ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

89

9.9K 1.5K 90
By Kiyoiko__

{Unicode}

"မုန်တိုင်း"

ရှောက်ယယ်သည် ယဲ့ထင်အား အိမ်သို့ ပြန်ခေါ်လာပေးသည်။

ယဲ့ထင်သည် ကျိုးကြောင်း မဆင်ခြင်နိုင်လောက်အောင် ယစ်မူးနေ၍ အင်္ကျီပင် မချွတ်ဘဲ ဖိနပ် ချွတ်ပြီးသည်နှင့် အိပ်ရာပေါ်တွင် မလှုပ်မယှက် လဲလျောင်းလိုက်သည်။

ရှောက်ယယ်က ကျစ်စုတ်သပ်လိုက်ပြီး ယဲ့ထင်၏ အပေါ်အင်္ကျီကို အားသုံး၍ ဆွဲချွတ်လိုက်ပြီးနောက် သူ့အား စောင်ပုံထဲ ပြန်ထည့်ပေးလိုက်ပြီး သက်ပြင်းချသံနှင့်

"လေက ဘယ်အရပ်က တိုက်လာမလဲတောင် မသိတော့ဘဲ ဒီမှာတင် လှဲချလိုက်တာပဲ။ ငါသွားကြည့်လိုက်ဦးမယ်၊ မင်း အရက်မူးပြေအောင် တစ်ခုခု လုပ်ပေးလို့ရတာများ ရှိမလားလို့"

ရှောက်ယယ်သည် ယဲ့ထင်တို့အိမ်မှ မီးဖိုချောင်ထဲ ဝင်လာသည်။

သူသည် မီးဖိုတို့ ဒယ်အိုးတို့ကို တွေ့လိုက်ရသည်။ လက်ဆန့်ပြီး စမ်းကြည့်လိုက်ချင်သော်လည်း နမော်နမဲ့နှင့် မီးလောင်တိုက် သွင်းမိသွားမှာကိုလည်း ကြောက်ရပါသည်။ အကယ်၍ ယဲ့ထင်သာ ရန်ကျားလိကို ထပ်မံ မတွေ့ဆုံနိုင်တော့လျှင်၊ မနက်ဖြန်၏ နေမင်းကြီးကို ထပ်မတွေ့နိုင်တော့လျှင် အလွန် စိတ်မကောင်း ဖြစ်ရပါလိမ့်မည်။

ကူကယ်ရာမဲ့စွာနှင့် တစ်အောင့်လောက် စိုက်ကြည့်နေပြီးမှ လက်လွှတ်လိုက်ဖို့ကိုသာ ရွေးချယ်လိုက်ရပြီး ကိုယ်လှည့်ကာ ပြန်ထွက်လာခဲ့သည်။

သူသည် ယဲ့ထင်အတွက် ရေနွေးတစ်ခွက် သွန်ထည့်ပေးလိုက်ပြီး ယဲ့ထင်နှုတ်ခမ်းနား ကပ်ပေးလိုက်ကာ သက်ပြင်းချသံနှင့်

"ညီအစ်ကိုကတော့ မင်းကို ဒီအထိပဲ ကူညီနိုင်တော့မယ်ကွာ"

ယဲ့ထင်သည် မိန်းမောတွေဝေနေသည့်ကြားမှ ရေနွေးကို သောက်လိုက်ပြီး ခေါင်းကြီးစောင်းကာ အမှန်တကယ် အိပ်ပျော်သွားခဲ့သည်။

ရှောက်ယယ်သည် သူ့ကုတင်ဘေးတွင် တစ်ခဏလောက် ထိုင်နေခဲ့သည်။ ယဲ့ထင်၏ မျက်လုံး ပိတ်သွားပြီး ငြိမ်သက်သွားတာ သေချာကာမှ ပင့်သက်တစ်ရှိုက် မှုတ်ထုတ်လိုက်ပြီး ထွက်သွားတော့သည်။

ရှောက်ယယ် ထွက်သွားပြီး မကြာခင်မှာပဲ အိပ်မက်ကမ္ဘာထဲ လွင့်မြောနေခဲ့သည့် ယဲ့ထင်သည် ချောင်းဆိုးရင်း ပြန်နိုးလာသည်။

အခန်းထဲတွင် မှောင်မိုက်နေပြီး အလင်းရောင်လည်း မရှိပေ။ ပြတင်းပေါက်မှာလည်း အသေပိတ်ထား၍ တိတ်ဆိတ်ခြင်းအတိ ဖြစ်နေသည်။

ယဲ့ထင်သည် ကျောမတ်ကာ ထိုင်လိုက်သည်။

မျက်ခွံက လေးလံစွာ ငိုက်စိုက်ကျနေပြီး ယစ်မူးနေခြင်းမှာလည်း မသက်သာသေး၍ ဦးနှောက်တစ်ခုလုံးမှာ ဗလာနတ္ထိ ဖြစ်နေကာ အတွေးစိုင်များသည်လည်း ယောက်ယက်ခတ်နေခဲ့သည်။

ယဲ့ထင်သည် ခေါင်းလှည့်လိုက်ပြီး ရီဝေဝေ မျက်လုံးများနှင့် ကုတင်၏ ထောင့်တွင်ထားထားသော သိုးရုပ်အကြီးကြီးကို စိုက်ကြည့်နေသည်။

သူသည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ကွဲအက်စွာနှင့် ခေါ်လိုက်လေ၏။

"ရန်(သိုး)...."

ရုတ်တရက် မည်သို့သော အကြောင်းအရာကို စဥ်းစားမိသွားသည်မသိ၊ ယဲ့ထင်၏ အသက်ရှူသံက မြန်ဆန်လာပြီး ကုန်းရုန်းထလျက် ကုတင်တစ်ဖက်ကို သွားကာ ထိုသိုးရုပ်ကြီးကို ဖက်လိုက်သည်။ ချာချာလည်အောင် မူးဝေနေသော မျက်လုံးများကို အတင်းကာရော ဖွင့်နေရင်း ရေးတေးတေး ဖြစ်နေသည့်ကြားမှ မမျှော်လင့်ဘဲ ထိုသိုးရုပ်ကို ကျော်ဖြတ်ကာ ရန်ကျားလိ၏ မျက်နှာကို မြင်တွေ့လိုက်ရပုံပေါ်သည်။

သူသည် သိုးရုပ်ကို အသေဆွဲထားပြီး မလွတ်ပေးတော့ပေ။ ထို့နောက်တွင်တော့ နွမ်းလျစွာ ညည်းညူလိုက်ရင်း

"ရန်ရန်၊ မင်းဘယ်လိုလုပ် ပြန်လာတာလဲ"

"မင်းနောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့"

ယဲ့ထင်သည် သိုးရုပ်ကို ရင်ခွင်ထဲတွင် ခပ်တင်းတင်း ပွေ့ဖက်ထားပြီး မျက်ဝန်းများကို မှိတ်ကာ ပြုံးရယ်နေသည်။

"မင်း ပြန်လာပြီ၊ ဒီတစ်ခါတော့ မင်းထပ်ပြီး ထွက်သွားလို့ မရတော့ဘူး။ ကိုယ်လည်းမင်းကို ထွက်ပြေးခွင့် ထပ်မပေးနိုင်တော့ဘူး၊ ပေါင်ပေါင်း....."

ထွက်ပြေးခြင်းဟူသည့် စကားနှစ်လုံးကို ပြောမိသည်နှင့် ယဲ့ထင်၏ နောက်ကျိနေသော အသိစိတ်သည် ဖော်မပြနိုင်လောက်အောင် တစ်ဖန်ပြန်လည် တင်းမာလာပြန်သည်။

သူ၏ ပွေ့ဖက်ခြင်းမှာ ပို၍ တင်းကျပ်လာပြီး အံကိုကြိတ်လျက်

"ထပ်ထွက်သွားလို့ မရတော့ဘူး။ ထွက်ပြေးခွင့်လည်း မပေးတော့ဘူး။ ကိုယ့်ကိုလည်း မကြောက်ရဘူး!"

