{Unicode}
"ကြားဖြတ်"
ရန်ကျားလိသည် ယဲ့ထင်အား အဖြေ ပြန်မပေးခဲ့ပေ။
ယဲ့ထင်သည် ဖုန်းကို ကိုင်ထားရင်း အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သည့်တိုင် ရန်ကျားလိ၏ အတည်ပြုသော အဖြေစကားကို မကြားရ၍ မျှော်လင့်ချက် ပျောက်ရုံကလွဲပြီး မတတ်နိုင်တော့။
ရန်ကျားလိက တိုးညှင်းသော လေသံနှင့် ဆိုသည်။
"ယဲ့ထင်၊ ဒီလောက် နှစ်တွေ ကြာနေပြီ။ ငါနဲ့မင်းလည်း ပြောင်းလဲသွားတာတွေ အများကြီး ဖြစ်နေပြီ"
"ငါလည်း အရင်ကလို အဲ့လောက်ကြီး ရူးတူးတူး ပေါကြောင်ကြောင်နိုင်တဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ ငါအရင်က တစ်သက်လုံး လွတ်လပ်ပြီး အပူအပင် ကင်းတဲ့ ဘဝကိုပဲ ဖြတ်သန်းချင်တယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ ရိုက်ခတ်မှုတွေက ငါ့ကိုအဲ့လို မဖြစ်နိုင်စေခဲ့ဘူးလေ။ ငါလည်း အစောကြီးကတည်းက မင်းနှလုံးသားထဲက အဲ့လို ပုံစံမျိုး မဟုတ်တော့ဘူး။ မင်းရောပဲ၊ မင်း တက္ကသိုလ်တုန်းက ခပ်တန်းတန်း နေတတ်တယ်။ မာနကြီးတယ်။ အကျင့်စရိုက်ကလည်း နည်းနည်း ပိုင်စိုးပိုင်နင်း ဆန်ပေမယ့် အများကြီး ကောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုလက်ရှိ မင်းကတော့ ကြမ်းတမ်းတဲ့ ဝံပုလွေလိုမျိုး ဖမ်းမိတဲ့ လူတိုင်းကို ကိုက်မယ်ဆိုတာချည်းပဲ။ နောက်ပြီးတော့ အစွန်းရောက်ပြီး ရက်စက်သေးတယ်။ ငါ....."
ရန်ကျားလိ စကားဆုံးအောင် မပြောရသေးခင်မှာပဲ ယဲ့ထင်က လေးလံစွာနှင့် ကြားဖြတ် ပြောလာသည်။
"ရန်ရန်၊ ကိုယ်မင်းအပေါ်မှာ ဘယ်တုန်းကမှ မရက်စက်ချင်ခဲ့ပါဘူး"
ရန်ကျားလိက သရော်ပြုံး ပြုံးလိုက်ပြီး
"အရှက်ခွဲတယ်၊ မုဒိမ်းကျင့်တယ်၊ ကြိုးတုပ်တယ်၊ အကျဥ်းချထားတယ်။ ဒါတောင် မလုံလောက်သေးဘူးလား"
ယဲ့ထင်သည် ခဏတာမျှ တိတ်ဆိတ်သွားပြီး
"တကယ်လို့ မင်းသာ ပြန်လာဖို့ ဆန္ဒရှိရင် ကိုယ် အာမခံပါတယ်။ အဲ့လိုဟာမျိုးတွေ ထပ်မဖြစ်စေရတော့ပါဘူး"
ရန်ကျားလိက အသက် ခပ်ပြင်းပြင်း ရှူလိုက်ပြီး
"အမှန်အတိုင်း ပြောရရင် ငါသိပ်ပြီး မယုံရဲတော့ဘူး"
ငယ်စဥ်အခါက ဘွားဘွားသည် ရန်ကျားလိအား လယ်ကွင်းတစ်ခုသို့ ခေါ်သွားပေးခဲ့သည်။ ရလဒ်အနေနှင့် တွင်းမြောင်းထဲမှ မြွေသေတစ်ကောင်ကို တူးဖော်မိသွားသည်။
မြွေ၏ ပုံသဏ္ဍာန်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ရန်ကျားလိလေးသည် ထိတ်လန့်သွားသည်။ သူသည် ဝူးဝူးဝါးဝါးနှင့် ငိုကြွေးကာ ဘွားဘွားကို ဆွဲပြီး အိမ်သို့ ပြန်ခေါ်လာခဲ့သည်။ ပေါက်စီလုံးလေးနှင့်တူသော ဖောင်းဖောင်းမို့မို့ ချစ်စရာ မျက်နှာလေးတွင် မျက်ရည်နှင့် နှပ်ချေးတို့ ပြည့်လျှံနေတော့သည်။ ထိုအချိန်မှ စတင်ပြီး နောက်နှစ်ပေါင်း များစွာထိ အမြှောင်းပုံသဏ္ဍာန် တွားသွားနေသည့် အရာများအား မြင်တွေ့လျှင် သည်းမခံနိုင်ဘဲ ကြောက်ရွံ့လာသည်။ တက္ကသိုလ် စတုတ္ထနှစ်တုန်းက ယဲ့ထင်နှင့် ချစ်တင်းနှောခြင်း အမှုလက်စသတ်ချိန်တွင် သတိမထားမိဘဲ နံဘေးမှ အနက်ရောင် ခါးပတ်ကို တွေ့လိုက်ရသောအခါ သူသည် လန့်ဖျပ်သွားပြီး ယခုလေးတင် ပြီးမြောက်သွားသော ယဲ့ထင်အား ကုတင်ပေါ်မှ ကန်ချမိတော့ မလိုပင် ဖြစ်သွားသည်။
မြွေကြောင့် တစ်ကြိမ် ထိတ်လန့်သွားသည်နှင့် ကြိုးကို ဆယ်နှစ်တာမျှ ကြောက်ရွံ့သွားရ၏။
ယဲ့ထင်နံဘေးတွင် ရှိနေခဲ့စဥ်ကလည်း ဤကဲ့သို့ မှောင်မိုက်သော မှတ်ဥာဏ်များ ရှိခဲ့ဖူးပါသည်။ ရန်ကျားလိသည် နှလုံးသား၏ အတားအဆီးကို ဖယ်ချပစ်ဖို့ရန် အမှန်တကယ် မလွယ်ကူခဲ့ပေ။
