ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

90

10.7K 1.5K 104
By Kiyoiko__

{Unicode}

"Phone Call"

ရန်ကျားလိသည် အောက်ထပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ ၀င်လာသည်။

လျိုရွှင်းသည် စားသောက်ဆိုင်ထဲ ပြတင်းပေါက်နားရှိ ထိုင်ခုံပေါ်တွင် အပြုံးမျက်နှာဖြင့် ထိုင်နေသည်။

သူသည် အပြာရင့်ရောင် ကုတ်အင်္ကျီနှင့် ​​အနက်ဗြောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စားထားပုံမှာ ခါတိုင်းထက်ပို၍ သမားရိုးကျ ဆန်နေသည်။ ယုတ်စွအဆုံး ဆံပင်ကိုပင် သပ်သပ်ရပ်ရပ် ရှိစေရန် ဂျယ်ဖြင့် ဖြီးလိမ်းထားသည်။ ပုံမှန်ဆိုလျှင် လွတ်လပ် ပေါ့ပါးစွာ နေတတ်သူဟု ထင်ရသည့် အမျိုးသားထံတွင် ယနေ့တွင်တော့ အထက်တန်းစား ဟန်ပန်တို့က ပိုမို အလေးသာသွားသလိုပင်။

ရန်ကျားလိ ရောက်လာသည်ကို မြင်သောအခါ လျင်လျင်မြန်မြန် လက်ဝှေ့ယမ်းပြလိုက်ပြီး

"ရှောင်ရန်၊ လာ"

ရန်ကျားလိသည် ခပ်ထူထူ စာအိတ်ကို ညှပ်ကိုင်ထားပြီး စားပွဲအတန်းလိုက်ကို ကျော်ဖြတ်ကာ ပြတင်းပေါက်နားရှိ စားပွဲနားတွင် ထိုင်ချလိုက်သည်။

သူသည် လျိုရွှင်းမျက်နှာထက်မှ အပြုံးကို မြင်သောအခါ အထူးတဆန်း ဖြစ်သွားပြီး မေးလာသည်။

"ရွှင်းကော၊ ဒီနေ့ ဘယ်လိုဖြစ်တာလဲ။ ဘာလို့ အဲ့လောက် ဝမ်းသာအားရ ပြုံးနေရတာလဲ"

လျိုရွှင်းက မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး

"ကိုယ် ဒီတလော အနောက်တိုင်းစာ စားဖိုမှူး ရှာပြီး ကိုယ့်ရဲ့ ဟင်းချက်စွမ်းရည်ကို တိုးအောင်လုပ်ဖို့ စဥ်းစားနေတာ၊ အောင်မြင်မှု အသေးစားလေးလို့ ပြောလို့ရတယ်။ ဒီနေ့ညစာကို တခြားဟာ မစားနဲ့တော့၊ ကိုယ်လုပ်ထားတဲ့ အမဲကင်ကိုပဲ မြည်းကြည့်၊ ဘယ်လိုလဲ"

ရန်ကျားလိသည် မျက်ခုံးပင့်သွားပြီး

"ရတာပေါ့"

လျိုရွှင်းက ခပ်ဖျော့ဖျော့ ပြုံးရင်း ခေါင်းမော့လာသည်။ တစ်ဖက်မှ စားပွဲထိုးထံ လက်ဖျောက် တစ်ချက် တီးလိုက်သည်။

အမဲကင် လာမချသေးခင်တွင် ထိုစားသောက်ဆိုင် တံခါးက ထပ်မံပွင့်လာပြီး အပြင်မှ လူတစ်အုပ်လိုက် ဝင်လာကြသည်။

ထိုလူများသည် အရပ်လေးမျက်နှာကို တစ်ချက် စူးစမ်း ရှာဖွေလိုက်ပြီး နေရာရှာတွေ့သွားကာ ထိုင်လိုက်ပြီးနောက် စားစရာများ သုံးဆောင်တော့သည်။

သို့သော်ငြား အတော်လေးတော့ ထူးဆန်းနေပါသေးသည်။ ပတ်ပတ်လည်တွင် နေရာလွတ် အများကြီး ရှိရဲ့သားနှင့် ထိုလူများသည် ဘာကြောင့်ရယ် မသိ၊ ရန်ကျားလိ၏ ထိုင်ခုံနှင့် နီးနိုင်သမျှ အနီးဆုံးတွင် တိုးကပ် ထိုင်နေကြသည်။ ထို့အပြင် စကားလည်း သိပ်မပြောဘဲ အစားအစာများ မှာပြီးနောက် တိတ်တိတ်ဆိတ်ဆိတ် စောင့်နေကြသည်။

ရန်ကျားလိ၏ စိတ်ထဲတွင် စိုးစဥ်မျှသော ပဟေဠိတို့ ဗလုံစီလာပြီး ခိုးကာဝှက်ကာနှင့် တစ်ချက် ကြည့်လိုက်ရာ ထိုလူများကို မြင်ဖူးနေသည်ဟုသာ ခံစားလိုက်ရသည်။ အပန်းဖြေ စံအိမ်ထဲတွင် အချိန်အတိုင်းအတာ တစ်ခုထိ နေထိုင်ခဲ့သော ခရီးသွား ဧည့်သည်များ ဖြစ်ပုံရပြီး ပုံမှန်အားဖြင့် စံအိမ်ထဲ လှည့်ပတ်သွားလာရင်း တစ်ကြိမ်နှစ်ကြိမ်လောက် ကြုံကြိုက်ခဲ့ဖူးတာမျိုး ဖြစ်ရင်ဖြစ်ပါလိမ့်မည်။

ရန်ကျားလိက သူ့အကြည့်များကို ရုတ်သိမ်းသွားသောအခါ ထိုလူတစ်အုပ်က သိုသိုဝှက်ဝှက်နှင့် မျက်လုံးဒေါက်ထောက် ကြည့်လာကြသည်။

ထိုအထဲတွင် ရန်ကျားလိနှင့် အနီးကပ်ဆုံး နေရာတွင် ရှိသော လူတစ်ယောက်သည် အသံမထွက်အောင် ဖုန်းကိုထုတ်လိုက်ပြီး မသိမသာနှင့် စားပွဲပေါ် မှောက်ရက် တင်လိုက်သည်။

စားပွဲထိုးသည် လျိုရွှင်းကိုယ်တိုင် ကင်ထားသည့် အမဲကင်ကို ယူလာပေးသည်။

လျိုရွှင်းသည် ရန်ကျားလိရှေ့သို့ ဓားနှင့် ခက်ရင်းကို တွန်းပို့ပေးလိုက်ပြီး အနည်းငယ် မျှော်လင့်တကြီးနဲ့ ပြောလာသည်။

"မြည်းကြည့်"

