Zawgyi
" ေဖ ရီး အဲ့ လို ဟုတ္ ဘူး ေရ "
" ဟုတ္ပါတယ္ကြ ဒီလိုဆက္ရတာပါ "
" အင့္ "
" မင္းကကြာ အျငင္းသန္လိုက္တာ "
Lego အ႐ုပ္ေတြရဲ႕ တည္ေဆာက္ပံုအၫႊန္းကိုၾကည့္ၿပီးတည္ျမဲ လိုက္ဆက္ေနတာျဖစ္သည္။ အၫႊန္းကိုမဖတ္တတ္တဲ့ အငယ္ေလးက သူဆက္ခ်င္တာကိုဆက္ေနတာမို႔ ပံုစံကမက်။ အမွန္ျပင္ေပးေတာ့လည္း ျပန္ျဖဳတ္ၿပီးျပန္ဆက္သည္။ မွားေၾကာင္းေျပာေတာ့ အျငင္းသန္ေနတာေၾကာင့္ တည္ျမဲ လည္းေမာေနၿပီ။ လုပ္ခ်င္တာလုပ္ပါေစေတာ့ဟု လႊတ္ထားေပးေတာ့ လက္ထဲ အ႐ုပ္ေတြလာထည့္ေနျပန္သည္။ အႀကီးေလးကလည္း သူ႔ညီနဲ႔အတူေဆာ့ေနေပမယ့္ ညီျဖစ္သူက တဇြတ္ထိုးဆိုေတာ့ သူ႔လက္ထဲက အ႐ုပ္ေတြလုလုသြားေသးသည္။ အလုခံရေတာ့လည္း ေငးေငးေလးၾကည့္ေနၿပီး ဘာမွေတာ့ျပန္မလုပ္ပါ။
သကၠမဟာေသြးက ေအးကိုေအးတာျဖစ္သည္။ ဒါေပမယ့္လည္းအမွတ္သညာေတာ့ေတာ္ေတာ္ႀကီးသည္။ သူ႔ညီကိုဆိုရင္ အျမဲသည္းခံေပမယ့္ သူအရမ္းစိတ္ဆုိးလာရင္ေတာ့ သူ႔မ်က္ခံုးေမႊးပါးပါးေလးေတြကို တြန္႔ခ်ိဳးထားတတ္သည္။
" သား အဲ့ဒါလိုခ်င္လို႔လား "
သကၠက အႏုျမဴၾကယ္မ်ားကိုၾကည့္ေန၍ တည္ျမဲေမးေတာ့ ေခါင္းၿငိမ့္ျပလာသည္။ ေၾကာင္တစ္ေကာင္ကိုလည္း လက္ညိဳးထိုးျပေသးသည္။ ေၾကာင္ခ်စ္တဲ့ပံုပဲ။ အကိုျဖစ္သူက ပူဆာေနေတာ့ ကမၻာငယ္က သူ႔အကိုလက္ထဲက စာအုပ္ကိုလုၿပီး လွန္ၾကည့္ေနသည္။ စာရြက္တစ္ျခမ္းကိုတတ္ထိုင္ထားတာမို႔ သူလွန္ေတာ့ စာရြက္က ျပဲသြား၏။
" အင္း!! ေပး "
သကၠက ဒီတစ္ခါေတာ့အမွန္တကယ္စိတ္ဆိုးသြားပံုရ၏။ ညီျဖစ္သူ၏ လက္ထဲမွ စာအုပ္ကို ဆြဲယူသြားၿပီး လွည့္မၾကည့္ေတာ့ေပ။
" ဟင့္ အင့္ "
" ဟာ သား ကိုကိုက တမင္လုပ္တာမဟုတ္ပါဘူး မငိုပါနဲ႔ "
" တို တို မ ေခၚ ဝူး အီး ဟီး "
သားငယ္က သူ႔အကိုၾကမ္းတမ္းတာမျမင္ဖူး၍ လန္႔သြားပံုရသည္။ ခဏေၾကာင္ေနၿပီးမွ ေအာ္ငိုလာတာေၾကာင့္ တည္ျမဲ သားကို ေကာက္ခ်ီကာေခ်ာ့ရသည္။ သားငယ္က ဝမ္းနည္းတတ္သည္။ ဟိုတစ္ခါ ေၾကာင္ငပ်င္းေလးစိတ္ဆိုးတုန္းကလည္း ႐ႈိက္ႀကီးတငင္ငိုတာျဖစ္သည္။ သူလုပ္ခ်င္တာလုပ္သည္။ တစ္ဖက္က စိတ္ဆိုးမွန္း သိရင္ အငိုမရပ္ေတာ့ေပ။ သူဘာသာသူ ဝမ္းနည္းတတ္တဲ့ အက်င့္ေလးလည္း႐ွိေသး၏။ အကိုျဖစ္သူက လွည့္ကိုမၾကည့္ေတာ့ အငိုတိတ္သြားေသးသည္။ တကယ္လွည့္ၾကည့္မလာေတာ့ တအီအီႏွင့္ မတိတ္ေတာ့ေပ။
" တိတ္ တိတ္ လန္႔သြားလို႔ထင္တယ္ "
သားငယ္ကိုေခ်ာ့ေနရင္း သားႀကီးကို လွမ္းၾကည့္မိေသးသည္။ ပုခံုးေလးေတြက လႈပ္ေနတာေၾကာင့္ တည္ျမဲသတိထားၾကည့္မိေတာ့ သူ႔လက္တိုတိုေလးေတြနဲ႔ မ်က္ႏွာကိုသုတ္တာျမင္လိုက္၏။ နားရြက္ကေလးေတြက နည္းနည္းရဲေနသည္မို႔ တည္ျမဲ သားကို ေက်ာ္ကာၾကည့္လိုက္သည္။ သားႀကီးက မ်က္ရည္ဥႀကီးေတြ တလိမ့္ခ်င္းစီက်ေနၿပီး မ်က္ႏွာေလးကလည္း နီရဲေနသည္။
" သား ေဖႀကီးကိုၾကည့္ပါဦး ညီေလးက သားစာရြက္ကိုမေတာ္တဆျဖဲမိတာပဲ သားဝမ္းနည္းသြားတာလား ဟင္ "
ႏွစ္ေယာက္လံုးကိုေခ်ာ့မရေတာ့ တည္ျမဲ စိတ္႐ႈပ္လာသည္။ ဒီေန႔က်မွ ေၾကာင္ငပ်င္းေလးကလည္း အိမ္မွာမ႐ွိ။ ဒီတစ္ပတ္လံုး တည္ျမဲ သားတို႔ကိုထိန္းဖို႔ ကတိေပးထား၍ ဆိုင္ကိုသြားတာျဖစ္သည္။ အစက ကေလးထိန္းရတာ မပင္ပန္းဘူးလို႔ထင္ခဲ့ေပမယ့္ အခုေတာ့တစ္ျခားစီ။ သားႏွစ္ေယာက္ကို ခ်ီရင္း တည္ျမဲ နားေတြလည္းအူေနၿပီျဖစ္သည္။ သူက ေၾကာင္ငပ်င္းေလးလို ေခ်ာ့မထိန္းတတ္ေပ။ ဘာေျပာရမွန္းမသိ၍ ဒီတိုင္း ေတာင့္ေတာင့္ႀကီး ထိုင္ေနမိ၏။
" ေဝယံ အိမ္ကိုအခုခ်က္ခ်င္းလာခဲ့ "
ေဝယံလည္း Bossအမိန္႔ေၾကာင့္ ႐ွိသမ်ွအလုပ္ပစ္ခ်လို႔ Bossအိမ္ေရာက္လာရသည္။ Bossတစ္ေယာက္ အိုစာသြားပံုကိုၾကည့္ၿပီး ခလုတ္တိုက္လဲေတာ့မလို႔ပဲ။ ကေလးႏွစ္ေယာက္ကိုခ်ီၿပီး ငူငူႀကီးထိုင္ေနတဲ့ Bossက ေဝယံ့ကိုျမင္ေတာ့ ေမ်ွာ္လင့္ခ်က္ေတြရလာတဲ့ မ်က္ႏွာႀကီးနဲ႔ လွမ္းၾကည့္သည္။ အငယ္ေလးက အသားကုန္ငိုေနသလို အႀကီးေလးကလည္း ႐ႈိက္သံေတာင္ထြက္ခ်င္ေနၿပီျဖစ္သည္။
" ေဟ့ေကာင္ လာကူဦး "
" ဗ်ာ ဟုတ္ လာၿပီ Boss "
ေဝယံ ကေလးတစ္ေယာက္ကို ေခၚကာ ေခ်ာ့လိုက္သည္။ အငယ္ေလးက ေဝယံလက္ထဲေရာက္မွ ျပဲလန္ေအာင္ငိုေတာ့ ေဝယံ ေခါင္းပူသြား၏။ ထို႔ေၾကာင့္ တတ္သမ်ွ နည္းေတြနဲ႔ ေခ်ာ့ေနလိုက္သည္။ ေန့လည္ေရာက္ေတာ့ ႏွစ္ေယာက္လံုး ေျခကုန္လက္ပန္းက်ေနခဲ့ၿပီျဖစ္သည္။
" Boss သခင္ေလးမ႐ွိဘူးလား "
" မ႐ွိဘူး ဆိုင္သြားတယ္ "
" အန္တီေရာ "
" ေမေမက တရားစခန္း ၊ ေဒၚဝင္းက ခြင့္ယူထားတယ္ "
" ဒါဆို Boss ဘာနဲ႔စားလဲ "
" မင္းသခင္ေလးက ကေလးေတြအတြက္ေရာ ငါ့အတြက္ပါခ်က္ေပးခဲ့တယ္ေလ ၊ ေန႔လည္ျပန္လာမယ္ေျပာတာပဲ "
" ဒါဆို ကြၽန္ေတာ့္ကိုေန႔လည္စာေကြၽးဦး ကြၽန္ေတာ္မစားခဲ့ရဘူး ဟြန္း Bossေၾကာင့္ေလ အဲ့ဒါ "
" မင္းက အတြန္႔တတ္တာလား ေဟ့ေကာင္ "
" ကပ္စီးမနည္းပါနဲ႔Bossရာ ကြၽန္ေတာ္တကယ္ဗိုက္ဆာေနၿပီဗ် "
အတြင္းေရးမႈးေဝယံက မီးဖိုေခ်ာင္ထဲဝင္သြားၿပီး သူ႔ဘာသာသူခူးခပ္ထည့္ေနသည္။ ျပန္ထြက္လာေတာ့ ထမင္းကႏွစ္ပန္းကန္ယူလာတာနဲ႔ တည္ျမဲပါေန႔လည္စာဝင္စားလိုက္သည္။ ဆရာတပည့္ႏွစ္ေယာက္က ကေလးလွည့္ထိန္းလိုက္ ထမင္းစားလိုက္နဲ႔ တိုင္ပတ္ေနၾကတာေၾကာင့္ မိႈင္းညိဳ႕ အထဲဝင္လာတာမသိၾကေပ။
" ဘယ္လိုျဖစ္ေနၾကတာလဲ ဧည့္ခန္းတစ္ခုလံုးလည္း ပြစာၾကဲေနတာပဲ ၊ ေဝယံကေရာ ဘယ္ကေနဘယ္လိုလွည့္လာတာလဲ "