ယဲ့ထင်သည် မကူကယ်လိုက်နိုင်ဘဲ တိတ်ဆိတ်သွားတော့သည်။ အတန်ကြာမှ
"....ပေါင်ပေါင်း၊ မင်းယုံကြည်လာမယ့် တစ်နေတော့ ရှိလာမှာပါ"
အချိန်အတော် ကြာသည်အထိ ဖုန်းလိုင်းတစ်ဖက်မှ ပြန်ဖြေသံကို မကြားရပေ။
ယဲ့ထင်သည် ဖုန်းကို ပြန်ကြည့်မိသော အခါမှ ဘယ်စဥ်ကတည်းက ပြတ်တောက်သွားခဲ့မှန်း မသိသော ဖုန်းကောလ်ကိုသာ မြင်လိုက်ရသည်။
ယဲ့ထင်သည် ဖုန်းကို သိမ်းလိုက်ပြီး မှောင်တစ်ဝက် ဖြစ်နေသည့် အိပ်ခန်းထဲ ထိုင်ကာ မီးမဖွင့်ဘဲ ဆေးလိပ်မီး ညှိနေခဲ့သည်။
ဆေးလိပ်ငွေ့များသည် အိပ်ခန်းအနှံ့ တလှိုင်လှိုင် လွင့်မျောနေခဲ့ပြီး အဆုတ်ထဲထိတိုင် စိမ့်ဝင်လာခဲ့သည်။
ယဲ့ထင်သည် လက်ချောင်းများကြားမှ တဖျပ်ဖျပ် လက်နေသည့် လိမ္မော်ရင့်ရောင် မီးတောက်ကို ကြည့်နေရင်း အကြောင်းအရင်း မပီသစွာ ခပ်ဖျော့ဖျော့ ပြုံးလာသည်။
ဟိုစဥ်ကတည်းက မိမိအမေက မိမိအား သွေးအေးတတ်ပြီး စာနာမှုလည်း မရှိဘဲ နှလုံးသားသည်လည်း ရေခဲဖြင့် ထုလုပ်ထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
အရင်အချိန်များက သူ ထိုအကြောင်းအရာပေါ် အလေးအနက် ထားမနေခဲ့ပေ။
သို့သော် ရန်ကျားလိနှင့် လမ်းခွဲပြတ်စဲလို့ အပြီးမှာတော့ သူ့အမေစကားက သိပ်မှန်နေတာပါပဲ ဆိုသည့်အကြောင်း သူ နားလည်ခဲ့ရသည်။
သူ အမေရိကန်ကို ရောက်သွားပြီးနောက် ရာထူးတက်သွားသည်။ ထိုအခါ အာဏာသိမ်းပြီး ပြိုင်ဘက်များအား ချေမှုန်းကာ ချိုးနှိမ်ခဲ့သည်။ လူတို့အား လက်ချောင်းများ ကျိုးကြေသည်အထိ နှိပ်စက်လျှင်ပင် နှလုံးသား၌ လှိုင်းထသကဲ့သို့ နိမ့်ချည်မြင့်ချည် တုန်လှုပ်မှု တစ်စုံတစ်ရာ မရှိခဲ့လေအံ့။
သူသည် ယဲ့မိသားစု၏ အင်အား အချက်အချာ အာဏာတို့ကို အမှီသဟဲပြုကာ ရှင်းထုတ်ပစ်ရန် ပြင်ဆင်ခဲ့သည်။ အမည်ခံ အစ်ကိုယဲ့ဖန်သည် သားရဲက သားကောင်ကို လိုချင်တပ်မက်စွာ စိုက်ကြည့်နေသည့်နှယ် သူ၏ လုပ်ဆောင်ချက်များကို တားဆီးခဲ့သည်။ ယဲ့ထင်ကတော့ မျက်နှာသေဖြင့် သူ့အား စီးချင်းထိုးကာ ရှုံးနိမ့်မှုကြား မျောပါသွားခဲ့သည်ကို ကြည့်နေခဲ့သည်။ ယဲ့ထင်သည် အစ်ကိုဖြစ်သူက လူဖြစ်နေသေးသော်လည်း သရဲတစ္ဆေကဲ့သို့ စိတ်ဝိညာဥ် မရှိတော့ဘဲ ရူးသွပ်သွားသည့် ပုံပန်းသဏ္ဍာန်ကိုသာ ကြည့်နေရင်း ရယ်စရာ ကောင်းသည်ဟုသာ တွေးနေဖြစ်ခဲ့သည်။
သူ အမြင့်သို့ ပိုပို တက်လှမ်းနိုင်ခဲ့လေလေ၊ ပိုပို သွေးအေးလာရလေလေ ဖြစ်ခဲ့ရဟန် တူ၏။
ရန်ကျားလိနှင့် တွေ့သောအခါတွင်တော့ အရာအားလုံးဟာ ထိန်းချုပ်မှု ကင်းမဲ့သွားရပြန်သည်။
သူသည် နာကြည်း မကျေနပ်ချက်များကို ပွေ့ပိုက်ထားရင်း လူအား မိမိထံပါးသို့ ပြန်ရောက်လာစေရန် မိမိ၏ အတွေးဆန္ဒများနှင့် မိမိတစ်ဆင့်ချင်းစီ ထောင်ချောက်ဆင်ခဲ့သည်။ သူ့ကို ပိတ်လှောင်ထားပြီး မိမိတစ်ကိုယ်တည်းနှင့် သက်ဆိုင်ရာအဖြစ် ကမ္မည်းထိုးချင်ခဲ့သည်။ သို့သော်ငြား နောက်ဆုံးမှာတော့လည်း မိမိ၏ ဆန္ဒဟာ စိုးစဥ်မျှပင် မဖြစ်မြောက်နိုင်လိုက်ခဲ့ပါပေ။ ရန်ကျားလိသည် မိမိကို အလေးမထားဘဲ ထွက်ပြေးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်သည်လည်း မိမိထံမှ ပို၍ပို၍ ဝေးကွာလာခဲ့သည်။
သူ၏ ပေါင်ပေ့ ရန်ရန်က သူ့ကိုလည်း မချစ်တော့ပါတဲ့။
ယဲ့ထင်သည် နောက်ဆုံးလက်ကျန် ဆေးလိပ်ကို သောက်ပြီးနောက် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ကာ ဆေးလိပ်မီးတိုကို ဖန်ဂျားထဲ ထိုးစိုက်ပြီး ငြှိမ်းသတ်လိုက်သည်။
ဆက်လက် ရောက်ရှိလာသည့် နေ့ရက်များတွင် ယဲ့ထင်သည် အနည်းငယ် ထူးဆန်းလာသည်။
