ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

88

10.1K 1.5K 79
By Kiyoiko__

{Unicode}

"ခွေးနှစ်ကောင်"

"ငါနဲ့သူက သူငယ်ချင်း၊ တခြား ပတ်သတ်မှု မရှိဘူး"

ရန်ကျားလိ၏ လေသံသည်လည်း အုံ့မှိုင်းလာသည်။

ယဲ့ထင်သည် ရန်ကျားလိ ပြောသည်ကို နားထောင်ပြီးနောက် စိတ်ထဲတွင် အနည်းငယ်တော့ သက်သာရာ ရသွား၏။

သို့သော်ငြား သူသည် အရင်အတိုင်း ဆက်လက် မေးမြန်းနေခဲ့သည်။

"ဒါဆို သူကရော၊ သူက မင်းအပေါ်မှာ ဘာခံစားချက်မှ မရှိဘူးဆိုတာ မင်းအာမခံနိုင်လို့လား"

ရန်ကျားလိ၏ အသက်ရှူသံက လေးလံနေပြီး အချိန်အတော်ကြာကာမှ အသံကို ထိန်းလိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားလိုက်ကာ

"ယဲ့ထင်၊ မင်းဒီနေ့ အဆုံးထိ အဲ့ပြဿနာကိုပဲ ဖြေရှင်းသွားပြီး ငါနဲ့ ရန်ဖြစ်မယ်လို့ သန္နိဌာန် ချထားတာလား"

ယဲ့ထင်က ရပ်တန့်သွားပြီး လေသံကို ပျော့ပြောင်းအောင် လုပ်လိုက်ပြီးမှ တိုးလျစွာနှင့်

"ပေါင်ပေါင်း၊ ကိုယ်က မင်းကိုပဲ ပြန်လာစေချင်တာပါ"

ရန်ကျားလိက စကားပြန် မပြောခဲ့ပေ။ အတော်ကြာမှ ယဲ့ထင်တစ်ယောက် သူဖုန်းချလိုက်သံကို ကြားလိုက်ရသည်။

ယဲ့ထင်သည် ဖုန်းကို သိမ်းလိုက်ပြီး စားပွဲအရှေ့တွင် ထိုင်နေကာ အေးစိမ့်သော ညကောင်းကင်ယံနှင့် တိမ်စိုင်မည်းများကို ငေးကြည့်နေခဲ့ရင်း နှလုံးသားထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေခဲ့သည်။

ရန်ကျားလိနှင့် လျိုရွှင်းတို့ နှစ်ယောက် အတူ တွဲသွားတွဲလာ လုပ်နေသည့် ပုံရိပ်၊ အော့နှလုံးနာဖွယ်ကောင်းသော မျက်နှာနှင့် လျိုရွှင်းသည် ရန်ကျားလိအနား ဤမျှ တရင်းတနှီး တိုးကပ်ရဲပြီး ရန်ကျားလိ ပခုံးကိုပင် ထိကိုင်ရဲသည် ဟူသော အကြောင်းကို တွေးမိသည်နှင့် သူ့နှလုံးသားကို လက်တစ်စုံဖြင့် တင်းတင်းကျပ်ကျပ် ဖြစ်ညှစ်ထားသကဲ့သို့ အချဥ်ဖောက်နေသည်ဟုသာ ခံစားရသည်။ သို့သော်လည်း ထိုအချိန်တွင် သူ့ခမျာ အမှောင်ရိပ်ထဲ ပုန်းခိုပြီး အံကြိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

ယဲ့ထင်သည် အချိန်အကြာကြီး သည်းခံနေခဲ့ပြီးမှ ဖုန်းကို ပြန်ထုတ်လိုက်ကာ ရှောက်ယယ်ကို ဖုန်းဆက်ပြီး အဝတ်အစားလဲကာ အပြင်သို့ ထွက်လာသည်။

သူတို့သွားနေကြ မြို့တော်ခန်းမတွင် ရှောက်ယယ်နှင့် တွေ့ဆုံခဲ့သည်။ သီးသန့်အခန်းထဲ ဝင်လိုက်သည်နှင့် ယဲ့ထင်သည် မည်သို့သော စကားမှ မဆိုဘဲ နှင်းခဲများ လွှမ်းခြုံထားသလို မျက်နှာနှင့် စားပွဲထိုးကို အရက်လာချခိုင်းသည်။ ချပေးလာသည့် အရက်ပုလင်းကို ကောက်ကိုင်လိုက်သည်နှင့် ပါးစပ်ထဲ သွန်ထည့်ပစ်လိုက်သည်။ အမူအရာမှာလည်း တင်းမာပြီး အေးစက်နေသည်။

ရှောက်ယယ်သည် သူနှင့် ခဏတာမျှ အဖော်ပြုကာ သောက်ပေးနေခဲ့သော်လည်း ဆက်ကြည့်မနေနိုင်တော့ဘဲ ကမန်းကတန်းနှင့် အရက်ခွက် ကိုင်ထားသော ယဲ့ထင်၏ လက်ကို တားလိုက်သည်။

"ယဲ့ထင်၊ မသောက်နဲ့ မသောက်နဲ့၊ တော်တော့၊ တော်တော့"

ရှောက်ယယ်က အရက်ပုလင်းကို လုယူလိုက်ပြီး သက်ပြင်းချသံနှင့်

"အရက်သောက်ချင်တယ်ဆိုလည်း အဲ့လောက် ပိုးစိုးပက်စက်ကြီး လောင်းထည့်မနေနဲ့လေကွာ။ ထူးတောင် ထူးဆန်းလာပြီ။ ဒီနေ့ ဘာဒေါသ ထွက်စရာတွေ ကြုံလာခဲ့ရလို့လဲ"

