"အင့် လွှတ်..လွှတ်ဦး"
ပျောက်ကွယ်သွားမှာစိုးသည့်အလား တင်းတင်းကြပ်ကြပ်ဖက်ထားသူကြောင့် အသက်ပါရှူမရတော့သည်အထိ။လက်မောင်းကိုပုတ်ကာ လွှတ်ပေးရန်တောင်းဆိုတော့မှ အသာတကြည်လွှတ်ပေးလာကာ စောလွန်းမျက်လုံးတွေကိုစိုက်ကြည့်လာပြန်သည်။
စူးရှလွန်းသည့်မျက်ဝန်းနက်နက်တွေထဲ ခံစားချက်တွေရှုပ်ထွေးနေတာကြောင့် ထိုမျက်လုံး၏အဓိပ္ပာယ်အတိအကျကိုစောလွန်းမခန့်မှန်းနိုင်။ဒီလိုမျက်ဝန်း၊ဒီလိုအကြည့်မျိုးနှင့်ဓားပြကြီးဆီမှာ မကြာခဏအကြည့်ခံရလေ့ရှိတယ်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့မတူ ခံစားချက်တွေရှုပ်ထွေးကာ ပို၍လေးနက်နေသည့်အကြည့်မျိုး။
အသက်ရှူသံတွေကပြင်းနေကာ မျက်သားတွေလည်းနီလို့ စောလွန်းကိုတစ်ခုခုပြောချင်ဟန် နှုတ်ခမ်းပြင်နေတော့သည်။စောလွန်းကတော့ ထိုလူ၏ထူးဆန်းသည့်အပြုအမူကြောင့် နှုတ်ဆိတ်၍သာနေနေလိုက်သည်။
စက္ကန့်အနည်းငယ်ကြာမှ သြရှရှစကားသံတချို့သည်စောလွန်း၏အကြားအာရုံထဲသို့စီးဝင်လာတော့၏။
"တွေးနေခဲ့တာ သက်လယ်ကိုပြန်မတွေ့တော့ရင်ဘယ်လိုလုပ်ရပါ့လို့တွေးနေခဲ့တာ"
ကျွန်တော်လည်းတွေးနေခဲ့တယ် ဓားပြကြီးလာမကယ်ရင်ဘယ်လိုလုပ်ရပါ့လို့။
"ပြီးတော့...နောင်တရပြီးကျန်နေရစ်ခဲ့မှာကိုလည်း စိုးရိမ်ခဲ့တယ်"
ဘယ်သူမှမသိအောင် ထွက်ပြေးလာခဲ့မိတာကိုနောင်တရမိတယ်။
"သက်လယ်ကိုကျုပ်ရင်ထဲကခံစားချက်တွေထုတ်မပြောဖြစ်လိုက်ရမှာကို ကျုပ်..."
"ဓားပြကြီး"
"ကျုပ်...ကျုပ်သက်လယ်ကိုချစ်တယ် ဒါကယုတ္တိမရှိဘူးဆိုတာသိပေမဲ့ ကျုပ်..အချိန်တိုလေးအတွင်းမှာ..."
ဒါဘယ်လိုအခြေအနေများပါလိမ့်။ဓားပြကြီးကစောလွန်းကိုချစ်တယ်တဲ့လား။ဟာသပြတ်လုံးတစ်ခုကိုကြားလိုက်ရသလို စောလွန်းမုန်းသည့်ဓားပြကစောလွန်းကိုချစ်သတဲ့လေ။
စိတ်လှုပ်ရှားနေပုံရကာ ဖွင့်ဟဝန်ခံခြင်းတို့မှာ ရှေ့နောက်မညီပါသော်လည်း လေးနက်မှုတွေကတော့ မျက်သားဖြူဖြူတို့ဝန်းရံနေသည့်မျက်ဝန်းနက်နက်မှာအရိပ်ထင်သည်။
သို့သော်လည်း....သို့ပါသော်လည်း.....
"ကျုပ်ကိုယုံပါနော် ကျုပ်သက်လယ်ကိုတကယ်ချစ်...."
"ကျွန်တော်မှာချစ်သူရှိနှင့်ပြီးသား"
မောင်ဟာ စောလွန်း၏ချစ်သူ။ရွာမှာစောလွန်း၏ပြန်အလာကိုစောင့်နေမဲ့ စောလွန်း၏ချစ်ရသူ။
ဟုတ်သည်။အချစ်ဦးမဟုတ်ခဲ့ပေမဲ့လည်း ပစ္စုပ္ပန်မှာတော့မောင်သည်သာ......
"ပြီးတော့...ခင်ဗျားကကျွန်တော်ပြန်ချစ်လို့မရတဲ့သူ"
ဓားပြဆိုတာစောလွန်းကိုစိတ်ဒဏ်ရာအများဆုံးပေးခဲ့သည့်အရာ။အမိုးနှင့်ဖထီးသေတာဓားပြတစ်ယောက်ကြောင့်။ထိုဓားပြကဗိုလ်ရာဇဆိုသည့်လူမဟုတ်သော်လည်း ဓားပြဆိုသောအသိနှင့်တင် စောလွန်းမုန်းဖို့အကြောင်းအရင်းလုံလောက်ခဲ့သည်။
"ကျွန်တော်....မုန်းနေတဲ့ဓားပြကြီး"
".............."
အင်း ဟုတ်တယ်....စောလွန်းထိုလူ့ကိုပြန်ချစ်လို့မရနိုင်ဘူး။
ခံစားချက်တွေကိုမထိန်းချုပ်လိုက်နိုင်ခဲ့ဘူး။ရင်ထဲမှာပြည့်ကြပ်နေခဲ့သည့်စကားလုံးတွေကို ထုတ်ပြောဖို့အတွက်မရည်ရွယ်ခဲ့ဘူး။တကယ်ကိုစိုးထိတ်နေခဲ့ရတာ...
ကိုယ့်ဆီကထွက်ပြေးပြီး ပိုင်ရှင်၏ရင်ခွင်ဆီရောက်သွားမှာကိုတော့မဟုတ်။
သူလေးမသိခဲ့တဲ့ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတချို့ကိုထုတ်မပြောလိုက်ရမှာကို..စိုးရွံ့ခဲ့တာ။
ထိုအချိန်ချလိုက်မိတဲ့ဆုံးဖြတ်ချက်တစ်ခုက နောင်အခါ...ဒီလူကြမ်းကြီးရဲ့အချစ်တွေကိုဆက်ပြီးဖုံးကွယ်မသွားတော့ဘူး။
ပေးအပ်ချင်တဲ့သူကမလိုချင်သော်လည်း အပြုံးမပျက်ရှေ့ဆက်ပြီးတော့ အချစ်တွေကိုအပ်နှင်းသွားပါတော့မယ်။
ချစ်ရသူမင်းလေးကတော့ ကိုယ့်ကိုမုန်းနိုင်တုန်းမုန်းပါလေ....
'ကျွန်တော့်မှာချစ်သူရှိနှင့်နေပြီးသား'တဲ့....
သိတာပေါ့ မင်းမှာချစ်သူရှိတာကိုလည်းသိပါတယ်။ဒါပေမဲ့...ဘယ်တတ်နိုင်ပါ့မလဲ။မင်းပြောသလိုပြန်ပြောရမယ်ဆိုရင် 'ကိုယ်ကလည်းချစ်မိနှင့်နေပြီးသားလေ'အချစ်ရယ်...
'ခင်ဗျားကကျွန်တော်ပြန်ချစ်လို့မရတဲ့သူ'တဲ့....
ဘာလို့လဲ...ကိုယ်ကဘာပြစ်ချက်များရှိနေလို့လဲ။ဓားပြဖြစ်နေလို့မချစ်နိုင်တာလား အဲတာဆိုရင်တော့ဖြင့်...တစ်ခွန်းလောက်ပဲအမိန့်ပေးလိုက်စမ်းပါဗျာ။ကိုယ်ဒီအလုပ်ကိုစွန့်လွှတ်ပစ်လိုက်မှာပါ။
'ကျွန်တော်မုန်းနေတဲ့ဓားပြကြီး'တဲ့လား....
*တစ်ခါတစ်လေတွေးမိတယ်...
သက်လယ်မုန်းအောင် အရင်ဘဝကဘယ်လိုအကုလိုလ်တွေများလုပ်ခဲ့မိလို့ပါလိမ့်။
မုန်းနိုင်သူကမုန်းနေတော့ ရာဇဆိုတဲ့ကျုပ် အလူးအလိမ့်ခံပေဦးပေါ့။ခင်ဗျားလေးပါးစပ်ကထွက်တဲ့စကားတိုင်းကို အမိအရဖမ်းဆုပ်နေမိတဲ့ကျုပ်အပြစ်ပဲထားပါလေ။
သို့ပေသိ...တစ်ခုတော့ပြောချင်မိပါရဲ့ သက်လယ်ရယ်....
*မုန်းတယ်ဆိုတဲ့စကားကိုတစ်ခွန်းကြားလိုက်ရတိုင်း ကျုပ်နှလုံးသားကတစ်ခါအက်ကွဲရာထင်တယ်*
ဆိုတဲ့အကြောင်း.....
.
.
အခြေအနေကအပ်ကျသံပင်မကြားရလောက်အောင်၊သစ်ရွက်လှုပ်သံလေးပင်မကြားရလောက်အောင်တိတ်ဆိတ်သွားသည်။ငြိမ်သက်ကာအသက်ရှုဖို့မေ့နေပြီလားမသိသူကို စောလွန်းသတိပေးသလိုမျက်နှာရှေ့မှာလက်ကိုရမ်းပြလိုက်သည်။ထိုအခါမှ...
"ကျုပ်တို့သွားရအောင်"
"ဟင် အင်း"
ထိုစကားတစ်ခွန်းတည်းပြန်ပြောပြီး ရှေ့မှခပ်သွက်သွက်သွားနေသူနောက် အမှီလိုက်ရတော့သည်။ခုနကဘာမှမဖြစ်ခဲ့သလို သူဘာမှမပြောသလို တည်ငြိမ်နေသူကိုကြည့်ရင်း နားမလည်နိုင်တော့ပေ။ထိုလူ့စိတ်ထဲဘယ်လိုစကားလုံးတွေများရှိနေနိုင်ပါသလဲ စောလွန်းသိချင်မိသည်။
ဂျွတ်!
