အခုဆိုရင် ဆက်နောင်ခမ်းနဲ့သက်နောင်ခမ်း
ဟာ မူကြိုစတတ်တဲ့အရွယ် လေးတွေပင်
ရောက်နေပြီဖြစ်လေသည်။
ကျောပိုးလွယ်အိတ်သေးသေးလေးတွေကို
လွယ်ပြီးအကျီဆင်တူလေးတွေနဲ့ ညီအကို
နှစ်ယောက် မူကြိုကျောင်းဝကနေလက်ချင်း
တွဲပြီးလျှောက်လာကြလေသည်။
အမြွှာတွေဖြစ်ပေမဲ့ ဆက်နောင်ခမ်းကအနေ
အေးပြီးမာနကြီးကာ စကားကိုအပိုအလိုသိပ်
မပြောဘဲ ထက်မြက်သည့်ပုံစံမျိုး။
သက်နောင်ခမ်းကတော့ စပ်စလူးလေးဖြစ်သ
လို စကားသွက်ကာ လူရည်လည်ပြီး အပေါင်း
အသင်းဆန့်တဲ့ပုံစံလေးပင်။
အမြွှာလေးတွေကို ကျူရှင်ကျောင်းရှေ့မှာ
အသက်ကအမြဲလာကြိုပြီး သူရကနေ့တိုင်း
ကားနဲ့အသွားအပြန်ကြိုပို့ပေးလေသည်။
နည်းနည်းလေးတောင်အထိအခိုက်မခံဘဲ
လင်နဲ့သားနှစ်ယောက်ကို စောင့်ရှောက်ဖို့
Bossက အမိန့်ပေးထားတာကြောင့် သတွေမ
တိမ်းလုပ်ဆောင်ရလေသည်။ မဟုတ်ရင်
သူနေစရာနေရာတောင်ရှိမှာမဟုတ်။Bossက
အသက်နဲ့သူ့သားနှစ်ယောက်ကို ငုံ့ထားမတတ်
ချစ်တဲ့လူမျိုးဆိုတော့ သူအနေနဲ့ပိုသတိထား
ရလေသည်။
အသက်ကတော့ မူကြိုကျောင်းရှေ့ရောက်
တာနဲ့ မူကြိုကျောင်းရှေ့က ကလေးစကား
ကွင်းသေးသေးလေးမှာ သွားဆော့ပြီး တ
ယောက်တည်းတကုတ်ကုတ်နှင့်ဆော့ကာ
အမြွှာနှစ်ယောက်ထွက်လာသည့်အထိစောင့်
ပြီး အိမ်အတူပြန်ကြသည်က ထုံးစံလိုပင်။
"ဒါလေးတွေက ဘယ်လောက်လဲ ဒီအရုပ်လေးတွေလေ"
"ကားအရုပ်လေးတွေလား တစ်ခုကို တစ်
ထောင်ဘဲပေး ဘယ်နှခုယူမှာလဲ"
တယောက်တည်းဆော့နေရင်း မျက်စီရှေ့က
အရုပ်ဆိုင်လေးဆီအာရုံရောက်သွားပြီး ကား
ရုပ်သေးသေးလေးတွေကိုမြင်ပြီး သူ့ရဲ့လုံး
လုံးလေးတွေကို သတိရသွားလေသည်။
"ဒီပိုက်ဆံနဲ့ဘယ်နှစ်ခုရလဲ"
ဘောင်းဘီအိတ်ထဲကထွက်လာတဲ့ ပိုက်ဆံအ
ကြွေလေးတွေ။ဒါတောင် သူရက အသက်နဲ့
အတူမုန့်ဆိုင်မှာ မုန့်ဝင်ဝယ်ရင်း ဟိုကပြန်အမ်းတာကို မေ့ပြီးမယူခင် အသက်
ကယူလာခြင်းဖြစ်လေသည်။ ခမ်းက အ
သက်ကို ပိုက်ဆံကိုပေးမသုံးသလို အသက်
ကလည်း ပိုက်ဆံကိုကိုင်သုံးစွဲဖို့မလိုဘူးလေ။
လက်ထဲထည့်လိုက်တဲ့ အကြွေလေးတွေကို
ဆိုင်ရှင်က ရေကြည့်တော့ ထောင့်ရှစ်ရာရှိ
လေသည်။
"တခုဘဲရမယ် ပိုက်ဆံကမလောက်ဘူးလေ"
"ဟိုသုံးခုပေးလို့မရဘူးလားဟင် အသက်က
တစ်ခု လုံးလုံးလေးနှစ်ယောက်ကနှစ်ခုလေ"
"စျေးဆစ်တာကြီးကလည်းသွေးတတ်စရာ