ညိဳ႕အိမ္ျပန္ေရာက္ေရာက္ခ်င္းပဲ ေမာင္တို႔ကိုေတြ႔လိုက္ရတာေၾကာင့္ အံ့ျသေနတာျဖစ္သည္။ ဒီေန႔ အလုပ္မ်ားတာေၾကာင့္ ညိဳ႕ဆိုင္ကိုသြားရသည္။ လိုတာေတြေျပာျပ ၊ ဦးစီးၿပီးမွ ေန႔လည္အမွီျပန္လာခဲ့တာ။ ေမာင္နဲ႔သားေတြကို တစ္ေနကုန္ထားမရမွန္းသိသည္။ သားတို႔က ဂ်ီခ်င္တာကိုလည္းသိေတာ့ စိတ္ကလက္တစ္ဆစ္နဲ႔ေမာင္တစ္ေယာက္ေတာ့ ခ်ာလည္႐ိုက္ေနမွန္း ခန္႔မွန္းမိပါသည္။ ထင္တဲ့အတိုင္းပဲ ေမာင့္မ်က္ႏွာက သနားစရာေကာင္းေန၏။ သားလုပ္ထားလို႔ အက်ီေတြလည္းညစ္ပတ္ေနသလို ဖ႐ိုဖရဲျဖစ္ေန႐ွာသည္။ ေမာင့္အတြင္းေရးမႉးကလည္း မထူးမျခားမနားျဖစ္သည္။
ႏွစ္ေယာက္သားက တင္ျပင္ေခြထိုင္ၿပီး ထမင္းစားေနၾကတာ သနားစရာေကာင္းေန၏။ ညိဳ႕ကိုျမင္ေတာ့ အားကိုးတႀကီးၾကည့္ေနၾကသည့္မ်က္လံုးမ်ား။ ရယ္ရမလား ၊ ငိုရမလား မသိေတာ့ပါေပ။ သနားမိေပမယ့္ ရယ္ခ်င္တာကိုမထိန္းႏိုင္၍ ရယ္သံကထြက္သြားေသးသည္။
" အဟင္း ေမာင္တို႔ဆက္စားပါ သားတို႔ကို ငါပဲ ဆက္ထိန္းလိုက္မယ္ေနာ္ "
ညိဳ႕ လက္ထဲကအိတ္ကိုခ်ကာ သားတို႔ေဘးသြားထိုင္ေတာ့ ညီအကိုႏွစ္ေယာက္က ၿငိမ္ခ်က္သားေကာင္းေန၏။ မိႈင္းကမၻာငယ္ရဲ႕ မ်က္လံုးေတြက ငါးပူတင္းလိုေဖာင္းကားေနတာေၾကာင့္ မ်က္ႏွာကိုေမာ့ကာ ေသခ်ာၾကည့္လိုက္သည္။ ဘယ္ေလာက္ေတာင္ငိုထားလို႔ သားက ဒီလို႐ုပ္ျဖစ္ေနတာလဲ။ အကိုျဖစ္သူကလည္း ႏွာသီးေလးေတြရဲလို႔။
" ေဖ့သားေလးေတြကို ဘယ္သူက ငိုေအာင္လုပ္တာလဲ ေဖ့ကိုေျပာ "
" သခင္ေလး ဒါက ဒီလို႐ွိပါတယ္ "
ေဝယံကအစအဆံုး႐ွင္းျပၿပီးေတာ့ ညိဳ႕နည္းနည္းစိုးရိမ္သြားသည္။ ကေလးေတြဆိုေတာ့ ၾကာၾကာစိတ္ေကာက္မွာေတာ့မဟုတ္ပါ။ သို႔ေပမယ့္လည္း မိႈင္းကမၻာငယ္တစ္ေယာက္ သူ႔အကိုကို ထိဖို႔လုပ္တိုင္း ဟိုက လက္ကိုဖယ္ခ်သြားသည္။ သူ႔အကိုက လ်စ္လ်ဴ႐ႈ၍ မ်က္ႏွာေလးက သနားစရာေလးျဖစ္သည္။
" သားရယ္ "
တစ္ေလ်ွာက္လံုးအႏိုင္က်င့္လာသမ်ွ အခုေတာ့ သူ႔အကိုကို သူမေခၚပဲလည္း မေနႏိုင္ျဖစ္ေနတာျဖစ္သည္။ အကိုကျပန္မေခၚေတာ့ သူ႔ကိုယ္သူအားမလိုအားမရျဖစ္ေနပံုေပၚ၏။ ပါးေဖာင္းေလးကိုတစ္ခ်က္နမ္းေတာ့ အင့္ခနဲျဖစ္သြားသည္။
" ခဏေနရင္အဆင္ေျပသြားၾကလိမ့္မယ္ အိုင္းစတိုင္းေပါက္စက သူ႔ညီကိုခ်စ္ပါတယ္ ၊ ေမာင္တို႔လည္း အရမ္းပင္ပန္းသြားၾကမွာပဲ ငါပဲဆက္လုပ္မွာမို႔ ေအးေဆးစားၾက ေမာင္ ေမာင့္ ၾကားရဲ႕လား "
" အင္း "
ကေလးတစ္ခါထိန္းၿပီး ေမာင္က အသိစိတ္လြတ္သြားတဲ့သေဘာမွာ႐ွိေန၏။ ႀကိတ္ရယ္လိုက္မိၿပီး ေမာင့္ပါးကို တစ္ခ်က္နမ္းကာ ေခ်ာ့လိုက္သည္။ တကယ္ပါ ဒီေန႔အျဖစ္အပ်က္ကိုၾကည့္ၿပီး ေမာင့္ကို ကေလးေတြနဲ႔အတူမထားခဲ့ ဖို႔ဆံုးျဖတ္လိုက္သည္။
" ဒါဆို ကြၽန္ေတာ္အလုပ္ျပန္မယ္ေနာ္ Boss ကြၽန္ေတာ့္ကို လစာမျဖတ္နဲ႔ေနာ္ Boss "
" ေမာင္ အဆင္ေျပရဲ႕လား "
" အင္း မနက္ျဖန္ကစၿပီး အလုပ္ျပန္တတ္ေတာ့မယ္ "
" ဟား ဟား ေမာင္ရာ ေန႔တစ္ပိုင္းေလာက္ပဲ သားတို႔ကိုထိန္းေပးဖို႔ထားခဲ့တာကို လက္ေလ်ာ့ၿပီလား "
တည္ျမဲ ရယ္ေနသူကို သတိေပးသလိုၾကည့္လိုက္သည္။ ဘာလို႔လည္းမသိ ၊ တည္ျမဲသိပ္စိတ္မ႐ွည္ခ်င္။ အတတ္ႏိုင္ဆံုးေတာ့ စိတ္႐ွည္ဖို႔ႀကိဳးစားေပမယ့္ တကယ္ကေလးမထိန္းတတ္တာျဖစ္သည္။
" ဒီေန႔ပင္ပန္းတယ္ကြာ မင္းသားေတြကို မင္းပဲထိန္းလိုက္ေတာ့ "
" ဟာ မင္းသားေတြဆိုေတာ့ သူတို႔က ေမာင့္ကေလးေတြေရာမဟုတ္လို႔လား အဲ့လိုေတာ့မေျပာပါနဲ႔ "
" က်စ္! ေျပာခ်င္တာက "
" ေမာင္ အဲ့လိုႀကီးလႊဲမခ်နဲ႔ေလ ေမာင္မထိန္းတတ္တာနဲ႔ပဲ "
" ေျပာစမ္းပါဦး မင္းက ဘာကိုစိတ္ဆိုးတာလဲ "
" ေမာင္ေျပာတဲ့ပံုကိုၾကည့္ဦး မႀကိဳက္ဘူး လႊဲခ်တာမ်ိဳးမလုပ္နဲ႔ "
သတိမထားမိပဲေျပာလိုက္မိတာျဖစ္သည္။ ပဲေစ့ႏွစ္ေစ့လံုးက တည္ျမဲ ကိုယ္တိုင္ဖန္တီးထားတာေလ။ တည္ျမဲရဲ႕သားေတြဆိုတာဟုတ္ေပမယ့္ ဆိုလိုခ်င္တာကဒီလိုမဟုတ္။ ဒီတိုင္း သတိမထားမိပဲေျပာလိုက္တာကို မိႈင္းမဟာေသြးက စိတ္ထင့္သြားတာျဖစ္သည္။
" မင္းက ဘာေတြကိုဒီေလာက္ အထိမခံျဖစ္ေနတာလဲ စကားတစ္ခြန္းပဲေလ ဘယ္သူ႔ကိုထိခိုက္သြားလို႔လဲ ၊ က်စ္ ႐ွင္းမျပတတ္ေတာ့ဘူး "
တည္ျမဲကို ေက်ာေပးၿပီး သူ႔သားေတြကို မန္မန္ေကြၽးေနတာေၾကာင့္ နားရြက္ဖ်ားမ်ားနီရဲေနတာကို တည္ျမဲမသိလိုက္ေပ။ စိတ္႐ႈပ္လာတာေၾကာင့္ထမင္းပန္းကန္ကိုယူကာ ေဘစင္ထဲထည့္ေဆးလိုက္သည္။ ျပန္ထြက္လာေတာ့ ကေလးႏွစ္ေယာက္က အိပ္ေနၿပီျဖစ္သည္။ သူ႔လက္ထဲက အငယ္ေလးကို အသာေပြ႔ခ်ီလိုက္ၿပီး ေမြ႔ယာအငယ္ေလးတစ္ခုေပၚတင္ကာ အုပ္ေဆာင္းျခင္ေထာင္ေလး လုပ္ေပးလိုက္သည္။ သားႀကီးကိုလည္း သူက ထိုနည္း၎အတိုင္း သိပ္ေန၏။ တည္ျမဲကိုစကားတစ္ခြန္းမွမေျပာေတာ့ပဲ ႐ႈပ္ပြေနတဲ့ပစၥည္းေတြကို လိုက္သိမ္းေနသည္။
" ဖယ္ ဘာလုပ္တာလဲ "
" စိတ္မဆိုးနဲ႔ေတာ့ "
ခါးကိုသိမ္းဖက္ကာ ဂုတ္ကိုငံု႔နမ္းသည္။ ပြတ္သီးပြတ္သပ္ေတြလာလုပ္ေနေတာ့ စိတ္ကဆိုးခ်င္လာသည္။ ႐ုတ္တရက္မို႔ တံေတာင္နဲ႔တြတ္လိုက္မိေတာ့ အာ့ခနဲေအာ္ကာ ေနာက္ဆုတ္သြားသည္။
" ဟို နာသြားလား "
" မင္းကေတာ့ နာၿပီ "
" အင့္ "
သူ႔လက္ကိုေဆာင့္ဆြဲကာ အတင္းသိမ္းဖက္ပစ္လိုက္သည္။ ေခါင္းကိုငံု႔ခ်ၿပီး လိုက္နမ္းေတာ့ ရင္ဘက္ကိုထု႐ိုက္ေန၏။ သူကလည္း အားသန္ေတာ့ နာလာေပမယ့္ သူ႔ကိုလႊတ္မေပးပဲ ဆိုဖာေပၚဆြဲေခၚသြားကာ သူ႔ႏႈတ္ခမ္းေတြ ဖူးေယာင္လာတဲ့အထိ နမ္းပစ္လိုက္သည္။ ဂ်စ္ကန္ကန္႐ုပ္နဲ႔ ျပန္ၾကည့္ေနတာကိုက ဆြဲေဆာင့္ခ်င္စရာေကာင္းေန၏။ သူ႔ေဘာင္းဘီကိုတင္ပါးေအာက္အထိဆြဲခ်ကာ တင္ပါးလံုးလံုးကို ႐ိုက္ပစ္လိုက္သည္။ " မင္းကိုမ႐ိုက္တာၾကာလို႔ ဆိုးခ်င္ေနတာလား "
