//Unicode//
အခန်း ၃၃ - [ဖိတ်ကြားချက် ၁]
နာလူးက တံခါးနားမှာ လူအုပ်ကြီးကို တားရင်း
"တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဆိုင်မဖွင့်သေးပါဘူး။ ဝန်ထမ်းမဟုတ်တဲ့သူတွေ အထဲကို ဝင်လို့ မရပါဘူး"
ရှောင်ပင်းနဲ့ စားပွဲထိုးတွေ အပြေးအလွှား ရောက်လာပြီး နာလူးကို ကူကာ တံခါးပိတ်လိုက်သည်။ သတင်းထောက်တစ်ယောက်က နာလူး ဆိုင်တာဝန်ခံဖြစ်ပုံရသည်ကို သတိထားမိကာ အင်တာဗျူးတော့သည်။
"ဆူးနီဘောလုံးပင်က တကယ်ပဲ ဒီဆိုင်မှာ ရှိတာလား?"
နာလူး:"ဟုတ်ပါတယ်"
သူက ပွင့်ပွင့်လင်းလင်းပဲ ဖြေလိုက်သည်။
"နောက်ထပ် မေးစရာမလိုဘူး။ ကျွန်တော်တို့ ဆူးနီဘောလုံးပင်ကို ရောင်းနေတာ မဟုတ်ဘူး"
သူ့ရဲ့ပွင့်လင်းမှုကြောင့် ထိုသတင်းထောက် ဆို့နင်သွားစဥ် ဘေးက လူတစ်ယောက်က ထပ်မေးသည်။
"ငါတို့ ကြည့်လို့ရလား?"
နာလူး:"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် ဆုံးဖြတ်ချက်ချလို့မရပါဘူး။ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ ဆိုင်ဖွင့်ဖို့ ပြင်ရဦးမှာမလို့ ကျေးဇူးပြုပြီး အလုပ်ကို မထိခိုက်ပါစေနဲ့"
ယခုအချိန်တွင်တော့ ဆိုင်ဝန်ထမ်းများ စုံပြီမို့ နာလူး အဓိက တံခါးကို လုံးဝ သော့ခတ်ပစ်လိုက်သည်။
"မန်နေဂျာ Aအဆင့်စိတ်ဝိညာဥ်ပင်က တကယ်ကြီး ကျွန်တော်တို့ဆိုင်မှာလား? ဒီနေ့ လူတိုင်းက ကျွန်တော့်ကို ဒါပဲ လိုက်မေးနေကြတာ"
"ကျွန်တော်ကောပဲ။ ကျွန်တော် ဒီမှာ အလုပ်လုပ်တာ သိတဲ့လူတွေက ဇွတ်မေးနေတော့တာပဲ။ ဒါမဲ့ ကျွန်တော်ဖြင့် တစ်ခါမှ မမြင်ဖူးဘူး"
ဝန်ထမ်းတွေက နာလူးကို သိချင်စွာ မေးနေကြသည်။
နာလူး:" ဟုတ်တယ်။ဒါပေမယ့် အဲ့ဒါက ဆိုင်ရှင် ပိုင်တာ ဆိုင်ရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး။"
သူက လက်ကို ယမ်းပြီး
"သွား သွား အဆင်သင့်ပြင်ကြတော့။ ဒီနေ့ည လူကျလိမ့်မယ်"
ရှောင်ပင်း ဘားကောင်တာ အနောက်ကို သွားလိုက်သည်။ ဖန်ခွက်များကို စီရင်း
"ဘော့စ်က ဘယ်မှာလဲ? ကျွန်တော်တို့ကော Aအဆင့်စိတ်ဝိညာဥ်ပင်ကို ကြည့်လို့ရလား?"
ကျန်တဲ့ စားပွဲထိုးတွေကလည်း တကျီကျီအော်ကုန်ကြသည်။
"ဟုတ်တယ်။ ကျွန်တော်တို့ Aအဆင့် စိတ်ဝိညာဥ်အပင်ကို လူကိုယ်တိုင် အပြင်မှာ မမြင်ဖူးဘူး"
စုလင်း နောက်ဖေးခြံထဲကနေ ဆိုင်ထဲ ဝင်သည့်အခိုက်အတန့်တွင်သူတို့ပြောနေတာကို ကြားလိုက်သည်။ စောစောပိုင်းက နာလူး စောင့်ကြည့်ကင်မရာမှ ကြည့်လိုက်တော့ လူတွေအများကြီး အပြင်မှာ စောင့်ဆိုင်းနေစဲဖြစ်ကြောင်း သိလိုက်ရသည်။ နာလူးက သူဒဏ်ရာရမှာကို စိုးရိမ်နေသဖြင့် စုလင်းကို အပြင်ထွက်လာ မခံပေ။
ထို့ကြောင့် စုလင်းက နောက်ဖေးခြံထဲမှ စောင့်ကြည့်ကင်မရာကို ကြည့်ပြီး တံခါးပိတ်ပြီးမှသာ ရှေ့ဘက် ဧည့်ခန်းဆီ သွားခဲ့သည်။
"အယ်၊ ဘော့စ်!"
၀န်ထမ်းတစ်ယောက်က သူ့ကို သတိထားမိပြီး အော်လိုက်သည်။
စုလင်း ရပ်ကာ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး
"မင်းတို့ ဆူးနီဘောလုံးပင်ကို ကြည့်ချင်လို့လား? ခဏစောင့်၊ ငါ ထုတ်ပေးမယ်"
"ယေး!!!"
"ဘော့စ်က အကောင်းဆုံးပဲ"
ဝန်ထမ်းတွေ အားရဝမ်းသာနဲ့ စုလင်းကို မြှောက်ပင့်ပြောဆိုကြတော့သည်။[jue-သူက rainbow fart လို့သုံးထားတာ ချစ်လို့ ပုံလေးတွေ နောက်ဆုံးမှာ ထည့်ပေးထားတယ်]
စုလင်း ဆူးနီဘောလုံးအပင်ကို ဖန်လုံအိမ်ကနေ ဘားထဲက ကောင်တာပေါ်ကို ရွှေ့ပေသည်။ ဆူးနီဘောလုံးပင်ဟာ မပေါ့လှတာကြောင့် ကောင်တာပေါ်ချလိုက်ပြီးနောက် စုလင်း အသက်ရှုသံတော်တော် ပြင်းနေပြီဖြစ်သည်။
"ဝိုး! အရမ်း မိုက်တာပဲ"
ဝန်ထမ်းတွေက အပင်နားမှာ စုပြုံတိုးပြီး ပတ်လည်ဝိုင်းနေကြသည်။
ရှောင်ပင်းက နီဆွေးနေသည့် နီရဲရဲ ဘောလုံးဆီကို လက်လှမ်းကာ
"ဒီအလုံးလေးတွေက ကြည့်ရတာ ရေတွေနဲ့ပြည့်နေသလိုပဲ။ ကိုင်ကြည့်ရင်ကော နူးညံ့နေမှာလား မသိ"
"မထိနဲ့!"
စုလင်းနဲ့ နာလူး တစ်ချိန်တည်း လိုလို ထအော်ကြသည်။
သို့သော်လည်း နောက်ကျသွားချေသည်။ ရှောင်ပင်း အစက ဘားအတွင်းမှာ ရပ်နေပြီး ဘယ်လက်ကို ကောင်တာပေါ်မှာ ထောက်ထားတာဖြစ်လေသည်။ ထို့ကြောင်ပင် သူက ညာလက်လေး အသာဆန့်လိုက်ရုံဖြင့် ဆူးနီဘောလုံးလေးကို လွယ်လွယ်ထိလို့ရတာဖြစ်သည်။ အနီရောင်ဘောလုံးပေါ်ရှိ နူးညံ့ပျော့ပျောင်းနေသည့်အမျှင်လေးတွေက ရုတ်တရက်ထောင်မတ်သွားပြီး ရှောင်ပင်းရဲ့လက်မှာ အပ်ထိပ်ဖျားစာ သေးငယ်သည့် အပေါက်တစ်ပေါက် ထိုးဖောက်သွားသည်။
"အိစ်..."
ရှောင်ပင်း နောက်တွန့်သွားပြီး သူ့လက်သူ ဆုတ်ကိုင်ထားလိုက်ရသည်။
နာလူးက ချက်ချင်း သူ့ကို သွားကြည့်ပေးသည်။
"ပြပါဦး ဘာဖြစ်သွားသေးလဲ?"
ရှောင်ပင်း လက်ဖြန့်လိုက်တော့ သူ့လက်သူကြွယ်နဲ့ လက်ခလယ်မှာ ထိုးဖောက်လိုက်တာဖြစ်ကြောင်း သိရသည်။ ခုနက ရှောင်ပင်း သူ့လက်ကို ပြန်ရုတ်လိုက်သောအခါ ထိုလှုပ်ရှားမှုက သွေးစက်များကို နေရာအနှံ့ ပျံ့ကျဲသွားစေခဲ့သည်။ ထို့ကြောင့် သူလက်ချောင်းများဟာ သွေးများဖြင့် နီရဲနေပြီး မြင်ရတာ အနည်းငယ် သနားစဖွယ်ပင်။
နာလူး ဒဏ်ရာကို ခဏကြည့်ပြီးနောက် သက်ပြင်းချကာ
"အဆိပ်မဟုတ်ဘူး။ အပေါ်ယံအရေပြားဒဏ်ရာပဲ"
သူက ရှောင်ပင်းရဲ့ဒဏ်ရာကို အရက်နဲ့အရင် ဆေးကြောပေးနေစဥ်မှာ တစ်ယောက်ကို ကုသရေးကိရိယာယူလာခိုင်းသည်။ ကုသရေးကိရိယာကို သုံးပြီးတဲ့နောက် ရှောင်ပင်းရဲ့ ဒဏ်ရာက သိပ်မကြာခင်မှာပဲ သက်သာလာသည်။ ကျန်တဲ့ဝန်ဝမ်းတွေကတော့ လက်မလှမ်းရဲတော့ဘဲ ကြည့်ပဲကြည့်နေတော့သည်။
"Aအဆင့် စိတ်ဝိညာဥ်ပင်က အရမ်း ခက်ထန်တာပဲ"
တစ်ယောက်က သက်ပြင်းချရင်း ပြောလာသည်။
စုလင်း ထိုစကားကိုကြားတော့ ဆူးနီဘောလုံးလေးကို ဖွဖွ ညှစ်လိုက်ရာ ဆူးနီဘောလုံးပင်ရဲ့ အကိုင်းနဲ့အရွက်တွေက ချက်ချင်းပဲ အနားကပ်လာပြီး သူ့လက်ဖမိုးလေးကို ပွတ်နေကြသည်။ စုလင်း မေးထိုးပြလိုက်ပြီး အပြုံးလေးဖြင့်
"တွေ့လား? သူက မခက်ထန်ပါဘူး။ ဒါပေမဲ့ အရမ်း နိုးကြားသတိထားတတ်တာ"
နာလူး:" အဲ့ဒါ မင်းက Omega တစ်ယောက်ဖြစ်တဲ့အပြင် သူတို့အသိအမှတ်ပြုထားတဲ့ ပိုင်ရှင်လည်း ဟုတ်တယ်လေ"
သူက တဆက်တည်းမှာပဲ ဝန်ထမ်းတွေကို သတိပေးလိုက်သည်။
"မင်းတို့နော် ဘယ်အဆင့်မြင့် စိတ်ဝိညာဥ်ပင်ကိုမှ အကြောင်းမရှိ သွားမထိကြနဲ့။ မင်းတို့က omega မဟုတ်ဘူး"
"အာ ကျွန်တော် ရုတ်တရက်ကြီး မနာလို ဖြစ်သွားပြီ"
ဝန်ထမ်းငယ်လေးတစ်ယောက်က ထပြောသည်။
သူ့ဘေးမှ တစ်ယောက်က သူ့ကို တံတောင်ဖြင့်တွက်ကာ
"မင်းက Omega ဖြစ်ချင်လို့လား?"
