{Unicode}
"ဇနီးသည်လေးအား
ချောင်းကြည့်ခြင်း"
ယဲ့ထင်သည် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
အိပ်ချင်သော်လည်း အမှန်တကယ်ကို အိပ်မရခဲ့။
အင်ဂျင်နီယာက ရန်ကျားလိ၏ ဖုန်းနံပါတ်ကို ကြားဖြတ်ယူပြီး သံသယရှိသည့် လိပ်စာများကိုပါ နေရာချထားကြောင်း ကြားလိုက်ရသည့် တစ်ခဏတွင် ယဲ့ထင်သည် မိမိ၏ နှလုံးသားမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်ဟုသာ ခံစားရသည်။ ငြိမ်သက်စွာ ထုံကျင်နေသော နှလုံးသားမှာ ရုတ်တရက် စိတ်ကြွဆေး အထိုးခံလိုက်ရပြီး အတိုင်းအဆမဲ့ စိတ်လှုပ်ရှားလာရသလိုပင်။
သူသည် အင်ဂျင်နီယာထံမှ တိကျသော လိပ်စာ လေးငါးခုကို ရရှိခဲ့သည်။
ယဲ့ထင်၏ အထွေထွေ လက်ထောက်သည် ညဥ့်နက်နက် ရောက်မှ သူဌေးက သူမအား ထိုလိပ်စာများကို ချက်ချင်းအလျင်း ရှာဖွေခိုင်းသည့် မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
အထွေထွေ လက်ထောက်သည် ယခုလေးတင်မှ အလုပ်များသော တစ်နေ့တာကို အဆုံးသတ်ခဲ့ပြီး ရုတ်တရက်ကြီး အသက်ဆက်ရပြန်သည်။ ခေါင်းကိုသာ မြေကြီးနှင့် အသံမြည်အောင် ပြေးဆောင့်လိုက်ချင်သည်။ ဖုန်းကို ယူကြည့်လိုက်ပြန်သောအခါ သူဌေးကြီးယဲ့က သူမအား နှစ်လစာ ဘောနပ်စ် ပေးမည်ဟု ပြောခဲ့သည်။ သူမသည် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် အင်္ကျီဝတ်ကာ တည်တည်ငြိမ်ငြိမ်နှင့် အပြင်ထွက်လာပြီး ရယ်ကာမောကာနှင့် ဘဝသံသရာထဲသို့ ဝင်လိုက်တော့သည်။
နောက်တစ်နေ့ နေ့လည်တွင် အထွေထွေ လက်ထောက်သည် ယဲ့ထင်၏ ရုံးခန်းသို့ ရောက်လာသည်။
ယဲ့ထင်သည် သူမကို မြင်လိုက်သည်နှင့် အကြည့်များက ကွန်ပျူတာ စခရင်ထက်မှ ဝေးကွာသွားသည်။
သူ့လေသံက အနည်းငယ် လေးနက်နေသော်လည်း ဘယ်လိုမှ ဖုံးကွယ်ထား၍ မရသော စိုးရိမ်မှုနှင့် အလျင်လိုမှုတို့ကလည်း ကပ်ပါလာသည်။
"ပြောတော့"
အထွေထွေ လက်ထောက်သည် စာအုပ်လေး တစ်အုပ်ကို ယဲ့ထင်ထံ ပေးလိုက်ပြီး သွက်လက် ထက်မြက်စွာနှင့်
"ကျွန်မ ဒီလေးငါးနေရာက အချက်အလက် တချို့ကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ သံသယဖြစ်စရာ နေရာက စုစုပေါင်း ငါးနေရာ ရှိပြီးတော့ လက်ရှိမှာ အဲ့ထဲက သုံးနေရာကို ဖယ်ထုတ်လို့ ရပါတယ်။ ကျန်တဲ့ နှစ်နေရာမှာ တစ်နေရာက ပင်လယ်ကမ်းစပ်က ဖွံ့ဖြိုးဆဲ ဧရိယာပါ။ အဲ့ဒီနေရာရဲ့ စီးပွားရေးက ဆုတ်ယုတ်နေပြီးတော့ အနီးအနား ပတ်ဝန်းကျင်မှာလည်း ဖြိုဖျက်ပစ်ရမယ့် အဆောက်အအုံဟောင်းတွေ အများကြီးပါ။ ပတ်ဝန်းကျင်ကလည်း အတော်လေး ညံ့ဖျင်းပါတယ်"
ယဲ့ထင်သည် အချက်အလက်များကို လှန်ကြည့်လိုက်ပြီး
"နောက် တစ်နေရာကရော"
"နောက်တစ်နေရာကတော့ ဆင်ခြေဖုံး ဧရိယာမှာပါ။ ပတ်ဝန်းကျင်က ဆိတ်ငြိမ်ပြီးတော့ ဆောက်ထားတာ မကြာသေးတဲ့ တစ်ခုတည်းသော အကြီးစား အပန်းဖြေစခန်း LLJ ကြောင့် လူတွေရဲ့ အာရုံကို ပိုဖမ်းစားထားပါတယ်"