" ေမာင္ မရမ္းကားနဲ႔ ! ! "
" ဘာျဖစ္ခ်င္လို႔လဲ ရမ္းကားေတာ့ မင္းက ဘာမဟုတ္တာကိုလည္းစိတ္ဆိုးတာပဲ မင္းအတင့္ရဲေနတာေလ "
" မင္း! "
Pantsက အကုန္ကြၽတ္သြားတာေၾကာင့္ ေပါင္လည္အတြင္းခံအျဖဴေလးပဲက်န္ေတာ့သည္။ အက်ီေတြကလည္း ဖ႐ိုဖရဲ။ ေျခေထာက္ကိုခ်ဳပ္ၿပီး တင္ပါးကို ႐ိုက္သည္။ ႐ွက္လည္း႐ွက္ စိတ္လည္းတိုတာေၾကာင့္ တစ္ကိုယ္လံုးလည္းပူထူေနၿပီျဖစ္သည္။ တင္ပါးႏွစ္ဖက္လံုးကလည္း စပ္ဖ်င္းဖ်င္း။
" ရပ္ေတာ့ နာတယ္ "
" အဟြန္း ရပ္စရာလား "
လူေပၚကေန အုပ္မိုးလာၿပီး လက္ေတြကို ယွက္ကိုင္လာသည္။ ဘယ္အေျခအေနကိုသြားေတာ့မယ္ဆိုတာ သိေနတာေၾကာင့္ ေခါင္းယမ္းျပေပမယ့္ ေမာင္က ခပ္မဲ့မဲ့ျပံဳးသည္။
" သားတို႔ႏိုးမယ္ "
" အင္း "
ေမာင္က ညိဳ႕တစ္ကိုယ္လံုးကို ခ်ီမသြားသည္။
" မေလးဘူးလား "
" ေလးတယ္ မင္းဝိတ္တတ္ေနတာျဖစ္မယ္ "
" တကယ္လို႔ ငါဝလာရင္ ႐ုပ္ဆိုးမယ္ထင္တယ္ "
" စကားမ်ားတယ္ကြာ ဘယ္လိုေနေန မင္းကငါ့ေယာက်ာ္းပဲ စိတ္ပူမေနနဲ႔ ေၾကာင္ဝတုတ္ေလး "
" ဟာ ဘယ္သူကေၾကာင္ဝတုတ္လဲ "
ေမာင္က သူေျပာတာကိုလံုးဝနားမေထာင္ေတာ့ေပ။ သားတို႔မႏိုးမခ်င္း ေမာင္က အလြတ္မေပးေပ။ အေတာ္ၾကာလို႔ သားငိုသံၾကားမွ ကျပာကယာအက်ီေတြေကာက္ဝတ္ၿပီး သြားခ်ီရသည္။ ေမာင့္ကို တကယ္ထိန္းမႏိုင္။ ကေလးထက္ေတာင္ဆိုးေသးသည္။
" သန္ဘက္ခါ ညေန မိသားစုလိုက္ညစာထြက္စားၾကမယ္ "
" ပိတ္ရက္လားေမာင္ "
" မၾကာခင္သိရမွာပါ ဟာ မင္းတို႔ျပန္တည့္သြားၾကၿပီလား "
သားငယ္က သူ႔အကိုကုိ ဖက္နမ္းေနတာေၾကာင့္တည္ျမဲေမးလိုက္ျခင္းျဖစ္သည္။ သားႀကီးက အိပ္ရာႏိုးေတာ့ စိတ္ၾကည္သြားတဲ့ပံုေလးျဖစ္သည္။ သူ႔ညီကို ပစ္ပစ္ကာကာေတာ့ မဆက္ဆံေတာ့ေပ။
" ေဖႀကီးသားေတြက အလိမၼာတံုးေလးေတြ ခ်စ္လိုက္တာ "
" ခိ ခိ ေဖ ရီး ေမႊး နဲ႔ "
" ေမႊးမွာပဲကြာ "
" ဘြား ေရာ "
" ဘြားဘြားက မနက္ျဖန္ျပန္လာမွာ တရားစခန္းဝင္ေနတယ္သားရဲ႕ "
" အြန္း အြန္း ကို ကို တူ ေဆာ့ မယ္ ေရ ငယ့္ ကို ေစာင့္ "
သားငယ္က သူ႔ကိုယ္သူ ငယ္လို႔ေျပာလိုက္တာျဖစ္သည္။ သူ႔အဘြားက သူ႔ကို ငယ္ေလး ငယ္ေလးလို႔ေခၚေတာ့ အက်င့္ပါေနတာျဖစ္လိမ့္မည္။
<<<<<<
>>>>>>
" ခန္႔ ေဟ့ေကာင္ မင္းဟာေလးေရာ"
ခန္႔ မ်က္ေမွာင္ကုပ္လိုက္သည္။ သက္ႏိုင္ဦးက စပ္ျဖဲျဖဲလုပ္ေနၿပီး တမင္လိုက္ေမးေနတာျဖစ္သည္။ ခန္႔အိမ္ကေကာင္ေလးကို ေတြ႔ဖူးၿပီးတည္းက လိုက္စေနတာ။ အဲ့ဒီေန႔ကလည္း ေကာင္ေလးနဲ႔ ကြန္ဒိုေအာက္မွာတိုက္မိတာဟု သက္ႏိုင္ဦးကေျပာသည္။ ဝတ္သြားတာကလည္း ခန္႔အက်ီဆိုေတာ့ သူက ၿပီတီတီ႐ုပ္နဲ႔ အတည္ေပါက္ႀကီး ေနာက္တာျဖစ္သည္။ ဟိုေကာင္ေတြနဲ႔ ေသာက္ဖို႔ခ်ိန္းထားတာဆိုေတာ့ ေစာင့္ရဦးမည္။ တည္ျမဲကမၻာက လာမွာေသခ်ာေပမယ့္ ေသာက္မွာေတာ့မဟုတ္ေပ။ ဒီေကာင္ကလည္း အစကသာ တုတ္ဆြဲဓားဆြဲလုပ္ခ်င္တာ အိမ္ေရာက္ရင္ မိႈင္းညိဳ႕လက္စာက မိေသးသည္။
မိႈင္းညိဳ႕က သူကိုယ္တိုင္မေသာက္သလို တည္ျမဲကမၻာေသာက္တာကိုလည္းမႀကိဳက္။ ဟိုကလည္း မေသာက္ဖို႔ ကတိေတာင္းထားပံုရသည္။ ေတြ႔ျဖစ္ရင္ေတာင္ ဘီယာခြက္ကိုမထိ။ ေနာက္ဆံုးေတာ့ဒီေကာင္လည္း ေယာက်ာ္းကိုေၾကာက္ရတာပဲျဖစ္သည္။
" ငါေရာက္ၿပီ ေဟ့ေကာင္ေတြ "
" ေအး ဟာ ကေလးေတြပါေခၚလာတာလား ေတာ္ေသးတာေပါ့ ေဟ့ေကာင္ ဘားဆိုင္မဟုတ္ပဲ ငါ့အိမ္မွာမို႔ "
" မိႈင္းညိဳ႕ မင္းပါလိုက္လာတာပဲ ဘာလဲ မင္းေယာက်ာ္းကိုစိတ္မခ်လို႔လား "
" မဟုတ္ပါဘူးကြာ မေတြ႔ျဖစ္တာလည္း အခ်ိန္ၾကာေနၿပီဆိုေတာ့ ဒီတစ္ခါေတာ့ငါလိုက္သင့္တယ္ထင္လို႔ ၊ မဟုတ္ရင္ သူက အသားကုန္ေသာက္မွာ ၊ ငါကမေသာက္တတ္ေတာ့ မင္းတို႔ေတြေတြ႔ရင္ မလိုက္ျဖစ္တာတစ္ခုတည္းပါ "
ေမာင့္ကို ေမးေငါ့ျပေတာ့ ေမာင္ကမခိ်ျပံဳးျပံဳးသည္။ သက္ႏိုင္ဦးတို႔နဲ႔ဆံုရင္ေတာ့ ေမာင္က ေသာက္မွာေသခ်ာသည္။ မေသာက္နဲ႔ဟု တားတာမဟုတ္ပါ။ ေမာင့္က်န္းမာေရးအတြက္ အလြန္အကြၽံမေသာက္ေအာင္ပဲ ဂ႐ုစိုက္ေစခ်င္တာ။ တိမ္ယံတစ္ေယာက္ပဲေရာက္မလာေသးတာေၾကာင့္ သူ႔ကိုေစာင့္ရင္း စကားေျပာေနလိုက္သည္။ ခန္႔က အမႊာေလးႏွစ္ေယာက္ကို ကလိရင္း ေဆာ့ေန၏။ ကေလးေတြ႐ွိေနေတာ့ သူတို႔မေသာက္ရဲၾက။ သက္ႏိုင္ဦးက ဘီယာပုလင္းေတြကို ေရခဲေသတၱာထဲျပန္ထည့္ၿပီး မုန္႔ေတြထုတ္ေနေသးသည္။
" ေတာ္ေသးတာေပါ့ မင္းတို႔သားေတြကလိမၼာလို႔ ငါျမင္ဖူးတဲ့ကေလးေတြဆို ဘယ္ေခၚေခၚျပဲလန္ေအာင္ ငိုတာပဲ "
" ဟုတ္တယ္ ေဟ့ေကာင္ ငါ့သဲေလးက သူနာျပဳဆိုေတာ့ သူထိန္းရတဲ့ကေလးေတြကလည္း အဆုိးေလးေတြေဟ့ေကာင္ ၊ ကေလးတိုင္းလိမၼာတာမဟုတ္ဘူးကြ ၊ အမႊာႏွစ္ေယာက္က မင္းဆီက အက်င့္ေတြပါလာလို႔ၿငိမ္တာထင္တယ္ ညိဳ႕ "
" သက္ႏိုင္ဦး ေခြးေကာင္ ငါနဲ႔တူရင္ဘာျဖစ္လို႔လဲ "
" မင္းနဲ႔တူရင္လား ရည္းစား႐ႈပ္မွာပဲ မွတ္မိေသးလား မင္းရည္းစားစထားတာ ႐ွစ္တန္းႏွစ္ကေလ ငါတို႔နဲ႔က အထက္တန္းမွသိတာဆိုေပမယ့္ မင္းသတင္းေတြကေမႊးေနတာပဲ "
" အရင္ကပါကြာ မင္းကလည္း အခု ငါအတည္တက်ျဖစ္ေနပါၿပီ သူနဲ႔ေလ "
