Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

116K 19.4K 923

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]
Extra Chapter

Chapter (49)

901 214 26
By littlewillow01

Chapter (49)

Act 7 : Fan Letter (1)
ပြန်လည်ဆုံတွေ့ကြသည့် မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ရက်ပေါင်းနှစ်ထောင်နီးပါး ရှိသွားခဲ့လေပြီ

— လွန်ခဲ့သောငါးနှစ်၏အမှတ်တရများမှာ  ရုတ်ခြည်းအဆုံးသတ်သွား၏။

ထန်ယီမင်သည် ပရိသတ်များထဲတွင်ထိုင်နေကာ စင်မြင့်ပေါ်ရှိမီးရောင်များကို  မျှော်ကြည့်လိုက်သည်။

စင်ပေါ်ရှိကောင်လေးသည် ကခုန်ဖျော်ဖြေရင်း  ကျယ်လောင်စွာဖြင့် သီဆိုနေလေသည်။ သူ့အသံလေးမှာ လွန်ခဲ့သည့်ငါးနှစ်ကအတိုင်း မမေ့နိုင်လောက်သည်အထိ စူးရှနေဆဲဖြစ်သည်။

တကယ်ကို မယုံနိုင်စရာကောင်းလှ၏။

အွန်လိုင်းပေါ်တွင် စကားစမြည်ပြောပြီး ရယ်မောပျော်ရွှင်ခဲ့သည်မှာ မနေ့တစ်နေ့ကအတိုင်းပင်။ သို့သော် ပြန်လည်ဆုံတွေ့ကြသည့် မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ရက်ပေါင်းနှစ်ထောင်နီးပါး ရှိသွားခဲ့ပြီဖြစ်သည်။

...

ကျောင်းသားများအားလုံး ပြီးပြည့်စုံစွာအစမ်းလေ့ကျင့်ခဲ့သည့် Kinky Boots ပြဇာတ်သည် နောက်ဆုံးတွင်တော့ အောင်မြင်စွာဖြင့်ပြီးဆုံးသွားခဲ့၏။

အဆုံးသတ်တွင် စင်မြင့်ကြီး၏ ဘေးနှစ်ဘက်နှစ်ချပ်ရှိအပေါက်များမှ တလပ်လက်တောက်ပနေသော ရွှေရောင်ဖဲကြိုးများ ဖြာထွက်လာတော့သည်။ ရှန်းချိုက်ကတော့ ပုံကြီးချဲ့ထားသောမျက်တောင်အတုများအပြင် အနီရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားရ၏။

ခန်းမကြီး၏အနောက်ဘက်တစ်နေရာဆီသို့ ဖျတ်ခနဲတစ်ချက်ကြည့်လိုက်စဥ် ထူးဆန်းနေသလိုဖြင့် ရင်းနှီးနေသောရုပ်သဏ္ဍာန်တစ်ခုကို သူ အလွယ်တကူရှာတွေ့လိုက်သည်။

ရှန်းချိုက်သည် ထိုလူ၏အသွင်အပြင်အား အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူး၏။

ထိုအမျိုးသားသည် အရပ်ရှည်ပြီး  မျက်ခုံးမျက်လုံးလှကာ နွေးထွေးသောအပြုံးလေးဖြင့်  အရပ်ရှည်သောသူဖြစ်လောက်မည်ဟု သူထင်ခဲ့ဖူးသည်။ သို့သော် ယခုထိုအမျိုးသားနှင့် အမှန်တကယ်မျက်နှာချင်းဆိုင်ရချိန်တွင် ရှန်းချိုက်စိတ်ထဲတွင်ပေါ်လာသော နာမဝိသေသနအားလုံးကတောင် ထိုလူ၏ရုပ်သွင်ကို လုံလုံလောက်လောက်မဖော်ပြနိုင်ပေ။

ခန်းမထဲ၌ ထန်ယီမင်က ပထမဆုံးထလိုက်ပြီး လက်ခုပ်စတီးလာ၏။ သူသည် ချောမောခန့်ညားပြီး အရပ်လည်းရှည်သဖြင့် လူတစ်ရာအောက်သာရှိသောပရိသတ်များအကြား အလွန်ထင်းထွက်နေခဲ့သည်။ သူမတ်တပ်ရပ်ပြီးသည်နှင့် ကျန်ပရိသတ်များကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လာကြတော့သည်။

အဆုံးတွင်တော့ ဇာတ်ရုံငယ်လေးတစ်ခုလုံး၌  လက်ခုပ်သြဘာသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး စင်မြင့်ပေါ်ရှိကျောင်းသားလူငယ်များအား စိတ်ရင်းမှန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်အားပေးခဲ့ကြ၏။

သူတို့၏စွမ်းဆောင်မှုများက မရင့်ကျက်သေးသော်လည်း ထိုအထဲရှိ စိတ်အားထက်သန်မှုများကိုတော့ လျှော့ချလို့မရပေ။

နောက်ဆုံးကန့်လန့်ကာပိတ်သွားပြီးနောက် ပင်ပန်းလွန်းနေသည့်ရှန်းချိုက်၏ခြေထောက်များက တုန်ယင်ပျော့ပျောင်းလာပြီး  ကြမ်းပြင်​ပေါ်သို့လဲကျလုနီးပါးပင်။

ရှန်းချိုက်ဘေးတွင်ရပ်နေသော အမျိုးသမီး ဇာတ်ဆောင်လေးသည် သူ့ဆီမန်းကတန်းရောက်လာပြီး အိန်ဂျယ်လ်နှစ်ယောက်နှင့်အတူ   စင်ပေါ်မှအောက်သို့တွဲထိန်းပေးခဲ့၏။

စင်္ကြံအနောက်နားတွင်စောင့်နေသော ထောက်ပံ့ပို့ဆောင်ရေးအတန်းဖော်များကတော့ ရှန်းချိုက်အဝတ်လဲခန်းသို့မရောက်ခင်အချိန်ကတည်းက သူ့ကိုစောင့်နေကြခြင်းဖြစ်သည်။

ရေတိုက်သည့်သူကတိုက်၊ ချောကလက်ကျွေးသည့်သူကကျွေးနှင့် သူ့ဆံပင်တုကိုလည်း တာဝန်ရှိသူများက စနစ်တကျပြန်ဖြုတ်ပေးနေကြလေသည်။

ခေါင်းပေါ်ရှိဆံပင်တုကြောင့် နူးညံ့ပျော့ပျောင်းသောအနက်ရောင်ဆံပင်များက သူ့ဦးရေပြားပေါ်တွင် စိုကပ်နေကြ၏။  ချွေးလည်းအလွန်ထွက်နေပြီး မျက်နှာပေါ်တွင်လိမ်းချယ်ထားသော အလှကုန်များနှင့်ရောစပ်သွားကာ ရှက်ဖွယ်အတိဖြစ်နေလေသည်။

တစ်စုံတစ်ယောက်က သူ့ရှေ့ထိုင်ချလိုက်ပြီး တင်းကြပ်နေသောဒေါက်ဖိနပ်များကို ချွတ်ပေးလိုက်၏။ သို့သော် ရောင်ကိုင်းနေသောခြေဖဝါးများကြောင့် အတော်လေးကြိုးစားပမ်းစားဖြင့် ဖိနပ်ချွတ်ခဲ့ရပြီး ကောင်လေး၏ခြေထောက်မှ ဖိနပ်ကျွတ်သွားချိန်တွင် စူးရှပြင်းထန်သောသွေးနံ့များ လှိုင်လှိုင်ထွက်လာသဖြင့် အတန်းဖော်ကောင်မလေးတစ်ယောက်မှာ ချက်ချင်းအော်ဟစ်လာတော့သည်။ "ရှန်းချိုက်. . . နင့်ခြေထောက်တော့ ဖြတ်ပစ်ရတော့မယ်ထင်တယ်!!!"