ယဲ့ထင်၏ လက်ချောင်းများသည် တုန်တုန်ရီရီနှင့် ခါးထက်မှ မိမိ၏ ခါးပတ်ကို ဖြုတ်လိုက်ကာ မျက်လုံးများကလည်း နီရဲနေပြီး

"မင်း ထပ်ပြီး ထွက်သွားဖို့တောင် မတွေးနဲ့!"

သူသည် ခါးပတ်ကို ကိုင်ပြီး လက်အားကို ပိုသုံးကာ ထိုခါးပတ်နှင့် ထိုသိုးကို ကျပ်ကျပ်ကလေး ရစ်ပတ်ပစ်လိုက်သည်။ လက်ချောင်းများက အေးစက်သည့် ခါးပတ်ခေါင်းကို ထိကိုင်လိုက်ပြီး ခါးပတ်ကို ထိုးထည့်ကာ ချည်နှောင်တော့မည့် အချိန်တွင် သူ၏ လက်ချောင်းများက ထပ်မံ ရပ်တန့်သွားရပြန်သည်။ အတန်ကြာသော် ရုတ်တရက် တစ်ကိုယ်လုံးက တုန်လှုပ်သွားပြီး ချက်ချင်းအလျင်း ခါးပတ်ကို တစ်ဖက်သို့ အကြမ်းပတမ်း လွှင့်ပစ်လိုက်သည်။

"ဟင့်အင်း၊ မချည်ထားတော့ပါဘူး"

ယဲ့ထင်သည် အနည်းငယ် သွေးရူးသွေးတန်း ဖြစ်နေပြီး

"ကိုယ်မင်းကို ထပ်မချည်ထားတော့ဘူး။ မင်းကို ပိတ်လှောင် မထားတော့ပါဘူး"

သူသည် ပင့်သက်ရှိူက်လိုက်ပြီး ရင်ဘတ်သည်လည်း အလွန်အမင်း နိမ့်ချည်မြင့်ချည် ဖြစ်နေကာ

"ပေါင်ပေါင်း၊ ကိုယ်မင်းကို ထပ်ပြီး အဲ့လိုတွေ မဆက်ဆံတော့ပါဘူး။ ကိုယ်တို့ အစက ပြန်စကြမယ်လေ၊ မကောင်းဘူးလား။ မင်းက အဲ့တာတွေ အားလုံးကို မေ့ပစ်လိုက်၊ ကိုယ်တို့လည်း ပြန်တွေ့ကြတဲ့အချိန်ကနေ ပြန်စမယ်။ ကိုယ်မင်းကို ယုံကြည်စေရမှာပါ။ ကိုယ်မင်းအပေါ် အရမ်းအရမ်းကို ကောင်းပေးမှာ၊ ကိုယ်တို့ တက္ကသိုလ် တုန်းကလိုမျိုးတောင် ပြန်ဖြစ်နိုင်သေးတယ်။ မင်း ကိုယ့်ကို မကြောက်ပါနဲ့၊ လုံးဝ ကိုယ့်ကို မကြောက်ပါနဲ့ကွာ..."

ယဲ့ထင်သည် မူးဝေ မိန်းမောနေ၍ သိုးရုပ်ကြီးကို ဖက်ပြီး အချိန်အတော်ကြာ စကားတွေ ဖောင်ဖွဲ့ ပြောဆိုနေခဲ့သည်။

ညလယ်ခေါင် ရောက်လာခဲ့သည့် အထိပင်။ အင်အားက ကုန်ခမ်း ယုတ်လျော့လုနီးပါး ဖြစ်လာမှသာ ယဲ့ထင်သည် မျက်လုံးနှစ်ဖက်ကို ပိတ်လိုက်ပြီး နောက်ဆုံးမှာတော့ နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားလေသည်။

အိပ်ပျော်သွားခဲ့သည့်တိုင် သူ၏ လက်မောင်းများဖြင့် သိုးရုပ်ကြီးကို မလျော့သော အားနှင့် တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားဆဲ ဖြစ်ခဲ့လေသည်။

နောက်တစ်နေ့ နိုးလာချိန်တွင် ယဲ့ထင်သည် အမှန်စင်စစ် နာကျင်ကိုက်ခဲနေသည့် နားထင်ကို နှိပ်နယ်ရင်း ရှုပ်ပွနေသည့် အိပ်ခန်းကို တစ်ချက်ကြည့်လိုက်သည်။

သူ အရွယ်ရောက်ပြီးကတည်းက အရက်သောက်လျှင် မူးရူးအောင် သောက်စားခဲ့သည် ဆိုတာမျိုးက မဆိုစလောက် နည်းပါးခဲ့သည်။

အရူးထရလောက်သည့် အခြေအနေအထိ အရက်သောက်ပစ်တာမျိုးက ပိုလို့ပင် မရှိခဲ့ဖူးပေ။

ယဲ့ထင်က အေးစက်စက် တစ်ချက် ရယ်လိုက်ပြီး တစ်ခဏလောက် ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ မှတ်ဥာဏ်များ ပြန်ရလာကာမှ ရေချိုးသန့်စင်ဖို့ရန် ကုတင်ပေါ်မှ ဆင်းလိုက်သည်။

ကုမ္ပဏီ ရောက်သောအခါ အတွင်းရေးမှူးက ကော်ဖီဖျော်ပေးလာသည်။ ယဲ့ထင်က လက်ခါပြလိုက်ပြီး သူမအား လန်းဆန်းစေမည့် ဖျော်ရည်သာ သွားလုပ်ခိုင်းလိုက်သည်။

အတွင်းရေးမှူးက ပျားသံပုရာရည် လုပ်လိုက်သောအခါ ယဲ့ထင်လည်း တစ်ကျိုက် သောက်လိုက်ပြီး စကားဆိုလာသည်။

"အပန်းဖြေ စခန်းက အဲ့လူတွေ၊ ရှိသေးတယ်မလား"

အတွင်းရေးမှူးက ခေါင်းညိတ်ပြီး

"အကုန် ရှိပါသေးတယ်။ သူတို့ကို ကန့်သတ်ပေးထားတဲ့ ရက်တော့ မရောက်သေးပေမယ့် ရောက်ဖို့ကလည်း မကြာတော့ပါဘူး။ သန်ဘက်ခါလောက်ဆိုရင် သူတို့လည်း ပစ္စည်းတွေ သိမ်းပြီး ပြန်လာဖို့ ပြင်ဆင်နေလောက်ပါပြီ"

ယဲ့ထင်၏ လက်ချောင်းများသည် အနက်ရောင် ရွှေကွပ်နာရီ၏ မျက်နှာပြင်ပေါ် ဖြည်းညှင်းစွာ ပွတ်သတ်နေပြီး ခဏအကြာမှ ပြောလာသည်။

"သူတို့ကို အားလပ်ရက် ထပ်ပေးလိုက်ဦး"

အတွင်းရေးမှူးက အနည်းငယ် အံ့အားသင့်သွားပြီး

"ဆရာက သူတို့ကို အားလပ်ရက် ထပ်ပေးချင်သေးလို့လား"

ယဲ့ထင်က ဖျော့တော့တော့နှင့် အင်းဟု တစ်ချက် အသံပြုပြီး

"သူတို့ကို ဆက်စောင့်ထားခိုင်းလိုက်ဦး။ ဓာတ်ပုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပြန်ပို့ခိုင်းလိုက်"

အတွင်းရေးမှူးသည် ယဲ့ထင်၏ အရူးတပိုင်း ဖြစ်လုနီးပါး စောင့်ကြည့်မှုကြီး အပေါ်တွင် အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားသော်လည်း အထက်လူကြီး၏ ညွှန်ကြားချက် ဖြစ်နေသည်မို့ သူမကတော့ အမိန့်အတိုင်း ဆောင်ရွက်ရမည်သာဖြစ်သည်။

