီ ချစ်မိသွားတာက တကယ်ကွဲပြားတာပဲ" ထန်းလီက ခါးသက်စွာပြောလိုက်၏။

သူ ဆေးလိပ်မသောက်နိုင်တော့ အရက်ပဲသောက်နေရုံပေါ့။

ရောက်ရှိလာတဲ့ဟင်းလျာတွေက *ဗျစ်ပန်းအနံ့ခပ်ရေးရေးနဲ့အတူ ဆာကေးနည်းနည်းပါဝင်ပြီး နွေးထွေးသည်။

[*ဘီယာချက်ရာတွင်သုံးသည်]

...

ထန်းလီက ခွက်သေးတစ်ခွက်ကို တစ်ကျိုက်တည်းမော့လိုက်၏။

သူ့လေသံက ခါးသက်နေသော်ငြားလည်း ရှန်ရိကျင်းအတွက် သူဝမ်းသာနေဆဲပင်။ အတော်များများသောက်ပြီးနောက် သူကမတ်တပ်ရပ်ကာ ကျင်ရွှင့်ကိုတောင် တစ်ခွက်သောက်ဖို့ တောင်းဆိုလာသည်။

သောက်ဖို့က...

ကျင်ရွှင်က သူ့ရှေ့ရှိ လှလှပပဖန်တီးထားတဲ့ ဖြူပြာရောင်ကျောက်စိမ်းခွက်လေးကိုကြည့်ကာ ထိုဟာကိုမ,မယူလိုက်ခင် ရှန်ရိကျင်းဘက်ငဲ့ကြည့်လိုက်၏။

ရှန်ရိကျင်းကပြောလာသည် : "ရှောင်ရွှင်သောက်ချင်လို့လား"

ကျင်ရွှင်က နာနာခံခံခေါင်းညိတ်ပြကာ သူအရသာမြည်းကြည့်ချင်ကြောင်း ညွှန်ပြလာသည်။

"ဒါဆိုလည်း နည်းနည်းသောက်" ရှန်ရိကျင်းက ပြောနေရင်းဖြင့် ခရားကိုကောက်ကိုင်ကာ သူ့ခွက်ထဲနည်းနည်းထည့်ပေးလိုက်သည်။

"..."ထန်းလီက နောက်တစ်ကြိမ်သူအနိုင်ကျင့်ခံရသလို ခံစားရပြန်သည်။

ထို့နောက် လူလေးယောက်က အတူတကွခွက်တိုက်လိုက်ကြသည်။

ကျင်ရွှင်က ပြိုင်ဘက်ကင်းဗျစ်ပန်းရနံ့ကို အရသာမခံမိပေ။ သူခံစားမိတာကတော့ ဝိုင်က ရေကိုအရက်ပြန်ရောထားတာနဲ့တူတူလောက်ပဲ။ သူက လည်ချောင်းထဲဝင်ရောက်သွားဖို့ မခက်ပေမယ့် အရသာလည်းမရှိပေ။

...လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့အသီးဖျော်ရည်က ပိုကောင်းတယ်!

ထို့နောက် ရှန်ရိကျင်းက ထန်းလီအား အဖော်ပြုကာ နည်းနည်းသောက်ပေးလိုက်၏။ ကြည့်ရတာ ဒီဆာကေးမျိုးက လူတွေကိုပျော်ရွှင်အောင်လုပ်ဖို့ တကယ်ခက်ခဲတဲ့ပုံပင်။ စားပြီးနောက် ထန်းလီက ဘားကိုခဏသွားထိုင်ရန် အကြံပြုလာသည်။

သူက ရှန်ရိကျင်းကိုပြော၏ : " ကျော်ကြားတဲ့နိုက်ကလပ်တစ်ခုခုဆိုပိုကောင်းတယ်..အိုး ငါမှတ်မိပြီ အကေးရှားလမ်းမမှာ မင်းတို့မိသားစုပိုင်တစ်ခုရှိတယ်မလား?"

"အင်း" ရှန်ရိကျင်းကပြော၏ "မင်းသွားချင်ရင် ဒရိုင်ဘာကို ပို့ပေးဖို့ပြောလိုက်မယ်"

"အဲ့လိုမလုပ်နဲ့" ထန်းလီက ရုတ်တရက် မှားယွင်းတဲ့တစ်စုံတစ်ရာကို ကြားလိုက်ရသလိုမျိုးဖြင့် : " မင်းတို့နှစ်ယောက် ဒီညအခြားလုပ်စရာမရှိဘူးမလား? တူတူသွားရအောင် မင်းကအခုတည်းက ထွက်သွားချင်နေပြီလားကွ?"

"......"

ရှန်ရိကျင်းက ကျင်ရွှင်အားကြည့်ကာ မေးလိုက်သည်
"မင်းသွားချင်လား?"

တစ်ဖက်ခြမ်းမှ ထန်းလီက သူ့မျက်လုံးကိုဖုံးထားလို့မရတဲ့အတွက် မုန်းတီးနေမိသည်။

ပြီးသွားပြီ

ရှန်ရိကျင်းက ကျောင်းတက်ချိန်တုန်းက နေ့တိုင်းလိုလို မရေမတွက်နိုင်တဲ့ ရည်စားစာတွေလက်ခံရခဲ့သည်။ များပြားလွန်းတာကြောင့် သူက ၎င်းတို့ကိုအမျိုးအစားခွဲစုစည်းရန် လူတစ်ယောက်အားခိုင်းခဲ့ရပြီး သူတို့ကိုအတွဲလိုက်ပြန်ငြင်းခဲ့သည်။ မမျှော်လင့်ထားစွာပဲ သူက မယားကြောက်ဘဝကို ကူးပြောင်းသွားခဲ့ပြီ!

ဖီလာအားဖြင့် ကျင်ရွှင်က အကေးရှားလမ်းကိုကြားလိုက်ချိန် ရှန်ရိကျင်းအားကြည့်နေတဲ့ သူ့ရဲ့ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတွေက အမှတ်မထင် ပြူးကျယ်သွားတော့၏

"အဲ့ဘားက..."

ရှန်ရိကျင်းက ပြန်ဖြေသည် : "ဟုတ်တယ်"

ကျင်ရွှင် : "......"