"..." ရှန်းချိုက်သည် ထိုကျီးကန်းပါးစပ်နှင့်တစ်ယောက်ကို တိတ်တဆိတ်သာစိုက်ကြည့်နေလိုက်တော့သည်။

ထို့နောက် ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ခြင်း၊  ဆေးထည့်ခြင်းတို့အား အချိန်တော်တော်ကြာကြာ ဂရုတစိုက်လုပ်ခဲ့ရ၏။ သွေးထွက်နေသည့်နေရာအားလုံးကို လိမ်းဆေးဖြင့်လိုက်ဖြန်းရလေသည်။ ဆေးတစ်ခါဖြန်းလိုက်ပြီးတိုင်း ရှန်းချိုက်၏ပခုံးများတုန်ယင်သွားပြီး မျက်မှောင်ကျုံ့ထားရကာ နာကျင်မှုကိုတောင့်ခံထားရ၏။

ယခုကဲ့သို့ စင်ပေါ်ပြန်တက်နိုင်ပြီး အရင်လိုပြန်ကနိုင်ဖို့အတွက် အခုထက်ပိုပြီးတောင် နာကျင်မှုများစွာ ခံစားခဲ့ရလေသည်။

နာကျင်နေသောခြေနှစ်ဖက်ဖြင့် ညှပ်ဖိနပ်စီးပြီးသည့်အချိန်မှသာ ရှန်းချိုက်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူ့ဘေးနားရှိ မိတ်ကပ်ဖျက်ဆေးကိုကောက်ကိုင်လိုက်ပြီး မျက်နှာပေါ်ဖိသုတ်လိုက်၏။

စင်မြင့်ပေါ်ရှိမီးအလင်းရောင်သည် အလွန်ပြင်းထန်လေသောကြောင့် နေ့စဥ်မိတ်ကပ်များထက် အဆများစွာပိုထူပြီးလိမ်းထားရခြင်းဖြစ်သည်။ ထို့အပြင် ရှန်းချိုက်သည် ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းသောဘုရင်မတစ်ပါးအဖြစ်  သရုပ်ဆောင်ထားခြင်းဖြစ်သောကြောင့် မျက်တောင်အတုချည်းပဲ သုံးချောင်းထက်မနည်းတပ်ထားရကာ သူ့မျက်ခွံပေါ်တွင်လည်း တောက်ပြောင်နေသောအိုင်းရှဲဒိုးများကို လိမ်းချယ်ထားရ၏။ ထို့ကြောင့် မိတ်ကပ်ဖျက်စဥ်တွင် ကြမ်းကြမ်းတမ်းတမ်းနည်းလမ်းများကိုသာ အသုံးပြုနေမိသဖြင့် သူ့ဘေးနားရှိအတန်းဖော်ကောင်မလေးတောင် ဆက်မကြည့်နိုင်တော့ပေ။

"အတန်းခေါင်းဆောင်! အဲဒါခေါင်းဆောင်ရဲ့မျက်နှာနော်. . . နံရံမဟုတ်ဘူး!!"  တစ်စုံတစ်ယောက်လည်း စိတ်ဆင်းရဲနေတော့သည်။ "ထားလိုက်ပါတော့. . . လက်တွေသာဖယ်ထား၊ ကျွန်မပဲ မိတ်ကပ်တွေဖျက်ပေးမယ်"

" ရတယ် " သူသည် ပြီးစလွယ်သာပွတ်ဖျက်နေရင်း ပြန်ဖြေလိုက်၏။  "ငါ အလျင်လိုနေလို့"

တောက်ပပြောင်လက်နေသော အနီရဲရဲနှုတ်ခမ်းနီနှင့် အိုင်းရှဲဒိုးထူပိန်းပိန်းများကို ဖယ်ရှားပြီးနောက် မှန်ရှေ့တွင်မတ်တပ်သွားရပ်လိုက်သည်။ သူ့အသားအရည်က အလွန်ဖြူဖွေးကာကြည်လင်သန့်စင်နေပြီး နဖူးပေါ်တွင်လည်း အနည်းငယ်ရှည်နေပြီဖြစ်သောဆံပင်လေးများက ညင်သာစွာကျဆင်းနေလေသည်။  ခဏလောက်လက်ဆေးလိုက်ပြီးနောက် မသိစိတ်ဖြင့် မှန်ထဲရှိသူ့ကိုယ်သူကိုထိကြည့်ရန် လက်မြှောက်လိုက်မိ၏။ လွန်ခဲ့သည့်ငါးနှစ်တုန်းက သူဘယ်လိုပုံစံမျိုးလဲဆိုတာကိုတောင် ရုတ်တရက်ကြီး သူမမှတ်မိတော့ပေ။

ထားလိုက်တော့!

အသက်ဆယ့်ခုနစ်နှစ်အရွယ်ရှန်းချိုက်က မရှိတော့ဘူး။

အလျင်စလိုအဝတ်လဲလိုက်ပြီး ပိုက်ဆံအိတ်နှင့်လက်ကိုင်ဖုန်းကိုဆွဲယူလိုက်ကာ အနောက်ခန်းထဲမှ ပြေးထွက်လာလိုက်၏။ "ဒီနေ့ ငါစောစောပြန်ပြီ"

"မင်းဘယ်သွားမလို့လဲ??" ဆယ်လ်ဖီရိုက်နေဆဲဖြစ်သော အိန်ဂျယ်လ်တစ်ယောက်က သူ့ကိုလှမ်းမေးခြင်းဖြစ်သည်။ " ဂုဏ်ပြုပွဲကို မသွားတာလားဟ"

"မသွားတော့ဘူး" ရှန်းချိုက်တစ်ယောက် နောက်တောင်ပြန်မလှည့်ကြည့်တော့ဘဲ သူ့လက်ကိုသာဝှေ့ယမ်းပြလိုက်ကာ "ဒီည အရမ်းနောက်ကျတဲ့အထိ မနေကြနဲ့နော်၊ အသားကင်အတွက်ပိုက်ဆံကို ငါ့အကောင့်ထဲကယူလို့ရတယ်"

"ဖက်ထားချင်လိုက်တာ!"

"ငါတို့အတန်းခေါင်းဆောင်က အကောင်းဆုံးပဲ!"

"ငါလည်း ဘယ်အချိန်ကျမှ ရှန်းချိုက်ကောလောက် ဆရာကျနိုင်မှာလဲ??"

"ဆရာထန်းသာ နင့်ကိုခေါင်းဆောင်ဖြစ်ခွင့်ပေးလာရင် နင်လည်းအရမ်းကိုအဆင့်အတန်းမီသွားလိမ့်မယ်!"

သူ့နောက်တွင်ပြောဆိုနေသော အတန်းဖော်များ၏ဟာသများကို ရှန်းချိုက်နားထောင်မနေခဲ့ပေ။ နောက်ဆုံးထောင့်ချိုးကိုကွေ့လိုက်ပြီး ရှန်းဟယ်ပြဇာတ်ရုံ၏ ဘေးတံခါးပေါက်မှ ထွက်လာလိုက်၏။

ဒီဘက်တံခါးသည် သရုပ်ဆောင်များဝင်ထွက်သွားလာနိုင်ရန် သီးသန့်ထားထားခြင်းဖြစ်ပြီး ထိုနေရာ၌ တစ်ချို့သောပရိသတ်များလည်း သူတို့သဘောကျသောသရုပ်ဆောင်များကို လက်ဆောင်များပေးရန် စောင့်မျှော်နိုင်လေသည်။

ယခုမူကား မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ငြိမ်သက်စွာမတ်တပ်ရပ်နေ၍ ခေါင်းငိုက်ချထားသော ပုံရိပ်လေးတစ်ခုသာရှိနေ၏။ သူဘာတွေတွေးနေသလဲတော့ ဘယ်သူမှမသိနိုင်လောက်ပေ။

ရှန်းချိုက်သည် သူ့ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်၏။

ရုတ်​တရက်​ကြီး ပြန်ထွက်​​ပြေးလိုက်ရန်​သာ စိတ်​အားထက်​သန်​လာသည်​။ တိတ်ဆိတ်နေသောဤနေရာကြီး၌ ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းတောင်မသိသော ထိုအမျိုးသားနှင့်ရင်ဆိုင်နေမည့်အစား သူ့အတန်းဖော်များနှင့် ပွဲဦးထွက်အောင်မြင်မှုအား ပျော်ရွှင်စွာဂုဏ်ပြုနိုင်ရန် ဒီနေရာမှလှည့်ကာ ပြဇာတ်ရုံထဲသို့ပြန်သွားလိုက်ပြီး ကျောင်းရှေ့ရှိအသားကင်ဆိုင်၌သာ စားသောက်လိုက်ချင်တော့သည်။

သို့သော် ထွက်ပြေးဖို့ရာမှာ အနည်းငယ်နောက်ကျသွား၏။

ထန်ယီမင်သည် သူ့ခြေသံများကိုကြားလိုက်ရသဖြင့် သူ့ဘက်သို့လှမ်းကြည့်လာခဲ့သည်။

မျက်ဝန်းနှစ်စုံက ထိပ်တိုက်တွေ့ဆုံသွားကြပြီး အမှောင်ညထဲ၌ အလင်းရောင်တစ်ခုတောက်ပသွားသကဲ့သို့ပင်။

"ချိုက်ချိုက်" နှုတ်ခမ်းထောင့်စွန်းတွင် သူတောင်နားမလည်နိုင်သောအပြုံးဖြင့် ထိုအမျိုးသားက သူ့နာမည်အား တိုးတိုးလေးခေါ်ခဲ့၏။  "မင်းထွက်မလာတော့ဘူးလို့ ကိုယ်ထင်နေတာ"