ရန်ကျားလိသည် ဓားနှင့် ခက်ရင်းကို ယူလိုက်ကာ အတုံးသေးလေး လှီးဖြတ်ပြီးနောက် ပါးစပ်ထဲထည့်ကာ ခဏလောက် ဝါးလိုက်သည်။

အသားက နူးညံ့ပြီး ဝါးလိုက်လျှင်လည်း နူးအိနေသည်။ အနည်းငယ်တော့ ပူနေသေးသော်လည်း အားလုံး ခြုံကြည့်လိုက်လျှင်တော့ မဆိုးလှဘူးဟု သတ်မှတ်၍ရသည်။

ရန်ကျားလိသည် တစ်လုတ် မျိုချလိုက်ပြီးနောက် မဆိုင်းမတွ ချီးကျူးလာသည်။

"ရက်နည်းနည်းလောက် လေ့ကျင့်လိုက်ရုံနဲ့ ဒီလိုလက်ရာတောင် ဖြစ်နေပြီ။ ရွှင်းကော၊ မထင်ရဘူး။ ခင်ဗျားက တော်တော် အရည်အချင်း ရှိတာပဲ"

လျိုရွှင်းသည် ထိုစကားကို ကြားသည်နှင့် ဝမ်းသာသွားပြီး ခန့်ညားသည့် မျက်ဝန်းတစ်စုံမှ အလင်းတန်းများ ဖြာထွက်လာသည်။

နှစ်ယောက်သားသည် ရယ်ရယ်ပြောပြောနှင့် အမဲကင်ကို စားကုန်သွားကြသည်။

စားသောက်ခြင်းအမှု လက်စသတ်သွားကာမှ လျိုရွှင်းသည် ရန်ကျားလိ လက်ဘေးတွင် ထားထားသော စာအိတ်ထူကြီးကို သတိထားမိသွားပုံရပြီး ညွှန်ပြရင်း မေးလာသည်။

"ဘာကြီးလဲ"

ရန်ကျားလိ၏ အပြုအမူက တစ်ချက် ရပ်တန့်သွားပြီး ဓားနှင့်ခက်ရင်းကို ချထားလိုက်သည်။

သူသည် ခေါင်းကုတ်လိုက်ပြီး စာအိတ်ကို ယူလိုက်ကာ လျိုရွှင်းရှေ့ ထိုးပေးလိုက်သည်။ ထို့နောက် အနည်းငယ် နေရခက်စွာနှင့် ပြောလာသည်။

"ခင်ဗျားကို ပေးတာ"

လျိုရွှင်းသည် ထူးဆန်းစွာနှင့် သြော်ဟု အသံပြုကာ စာအိတ်ကို လက်ခံလိုက်ပြီး မစောင့်ဆိုင်းနိုင်စွာ ဖွင့်ကြည့်လိုက်သည်။

အထဲတွင် ပန်းရောင် ငွေသားစာရွက်များ အထပ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ လျိုရွှင်း၏ မျက်နှာပေါ်မှ အပြုံးဟာ အနည်းငယ်မျှ တောင့်တင်းသွားပြီး

"ဒါက ဘာအဓိပ္ပါယ်လဲ"

ရန်ကျားလိ၏ လေသံမှာ အတော်လေး ဖြောင့်မှန်ရိုးသားနေပြီး

"ခင်ဗျားရဲ့စံအိမ်မှာ ရှိခဲ့တဲ့ အတောအတွင်း စားစရာရော နေစရာပါ ပြင်ဆင်ပေးပြီး ကျွန်တော့်ကိုလည်း လည်ပတ်ဖို့ ခေါ်သွားပေးသေးတယ်။ ခင်ဗျားကို ပိုက်ဆံတွေ အများကြီး ကုန်သွားစေတာမို့ ကျွန်တော်လည်း အားနာရပါတယ်။ ကျွန်တော့်အထင် အပြင်ဘက်မှာလည်း အေးချမ်းနေလောက်ပြီဆိုတော့ အခုလောလောဆယ် ဒီမှာပဲ နေနေသေးပေမယ့် နောက်ဆိုရင်တော့ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် စီစဥ်ရတော့မယ် ထင်တယ်။ ကျေးဇူးပါ ရွှင်းကော၊ ဒီပိုက်ဆံတွေ ခင်ဗျား ယူထားလိုက်ပါ"

လျိုရွှင်း၏ မျက်နှာသည် ထိုအခိုက်တွင် နစ်မြှုပ်သွားသည်။

သူသည် စာအိတ်ကို ဖိချလိုက်ပြီး မပျော်မရွှင်နှင့်

"ရှောင်ရန်၊ ကိုယ်မင်းကို လက်ခံထားတာက မင်းရဲ့ပိုက်ဆံကြောင့် မဟုတ်ပါဘူး"

"ဒါပေမဲ့၊ ကျွန်တော် တကယ်..."

ရန်ကျားလိ၏ စကားပင် မဆုံးသေး လျိုရွှင်းက လေးလေးနက်နက်နှင့် ကြားဖြတ်ပြီး မေးလာသည်။

"မင်းထွက်သွားတော့မလို့လား"

ရန်ကျားလိက အတည်ပေါက်ကြီး ခေါင်းညိတ်ပြလိုက်ပြီး

"အစကတော့ ခဏလောက် ပုန်းနေဦးမလို့ပါပဲ။ အခုတော့ ထွက်သွားလည်း ပြဿနာ မရှိလောက်တော့ပါဘူး။ ကျွန်တော်က အပြင်မှာ အခန်းတစ်ခန်း ဌားပြီး နောက်မှ ဖြည်းဖြည်းချင်း တခြားဟာတွေကို စီစဥ်ချင်လို့ပါ"

လျိုရွှင်းသည် စာအိတ်ကို စားပွဲ၏ တစ်ဖက်တွင် ချထားလိုက်ပြီး အကြည့်များက ရန်ကျားလိ၏ မျက်နှာထက်တွင် ပိတ်မိနေသည်။

သူ့လေသံထဲတွင်လည်း အနည်းငယ်  မျှော်လင့်ချက် ပျက်နေဟန်တို့ ကပ်ပါလာသည်။

"ကောင်းကောင်း နေနေခဲ့တာပဲ မဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားမှာလဲ"

"ကျွန်တော်လည်း ပုံမှန်ဘဝကို ပြန်သွားသင့်တဲ့ အချိန်ရောက်ပြီလေ။ အမြဲတမ်း ပုန်းရှောင်နေဖို့မှ မဖြစ်နိုင်တာ"

လျိုရွှင်း၏ မျက်လုံး အကြည့်များကပါ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်လာသည်။

အတန်ကြာမှ ခြောက်ကပ်နေသော လည်ချောင်းနှင့် ရုတ်တရက် ခပ်ဖျော့ဖျော့ စကားဆိုလာသည်။

"မသွားပါနဲ့၊ ဆက်နေပါဦး"