"ခေါက်ထားလိုက်။ သူတို့အနံ့တွေက အရမ်းမွှေးတယ်ဆိုပေမဲ့လည်း Pheromone တွေနဲ့ မချည်နှောင်ချင်ပါဘူး"
နာလူးက ဘားကောင်တာကို ညွှန်ပြပြီး
"ကောင်းပြီ။ မင်းတို့အားလုံး အခု ဆူးနီဘောလုံးပင်ကို မြင်ဖူးသွားကြပြီဆိုတော့ အလုပ်ပြန်လုပ်ကြရအောင်"
ဝန်ထမ်းတွေလည်း ကျေနပ်စွာဖြင့် ဆိုင်ဖွင့်ဖို့ ပြင်ကြလေသည်။ နာလူးနဲ့ စုလင်းတို့က ဘားရှေ့ထိုင်ခုံမှ မခွာကြသေးပေ။ နာလူးက စုလင်းကို ကပ်နေသည့် ဆူးနီဘောလုံးပင်ကို ညွှန်ပြပြီး
"ဒီည လူတွေအများကြီး လာကြမှာ သေချာတယ်။ သူတို့ ဆူးနီဘောလုံးပင်ကို မမြင်ရမချင်း လက်မလျော့ကြမှာကို ငါစိုးရိမ်တယ်"
စုလင်း သဘောတူစွာဖြင့် ခေါင်းညိတ်ကာ ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားသည့် အမျိုးမျိုးသော မွေးရနံ့ပစ္စည်းများ၊ ထုတ်ကုန်များကို တစ်ချက်ကြည့်ကာ
"ဆူးနီဘောလုံးပင်ကို ဧည့်ခန်းထဲ ဘာလို့မထားလဲ? သူ့အနံ့က ပုံမှန် မွှေးရနံ့ ထုတ်ကုန်တွေထပ်တောင် ပိုကောင်းသေးတယ်"
နာလူးက ခေါင်းယမ်းလျက်
"မဖြစ်ဘူး။ သာမန် ဧည့်သည်တွေကို ထိခိုက်စေလိမ့်မယ်"
စင်စစ်တွင် စိတ်ဝိညာဥ်ပင်ကိုသာ ခန်းမတွင် တကယ်ထားလျှင် Aအဆင့် စိတ်ဝိညာဥ်ပင်ကို ကြည့်ချင်ကြတာနဲ့ပင် လူပေါင်းများစွာ လာကြလိမ့်မည်။ ခဏလောက်စဥ်းစားပြီး စုလင်းက ပြုံးကာ
"အပင်ရဲ့ ၃၆၀ ဒီဂရီ ပတ်လည်ကို ကြည်ကြည်လေးရိုက်ပြီး မွှေးရနံ့ဘားရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တင်လိုက်။ အဲ့ဒါဆို သတင်းထောက်တွေ လိုရင် ပုံတွေ ယူသုံးလို့ရတယ်"
နာလူးလည်း အကြံကောင်းဟု ယူဆတာကြောင့် လက်ကောက်ကို ထိကာ
"ငါ ရိုက်လိုက်မယ်"
သူက ဘားရဲ့ နေရာအနှံ့တွင် ပုံများစွာရိုက်ပြီး စုလင်းကိုပေးကာ မတူတဲ့ ရှုထောင့်အမျိုးမျိုးမှ အလင်းကောင်းသည့်ပုံကို ရွေးစေသည်။
စုလင်းက ပုံတွေရွေးရင်း
"ဒီပုံတွေနဲ့ဆို သတင်းထောက်တွေ နည်းသွားမှာ။ ဒါပေမဲ့လည်း Aအဆင့် စိတ်ဝိညာဥ်ပင်ကို သူတို့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ချင်တဲ့ လူတွေလည်း သေချာပေါက်ရှိဦးမှာပဲ"
စုလင်း လင်းခနဲ အကြံရလိုက်တာကြောင့် နာလူးဘက်လှည့်ကာ
"လေးလေး ပုံတင်ရင် ဒီစာလေးပါ တွဲတင်လိုက် _ဆူးနီဘောလုံးပင်က ရောင်းရန် မဟုတ်ပါ။ ဘောလုံးအရည်ကို လေလံဆွဲမှာ ဖြစ်ပြီး လေလံအိမ်သို့လည်း ပို့ဆောင်ထားပြီး ဖြစ်ပါတယ်"
နာလူးက ခေါင်းညိတ်သည်။
"ကောင်းပြီ အဲ့ဒါဆို ဆူးနီဘောလုံးပင်ကို ကြည့်ဖို့နဲ့တော့ ဘယ်သူမှ ဆိုင်ကို အထူးတလှယ် လာနေမှာ မဟုတ်တော့ဘူး။ ဘယ်လေလံအိမ်နဲ့ လက်တွဲလုပ်ချင်လဲ"
စုလင်း:"အမ်း..ကုမိသားစုရဲ့လေလံအိမ်"
နေ့လည်က စုလင်း Boyanကိုကြည့်ရင်း စာဖတ်နေခဲ့သည်။ ကုလီဟန်ရဲ့ Boyan မှာ ပို့စ်တင်တာ အလွန်နည်းပေသည်။ ရှိသမျှပို့စ်တွေကလည်း ကု ကုမ္ပဏီအကောင့်က တင်ထားတာတွေကို ပြန်မျှဝေထားတာတွေသာဖြစ်သည်။ ထို့အကောင့်သည့် ကုလီဟန်ရဲ့ ကိုယ်ပိုင်အကောင့် လုံးဝမဟုတ်လောက်ဟုပင် စုလင်း သံသယဝင်မိသည်။ တစ်ဖက်တွင်လည်း စုလင်း ကု ကုမ္ပဏီရဲ့Boyanကို ဝင်ကြည့်တော့ ကုမိသားစုက လုပ်ငန်း နယ်ပယ်အမျိုးမျိုးမှာ ပါဝင်ရင်းနှီးထားတာကို တွေ့လိုက်ရသည်။ အနုပညာဖျော်ဖြေရေး၊ အိမ်ခြံမြေနှင့် လျှပ်စစ်လုပ်ငန်းများကဲ့သို့ သမားရိုးကျ ကဏ္ဍများအပြင် ကြေးစားလုံခြုံရေးအဖွဲ့နှင့် လေလံအိမ်များလည်း ရှိပေသည်။
လေလံအိမ်သည် မကြာခဏဆိုသလို ကြေးစားအဖွဲ့မှ ရလာသည့် ရှားပါးရတနာများကို လေလံတင်လေ့ရှိသည်။ လက်ရှိတွင် စျေးကွက်တွင် အဆင့်မြင့် မွှေးရနံ့ထုတ်ကုန် နှင်းစန္ဒာ အမွှေးအိတ်၏ အဓိက ပါဝင်ပစ္စည်းဖြစ်သော ရွှေမှုန်ကျဲပန်းပင်ရဲ့ လေရှုနွယ်ကို အခြားဂြိုဟ်များတွင် ရှာဖွေနေစဥ် သူတို့ရဲ့ ကြေးစားအဖွဲ့က ရရှိခဲ့သည်။ ထို့နောက် စုလင်းသည် ကုမိသားစု ပိုင်ဆိုင်သော လစန္ဒာ အမွှေးအိတ်များသည် အရေအတွက် အကန့်အသတ်ရှိပြီး အရမ်းစျေးကြီးကြောင်းကိုလည်း တွေ့ခဲ့ရသည်။
နားလူးက သူ့ကို ကြည့်ကာ သက်ပြင်းချပြီး
"ငါကိုက မမေးခဲ့သင့်တာ။ မင်းဘာလုပ်လုပ် အကုန်လုံးက ဥက္ကဋ္ဌကုနဲ့ ဆက်စပ်နေတာချည်းပဲဆိုတာ သိရက်နဲ့"
နာလူးက အသံကိုနိမ့်ကာ စိုးရိမ်တကြီးဖြင့်
"ငါမင်းကို စိတ်ပြောင်းအောင် ဖျောင်းဖျလို့ မရဘူး။ ဒါပေမဲ့ ရှောင်လင်း မင်းသိရမှာက ပထမဆုံး အချစ်ဆိုတာ အမြဲတမ်း ကျရှုံးတာချည်းပဲ။ မင်းသူ့ဆီက တုံ့ပြန်မှုမရလည်း ဝမ်းမနည်းပါနဲ့"
နာလူး သူ့ကို အမှန်တကယ်စိတ်ပူနေတာကြောင့် စုလင်း ခံစားသွားရသည်။
"စိတ်မပူပါနဲ့ လေးလေးနာလူး"
ရွေးထားသည့်ပုံများကို နာလူးဆီ ပေးလိုက်ရင်း
"ကျွန်တော် အတင်းလုပ်ယူလို့ မရနိုင်တဲ့အရာတွေ အများကြီးရှိတာ ကျွန်တော်သိပါတယ်"
စုလင်း ခေါင်းမော့ကာ ပြုံးလိုက်ပြီး
"ဒါပေမဲ့ အဲ့ဒီမတိုင်ခင်တော့ အဆုံးသတ် အဖြေကို သိရဖို့ တစ်ယောက်ကတော့ အကောင်းဆုံးကြိုးစားရမယ်လေ။ အဲ့လိုမှမဟုတ်ရင် နောင်တရနေရလိမ့်မယ်"
အစပိုင်းမှာ ကုလီဟန်က သူ့ရဲ့(SL) 2D နတ်ဘုရားဖြစ်တာကြောင့် ဝတ္ထုထဲမှာရေးထားတဲ့ သူ့ရဲ့(GLH) ကံမကောင်း အကြောင်းမလှတဲ့ ဇာတ်သိမ်းကနေ ကယ်ချင်ခဲ့သည်။ ဒါပေသိ အခုတော့ ကုလီဟန်က သူ့ရဲ့ နတ်ဘုရားဖြစ်ရုံသာမက သူ့အကြိုက်နှင့် အရမ်းကို ကိုက်ညီနေခဲ့သည်။ ဒီလူကိုသာ လွဲချော်ခဲ့ရင် သူ ဧကန် နောင်တ ရနေရမှာပင်။
ထို့နောက် စုလင်းပျောက်သွားစဥ်က ကုလီဟန်ရဲ့ တုံ့ပြန်ပုံကို နာလူး သတိရမိသွားပြီး စုလင်း ပုခုံးကို ပုတ်ကာ
"ကံကောင်းပါစေ။ မင်းမှာ အခွင့်အရေးရှိသေးပါတယ်။ ဒါပေမယ့် သူက မင်းကို ကလေးလို သဘောထားနေမလားတော့ မသိဘူး။ ငါဆက်ဆံသလိုပေါ့"
စုလင်း ချက်ချင်းပဲ ပြန်ပြောလာသည်။
"မဟုတ်ဘူး"
သူက မျက်ဝန်းလေးများ ကွေးညွှတ်လျက် ဆက်ပြောသည်။
" သူအရင်က အဲ့လိုတွေးခဲ့ရင်တောင်မှ အခုက စပြီး မဟုတ်တော့ဘူး"
ဘာပဲပြောပြော စုလင်းက သူ့ကို လိုက်မယ်လို့ တရားဝင် ကြေငြာခဲ့ပြီးသားဖြစ်သည်။
ထိုအကြောင်းကိုတွေးရင်း သူက မေးစေ့လေးကို ကိုင်ပြီး
ဒီလူကို လိုက်ဖို့ ဘာနည်းလမ်း သုံးသင့်လဲ?
