(zawgyi)
"အန္တီတို႔ ေဂဟာက ကေလးေတြအတြက္ အျမဲ လာေရာက္ လွဴဒါန္းေပးတဲ့ သားတို႔ မိသားစုကို တကယ္ ေက်းဇူးတင္ပါတယ္ကြယ္"
"ရပါတယ္ Mrs. Kim. ရာသီဥတုက ေတာ္ေတာ္ ေအးလာၿပီဆိုေတာ့ ကေလးေတြလည္း ေစာင္အထူေတြ လိုေနမွာ။ အခုလို ေႏြးေႏြးေထြးေထြးေလး ေနရေတာ့ အဆင္ေျပတာေပါ့။ မာမီက လိုအပ္တာ ရွိရင္ အခ်ိန္မေရြး ေျပာပါတဲ့။ အခုေတာင္ ကိုယ္တိုင္ လိုက္မလာႏိုင္လို႔ စိတ္မေကာင္းျဖစ္ေနတာ"
မိဘမဲ့ေဂဟာက ကေလးေတြကိုဆို သနားၿပီး ဂရုစိုက္ေပးတတ္တဲ့ မာမီက အခုလည္း ရာသီဥတု ပိုေအးလာလို႔ဆိုၿပီး ေဂဟာကို ေစာင္အထူေတြ ဝယ္ၿပီး ကၽြန္ေတာ့္ကို လာပို႔ခိုင္းလိုက္တယ္ေလ။
ေက်ာင္းဆင္းရင္ ေဂဟာကို သားအမိႏွစ္ေယာက္ အတူတူလာမလို႔ စီစဥ္ထားေပမယ့္ ထြက္လာခါနီးက်မွ အေရးႀကီးတဲ့ အလုပ္ကိစၥေပၚလာလို႔ဆိုၿပီး ကုမၸဏီကို သြားခဲ့ေတာ့ အခု ကၽြန္ေတာ္ တစ္ေယာက္တည္း ေရာက္လာရျခင္း။
"အကုန္ လံုလံုေလာက္ေလာက္ ေထာက္ပံ့ေပးထားလို႔ ဘာမွ မလိုေတာ့ပါဘူး သားရယ္။ အခုေတာင္ လိုအပ္တာထက္ ပိုေနပါၿပီ"
အျပင္မွာ မိုးက မုန္းတိုင္းအလား သည္းႀကီးမဲႀကီးကို ရြာေနတာမို႔လို႔ မိုးစဲမွ ျပန္မယ္ဆိုၿပီး ေဂဟာမွဴး Mrs. Kim နဲ႔ စကား ေဖာင္ဖြဲ႕ေနတုန္းမွာပင္ ဝုန္းခနဲ ပြင့္လာတဲ့ တံခါး . .
ထို႔ေနာက္မွာပင္ တစ္ကိုယ္လံုး ရြဲရႊဲစိုကာ အထဲဝင္လာတဲ့ ေကာင္ေလးေၾကာင့္ Mrs. Kim ေရာ ကၽြန္ေတာ္ပါ ခ်က္ခ်င္း သူ႔အနား ထသြားမိ၏။
"Hyuck ဘယ္လို ျဖစ္တာလဲ? တစ္ကိုယ္လံုး စိုရႊဲလို႔"
"Mark hyung?"
ကၽြန္ေတာ့္ကို ေတြ႕ေတာ့ သရဲျမင္သလို အံ့ဩသြားဟန္။
"Donghyuck . . သားေလး အထုပ္အပိုးေတြနဲ႔ပါလား? ဘာျဖစ္ခဲ့တာလဲ?"