"အာ့!"
"သက်လယ် ဘာဖြစ်တာလဲ"
အနားသို့အလင်းထက်မြန်သည့်အလျင်နှင့်ရောက်လာသူကြောင့် စောလွန်းလန့်သွားကာပြူးကြောင်ကြောင်လေးဖြစ်သွားသည်။
"ဟို...ကျုပ်ကသက်လယ်ရဲ့အော်သံကြားလို့"
"အင်း အဆစ်လွဲသွားတာထင်တယ် ဟိုချိုင့်ကိုမမြင်ဘဲနင်းလိုက်မိတာ"
ရှင်းလည်းရှင်းပြရင်းသူ့ခြေထောက်လေးနားရှိချိုင့်ခွက်သေးသေးလေးတစ်ခုကိုညွှန်ပြသည်။အာ့ဆိုသော အသံလေးကြားလိုက်တုန်းက ဘာများဖြစ်သွားသလဲဆိုပြီးစိတ်ပူသွားခဲ့ရတာကြောင့် ခြေလှမ်းတွေကလည်းနောက်လှည့်ပြီးသားပင်။
အဲလိုပါပဲ ရာဇဆိုတာသက်လယ်နှင့်ပတ်သတ်လျှင်အမှတ်သည်းခြေမရှိတတ်။ ချစ်ရသူကရာဇကို သက်လယ်လို့မခေါ်နဲ့ ရွံ့တယ်ဟု ပစ်ပစ်ခါခါပြောထားတာတောင် ရင်ထဲကနာမ်စားလေးကပါးစပ်ထဲထိစွဲနေတုန်းပင်။
"အဆစ်လွဲသွားတာဟုတ်လောက်မယ် ယောင်နေတယ်"
ကတ္တီပါအမဲလေးထက်က ခြေကောက်ဝတ်နေရာလေးသည် နီရဲကာအနည်းငယ်ဖောင်းကြွလာလေပြီ။
"လမ်းလျှောက်နိုင်ရဲ့လား"
ရာဇတို့နေသည့်နေရာရောက်ဖို့ဆိုလျှင် တော်တော်လေးလမ်းလျှောက်ရပေဦးမည်။ဒီလိုအခြေအနေနှင့်သက်လယ်အဆင်ပြေပါ့မလား။
"လျှောက်ကြည့်ရမှာ...အာ့"
ယိုင်ကျတော့မည့်ခန္ဓာကိုယ်လေးကို ရာဇလှမ်းထိန်းပေးလိုက်ရသည်။ဒီပုံစံတိုင်းဆိုရင်တော့မဖြစ် ညနေစောင်းပြီး ခဏနေဆိုနေဝင်တော့မည်။
"လာ ကျုပ်ကျောပေါ်တပ်"
"ဟမ်"
"ကျုပ်သက်လယ်ကိုကျောပိုးသွားမယ်လေ"
"အာ မဖြစ်ဘူးထင်တယ်"
"သက်လယ်ကကျုပ်ကျောပိုးတာမခံချင်လို့လား"
ဘယ်လိုပါလိမ့်။မျက်နှာငယ်လုပ်ပြနေသည့်ဓားပြကြီးသည် စောလွန်းမျက်စိရှေ့တွင်ကန့်လန့်ကြီးနှင့် လုံးဝကိုအဆင်မပြေပေ။
"အဲလိုမဟုတ်....ကျွန်တော့်ကိုယ်က'လေးတယ်လေ ခင်ဗျားအဆင်ပြေပါ့မလား"
"ပြေတယ် ပြေတယ် ကျုပ်အရမ်းပြေတယ် တတ်"
တတ်ကြွလွန်းနေသည့်ဓားပြကြီးကြောင့်ရော တကယ်လည်းခြေထောက်ကထောက်လိုက်တာနှင့်နာနေတာကြောင့်ပါ စောလွန်းထိုလူ့ကိုအားကိုးဖို့ဆုံးဖြတ်လိုက်တော့သည်။
ရာဇကျောပြင်ဆီသို့ထိကပ်လာသည့် သက်လယ်၏ရင်ဘတ်အထိအတွေ့ကြောင့် ရင်ထဲမှာမုန်တိုင်းတိုက်နေသလို ရင်ခုန်သံတွေတဒုန်းဒုန်းနှင့်မြန်လာရသည်။အသက်ကိုခပ်ပြင်းပြင်းရှူထုတ် စိတ်ကိုငြိမ်အောင်လုပ်လိုက်ပြီး ကျောပေါ်ကသက်လယ်ကိုထိန်းထားကာထရပ်လိုက်သည်နှင့်တပြိုင်နက်....
"အာ့!"
မနေ့ညကရှပ်ထိထားသည့်သေနတ်ဒဏ်ရာက သက်လယ်ကိုဆွဲမလိုက်သည့်အားကြောင့် နာကျင်လာကာ အာမေဍိတ်သံပင်ထွက်လိုက်မိသည်အထိ။
"ပြောတော့အဆင်ပြေတယ်ဆို ကျွန်တော်ပြန်ဆင်းရမလား"
"မဆင်းနဲ့!"
အောက်ပြန်ဆင်းတော့မည့်သက်လယ်ကိုစကားအရာနှင့်လည်းတားရင်း ကျောပေါ်သို့ပိုရောက်အောင် မ'တင်လိုက်သည်။
"ကျုပ်အဆင်မပြေရင်တောင် သက်လယ်ခြေထောက်ကိုတော့အနာမခံနိုင်ဘူး"
".............."
စောလွန်းမှာပြောစရာစကားတို့နတ္တိပင်။ဒီလူ၏စကားအသွားအလာကိုကြည့်ခြင်းဖြင့် ဘာကိုဆိုလိုသလဲဆိုတာသိပါသည်။သူကထိုသို့ ဂရုစိုက်ပြလေ သူ့ကိုမုန်းနေသည့်စောလွန်း၏စိတ်ကမလုံမလဲဖြစ်ရလေဖြစ်သည်။လူကိုအမြဲလွန်ဆွဲအောင်လုပ်တတ်သည့် ဓားပြကြီး။
<<<<<<
>>>>>>
"ကျွန်တော်တို့ခဏနားကြမလား"
ဒီအတိုင်းလမ်းလျှောက်လာတာတစ်နာရီနီးပါးရှိလေပြီဖြစ်တာကြောင့် ဓားပြကြီးလည်းညောင်းလောက်ရောပေါ့။ထို့ကြောင့် ခရီးတစ်ထောက်နားရန်စောလွန်းအကြံပြုလိုက်သည်။
"သက်လယ်သဘော"
အမှန်တိုင်းပြောရလျှင် ရာဇလည်းခေတ္တအနားယူဖို့လိုအပ်နေပြီ။သက်လယ်ကိုယ်လုံးလေးကမလေးပေမဲ့ ဒဏ်ရာကအချိန်ကြာလာသည့်အခါ သွေးပြန်စို့၍တစ်စထက်တစ်စပိုပိုနာကျင်လာသည်။
ပင်စည်ခပ်ကြီးကြီးအပင်တစ်ပင်အောင်ခြေမှာသက်လယ်ကိုချပေးကာ ရာဇလည်းဘေးတွင်ဝင်ထိုင်လိုက်သည်။ပတ်ဝန်းကျင်နှင့်ကောင်းကင်၏အခြေအနေကိုအကဲခတ်ကြည့်လိုက်တော့ ညနေစောင်းပြီးလို့နေဝင်လုဖြစ်နေချေပြီ။
"မကြာခင်မှောင်တော့မှာ ခဏလေးပဲနားပြီးပြန်ကြမယ်နော်"
"............"
"သက်လယ်"
ရာဇပြောနေသော်လည်း ပြန်ဖြေကြားလာခြင်းမရှိဘဲ သတိမေ့နေသူတစ်ယောက်လို ရာဇ၏လက်ဖျံကိုစိုက်ကြည့်နေတာကြောင့် ရာဇလည်းကိုယ့်လက်ကိုယ်ပြန်ကြည့်လိုက်သည်။
"ဟင်"
သွေးစီးကြောင်းတချို့ကညာဘက်လက်ဖျံမှာလာစုကာ နီရဲစေးပျစ်သည့်သွေးတွေသည်မြင်မကောင်းစွာ။ကြည့်ရတာ လက်မောင်းဒဏ်ရာကသွေးတွေစီးကျလာတာဖြစ်ရမည်။ဒါနဲ့...သက်လယ်ကသွေးကြောက်တတ်သည်မဟုတ်လား"
လက်ကိုနောက်မှာဖွက်ကာ သက်လယ်ကိုခေါင်းခါပြလိုက်သည်။ရာဇကအင်္ကျီလက်ရှည်အမဲဝတ်ထားတာကြောင့် ဒဏ်ရာကိုတော့သက်လယ်မြင်မှာမဟုတ်ပေ။
"ခင်ဗျား...ဒဏ်ရာရထားတာလား"
"ရတယ် ကျုပ်အဆင်ပြေတယ်"
အမြဲအဆင်ပြေတယ်ချည်းပြောနေသည့်လူကြောင့် စောလွန်း၏လက်တစ်ဆစ်စိတ်ကလေးကမရှည်တော့ပါ။ဒဏ်ရာရှိသည်ဆိုတာကိုမပြောဘဲ တစ်လမ်းလုံးစောလွန်းကိုကျောပိုးထားရသည်လို့။သွေးကြောက်တတ်တာမှန်သော်လည်း အခုချိန်သွေးကြောက်သည့်စိတ်ထက် ရူးနှမ်းလှသူ၏အပြုအမူတွေကိုနားမလည်နိုင်တော့သည့်စိတ်ကပိုနေသည်။
တစ်ဇွတ်ထိုး ခပ်ပွပွအင်္ကျီလက်ကိုဆွဲတင်ကြည့်လိုက်တော့ နီရဲရောင်ကိုင်းကာသွေးတွေထွက်နေသည့်ဒဏ်ရာကြီးတစ်ခုက စောလွန်းကိုဆိုးရွားစွာကြိုဆိုလို့နေသည်။
ဒီဒဏ်ရာကြီးနဲ့ စောလွန်းကိုတစ်လမ်းလုံး...
