"ဦး..အမြန်ထ အာ့ နာလိုက်တာ"
"အသက် ဗိုက်နာလို့လားကလေး"
"ဟင့် အရမ်းနာနေပြီ အီးဟီး"
"မငိုပါနဲ့အသက်လေးရယ် ဆေးရုံသွားကြရ
အောင်နော်"
ဗိုက်နာလို့ဆိုပြီး ငိုကြီးချက်မဖြစ်နေတဲ့ က
လေးကို ပွေ့ချီပြီး အိမ်အောက်သို့အမြန်ဆင်း
လာလိုက်လေသည်။ ခမ်းကိုယ်တ်ိုင်က စိတ်
လောနေတာကြောင့် လှေကားထစ်တွေကို
သတိဖြင့် ဆင်းရလေသည်။ မွေးရက်ထက်
စောမွေးတာဖြစ်တာကြောင့် ကိုယ်တိုင်လည်း
အံ့သြမိသလို လက်ထဲကဗိုက်ကြီးသည်လေး
ကလည်း နာလွန်း၍ ကော့ပြန်အောင်လူးလှိမ့်
နေလေသည်။
"အမြန်လာကြဦး ဘယ်သွားသေနေကြတာလဲ
သေချင်ရင်တခါတည်းသေလိုက်ကြတော့"
အသံသြဇာကောင်းကောင်းဖြင့် ဒေါသရိပ်
လွှမ်းမိုးတဲ့အသံကြောင့် အိမ်စေတွေလည်း
အကုန်လန့်နိုးကုန်ကြပြီး ပြာယာခတ်သွားကြ
လေသည်။ အဆောင်တန်းလျားဘက်က တ
ပည့်တွေကလည်း အလျင်အမြန်ရောက်လာ
ကြပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့မျက်
နှာပေးလေးတွေဖြင့်။
"စောက်နားကန်းနေကြတာလား သွားကား
သွားပြင် "
Bossရဲ့ ဒေါသထွက်နေတဲ့အသံကြောင့်သူရ
မှာလည်း ကြောက်ရွံမိပြီး ကဗျာကယာကား
ထုတ်ကာ ဆေးရုံသို့မောင်းရလေသည်။ အ
နောက်မှာတော့ ကျန်တဲ့တပည့်တွေက ကား
ကိုယ်စီဖြင့် လိုက်ပါလာကြလေသည်။
"Boss မီးနီနေတယ်ဘယ်လိုလုပ်ရမလဲ"
"အာ့ နာတယ် ဦးရေ ကယ်ပါဦး အား"
"မင်းတော်တော်စောက်သုံးမကျတဲ့ကောင်ဘဲ
ငါ့အသက်ဒီလောက်နာကျင်နေတာကို ဒီ
စောက်ရေးမပါတာတွေကို ဂရုစိုက်နေရလား
ဖြတ်မောင်း"
"ဟုတ် ဟုတ်Boss"
သထွေးပင် မြိုမချရဲလောက်အောင် တုန်လှုပ်
သွားတာကြောင့် စကားတွေပင်ထစ်အမိသည့်
အထိ။ အသက်ဗိုက်နာလို့ နာကျင်နေသည့်ကို
စိတ်မကောင်းဖြစ်ရသလို Linnနဲ့ချစ်တင်း
နှောနေတုန်းတန်းလန်းကြီးထွက်လာရတာ
ကြောင့် မာနေတဲ့ညီလေးမှာလည်း ညိုးကျ
သွားရသည့်အထိ။
ဆေးရုံရှေ့မှာအသင့်စောင့်ဆိုင်းနေကြတဲ့
ဆရာဝန်တွေနှင့် Nurseမတွေက အလိုက်သင့်
ကားရောက်လာတာနှင့် လူနာကုတင်တွန်း
လှည်းပေါ်အသက်ကို တင်ကာ သားဖွားခွဲစိတ်
ခန်းသို့ ဦးတည်သွားကြလေသည်။
"ဟင့် လုံးလုံးလေးကိုထုတ်ပေး သူကိုမခေါ်
တော့ဘူး အတူမဆော့ပေးတော့ဘူး အသက်
ကိုနာအောင်လုပ်တယ် အီးဟီး"
"အရမ်းနာနေလားကလေးရယ် ဦးလက်ကို
ကိုက်ထားပါလား"
နှုတ်ခမ်းနားထိ တိုးပေးတဲ့လက်ကို အသက်
ကနာကျင်နေသည့်ကြားက ခေါင်းခါရမ်းပြ
လေသည်။ နာကျင်ရရင်တောင် ချစ်တဲ့သူကို
မနာကျင်စေသည့်သဘောကြောင့် ခမ်းမှာအ
ချစ်ပိုရလေသည်။ ကလေးကဘယ်လောက်
နာကျင်နေရလဲပင်မသိ နဖူးနှင့်လည်ပင်းတ
ဝိုက်မှာ ချွေးစေးတွေပင်ရွှဲလို့။
"လူနာရှင် အပြင်မှာဘဲစောင့်နေပေးပါနော်
အထဲဝင်လိုက်လို့မရပါဘူး"