ထိုင္ခံုတစ္ခုမွာ ထိုင္ေစကာ ေဂဟာမွဴးက ခိုက္ခိုက္တုန္ေနတဲ့ သူ႔ကို တပတ္ေတြနဲ႔ ပတ္ေပးၿပီးေတာ့ ေမးသည္။
ၾကမ္းျပင္ကိုသာ ေငးၾကည့္ေနၿပီး အေတာ္ၾကာတဲ့အထိ ျပန္မေျဖတဲ့သူေၾကာင့္ ကၽြန္ေတာ့္ စိတ္ေတြလည္း မတည္ၿငိမ္ႏိုင္ေတာ့၊ စိုးရိမ္ပူပန္လာ၏။
"ကၽြန္ေတာ္ . . ကၽြန္ေတာ္ အိမ္ေပၚက ဆင္းလာတာ။ အေဖက ထြက္သြားတဲ့"
သူ႔မ်က္ဝန္းကေန တစ္ေပါက္တစ္ေပါက္ က်ဆင္းလာတဲ့ မ်က္ရည္ေတြကို ျမင္ရတာက ႏွလံုးသားကို စုတ္ျဖဲေနသေယာင္။
"သားရယ္ . ."
Mrs.Kim ကလည္း Donghyuck စိုရႊဲေနတာကို ဂရုမစိုက္၊ ေႏြးေထြးစြာပင္ ဖက္လိုက္ေတာ့ ေကာင္ေလးက ရင္ထဲတိုးဝင္ကာ ငိုေတာ့သည္။
ရႈိက္ရင္းနဲ႔ ဇာတ္လမ္း အျပည့္အစံုကို ေျပာျပေနတဲ့ ေကာင္ေလးကို ဒိုင္းသဖြယ္ပင္ ဒီရက္စက္ၾကမ္းၾကဳတ္တဲ့ ေလာကႀကီးကေန ကာကြယ္ေပးခ်င္ပါရဲ႕။
ေဘးလူေတာင္ နားေထာင္ရင္းနဲ႔ ရင္ထဲ တဆစ္ဆစ္နဲ႔ ခံစားရတာ၊ သူဆို ဘယ္ေလာက္ေတာင္ နာက်င္ေနလိုက္မလဲ?
"Mrs. Kim ကၽြန္ေတာ္ ဒီမွာ ခဏေနလို႔ရမလား? ဒီႏွစ္ကုန္တဲ့အထိပါပဲ . ."
"ဘာကို ႏွစ္ကုန္အထိပဲလဲ? သား ဒီမွာ ေနခ်င္သေလာက္ ေနလို႔ရတယ္။ ဒါက သားရဲ႕ အိမ္ပဲ ဟုတ္ၿပီလား?"
"ေက်းဇူးတင္ပါတယ္ဗ်။ ထပ္ၿပီး Mrs.Kim ကိုပဲ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစမိျပန္ၿပီ . ."
"Hyuckie ေလးရယ္ . . သားေၾကာင့္ အန္တီတို႔ ဘာဝန္ထုပ္ဝန္ပိုးမွ မျဖစ္ပါဘူး။ ကေလးေတြလည္း သား အခု ဒီမွာလာေနလို႔ ေပ်ာ္ေနေလာက္မွာ။ ကဲ ဘာမွ မေတြးနဲ႔ေတာ့။ သား ေနခဲ့တဲ့ အခန္းေလးကို အန္တီ ဒီအတိုင္းပဲ အလြတ္ ထားထားတယ္။ အဝတ္စိုေတြ သြားလဲလိုက္ဦး . . ေအးေနေရာေပါ့။ သားႀကိဳက္တဲ့ ေခ်ာကလက္ပူပူေလး အန္တီ ေဖ်ာ္ခဲ့ေပးမယ္"
Mrs. Kim က မီးဖိုေဆာင္ဘက္ ထြက္သြားၿပီး ကၽြန္ေတာ္တို႔ ႏွစ္ေယာက္တည္း က်န္ခဲ့ေတာ့ သူ႔ဆီက ေမးသံ တိုးတိုးေလး ထြက္လာ၏။
"hyung က ေဂဟာမွာ ဘာလုပ္ေနတာလဲ?
ဒီအခ်ိန္ႀကီးမွာ . ."