မိန်းကလေးများကို လိုက်လံပိုးပန်းသည့် ခေတ်သစ်နည်းလမ်းများ သူ့ခေါင်းထဲ ပေါ်လာသည်။ ထို့နောက် သူ့နဖူးသူ လက်ဝါးနဲ့ ရိုက်လိုက်သည်။ စုလင်းသာ ထိုနည်းလမ်းများအတိုင်း အမှန်တကယ်လုပ်ရင် သူ့နတ်ဘုရားကတော့ သူ့ကိုမြင်တိုင်း သေချာပေါက်ကို ထွက်ပြေးပေလိမ့်မည်။
နာလူးက အာကာသ လေဟာနယ်ကြီးထဲ လွတ်ထွက်နေသည့် စုလင်းကို တစ်ချက်ကြည့်ပြီး ခေါင်းယမ်းမိတော့သည်။ သူက ဓါတ်ပုံများကို မွှေးရနံ့ဘား ဝက်ဘ်ဆိုက်တွင်တင်ပြီး စုလင်းပြောတဲ့ စာသားပါထည့်ရေးခဲ့သည်။ ခဏအကြာတွင် ထို Site သည် မှတ်ချက်များစွာ ရခဲ့လေသည်။
"ဝိုး ဆူးနီဘောလုံးပင်က သိပ်လှတာပဲ!"
"ကြည့်ရတာ အိစိအိစိနဲ့ ငါတို့ကြည့်ချင်လိုက်တာ~~အဲ့ဒါလေးက ကွဲသွားမှာလား?"
"တစ်ပင်လောက်လိုချင်လိုက်တာ ဘယ်လိုလုပ်ရမလဲ?!"
နာလူးက မှတ်ချက်တွေကို ခဏကြည့်နေခဲ့ပြီး စုလင်းကို ပြလိုက်ကာ
"မင်း သူတို့ကို reply ပြန်ချင်လား?"
တစ်ချက်ကြည့်လိုက်ပြီး စုလင်းက ရယ်မောကာ
"လေးလေး အချိန်ရရင်လေ စောင့်ကြည့်ကင်မရာကနေ ဖြတ်ပြီး ရှောင်ပင်း လက်ကို အချွန်လေးနဲ့ အထိုးခံရတဲ့ အပိုင်းကို တင်လို့ရတယ်"
စုလင်း ပြောနေစဥ်မှာ လက်ကောက်က မြည်လာပေသည်။ သူက ကြည့်လိုက်ကာ ထရပ်ပြီး ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်သည်။
"အာာ..ခဏလေး ကျေးဇူးပြုပြီး နောက်ဖေးတံခါးကနေ ဝင်ခဲ့ပါဗျ"
ဖုန်းချလိုက်ပြီး သူက နာလူးကို ပြောလိုက်သည်။
"ဒေါက်တာနီအန်း ရောက်ပြီ။ ကျွန်တော် နောက်ဖေး တံခါးဆီသွားလိုက်ဦးမယ်"
နာလူးက ခေါင်းညိတ်ပြီး
"တစ်ခုခုလိုရင် လေးလေးကို ခေါ်လိုက် ဆူးနီဘောလုံးပင်ကိုလည်း ဖန်လုံအိမ်ထဲ ပြန်ရွေ့လိုက်ဦး"
စုလင်း ခေါင်းညိတ်ကာ ဆူးနီဘောလုံးပင်ကို ခန်းမကနေ ရွေ့သွားသည်။
ဒေါက်တာနီအန်း နောက်ဖေးတံခါးဆီရောက်ချိန်တွင် လမ်းတစ်ဖက်ရှိ သတင်းထောက်က ချက်ချင်း ပုံတစ်ပုံ ရိုက်လိုက်သည်။ ထို့နောက်သူက ဒေါက်တာနီအန်းကို အင်တာဗျူးချင်တာကြောင့် ရှေ့ကို လှမ်းတိုးခဲ့သော်လည်း နီအန်းရဲ့ ယာဥ်မောင်းက တားလာသည်။ အဲ့ဒီအချိန်မှာ စုလင်းက နောက်တံခါးကို ဖွင့်လိုက်သည်။ စုလင်းက သတင်းထောက်နဲ့ ယာဥ်မောင်းနဲ့ကို ကြည့်ပြီး နီအန်းကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်သည်။
နီအန်းက တည်ငြိမ်စွာ ပြုံးပြပြီး
"ဝင်ကြရအောင်။ သူကိုင်တွယ်ပါလိမ့်မယ်"
တံခါးမှ ဝင်လာပြီးနောက် နီအန်းရဲ့အကြည့်တွေက နံရံသံဇကာတွေကို တစ်ချက်ကြည့်ကာ
"လုံခြုံရေး အရမ်းကောင်းတယ်။ သတိမူထားဖို့က အလိုအပ်ဆုံးပဲ။ ဒါနဲ့ မင်းရဲ့ စိတ်ဝိညာဥ်ပင်တွေကို ပိုင်ဆိုင်ခွင့် မှတ်ပုံတင်ပြီးပြီလား?"
စုလင်း သူ့ကို မွှေးရနံ့ ဖန်တီးခန်းကို ဦးဆောင်ခေါ်သွားရင်း
"ကျွန်တော် Aအဆင့် စိတ်ဝိညာဥ်ပင်တွေကို အာမခံကုမ္ပဏီကနေ သွားယူတော့ ပိုင်ဆိုင်မှုကို လုပ်ထုံးလုပ်နည်းတွေအရ လွှဲယူပြီးပြီ။ ဒါပေမဲ့ ရှန်းမိုယွီအတွက်တော့ မလုပ်ရသေးဘူး"
နီအန်းက သတိပေးလာသည်။
"တတ်နိုင်သမျှ မြန်မြန်လုပ်နော်။ Sအဆင့် စိတ်ဝိညာဥ်ပင်က တစ်ခြားသူတွေဆီက မကောင်းတဲ့ အတွေးတွေကို လှုံ့ဆော်နိုင်တယ်။ ငါ စိတ်ဝိညာဥ်ပင် အသင်းမှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူ့အချက်အလက်တွေ မင်းဆီ ပို့ပေးမယ်။"
စုလင်း ရယ်ကာ
"ကျေးဇူးတင်ပါတယ်။ ကျွန်တော် မနက်ဖြန် လုပ်လိုက်ပါ့မယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ရှန်းမိုယွီအပေါ် မကောင်းတဲ့ အကြံတွေ တကယ်ရှိခဲ့ပြီး သူတို့ ရှန်းမိုယွီကို လုံးဝ အပြတ်မရှင်းနိုင်ရင်တော့ သူတို့ရဲ့ ဖြစ်လာမယ့် အကျိုးဆက်က စိတ်ဆင်းရဲဖွယ်ပဲ"
နီအန်းက ဘာလို့လဲ ဆိုတာ မေးမလို့ ပြင်နေစဥ်မှာပဲ သူတို့ ရနံ့ ဖန်တီးခန်းကို ရောက်လာခဲ့ပြီး ရှန်းမိုယွီက နီအန်းရဲ့ အာရုံအလုံးစုံကို အစားထိုးသွားသည်။
ထိုအချိန်တွင် ရှန်းမိုယွီက အိပ်မနေခဲ့ဘဲ ပန်းပွင့်ပေါ်ရှိ သူ့ပွင့်ချပ်တွေကို ကျယ်ပြန့်စွာ ဖွင့်ထားသည်။ သူ့ရဲ့ အမြစ်တစ်ချို့က အာဟာရပျော်ရည်မှာ စိမ်နေခဲ့ပြီး ကျန်အမြစ်တွေက ကြုံရာကျပန်း စက်ဝိုင်းပုံ ယမ်းနေခဲ့သည်။ ရှန်းမိုယွီက အရိုင်းဆန်သည့် အကမျိုး သူ့ဖာသာ တကယ်ကြီး ဖန်တီးနေခဲ့သည်။
စုလင်း" ......"