ယဲ့ထင်၏ မျက်ဝန်းထဲတွင် ယစ်မူးဒီဂရီ အဆင့်တစ်နေရာစာလောက် ရှိနေပြီး ထိုမျက်လုံးများသည် တောနက်နက်ကြီးထဲတွင် ပုန်းအောင်းနေလေ့ရှိသော သွေးဆာနေသည့် ဝံပုလွေ တစ်ကောင်ကဲ့သို့ မှုန်မှိုင်းကာ အေးစက်နေသည်။

သူက ရှောက်ယယ်၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ကြမ်းရှစွာနှင့် မေးလာသည်။

"ငါ ဘယ်လိုလုပ်မှ သူငါ့ကို ယုံကြည်လာတော့မှာလဲ"

"ဘယ်သူလဲ၊ ဘယ်သူယုံကြည်တာကို လိုချင်တာလဲ။ ရန်ကျားလိလား"

ယဲ့ထင်သည် အာလေး လျှာလေးနှင့် သရော်ပြုံး ပြုံးလိုက်ပြီး အရက်ဒဏ်က ခေါင်းထဲထိပင် ထိုးတက်လာကာ စကားပြောရာတွင်လည်း အစီအစဥ် မကျဘဲ တောင်ရောက် မြောက်ရောက် ဖြစ်နေသည်။

"...အရင်တုန်းက ဖြူဖြူသေးသေး သိုးလေးတစ်ကောင် ရှိတယ်။ သူကငါနဲ့ စစတွေ့ချင်းကိုတောင် ငါ့ကို ပြုံးပြခဲ့ဖူးတယ်။ ပြီးတော့ ငါ့ဆီကိုလည်း ပြေးလာချင်ခဲ့သေးတာ။ နှမြောစရာက ငါအဲ့အချိန်တုန်းက သူ့ကို အရမ်း အပြစ်မြင်မိသွားတယ်လေ။ ငါသူ့ကို လက်စားလည်း ချေချင်ပြီး ဝေဒနာတွေကို ကောင်းကောင်းကြီး ခံစားစေချင်ခဲ့တာ၊ နောက်ပြီး သူ့ကို ပြန်ဖမ်းခေါ်လာချင်ခဲ့တယ်။ သူ အရှုံးပေးသွားတဲ့ အခါမှ ငါသူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးမယ် ဆိုပြီးတော့ပေါ့"

"သူ့မှာ စိတ်ကျရောဂါ ရှိခဲ့မှန်း ငါတကယ် မသိပါဘူး။ သူအရင်ကတည်းက အဲ့လောက် ခက်ခဲခဲ့မှန်းလည်း ငါတကယ် မသိခဲ့ပါဘူး"

ယဲ့ထင်၏ မျက်လုံးများက ဗလာကျင်းနေပြီး

"တကယ်လို့ ငါသာသိခဲ့ရင် ငါအဲ့လောက် ရက်စက်ခဲ့မှာ မဟုတ်ပါဘူး။ သူသွားစရာ လမ်းမရှိအောင်လည်း ဖိအားပေးခဲ့မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါသေချာပေါက် သူ့ကို လူကြားထဲကနေ မောင်းထုတ်မိမှာ မဟုတ်ဘူး။ ငါ မလုပ်ရက်...."

ရှောက်ယယ်သည် ယဲ့ထင်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး နှစ်သိမ့်စကားဆိုသည်။

"တော်ပါတော့ တော်ပါတော့၊ အားလုံးပြီးသွားပြီကို"

ယဲ့ထင်ကတော့ မိမိကိုယ် မိမိ စကားပြောနေဆဲပင်။

"ငါအခုမှ တဖြည်းဖြည်းနဲ့ နားလည်လာခဲ့တယ်။ ဒါပေမဲ့ ငါပြန်လှည့်လာတဲ့ အချိန်မှာတော့ သူက ငါ့ကို လန့်ပြီး ထွက်ပြေးသွားပြီ။ သူက ငါ့ဆို သူ့ကိုစားမယ့် မုန်းစရာ ဝံပုလွေကောင်ကြီးလို သတ်မှတ်ထားပြီးတော့ ဝေးဝေးကို ထွက်ပြေးသွားတာ။ ဒါပေမဲ့ ငါသူ့ကို အပြစ်မတင်တော့ဘူး၊ လက်စားလည်း မချေချင်တော့ပါဘူး၊ ဒီတိုင်း သူနဲ့ အရင်ကလိုမျိုး ပြန်ဖြတ်သန်းသွားချင်ပြီး ငါ့ကိုလည်း ကြောက်မနေစေချင်တော့တဲ့ အကြောင်းတွေ သူ့ကို သိစေချင်လိုက်တာ"

ယဲ့ထင်သည် ခေါင်းငုံ့လိုက်ပြီး ရုတ်တရက် ဇဝေဇဝါနှင့် မေးလာသည်။

"ရှောက်ယယ်၊ မင်း ငါ့ကိုပြော၊ သူ ယုံကြည်လာအောင် ငါ ဘယ်လိုလုပ်ရမလဲ။ ငါ...ငါ ဘယ်လိုလုပ်မှ သူ့အပေါ် ချန်ထားခဲ့မိတဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးကြီးကို သူ ကျော်လွှားသွားနိုင်မှာလဲ"

ရှောက်ယယ်သည် ထိုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေသော ကိစ္စများ အပေါ်တွင် ခံစားချက် များများစားစား မရှိပေ။

