လမ်းမကြီးထက်မှာ လေအဟုန်ကြောင့်သစ်
ရွက်ကြွေက လူးလွင့်နေကြပြီး ကော်ဖီဆိုင်
လေးရဲ့ ကာထားသော မှန်ပြတင်းဘက်ဆီက
ထိုမြင်ကွင်းလေးကို ငေးကြည့်နေလေရဲ့။
လက်ထဲတွင် ဆုပ်ကိုင်ထားသောကော်ဖီနွေး
နွေးဆီက ပူနွေးသောအရာကို ခံစားလိုက်ပြီး
အငွေ့ထနေဆဲ ကော်ဖီတွေရဲ့အရသာက ခါး
သက်သော ကော်ဖီခါးခါးတွေပင်။
ဆိုင်ထဲသို့ အမောတကော ဝင်လာပြီး ဘေးဘီ
ဝဲရာကို လိုက်ရှာနေတဲ့သူကို ခတ်မြင်သာ
အောင် ခေါင်းလေးထောင်ပြီး အချက်ပြလိုက်
မှ သူဆီတစိုက်မက်မက်ရောက်လာလေတဲ့
ခြေလှမ်းကျယ်တွေ။
"ထိုင်ပါဦး ဘာသောက်မလဲ"
"ဘာမှသောက်ချင်စိတ်မရှိဘူး မေးချင်တာ
တော့ရှိတယ်"
"ခင်ဗျားဆီမှာ မေးခွန်းတွေရှိမယ်ဆိုတာတွေး
မိပြီးသားပါ"
"ဘာလို့ ပုန်းနေခဲ့တာလဲ ခတ်"
သူ့နာမည်ကို ပထမဆုံးခေါ်လိုက်တာကြောင့်
အရှေ့ကကောင်လေးကို ခေါင်းလေးမော့ပြီး
အံ့သြမယောင်ဖြင့် သူကိုစိုက်ကြည့်လေသည်။
အပြုံးဟုမဆိုသာတဲ့ အမူအရာလေးကြောင့်
ထိုကောင်လေး ပြုံးလိုက်တာလား။
ပုန်းရှောင်နေတဲ့ ကောင်ငယ်လေးကို လိုက်ရှာ
ခဲ့ပြီး သူ့သူငယ်ချင်းတွေထိ မေးမြန်းခဲ့လေမိ
သည့်အထိ။ သူမှာချစ်သူရှိနေလို့ ထိုချစ်သူနဲ့
အတူထွက်သွားတာလားပေါ့။ သို့ပေမဲ့ ပြန်
ကြားရတာက ခတ်မှာ ချစ်သူမရှိသလို သူချစ်ရ
သူကိုလည်း မောင်ဟုခေါ်မည်ဟုသိရလေ
သည်။ ထိုအသုံးအနူန်းမကြားမိတာကြောင့်
ခတ်က ချစ်သူနဲ့လိုက်ပြေးတာက မဖြစ်နိင်
ဘူးတဲ့လေ။
"ကျွန်တော် မပုန်းနေခဲ့ပါဘူး လွတ်လပ်စွာပျံ
သန်းသွားရုံတင်ပါ "
"ဒါဆို ရှောင်နေသည်ပေါ့"
"ကိုယ့်စိတ်နဲ့ကိုယ်ထွက်သွားမိတာကို ခေါင်း
စဥ်တပ်ဖို့မလိုပါဘူး ကျွန်တော်စိတ် ကျွန်တော်ဘဲပိုင်တာမို့လေ"
"မင်းက အသက်နဲ့လုံးဝမတူဘူး"
"အခုမှသိတာလား ခင်ဗျားအစောတည်းက
သိမယ်တောင်ထင်ခဲ့တာ"
"သိခဲ့တယ် မသိယောင်ဆောင်ခဲ့ရုံတင်"