အတွင်းရေးမှူး ထွက်သွားပြီးနောက် ယဲ့ထင်သည် ပျားသံပုရာရည်ကို အပြီးမော့သောက်လိုက်သည်။ သောက်ပြီးသည့်နောက် ချက်ချင်းအလျင်း အလုပ်စလုပ်ခဲ့သည်တော့ မဟုတ်ပေ။

သူ့တံတောင်ဆစ်က စားပွဲပေါ် ထောက်လျက်ရှိနေပြီး လက်သီးဆုပ်များဖြင့် မေးစေ့ကို ပင့်ထားကာ အတွေးများကို ဖုံးကွယ်ထားသကဲ့သို့ မျက်ဝန်း အကြည့်များက တဖြည်းဖြည်းနှင့် လျင်လျင်မြန်မြန် ညှို့မှိုင်းကုန်တော့သည်။

______

ရန်ကျားလိသည် စံအိမ်တွင် ရက်အနည်းကြာ ဖြတ်သန်းခဲ့ပြီးနောက် လန်ထျန်း၏ ဖုန်းကောလ်ကို လက်ခံရရှိခဲ့သည်။

ရန်ကျားလိသည် မိမိ၏ လက်ရှိဖုန်းနံပါတ်ကို လန်ထျန်း ဘယ်လိုများ သိသွားတာလဲ ဆိုသည့်အကြောင်းကို ထူးထူးဆန်းဆန်း ဖြစ်နေသည့် အချိန်တွင် လန်ထျန်းဘက်က စောဒကတက်စွာ ငြင်းခုံလာသည်။

"ကျွန်တော်က နိုင်ငံခြားတောင် သွားရတော့မယ်။ မသွားခင်လေး ခင်ဗျားကို တစ်ခေါက်လောက် တွေ့သွားချင်တာတောင် မတွေ့ရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ခင်ဗျားရဲ့ အချိန်ပြည့် ကြည့်ရူစောင့်ရှောက်သူ ဖြစ်ပေးခဲ့တာပဲကို၊ အဲ့ဒီ ဥက္ကဌကျောက်က ခင်ဗျားကို ဖွက်ထားတာ လုံခြုံနေရောပဲ။ ကျွန်တော်သူ့ကို လေးငါးခေါက်လောက် မေးနေတာတောင် သူက မပြောပြဘူး"

ရန်ကျားလိသည် လန်ထျန်း၏ အော်ငေါက်သံကို ကြားသောအခါ နှုတ်ခမ်းထောင့်က မသိလိုက်ပါဘဲ ကွေးညွတ်သွားပြီး

"ဒါဆိုမင်း အခုရော ဘယ်လို သိသွားတာလဲ"

လန်ထျန်းက ဟီးဟီးဟု ရယ်လိုက်ပြီး

"ဒီလိုပဲ ကျွန်တော့်တို့ ထင်ထင်မှာ နည်းလမ်းရှိတာပေါ့။ ခင်ဗျားရဲ့ သတင်းကို ဥက္ကဌကျောက် ပါးစပ်ထဲက နှိုက်လာတာလေ"

(TN/ ထင်ထင်တွေ အရမ်းများနေလို့ ရှုပ်နေကြပြီမလား မရှုပ်ကြပါနဲ့ဦး...ဒါက ရွမ်ယမ့်ထင်ကို ပြောတာပါ...သူ့နာမည်ရဲ့ ထင်က 廷 အဲ့လိုရေးတာပါ...ဒါပေမဲ့ လန်ထျန်းက သူ့ဘာသာသူ 婷婷 လို့ ပြောင်းလဲ ခေါ်ဆိုလိုက်ပါတယ် အဲ့ဒါက မိန်းကလေးနာမည်တွေမှာပဲ သုံးတာများပါတယ် ဘာလို့လဲဆိုတော့ အဓိပ္ပါယ်က ယဥ်ကျေးသိမ်မွေ့၊ တင့်တယ်ပြီး ကျက်သရေရှိတဲ့ အမျိုးသမီးတွေမှာ သုံးတာမို့လို့ပါ)

ရန်ကျားလိသည် စက္ကန့်ပိုင်းလောက် ကြောင်အမ်းသွားပြီးမှ တုံ့ပြန်လာနိုင်သည်။ ထိုထင်ထင်က ညွှန်ပြချင်သူမှာ ရွမ်ယမ့်ထင်ကိုပင်။

ထိုအကြောင်းနှင့် ပတ်သတ်ပြီး လန်ထျန်းသည် ရန်ကျားလိကို ပြောပြဖူးသည်။

ပြောသည်က လန်ထျန်း ငယ်စဥ်က မိဘများမှာ အလုပ်များလွန်းသောကြောင့် ကျောင်းတက်လျှင် အနိုင်ကျင့် ခံရမည်ဆိုး၍ အကြီးတန်းမှ ရွမ်ယမ့်ထင်အား ထိုရတနာတုံးလေး လန်ထျန်းကို ကောင်းကောင်း ကြည့်ရူစောင့်ရှောက်ပေးရန် တိုက်တွန်းမှာကြားခဲ့သည်။ လန်ထျန်းသည် ထိုအချိန်တုန်းက စာမဖတ်တတ်သေး၍ သူ့အတွက် ရွမ်ယမ့်ထင်ဟူသည့် စကားသုံးလုံးမှာ မူလတန်းကျောင်းသားက သင်္ချာအီကွေးရှင်းများကို တွေ့လိုက်ရသလိုမျိုး ခက်ခဲနေတော့သည်။

သို့နှင့် မူလတန်း စတုတ္ထနှစ် ရောက်သည်အထိ လန်ထျန်းသည် ရွမ်ယမ့်ထင်၏ နာမည်အား '软燕婷(ရွမ်ယမ့်ထင်)'ဟု ခေါ်သည်ဟုသာ ထင်မှတ်နေခဲ့သည်။

(TN/ 软燕婷=ပျော့ပြောင်းနူးညံ့ ညင်သာသော ပျံလွှားဌက်?? သူကဘာလို့ အဲ့စာလုံးတွေလို့ ထင်သွားတာလဲဆိုရင် ဒီစာလုံးတွေက အငယ်တန်းမှာ ကတည်းက သင်ခဲ့ရလို့ ဖြစ်မယ်ထင်တယ်)

လန်ထျန်းသည် ရွမ်ယမ့်ထင်အား တရင်းတနှီးနှင့် နာမည်ပြောင်ပင် ပေးခဲ့သေးသည်။ ထင်ထင် ဟူ၍ပင်။

ရွမ်ယမ့်ထင်သည် ထိုအကြောင်းကို ကြားသိလိုက်ရပြီးနောက်တွင် ဒေါသထွက်လွန်း၍ ဆံပင်များပါ ထောင်မတ်သွားပြီး လန်ထျန်းအား နှစ်လလောက် စကားတစ်ခွန်းပင် မပြောတော့ပေ။

နောက်ပိုင်းတွင် လန်ထျန်းက သူ့ကို စနောက်သည့် အခါတိုင်း ထိုနာမည်ပြောင်ကို ခေါ်ပြန်သည်။ ရွမ်ယမ့်ထင်သည် အခေါက်တိုင်း မီးခလုတ်ကို ပိတ်လိုက်သကဲ့သို့ မျက်နှာကြီးမှာ မည်းမှောင်နေပြီး လန့်စရာကောင်းလောက်အောင် အေးစက်နေသော်လည်း လန်ထျန်းက အနားကပ်ပြီး ပွတ်သီးပွတ်သပ် လုပ်လိုက်မှသာ စိတ်ပြေသွားသည်။

"မင်းရဲ့ လေသံကို နားထောင်ရတာ၊ သူ့ကို စိတ်မဆိုးတော့ဘူး။ သူနဲ့ ပြန်လိုက်သွားတော့မယ်ပေါ့?"