မမှားပါဘူး အကေးရှားလမ်းမှ ထိုနိုက်ကလပ်က သူစာအုပ်ထဲပထမဆုံးကူးပြောင်းချိန် ရောက်သွားခဲ့တဲ့နေရာပင်။

သူနဲ့ရှန်ရိကျင်း...ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ နေရာလည်းဖြစ်၏။

တကယ်လို့သူတို့သွားမယ်ဆိုရင် နေရာဟောင်းကို အလည်တစ်ပတ်ပြန်ရောက်သွားသလိုဖြစ်နေမှာ အတိအကျပင်။

ကျောက်စိမ်းလိုဖြူဖွေးတဲ့သူ့မျက်နှာက ချက်ချင်းနီရဲသွားသည်။ ကျင်ရွှင်က ခေါင်းကိုငုံ့ကာ သူ့မျက်နှာကို ရှဲန်းရှန်ပခုံးထက်အပ်ချင်နေမိသည်။ သို့ရာတွင် ဒီမှာအခြားသူတွေပါရှိနေတာကြောင့် သူအဲ့လိုမလုပ်နိုင်သည်မှာ သေချာပေါက်ပပင်။

ရှန်ရိကျင်းဘေးကို ကျုံ့သွားပြီး ကျင်ရွှင်က ခေါင်းညိတ်ပြလိုက်သည်
"သွားကြတာပေါ့"

အဆုံးမှာတော့ သူကဒီလောက်ထိကြီးပြင်းလာပေမယ့် ဘားမှာတစ်ခါမှသွားမကစားဖူးဘူးလေ။

...သူကူးပြောင်းလာခါစ အရင်တစ်ကြိမ်ကို ထည့်တွက်လို့မရဘူး။

ဒါ့အပြင် အစ်ကိုကြီးထန်းပြန်လာဖို့က မလွယ်ကူပေ။ နှစ်ပေါင်းများစွာရင်းနှီးလာတဲ့သူငယ်ချင်းတစ်ယောက်အနေဖြင့် ရှန်ရိကျင်းက သူ့ကိုအဖော်ပြုပေးသင့်သည်။ လူအများစုနဲ့မတူဘဲ ရှဲန်းရှန်က အမြဲတမ်းတည်ငြိမ်နေကာ နှစ်ပေါင်းများစွာမတွေ့ဖြစ်တဲ့သူငယ်ချင်းနဲ့ ပြန်ဆုံတွေ့ရချိန် စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်မှုမျိုးဘာမျိုးပေးမှာမဟုတ်ပေ၊ သူ့စကားလုံးတွေကလည်း အတန်အသင့်ပင်။ သို့တိုင်အောင် ဒါက သူ့ရဲ့ပင်ကိုယ်စရိုက်ကြောင့်ဖြစ်ပြီး ထန်းလီအား သူငယ်ချင်းတစ်ယောက်အနေနှင့် ဂရုမစိုက်တာကြောင့်မဟုတ်ပေ။

ရှန်ရိကျင်းကိုသိတဲ့သူတိုင်း ကွဲပြားချက်ကိုမြင်နိုင်သည်။ ထန်းလီက ဒါနဲ့အကြာကြီးကတည်းက ကျင့်သားရနေတာကြောင့် သူကရှဲန်းရှန်ရဲ့ဂရုမစိုက်သလိုအသွင်အပြင်ကို တောင့်ခံနိုင်သည်။

အုပ်စုက ဘားဆီ ဒရိုင်ဘာရဲ့မောင်းပို့ခြင်းခံလိုက်ရ၏။

ခုနကစားနေရင်း စကားစမြည်ပြောနေတာကြောင့် အချိန်အနည်းငယ်နှောင့်နှေးသွားသည်။ လမ်းပေါ်မှာကုန်သွားတဲ့အချိန်ပါ ထပ်ပေါင်းလိုက်တော့ သူတို့ဘားကိုရောက်သွားချိန် ကိုးနာရီခွဲအတိအကျပင်။

ဒါက နိုက်ကလပ်စတင်ပြီးသက်ဝင်တဲ့အချိန်ဖြစ်သည်။

ရှန်မိသားစုရဲ့စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေအားလုံးက အဆင့်အတန်းမြင့် အဆောက်အဦးတွေဖြစ်ကာ ဒီနိုက်ကလပ်လည်းအတူတူပင်။

နိုက်ကလပ်က မှိန်ဖျော့ဖျော့လေးလင်းနေပေမယ့် လူတွေပြည့်ကျပ်နေသည်။

မီးမောင်းက အပေါ်ဘက်ကနေ လွှဲယမ်းနေ၏။ အတွင်းပိုင်းအကလွှာရဲ့အလယ်ဗဟိုမှာ မရေမတွက်နိုင်သောအမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ကိုယ်တွေက DJသံစဉ်အလိုက် ပြင်းပြင်းထန်ထန်လှုပ်ခါနေကြသည်။

ဒီနေရာမှာ လေထုကိုပိုကောင်းကောင်းခံစားနိုင်ရန်အလို့ငှာ ရှန်ရိကျင်းက အပေါ်ထပ်ရှိ အကန့်ငယ်တစ်ခုမှာ နေရာချပေးရန်တစ်စုံတစ်ယောက်အား အထူးခိုင်းစေလိုက်၏။

နူးညံ့ကာသက်တောင့်သက်သာရှိသော ဇိမ်ခံအဝိုင်းပုံဆိုဖာမှာ ထိုင်နေရင်း ကျင်ရွှင်က အရမ်းဆူညံတယ်လို့ခံစားရခြင်းမရှိဘဲ အောက်ထပ်ရှိအခြေအနေတစ်ခုလုံးကို မြင်နိုင်သည်။

ဖရဲသီးနဲ့အသီးစိတ်လေးတွေ အမျိုးမျိုးက စားပွဲပေါ်ကို အလိုအလျောက်ရောက်လာသည်။ စားပွဲထိုးတစ်ယောက်က မီနူးယူလာပြီး ထန်းလီကတစ်ချက်ကြည့်ကာ ဝိုင်နှစ်ပုလင်းမှာလိုက်၏။

နှစ်ပုလင်းက အလယ်အလတ်နှင့်အပြင်းစားဝီစကီတွေဖြစ်ပြီး ရေခဲတုံးလေးတွေပါ တစ်ပါတည်းပါလာသည်။ ရှောင်ထန်းက အလန့်တကြားဖြင့်: "ကိုကြီး ဒီလောက်အများကြီးသောက်နိုင်တာ သေချာရဲ့လား?"

ထန်းလီက အများအားဖြင့် *ခွေးတစ်ကောင်နဲ့တူပေမယ့် သူ့စရိုက်ကတော့ အမြဲပေါ့ပေါ့ပါးပါးပင်။ သူက လျှောက်နောက်ရတာကိုကြိုက်၏။

[*သရော်ခြင်း ထေ့ခြင်းတို့တွင်သုံးသည်။ ဥပမာအနေနဲ့ လူအဝတ်ခြုံထားတဲ့သားရဲကောင်]

သူကချက်ချင်းပင်ပြန်ဖြေ၏ : "ငါမသောက်နိုင်ဘူး ဒါပေမယ့်အောက်ထပ်မှာ လှလှပပကောင်ငယ်လေးတွေအများကြီးရှိတယ်လေ သူတို့ကိုဖိတ်ခေါ်လိုက်ရင်ရတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ဘော့စ်က ကပ်စေးနှဲမှမဟုတ်တာ"

ရှောင်ထန်း : "..."

ဒီတော့ ဘာလို့လှလှပပတဲ့ကောင်ကလေးတွေဖြစ်နေရတာလဲ??