"..." ရှန်းချိုက်အနည်းငယ်ရှက်သွားကာ ထိုလူ့ရှေ့တွင် ခေါင်းငုံ့ထားလိုက်မိပြီး ဘာစကားပြောလို့ပြောရမှန်းတောင်မသိဖြစ်နေသည်။  "ဘယ်လိုလုပ် အပြင်မထွက်လာဘဲနေမှာလဲ၊ ပြဇာတ်ရုံထဲမှာ အမြဲနေလို့ရတာမှမဟုတ်တာ"

"မင်းကိုယ့်ကို တမင်တကာရှောင်သွားပြီး အရှေ့တံခါးကနေပဲ ထွက်သွားမယ်ထင်တာ"  ထန်ယီမင်က ပခုံးတွန့်ပြလာ၏။

"..." ရှန်းချိုက်လည်း ခေါင်းကိုမမော့ရဲတော့ပေ။

ဟုတ်တယ်၊ သူတကယ်ဝန်ခံလိုက်မယ်. . . သူအရှေ့တံခါးကနေပဲထွက်သွားလိုက်ဖို့ နည်းနည်းလေး နည်းနည်းဆိုမှနည်းနည်းလေးပဲလိုတော့တယ်

သို့သော် နောက်ဆုံးတွင် အကြောင်းပြချက်အားလုံးထက် စိတ်ခံစားမှုများကသာလွန်သွားပြီး ကတိပြုထားသည့်အတိုင်း သူရောက်လာခဲ့ခြင်းဖြစ်သည်။

အချိန်နှောင်းနေပြီဖြစ်သောကြောင့် ရှန်းဟယ်ပြဇာတ်ရုံအနီးအနားရှိ ကော်ဖီဆိုင်များအားလုံးပိတ်သွားကြပြီး ၂၄ နာရီဖွင့်သည့် KFC ဆိုင်တစ်ဆိုင်တည်းသာ လင်းထိန်နေခဲ့သည်။

ထို့ကြောင့် နှစ်ယောက်သားသည် မည်သည့်အမူအယာမှမပြဘဲ KFC သို့သာ တည့်တည့်လျှောက်သွားနိုင်တော့သည်။

လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ထန်ယီမင်သည် အသံသွင်းစတူဒီယိုတွင်သာ နေခဲ့ရပြီး နေ့တိုင်းလိုလို အမြန်အစားအစာများကိုသာ စားနေခဲ့ရခြင်းဖြစ်သည်။ ယခုဆိုင်းဘုတ်ပေါ်ရှိ  မုတ်ဆိတ်ဖြူအဘိုးအိုကြီးကို မြင်နေရရုံဖြင့်   ထန်ယီမင်လည်း မသက်မသာခံစားလာရတော့သည်။

ထို့ကြောင့် ကော်ဖီတစ်ခွက်သာမှာယူလိုက်ပြီး သူ့ပိုက်ဆံအိတ်ကိုဆွဲထုတ်ကာ ရှန်းချိုက်မှာပြီးသည့်အချိန်အထိ စောင့်ဆိုင်းပေးလိုက်သည်။

ရှန်းချိုက်လည်း စားပွဲထိုးအား တိုက်ရိုက်ပြောလိုက်၏။  "ကျွန်တော့်ကို Family Set ပဲပေးပါ"

ထန်ယီမင်က "မင်းကိုယ့်အတွက်ပါ မှာပေးဖို့မလိုဘူးနော်၊ ကိုယ် ကော်ဖီပဲသောက်မှာမို့လို့"

ရှန်းချိုက် : "... အဲ့ဒါက ကျွန်တော့်အတွက်ပဲ ကျွန်တော်မှာထားတာ"

စင်ပေါ်တွင် နှစ်နာရီခွဲလောက်ကခုန်ခဲ့ရသဖြင့် ယခုသူဗိုက်အလွန်ဆာနေပြီဖြစ်ကာ သူ့ရင်ဘတ်တောင် နောက်ကျောကိုကပ်နေပြီဖြစ်သည်။ ထို့ကြောင့် ကြက်ကြော်အကြီးကြီးနှင့်ဘာဂါတစ်လုံးတို့ဖြင့်သာ သူ့ကိုယ်သူ နှစ်သိမ့်ပေးရမည်ဖြစ်၏။

ထန်ယီမင် : "..."

ရှန်းချိုက်သည် အနည်းငယ်ရှက်ရွံ့စွာဖြင့်  သူ့ WeChat ဖွင့်လိုက်ပြီး ငွေရှင်းရန်ပြင်ဆင်ခဲ့သော်လည်း ထန်ယီမင်က သူ့ကိုတားမြစ်ခဲ့သည်။

ခဏအကြာတွင် စားပွဲပေါ်သို့ မွှေးကြိုင်သင်းပျံ့နေသောကြက်ကြော်များ ရောက်ချလာ၏။ ထန်ယီမင်သည် ကော်ဖီခွက်ကိုလက်ထဲတွင်ကိုင်ထားရင်း လေအလျင်နှုန်းဖြင့် ကြက်တောင်ပံတစ်စုံအပြင် ဘာဂါကိုပါအပြတ်ဖြတ်သွားခဲ့ကာ လက်ချောင်းလေးများကိုလျက်လိုက်ပြီးနောက် အချိုပွဲများဆီသို့ လက်လှမ်းနေသောကောင်လေးကိုသာ ကြည့်နေမိသည်။

ဆယ်ကျော်သက်အရွယ်တွင် အပတ်စဉ်တိုင်းကိုယ်အလေးချိန်ချရခြင်း၊ ဆီလျှော့စားရခြင်း၊ ဆားလျှော့စားရခြင်းနှင့် အနံ့အသက်နည်းသောအစားအစာများကို လိုအပ်သောပမာဏထက် မကျော်လွန်စေရန် ကျောင်းကဂရုပြုပေးခဲ့၏။ ထိုအချိန်တုန်းကတော့ ရှန်းချိုက်သည် သေးသွယ်ပေါ့ပါးကာ အင်္ကျီအဖြူတစ်ထည်အား လေထဲ၌ချိတ်ဆွဲထားသကဲ့သို့ဖြစ်နေခဲ့ပြီး လေပြင်းပြင်းတိုက်ခံလိုက်ရပါက အဝေးသို့လွင့်ထွက်သွားတော့မလိုပင်။

သို့သော် သူ့အသက် ၂၀ အရွယ်၊ ဂီတလောကစင်မြင့်ထက်၌ စတင်ပါဝင်ခဲ့ရသဖြင့် ရှိုးငါးခုဖျော်ဖြေပြီးချိန် စင်နောက်တွင်မူးလဲကျသွားပြီးချိန်မှစ၍ ဒါရိုက်တာကြီးသည် သူ့အား အစာလျှော့စားခြင်းကို ရပ်တန့်ပစ်ရန်နှင့် ဗိုက်ဆာလာသောအခါတိုင်း အစားစားရန်သာ အမိန့်ပေးခဲ့၏။

ထိုအချိန်မှစ၍ ရှန်းချိုက်၏အစာစားချင်စိတ်သည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ကြီးထွားလာခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် တေးဂီတပြဇာတ်တွေမှာက သီချင်းဆိုတာ၊ အကတာတွေအားလုံးပါပြီး အလွန်လည်းခက်ခဲ၏။ တစ်ခါတစ်လေ ငိုကြွေးပြရသလို တစ်ခါတစ်ရံလည်း ရယ်မောနေရ၏။ ကိုယ်ခန္ဓာ၏စွမ်းအင်ကိုသာ  ထိန်းမထားနိုင်ပါက မိနစ်ပိုင်းအတွင်း ဆေးရုံတစ်ခါတည်းပို့ရမည်ဖြစ်သည်။

ထို့ကြောင့် ဖျော်ဖြေပွဲတစ်ခုပြီးတိုင်း ရှန်းချိုက်သည် အရွယ်ရောက်ပြီးသူနှစ်ဦးကောင်းကောင်းစားနိုင်သော ပမာဏလောက်ကို တစ်ခါတည်းအပြတ်ဖြိုနိုင်၏။ ကိုယ်အလေးချိန် တက်မှာကိုပြောနေတာလား!? ဒါမျိုး လုံးဝမရှိဘူး!! အခုဆို သူက ပိန်ညှောင်ညှောင်ငန်းပေါက်လေးမဟုတ်တော့ဘူး. . .ကြွက်သားအပြည့်နဲ့ အားသန်တဲ့ငန်းတစ်ကောင်ဖြစ်နေပြီ!!