ယဲ့ထင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုစံအိမ်ကို ထောက်ပြလိုက်ကာ အထွေထွေ လက်ထောက်ကို မျက်လုံး စွေကြည့်သည်။
လက်ထောက်သည် နားလည် သဘောပေါက်သွားပြီး တက်ဘလက်ကို ထုတ်ကာ စာရွက်စာတမ်း တစ်စောင်ကို ဖွင့်လိုက်ပြီး ယဲ့ထင်ရှေ့ ချလိုက်သည်။
"ဒီစံအိမ်နဲ့ ပတ်သတ်ပြီး ကျွန်မလည်း သုတေသန လုပ်ပြီးပါပြီ။ ကျင်းယွမ် အပန်းဖြေ စံအိမ်၊ နှစ်ဆယ့်သုံးသန်း ရင်းနှီးမြှုပ်နှံထားပြီး ဒီနှစ် နွေဦးရာသီမှာပဲ ဆောက်လို့ ပြီးသွားတာပါ။ သူဌေးနာမည်ကတော့ လျိုရွှင်းပါ"
ယဲ့ထင်သည် စခရင်ထက် ပေါ်လာသော လျိုရွှင်း၏ ဓာတ်ပုံကို ကြည့်ပြီး မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"အဲ့ဒီ လျိုရွှင်းနဲ့ ပတ်သတ်ပြီးတော့လည်း အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အချက် တစ်ချက်လည်း ကျွန်မ ရှာတွေ့ထားသေးတယ်"
လက်ထောက်၏ လက်ချောင်းက တက်ဘလက်ပေါ် တစ်ချက် ပွတ်ဆွဲလိုက်ပြီး
"သူက လူကြီးမင်းရန်ရဲ့ အထက်တန်းတုန်းက ကျောင်းနေဖက်တွေပါ။ အဲ့ဒါတင် မကသေးပါဘူး။ မကြာသေးခင်က သူက Rong Hai ရဲ့ ဥက္ကဌကျောက်နဲ့ ရင်းနှီးမြှုပ်နှံရေး ပရောဂျက်တစ်ခု ပူးပေါင်းလုပ်ဆောင်ဖူးပါတယ်"
ယဲ့ထင်သည် အတန်ကြာအောင် သြော်ဟု သံရှည်ဆွဲနေပြီး ပြုံးလာသည်။
အထွေထွေ လက်ထောက်သည် တက်ဘလက်ကို ပြန်ယူလိုက်ပြီး မေးသည်။
"ဆရာ ဘယ်လိုဖြေရှင်းမယ်လို့ စိတ်ကူးထားလဲ"
ယဲ့ထင်သည် မတ်တတ်ရပ်ပြီး မှန်အပြည့် ကပ်ထားသော ပြတင်းပေါက်ရှေ့ လျှောက်သွားကာ ဆေးလိပ် မီးညှိလိုက်ပြီး တစ်ဖွာ ရှိုက်ဖွာလိုက်သည်။
သူ ခေါင်းပြန်လှည့်ကြည့်လာသောအခါ လေသံမှာ တည်ငြိမ်နေခဲ့သော်လည်း စီးကရက်ကို ကိုင်ထားသည့် လက်ချောင်းတွေမှာတော့ အနည်းငယ် တုန်ရီနေခဲ့သည်။
"ကုမ္ပဏီမှာ ယုံကြည် စိတ်ရချတဲ့ လူလေးငါးယောက်လောက် ရွေးလိုက်၊ ငါ ပိုက်ဆံပေးမယ်။ သူတို့ကို ဆုချတဲ့အနေနဲ့ အဲ့အပန်းဖြေစံအိမ်မှာ သူတို့နာမည်နဲ့ သူတို့ လေးငါးရက်လောက် ခရီးထွက်ခွင့် ပေးလိုက်"
လက်ထောက်က ချက်ချင်းဆိုသလို သဘောပေါက်သွားပြီး ခေါင်းညိတ်ပြကာ ရုံးခန်းထဲမှ ထွက်သွားသည်။
ယဲ့ထင်သည် မှန်အပြည့် ပြတင်းရှေ့ ရပ်နေခဲ့ပြီး လိမ္မော်ရင့်ရောင် ဆေးလိပ်မီးတိုက လက်ချောင်းထိပင် လောင်ကျွမ်းလာတော့မတတ် ဖြစ်လာမှသာ အသိပြန်ကပ်လာသည်။
သူသည် ခံစားချက် ကင်းမဲ့သော မျက်နှာနှင့် ဆေးလိပ်မီးကို ဂျားထဲတွင် ဖိကာ ငြှိမ်းသတ်လိုက်သည်။
မီးတောက်က ငြိမ်းသတ်သွားသောအခါ ဖန်ဂျား၏ အောက်ခြေတွင် ဖုန်မှုန့်သဏ္ဍာန် အေးစက်စက် ပြာမှုန်များ ပြန့်ကျဲသွားသည်ကို တွေ့လိုက်ရသည်။ ယဲ့ထင်လည်း ထိုအခါမှ ပြုံးလာသည်။ သူသည် မိမိကိုယ်ကိုယ် လေသံတိုးနှင့် ပြောလာသည်။