သူ အလုပ်ဆင်းတိုင်း အိမ်ပြန်ဖို့ အလျင်စလို ဖြစ်မနေခဲ့ဘဲ အနီးအနားမှ လက်ဆောင် ပစ္စည်းဆိုင်၊ အရုပ်ဆိုင်များတွင် လျှောက်ပတ်နေခဲ့ပြီး အမျိုးမျိုး အစုံစုံသော သိုးရုပ်များ ဝယ်ခဲ့သည်။ ထင်သည့်အတိုင်း ကြမ်းပြင်အပြည့် ဖြန့်ကျဲထားမှုကြောင့် နေရာလပ်ကိုပင် မမြင်ရတော့ချေ။ ထိုတင်မက အထက်တန်းအဆင့် တရုတ်စားဖိုမှူးကို ရှာပြီး ပန်ကိတ်လုပ်နည်းကိုလည်း ကိုယ်တိုင် သင်ယူခဲ့သည်။
ရှောက်ယယ်သည် ထိုအကြောင်းကို ကြားသိသောအခါ သိချင်စိတ်တို့ ပြင်းပြလာသည်။
သူ ကုမ္ပဏီမှ ထွက်လာပြီးနောက် ယဲ့ထင်ထံ ဖုန်းဆက်လိုက်သောအခါ ယဲ့ထင်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့ပါသည်တဲ့။ သို့နှင့် သူသည် ဇာတ်လမ်းကောင်းကောင်း ကြည့်ရတော့မည်ဟူသော စိတ်အခြေအနေနှင့် ယဲ့ထင်အိမ်သို့ ထမင်းတစ်နပ် စားရန် ကြွချီလာတော့သည်။
ယဲ့ထင် အိမ်ရောက်သည့်နောက် တံခါးကို တွန်းဖွင့်လိုက်သည်။
ရှောက်ယယ်သည် ကြမ်းပြင်အပြည့် ဖြစ်နေသော သိုးရုပ်လေးများကို မြင်သောအခါ ချောင်းတစ်ချက် ဆိုးလိုက်ပြီး
"မင်း ရူးသွားတာ မဟုတ်ဘူးလား"
ယဲ့ထင်က သူ့အား အေးစက်စက် တစ်ချက် ကြည့်ပေးလိုက်ပြီး
"သိုးရုပ်တွေ အပေါ် ခြေတစ်လှမ်းတောင် မနင်းနဲ့"
ရှောက်ယယ်သည် အိမ်စီးဖိနပ်ကို ပြောင်းဝတ်ပြီး ခက်ခက်ခဲခဲနှင့် အိမ်ထဲ ဝင်လာခဲ့သည်။ ရှောက်ယယ်သည် ယဲ့ထင်က ဖြူဖွေးဖွေး အရာများကို ရောနယ်နေသည်ကို တွေ့သောအခါ ရယ်လိုက်ရင်း ပြောလာသည်။
"ဥက္ကဌကြီးယဲ့တောင် မီးဖိုချောင်ထဲ ဝင်နေရပြီ။ ဒါ ကြုံတောင့်ကြုံခဲပဲ၊ လက်မှတ်ဝယ်ရင်တောင် ကြည့်လို့ရမှာ မဟုတ်ဘူး"
ယဲ့ထင်သည် စကားမဆိုဘဲ လက်မှ လှုပ်ရှားမှုကသာ အရင်ကထက် ပိုမို အကျွမ်းတဝင် ဖြစ်လာသည်။
ရှောက်ယယ်သည် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး စေတနာ ရှိစွာနှင့်
"ငါလည်း ကူညီပေးမယ်လေ၊ ငါ ဘာလုပ်ပေးနိုင်လဲ"
ယဲ့ထင်က လေသံအေးနှင့်
"မင်း ထွက်သွားပေးနိုင်တယ်"
ရှောက်ယယ် : "?"
ယဲ့ထင်က ဆိုသည်။
"ငါ့ရဲ့ ဒီအခန်းက သစ်သားထည်၊ မီးဒဏ်ကို မခံနိုင်ဘူး"
ရှောက်ယယ် : "......"
ရှောက်ယယ်သည် ထမင်းစားခန်းတွင် ခေတ္တမျှ ထိုင်နေပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ယဲ့ထင်သည် ရဲတိုက်သဏ္ဍာန် အထပ်လိုက် ပုံဖော်ထားသော ပန်ကိတ်များကို ကိုင်လာသည်ကို တွေ့လိုက်ရသည်။ ဝါကြင့်ကြင့် ကိတ်မုန့်သားထက်တွင် နှမ်းစေ့များ ဖြူးထားပြီး ရနံ့မှာ အတော်လေး မွှေးကြိုင်လှသည်။
ရှောက်ယယ်သည် ပြုံးလိုက်ပြီး ဆီစုပ်စက္ကူကို ယူကာ ပန်ကိတ်ကို ညှပ်ကိုင်လိုက်ပြီး မြည်းကြည့်ပြီးနောက် တအံ့တသြနှင့်
"ဘယ်လိုဖြစ်တာလဲ၊ လက်ရာက တိုးတက်လာလိုက်ချည်လား"
ယဲ့ထင်သည်လည်း တစ်ကိုက် မြည်းကြည့်လိုက်ပြီးနောက် ခေါင်းခါကာ
"သူလုပ်တာလောက် စားလို့ မကောင်းပါဘူး"
ရှောက်ယယ်သည် ကြောင်အမ်းသွားပြီး ပန်ကိတ်ကိုချကာ သက်ပြင်းချရင်း
"မင်းသူ့ကို ဒီလောက်တောင် လွမ်းနေရင် ဘာလို့ လူကို ပြန်ခေါ်မလာတာလဲ"
ယဲ့ထင်က တည်ငြိမ်စွာနှင့်
"ရှာမတွေ့ဘူး။ ပြီးတော့ သူလည်း ပြန်မလာချင်ဘူး"
သူသည် ရုတ်တရက် ခေါင်းမော့လာကာ ခံစားချက် ကင်းမဲ့စွာနှင့်
"ဒါပေမဲ့လည်း ငါသူ့ကို ထွက်သွားခွင့် မပေးပါဘူး။ ငါသူ့ကို ရှာတွေ့သွားမှာ၊ တစ်နေ့နေ့မှာ သူလည်း ငါ့ဆီပြန်လာချင်အောင် လုပ်မှာ။ ငါ ပြောပြီးပြီလေ၊ ငါ အသက်ရှူနေသေးသရွေ့ သူက ငါ့အတွက်ပဲ၊ ငါ့တစ်ယောက်တည်း အတွက်ပဲ ဖြစ်လို့ရမယ်လို့"
ရှောက်ယယ်က ရယ်သည်။