"ငါ့မိန်းမနဲ့ကလေးဘာမှမဖြစ်တာဘဲလိုချင်
တယ် တခုခုတိမ်းစောင်းတာနဲ့ ဒီဆေးရုံကို
ဖျတ်စီးပြမယ် ဟျောင့်တွေ အသင့်ပြင်ထား"
ခမ်း အမိန့်ပေးလိုက်သည်နှင့် အနောက်ကတ
ပည့်တွေက အသီးသီး တုတ်တွေထုတ်ကာ
ရိုက်နှက်မည့်မျက်နှာတွေနဲ့ လုပ်ပြလေသည်။
ဆရာဝန်တွေနဲ့ Nurseတွေမှာလည်း တစ်
သက်နဲ့တစ်ကိုယ် ခွဲစိတ်ခန်းရှေ့ တုတ်ဓားပြ
ပြီး ခြိမ်းခြောက်တဲ့လူနာရှင်မျိုးမရှိခဲ့ဘူးတာ
ကြောင့် ထိတ်လန့်သွားကြလေသည်။
"စိတ် စိတ်ချပါ ဘာမှမဖြစ်စေရပါဘူး"
"ဦး အသက်ကိုထားသွားနဲ့နော် အသက်ကို
ပစ်သွားရဘူးနော်"
"အသက်ကိုဦးဘယ်တော့မှမပစ်သွားဘူး ကတ်ိပေးတယ်နော် မကြာခင်အသက်သက်
သွားမှာ အားတင်းထားနော် ပြွတ်"
အသက်ရဲ့နဖူးလေးကို နမ်းရှိုက်လိုက်ပြီး
ဆုပ်ကိုင်ထားတဲ့လက်ကလေးကို လွှတ်ပေး
လိုက်လေသည်။
"ယောကျ်ား စောင့်နေနော်"
နာကျင်နေသည့်ကြားက အသက်ရဲ့ခေါ်သံ
လေးကြောင့် ခမ်းမျက်ရည်များကျမိသည့်
အထိပင်။
ခွဲစိတ်ခန်းထဲ လုံးလုံးလေးအားမွေးဖွားနေချိန်
တွင် အရှေ့မှာတော့ ခေါက်တုန့်ခေါက်ပြန်
လမ်းလျှောက်ရင်း စိတ်ပူကာ ယောက်ယပ်
ခတ်နေသည့် Bossကြောင့် တပည့်တွေမှာ
လည်း စကားတစ်လုံးမှမဟရဲကြ။
"မင်းတို့ဘာလုပ်နေကြတာလဲ အဂုင်္လိမာလာ
သုတ်ရွက်ကြလေ"
"သိပ်မရလို့ပါ Boss"
"မရလည်းရတတ်တဲ့သူရွတ် အဲ့လိုမှမဟုတ်
ရင်မင်းတို့ငါ့လက်ချက်နဲ့သေချင်လားပြော"
"ဗျာ ရသလောက်ရွတ်ပါမယ် Boss"
တပည့်တွေမှာလည်း ကြောက်အားလန့်အား
တုတ်တွေကိုင်ထားရက်နဲ့ အဂုလိမာလာသုတ်
ကိုရောယောင်ချကြလေသည်။
"လူနာရှင် ဘယ်မှာလဲ "
"အရှေ့မှာမြင်သားနဲ့ ခင်ဗျားစောက်လုံးကန်း
နေတာလား ဘယ်မှာလဲကျုပ်လင်နဲ့ကလေး
အဆင်ကောပြေရဲ့လား"
"ဟို ပြေပါတယ်ရှင် ပြီးတော့အမြွှာလေး
လည်းအောင်မြင်စွာမွေးပါတယ်"
"ဗျာ အမြွှာ အမြွှာလေးမွေးတယ်ဟုတ်လား"
"ဟုတ်ပါတယ်ရှင့် လုံးလုံးကစ်ကစ်ကြီးတွေနဲ့
ပေါင်ချိန်လည်းပြည့်ပါတယ်"
"ငါ့အသက်ကော သူဘယ်မှာလဲ ပြောအမြန်"
"ရှိပါတယ် ခဏနေလူနာခန်းပြောင်းဖို့ထွက်
လာကြပါလိမ့်မယ် ကလေးတွေရော မိခင်
အဲ့ ဖခင်ကောကျန်းမာပါတယ်"
အခုမှ စိတ်ပူပန်နေသမျှ လျော့ကျသွားသလို
စိတ်အေးရပေမဲ့ အသက်ကိုတွေချင်သည့်စိတ်
ကထိန်းမရ ပြီးတော့အမြွှာလေးကော။
ခဏကြာတာနဲ့ လူနာကုတင်တွန်းလှည်းပေါ်
မှာ မေ့ဆေးဖြင့်မေ့မြောနေသည့် ဖြူဖတ်နေ
တဲ့ ကလေးကဘယ်လောက်ပင်ပန်းထားလဲ
မြင်ရုံနဲ့သိနိင်လေသည်။ ပင်ပန်းသွားရပြီ
ကလေးလေးရယ်။
လူနာခန်းထဲမှာ မေ့မြောနေသေးသည့်အသက်
ရဲ့လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်ပြီး အနား
ကမခွာဘဲ စောင့်ကြည့်နေလေသည်။
ထိုစဥ်...