ရှန်ရိကျင်းက ထန်းလီရဲ့အပြုအမူပေါ် ဘာမှတ်ချက်မှမပေးပေ။ သူက မီနူးကိုသာ ထပ်ယူလိုက်ပြီး cocktailနေရာကိုလှန်ကာ ကျင်ရွှင်ဘာသောက်ချင်လဲမေးလိုက်သည်။

"Cocktailတွေက အယ်လ်ကိုဟောပမာဏနည်းနည်းပဲပါပြီး အများအားဖြင့် ဖျော်ရည်တွေနဲ့ပေါင်းစပ်ထားတာ၊ ဒါကြောင့်အရသာက လက်ခံနိုင်လောက်တယ်"

ကျင်ရွှင်က အပြေးအလွှားခေါင်းညိတ်လိုက်၏။ မူလ၌ သူက ရှဲန်းရှန်လက်ထဲရှိ မီနူးကိုကြည့်ချင်ရုံဆိုပေမယ့် လမ်းတစ်ဝက်မှာ တစ်ဖက်လူရဲ့ထိုအပေါ်မှီထားတဲ့ သွယ်လျလျလက်ချောင်းတွေအောက် ဆွဲဆောင်ခံလိုက်ရသည်။

ရှန်ရိကျင်းက ဝတ်စုံပြည့်ဝတ်ထားဆဲဖြစ်ပြီး ခြေချင်းထပ်ထားကာ တစ်ဝက်ကွေးဆိုဖာထက် ပေါ့ပေါ့ပါးပါးထိုင်နေသည်။ သူ့အသွင်အပြင်က မြင့်မြတ်တဲ့အရှိန်အဝါတွေဖြင့်ပြည့်နေ၏။

မကြာခဏဆိုသလို အထက်မှအလင်းရောင်က သူတို့ခေါင်းတွေထက် ရောက်ရှိလာပြီး ရှဲန်းရှန်ရဲ့ခန့်ညားတဲ့မျက်နှာကို အလင်းပြန်စေသည်။

ပထမဆုံးအကြည့်မှာတင် သူ့ရဲ့စနစ်တကျအဝတ်အစားနဲ့တည်ကြည်တဲ့အသွင်အပြင်က ဒီဆူဆူညံညံညမြင်ကွင်းနဲ့ သဟဇာတမဖြစ်သော်ငြားလည်း အလွန်အမင်းအသောက်အစားကင်းတဲ့ပုံက ထူးထူးဆန်းဆန်းပင် ဒီအသုံးအဖြုန်းကြီးပုံရသောနေရာနှင့် တစ်ထပ်တည်းကျနေ၏။ အနည်းဆုံးတော့ အကွာအဝေးတစ်ခုကနေ လည်ပင်းအထက်က ရှန်ရိကျင်းရဲ့အေးစက်စက်အသွင်အပြင်က လူများစွာရဲ့မျက်လုံးကိုတောက်ပသွားစေနိုင်တဲ့ တည်ရှိမှုတစ်ခုပင်။

ကျင်ရွှင်တောင်မှ ထိုအရာကနေ မကင်းလွတ်နိုင်ပေ။

သူ့အကြည့်က ရှန်ရိကျင်းမျက်နှာကနေ အောက်ထိတစ်လျှောက်လုံးဆင်းသွားကာ နောက်ဆုံးမှာတော့ ရှဲန်းရှန်ရဲ့လက်ချောင်းတွေ၌ တစ်ခဏခန့်ရပ်တန့်သွားသည်။ ဒါက ရှန်ရိကျင်းသူ့ကိုခေါ်တော့မှ ကျင်ရွှင်အလျင်အမြန်အသိကပ်လာတဲ့အထိပင်။

သို့တိုင်အောင် ကျင်ရွှင်မသိတာကတော့ သူ့ရဲ့ကိုယ်ပိုင်တည်ရှိမှုကလည်း အရမ်းကိုပြင်းထန်လွန်းတယ်ဆိုတာကိုပင်။

လွန်ခဲ့တဲ့နှစ်ရက်တုန်းက သူ့ဆံပင်က ရှည်လာပြီမို့ ကျင်ရွှင်က ဆံပင်ညှပ်ခဲ့၏။ ဒါက လန်းဆန်းပြီးသိမ်မွေ့တဲ့ကျောင်းသားဆံပင်စတိုင်ဖြစ်ဆဲဆိုပေမယ့်လည်း စီနီယာဆံသပညာရှင်ရဲ့အထူးပုံဖော်ပြီးနောက် ဆံပင်တိုတိုက အရမ်းကိုအနုပညာဆန်လှပကာ ကျင်ရွှင့်ရဲ့ချောမောလှပသောမျက်နှာ၊ ထင်ရှားသောမျက်နှာအစိတ်အပိုင်းတွေနဲ့ တကယ့်ကိုလိုက်ဖက်ညီလှသည်။

သူက နှစ်လိုဖွယ်ကောင်းပြီးရိုးသားသည်။ သူက ရည်မွန်ပြီးငြင်သာသလိုမျိုး ဆံပင်စတိုင်အသစ်ကလည်း သိမ်မွေ့နေသည်။

ဒါက ကျင်ရွှင့်ကို နိုက်ကလပ်ပုံစံနှင့် လုံးဝရောစပ်သွားရန် မဖြစ်နိုင်အောင်ပြုလုပ်ပေးနေသည်။ သို့ပေမယ့် သူ့ရဲ့တုနှိုင်းမဲ့အသွင်အပြင်က သံသယဝင်စရာမလိုအောင်ကို ဒီနေရာ၌ သစ်လွင်လန်းဆန်းမှုလေထုလေးဖြစ်နေသည်။ သူကကွဲပြားနေတာကြောင့် သူက ပိုများတဲ့အာရုံစိုက်မှုတွေကို ဆွဲဆောင်နေသည်။

ဒီပုံစံအတိုင်း အသောက်အစားကင်းမဲ့ပုံပေါ်တဲ့ ရှန်ရိကျင်းနဲ့အတူတူထိုင်နေရာ..သူတို့က အသန်မာဆုံးပေါင်းစပ်မှုဖြစ်လာသည်။

သူတို့စားပွဲက ပိုပြီးလျို့ဝှက်သောပုံစံချထားသော်ငြားလည်း သူ့ဆီကိုဦးတည်လာသောအကြည့်တွေက မလျော့ကျသွားခဲ့ပေ။

ဒီလိုမျိုးတွေနဲ့စပ်လျဉ်းပြီး စိတ်မဝင်စားတဲ့ကျင်ရွှင်က အခြားသူတွေရဲ့မျက်လုံးတွေအား သတိမပြုမိပေ။ နောက်ဆုံးမှာတော့ သူက လန်းဆန်းစေတဲ့အရောင်ဖြစ်သော ဟာဝိုင်အီပြာပြာတစ်ခွက်ရွေးချယ်လိုက်သည်။

ဘော့စ်က ဒီကိုလာမယ်ဆိုတာ သိထားတာမို့ နိုက်ကလပ်မန်နေဂျာက ပြင်ဆင်မှုတွေပြုလုပ်ထားနှင့်ပြီးပြီဖြစ်သည်။ သူက စားပွဲထိုးတွေကို ပိုပြီးသွက်သွက်လက်လက်ဖြစ်စေဖို့ အထူးမှာကြားထားတာကြောင့် ကျင်ရွှင်မှာလိုက်တဲ့cocktailက အလျင်အမြန်ပင်ရောက်ရှိလာသည်။