သူအစားစားရန်ရုန်းကန်နေစဥ် သူ့ဘေးတွင်ထိုင်နေသောထန်ယီမင်ကတော့ သူ့ကို ကြည့်နေလေသည်။

မျက်နှာပေါ်ရှိ မိတ်ကပ်အထူကြီးကိုဖယ်ရှားလိုက်ပြီးနောက် ကောင်လေး၏ နူးညံ့သိမ်မွေ့သောအသွင်အပြင်လေးက ရုပ်လုံးပေါ်လာတော့သည်။

ရှန်းချိုက်၏အသွင်အပြင်ကိုဖော်ပြရန်  စကားလုံးတစ်လုံးတည်းကိုသာ အသုံးပြုရမည်ဆိုပါက ထန်ယီမင်ကတော့ "ရှင်းသန့်ခြင်း" ဟူသောစကားလုံးကို ရွေးချယ်မည်ဖြစ်သည်။

ရှန်းချိုက်သည် အလွန်ရှင်းသန့်ကြည်လင်လေသည်။

စိမ်းစိုစိုဝါးပင်လေး သို့မဟုတ် ကြည်လင်နေသော စမ်းချောင်းလေးကဲ့သို့ အင်္ဂါရပ်တစ်ခုစီတိုင်းသည် လန်းဆန်းတက်ကြွကာ ရှင်းသန့်သောအရသာရှိနေပုံရသည်။

သူသည် ဟွာချောင်းအကအကယ်ဒမီ၏ တီရှပ်ကို၀တ်ဆင်ထားပြီး "အက" ဆိုသည့်အတိုင်း အကသမားတစ်ဦး၏ပုံသဏ္ဍာန်ကို ထင်သာမြင်သာရှိနေစေသည်။

သူ့ခြေထောက်တွင် ခြေညှပ်ဖိနပ်တစ်စုံကိုစီးထားပြီး ထန်ယီမင်၏မျက်လုံးများက သူ့ခြေထောက်အောက်သို့ဆက်ဆင်းသွားစဥ် ခြေဖဝါးပေါ်ရှိ အရှည်အတိုအရွယ်အစားမျိုးစုံရှိသော ကြောက်စရာကောင်းသည့်အမာရွတ်များကို သတိပြုမိသွား၏။

ထိုအမာရွတ်တို့မှာ အလွန်ကြောက်စရာကောင်းခဲ့ကြောင်း ထင်ရှားလွန်းနေပြီး ထန်ယီမင်၏မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားကာ မည်သို့သောမတော်တဆမှုမျိုးကများ ဒီလောက်ကြောက်စရာကောင်းတဲ့အမှတ်အသားတွေကို ချန်ထားခဲ့သည်ကို သူ စိတ်ကူးလို့တောင်မရခဲ့ပေ။

ချိုက်ချိုက်... သူက ဘဲလေးအကသမား မဟုတ်ဘူးလား??  ဘာလို့များ တေးဂီတပြဇာတ်ရဲ့ ဇာတ်ခုံပေါ်မှာ ပေါ်လာရတာလဲ?? ဒါတွေက ဒီဒဏ်ရာတွေနဲ့ ဆက်စပ်နေခဲ့တာလား??

ထန်ယီမင် မေးမြန်းချင်နေသော်လည်း ဘယ်အခြေအနေကနေ စမေးရမယ်မှန်း မသိခဲ့ပေ။

-သူငယ်ချင်းတစ်ယောက်အနေနဲ့လား??

မဟုတ်ဘူး၊ သူတို့ရဲ့ဆက်ဆံရေးက  သူငယ်ချင်းတွေထက်တောင် ပိုရှုပ်ထွေးသေး၏။

ထိုအချိန်တွင် ရှန်းချိုက်၏ခြေဖဝါးများက  အခြားတစ်နေရာသို့ရွေ့လျားသွားပြီး မူလက အလင်းရောင်အောက်တွင်ပေါ်လွင်နေသော ခြေထောက်များမှာ ရုတ်တရက် နောက်သို့ပြန်ဆုတ်သွားတော့သည်။ ထိုခြေနှစ်ချောင်းနှင့်ခြေချင်းဝတ်တို့က ကုလားထိုင်အောက်တွင်သာ ဖုံးကွယ်ခံလိုက်ရတော့သည်။

မသိစိတ်ဖြင့် ထန်ယီမင်သည် ကောင်လေး၏ ခြေဖဝါးများမှ အကြည့်ခွာလိုက်ပြီး ရှန်းချိုက်ကိုပြန်မော့ကြည့်လိုက်ချိန်တွင် ကောင်လေးသည် စားပွဲပေါ်ရှိအစားအစာအားလုံးကို စားပြီးသွားခဲ့ပြီဖြစ်ကာ သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ခင်ဗျား..." ရှန်းချိုက်၏ ကြည်လင်ပြတ်သားသောယောက်ျားလေးအသံမှာ နားထောင်ရတာ ကြည်နူးဖို့ကောင်းနေ၏။ "... ခင်ဗျားက ကျွန်တော်ထင်ထားတာနဲ့မတူဘူး"

"တကယ်လား?" ထန်ယီမင်လည်း ရယ်မောလိုက်သည်။  "မင်းလည်း ကိုယ်စိတ်ကူးထားတာနဲ့ အရမ်းကွာတယ်"

မတူဘူးနဲ့ အရမ်းကွာတယ်. . . စကားလုံးနှစ်လုံးကို ပြောင်းပြန်လှန်ကြည့်လိုက်မည်ဆိုပါက အဓိပ္ပါယ်မှာ အတော်လေးကွာခြားသွားလိမ့်မည်ဖြစ်သည်။

ရှန်းချိုက်လည်း စိတ်၀င်တစားဖြင့် "ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုပုံစံမျိုးထင်ခဲ့တာလဲ??" ဟုသာ ထုတ်မေးရတော့သည်။

ထန်ယီမင်က "မင်းကိုယ့်ကိုပေးခဲ့တဲ့  အချက်အလက်တွေအပေါ်ကိုပဲ အခြေခံပြီး  စိတ်ကူးထားခဲ့တာလေ၊ လွန်ခဲ့တဲ့ငါးနှစ်တုန်းက မင်းက ကောလိပ်ကနေဘွဲ့ရတော့မယ့် ဘဲလေးကျောင်းသားတစ်ယောက်ဆိုတာမျိုးပေါ့။ ဒါပေမယ့် မင်းဒီလောက်အကြာကြီး တက္ကသိုလ်တက်ရလိမ့်မယ်လို့တော့ ကိုယ်ဘယ်ထင်ထားခဲ့မှာလဲ??"

ရှန်းချိုက်သည် အလွန်ရှက်သွားပြီး နေရာတွင် ပင် ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရ၏။

သူတစ်ချိန်လုံးလိမ်ညာခဲ့သော မုသားများအား  နောက်ဆုံးမှာတော့ အမှန်တရားအဖြစ် ဖော်ထုတ်ခံရပြီဖြစ်သည်။

သူပေးထားခဲ့သော သူ့အကြောင်းသတင်းအမှားများသည် ထန်ယီမင်အား ငါးနှစ်တိုင်တိုင်လမ်းလွဲစေခဲ့သည်ကို ရှန်းချိုက်မသိခဲ့ပေ။

နှုတ်ဆက်သီချင်းပွဲတော် ပြီးသည့်ညတွင် ရှန်းချိုက်သည် တစ်စုံတစ်ရာနှုတ်ဆက်ခြင်းမရှိဘဲ  လှည့်ထွက်သွားခဲ့၏။ ထိုအချိန်တွင် သူသည်  ထန်ယီမင်၏နံပါတ်များကို ဖျက်ပစ်ခဲ့ရုံသာမက သူ့ QQ နံပါတ်ကိုလည်း ဘယ်တော့မှဆက်မသုံးတော့ရန် ​ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခဲ့လေသည်။

ထန်ယီမင်ကတော့ သူ့ကိုရှာတွေ့နိုင်ရန်ကြိုးစားခဲ့၏။ တရုတ်နိုင်ငံတွင် ဘဲလေးမေဂျာသင်ပေးနိုင်သော တက္ကသိုလ်အနည်းငယ်သာရှိလေသည်။ သူသည် တစ်ယောက်ပြီးတစ်ယောက်အား "ချိုက်" ဟူသောနာမည်ဖြင့် လူသစ်ရှိမရှိကို မပြတ်မလပ်မေးမြန်းခဲ့သော်လည်း သက်ဆိုင်သောနာမည်မျိုး လုံးဝမရှိခဲ့ပေ။

နောက်ပိုင်းတွင်လည်း ထန်ယီမင်သည် တရုတ်နိုင်ငံရှိ နာမည်ကြီးဘဲလေးကုမ္ပဏီများ၌ ထိုကဲ့သို့ အမျိုးသားအကသမား ရှိ မရှိကို မေးမြန်းစုံစမ်းခဲ့သော်လည်း အဖြေကတော့ အနုတ်လက္ခဏာသာဆောင်နေသေးသည်။