ရန်ကျားလိ စကားမပြောခင်တွင် လျိုရွှင်းသည် ရုတ်တရက် သူ့လက်ကို ထပ်မံ ဆန့်ထုတ်လိုက်ပြီး ရန်ကျားလိ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ မျက်လုံးထဲတွင် စိတ်အားထက်သန်သော ရိုးသားမှု၊ ပိုလေးနက်သော လေသံဖြင့်

"ရန်ရန်၊ အဲ့လောက် မြန်မြန်ကြီး မထွက်သွားပါနဲ့။ နည်းနည်းလောက် ထပ်နေပါဦး၊ ရတယ်မလား"

ရန်ကျားလိ၏ လက်အား လျိုရွှင်းက ဆုပ်ကိုင်ထားသောအခါ အနည်းငယ် နေရခက်လာသည်။

သူသည် လက်မောင်းအားကို စိုက်ထုတ်လိုက်ပြီး လက်ကို လျိုရွှင်း၏ လက်ဖဝါးထဲမှ ဆွဲထုတ်လိုက်ချင်သော်လည်း လျိုရွှင်းက အတင်းဆုပ်ကိုင်ထားပြီး အလွတ် မပေးပေ။

ရန်ကျားလိသည် မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး

"ရွှင်းကော?"

လျိုရွှင်း၏ မျက်ဝန်းများသည် တဖြည်းဖြည်းနှင့် ပူလောင်လာပြီး ရန်ကျားလိ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ ပြောလာသည်။

"ရန်ရန်၊ ဒီအတောအတွင်း မင်းဒီမှာ နေနေတာက ဝန်ပိုကြီး ဖြစ်နေတယ်လို့ ကိုယ် တစ်စက်လေးတောင် မတွေးဖူးပါဘူး။ အမှန်တိုင်း ပြောရရင် မင်း တတိယနှစ် ယဲ့ထင်က မင်းကို အပြင်မှာ အခန်းဌားနေဖို့ ခေါ်သွားကတည်းက ကိုယ်မင်းကို ထပ်မတွေ့နိုင်တော့လို့ အရမ်း နောင်တရနေခဲ့တာ။ ဟိုင်ကောက မင်းကို ကူညီပြီး လက်ခံထားပေးဖို့ ပြောတဲ့အချိန်မှာ ကိုယ်တကယ်ကို အရမ်းဝမ်းသာသွားတာ"

ရန်ကျားလိသည် လျိုရွှင်း ဆက်ပြောလာမည့် အကြောင်းအရာကို ယောင်ယောင်ဝါးဝါးနှင့် သတိပြုမိသွားပြီး အသက်ရှုသံမှာ ဖရိုဖရဲ ဖြစ်လာသည်။

လျိုရွှင်း၏ လည်စလုပ်က လှုပ်ရမ်းသွားပြီး စကားဆက်လာသည်။

"ဒီအတောအတွင်း မင်းနဲ့ ပေါင်းကြည့်လိုက်တော့ ကိုယ်တကယ်ပဲ မင်းရဲ့ အကျင့်စရိုက်တွေကို သဘောကျမိသွားတာ သိလိုက်ရတယ်။ မင်း စိတ်ရင်းအမှန်နဲ့ ရိုးရိုးသားသား ပြုံးနေတာကို မြင်လိုက်တိုင်း ကိုယ်လည်း အတူတူ လိုက်ပျော်နေမိတယ် ထင်တယ်။ ကိုယ် အဲ့လို ခံစားချက်ကို အရမ်းသဘောကျတာပဲ"

"အဲ့ဒါကြောင့် ရန်ရန်"

လျိုရွှင်းသည် ထိုအထိ ပြောပြီးနောက် ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး စေ့စေ့စိုက်ကြည့်ကာ

"မင်းကအခု စင်ဂယ်လ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ်မင်းကို မေးချင်တာက တကယ်လို့ မင်းသာ သဘောတူမယ်ဆိုရင် ကိုယ်တို့...စမ်းကြည့်လို့ ရမလား"

ရန်ကျားလိ၏ ဦးနှောက်က ခဲတောင့်သွားပြီး မျက်လုံးများပါ ပြူးကျယ်လာသည်။

အံ့အားသင့်သွားသူက သူတင်မဟုတ်ဘဲ နံဘေးတွင် ငြိမ်သက်စွာ ထိုင်နေသော စားသုံးသူ အနည်းငယ်သည်လည်း တိတ်တိတ်ကလေး အသက်ရှူ ကျပ်ကုန်တော့သည်။

ရန်ကျားလိနှင့် အနီးဆုံးတွင် ရှိသောလူ၏ မျက်နှာမှာ ပိုလို့ပင် ဖြူဆုတ်လာပြီး အကြည့်များက မိမိကိုယ်တိုင် စားပွဲပေါ် တင်ထားသော ဖုန်းကို မရပ်မနား စိုက်ကြည့်နေသည်။

ဖုန်းမှာ စားပွဲခုံ၏ ဖန်သားပြင်ထက်တွင် မှောက်ရက် ချထားခြင်းဖြစ်သည်။

ထိုဖန်သားပြင် စားပွဲ၏ အောက်ဘက်မှ ကြည့်လိုက်မည်ဆိုလျှင် လင်းနေသော ဖုန်းစခရင်ကို တွေ့ရလိမ့်မည်။

အလယ်နားလောက်တွင် ဖုန်းခေါ်ဆိုသည့် ကြာချိန်အား စာလုံးသေးလေးဖြင့် အတန်းလိုက် ဖော်ပြထားပြီး ကိန်းဂဏန်းများက ရေတွက်နေဆဲဖြစ်ကာ ခေါ်ဆိုမှုက ဆက်လက် ဖြစ်တည်နေသည်။

စာလုံးသေးလေးများ၏ အပေါ်တွင် ဖြူတောက်တောက် စာလုံးကြီး နှစ်လုံးရှိနေသည်။

ဥက္ကဌယဲ့။
.
.
.
.
.
စာရေးသူတွင် ပြောစရာ ရှိပါသည်။

(Author's Note for Part 88)