ရေခဲပြာရောင်အရည်တွေကို cocktaikဖန်ခွက်ထဲဝယ် အလှဆင်မှုအများအပြားဖြင့် ထည့်ထားသည်။ ဒါကလှပပြီးတော့ အိပ်မက်ဆန်ရာ ကျင်ရွှင့်ရဲ့အနှစ်သက်ဆုံးပုံစံပင်။

ဖန်ခွက်ဝမှာ ကပ်ညိနေတဲ့ဆားပွင့်လေးတွေက cocktailအရသာနဲ့ အလွန်ကောင်းမွန်စွာ လိုက်ဖက်ညီနေသည်။ အယ်လ်ကိုဟောလ်အရသာ လုံးဝရှိမနေဘဲ ဆားငန်မှုနှင့် ချိုချိုချဉ်ချဉ်အသီးရနံ့တို့သာလျှင်ရှိသည်။

သို့တိုင်အောင် ကျင်ရွှင်က အများကြီးမသောက်ရဲပေ။ ဘီယာခွက်နည်းနည်းလောက်သောက်ရုံနဲ့ အောင်အောင်မြင်မြင်အနိုင်ပိုင်းခံလိုက်ရသူအနေဖြင့် သူ့အသောက်စွမ်းရည်အပေါ် သိပ်ပြီးယုံကြည်ချက်မရှိပေ။

အရေးအကြီးဆုံးကတော့ သူက ရှန်ရိကျင်းနဲ့ထန်းလီလက်ထဲမှ ဝီစကီကို ပိုပြီးစိတ်ဝင်စားနေသည်။

"ရှဲန်းရှန် ကျွန်တော်ဒါကိုစမ်းကြည့်ချင်တယ်" ကျင်ရွှင်က မျက်လုံးတောက်တောက်လေးတွေဖြင့်ပြောလိုက်သည်။

သူက ဒီလိုပြင်းတဲ့ဟာတွေ တစ်ခါမှမသောက်ခဲ့ဖူးဘဲ အယ်လ်ကိုဟောလ်ပြင်းပြင်းတွေအကြောင်း နည်းနည်းလေးသာသိသည်။ ကျင်ရွှင်တွေးလိုက်တာလေးကတော့ ရေခဲတုံးတွေပျော်ဝင်နေတဲ့ ဒီကော်ဖီဖျော့ရောင်အရည်ကလည်း တောက်တောက်ပပ ဖန်ခွက်အကြည်ထဲမှာ လှပနေတာဟုပင်။

ခွက်ကိုကိုင်ထားတဲ့လက်က အရမ်းလှပနေပြီး ဒါကိုသောက်နေချိန် ရှန်ရိကျင်းအသွင်အပြင်ကလည်း အများကြီးလှပနေတာမို့...

ဒါ့ကြောင့် **အိမ်အတွက်အချစ်က ၎င်းခေါင်မိုးပေါ်တွင် နားနေသောကျီးကန်းတွေဆီပါ ချဲ့ထွင်သွားသည်။ ဒါက သူ့အား ရှဲန်းရှန်မျိုချလိုက်တဲ့ အရောင်ဖျော့ဖျော့အရည်ကို စိတ်ဝင်စားသွားစေသည်။

[**မင်းတစ်စုံတစ်ယောက်ကို ချစ်တဲ့အချိန်ကျ ထိုအချစ်က သူနဲ့ဆက်စပ်နေသောပစ္စည်းတွေ လူတွေဆီပါ တိုးချဲ့သွားသည်။ အင်္ဂလိပ်စကားပုံတစ်ခုဖြစ်တဲ့ "ငါ့ကိုချစ်ရင်၊ ငါ့ခွေးကိုပါချစ်"ဆိုတာနဲ့ ဆင်သည်]

သူ့စကားလုံးတွေကိုကြားတော့ ရှန်ရိကျင်းရဲ့အရောင်ဖျော့ဖျော့မျက်ဝန်းတွေက မော့ကြည့်လာကာ သူ့မျက်လုံးအောက်ခြေ၌ အပြုံးလေးတစ်ခု ရုတ်ခြည်းပေါ်လာသည် : "အရသာခံချင်လို့လား?"

" ဒါဆိုလည်း သောက်လေ" နံဘေးရှိ ထန်းလီကပြောလာသည်။

ထန်းလီက ညစာစားတုန်းကလည်း ဆာကေးနှစ်ခရားသုံးခရားလောက် သောက်ပြီးသွားပြီ။ သူက ယနေ့မမူးရင် အိမ်ပြန်ဖို့ရည်ရွယ်ချက်မရှိပုံပင်။ ထိုင်ပြီးရုံပဲရှိသေး သူကတစ်ခါတည်းဖြင့် အရက်ပြင်းပြင်း နှစ်ခွက်သောက်ပြီးသွားပြီ။

သူအခုချိန် နည်းနည်းလေးမူးလာလို့ဖြစ်မယ် သူ့စကားလုံးတွေနဲ့ အပြုအမူတွေက ပိုပိုပြီးထူးဆန်းလာသည်။

သူက စားပွဲထိုးကို လက်ဝေ့ယမ်းပြကာ : "လာလာ..ဒီကို ဖန်ခွက်နောက်တစ်ခွက်လောက် ယူခဲ့ဦး"

ဒီနေရာရှိ လှုပ်ရှားမှုတွေကို အသိစိတ်အလျောက်ရော မသိစိတ်အလျောက်ရော ကြည့်နေမိတဲ့ မန်နေဂျာက အလျင်အမြန်ပင် တစ်စုံတစ်ယောက်အား ခွက်တစ်ခွက်သွားယူခိုင်းလိုက်ပေမယ့် ရှန်ရိကျင်းက မလိုအပ်ကြောင်းပြောလာသည်။ သူက သူ့ကိုယ်ပိုင်ဖန်ခွက်ကိုမကာ ကျင်ရွှင့်ဆီ ကမ်းပေးလိုက်သည် : "ရှောင်ရွှင်က အများကြီးမသောက်နိုင်ဘူး"

ဒါက သူဘာလို့နောက်ထပ်တစ်ခွက်ကို အသုံးမပြုရတာလဲဆိုတာကို အခြားသူတွေအား ရှင်းပြခြင်းတစ်မျိုးပင်။

ဒါက ရှဲန်းရှန်ရဲ့ဖန်ခွက်ထဲကနေ သူတစ်စုံတစ်ခုသောက်တဲ့ပထမဆုံးအကြိမ်မဟုတ်တာမို့ တစ်ခုခုမှားနေတယ်လို့ ကျင်ရွှင်ကမတွေးမိပေ။

ဒါ့အပြင် ဘားထဲရှိအလင်းက မှိန်ဖျော့နေသည်။ သာမန်အချိန်တွေမှာ သူ့ရဲ့ရှက်ရွံ့စိတ်က သူ့ကိုလူမြင်ကွင်းတွေဆီမှာ ပိုပြီးသတိရှိအောင်လုပ်ပေးလိမ့်မည်။ ဒါပေမယ့် မှောင်မိုက်၊ ပူလောင်ပြီး ဆူညံနေတဲ့ပတ်ဝန်းကျင်မှာ အယ်လ်ကိုဟောလ်နည်းနည်းပါ ထပ်ပေါင်းလိုက်တော့ ကျင်ရွှင်က ဒီတစ်ကြိမ်တော့ အနည်းငယ်မွေ့လျော်ချင်မိသည်။

အများကြီးတွေးမနေဘဲ သူက ရှန်ရိကျင်းလက်ထဲမှ ဝိုင်တစ်ငုံသောက်လိုက်သည်။

..