"စိတ်ဆိုးတာတော့ စိတ်ဆိုးတုန်းပဲပေါ့။ ယောကျ်ားစင်စစ်ရဲ့ အကျင့်သီလက ပျက်စီးသွားရတာကို၊ ဒါပေမဲ့....."

လန်ထျန်းက ရှက်ရွံ့နေပြီး

"ခင်ဗျား နားထောင်"

ရန်ကျားလိသည် ဖုန်းကို အနားကပ်လိုက်ပြီး သေသေချာချာ နားထောင်လိုက်သည်။

လန်ထျန်းဘက်မှ ကြောင်အော်သံလေးက ထပ်ခါထပ်ခါ ထိုးထွက်လာသည်။

ရန်ကျားလိလည်း မထိန်းနိုင်တော့ဘဲ အသံထွက် ရယ်မိတော့သည်။

သံမဏိ အရိုးနှင့် အညံ့ခံခြင်းထက် သေပစ်လိုက်တာက ပိုကောင်းတယ် ဆိုသူက ကြောင်အတွက်နှင့် ခါးပါပေးလိုက်ပြီဆိုတော့ မိုက်ပါ့ မိုက်ပါ့။

နှစ်ယောက်သားသည် မတွေ့တာ အတော်ကြာပြီဖြစ်၍ နောက်ဆုံးတွင် အဆက်အသွယ် ရသွားသောအခါ ဖုန်းကို ကိုင်ထားရင်း အချိန်အတော်ကြာ အတင်းအဖျင်း ပြောနေကြ၍ လက်ကိုင်ဖုန်းသည်ပင် လက်များ လောင်ကျွမ်းသွားမတတ် ပူကျစ်လာတော့သည်။

အဆုံးသတ်ခါနီးတွင် လန်ထျန်းသည် ကမန်းကတန်းနှင့် ထအော်လိုက်သည်။

"ခင်ဗျားနဲ့ မပြောတော့ဘူး၊ ကျွန်တော် ပစ္စည်းတွေ သိမ်းရတော့မယ်။ လေယာဥ်က ဆယ့်တစ်နာရီမို့လို့။ အာ ဟုတ်သားပဲ၊ ခင်ဗျားကို ပြောဖို့ မေ့တော့မလို့၊ ခင်ဗျား အားတဲ့အချိန်လေ၊ အမေရိကန်ကို လာခဲ့။ ကျွန်တော် ခင်ဗျားကို ဂိုက်လုပ်ပေးမယ်။ လေယာဥ် လက်မှတ်ဖိုးလည်း ပြန်ပေးမယ်။ စားစရိတ်ရော နေထိုင်စရိတ်ရော ကျွန်တော်အားလုံး စိုက်ပေးမယ်။ ကြောင်တွေလည်း ခင်ဗျားကို ပေးဖက်ခိုင်းလို့ရတယ်"

"ဒါက ဘယ်လိုလုပ် ကောင်းမှာလဲ"

"ဘာမှ မဖြစ်ပါဘူး"

လန်ထျန်းက ရွှင်မြူး တက်ကြွနေရင်း ရယ်သံတိုးနှင့် ပြောပြန်သည်။

"ကျွန်တော့်မှာ ပိုက်ဆံ အများကြီး မရှိပေမယ့် ခင်ဗျား မငြင်းရင် ရပါတယ်"

ရန်ကျားလိက မျက်လုံး ကျဥ်းမြောင်းသွားပြီး

"ပိုက်ဆံမရှိလို့ ခက်ခက်ခဲခဲနဲ့ လေးသိန်းတန် နာရီပဲ ဝတ်နိုင်တယ်ပေါ့။ တော်တော်လေး ဆင်းရဲတာပဲ!"

ထို့နောက် ဖုန်းက ကျသွားတော့သည်။

ရန်ကျားလိသည် လန်ထျန်းနှင့် စကားစမြည် ပြောရသည့် ပျော်ရွှင်မှု ထဲ နစ်မြောနေဆဲ ဖြစ်နေသည့် အကြားတွင် လူတစ်ယောက်က တံခါးတွန်းဖွင့်ကာ ဝင်လာပြီး အပြုံးနှင့်

"လူကြီးမင်းရန်၊ သူဌေးလျိုက ကျွန်တော့်ကို လာခေါ်ခိုင်းလိုက်လို့ပါ။ ဒီနေ့ သူကိုယ်တိုင် အမဲသား ကင်ထားတာမလို့ ခင်ဗျား မြန်မြန်ဆင်းလာပြီး သူ့ရဲ့လက်ရာကို မြည်းကြည့်ပေးဖို့ ပြောခိုင်းလိုက်ပါတယ်"

ရန်ကျားလိက တုံ့ပြန်သည်။

"သိပါပြီ"

သူသည် ဖုန်းကို ချထားလိုက်ပြီး အောက်ထပ်သို့ အတူလိုက်ဆင်းသွားမည့် အချိန်တွင် ခြေလှမ်းများက ရပ်တန့်သွားပြီး ပြန်လှည့်လာသည်။

သူသည် နံဘေးမှ အံဆွဲတစ်ခုကို ဖွင့်လိုက်ပြီး အထဲမှ စာအိတ်တစ်အိတ် ယူလိုက်သည်။ စာအိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် ပိုက်ဆံအချို့ ရှိနေသည်။

ရန်ကျားလိသည် စာအိတ်ကို ယူလိုက်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ အောက်ထပ်သို့ ဆင်းသွားတော့သည်။
.
.
.
.
.
14/1/2022(Fri)

                           ×××

{Zawgyi}

"မုန္တိုင္း"

ေရွာက္ယယ္သည္ ယဲ့ထင္အား အိမ္သို႔ ျပန္ေခၚလာေပးသည္။

ယဲ့ထင္သည္ က်ိဳးေၾကာင္း မဆင္ျခင္ႏိုင္ေလာက္ေအာင္ ယစ္မူးေန၍ အက်ႌပင္ မခြၽတ္ဘဲ ဖိနပ္ ခြၽတ္ၿပီးသည္ႏွင့္ အိပ္ရာေပၚတြင္ မလႈပ္မယွက္ လဲေလ်ာင္းလိုက္သည္။

ေရွာက္ယယ္က က်စ္စုတ္သပ္လိုက္ၿပီး ယဲ့ထင္၏ အေပၚအက်ႌကို အားသုံး၍ ဆြဲခြၽတ္လိုက္ၿပီးေနာက္ သူ႔အား ေစာင္ပုံထဲ ျပန္ထည့္ေပးလိုက္ၿပီး သက္ျပင္းခ်သံႏွင့္

"ေလက ဘယ္အရပ္က တိုက္လာမလဲေတာင္ မသိေတာ့ဘဲ ဒီမွာတင္ လွဲခ်လိုက္တာပဲ။ ငါသြားၾကည့္လိုက္ဦးမယ္၊ မင္း အရက္မူးေျပေအာင္ တစ္ခုခု လုပ္ေပးလို႔ရတာမ်ား ရွိမလားလို႔"

ေရွာက္ယယ္သည္ ယဲ့ထင္တို႔အိမ္မွ မီးဖိုေခ်ာင္ထဲ ဝင္လာသည္။

သူသည္ မီးဖိုတို႔ ဒယ္အိုးတို႔ကို ေတြ႕လိုက္ရသည္။ လက္ဆန္႔ၿပီး စမ္းၾကည့္လိုက္ခ်င္ေသာ္လည္း နေမာ္နမဲ့ႏွင့္ မီးေလာင္တိုက္ သြင္းမိသြားမွာကိုလည္း ေၾကာက္ရပါသည္။ အကယ္၍ ယဲ့ထင္သာ ရန္က်ားလိကို ထပ္မံ မေတြ႕ဆုံႏိုင္ေတာ့လွ်င္၊ မနက္ျဖန္၏ ေနမင္းႀကီးကို ထပ္မေတြ႕ႏိုင္ေတာ့လွ်င္ အလြန္ စိတ္မေကာင္း ျဖစ္ရပါလိမ့္မည္။