ငါတစ်ခုလောက် ပြောချင်လို့ပါ။ ယဲ့ထင်က တကယ်တော့ အရမ်း ဆိုးတယ်လို့ သတ်မှတ်လို့တော့ မရဘူး။ သူနဲ့ ရန်ရန်ကြားမှာ လစ်ဟင်းနေတာက စာနာမှုပဲလေ၊ အဲ့တစ်ချက်ပဲ ပြောင်းလဲဖို့ လိုတာပါ။ ယဲ့ထင်နဲ့ ရန်ရန်က တစ်ဖက်သတ် ချစ်ခဲ့ကြတာလည်း မဟုတ်ဘူး။ သူတို့က တက္ကသိုလ်ထဲက လေးနှစ်လောက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလာကြတာ၊ သေချာပေါက် တစ်ယောက်နဲ့ တစ်ယောက်က ခံစားချက်တွေနဲ့ ပေါင်းဖက်ထားခဲ့ကြတာပေါ့။ အဲ့တစ်ချက်ကို ရေးတုန်းက ငါနောက်ကြောင်း ပြန်တာတွေကို အများကြီး ထည့်ရေးမိသွားရင် မူလဇာတ်လမ်းရဲ့ အသွားအလာကို နှောင့်နှေးကုန်မှာရယ်၊ အားလုံးကိုလည်း စာအရှည်ကြီးတွေ ဖတ်ခိုင်းရမှာ ဆိုးတာနဲ့ ရေးတာက ပိုပြီး နည်းနည်းသွားတယ်။ အဲ့အကြောင်းကို ငါထည့်ပြီး မစဥ်းစားခဲ့မိလို့ တောင်းပန်ပါတယ်။

အခုတော့ နှစ်ယောက်အကြားမှာ အလှည့်အပြောင်းလေးတွေ ဝင်လာတော့မှာပါ။ အားလုံး စိတ်ချ၊ အလှည့်အပြောင်းက မကြာခင် ရောက်လာတော့မှာ~

(Author's Note for Part 89)

အား နောက်လာမယ့် အပိုင်းတွေကို ငါတောင် ကြိုက်နေပြီ။ ယဲ့ခွေးနဲ့ ရန်ရန်ကလည်း ထိုးဖောက်ဖို့ ပြင်ဆင်နေပါပြီ (အဝါတော့မဟုတ်) ချဥ်စူးရာကနေ နည်းနည်းလေး ချိုမြိန်မြိန် ဖြစ်လာပါတော့မယ်။ နောက်တော့ မီးသင်္ဂြိုဟ်စက်ထဲက ရှောက်ခွေးရဲ့ ဝုတ်ဝုတ် အူငင်သံကို နားထောင်လိုက်ကြတာပေါ့ ဟားဟားဟား

(Author's Note for Part 90)

မကြာခင်မှာပဲ ဇာတ်ကွက်တွေက အရှိန်အဟုန်နဲ့ ပြန်စလာတော့မှာ။ ငါအသက် ပြင်ပြင်း ရှူလိုက်ပြီး ခေါင်းငုံ့ပြီးရင် စတင် မွှေနှောက်ပါတော့မယ်။

(TN/ TN တွေ ခဏခဏ ထည့်နေရတာ အားနာပါတယ်...အရင်ယူတဲ့ Website ကလေ ဒီလို AN လေးတွေ မပါဘူးတော့။ ကိုယ်က ဟယ် Mao Ge က စကားနည်းလှချည်လား လုပ်နေတာ AN လေးတောင် မထည့်ဘူးပေါ့ဆိုပြီး🥲 ဘယ်ဟုတ်မှာလဲ Website ကဖျက်ချထားတာ ဖြစ်မယ်။ နောက် အဲ့ Website က Data တွေ Password တွေလည်း Hack တတ်တယ်ထင်ရ မနေ့က Chrome က လုံးဝကို ပေးမဝင်တော့ဘူး အဲ့ Website ထဲကို....

အာ့နဲ့ ရှာရင်းရှာရင်း ဒီ Website ကိုတွေ့လာတာ သူက အပိုင်းလိုက် မဟုတ်ဘဲ စာမျက်နှာတွေနဲ့.....စုစုပေါင်း ၁၃၁မျက်နှာရှိတယ် ဒါပေမဲ့ အခုမှ ၅၆မျက်နှာပဲ ရှိသေးတာဆိုတော့ လာပါ အီစိမ့်သွားအောင် ဖတ်ကြတာပေါ့🤧

Mao Ge က အပိုဒ်တိုင်းလိုလို AN တွေထည့်ပါတယ် နာကျင်နေပြီ ဒါပေမဲ့ များသောအားဖြင့် ဘယ်အချိန် အပ်ဒိတ်မလဲ ဘာညာထည့်တာပဲ များတာမို့ အရှေ့ပိုင်းတွေတော့ လိုက်မ Edit တော့ဘူးနော်)

In the Group Chat:

လိမ္မော်ရောင် ကြောင်ကိုကို : ယဲ့ခွေးက ဘလာ ဘလာ ဘလာ

Also လိမ္မော်ရောင် ကြောင်ကိုကို : တကယ်တော့ ယဲ့ထင်က ဆိုးတယ်လို့ ပြောလို့မရပါဘူး....

Then Yeting :

15/1/2022(Sat)

                            ×××

{Zawgyi}

"Phone Call"

ရန္က်ားလိသည္ ေအာက္ထပ္ရွိ စားေသာက္ဆိုင္ တစ္ဆိုင္သို႔ ၀င္လာသည္။

လ်ိဳ႐ႊင္းသည္ စားေသာက္ဆိုင္ထဲ ျပတင္းေပါက္နားရွိ ထိုင္ခုံေပၚတြင္ အၿပဳံးမ်က္ႏွာျဖင့္ ထိုင္ေနသည္။

သူသည္ အျပာရင့္ေရာင္ ကုတ္အက်ႌႏွင့္ ​​အနက္ေျဗာင္ အေနာက္တိုင္း ဝတ္စုံကို ဝတ္ဆင္ထားသည္။ ဝတ္စားထားပုံမွာ ခါတိုင္းထက္ပို၍ သမား႐ိုးက် ဆန္ေနသည္။ ယုတ္စြအဆုံး ဆံပင္ကိုပင္ သပ္သပ္ရပ္ရပ္ ရွိေစရန္ ဂ်ယ္ျဖင့္ ၿဖီးလိမ္းထားသည္။ ပုံမွန္ဆိုလွ်င္ လြတ္လပ္ ေပါ့ပါးစြာ ေနတတ္သူဟု ထင္ရသည့္ အမ်ိဳးသားထံတြင္ ယေန႔တြင္ေတာ့ အထက္တန္းစား ဟန္ပန္တို႔က ပိုမို အေလးသာသြားသလိုပင္။

ရန္က်ားလိ ေရာက္လာသည္ကို ျမင္ေသာအခါ လ်င္လ်င္ျမန္ျမန္ လက္ေဝွ႔ယမ္းျပလိုက္ၿပီး

"ေရွာင္ရန္၊ လာ"

ရန္က်ားလိသည္ ခပ္ထူထူ စာအိတ္ကို ညႇပ္ကိုင္ထားၿပီး စားပြဲအတန္းလိုက္ကို ေက်ာ္ျဖတ္ကာ ျပတင္းေပါက္နားရွိ စားပြဲနားတြင္ ထိုင္ခ်လိုက္သည္။

သူသည္ လ်ိဳ႐ႊင္းမ်က္ႏွာထက္မွ အၿပဳံးကို ျမင္ေသာအခါ အထူးတဆန္း ျဖစ္သြားၿပီး ေမးလာသည္။

