ထယ်ယောင်းက ပျော်ပျော်နေတတ်တဲ့
ကိုးနှစ်အရွယ် မူလတန်းကျောင်းသားလေးဖြစ်တယ်။ ထယ်ယောင်းက အရမ်းဆိုးတယ် ၊ မိဘက အလိုလိုက်ထားလို့ ဆိုးတယ်လို့ပြောရင် ပိုမှန်မယ် ။
သူ့ရဲ့ ဆိုးပုံဆိုးနည်းက တစ်ခြားသော ကလေးတွေနဲ့မတူဘူး ။ ကပြက်ကချော်လုပ်ပြီး အစနောက်သန်တဲ့ ခပ်ဆိုးဆိုးကလေးတစ်ယောက်ပဲ။
အဖော်ကလည်း မင်သေးတယ် ။
ကျောင်းက ကစားဖော်ကစားဖက်တွေနှင့်
လူကောင်အရွယ်အစားက အတူတူပဲဆိုပေမယ့် ၊ အဖေဖြစ်သူက အရပ်ရှည်တာမို့ ထယ်ယောင်းက တစ်ခြားကလေးတွေထက် အနည်းငယ်အရပ်ပိုရှည်တယ်။
" ထယ်ထယ်ရေ... လာပါအုံး လမ်းထိပ်က စတိုးမှာ ဟင်းခတ်မှုန့်လေး ဝယ်ပေးပါအုံး "
ခြံထဲက မြေတလင်းမှာ ပါဝါရိန်းဂျားအရုပ်တချို့နှင့် ဆော့ကစားနေတဲ့ ထယ်ယောင်းက ၊ မားအသံကို မကြားချင်ယောင်ဆောင်နေတယ်။
အလုပ်ရှုပ်နေတဲ့ မားက နောက်တစ်ခါ
ယခင်အော်သံထက် ပိုကျယ်တဲ့ လေသံနဲ့
ထပ်အော်တယ် ။
" ထယ်ထယ်!!!! မားကို ဟင်းခတ်မှုန့်လေးဝယ်ပေးပါအုံး!!! ပိုတဲ့ပိုက်ဆံ သားယူလိုက် "
ပိုတဲ့ပိုက်ဆံယူလိုက်ဆိုတဲ့ အသံကိုကြားတော့
လည်ချက်ကနိုင်း လောက်ရှိတဲ့ ထယ်ယောင်းက
ဆော့နေလက်စအရုပ်တွေကို ပစ်ချပြီး
ချက်ချင်းပဲ အိမ်ပေါ်ကို တက်ပြေးတော့တယ်။
မား ပိုက်ဆံအိတ်ထဲက တစ်ထောင်တန်တစ်ရွက်ယူပြီး လမ်းထိပ်ကို ခြေကုန်သုတ်ပြေးတော့တယ်။
ဟင်းခတ်အမှုန့်က တစ်ထုပ်မှ သုံးရာတည်းရှိတာ ၊ အထုတ်ကြီးဆို ငါးရာ ။ ဒီတော့ ထယ်ယောင်းတို့က အထုတ်သေးပဲဝယ်မယ်... ပိုတဲ့ပိုက်ဆံကို အရုပ်ဝယ်ပစ်မယ် ။
လမ်းထိပ်ဆိုင်က အဒေါ်ကြီးက ထယ်ယောင်းအကြောင်းသိတော့ အထုတ်သေးကုန်နေတယ်ဆိုပြီး ငါးရာတန်အထုတ်ကြီးကိုပဲရောင်းတယ် ။
တစ်ခြားဆိုင်တွေပတ်ရှာလို့ရပေမယ့် အဆော့မက်တဲ့ ထယ်ယောင်းက ပေးပေးဆိုပြီးသား ဟင်းခတ်မှုန့်အထုတ်ကြီးကို ဝယ်လာခဲ့တယ်။
အပြန်လမ်းကိုလည်း နောက်ကနေ ခွေးလိုက်သလိုကို ပြေးလာတဲ့ ထယ်ယောင်းရယ်ပါ။
ထယ်ယောင်းပြေးလာရင်းနှင့်ပင် အိမ်ပေါက်ဝမှာ
ထရပ်ကားကြီးတစ်စီးရပ်ထားတာမို့ အရှိန်လျှော့ကာ စပ်စုလိုက်သည်။
တကယ်တော့ ထယ်ယောင်းတို့ ဘေးအိမ်တစ်ခြံကို အိမ်ပြောင်းလာတဲ့ လူတွေဖြစ်သည်။ ဗီဒိုကြီးတစ်လုံးကို အားကောင်းမောင်းသန် လူသုံးယောက်လောက်က ဝိုင်းမကာ ၊ ခြံထဲကို ခက်ခက်ခဲခဲ သွင်းနေသည်ကို မြင်နေရသည်။