မင်းကိုယ်မင်းပျော်အောင် ဘယ်လိုလုပ်ရမလဲ တကယ်သိတာပဲ။ မင်း ရေနေအပင်လို ဟန်ဆောင်နေတာလား?
စုလင်း ဝင်လာသည်နှင့် တစ်ပြိုင်နက် ဝှေ့ယမ်းနေသည့် အမြစ်နှစ်ချောင်းက သူ့ဆီကို ဦးတည်လာသည်။ စုလင်း ရှန်းမိုယွီကို အမြန် သတိပေးရသည်။
"ဒေါက်တာနီအန်းကို မထိနဲ့"
ဒေါက်တာနီအန်းသည် နာလူးထက် အများကြီး ပို အသက်ကြီးသည်။ စုလင်းက ရှန်းမိုယွီ နာလူးနဲ့တုန်းလို အမြစ်တွေသုံးပြီး နဖူးကို ပုတ်တာမျိုး ဒါမှမဟုတ် တစ်ခုခု ပေါ့တန်တန် ဆက်ဆံလိုက်မှာကို စိုးရိမ်နေခဲ့သည်။ အမြစ်တစ်ခုက စုလင်း လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ ရစ်ပတ်ခဲ့ပြီး တစ်ခုက နီအန်းရှေ့တွင် ရပ်ပြီး ဝှေ့ယမ်းနေခဲ့ပြီးမှ စုလင်းဆီ ရွေ့သွားသည်။
နီအန်းက ချီးကျူးလာသည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ Sအဆင့် စိတ်ဝိညာဥ်ပင်က တကယ်ကို IQမြင့်တာပဲ"
ချက်ချင်းပင် စုလင်း ရှန်းမိုယွီရဲ့ ပျော်ရွှင်နေသည့် ခံစားချက်များကို ခံစားလိုက်ရပြီး သူ့ရှေ့မှ အမြစ်များက မောက်မာစွာ ဝှေ့ယမ်းနေသည်။[ရိုက်ချင်စရာလေး😸] စုလင်း လက်ဆန့်ပြီး ရယ်ရယ်မောမောဖြင့် အမြစ်များကို အသာညှစ်လိုက်ပြီးနောက် ကုန်ကြမ်းများထိန်းသိမ်းရာဆီ လျှောက်လာခဲ့သည်။ သူက အနက်ရောင်နှင့် အနီရောင် ပုလင်း ၂လုံးကို နီအန်းဆီပေးလိုက်သည်။
"ဒါက သူပေးတဲ့ ကုန်ကြမ်းတွေပဲ။ အနက်ရောင်အရည်က တိုက်စားမှု အရမ်း ပြင်းထန်တယ်။ ဘယ်ပုံစံခွက်ကိုပဲ သုံးသုံး အတွင်းမျက်နှာပြင်ကို အနီရောင် အရည်တစ်လွှာ လိမ်းရတယ် မဟုတ်ရင် အရည်ပျော်သွားရော"
သူက လက်ထဲရှိ ပုလင်းတွေကို ညွှန်ပြကာ
"ဒါတွေက တစ်လွှာတော့ လိမ်းထားပြီးသားပဲ။ ဒါပေမယ့် အန္တာရယ်ရှိတာမို့ ဆရာ့လက်မှာ အနီရောင်အရည်ကို အရင် လိမ်းထားတာ အကောင်းဆုံးပဲ"
နီအန်း ပုလင်းများကို ဂရုတစိုက် ယူလိုက်ပြီး ကုန်ကြမ်း ရိတ်သိမ်းတဲ့ ဖြစ်စဥ်အကြောင်း စုလင်းကိုမေးလာသည်။ သူက သေချာနားထောင်ပြီးနောက် ရှန်းမိုယွီဆီ ချဥ်းကပ်လာပြီး ဝတ်ဆံများနှင့် ပွင့်ချပ်များကို လေ့လာကြည့်ရှုသည်။ စုလင်းက ရှန်းမိုယွီ နီအန်းကို ထိခိုက်စေမှာ စိုးတာကြောင့် သူ့နောက် အမြဲ ပတ်လိုက်နေခဲ့သည်။ နီအန်း ခဏလောက်ကြည့်ပြီးနောက် အမြစ်တွေကို စိတ်ဝင်တစား စူးစမ်းနေပြန်သည်။ နောက်ဆုံးတွင် စုလင်းနဲ့ ရှန်းမိုယွီ ဆွေးနွေးပြီးနောက် ဒေါက်တာနီအန်းက အမြစ်ကို လက်ဖြင့် ညှစ်လိုက်သည်။
နီအန်းက အမြစ်ကို လွှတ်လိုက်ပြီး မှတ်ချက်ချသည်။
"အရမ်း တမူထူးတယ်"
သူက စုလင်းကို ပြောလာသည်။
"အပင်ရဲ့ ဘယ်အပိုင်းပဲ ဖြစ်ဖြစ် သဘာဝအတိုင် ကြွေကျလာရင် မင်းသိမ်းထားရမယ်။ အဲ့ဒါက အရမ်း အကျိုးရှိလိမ့်တယ်"
စုလင်းက ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့"
နီအန်းက အရည်၂မျိုးကို လေ့လာဖို့ မစောင့်နိုင်တော့ပေ။ သူသိပ်ကြာကြာလည်း မစောင့်တော့ပဲ ပြန်ခါနီးမှာ
"ငါ ဒါကို လေ့လာပြီး သူ့တန်ဖိုးကို ဆုံးဖြတ်ပေးမယ်။ ပြီးရင် ငါ ဒီကုန်ကြမ်းအတွက် ကျသင့်ငွေကို လွှဲပေးမယ်"
"လွှဲစရာ မလိုပါဘူး။"
စုလင်းက ရိုးသားစွာပဲ ငြင်းဆိုခဲ့သည်။
"တန်ဖိုး သတ်မှတ်တာနဲ့တင် ကျွန်တော်အတွက် အရမ်းကောင်းနေပြီ။ ဆရာက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာ"
နီအန်းက မငြင်းပေ။
"ကောင်းပြီ။ ငါ ပြီးရင် စိတ်ဝိညာဥ်ပင်မှတ်ပုံတင်ရေးအသင်း ဒါရိုက်တာရဲ့ အချက်အလက်တွေ မင်းဆီ ပို့လိုက်မယ်၊ မနက်ဖြန် သူ့ဆီသာ တိုက်ရိုက်သွားတွေ့လို့ရတယ်"
စုလင်းက သူ့ကို ကျေးဇူးတင်ကြောင်းပြောလိုက်ပြီး နီအန်းက နှုတ်ဆက်လာခဲ့ပြီး စုလင်း အပြင်ထိ လိုက်ပို့လိုက်သည်။
Rainbow fart
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue'note
Update ကြာသွားတာ တောင်းပန်ပါတယ်။ ဆူကြပါ Jue လေး အပျင်းတစ်နေလို့ပါ။
ခါးနာတာလည်း Reader လေးတို့ ဆုတောင်းပေးလို့ တန်းသက်သာသွားပါတယ်။ စိတ်ပူပေးကြတာ ကျေးဇူးပါရှင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//Zawgyi//
အခန္း ၃၃ - [ဖိတ္ၾကားခ်က္ ၁]
နာလူးက တံခါးနားမွာ လူအုပ္ႀကီးကို တားရင္း
"ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္တို႔ ဆိုင္မဖြင့္ေသးပါဘူး။ ဝန္ထမ္းမဟုတ္တဲ့သူေတြ အထဲကို ဝင္လို႔ မရပါဘူး"
ေ႐ွာင္ပင္းနဲ႔ စားပြဲထိုးေတြ အေျပးအလႊား ေရာက္လာၿပီး နာလူးကို ကူကာ တံခါးပိတ္လိုက္သည္။ သတင္းေထာက္တစ္ေယာက္က နာလူး ဆိုင္တာဝန္ခံျဖစ္ပုံရသည္ကို သတိထားမိကာ အင္တာဗ်ဴးေတာ့သည္။
"ဆူးနီေဘာလုံးပင္က တကယ္ပဲ ဒီဆိုင္မွာ ႐ွိတာလား?"
နာလူး:"ဟုတ္ပါတယ္"
သူက ပြင့္ပြင့္လင္းလင္းပဲ ေျဖလိုက္သည္။
"ေနာက္ထပ္ ေမးစရာမလိုဘူး။ ကြၽန္ေတာ္တို႔ ဆူးနီေဘာလုံးပင္ကို ေရာင္းေနတာ မဟုတ္ဘူး"
သူ႕ရဲ႕ပြင့္လင္းမႈေၾကာင့္ ထိုသတင္းေထာက္ ဆို႔နင္သြားစဥ္ ေဘးက လူတစ္ေယာက္က ထပ္ေမးသည္။
"ငါတို႔ ၾကည့္လို႔ရလား?"