"႐ႊင္းေကာ၊ ဒီေန႔ ဘယ္လိုျဖစ္တာလဲ။ ဘာလို႔ အဲ့ေလာက္ ဝမ္းသာအားရ ၿပဳံးေနရတာလဲ"

လ်ိဳ႐ႊင္းက မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္လုပ္ၿပီး

"ကိုယ္ ဒီတေလာ အေနာက္တိုင္းစာ စားဖိုမႉး ရွာၿပီး ကိုယ့္ရဲ႕ ဟင္းခ်က္စြမ္းရည္ကို တိုးေအာင္လုပ္ဖို႔ စဥ္းစားေနတာ၊ ေအာင္ျမင္မႈ အေသးစားေလးလို႔ ေျပာလို႔ရတယ္။ ဒီေန႔ညစာကို တျခားဟာ မစားနဲ႔ေတာ့၊ ကိုယ္လုပ္ထားတဲ့ အမဲကင္ကိုပဲ ျမည္းၾကည့္၊ ဘယ္လိုလဲ"

ရန္က်ားလိသည္ မ်က္ခုံးပင့္သြားၿပီး

"ရတာေပါ့"

လ်ိဳ႐ႊင္းက ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးရင္း ေခါင္းေမာ့လာသည္။ တစ္ဖက္မွ စားပြဲထိုးထံ လက္ေဖ်ာက္ တစ္ခ်က္ တီးလိုက္သည္။

အမဲကင္ လာမခ်ေသးခင္တြင္ ထိုစားေသာက္ဆိုင္ တံခါးက ထပ္မံပြင့္လာၿပီး အျပင္မွ လူတစ္အုပ္လိုက္ ဝင္လာၾကသည္။

ထိုလူမ်ားသည္ အရပ္ေလးမ်က္ႏွာကို တစ္ခ်က္ စူးစမ္း ရွာေဖြလိုက္ၿပီး ေနရာရွာေတြ႕သြားကာ ထိုင္လိုက္ၿပီးေနာက္ စားစရာမ်ား သုံးေဆာင္ေတာ့သည္။

သို႔ေသာ္ျငား အေတာ္ေလးေတာ့ ထူးဆန္းေနပါေသးသည္။ ပတ္ပတ္လည္တြင္ ေနရာလြတ္ အမ်ားႀကီး ရွိရဲ႕သားႏွင့္ ထိုလူမ်ားသည္ ဘာေၾကာင့္ရယ္ မသိ၊ ရန္က်ားလိ၏ ထိုင္ခုံႏွင့္ နီးႏိုင္သမွ် အနီးဆုံးတြင္ တိုးကပ္ ထိုင္ေနၾကသည္။ ထို႔အျပင္ စကားလည္း သိပ္မေျပာဘဲ အစားအစာမ်ား မွာၿပီးေနာက္ တိတ္တိတ္ဆိတ္ဆိတ္ ေစာင့္ေနၾကသည္။

ရန္က်ားလိ၏ စိတ္ထဲတြင္ စိုးစဥ္မွ်ေသာ ပေဟဠိတို႔ ဗလုံစီလာၿပီး ခိုးကာဝွက္ကာႏွင့္ တစ္ခ်က္ ၾကည့္လိုက္ရာ ထိုလူမ်ားကို ျမင္ဖူးေနသည္ဟုသာ ခံစားလိုက္ရသည္။ အပန္းေျဖ စံအိမ္ထဲတြင္ အခ်ိန္အတိုင္းအတာ တစ္ခုထိ ေနထိုင္ခဲ့ေသာ ခရီးသြား ဧည့္သည္မ်ား ျဖစ္ပုံရၿပီး ပုံမွန္အားျဖင့္ စံအိမ္ထဲ လွည့္ပတ္သြားလာရင္း တစ္ႀကိမ္ႏွစ္ႀကိမ္ေလာက္ ႀကဳံႀကိဳက္ခဲ့ဖူးတာမ်ိဳး ျဖစ္ရင္ျဖစ္ပါလိမ့္မည္။

ရန္က်ားလိက သူ႔အၾကည့္မ်ားကို ႐ုတ္သိမ္းသြားေသာအခါ ထိုလူတစ္အုပ္က သိုသိုဝွက္ဝွက္ႏွင့္ မ်က္လုံးေဒါက္ေထာက္ ၾကည့္လာၾကသည္။

ထိုအထဲတြင္ ရန္က်ားလိႏွင့္ အနီးကပ္ဆုံး ေနရာတြင္ ရွိေသာ လူတစ္ေယာက္သည္ အသံမထြက္ေအာင္ ဖုန္းကိုထုတ္လိုက္ၿပီး မသိမသာႏွင့္ စားပြဲေပၚ ေမွာက္ရက္ တင္လိုက္သည္။

စားပြဲထိုးသည္ လ်ိဳ႐ႊင္းကိုယ္တိုင္ ကင္ထားသည့္ အမဲကင္ကို ယူလာေပးသည္။

လ်ိဳ႐ႊင္းသည္ ရန္က်ားလိေရွ႕သို႔ ဓားႏွင့္ ခက္ရင္းကို တြန္းပို႔ေပးလိုက္ၿပီး အနည္းငယ္ ေမွ်ာ္လင့္တႀကီးနဲ႔ ေျပာလာသည္။

"ျမည္းၾကည့္"

ရန္က်ားလိသည္ ဓားႏွင့္ ခက္ရင္းကို ယူလိုက္ကာ အတုံးေသးေလး လွီးျဖတ္ၿပီးေနာက္ ပါးစပ္ထဲထည့္ကာ ခဏေလာက္ ဝါးလိုက္သည္။

အသားက ႏူးညံ့ၿပီး ဝါးလိုက္လွ်င္လည္း ႏူးအိေနသည္။ အနည္းငယ္ေတာ့ ပူေနေသးေသာ္လည္း အားလုံး ၿခဳံၾကည့္လိုက္လွ်င္ေတာ့ မဆိုးလွဘူးဟု သတ္မွတ္၍ရသည္။

ရန္က်ားလိသည္ တစ္လုတ္ မ်ိဳခ်လိုက္ၿပီးေနာက္ မဆိုင္းမတြ ခ်ီးက်ဴးလာသည္။

"ရက္နည္းနည္းေလာက္ ေလ့က်င့္လိုက္႐ုံနဲ႔ ဒီလိုလက္ရာေတာင္ ျဖစ္ေနၿပီ။ ႐ႊင္းေကာ၊ မထင္ရဘူး။ ခင္ဗ်ားက ေတာ္ေတာ္ အရည္အခ်င္း ရွိတာပဲ"

လ်ိဳ႐ႊင္းသည္ ထိုစကားကို ၾကားသည္ႏွင့္ ဝမ္းသာသြားၿပီး ခန္႔ညားသည့္ မ်က္ဝန္းတစ္စုံမွ အလင္းတန္းမ်ား ျဖာထြက္လာသည္။