"ပေး လက်"
"ကျုပ် အဆင်..."
"ခင်ဗျားပါးစပ်ကိုပိတ်ပြီး ခဏလေးငြိမ်ငြိမ်နေ"
"..............."
ဗြီးးးးးးး
"သက်လယ်!"
"ဘာလဲ"
"ဘာလို့ကျုပ်ပုဆိုးကိုဖြဲပစ်ရသတုန်း"
"ခင်ဗျားကိုအနိုင်ကျင့်ဖို့လေ"
စိတ်တိုတိုနှင့်ရွှဲ့ပြောပစ်လိုက်သည်။
"ဟမ်"
ကျစ်!
သူမဟုတ်သည့်အတိုင်းကြောင်တောင်တောင်လုပ်နေသူကို စိတ်မရှည်တာကြောင့် လုပ်လက်စကိုသာအာရုံပြန်စိုက်နေလိုက်သည်။ဖြဲထားသည့်ပုဆိုးအနားစလေးကို ဒဏ်ရာပေါ်တွင်ချည်နှောင်ပေးပြီးမှ ဆွဲတင်ထားသည့်အင်္ကျီလက်ကိုပြန်ချလိုက်သည်။
"ရပြီ ဒီလိုဆိုသွေးတိတ်သွားလိမ့်မယ်"
ရာဇကတော့သက်လယ်၏အပြုအမူတွေကို ကြောင်အ'ရင်းသာကြည့်နေမိသည်။ဒီလိုလည်းမထင်ရင်မထင်သလို ဂရုစိုက်တတ်တာသက်လယ်၏အကျင့်ပေလား။
"ကျေးဇူးပါသက်လယ်"
"မလိုပါဘူးနော် ဒီဒဏ်ရာကဘယ်လိုရတာလဲဆိုတာသာပြောပြ"
".............."
"မဟုတ်မှ......."
စောလွန်းထင်တာမှန်သလားဟူသည့်အကြည့်ဖြင့်စိုက်ကြည့်ပေးလိုက်တော့ မျက်နှာလွှဲကာခေါင်းရှောင်သွားသောသူ။ခဏကြာမှ...
"မနေ့ကကျုပ်နဲ့တပည့်သုံးယောက် ဓားပြသွားတိုက်ကြတာ မူးယစ်ဆေးဝါးဖြန့်ချီနေတဲ့လူတစ်စုကို"
"ဘယ်လို...."
"အင်း လူငယ်တွေဘိန်းဆွဲနေကြတယ် အဲတာကြောင့် အရင်းအမြစ်ဖြစ်တဲ့လူဆီသွားပြီးပစ္စည်းတွေကိုဖျက်ဆီးခဲ့ကြတာ"
"သက်လယ်ရှိနေလို့ဆင်ခြင်ချင်ပေမဲ့ကျုပ်တို့အချိန်ဆွဲလေ လူငယ်တွေပျက်စီးလေဖြစ်မှာ အဲတာကြောင့်...သက်လယ်အိပ်နေတုန်း...."
"အင်း ကျွန်တော်နားလည်ပြီ ဒဏ်ရာကရော"
စောလွန်းထိုဓားပြကြီးကို သက်သက်အထင်လွဲမိသွားတာပဲ။မနက်ကရိုင်းရိုင်းစိုင်းစိုင်းပြောမိတာတွေပြန်တွေးမိလာတော့ အားနာစိတ်ကခေါင်းငုံ့ချမိလိုက်သည်အထိ။သော်ကပြောသလို စောလွန်းတကယ်ကိုနောင်တရချေပြီ။
"သူတို့ဘက်ကလူတွေနဲ့တိုက်ရင်းခိုက်ရင်း သေနတ်ထိတာ"
"သေနတ်!"
သေနတ်ဆိုသည့်စကားကြောင့် စောလွန်းခေါင်းလေးမတ်ခနဲပြန်ဖြစ်သွားသည်။
"သက်လယ်စိတ်မပူနဲ့ ရှပ်ပဲထိသွားတာ"
"ဘယ်သူကစိတ်ပူတာလဲ ဘယ်သူမှစိတ်ပူမနေဘူး"
"............."
ဘာမှပြန်မပြောလာတော့ဘဲ ပြုံးပြုံးကြီးစိုက်ကြည့်နေသူကို စောလွန်းမျက်စောင်းဒိုင်းခနဲပစ်သွင်းပေးလိုက်သည်။အလကားလူကြီး အကောင်းမြင်ပေးလို့မရ။ဒါပေမဲ့လည်း...စောလွန်းကမှားခဲ့သူမဟုတ်လား။
"ကျွန်တော်.....တောင်းပန်ပါတယ်"
မျက်နှာငယ်လေးနှင့်တောင်းပန်နေပုံမှာ အခုမှသူ့အမှားသူသိသွားဟန်။လက်နှစ်ဖက်ကိုအချင်းချင်းပွတ်ကာ မျက်နှာငုံ့နေသူလေးကို ရာဇချစ်စဖွယ်စိုက်ကြည့်နေမိသည်။
"တောင်းပန်စရာမလိုပါဘူး ကျုပ်သက်လယ်ကိုအပြစ်မယူဘူး ဒါပေမဲ့...."
"ခင်ဗျားပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"
ပြောနေရင်းတန်းလန်းတိတ်ဆိတ်သွားသူကို စောလွန်းစကားထောက်ပေးလိုက်သည်။
"သက်လယ်ရဲ့အမုန်းစကားတွေကတော့ဖြင့် ကျုပ်ရင်ကိုနွေရာသီပမာပူပြင်းစေတယ်"
စောလွန်း၏မျက်ဝန်းတွေကိုစိုက်ကြည့်ရင်းဖွင့်ဟလာသည့်စကားလုံးတချို့။
သူစိမ်းလူတစ်ယောက်ကိုယ့်ကိုအရာရာခွင့်လွှတ်အရှုံးပေးနေခြင်းဟာ လွန်စွာချစ်ခင်မြတ်နိုးနေတာကြောင့်လို့စောလွန်းကြားဖူးနားဝရှိသည်။ဒီဓားပြကြီးကရော...ဘယ်လောက်တောင်ချစ်မိနေလို့ စောလွန်းကိုဒီလိုစကားတွေဖွင့်ပြောနိုင်ရတာလဲ။
မုန်းတယ်ဆိုသည့်စကားတစ်ခွန်းကြောင့် ဓားပြကြီးဒီလောက်ထိခံစားခဲ့ရလိမ့်မည်ဟုမထင်ခဲ့ရိုးအမှန်ပါ။စောလွန်းကဗိုလ်ရာဇကိုမုန်းတာမဟုတ်ဘဲ ဓားပြတွေကိုရွံ့ရှာကြောက်ရွံ့နေခြင်းဖြစ်ကြောင်းကိုတော့ မပြောပြလိုတော့။မျှော်လင့်ချက်ပေးသလိုဖြစ်သွားပြီးမှ ထိုမျှော်လင့်ချက်ပျက်စီးခံရသည့်အခါ ကြင်နာတတ်သည့်ဓားပြကြီးကပိုခံစားရလိမ့်မည်။ဒီလိုလေး စောလွန်းသူ့ကိုမုန်းနေတယ်လို့သိထားပါစေလေ။
စောလွန်းထင်တာမမှားခဲ့ပါဘူး...ရာဇခက်ထန်ဆိုသည့်လူက ကြင်နာတတ်သည့်ဓားပြတစ်ယောက်ဆိုတာ အမှန်ပါပဲ။
<<<<<<
>>>>>>
"ဟိုမှာ ဆရာတို့ပြန်လာ...အဲ"
အာဂတို့ရှိရာသို့တစ်လှမ်းချင်းလှမ်းလာသူနှစ်ယောက်၏ထူးဆန်းသည့်အနေအထားကြောင့် အာဂရ၏ကြိုဆိုမှုလေးကဆုံးခန်းမတိုင်ခဲ့ပေ။ဆရာကကောင်လေးတစ်ယောက်ကိုကုန်းပိုးထားသည့်မြင်ကွင်းသည် နဂါးမြင်လိုက်ရတာထက်ကိုထူးဆန်းလွန်းသည်။ချစ်နေတယ်ဆိုတာသိပေမဲ့ ဒီလောက်ကြီးထိကတော့။
"သော်က ဒဏ်ကျေလိမ်းဆေးဘူးသွားယူလာခဲ့"
သော်ကတို့သုံးယောက်ကမီးပုံနားမှာစုထိုင်ကာ ရာဇတို့ပြန်အလာကိုစောင့်နေကြဟန်ရှိသည်။
ထို့နောက်သော်ကယူလာပေးသည့်ဆေးပုလင်းလေးကိုသက်လယ်ကိုကမ်းပေးကာ ဆေးလိမ်းစေလိုက်သည်။ကိုယ်တိုင်သေသေချာချာလိမ်းပေးချင်ပေမဲ့ တပည့်တွေရှေ့မှာကျအမြင်မတော်ပေ။သက်လယ်ကိုတစ်မျိုးထင်သွားမှာမျိုး ရာဇမလိုလား။
ရာဇကိုယ်တိုင်လည်း လက်မောင်းကိုဆေးဖက်ဝင်အရွက်တချို့အုံကာ အဝတ်သန့်တစ်ခုဖြင့်ပြန်လဲစီးထားလိုက်သည်။
အရင်တိုင်း ငါးယောက်လုံးမီးပုံကိုဝိုင်းဖွဲ့ကာထိုင်နေကြသည်။ညစာအဖြစ်မာနဖမ်းထားသည့်ငါးတွေကို ကင်ကာစားလိုက်ကြသည်။
"ဒီနေ့ည လမင်းကြီးကပိုပြီးသာနေသလိုပဲနော်"
အာဂကကောင်းကင်ထက်ရှိ ဝိုင်းစက်စက်လမင်းကြီးကိုမျှော်ငေးကာပြောသည်။
"အေးနော် ဒီလိုအချိန်သီချင်းလေးဆိုလိုက်ရရင်တော့ဖြင့်...."