ခါးကို လာဖက္ကာ ေခါင္းခ်င္းတိုက္လာတဲ့ ေမာင့္ကို အံ့ျသကာၾကည့္လိုက္မိသည္။ က်န္တဲ့ေကာင္ေတြေ႐ွ႕မွာ ပါးကိုရြတ္ခနဲငံု႔နမ္းတာမို႔ ႐ွက္႐ွက္နဲ႔ တစ္ခ်က္ထိုးလိုက္မိေသးသည္။ ရင္အုပ္ကိုအထိုးခံလိုက္ရတဲ့ေမာင္က တဟားဟားရယ္ေန၏။ က်န္တဲ့ေကာင္ေတြက " ခံရတာနည္းေသးတယ္ "ဆိုတဲ့မ်က္ႏွာထားနဲ႔။
" တိမ္ယံေရာက္လာၿပီထင္တယ္ "
" ဦး ဟင္ ဧည့္သည္ေတြေရာက္ေနတာလား "
ေကာင္ေလးတစ္ေယာက္က တည္ျမဲတို႔ကိုေတြ႔ေတာ့ လန္႔ကာ ထိုေနရာမွာပဲရပ္ေန၏။ ညိဳ႕လည္း ထိုကေလးကိုျမင္ေတာ့ မွတ္မိသြားသည္။ ဟိုဆိုင္က ဝန္ထမ္းေလးမဟုတ္လား။ တစ္ခါျမင္ဖူးရင္ ေတာ္ရံုမေမ့တတ္တာေၾကာင့္ မ်က္ႏွာကိုေသခ်ာသိေနသည္။
" လာခဲ့ေလ မင္းကို ကိုယ့္သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးမယ္ "
ေကာင္ေလးက ေခါင္းၿငိမ့္ကာ လြယ္အိတ္ေလးပိုက္လို႔ ခန္႔ေဘးကို ဝင္ထိုင္သည္။ အနီးကပ္ၾကည့္ေတာ့ ေကာင္ေလးက ပိန္ေသးေသးနဲ႔ ျဖဴဖက္ျဖဴေရာ္ေလးျဖစ္သည္။ အရမ္းႀကီးေခ်ာတဲ့အထဲမပါေပမယ့္ ၾကည့္လို႔ေတာ့အဆင္ေျပသည္။ ထူးျခားခ်က္က ခပ္ရဲရဲ ႏႈတ္ခမ္းေဖာင္းတစ္စံုႏွင့္ ဝိုင္းစက္ေနေသာမ်က္လံုးမ်ားျဖစ္သည္။ ညိဳ႕တို႔ကိုမွတ္မိသလို ၾကည့္ေနတာေၾကာင့္ ညိဳ႕ျပန္ျပံဳးျပလိုက္သည္။ ေကာင္ေလးကလည္း ျပန္ျပံဳးျပ႐ွာပါသည္။
" မင္းတို႔ကိုမိတ္ဆက္ေပးရဦးမယ္ သူက ငါ့ေကာင္ေလး ၊ လင္းထက္ေနေရာင္ လို႔ေခၚတယ္ ေရာင္ေရာင္ ၊ ဒီဘက္က သက္ႏိုင္ဦး ၊ သူက မိႈင္းညိဳ႕ ၊ သူက မိႈင္းညိဳ႕ရဲ႕အမ်ိဳးသား တည္ျမဲကမၻာလို႔ေခၚတယ္ ႏႈတ္ဆက္လိုက္ဦး "
" ဟုတ္ ဦး ဟို ေတြ႔ရတာဝမ္းသာပါတယ္ အကိုတို႔ ကြၽန္ေတာ္က လင္းထက္ေနေရာင္ပါဗ် "
ေကာင္ေလးက ခန္႔စကားေၾကာင့္ အံ့ျသသြား႐ွာသည္။ ၿပီးမွ ညိဳ႕တို႔ကို ျပာျပာသလဲ ႏႈတ္ဆက္လာ၏။ ညိဳ႕လည္း ျပန္ႏႈတ္ဆက္လိုက္သည္။ ေတြ႔ဖူးေၾကာင္းကိုေတာ့ထည့္ေျပာမေနေတာ့ေပ။ ေကာင္ေလးမမွတ္မိေလာက္ဘူးထင္သည္။
" ဒါ အကို႔သားႏွစ္ေယာက္ေလ ၊ အမႊာေလးေတြေပါ့ ဒါက အႀကီးေလး သကၠမဟာေသြးတဲ့ ၊ ဒီဘက္က အငယ္ေလး မိႈင္းကမၻာငယ္လို႔ေခၚတယ္ ခ်ီခ်င္လား "
" ဗ်ာ ဟုတ္ ခ်ီလို႔ရလားဟင္ "
ေကာင္ေလးအေနမခက္ေအာင္ ညိဳ႕က စကားလႊဲေပးလိုက္သည္။ ေကာင္ေလးက သားငယ္ကို ျမႇဴေတာ့ သားငယ္က အလြယ္တကူပါသြားသည္။ အငယ္ေကာင္က အလွေလးေတြကို သိပ္ႀကိဳက္တာ။
" တို တို ငယ္ နဲ႔ ေဆာ့ မ ရား "
" အင္ "
" သားက မင္းကို သေဘာက်တယ္ထင္တယ္ "
" တို တို က လွ "
အားလံုးက တဟားဟားေအာ္ရယ္ၾကသည္။ ေရာင္ေရာင္ ကိုယ္တိုင္လည္း ကေလးပိစိကို အသည္းေတြယားေနတာျဖစ္၏။ ေနာက္ဆံုးေတာ့ အမႊာႏွစ္ေယာက္နဲ႔ ေရာင္ေရာင္က တည့္သြားသည္။ အမႊာႏွစ္ေယာက္နဲ႔ ေဆာ့ေပးေနတဲ့ ေရာင္ေရာင္က ကေလးဗိုလ္ျဖစ္ေနေတာ့တာ။
" ခန္႔ ေရာင္ေရာင္က ငယ္ဦးမယ့္ပံုပဲေနာ္ ေတာ္ေတာ္ငယ္မယ့္ပံု "
ညိဳ႕က စူးစမ္းသလိုၾကည့္ေတာ့ ခန္႔က ရယ္လာသည္။ လင္းထက္ေနေရာင္ရဲ႕ ႐ုပ္က ကေလး႐ုပ္ဆိုေတာ့ ညိဳ႕က အသက္မျပည့္ဘူးထင္ေနပံုေပၚသည္။
" သူအသက္ျပည့္ပါၿပီ မင္းကလဲ ၊ ႏွစ္ဆယ္ျပည့္ကာနီးၿပီ "
" ေတာ္ပါေသးရဲ႕ "
ညိဳ႕ကအခုမွစိတ္သက္သာရာရသလိုသက္ျပင္းခ်သည္။ ေကာင္ေလးက တကယ့္ကေလးေလးျဖစ္သည္။ ခန္႔ကိုေခၚတာေတာင္ ဦးတဲ့။ ဒါေပမယ့္ ဘာလို႔ထူးဆန္းေနရတာလဲ။ ခန္႔ ေရာင္ေရာင္ေလးကိုၾကည့္တဲ့ပံုက သာမန္ပဲျဖစ္သည္။ သူတို႔ႏွစ္ေယာက္ၾကားမွာ စည္းတစ္ခုခုတားထားသလိုခံစားေနရသည္။ ေရာင္ေရာင္ေလးကို ခန္႔က သူ႔ေကာင္ေလးဟု မိတ္ဆက္တုန္းက ထိုကေလးမ်က္လံုးထဲမွာ မယံုႏိုင္သလိုအရိပ္အေယာင္ေတြေရာ ၊ ျပံဳးေယာင္သမ္းသြားတာကိုေရာေတြ႔လိုက္သည္။
နာရီအေတာ္ၾကာေအာင္ စကားေျပာၿပီးေနာက္ အိပ္ေပ်ာ္ေနသည့္ သားတို႔ကိုခ်ီကာ ျပန္ဖို႔ျပင္လိုက္၏။ ေရာင္ေရာင္ကလည္း ဆိုဖာေပၚအိပ္ေပ်ာ္ေနေတာ့ မႏႈတ္ဆက္ျဖစ္ေတာ့ေပ။ တိမ္ယံက ညိဳ႕တို႔ျပန္ကာနီးမွေရာက္လာေတာ့ မေသာက္ျဖစ္ၾကေတာ့ပါ။ ညိဳ႕တို႔ျပန္သြားၿပီးမွ ခန္႔ အိမ္ထဲျပန္ဝင္ကာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ေလးကို ေပြ႔ခ်ီလို႔ အခန္းထဲမွာသိပ္လိုက္သည္။
ေကာင္ေလး၏ မ်က္ႏွာက တစ္စံုတစ္ေယာက္ႏွင့္ခပ္ဆင္ဆင္တူသည္။ သို႔ေသာ္လည္း ေကာင္ေလးကို ေကာင္ေလးဟုပဲခန္႔မွတ္ယူသည္။ မိႈင္းညိဳ႕အေပၚမွာ ႐ိုး႐ိုးသားသားခ်စ္ခဲ့တဲ့ ခန္႔အတြက္ကေတာ့ ေ႐ွ႕ေလ်ွာက္လည္း ႐ိုး႐ိုးသားသားပဲခ်စ္မွာျဖစ္သည္။ ေကာင္ေလးနဲ႔သူ အတူေနျဖစ္တာ အခ်ိန္အတိုင္းအတာတစ္ခုအထိ႐ွိခဲ့ၿပီျဖစ္သည္။ တစ္အိမ္ထဲအတူေနေပမယ့္ သူ႔ဘက္က ေကာင္ေလးကို partner သက္သက္ပဲသေဘာထားတာေတာ့မဟုတ္။ သူ ေကာင္ေလးကိုေလးစားပါသည္။ စာေတာ္သလို ၊ အခိုက္သိၿပီး အကင္းပါးသည္။ မိသားစုအတြက္ ဒိုင္ခံအလုပ္လုပ္ေနရၿပီး ရင့္က်က္သည္မို႔ ခန္႔ဆက္ၿပီး ကူညီေပးေနျခင္းျဖစ္၏။
ခန္႔အသက္က သံုးဆယ္တစ္ ၊ ေကာင္ေလးက ႏွစ္ဆယ္တင္းတင္းေတာင္မျပည့္ေသးေပ။ ေကာင္ေလး၏ အနာဂတ္ကလည္း႐ွိေသးတာေၾကာင့္ ခန္႔အေနနဲ႔ ေကာင္ေလးကိုေထာက္ပံ့ေပးခ်င္၏။ တစ္ခါတစ္ေလ လိုအပ္လာသည့္အခ်ိန္မ်ားမွာေတာ့ ႏွစ္ဦးသေဘာတူအတူေနျဖစ္ၾကသည္။ ထိုအခ်ိန္ေတြကလြဲရင္ ေကာင္ေလးကို ပံုမွန္ပဲ ဆက္ဆံျဖစ္ပါသည္။
ေကာင္ေလးက ေငြလိုသည္။ ခန္႔ကလည္း အိပ္ယာကိုေႏြးေအာင္လုပ္ေပးမယ့္လူလို၏။ အခ်င္းခ်င္း လိုအပ္ခ်က္ကို ျဖည့္စည္းေနရံုသာျဖစ္သည္။
TBC~~~
11.1.2022
Unicode
" ဖေ ရီး အဲ့ လို ဟုတ် ဘူး ရေ "
" ဟုတ်ပါတယ်ကွ ဒီလိုဆက်ရတာပါ "