နာလူး:"ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္ခ်လို႔မရပါဘူး။ စိတ္မေကာင္းပါဘူး၊ ကြၽန္ေတာ္တို႔ ဆိုင္ဖြင့္ဖို႔ ျပင္ရဦးမွာမလို႔ ေက်းဇူးျပဳၿပီး အလုပ္ကို မထိခိုက္ပါေစနဲ႔"
ယခုအခ်ိန္တြင္ေတာ့ ဆိုင္ဝန္ထမ္းမ်ား စုံၿပီမို႔ နာလူး အဓိက တံခါးကို လုံးဝ ေသာ့ခတ္ပစ္လိုက္သည္။
"မန္ေနဂ်ာ Aအဆင့္စိတ္ဝိညာဥ္ပင္က တကယ္ႀကီး ကြၽန္ေတာ္တို႔ဆိုင္မွာလား? ဒီေန႔ လူတိုင္းက ကြၽန္ေတာ္႕ကို ဒါပဲ လိုက္ေမးေနၾကတာ"
"ကြၽန္ေတာ္ေကာပဲ။ ကြၽန္ေတာ္ ဒီမွာ အလုပ္လုပ္တာ သိတဲ့လူေတြက ဇြတ္ေမးေနေတာ့တာပဲ။ ဒါမဲ့ ကြၽန္ေတာ္ျဖင့္ တစ္ခါမွ မျမင္ဖူးဘူး"
ဝန္ထမ္းေတြက နာလူးကို သိခ်င္စြာ ေမးေနၾကသည္။
နာလူး:" ဟုတ္တယ္။ဒါေပမယ့္ အဲ့ဒါက ဆိုင္႐ွင္ ပိုင္တာ ဆိုင္ရဲ႕ ပိုင္ဆိုင္မႈမဟုတ္ဘူး။"
သူက လက္ကို ယမ္းၿပီး
"သြား သြား အဆင္သင့္ျပင္ၾကေတာ့။ ဒီေန႔ည လူက်လိမ့္မယ္"
ေ႐ွာင္ပင္း ဘားေကာင္တာ အေနာက္ကို သြားလိုက္သည္။ ဖန္ခြက္မ်ားကို စီရင္း
"ေဘာ့စ္က ဘယ္မွာလဲ? ကြၽန္ေတာ္တို႔ေကာ Aအဆင့္စိတ္ဝိညာဥ္ပင္ကို ၾကည့္လို႔ရလား?"
က်န္တဲ့ စားပြဲထိုးေတြကလည္း တက်ီက်ီေအာ္ကုန္ၾကသည္။
"ဟုတ္တယ္။ ကြၽန္ေတာ္တို႔ Aအဆင့္ စိတ္ဝိညာဥ္အပင္ကို လူကိုယ္တိုင္ အျပင္မွာ မျမင္ဖူးဘူး"
စုလင္း ေနာက္ေဖးျခံထဲကေန ဆိုင္ထဲ ဝင္သည့္အခိုက္အတန္႔တြင္သူတို႔ေျပာေနတာကို ၾကားလိုက္သည္။ ေစာေစာပိုင္းက နာလူး ေစာင့္ၾကည့္ကင္မရာမွ ၾကည့္လိုက္ေတာ့ လူေတြအမ်ားႀကီး အျပင္မွာ ေစာင့္ဆိုင္းေနစဲျဖစ္ေၾကာင္း သိလိုက္ရသည္။ နာလူးက သူဒဏ္ရာရမွာကို စိုးရိမ္ေနသျဖင့္ စုလင္းကို အျပင္ထြက္လာ မခံေပ။
ထို႔ေၾကာင့္ စုလင္းက ေနာက္ေဖးျခံထဲမွ ေစာင့္ၾကည့္ကင္မရာကို ၾကည့္ၿပီး တံခါးပိတ္ၿပီးမွသာ ေ႐ွ႕ဘက္ ဧည့္ခန္းဆီ သြားခဲ့သည္။
"အယ္၊ ေဘာ့စ္!"
၀န္ထမ္းတစ္ေယာက္က သူ႕ကို သတိထားမိၿပီး ေအာ္လိုက္သည္။
စုလင္း ရပ္ကာ အျပဳံးေလးျဖင့္ ႏႈတ္ဆက္လိုက္ၿပီး
"မင္းတို႔ ဆူးနီေဘာလုံးပင္ကို ၾကည့္ခ်င္လို႔လား? ခဏေစာင့္၊ ငါ ထုတ္ေပးမယ္"
"ေယး!!!"
"ေဘာ့စ္က အေကာင္းဆုံးပဲ"
ဝန္ထမ္းေတြ အားရဝမ္းသာနဲ႔ စုလင္းကို ေျမႇာက္ပင့္ေျပာဆိုၾကေတာ့သည္။[jue-သူက rainbow fart လို႔သုံးထားတာ ခ်စ္လို႔ ပုံေလးေတြ ေနာက္ဆုံးမွာ ထည့္ေပးထားတယ္]
စုလင္း ဆူးနီေဘာလုံးအပင္ကို ဖန္လုံအိမ္ကေန ဘားထဲက ေကာင္တာေပၚကို ေ႐ႊ႕ေပသည္။ ဆူးနီေဘာလုံးပင္ဟာ မေပါ့လွတာေၾကာင့္ ေကာင္တာေပၚခ်လိုက္ၿပီးေနာက္ စုလင္း အသက္႐ႈသံေတာ္ေတာ္ ျပင္းေနၿပီျဖစ္သည္။
"ဝိုး! အရမ္း မိုက္တာပဲ"
ဝန္ထမ္းေတြက အပင္နားမွာ စုျပဳံတိုးၿပီး ပတ္လည္ဝိုင္းေနၾကသည္။
ေ႐ွာင္ပင္းက နီေဆြးေနသည့္ နီရဲရဲ ေဘာလုံးဆီကို လက္လွမ္းကာ
"ဒီအလုံးေလးေတြက ၾကည့္ရတာ ေရေတြနဲ႔ျပည့္ေနသလိုပဲ။ ကိုင္ၾကည့္ရင္ေကာ ႏူးညံ့ေနမွာလား မသိ"
"မထိနဲ႔!"
စုလင္းနဲ႔ နာလူး တစ္ခ်ိန္တည္း လိုလို ထေအာ္ၾကသည္။
သို႔ေသာ္လည္း ေနာက္က်သြားေခ်သည္။ ေ႐ွာင္ပင္း အစက ဘားအတြင္းမွာ ရပ္ေနၿပီး ဘယ္လက္ကို ေကာင္တာေပၚမွာ ေထာက္ထားတာျဖစ္ေလသည္။ ထို႔ေၾကာင္ပင္ သူက ညာလက္ေလး အသာဆန္႔လိုက္႐ုံျဖင့္ ဆူးနီေဘာလုံးေလးကို လြယ္လြယ္ထိလို႔ရတာျဖစ္သည္။ အနီေရာင္ေဘာလုံးေပၚ႐ွိ ႏူးညံ့ေပ်ာ့ေပ်ာင္းေနသည့္အမွ်င္ေလးေတြက ႐ုတ္တရက္ေထာင္မတ္သြားၿပီး ေ႐ွာင္ပင္းရဲ႕လက္မွာ အပ္ထိပ္ဖ်ားစာ ေသးငယ္သည့္ အေပါက္တစ္ေပါက္ ထိုးေဖာက္သြားသည္။
"အိစ္..."
ေ႐ွာင္ပင္း ေနာက္တြန္႔သြားၿပီး သူ႕လက္သူ ဆုတ္ကိုင္ထားလိုက္ရသည္။
နာလူးက ခ်က္ခ်င္း သူ႕ကို သြားၾကည့္ေပးသည္။
"ျပပါဦး ဘာျဖစ္သြားေသးလဲ?"
ေ႐ွာင္ပင္း လက္ျဖန္႔လိုက္ေတာ့ သူ႕လက္သူႂကြယ္နဲ႔ လက္ခလယ္မွာ ထိုးေဖာက္လိုက္တာျဖစ္ေၾကာင္း သိရသည္။ ခုနက ေ႐ွာင္ပင္း သူ႕လက္ကို ျပန္႐ုတ္လိုက္ေသာအခါ ထိုလႈပ္႐ွားမႈက ေသြးစက္မ်ားကို ေနရာအႏွံ႔ ပ်ံ႕က်ဲသြားေစခဲ့သည္။ ထို႔ေၾကာင့္ သူလက္ေခ်ာင္းမ်ားဟာ ေသြးမ်ားျဖင့္ နီရဲေနၿပီး ျမင္ရတာ အနည္းငယ္ သနားစဖြယ္ပင္။
နာလူး ဒဏ္ရာကို ခဏၾကည့္ၿပီးေနာက္ သက္ျပင္းခ်ကာ
"အဆိပ္မဟုတ္ဘူး။ အေပၚယံအေရျပားဒဏ္ရာပဲ"
သူက ေ႐ွာင္ပင္းရဲ႕ဒဏ္ရာကို အရက္နဲ႔အရင္ ေဆးေၾကာေပးေနစဥ္မွာ တစ္ေယာက္ကို ကုသေရးကိရိယာယူလာခိုင္းသည္။ ကုသေရးကိရိယာကို သုံးၿပီးတဲ့ေနာက္ ေ႐ွာင္ပင္းရဲ႕ ဒဏ္ရာက သိပ္မၾကာခင္မွာပဲ သက္သာလာသည္။ က်န္တဲ့ဝန္ဝမ္းေတြကေတာ့ လက္မလွမ္းရဲေတာ့ဘဲ ၾကည့္ပဲၾကည့္ေနေတာ့သည္။
"Aအဆင့္ စိတ္ဝိညာဥ္ပင္က အရမ္း ခက္ထန္တာပဲ"
တစ္ေယာက္က သက္ျပင္းခ်ရင္း ေျပာလာသည္။
စုလင္း ထိုစကားကိုၾကားေတာ့ ဆူးနီေဘာလုံးေလးကို ဖြဖြ ညႇစ္လိုက္ရာ ဆူးနီေဘာလုံးပင္ရဲ႕ အကိုင္းနဲ႔အ႐ြက္ေတြက ခ်က္ခ်င္းပဲ အနားကပ္လာၿပီး သူ႕လက္ဖမိုးေလးကို ပြတ္ေနၾကသည္။ စုလင္း ေမးထိုးျပလိုက္ၿပီး အျပဳံးေလးျဖင့္
"ေတြ႕လား? သူက မခက္ထန္ပါဘူး။ ဒါေပမဲ့ အရမ္း ႏိုးၾကားသတိထားတတ္တာ"
နာလူး:" အဲ့ဒါ မင္းက Omega တစ္ေယာက္ျဖစ္တဲ့အျပင္ သူတို႔အသိအမွတ္ျပဳထားတဲ့ ပိုင္႐ွင္လည္း ဟုတ္တယ္ေလ"
သူက တဆက္တည္းမွာပဲ ဝန္ထမ္းေတြကို သတိေပးလိုက္သည္။
"မင္းတို႔ေနာ္ ဘယ္အဆင့္ျမင့္ စိတ္ဝိညာဥ္ပင္ကိုမွ အေၾကာင္းမ႐ွိ သြားမထိၾကနဲ႔။ မင္းတို႔က omega မဟုတ္ဘူး"
"အာ ကြၽန္ေတာ္ ႐ုတ္တရက္ႀကီး မနာလို ျဖစ္သြားၿပီ"
ဝန္ထမ္းငယ္ေလးတစ္ေယာက္က ထေျပာသည္။
သူ႕ေဘးမွ တစ္ေယာက္က သူ႕ကို တံေတာင္ျဖင့္တြက္ကာ
"မင္းက Omega ျဖစ္ခ်င္လို႔လား?"