"မင်းက ဖုန်းထဲမှာသာ အပြစ်ကင်းချင် ယောင်ဆောင်နေတာ၊ အရေပြားကို ဆွဲခွာလိုက်ရင်တော့ မင်းက သေလောက်အောင် တစ်ယူသန်နေသေးတဲ့ အကျင့်စရိုက်နဲ့ပဲ"
စကားဆုံးသည်နှင့် ရှောက်ယယ် နံဘေးမှ ဖုန်းက တုန်ခါလာသည်။
ယဲ့ထင်က မျက်ဝန်းထောင့်မှ တစ်ချက် ကြည့်လိုက်သောအခါ ရှောက်ယယ်၏ ဖုန်းစခရင်ပေါ်မှ 'ရှောင်ဖု' ဟူသော စာလုံးနှစ်လုံးကို မြင်လိုက်ရသည်။
ရှောက်ယယ်က မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကိုယူကာ ဘေးချင်းကပ် အခန်းသို့ ထွက်သွားသည်။
ယဲ့ထင်သည် နှုတ်ခမ်းစွန်းများ တွန့်ကွေးသွားသော်လည်း ရှောက်ယယ်၏ ထိုကိစ္စများထဲတွင်တော့ ဝင်ရောက်စွက်ဖက်ချင်စိတ် အလျဥ်းမရှိပေ။ သူ နောက်တစ်ကြိမ် ပန်ကိတ်ကို မြည်းစမ်းတော့မည့် အချိန်တွင် တိုက်ဆိုင်စွာပင် သူ၏ ဖုန်းကလည်း တုန်ခါလာသည်။ သုတေသနနှင့် ဖွံ့ဖြိုးရေး ဌာနမှ ခေါ်ဆိုလာခြင်း ဖြစ်သည်။
ယဲ့ထင်သည် လက်သုတ်လိုက်ပြီး ဖုန်းယူလိုက်ကာ အဝင်ကောလ်ကို လက်ခံလိုက်သည်။
"ဘာကိစ္စလဲ"
ဖုန်းလိုင်းတစ်ဖက်မှ စကားသံမှာ အနည်းငယ် ရင်းနှီးနေ၍ ယဲ့ထင် ခေတ္တမျှ စဥ်းစားလိုက်သောအခါ အဖြေထွက်လာသည်။ ရှေ့တစ်ခေါက်မှ ထိုကွန်ရက် အင်ဂျင်နီယာသာ ဖြစ်သည်။
ကွန်ရက် အင်ဂျင်နီယာသည် အနည်းငယ် အာခေါင်ခြောက်နေပုံရပြီး အချိန်အတော်ကြာသည်အထိ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ဘဲ လုံးလည်ပတ်လည် ရိုက်နေခဲ့သည်။
ယဲ့ထင်က စိတ်မရှည်တော့ဘဲ
"အသက် မှန်မှန်ရှူ၊ စကား ကောင်းကောင်းပြော"
အင်ဂျင်နီယာသည် အသက်ပြင်းပြင်း ရှူရှိူက်လိုက်ပြီးကာမှ နှုတ်ခမ်းကလည်း နှုတ်သွက် လျှာသွက်ပြန်ဖြစ်သွားကာ အလျင်စလိုနှင့်
"ဥက္ကဌယဲ့၊ ရှာတွေ့ပါပြီ"
ယဲ့ထင်က အမေးပြုသည်။
"ဘာကို ရှာတွေ့တာလဲ"
"အဲ့ဒီ ဖုန်းနံပါတ်"
အင်ဂျင်နီဟာသည် အတော်လေး စိတ်လှုပ်ရှားနေပြီး
"ခင်ဗျား ဖုန်းခေါ်ဆိုထားတဲ့ အကြိမ်ရေ မှတ်တမ်းတွေကနေ ဆက်စပ်ပြီး နှိုင်းယှဥ်ကြည့်လိုက်တာ ကျွန်တော်တို့ ဖုန်းနံပါတ် အမှန်ကို ကြားဖြတ်ပြီး ယူနိုင်ခဲ့ပါပြီ။ အဲ့ဒီအပြင် တည်နေရာကိုလည်း ရှာထားသေးတာမို့ လက်ရှိမှာ မသင်္ကာစရာကောင်းတဲ့ လိပ်စာတွေကို နေရာချကြည့်ပြီးပါပြီ"
.
.
.
.
.
10/1/2022(Mon)
×××
{Zawgyi}
"ၾကားျဖတ္"
ရန္က်ားလိသည္ ယဲ့ထင္အား အေျဖ ျပန္မေပးခဲ့ေပ။
ယဲ့ထင္သည္ ဖုန္းကို ကိုင္ထားရင္း အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းခဲ့သည့္တိုင္ ရန္က်ားလိ၏ အတည္ျပဳေသာ အေျဖစကားကို မၾကားရ၍ ေမ်ွာ္လင့္ခ်က္ ေပ်ာက္ရံုကလြဲၿပီး မတတ္ႏိုင္ေတာ့။
ရန္က်ားလိက တိုးၫွင္းေသာ ေလသံႏွင့္ ဆိုသည္။
"ယဲ့ထင္၊ ဒီေလာက္ ႏွစ္ေတြ ၾကာေနၿပီ။ ငါနဲ႔မင္းလည္း ေျပာင္းလဲသြားတာေတြ အမ်ားႀကီး ျဖစ္ေနၿပီ"
"ငါလည္း အရင္ကလို အဲ့ေလာက္ႀကီး ရူးတူးတူး ေပါေၾကာင္ေၾကာင္ႏိုင္တဲ့ ပံုစံမ်ိဳး မဟုတ္ေတာ့ဘူး။ ငါအရင္က တစ္သက္လံုး လြတ္လပ္ၿပီး အပူအပင္ ကင္းတဲ့ ဘဝကိုပဲ ျဖတ္သန္းခ်င္တယ္လို႔ ေျပာခဲ့ဖူးတယ္။ ဒါေပမဲ့ လူ႔ေဘာင္အဖြဲ႔အစည္းရဲ့ ရိုက္ခတ္မႈေတြက ငါ့ကိုအဲ့လို မျဖစ္ႏိုင္ေစခဲ့ဘူးေလ။ ငါလည္း အေစာႀကီးကတည္းက မင္းႏွလံုးသားထဲက အဲ့လို ပံုစံမ်ိဳး မဟုတ္ေတာ့ဘူး။ မင္းေရာပဲ၊ မင္း တကၠသိုလ္တုန္းက ခပ္တန္းတန္း ေနတတ္တယ္။ မာနႀကီးတယ္။ အက်င့္စရိုက္ကလည္း နည္းနည္း ပိုင္စိုးပိုင္နင္း ဆန္ေပမယ့္ အမ်ားႀကီး ေကာင္းခဲ့ပါေသးတယ္။ ဒါေပမဲ့ အခုလက္ရိွ မင္းကေတာ့ ၾကမ္းတမ္းတဲ့ ဝံပုေလြလိုမ်ိဳး ဖမ္းမိတဲ့ လူတိုင္းကို ကိုက္မယ္ဆိုတာခ်ည္းပဲ။ ေနာက္ၿပီးေတာ့ အစြန္းေရာက္ၿပီး ရက္စက္ေသးတယ္။ ငါ....."