ႏွစ္ေယာက္သားသည္ ရယ္ရယ္ေျပာေျပာႏွင့္ အမဲကင္ကို စားကုန္သြားၾကသည္။

စားေသာက္ျခင္းအမႈ လက္စသတ္သြားကာမွ လ်ိဳ႐ႊင္းသည္ ရန္က်ားလိ လက္ေဘးတြင္ ထားထားေသာ စာအိတ္ထူႀကီးကို သတိထားမိသြားပုံရၿပီး ၫႊန္ျပရင္း ေမးလာသည္။

"ဘာႀကီးလဲ"

ရန္က်ားလိ၏ အျပဳအမူက တစ္ခ်က္ ရပ္တန္႔သြားၿပီး ဓားႏွင့္ခက္ရင္းကို ခ်ထားလိုက္သည္။

သူသည္ ေခါင္းကုတ္လိုက္ၿပီး စာအိတ္ကို ယူလိုက္ကာ လ်ိဳ႐ႊင္းေရွ႕ ထိုးေပးလိုက္သည္။ ထို႔ေနာက္ အနည္းငယ္ ေနရခက္စြာႏွင့္ ေျပာလာသည္။

"ခင္ဗ်ားကို ေပးတာ"

လ်ိဳ႐ႊင္းသည္ ထူးဆန္းစြာႏွင့္ ေၾသာ္ဟု အသံျပဳကာ စာအိတ္ကို လက္ခံလိုက္ၿပီး မေစာင့္ဆိုင္းႏိုင္စြာ ဖြင့္ၾကည့္လိုက္သည္။

အထဲတြင္ ပန္းေရာင္ ေငြသားစာ႐ြက္မ်ား အထပ္လိုက္ ျဖစ္ေနသည္ကို ျမင္ေသာအခါ လ်ိဳ႐ႊင္း၏ မ်က္ႏွာေပၚမွ အၿပဳံးဟာ အနည္းငယ္မွ် ေတာင့္တင္းသြားၿပီး

"ဒါက ဘာအဓိပၸါယ္လဲ"

ရန္က်ားလိ၏ ေလသံမွာ အေတာ္ေလး ေျဖာင့္မွန္႐ိုးသားေနၿပီး

"ခင္ဗ်ားရဲ႕စံအိမ္မွာ ရွိခဲ့တဲ့ အေတာအတြင္း စားစရာေရာ ေနစရာပါ ျပင္ဆင္ေပးၿပီး ကြၽန္ေတာ့္ကိုလည္း လည္ပတ္ဖို႔ ေခၚသြားေပးေသးတယ္။ ခင္ဗ်ားကို ပိုက္ဆံေတြ အမ်ားႀကီး ကုန္သြားေစတာမို႔ ကြၽန္ေတာ္လည္း အားနာရပါတယ္။ ကြၽန္ေတာ့္အထင္ အျပင္ဘက္မွာလည္း ေအးခ်မ္းေနေလာက္ၿပီဆိုေတာ့ အခုေလာေလာဆယ္ ဒီမွာပဲ ေနေနေသးေပမယ့္ ေနာက္ဆိုရင္ေတာ့ ကြၽန္ေတာ္လည္း ကိုယ့္ဘာသာကိုယ္ စီစဥ္ရေတာ့မယ္ ထင္တယ္။ ေက်းဇူးပါ ႐ႊင္းေကာ၊ ဒီပိုက္ဆံေတြ ခင္ဗ်ား ယူထားလိုက္ပါ"

လ်ိဳ႐ႊင္း၏ မ်က္ႏွာသည္ ထိုအခိုက္တြင္ နစ္ျမႇဳပ္သြားသည္။

သူသည္ စာအိတ္ကို ဖိခ်လိုက္ၿပီး မေပ်ာ္မ႐ႊင္ႏွင့္

"ေရွာင္ရန္၊ ကိုယ္မင္းကို လက္ခံထားတာက မင္းရဲ႕ပိုက္ဆံေၾကာင့္ မဟုတ္ပါဘူး"

"ဒါေပမဲ့၊ ကြၽန္ေတာ္ တကယ္..."

ရန္က်ားလိ၏ စကားပင္ မဆုံးေသး လ်ိဳ႐ႊင္းက ေလးေလးနက္နက္ႏွင့္ ၾကားျဖတ္ၿပီး ေမးလာသည္။

"မင္းထြက္သြားေတာ့မလို႔လား"

ရန္က်ားလိက အတည္ေပါက္ႀကီး ေခါင္းညိတ္ျပလိုက္ၿပီး

"အစကေတာ့ ခဏေလာက္ ပုန္းေနဦးမလို႔ပါပဲ။ အခုေတာ့ ထြက္သြားလည္း ျပႆနာ မရွိေလာက္ေတာ့ပါဘူး။ ကြၽန္ေတာ္က အျပင္မွာ အခန္းတစ္ခန္း ဌားၿပီး ေနာက္မွ ျဖည္းျဖည္းခ်င္း တျခားဟာေတြကို စီစဥ္ခ်င္လို႔ပါ"

လ်ိဳ႐ႊင္းသည္ စာအိတ္ကို စားပြဲ၏ တစ္ဖက္တြင္ ခ်ထားလိုက္ၿပီး အၾကည့္မ်ားက ရန္က်ားလိ၏ မ်က္ႏွာထက္တြင္ ပိတ္မိေနသည္။

သူ႔ေလသံထဲတြင္လည္း အနည္းငယ္  ေမွ်ာ္လင့္ခ်က္ ပ်က္ေနဟန္တို႔ ကပ္ပါလာသည္။

"ေကာင္းေကာင္း ေနေနခဲ့တာပဲ မဟုတ္လား။ ဘာလို႔ ႐ုတ္တရက္ႀကီး ထြက္သြားမွာလဲ"

"ကြၽန္ေတာ္လည္း ပုံမွန္ဘဝကို ျပန္သြားသင့္တဲ့ အခ်ိန္ေရာက္ၿပီေလ။ အၿမဲတမ္း ပုန္းေရွာင္ေနဖို႔မွ မျဖစ္ႏိုင္တာ"

လ်ိဳ႐ႊင္း၏ မ်က္လုံး အၾကည့္မ်ားကပါ အနည္းငယ္ စိတ္ပ်က္လက္ပ်က္ ျဖစ္လာသည္။

အတန္ၾကာမွ ေျခာက္ကပ္ေနေသာ လည္ေခ်ာင္းႏွင့္ ႐ုတ္တရက္ ခပ္ေဖ်ာ့ေဖ်ာ့ စကားဆိုလာသည္။

"မသြားပါနဲ႔၊ ဆက္ေနပါဦး"