".....သူ့မှာ တခြားစိတ်တွေ မရှိရင် အကောင်းဆုံးပေါ့"
________
ယဲ့ထင် စေလွှတ်လိုက်သော လူများသည် နောက်တစ်နေ့ ကူးသည်နှင့် အပန်းဖြေစံအိမ်သို့ ရောက်ရှိလာကြသည်။
သူတို့သည် သာမန်အကျဆုံးနှင့် ပုံမှန်အဆန်ဆုံး ခရီးသည်များအဖြစ် အမည်စာရင်း ပေးသွင်းပြီးနောက် နေရာအနှံ့ လည်ပတ်ကြည့်ရှူကြသည်။
သူတို့သည် ထိုစံအိမ်တွင် တည်းခိုနေသည်မှာ နှစ်ရက်ကြာသည်အထိ ယဲ့ထင်ထံ မည်သို့သော သတင်းအချက်အလက်မှ မပေးပို့လာခဲ့ပေ။
ယဲ့ထင်သည်လည်း အလျင်စလို တိုက်တွန်းခဲ့သည်တော့ မဟုတ်ချေ။
သူသည် ရန်ကျားလိက အစဥ်အမြဲ မျောက်လောင်းကဲ့သို့ လှည့်ပတ်သွားလာနေခြင်းကို သဘောမကျမှန်း သိနေ၍ဖြစ်သည်။ ယခုအချိန်တွင် စိတ်ကျရောဂါ လက္ခဏာက ပို၍ပင် ထင်ရှားလာသောအခါ ဆေးတွေ အကြာကြီး သောက်ပြီး သက်သာလာခဲ့သော်လည်း မျက်နှာပေါ်တွင် စိတ်ဒဏ်ရာကို မမြင်ရသကဲ့သို့ အမြဲလိုလို တစ်ယောက်တည်း နေရဖို့ကိုသာ ဆန္ဒရှိနေခဲ့သည်။
တည်းခိုသည့် သုံးရက်မြောက်နေ့ ညနေ ဆယ်နာရီတွင် ယဲ့ထင်သည် သူတို့ထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့သည်။
အီးမေးလ်ကို ဖွင့်လိုက်သောအခါ စခရင်ထက်တွင် ဓါတ်ပုံပေါင်းများစွာ ပေါ်ထွက်လာသည်။
ဓာတ်ပုံများအား ကြည့်ရသည်မှာ ခိုးရိုက်ထားပုံပေါ်၏။ အချက်အချာ မကျဘဲ အနည်းငယ် မှုန်ဝါးနေ၍ဖြစ်သည်။
ဓာတ်ပုံထဲတွင် ရန်ကျားလိသည် လျိုရွှင်း အမည်ရှိ အမျိုးသားနှင့် ဘေးချင်းကပ်လျက် အနေအထားတွင် စံအိမ်၏ အတွင်းဆုံး လူနေ ဧရိယာဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
လျိုရွှင်းသည် ရန်ကျားလိ၏ လက်မောင်းကို ထိထားပြီး ရန်ကျားလိကလည်း ပြုံးနေခဲ့သည်။ မထင်မရှား ပါးချိုင့်နှင့် သွားစွယ်လေး နှစ်ချောင်းကိုပင် ဝိုးတိုးဝါးတား မြင်နိုင်သည်။
ဤသည်မှာ ရက်ပေါင်းများစွာအတွင်း ရန်ကျားလိအား ယဲ့ထင် ပထမဆုံး မြင်ခဲ့ရခြင်းဖြစ်သည်။
ယဲ့ထင်သည် ရန်ကျားလိ၏ ဆံနွယ်တစ်မျှင်ချင်းစီကအစ နှလုံးသားထဲတွင် မှတ်မိချင်နေသကဲ့သို့ သူ့အကြည့်များက ဖန်သားပြင်တွင် ကပ်လုနီးပါး ဖြစ်နေခဲ့ရသည်။
သတိပြန်ကပ်သွားသောအခါ သူသည် ထိုဓာတ်ပုံများကို လျင်လျင်မြန်မြန် ပရင့်ထုတ်လိုက်ပြီး လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားသည်။
ဓာတ်ပုံအား အချိန်အတော်ကြာ စေ့စေ့စပ်စပ် ကြည့်ရှူစစ်ဆေးနေပြီး ရန်ကျားလိ နံဘေး တောက်ပစွာ ပြုံးနေသော လျိုရွှင်းကို မြင်သောအခါ ယဲ့ထင်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
ထိုကောင်၏ ပုံစံက အမှန်တကယ်ကို စိတ်တိုစရာ ကောင်းပါသည်။