ကြီးပါလား နှစ်ခုတော့ယူသွား ဒါတောင်စျေး
လျော့ပေးလိုက်တာ "
"အဲ့ဒါဆို အသက်ဖို့ယူတော့ပါဘူး လုံးလုံး
လေးတို့အတွက်ဘဲယူမယ်"
သူဆော့ဖို့အတွက်ဖယ်ပြီး အမြွှာသားလေး
နှစ်ယောက်အတွက် ကားရုပ်ပီစီလေးနှစ်ခု
ကိုကိုင်ပြီး ဝမ်းသာစွာမူကြိုကျောင်းရှေ့သို့
ပြန်လာလိုက်လေသည်။
ထိုနည်းတူ အသက်ပျောက်သွားပြီဆိုကာ
ကိုယ့်ကိုကိုယ်သတ်သေချင်နေပြီဖြစ်တဲ့သူရ.ကတော့ ခေါင်းမီးတောက်ပြီး ပတ်ဝန်းကျင်
ကိုလိုက်ရှာနေလေပြီ။
"ငါတော့ သေပါပြီ ဒီတခါမှမသေရင်ဘယ်နှခါ
သေတော့မှာလဲ အစိမ်းသေသေမလား တစ်
ကိုယ်လုံးရစရာမရှိအောင်နှိပ်စက်ခံရပြီးသေ
မလားဘဲ ငါ့္Linnလေးတော့ မုဆိုးဖိုဖြစ်ပါ
ပြီ"
"အကိုသူရ ဒီမှာကြည့်စမ်း လုံးလုံးလေးတို့
ဖို့ဝယ်လာတာ"
"အမလေး အသက်ရယ် အကိူအရမ်းစိတ်ပူ
နေတာ ဒီနေ့ငါသေချိန်မရောက်သေးဘူးဘဲ
အကို့ကိုမပြောဘဲ ဘယ်မှမသွားပါနဲ့နော်
အကိုရှိခိုးဆိုရှိခိုးပါမယ် ဒါမှမဟုတ်လည်း
အသေသတ်သွားပါနော် Bossကိုကြောက်လို့
ပါ"
"ခ်ခ် အကိုသူရက ကလေးကျနေတာဘဲ ငို
တာလည်းမလှဘူး ဟိုမှာ လုံးလုံးလေးတို့
ထွက်လာပြီ"
သူကို စနောက်သွားနိင်သေးသည့်အသက်ကို
သူရကြည့်ပြီး ငိုရင်းနဲ့ မချီပြုံးပြုံးကာသူ့
ခေါင်းသူပြန်ထုရိုက်နေတော့လေသည်။
"လုံးလုံးလေးတွေ ဒီမှာကြည့်စမ်း ပါးပါး
ယူလာတာ"
"ပါးပါးဘယ်ကယူလာပြန်တာယဲ့ သွားပြန်
ပေးယိုက် အဲ့လိုသူများဟာမသိဘဲမယူရဘူး
ပြောထားတယ်လေ"
"ကိုကိုပြောတာ ပါးပါးက ဘယ်လိုလုပ်သိမှာ
ယဲ ပါးပါးကရူးနေတာယေ သိမှမသိတာ
ဂျက်ဖို့ကောင်းတယ်"
"ဟုရယ် ယူဘူးသွား နောက်နေ့လည်းလာကြို
နဲ့ ပါးပါးကရူးနေတာလို့ သူငယ်ဂျင်းတွေက
ကြောရယ် အရမ်းဂျက်တယ်"
အသက်လက်ထဲက ကားရုပ်လေးနှစ်ရုပ်ကို
ပုတ်ချလိုက်ပြီး သူရဆီသွားကြလေသည်။
အသက်ကတော့ အဲ့နေရာမှာတင် ငိုမဲ့မဲ့လေး
နဲ့လုပ်ပြီး ခမ်း ကိုဘဲတမ်းတနေတော့သည်။
"ဦး အသက်ဆီလာပါဦး လုံးလုံးလေးတွေက
အသက်ကိုလည်းချစ်ဘူး အီးဟီး"
သူရမှာ ရုတ်တရက်ကြောင်သွားပြီး Bossဆီ
အမြန်ဖုန်းဆက်ရလေတော့သည်။
🍂🍂🍂🍂🍂
နောက် extra လေးထပ်ရေးပေးမယ်နော်
တကယ်လို့ အသက်ကို S2လေးရေးစေချင်
ရေးပေးမယ်နော် ဒါဒါလေးတွေကဆက်ဖတ်
ချင်ကြတယ်ဆိုလို့လေ...အဲ့ဒါမှမဟုရင် extra
လေးတွေနဲ့ဘဲ သာသာ အပြီးနှုတ်ဆက်လိုက်
တော့မယ်နော်😘
Zawgyi