ထန်ယီမင်သည် သူ့ကိုယ်သူ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သံသယဝင်မိခဲ့၏။ သူ့ရှေ့မှာပေါ်လာခဲ့ဖူးတဲ့ ငန်းပေါက်လေးက နိုင်ငံခြားမှာ ကျောင်းတက်နေရင်းနဲ့ သူအရမ်းအထီးကျန်နေခဲ့လို့ မက်ခဲ့မိတဲ့အိမ်မက်လေးများလား??  အခုကျတော့ အိပ်မက်ကနေနိုးလာလို့ ငန်းလေးက အဝေးကိုပျံသွားခဲ့တာလား ဟုပင်။

ဒီနေ့ဒီအချိန်ထိတိုင် ... နှစ်ဦးသား မတော်တဆဆုံတွေ့ခဲ့ရပြီး ထိုအိပ်မက်က အမှန်ဖြစ်လာခဲ့ကာ ငန်းပေါက်လေးသည်လည်း အစစ်အမှန်ဖြစ်ကြောင်းသူတွေ့ရှိခဲ့ရ၏။ သို့သော် ငန်းပေါက်လေးကတော့ သူ့ကို လိမ်လည်လှည့်ဖြားခဲ့သည်ပင်။

"အဲ့ဒါ... ကျွန်တော် တောင်းပန်ပါတယ်" ရှန်းချိုက် ဆက်ပြောပြလိုက်၏။ " အဲ့ဒီ့အချိန်မှာ ကျွန်တော်ကငယ်နေသေးတော့ ပိုရင့်ကျက်ချင်ခဲ့တာ"

"ဒါဆို ဒီနှစ်က ၂၂ နှစ်ရှိပြီပေါ့"

"မဟုတ်ဘူး၊ အသက်က ၂၃ နှစ်ရှိပြီ. . . အထက်တန်းကျောင်းတက်နေရင်းနဲ့ တစ်နှစ်နားလိုက်တာ"

"ကျောင်းနားလိုက်ရတာလား"

"ဟုတ်တယ်"  ငန်းပေါက်လေးက သူ့ငန်းခြေဖဝါးလေးများကိုဆန့်ထုတ်ပြီး လှုပ်ပြပြန်၏။ " ကျွန်တော်အရင်ကတော့ ဘဲလေးကိုသင်ခဲ့တယ်။ ဒါပေမဲ့ ကားမတော်တဆမှုအကြီးစားတစ်ခုနဲ့ကြုံခဲ့ရတော့ ကျောင်းနားလိုက်ပြီး  နောက်တစ်နှစ်ကြာတော့မှ သီချင်းနဲ့အကပညာရပ်ကို ပြောင်းသင်ခဲ့ရတာ။ အဲ့ဒီ့အချိန်တွေတုန်းကဆို ကျွန်တော်ကစိတ်ဓာတ်အရမ်းကျနေတာလေ. . . နောက်ပိုင်းကျတော့  ကျွန်တော်ယွမ်တာ့ရဲ့အသံကို မတော်တဆကြားခဲ့ရတယ်၊ ကျွန်တော်ကလေ ဒီအတိုင်း... "

သူကဒီအတိုင်း…

နောက်ဆုံးစကားကိုတော့ ရှန်းချိုက်ကလည်းဘာမှမပြောခဲ့သလို ထန်ယီမင်ကလည်းဆက်မမေးခဲ့ပေ။

ခဏအကြာတွင် ထန်ယီမင်သည်  အကြောင်းအရာတစ်ခုကို ပြန်အစကောက်လိုက်ပြီး သူ့လက်ကိုဆန့်ပေးလိုက်ကာ "ကိုယ့်ကို 'ယွမ်တာ့' လို့ မခေါ်နဲ့၊ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးမယ်. . . ကိုယ့်နာမည်က ထန်ယီမင်၊ အခုဆိုကိုယ်က စီးပွားဖြစ်အသံသွင်းစတူဒီယိုရဲ့ အကြီးအကဲပေါ့" 

သူ့လက်ကို ရှန်းချိုက်ရှေ့သို့ဆန့်ထားပေးခဲ့သည်။ ရှန်းချိုက်သည်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့လက်တစ်ဖက်ကို  အလျင်အမြန်ဆန့်ထုတ်လိုက်ပြီး ထိုသူ့လက်ချောင်းထိပ်များကို ညင်သာစွာကိုင်လိုက်ကာ အယွင်းယွင်းအမှားမှားဖြင့် စက္ကန့်အနည်းငယ်ကြာအောင် လှုပ်ခါနေမိပြီးမှ လက်ကိုအမြန်ပြန်လွှတ်ပေးလိုက်ရသည်။

ထိုအမျိုးသား၏ ထူထဲကာ ပူနွေးနေသောလက်ဖဝါးကြာင့် ရှန်းချိုက်သည် သူ့လက်အား မီးရှို့ခံလိုက်ရသည်ဟုတောင် ခံစားလိုက်ရသည်။

"ကျွန်တော့်နာမည်က ရှန်းချိုက်" ထို့နောက် သူလည်းပြန်မိတ်ဆက်လိုက်၏။  "ကျွန်တော်က တေးဂီတပြဇာတ်သရုပ်ဆောင်"

ထို့နောက်တွင်တော့ စကားအကြာကြီးပြောဖြစ်ခဲ့ကြသည်။

တစ်ယောက်နှင့်တစ်ယောက် ဘဝနဲ့အလုပ်အကြောင်း ပြောပြဖြစ်ကြ၏။

ထန်ယီမင်သည် လွန်ခဲ့သည့်ငါးနှစ်ခန့်က ဘွဲ့ရပြီးပြီးချင်း  တရုတ်နိုင်ငံသို့ပြန်မလာခဲ့ကြောင်း  ရှန်းချိုက်အားပြောပြခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုရှိ ငွေကြေးကုမ္ပဏီတစ်ခုတွင်  ကုန်သွယ်ရေးလက်ထောက်တစ်ဦးအဖြစ်  ပထမဆုံးအလုပ်ရခဲ့ပြီး ကျောင်းသားချေးငွေကို ပြန်ဆပ်နိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားဖြစ် အသံသွင်းစတူဒီယိုဖွင့်ရန် သူစုဆောင်းထားသောငွေအချို့ဖြင့် တရုတ်နိုင်ငံသို့ပြန်လာခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် သူ့မိဘများနှင့် အပြင်းအထန်ပဋိပက္ခဖြစ်ပွားခဲ့ရ၏။ ဆွေမျိုးတစ်ဒါဇင်ကျော်သည်လည်း စစ်မြေပြင်သို့ ဝင်ရောက်လာကာ သူ့ထက်တောင်ပို၍ သူ့တစ်နှစ်တာလစာအား စိုးရိမ်ပေးလာကြသည်။ မိဘများနှင့်သူ့အကြား ပဋိပက္ခသည် ရင်ကြားစေ့ရန်ခက်ခဲလွန်းသောကြောင့်  ယခုတွင်တော့ နွေဦးပွဲတော်အတွင်းအိမ်ပြန်ခြင်းမှလွဲ၍ ဆွေမျိုးများနှင့်လုံးဝမဆက်ဆံတော့ပေ။

သူနှင့်နှိုင်းယှဉ်ကြည့်ပါက ရှန်းချိုက်၏ဘဝသည် မကြာသေးမီနှစ်များအတွင်း ပိုမိုချောမွေ့လာခဲ့၏။ သူသည် သီဆိုကခုန်မှုများကို ကောင်းမွန်စွာပြုလုပ်နိုင်သည့်အတွက် သူပထမဆုံးလျှောက်ထားခဲ့သောကောလိပ်ကို  တက်ရောက်နိုင်ခဲ့သည်။ အသက် ၂၀ အရွယ်တွင် စင်မြင့်ထက်၌ စတင်ကပြနိုင်ခဲ့ပြီး  တောင်ကိုရီးယားရှိ တေးဂီတပြဇာတ်တစ်ပုဒ်အား ပြန်လည်ရိုက်ကူးမှု၌ ပါဝင်ခဲ့၏။ ထိုပြဇာတ်သည် အလွန်နာမည်ကျော်ကြားပြီး  အကြိမ်တစ်ရာနီးပါး ဖျော်ဖြေပြသခဲ့ပြီးဖြစ်သည်။  သို့သော် သူတတ်မြောက်ထားသောပညာရပ်များကြောင့် သူသည် ပထမအကျော့ကတည်းက ဝင်ခွင့်ရသွားတော့သည်။