သူသည် နံဘေးမှ ကပ်ကြေးကို ယူလိုက်ပြီး ရန်ကျားလိနှင့် လျိုရွှင်းတို့၏ ရုပ်ပုံက လုံးဝ ကွဲကွာသွားသည်အထိ အောက်ခြေမှ စတင်ကာ အပေါ်ထိ ညှပ်ထုတ်ပစ်လိုက်သည်။ ရန်ကျားလိပါသည့် အပိုင်းကို ပြန့်ပြူးအောင်လုပ်ပြီး စာရွက်စာတမ်းများကြား ညှပ်ထည့်လိုက်ကာ လျိုရွှင်းအပိုင်းကိုတော့ ဘောလုံးသဏ္ဍာန် လုံးချေပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။
ယဲ့ထင်သည် ထိုဓာတ်ပုံများကို ကိုင်ထားပြီး တစ်ညလုံး ကြည့်နေခဲ့သည်။ လက်ချောင်းများက ဓာတ်ပုံပေါ်တွင် ထပ်ခါတလဲလဲ ပွတ်သပ်နေ၍ ဓာတ်ပုံသည်ပင် အရောင် လွင့်ပျယ်လာတော့သည်။
နောက်တစ်နေ့ နံနက်တွင် အမှုဆောင် လက်ထောက်က ယဲ့ထင်ထံ အလုပ်အကြောင်း အစီရင်ခံလာသည်။
ယဲ့ထင်က သူ့အား စကားပင် မပြောခိုင်းဘဲ လက်ဝှေ့ယမ်းကာ အမိန့်ပေးလာသည်။
"နောက်သုံးရက်အတွက် ခရီးစဥ်တွေထဲမှာ ရွေ့လို့ရတာတွေကို ရွေ့ထားပြီး နှောင့်နှေးလို့ရတဲ့ဟာဆိုလည်း ခဏစောင့်ခိုင်းထားလိုက်။ တကယ် မငြင်းနိုင်တဲ့ ကိစ္စတွေဆိုရင်တော့ မင်းဘာသာ နည်းလမ်းရှာပြီး ဖြေရှင်းလိုက်။ အကျဥ်းချုပ် ပြောရရင်၊ ငါ့အစား သုံးရက် အလုပ်တက်ပေး၊ ငါ တခြားနေရာ သွားစရာရှိလို့"
အမှုဆောင် လက်ထောက်၏ မျက်နှာမှာ အနည်းငယ် အခက်တွေ့သွားသော်လည်း ယဲ့ထင်၏ အေးစက်ပြီး စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို မြင်သောအခါ ခေါင်းမာမာနှင့် လက်ခံလိုက်ရစမြဲသာဖြစ်သည်။
သူက ယဲ့ထင်ကို မေးသည်။
"ဆရာက ဘယ်နေရာကို သွားမှာလဲ။ ကျွန်တော်တို့ ကားပြင်ပေးထားဖို့ လိုသေးလား"
ယဲ့ထင်သည် စာရွက်စာတမ်းများကို ပိတ်လိုက်ပြီး မျက်နှာသေနှင့်
"ငါကိုယ့်ကိုယ် ကားမောင်းပြီး သွားမယ်"
အမှုဆောင် လက်ထောက်လည်း ခေါင်းညိတ်လိုက်သည်။
သူ ထွက်သွားရန် ပြင်သောအခါ ယဲ့ထင်က ရပ်တန့်စေလိုက်ပြန်သည်။
ယဲ့ထင်က အမှုဆောင် လက်ထောက်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး လေသံမှာလည်း အေးစက် မာထန်နေကာ
"နောက်လာမယ့် သုံးရက်မှာ ငါ ကုမ္ပဏီမှာ ရှိမှာမဟုတ်တော့ ကိစ္စတစ်ခုခုရှိရင် ငါ့ကို ဖုန်းဆက်လိုက်။ ဒါပေမဲ့ တစ်ခုတော့ မင်းသေချာ မှတ်ထားရမယ်။ ငါထွက်သွားတဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မသိစေနဲ့"
ဤအထိ ပြောပြီးနောက် သူ့အကြည့်များက အေးစက်လာကာ လေသံကို ဖိအားပေးလိုက်ပြီး
"......အထူးသဖြင့် ကျောက်ရှန့်ဟိုင်ပဲ"
.
.
.
.
.
10/1/2022(Mon)
တစ်သက်နဲ့တစ်ကိုယ် ကံမကောင်းလွန်းလို့ တစ်ခါမှ မပေါက်ဖူးတဲ့ GA က ဒီနေ့မှ ထူးထူးဆန်းဆန်း ထပေါက်သွားလို့ အံ့သြ ထိတ်လန့် ဝမ်းသာ မှင်တက်သွားပြီး ဒက်ဘလယ်တွေပါ အပ်ဒိတ်မိသွားပါတယ် (ဘာမှ မဆိုင်လည်း ဆိုင်လိုက်ಥ‿ಥ)
ဒါပေမဲ့ ပေါက်တာကလည်း သင်တန်းGAကြီး ဖြစ်နေတယ် ༎ຶ‿༎ຶ အယ်လဘမ်တွေ ဆိုရင်တော့ ဘယ်တော့မှ မပေါက်ဘူး သဝါး!!!!!!