ကူကယ္ရာမဲ့စြာႏွင့္ တစ္ေအာင့္ေလာက္ စိုက္ၾကည့္ေနၿပီးမွ လက္လႊတ္လိုက္ဖို႔ကိုသာ ေ႐ြးခ်ယ္လိုက္ရၿပီး ကိုယ္လွည့္ကာ ျပန္ထြက္လာခဲ့သည္။

သူသည္ ယဲ့ထင္အတြက္ ေရေႏြးတစ္ခြက္ သြန္ထည့္ေပးလိုက္ၿပီး ယဲ့ထင္ႏႈတ္ခမ္းနား ကပ္ေပးလိုက္ကာ သက္ျပင္းခ်သံႏွင့္

"ညီအစ္ကိုကေတာ့ မင္းကို ဒီအထိပဲ ကူညီႏိုင္ေတာ့မယ္ကြာ"

ယဲ့ထင္သည္ မိန္းေမာေတြေဝေနသည့္ၾကားမွ ေရေႏြးကို ေသာက္လိုက္ၿပီး ေခါင္းႀကီးေစာင္းကာ အမွန္တကယ္ အိပ္ေပ်ာ္သြားခဲ့သည္။

ေရွာက္ယယ္သည္ သူ႔ကုတင္ေဘးတြင္ တစ္ခဏေလာက္ ထိုင္ေနခဲ့သည္။ ယဲ့ထင္၏ မ်က္လုံး ပိတ္သြားၿပီး ၿငိမ္သက္သြားတာ ေသခ်ာကာမွ ပင့္သက္တစ္ရႈိက္ မႈတ္ထုတ္လိုက္ၿပီး ထြက္သြားေတာ့သည္။

ေရွာက္ယယ္ ထြက္သြားၿပီး မၾကာခင္မွာပဲ အိပ္မက္ကမာၻထဲ လြင့္ေျမာေနခဲ့သည့္ ယဲ့ထင္သည္ ေခ်ာင္းဆိုးရင္း ျပန္ႏိုးလာသည္။

အခန္းထဲတြင္ ေမွာင္မိုက္ေနၿပီး အလင္းေရာင္လည္း မရွိေပ။ ျပတင္းေပါက္မွာလည္း အေသပိတ္ထား၍ တိတ္ဆိတ္ျခင္းအတိ ျဖစ္ေနသည္။

ယဲ့ထင္သည္ ေက်ာမတ္ကာ ထိုင္လိုက္သည္။

မ်က္ခြံက ေလးလံစြာ ငိုက္စိုက္က်ေနၿပီး ယစ္မူးေနျခင္းမွာလည္း မသက္သာေသး၍ ဦးေႏွာက္တစ္ခုလုံးမွာ ဗလာနတၳိ ျဖစ္ေနကာ အေတြးစိုင္မ်ားသည္လည္း ေယာက္ယက္ခတ္ေနခဲ့သည္။

ယဲ့ထင္သည္ ေခါင္းလွည့္လိုက္ၿပီး ရီေဝေဝ မ်က္လုံးမ်ားႏွင့္ ကုတင္၏ ေထာင့္တြင္ထားထားေသာ သိုး႐ုပ္အႀကီးႀကီးကို စိုက္ၾကည့္ေနသည္။

သူသည္ မ်က္လုံးမ်ားကို က်ဥ္းေျမာင္းလိုက္ၿပီး ကြဲအက္စြာႏွင့္ ေခၚလိုက္ေလ၏။

"ရန္(သိုး)...."

႐ုတ္တရက္ မည္သို႔ေသာ အေၾကာင္းအရာကို စဥ္းစားမိသြားသည္မသိ၊ ယဲ့ထင္၏ အသက္ရႉသံက ျမန္ဆန္လာၿပီး ကုန္း႐ုန္းထလ်က္ ကုတင္တစ္ဖက္ကို သြားကာ ထိုသိုး႐ုပ္ႀကီးကို ဖက္လိုက္သည္။ ခ်ာခ်ာလည္ေအာင္ မူးေဝေနေသာ မ်က္လုံးမ်ားကို အတင္းကာေရာ ဖြင့္ေနရင္း ေရးေတးေတး ျဖစ္ေနသည့္ၾကားမွ မေမွ်ာ္လင့္ဘဲ ထိုသိုး႐ုပ္ကို ေက်ာ္ျဖတ္ကာ ရန္က်ားလိ၏ မ်က္ႏွာကို ျမင္ေတြ႕လိုက္ရပုံေပၚသည္။

သူသည္ သိုး႐ုပ္ကို အေသဆြဲထားၿပီး မလြတ္ေပးေတာ့ေပ။ ထို႔ေနာက္တြင္ေတာ့ ႏြမ္းလ်စြာ ညည္းညဴလိုက္ရင္း

"ရန္ရန္၊ မင္းဘယ္လိုလုပ္ ျပန္လာတာလဲ"

"မင္းေနာက္ဆုံးေတာ့ ျပန္လာခဲ့ၿပီေပါ့"

ယဲ့ထင္သည္ သိုး႐ုပ္ကို ရင္ခြင္ထဲတြင္ ခပ္တင္းတင္း ေပြ႕ဖက္ထားၿပီး မ်က္ဝန္းမ်ားကို မွိတ္ကာ ၿပဳံးရယ္ေနသည္။

"မင္း ျပန္လာၿပီ၊ ဒီတစ္ခါေတာ့ မင္းထပ္ၿပီး ထြက္သြားလို႔ မရေတာ့ဘူး။ ကိုယ္လည္းမင္းကို ထြက္ေျပးခြင့္ ထပ္မေပးႏိုင္ေတာ့ဘူး၊ ေပါင္ေပါင္း....."

ထြက္ေျပးျခင္းဟူသည့္ စကားႏွစ္လုံးကို ေျပာမိသည္ႏွင့္ ယဲ့ထင္၏ ေနာက္က်ိေနေသာ အသိစိတ္သည္ ေဖာ္မျပႏိုင္ေလာက္ေအာင္ တစ္ဖန္ျပန္လည္ တင္းမာလာျပန္သည္။

သူ၏ ေပြ႕ဖက္ျခင္းမွာ ပို၍ တင္းက်ပ္လာၿပီး အံကိုႀကိတ္လ်က္

"ထပ္ထြက္သြားလို႔ မရေတာ့ဘူး။ ထြက္ေျပးခြင့္လည္း မေပးေတာ့ဘူး။ ကိုယ့္ကိုလည္း မေၾကာက္ရဘူး!"

ယဲ့ထင္၏ လက္ေခ်ာင္းမ်ားသည္ တုန္တုန္ရီရီႏွင့္ ခါးထက္မွ မိမိ၏ ခါးပတ္ကို ျဖဳတ္လိုက္ကာ မ်က္လုံးမ်ားကလည္း နီရဲေနၿပီး

"မင္း ထပ္ၿပီး ထြက္သြားဖို႔ေတာင္ မေတြးနဲ႔!"