ခမ်းကို မျက်ရည်မကျမိအောင် ခတ်အားတင်း
ကာစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောနေရပေ
မဲ့ ရင်ထဲဘယ်လောက်အားတင်းထားရလဲဆို
တာ ဘယ်သူမှမသိနိင်တော့ပါဘူး။
"ကျွန်တော်ရင်မခုန်တတ်ဘူး ဦးခမ်း"
"သိပါတယ် မင်းကငါထင်တာထက်ပျော့ညံ
တဲ့သူမှမဟုတ်တာ မင်းသိလား လွန်ခဲ့တဲ့နှစ်က
ဆောင်းဝင်ခါနီး လှပလွန်းတဲ့ညနေခင်းတခုမှာ
မီးပွိုင့်မီးနီနေတုန်း ကော်ဖီဆိုင်ထဲက ထွက်
လာတဲ့ကောင်လေးကို မြင်မြင်ချင်းချစ်ခဲ့မိလို့
အရယူ အပိုင်သိမ်းခဲ့တယ် သူကငါ့ရဲ့ချစ်ဦးသူ
လည်းဟုတ်သလို ငါ့ကိုအမှားအမှန်လမ်းပြ
ပေးခဲ့သူလည်းဟုတယ် ဒါပေမဲ့သူနဲ့ငါကဆုံ
မှတ်တစ်ခုမဟုတ်ခဲ့ဘူး"
"အသက်ကို ချစ်တယ်မလား"
"အင်း အသက်ကိုအရမ်းချစ်တယ် "
"အဲ့ဒါဆိုဘာလို့ ကျွန်တော်ကိုလိုက်ရှာတာလဲ
အသက်အတွက်ဘဲစဥ်းစားသင့်တယ်"
"တခါလောက်ထပ်တွေ့ချင်ခဲ့ရုံပါ တခါ
လောက်ထပ်တွေ့ပြီး နှုတ်ဆက်ခဲ့ချင်ရုံ "
"အခုထပ်မရှာနဲ့တော့ ကျွန်တော်လည်း လက်
ထပ်လိုက်ပြီမို့"
ခတ်ပြောမှ အောက်ပိုင်းကိုသေချာကြည့်မိ
တော့ အသက်လိုဆူထွက်နေတဲ့ဗိုက်လေး။
"ဟိုဘက်စားပွဲမှာထိုင်နေတာ ကျွန်တော်ရဲ့ခင်
ပွန်းလေ ဒါကလည်းသူရဲ့ရင်သွေးလေး
သူက ကျွန်တော်ကိုအရမ်းချစ်သလို သူကို
လည်း ကျွန်တော်ကသိပ်ချစ်တာ"
ခတ်ညွှန်ပြတဲ့နေရာကို ခမ်းစောင်းကြည့်လိုက်
တော့ သူတို့ကိုအရိပ်အခြည်ကြည့်နေတဲ့ သူနဲ့
အသက်တန်းတူလောက်ဖြစ်နိင်ပြီး ရုပ်ရည်
ချောမောသည့် လူရွယ်တယောက်။
"ဝမ်းသာပါတယ် ခတ် အခုလိုလေးပြန်တွေ့
ရတာ "
"ကျေးဇူးပါဘဲ ဦးခမ်းလည်းအသက်ကိုပိုဂရု
စိုက်ပြီး ပိုချစ်ပေးပါ သူက ကလေးစိတ်ပေမဲ့
ခင်ဗျားကိုတော်တော်ချစ်ရှာတာပါ"
"တစ်ခုလောက်မေးလို့ရမလား ငါနဲ့နေခဲ့တဲ့အ
ချိန်တွေမှာ စိတ်ယိုင်ခဲ့ဖူးလား"
"ကျွန်တော်ဘဝမှာ ကျွန်တော်ရဲ့ချစ်ရသူက