ထန်ယီမင်ကတော့ သူတရုတ်နိုင်ငံသို့ပြန်ရောက်လာပြီး သုံးလတောင်မပြည့်သေးမီတွင် သူ့ ID အား ဖော်ထုတ်ခံခဲ့ရကြောင်းပြောပြခဲ့၏။ ပရိတ်သတ်အချို့ကတော့ သူပြန်လာတာကို ဝမ်းမြောက်အားပေးကြပြီး အချို့ကတော့  သူလုပ်ခဲ့သော "အတုအယောင်နှုတ်ဆက်ပွဲ" ကို သဘာဝကျစွာပင် လှောင်ပြောင်ကြလေသည်။ ယခုတွင်တော့ သူ၏အဓိကလုပ်ငန်းမှာ ရုပ်ရှင်နှင့်တီဗီစီးရီးအချို့ကို အသံသွင်းခြင်းဖြစ်ပြီး သူ့လက်အောက်တွင်လည်း အခြားသော CV များရှိကာ သူတို့အသံနှင့်ကိုက်ညီသောသရုပ်ဆောင်များရှိပါက စီးပွားဖြစ်အသံသွင်းနိုင်ရန် ချိတ်ဆက်ပေးသည်ဟုဆိုသည်။

ရှန်းချိုက်ကတော့ ယခုလက်ရှိသူ့အတန်းဖော်များဟာ သူ့အထက်တန်းကျောင်းတုန်းက ရင်းနှီးခဲ့သောမျက်နှာများမဟုတ်ကြောင်းပြောပြခဲ့၏။ တေးဂီတပြဇာတ်နယ်ပယ်မှာ အလွန်ဆင်းရဲကာ ပင်ပန်းလွန်းလေသည်။ အထက်တန်းမှအတန်းဖော်အများစုသည်  အခြားနယ်ပယ်များသို့ ရောက်သွားခဲ့ကြပြီး ထိုအထဲ၌ အိုင်ဒေါအဖြစ်ပွဲဦးထွက်ခဲ့သော ကောင်လေးတစ်ယောက်လည်းရှိကာ အခုတော့ အရမ်းပေါ်ပြူလာဖြစ်နေသည်ဟု ​ဆို၏။

"ပေါ်ပြူလာဖြစ်နေတဲ့အိုင်ဒေါ??"  ထန်ယီမင်လည်း မေးမြန်းလိုက်သည်။ "ဘယ်သူလဲ?? သူ တီဗီစီးရီးတွေမှာသာ သရုပ်ဆောင်ရင်တော့ ကိုယ်သူ့ကိုတောင်  အသံသွင်းဖူးလောက်တယ်"

"ချန်ဇီရန်လေ" ရှန်းချိုက် ဆက်ပြောပြလိုက်သည်။  "ကျွန်တော်တို့ အထက်တန်းကျောင်းတက်တုန်းကဆို သူကကျွန်တော့်နောက်မှာထိုင်တာ. . . ဒါပေမယ့် သူက ကောလိပ်ဝင်ခွင့်စာမေးပွဲမအောင်တော့ သူ့ပွဲဦးထွက်အတွက်  စွမ်းရည်ပြပွဲကိုပဲ တိုက်ရိုက်သွားလိုက်တာ"

"..." ထန်ယီမင်၏အမူအရာမှာ ပြောမပြတတ်အောင်ပင်။

ရှန်းချိုက် : "မဖြစ်နိုင်ဘူး. . . သူ့ကို အသံသွင်းဖူးတာလား??"

"ကိုယ်မဟုတ်ဘူး၊ ကိုယ့်အသံက သူနဲ့မကိုက်လို့လေ. . . ဒါပေမယ့် ကိုယ့်လက်အောက်ကလူနဲ့တော့ အဆင်ပြေတယ် " ဤအကြောင်းပြောနေရင်းဖြင့် ထန်ယီမင်ခေါင်းကိုက်လာလေသည်။ "သူဒီလထွက်မယ့်ဒရာမာမှာဆို တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်. . . . ခုနစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ် ဒါတွေချည်းပဲ။ သူ့ကို ဘယ်သူမှအသံမသွင်းပေးတတ်တော့ဘူး. . . သူ့လိုအပ်ချက်တွေက တော်တော်လေးမြင့်နေတယ်"
[T/N : သရုပ်ဆောင်တွေအနေနဲ့ တစ်ခါတစ်ရံမှာ စာကြောင်းတွေမေ့သွားရင် နံပါတ်တွေပဲ ရွတ်နေတတ်တာမျိုးကို ဆိုလိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် အသံပြန်သွင်းမှာမို့လို့ပါ]

ရှန်းချိုက်သည် သူ့ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းချလိုက်ပြီး "သူ့အေးဂျင့်က  သူ့ကို အလုပ်အကြီးစားသုံးခုတောင် စီစဥ်ပေးထားတာလေ၊ ရသစုံရှိုးကတစ်ခုနဲ့ ဇာတ်လမ်းတွဲကနှစ်ပုဒ်. . . အကုန်လုံးကို တစ်ခါတည်း လက်မှတ်ထိုးခိုင်းထားတာ။ အဲ့ဒါကြောင့် စာသားတွေကျက်ဖို့ အချိန်မရတာပဲနေမယ်"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြတော့သည်။

ထိုညတွင် စကားအများကြီး ပြောဖြစ်ခဲ့ကြ၏။

အလုပ်အကြောင်း၊ ​ဘဝအကြောင်းများပြောပြကြပြီးနောက် အတင်းအဖျင်းများအကြောင်း ပြောဖြစ်ခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးသည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ တစ်ဝက်တစ်ပျက်ရောက်နေကြပြီး သူတို့၏လုပ်ငန်းခွင်များက ထပ်တူမကျလျှင်တောင် အတင်းအဖျင်းများစွာကိုတော့ အလွယ်တကူမျှဝေနိုင်ကြသေးသည်။

သူတို့သည် အရာခပ်သိမ်းနီးပါး၊ အသေးအဖွဲကြီးကြီးသေးသေး ကိစ္စမျိုးစုံကို ပြောဆိုခဲ့ကြသည်။ သို့သော် လွန်ခဲ့သောငါးနှစ်ခန့်က သူနှုတ်မဆက်ဘဲထွက်သွားခဲ့သော ထိုအထူးသတိထားရမည့်  အကြောင်းအရာများကိုတော့ လုံးဝမပြောခဲ့ကြပေ။ 

သူတို့နှစ်ယောက်လုံးစလုံးသည် ဒီအကြောင်းအရာများကို တမင်တကာရှောင်ရှားထားခဲ့ကြသည်။

သူတို့လျစ်လျူရှုထားသရွေ့တော့ နှင်းဆီပန်း၏သီချင်းကို မေ့ထားနိုင်သည်။ ရခဲ့ဖူးသောနောင်တများနှင့် ကျခဲ့ရသောမျက်ရည်များကိုလည်းမေ့ထားနိုင်သလို ပြောမထွက်ခဲ့သောစကားများကိုလည်း မေ့ထားနိုင်၏။

လေထုအခြေအနေက ပိုကောင်းမွန်လာလေသည်။

သူတို့နှစ်ဦးသားသည် နှစ်ပေါင်းများစွာဝေးကွာနေခဲ့သော သူငယ်ချင်းဟောင်းများလိုပင်။ ပြန်ဆုံပြီးသည့်နောက်တွင်တောင် ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးများ ရှိနေဆဲဖြစ်၏။

"နောက်ကျနေပြီ"  ရှန်းချိုက်လည်း သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး "ဒီငန်းကတော့ သူ့အသိုက်သူပြန်အိပ်ရတော့မယ်"

ထန်ယီမင်လည်း သဘောတကျ ရယ်နေမိလေသည်။

နှစ်ယောက်သား တစ်ပြိုင်နက်ထရပ်လိုက်ပြီး ထန်ယီမင်က "မင်းဘယ်မှာနေတာလဲ?? ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်လေ" ဟု ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။

" ရတယ် မလိုပါဘူး " ရှန်းချိုက် ခေါင်းခါပြလိုက်ပြီး မှန်တံခါးအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။ "အပြင်မှာ ကျွန်တော့်ကောင်လေးစောင့်နေလို့"

----------

စာရေးသူမှာ ပြောစရာတစ်ခု ရှိနေပါတယ်~~~

ဒုတိယပိုင်း စလာပါပြီ၊ ငါးနှစ်လည်းကြာသွားပြီဆိုတော့ အဲ့ဒီ့ငါးနှစ်အတွင်းမှာ ကိစ္စတွေအများကြီးဖြစ်သွားဖို့ လုံလောက်တယ်နော်။

[အိုင့် note: ချိုက်ချိုက်ကတော့ တစ်ကွက်ပြသွားပါပြီ 👀]

အားလုံးလည်း အစစအရာရာ ဂရုစိုက်ကြပါနော်။

____________________________________________
Zawgyi

Chapter (49)

Act 7 : Fan Letter (1)
ျပန္လည္ဆံုေတြ့ၾကသည့္ မ်က္စိတစ္မိွတ္ေလးအတြင္းမွာပဲ ရက္ေပါင္းႏွစ္ေထာင္နီးပါး ရိွသြားခဲ့ေလၿပီ