ထို့နောက် အာဂနှင့်မာနအကြည့်ချင်းဆုံသွားသည်။အကြံတူရန်သူဆိုပေမဲ့ ဒီတစ်ခေါက်တော့မိတ်ဆွေပင်။နှစ်ယောက်သားလက်ချင်းရိုက်ကာ ထိုနေရာမှထထွက်လာခဲ့လိုက်သည်။
ကျန်သည့်သုံးယောက်မှာတော့ အာဂနှင့်မာနလုပ်နေသမျှကို ဒီအတိုင်းသာကြည့်နေမိတော့၏။ခဏအကြာ ထိုနှစ်ယောက်လုံးမီးပုံဝိုင်းမှာလာပြန်ထိုင်ကြသည်။သို့သော်...လူချည်းပဲတော့မဟုတ် မာနလက်ထဲတွင်'ဘင်ဂျို'တစ်လက်ကိုင်ထားသည်။
"မာန မင်းကတီး ငါကဆိုမယ်"
"ဟုတ်ပြီ ဆို"
"အဟမ်း အဟမ်း"
အာဂအားလုံးကိုသီချင်းနှင့် ဖျော်ဖြေမည်ဆိုသည့်အကြံဖြင့် ချောင်းဟန့်လိုက်သည်။အားလုံးကလည်းသူ့ဆီကထွက်လာမည့်သီချင်းသံကိုစိတ်ဝင်စားဟန်စိုက်ကြည့်နေကြသည်။သို့သော်...ဆရာ့မျက်လုံးတွေကတော့အာဂဆီမှာမရှိဘဲ မာနလက်ထဲကဘင်ဂျိုဆီရောက်နေသည်။ထိုဘင်ဂျိုဆီမှသံစဥ်ထွက်ပေါ်လာချိန်မှာတော့ အာဂသီချင်းဆိုရန်အသင့်ပြင်လိုက်သည်။
"သဘာဝကိုပုံထင်ပြကာ ထိ..."
"တိတ်စမ်း"
".............."
အော်ပြောလိုက်တာမဟုတ်ဘဲ ပုံမှန်အသံနေအသံထားနှင့် တားဆီလိုက်သည့်ဆရာဖြစ်သူကြောင့် အာဂတစ်ကြောင်းတောင်ဆုံးအောင်မဆိုလိုက်ရ။ထို့အတူ ဘင်ဂျိုတီးနေသည့်မာန၏လက်တွေလည်းရပ်တန့်သွားတော့သည်။
"မာန ငါ့ကိုဘင်ဂျိုပေး"
မာနအယောင်ယောင်အနနဖြင့် ဆရာ့ကိုဘင်ဂျိုလှမ်းပေးလိုက်ရသည်။
ဘင်ဂျို၏ကြိုးတွေကိုစမ်းနေသည့်ဆရာ့ကိုကြည့်ရင်း အာဂတို့သာမက သော်ကပင်မျက်လုံးတိုးပြူးသွားရသည်။မဟုတ်မှ...ဆရာသီချင်းဆိုဖို့လား။
သူတို့အထင်မမှားပါ။ထွက်ပေါ်လာသည့်ဘင်ဂျိုသံစဥ်နှင့်အတူ ဆရာ့နှုတ်ဖျားမှထွက်ကျလာသည်လား ရင်ထဲကထွက်ကျလာသည်လားမသဲကွဲသည့် သီချင်းစာသားတချို့က အားလုံး၏နားစည်ကိုရိုက်ခတ်သွားခဲ့သည်။
~နေရောင်တောင်စွယ်မှာကွယ်ရင်~
~ငွေလမင်းလေး ထွန်းလင်းလာမယ်လေ~
~မာယာရှင်လေးမုန်းသွားပါစေ ~
~ကြင်နာသူလေးတစ်ယောက်လာမယ်လေ~
ကောင်းကင်မှာထွန်းလင်းနေသည့်လမင်းကြီးက ရာဇ၏ခံစားချက်တချို့စွန်းထင်းနေသည့် သီချင်းစာသားတွေကိုထောက်ပံ့ပေးနေသယောင်။
~နွေလို ပူလောင်သောအလွမ်းနဲ့~
~ငိုရင် လူဖြစ်လည်းရှုံးလို့ရယ်~
~အချိန်တွေအကုန်မခံနိုင်ဘူးကွယ်~
~အချစ်ဆုံးမုန်းနိုင်တုန်းမုန်းကွယ်~
စောလွန်းနှင့်အကြည့်ချင်းဆုံလျက် ဘင်ဂျိုကိုလှပစွာတီးခတ်ရင်း မသာယာသည့်တိုင် နားထောင်ကောင်းသည့်အသံဖြင့်သီချင်းဆိုနေသည့်ဓားပြကြီး။
ခံစားချက်တွေစီးဝင်နေသည့်စာသားတချို့က စောလွန်းကိုပင်အိုးတို့အန်းတန်းဖြစ်သွားစေသည်။
~ကမ္ဘာမှာ ပျော်သလိုနေနိုင်ရင်~
~လူဖြစ်မရှုံးဘူး တွေးထားသူပါလေ~
~လိုချင်တာလေး လှမ်းလို့မလွယ်ရင်~
~လွယ်တာကိုဘဲ ရအောင်ယူမယ်~
တကယ်တော့...လွယ်တာကိုရအောင်ယူဖို့တောင်ခက်ခဲလှပါသည်။ထိုအတိုင်းလုပ်လိုက်လျှင် ချစ်ရသည့်သက်လယ်စိတ်ဆင်းရဲရုံမှအပ ထူးခြားသွားတာမျိုးရှိမည်မဟုတ်။သက်လယ်ကိုစိတ်ဆင်းရဲအောင်လုပ်ဖို့ဆိုတာ ရာဇခက်ထန်အတွက်ခက်ခဲလှသည်။
~ချိုပလီရယ် ဟန်ဆောင်လှည့်ဖျားစိမ်းလို့~
~ယာယီပျော် အချစ်ကလေးထားသွားလို့~
~ရင်ခွင်မှာလေ နာကျင်နေလည်းကွယ်~
~ကိုယ့်အသည်း ကွဲကြေသွားဖို့မလွယ်~
အကယ်၍ အကယ်၍များပေါ့....သက်လယ်ထွက်သွားခဲ့မယ်ဆိုရင်...နာကျင်နေရင်တောင်မှ ကိုယ်သက်လယ်ကိုလွမ်းနေမှာပါ။
သက်လယ်အလိုဆန္ဒအတိုင်း ဒေါင်းလုံရွာဆီ သက်လယ်ကိုပြန်ပို့ပေးပါ့မယ်။
ကိုယ်ကတော့...သက်လယ်ချန်ရစ်ခဲ့တဲ့ အမုန်းတွေကိုရင်ဝယ်ပိုက်လို့ စွယ်တော်နှစ်လွှာတောင်ကိုငေးရင်း ရေကြည်ချောင်းလေးဘေးကကျောက်ဆောင်ပေါ်မှာ သက်လယ်ကိုလွမ်းနေရစ်ပါ့မယ်။
စွယ်တော်နှစ်လွှာတောင်ရဲ့အကြောင်းကိုလည်း မသိချင်စမ်းပါနဲ့တော့ သက်လယ်ရယ်....
<<<<<<
>>>>>>
Mediaမှာသီချင်းရှိပါတယ် ဦးစိုးပိုင်ရဲ့ "နေကွယ်ရင် လထွက်မယ်"ဆိုတဲ့ရာဇရဲ့ခံစားချက်တွေကိန်းဝပ်နေတဲ့သီချင်းလေးပါ။
ဆေးပန်းချီ🌸
၈.၁.၂၀၂၂💜
"အင့္ လႊတ္..လႊတ္ဦး"
ေပ်ာက္ကြယ္သြားမွာစိုးသည့္အလား တင္းတင္းၾကပ္ၾကပ္ဖက္ထားသူေၾကာင့္ အသက္ပါရႉမရေတာ့သည္အထိ။လက္ေမာင္းကိုပုတ္ကာ လႊတ္ေပးရန္ေတာင္းဆိုေတာ့မွ အသာတၾကည္လႊတ္ေပးလာကာ ေစာလြန္းမ်က္လုံးေတြကိုစိုက္ၾကည့္လာျပန္သည္။
စူးရွလြန္းတဲ့မ်က္ဝန္းနက္နက္ေတြထဲ ခံစားခ်က္ေတြရႈပ္ေထြးေနတာေၾကာင့္ ထိုမ်က္လုံးရဲ႕အဓိပၸာယ္အတိအက်ကိဳေစာလြန္းမခန့္မွန္းနိုင္။ဒီလိုမ်က္ဝန္း၊ဒီလိုအၾကည့္မ်ိဳးနဲ႕ဓားျပႀကီးဆီမွာ မၾကာခဏအၾကည့္ခံရေလ့ရွိတယ္ဆိုေပမယ့္ ဒီတစ္ေခါက္ကေတာ့မတူဘူး။ဘယ္လိုေျပာရမလဲ ခံစားခ်က္ေတြရႈပ္ေထြးၿပီး ပိုၿပီးေလးနက္ေနတဲ့အၾကည့္မ်ိဳး။
အသက္ရႉသံေတြကျပင္းေနကာ မ်က္သားေတြလည္းနီလို႔ ေစာလြန္းကိုတစ္ခုခုေျပာခ်င္ဟန္ ႏႈတ္ခမ္းျပင္ေနေတာ့သည္။ေစာလြန္းကေတာ့ ထိုလူ႕ရဲ႕ထူးဆန္းတဲ့အျပဳအမူေၾကာင့္ႏႈတ္ဆိတ္၍သာေနေနလိုက္သည္။
စကၠန့္အနည္းငယ္ၾကာမွ ၾသရွရွစကားသံတစ္ခ်ိဳ႕သည္ေစာလြန္းရဲ႕အၾကားအာ႐ုံထဲသို႔စီးဝင္လာေတာ့၏။
"ေတြးေနခဲ့တာ သက္လယ္ကိုျပန္မေတြ႕ေတာ့ရင္ဘယ္လိုလုပ္ရပါ့လို႔ေတြးေနခဲ့တာ"
ကြၽန္ေတာ္လည္းေတြးေနခဲ့တယ္ ဓားျပႀကီးလာမကယ္ရင္ဘယ္လိုလုပ္ရပါ့လို႔။
"ၿပီးေတာ့...ေနာင္တရၿပီးက်န္ေနရစ္ခဲ့မွာကိုလည္း စိုးရိမ္ခဲ့တယ္"
ဘယ္သူမွမသိေအာင္ ထြက္ေျပးလာခဲ့မိတာကိုေနာင္တရမိတယ္။
"သက္လယ္ကိုက်ဳပ္ရင္ထဲကခံစားခ်က္ေတြထုတ္မေျပာျဖစ္လိုက္ရမွာကို က်ဳပ္..."