"မင္းရဲ႕ မိုးစိုေနတဲ့ အဝတ္ေတြ အရင္သြားလဲရေအာင္။ ၿပီးရင္ ကိုယ္ ေျပာျပမယ္ေလ။ ဘယ္အခန္းလဲ? ကိုယ္ အိတ္ သယ္ေပးမယ္"
"အေပၚထပ္က ေထာင့္အစြန္ဆံုး အခန္း . ."
ေခါင္းသာၿငိမ့္ျပလိုက္ၿပီး သူထိုင္ေနတဲ့ ေဘးမွာ ခ်ထားတဲ့ အိတ္ေလးကို ယူကာ အေရွ႕ကေန ေလၽွာက္လာလိုက္ေတာ့ ေကာင္ေလးက အေနာက္ကေန က်ံဳ႕က်ံဳ႕ေလး လိုက္လာပါသည္။
ေျပာတဲ့ အခန္းတံခါးကို ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ ကုတင္တစ္ခုရယ္ စာေရးစားပြဲတစ္လံုးရယ္ ဗီရုိ အေသးေလးတစ္ခုရယ္က လြဲၿပီး ဘာမွမရွိ၊ ေျပာင္ရွင္းေန၏။
အခန္းေလးက အေတာ္အသင့္ က်ယ္ဝန္းၿပီး အျပင္အဆင္ကလည္း အဲ့ေလာက္ မဆိုးရြားေပမယ့္လည္း . .
ကိုယ္ ခ်စ္ရသူအတြက္ဆိုရင္ အေကာင္းဆံုးပဲ ျဖစ္ေစခ်င္ၾကတယ္မလား?
"အဝတ္အစား လဲထားႏွင့္လိုက္ေနာ္။ Mrs. Kim ေဖ်ာ္ေပးတဲ့ ေခ်ာကလက္ပူပူေလး ယူလာခဲ့ေပးမယ္။ ၿပီးရင္ ကိုယ္တုိ႔ စကားေျပာရေအာင္ . ."
အေျဖကို မေစာင့္ေတာ့ဘဲ သူ႔ပါးေလးကို လၽွပ္တစ္ျပက္ပင္ နမ္းလိုက္ကာ အခန္းထဲက ထြက္လာခဲ့လုိုက္သည္။
ေကာင္ေလးကေတာ့ မ်က္လံုးေလးေတြ ျပဴးက်ယ္ၿပီး က်န္ခဲ့မွာ ေသခ်ာပါ၏။
"Mrs. Kim . ."
ေရေႏြးအိုးတည္ေနတဲ့ Mrs. Kim အနား သြားရပ္လိုက္ေတာ့မွ မီးဖိုေဆာင္ထဲ ကၽြန္ေတာ္ ဝင္လာတာကို သတိထားမိပံု။
"Mark! သား မျပန္ေသးတာေတာင္ အန္တီ ေမ့ေနတယ္။ ေတာင္းပန္ပါတယ္ကြယ္"
"မဟုတ္တာပဲ။ ဒါကို Donghyuck အတြက္ ကၽြန္ေတာ္ ေဖ်ာ္ၿပီး ယူသြားေပးလိုက္ပါမယ္။ Mrs. Kim လည္း နားပါေတာ့။ ညေတာင္ မိုးခ်ဳပ္ေနၿပီ . ."
"သား အဲ့လို လုပ္ေပးမလား? ကေလး ႏွစ္ေယာက္ ေနမေကာင္းျဖစ္ေနလို႔ အန္တီ သူတို႔ကို ခဏေလာက္ တစ္ခ်က္ သြားၾကည့္ခ်င္လို႔ေလ။ Donghyuck ေလး အိပ္ဖို႔အတြက္လည္း အန္တီ ခဏေန ေခါင္းအံုးေတြ ေစာင္ေတြ ယူခဲ့ေပးမယ္ . ."