— လြန္ခဲ့ေသာငါးႏွစ္၏အမွတ္တရမ်ားမွာ  ရုတ္ျခည္းအဆံုးသတ္သြား၏။

ထန္ယီမင္သည္ ပရိသတ္မ်ားထဲတြင္ထိုင္ေနကာ စင္ျမင့္ေပၚရိွမီးေရာင္မ်ားကို  ေမ်ွာ္ၾကၫ့္လိုက္သည္။

စင္ေပၚရိွေကာင္ေလးသည္ ကခုန္ေဖ်ာ္ေျဖရင္း  က်ယ္ေလာင္စြာျဖင့္ သီဆိုေနေလသည္။ သူ႔အသံေလးမွာ လြန္ခဲ့သည့္ငါးႏွစ္ကအတိုင္း မေမ့ႏိုင္ေလာက္သည္အထိ စူးရွေနဆဲျဖစ္သည္။

တကယ္ကို မယံုႏိုင္စရာေကာင္းလွ၏။

အြန္လိုင္းေပၚတြင္ စကားစျမည္ေျပာၿပီး ရယ္ေမာေပ်ာ္ရႊင္ခဲ့သည္မွာ မေန့တစ္ေန့ကအတိုင္းပင္။ သို႔ေသာ္ ျပန္လည္ဆံုေတြ့ၾကသည့္ မ်က္စိတစ္မိွတ္ေလးအတြင္းမွာပဲ ရက္ေပါင္းႏွစ္ေထာင္နီးပါး ရိွသြားခဲ့ၿပီျဖစ္သည္။

...

ေက်ာင္းသားမ်ားအားလံုး ၿပီးျပည့္စံုစြာအစမ္းေလ့က်င့္ခဲ့သၫ့္ Kinky Boots ျပဇာတ္သည္ ေနာက္ဆံုးတြင္ေတာ့ ေအာင္ျမင္စြာျဖင့္ၿပီးဆံုးသြားခဲ့၏။

အဆံုးသတ္တြင္ စင္ျမင့္ႀကီး၏ ေဘးႏွစ္ဘက္ႏွစ္ခ်ပ္ရိွအေပါက္မ်ားမွ တလပ္လက္ေတာက္ပေနေသာ ေရႊေရာင္ဖဲႀကိဳးမ်ား ျဖာထြက္လာေတာ့သည္။ ရွန္းခ်ိဳက္ကေတာ့ ပံုႀကီးခ်ဲ့ထားေသာမ်က္ေတာင္အတုမ်ားအျပင္ အနီေရာင္ကိုယ္ၾကပ္ဝတ္စံုကို ဝတ္ဆင္ထားရ၏။

ခန္းမႀကီး၏အေနာက္ဘက္တစ္ေနရာဆီသို႔ ဖ်တ္ခနဲတစ္ခ်က္ၾကည့္လိုက္စဥ္ ထူးဆန္းေနသလိုျဖင့္ ရင္းႏွီးေနေသာရုပ္သ႑ာန္တစ္ခုကို သူ အလြယ္တကူရွာေတြ့လိုက္သည္။

ရွန္းခ်ိဳက္သည္ ထိုလူ၏အသြင္အျပင္အား အႀကိမ္ေပါင္းမ်ားစြာ စိတ္ကူးယဉ္ခဲ့ဖူး၏။

ထိုအမ်ိဳးသားသည္ အရပ္ရွည္ၿပီး  မ်က္ခံုးမ်က္လံုးလွကာ ေနြးေထြးေသာအၿပံဳးေလးျဖင့္  အရပ္ရွည္ေသာသူျဖစ္ေလာက္မည္ဟု သူထင္ခဲ့ဖူးသည္။ သို႔ေသာ္ ယခုထိုအမ်ိဳးသားႏွင့္ အမွန္တကယ္မ်က္ႏွာခ်င္းဆိုင္ရခ်ိန္တြင္ ရွန္းခ်ိဳက္စိတ္ထဲတြင္ေပၚလာေသာ နာမဝိေသသနအားလံုးကေတာင္ ထိုလူ၏ရုပ္သြင္ကို လံုလံုေလာက္ေလာက္မေဖာ္ျပႏိုင္ေပ။

ခန္းမထဲ၌ ထန္ယီမင္က ပထမဆံုးထလိုက္ၿပီး လက္ခုပ္စတီးလာ၏။ သူသည္ ေခ်ာေမာခန္႔ညားၿပီး အရပ္လည္းရွည္သျဖင့္ လူတစ္ရာေအာက္သာရိွေသာပရိသတ္မ်ားအၾကား အလြန္ထင္းထြက္ေနခဲ့သည္။ သူမတ္တပ္ရပ္ၿပီးသည္ႏွင့္ က်န္ပရိသတ္မ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ မတ္တပ္ရပ္လာၾကေတာ့သည္။

အဆံုးတြင္ေတာ့ ဇာတ္ရံုငယ္ေလးတစ္ခုလံုး၌  လက္ခုပ္ၾသဘာသံမ်ား က်ယ္ေလာင္စြာထြက္ေပၚလာၿပီး စင္ျမင့္ေပၚရိွေက်ာင္းသားလူငယ္မ်ားအား စိတ္ရင္းမွန္ျဖင့္ က်ယ္ေလာင္စြာ ေအာ္ဟစ္အားေပးခဲ့ၾက၏။

သူတို႔၏စြမ္းေဆာင္မႈမ်ားက မရင့္က်က္ေသးေသာ္လည္း ထိုအထဲရိွ စိတ္အားထက္သန္မႈမ်ားကိုေတာ့ ေလ်ွာ့ခ်လို႔မရေပ။

ေနာက္ဆံုးကန႔္လန႔္ကာပိတ္သြားၿပီးေနာက္ ပင္ပန္းလြန္းေနသၫ့္ရွန္းခ်ိဳက္၏ေျခေထာက္မ်ားက တုန္ယင္ေပ်ာ့ေပ်ာင္းလာၿပီး  ၾကမ္းျပင္​ေပၚသို႔လဲက်လုနီးပါးပင္။

ရွန္းခ်ိဳက္ေဘးတြင္ရပ္ေနေသာ အမ်ိဳးသမီး ဇာတ္ေဆာင္ေလးသည္ သူ႔ဆီမန္းကတန္းေရာက္လာၿပီး အိန္ဂ်ယ္လ္ႏွစ္ေယာက္ႏွင့္အတူ   စင္ေပၚမွေအာက္သို႔တြဲထိန္းေပးခဲ့၏။

စႄကၤံအေနာက္နားတြင္ေစာင့္ေနေသာ ေထာက္ပံ့ပို႔ေဆာင္ေရးအတန္းေဖာ္မ်ားကေတာ့ ရွန္းခ်ိဳက္အဝတ္လဲခန္းသို႔မေရာက္ခင္အခ်ိန္ကတည္းက သူ႔ကိုေစာင့္ေနၾကျခင္းျဖစ္သည္။

ေရတိုက္သည့္သူကတိုက္၊ ေခ်ာကလက္ေကြၽးသည့္သူကေကြၽးႏွင့္ သူ႔ဆံပင္တုကိုလည္း တာဝန္ရိွသူမ်ားက စနစ္တက်ျပန္ျဖဳတ္ေပးေနၾကေလသည္။

ေခါင္းေပၚရိွဆံပင္တုေၾကာင့္ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာအနက္ေရာင္ဆံပင္မ်ားက သူ႔ဦးေရျပားေပၚတြင္ စိုကပ္ေနၾက၏။  ေခြၽးလည္းအလြန္ထြက္ေနၿပီး မ်က္ႏွာေပၚတြင္လိမ္းခ်ယ္ထားေသာ အလွကုန္မ်ားႏွင့္ေရာစပ္သြားကာ ရွက္ဖြယ္အတိျဖစ္ေနေလသည္။

တစ္စံုတစ္ေယာက္က သူ႔ေရ႔ွထိုင္ခ်လိုက္ၿပီး တင္းၾကပ္ေနေသာေဒါက္ဖိနပ္မ်ားကို ခြၽတ္ေပးလိုက္၏။ သို႔ေသာ္ ေရာင္ကိုင္းေနေသာေျခဖဝါးမ်ားေၾကာင့္ အေတာ္ေလးႀကိဳးစားပမ္းစားျဖင့္ ဖိနပ္ခြၽတ္ခဲ့ရၿပီး ေကာင္ေလး၏ေျခေထာက္မွ ဖိနပ္ကြၽတ္သြားခ်ိန္တြင္ စူးရျွပင္းထန္ေသာေသြးနံ႔မ်ား လိႈင္လိႈင္ထြက္လာသျဖင့္ အတန္းေဖာ္ေကာင္မေလးတစ္ေယာက္မွာ ခ်က္ခ်င္းေအာ္ဟစ္လာေတာ့သည္။ "ရွန္းခ်ိဳက္. . . နင့္ေျခေထာက္ေတာ့ ျဖတ္ပစ္ရေတာ့မယ္ထင္တယ္!!!"