"ေခါက္ထားလိုက္။ သူတို႔အနံ႔ေတြက အရမ္းေမႊးတယ္ဆိုေပမဲ့လည္း Pheromone ေတြနဲ႔ မခ်ည္ေႏွာင္ခ်င္ပါဘူး"
နာလူးက ဘားေကာင္တာကို ၫႊန္ျပၿပီး
"ေကာင္းၿပီ။ မင္းတို႔အားလုံး အခု ဆူးနီေဘာလုံးပင္ကို ျမင္ဖူးသြားၾကၿပီဆိုေတာ့ အလုပ္ျပန္လုပ္ၾကရေအာင္"
ဝန္ထမ္းေတြလည္း ေက်နပ္စြာျဖင့္ ဆိုင္ဖြင့္ဖို႔ ျပင္ၾကေလသည္။ နာလူးနဲ႔ စုလင္းတို႔က ဘားေ႐ွ႕ထိုင္ခုံမွ မခြာၾကေသးေပ။ နာလူးက စုလင္းကို ကပ္ေနသည့္ ဆူးနီေဘာလုံးပင္ကို ၫႊန္ျပၿပီး
"ဒီည လူေတြအမ်ားႀကီး လာၾကမွာ ေသခ်ာတယ္။ သူတို႔ ဆူးနီေဘာလုံးပင္ကို မျမင္ရမခ်င္း လက္မေလ်ာ့ၾကမွာကို ငါစိုးရိမ္တယ္"
စုလင္း သေဘာတူစြာျဖင့္ ေခါင္းညိတ္ကာ ဧည့္ခန္းထဲတြင္ ခ်ိတ္ဆြဲထားသည့္ အမ်ိဳးမ်ိဳးေသာ ေမြးရနံ႔ပစၥည္းမ်ား၊ ထုတ္ကုန္မ်ားကို တစ္ခ်က္ၾကည့္ကာ
"ဆူးနီေဘာလုံးပင္ကို ဧည့္ခန္းထဲ ဘာလို႔မထားလဲ? သူ႕အနံ႔က ပုံမွန္ ေမႊးရနံ႔ ထုတ္ကုန္ေတြထပ္ေတာင္ ပိုေကာင္းေသးတယ္"
နာလူးက ေခါင္းယမ္းလ်က္
"မျဖစ္ဘူး။ သာမန္ ဧည့္သည္ေတြကို ထိခိုက္ေစလိမ့္မယ္"
စင္စစ္တြင္ စိတ္ဝိညာဥ္ပင္ကိုသာ ခန္းမတြင္ တကယ္ထားလွ်င္ Aအဆင့္ စိတ္ဝိညာဥ္ပင္ကို ၾကည့္ခ်င္ၾကတာနဲ႔ပင္ လူေပါင္းမ်ားစြာ လာၾကလိမ့္မည္။ ခဏေလာက္စဥ္းစားၿပီး စုလင္းက ျပဳံးကာ
"အပင္ရဲ႕ ၃၆၀ ဒီဂရီ ပတ္လည္ကို ၾကည္ၾကည္ေလး႐ိုက္ၿပီး ေမႊးရနံ႔ဘားရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ တင္လိုက္။ အဲ့ဒါဆို သတင္းေထာက္ေတြ လိုရင္ ပုံေတြ ယူသုံးလို႔ရတယ္"
နာလူးလည္း အၾကံေကာင္းဟု ယူဆတာေၾကာင့္ လက္ေကာက္ကို ထိကာ
"ငါ ႐ိုက္လိုက္မယ္"
သူက ဘားရဲ႕ ေနရာအႏွံ႔တြင္ ပုံမ်ားစြာ႐ိုက္ၿပီး စုလင္းကိုေပးကာ မတူတဲ့ ႐ႈေထာင့္အမ်ိဳးမ်ိဳးမွ အလင္းေကာင္းသည့္ပုံကို ေ႐ြးေစသည္။
စုလင္းက ပုံေတြေ႐ြးရင္း
"ဒီပုံေတြနဲ႔ဆို သတင္းေထာက္ေတြ နည္းသြားမွာ။ ဒါေပမဲ့လည္း Aအဆင့္ စိတ္ဝိညာဥ္ပင္ကို သူတို႔မ်က္လုံးနဲ႔ ကိုယ္တိုင္ ျမင္ခ်င္တဲ့ လူေတြလည္း ေသခ်ာေပါက္႐ွိဦးမွာပဲ"
စုလင္း လင္းခနဲ အၾကံရလိုက္တာေၾကာင့္ နာလူးဘက္လွည့္ကာ
"ေလးေလး ပုံတင္ရင္ ဒီစာေလးပါ တြဲတင္လိုက္ _ဆူးနီေဘာလုံးပင္က ေရာင္းရန္ မဟုတ္ပါ။ ေဘာလုံးအရည္ကို ေလလံဆြဲမွာ ျဖစ္ၿပီး ေလလံအိမ္သို႔လည္း ပို႔ေဆာင္ထားၿပီး ျဖစ္ပါတယ္"
နာလူးက ေခါင္းညိတ္သည္။
"ေကာင္းၿပီ အဲ့ဒါဆို ဆူးနီေဘာလုံးပင္ကို ၾကည့္ဖို႔နဲ႔ေတာ့ ဘယ္သူမွ ဆိုင္ကို အထူးတလွယ္ လာေနမွာ မဟုတ္ေတာ့ဘူး။ ဘယ္ေလလံအိမ္နဲ႔ လက္တြဲလုပ္ခ်င္လဲ"
စုလင္း:"အမ္း..ကုမိသားစုရဲ႕ေလလံအိမ္"
ေန႔လည္က စုလင္း Boyanကိုၾကည့္ရင္း စာဖတ္ေနခဲ့သည္။ ကုလီဟန္ရဲ႕ Boyan မွာ ပို႔စ္တင္တာ အလြန္နည္းေပသည္။ ႐ွိသမွ်ပို႔စ္ေတြကလည္း ကု ကုမၸဏီအေကာင့္က တင္ထားတာေတြကို ျပန္မွ်ေဝထားတာေတြသာျဖစ္သည္။ ထို႔အေကာင့္သည့္ ကုလီဟန္ရဲ႕ ကိုယ္ပိုင္အေကာင့္ လုံးဝမဟုတ္ေလာက္ဟုပင္ စုလင္း သံသယဝင္မိသည္။ တစ္ဖက္တြင္လည္း စုလင္း ကု ကုမၸဏီရဲ႕Boyanကို ဝင္ၾကည့္ေတာ့ ကုမိသားစုက လုပ္ငန္း နယ္ပယ္အမ်ိဳးမ်ိဳးမွာ ပါဝင္ရင္းႏွီးထားတာကို ေတြ႕လိုက္ရသည္။ အႏုပညာေဖ်ာ္ေျဖေရး၊ အိမ္ျခံေျမႏွင့္ လွ်ပ္စစ္လုပ္ငန္းမ်ားကဲ့သို႔ သမား႐ိုးက် က႑မ်ားအျပင္ ေၾကးစားလုံျခဳံေရးအဖြဲ႕ႏွင့္ ေလလံအိမ္မ်ားလည္း ႐ွိေပသည္။
ေလလံအိမ္သည္ မၾကာခဏဆိုသလို ေၾကးစားအဖြဲ႕မွ ရလာသည့္ ႐ွားပါးရတနာမ်ားကို ေလလံတင္ေလ့႐ွိသည္။ လက္႐ွိတြင္ ေစ်းကြက္တြင္ အဆင့္ျမင့္ ေမႊးရနံ႔ထုတ္ကုန္ ႏွင္းစႏၵာ အေမႊးအိတ္၏ အဓိက ပါဝင္ပစၥည္းျဖစ္ေသာ ေ႐ႊမႈန္က်ဲပန္းပင္ရဲ႕ ေလ႐ႈႏြယ္ကို အျခားၿဂိဳဟ္မ်ားတြင္ ႐ွာေဖြေနစဥ္ သူတို႔ရဲ႕ ေၾကးစားအဖြဲ႕က ရ႐ွိခဲ့သည္။ ထို႔ေနာက္ စုလင္းသည္ ကုမိသားစု ပိုင္ဆိုင္ေသာ လစႏၵာ အေမႊးအိတ္မ်ားသည္ အေရအတြက္ အကန္႔အသတ္႐ွိၿပီး အရမ္းေစ်းႀကီးေၾကာင္းကိုလည္း ေတြ႕ခဲ့ရသည္။
နားလူးက သူ႕ကို ၾကည့္ကာ သက္ျပင္းခ်ၿပီး
"ငါကိုက မေမးခဲ့သင့္တာ။ မင္းဘာလုပ္လုပ္ အကုန္လုံးက ဥကၠ႒ကုနဲ႔ ဆက္စပ္ေနတာခ်ည္းပဲဆိုတာ သိရက္နဲ႔"
နာလူးက အသံကိုနိမ့္ကာ စိုးရိမ္တႀကီးျဖင့္
"ငါမင္းကို စိတ္ေျပာင္းေအာင္ ေဖ်ာင္းဖ်လို႔ မရဘူး။ ဒါေပမဲ့ ေ႐ွာင္လင္း မင္းသိရမွာက ပထမဆုံး အခ်စ္ဆိုတာ အၿမဲတမ္း က်႐ႈံးတာခ်ည္းပဲ။ မင္းသူ႕ဆီက တုံ႔ျပန္မႈမရလည္း ဝမ္းမနည္းပါနဲ႔"