သူသည္ ခါးပတ္ကို ကိုင္ၿပီး လက္အားကို ပိုသုံးကာ ထိုခါးပတ္ႏွင့္ ထိုသိုးကို က်ပ္က်ပ္ကေလး ရစ္ပတ္ပစ္လိုက္သည္။ လက္ေခ်ာင္းမ်ားက ေအးစက္သည့္ ခါးပတ္ေခါင္းကို ထိကိုင္လိုက္ၿပီး ခါးပတ္ကို ထိုးထည့္ကာ ခ်ည္ေႏွာင္ေတာ့မည့္ အခ်ိန္တြင္ သူ၏ လက္ေခ်ာင္းမ်ားက ထပ္မံ ရပ္တန္႔သြားရျပန္သည္။ အတန္ၾကာေသာ္ ႐ုတ္တရက္ တစ္ကိုယ္လုံးက တုန္လႈပ္သြားၿပီး ခ်က္ခ်င္းအလ်င္း ခါးပတ္ကို တစ္ဖက္သို႔ အၾကမ္းပတမ္း လႊင့္ပစ္လိုက္သည္။

"ဟင့္အင္း၊ မခ်ည္ထားေတာ့ပါဘူး"

ယဲ့ထင္သည္ အနည္းငယ္ ေသြး႐ူးေသြးတန္း ျဖစ္ေနၿပီး

"ကိုယ္မင္းကို ထပ္မခ်ည္ထားေတာ့ဘူး။ မင္းကို ပိတ္ေလွာင္ မထားေတာ့ပါဘူး"

သူသည္ ပင့္သက္ရွိူက္လိုက္ၿပီး ရင္ဘတ္သည္လည္း အလြန္အမင္း နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနကာ

"ေပါင္ေပါင္း၊ ကိုယ္မင္းကို ထပ္ၿပီး အဲ့လိုေတြ မဆက္ဆံေတာ့ပါဘူး။ ကိုယ္တို႔ အစက ျပန္စၾကမယ္ေလ၊ မေကာင္းဘူးလား။ မင္းက အဲ့တာေတြ အားလုံးကို ေမ့ပစ္လိုက္၊ ကိုယ္တို႔လည္း ျပန္ေတြ႕ၾကတဲ့အခ်ိန္ကေန ျပန္စမယ္။ ကိုယ္မင္းကို ယုံၾကည္ေစရမွာပါ။ ကိုယ္မင္းအေပၚ အရမ္းအရမ္းကို ေကာင္းေပးမွာ၊ ကိုယ္တို႔ တကၠသိုလ္ တုန္းကလိုမ်ိဳးေတာင္ ျပန္ျဖစ္ႏိုင္ေသးတယ္။ မင္း ကိုယ့္ကို မေၾကာက္ပါနဲ႔၊ လုံးဝ ကိုယ့္ကို မေၾကာက္ပါနဲ႔ကြာ..."

ယဲ့ထင္သည္ မူးေဝ မိန္းေမာေန၍ သိုး႐ုပ္ႀကီးကို ဖက္ၿပီး အခ်ိန္အေတာ္ၾကာ စကားေတြ ေဖာင္ဖြဲ႕ ေျပာဆိုေနခဲ့သည္။

ညလယ္ေခါင္ ေရာက္လာခဲ့သည့္ အထိပင္။ အင္အားက ကုန္ခမ္း ယုတ္ေလ်ာ့လုနီးပါး ျဖစ္လာမွသာ ယဲ့ထင္သည္ မ်က္လုံးႏွစ္ဖက္ကို ပိတ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ နက္နက္ရႈိင္းရႈိင္း အိပ္ေမာက်သြားေလသည္။

အိပ္ေပ်ာ္သြားခဲ့သည့္တိုင္ သူ၏ လက္ေမာင္းမ်ားျဖင့္ သိုး႐ုပ္ႀကီးကို မေလ်ာ့ေသာ အားႏွင့္ တင္းတင္းက်ပ္က်ပ္ ေထြးေပြ႕ထားဆဲ ျဖစ္ခဲ့ေလသည္။

ေနာက္တစ္ေန႔ ႏိုးလာခ်ိန္တြင္ ယဲ့ထင္သည္ အမွန္စင္စစ္ နာက်င္ကိုက္ခဲေနသည့္ နားထင္ကို ႏွိပ္နယ္ရင္း ရႈပ္ပြေနသည့္ အိပ္ခန္းကို တစ္ခ်က္ၾကည့္လိုက္သည္။

သူ အ႐ြယ္ေရာက္ၿပီးကတည္းက အရက္ေသာက္လွ်င္ မူး႐ူးေအာင္ ေသာက္စားခဲ့သည္ ဆိုတာမ်ိဳးက မဆိုစေလာက္ နည္းပါးခဲ့သည္။

အ႐ူးထရေလာက္သည့္ အေျခအေနအထိ အရက္ေသာက္ပစ္တာမ်ိဳးက ပိုလို႔ပင္ မရွိခဲ့ဖူးေပ။

ယဲ့ထင္က ေအးစက္စက္ တစ္ခ်က္ ရယ္လိုက္ၿပီး တစ္ခဏေလာက္ ကုတင္ေပၚတြင္ ၿငိမ္သက္စြာ ထိုင္ေနလိုက္သည္။ မွတ္ဥာဏ္မ်ား ျပန္ရလာကာမွ ေရခ်ိဳးသန္႔စင္ဖို႔ရန္ ကုတင္ေပၚမွ ဆင္းလိုက္သည္။

ကုမၸဏီ ေရာက္ေသာအခါ အတြင္းေရးမႉးက ေကာ္ဖီေဖ်ာ္ေပးလာသည္။ ယဲ့ထင္က လက္ခါျပလိုက္ၿပီး သူမအား လန္းဆန္းေစမည့္ ေဖ်ာ္ရည္သာ သြားလုပ္ခိုင္းလိုက္သည္။

အတြင္းေရးမႉးက ပ်ားသံပုရာရည္ လုပ္လိုက္ေသာအခါ ယဲ့ထင္လည္း တစ္က်ိဳက္ ေသာက္လိုက္ၿပီး စကားဆိုလာသည္။

"အပန္းေျဖ စခန္းက အဲ့လူေတြ၊ ရွိေသးတယ္မလား"

အတြင္းေရးမႉးက ေခါင္းညိတ္ၿပီး

"အကုန္ ရွိပါေသးတယ္။ သူတို႔ကို ကန္႔သတ္ေပးထားတဲ့ ရက္ေတာ့ မေရာက္ေသးေပမယ့္ ေရာက္ဖို႔ကလည္း မၾကာေတာ့ပါဘူး။ သန္ဘက္ခါေလာက္ဆိုရင္ သူတို႔လည္း ပစၥည္းေတြ သိမ္းၿပီး ျပန္လာဖို႔ ျပင္ဆင္ေနေလာက္ပါၿပီ"

ယဲ့ထင္၏ လက္ေခ်ာင္းမ်ားသည္ အနက္ေရာင္ ေ႐ႊကြပ္နာရီ၏ မ်က္ႏွာျပင္ေပၚ ျဖည္းညႇင္းစြာ ပြတ္သတ္ေနၿပီး ခဏအၾကာမွ ေျပာလာသည္။

"သူတို႔ကို အားလပ္ရက္ ထပ္ေပးလိုက္ဦး"

အတြင္းေရးမႉးက အနည္းငယ္ အံ့အားသင့္သြားၿပီး

"ဆရာက သူတို႔ကို အားလပ္ရက္ ထပ္ေပးခ်င္ေသးလို႔လား"

ယဲ့ထင္က ေဖ်ာ့ေတာ့ေတာ့ႏွင့္ အင္းဟု တစ္ခ်က္ အသံျပဳၿပီး

"သူတို႔ကို ဆက္ေစာင့္ထားခိုင္းလိုက္ဦး။ ဓာတ္ပုံနဲ႔ သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ ျပန္ပို႔ခိုင္းလိုက္"

အတြင္းေရးမႉးသည္ ယဲ့ထင္၏ အ႐ူးတပိုင္း ျဖစ္လုနီးပါး ေစာင့္ၾကည့္မႈႀကီး အေပၚတြင္ အနည္းငယ္မွ် စိတ္ရႈပ္ေထြးသြားေသာ္လည္း အထက္လူႀကီး၏ ၫႊန္ၾကားခ်က္ ျဖစ္ေနသည္မို႔ သူမကေတာ့ အမိန္႔အတိုင္း ေဆာင္႐ြက္ရမည္သာျဖစ္သည္။