...ဒါက တကယ်ကိုပြင်းလွန်းတယ်

နီရဲတောက်ပနေတဲ့နှုတ်ခမ်းက ပွင့်ကာ ပိတ်သွားပြီး တစ်မဟုတ်ချင်း ပိုလို့ပင်နီရဲလာသည်။

ကံကောင်းစွာနဲ့ ကျင်ရွှင်က မသောက်ခင်မှာ တစ်နည်းတစ်ဖုံဖြင့် စိတ်အားပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူက ဘာလွန်ကဲတဲ့အမူအရာမှမရှိဘဲ အေးအေးဆေးဆေးမျိုချလိုက်သည်။

သို့ပေမယ့် ပြင်းပြတဲ့အရည်က သူ့လည်ချောင်းကို ဖြတ်သွားပြီးနောက် သူ့အစာအိမ်ကိုချက်ချင်းပင် ပူလောင်လာစေသည်။ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတွေကို ချက်ချင်းပင် မြူနှင်းတစ်လွှာဖုံးအုပ်သွားသည်။ သောက်ပြီးတဲ့နောက် ဒါက အမှန်ကို ပူလောင်ပြီး မအီမသာဖြစ်စေသည်။

ကျင်ရွှင်က နှာခေါင်းရှုံ့ကာဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်
" ထပ်မသောက်တော့ဘူး"

"ဟားဟားဟား" ရှန်ရိကျင်းက သတိရှိရှိဖြင့် ကျင်ရွှင်အား တိုက်နေတာကို စောင့်ကြည့်နေသော ထန်းလီက သူ့အမူအရာကြောင့် သဘောတွေ့သွားသည်။

ပြီးတော့ သူတို့ဘေးလိုင်းမှာ တိတ်တဆိတ်ရပ်နေတဲ့ မန်နေဂျာကလည်း ဘော့စ်ဘေးမှာထိုင်နေတဲ့လူငယ်လေးကို ရှော့ခ်ရစွာဖြင့်ကြည့်လိုက်မိသည်...

သူတို့ဝင်လာတဲ့အခိုက်အတန့်မှ ကောင်လေးက သူတို့ဘော့စ်နဲ့ မီနူးကို တူတူကြည့်နေချိန် တစ်ခုခုတော့ မှားနေပြီလို့ သူခံစားခဲ့မိသည်။

သူ့ကိုယ်ပိုင်ဖန်ခွက်ကိုသာ အမြဲသုံးလေ့ရှိတဲ့ ဥက္ကဋ္ဌရှန်က လူငယ်လေးကို ကိုယ်တိုင်ကိုယ်ကျ ခွံ့ပေးတယ်ဆိုတာက...ထိုအချိန်မှာ မန်နေဂျာရဲ့တစ်ကိုယ်လုံးက ပိုပိုပြီး ထုံထိုင်းလာသလိုပင်။

ဥက္ကဋ္ဌရှန်က ဒီနေရာကို မကြာခဏမလာပေ။ သူက အထူးနေ့ရက်တွေမှာသာ လာတာဖြစ်သည်။ ရံဖန်ရံခါ အရေးကြီးဧည့်သည်အချို့နဲ့တွေ့တဲ့အခါဖြစ်ဖြစ် ဒါမှမဟုတ် ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေ ကိုင်တွယ်တဲ့အချိန်မှလွဲလို့ သူက သီးသန့်ခန်းထဲမှာ နေတာဖြစ်၏။

ညအိပ်တယ်ဆိုပေမယ့်လည်း ဘော့စ်ကအမြဲတမ်းတစ်ယောက်တည်းပင်။ သူက ဒီနေရာအား ဘယ်သူ့ကိုမှမခေါ်ဆောင်လာခဲ့ဖူးသလို သူတို့ဘော့စ်နဲ့ဒီလောက်နီးကပ်တဲ့တစ်စုံတစ်ယောက်ကိုလည်း တစ်ခါမှမမြင်ဖူးခဲ့ပေ။

...ဒါကိုပြောမှ သူတို့ဥက္ကဋ္ဌရှန်က အမှန်တကယ်ကို မကြာခဏလာမလည်တာတောင် အတော်ကြာပြီ

ကျင်ရွှင်က စပ်တယ်လို့ပြောတော့ ရှန်ရိကျင်းက အလိုအလျောက်ပင် သူပလုတ်ကျင်းဖို့အတွက် ရေတစ်ခွက်ယူပေး၏။

ခွေးစာတွေဖြင့် အပြည့်လွှမ်းခံထားရတဲ့ထန်းလီက သူဘာမှမမြင်ခဲ့သလို ဟန်ဆောင်လိုက်၏။ သူက သူ့ညီလေးခေါင်းကိုပုတ်ကာ
" ငါဒီနေရာမှာ ထပ်မထိုင်နိုင်တော့ဘူး၊ ငါလျှောက်ပတ်ပြီး အလှလေးဘာလေးရှိလား သွားကြည့်လိုက်ဦးမယ်"

ရှောင်ထန်း : "..."

သူ့ကိုကြီးက လုံးဝကိုမူးနေပြီဟု ရှောင်ထန်းခံစားမိနေသည်။ သူကအပြင်ထွက်ကစားရတာကို မကြိုက်သော်ငြားလည်း ဒီလိုနေရာမျိုးနဲ့တော့ မစိမ်းနေပေ။ သူက သူ့အစ်ကိုလိုက်ပတ်တာကို အဖော်ပြုပေးရန်စီစဉ်ထားသည်။

သူ့ကိုကြီးကို စိုးရိမ်နေတာအပြင် အဓိကအကြောင်းပြချက်ကတော့ သူဒီနေရာမှာထိုင်ပြီး အပိုမီးသီးလေးမဖြစ်ချင်တော့ဘူးလို့!