ထရပ်ကားကြီးပေါ်မှာလည်း ကုတင်အပိုင်းစတွေနှင့် အထုတ်တွေအများကြီးလည်း ကျန်နေသေးသည်။
ထယ်ယောင်း ခြံထဲမဝင်သေးဘဲ ၊ ခြံစည်ရိုးထောင့်နားကနေ ကပ်ချောင်းလိုက်တော့ အရောင်ခပ်နွမ်းနွမ်း စလင်းဘတ်အိတ်ကြီးကို လွယ်ထားသည့် အဒေါ်ကြီးတစ်ယောက်က ၊ ဂဏန်းပေါင်းစက်တစ်လုံးဖြင့် ဟိုဒီလျှောက်နှိပ်နေသည်။
ယောကျာ်းကြီးတစ်ယောက်ကလည်း ပါးစပ်က ပွစိပွစိနှင့် ဘာတွေပြောနေမှန်းမသိ ၊ လက်ညှိုးကလည်း ဟိုထိုးဒီထိုးနှင့်။
ဂဏန်းပေါင်းစက်တစ်ခုနှင့် တွက်ချက်နေသော
အန်တီကြီးဘေးနားတွင် ဝက်ဝံရုပ်သေးသေးလေးအား ပိုက်ကာ ၊ ငိုမဲ့မဲ့မျက်လုံးတွေနှင့် ရပ်နေသည့် ဖြူစွက်စွက်ကောင်လေးတစ်ယောက်ကိုတွေ့ရသည်။ ထိုကောင်လေးက သူ့အမေဖြစ်ပုံရသည့် အဒေါ်ကြီး အကျီစကို လက်သေးသေးလေးတွေဖြင့် လှမ်းဆွဲထားသည်။
ထိုကောင်လေးက ထယ်ယောင်းနှင့် ရွယ်တူဆိုတာ
အသွင်ပြင်ကိုကြည့်လိုက်တာနှင့် သိလိုက်သည်။
နောက်ဆုံးတော့ ထယ်ယောင်း အိမ်နီးချင်းသူငယ်ချင်းတစ်ယောက်ရတော့မည်။
အရင်ဆုံး အဲ့ကောင်လေးနှင့် ရင်းနှီးအောင်လုပ်ရမည်။ ပြီးရင် အဲ့ကောင်လေးမှာပါလာတဲ့ အရုပ်တွေနဲ့ သူ့အရုပ်တွေနှင့်လဲဆော့မည်ဟု ထယ်ယောင်း ချောင်းကြည့်နေရင်းကနေ တွေးမိလိုက်သေးသည်။
ခနအကြာ၌ ပြိုတော့မည်မိုးလို မည်းမှောင်ကျနေသည့် ထိုကောင်လေး၏ မျက်နှာသည် ပိုမိုပျက်ယွင်းလာကာ သည်းမည်းစွာငိုမြည်းတော့လေသည်။ ကောင်လေးအမေကလည်း ကောင်လေးနှင့်အရပ်ညီအောင် ဒူးထောက်ထိုင်ချကာ ၊ စလင်းဘတ်အိတ်ထဲက တစ်ရှုးအချိူ့ကိုထုတ်ကာ သုတ်ပေးလေသည်။
ကောင်လေးအဖေကတော့ စိတ်ညစ်ညူးဟန်ဖြစ်နေသည့်ပုံစံပင်။ သို့သော် နောက်ထပ်ဦးလေးကြီးတစ်ယောက် ထုတ်ပေးသည့် ပိုက်ဆံတစ်ထပ်အား ၊ ရိုရိုသေသေလှမ်းယူကာ ဦးညွှတ်ပြလိုက်သည်။
ကောင်လေးက သူ့အမေဆွဲထားသည့်ကြားမှ
အော်ငိုကာ ခြံဝရှိ စန္တယားအညိုကြီးတစ်လုံးအား
ပြေးဖက်ထားသည်။ ကောင်လေးအမေကလည်း
စန္တယားပေါ်ရှိ ကောင်လေး၏ လက်များကို ဆွဲခွာကာ ၊ ရင်ဝယ်၌ပိုက်ကာ ပွေ့ချီလိုက်သည်။
ဒါတောင် ကောင်လေးက ရုန်းရင်းနှင့်ပင် ငိုနေသေး၏။
ထယ်ယောင်း ဘာကြောင့်မှန်းမသိ
ချောင်းကြည့်နေရင်းပင် ရင်ထဲ၌ တစ်မျိုးတစ်မည်
ခံစားလာရသည်။ ဘာရယ်မဟုတ် စန္တယားကို အတော်လေးတွယ်တာနေသည့် ကောင်လေးအား
သနားမိသည်။