လွဲလို့ ဘယ်သူကိုမှစိတ်မယိုင်ဖူးသလို ဘယ်
သူကိုမှလည်း ချစ်လို့မရခဲ့ပါဘူး "
ခမ်း ပြုံးလိုက်သည်။.ထိုအပြုံးက အရာရာ
စိတ်ထင့်နေတာတွေမှန်သမျှ လျော့ကျပျက်
ပြယ်သွားသည့် အပြုံးမျိုး"
"ခတ် ပြန်တော့မှာလား"
"ဟုတ်တယ် ဦးခမ်း ကျွန်တော်ကိုသွားခွင့်ပြု
ပါဦး နောက်ထပ်သိပ်မတွေ့ရတော့တာကြော
င့် အသက်ကိုသေချာအပ်ပါတယ် သွားရအော
င် အကို"
သူ့ကိုလာတွဲတဲ့ ခင်ပွန်းဆိုသူရဲ့လက်ကိုတွဲပြီး
ဗိုက်ပူလေးကို ကိုင်ကာ ပြန်သွားလေသည်။
အသက်က ချစ်ဦးသူမဟုတ်ခဲ့ပေမဲ့ ချစ်ရဆုံး
သူမို့ သူရဲ့အချစ်တွေအားလုံးကို အသက်ကရ
ယူနိင်ခဲ့ပြီလေ။
ညနေခင်း လေအေးအေးတိုက်နေတဲ့ အထိအ
တွေ့ကြား အိမ်ရှေ့က ခုံတန်းလျားလေးပေါ်
ထိုင်ကာ ခတ်ဟာ ကြွေကျနေတဲ့ သစ်ရွက်
တွေနဲ့ ဝင်တော့မည့်ဆဲဆဲနေမင်းကြီးကို ပြုံး
ကာကြည့်နေလေရဲ့။
"ခတ် မအေးဘူးလား အနွေးထည်လေးဝတ်
ထားနော် ကြာရင်အအေးပတ်လိမ့်မယ်"
"ကျေးဇူးပါ အကိုကသိပ်ကိုစိတ်ထားကောင်း
တဲ့သူဆိုတော့ ကံကောင်းဦးမှာပါ"
"ကျေးဇူးတဲ့လားခတ်ရယ် အကိုတို့ကြား
အဲ့စကားတွေမလိုပါဘူး "
"အချစ်ဆိုတာ ဘယ်လိုမျိုးလဲအကို"
"အကိုသိတဲ့အချစ်က သူပျော်နေဖို့ဘဲအရေး
ကြီးတာ ခတ်ကကောဟင်"
"ကျွန်တော်ချစ်မိလိုက်တိုင်း
ပိုင်ဆိုင်လို့မရတဲ့အရာတွေဖြစ်နေခဲ့တယ်
အချစ်ဆိုတဲ့ အရာက
ကျွန်တော်ဆီမှာ မပျော်မွေ့ဘူးနဲ့ထင်ပါတယ်"
"ဒါဆို ဘာလို့ပိုင်ဆိုင်အောင်မလုပ်ခဲ့တာလဲ
ခတ်ရယ်"
သူပြောလိုက်တဲ့စကားကို ခတ်က ခပ်ရဲ့ရဲ့
လေးပြုံးလိုက်ပြီး အေးချမ်းတဲ့မျက်နှာလေး
ဖြင့်။
"အချစ်ဆိုတာကို ပိုင်ဆိုင်မူမရှိဘဲ
မြတ်နိုးစွာ နှလုံးသားကလက်ခံနေသရွေ့
ချစ်နေလို့ရပါတယ်"
"ခတ်က အကိုထင်ထားတာထက် ရင့်ကျပ်
တည်ငြိမ်လိုက်တာ ဗိုက်ထဲကရင်သွေးလေး
ကလည်း ခတ်လိုတည်ငြိမ်ရင့်ကျပ်သူလေး
ဖြစ်လာမှာ ကျိန်းသေတယ်"
"အင်း အရမ်းကိုလည်းချစ်ဖို့ကောင်းနေမှာ