×××
{Zawgyi}
"ဇနီးသည္ေလးအား
ေခ်ာင္းၾကည့္ျခင္း"
ယဲ့ထင္သည္ တစ္ညလုံး အိပ္မေပ်ာ္ခဲ့ေပ။
အိပ္ခ်င္ေသာ္လည္း အမွန္တကယ္ကို အိပ္မရခဲ့။
အင္ဂ်င္နီယာက ရန္က်ားလိ၏ ဖုန္းနံပါတ္ကို ၾကားျဖတ္ယူၿပီး သံသယရွိသည့္ လိပ္စာမ်ားကိုပါ ေနရာခ်ထားေၾကာင္း ၾကားလိုက္ရသည့္ တစ္ခဏတြင္ ယဲ့ထင္သည္ မိမိ၏ ႏွလုံးသားမွာ ထိန္းမႏိုင္ သိမ္းမရ ျဖစ္သြားသည္ဟုသာ ခံစားရသည္။ ၿငိမ္သက္စြာ ထုံက်င္ေနေသာ ႏွလုံးသားမွာ ႐ုတ္တရက္ စိတ္ႂကြေဆး အထိုးခံလိုက္ရၿပီး အတိုင္းအဆမဲ့ စိတ္လႈပ္ရွားလာရသလိုပင္။
သူသည္ အင္ဂ်င္နီယာထံမွ တိက်ေသာ လိပ္စာ ေလးငါးခုကို ရရွိခဲ့သည္။
ယဲ့ထင္၏ အေထြေထြ လက္ေထာက္သည္ ညဥ့္နက္နက္ ေရာက္မွ သူေဌးက သူမအား ထိုလိပ္စာမ်ားကို ခ်က္ခ်င္းအလ်င္း ရွာေဖြခိုင္းသည့္ မက္ေဆ့ခ်္ကို လက္ခံရရွိခဲ့သည္။
အေထြေထြ လက္ေထာက္သည္ ယခုေလးတင္မွ အလုပ္မ်ားေသာ တစ္ေန႔တာကို အဆုံးသတ္ခဲ့ၿပီး ႐ုတ္တရက္ႀကီး အသက္ဆက္ရျပန္သည္။ ေခါင္းကိုသာ ေျမႀကီးႏွင့္ အသံျမည္ေအာင္ ေျပးေဆာင့္လိုက္ခ်င္သည္။ ဖုန္းကို ယူၾကည့္လိုက္ျပန္ေသာအခါ သူေဌးႀကီးယဲ့က သူမအား ႏွစ္လစာ ေဘာနပ္စ္ ေပးမည္ဟု ေျပာခဲ့သည္။ သူမသည္ အခ်ိန္အတန္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ အက်ႌဝတ္ကာ တည္တည္ၿငိမ္ၿငိမ္ႏွင့္ အျပင္ထြက္လာၿပီး ရယ္ကာေမာကာႏွင့္ ဘဝသံသရာထဲသို႔ ဝင္လိုက္ေတာ့သည္။
ေနာက္တစ္ေန႔ ေန႔လည္တြင္ အေထြေထြ လက္ေထာက္သည္ ယဲ့ထင္၏ ႐ုံးခန္းသို႔ ေရာက္လာသည္။
ယဲ့ထင္သည္ သူမကို ျမင္လိုက္သည္ႏွင့္ အၾကည့္မ်ားက ကြန္ပ်ဴတာ စခရင္ထက္မွ ေဝးကြာသြားသည္။
သူ႔ေလသံက အနည္းငယ္ ေလးနက္ေနေသာ္လည္း ဘယ္လိုမွ ဖုံးကြယ္ထား၍ မရေသာ စိုးရိမ္မႈႏွင့္ အလ်င္လိုမႈတို႔ကလည္း ကပ္ပါလာသည္။
"ေျပာေတာ့"
အေထြေထြ လက္ေထာက္သည္ စာအုပ္ေလး တစ္အုပ္ကို ယဲ့ထင္ထံ ေပးလိုက္ၿပီး သြက္လက္ ထက္ျမက္စြာႏွင့္
"ကြၽန္မ ဒီေလးငါးေနရာက အခ်က္အလက္ တခ်ိဳ႕ကို သုေတသန ျပဳလုပ္ခဲ့ပါတယ္။ သံသယျဖစ္စရာ ေနရာက စုစုေပါင္း ငါးေနရာ ရွိၿပီးေတာ့ လက္ရွိမွာ အဲ့ထဲက သုံးေနရာကို ဖယ္ထုတ္လို႔ ရပါတယ္။ က်န္တဲ့ ႏွစ္ေနရာမွာ တစ္ေနရာက ပင္လယ္ကမ္းစပ္က ဖြံ႕ၿဖိဳးဆဲ ဧရိယာပါ။ အဲ့ဒီေနရာရဲ႕ စီးပြားေရးက ဆုတ္ယုတ္ေနၿပီးေတာ့ အနီးအနား ပတ္ဝန္းက်င္မွာလည္း ၿဖိဳဖ်က္ပစ္ရမယ့္ အေဆာက္အအုံေဟာင္းေတြ အမ်ားႀကီးပါ။ ပတ္ဝန္းက်င္ကလည္း အေတာ္ေလး ညံ့ဖ်င္းပါတယ္"
ယဲ့ထင္သည္ အခ်က္အလက္မ်ားကို လွန္ၾကည့္လိုက္ၿပီး
"ေနာက္ တစ္ေနရာကေရာ"
"ေနာက္တစ္ေနရာကေတာ့ ဆင္ေျခဖုံး ဧရိယာမွာပါ။ ပတ္ဝန္းက်င္က ဆိတ္ၿငိမ္ၿပီးေတာ့ ေဆာက္ထားတာ မၾကာေသးတဲ့ တစ္ခုတည္းေသာ အႀကီးစား အပန္းေျဖစခန္း LLJ ေၾကာင့္ လူေတြရဲ႕ အာ႐ုံကို ပိုဖမ္းစားထားပါတယ္"