"ဓားျပႀကီး"
"က်ဳပ္...က်ဳပ္သက္လယ္ကိုခ်စ္တယ္ ဒါကယုတၱိမရွိဘူးဆိုတာသိေပမယ့္ က်ဳပ္..အခ်ိန္တိုေလးအတြင္းမွာ..."
ဒါဘယ္လိုအေျခအေနမ်ားပါလိမ့္။ဓားျပႀကီးကေစာလြန္းကိုခ်စ္တယ္တဲ့လား။ဟာသျပတ္လုံးတစ္ခုကိုၾကားလိုက္ရသလို ေစာလြန္းမုန္းတဲ့ဓားျပကေစာလြန္းကိုခ်စ္သတဲ့ေလ။
စိတ္လႈပ္ရွားေနပုံရကာ ဖြင့္ဟဝန္ခံျခင္းတို႔မွာ ေရွ႕ေနာက္မညီပါေသာ္လည္း ေလးနက္မႈေတြကေတာ့ မ်က္သားျဖဴျဖဴတို႔ဝန္းရံေနသည့္မ်က္ဝန္းနက္နက္မွာအရိပ္ထင္သည္။
သို႔ေသာ္လည္း....သို႔ပါေသာ္လည္း.....
"က်ဳပ္ကိုယုံပါေနာ္ က်ဳပ္သက္လယ္ကိုတစ္ကယ္ခ်စ္...."
"ကြၽန္ေတာ္မွာခ်စ္သူရွိႏွင့္ၿပီးသား"
ေမာင္ဟာ ေစာလြန္းရဲ႕ခ်စ္သူ။႐ြာမွာေစာလြန္းရဲ႕ျပန္အလာကိုေစာင့္ေနမယ့္ ေစာလြန္းရဲ႕ခ်စ္ရသူ။
ဟုတ္သည္။အခ်စ္ဦးမဟုတ္ခဲ့ေပမယ့္လည္း ပစၥဳပၸန္မွာေတာ့ေမာင္သည္သာ......
"ၿပီးေတာ့...ခင္ဗ်ားကကြၽန္ေတာ္ျပန္ခ်စ္လို႔မရတဲ့သူ"
ဓားျပဆိုတာေစာလြန္းကိုစိတ္ဒဏ္ရာအမ်ားဆုံးေပးခဲ့တဲ့အရာ...အမိုးနဲ႕ဖထီးေသတာဓားျပတစ္ေယာက္ေၾကာင့္။အဲ့ဓားျပကဗိုလ္ရာဇဆိုတဲ့လူမဟုတ္ေပမယ့္ ဓားျပဆိုတဲ့အသိနဲ႕တင္ ေစာလြန္းမုန္းဖို႔အေၾကာင္းအရင္းလုံေလာက္ခဲ့တယ္။
"ကြၽန္ေတာ္....မုန္းေနတဲ့ဓားျပႀကီး"
".............."
အင္း ဟုတ္တယ္....ေစာလြန္းထိုလူ႕ကိုျပန္ခ်စ္လို႔မရနိုင္ဘူး။
ခံစားခ်က္ေတြကိုမထိန္းခ်ဳပ္လိုက္နိုင္ခဲ့ဘူး။ရင္ထဲမွာျပည့္ၾကပ္ေနခဲ့တဲ့စကားလုံးေတြကိုထုတ္ေျပာဖို႔အတြက္မရည္႐ြယ္ခဲ့ဘူး။တကယ္ကိုစိုးထိတ္ေနခဲ့ရတာ...
ကိုယ့္ဆီကထြက္ေျပးၿပီး ပိုင္ရွင္ရဲ႕ရင္ခြင္ဆီေရာက္သြားမွာကိုေတာ့မဟုတ္ပါ။
သူေလးမသိခဲ့တဲ့ကိုယ့္ရဲ႕ခ်စ္ျခင္းေမတၱာတခ်ိဳ႕ကိုထုတ္မေျပာလိုက္ရမွာကို..စိုး႐ြံ႕ခဲ့တာ။
ထိုအခ်ိန္ခ်လိဳက္မိတဲ့ဆုံးျဖတ္ခ်က္တစ္ခုက ေနာင္အခါ...ဒီလူၾကမ္းႀကီးရဲ႕အခ်စ္ေတြကိုဆက္ၿပီးဖုံးကြယ္မသြားေတာ့ဘူး။
ေပးအပ္ခ်င္တဲ့သူကမလိုခ်င္ေသာ္လည္း အၿပဳံးမပ်က္ေရွ႕ဆက္ၿပီးေတာ့ အခ်စ္ေတြကိုအပ္ႏွင္းသြားပါေတာ့မယ္။
ခ်စ္ရသူမင္းေလးကေတာ့ ကိုယ့္ကိုမုန္းနိုင္တုန္းမုန္းပါေလ....
'ကြၽန္ေတာ့္မွာခ်စ္သူရွိႏွင့္ေနၿပီးသား'တဲ့....
သိတာေပါ့ မင္းမွာခ်စ္သူရွိတာကိုလည္းသိပါတယ္။ဒါေပမယ့္...ဘယ္တတ္နိုင္ပါ့မလဲ။မင္းေျပာသလိုျပန္ေျပာရမယ္ဆိုရင္ 'ကိုယ္ကလည္းခ်စ္မိႏွင့္ေနၿပီးသားေလ'အခ်စ္ရယ္...
'ခင္ဗ်ားကကြၽန္ေတာ္ျပန္ခ်စ္လို႔မရတဲ့သူ'တဲ့....
ဘာလို႔လဲ...ကိုယ္ကဘာပစ္ခ်က္မ်ားရွိေနလို႔လဲ။ဓားျပျဖစ္ေနလို႔မခ်စ္နိုင္တာလား အဲ့တာဆိုရင္ေတာ့ျဖင့္...တစ္ခြန္းေလာက္ပဲအမိန့္ေပးလိုက္စမ္းပါဗ်ာ။ကိုယ္ဒီအလုပ္ကိုစြန့္လႊတ္ပစ္လိုက္မွာပါ။
'ကြၽန္ေတာ္မုန္းေနတဲ့ဓားျပႀကီး'တဲ့လား....
*တစ္ခါတစ္ေလေတြးမိတယ္...
သက္လယ္မုန္းေအာင္ အရင္ဘဝကဘယ္လိုအကုသလိုလ္ေတြမ်ားလုပ္ခဲ့မိလို႔ပါလိမ့္*
မုန္းနိုင္သူကမုန္းေနေတာ့ ရာဇဆိုတဲ့က်ဳပ္ အလူးအလိမ့္ခံေပဦးေပါ့။ခင္ဗ်ားေလးပါးစပ္ကထြက္တဲ့စကားတိုင္းကိုအမိအရဖမ္းဆုပ္ေနမိတဲ့က်ဳပ္အျပစ္ပဲထားပါေလ။သို႔ေပသိ...တစ္ခုေတာ့ေျပာခ်င္မိပါရဲ႕ သက္လယ္ရယ္....
*မုန္းတယ္ဆိုတဲ့စကားကိုတစ္ခြန္းၾကားလိုက္ရတိုင္း က်ဳပ္ႏွလုံးသားကတစ္ခါအက္ကြဲရာထင္တယ္*
ဆိုတဲ့အေၾကာင္း.....
.
.
အေျခအေနကအပ္က်သံပင္မၾကားရေလာက္ေအာင္၊သစ္႐ြက္လႈပ္သံေလးပင္မၾကားရေလာက္ေအာင္တိတ္ဆိတ္သြားသည္။ၿငိမ္သက္ကာအသက္ရႈဖို႔ေမ့ေနၿပီလားမသိသူကို ေစာလြန္းသတိေပးသလိုမ်က္ႏွာေရွ႕မွာလက္ကိုရမ္းျပလိုက္သည္။ထိုအခါမွ...
"က်ဳပ္တို႔သြားရေအာင္"
"ဟင္ အင္း"
ထိုစကားတစ္ခြန္းတည္းျပန္ေျပာၿပီး ေရွ႕မွခပ္သြက္သြက္သြားေနသူေနာက္ အမွီလိုက္ရေတာ့သည္။ခုနကဘာမွမျဖစ္ခဲ့သလို၊သူဘာမွမေျပာသလို တည္ၿငိမ္ေနသူကိုၾကည့္ရင္း နားမလည္နိုင္ေတာ့ေပ။ထိုလူ႕စိတ္ထဲဘယ္လိုစကားလုံးေတြမ်ားရွိေနနိုင္ပါသလဲ ေစာလြန္းသိခ်င္မိသည္။
ဂြၽတ္!
"အာ့!"