"ဟုတ္ Mrs. Kim. Donghyuck အတြက္ ကၽြန္ေတာ္ လုပ္ေပးလိုက္ပါမယ္"
"ေအး ေအး . . ေက်းဇူးပါကြယ္။ အဲ့တာဆို အန္တီ ကေလးေတြဆီ သြားလိုက္ဦးမယ္။ ဒါနဲ႔ မိုးကလည္း ဒီအတိုင္းသာဆို ေတာ္ရုံနဲ႔ စဲမယ့္ပံုမေပၚဘူး။ ညနက္ေနၿပီ . . သားလည္း အဆင္ေျပရင္ ဒီမွာပဲ အိပ္သြားလိုက္ပါလား? မနက္ျဖန္လည္း ေက်ာင္းပိတ္တယ္မလား?"
အျပင္ဘက္ကို လွမ္းၾကည့္လိုက္ေတာ့ Mrs. Kim ေျပာသလိုပင္ မိုးက အၿငိဳးႀကီးစြာ သည္းႀကီးမဲႀကီး ရြာေနတုန္း။
နာရီကို ၾကည့္လိုက္ေတာ့လည္း 9 နာရီ ထိုးခါနီးေနၿပီ။
bus ေတြလည္း ရွိေတာ့မွာ မဟုတ္ဘူး။
ဒီရာသီဥတုမွာ ဘာ taxi မွလည္း ဒီအထိ လာေခၚမွာ မဟုတ္။
အေဖနဲ႔ အေမကလည္း ဒီေန႔ အိမ္ျပန္လာမယ့္ ပံုမေပၚေတာ့ သူတို႔ကလည္း ကၽြန္ေတာ့္ကို လာေခၚေပးႏိုင္မွာ မဟုတ္ဘူးေလ။
ၿပီးေတာ့ ကၽြန္ေတာ္ ကိုယ္တိုု္င္ကလည္း ဒီေန႔ေတာ့ Donghyuck အနားမွာ ေနေပးခ်င္မိပါသည္။
"အာ . . ဟုတ္ကဲ့ Mrs. Kim. အဲ့လိုပဲ လုပ္လိုက္ပါမယ္။ ေက်းဇူးတင္ပါတယ္ဗ် . ."
"မလိုပါဘူးကြယ္။ ဒါေပမယ့္ ေဂဟာမွာ အခန္းလြတ္ မရွိေတာ့လို႔ Donghyuck ေလးနဲ႔ ေနလို႔ အဆင္ေျပမလား? သူငယ္ခ်င္းေတြဆိုေတာ့ . ."
.
.
.
[ႀကိဳေရးထားတဲ့ အပိုင္းေလးေတြ အကုန္ up ၿပီးသြားၿပီမလို႔ တစ္ပတ္ေလာက္ ေပ်ာက္ပါဦးမယ္ေနာ္ ><]
-----------------------
(unicode)
"အန်တီတို့ ဂေဟာက ကလေးတွေအတွက် အမြဲ လာရောက် လှူဒါန်းပေးတဲ့ သားတို့ မိသားစုကို တကယ် ကျေးဇူးတင်ပါတယ်ကွယ်"
"ရပါတယ် Mrs. Kim. ရာသီဥတုက တော်တော် အေးလာပြီဆိုတော့ ကလေးတွေလည်း စောင်အထူတွေ လိုနေမှာ။ အခုလို နွေးနွေးထွေးထွေးလေး နေရတော့ အဆင်ပြေတာပေါ့။ မာမီက လိုအပ်တာ ရှိရင် အချိန်မရွေး ပြောပါတဲ့။ အခုတောင် ကိုယ်တိုင် လိုက်မလာနိုင်လို့ စိတ်မကောင်းဖြစ်နေတာ"
မိဘမဲ့ဂေဟာက ကလေးတွေကိုဆို သနားပြီး ဂရုစိုက်ပေးတတ်တဲ့ မာမီက အခုလည်း ရာသီဥတု ပိုအေးလာလို့ဆိုပြီး ဂေဟာကို စောင်အထူတွေ ဝယ်ပြီး ကျွန်တော့်ကို လာပို့ခိုင်းလိုက်တယ်လေ။