သူသည် ခေါင်းကုတ်ပြီး ကိုးရိုးကားရားနှင့် ဘာပြောရမှန်း မသိတော့ချေ။ အချိန်အတော်ကြာမှ စကားတစ်ခွန်း ဖြစ်ညှစ်ပြောလာသည်။

"သင်္ဘောက ခြေကုပ်စခန်း ရောက်ရင် သဘာဝအတိုင်း မြှုပ်သွားမှာပဲ...ဒါမှမဟုတ် ဆက်လည်း သွားနိုင်တာပဲ။ မင်းလည်း အများကြီး တွေးမနေနဲ့ဦး"

(ဒီနားက စကားပုံကို ကိုယ်လည်း သိပ်နားမလည်ဘူး။ Googleမှာ ရှင်းပြထားတာက သင်္ဘောဆိုတာ ရေစီးကြောင်းအတိုင်း ဆက်သွားမှာပဲ။ ဒီမှာ ခြေကုပ်စခန်းလို့ ဘာသာပြန်ထားပေမယ့် သူက တံတားအဆုံးလို့လည်း အဓိပ္ပါယ်ရသေးတယ်။ အဲ့တော့ သင်္ဘောဆိုတာက ကမ်းစပ်နဲ့ နီးတာပဲဖြစ်ဖြစ် တံတားရဲ့ အောက်မှာဖြစ်ဖြစ် ရေစီးကြောင်းအတိုင်း တည့်တည့်ပဲ စီးဆင်းနေမှာ....အဲ့ဒါနဲ့ ရှောက်ယယ် ပြောချင်တဲ့ အဓိပ္ပါယ်ကို မတွေးတတ်တော့ဘူး)

ယဲ့ထင်သည် ဗလာကျင်းနေသော ထောင့်တစ်နေရာကို ခဏတာမျှ စိုက်ကြည့်နေပြီး ရီဝေဝေ ခံစားချက်ကို မတွန်းလှန်နိုင်တော့ဘဲ မျက်လုံးများကို မှိတ်လိုက်သည်။

ရှောက်ယယ်သည် စားပွဲထိုးကို အခန်းထဲမှ အမှိုက်သရိုက်များကို ရှင်းခိုင်းလိုက်ပြီး မူးတစ်ဝက် နိုးတစ်ဝက် ဖြစ်နေသော ယဲ့ထင်အား ခန်းမ၏ အောက်ထပ်သို့ ခေါ်လာပေးသည်။

အချိန် ဘယ်လောက်မှ မကြာအောင် မစောင့်ရသေးခင်မှာပဲ အနက်ရောင် အမိုးဖွင့် အပျော်စီး ကားတစ်စင်းက အရှေ့သို့ ဆိုက်ရောက်လာသည်။

ရှောက်ယယ်သည် တံခါးကို ဖွင့်လိုက်ပြီး ထမ်းလာရသည့် ယဲ့ထင်ကို အနောက်ခုံတွင် ပို့လိုက်ပြီးမှ သက်ပြင်းချလိုက်နိုင်သည်။

ယဲ့ထင်သည် ယောင်ယောင်ဝါးဝါးနှင့် မျက်လုံးကို ဖွင့်လိုက်ကာ ယာဥ်မောင်းထိုင်ခုံ ရှိရာနေရာကို တစ်ချက် ကြည့်လိုက်တော့ ကားမောင်းသူမှာ ရှောက်ယယ်နှင့် တစ်ချိန်လုံး ပူးတွဲနေသည့် ဖုကျိုးမင် ဟူသော သရုပ်ဆောင် ဖြစ်နေသောအခါ မကူကယ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားပြီး

"ဘာလို့ အဲ့ဒီ လူဘောကြော့ ကြိုးကြာငုံး(ပြည့်တန်ဆာ) ကြီးပဲ ဖြစ်နေရတာလဲ"

ဖုကျိုးမင်၏ အပြုံးသည် နှုတ်ခမ်းထောင့်တွင် အေးခဲသွားသည်။

ရှောက်ယယ်သည် ခေါင်းယမ်းလိုက်ကာ အရှေ့ခန်းမှ ခရီးသည် ထိုင်ခုံတွင် ဝင်ထိုင်ပြီး ခါးပတ်ပတ်လိုက်ကာ ဖုကျိုးမင်ကို ပြောသည်။

"ကားမောင်းတော့"

ကားက ဖြေးဖြေးချင်း လှုပ်ရှားလာပြီး အမှောင်ထုထဲ မောင်းနှင်သွားသည်။

ယဲ့ထင်သည် အရက်ဒဏ်ကြောင့် ပူလောင်ကာ သည်းခံဖို့ရန် ခဲယဥ်းနေခဲ့သည်။ သူ အနောက်ထိုင်ခုံမှာ လဲလျောင်းနေရင်း အရှေ့ခန်းမှ အနှောင့်အယှက်ပေး စကားပြောသံကို ကြားလိုက်ရသည်။

ဖုကျိုးမင်သည် ရှောက်ယယ်အား စူးစမ်းသလိုလေး မေးလာသည်ကို ကြားလိုက်ရသည်။

"ဥက္ကဌယဲ့က အသည်းကွဲနေတာလား"

ရှောက်ယယ် အမြင်ကပ်ဆုံးမှာ သူတစ်ပါး ကိစ္စကို မသိမသာ ဝင်စပ်စုခြင်းဖြစ်သည်။ အထူးသဖြင့် တစ်ဖက်သားက မိမိညီအစ်ကို၏ လျှို့ဝှက်ချက်ကို စပ်စုနေခြင်းမျိုးကိုပင်။ ထိုအရာက သူ့အား နှလုံးသားထဲအထိပါ ရွံ့ရှာမှုများ ဖြစ်ပေါ်လာစေ၍ ပြတ်ပြတ်သားသားပင် ပြန်ဖြေသည်။