"သက္လယ္ ဘာျဖစ္တာလဲ"
အနားသို႔အလင္းထက္ျမန္တဲ့အလ်င္နဲ႕ေရာက္လာသူေၾကာင့္ ေစာလြန္းလန့္သြားကာျပဴးေၾကာင္ေၾကာင္ေလးျဖစ္သြားသည္။
"ဟို...က်ဳပ္ကသက္လယ္ရဲ႕ေအာ္သံၾကားလို႔"
"အင္း အဆစ္လႊဲသြားတာထင္တယ္ ဟိုခ်ိဳင့္ကိုမျမင္ဘဲနင္းလိုက္မိတာ"
ရွင္းလည္းရွင္းျပရင္းသူ႕ေျခေထာက္ေလးနားရွိခ်ိဳင့္ခြက္ေသးေသးေလးတစ္ခုကိုၫႊန္ျပသည္။အာ့ဆိုတဲ့အသံေလးၾကားလိုက္ တုန္းက ဘာမ်ားျဖစ္သြားသလဲဆိုၿပီးစိတ္ပူသြားခဲ့ရတာေၾကာင့္ ေျခလွမ္းေတြကလည္းေနာက္လွည့္ၿပီးသား။
အဲ့လိုပါပဲ ရာဇဆိုတာသက္လယ္နဲ႕ပတ္သတ္ရင္အမွတ္သည္းေျခကိုမရွိတာ။ဟိုကရာဇကို သက္လယ္လို႔မေခၚနဲ႕ ႐ြံ႕တယ္ေျပာထားတာေတာင္ ရင္ထဲကနာမ္စားေလးကပါးစပ္ထဲထိစြဲေနတုန္း။
"အဆစ္လြဲသြားတာဟုတ္ေလာက္မယ္ ေယာင္ေနတယ္"
ကတၱီပါအမဲေလးထက္က ေျခေကာက္ဝတ္ေနရာေလးသည္ နီရဲကာအနည္းငယ္ေဖာင္းႂကြလာေလၿပီ။
"လမ္းေလွ်ာက္နိုင္ရဲ႕လား"
ရာဇတို႔ေနတဲ့ေနရာေရာက္ဖို႔ဆိုရင္ ေတာ္ေတာ္ေလးလမ္းေလွ်ာက္ရေပဦးမည္။ဒီလိုအေျခအေနနဲ႕သက္လယ္အဆင္ေျပပါ့မလား။
"ေလွ်ာက္ၾကည့္ရမွာ...အာ့"
ယိုင္က်ေတာ့မည့္ခႏၶာကိုယ္ေလးကို ရာဇလွမ္းထိန္းေပးလိုက္ရသည္။ဒီပုံစံတိုင္းဆိုရင္ေတာ့မျဖစ္ဘူး ညေနေစာင္းၿပီးခဏေနဆိုေနဝင္ေတာ့မည္။
"လာ က်ဳပ္ေက်ာေပၚတပ္"
"ဟမ္"
"က်ဳပ္သက္လယ္ကိုေက်ာပိုးသြားမယ္ေလ"
"အာ မျဖစ္ဘူးထင္တယ္"
"သက္လယ္ကက်ဳပ္ေက်ာပိုးတာမခံခ်င္လို႔လား"
ဘယ္လိုပါလိမ့္။မ်က္ႏွာငယ္လုပ္ျပေနသည့္ဓားျပႀကီးသည္ ေစာလြန္းမ်က္စိေရွ႕တြင္ကန့္လန့္ႀကီးနဲ႕လုံးဝကိုအဆင္မေျပေပ။
"အဲ့လိုမဟုတ္....ကြၽန္ေတာ့္ကိုယ္က'ေလးတယ္ေလ ခင္ဗ်ားအဆင္ေျပပါ့မလား"
"ေျပတယ္ ေျပတယ္ က်ဳပ္အရမ္းေျပတယ္ တတ္"
အရမ္းတတ္ႂကြေနတဲ့ဓားျပႀကီးေၾကာင့္ေရာ၊တကယ္လည္းေျခေထာက္ကေထာက္လိုက္တာနဲ႕နာေနတာေၾကာင့္ပါ ေစာလြန္းထိုလူ႕ကိုအားကိုးဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။
ရာဇေက်ာျပင္ဆီသို႔ထိကပ္လာသည့္ သက္လယ္ရဲ႕ရင္ဘတ္အထိအေတြ႕ေၾကာင့္ ရင္ထဲမွာမုန္တိုင္းတိုက္ေနသလို ရင္ခုန္သံေတြတဒုန္းဒုန္းနဲ႕ျမန္လာရသည္။အသက္ကိုခပ္ျပင္းျပင္းရႉထုတ္၊စိတ္ကိုၿငိမ္ေအာင္လုပ္လိုက္ၿပီး ေက်ာေပၚကသက္လယ္ကိုထိန္းထားကာထရပ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္....
"အာ့!"
မေန႕ညကရွပ္ထိထားသည့္ေသနတ္ဒဏ္ရာက သက္လယ္ကိုဆြဲမလိုက္သည့္အားေၾကာင့္ နာက်င္လာကာ အာေမဍိတ္သံပင္ထြက္လိုက္မိသည္အထိ။
"ေျပာေတာ့အဆင္ေျပတယ္ဆို ကြၽန္ေတာ္ျပန္ဆင္းရမလား"
"မဆင္းနဲ႕!"
ေအာက္ျပန္ဆင္းေတာ့မည့္သက္လယ္ကိုစကားအရာနဲ႕လည္းတားရင္း ေက်ာေပၚသို႔ပိုေရာက္ေအာင္ မ'တင္လိုက္သည္။
"က်ဳပ္အဆင္မေျပရင္ေတာင္ သက္လယ္ေျခေထာက္ကိုေတာ့အနာမခံနိုင္ဘူး"
".............."
ေစာလြန္းမွာေျပာစရာစကားတို႔နတၱိပင္။ဒီလူ႕ရဲ႕စကားအသြားအလာကိုၾကည့္ျခင္းျဖင့္ ဘာကိုဆိုလိုသလဲဆိုတာသိပါသည္။သူကအဲ့လိုဂ႐ုစိုက္ျပေလ သူ႕ကိုမုန္းေနတဲ့ေစာလြန္းရဲ႕စိတ္ကမလုံမလဲျဖစ္ေလပဲ။လူကိုအၿမဲလြန္ဆြဲေအာင္လုပ္တတ္တဲ့ ဓားျပႀကီးပါလား။
<<<<<<
>>>>>>
"ကြၽန္ေတာ္တို႔ခဏနားၾကမလား"
ဒီအတိုင္းလမ္းေလွ်ာက္လာတာတစ္နာရီနီးပါးရွိေလၿပီျဖစ္တာေၾကာင့္ ဓားျပႀကီးလည္းေညာင္းေလာက္ေရာေပါ့။ထို႔ေၾကာင့္ ခရီးတစ္ေထာက္နားရန္ေစာလြန္းအႀကံျပဳလိုက္သည္။
"သက္လယ္သေဘာ"
အမွန္တိုင္းေျပာရရင္ ရာဇလည္းခဏနားဖို႔လိုအပ္ေနၿပီ။သက္လယ္ကိုယ္လုံးေလးကမေလးေပမယ့္ ဒဏ္ရာကအခ်ိန္ၾကာလာသည့္အခါ ေသြးျပန္စို႔၍တစ္စထက္တစ္စပိုပိုနာက်င္လာသည္။
ပင္စည္ခပ္ႀကီးႀကီးအပင္တစ္ပင္ေအာင္ေျခမွာသက္လယ္ကိုခ်ေပးကာ ရာဇလည္းေဘးတြင္ဝင္ထိုင္လိုက္သည္။ပတ္ဝန္းက်င္ႏွင့္ေကာင္းကင္၏အေျခအေနကိုအကဲခတ္ၾကည့္လိုက္ေတာ့ ညေနေစာင္းၿပီးလို႔ေနဝင္လုျဖစ္ေနေခ်ၿပီ။
"မၾကာခင္ေမွာင္ေတာ့မွာ ခဏေလးပဲနားၿပီးျပန္ၾကမယ္ေနာ္"
"............"
"သက္လယ္"
ရာဇေျပာေနေသာ္လည္း ျပန္ေျဖၾကားလာျခင္းမရွိဘဲ သတိေမ့ေနသူတစ္ေယာက္လို ရာဇရဲ႕လက္ဖ်ံကိုစိုက္ၾကည့္ေနတာေၾကာင့္ ရာဇလည္းကိုယ့္လက္ကိုယ္ျပန္ၾကည့္လိုက္သည္။
"ဟင္"
ေသြးစီးေၾကာင္းတခ်ိဳ႕ကညာဘက္လက္ဖ်ံမွာလာစုကာ နီရဲေစးပ်စ္သည့္ေသြးေတြသည္ျမင္မေကာင္းစြာ။ၾကည့္ရတာ လက္ေမာင္းဒဏ္ရာကေသြးေတြစီးက်လာတာျဖစ္ရမည္။ဒါနဲ႕...သက္လယ္ကေသြးေၾကာက္တတ္တယ္မလား။ထိုအခ်င္းအရာကိုျပန္သတိရကာ ရာဇထိတ္ထိတ္ျပာျပာျဖစ္သြားသည္။
"မၾကည့္နဲ႕"
လက္ကိုေနာက္မွာဖြက္ကာ သက္လယ္ကိုေခါင္းခါျပလိုက္သည္။ရာဇကအကၤ်ီလက္ရွည္အမဲဝတ္ထားတာေၾကာင့္ ဒဏ္ရာကိုေတာ့သက္လယ္ျမင္မွာမဟုတ္ေပ။
"ခင္ဗ်ား...ဒဏ္ရာရထားတာလား"
"ရတယ္ က်ဳပ္အဆင္ေျပတယ္"
အၿမဲအဆင္ေျပတယ္ခ်ည္းေျပာေနသည့္လူေၾကာင့္ ေစာလြန္းရဲ႕လက္တစ္ဆစ္စိတ္ကေလးကမရွည္ေတာ့ပါ။ဒဏ္ရာရွိတယ္ဆိုတာကိုမေျပာဘဲ တစ္လမ္းလုံးေစာလြန္းကိုေက်ာပိုးထားရတယ္လို႔။ေသြးေၾကာက္တတ္တာမွန္ေသာ္လည္း အခုခ်ိန္ေသြးေၾကာက္တဲ့စိတ္ထက္ ႐ူးႏွမ္းလွတဲ့ထို႔လူ႕အျပဳအမူေတြကိုနားမလည္နိုင္ေတာ့သည္စိတ္ကပိုေနသည္။
တစ္ဇြတ္ထိုး ခပ္ပြပြအကၤ်ီလက္ကိုဆြဲတင္ၾကည့္လိုက္ေတာ့ နီရဲေရာင္ကိုင္းကာေသြးေတြထြက္ေနသည့္ဒဏ္ရာႀကီးတစ္ခုက ေစာလြန္းကိုဆိုး႐ြားစြာႀကိဳဆိုလို႔ေနသည္။
ဒီဒဏ္ရာႀကီးနဲ႕ ေစာလြန္းကိုတစ္လမ္းလုံး...