အတြင္းေရးမႉး ထြက္သြားၿပီးေနာက္ ယဲ့ထင္သည္ ပ်ားသံပုရာရည္ကို အၿပီးေမာ့ေသာက္လိုက္သည္။ ေသာက္ၿပီးသည့္ေနာက္ ခ်က္ခ်င္းအလ်င္း အလုပ္စလုပ္ခဲ့သည္ေတာ့ မဟုတ္ေပ။

သူ႔တံေတာင္ဆစ္က စားပြဲေပၚ ေထာက္လ်က္ရွိေနၿပီး လက္သီးဆုပ္မ်ားျဖင့္ ေမးေစ့ကို ပင့္ထားကာ အေတြးမ်ားကို ဖုံးကြယ္ထားသကဲ့သို႔ မ်က္ဝန္း အၾကည့္မ်ားက တျဖည္းျဖည္းႏွင့္ လ်င္လ်င္ျမန္ျမန္ ညႇိဳ႕မႈိင္းကုန္ေတာ့သည္။

______

ရန္က်ားလိသည္ စံအိမ္တြင္ ရက္အနည္းၾကာ ျဖတ္သန္းခဲ့ၿပီးေနာက္ လန္ထ်န္း၏ ဖုန္းေကာလ္ကို လက္ခံရရွိခဲ့သည္။

ရန္က်ားလိသည္ မိမိ၏ လက္ရွိဖုန္းနံပါတ္ကို လန္ထ်န္း ဘယ္လိုမ်ား သိသြားတာလဲ ဆိုသည့္အေၾကာင္းကို ထူးထူးဆန္းဆန္း ျဖစ္ေနသည့္ အခ်ိန္တြင္ လန္ထ်န္းဘက္က ေစာဒကတက္စြာ ျငင္းခုံလာသည္။

"ကြၽန္ေတာ္က ႏိုင္ငံျခားေတာင္ သြားရေတာ့မယ္။ မသြားခင္ေလး ခင္ဗ်ားကို တစ္ေခါက္ေလာက္ ေတြ႕သြားခ်င္တာေတာင္ မေတြ႕ရဘူး။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကလည္း ခင္ဗ်ားရဲ႕ အခ်ိန္ျပည့္ ၾကည့္႐ူေစာင့္ေရွာက္သူ ျဖစ္ေပးခဲ့တာပဲကို၊ အဲ့ဒီ ဥကၠဌေက်ာက္က ခင္ဗ်ားကို ဖြက္ထားတာ လုံၿခဳံေနေရာပဲ။ ကြၽန္ေတာ္သူ႔ကို ေလးငါးေခါက္ေလာက္ ေမးေနတာေတာင္ သူက မေျပာျပဘူး"

ရန္က်ားလိသည္ လန္ထ်န္း၏ ေအာ္ေငါက္သံကို ၾကားေသာအခါ ႏႈတ္ခမ္းေထာင့္က မသိလိုက္ပါဘဲ ေကြးၫြတ္သြားၿပီး

"ဒါဆိုမင္း အခုေရာ ဘယ္လို သိသြားတာလဲ"

လန္ထ်န္းက ဟီးဟီးဟု ရယ္လိုက္ၿပီး

"ဒီလိုပဲ ကြၽန္ေတာ့္တို႔ ထင္ထင္မွာ နည္းလမ္းရွိတာေပါ့။ ခင္ဗ်ားရဲ႕ သတင္းကို ဥကၠဌေက်ာက္ ပါးစပ္ထဲက ႏႈိက္လာတာေလ"

(TN/ ထင္ထင္ေတြ အရမ္းမ်ားေနလို႔ ရႈပ္ေနၾကၿပီမလား မရႈပ္ၾကပါနဲ႔ဦး...ဒါက ႐ြမ္ယမ့္ထင္ကို ေျပာတာပါ...သူ႔နာမည္ရဲ႕ ထင္က 廷 အဲ့လိုေရးတာပါ...ဒါေပမဲ့ လန္ထ်န္းက သူ႔ဘာသာသူ 婷婷 လို႔ ေျပာင္းလဲ ေခၚဆိုလိုက္ပါတယ္ အဲ့ဒါက မိန္းကေလးနာမည္ေတြမွာပဲ သုံးတာမ်ားပါတယ္ ဘာလို႔လဲဆိုေတာ့ အဓိပၸါယ္က ယဥ္ေက်းသိမ္ေမြ႕၊ တင့္တယ္ၿပီး က်က္သေရရွိတဲ့ အမ်ိဳးသမီးေတြမွာ သုံးတာမို႔လို႔ပါ)

ရန္က်ားလိသည္ စကၠန္႔ပိုင္းေလာက္ ေၾကာင္အမ္းသြားၿပီးမွ တုံ႔ျပန္လာႏိုင္သည္။ ထိုထင္ထင္က ၫႊန္ျပခ်င္သူမွာ ႐ြမ္ယမ့္ထင္ကိုပင္။

ထိုအေၾကာင္းႏွင့္ ပတ္သတ္ၿပီး လန္ထ်န္းသည္ ရန္က်ားလိကို ေျပာျပဖူးသည္။

ေျပာသည္က လန္ထ်န္း ငယ္စဥ္က မိဘမ်ားမွာ အလုပ္မ်ားလြန္းေသာေၾကာင့္ ေက်ာင္းတက္လွ်င္ အႏိုင္က်င့္ ခံရမည္ဆိုး၍ အႀကီးတန္းမွ ႐ြမ္ယမ့္ထင္အား ထိုရတနာတုံးေလး လန္ထ်န္းကို ေကာင္းေကာင္း ၾကည့္႐ူေစာင့္ေရွာက္ေပးရန္ တိုက္တြန္းမွာၾကားခဲ့သည္။ လန္ထ်န္းသည္ ထိုအခ်ိန္တုန္းက စာမဖတ္တတ္ေသး၍ သူ႔အတြက္ ႐ြမ္ယမ့္ထင္ဟူသည့္ စကားသုံးလုံးမွာ မူလတန္းေက်ာင္းသားက သခ်ၤာအီေကြးရွင္းမ်ားကို ေတြ႕လိုက္ရသလိုမ်ိဳး ခက္ခဲေနေတာ့သည္။

သို႔ႏွင့္ မူလတန္း စတုတၳႏွစ္ ေရာက္သည္အထိ လန္ထ်န္းသည္ ႐ြမ္ယမ့္ထင္၏ နာမည္အား '软燕婷(႐ြမ္ယမ့္ထင္)'ဟု ေခၚသည္ဟုသာ ထင္မွတ္ေနခဲ့သည္။

(TN/ 软燕婷=ေပ်ာ့ေျပာင္းႏူးညံ့ ညင္သာေသာ ပ်ံလႊားဌက္?? သူကဘာလို႔ အဲ့စာလုံးေတြလို႔ ထင္သြားတာလဲဆိုရင္ ဒီစာလုံးေတြက အငယ္တန္းမွာ ကတည္းက သင္ခဲ့ရလို႔ ျဖစ္မယ္ထင္တယ္)

လန္ထ်န္းသည္ ႐ြမ္ယမ့္ထင္အား တရင္းတႏွီးႏွင့္ နာမည္ေျပာင္ပင္ ေပးခဲ့ေသးသည္။ ထင္ထင္ ဟူ၍ပင္။

႐ြမ္ယမ့္ထင္သည္ ထိုအေၾကာင္းကို ၾကားသိလိုက္ရၿပီးေနာက္တြင္ ေဒါသထြက္လြန္း၍ ဆံပင္မ်ားပါ ေထာင္မတ္သြားၿပီး လန္ထ်န္းအား ႏွစ္လေလာက္ စကားတစ္ခြန္းပင္ မေျပာေတာ့ေပ။

ေနာက္ပိုင္းတြင္ လန္ထ်န္းက သူ႔ကို စေနာက္သည့္ အခါတိုင္း ထိုနာမည္ေျပာင္ကို ေခၚျပန္သည္။ ႐ြမ္ယမ့္ထင္သည္ အေခါက္တိုင္း မီးခလုတ္ကို ပိတ္လိုက္သကဲ့သို႔ မ်က္ႏွာႀကီးမွာ မည္းေမွာင္ေနၿပီး လန္႔စရာေကာင္းေလာက္ေအာင္ ေအးစက္ေနေသာ္လည္း လန္ထ်န္းက အနားကပ္ၿပီး ပြတ္သီးပြတ္သပ္ လုပ္လိုက္မွသာ စိတ္ေျပသြားသည္။

"မင္းရဲ႕ ေလသံကို နားေထာင္ရတာ၊ သူ႔ကို စိတ္မဆိုးေတာ့ဘူး။ သူနဲ႔ ျပန္လိုက္သြားေတာ့မယ္ေပါ့?"