ရန္က်ားလိ စကားမေျပာခင္တြင္ လ်ိဳ႐ႊင္းသည္ ႐ုတ္တရက္ သူ႔လက္ကို ထပ္မံ ဆန႔္ထုတ္လိုက္ၿပီး ရန္က်ားလိ၏ လက္ကို ခပ္တင္းတင္း ဆုပ္ကိုင္လိုက္ကာ မ်က္လုံးထဲတြင္ စိတ္အားထက္သန္ေသာ ႐ိုးသားမႈ၊ ပိုေလးနက္ေသာ ေလသံျဖင့္

"ရန္ရန္၊ အဲ့ေလာက္ ျမန္ျမန္ႀကီး မထြက္သြားပါနဲ႔။ နည္းနည္းေလာက္ ထပ္ေနပါဦး၊ ရတယ္မလား"

ရန္က်ားလိ၏ လက္အား လ်ိဳ႐ႊင္းက ဆုပ္ကိုင္ထားေသာအခါ အနည္းငယ္ ေနရခက္လာသည္။

သူသည္ လက္ေမာင္းအားကို စိုက္ထုတ္လိုက္ၿပီး လက္ကို လ်ိဳ႐ႊင္း၏ လက္ဖဝါးထဲမွ ဆြဲထုတ္လိုက္ခ်င္ေသာ္လည္း လ်ိဳ႐ႊင္းက အတင္းဆုပ္ကိုင္ထားၿပီး အလြတ္ မေပးေပ။

ရန္က်ားလိသည္ မဆိုစေလာက္ မ်က္ေမွာင္ၾကဳတ္သြားၿပီး

"႐ႊင္းေကာ?"

လ်ိဳ႐ႊင္း၏ မ်က္ဝန္းမ်ားသည္ တျဖည္းျဖည္းႏွင့္ ပူေလာင္လာၿပီး ရန္က်ားလိ၏ မ်က္လုံးမ်ားကို တိုက္႐ိုက္ၾကည့္ကာ ေျပာလာသည္။

"ရန္ရန္၊ ဒီအေတာအတြင္း မင္းဒီမွာ ေနေနတာက ဝန္ပိုႀကီး ျဖစ္ေနတယ္လို႔ ကိုယ္ တစ္စက္ေလးေတာင္ မေတြးဖူးပါဘူး။ အမွန္တိုင္း ေျပာရရင္ မင္း တတိယႏွစ္ ယဲ့ထင္က မင္းကို အျပင္မွာ အခန္းဌားေနဖို႔ ေခၚသြားကတည္းက ကိုယ္မင္းကို ထပ္မေတြ႕ႏိုင္ေတာ့လို႔ အရမ္း ေနာင္တရေနခဲ့တာ။ ဟိုင္ေကာက မင္းကို ကူညီၿပီး လက္ခံထားေပးဖို႔ ေျပာတဲ့အခ်ိန္မွာ ကိုယ္တကယ္ကို အရမ္းဝမ္းသာသြားတာ"

ရန္က်ားလိသည္ လ်ိဳ႐ႊင္း ဆက္ေျပာလာမည့္ အေၾကာင္းအရာကို ေယာင္ေယာင္ဝါးဝါးႏွင့္ သတိျပဳမိသြားၿပီး အသက္ရႈသံမွာ ဖ႐ိုဖရဲ ျဖစ္လာသည္။

လ်ိဳ႐ႊင္း၏ လည္စလုပ္က လႈပ္ရမ္းသြားၿပီး စကားဆက္လာသည္။

"ဒီအေတာအတြင္း မင္းနဲ႔ ေပါင္းၾကည့္လိုက္ေတာ့ ကိုယ္တကယ္ပဲ မင္းရဲ႕ အက်င့္စ႐ိုက္ေတြကို သေဘာက်မိသြားတာ သိလိုက္ရတယ္။ မင္း စိတ္ရင္းအမွန္နဲ႔ ႐ိုး႐ိုးသားသား ၿပဳံးေနတာကို ျမင္လိုက္တိုင္း ကိုယ္လည္း အတူတူ လိုက္ေပ်ာ္ေနမိတယ္ ထင္တယ္။ ကိုယ္ အဲ့လို ခံစားခ်က္ကို အရမ္းသေဘာက်တာပဲ"

"အဲ့ဒါေၾကာင့္ ရန္ရန္"

လ်ိဳ႐ႊင္းသည္ ထိုအထိ ေျပာၿပီးေနာက္ ႐ုတ္တရက္ အသက္ျပင္းျပင္း ရႉလိုက္ၿပီး ေစ့ေစ့စိုက္ၾကည့္ကာ

"မင္းကအခု စင္ဂယ္လ္ဆိုတာ ကိုယ္သိပါတယ္။ ကိုယ္မင္းကို ေမးခ်င္တာက တကယ္လို႔ မင္းသာ သေဘာတူမယ္ဆိုရင္ ကိုယ္တို႔...စမ္းၾကည့္လို႔ ရမလား"

ရန္က်ားလိ၏ ဦးေႏွာက္က ခဲေတာင့္သြားၿပီး မ်က္လုံးမ်ားပါ ျပဴးက်ယ္လာသည္။

အံ့အားသင့္သြားသူက သူတင္မဟုတ္ဘဲ နံေဘးတြင္ ၿငိမ္သက္စြာ ထိုင္ေနေသာ စားသုံးသူ အနည္းငယ္သည္လည္း တိတ္တိတ္ကေလး အသက္ရႉ က်ပ္ကုန္ေတာ့သည္။

ရန္က်ားလိႏွင့္ အနီးဆုံးတြင္ ရွိေသာလူ၏ မ်က္ႏွာမွာ ပိုလို႔ပင္ ျဖဴဆုတ္လာၿပီး အၾကည့္မ်ားက မိမိကိုယ္တိုင္ စားပြဲေပၚ တင္ထားေသာ ဖုန္းကို မရပ္မနား စိုက္ၾကည့္ေနသည္။

ဖုန္းမွာ စားပြဲခုံ၏ ဖန္သားျပင္ထက္တြင္ ေမွာက္ရက္ ခ်ထားျခင္းျဖစ္သည္။

ထိုဖန္သားျပင္ စားပြဲ၏ ေအာက္ဘက္မွ ၾကည့္လိုက္မည္ဆိုလွ်င္ လင္းေနေသာ ဖုန္းစခရင္ကို ေတြ႕ရလိမ့္မည္။

အလယ္နားေလာက္တြင္ ဖုန္းေခၚဆိုသည့္ ၾကာခ်ိန္အား စာလုံးေသးေလးျဖင့္ အတန္းလိုက္ ေဖာ္ျပထားၿပီး ကိန္းဂဏန္းမ်ားက ေရတြက္ေနဆဲျဖစ္ကာ ေခၚဆိုမႈက ဆက္လက္ ျဖစ္တည္ေနသည္။