လက်ထဲက ဟင်းခတ်မှုန့်နှင့် ပိုငွေငါးရာတန်အား
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ၊
အိမ်ထဲသို့သာ ဝင်လာခဲ့သည်။ ထိုကောင်လေးကို ကြည့်ရင်း သူပါငိုမိတော့မယ် ၊ သနားလွန်းလို့။
________________
နောက်နေ့တွေမှာ ကောင်လေးကိုမမြင်ရချေ။
မားကိုမေးတော့လည်း ထယ်ယောင်းပြောမှ
ဘေးအိမ်က လူတွေပြောင်းလာမှန်းသိသည်တဲ့လေ။
နွေရာသီ ကျောင်းပိတ်ရက်ဖြစ်နေတာမို့
ထယ်ယောင်း ကျောင်းလည်းသွားစရာမလိုပေ။
နေ့လည်နေ့ခင်းဆို ထယ်ယောင်းကတော့ ခြံထဲမှာ ဆင်းဆော့တတ်ပေမယ့် ကောင်လေးရဲ့ အရိပ်အယောင်ကိုတော့ တစ်ခါမှမမြင်ရချေ။
သူငယ်ချင်းတွေက လမ်းထိပ်ဘောလုံးကွင်းမှာ
အလယ်တန်းအစ်ကိုကြီးတွေနှင့်အတူ ဘောလုံးကန်ဖို့ လာခေါ်ပေမယ့်လည်း ထယ်ယောင်းငြင်းပစ်ခဲ့သည်။ သူဆော့နေတဲ့အချိန်မှာ ဘေးအိမ်က ကောင်လေးက အိမ်ပြင်ထွက်လာရင် သူငယ်ချင်းမဖွဲ့လိုက်ရမှာဆိုးလို့ဖြစ်သည်။
ထယ်ယောင်းတို့ အိမ်တွေက တစ်အိမ်နှင့်တစ်အိမ်
အတော်လေးတော့ကပ်သည်။ တစ်အိမ်နှင့် တစ်အိမ်ကြားထဲ၌ လူတစ်ယောက်စာ ဘေးတိုက်သွားလို့ရလောက်သည်အထိ နေရာရှိသည်။
ထယ်ယောင်း အရင်ကတော့ အိမ်ဘေးကြားတွေထဲ တူတူပုန်းတမ်း ဝင်ဆော့ခဲ့ဖူးပေမယ့် ၊ အခုတော့ ခြံစည်းရိုးက သံချွန်တွေနှင့် ညှိမှာဆိုး၍
မားက ဆူသောကြောင့် မဆော့ဖြစ်တော့။
ထယ်ယောင်းခြံထဲမှာပင် မားစိုက်ထားသည့်
အရွက်တစ်ချို့အား ခူးဆွတ်ကာ ၊ အိမ်ဘေးနားက ရေမြောင်းလေးထဲ မြောချလိုက်သည်။
" မေမေရေ... သားခြံထဲမှာ "
ကလေးတစ်ယောက်အသံစူးစူးလေးကို ကြားလိုက်ရတာမို့ ထယ်ယောင်း ကျောပေးထားရာသို့ လှည့်ကြည့်မိလိုက်သည်။
ဟိုနေ့က ငိုသွားတဲ့ကောင်လေး။
ချက်ချင်းပင် တစ်ဘက်ခြံစည်းရိုးနားကပ်ကာ
ခပ်လှမ်းလှမ်း၌ ရှိနေသည့် ကောင်လေးကို အသံပေးလိုက်သည်။
ဒီတော့မှ မျက်ဆံနက်နက်လေးတွေနှင့်
လှည့်ကြည့်လာသည် ကောင်လေး။
" ဟိတ်... ငါက ထယ်ယောင်း
မင်းကကော "
" ယွန်းဂီ "
" ဟမ်... ဘာပြောတယ် "
အနားမလာပဲ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့
ကောင်လေးအသံဟာ တိုးတိုးလေးရယ်။
ထယ်ယောင်းသေချာတောင်မကြားရ။
ခြံစည်းရိုးက သွပ်နန်းကြိုးဖြင့် ကာထားတာမို့
သိပ်လည်းမကပ်ရဲ ၊ အကျီပြဲရင် မားက ဆူအုံးမည်။
" မင်းနာမည် ငါမကြားရဘူး..