"မမေးသင့်တာတွေကို မမေးနဲ့"

ဖုကျိုးမင်သည် အနည်းငယ် ရှက်ရွံ့သွားပုံရပြီး ခဏတာ တိတ်ဆိတ်သွားသည်။ သူသည် အတင်းကာရော နှစ်ချက်မျှ ရယ်လိုက်ပြီး သိပါပြီဟု ပြန်ဖြေသည်။

ကားအတွင်းရှိ လေထုသည် တစ်အောင့်ကြာအောင် ငြိမ်သက်သွားသည်။ ဖုကျိုးမင်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဘာမှ မဖြစ်ထားခဲ့သလို ပြုံးလိုက်ကာ

"ဒါဆို၊ ဥက္ကဌယဲ့ ကျွန်တော့်ကို ရှေ့တစ်ခေါက်က ပြောထားတဲ့ကိစ္စ ကတိတည်သေးလား"

ရှောက်ယယ်က ပြတင်းပေါက်ကို ကြည့်နေပြီး

"ဘာကိစ္စလဲ"

"ရုပ်ရှင်လေ"

ဖုကျိုးမင်၏ အပြုံးသည် မပြောင်းလဲသွားဘဲ

"ကျွန်တော် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်က လကုန်ဆို ရုံတင်တော့မှာ။ ဥက္ကဌရှောက်၊ ခင်ဗျား ကျွန်တော့်ကို ရှေ့တစ်ခေါက်ထဲက ကတိပေးပြီးသွားပြီနော်၊ ကျွန်တော်နဲ့ အတူတူ သွားကြည့်ပေးမယ်ဆိုတာ။ ပြောပြီးရင် ကတိတည်ရမယ်လေ၊ ပြောပြီးသားစကား ပြန်နုတ်လို့ မရဘူး"

ရှောက်ယယ်က မျက်မှောင်ကြုတ်သွားပြီး စကားပြန်ပြောခါနီးတွင် ဖုန်းက တုန်ခါလာသည်။

ဖန်သားပြင်ပေါ်တွင် လွန်ခဲ့သော တစ်စက္ကန့်က ကျောက်ရှန့်ဟိုင် ပေးပို့ခဲ့သော Wechat စာတိုကြောင့် မီးလင်းနေ၏။

ရှောက်ယယ်သည် Wechat ကိုဖွင့်ပြီး အကြောင်းအရာကို ဖတ်ကြည့်သောအခါ ထပ်ပြီး သူ့အား အလုပ်ပြီးလျှင် အိမ်အမြန် ပြန်လာရန်၊ အရက် လျှော့သောက်ရန်၊ ကားလမ်းမပေါ်တွင် သတိထားရန် စသည်ဖြင့် စိတ်ရှုပ်စရာကောင်းသော စကားများပင် ဖြစ်နေပြန်သည်။

ရှောက်ယယ်က အင်းဟု ပြန်ပို့လိုက်ပြီး စခရင်ကို ပိတ်လိုက်သည်။

ဖုကျိုးမင်က ရှောက်ယယ်၏ ပြန်ဖြေသံကို မကြားသောအခါ ခပ်တိုးတိုး အသံပြုလာပြန်သည်။

"ဥက္ကဌရှောက်?"

ရှောက်ယယ်သည် ပြတင်းအပြင်တွင် လှုပ်ရှားနေသော မြင်ကွင်းများကို ကြည့်နေရင်း အတော်ကြာမှ မရွင်မပျနှင့် ပြန်ဖြေသည်။

"သိပြီ"
.
.
.
.
.
12/1/2022(Wed)

                           ×××

{Zawgyi}

"ေခြးႏွစ္ေကာင္"

"ငါနဲ႔သူက သူငယ္ခ်င္း၊ တျခား ပတ္သတ္မႈ မရွိဘူး"

ရန္က်ားလိ၏ ေလသံသည္လည္း အုံ႔မႈိင္းလာသည္။

ယဲ့ထင္သည္ ရန္က်ားလိ ေျပာသည္ကို နားေထာင္ၿပီးေနာက္ စိတ္ထဲတြင္ အနည္းငယ္ေတာ့ သက္သာရာ ရသြား၏။

သို႔ေသာ္ျငား သူသည္ အရင္အတိုင္း ဆက္လက္ ေမးျမန္းေနခဲ့သည္။

"ဒါဆို သူကေရာ၊ သူက မင္းအေပၚမွာ ဘာခံစားခ်က္မွ မရွိဘူးဆိုတာ မင္းအာမခံႏိုင္လို႔လား"

ရန္က်ားလိ၏ အသက္ရႉသံက ေလးလံေနၿပီး အခ်ိန္အေတာ္ၾကာကာမွ အသံကို ထိန္းလိုက္ၿပီး တတ္ႏိုင္သမွ် တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္ကာ

"ယဲ့ထင္၊ မင္းဒီေန႔ အဆုံးထိ အဲ့ျပႆနာကိုပဲ ေျဖရွင္းသြားၿပီး ငါနဲ႔ ရန္ျဖစ္မယ္လို႔ သႏၷိဌာန္ ခ်ထားတာလား"

ယဲ့ထင္က ရပ္တန္႔သြားၿပီး ေလသံကို ေပ်ာ့ေျပာင္းေအာင္ လုပ္လိုက္ၿပီးမွ တိုးလ်စြာႏွင့္

"ေပါင္ေပါင္း၊ ကိုယ္က မင္းကိုပဲ ျပန္လာေစခ်င္တာပါ"