စာလုံးေသးေလးမ်ား၏ အေပၚတြင္ ျဖဴေတာက္ေတာက္ စာလုံးႀကီး ႏွစ္လုံးရွိေနသည္။

ဥကၠဌယဲ့။
.
.
.
.
.
စာေရးသူတြင္ ေျပာစရာ ရွိပါသည္။

(Author's Note for Part 88)

ငါတစ္ခုေလာက္ ေျပာခ်င္လို႔ပါ။ ယဲ့ထင္က တကယ္ေတာ့ အရမ္း ဆိုးတယ္လို႔ သတ္မွတ္လို႔ေတာ့ မရဘူး။ သူနဲ႔ ရန္ရန္ၾကားမွာ လစ္ဟင္းေနတာက စာနာမႈပဲေလ၊ အဲ့တစ္ခ်က္ပဲ ေျပာင္းလဲဖို႔ လိုတာပါ။ ယဲ့ထင္နဲ႔ ရန္ရန္က တစ္ဖက္သတ္ ခ်စ္ခဲ့ၾကတာလည္း မဟုတ္ဘူး။ သူတို႔က တကၠသိုလ္ထဲက ေလးႏွစ္ေလာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းလာၾကတာ၊ ေသခ်ာေပါက္ တစ္ေယာက္နဲ႔ တစ္ေယာက္က ခံစားခ်က္ေတြနဲ႔ ေပါင္းဖက္ထားခဲ့ၾကတာေပါ့။ အဲ့တစ္ခ်က္ကို ေရးတုန္းက ငါေနာက္ေၾကာင္း ျပန္တာေတြကို အမ်ားႀကီး ထည့္ေရးမိသြားရင္ မူလဇာတ္လမ္းရဲ႕ အသြားအလာကို ေႏွာင့္ေႏွးကုန္မွာရယ္၊ အားလုံးကိုလည္း စာအရွည္ႀကီးေတြ ဖတ္ခိုင္းရမွာ ဆိုးတာနဲ႔ ေရးတာက ပိုၿပီး နည္းနည္းသြားတယ္။ အဲ့အေၾကာင္းကို ငါထည့္ၿပီး မစဥ္းစားခဲ့မိလို႔ ေတာင္းပန္ပါတယ္။

အခုေတာ့ ႏွစ္ေယာက္အၾကားမွာ အလွည့္အေျပာင္းေလးေတြ ဝင္လာေတာ့မွာပါ။ အားလုံး စိတ္ခ်၊ အလွည့္အေျပာင္းက မၾကာခင္ ေရာက္လာေတာ့မွာ~

(Author's Note for Part 89)

အား ေနာက္လာမယ့္ အပိုင္းေတြကို ငါေတာင္ ႀကိဳက္ေနၿပီ။ ယဲ့ေခြးနဲ႔ ရန္ရန္ကလည္း ထိုးေဖာက္ဖို႔ ျပင္ဆင္ေနပါၿပီ (အဝါေတာ့မဟုတ္) ခ်ဥ္စူးရာကေန နည္းနည္းေလး ခ်ိဳၿမိန္ၿမိန္ ျဖစ္လာပါေတာ့မယ္။ ေနာက္ေတာ့ မီးသၿဂႋဳဟ္စက္ထဲက ေရွာက္ေခြးရဲ႕ ဝုတ္ဝုတ္ အူငင္သံကို နားေထာင္လိုက္ၾကတာေပါ့ ဟားဟားဟား

(Author's Note for Part 90)

မၾကာခင္မွာပဲ ဇာတ္ကြက္ေတြက အရွိန္အဟုန္နဲ႔ ျပန္စလာေတာ့မွာ။ ငါအသက္ ျပင္ျပင္း ရႉလိုက္ၿပီး ေခါင္းငုံ႔ၿပီးရင္ စတင္ ေမႊေႏွာက္ပါေတာ့မယ္။

(TN/ TN ေတြ ခဏခဏ ထည့္ေနရတာ အားနာပါတယ္...အရင္ယူတဲ့ Website ကေလ ဒီလို AN ေလးေတြ မပါဘူးေတာ့။ ကိုယ္က ဟယ္ Mao Ge က စကားနည္းလွခ်ည္လား လုပ္ေနတာ AN ေလးေတာင္ မထည့္ဘူးေပါ့ဆိုၿပီး🥲 ဘယ္ဟုတ္မွာလဲ Website ကဖ်က္ခ်ထားတာ ျဖစ္မယ္။ ေနာက္ အဲ့ Website က Data ေတြ Password ေတြလည္း Hack တတ္တယ္ထင္ရ မေန႔က Chrome က လုံးဝကို ေပးမဝင္ေတာ့ဘူး အဲ့ Website ထဲကို....

အာ့နဲ႔ ရွာရင္းရွာရင္း ဒီ Website ကိုေတြ႕လာတာ သူက အပိုင္းလိုက္ မဟုတ္ဘဲ စာမ်က္ႏွာေတြနဲ႔.....စုစုေပါင္း ၁၃၁မ်က္ႏွာရွိတယ္ ဒါေပမဲ့ အခုမွ ၅၆မ်က္ႏွာပဲ ရွိေသးတာဆိုေတာ့ လာပါ အီစိမ့္သြားေအာင္ ဖတ္ၾကတာေပါ့🤧

Mao Ge က အပိုဒ္တိုင္းလိုလို AN ေတြထည့္ပါတယ္ နာက်င္ေနၿပီ ဒါေပမဲ့ မ်ားေသာအားျဖင့္ ဘယ္အခ်ိန္ အပ္ဒိတ္မလဲ ဘာညာထည့္တာပဲ မ်ားတာမို႔ အေရွ႕ပိုင္းေတြေတာ့ လိုက္မ Edit ေတာ့ဘူးေနာ္)

In the Group Chat:

လိေမၼာ္ေရာင္ ေၾကာင္ကိုကို : ယဲ့ေခြးက ဘလာ ဘလာ ဘလာ

Also လိေမၼာ္ေရာင္ ေၾကာင္ကိုကို : တကယ္ေတာ့ ယဲ့ထင္က ဆိုးတယ္လို႔ ေျပာလို႔မရပါဘူး....

Then Yeting :

15/1/2022(Sat)

                            ×××

Continue Reading

You'll Also Like

11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
209K 35K 63
||Completed|| novelတော်တော်များများမှာဆို Mlကmcရဲ့ ပုံစံအမှန်ကိုပဲ အရင်တွေ့ကြတာများပြီး ဒီတစ်ခါတော့ mlအထင်မှား ကောက်ချက်ချတဲ့ဟာလေးပါ🤣 novelေတာ္ေတာ္မ...
980K 138K 99
Title : War Prisoner(စစ်သုံ့ပန်းစစ္သံု႔ပန္း) Original Author : Li Hua Yan Yu Novel Status : 95chps+bonus Translator.: @Chocolatelover 1412(eng trans...