သေချာပြောလေ "
" ငါ့နာမည် ယွန်းဂီ!!!! မင်ယွန်းဂီ!!! "
မျက်စိစုံမှိတ်ပြီး ဖင်ကုန်းအော်လိုက်တဲ့ ယွန်းဂီကြောင့် ခြံထဲက သစ်ကိုင်းတွေပေါ်မှာနားနေတဲ့
ခိုငှက်တွေတောင် ထပျံသွားကြတယ်။
" သူငယ်ချင်းလုပ်ရအောင် "
" မလုပ်ချင်ပါဘူး "
တစ်ခွန်းတည်းကိုမှ ခြံစည်းရိုးကြားကနေ
အကြည့်စူးစူးတွေနှင့် ဖြတ်ကြည့်ကာ ၊ အိမ်ထဲ
ကော့တော့တော့နှင့် ဝင်သွားတဲ့ ယွန်းဂီရဲ့ပုံစံဟာ
ထထိုးပစ်ချင်စရာ။
ကျောင်းကကောင်တွေသာ ဒီလိုပုံစံမျိုးဆိုရင်
ထယ်ယောင်း ချက်ချင်း ဟိုဘက်ခြံကိုကူးပြီး
ဆွဲထိုးပစ်လိုက်မည်ဆိုပေမယ့် ဒီကောင်လေးကိုကျတော့ ဘာမှမလုပ်နိုင်ပဲ ကြောင်ကြည့်နေမိသည်။
အိမ်ထဲဝင်သွားသည့် ကျောပြင်ငယ်လေး မြင်ကွင်းထဲမှနေ ပျောက်ကွယ်သွားပြီဆိုမှ
ခြံစည်းရိုးကြီးကို ဆွဲလှုပ်ကာ တစစီဆွဲဖြဲပစ်ချင်စိတ်တွေ ပေါ်ထွက်လာတော့သည်။
____________________
အိုခီ ဒါလေးကို အကောင်းဆုံး
မျှော်မှန်းထားတာမို့
ချစ်ပေးကြပါအုံး^^
Zawgyi
ထယ္ေယာင္းက ေပ်ာ္ေပ်ာ္ေနတတ္တဲ့
ကိုးႏွစ္အ႐ြယ္ မူလတန္းေက်ာင္းသားေလးျဖစ္တယ္။ ထယ္ေယာင္းက အရမ္းဆိုးတယ္ ၊ မိဘက အလိုလိုက္ထားလို႔ ဆိုးတယ္လို႔ေျပာရင္ ပိုမွန္မယ္ ။
သူ႕ရဲ႕ ဆိုးပုံဆိုးနည္းက တစ္ျခားေသာ ကေလးေတြနဲ႕မတူဘူး ။ ကျပက္ကေခ်ာ္လုပ္ၿပီး အစေနာက္သန္တဲ့ ခပ္ဆိုးဆိုးကေလးတစ္ေယာက္ပဲ။
အေဖာ္ကလည္း မင္ေသးတယ္ ။
ေက်ာင္းက ကစားေဖာ္ကစားဖက္ေတြႏွင့္
လူေကာင္အ႐ြယ္အစားက အတူတူပဲဆိုေပမယ့္ ၊ အေဖျဖစ္သူက အရပ္ရွည္တာမို႔ ထယ္ေယာင္းက တစ္ျခားကေလးေတြထက္ အနည္းငယ္အရပ္ပိုရွည္တယ္။
" ထယ္ထယ္ေရ... လာပါအုံး လမ္းထိပ္က စတိုးမွာ ဟင္းခတ္မႈန့္ေလး ဝယ္ေပးပါအုံး "