မာနလည်းကြီးလိုက်မယ်ဖြစ်ချင်း ဘယ်သူကို
မှလည်းဂရုစိုက်တတ်မှာမဟုဘူး"
"ခတ်နဲ့တူမှာတော့ သိပ်ကိုလည်းလှနေမှာ"
"အကို ဟိုမှာတွေ့လား စွန်လေးတွေ လူတွေ
ရဲ့အမြင်မှာ ရစ်ဘီးကိုင်တဲ့သူကြောင့် စွန်လေး
တွေမလွတ်လပ်ဘူးလို့ထင်ကြလိမ့်မယ် တ
ကယ်တော့ ပိုင်ရှင်ရှိနေသားမို့သူတို့ကသိပ်ကို
ကံကောင်းကြသူလေးတွေပေါ့ ကြိုးမဲ့စွန်လေး
တွေကသာ ပိုင်သူမရှိ လေထဲမှာ လေနှင်ရာ
ရွက်လွင့်ရင်း ငြိချင်တဲ့နေရာမှာငြိပြီး ပေါက်
ပြဲစုတ်ပြဲရင်း မြေမှာခရရှာတာ"
"ခတ်မှာ အကိုရှိနေပြီးသားမို့ ကြိုးမဲ့စွန်လေး
မဟုတ်တော့ပါဘူး အထဲဝင်ကြရအောင်လေ"
"ဝင်ကြရအောင် ခတ်လည်းဗိုက်ဆာနေပြီ"
"လူလည်လေး ထတော့ ဖြည်းဖြည်းထနော်
အထဲကပီစီလေးကိုဂရုစိုက်ရမယ
အကဲပိုရန်ကောဆိုတဲ့အမူအရာနဲ့ ခတ်ဟာ
မျက်စောင်းလှလှလေးထိုးပြီး အိမ်ထဲသို့ဝင်
သွားပြီး ဇေရတုကတော့ အနောက်ကသ
ဘောကျစွာ ရယ်ပြီးလိုက်သွားလေသည်။
"ဦးပြန်လာပြီလားဟင်"
"ပြန်လာပြီပေါ့ ဦးအသက်လေးဆီရာကိုဘယ်
လိုဖြစ်ဖြစ် ဦးကပြန်လာမှာ"
"ဟီး အသက်ကလေ လုံးလုံးလေးဘောလုံး
ကန်တာကြည့်နေတာ"
"လုံးလုံးလေးဘောလုံးကန်တာ အသက်
လေးနာနေမှာပေါ့ကွာ ဟေ့ကောင်လေး မင်း
ကန်တာ ငါ့မိန်းမအသက်က နာနေပြီကွ"
"လုံးလုံးလေးကိုပြောပါနဲ့ သူကပျင်းလို့နေမှာ
ပေါ့"
"ဒါပေမဲ့ အသက်လေးနာတယ်မလား"
"နာပေမဲ့ ဦးဖက်ထားရင်မနာတော့ဘူးတဲ့သိ
လား"
"haha အဲ့ဒါလေးတွေနဲ့ ဦးအသည်းနှလုံးကို
တဖြုတ်ဖြုတ်ကြွေအောင်လုပ်နေတာမလား"
"ချစ်တာကိုးလို့ "
"ဦးကလည်းအသက်ကို အရမ်းချစ်ပါတယ်
ကွာ "
ရင်ခွင်ထဲက သည်းသက်လေးကိုပိုပြီးတိုးဖက်
လိုက်ပြီး အကြင်နာဆုံးအနမ်းတွေကိုသွန်း
ဖြိုးရွာချလိုက်လေသည့် ဦးခမ်းပါဘဲ။
🍂🍂🍂🍂🍂🍂
နောက်အပိုင်းတွေထပ်upပေးမယ်နော်😘
နောက်အပိုင်းတွေ စိတ်ခိုင်မှဖတ်ပေးပါနော်