ကျောင်းဆင်းရင် ဂေဟာကို သားအမိနှစ်ယောက် အတူတူလာမလို့ စီစဉ်ထားပေမယ့် ထွက်လာခါနီးကျမှ အရေးကြီးတဲ့ အလုပ်ကိစ္စပေါ်လာလို့ဆိုပြီး ကုမ္ပဏီကို သွားခဲ့တော့ အခု ကျွန်တော် တစ်ယောက်တည်း ရောက်လာရခြင်း။
"အကုန် လုံလုံလောက်လောက် ထောက်ပံ့ပေးထားလို့ ဘာမှ မလိုတော့ပါဘူး သားရယ်။ အခုတောင် လိုအပ်တာထက် ပိုနေပါပြီ"
အပြင်မှာ မိုးက မုန်းတိုင်းအလား သည်းကြီးမဲကြီးကို ရွာနေတာမို့လို့ မိုးစဲမှ ပြန်မယ်ဆိုပြီး ဂေဟာမှူး Mrs. Kim နဲ့ စကား ဖောင်ဖွဲ့နေတုန်းမှာပင် ဝုန်းခနဲ ပွင့်လာတဲ့ တံခါး . .
ထို့နောက်မှာပင် တစ်ကိုယ်လုံး ရွဲရွှဲစိုကာ အထဲဝင်လာတဲ့ ကောင်လေးကြောင့် Mrs. Kim ရော ကျွန်တော်ပါ ချက်ချင်း သူ့အနား ထသွားမိ၏။
"Hyuck ဘယ်လို ဖြစ်တာလဲ? တစ်ကိုယ်လုံး စိုရွှဲလို့"
"Mark hyung?"
ကျွန်တော့်ကို တွေ့တော့ သရဲမြင်သလို အံ့ဩသွားဟန်။
"Donghyuck . . သားလေး အထုပ်အပိုးတွေနဲ့ပါလား? ဘာဖြစ်ခဲ့တာလဲ?"
ထိုင်ခုံတစ်ခုမှာ ထိုင်စေကာ ဂေဟာမှူးက ခိုက်ခိုက်တုန်နေတဲ့ သူ့ကို တပတ်တွေနဲ့ ပတ်ပေးပြီးတော့ မေးသည်။
ကြမ်းပြင်ကိုသာ ငေးကြည့်နေပြီး အတော်ကြာတဲ့အထိ ပြန်မဖြေတဲ့သူကြောင့် ကျွန်တော့် စိတ်တွေလည်း မတည်ငြိမ်နိုင်တော့၊ စိုးရိမ်ပူပန်လာ၏။
"ကျွန်တော် . . ကျွန်တော် အိမ်ပေါ်က ဆင်းလာတာ။ အဖေက ထွက်သွားတဲ့"
သူ့မျက်ဝန်းကနေ တစ်ပေါက်တစ်ပေါက် ကျဆင်းလာတဲ့ မျက်ရည်တွေကို မြင်ရတာက နှလုံးသားကို စုတ်ဖြဲနေသယောင်။
"သားရယ် . ."
Mrs.Kim ကလည်း Donghyuck စိုရွှဲနေတာကို ဂရုမစိုက်၊ နွေးထွေးစွာပင် ဖက်လိုက်တော့ ကောင်လေးက ရင်ထဲတိုးဝင်ကာ ငိုတော့သည်။
ရှိုက်ရင်းနဲ့ ဇာတ်လမ်း အပြည့်အစုံကို ပြောပြနေတဲ့ ကောင်လေးကို ဒိုင်းသဖွယ်ပင် ဒီရက်စက်ကြမ်းကြုတ်တဲ့ လောကကြီးကနေ ကာကွယ်ပေးချင်ပါရဲ့။
ဘေးလူတောင် နားထောင်ရင်းနဲ့ ရင်ထဲ တဆစ်ဆစ်နဲ့ ခံစားရတာ၊ သူဆို ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ?