နှစ်ဦးသားက တစ်ယောက်ပြီးတစ်ယောက် ခုံကနေထသွားကြသည်။ ကျင်ရွှင်က သူ့ရှေ့ရှိ cocktailကို နောက်တစ်ငုံသောက်ပြီးမှသာ လုံးဝခံစားလို့ကောင်းသွားတော့သည်။

...လူတွေက သူတို့ဘားကိုသွားကစားချင်လို့ ပြောတာကို သူအမြဲကြားခဲ့ပေမယ့် အခုသူဒီရောက်လာတဲ့အချိန်တော့ ကျင်ရွှင်က စိတ်ဝင်စားစရာကောင်းတာမျိုးမတွေ့ပေ။

သေချာတာပေါ့ အချို့လူတွေက ရိုမန့်တစ်ဆန်တဲ့ကိစ္စရပ်တွေအတွက် ကလပ်တက်ကြပြီး အချို့ကတော့ သူငယ်ချင်းတွေနဲ့ ရိုးရိုးရှင်းရှင်းသောက်ကြကာ အခြားသူတွေက ဒီလိုနေရာမျိုးမှာ မိတ်ဖြစ်ဆွေဖြစ်အပေါင်းအသင်းတွေရအောင် ရွေးချယ်ကြမှန်း သူသိသည်။

ဒီကအရာတွေက သူ့ကိုစိတ်မဝင်စားစေတာကြောင့် သူပျင်းနေရုံပါပဲ

အခြားအရာတွေထက် သူတို့ဒီနေရာမှာ ချိန်းတွေ့တယ်လို့ စိတ်ကူးကြည့်ကြပါစို့...သူတို့ချိန်းတွေ့တယ်ဆိုမှတော့ သူနဲ့ရှဲန်းရှန် အိမ်မှာဖြစ်ဖြစ် ကုမ္ပဏီမှာပဲဖြစ်ဖြစ် ရှိနေတဲ့အချိန်က ပိုပြီးတော့ သက်တောင့်သက်သာရှိတယ်ဆိုတာ သေချာပေါက်ပင်။

အနည်းဆုံးတော့ ဒီလောက်ဆူညံမနေဘူးဘူးလေ၊ ဒုတိယတစ်ချက်က သူ့ဘေးမှာ ဒီလောက်လူအများကြီးရှိမနေဘူး။

သို့ပေမယ့် ဒါက ရှန်ရိကျင်းနဲ့တူတူ နိုက်ကလပ်မှာ ရှိနေတဲ့ပထမဆုံးအကြိမ်ပင်။

ဒါကိုတွေးထောက်မိတော့ အခုဒီနေရာမှာရှိနေတဲ့ ဘဝပျော်ရွှင်မှုကို နှစ်ခြိုက်နေသင့်တာမို့ ကျင်ရွှင်က ရှန်ရိကျင်းဘေးမှာ စိတ်ရှည်စွာငြိမ်ငြိမ်သက်သက်နေနေဆဲပင်။

ဝီစကီက အရမ်းပြင်းလွန်းပြီး အစ်ကိုကြီးထန်းက အခုဒီနေရာမှာ မရှိတာမို့ ကျင်ရွှင်က သူ့cocktailကို ရှဲန်းရှန်ရှေ့ချပေးကာ သူ့ကိုသောက်မလားမေးလိုက်သည်။

စားပွဲပေါ်က သောက်စရာကို ရွှေ့ရမယ့်အစား ရှန်ရိကျင်းက သူ့လက်မောင်းကိုမြှောက်ကာ လူငယ်လေးနောက်ရှိ ဆိုဖာကျောဘက်ပေါ် တင်လိုက်၏ ကျင်ရွှင်က သူ့လက်မောင်းထဲမှာ ကိုယ်တစ်ဝက်နစ်မြုပ်နေပုံပေါ်သည်။

သူပြောလာသည်
"တကယ်လို့ ရှောင်ရွှင်ပျင်းရင် ကိုယ်တို့အပေါ်တက်ပြီး နားကြမယ်လေ"

အပေါ်ထပ်...

ကျင်ရွှင်က တုန်လှုပ်စွာမေးလိုက်သည် : "အပေါ်ထပ်က...အရင်တစ်ခေါက် ကျွန်တော်မတော်တမ ဝင်လာမိတဲ့နေရာလား?"

ရှန်ရိကျင်း : "အင်း"

"အဲ့အခန်းက အမြဲတမ်းကိုယ့်အတွက်ပဲထားထားတာ၊ အခြားဘယ်သူမှ အဲ့မှာမနေဘူး"

သွယ်ဝိုက်ညွှန်းဆိုချက်ကတော့ ကျင်ရွှင်အိပ်ချင်တယ်ဆိုရင်လည်း အဆင်ပြေတယ်၊အထဲမှာနားနေလို့ရတယ်။

သို့ပေမယ့် ကျင်ရွှင်တွေးလိုက်တာကတော့ "ပထမအကြိမ်"နဲ့ ပတ်သက်တဲ့အရာပင်...

သောက်ပြီးနောက် သူ့မျက်နှာက အပြည့်အဝကိုရင့်မှည့်နေပြီးပြီ။

ထိုအခိုက်အတန့်မှာ ပတ်ဝန်းကျင်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် မှောင်နေတာဆိုတော့ သူပြေပြေပြစ်ပြစ်ပင် သူ့ခေါင်းကို ရှန်ရိကျင်းခန္ဓာကိုယ်ထက် မြှုပ်နှံလိုက်၏
"ဒီ...ဒီမှာ ခဏလောက်နေကြရအောင်"

"အိုကေ" ရှန်ရိကျင်းက ပြန်ဖြေ၏။

လူငယ်လေးထံမှ အသက်ရှူငွေ့နွေးနွေးက သူ့ပေါ်ပျံ့လွင့်လို့လာသည်။ ကော်လံအောက်က တစ်ဖက်လူရဲ့တုန်ယင်နေတဲ့မျက်တောင်လေးတွေကိုပါ သူခံစားလို့ရနိုင်နေသည်။

ရှန်ရိကျင်းက ထိန်းမထားနိုင်တော့ဘဲ သူ့လက်ကိုမြှောက်ကာ လူငယ်လေးရဲ့ဆံပင်အိအိလေးတွေကို ထိကိုင်လိုက်သည်။

မြင့်မြတ်တဲ့အမျိုးသားက ဘားရဲ့အမြင့်ဆုံးနေရာမှာထိုင်နေပြီး သူ့ပုံစံက ဘုရင်တစ်ပါးလိုပင်။

ရှန်ရိကျင်းက ဦးတည်ရာတစ်ခုကို ထူးမခြားနားမျက်ဝန်းတွေဖြင့် စူးစူးရဲရဲကြည့်လိုက်ပြီးနောက် ရိုးရှင်းစွာအကြည့်ပြန်လှည့်သွားကာ သူ့လက်မောင်းထဲရှိ လူငယ်လေးကို ပွေ့ဖက်ထားလိုက်သည်။

.

သူတို့တည်နေရာက ချောင်ချပြီး မီးလည်းခဏခဏထိုးမခံရတာမို့ ဒါက အလွန်အမင်းကို သီးသန့်ဆန်တဲ့ထိုင်ခုံဖြစ်သင့်တာပင်။

ဒါပေမယ့် သူတို့ဝင်လာပြီးကတည်းက အာရုံစိုက်မှုများစွာကို ဆွဲဆောင်သွားတာမို့ အချိန်အတော်ကြာပြီးတာတောင် သူတို့နေရာက လူတွေရဲ့မသိစိတ်အလျောက်ဖြစ်စေ၊ သိစိတ်အလျောက်ဖြစ်စေ အကြည့်ခံနေရဆဲ။

လင်လိက ဒီနေ့လည်းထုံးစံအတိုင်း သူငယ်ချင်းအနည်းငယ်၊နောက်လိုက်အချို့ဖြင့် ဒီဘားကိုရောက်လာသည်။