Zawgyi
လမ္းမႀကီးထက္မွာ ေလအဟုန္ေၾကာင့္သစ္
႐ြက္ေႂကြက လူးလြင့္ေနၾကၿပီး ေကာ္ဖီဆိုင္
ေလးရဲ႕ ကာထားေသာ မွန္ျပတင္းဘက္ဆီက
ထိုျမင္ကြင္းေလးကို ေငးၾကည့္ေနေလရဲ႕။
လက္ထဲတြင္ ဆုပ္ကိုင္ထားေသာေကာ္ဖီႏြေး
ႏြေးဆီက ပူႏြေးေသာအရာကို ခံစားလိုက္ၿပီး
အေငြ႕ထေနဆဲ ေကာ္ဖီေတြရဲ႕အရသာက ခါး
သက္ေသာ ေကာ္ဖီခါးခါးေတြပင္။
ဆိုင္ထဲသို႔ အေမာတေကာ ဝင္လာၿပီး ေဘးဘီ
ဝဲရာကို လိုက္ရွာေနတဲ့သူကို ခတ္ျမင္သာ
ေအာင္ ေခါင္းေလးေထာင္ၿပီး အခ်က္ျပလိုက္
မွ သူဆီတစိုက္မက္မက္ေရာက္လာေလတဲ့
ေျခလွမ္းက်ယ္ေတြ။
"ထိုင္ပါဦး ဘာေသာက္မလဲ"
"ဘာမွေသာက္ခ်င္စိတ္မရွိဘူး ေမးခ်င္တာ
ေတာ့ရွိတယ္"
"ခင္ဗ်ားဆီမွာ ေမးခြန္းေတြရွိမယ္ဆိုတာေတြး
မိၿပီးသားပါ"
"ဘာလို႔ ပုန္းေနခဲ့တာလဲ ခတ္"
သူ႕နာမည္ကို ပထမဆုံးေခၚလိုက္တာေၾကာင့္
အေရွ႕ကေကာင္ေလးကို ေခါင္းေလးေမာ့ၿပီး
အံ့ၾသမေယာင္ျဖင့္ သူကိုစိုက္ၾကည့္ေလသည္။
အၿပဳံးဟုမဆိုသာတဲ့ အမူအရာေလးေၾကာင့္
ထိုေကာင္ေလး ၿပဳံးလိုက္တာလား။
ပုန္းေရွာင္ေနတဲ့ ေကာင္ငယ္ေလးကို လိုက္ရွာ
ခဲ့ၿပီး သူ႕သူငယ္ခ်င္းေတြထိ ေမးျမန္းခဲ့ေလမိ
သည့္အထိ။ သူမွာခ်စ္သူရွိေနလို႔ ထိုခ်စ္သူနဲ႕
အတူထြက္သြားတာလားေပါ့။ သို႔ေပမဲ့ ျပန္
ၾကားရတာက ခတ္မွာ ခ်စ္သူမရွိသလို သူခ်စ္ရ
သူကိုလည္း ေမာင္ဟုေခၚမည္ဟုသိရေလ
သည္။ ထိုအသုံးအႏူန္းမၾကားမိတာေၾကာင့္
ခတ္က ခ်စ္သူနဲ႕လိုက္ေျပးတာက မျဖစ္နိင္
ဘူးတဲ့ေလ။
"ကြၽန္ေတာ္ မပုန္းေနခဲ့ပါဘူး လြတ္လပ္စြာပ်ံ
သန္းသြား႐ုံတင္ပါ "
"ဒါဆို ေရွာင္ေနသည္ေပါ့"
"ကိုယ့္စိတ္နဲ႕ကိုယ္ထြက္သြားမိတာကို ေခါင္း
စဥ္တပ္ဖို႔မလိုပါဘူး ကြၽန္ေတာ္စိတ္ ကြၽန္ေတာ္ဘဲပိုင္တာမို႔ေလ"
"မင္းက အသက္နဲ႕လုံးဝမတူဘူး"
"အခုမွသိတာလား ခင္ဗ်ားအေစာတည္းက
သိမယ္ေတာင္ထင္ခဲ့တာ"
"သိခဲ့တယ္ မသိေယာင္ေဆာင္ခဲ့႐ုံတင္"