" အင့် "
" မင်းကကွာ အငြင်းသန်လိုက်တာ "
Lego အရုပ်တွေရဲ့ တည်ဆောက်ပုံအညွှန်းကိုကြည့်ပြီးတည်မြဲ လိုက်ဆက်နေတာဖြစ်သည်။ အညွှန်းကိုမဖတ်တတ်တဲ့ အငယ်လေးက သူဆက်ချင်တာကိုဆက်နေတာမို့ ပုံစံကမကျ။ အမှန်ပြင်ပေးတော့လည်း ပြန်ဖြုတ်ပြီးပြန်ဆက်သည်။ မှားကြောင်းပြောတော့ အငြင်းသန်နေတာကြောင့် တည်မြဲ လည်းမောနေပြီ။ လုပ်ချင်တာလုပ်ပါစေတော့ဟု လွှတ်ထားပေးတော့ လက်ထဲ အရုပ်တွေလာထည့်နေပြန်သည်။ အကြီးလေးကလည်း သူ့ညီနဲ့အတူဆော့နေပေမယ့် ညီဖြစ်သူက တဇွတ်ထိုးဆိုတော့ သူ့လက်ထဲက အရုပ်တွေလုလုသွားသေးသည်။ အလုခံရတော့လည်း ငေးငေးလေးကြည့်နေပြီး ဘာမှတော့ပြန်မလုပ်ပါ။
သက္ကမဟာသွေးက အေးကိုအေးတာဖြစ်သည်။ ဒါပေမယ့်လည်းအမှတ်သညာတော့တော်တော်ကြီးသည်။ သူ့ညီကိုဆိုရင် အမြဲသည်းခံပေမယ့် သူအရမ်းစိတ်ဆိုးလာရင်တော့ သူ့မျက်ခုံးမွှေးပါးပါးလေးတွေကို တွန့်ချိုးထားတတ်သည်။
" သား အဲ့ဒါလိုချင်လို့လား "
သက္ကက အနုမြူကြယ်များကိုကြည့်နေ၍ တည်မြဲမေးတော့ ခေါင်းငြိမ့်ပြလာသည်။ ကြောင်တစ်ကောင်ကိုလည်း လက်ညိုးထိုးပြသေးသည်။ ကြောင်ချစ်တဲ့ပုံပဲ။ အကိုဖြစ်သူက ပူဆာနေတော့ ကမ်ဘာငယ်က သူ့အကိုလက်ထဲက စာအုပ်ကိုလုပြီး လှန်ကြည့်နေသည်။ စာရွက်တစ်ခြမ်းကိုတတ်ထိုင်ထားတာမို့ သူလှန်တော့ စာရွက်က ပြဲသွား၏။
" အင်း!! ပေး "
သက္ကက ဒီတစ်ခါတော့အမှန်တကယ်စိတ်ဆိုးသွားပုံရ၏။ ညီဖြစ်သူ၏ လက်ထဲမှ စာအုပ္ကို ဆွဲယူသွားပြီး လှည့်မကြည့်တော့ပေ။
" ဟင့် အင့် "
" ဟာ သား ကိုကိုက တမင်လုပ်တာမဟုတ်ပါဘူး မငိုပါနဲ့ "
" တို တို မ ခေါ် ဝူး အီး ဟီး "
သားငယ္က သူ့အကိုကြမ်းတမ်းတာမမြင်ဖူး၍ လန့်သွားပုံရသည်။ ခဏကြောင်နေပြီးမှ အော်ငိုလာတာကြောင့် တည်မြဲ သားကို ကောက်ချီကာချော့ရသည်။ သားငယ္က ဝမ်းနည်းတတ်သည်။ ဟိုတစ်ခါ ကြောင်ငပျင်းလေးစိတ်ဆိုးတုန်းကလည်း ရှိုက်ကြီးတငင်ငိုတာဖြစ်သည်။ သူလုပ်ချင်တာလုပ်သည်။ တစ္ဖက္က စိတ်ဆိုးမှန်း သိရင် အငိုမရပ်တော့ပေ။ သူဘာသာသူ ဝမ်းနည်းတတ်တဲ့ အကျင့်လေးလည်းရှိသေး၏။ အကိုဖြစ်သူက လှည့်ကိုမကြည့်တော့ အငိုတိတ်သွားသေးသည်။ တကယ်လှည့်ကြည့်မလာတော့ တအီအီနှင့် မတိတ်တော့ပေ။
" တိတ် တိတ် လန့်သွားလို့ထင်တယ် "
သားငယ်ကိုချော့နေရင်း သားကြီးကို လှမ်းကြည့်မိသေးသည်။ ပုခုံးလေးတွေက လှုပ်နေတာကြောင့် တည်မြဲသတိထားကြည့်မိတော့ သူ့လက်တိုတိုလေးတွေနဲ့ မျက်နှာကိုသုတ်တာမြင်လိုက်၏။ နားရွက်ကလေးတွေက နည်းနည်းရဲနေသည်မို့ တည်မြဲ သားကို ကျော်ကာကြည့်လိုက်သည်။ သားကြီးက မျက်ရည်ဥကြီးတွေ တလိမ့်ချင်းစီကျနေပြီး မျက်နှာလေးကလည်း နီရဲနေသည်။
" သား ဖေကြီးကိုကြည့်ပါဦး ညီလေးက သားစာရွက်ကိုမတော်တဆဖြဲမိတာပဲ သားဝမ်းနည်းသွားတာလား ဟင် "
နှစ်ယောက်လုံးကိုချော့မရတော့ တည်မြဲ စိတ်ရှုပ်လာသည်။ ဒီနေ့ကျမှ ကြောင်ငပျင်းလေးကလည်း အိမ်မှာမရှိ။ ဒီတစ်ပတ်လုံး တည်မြဲ သားတို့ကိုထိန်းဖို့ ကတိပေးထား၍ ဆိုင်ကိုသွားတာဖြစ်သည်။ အစက ကလေးထိန်းရတာ မပင်ပန်းဘူးလို့ထင်ခဲ့ပေမယ့် အခုတော့တစ်ခြားစီ။ သားနှစ်ယောက်ကို ချီရင်း တည်မြဲ နားတွေလည်းအူနေပြီဖြစ်သည်။ သူက ကြောင်ငပျင်းလေးလို ချော့မထိန်းတတ်ပေ။ ဘာပြောရမှန်းမသိ၍ ဒီတိုင်း တောင့်တောင့်ကြီး ထိုင်နေမိ၏။
" ဝေယံ အိမ်ကိုအခုချက်ချင်းလာခဲ့ "
ဝေယံလည်း Bossအမိန့်ကြောင့် ရှိသမျှအလုပ်ပစ်ချလို့ Bossအိမ်ရောက်လာရသည်။ Bossတစ်ယောက် အိုစာသွားပုံကိုကြည့်ပြီး ခလုတ်တိုက်လဲတော့မလို့ပဲ။ ကလေးနှစ်ယောက်ကိုချီပြီး ငူငူကြီးထိုင်နေတဲ့ Bossက ဝေယံ့ကိုမြင်တော့ မျှော်လင့်ချက်တွေရလာတဲ့ မျက်နှာကြီးနဲ့ လှမ်းကြည့်သည်။ အငယ်လေးက အသားကုန်ငိုနေသလို အကြီးလေးကလည်း ရှိုက်သံတောင်ထွက်ချင်နေပြီဖြစ်သည်။
" ဟေ့ကောင် လာကူဦး "
" ဗ်ာ ဟုတ် လာပြီ Boss "
ဝေယံ ကလေးတစ်ယောက်ကို ခေါ်ကာ ချော့လိုက်သည်။ အငယ်လေးက ဝေယံလက်ထဲရောက်မှ ပြဲလန်အောင်ငိုတော့ ဝေယံ ခေါင်းပူသွား၏။ ထို့ကြောင့် တတ္သမ်ွ နည်းတွေနဲ့ ချော့နေလိုက်သည်။ နေ့လည်ရောက်တော့ နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျနေခဲ့ပြီဖြစ်သည်။
" Boss သခင်လေးမရှိဘူးလား "
" မရှိဘူး ဆိုင်သွားတယ် "
" အန်တီရော "
" မေမေက တရားစခန်း ၊ ဒေါ်ဝင်းက ခွင့်ယူထားတယ် "
" ဒါဆို Boss ဘာနဲ့စားလဲ "
" မင်းသခင်လေးက ကလေးတွေအတွက်ရော ငါ့အတွက်ပါချက်ပေးခဲ့တယ်လေ ၊ နေ့လည်ပြန်လာမယ်ပြောတာပဲ "
" ဒါဆို ကျွန်တော့်ကိုနေ့လည်စာကျွေးဦး ကျွန်တော်မစားခဲ့ရဘူး ဟွန်း Bossကြောင့်လေ အဲ့ဒါ "
" မင်းက အတွန့်တတ်တာလား ဟေ့ကောင် "
" ကပ်စီးမနည်းပါနဲ့Bossရာ ကျွန်တော်တကယ်ဗိုက်ဆာနေပြီဗျ "
အတွင်းရေးမှုးဝေယံက မီးဖိုချောင်ထဲဝင်သွားပြီး သူ့ဘာသာသူခူးခပ်ထည့်နေသည်။ ပြန်ထွက်လာတော့ ထမင်းကနှစ်ပန်းကန်ယူလာတာနဲ့ တည်မြဲပါနေ့လည်စာဝင်စားလိုက်သည်။ ဆရာတပည့်နှစ်ယောက်က ကလေးလှည့်ထိန်းလိုက် ထမင်းစားလိုက်နဲ့ တိုင်ပတ်နေကြတာကြောင့် မှိုင်းညို့ အထဲဝင်လာတာမသိကြပေ။
" ဘယ်လိုဖြစ်နေကြတာလဲ ဧည့်ခန်းတစ်ခုလုံးလည်း ပွစာကြဲနေတာပဲ ၊ ဝေယံကရော ဘယ်ကနေဘယ်လိုလှည့်လာတာလဲ "