ရန္က်ားလိ စကားဆံုးေအာင္ မေျပာရေသးခင္မွာပဲ ယဲ့ထင္က ေလးလံစြာႏွင့္ ၾကားျဖတ္ ေျပာလာသည္။
"ရန္ရန္၊ ကိုယ္မင္းအေပၚမွာ ဘယ္တုန္းကမွ မရက္စက္ခ်င္ခဲ့ပါဘူး"
ရန္က်ားလိက သေရာ္ၿပံဳး ၿပံဳးလိုက္ၿပီး
"အရွက္ခြဲတယ္၊ မုဒိမ္းက်င့္တယ္၊ ႀကိဳးတုပ္တယ္၊ အက်ဥ္းခ်ထားတယ္။ ဒါေတာင္ မလံုေလာက္ေသးဘူးလား"
ယဲ့ထင္သည္ ခဏတာမ်ွ တိတ္ဆိတ္သြားၿပီး
"တကယ္လို႔ မင္းသာ ျပန္လာဖို႔ ဆႏၵရိွရင္ ကိုယ္ အာမခံပါတယ္။ အဲ့လိုဟာမ်ိဳးေတြ ထပ္မျဖစ္ေစရေတာ့ပါဘူး"
ရန္က်ားလိက အသက္ ခပ္ျပင္းျပင္း ရႉလိုက္ၿပီး
"အမွန္အတိုင္း ေျပာရရင္ ငါသိပ္ၿပီး မယံုရဲေတာ့ဘူး"
ငယ္စဥ္အခါက ဘြားဘြားသည္ ရန္က်ားလိအား လယ္ကြင္းတစ္ခုသို႔ ေခၚသြားေပးခဲ့သည္။ ရလဒ္အေနႏွင့္ တြင္းေျမာင္းထဲမွ ေႁမြေသတစ္ေကာင္ကို တူးေဖာ္မိသြားသည္။
ေႁမြ၏ ပံုသ႑ာန္ကို မ်က္ျမင္ကိုယ္ေတြ့ ျမင္လိုက္ရေသာအခါ ရန္က်ားလိေလးသည္ ထိတ္လန္႔သြားသည္။ သူသည္ ဝူးဝူးဝါးဝါးႏွင့္ ငိုေႂကြးကာ ဘြားဘြားကို ဆြဲၿပီး အိမ္သို႔ ျပန္ေခၚလာခဲ့သည္။ ေပါက္စီလံုးေလးႏွင့္တူေသာ ေဖာင္းေဖာင္းမို႔မို႔ ခ်စ္စရာ မ်က္ႏွာေလးတြင္ မ်က္ရည္ႏွင့္ ႏွပ္ေခ်းတို႔ ျပည့္လ်ွံေနေတာ့သည္။ ထိုအခ်ိန္မွ စတင္ၿပီး ေနာက္ႏွစ္ေပါင္း မ်ားစြာထိ အေျမႇာင္းပံုသ႑ာန္ တြားသြားေနသည့္ အရာမ်ားအား ျမင္ေတြ့လ်ွင္ သည္းမခံႏိုင္ဘဲ ေၾကာက္ရြံ႔လာသည္။ တကၠသိုလ္ စတုတၴႏွစ္တုန္းက ယဲ့ထင္ႏွင့္ ခ်စ္တင္းေနွာျခင္း အမႈလက္စသတ္ခ်ိန္တြင္ သတိမထားမိဘဲ နံေဘးမွ အနက္ေရာင္ ခါးပတ္ကို ေတြ့လိုက္ရေသာအခါ သူသည္ လန္႔ဖ်ပ္သြားၿပီး ယခုေလးတင္ ၿပီးေျမာက္သြားေသာ ယဲ့ထင္အား ကုတင္ေပၚမွ ကန္ခ်မိေတာ့ မလိုပင္ ျဖစ္သြားသည္။
ေႁမြၾကောင့္ တစ္ႀကိမ္ ထိတ္လန္႔သြားသည္ႏွင့္ ႀကိဳးကို ဆယ္ႏွစ္တာမ်ွ ေၾကာက္ရြံ႔သြားရ၏။
ယဲ့ထင္နံေဘးတြင္ ရိွေနခဲ့စဥ္ကလည္း ဤကဲ့သို႔ ေမွာင္မိုက္ေသာ မွတ္ဥာဏ္မ်ား ရိွခဲ့ဖူးပါသည္။ ရန္က်ားလိသည္ ႏွလံုးသား၏ အတားအဆီးကို ဖယ္ခ်ပစ္ဖို႔ရန္ အမွန္တကယ္ မလြယ္ကူခဲ့ေပ။
ယဲ့ထင္သည္ မကူကယ္လိုက္ႏိုင္ဘဲ တိတ္ဆိတ္သြားေတာ့သည္။ အတန္ၾကာမွ
"....ေပါင္ေပါင္း၊ မင္းယံုၾကည္လာမယ့္ တစ္ေနေတာ့ ရိွလာမွာပါ"
အခ်ိန္အေတာ္ ၾကာသည္အထိ ဖုန္းလိုင္းတစ္ဖက္မွ ျပန္ေျဖသံကို မၾကားရေပ။
ယဲ့ထင္သည္ ဖုန္းကို ျပန္ၾကည့္မိေသာ အခါမွ ဘယ္စဥ္ကတည္းက ျပတ္ေတာက္သြားခဲ့မွန္း မသိေသာ ဖုန္းေကာလ္ကိုသာ ျမင္လိုက္ရသည္။