ခမ္းကို မ်က္ရည္မက်မိေအာင္ ခတ္အားတင္း
ကာစိုက္ၾကည့္ၿပီး တည္ၿငိမ္စြာေျပာေနရေပ
မဲ့ ရင္ထဲဘယ္ေလာက္အားတင္းထားရလဲဆို
တာ ဘယ္သူမွမသိနိင္ေတာ့ပါဘူး။
"ကြၽန္ေတာ္ရင္မခုန္တတ္ဘူး ဦးခမ္း"
"သိပါတယ္ မင္းကငါထင္တာထက္ေပ်ာ့ညံ
တဲ့သူမွမဟုတ္တာ မင္းသိလား လြန္ခဲ့တဲ့ႏွစ္က
ေဆာင္းဝင္ခါနီး လွပလြန္းတဲ့ညေနခင္းတခုမွာ
မီးပြိုင့္မီးနီေနတုန္း ေကာ္ဖီဆိုင္ထဲက ထြက္
လာတဲ့ေကာင္ေလးကို ျမင္ျမင္ခ်င္းခ်စ္ခဲ့မိလို႔
အရယူ အပိုင္သိမ္းခဲ့တယ္ သူကငါ့ရဲ႕ခ်စ္ဦးသူ
လည္းဟုတ္သလို ငါ့ကိုအမွားအမွန္လမ္းျပ
ေပးခဲ့သူလည္းဟုတယ္ ဒါေပမဲ့သူနဲ႕ငါကဆုံ
မွတ္တစ္ခုမဟုတ္ခဲ့ဘူး"
"အသက္ကို ခ်စ္တယ္မလား"
"အင္း အသက္ကိုအရမ္းခ်စ္တယ္ "
"အဲ့ဒါဆိုဘာလို႔ ကြၽန္ေတာ္ကိုလိုက္ရွာတာလဲ
အသက္အတြက္ဘဲစဥ္းစားသင့္တယ္"
"တခါေလာက္ထပ္ေတြ႕ခ်င္ခဲ့႐ုံပါ တခါ
ေလာက္ထပ္ေတြ႕ၿပီး ႏႈတ္ဆက္ခဲ့ခ်င္႐ုံ "
"အခုထပ္မရွာနဲ႕ေတာ့ ကြၽန္ေတာ္လည္း လက္
ထပ္လိုက္ၿပီမို႔"
ခတ္ေျပာမွ ေအာက္ပိုင္းကိုေသခ်ာၾကည့္မိ
ေတာ့ အသက္လိုဆူထြက္ေနတဲ့ဗိုက္ေလး။
"ဟိုဘက္စားပြဲမွာထိုင္ေနတာ ကြၽန္ေတာ္ရဲ႕ခင္
ပြန္းေလ ဒါကလည္းသူရဲ႕ရင္ေသြးေလး
သူက ကြၽန္ေတာ္ကိုအရမ္းခ်စ္သလို သူကို
လည္း ကြၽန္ေတာ္ကသိပ္ခ်စ္တာ"
ခတ္ၫႊန္ျပတဲ့ေနရာကို ခမ္းေစာင္းၾကည့္လိုက္
ေတာ့ သူတို႔ကိုအရိပ္အျခည္ၾကည့္ေနတဲ့ သူနဲ႕
အသက္တန္းတူေလာက္ျဖစ္နိင္ၿပီး ႐ုပ္ရည္
ေခ်ာေမာသည့္ လူ႐ြယ္တေယာက္။
"ဝမ္းသာပါတယ္ ခတ္ အခုလိုေလးျပန္ေတြ႕
ရတာ "
"ေက်းဇူးပါဘဲ ဦးခမ္းလည္းအသက္ကိုပိုဂ႐ု
စိုက္ၿပီး ပိုခ်စ္ေပးပါ သူက ကေလးစိတ္ေပမဲ့
ခင္ဗ်ားကိုေတာ္ေတာ္ခ်စ္ရွာတာပါ"
"တစ္ခုေလာက္ေမးလို႔ရမလား ငါနဲ႕ေနခဲ့တဲ့အ
ခ်ိန္ေတြမွာ စိတ္ယိုင္ခဲ့ဖူးလား"
"ကြၽန္ေတာ္ဘဝမွာ ကြၽန္ေတာ္ရဲ႕ခ်စ္ရသူက
လြဲလို႔ ဘယ္သူကိုမွစိတ္မယိုင္ဖူးသလို ဘယ္