{Lilac-သူ့ကိုမှတ်မိကြသေးရဲ့လားಠ_ಠ }

ရှန်မိသားစုမှ ဦးစီးသောဘားက အဆင့်အတန်းမြင့်သည်။ စတိတ်စင်ကိရိယာတွေ၊ ပတ်ဝန်းကျင်နဲ့ ဖိတ်ကြားထားတဲ့အဆိုတော်တွေ၊ DJတွေကလည်း ထိပ်တန်းအဆင့်ပင်။ ဒါ့ကြောင့် လူငယ်တွေက ဒီမှာလာပျော်ရတာကို သဘောကျကြသည်။ ဒါက မြို့တော်တွင်း အကျော်ကြားဆုံးနိုက်ကလပ်တွေကြား တစ်ခုဖြစ်လေသည်။

ဒီကာလအတွင်း ရှန်ပေါ်ဟန်က ဖျားနာကာ ဆေးရုံတင်ခံထားရပေမယ့် ဒါက သူ့ဘေးရှိသူငယ်ချင်းတွေ ဒီကိုလာပျော်တာကို မနှောင့်နှေးစေနိုင်ပေ။

သို့ရာတွင် တစ်စုံတစ်ယောက်က ရှန်ရိကျင်းလာနေပြီလို့ လင်လိကိုပြောလာချိန် သူကမသိစိတ်အလျောက်ပုန်းကွယ်ချင်လာမိသည် ဘာလို့လဲဆိုတော့ သူက ရှန်အာ့ရှောက်ရဲ့အမာခံနောက်လိုက်တွေထဲက တစ်ယောက်မို့လို့ပင်။

ရှန်ပေါ်ဟန်နဲ့ ရှန်ရိကျင်းကြားဆက်ဆံရေးက မနီးစပ်ပေ။ ဒါက ဒီအသိုင်းအဝိုင်းရှိ လူတိုင်းလိုလိုသတိပြုမိတဲ့အရာပင်။

ရှန်ရိကျင်းခန္ဓာကိုယ်ပတ်ပတ်လည်မှ အရှိန်အဝါက အရမ်းအေးစက်ကာ ထက်ရှလွန်းတာမို့ တကယ်ကိုလန့်စရာပင်။

ကံကောင်းစွာနဲ့ သူတို့သင်ကြားခဲ့ရတဲ့စည်းမျဉ်းတွေအရ ရှန်ရိကျင်းကဒီကိုလာခဲ့ရင်တောင် သူက အရေးကြီးကိစ္စတွေ ကိုင်တွယ်ရင်ကိုင်တွယ် မဟုတ်ရင် အပေါ်က သီးသန့်ခန်းကိုပဲတန်းသွားတာဖြစ်ပြီး ဟောခန်းမထဲမှာပေါ်လာတာရှားလှသည်။

လင်လိနဲ့အခြားသူတွေက တမင်သက်သက် သူ့ကိုရှောင်လိုက်ကြသည်။ သူတို့အကလွှာရဲ့အလယ်မှာရှိနေသ၍ ဒါမှမဟုတ် ခဏတာအတွက် သီးသန့်ခန်းတစ်ခုမှာ နေနေတာပဲဖြစ်ဖြစ် သူနဲ့ကြုံမိလောက်မှာမဟုတ်ပေ။

မမျှော်လင့်ထားစွာပဲ နောက်လိုက်လေးက သူ့တို့ကိုတင်ပြလာသည်
"ယန်ကျင်ရွှင်လည်း ဒီနေရာမှာပဲ..."

"ဘာ?" လင်လိက ချက်ချင်းထအော်လိုက်ပြီး သူ့ဖန်ခွက်ကိုချကာ : "သူကဒီနေရာကို ထပ်လာရဲတယ်ပေါ့?!"

ယန်ကျင်ရွှင် အဆောက်အဦးပေါ်က ခုန်ချမယ့်ဗီဒီယိုက အင်တာနက်ပေါ်မှာ အဖွခံလိုက်ရတာမို့ သူက မိသားစုထံကနေ ကောင်းကောင်းအဆူခံ၊အရိုက်ခံလိုက်ရပြီး အကျယ်ချုပ်ပါချုပ်ခံလိုက်ရသည်။

သူ့လွတ်လပ်မှုကို ပြန်ရပြီးနောက် သူကအလိုအလျောက်ပင် ဒီမတော်တဆမှုကို ယန်ကျင်ရွှင့်ခေါင်းပေါ် ပုံချလိုက်သည်...အာ့ရှောက်က ဒီမတော်တမှုပြီးသွားပြီလို့ဆိုကာ ထပ်မံပြောခွင့်မပေးပေ။ ဒီအချိန်အတွင်းမှာ သူတို့ ယန်ကျင်ရွှင်ကိုလည်း သွားမရှာခဲ့ပေ။ လူနှစ်ယောက်က လုံးဝလမ်းခွဲသွားခဲ့ကြတယ်လေ။

သို့ပေမယ့် ဒီလူက ဒီနေရာကိုလာရဲသေးတယ်ပေါ့...လင်လိက ချက်ချင်းလက်ငင်း မတ်တပ်ထရပ်လိုက်သည်။

သူနဲ့အကြံတူတဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်လေးတွေ တစ်ယောက်ထက်မကရှိသည်။ သူနဲ့တူညီတဲ့ကြမ္မာကို ခံစားခဲ့ရပြီး အကျယ်ချုပ်ခံခဲ့ရသူတွေက မထိန်းထားနိုင်ဘဲပြောလိုက်ကြသည် : "ယန်ကျင်ရွှင်...သူက အာ့ရှောက်ကိုရှာဖို့ ဒီလာတာတော့ မဟုတ်ပါဘူးနော်?"

"မဖြစ်နိုင်တာ သူတို့နှစ်ယောက်က အစောကတည်းက လမ်းခွဲပြီးပြီမဟုတ်ဘူးလား?"

"ဘယ်သူသိမှာလဲ မကြာသေးခင်တုန်းက အာ့ရှောက်ကအရမ်းလျို့ဝှက်လာတယ်လို့ ငါခံစားမိတယ် မင်းမသိသေးဘူးလား ဟူရှောင်ဖုန်းတောင် ဒီရက်ပိုင်းပျောက်နေတယ်"

" သူက အာ့ရှောက်ကို ဆေးရုံမှာ ပြုစုပေးရင်း အလုပ်များနေတယ်ထင်ထားတာ၊ သူ့ကိုစိတ်ကျေနပ်အောင် ကြိုးစားပေးရင်းလေ...ဟဟဟ ယန်ကျင်ရွှင်ကလည်း အာ့ရှောက်ကိုရှာဖို့ဆို ဆေးရုံကိုပဲသွားသင့်တယ်လေ"

"ဟေး အာ့ရှောက်က ဒီရက်ပိုင်းစိတ်အခြေအနေမကောင်းဘူးလို့ မင်းမတွေးမိဘူးလား? သူကငါတို့ကို သိပ်ပြီးမဆက်သွယ်တော့ဘူး"

"တော်စမ်းပါ သူက အခုဖျားပြီးဆေးရုံတက်နေရတာလေ ဘယ်လိုလုပ်ခံစားလို့ကောင်းမှာလဲ?" လင်လိက သူ့အဖော်ကို ဆူပူလိုက်၏။