နာလူး သူ႕ကို အမွန္တကယ္စိတ္ပူေနတာေၾကာင့္ စုလင္း ခံစားသြားရသည္။
"စိတ္မပူပါနဲ႔ ေလးေလးနာလူး"
ေ႐ြးထားသည့္ပုံမ်ားကို နာလူးဆီ ေပးလိုက္ရင္း
"ကြၽန္ေတာ္ အတင္းလုပ္ယူလို႔ မရႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတာ ကြၽန္ေတာ္သိပါတယ္"
စုလင္း ေခါင္းေမာ့ကာ ျပဳံးလိုက္ၿပီး
"ဒါေပမဲ့ အဲ့ဒီမတိုင္ခင္ေတာ့ အဆုံးသတ္ အေျဖကို သိရဖို႔ တစ္ေယာက္ကေတာ့ အေကာင္းဆုံးႀကိဳးစားရမယ္ေလ။ အဲ့လိုမွမဟုတ္ရင္ ေနာင္တရေနရလိမ့္မယ္"
အစပိုင္းမွာ ကုလီဟန္က သူ႕ရဲ႕(SL) 2D နတ္ဘုရားျဖစ္တာေၾကာင့္ ဝတၳဳထဲမွာေရးထားတဲ့ သူ႕ရဲ႕(GLH) ကံမေကာင္း အေၾကာင္းမလွတဲ့ ဇာတ္သိမ္းကေန ကယ္ခ်င္ခဲ့သည္။ ဒါေပသိ အခုေတာ့ ကုလီဟန္က သူ႕ရဲ႕ နတ္ဘုရားျဖစ္႐ုံသာမက သူ႕အႀကိဳက္ႏွင့္ အရမ္းကို ကိုက္ညီေနခဲ့သည္။ ဒီလူကိုသာ လြဲေခ်ာ္ခဲ့ရင္ သူ ဧကန္ ေနာင္တ ရေနရမွာပင္။
ထို႔ေနာက္ စုလင္းေပ်ာက္သြားစဥ္က ကုလီဟန္ရဲ႕ တုံ႔ျပန္ပုံကို နာလူး သတိရမိသြားၿပီး စုလင္း ပုခုံးကို ပုတ္ကာ
"ကံေကာင္းပါေစ။ မင္းမွာ အခြင့္အေရး႐ွိေသးပါတယ္။ ဒါေပမယ့္ သူက မင္းကို ကေလးလို သေဘာထားေနမလားေတာ့ မသိဘူး။ ငါဆက္ဆံသလိုေပါ့"
စုလင္း ခ်က္ခ်င္းပဲ ျပန္ေျပာလာသည္။
"မဟုတ္ဘူး"
သူက မ်က္ဝန္းေလးမ်ား ေကြးၫႊတ္လ်က္ ဆက္ေျပာသည္။
" သူအရင္က အဲ့လိုေတြးခဲ့ရင္ေတာင္မွ အခုက စၿပီး မဟုတ္ေတာ့ဘူး"
ဘာပဲေျပာေျပာ စုလင္းက သူ႕ကို လိုက္မယ္လို႔ တရားဝင္ ေၾကျငာခဲ့ၿပီးသားျဖစ္သည္။
ထိုအေၾကာင္းကိုေတြးရင္း သူက ေမးေစ့ေလးကို ကိုင္ၿပီး
ဒီလူကို လိုက္ဖို႔ ဘာနည္းလမ္း သုံးသင့္လဲ?
မိန္းကေလးမ်ားကို လိုက္လံပိုးပန္းသည့္ ေခတ္သစ္နည္းလမ္းမ်ား သူ႕ေခါင္းထဲ ေပၚလာသည္။ ထို႔ေနာက္ သူ႕နဖူးသူ လက္ဝါးနဲ႔ ႐ိုက္လိုက္သည္။ စုလင္းသာ ထိုနည္းလမ္းမ်ားအတိုင္း အမွန္တကယ္လုပ္ရင္ သူ႕နတ္ဘုရားကေတာ့ သူ႕ကိုျမင္တိုင္း ေသခ်ာေပါက္ကို ထြက္ေျပးေပလိမ့္မည္။
နာလူးက အာကာသ ေလဟာနယ္ႀကီးထဲ လြတ္ထြက္ေနသည့္ စုလင္းကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းယမ္းမိေတာ့သည္။ သူက ဓါတ္ပုံမ်ားကို ေမႊးရနံ႔ဘား ဝက္ဘ္ဆိုက္တြင္တင္ၿပီး စုလင္းေျပာတဲ့ စာသားပါထည့္ေရးခဲ့သည္။ ခဏအၾကာတြင္ ထို Site သည္ မွတ္ခ်က္မ်ားစြာ ရခဲ့ေလသည္။
"ဝိုး ဆူးနီေဘာလုံးပင္က သိပ္လွတာပဲ!"
"ၾကည့္ရတာ အိစိအိစိနဲ႔ ငါတို႔ၾကည့္ခ်င္လိုက္တာ~~အဲ့ဒါေလးက ကြဲသြားမွာလား?"
"တစ္ပင္ေလာက္လိုခ်င္လိုက္တာ ဘယ္လိုလုပ္ရမလဲ?!"
နာလူးက မွတ္ခ်က္ေတြကို ခဏၾကည့္ေနခဲ့ၿပီး စုလင္းကို ျပလိုက္ကာ
"မင္း သူတို႔ကို reply ျပန္ခ်င္လား?"
တစ္ခ်က္ၾကည့္လိုက္ၿပီး စုလင္းက ရယ္ေမာကာ
"ေလးေလး အခ်ိန္ရရင္ေလ ေစာင့္ၾကည့္ကင္မရာကေန ျဖတ္ၿပီး ေ႐ွာင္ပင္း လက္ကို အခြၽန္ေလးနဲ႔ အထိုးခံရတဲ့ အပိုင္းကို တင္လို႔ရတယ္"
စုလင္း ေျပာေနစဥ္မွာ လက္ေကာက္က ျမည္လာေပသည္။ သူက ၾကည့္လိုက္ကာ ထရပ္ၿပီး ေခၚဆိုမႈကို ခ်ိတ္ဆက္လိုက္သည္။
"အာာ..ခဏေလး ေက်းဇူးျပဳၿပီး ေနာက္ေဖးတံခါးကေန ဝင္ခဲ့ပါဗ်"
ဖုန္းခ်လိုက္ၿပီး သူက နာလူးကို ေျပာလိုက္သည္။
"ေဒါက္တာနီအန္း ေရာက္ၿပီ။ ကြၽန္ေတာ္ ေနာက္ေဖး တံခါးဆီသြားလိုက္ဦးမယ္"
နာလူးက ေခါင္းညိတ္ၿပီး
"တစ္ခုခုလိုရင္ ေလးေလးကို ေခၚလိုက္ ဆူးနီေဘာလုံးပင္ကိုလည္း ဖန္လုံအိမ္ထဲ ျပန္ေ႐ြ႕လိုက္ဦး"
စုလင္း ေခါင္းညိတ္ကာ ဆူးနီေဘာလုံးပင္ကို ခန္းမကေန ေ႐ြ႕သြားသည္။
ေဒါက္တာနီအန္း ေနာက္ေဖးတံခါးဆီေရာက္ခ်ိန္တြင္ လမ္းတစ္ဖက္႐ွိ သတင္းေထာက္က ခ်က္ခ်င္း ပုံတစ္ပုံ ႐ိုက္လိုက္သည္။ ထို႔ေနာက္သူက ေဒါက္တာနီအန္းကို အင္တာဗ်ဴးခ်င္တာေၾကာင့္ ေ႐ွ႕ကို လွမ္းတိုးခဲ့ေသာ္လည္း နီအန္းရဲ႕ ယာဥ္ေမာင္းက တားလာသည္။ အဲ့ဒီအခ်ိန္မွာ စုလင္းက ေနာက္တံခါးကို ဖြင့္လိုက္သည္။ စုလင္းက သတင္းေထာက္နဲ႔ ယာဥ္ေမာင္းနဲ႔ကို ၾကည့္ၿပီး နီအန္းကို ေမးခြန္းထုတ္ဟန္ျဖင့္ ၾကည့္လိုက္သည္။
နီအန္းက တည္ၿငိမ္စြာ ျပဳံးျပၿပီး
"ဝင္ၾကရေအာင္။ သူကိုင္တြယ္ပါလိမ့္မယ္"
တံခါးမွ ဝင္လာၿပီးေနာက္ နီအန္းရဲ႕အၾကည့္ေတြက နံရံသံဇကာေတြကို တစ္ခ်က္ၾကည့္ကာ
"လုံျခဳံေရး အရမ္းေကာင္းတယ္။ သတိမူထားဖို႔က အလိုအပ္ဆုံးပဲ။ ဒါနဲ႔ မင္းရဲ႕ စိတ္ဝိညာဥ္ပင္ေတြကို ပိုင္ဆိုင္ခြင့္ မွတ္ပုံတင္ၿပီးၿပီလား?"