"ေပး လက္"
"က်ဳပ္ အဆင္..."
"ခင္ဗ်ားပါးစပ္ကိုပိတ္ၿပီး ခဏေလးၿငိမ္ၿငိမ္ေန"
"..............."
ၿဗီးးးးးးး
"သက္လယ္!"
"ဘာလဲ"
"ဘာလို႔က်ဳပ္ပုဆိုးကိုၿဖဲပစ္ရသတုန္း"
"ခင္ဗ်ားကိုအနိုင္က်င့္ဖို႔ေလ"
စိတ္တိုတိုနဲ႕႐ႊဲ႕ေျပာပစ္လိုက္သည္။
"ဟမ္"
က်စ္!
သူမဟုတ္တဲ့အတိုင္းေၾကာင္ေတာင္ေတာင္လုပ္ေနသူကို စိတ္မရွည္တာေၾကာင့္ လုပ္လက္စကိုသာအာ႐ုံျပန္စိုက္ေနလိုက္သည္။ၿဖဲထားတဲ့ပုဆိုးအနားစေလးကို ဒဏ္ရာေပၚတြင္ခ်ည္ႏွောင္ေပးၿပီးမွ ဆြဲတင္ထားသည့္အကၤ်ီလက္ကိုျပန္ခ်လိဳက္သည္။
"ရၿပီ ဒီလိုဆိုေသြးတိတ္သြားလိမ့္မယ္"
ရာဇကေတာ့သက္လယ္ရဲ႕အျပဳအမူေတြကို ေၾကာင္အ'ရင္းသာၾကည့္ေနမိသည္။ဒီလိုလည္းမထင္ရင္မထင္သလို ဂ႐ုစိုက္တတ္တာသက္လယ္ရဲ႕အက်င့္ေပလား။
"ေက်းဇူးပါသက္လယ္"
"မလိုပါဘူးေနာ္ ဒီဒဏ္ရာကဘယ္လိုရတာလဲဆိုတာသာေျပာျပ"
".............."
"မဟုတ္မွ......."
ေစာလြန္းထင္တာမွန္သလားဟူသည့္အၾကည့္ျဖင့္စိုက္ၾကည့္ေပးလိုက္ေတာ့ မ်က္ႏွာလႊဲကာေခါင္းေရွာင္သြားေသာသူ။ခဏၾကာမွ...
"မေန႕ကက်ဳပ္နဲ႕တပည့္သုံးေယာက္ ဓားျပသြားတိုက္ၾကတာ မူးယစ္ေဆးဝါးျဖန့္ခ်ီေနတဲ့လူတစ္စုကို"
"ဘယ္လို...."
"အင္း လူငယ္ေတြဘိန္းဆြဲေနၾကတယ္ အဲ့တာေၾကာင့္ အရင္းအျမစ္ျဖစ္တဲ့လူဆီသြားၿပီးပစၥည္းေတြကိုဖ်က္ဆီးခဲ့ၾကတာ"
"သက္လယ္ရွိေနလို႔ဆင္ျခင္ခ်င္ေပမယ့္ က်ဳပ္တို႔အခ်ိန္ဆြဲေလ လူငယ္ေတြပ်က္စီးေလျဖစ္မွာ အဲ့တာေၾကာင့္...သက္လယ္အိပ္ေနတုန္း...."
"အင္း ကြၽန္ေတာ္နားလည္ၿပီ ဒဏ္ရာကေရာ"
ေစာလြန္းထိုဓားျပႀကီးကို သက္သက္အထင္လြဲမိသြားတာပဲ။မနက္ကရိုင္းရိုင္းစိုင္းစိုင္းေျပာမိတာေတြျပန္ေတြးမိလာေတာ့ အားနာစိတ္ကေခါင္းငုံ႕ခ်မိလိုက္သည္အထိ။ေသာ္ကေျပာသလို ေစာလြန္းတကယ္ကိုေနာင္တရေခ်ၿပီ။
"သူတို႔ဘက္ကလူေတြနဲ႕တိုက္ရင္းခိုက္ရင္း ေသနတ္ထိတာ"
"ေသနတ္!"
ေသနတ္ဆိုတဲ့စကားေၾကာင့္ ေစာလြန္းေခါင္းေလးမတ္ခနဲျပန္ျဖစ္သြားသည္။
"သက္လယ္စိတ္မပူနဲ႕ ရွပ္ပဲထိသြားတာ"
"ဘယ္သူကစိတ္ပူတာလဲ ဘယ္သူမွစိတ္ပူမေနဘူး"
"............."
ဘာမွျပန္မေျပာလာေတာ့ဘဲ ၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနသူကို ေစာလြန္းမ်က္ေစာင္းဒိုင္းခနဲပစ္သြင္းေပးလိုက္သည္။အလကားလူႀကီး အေကာင္းျမင္ေပးလို႔မရဘူး လူကိုအေနရခက္ေအာင္။ဒါေပမယ့္လည္း...ေစာလြန္းကမွားခဲ့သူမဟုတ္လား။ထို႔ေၾကာင့္
"ကြၽန္ေတာ္.....ေတာင္းပန္ပါတယ္"
မ်က္ႏွာငယ္ေလးနဲ႕ေတာင္းပန္ေနပုံမွာ အခုမွသူ႕အမွားသူသိသြားဟန္။လက္ႏွစ္ဖက္ကိုအခ်င္းခ်င္းပြတ္ကာ မ်က္ႏွာငုံ႕ေနသူေလးကို ရာဇခ်စ္စဖြယ္စိုက္ၾကည့္ေနမိသည္။
"ေတာင္းပန္စရာမလိုပါဘူး က်ဳပ္သက္လယ္ကိုအျပစ္မယူဘူး ဒါေပမယ့္......."
"ခင္ဗ်ားပြင့္ပြင့္လင္းလင္းေျပာလို႔ရပါတယ္"
ေျပာေနရင္းတန္းလန္းတိတ္ဆိတ္သြားသူကို ေစာလြန္းစကားေထာက္ေပးလိုက္သည္။
"သက္လယ္ရဲ႕အမုန္းစကားေတြကေတာ့ျဖင့္ က်ဳပ္ရင္ကိုႏြေရာသီပမာပူျပင္းေစတယ္"
ေစာလြန္းရဲ႕မ်က္ဝန္းေတြကိုစိုက္ၾကည့္ရင္းဖြင့္ဟလာသည့္စကားလုံးတခ်ိဳ႕....
သူစိမ္းလူတစ္ေယာက္ကိုယ့္ကိုအရာရာခြင့္လႊတ္အရႈံးေပးေနျခင္းဟာ လြန္စြာခ်စ္ခင္ျမတ္နိုးေနတာေၾကာင့္လို႔ေစာလြန္းၾကားဖူးနားဝရွိသည္။ဒီဓားျပႀကီးကေရာ...ဘယ္ေလာက္ေတာင္ခ်စ္မိေနလို႔ ေစာလြန္းကိုဒီလိုစကားေတြဖြင့္ေျပာနိုင္ရတာလဲ။
မုန္းတယ္ဆိုတဲ့စကားတစ္ခြန္းေၾကာင့္ ဓားျပႀကီးဒီေလာက္ထိခံစားခဲ့ရလိမ့္မယ္လို႔မထင္ခဲ့ရိုးအမွန္ပါ။ေစာလြန္းကဗိုလ္ရာဇကိုမုန္းတာမဟုတ္ဘဲ ဓားျပေတြကို႐ြံ႕ရွာေၾကာက္႐ြံ႕ေနျခင္းျဖစ္ေၾကာင္းကိုေတာ့ မေျပာျပလိုေတာ့။ေမွ်ာ္လင့္ခ်က္ေပးသလိုျဖစ္သြားၿပီးမွ ထိုေမွ်ာ္လင့္ခ်က္ပ်က္စီးခံရသည့္အခါ ၾကင္နာတတ္တဲ့ဓားျပႀကီးကပိုခံစားရလိမ့္မယ္။ဒီလိုေလး ေစာလြန္းသူ႕ကိုမုန္းေနတယ္လို႔သိထားပါေစေလ။
ေစာလြန္းထင္တာမမွားခဲ့ပါဘူး...ရာဇခက္ထန္ဆိုတဲ့လူကၾကင္နာတတ္တဲ့ဓားျပတစ္ေယာက္ အမွန္ပါပဲ။
<<<<<<
>>>>>>
"ဟိုမွာ ဆရာတို႔ျပန္လာ...အဲ"
အာဂတို႔ရွိရာသို႔တစ္လွမ္းခ်င္းလွမ္းလာသူႏွစ္ေယာက္ရဲ႕ထူးဆန္းသည့္အေနအထားေၾကာင့္ အာဂရဲ႕ႀကိဳဆိုမႈေလးကဆုံးခန္းမတိုင္ခဲ့ေပ။ဆရာကေကာင္ေလးတစ္ေယာက္ကိုကုန္းပိုးထားတဲ့ျမင္ကြင္းသည္ နဂါးျမင္လိုက္ရတာထက္ကိုထူးဆန္းလြန္းသည္။ခ်စ္ေနတယ္ဆိုတာသိေပမယ့္ ဒီေလာက္ႀကီးထိ...