ယဲ့ထင္သည္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ထိုစံအိမ္ကို ေထာက္ျပလိုက္ကာ အေထြေထြ လက္ေထာက္ကို မ်က္လုံး ေစြၾကည့္သည္။
လက္ေထာက္သည္ နားလည္ သေဘာေပါက္သြားၿပီး တက္ဘလက္ကို ထုတ္ကာ စာ႐ြက္စာတမ္း တစ္ေစာင္ကို ဖြင့္လိုက္ၿပီး ယဲ့ထင္ေရွ႕ ခ်လိုက္သည္။
"ဒီစံအိမ္နဲ႔ ပတ္သတ္ၿပီး ကြၽန္မလည္း သုေတသန လုပ္ၿပီးပါၿပီ။ က်င္းယြမ္ အပန္းေျဖ စံအိမ္၊ ႏွစ္ဆယ့္သုံးသန္း ရင္းႏွီးျမႇဳပ္ႏွံထားၿပီး ဒီႏွစ္ ေႏြဦးရာသီမွာပဲ ေဆာက္လို႔ ၿပီးသြားတာပါ။ သူေဌးနာမည္ကေတာ့ လ်ိဳ႐ႊင္းပါ"
ယဲ့ထင္သည္ စခရင္ထက္ ေပၚလာေသာ လ်ိဳ႐ႊင္း၏ ဓာတ္ပုံကို ၾကည့္ၿပီး မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားသည္။
"အဲ့ဒီ လ်ိဳ႐ႊင္းနဲ႔ ပတ္သတ္ၿပီးေတာ့လည္း အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတဲ့အခ်က္ တစ္ခ်က္လည္း ကြၽန္မ ရွာေတြ႕ထားေသးတယ္"
လက္ေထာက္၏ လက္ေခ်ာင္းက တက္ဘလက္ေပၚ တစ္ခ်က္ ပြတ္ဆြဲလိုက္ၿပီး
"သူက လူႀကီးမင္းရန္ရဲ႕ အထက္တန္းတုန္းက ေက်ာင္းေနဖက္ေတြပါ။ အဲ့ဒါတင္ မကေသးပါဘူး။ မၾကာေသးခင္က သူက Rong Hai ရဲ႕ ဥကၠဌေက်ာက္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရး ပေရာဂ်က္တစ္ခု ပူးေပါင္းလုပ္ေဆာင္ဖူးပါတယ္"
ယဲ့ထင္သည္ အတန္ၾကာေအာင္ ေၾသာ္ဟု သံရွည္ဆြဲေနၿပီး ၿပဳံးလာသည္။
အေထြေထြ လက္ေထာက္သည္ တက္ဘလက္ကို ျပန္ယူလိုက္ၿပီး ေမးသည္။
"ဆရာ ဘယ္လိုေျဖရွင္းမယ္လို႔ စိတ္ကူးထားလဲ"
ယဲ့ထင္သည္ မတ္တတ္ရပ္ၿပီး မွန္အျပည့္ ကပ္ထားေသာ ျပတင္းေပါက္ေရွ႕ ေလွ်ာက္သြားကာ ေဆးလိပ္ မီးညႇိလိုက္ၿပီး တစ္ဖြာ ရႈိက္ဖြာလိုက္သည္။
သူ ေခါင္းျပန္လွည့္ၾကည့္လာေသာအခါ ေလသံမွာ တည္ၿငိမ္ေနခဲ့ေသာ္လည္း စီးကရက္ကို ကိုင္ထားသည့္ လက္ေခ်ာင္းေတြမွာေတာ့ အနည္းငယ္ တုန္ရီေနခဲ့သည္။
"ကုမၸဏီမွာ ယုံၾကည္ စိတ္ရခ်တဲ့ လူေလးငါးေယာက္ေလာက္ ေ႐ြးလိုက္၊ ငါ ပိုက္ဆံေပးမယ္။ သူတို႔ကို ဆုခ်တဲ့အေနနဲ႔ အဲ့အပန္းေျဖစံအိမ္မွာ သူတို႔နာမည္နဲ႔ သူတို႔ ေလးငါးရက္ေလာက္ ခရီးထြက္ခြင့္ ေပးလိုက္"
လက္ေထာက္က ခ်က္ခ်င္းဆိုသလို သေဘာေပါက္သြားၿပီး ေခါင္းညိတ္ျပကာ ႐ုံးခန္းထဲမွ ထြက္သြားသည္။
ယဲ့ထင္သည္ မွန္အျပည့္ ျပတင္းေရွ႕ ရပ္ေနခဲ့ၿပီး လိေမၼာ္ရင့္ေရာင္ ေဆးလိပ္မီးတိုက လက္ေခ်ာင္းထိပင္ ေလာင္ကြၽမ္းလာေတာ့မတတ္ ျဖစ္လာမွသာ အသိျပန္ကပ္လာသည္။
သူသည္ ခံစားခ်က္ ကင္းမဲ့ေသာ မ်က္ႏွာႏွင့္ ေဆးလိပ္မီးကို ဂ်ားထဲတြင္ ဖိကာ ျငႇိမ္းသတ္လိုက္သည္။
မီးေတာက္က ၿငိမ္းသတ္သြားေသာအခါ ဖန္ဂ်ား၏ ေအာက္ေျခတြင္ ဖုန္မႈန္႔သ႑ာန္ ေအးစက္စက္ ျပာမႈန္မ်ား ျပန္႔က်ဲသြားသည္ကို ေတြ႕လိုက္ရသည္။ ယဲ့ထင္လည္း ထိုအခါမွ ၿပဳံးလာသည္။ သူသည္ မိမိကိုယ္ကိုယ္ ေလသံတိုးႏွင့္ ေျပာလာသည္။