"Mrs. Kim ကျွန်တော် ဒီမှာ ခဏနေလို့ရမလား? ဒီနှစ်ကုန်တဲ့အထိပါပဲ . ."
"ဘာကို နှစ်ကုန်အထိပဲလဲ? သား ဒီမှာ နေချင်သလောက် နေလို့ရတယ်။ ဒါက သားရဲ့ အိမ်ပဲ ဟုတ်ပြီလား?"
"ကျေးဇူးတင်ပါတယ်ဗျ။ ထပ်ပြီး Mrs.Kim ကိုပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိပြန်ပြီ . ."
"Hyuckie လေးရယ် . . သားကြောင့် အန်တီတို့ ဘာဝန်ထုပ်ဝန်ပိုးမှ မဖြစ်ပါဘူး။ ကလေးတွေလည်း သား အခု ဒီမှာလာနေလို့ ပျော်နေလောက်မှာ။ ကဲ ဘာမှ မတွေးနဲ့တော့။ သား နေခဲ့တဲ့ အခန်းလေးကို အန်တီ ဒီအတိုင်းပဲ အလွတ် ထားထားတယ်။ အဝတ်စိုတွေ သွားလဲလိုက်ဦး . . အေးနေရောပေါ့။ သားကြိုက်တဲ့ ချောကလက်ပူပူလေး အန်တီ ဖျော်ခဲ့ပေးမယ်"
Mrs. Kim က မီးဖိုဆောင်ဘက် ထွက်သွားပြီး ကျွန်တော်တို့ နှစ်ယောက်တည်း ကျန်ခဲ့တော့ သူ့ဆီက မေးသံ တိုးတိုးလေး ထွက်လာ၏။
"hyung က ဂေဟာမှာ ဘာလုပ်နေတာလဲ?
ဒီအချိန်ကြီးမှာ . ."
"မင်းရဲ့ မိုးစိုနေတဲ့ အဝတ်တွေ အရင်သွားလဲရအောင်။ ပြီးရင် ကိုယ် ပြောပြမယ်လေ။ ဘယ်အခန်းလဲ? ကိုယ် အိတ် သယ်ပေးမယ်"
"အပေါ်ထပ်က ထောင့်အစွန်ဆုံး အခန်း . ."
ခေါင်းသာငြိမ့်ပြလိုက်ပြီး သူထိုင်နေတဲ့ ဘေးမှာ ချထားတဲ့ အိတ်လေးကို ယူကာ အရှေ့ကနေ လျှောက်လာလိုက်တော့ ကောင်လေးက အနောက်ကနေ ကျုံ့ကျုံ့လေး လိုက်လာပါသည်။
ပြောတဲ့ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ကုတင်တစ်ခုရယ် စာရေးစားပွဲတစ်လုံးရယ် ဗီရို အသေးလေးတစ်ခုရယ်က လွဲပြီး ဘာမှမရှိ၊ ပြောင်ရှင်းနေ၏။
အခန်းလေးက အတော်အသင့် ကျယ်ဝန်းပြီး အပြင်အဆင်ကလည်း အဲ့လောက် မဆိုးရွားပေမယ့်လည်း . .
ကိုယ် ချစ်ရသူအတွက်ဆိုရင် အကောင်းဆုံးပဲ ဖြစ်စေချင်ကြတယ်မလား?
"အဝတ်အစား လဲထားနှင့်လိုက်နော်။ Mrs. Kim ဖျော်ပေးတဲ့ ချောကလက်ပူပူလေး ယူလာခဲ့ပေးမယ်။ ပြီးရင် ကိုယ်တို့ စကားပြောရအောင် . ."
အဖြေကို မစောင့်တော့ဘဲ သူ့ပါးလေးကို လျှပ်တစ်ပြက်ပင် နမ်းလိုက်ကာ အခန်းထဲက ထွက်လာခဲ့လိုုက်သည်။
ကောင်လေးကတော့ မျက်လုံးလေးတွေ ပြူးကျယ်ပြီး ကျန်ခဲ့မှာ သေချာပါ၏။
"Mrs. Kim . ."