"ေသာ္က ဒဏ္ေက်လိမ္းေဆးဘူးသြားယူလာခဲ့"
ေသာ္ကတို႔သုံးေယာက္ကမီးပုံနားမွာစုထိုင္ကာ ရာဇတို႔ျပန္အလာကိုေစာင့္ေနၾကဟန္ရွိသည္။
ထို႔ေနာက္ေသာ္ကယူလာေပးသည့္ေဆးပုလင္းေလးကိုသက္လယ္ကိုကမ္းေပးကာေဆးလိမ္းေစလိုက္သည္။ကိုယ္တိုင္ေသေသခ်ာခ်ာလိမ္းေပးခ်င္ေပမယ့္ တပည့္ေတြေရွ႕မွာက်အျမင္မေတာ္ေပ။သက္လယ္ကိုတစ္မ်ိဳးထင္သြားမွာမ်ိဳး ရာဇမလိုလား။
ရာဇကိုယ္တိုင္လည္း လက္ေမာင္းကိုေဆးဖက္ဝင္အ႐ြက္တစ္ခ်ိဳ႕အုံကာ အဝတ္သန့္နဲ႕စီးထားလိုက္သည္။
အရင္တိုင္း ငါးေယာက္လုံးမီးပုံကိုဝိုင္းဖြဲ႕ကာထိုင္ေနၾကသည္။ညစာအျဖစ္မာနဖမ္းထားသည့္ငါးေတြကို ကင္ကာစားလိုက္ၾကသည္။
"ဒီေန႕ည လမင္းႀကီးကပိုၿပီးသာေနသလိုပဲေနာ္"
အာဂကေကာင္းကင္ထက္ရွိ ဝိုင္းစက္စက္လမင္းႀကီးကိုေမွ်ာ္ေငးကာေျပာသည္။
"ေအးေနာ္ ဒီလိုအခ်ိန္သီခ်င္းေလးဆိုလိုက္ရရင္ေတာ့ျဖင့္...."
ထို႔ေနာက္ အာဂနဲ႕မာနအၾကည့္ခ်င္းဆုံသြားသည္။အႀကံတူရန္သူဆိုေပမယ့္ ဒီတစ္ေခါက္ေတာ့မိတ္ေဆြပင္။ႏွစ္ေယာက္သားလက္ခ်င္းရိုက္ကာ ထိုေနရာမွထထြက္လာခဲ့လိုက္သည္။
က်န္တဲ့သုံးေယာက္မွာေတာ့ အာဂနဲ႕မာနလုပ္ေနသမွ်ကိုဒီအတိုင္းသာၾကည့္ေနမိေတာ့၏။ခဏအၾကာ ထိုႏွစ္ေယာက္လုံးမီးပုံဝိုင္းမွာလာျပန္ထိုင္ၾကသည္။သို႔ေသာ္...လူခ်ည္းပဲေတာ့မဟုတ္ မာနလက္ထဲတြင္'ဘင္ဂ်ိဳ'တစ္လက္ကိုင္ထားသည္။
"မာန မင္းကတီး ငါကဆိုမယ္"
"ဟုတ္ၿပီ ဆို"
"အဟမ္း အဟမ္း"
အာဂအားလုံးကိုသီခ်င္းနဲ႕ေဖ်ာ္ေျဖမယ္ဆိုတဲ့အႀကံနဲ႕ ေခ်ာင္းဟန္လိုက္သည္။အားလုံးကလည္းသူ႕ဆီကထြက္လာမည့္သီခ်င္းသံကိုစိတ္ဝင္စားဟန္စိုက္ၾကည့္ေနၾကသည္။သို႔ေသာ္...ဆရာ့မ်က္လုံးေတြကေတာ့အာဂဆီမွာမရွိဘဲ မာနလက္ထဲကဘင္ဂ်ိဳဆီေရာက္ေနသည္။ထိုဘင္ဂ်ိဳဆီမွသံစဥ္ထြက္ေပၚလာခ်ိန္မွာေတာ့ အာဂသီခ်င္းဆိုရန္အသင့္ျပင္လိုက္သည္။
"သဘာဝကိုပုံထင္ျပကာ ထိ..."
"တိတ္စမ္း"
".............."
ေအာ္ေျပာလိုက္တာမဟုတ္ဘဲ ပုံမွန္အသံေနအသံထားနဲ႕ တားဆီလိုက္သည့္ဆရာျဖစ္သူေၾကာင့္ အာဂတစ္ေၾကာင္းေတာင္ဆုံးေအာင္မဆိုလိုက္ရ။ထို႔အတူ ဘင္ဂ်ိဳတီးေနသည့္မာန၏လက္ေတြလည္းရပ္တန့္သြားေတာ့သည္။
"မာန ငါ့ကိုဘင္ဂ်ိဳေပး"
မာနေယာင္နနနဲ႕ဘဲ ဆရာ့ကိုဘင္ဂ်ိဳလွမ္းေပးလိုက္ရသည္။
ဘင္ဂ်ိဳရဲ႕ႀကိဳးေတြကိုစမ္းေနသည့္ဆရာ့ကိုၾကည့္ရင္း အာဂတို႔သာမက ေသာ္ကပင္မ်က္လုံးတိုးျပဴးသြားရသည္။မဟုတ္မွ...ဆရာသီခ်င္းဆိုဖို႔လား။
သူတို႔အထင္မမွားပါ။ထြက္ေပၚလာသည့္ဘင္ဂ်ိဳသံစဥ္ႏွင့္အတူ ဆရာ့ႏႈတ္ဖ်ားမွထြက္က်လာသည္လား၊ရင္ထဲကထြက္က်လာသည္လားမသဲကြဲသည့္ သီခ်င္းစာသားတခ်ိဳ႕က အားလုံးရဲ႕နားစည္ကိုရိုက္ခတ္သြားခဲ့သည္။
~ေနေရာင္ေတာင္စြယ္မွာကြယ္ရင္~
~ေငြလမင္းေလး ထြန္းလင္းလာမယ္ေလ~
~မာယာရွင္ေလးမုန္းသြားပါေစ ~
~ၾကင္နာသူေလးတစ္ေယာက္လာမယ္ေလ~
ေကာင္းကင္မွာထြန္းလင္းေနသည့္လမင္းႀကီးက ရာဇရဲ႕ခံစားခ်က္တခ်ိဳ႕စြန္းထင္းေနသည့္ သီခ်င္းစာသားေတြကိုေထာက္ပံ့ေပးေနသေယာင္။
~ႏြေလို ပူေလာင္ေသာအလြမ္းနဲ႕~
~ငိုရင္ လူျဖစ္လည္းရႈံးလို႔ရယ္~
~အခ်ိန္ေတြအကုန္မခံနိုင္ဘူးကြယ္~
~အခ်စ္ဆုံးမုန္းနိုင္တုန္းမုန္းကြယ္~
ေစာလြန္းနဲ႕အၾကည့္ခ်င္းဆုံလ်က္ ဘင္ဂ်ိဳကိုလွပစြာတီးခတ္ရင္း မသာယာသည့္တိုင္ နားေထာင္ေကာင္းသည့္အသံျဖင့္သီခ်င္းဆိုေနသည့္ဓားျပႀကီး။
ခံစားခ်က္ေတြစီးဝင္ေနသည့္စာသားတခ်ိဳ႕က ေစာလြန္းကိုပင္အိုးတို႔အန္းတန္းျဖစ္သြားေစသည္။
~ကမၻာမွာ ေပ်ာ္သလိုေနနိုင္ရင္~
~လူျဖစ္မရႈံးဘူး ေတြးထားသူပါေလ~
~လိုခ်င္တာေလး လွမ္းလို႔မလြယ္ရင္~
~လြယ္တာကိုဘဲ ရေအာင္ယူမယ္~
တကယ္ေတာ့...လြယ္တာကိုရေအာင္ယူဖို႔ေတာင္ခက္ခဲလွပါသည္။ထိုအတိုင္းလုပ္လိုက္လွ်င္ ခ်စ္ရသည့္သက္လယ္စိတ္ဆင္းရဲ႐ုံမွအပ ထူးျခားသြားတာမ်ိဳးရွိမည္မဟုတ္။ထိုေၾကာင့္...
သက္လယ္ကိုစိတ္ဆင္းရဲေအာင္လုပ္ဖို႔ဆိုတာ ရာဇခက္ထန္အတြက္ခက္ခဲတယ္။
~ခ်ိဳပလီရယ္ ဟန္ေဆာင္လွည့္ဖ်ားစိမ္းလို႔~
~ယာယီေပ်ာ္ အခ်စ္ကေလးထားသြားလို႔~
~ရင္ခြင္မွာေလ နာက်င္ေနလည္းကြယ္~
~ကိုယ့္အသည္း ကြဲေၾကသြားဖို႔မလြယ္~
အကယ္၍ အကယ္၍မ်ားေပါ့....သက္လယ္ထြက္သြားခဲ့မယ္ဆိုရင္...နာက်င္ေနရင္ေတာင္မွ ကိုယ္သက္လယ္ကိုလြမ္းေနမွာပါ။
သက္လယ္အလိုဆႏၵအတိုင္း ေဒါင္းလုံ႐ြာဆီ သက္လယ္ကိုျပန္ပို႔ေပးပါ့မယ္။
ကိုယ္ကေတာ့...သက္လယ္ခ်န္ရစ္ခဲ့တဲ့ အမုန္းေတြကိုရင္ဝယ္ပိုက္လို႔ စြယ္ေတာ္ႏွစ္လႊာေတာင္ကိုေငးရင္း ေရၾကည္ေခ်ာင္းေလးေဘးကေက်ာက္ေဆာင္ေပၚမွာ သက္လယ္ကိုလြမ္းေနရစ္ပါ့မယ္။
စြယ္ေတာ္ႏွစ္လႊာေတာင္ရဲ႕အေၾကာင္းကိုလည္း မသိခ်င္စမ္းပါနဲ႕ေတာ့ သက္လယ္ရယ္....
<<<<<<
>>>>>>
Mediaမွာသီခ်င္းရွိပါတယ္ ဦးစိုးပိုင္ရဲ႕ "ေနကြယ္ရင္ လထြက္မယ္"ဆိုတဲ့ရာဇရဲ႕ခံစားခ်က္ေတြကိန္းဝပ္ေနတဲ့သီခ်င္းေလးပါ။
ေဆးပန္းခ်ီ🌸
၈.၁.၂၀၂၂💜