"အူဝဲ...အူဝဲ...အူဝဲ"
အမြွှာလေးတွေရဲ့ ငိုသံကြောင့် ခမ်းကလေး
လေးတွေရှိရာကိုသွားလိုက်ပြီး သေချာငုံ့
ကြည့်လိုက်လေသည်။ အသက်ကိုစိတ်ပူနေ
တာကြောင့် အခုထိပွေ့မချီရသေးတဲ့အမြွှာ
လေးတွေကို ခမ်းပြုံးကာ ကြည့်လိုက်ပြီး
အငယ်လေးကို ချီလိုက်လေသည်။
နီတာရဲလေးက နို့ဆာလို့အာပြဲနေအောင်ငိုနေ
တာများ အသဲယားစဖွယ်။အကြီးလေးက
တော့ သိပ်မငို။ နို့တိုက်ရင်စို့မည် မတိုက်ရင်မ
စို့ဘူးဆိုတဲ့သဘော။ အခုတည်းကမာနက
ခပ်ကြီးကြီး ဘယ်သူနဲ့များတူပါလိမ့်။
"အင်း...ဦး လုံးလုံးလေးကောဟင်"
"အသက်လေး နိူးလာပြီလား စိတ်ပူလိုက်ရ
တာကွာ ဦးအနားကထွက်မသွားလို့ ကျေးဇူး
ပါကလေးရယ် ပြွတ်"
"လုံးလုံးလေးကော အသက်ဗိုက်ကပူတော့
ဘူး လုံးလုံးလေးဘယ်မှာလဲဟင်"
"လုံးလုံးလေးက တယောက်တောင်မဟုတ်
ဘူး နှစ်ယောက်တောင် အသက်လေးရဲ့"
"ဟုတ်လား ပြလေ ပြလို့"
"ဒီမှာပါဗျ ချစ်ဖို့ကောင်းလားအသက်"
လက်ထဲကနီတာရဲလေးနှစ်ကောင်ကို နိင်သ
လောက်ချီမပြီး ငုံ့ကြည့်ကာ မျက်ရည်ကျနေ
သည့်အသက်။
"အသက် ဘာလို့ငိုတာလဲကွာ ဘာလို့လဲဦးကို
ပြောလေ စိတ်ပူလာပြီ"
"အသက်ပျော်လို့ လုံးလုံးလေးတွေကအသက်
အပိုင်ပေါ့နော် "
"အင်းပေါ့ လုံးလုံးလေးတွေကအသက်ရဲ့အ
ပိုင် အသက်ရဲ့ကလေးလေးတွေလေ"
"အူဝဲ..အူဝဲ...အူဝဲ"
"ဘာလို့ငိုနေကြတာလဲဟင် လုံးလုံးလေးတွေ
က"
"ဗိုက်ဆာလို့လေအသက်ရဲ့ နို့နို့ဆာလို့တဲ့"
"ဟုတ်လား အသက်နို့နို့တိုက်မယ်လေ "
"အသက်ကနို့ကောထွက်လို့လား ဦးကနို့ဗူး
ဘဲတိုက်မလို့"
"တိုက်ရဘူး အသက်ဘဲနို့တိုက်မှာ ဒီမှာအရည်
တွေထွက်နေတာတွေ့ဘူးလား"
နို့လေးကိုလှန်ပြပြီး တစ်စက်စက်ကျနေတဲ့
နို့ရည်တွေကြောင့် ခမ်းအံ့သြရလေသည်။
ပုံမှန်အသိစိတ်မရှိပေမဲ့ အသက်ကသူရင်
သွေးလေးတွေအား နို့ချိုတိုက်ကျွေးချင်သည့်
စိတ်ကို ခမ်းကြည်နူးရသလို ပီတီလည်းဖြစ်
မိလေသည်။
တပြွတ်ပြွတ်နဲ့ဘယ်ညာတစ်ယောက်နို့တစ်
ခုဆီစို့နေတဲ့ အမြွှာလေးတွေကို ခမ်းထိန်းကိုင်
ပေးပြီး နာမည်လေးတွေတောင်စဥ်းစားပြီး
ပြီဖြစ်လေသည်။
အကြီးလေးက ဆက်နောင်ခမ်း
အငယ်လေးက သက်နောင်ခမ်း
🍂🍂🍂🍂🍂
နောက်အပိုင်းဇာတ်သိမ်းပါနော် အသက်နဲ့
ခတ်ကိုနှုတ်ဆက်ရတော့မယ်😘
Zawgyi