ညို့အိမ်ပြန်ရောက်ရောက်ချင်းပဲ မောင်တို့ကိုတွေ့လိုက်ရတာကြောင့် အံ့သြနေတာဖြစ်သည်။ ဒီနေ့ အလုပ်များတာကြောင့် ညို့ဆိုင်ကိုသွားရသည်။ လိုတာတွေပြောပြ ၊ ဦးစီးပြီးမှ နေ့လည်အမှီပြန်လာခဲ့တာ။ မောင်နဲ့သားတွေကို တစ်နေကုန်ထားမရမှန်းသိသည်။ သားတို့က ဂျီချင်တာကိုလည်းသိတော့ စိတ်ကလက်တစ်ဆစ်နဲ့မောင်တစ်ယောက်တော့ ချာလည်ရိုက်နေမှန်း ခန့်မှန်းမိပါသည်။ ထင်တဲ့အတိုင်းပဲ မောင့်မျက်နှာက သနားစရာကောင်းနေ၏။ သားလုပ်ထားလို့ အကျီတွေလည်းညစ်ပတ်နေသလို ဖရိုဖရဲဖြစ်နေရှာသည်။ မောင့်အတွင်းရေးမှူးကလည်း မထူးမခြားမနားဖြစ်သည်။
နှစ်ယောက်သားက တင်ပြင်ခွေထိုင်ပြီး ထမင်းစားနေကြတာ သနားစရာကောင်းနေ၏။ ညို့ကိုမြင်တော့ အားကိုးတကြီးကြည့်နေကြသည့်မျက်လုံးများ။ ရယ်ရမလား ၊ ငိုရမလား မသိတော့ပါပေ။ သနားမိပေမယ့် ရယ်ချင်တာကိုမထိန်းနိုင်၍ ရယ်သံကထွက်သွားသေးသည်။
" အဟင်း မောင်တို့ဆက်စားပါ သားတို့ကို ငါပဲ ဆက်ထိန်းလိုက်မယ်နော် "
ညို့ လက်ထဲကအိတ်ကိုချကာ သားတို့ဘေးသွားထိုင်တော့ ညီအကိုနှစ်ယောက်က ငြိမ်ချက်သားကောင်းနေ၏။ မှိုင်းကမ်ဘာငယ်ရဲ့ မျက်လုံးတွေက ငါးပူတင်းလိုဖောင်းကားနေတာကြောင့် မျက်နှာကိုမော့ကာ သေချာကြည့်လိုက်သည်။ ဘယ်လောက်တောင်ငိုထားလို့ သားက ဒီလိုရုပ်ဖြစ်နေတာလဲ။ အကိုဖြစ်သူကလည်း နှာသီးလေးတွေရဲလို့။
" ဖေ့သားလေးတွေကို ဘယ္သူက ငိုအောင်လုပ်တာလဲ ဖေ့ကိုပြော "
" သခင်လေး ဒါက ဒီလိုရှိပါတယ် "
ဝေယံကအစအဆုံးရှင်းပြပြီးတော့ ညို့နည်းနည်းစိုးရိမ်သွားသည်။ ကလေးတွေဆိုတော့ ကြာကြာစိတ်ကောက်မှာတော့မဟုတ်ပါ။ သို့ပေမယ့်လည်း မှိုင်းကမ်ဘာငယ်တစ်ယောက် သူ့အကိုကို ထိဖို့လုပ်တိုင်း ဟိုက လက်ကိုဖယ်ချသွားသည်။ သူ့အကိုက လျစ်လျူရှု၍ မျက်နှာလေးက သနားစရာလေးဖြစ်သည်။
" သားရယ် "
တစ်လျှောက်လုံးအနိုင်ကျင့်လာသမျှ အခုတော့ သူ့အကိုကို သူမခေါ်ပဲလည်း မနေနိုင်ဖြစ်နေတာဖြစ်သည်။ အကိုကပြန်မခေါ်တော့ သူ့ကိုယ်သူအားမလိုအားမရဖြစ်နေပုံပေါ်၏။ ပါးဖောင်းလေးကိုတစ်ချက်နမ်းတော့ အင့်ခနဲဖြစ်သွားသည်။
" ခဏနေရင်အဆင်ပြေသွားကြလိမ့်မယ် အိုင်းစတိုင်းပေါက်စက သူ့ညီကိုချစ်ပါတယ် ၊ မောင်တို့လည်း အရမ်းပင်ပန်းသွားကြမှာပဲ ငါပဲဆက်လုပ်မှာမို့ အေးဆေးစားကြ မောင် မောင့် ကြားရဲ့လား "
" အင်း "
ကလေးတစ်ခါထိန်းပြီး မောင်က အသိစိတ်လွတ်သွားတဲ့သဘောမှာရှိနေ၏။ ကြိတ်ရယ်လိုက်မိပြီး မောင့်ပါးကို တစ်ချက်နမ်းကာ ချော့လိုက်သည်။ တကယ်ပါ ဒီနေ့အဖြစ်အပျက်ကိုကြည့်ပြီး မောင့်ကို ကလေးတွေနဲ့အတူမထားခဲ့ ဖို့ဆုံးဖြတ်လိုက်သည်။
" ဒါဆို ကျွန်တော်အလုပ်ပြန်မယ်နော် Boss ကျွန်တော့်ကို လစာမဖြတ်နဲ့နော် Boss "
" မောင် အဆင်ပြေရဲ့လား "
" အင်း မနက်ဖြန်ကစပြီး အလုပ်ပြန်တတ်တော့မယ် "
" ဟား ဟား မောင်ရာ နေ့တစ်ပိုင်းလောက်ပဲ သားတို့ကိုထိန်းပေးဖို့ထားခဲ့တာကို လက်လျော့ပြီလား "
တည်မြဲ ရယ်နေသူကို သတိပေးသလိုကြည့်လိုက်သည်။ ဘာလို့လည်းမသိ ၊ တည်မြဲသိပ်စိတ်မရှည်ချင်။ အတတ်နိုင်ဆုံးတော့ စိတ်ရှည်ဖို့ကြိုးစားပေမယ့် တကယ်ကလေးမထိန်းတတ်တာဖြစ်သည်။
" ဒီနေ့ပင်ပန်းတယ်ကွာ မင်းသားတွေကို မင်းပဲထိန်းလိုက်တော့ "
" ဟာ မင်းသားတွေဆိုတော့ သူတို့က မောင့်ကလေးတွေရောမဟုတ်လို့လား အဲ့လိုတော့မပြောပါနဲ့ "
" ကျစ်! ပြောချင်တာက "
" မောင် အဲ့လိုကြီးလွှဲမချနဲ့လေ မောင်မထိန်းတတ်တာနဲ့ပဲ "
" ပြောစမ်းပါဦး မင်းက ဘာကိုစိတ္ဆိုးတာလဲ "
" မောင်ပြောတဲ့ပုံကိုကြည့်ဦး မကြိုက်ဘူး လွှဲချတာမျိုးမလုပ်နဲ့ "
သတိမထားမိပဲပြောလိုက်မိတာဖြစ်သည်။ ပဲစေ့နှစ်စေ့လုံးက တည်မြဲ ကိုယ်တိုင်ဖန်တီးထားတာလေ။ တည်မြဲရဲ့သားတွေဆိုတာဟုတ်ပေမယ့် ဆိုလိုချင်တာကဒီလိုမဟုတ်။ ဒီတိုင်း သတိမထားမိပဲပြောလိုက်တာကို မှိုင်းမဟာသွေးက စိတ်ထင့်သွားတာဖြစ်သည်။
" မင်းက ဘာတွေကိုဒီလောက် အထိမခံဖြစ်နေတာလဲ စကားတစ်ခွန်းပဲလေ ဘယ်သူ့ကိုထိခိုက်သွားလို့လဲ ၊ ကျစ် ရှင်းမပြတတ်တော့ဘူး "
တည်မြဲကို ကျောပေးပြီး သူ့သားတွေကို မန်မန်ကျွေးနေတာကြောင့် နားရွက်ဖျားများနီရဲနေတာကို တည်မြဲမသိလိုက်ပေ။ စိတ်ရှုပ်လာတာကြောင့်ထမင်းပန်းကန်ကိုယူကာ ဘေစင်ထဲထည့်ဆေးလိုက်သည်။ ပြန်ထွက်လာတော့ ကလေးနှစ်ယောက်က အိပ်နေပြီဖြစ်သည်။ သူ့လက်ထဲက အငယ်လေးကို အသာပွေ့ချီလိုက်ပြီး မွေ့ယာအငယ်လေးတစ်ခုပေါ်တင်ကာ အုပ်ဆောင်းခြင်ထောင်လေး လုပ်ပေးလိုက်သည်။ သားကြီးကိုလည်း သူက ထိုနည်း၎င်းအတိုင်း သိပ်နေ၏။ တည်မြဲကိုစကားတစ်ခွန်းမှမပြောတော့ပဲ ရှုပ်ပွနေတဲ့ပစ္စည်းတွေကို လိုက်သိမ်းနေသည်။
" ဖယ် ဘာလုပ္တာလဲ "
" စိတ်မဆိုးနဲ့တော့ "
ခါးကိုသိမ်းဖက်ကာ ဂုတ်ကိုငုံ့နမ်းသည်။ ပွတ်သီးပွတ်သပ်တွေလာလုပ်နေတော့ စိတ်ကဆိုးချင်လာသည်။ ရုတ်တရက်မို့ တံတောင်နဲ့တွတ်လိုက်မိတော့ အာ့ခနဲအော်ကာ နောက်ဆုတ်သွားသည်။
" ဟို နာသြားလား "
" မင်းကတော့ နာပြီ "
" အင့် "
သူ့လက်ကိုဆောင့်ဆွဲကာ အတင်းသိမ်းဖက်ပစ်လိုက်သည်။ ခေါင်းကိုငုံ့ချပြီး လိုက်နမ်းတော့ ရင်ဘက်ကိုထုရိုက်နေ၏။ သူကလည်း အားသန်တော့ နာလာပေမယ့် သူ့ကိုလွှတ်မပေးပဲ ဆိုဖာပေါ်ဆွဲခေါ်သွားကာ သူ့နှုတ်ခမ်းတွေ ဖူးယောင်လာတဲ့အထိ နမ်းပစ်လိုက်သည်။ ဂျစ်ကန်ကန်ရုပ်နဲ့ ပြန်ကြည့်နေတာကိုက ဆွဲဆောင့်ချင်စရာကောင်းနေ၏။ သူ့ဘောင်းဘီကိုတင်ပါးအောက်အထိဆွဲချကာ တင်ပါးလုံးလုံးကို ရိုက်ပစ်လိုက်သည်။ " မင်းကိုမရိုက်တာကြာလို့ ဆိုးချင်နေတာလား "