"စိတ္ဆိုးတာေတာ့ စိတ္ဆိုးတုန္းပဲေပါ့။ ေယာက်္ားစင္စစ္ရဲ႕ အက်င့္သီလက ပ်က္စီးသြားရတာကို၊ ဒါေပမဲ့....."

လန္ထ်န္းက ရွက္႐ြံ႕ေနၿပီး

"ခင္ဗ်ား နားေထာင္"

ရန္က်ားလိသည္ ဖုန္းကို အနားကပ္လိုက္ၿပီး ေသေသခ်ာခ်ာ နားေထာင္လိုက္သည္။

လန္ထ်န္းဘက္မွ ေၾကာင္ေအာ္သံေလးက ထပ္ခါထပ္ခါ ထိုးထြက္လာသည္။

ရန္က်ားလိလည္း မထိန္းႏိုင္ေတာ့ဘဲ အသံထြက္ ရယ္မိေတာ့သည္။

သံမဏိ အ႐ိုးႏွင့္ အညံ့ခံျခင္းထက္ ေသပစ္လိုက္တာက ပိုေကာင္းတယ္ ဆိုသူက ေၾကာင္အတြက္ႏွင့္ ခါးပါေပးလိုက္ၿပီဆိုေတာ့ မိုက္ပါ့ မိုက္ပါ့။

ႏွစ္ေယာက္သားသည္ မေတြ႕တာ အေတာ္ၾကာၿပီျဖစ္၍ ေနာက္ဆုံးတြင္ အဆက္အသြယ္ ရသြားေသာအခါ ဖုန္းကို ကိုင္ထားရင္း အခ်ိန္အေတာ္ၾကာ အတင္းအဖ်င္း ေျပာေနၾက၍ လက္ကိုင္ဖုန္းသည္ပင္ လက္မ်ား ေလာင္ကြၽမ္းသြားမတတ္ ပူက်စ္လာေတာ့သည္။

အဆုံးသတ္ခါနီးတြင္ လန္ထ်န္းသည္ ကမန္းကတန္းႏွင့္ ထေအာ္လိုက္သည္။

"ခင္ဗ်ားနဲ႔ မေျပာေတာ့ဘူး၊ ကြၽန္ေတာ္ ပစၥည္းေတြ သိမ္းရေတာ့မယ္။ ေလယာဥ္က ဆယ့္တစ္နာရီမို႔လို႔။ အာ ဟုတ္သားပဲ၊ ခင္ဗ်ားကို ေျပာဖို႔ ေမ့ေတာ့မလို႔၊ ခင္ဗ်ား အားတဲ့အခ်ိန္ေလ၊ အေမရိကန္ကို လာခဲ့။ ကြၽန္ေတာ္ ခင္ဗ်ားကို ဂိုက္လုပ္ေပးမယ္။ ေလယာဥ္ လက္မွတ္ဖိုးလည္း ျပန္ေပးမယ္။ စားစရိတ္ေရာ ေနထိုင္စရိတ္ေရာ ကြၽန္ေတာ္အားလုံး စိုက္ေပးမယ္။ ေၾကာင္ေတြလည္း ခင္ဗ်ားကို ေပးဖက္ခိုင္းလို႔ရတယ္"

"ဒါက ဘယ္လိုလုပ္ ေကာင္းမွာလဲ"

"ဘာမွ မျဖစ္ပါဘူး"

လန္ထ်န္းက ႐ႊင္ျမဴး တက္ႂကြေနရင္း ရယ္သံတိုးႏွင့္ ေျပာျပန္သည္။

"ကြၽန္ေတာ့္မွာ ပိုက္ဆံ အမ်ားႀကီး မရွိေပမယ့္ ခင္ဗ်ား မျငင္းရင္ ရပါတယ္"

ရန္က်ားလိက မ်က္လုံး က်ဥ္းေျမာင္းသြားၿပီး

"ပိုက္ဆံမရွိလို႔ ခက္ခက္ခဲခဲနဲ႔ ေလးသိန္းတန္ နာရီပဲ ဝတ္ႏိုင္တယ္ေပါ့။ ေတာ္ေတာ္ေလး ဆင္းရဲတာပဲ!"

ထို႔ေနာက္ ဖုန္းက က်သြားေတာ့သည္။

ရန္က်ားလိသည္ လန္ထ်န္းႏွင့္ စကားစျမည္ ေျပာရသည့္ ေပ်ာ္႐ႊင္မႈ ထဲ နစ္ေျမာေနဆဲ ျဖစ္ေနသည့္ အၾကားတြင္ လူတစ္ေယာက္က တံခါးတြန္းဖြင့္ကာ ဝင္လာၿပီး အၿပဳံးႏွင့္

"လူႀကီးမင္းရန္၊ သူေဌးလ်ိဳက ကြၽန္ေတာ့္ကို လာေခၚခိုင္းလိုက္လို႔ပါ။ ဒီေန႔ သူကိုယ္တိုင္ အမဲသား ကင္ထားတာမလို႔ ခင္ဗ်ား ျမန္ျမန္ဆင္းလာၿပီး သူ႔ရဲ႕လက္ရာကို ျမည္းၾကည့္ေပးဖို႔ ေျပာခိုင္းလိုက္ပါတယ္"

ရန္က်ားလိက တုံ႔ျပန္သည္။

"သိပါၿပီ"

သူသည္ ဖုန္းကို ခ်ထားလိုက္ၿပီး ေအာက္ထပ္သို႔ အတူလိုက္ဆင္းသြားမည့္ အခ်ိန္တြင္ ေျခလွမ္းမ်ားက ရပ္တန္႔သြားၿပီး ျပန္လွည့္လာသည္။

သူသည္ နံေဘးမွ အံဆြဲတစ္ခုကို ဖြင့္လိုက္ၿပီး အထဲမွ စာအိတ္တစ္အိတ္ ယူလိုက္သည္။ စာအိတ္ကို ဖြင့္လိုက္ေသာအခါ အထဲတြင္ ပိုက္ဆံအခ်ိဳ႕ ရွိေနသည္။

ရန္က်ားလိသည္ စာအိတ္ကို ယူလိုက္ကာ အသက္ျပင္းျပင္း ရႉထုတ္လိုက္ၿပီး ကိုယ္ကိုလွည့္ကာ ေအာက္ထပ္သို႔ ဆင္းသြားေတာ့သည္။
.
.
.
.
.
14/1/2022(Fri)

                           ×××

Continue Reading

You'll Also Like

1.5M 201K 74
Status: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh...
980K 138K 99
Title : War Prisoner(စစ်သုံ့ပန်းစစ္သံု႔ပန္း) Original Author : Li Hua Yan Yu Novel Status : 95chps+bonus Translator.: @Chocolatelover 1412(eng trans...
619K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...