ရန္က်ားလိက စကားျပန္ မေျပာခဲ့ေပ။ အေတာ္ၾကာမွ ယဲ့ထင္တစ္ေယာက္ သူဖုန္းခ်လိုက္သံကို ၾကားလိုက္ရသည္။

ယဲ့ထင္သည္ ဖုန္းကို သိမ္းလိုက္ၿပီး စားပြဲအေရွ႕တြင္ ထိုင္ေနကာ ေအးစိမ့္ေသာ ညေကာင္းကင္ယံႏွင့္ တိမ္စိုင္မည္းမ်ားကို ေငးၾကည့္ေနခဲ့ရင္း ႏွလုံးသားထဲတြင္ မီးေတာက္တစ္ခု ေလာင္ကြၽမ္းေနခဲ့သည္။

ရန္က်ားလိႏွင့္ လ်ိဳ႐ႊင္းတို႔ ႏွစ္ေယာက္ အတူ တြဲသြားတြဲလာ လုပ္ေနသည့္ ပုံရိပ္၊ ေအာ့ႏွလုံးနာဖြယ္ေကာင္းေသာ မ်က္ႏွာႏွင့္ လ်ိဳ႐ႊင္းသည္ ရန္က်ားလိအနား ဤမွ် တရင္းတႏွီး တိုးကပ္ရဲၿပီး ရန္က်ားလိ ပခုံးကိုပင္ ထိကိုင္ရဲသည္ ဟူေသာ အေၾကာင္းကို ေတြးမိသည္ႏွင့္ သူ႔ႏွလုံးသားကို လက္တစ္စုံျဖင့္ တင္းတင္းက်ပ္က်ပ္ ျဖစ္ညႇစ္ထားသကဲ့သို႔ အခ်ဥ္ေဖာက္ေနသည္ဟုသာ ခံစားရသည္။ သို႔ေသာ္လည္း ထိုအခ်ိန္တြင္ သူ႔ခမ်ာ အေမွာင္ရိပ္ထဲ ပုန္းခိုၿပီး အံႀကိတ္ထား႐ုံသာ တတ္ႏိုင္ခဲ့သည္။

ယဲ့ထင္သည္ အခ်ိန္အၾကာႀကီး သည္းခံေနခဲ့ၿပီးမွ ဖုန္းကို ျပန္ထုတ္လိုက္ကာ ေရွာက္ယယ္ကို ဖုန္းဆက္ၿပီး အဝတ္အစားလဲကာ အျပင္သို႔ ထြက္လာသည္။

သူတို႔သြားေနၾက ၿမိဳ႕ေတာ္ခန္းမတြင္ ေရွာက္ယယ္ႏွင့္ ေတြ႕ဆုံခဲ့သည္။ သီးသန္႔အခန္းထဲ ဝင္လိုက္သည္ႏွင့္ ယဲ့ထင္သည္ မည္သို႔ေသာ စကားမွ မဆိုဘဲ ႏွင္းခဲမ်ား လႊမ္းၿခဳံထားသလို မ်က္ႏွာႏွင့္ စားပြဲထိုးကို အရက္လာခ်ခိုင္းသည္။ ခ်ေပးလာသည့္ အရက္ပုလင္းကို ေကာက္ကိုင္လိုက္သည္ႏွင့္ ပါးစပ္ထဲ သြန္ထည့္ပစ္လိုက္သည္။ အမူအရာမွာလည္း တင္းမာၿပီး ေအးစက္ေနသည္။

ေရွာက္ယယ္သည္ သူႏွင့္ ခဏတာမွ် အေဖာ္ျပဳကာ ေသာက္ေပးေနခဲ့ေသာ္လည္း ဆက္ၾကည့္မေနႏိုင္ေတာ့ဘဲ ကမန္းကတန္းႏွင့္ အရက္ခြက္ ကိုင္ထားေသာ ယဲ့ထင္၏ လက္ကို တားလိုက္သည္။

"ယဲ့ထင္၊ မေသာက္နဲ႔ မေသာက္နဲ႔၊ ေတာ္ေတာ့၊ ေတာ္ေတာ့"

ေရွာက္ယယ္က အရက္ပုလင္းကို လုယူလိုက္ၿပီး သက္ျပင္းခ်သံႏွင့္

"အရက္ေသာက္ခ်င္တယ္ဆိုလည္း အဲ့ေလာက္ ပိုးစိုးပက္စက္ႀကီး ေလာင္းထည့္မေနနဲ႔ေလကြာ။ ထူးေတာင္ ထူးဆန္းလာၿပီ။ ဒီေန႔ ဘာေဒါသ ထြက္စရာေတြ ႀကဳံလာခဲ့ရလို႔လဲ"

ယဲ့ထင္၏ မ်က္ဝန္းထဲတြင္ ယစ္မူးဒီဂရီ အဆင့္တစ္ေနရာစာေလာက္ ရွိေနၿပီး ထိုမ်က္လုံးမ်ားသည္ ေတာနက္နက္ႀကီးထဲတြင္ ပုန္းေအာင္းေနေလ့ရွိေသာ ေသြးဆာေနသည့္ ဝံပုေလြ တစ္ေကာင္ကဲ့သို႔ မႈန္မႈိင္းကာ ေအးစက္ေနသည္။

သူက ေရွာက္ယယ္၏ လက္ေမာင္းကို ဆြဲကိုင္လိုက္ၿပီး ၾကမ္းရွစြာႏွင့္ ေမးလာသည္။

"ငါ ဘယ္လိုလုပ္မွ သူငါ့ကို ယုံၾကည္လာေတာ့မွာလဲ"