" မောင် မရမ်းကားနဲ့ ! ! "
" ဘာဖြစ်ချင်လို့လဲ ရမ်းကားတော့ မင်းက ဘာမဟုတ်တာကိုလည်းစိတ်ဆိုးတာပဲ မင်းအတင့်ရဲနေတာလေ "
" မင်း! "
Pantsက အကုန်ကျွတ်သွားတာကြောင့် ပေါင်လည်အတွင်းခံအဖြူလေးပဲကျန်တော့သည်။ အကျီတွေကလည်း ဖရိုဖရဲ။ ခြေထောက်ကိုချုပ်ပြီး တင်ပါးကို ရိုက်သည်။ ရှက်လည်းရှက် စိတ်လည်းတိုတာကြောင့် တစ်ကိုယ်လုံးလည်းပူထူနေပြီဖြစ်သည်။ တင်ပါးနှစ်ဖက်လုံးကလည်း စပ်ဖျင်းဖျင်း။
" ရပ်တော့ နာတယ် "
" အဟွန်း ရပ္စရာလား "
လူပေါ်ကနေ အုပ်မိုးလာပြီး လက်တွေကို ယှက်ကိုင်လာသည်။ ဘယ်အခြေအနေကိုသွားတော့မယ်ဆိုတာ သိနေတာကြောင့် ခေါင်းယမ်းပြပေမယ့် မောင်က ခပ်မဲ့မဲ့ပြုံးသည်။
" သားတို့နိုးမယ် "
" အင်း "
မောင်က ညို့တစ်ကိုယ်လုံးကို ချီမသွားသည်။
" မေလးဘူးလား "
" လေးတယ် မင်းဝိတ်တတ်နေတာဖြစ်မယ် "
" တကယ်လို့ ငါဝလာရင် ရုပ်ဆိုးမယ်ထင်တယ် "
" စကားမ်ားတယ္ကြာ ဘယ်လိုနေနေ မင်းကငါ့ယောကျာ်းပဲ စိတ်ပူမနေနဲ့ ကြောင်ဝတုတ်လေး "
" ဟာ ဘယ်သူကကြောင်ဝတုတ်လဲ "
မောင်က သူပြောတာကိုလုံးဝနားမထောင်တော့ပေ။ သားတို့မနိုးမချင်း မောင်က အလွတ်မပေးပေ။ အတော်ကြာလို့ သားငိုသံကြားမှ ကပြာကယာအကျီတွေကောက်ဝတ်ပြီး သွားချီရသည်။ မောင့်ကို တကယ်ထိန်းမနိုင်။ ကလေးထက်တောင်ဆိုးသေးသည်။
" သန်ဘက်ခါ ညေန မိသားစုလိုက်ညစာထွက်စားကြမယ် "
" ပိတ်ရက်လားမောင် "
" မကြာခင်သိရမှာပါ ဟာ မင်းတို့ပြန်တည့်သွားကြပြီလား "
သားငယ္က သူ့အကိုကို ဖက်နမ်းနေတာကြောင့်တည်မြဲမေးလိုက်ခြင်းဖြစ်သည်။ သားကြီးက အိပ်ရာနိုးတော့ စိတ်ကြည်သွားတဲ့ပုံလေးဖြစ်သည်။ သူ့ညီကို ပစ်ပစ်ကာကာတော့ မဆက်ဆံတော့ပေ။
" ဖေကြီးသားတွေက အလိမ္မာတုံးလေးတွေ ခ်စ္လိုက္တာ "
" ခိ ခိ ဖေ ရီး မွှေး နဲ့ "
" မွှေးမှာပဲကွာ "
" ဘြား ရော "
" ဘြားဘြားက မနက်ဖြန်ပြန်လာမှာ တရားစခန်းဝင်နေတယ်သားရဲ့ "
" အွန်း အွန်း ကို ကို တူ ဆော့ မယ် ရေ ငယ့် ကို စောင့် "
သားငယ္က သူ့ကိုယ်သူ ငယ်လို့ပြောလိုက်တာဖြစ်သည်။ သူ့အဘွားက သူ့ကို ငယ်လေး ငယ်လေးလို့ခေါ်တော့ အကျင့်ပါနေတာဖြစ်လိမ့်မည်။
<<<<<<
>>>>>>
" ခန့် ဟေ့ကောင် မင်းဟာလေးရော"
ခန့် မျက်မှောင်ကုပ်လိုက်သည်။ သက်နိုင်ဦးက စပ်ဖြဲဖြဲလုပ်နေပြီး တမင်လိုက်မေးနေတာဖြစ်သည်။ ခန့်အိမ်ကကောင်လေးကို တွေ့ဖူးပြီးတည်းက လိုက္စေနတာ။ အဲ့ဒီနေ့ကလည်း ကောင်လေးနဲ့ ကွန်ဒိုအောက်မှာတိုက်မိတာဟု သက်နိုင်ဦးကပြောသည်။ ဝတ်သွားတာကလည်း ခန့်အကျီဆိုတော့ သူက ပြီတီတီရုပ်နဲ့ အတည်ပေါက်ကြီး နောက်တာဖြစ်သည်။ ဟိုကောင်တွေနဲ့ သောက်ဖို့ချိန်းထားတာဆိုတော့ စောင့်ရဦးမည်။ တည်မြဲကမ်ဘာက လာမှာသေချာပေမယ့် သောက်မှာတော့မဟုတ်ပေ။ ဒီကောင်ကလည်း အစကသာ တုတ်ဆွဲဓားဆွဲလုပ်ချင်တာ အိမ်ရောက်ရင် မှိုင်းညို့လက်စာက မိသေးသည်။
မှိုင်းညို့က သူကိုယ်တိုင်မသောက်သလို တည်မြဲကမ်ဘာသောက်တာကိုလည်းမကြိုက်။ ဟိုကလည်း မသောက်ဖို့ ကတိတောင်းထားပုံရသည်။ တွေ့ဖြစ်ရင်တောင် ဘီယာခြက္ကိုမထိ။ နောက်ဆုံးတော့ဒီကောင်လည်း ယောကျာ်းကိုကြောက်ရတာပဲဖြစ်သည်။
" ငါရောက်ပြီ ဟေ့ကောင်တွေ "
" အေး ဟာ ကလေးတွေပါခေါ်လာတာလား တော်သေးတာပေါ့ ဟေ့ကောင် ဘားဆိုင်မဟုတ်ပဲ ငါ့အိမ်မှာမို့ "
" မှိုင်းညို့ မင်းပါလိုက်လာတာပဲ ဘာလဲ မင်းယောကျာ်းကိုစိတ်မချလို့လား "
" မဟုတ်ပါဘူးကွာ မတွေ့ဖြစ်တာလည်း အချိန်ကြာနေပြီဆိုတော့ ဒီတစ်ခါတော့ငါလိုက်သင့်တယ်ထင်လို့ ၊ မဟုတ်ရင် သူက အသားကုန်သောက်မှာ ၊ ငါကမသောက်တတ်တော့ မင်းတို့တွေတွေ့ရင် မလိုက်ဖြစ်တာတစ်ခုတည်းပါ "
မောင့်ကို မေးငေါ့ပြတော့ မောင်ကမခိျပြုံးပြုံးသည်။ သက်နိုင်ဦးတို့နဲ့ဆုံရင်တော့ မောင်က သောက်မှာသေချာသည်။ မသောက်နဲ့ဟု တားတာမဟုတ်ပါ။ မောင့်ကျန်းမာရေးအတွက် အလွန်အကျွံမသောက်အောင်ပဲ ဂရုစိုက်စေချင်တာ။ တိမ်ယံတစ်ယောက်ပဲရောက်မလာသေးတာကြောင့် သူ့ကိုစောင့်ရင်း စကားပြောနေလိုက်သည်။ ခန့်က အမွှာလေးနှစ်ယောက်ကို ကလိရင်း ဆော့နေ၏။ ကလေးတွေရှိနေတော့ သူတို့မသောက်ရဲကြ။ သက်နိုင်ဦးက ဘီယာပုလင်းတွေကို ရေခဲသေတ္တာထဲပြန်ထည့်ပြီး မုန့်တွေထုတ်နေသေးသည်။
" တော်သေးတာပေါ့ မင်းတို့သားတွေကလိမ္မာလို့ ငါမြင်ဖူးတဲ့ကလေးတွေဆို ဘယ်ခေါ်ခေါ်ပြဲလန်အောင် ငိုတာပဲ "
" ဟုတ်တယ် ဟေ့ကောင် ငါ့သဲလေးက သူနာပြုဆိုတော့ သူထိန်းရတဲ့ကလေးတွေကလည်း အဆိုးလေးတွေဟေ့ကောင် ၊ ကလေးတိုင်းလိမ္မာတာမဟုတ်ဘူးကွ ၊ အမွှာနှစ်ယောက်က မင်းဆီက အကျင့်တွေပါလာလို့ငြိမ်တာထင်တယ် ညို့ "
" သက်နိုင်ဦး ခွေးကောင် ငါနဲ့တူရင်ဘာဖြစ်လို့လဲ "
" မင်းနဲ့တူရင်လား ရည်းစားရှုပ်မှာပဲ မှတ်မိသေးလား မင်းရည်းစားစထားတာ ရှစ်တန်းနှစ်ကလေ ငါတို့နဲ့က အထက်တန်းမှသိတာဆိုပေမယ့် မင်းသတင်းတွေကမွှေးနေတာပဲ "
" အရင်ကပါကွာ မင်းကလည်း အခု ငါအတည်တကျဖြစ်နေပါပြီ သူနဲ့လေ "