စုလင္း သူ႕ကို ေမႊးရနံ႔ ဖန္တီးခန္းကို ဦးေဆာင္ေခၚသြားရင္း
"ကြၽန္ေတာ္ Aအဆင့္ စိတ္ဝိညာဥ္ပင္ေတြကို အာမခံကုမၸဏီကေန သြားယူေတာ့ ပိုင္ဆိုင္မႈကို လုပ္ထုံးလုပ္နည္းေတြအရ လႊဲယူၿပီးၿပီ။ ဒါေပမဲ့ ႐ွန္းမိုယြီအတြက္ေတာ့ မလုပ္ရေသးဘူး"
နီအန္းက သတိေပးလာသည္။
"တတ္ႏိုင္သမွ် ျမန္ျမန္လုပ္ေနာ္။ Sအဆင့္ စိတ္ဝိညာဥ္ပင္က တစ္ျခားသူေတြဆီက မေကာင္းတဲ့ အေတြးေတြကို လႈံ႕ေဆာ္ႏိုင္တယ္။ ငါ စိတ္ဝိညာဥ္ပင္ အသင္းမွာ မိတ္ေဆြတစ္ေယာက္႐ွိတယ္။ သူ႕အခ်က္အလက္ေတြ မင္းဆီ ပို႔ေပးမယ္။"
စုလင္း ရယ္ကာ
"ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ မနက္ျဖန္ လုပ္လိုက္ပါ့မယ္။ ဒါေပမဲ့ တစ္စုံတစ္ေယာက္က ႐ွန္းမိုယြီအေပၚ မေကာင္းတဲ့ အၾကံေတြ တကယ္႐ွိခဲ့ၿပီး သူတို႔ ႐ွန္းမိုယြီကို လုံးဝ အျပတ္မ႐ွင္းႏိုင္ရင္ေတာ့ သူတို႔ရဲ႕ ျဖစ္လာမယ့္ အက်ိဳးဆက္က စိတ္ဆင္းရဲဖြယ္ပဲ"
နီအန္းက ဘာလို႔လဲ ဆိုတာ ေမးမလို႔ ျပင္ေနစဥ္မွာပဲ သူတို႔ ရနံ႔ ဖန္တီးခန္းကို ေရာက္လာခဲ့ၿပီး ႐ွန္းမိုယြီက နီအန္းရဲ႕ အာ႐ုံအလုံးစုံကို အစားထိုးသြားသည္။
ထိုအခ်ိန္တြင္ ႐ွန္းမိုယြီက အိပ္မေနခဲ့ဘဲ ပန္းပြင့္ေပၚ႐ွိ သူ႕ပြင့္ခ်ပ္ေတြကို က်ယ္ျပန္႔စြာ ဖြင့္ထားသည္။ သူ႕ရဲ႕ အျမစ္တစ္ခ်ိဳ႕က အာဟာရေပ်ာ္ရည္မွာ စိမ္ေနခဲ့ၿပီး က်န္အျမစ္ေတြက ၾကဳံရာက်ပန္း စက္ဝိုင္းပုံ ယမ္းေနခဲ့သည္။ ႐ွန္းမိုယြီက အ႐ိုင္းဆန္သည့္ အကမ်ိဳး သူ႕ဖာသာ တကယ္ႀကီး ဖန္တီးေနခဲ့သည္။
စုလင္း" ......"
မင္းကိုယ္မင္းေပ်ာ္ေအာင္ ဘယ္လိုလုပ္ရမလဲ တကယ္သိတာပဲ။ မင္း ေရေနအပင္လို ဟန္ေဆာင္ေနတာလား?
စုလင္း ဝင္လာသည္ႏွင့္ တစ္ၿပိဳင္နက္ ေဝွ႔ယမ္းေနသည့္ အျမစ္ႏွစ္ေခ်ာင္းက သူ႕ဆီကို ဦးတည္လာသည္။ စုလင္း ႐ွန္းမိုယြီကို အျမန္ သတိေပးရသည္။
"ေဒါက္တာနီအန္းကို မထိနဲ႔"
ေဒါက္တာနီအန္းသည္ နာလူးထက္ အမ်ားႀကီး ပို အသက္ႀကီးသည္။ စုလင္းက ႐ွန္းမိုယြီ နာလူးနဲ႔တုန္းလို အျမစ္ေတြသုံးၿပီး နဖူးကို ပုတ္တာမ်ိဳး ဒါမွမဟုတ္ တစ္ခုခု ေပါ့တန္တန္ ဆက္ဆံလိုက္မွာကို စိုးရိမ္ေနခဲ့သည္။ အျမစ္တစ္ခုက စုလင္း လက္ေကာက္ဝတ္ကို ကြၽမ္းက်င္စြာ ရစ္ပတ္ခဲ့ၿပီး တစ္ခုက နီအန္းေ႐ွ႕တြင္ ရပ္ၿပီး ေဝွ႔ယမ္းေနခဲ့ၿပီးမွ စုလင္းဆီ ေ႐ြ႕သြားသည္။
နီအန္းက ခ်ီးက်ဴးလာသည္။
"ေမွ်ာ္လင့္ထားတဲ့အတိုင္းပါပဲ Sအဆင့္ စိတ္ဝိညာဥ္ပင္က တကယ္ကို IQျမင့္တာပဲ"
ခ်က္ခ်င္းပင္ စုလင္း ႐ွန္းမိုယြီရဲ႕ ေပ်ာ္႐ႊင္ေနသည့္ ခံစားခ်က္မ်ားကို ခံစားလိုက္ရၿပီး သူ႕ေ႐ွ႕မွ အျမစ္မ်ားက ေမာက္မာစြာ ေဝွ႔ယမ္းေနသည္။[႐ိုက္ခ်င္စရာေလး😸] စုလင္း လက္ဆန္႔ၿပီး ရယ္ရယ္ေမာေမာျဖင့္ အျမစ္မ်ားကို အသာညႇစ္လိုက္ၿပီးေနာက္ ကုန္ၾကမ္းမ်ားထိန္းသိမ္းရာဆီ ေလွ်ာက္လာခဲ့သည္။ သူက အနက္ေရာင္ႏွင့္ အနီေရာင္ ပုလင္း ၂လုံးကို နီအန္းဆီေပးလိုက္သည္။
"ဒါက သူေပးတဲ့ ကုန္ၾကမ္းေတြပဲ။ အနက္ေရာင္အရည္က တိုက္စားမႈ အရမ္း ျပင္းထန္တယ္။ ဘယ္ပုံစံခြက္ကိုပဲ သုံးသုံး အတြင္းမ်က္ႏွာျပင္ကို အနီေရာင္ အရည္တစ္လႊာ လိမ္းရတယ္ မဟုတ္ရင္ အရည္ေပ်ာ္သြားေရာ"
သူက လက္ထဲ႐ွိ ပုလင္းေတြကို ၫႊန္ျပကာ
"ဒါေတြက တစ္လႊာေတာ့ လိမ္းထားၿပီးသားပဲ။ ဒါေပမယ့္ အႏၲာရယ္႐ွိတာမို႔ ဆရာ့လက္မွာ အနီေရာင္အရည္ကို အရင္ လိမ္းထားတာ အေကာင္းဆုံးပဲ"
နီအန္း ပုလင္းမ်ားကို ဂ႐ုတစိုက္ ယူလိုက္ၿပီး ကုန္ၾကမ္း ရိတ္သိမ္းတဲ့ ျဖစ္စဥ္အေၾကာင္း စုလင္းကိုေမးလာသည္။ သူက ေသခ်ာနားေထာင္ၿပီးေနာက္ ႐ွန္းမိုယြီဆီ ခ်ဥ္းကပ္လာၿပီး ဝတ္ဆံမ်ားႏွင့္ ပြင့္ခ်ပ္မ်ားကို ေလ့လာၾကည့္႐ႈသည္။ စုလင္းက ႐ွန္းမိုယြီ နီအန္းကို ထိခိုက္ေစမွာ စိုးတာေၾကာင့္ သူ႕ေနာက္ အၿမဲ ပတ္လိုက္ေနခဲ့သည္။ နီအန္း ခဏေလာက္ၾကည့္ၿပီးေနာက္ အျမစ္ေတြကို စိတ္ဝင္တစား စူးစမ္းေနျပန္သည္။ ေနာက္ဆုံးတြင္ စုလင္းနဲ႔ ႐ွန္းမိုယြီ ေဆြးေႏြးၿပီးေနာက္ ေဒါက္တာနီအန္းက အျမစ္ကို လက္ျဖင့္ ညႇစ္လိုက္သည္။
နီအန္းက အျမစ္ကို လႊတ္လိုက္ၿပီး မွတ္ခ်က္ခ်သည္။
"အရမ္း တမူထူးတယ္"
သူက စုလင္းကို ေျပာလာသည္။
"အပင္ရဲ႕ ဘယ္အပိုင္းပဲ ျဖစ္ျဖစ္ သဘာဝအတိုင္ ေႂကြက်လာရင္ မင္းသိမ္းထားရမယ္။ အဲ့ဒါက အရမ္း အက်ိဳး႐ွိလိမ့္တယ္"
စုလင္းက ေခါင္းညိတ္ၿပီး
"ဟုတ္ကဲ့"
နီအန္းက အရည္၂မ်ိဳးကို ေလ့လာဖို႔ မေစာင့္ႏိုင္ေတာ့ေပ။ သူသိပ္ၾကာၾကာလည္း မေစာင့္ေတာ့ပဲ ျပန္ခါနီးမွာ
"ငါ ဒါကို ေလ့လာၿပီး သူ႕တန္ဖိုးကို ဆုံးျဖတ္ေပးမယ္။ ၿပီးရင္ ငါ ဒီကုန္ၾကမ္းအတြက္ က်သင့္ေငြကို လႊဲေပးမယ္"
"လႊဲစရာ မလိုပါဘူး။"
စုလင္းက ႐ိုးသားစြာပဲ ျငင္းဆိုခဲ့သည္။
"တန္ဖိုး သတ္မွတ္တာနဲ႔တင္ ကြၽန္ေတာ္အတြက္ အရမ္းေကာင္းေနၿပီ။ ဆရာက ကြၽန္ေတာ္႕ကို အမ်ားႀကီး ကူညီေပးခဲ့တာ"
နီအန္းက မျငင္းေပ။
"ေကာင္းၿပီ။ ငါ ၿပီးရင္ စိတ္ဝိညာဥ္ပင္မွတ္ပုံတင္ေရးအသင္း ဒါ႐ိုက္တာရဲ႕ အခ်က္အလက္ေတြ မင္းဆီ ပို႔လိုက္မယ္၊ မနက္ျဖန္ သူ႕ဆီသာ တိုက္႐ိုက္သြားေတြ႕လို႔ရတယ္"
စုလင္းက သူ႕ကို ေက်းဇူးတင္ေၾကာင္းေျပာလိုက္ၿပီး နီအန္းက ႏႈတ္ဆက္လာခဲ့ၿပီး စုလင္း အျပင္ထိ လိုက္ပို႔လိုက္သည္။
Rainbow fart
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue'note
Update ၾကာသြားတာ ေတာင္းပန္ပါတယ္။ ဆူၾကပါ Jue ေလး အပ်င္းတစ္ေနလို႔ပါ။
ခါးနာတာလည္း Reader ေလးတို႔ ဆုေတာင္းေပးလို႔ တန္းသက္သာသြားပါတယ္။ စိတ္ပူေပးၾကတာ ေက်းဇူးပါ႐ွင့္
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