ယဲ့ထင္သည္ ဖုန္းကို သိမ္းလိုက္ၿပီး ေမွာင္တစ္ဝက္ ျဖစ္ေနသည့္ အိပ္ခန္းထဲ ထိုင္ကာ မီးမဖြင့္ဘဲ ေဆးလိပ္မီး ၫွိေနခဲ့သည္။
ေဆးလိပ္ေငြ့မ်ားသည္ အိပ္ခန္းအႏွံ႔ တလိႈင္လိႈင္ လြင့္ေမ်ာေနခဲ့ၿပီး အဆုတ္ထဲထိတိုင္ စိမ့္ဝင္လာခဲ့သည္။
ယဲ့ထင္သည္ လက္ေခ်ာင္းမ်ားၾကားမွ တဖ်ပ္ဖ်ပ္ လက္ေနသည့္ လိမၼော္ရင့္ေရာင္ မီးေတာက္ကို ၾကည့္ေနရင္း အေၾကာင္းအရင္း မပီသစြာ ခပ္ေဖ်ာ့ေဖ်ာ့ ၿပံဳးလာသည္။
ဟိုစဥ္ကတည္းက မိမိအေမက မိမိအား ေသြးေအးတတ္ၿပီး စာနာမႈလည္း မရိွဘဲ ႏွလံုးသားသည္လည္း ေရခဲျဖင့္ ထုလုပ္ထားသည္ဟု စြပ္စြဲေျပာဆိုခဲ့သည္။
အရင္အခ်ိန္မ်ားက သူ ထိုအေၾကာင္းအရာေပၚ အေလးအနက္ ထားမေနခဲ့ေပ။
သို႔ေသာ္ ရန္က်ားလိႏွင့္ လမ္းခြဲျပတ္စဲလို႔ အၿပီးမွာေတာ့ သူ႔အေမစကားက သိပ္မွန္ေနတာပါပဲ ဆိုသည့္အေၾကာင္း သူ နားလည္ခဲ့ရသည္။
သူ အေမရိကန္ကို ေရာက္သြားၿပီးေနာက္ ရာထူးတက္သြားသည္။ ထိုအခါ အာဏာသိမ္းၿပီး ၿပိဳင္ဘက္မ်ားအား ေခ်မႈန္းကာ ခ်ိဳးႏိွမ္ခဲ့သည္။ လူတို႔အား လက္ေခ်ာင္းမ်ား က်ိဳးေၾကသည္အထိ ႏိွပ္စက္လ်ွင္ပင္ ႏွလံုးသား၌ လိႈင္းထသကဲ့သို႔ နိမ့္ခ်ည္ျမင့္ခ်ည္ တုန္လႈပ္မႈ တစ္စံုတစ္ရာ မရိွခဲ့ေလအံ့။
သူသည္ ယဲ့မိသားစု၏ အင္အား အခ်က္အခ်ာ အာဏာတို႔ကို အမွီသဟဲျပဳကာ ရွင္းထုတ္ပစ္ရန္ ျပင္ဆင္ခဲ့သည္။ အမည္ခံ အစ္ကိုယဲ့ဖန္သည္ သားရဲက သားေကာင္ကို လိုခ်င္တပ္မက္စြာ စိုက္ၾကည့္ေနသည့္ႏွယ္ သူ၏ လုပ္ေဆာင္ခ်က္မ်ားကို တားဆီးခဲ့သည္။ ယဲ့ထင္ကေတာ့ မ်က္ႏွာေသျဖင့္ သူ႔အား စီးခ်င္းထိုးကာ ရႈံးနိမ့္မႈၾကား ေမ်ာပါသြားခဲ့သည္ကို ၾကည့္ေနခဲ့သည္။ ယဲ့ထင္သည္ အစ္ကိုျဖစ္သူက လူျဖစ္ေနေသးေသာ္လည္း သရဲတစၧေကဲ့သို႔ စိတ္ဝိညာဥ္ မရိွေတာ့ဘဲ ရူးသြပ္သြားသည့္ ပံုပန္းသ႑ာန္ကိုသာ ၾကည့္ေနရင္း ရယ္စရာ ေကာင္းသည္ဟုသာ ေတြးေနျဖစ္ခဲ့သည္။
သူ အျမင့္သို႔ ပိုပို တက္လွမ္းႏိုင္ခဲ့ေလေလ၊ ပိုပို ေသြးေအးလာရေလေလ ျဖစ္ခဲ့ရဟန္ တူ၏။
ရန္က်ားလိႏွင့္ ေတြ့ေသာအခါတြင္ေတာ့ အရာအားလံုးဟာ ထိန္းခ်ဳပ္မႈ ကင္းမဲ့သြားရျပန္သည္။
သူသည္ နာၾကည္း မေက်နပ္ခ်က္မ်ားကို ေပြ့ပိုက္ထားရင္း လူအား မိမိထံပါးသို႔ ျပန္ေရာက္လာေစရန္ မိမိ၏ အေတြးဆႏၵမ်ားႏွင့္ မိမိတစ္ဆင့္ခ်င္းစီ ေထာင္ေခ်ာက္ဆင္ခဲ့သည္။ သူ႔ကို ပိတ္ေလွာင္ထားၿပီး မိမိတစ္ကိုယ္တည္းႏွင့္ သက္ဆိုင္ရာအျဖစ္ ကမၼည္းထိုးခ်င္ခဲ့သည္။ သို႔ေသာ္ျငား ေနာက္ဆံုးမွာေတာ့လည္း မိမိ၏ ဆႏၵဟာ စိုးစဥ္မ်ွပင္ မျဖစ္ေျမာက္ႏိုင္လိုက္ခဲ့ပါေပ။ ရန္က်ားလိသည္ မိမိကို အေလးမထားဘဲ ထြက္ေျပးသြားခဲ့ၿပီး သူ႔ခႏၶာကိုယ္ႏွင့္ စိတ္သည္လည္း မိမိထံမွ ပို၍ပို၍ ေဝးကြာလာခဲ့သည္။