သူက ရှန်ပေါ်ဟန်ဘက်မှ ခုခံကာကွယ်ပေးဖို့ရည်ရွယ်ချက်မရှိပေ။ သူတစ်ခါတစ်လေ ရှန်ပေါ်ဟန်ရဲ့အထက်စီးဆန်မှုကို မုန်းတီးမိပေမယ့် သူတို့အသိုင်းအဝိုင်းသေးလေးက ရှန်ပေါ်ဟန်ကို ဗဟိုပြုထားရတာလေ။ ဒီကိစ္စမှာ အာ့ရှောက်က ပျက်ကွက်လေလေ သူကပိုပြီးခိုင်ခိုင်မာမာရပ်တည်နိုင်လေပဲ။

လင်လိက သူ့နောက်လိုက်ကိုမေးလိုက်သည်
" ယန်ကျင်ရွှင်က ဘယ်မှာလဲ အာ့ရှောက်က ဒီနေ့ဒီမှာမရှိဘူးဆိုတော့ အာ့ရှောက်အတွက်သူ့ကိုဖျော်ဖြေခိုင်းကြရအောင်"

"အာ..." နောက်လိုက်လေးက ရုတ်ခြည်းတုံ့ဆိုင်းသွားသည်။ တော်တော်ကြာပြီးနောက်မှ သူပြောလာတာကတော့ : "အစ်ကိုလိ ကျွန်တော်ပြောချင်တာကလေ...ယန်ကျင်ရွှင်က အကြီးဆုံးသခင်လေးရှန်နဲ့ ထိုင်နေတာ"

"?"

"သူတို့က တူတူဝင်လာကြတာ။ အခု သူတို့က အပေါ်ဘက်ဝိုင်းမှာ အခြားသူတွေနဲ့တူတူထိုင်နေကြတယ် ဒါပေမယ့် ကြည့်ရတာ..သူက အကြီးဆုံးသခင်လေးရှန်နောက်ကိုလိုက်နေသလိုပဲ..."

ထို့နောက် လင်လိနဲ့ သူ့အုပ်စုက လူကြားထဲတိုးကာဖြင့် အပေါ်စားပွဲတည်နေရာကို ချဉ်းကပ်လိုက်ကြသည်။

သူတို့ရဲ့လူအရေအတွက်က သူတို့ပန်းတိုင်ကို ထုတ်ဖော်မိသွားမှာစိုးတာကြောင့် သူတို့ကတမင်ပင်လူခွဲလိုက်ပြီး နှစ်ယောက်တွဲ၊သုံးယောက်တွဲတွေဖြင့် မတော်တဆလို့ဟန်ဆောင်မော့ကြည့်လိုက်ကြ၏။

ထိုနေရာမှအလင်းရောင်က မှိန်ဖျော့နေသည်။ အောက်ကနေ သူတို့တကယ်ကို ဘာမှမမြင်နိုင်ပေမယ့် ရံဖန်ရံခါ မီးဆိုင်းက လွှဲယမ်းသွားတဲ့အချိန်ကျ...သူတို့ဘာမြင်လိုက်ရတာလဲ?

ရှန်ရိကျင်းက ကိုယ်တိုင်ကိုယ်ကျ လူငယ်လေးတစ်ယောက်ကို ခွံ့ပေးနေတယ်

ရှန်ရိကျင်းက လူငယ်လေးတစ်ယောက်ကို ကိုယ်တစ်ဝက်ဖြင့် ပွေ့ဖက်ထားတယ်။

ရှန်မိသားစုရဲ့အကြီးဆုံးသခင်လေးက မှတ်မိဖို့လွယ်တာကြောင့် သူတို့မမှားနိုင်ပေ။ ထိုလူငယ်လေးကတော့...

ထိုလူငယ်လေးက...သံသယရှိစရာမလိုအောင်ကို ယန်ကျင်ရွှင်ပဲ

......

ညက ပိုပိုပြီးမှောင်လာသလို ဘားကပိုပိုပြီးမြူးထူးဆူညံလာသည်။

အသစ်ပြောင်းလိုက်တဲ့DJအကက နားကွဲမတက်ပင်ဖြစ်နေပြီး စင်တစ်ခုလုံးဆူပွက်နေသည်။ အဲ့လိုဆိုသော်ငြား လူအများအပြားက သူနဲ့ကျင်ရွှင်ရှိတဲ့ဒီဦးတည်ရာကို ကြည့်နေကြဆဲဆိုတာကို ရှန်ရိကျင်းခံစားမိ၏။

သူက လက်ကိုခပ်သွက်သွက်မြှောက်ကာ သူ့လည်ချောင်းပတ်လည်က နက်ခ်တိုင်ကို ဆွဲလိုက်သည်။

သူ့လှုပ်ရှားမှုတွေကို ခံစားမိတော့ ကျင်ရွှင်က ရှန်ရိကျင်းပူနေတယ်လို့ ထင်လိုက်မိတာကြောင့် ခေါင်းမော့ကာ သူတို့ကြားအကွာအဝေးကို အနည်းငယ်ဟလိုက်သည်။

သူ့အကြည့်က တစ်ဖက်လူရဲ့ဆွဲဆောင်မှုရှိသော Adam appleဆီ ရွေ့လျားသွားချိန် ကျင်ရွှင်က သဘာဝမကျစွာဖြင့် မျက်စိမှေးကာကြည့်လိုက်သည်။ သီချင်းက ပြောင်းသွားကာ အကအလွှာကလည်း ပိုလို့သက်ဝင်လာသည်။ သူမနေနိုင်ဘဲ အောက်ထပ်က အခြေအနေကို ကြည့်ရန် လှည့်လိုက်သည်။

ရုတ်တရက် လက်တစ်ဖက်က သူ့ခါးပေါ်ရောက်လာသည်။

ရှန်ရိကျင်းက သူ့အား သူ့ဘက်ကိုပြန်ဆွဲခေါ်လိုက်၏။ ကြည်လင်မူးယစ်ဖွယ်အသက်ရှူသံနှင့်အတူ တစ်ဖက်လူက သူ့နားထက် အယ်လ်ကိုဟောလ်အနံ့တို့ယစ်သိုင်းလျက် ခေါ်လာသည် : "ရှောင်ရွှင်"

"......"

အောက်ထပ်က အပူတွေနဲ့စိတ်လှုပ်ရှားမှုက ရှဲန်းရှန်ရဲ့အက်ရှရှအသံကို ဖုံးကွယ်မထားနိုင်ပေ။

ကျင်ရွှင်က သူ့အားပြောလာတာကိုကြားလိုက်ရသည် : " အပေါ်တက်ပြီး အနားယူကြရအောင်နော် အမ်?"

**

စာရေးသူမှာ ပြောစရာရှိပါတယ် :

ထန်းလီ : ဥက္ကဋ္ဌရှန်က ပြောင်းလဲသွားပြီ! သူက အရာရာတိုင်းအတွက် သူ့မိန်းမရဲ့ရွေးချယ်မှုကိုပဲ မေးနေတယ်!!

Continue Reading

You'll Also Like

28.4K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...
605K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
577K 103K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
436K 54K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...