ၿခံထဲက ေျမတလင္းမွာ ပါဝါရိန္းဂ်ားအ႐ုပ္တခ်ိဳ႕ႏွင့္ ေဆာ့ကစားေနတဲ့ ထယ္ေယာင္းက ၊ မားအသံကို မၾကားခ်င္ေယာင္ေဆာင္ေနတယ္။
အလုပ္ရႈပ္ေနတဲ့ မားက ေနာက္တစ္ခါ
ယခင္ေအာ္သံထက္ ပိုက်ယ္တဲ့ ေလသံနဲ႕
ထပ္ေအာ္တယ္ ။
" ထယ္ထယ္!!!! မားကို ဟင္းခတ္မႈန့္ေလးဝယ္ေပးပါအုံး!!! ပိုတဲ့ပိုက္ဆံ သားယူလိုက္ "
ပိုတဲ့ပိုက္ဆံယူလိုက္ဆိုတဲ့ အသံကိုၾကားေတာ့
လည္ခ်က္ကနိုင္း ေလာက္ရွိတဲ့ ထယ္ေယာင္းက
ေဆာ့ေနလက္စအ႐ုပ္ေတြကို ပစ္ခ်ၿပီး
ခ်က္ခ်င္းပဲ အိမ္ေပၚကို တက္ေျပးေတာ့တယ္။
မား ပိုက္ဆံအိတ္ထဲက တစ္ေထာင္တန္တစ္႐ြက္ယူၿပီး လမ္းထိပ္ကို ေျခကုန္သုတ္ေျပးေတာ့တယ္။
ဟင္းခတ္အမႈန့္က တစ္ထုပ္မွ သုံးရာတည္းရွိတာ ၊ အထုတ္ႀကီးဆို ငါးရာ ။ ဒီေတာ့ ထယ္ေယာင္းတို႔က အထုတ္ေသးပဲဝယ္မယ္... ပိုတဲ့ပိုက္ဆံကို အ႐ုပ္ဝယ္ပစ္မယ္ ။
လမ္းထိပ္ဆိုင္က အေဒၚႀကီးက ထယ္ေယာင္းအေၾကာင္းသိေတာ့ အထုတ္ေသးကုန္ေနတယ္ဆိုၿပီး ငါးရာတန္အထုတ္ႀကီးကိုပဲေရာင္းတယ္ ။
တစ္ျခားဆိုင္ေတြပတ္ရွာလို႔ရေပမယ့္ အေဆာ့မက္တဲ့ ထယ္ေယာင္းက ေပးေပးဆိုၿပီးသား ဟင္းခတ္မႈန့္အထုတ္ႀကီးကို ဝယ္လာခဲ့တယ္။
အျပန္လမ္းကိုလည္း ေနာက္ကေန ေခြးလိုက္သလိုကို ေျပးလာတဲ့ ထယ္ေယာင္းရယ္ပါ။
ထယ္ေယာင္းေျပးလာရင္းႏွင့္ပင္ အိမ္ေပါက္ဝမွာ
ထရပ္ကားႀကီးတစ္စီးရပ္ထားတာမို႔ အရွိန္ေလွ်ာ့ကာ စပ္စုလိုက္သည္။
တကယ္ေတာ့ ထယ္ေယာင္းတို႔ ေဘးအိမ္တစ္ၿခံကို အိမ္ေျပာင္းလာတဲ့ လူေတြျဖစ္သည္။ ဗီဒိုႀကီးတစ္လုံးကို အားေကာင္းေမာင္းသန္ လူသုံးေယာက္ေလာက္က ဝိုင္းမကာ ၊ ၿခံထဲကို ခက္ခက္ခဲခဲ သြင္းေနသည္ကို ျမင္ေနရသည္။
ထရပ္ကားႀကီးေပၚမွာလည္း ကုတင္အပိုင္းစေတြႏွင့္ အထုတ္ေတြအမ်ားႀကီးလည္း က်န္ေနေသးသည္။