သူ၏ ေပါင္ေပ့ ရန္ရန္က သူ႔ကိုလည္း မခ်စ္ေတာ့ပါတဲ့။
ယဲ့ထင္သည္ ေနာက္ဆံုးလက္က်န္ ေဆးလိပ္ကို ေသာက္ၿပီးေနာက္ ႏွစ္ႀကိမ္မ်ွ ေခ်ာင္းဆိုးလိုက္ကာ ေဆးလိပ္မီးတိုကို ဖန္ဂ်ားထဲ ထိုးစိုက္ၿပီး ၿငႇိမ္းသတ္လိုက္သည္။
ဆက္လက္ ေရာက္ရိွလာသည့္ ေန့ရက္မ်ားတြင္ ယဲ့ထင္သည္ အနည္းငယ္ ထူးဆန္းလာသည္။
သူ အလုပ္ဆင္းတိုင္း အိမ္ျပန္ဖို႔ အလ်င္စလို ျဖစ္မေနခဲ့ဘဲ အနီးအနားမွ လက္ေဆာင္ ပစၥည္းဆိုင္၊ အရုပ္ဆိုင္မ်ားတြင္ ေလ်ွာက္ပတ္ေနခဲ့ၿပီး အမ်ိဳးမ်ိဳး အစံုစံုေသာ သိုးရုပ္မ်ား ဝယ္ခဲ့သည္။ ထင္သည့္အတိုင္း ၾကမ္းျပင္အျပည့္ ျဖန္႔က်ဲထားမႈေၾကာင့္ ေနရာလပ္ကိုပင္ မျမင္ရေတာ့ေခ်။ ထိုတင္မက အထက္တန္းအဆင့္ တရုတ္စားဖိုမွဴးကို ရွာၿပီး ပန္ကိတ္လုပ္နည္းကိုလည္း ကိုယ္တိုင္ သင္ယူခဲ့သည္။
ေရွာက္ယယ္သည္ ထိုအေၾကာင္းကို ၾကားသိေသာအခါ သိခ်င္စိတ္တို႔ ျပင္းျပလာသည္။
သူ ကုမၸဏီမွ ထြက္လာၿပီးေနာက္ ယဲ့ထင္ထံ ဖုန္းဆက္လိုက္ေသာအခါ ယဲ့ထင္က မီးဖိုေခ်ာင္ထဲတြင္ အလုပ္ရႈပ္ေနခဲ့ပါသည္တဲ့။ သို႔ႏွင့္ သူသည္ ဇာတ္လမ္းေကာင္းေကာင္း ၾကည့္ရေတာ့မည္ဟူေသာ စိတ္အေျခအေနႏွင့္ ယဲ့ထင္အိမ္သို႔ ထမင္းတစ္နပ္ စားရန္ ႂကြခ်ီလာေတာ့သည္။
ယဲ့ထင္ အိမ္ေရာက္သည့္ေနာက္ တံခါးကို တြန္းဖြင့္လိုက္သည္။
ေရွာက္ယယ္သည္ ၾကမ္းျပင္အျပည့္ ျဖစ္ေနေသာ သိုးရုပ္ေလးမ်ားကို ျမင္ေသာအခါ ေခ်ာင္းတစ္ခ်က္ ဆိုးလိုက္ၿပီး
"မင္း ရူးသြားတာ မဟုတ္ဘူးလား"
ယဲ့ထင္က သူ႔အား ေအးစက္စက္ တစ္ခ်က္ ၾကည့္ေပးလိုက္ၿပီး
"သိုးရုပ္ေတြ အေပၚ ေျခတစ္လွမ္းေတာင္ မနင္းနဲ႔"
ေရွာက္ယယ္သည္ အိမ္စီးဖိနပ္ကို ေျပာင္းဝတ္ၿပီး ခက္ခက္ခဲခဲႏွင့္ အိမ္ထဲ ဝင္လာခဲ့သည္။ ေရွာက္ယယ္သည္ ယဲ့ထင္က ျဖဴေဖြးေဖြး အရာမ်ားကို ေရာနယ္ေနသည္ကို ေတြ့ေသာအခါ ရယ္လိုက္ရင္း ေျပာလာသည္။
"ဥကၠဌႀကီးယဲ့ေတာင္ မီးဖိုေခ်ာင္ထဲ ဝင္ေနရၿပီ။ ဒါ ႀကံဳေတာင့္ႀကံဳခဲပဲ၊ လက္မွတ္ဝယ္ရင္ေတာင္ ၾကည့္လို႔ရမွာ မဟုတ္ဘူး"
ယဲ့ထင္သည္ စကားမဆိုဘဲ လက္မွ လႈပ္ရွားမႈကသာ အရင္ကထက္ ပိုမို အကြၽမ္းတဝင္ ျဖစ္လာသည္။
ေရွာက္ယယ္သည္ အက်ႌလက္ကို ပင့္တင္လိုက္ၿပီး ေစတနာ ရိွစြာႏွင့္
"ငါလည္း ကူညီေပးမယ္ေလ၊ ငါ ဘာလုပ္ေပးႏိုင္လဲ"
ယဲ့ထင္က ေလသံေအးႏွင့္
"မင္း ထြက္သြားေပးႏိုင္တယ္"
ေရွာက္ယယ္ : "?"
ယဲ့ထင္က ဆိုသည္။
"ငါ့ရဲ့ ဒီအခန္းက သစ္သားထည္၊ မီးဒဏ္ကို မခံႏိုင္ဘူး"
ေရွာက္ယယ္ : "......"