သူကိုမွလည္း ခ်စ္လို႔မရခဲ့ပါဘူး "
ခမ္း ၿပဳံးလိုက္သည္။.ထိုအၿပဳံးက အရာရာ
စိတ္ထင့္ေနတာေတြမွန္သမွ် ေလ်ာ့က်ပ်က္
ျပယ္သြားသည့္ အၿပဳံးမ်ိဳး"
"ခတ္ ျပန္ေတာ့မွာလား"
"ဟုတ္တယ္ ဦးခမ္း ကြၽန္ေတာ္ကိုသြားခြင့္ျပဳ
ပါဦး ေနာက္ထပ္သိပ္မေတြ႕ရေတာ့တာေၾကာ
င့္ အသက္ကိုေသခ်ာအပ္ပါတယ္ သြားရေအာ
င္ အကို"
သူ႕ကိုလာတြဲတဲ့ ခင္ပြန္းဆိုသူရဲ႕လက္ကိုတြဲၿပီး
ဗိုက္ပူေလးကို ကိုင္ကာ ျပန္သြားေလသည္။
အသက္က ခ်စ္ဦးသူမဟုတ္ခဲ့ေပမဲ့ ခ်စ္ရဆုံး
သူမို႔ သူရဲ႕အခ်စ္ေတြအားလုံးကို အသက္ကရ
ယူနိင္ခဲ့ၿပီေလ။
ညေနခင္း ေလေအးေအးတိုက္ေနတဲ့ အထိအ
ေတြ႕ၾကား အိမ္ေရွ႕က ခုံတန္းလ်ားေလးေပၚ
ထိုင္ကာ ခတ္ဟာ ေႂကြက်ေနတဲ့ သစ္႐ြက္
ေတြနဲ႕ ဝင္ေတာ့မည့္ဆဲဆဲေနမင္းႀကီးကို ၿပဳံး
ကာၾကည့္ေနေလရဲ႕။
"ခတ္ မေအးဘူးလား အႏြေးထည္ေလးဝတ္
ထားေနာ္ ၾကာရင္အေအးပတ္လိမ့္မယ္"
"ေက်းဇူးပါ အကိုကသိပ္ကိုစိတ္ထားေကာင္း
တဲ့သူဆိုေတာ့ ကံေကာင္းဦးမွာပါ"
"ေက်းဇူးတဲ့လားခတ္ရယ္ အကိုတို႔ၾကား
အဲ့စကားေတြမလိုပါဘူး "
"အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲအကို"
"အကိုသိတဲ့အခ်စ္က သူေပ်ာ္ေနဖို႔ဘဲအေရး
ႀကီးတာ ခတ္ကေကာဟင္"
"ကြၽန္ေတာ္ခ်စ္မိလိုက္တိုင္း
ပိုင္ဆိုင္လို႔မရတဲ့အရာေတြျဖစ္ေနခဲ့တယ္
အခ်စ္ဆိုတဲ့ အရာက
ကြၽန္ေတာ္ဆီမွာ မေပ်ာ္ေမြ႕ဘူးနဲ႕ထင္ပါတယ္"
"ဒါဆို ဘာလို႔ပိုင္ဆိုင္ေအာင္မလုပ္ခဲ့တာလဲ
ခတ္ရယ္"
သူေျပာလိုက္တဲ့စကားကို ခတ္က ခပ္ရဲ႕ရဲ႕
ေလးၿပဳံးလိုက္ၿပီး ေအးခ်မ္းတဲ့မ်က္ႏွာေလး
ျဖင့္။
"အခ်စ္ဆိုတာကို ပိုင္ဆိုင္မူမရွိဘဲ
ျမတ္နိုးစြာ ႏွလုံးသားကလက္ခံေနသေ႐ြ႕
ခ်စ္ေနလို႔ရပါတယ္"
"ခတ္က အကိုထင္ထားတာထက္ ရင့္က်ပ္
တည္ၿငိမ္လိုက္တာ ဗိုက္ထဲကရင္ေသြးေလး
ကလည္း ခတ္လိုတည္ၿငိမ္ရင့္က်ပ္သူေလး
ျဖစ္လာမွာ က်ိန္းေသတယ္"
"အင္း အရမ္းကိုလည္းခ်စ္ဖို႔ေကာင္းေနမွာ