".....သူ႔မွာ တျခားစိတ္ေတြ မရွိရင္ အေကာင္းဆုံးေပါ့"
________
ယဲ့ထင္ ေစလႊတ္လိုက္ေသာ လူမ်ားသည္ ေနာက္တစ္ေန႔ ကူးသည္ႏွင့္ အပန္းေျဖစံအိမ္သို႔ ေရာက္ရွိလာၾကသည္။
သူတို႔သည္ သာမန္အက်ဆုံးႏွင့္ ပုံမွန္အဆန္ဆုံး ခရီးသည္မ်ားအျဖစ္ အမည္စာရင္း ေပးသြင္းၿပီးေနာက္ ေနရာအႏွံ႔ လည္ပတ္ၾကည့္ရႉၾကသည္။
သူတို႔သည္ ထိုစံအိမ္တြင္ တည္းခိုေနသည္မွာ ႏွစ္ရက္ၾကာသည္အထိ ယဲ့ထင္ထံ မည္သို႔ေသာ သတင္းအခ်က္အလက္မွ မေပးပို႔လာခဲ့ေပ။
ယဲ့ထင္သည္လည္း အလ်င္စလို တိုက္တြန္းခဲ့သည္ေတာ့ မဟုတ္ေခ်။
သူသည္ ရန္က်ားလိက အစဥ္အၿမဲ ေမ်ာက္ေလာင္းကဲ့သို႔ လွည့္ပတ္သြားလာေနျခင္းကို သေဘာမက်မွန္း သိေန၍ျဖစ္သည္။ ယခုအခ်ိန္တြင္ စိတ္က်ေရာဂါ လကၡဏာက ပို၍ပင္ ထင္ရွားလာေသာအခါ ေဆးေတြ အၾကာႀကီး ေသာက္ၿပီး သက္သာလာခဲ့ေသာ္လည္း မ်က္ႏွာေပၚတြင္ စိတ္ဒဏ္ရာကို မျမင္ရသကဲ့သို႔ အၿမဲလိုလို တစ္ေယာက္တည္း ေနရဖို႔ကိုသာ ဆႏၵရွိေနခဲ့သည္။
တည္းခိုသည့္ သုံးရက္ေျမာက္ေန႔ ညေန ဆယ္နာရီတြင္ ယဲ့ထင္သည္ သူတို႔ထံမွ အီးေမးလ္တစ္ေစာင္ လက္ခံရရွိခဲ့သည္။
အီးေမးလ္ကို ဖြင့္လိုက္ေသာအခါ စခရင္ထက္တြင္ ဓါတ္ပုံေပါင္းမ်ားစြာ ေပၚထြက္လာသည္။
ဓာတ္ပုံမ်ားအား ၾကည့္ရသည္မွာ ခိုး႐ိုက္ထားပုံေပၚ၏။ အခ်က္အခ်ာ မက်ဘဲ အနည္းငယ္ မႈန္ဝါးေန၍ျဖစ္သည္။
ဓာတ္ပုံထဲတြင္ ရန္က်ားလိသည္ လ်ိဳ႐ႊင္း အမည္ရွိ အမ်ိဳးသားႏွင့္ ေဘးခ်င္းကပ္လ်က္ အေနအထားတြင္ စံအိမ္၏ အတြင္းဆုံး လူေန ဧရိယာဆီသို႔ တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း ေလွ်ာက္သြားခဲ့သည္။
လ်ိဳ႐ႊင္းသည္ ရန္က်ားလိ၏ လက္ေမာင္းကို ထိထားၿပီး ရန္က်ားလိကလည္း ၿပဳံးေနခဲ့သည္။ မထင္မရွား ပါးခ်ိဳင့္ႏွင့္ သြားစြယ္ေလး ႏွစ္ေခ်ာင္းကိုပင္ ဝိုးတိုးဝါးတား ျမင္ႏိုင္သည္။
ဤသည္မွာ ရက္ေပါင္းမ်ားစြာအတြင္း ရန္က်ားလိအား ယဲ့ထင္ ပထမဆုံး ျမင္ခဲ့ရျခင္းျဖစ္သည္။
ယဲ့ထင္သည္ ရန္က်ားလိ၏ ဆံႏြယ္တစ္မွ်င္ခ်င္းစီကအစ ႏွလုံးသားထဲတြင္ မွတ္မိခ်င္ေနသကဲ့သို႔ သူ႔အၾကည့္မ်ားက ဖန္သားျပင္တြင္ ကပ္လုနီးပါး ျဖစ္ေနခဲ့ရသည္။
သတိျပန္ကပ္သြားေသာအခါ သူသည္ ထိုဓာတ္ပုံမ်ားကို လ်င္လ်င္ျမန္ျမန္ ပရင့္ထုတ္လိုက္ၿပီး လက္ဖဝါးထဲတြင္ ဆုပ္ကိုင္ထားသည္။
ဓာတ္ပုံအား အခ်ိန္အေတာ္ၾကာ ေစ့ေစ့စပ္စပ္ ၾကည့္ရႉစစ္ေဆးေနၿပီး ရန္က်ားလိ နံေဘး ေတာက္ပစြာ ၿပဳံးေနေသာ လ်ိဳ႐ႊင္းကို ျမင္ေသာအခါ ယဲ့ထင္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္သြားသည္။
ထိုေကာင္၏ ပုံစံက အမွန္တကယ္ကို စိတ္တိုစရာ ေကာင္းပါသည္။