"ဘယ္သူလဲ၊ ဘယ္သူယုံၾကည္တာကို လိုခ်င္တာလဲ။ ရန္က်ားလိလား"

ယဲ့ထင္သည္ အာေလး လွ်ာေလးႏွင့္ သေရာ္ၿပဳံး ၿပဳံးလိုက္ၿပီး အရက္ဒဏ္က ေခါင္းထဲထိပင္ ထိုးတက္လာကာ စကားေျပာရာတြင္လည္း အစီအစဥ္ မက်ဘဲ ေတာင္ေရာက္ ေျမာက္ေရာက္ ျဖစ္ေနသည္။

"...အရင္တုန္းက ျဖဴျဖဴေသးေသး သိုးေလးတစ္ေကာင္ ရွိတယ္။ သူကငါနဲ႔ စစေတြ႕ခ်င္းကိုေတာင္ ငါ့ကို ၿပဳံးျပခဲ့ဖူးတယ္။ ၿပီးေတာ့ ငါ့ဆီကိုလည္း ေျပးလာခ်င္ခဲ့ေသးတာ။ ႏွေျမာစရာက ငါအဲ့အခ်ိန္တုန္းက သူ႔ကို အရမ္း အျပစ္ျမင္မိသြားတယ္ေလ။ ငါသူ႔ကို လက္စားလည္း ေခ်ခ်င္ၿပီး ေဝဒနာေတြကို ေကာင္းေကာင္းႀကီး ခံစားေစခ်င္ခဲ့တာ၊ ေနာက္ၿပီး သူ႔ကို ျပန္ဖမ္းေခၚလာခ်င္ခဲ့တယ္။ သူ အရႈံးေပးသြားတဲ့ အခါမွ ငါသူ႔အေပၚ ေကာင္းေကာင္း ဆက္ဆံေပးမယ္ ဆိုၿပီးေတာ့ေပါ့"

"သူ႔မွာ စိတ္က်ေရာဂါ ရွိခဲ့မွန္း ငါတကယ္ မသိပါဘူး။ သူအရင္ကတည္းက အဲ့ေလာက္ ခက္ခဲခဲ့မွန္းလည္း ငါတကယ္ မသိခဲ့ပါဘူး"

ယဲ့ထင္၏ မ်က္လုံးမ်ားက ဗလာက်င္းေနၿပီး

"တကယ္လို႔ ငါသာသိခဲ့ရင္ ငါအဲ့ေလာက္ ရက္စက္ခဲ့မွာ မဟုတ္ပါဘူး။ သူသြားစရာ လမ္းမရွိေအာင္လည္း ဖိအားေပးခဲ့မွာ မဟုတ္ဘူး။ အနည္းဆုံးေတာ့ ငါေသခ်ာေပါက္ သူ႔ကို လူၾကားထဲကေန ေမာင္းထုတ္မိမွာ မဟုတ္ဘူး။ ငါ မလုပ္ရက္...."

ေရွာက္ယယ္သည္ ယဲ့ထင္၏ ပခုံးကို ပုတ္ေပးလိုက္ၿပီး ႏွစ္သိမ့္စကားဆိုသည္။

"ေတာ္ပါေတာ့ ေတာ္ပါေတာ့၊ အားလုံးၿပီးသြားၿပီကို"

ယဲ့ထင္ကေတာ့ မိမိကိုယ္ မိမိ စကားေျပာေနဆဲပင္။

"ငါအခုမွ တျဖည္းျဖည္းနဲ႔ နားလည္လာခဲ့တယ္။ ဒါေပမဲ့ ငါျပန္လွည့္လာတဲ့ အခ်ိန္မွာေတာ့ သူက ငါ့ကို လန္႔ၿပီး ထြက္ေျပးသြားၿပီ။ သူက ငါ့ဆို သူ႔ကိုစားမယ့္ မုန္းစရာ ဝံပုေလြေကာင္ႀကီးလို သတ္မွတ္ထားၿပီးေတာ့ ေဝးေဝးကို ထြက္ေျပးသြားတာ။ ဒါေပမဲ့ ငါသူ႔ကို အျပစ္မတင္ေတာ့ဘူး၊ လက္စားလည္း မေခ်ခ်င္ေတာ့ပါဘူး၊ ဒီတိုင္း သူနဲ႔ အရင္ကလိုမ်ိဳး ျပန္ျဖတ္သန္းသြားခ်င္ၿပီး ငါ့ကိုလည္း ေၾကာက္မေနေစခ်င္ေတာ့တဲ့ အေၾကာင္းေတြ သူ႔ကို သိေစခ်င္လိုက္တာ"

ယဲ့ထင္သည္ ေခါင္းငုံ႔လိုက္ၿပီး ႐ုတ္တရက္ ဇေဝဇဝါႏွင့္ ေမးလာသည္။

"ေရွာက္ယယ္၊ မင္း ငါ့ကိုေျပာ၊ သူ ယုံၾကည္လာေအာင္ ငါ ဘယ္လိုလုပ္ရမလဲ။ ငါ...ငါ ဘယ္လိုလုပ္မွ သူ႔အေပၚ ခ်န္ထားခဲ့မိတဲ့ စိတ္ပိုင္းဆိုင္ရာ အရိပ္ဆိုးႀကီးကို သူ ေက်ာ္လႊားသြားႏိုင္မွာလဲ"