ခါးကို လာဖက္ကာ ခေါင်းချင်းတိုက်လာတဲ့ မောင့်ကို အံ့သြကာကြည့်လိုက်မိသည်။ ကျန်တဲ့ကောင်တွေရှေ့မှာ ပါးကိုရွတ်ခနဲငုံ့နမ်းတာမို့ ရှက်ရှက်နဲ့ တစ်ချက်ထိုးလိုက်မိသေးသည်။ ရင်အုပ်ကိုအထိုးခံလိုက်ရတဲ့မောင်က တဟားဟားရယ်နေ၏။ ကျန်တဲ့ကောင်တွေက " ခံရတာနည်းသေးတယ် "ဆိုတဲ့မျက်နှာထားနဲ့။
" တိမ်ယံရောက်လာပြီထင်တယ် "
" ဦး ဟင် ဧည့်သည်တွေရောက်နေတာလား "
ကောင်လေးတစ်ယောက်က တည်မြဲတို့ကိုတွေ့တော့ လန့်ကာ ထိုနေရာမှာပဲရပ်နေ၏။ ညို့လည်း ထိုကလေးကိုမြင်တော့ မှတ်မိသွားသည်။ ဟိုဆိုင်က ဝန်ထမ်းလေးမဟုတ်လား။ တစ်ခါမြင်ဖူးရင် တော်ရုံမမေ့တတ်တာကြောင့် မျက်နှာကိုသေချာသိနေသည်။
" လာခဲ့လေ မင်းကို ကိုယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ် "
ကောင်လေးက ခေါင်းငြိမ့်ကာ လွယ်အိတ်လေးပိုက်လို့ ခန့်ဘေးကို ဝင်ထိုင်သည်။ အနီးကပ်ကြည့်တော့ ကောင်လေးက ပိန်သေးသေးနဲ့ ဖြူဖက်ဖြူရော်လေးဖြစ်သည်။ အရမ်းကြီးချောတဲ့အထဲမပါပေမယ့် ကြည့်လို့တော့အဆင်ပြေသည်။ ထူးခြားချက်က ခပ်ရဲရဲ နှုတ်ခမ်းဖောင်းတစ်စုံနှင့် ဝိုင်းစက်နေသောမျက်လုံးများဖြစ်သည်။ ညို့တို့ကိုမှတ်မိသလို ကြည့်နေတာကြောင့် ညို့ပြန်ပြုံးပြလိုက်သည်။ ကောင်လေးကလည်း ပြန်ပြုံးပြရှာပါသည်။
" မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ် သူက ငါ့ကောင်လေး ၊ လင်းထက်နေရောင် လို့ခေါ်တယ် ရောင်ရောင် ၊ ဒီဘက္က သက်နိုင်ဦး ၊ သူက မှိုင်းညို့ ၊ သူက မှိုင်းညို့ရဲ့အမျိုးသား တည်မြဲကမ်ဘာလို့ခေါ်တယ် နှုတ်ဆက်လိုက်ဦး "
" ဟုတ် ဦး ဟို တွေ့ရတာဝမ်းသာပါတယ် အကိုတို့ ကျွန်တော်က လင်းထက်နေရောင်ပါဗျ "
ကောင်လေးက ခန့်စကားကြောင့် အံ့သြသွားရှာသည်။ ပြီးမှ ညို့တို့ကို ပြာပြာသလဲ နှုတ်ဆက်လာ၏။ ညို့လည်း ပြန်နှုတ်ဆက်လိုက်သည်။ တွေ့ဖူးကြောင်းကိုတော့ထည့်ပြောမနေတော့ပေ။ ကောင်လေးမမှတ်မိလောက်ဘူးထင်သည်။
" ဒါ အကို့သားနှစ်ယောက်လေ ၊ အမွှာလေးတွေပေါ့ ဒါက အကြီးလေး သက္ကမဟာသွေးတဲ့ ၊ ဒီဘက္က အငယ်လေး မှိုင်းကမ်ဘာငယ်လို့ခေါ်တယ် ချီချင်လား "
" ဗ်ာ ဟုတ် ချီလို့ရလားဟင် "
ကောင်လေးအနေမခက်အောင် ညို့က စကားလွှဲပေးလိုက်သည်။ ကောင်လေးက သားငယ္ကို မြှူတော့ သားငယ္က အလွယ်တကူပါသွားသည်။ အငယ်ကောင်က အလှလေးတွေကို သိပ်ကြိုက်တာ။
" တို တို ငယ် နဲ့ ဆော့ မ ရား "
" အင် "
" သားက မင်းကို သဘောကျတယ်ထင်တယ် "
" တို တို က လွ "
အားလုံးက တဟားဟားအော်ရယ်ကြသည်။ ရောင်ရောင် ကိုယ်တိုင်လည်း ကေလးပိစိကို အသည်းတွေယားနေတာဖြစ်၏။ နောက်ဆုံးတော့ အမွှာနှစ်ယောက်နဲ့ ရောင်ရောင်က တည့်သွားသည်။ အမွှာနှစ်ယောက်နဲ့ ဆော့ပေးနေတဲ့ ရောင်ရောင်က ကလေးဗိုလ်ဖြစ်နေတော့တာ။
" ခန့် ရောင်ရောင်က ငယ်ဦးမယ့်ပုံပဲနော် တော်တော်ငယ်မယ့်ပုံ "
ညို့က စူးစမ်းသလိုကြည့်တော့ ခန့်က ရယ်လာသည်။ လင်းထက်နေရောင်ရဲ့ ရုပ်က ကလေးရုပ်ဆိုတော့ ညို့က အသက်မပြည့်ဘူးထင်နေပုံပေါ်သည်။
" သူအသက်ပြည့်ပါပြီ မင်းကလဲ ၊ နှစ်ဆယ်ပြည့်ကာနီးပြီ "
" တော်ပါသေးရဲ့ "
ညို့ကအခုမှစိတ်သက်သာရာရသလိုသက်ပြင်းချသည်။ ကောင်လေးက တကယ့်ကလေးလေးဖြစ်သည်။ ခန့်ကိုခေါ်တာတောင် ဦးတဲ့။ ဒါပေမယ့် ဘာလို့ထူးဆန်းနေရတာလဲ။ ခန့် ရောင်ရောင်လေးကိုကြည့်တဲ့ပုံက သာမန်ပဲဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ စည်းတစ်ခုခုတားထားသလိုခံစားနေရသည်။ ရောင်ရောင်လေးကို ခန့်က သူ့ကောင်လေးဟု မိတ်ဆက်တုန်းက ထိုကလေးမျက်လုံးထဲမှာ မယုံနိုင်သလိုအရိပ်အယောင်တွေရော ၊ ပြုံးယောင်သမ်းသွားတာကိုရောတွေ့လိုက်သည်။
နာရီအတော်ကြာအောင် စကားပြောပြီးနောက် အိပ်ပျော်နေသည့် သားတို့ကိုချီကာ ပြန်ဖို့ပြင်လိုက်၏။ ရောင်ရောင်ကလည်း ဆိုဖာပေါ်အိပ်ပျော်နေတော့ မနှုတ်ဆက်ဖြစ်တော့ပေ။ တိမ်ယံက ညို့တို့ပြန်ကာနီးမှရောက်လာတော့ မသောက်ဖြစ်ကြတော့ပါ။ ညို့တို့ပြန်သွားပြီးမှ ခန့် အိမ်ထဲပြန်ဝင်ကာ အိပ်ပျော်နေတဲ့ ကောင်လေးကို ပွေ့ချီလို့ အခန်းထဲမှာသိပ်လိုက်သည်။
ကောင်လေး၏ မျက်နှာက တစ်စုံတစ်ယောက်နှင့်ခပ်ဆင်ဆင်တူသည်။ သို့သော်လည်း ကောင်လေးကို ကောင်လေးဟုပဲခန့်မှတ်ယူသည်။ မှိုင်းညို့အပေါ်မှာ ရိုးရိုးသားသားချစ်ခဲ့တဲ့ ခန့်အတွက်ကတော့ ရှေ့လျှောက်လည်း ရိုးရိုးသားသားပဲချစ်မှာဖြစ်သည်။ ကောင်လေးနဲ့သူ အတူနေဖြစ်တာ အချိန်အတိုင်းအတာတစ်ခုအထိရှိခဲ့ပြီဖြစ်သည်။ တစ်အိမ်ထဲအတူနေပေမယ့် သူ့ဘက်က ကောင်လေးကို partner သက်သက်ပဲသဘောထားတာတော့မဟုတ်။ သူ ကောင်လေးကိုလေးစားပါသည်။ စာတော်သလို ၊ အခိုက်သိပြီး အကင်းပါးသည်။ မိသားစုအတွက် ဒိုင်ခံအလုပ်လုပ်နေရပြီး ရင့်ကျက်သည်မို့ ခန့်ဆက်ပြီး ကူညီပေးနေခြင်းဖြစ်၏။
ခန့်အသက်က သုံးဆယ်တစ် ၊ ကောင်လေးက နှစ်ဆယ်တင်းတင်းတောင်မပြည့်သေးပေ။ ကောင်လေး၏ အနာဂတ်ကလည်းရှိသေးတာကြောင့် ခန့်အနေနဲ့ ကောင်လေးကိုထောက်ပံ့ပေးချင်၏။ တစ်ခါတစ်လေ လိုအပ်လာသည့်အချိန်များမှာတော့ နှစ်ဦးသဘောတူအတူနေဖြစ်ကြသည်။ ထိုအချိန်တွေကလွဲရင် ကောင်လေးကို ပုံမှန်ပဲ ဆက်ဆံဖြစ်ပါသည်။
ကောင်လေးက ငွေလိုသည်။ ခန့်ကလည်း အိပ်ယာကိုနွေးအောင်လုပ်ပေးမယ့်လူလို၏။ အချင်းချင်း လိုအပ္ခ်က္ကို ဖြည့်စည်းနေရုံသာဖြစ်သည်။
TBC~~~
11.1.2022