သူသည္ နံေဘးမွ ကပ္ေၾကးကို ယူလိုက္ၿပီး ရန္က်ားလိႏွင့္ လ်ိဳ႐ႊင္းတို႔၏ ႐ုပ္ပုံက လုံးဝ ကြဲကြာသြားသည္အထိ ေအာက္ေျခမွ စတင္ကာ အေပၚထိ ညႇပ္ထုတ္ပစ္လိုက္သည္။ ရန္က်ားလိပါသည့္ အပိုင္းကို ျပန္႔ျပဴးေအာင္လုပ္ၿပီး စာ႐ြက္စာတမ္းမ်ားၾကား ညႇပ္ထည့္လိုက္ကာ လ်ိဳ႐ႊင္းအပိုင္းကိုေတာ့ ေဘာလုံးသ႑ာန္ လုံးေခ်ၿပီး အမႈိက္ပုံးထဲ လႊင့္ပစ္လိုက္သည္။
ယဲ့ထင္သည္ ထိုဓာတ္ပုံမ်ားကို ကိုင္ထားၿပီး တစ္ညလုံး ၾကည့္ေနခဲ့သည္။ လက္ေခ်ာင္းမ်ားက ဓာတ္ပုံေပၚတြင္ ထပ္ခါတလဲလဲ ပြတ္သပ္ေန၍ ဓာတ္ပုံသည္ပင္ အေရာင္ လြင့္ပ်ယ္လာေတာ့သည္။
ေနာက္တစ္ေန႔ နံနက္တြင္ အမႈေဆာင္ လက္ေထာက္က ယဲ့ထင္ထံ အလုပ္အေၾကာင္း အစီရင္ခံလာသည္။
ယဲ့ထင္က သူ႔အား စကားပင္ မေျပာခိုင္းဘဲ လက္ေဝွ႔ယမ္းကာ အမိန႔္ေပးလာသည္။
"ေနာက္သုံးရက္အတြက္ ခရီးစဥ္ေတြထဲမွာ ေ႐ြ႕လို႔ရတာေတြကို ေ႐ြ႕ထားၿပီး ေႏွာင့္ေႏွးလို႔ရတဲ့ဟာဆိုလည္း ခဏေစာင့္ခိုင္းထားလိုက္။ တကယ္ မျငင္းႏိုင္တဲ့ ကိစၥေတြဆိုရင္ေတာ့ မင္းဘာသာ နည္းလမ္းရွာၿပီး ေျဖရွင္းလိုက္။ အက်ဥ္းခ်ဳပ္ ေျပာရရင္၊ ငါ့အစား သုံးရက္ အလုပ္တက္ေပး၊ ငါ တျခားေနရာ သြားစရာရွိလို႔"
အမႈေဆာင္ လက္ေထာက္၏ မ်က္ႏွာမွာ အနည္းငယ္ အခက္ေတြ႕သြားေသာ္လည္း ယဲ့ထင္၏ ေအးစက္ၿပီး စိတ္ပိုင္းျဖတ္ထားသည့္ အမူအရာကို ျမင္ေသာအခါ ေခါင္းမာမာႏွင့္ လက္ခံလိုက္ရစၿမဲသာျဖစ္သည္။
သူက ယဲ့ထင္ကို ေမးသည္။
"ဆရာက ဘယ္ေနရာကို သြားမွာလဲ။ ကြၽန္ေတာ္တို႔ ကားျပင္ေပးထားဖို႔ လိုေသးလား"
ယဲ့ထင္သည္ စာ႐ြက္စာတမ္းမ်ားကို ပိတ္လိုက္ၿပီး မ်က္ႏွာေသႏွင့္
"ငါကိုယ့္ကိုယ္ ကားေမာင္းၿပီး သြားမယ္"
အမႈေဆာင္ လက္ေထာက္လည္း ေခါင္းညိတ္လိုက္သည္။
သူ ထြက္သြားရန္ ျပင္ေသာအခါ ယဲ့ထင္က ရပ္တန္႔ေစလိုက္ျပန္သည္။
ယဲ့ထင္က အမႈေဆာင္ လက္ေထာက္ကို စူးစူးရဲရဲ စိုက္ၾကည့္လိုက္ၿပီး ေလသံမွာလည္း ေအးစက္ မာထန္ေနကာ
"ေနာက္လာမယ့္ သုံးရက္မွာ ငါ ကုမၸဏီမွာ ရွိမွာမဟုတ္ေတာ့ ကိစၥတစ္ခုခုရွိရင္ ငါ့ကို ဖုန္းဆက္လိုက္။ ဒါေပမဲ့ တစ္ခုေတာ့ မင္းေသခ်ာ မွတ္ထားရမယ္။ ငါထြက္သြားတဲ့ ကိစၥကို ဘယ္သူ႔ကိုမွ မသိေစနဲ႔"
ဤအထိ ေျပာၿပီးေနာက္ သူ႔အၾကည့္မ်ားက ေအးစက္လာကာ ေလသံကို ဖိအားေပးလိုက္ၿပီး
"......အထူးသျဖင့္ ေက်ာက္ရွန္႔ဟိုင္ပဲ"
.
.
.
.
.
10/1/2022(Mon)
တစ္သက္နဲ႔တစ္ကိုယ္ ကံမေကာင္းလြန္းလို႔ တစ္ခါမွ မေပါက္ဖူးတဲ့ GA က ဒီေန႔မွ ထူးထူးဆန္းဆန္း ထေပါက္သြားလို႔ အံ့ၾသ ထိတ္လန္႔ ဝမ္းသာ မွင္တက္သြားၿပီး ဒက္ဘလယ္ေတြပါ အပ္ဒိတ္မိသြားပါတယ္ (ဘာမွ မဆိုင္လည္း ဆိုင္လိုက္ಥ‿ಥ)
ဒါေပမဲ့ ေပါက္တာကလည္း သင္တန္းGAႀကီး ျဖစ္ေနတယ္ ༎ຶ‿༎ຶ အယ္လဘမ္ေတြ ဆိုရင္ေတာ့ ဘယ္ေတာ့မွ မေပါက္ဘူး သဝါး!!!!!!
×××