ရေနွေးအိုးတည်နေတဲ့ Mrs. Kim အနား သွားရပ်လိုက်တော့မှ မီးဖိုဆောင်ထဲ ကျွန်တော် ဝင်လာတာကို သတိထားမိပုံ။
"Mark! သား မပြန်သေးတာတောင် အန်တီ မေ့နေတယ်။ တောင်းပန်ပါတယ်ကွယ်"
"မဟုတ်တာပဲ။ ဒါကို Donghyuck အတွက် ကျွန်တော် ဖျော်ပြီး ယူသွားပေးလိုက်ပါမယ်။ Mrs. Kim လည်း နားပါတော့။ ညတောင် မိုးချုပ်နေပြီ . ."
"သား အဲ့လို လုပ်ပေးမလား? ကလေး နှစ်ယောက် နေမကောင်းဖြစ်နေလို့ အန်တီ သူတို့ကို ခဏလောက် တစ်ချက် သွားကြည့်ချင်လို့လေ။ Donghyuck လေး အိပ်ဖို့အတွက်လည်း အန်တီ ခဏနေ ခေါင်းအုံးတွေ စောင်တွေ ယူခဲ့ပေးမယ် . ."
"ဟုတ် Mrs. Kim. Donghyuck အတွက် ကျွန်တော် လုပ်ပေးလိုက်ပါမယ်"
"အေး အေး . . ကျေးဇူးပါကွယ်။ အဲ့တာဆို အန်တီ ကလေးတွေဆီ သွားလိုက်ဦးမယ်။ ဒါနဲ့ မိုးကလည်း ဒီအတိုင်းသာဆို တော်ရုံနဲ့ စဲမယ့်ပုံမပေါ်ဘူး။ ညနက်နေပြီ . . သားလည်း အဆင်ပြေရင် ဒီမှာပဲ အိပ်သွားလိုက်ပါလား? မနက်ဖြန်လည်း ကျောင်းပိတ်တယ်မလား?"
အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ Mrs. Kim ပြောသလိုပင် မိုးက အငြိုးကြီးစွာ သည်းကြီးမဲကြီး ရွာနေတုန်း။
နာရီကို ကြည့်လိုက်တော့လည်း 9 နာရီ ထိုးခါနီးနေပြီ။
bus တွေလည်း ရှိတော့မှာ မဟုတ်ဘူး။
ဒီရာသီဥတုမှာ ဘာ taxi မှလည်း ဒီအထိ လာခေါ်မှာ မဟုတ်။
အဖေနဲ့ အမေကလည်း ဒီနေ့ အိမ်ပြန်လာမယ့် ပုံမပေါ်တော့ သူတို့ကလည်း ကျွန်တော့်ကို လာခေါ်ပေးနိုင်မှာ မဟုတ်ဘူးလေ။
ပြီးတော့ ကျွန်တော် ကိုယ်တ်ိုင်ကလည်း ဒီနေ့တော့ Donghyuck အနားမှာ နေပေးချင်မိပါသည်။
"အာ . . ဟုတ်ကဲ့ Mrs. Kim. အဲ့လိုပဲ လုပ်လိုက်ပါမယ်။ ကျေးဇူးတင်ပါတယ်ဗျ . ."
"မလိုပါဘူးကွယ်။ ဒါပေမယ့် ဂေဟာမှာ အခန်းလွတ် မရှိတော့လို့ Donghyuck လေးနဲ့ နေလို့ အဆင်ပြေမလား?
သူငယ်ချင်းတွေဆိုတော့ . ."
.
.
.
[ကြိုရေးထားတဲ့ အပိုင်းလေးတွေ အကုန် up ပြီးသွားပြီမလို့ တစ်ပတ်လောက် ပျောက်ပါဦးမယ်နော် ><]
×T B C×