မာနလည္းႀကီးလိုက္မယ္ျဖစ္ခ်င္း ဘယ္သူကို
မွလည္းဂ႐ုစိုက္တတ္မွာမဟုဘူး"
"ခတ္နဲ႕တူမွာေတာ့ သိပ္ကိုလည္းလွေနမွာ"
"အကို ဟိုမွာေတြ႕လား စြန္ေလးေတြ လူေတြ
ရဲ႕အျမင္မွာ ရစ္ဘီးကိုင္တဲ့သူေၾကာင့္ စြန္ေလး
ေတြမလြတ္လပ္ဘူးလို႔ထင္ၾကလိမ့္မယ္ တ
ကယ္ေတာ့ ပိုင္ရွင္ရွိေနသားမို႔သူတို႔ကသိပ္ကို
ကံေကာင္းၾကသူေလးေတြေပါ့ ႀကိဳးမဲ့စြန္ေလး
ေတြကသာ ပိုင္သူမရွိ ေလထဲမွာ ေလႏွင္ရာ
႐ြက္လြင့္ရင္း ၿငိခ်င္တဲ့ေနရာမွာၿငိၿပီး ေပါက္
ၿပဲစုတ္ၿပဲရင္း ေျမမွာခရရွာတာ"
"ခတ္မွာ အကိုရွိေနၿပီးသားမို႔ ႀကိဳးမဲ့စြန္ေလး
မဟုတ္ေတာ့ပါဘူး အထဲဝင္ၾကရေအာင္ေလ"
"ဝင္ၾကရေအာင္ ခတ္လည္းဗိုက္ဆာေနၿပီ"
"လူလည္ေလး ထေတာ့ ျဖည္းျဖည္းထေနာ္
အထဲကပီစီေလးကိုဂ႐ုစိုက္ရမယ
အကဲပိုရန္ေကာဆိုတဲ့အမူအရာနဲ႕ ခတ္ဟာ
မ်က္ေစာင္းလွလွေလးထိုးၿပီး အိမ္ထဲသို႔ဝင္
သြားၿပီး ေဇရတုကေတာ့ အေနာက္ကသ
ေဘာက်စြာ ရယ္ၿပီးလိုက္သြားေလသည္။
"ဦးျပန္လာၿပီလားဟင္"
"ျပန္လာၿပီေပါ့ ဦးအသက္ေလးဆီရာကိုဘယ္
လိုျဖစ္ျဖစ္ ဦးကျပန္လာမွာ"
"ဟီး အသက္ကေလ လုံးလုံးေလးေဘာလုံး
ကန္တာၾကည့္ေနတာ"
"လုံးလုံးေလးေဘာလုံးကန္တာ အသက္
ေလးနာေနမွာေပါ့ကြာ ေဟ့ေကာင္ေလး မင္း
ကန္တာ ငါ့မိန္းမအသက္က နာေနၿပီကြ"
"လုံးလုံးေလးကိုေျပာပါနဲ႕ သူကပ်င္းလို႔ေနမွာ
ေပါ့"
"ဒါေပမဲ့ အသက္ေလးနာတယ္မလား"
"နာေပမဲ့ ဦးဖက္ထားရင္မနာေတာ့ဘူးတဲ့သိ
လား"
"haha အဲ့ဒါေလးေတြနဲ႕ ဦးအသည္းႏွလုံးကို
တျဖဳတ္ျဖဳတ္ေႂကြေအာင္လုပ္ေနတာမလား"
"ခ်စ္တာကိုးလို႔ "
"ဦးကလည္းအသက္ကို အရမ္းခ်စ္ပါတယ္
ကြာ "
ရင္ခြင္ထဲက သည္းသက္ေလးကိုပိုၿပီးတိုးဖက္
လိုက္ၿပီး အၾကင္နာဆုံးအနမ္းေတြကိုသြန္း
ၿဖိဳး႐ြာခ်လိဳက္ေလသည့္ ဦးခမ္းပါဘဲ။
🍂🍂🍂🍂🍂🍂
ေနာက္အပိုင္းေတြထပ္upေပးမယ္ေနာ္😘
ေနာက္အပိုင္းေတြ စိတ္ခိုင္မွဖတ္ေပးပါေနာ္