ေရွာက္ယယ္သည္ ထိုကဲ့သို႔ ရႈပ္ရႈပ္ယွက္ယွက္ ျဖစ္ေနေသာ ကိစၥမ်ား အေပၚတြင္ ခံစားခ်က္ မ်ားမ်ားစားစား မရွိေပ။

သူသည္ ေခါင္းကုတ္ၿပီး ကိုး႐ိုးကားရားႏွင့္ ဘာေျပာရမွန္း မသိေတာ့ေခ်။ အခ်ိန္အေတာ္ၾကာမွ စကားတစ္ခြန္း ျဖစ္ညႇစ္ေျပာလာသည္။

"သေဘၤာက ေျခကုပ္စခန္း ေရာက္ရင္ သဘာဝအတိုင္း ျမႇဳပ္သြားမွာပဲ...ဒါမွမဟုတ္ ဆက္လည္း သြားႏိုင္တာပဲ။ မင္းလည္း အမ်ားႀကီး ေတြးမေနနဲ႔ဦး"

(ဒီနားက စကားပုံကို ကိုယ္လည္း သိပ္နားမလည္ဘူး။ Googleမွာ ရွင္းျပထားတာက သေဘၤာဆိုတာ ေရစီးေၾကာင္းအတိုင္း ဆက္သြားမွာပဲ။ ဒီမွာ ေျခကုပ္စခန္းလို႔ ဘာသာျပန္ထားေပမယ့္ သူက တံတားအဆုံးလို႔လည္း အဓိပၸါယ္ရေသးတယ္။ အဲ့ေတာ့ သေဘၤာဆိုတာက ကမ္းစပ္နဲ႔ နီးတာပဲျဖစ္ျဖစ္ တံတားရဲ႕ ေအာက္မွာျဖစ္ျဖစ္ ေရစီးေၾကာင္းအတိုင္း တည့္တည့္ပဲ စီးဆင္းေနမွာ....အဲ့ဒါနဲ႔ ေရွာက္ယယ္ ေျပာခ်င္တဲ့ အဓိပၸါယ္ကို မေတြးတတ္ေတာ့ဘူး)

ယဲ့ထင္သည္ ဗလာက်င္းေနေသာ ေထာင့္တစ္ေနရာကို ခဏတာမွ် စိုက္ၾကည့္ေနၿပီး ရီေဝေဝ ခံစားခ်က္ကို မတြန္းလွန္ႏိုင္ေတာ့ဘဲ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။

ေရွာက္ယယ္သည္ စားပြဲထိုးကို အခန္းထဲမွ အမႈိက္သ႐ိုက္မ်ားကို ရွင္းခိုင္းလိုက္ၿပီး မူးတစ္ဝက္ ႏိုးတစ္ဝက္ ျဖစ္ေနေသာ ယဲ့ထင္အား ခန္းမ၏ ေအာက္ထပ္သို႔ ေခၚလာေပးသည္။

အခ်ိန္ ဘယ္ေလာက္မွ မၾကာေအာင္ မေစာင့္ရေသးခင္မွာပဲ အနက္ေရာင္ အမိုးဖြင့္ အေပ်ာ္စီး ကားတစ္စင္းက အေရွ႕သို႔ ဆိုက္ေရာက္လာသည္။

ေရွာက္ယယ္သည္ တံခါးကို ဖြင့္လိုက္ၿပီး ထမ္းလာရသည့္ ယဲ့ထင္ကို အေနာက္ခုံတြင္ ပို႔လိုက္ၿပီးမွ သက္ျပင္းခ်လိုက္ႏိုင္သည္။

ယဲ့ထင္သည္ ေယာင္ေယာင္ဝါးဝါးႏွင့္ မ်က္လုံးကို ဖြင့္လိုက္ကာ ယာဥ္ေမာင္းထိုင္ခုံ ရွိရာေနရာကို တစ္ခ်က္ ၾကည့္လိုက္ေတာ့ ကားေမာင္းသူမွာ ေရွာက္ယယ္ႏွင့္ တစ္ခ်ိန္လုံး ပူးတြဲေနသည့္ ဖုက်ိဳးမင္ ဟူေသာ သ႐ုပ္ေဆာင္ ျဖစ္ေနေသာအခါ မကူကယ္ႏိုင္ဘဲ မ်က္ေမွာင္ၾကဳတ္မိသြားၿပီး

"ဘာလို႔ အဲ့ဒီ လူေဘာေၾကာ့ ႀကိဳးၾကာငုံး(ျပည့္တန္ဆာ) ႀကီးပဲ ျဖစ္ေနရတာလဲ"

ဖုက်ိဳးမင္၏ အၿပဳံးသည္ ႏႈတ္ခမ္းေထာင့္တြင္ ေအးခဲသြားသည္။

ေရွာက္ယယ္သည္ ေခါင္းယမ္းလိုက္ကာ အေရွ႕ခန္းမွ ခရီးသည္ ထိုင္ခုံတြင္ ဝင္ထိုင္ၿပီး ခါးပတ္ပတ္လိုက္ကာ ဖုက်ိဳးမင္ကို ေျပာသည္။

"ကားေမာင္းေတာ့"

ကားက ေျဖးေျဖးခ်င္း လႈပ္ရွားလာၿပီး အေမွာင္ထုထဲ ေမာင္းႏွင္သြားသည္။

ယဲ့ထင္သည္ အရက္ဒဏ္ေၾကာင့္ ပူေလာင္ကာ သည္းခံဖို႔ရန္ ခဲယဥ္းေနခဲ့သည္။ သူ အေနာက္ထိုင္ခုံမွာ လဲေလ်ာင္းေနရင္း အေရွ႕ခန္းမွ အေႏွာင့္အယွက္ေပး စကားေျပာသံကို ၾကားလိုက္ရသည္။