ထယ္ေယာင္း ၿခံထဲမဝင္ေသးဘဲ ၊ ၿခံစည္ရိုးေထာင့္နားကေန ကပ္ေခ်ာင္းလိုက္ေတာ့ အေရာင္ခပ္ႏြမ္းႏြမ္း စလင္းဘတ္အိတ္ႀကီးကို လြယ္ထားသည့္ အေဒၚႀကီးတစ္ေယာက္က ၊ ဂဏန္းေပါင္းစက္တစ္လုံးျဖင့္ ဟိုဒီေလွ်ာက္ႏွိပ္ေနသည္။
ေယာက်ာ္းႀကီးတစ္ေယာက္ကလည္း ပါးစပ္က ပြစိပြစိႏွင့္ ဘာေတြေျပာေနမွန္းမသိ ၊ လက္ညွိုးကလည္း ဟိုထိုးဒီထိုးႏွင့္။
ဂဏန္းေပါင္းစက္တစ္ခုႏွင့္ တြက္ခ်က္ေနေသာ
အန္တီႀကီးေဘးနားတြင္ ဝက္ဝံ႐ုပ္ေသးေသးေလးအား ပိုက္ကာ ၊ ငိုမဲ့မဲ့မ်က္လုံးေတြႏွင့္ ရပ္ေနသည့္ ျဖဴစြက္စြက္ေကာင္ေလးတစ္ေယာက္ကိုေတြ႕ရသည္။ ထိုေကာင္ေလးက သူ႕အေမျဖစ္ပုံရသည့္ အေဒၚႀကီး အက်ီစကို လက္ေသးေသးေလးေတြျဖင့္ လွမ္းဆြဲထားသည္။
ထိုေကာင္ေလးက ထယ္ေယာင္းႏွင့္ ႐ြယ္တူဆိုတာ
အသြင္ျပင္ကိုၾကည့္လိုက္တာႏွင့္ သိလိုက္သည္။
ေနာက္ဆုံးေတာ့ ထယ္ေယာင္း အိမ္နီးခ်င္းသူငယ္ခ်င္းတစ္ေယာက္ရေတာ့မည္။
အရင္ဆုံး အဲ့ေကာင္ေလးႏွင့္ ရင္းႏွီးေအာင္လုပ္ရမည္။ ၿပီးရင္ အဲ့ေကာင္ေလးမွာပါလာတဲ့ အ႐ုပ္ေတြနဲ႕ သူ႕အ႐ုပ္ေတြႏွင့္လဲေဆာ့မည္ဟု ထယ္ေယာင္း ေခ်ာင္းၾကည့္ေနရင္းကေန ေတြးမိလိုက္ေသးသည္။
ခနအၾကာ၌ ၿပိဳေတာ့မည္မိုးလို မည္းေမွာင္က်ေနသည့္ ထိုေကာင္ေလး၏ မ်က္ႏွာသည္ ပိုမိုပ်က္ယြင္းလာကာ သည္းမည္းစြာငိုျမည္းေတာ့ေလသည္။ ေကာင္ေလးအေမကလည္း ေကာင္ေလးႏွင့္အရပ္ညီေအာင္ ဒူးေထာက္ထိုင္ခ်ကာ ၊ စလင္းဘတ္အိတ္ထဲက တစ္ရႈးအခ်ိဴ႕ကိုထုတ္ကာ သုတ္ေပးေလသည္။
ေကာင္ေလးအေဖကေတာ့ စိတ္ညစ္ၫူးဟန္ျဖစ္ေနသည့္ပုံစံပင္။ သို႔ေသာ္ ေနာက္ထပ္ဦးေလးႀကီးတစ္ေယာက္ ထုတ္ေပးသည့္ ပိုက္ဆံတစ္ထပ္အား ၊ ရိုရိုေသေသလွမ္းယူကာ ဦးၫႊတ္ျပလိုက္သည္။
ေကာင္ေလးက သူ႕အေမဆြဲထားသည့္ၾကားမွ
ေအာ္ငိုကာ ၿခံဝရွိ စႏၲယားအညိုႀကီးတစ္လုံးအား
ေျပးဖက္ထားသည္။ ေကာင္ေလးအေမကလည္း
စႏၲယားေပၚရွိ ေကာင္ေလး၏ လက္မ်ားကို ဆြဲခြာကာ ၊ ရင္ဝယ္၌ပိုက္ကာ ေပြ႕ခ်ီလိုက္သည္။