ေရွာက္ယယ္သည္ ထမင္းစားခန္းတြင္ ေခတၲမ်ွ ထိုင္ေနၿပီး ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ ယဲ့ထင္သည္ ရဲတိုက္သ႑ာန္ အထပ္လိုက္ ပံုေဖာ္ထားေသာ ပန္ကိတ္မ်ားကို ကိုင္လာသည္ကို ေတြ့လိုက္ရသည္။ ဝါၾကင့္ၾကင့္ ကိတ္မုန္႔သားထက္တြင္ ႏွမ္းေစ့မ်ား ျဖဴးထားၿပီး ရနံ႔မွာ အေတာ္ေလး ေမႊးႀကိဳင္လွသည္။
ေရွာက္ယယ္သည္ ၿပံဳးလိုက္ၿပီး ဆီစုပ္စကၠူကို ယူကာ ပန္ကိတ္ကို ၫွပ္ကိုင္လိုက္ၿပီး ျမည္းၾကည့္ၿပီးေနာက္ တအံ့တၾသႏွင့္
"ဘယ္လိုျဖစ္တာလဲ၊ လက္ရာက တိုးတက္လာလိုက္ခ်ည္လား"
ယဲ့ထင္သည္လည္း တစ္ကိုက္ ျမည္းၾကည့္လိုက္ၿပီးေနာက္ ေခါင္းခါကာ
"သူလုပ္တာေလာက္ စားလို႔ မေကာင္းပါဘူး"
ေရွာက္ယယ္သည္ ေၾကာင္အမ္းသြားၿပီး ပန္ကိတ္ကိုခ်ကာ သက္ျပင္းခ်ရင္း
"မင္းသူ႔ကို ဒီေလာက္ေတာင္ လြမ္းေနရင္ ဘာလို႔ လူကို ျပန္ေခၚမလာတာလဲ"
ယဲ့ထင္က တည္ၿငိမ္စြာႏွင့္
"ရွာမေတြ့ဘူး။ ၿပီးေတာ့ သူလည္း ျပန္မလာခ်င္ဘူး"
သူသည္ ရုတ္တရက္ ေခါင္းေမာ့လာကာ ခံစားခ်က္ ကင္းမဲ့စြာႏွင့္
"ဒါေပမဲ့လည္း ငါသူ႔ကို ထြက္သြားခြင့္ မေပးပါဘူး။ ငါသူ႔ကို ရွာေတြ့သြားမွာ၊ တစ္ေန့ေန့မွာ သူလည္း ငါ့ဆီျပန္လာခ်င္ေအာင္ လုပ္မွာ။ ငါ ေျပာၿပီးၿပီေလ၊ ငါ အသက္ရႉေနေသးသေရြ့ သူက ငါ့အတြက္ပဲ၊ ငါ့တစ္ေယာက္တည္း အတြက္ပဲ ျဖစ္လို႔ရမယ္လို႔"
ေရွာက္ယယ္က ရယ္သည္။
"မင္းက ဖုန္းထဲမွာသာ အျပစ္ကင္းခ်င္ ေယာင္ေဆာင္ေနတာ၊ အေရျပားကို ဆြဲခြာလိုက္ရင္ေတာ့ မင္းက ေသေလာက္ေအာင္ တစ္ယူသန္ေနေသးတဲ့ အက်င့္စရိုက္နဲ႔ပဲ"
စကားဆံုးသည္ႏွင့္ ေရွာက္ယယ္ နံေဘးမွ ဖုန္းက တုန္ခါလာသည္။
ယဲ့ထင္က မ်က္ဝန္းေထာင့္မွ တစ္ခ်က္ ၾကည့္လိုက္ေသာအခါ ေရွာက္ယယ္၏ ဖုန္းစခရင္ေပၚမွ 'ေရွာင္ဖု' ဟူေသာ စာလံုးႏွစ္လံုးကို ျမင္လိုက္ရသည္။
ေရွာက္ယယ္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဖုန္းကိုယူကာ ေဘးခ်င္းကပ္ အခန္းသို႔ ထြက္သြားသည္။
ယဲ့ထင္သည္ ႏႈတ္ခမ္းစြန္းမ်ား တြန္႔ေကြးသြားေသာ္လည္း ေရွာက္ယယ္၏ ထိုကိစၥမ်ားထဲတြင္ေတာ့ ဝင္ေရာက္စြက္ဖက္ခ်င္စိတ္ အလ်ဥ္းမရိွေပ။ သူ ေနာက္တစ္ႀကိမ္ ပန္ကိတ္ကို ျမည္းစမ္းေတာ့မည့္ အခ်ိန္တြင္ တိုက္ဆိုင္စြာပင္ သူ၏ ဖုန္းကလည္း တုန္ခါလာသည္။ သုေတသနႏွင့္ ဖြံ႔ၿဖိဳးေရး ဌာနမွ ေခၚဆိုလာျခင္း ျဖစ္သည္။
ယဲ့ထင္သည္ လက္သုတ္လိုက္ၿပီး ဖုန္းယူလိုက္ကာ အဝင္ေကာလ္ကို လက္ခံလိုက္သည္။
"ဘာကိစၥလဲ"
ဖုန္းလိုင္းတစ္ဖက္မွ စကားသံမွာ အနည္းငယ္ ရင္းႏွီးေန၍ ယဲ့ထင္ ေခတၲမ်ွ စဥ္းစားလိုက္ေသာအခါ အေျဖထြက္လာသည္။ ေရ႔ွတစ္ေခါက္မွ ထိုကြန္ရက္ အင္ဂ်င္နီယာသာ ျဖစ္သည္။
ကြန္ရက္ အင္ဂ်င္နီယာသည္ အနည္းငယ္ အာေခါင္ေျခာက္ေနပံုရၿပီး အခ်ိန္အေတာ္ၾကာသည္အထိ အေၾကာင္းအရာကို ရွင္းရွင္းလင္းလင္း မေျပာျပႏိုင္ဘဲ လံုးလည္ပတ္လည္ ရိုက္ေနခဲ့သည္။
ယဲ့ထင္က စိတ္မရွည္ေတာ့ဘဲ
"အသက္ မွန္မွန္ရႉ၊ စကား ေကာင္းေကာင္းေျပာ"
အင္ဂ်င္နီယာသည္ အသက္ျပင္းျပင္း ရႉရိွူက္လိုက္ၿပီးကာမွ ႏႈတ္ခမ္းကလည္း ႏႈတ္သြက္ လ်ွာသြက္ျပန္ျဖစ္သြားကာ အလ်င္စလိုႏွင့္
"ဥကၠဌယဲ့၊ ရွာေတြ့ပါၿပီ"
ယဲ့ထင္က အေမးျပဳသည္။
"ဘာကို ရွာေတြ့တာလဲ"
"အဲ့ဒီ ဖုန္းနံပါတ္"
အင္ဂ်င္နီဟာသည္ အေတာ္ေလး စိတ္လႈပ္ရွားေနၿပီး
"ခင္ဗ်ား ဖုန္းေခၚဆိုထားတဲ့ အႀကိမ္ေရ မွတ္တမ္းေတြကေန ဆက္စပ္ၿပီး ႏိႈင္းယွဥ္ၾကည့္လိုက္တာ ကြၽန္ေတာ္တို႔ ဖုန္းနံပါတ္ အမွန္ကို ၾကားျဖတ္ၿပီး ယူႏိုင္ခဲ့ပါၿပီ။ အဲ့ဒီအျပင္ တည္ေနရာကိုလည္း ရွာထားေသးတာမို႔ လက္ရိွမွာ မသကၤာစရာေကာင္းတဲ့ လိပ္စာေတြကို ေနရာခ်ၾကည့္ၿပီးပါၿပီ"
.
.
.
.
.
10/1/2022(Mon)
×××