ဖုက်ိဳးမင္သည္ ေရွာက္ယယ္အား စူးစမ္းသလိုေလး ေမးလာသည္ကို ၾကားလိုက္ရသည္။

"ဥကၠဌယဲ့က အသည္းကြဲေနတာလား"

ေရွာက္ယယ္ အျမင္ကပ္ဆုံးမွာ သူတစ္ပါး ကိစၥကို မသိမသာ ဝင္စပ္စုျခင္းျဖစ္သည္။ အထူးသျဖင့္ တစ္ဖက္သားက မိမိညီအစ္ကို၏ လွ်ိဳ႕ဝွက္ခ်က္ကို စပ္စုေနျခင္းမ်ိဳးကိုပင္။ ထိုအရာက သူ႔အား ႏွလုံးသားထဲအထိပါ ႐ြံ႕ရွာမႈမ်ား ျဖစ္ေပၚလာေစ၍ ျပတ္ျပတ္သားသားပင္ ျပန္ေျဖသည္။

"မေမးသင့္တာေတြကို မေမးနဲ႔"

ဖုက်ိဳးမင္သည္ အနည္းငယ္ ရွက္႐ြံ႕သြားပုံရၿပီး ခဏတာ တိတ္ဆိတ္သြားသည္။ သူသည္ အတင္းကာေရာ ႏွစ္ခ်က္မွ် ရယ္လိုက္ၿပီး သိပါၿပီဟု ျပန္ေျဖသည္။

ကားအတြင္းရွိ ေလထုသည္ တစ္ေအာင့္ၾကာေအာင္ ၿငိမ္သက္သြားသည္။ ဖုက်ိဳးမင္သည္ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီး ဘာမွ မျဖစ္ထားခဲ့သလို ၿပဳံးလိုက္ကာ

"ဒါဆို၊ ဥကၠဌယဲ့ ကြၽန္ေတာ့္ကို ေရွ႕တစ္ေခါက္က ေျပာထားတဲ့ကိစၥ ကတိတည္ေသးလား"

ေရွာက္ယယ္က ျပတင္းေပါက္ကို ၾကည့္ေနၿပီး

"ဘာကိစၥလဲ"

"႐ုပ္ရွင္ေလ"

ဖုက်ိဳးမင္၏ အၿပဳံးသည္ မေျပာင္းလဲသြားဘဲ

"ကြၽန္ေတာ္ သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္က လကုန္ဆို ႐ုံတင္ေတာ့မွာ။ ဥကၠဌေရွာက္၊ ခင္ဗ်ား ကြၽန္ေတာ့္ကို ေရွ႕တစ္ေခါက္ထဲက ကတိေပးၿပီးသြားၿပီေနာ္၊ ကြၽန္ေတာ္နဲ႔ အတူတူ သြားၾကည့္ေပးမယ္ဆိုတာ။ ေျပာၿပီးရင္ ကတိတည္ရမယ္ေလ၊ ေျပာၿပီးသားစကား ျပန္ႏုတ္လို႔ မရဘူး"

ေရွာက္ယယ္က မ်က္ေမွာင္ၾကဳတ္သြားၿပီး စကားျပန္ေျပာခါနီးတြင္ ဖုန္းက တုန္ခါလာသည္။

ဖန္သားျပင္ေပၚတြင္ လြန္ခဲ့ေသာ တစ္စကၠန္႔က ေက်ာက္ရွန္႔ဟိုင္ ေပးပို႔ခဲ့ေသာ Wechat စာတိုေၾကာင့္ မီးလင္းေန၏။

ေရွာက္ယယ္သည္ Wechat ကိုဖြင့္ၿပီး အေၾကာင္းအရာကို ဖတ္ၾကည့္ေသာအခါ ထပ္ၿပီး သူ႔အား အလုပ္ၿပီးလွ်င္ အိမ္အျမန္ ျပန္လာရန္၊ အရက္ ေလွ်ာ့ေသာက္ရန္၊ ကားလမ္းမေပၚတြင္ သတိထားရန္ စသည္ျဖင့္ စိတ္ရႈပ္စရာေကာင္းေသာ စကားမ်ားပင္ ျဖစ္ေနျပန္သည္။

ေရွာက္ယယ္က အင္းဟု ျပန္ပို႔လိုက္ၿပီး စခရင္ကို ပိတ္လိုက္သည္။

ဖုက်ိဳးမင္က ေရွာက္ယယ္၏ ျပန္ေျဖသံကို မၾကားေသာအခါ ခပ္တိုးတိုး အသံျပဳလာျပန္သည္။

"ဥကၠဌေရွာက္?"

ေရွာက္ယယ္သည္ ျပတင္းအျပင္တြင္ လႈပ္ရွားေနေသာ ျမင္ကြင္းမ်ားကို ၾကည့္ေနရင္း အေတာ္ၾကာမွ မ႐ြင္မပ်ႏွင့္ ျပန္ေျဖသည္။

"သိၿပီ"
.
.
.
.
.
12/1/2022(Wed)

                           ×××

Continue Reading

You'll Also Like

1.1M 147K 93
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
607K 83.5K 61
Name _-_ Marked by a tyrant after transmigrating Author_-_Chi Ling Total Chapter_-_ 59 chapter + 1 extra This is Just for fun translation. Start date...
90.3K 7.6K 12
Chinese Manga Translation to Burmese Original Author : Tu Zi Translator & Rewriter : Hanashiro Yuzuki Full Credit to Origin
61.7K 4.7K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...