ဒါေတာင္ ေကာင္ေလးက ႐ုန္းရင္းႏွင့္ပင္ ငိုေနေသး၏။
ထယ္ေယာင္း ဘာေၾကာင့္မွန္းမသိ
ေခ်ာင္းၾကည့္ေနရင္းပင္ ရင္ထဲ၌ တစ္မ်ိဳးတစ္မည္
ခံစားလာရသည္။ ဘာရယ္မဟုတ္ စႏၲယားကို အေတာ္ေလးတြယ္တာေနသည့္ ေကာင္ေလးအား
သနားမိသည္။
လက္ထဲက ဟင္းခတ္မႈန့္ႏွင့္ ပိုေငြငါးရာတန္အား
က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားကာ ၊
အိမ္ထဲသို႔သာ ဝင္လာခဲ့သည္။ ထိုေကာင္ေလးကို ၾကည့္ရင္း သူပါငိုမိေတာ့မယ္ ၊ သနားလြန္းလို႔။
________________
ေနာက္ေန႕ေတြမွာ ေကာင္ေလးကိုမျမင္ရေခ်။
မားကိုေမးေတာ့လည္း ထယ္ေယာင္းေျပာမွ
ေဘးအိမ္က လူေတြေျပာင္းလာမွန္းသိသည္တဲ့ေလ။
ေႏြရာသီ ေက်ာင္းပိတ္ရက္ျဖစ္ေနတာမို႔
ထယ္ေယာင္း ေက်ာင္းလည္းသြားစရာမလိုေပ။
ေန႕လည္ေန႕ခင္းဆို ထယ္ေယာင္းကေတာ့ ၿခံထဲမွာ ဆင္းေဆာ့တတ္ေပမယ့္ ေကာင္ေလးရဲ႕ အရိပ္အေယာင္ကိုေတာ့ တစ္ခါမွမျမင္ရေခ်။
သူငယ္ခ်င္းေတြက လမ္းထိပ္ေဘာလုံးကြင္းမွာ
အလယ္တန္းအစ္ကိုႀကီးေတြႏွင့္အတူ ေဘာလုံးကန္ဖို႔ လာေခၚေပမယ့္လည္း ထယ္ေယာင္းျငင္းပစ္ခဲ့သည္။ သူေဆာ့ေနတဲ့အခ်ိန္မွာ ေဘးအိမ္က ေကာင္ေလးက အိမ္ျပင္ထြက္လာရင္ သူငယ္ခ်င္းမဖြဲ႕လိုက္ရမွာဆိုးလို႔ျဖစ္သည္။
ထယ္ေယာင္းတို႔ အိမ္ေတြက တစ္အိမ္ႏွင့္တစ္အိမ္
အေတာ္ေလးေတာ့ကပ္သည္။ တစ္အိမ္ႏွင့္ တစ္အိမ္ၾကားထဲ၌ လူတစ္ေယာက္စာ ေဘးတိုက္သြားလို႔ရေလာက္သည္အထိ ေနရာရွိသည္။
ထယ္ေယာင္း အရင္ကေတာ့ အိမ္ေဘးၾကားေတြထဲ တူတူပုန္းတမ္း ဝင္ေဆာ့ခဲ့ဖူးေပမယ့္ ၊ အခုေတာ့ ၿခံစည္းရိုးက သံခြၽန္ေတြႏွင့္ ညွိမွာဆိုး၍
မားက ဆူေသာေၾကာင့္ မေဆာ့ျဖစ္ေတာ့။
ထယ္ေယာင္းၿခံထဲမွာပင္ မားစိုက္ထားသည့္
အ႐ြက္တစ္ခ်ိဳ႕အား ခူးဆြတ္ကာ ၊ အိမ္ေဘးနားက ေရေျမာင္းေလးထဲ ေျမာခ်လိဳက္သည္။
" ေမေမေရ... သားၿခံထဲမွာ "
ကေလးတစ္ေယာက္အသံစူးစူးေလးကို ၾကားလိုက္ရတာမို႔ ထယ္ေယာင္း ေက်ာေပးထားရာသို႔ လွည့္ၾကည့္မိလိုက္သည္။
ဟိုေန႕က ငိုသြားတဲ့ေကာင္ေလး။
ခ်က္ခ်င္းပင္ တစ္ဘက္ၿခံစည္းရိုးနားကပ္ကာ
ခပ္လွမ္းလွမ္း၌ ရွိေနသည့္ ေကာင္ေလးကို အသံေပးလိုက္သည္။
ဒီေတာ့မွ မ်က္ဆံနက္နက္ေလးေတြႏွင့္
လွည့္ၾကည့္လာသည္ ေကာင္ေလး။
" ဟိတ္... ငါက ထယ္ေယာင္း
မင္းကေကာ "
" ယြန္းဂီ "
" ဟမ္... ဘာေျပာတယ္ "
အနားမလာပဲ ခပ္လွမ္းလွမ္းမွာရပ္ေနတဲ့
ေကာင္ေလးအသံဟာ တိုးတိုးေလးရယ္။
ထယ္ေယာင္းေသခ်ာေတာင္မၾကားရ။
ၿခံစည္းရိုးက သြပ္နန္းႀကိဳးျဖင့္ ကာထားတာမို႔
သိပ္လည္းမကပ္ရဲ ၊ အက်ီၿပဲရင္ မားက ဆူအုံးမည္။
" မင္းနာမည္ ငါမၾကားရဘူး..
ေသခ်ာေျပာေလ "
" ငါ့နာမည္ ယြန္းဂီ!!!! မင္ယြန္းဂီ!!! "
မ်က္စိစုံမွိတ္ၿပီး ဖင္ကုန္းေအာ္လိုက္တဲ့ ယြန္းဂီေၾကာင့္ ၿခံထဲက သစ္ကိုင္းေတြေပၚမွာနားေနတဲ့
ခိုငွက္ေတြေတာင္ ထပ်ံသြားၾကတယ္။
" သူငယ္ခ်င္းလုပ္ရေအာင္ "
" မလုပ္ခ်င္ပါဘူး "
တစ္ခြန္းတည္းကိုမွ ၿခံစည္းရိုးၾကားကေန
အၾကည့္စူးစူးေတြႏွင့္ ျဖတ္ၾကည့္ကာ ၊ အိမ္ထဲ
ေကာ့ေတာ့ေတာ့ႏွင့္ ဝင္သြားတဲ့ ယြန္းဂီရဲ႕ပုံစံဟာ
ထထိုးပစ္ခ်င္စရာ။
ေက်ာင္းကေကာင္ေတြသာ ဒီလိုပုံစံမ်ိဳးဆိုရင္
ထယ္ေယာင္း ခ်က္ခ်င္း ဟိုဘက္ၿခံကိုကူးၿပီး
ဆြဲထိုးပစ္လိုက္မည္ဆိုေပမယ့္ ဒီေကာင္ေလးကိုက်ေတာ့ ဘာမွမလုပ္နိုင္ပဲ ေၾကာင္ၾကည့္ေနမိသည္။
အိမ္ထဲဝင္သြားသည့္ ေက်ာျပင္ငယ္ေလး ျမင္ကြင္းထဲမွေန ေပ်ာက္ကြယ္သြားၿပီဆိုမွ
ၿခံစည္းရိုးႀကီးကို ဆြဲလႈပ္ကာ တစစီဆြဲၿဖဲပစ္ခ်င္စိတ္ေတြ ေပၚထြက္လာေတာ့သည္။
____________________
အိုခီ ဒါေလးကို အေကာင္းဆုံး
ေမွ်ာ္မွန္းထားတာမို႔
ခ်စ္ေပးၾကပါအုံး^^