"..." ရွန္းခ်ိဳက္သည္ ထိုက်ီးကန္းပါးစပ္ႏွင့္တစ္ေယာက္ကို တိတ္တဆိတ္သာစိုက္ၾကၫ့္ေနလိုက္ေတာ့သည္။

ထို႔ေနာက္ ဒဏ္ရာကိုသန္႔ရွင္းေရးလုပ္ျခင္း၊  ေဆးထည့္ျခင္းတို႔အား အခ်ိန္ေတာ္ေတာ္ၾကာၾကာ ဂရုတစိုက္လုပ္ခဲ့ရ၏။ ေသြးထြက္ေနသည့္ေနရာအားလံုးကို လိမ္းေဆးျဖင့္လိုက္ျဖန္းရေလသည္။ ေဆးတစ္ခါျဖန္းလိုက္ၿပီးတိုင္း ရွန္းခ်ိဳက္၏ပခံုးမ်ားတုန္ယင္သြားၿပီး မ်က္ေမွာင္က်ံဳ႔ထားရကာ နာက်င္မႈကိုေတာင့္ခံထားရ၏။

ယခုကဲ့သို႔ စင္ေပၚျပန္တက္ႏိုင္ၿပီး အရင္လိုျပန္ကႏိုင္ဖို႔အတြက္ အခုထက္ပိုၿပီးေတာင္ နာက်င္မႈမ်ားစြာ ခံစားခဲ့ရေလသည္။

နာက်င္ေနေသာေျခႏွစ္ဖက္ျဖင့္ ၫွပ္ဖိနပ္စီးၿပီးသည့္အခ်ိန္မွသာ ရွန္းခ်ိဳက္တစ္ေယာက္ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ထို႔ေနာက္ သူ႔ေဘးနားရိွ မိတ္ကပ္ဖ်က္ေဆးကိုေကာက္ကိုင္လိုက္ၿပီး မ်က္ႏွာေပၚဖိသုတ္လိုက္၏။

စင္ျမင့္ေပၚရိွမီးအလင္းေရာင္သည္ အလြန္ျပင္းထန္ေလေသာေၾကာင့္ ေန့စဥ္မိတ္ကပ္မ်ားထက္ အဆမ်ားစြာပိုထူၿပီးလိမ္းထားရျခင္းျဖစ္သည္။ ထို႔အျပင္ ရွန္းခ်ိဳက္သည္ ဆြဲေဆာင္မႈရိွၿပီး ညို႔အားျပင္းေသာဘုရင္မတစ္ပါးအျဖစ္  သရုပ္ေဆာင္ထားျခင္းျဖစ္ေသာေၾကာင့္ မ်က္ေတာင္အတုခ်ည္းပဲ သံုးေခ်ာင္းထက္မနည္းတပ္ထားရကာ သူ႔မ်က္ခြံေပၚတြင္လည္း ေတာက္ေျပာင္ေနေသာအိုင္းရွဲဒိုးမ်ားကို လိမ္းခ်ယ္ထားရ၏။ ထို႔ေၾကာင့္ မိတ္ကပ္ဖ်က္စဥ္တြင္ ၾကမ္းၾကမ္းတမ္းတမ္းနည္းလမ္းမ်ားကိုသာ အသံုးျပဳေနမိသျဖင့္ သူ႔ေဘးနားရိွအတန္းေဖာ္ေကာင္မေလးေတာင္ ဆက္မၾကၫ့္ႏိုင္ေတာ့ေပ။

"အတန္းေခါင္းေဆာင္! အဲဒါေခါင္းေဆာင္ရဲ့မ်က္ႏွာေနာ္. . . နံရံမဟုတ္ဘူး!!"  တစ္စံုတစ္ေယာက္လည္း စိတ္ဆင္းရဲေနေတာ့သည္။ "ထားလိုက္ပါေတာ့. . . လက္ေတြသာဖယ္ထား၊ ကြၽန္မပဲ မိတ္ကပ္ေတြဖ်က္ေပးမယ္"

" ရတယ္ " သူသည္ ၿပီးစလြယ္သာပြတ္ဖ်က္ေနရင္း ျပန္ေျဖလိုက္၏။  "ငါ အလ်င္လိုေနလို႔"

ေတာက္ပေျပာင္လက္ေနေသာ အနီရဲရဲႏႈတ္ခမ္းနီႏွင့္ အိုင္းရွဲဒိုးထူပိန္းပိန္းမ်ားကို ဖယ္ရွားၿပီးေနာက္ မွန္ေရ႔ွတြင္မတ္တပ္သြားရပ္လိုက္သည္။ သူ႔အသားအရည္က အလြန္ျဖဴေဖြးကာၾကည္လင္သန္႔စင္ေနၿပီး နဖူးေပၚတြင္လည္း အနည္းငယ္ရွည္ေနၿပီျဖစ္ေသာဆံပင္ေလးမ်ားက ညင္သာစြာက်ဆင္းေနေလသည္။  ခဏေလာက္လက္ေဆးလိုက္ၿပီးေနာက္ မသိစိတ္ျဖင့္ မွန္ထဲရိွသူ႔ကိုယ္သူကိုထိၾကည့္ရန္ လက္ေျမႇာက္လိုက္မိ၏။ လြန္ခဲ့သည့္ငါးႏွစ္တုန္းက သူဘယ္လိုပံုစံမ်ိဳးလဲဆိုတာကိုေတာင္ ရုတ္တရက္ႀကီး သူမမွတ္မိေတာ့ေပ။

ထားလိုက္ေတာ့!

အသက္ဆယ့္ခုနစ္ႏွစ္အရြယ္ရွန္းခ်ိဳက္က မရိွေတာ့ဘူး။

အလ်င္စလိုအဝတ္လဲလိုက္ၿပီး ပိုက္ဆံအိတ္ႏွင့္လက္ကိုင္ဖုန္းကိုဆြဲယူလိုက္ကာ အေနာက္ခန္းထဲမွ ေျပးထြက္လာလိုက္၏။ "ဒီေန့ ငါေစာေစာျပန္ၿပီ"

"မင္းဘယ္သြားမလို႔လဲ??" ဆယ္လ္ဖီရိုက္ေနဆဲျဖစ္ေသာ အိန္ဂ်ယ္လ္တစ္ေယာက္က သူ႔ကိုလွမ္းေမးျခင္းျဖစ္သည္။ " ဂုဏ္ျပဳပြဲကို မသြားတာလားဟ"

"မသြားေတာ့ဘူး" ရွန္းခ်ိဳက္တစ္ေယာက္ ေနာက္ေတာင္ျပန္မလွၫ့္ၾကၫ့္ေတာ့ဘဲ သူ႔လက္ကိုသာေဝ႔ွယမ္းျပလိုက္ကာ "ဒီည အရမ္းေနာက္က်တဲ့အထိ မေနၾကနဲ႔ေနာ္၊ အသားကင္အတြက္ပိုက္ဆံကို ငါ့အေကာင့္ထဲကယူလို႔ရတယ္"

"ဖက္ထားခ်င္လိုက္တာ!"

"ငါတို႔အတန္းေခါင္းေဆာင္က အေကာင္းဆံုးပဲ!"

"ငါလည္း ဘယ္အခ်ိန္က်မွ ရွန္းခ်ိဳက္ေကာေလာက္ ဆရာက်ႏိုင္မွာလဲ??"

"ဆရာထန္းသာ နင့္ကိုေခါင္းေဆာင္ျဖစ္ခြင့္ေပးလာရင္ နင္လည္းအရမ္းကိုအဆင့္အတန္းမီသြားလိမ့္မယ္!"

သူ႔ေနာက္တြင္ေျပာဆိုေနေသာ အတန္းေဖာ္မ်ား၏ဟာသမ်ားကို ရွန္းခ်ိဳက္နားေထာင္မေနခဲ့ေပ။ ေနာက္ဆံုးေထာင့္ခ်ိဳးကိုေကြ့လိုက္ၿပီး ရွန္းဟယ္ျပဇာတ္ရံု၏ ေဘးတံခါးေပါက္မွ ထြက္လာလိုက္၏။

ဒီဘက္တံခါးသည္ သရုပ္ေဆာင္မ်ားဝင္ထြက္သြားလာႏိုင္ရန္ သီးသန႔္ထားထားျခင္းျဖစ္ၿပီး ထိုေနရာ၌ တစ္ခ်ိဳ႕ေသာပရိသတ္မ်ားလည္း သူတို႔သေဘာက်ေသာသရုပ္ေဆာင္မ်ားကို လက္ေဆာင္မ်ားေပးရန္ ေစာင့္ေမ်ွာ္ႏိုင္ေလသည္။

ယခုမူကား မိွန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္ေအာက္တြင္ ၿငိမ္သက္စြာမတ္တပ္ရပ္ေန၍ ေခါင္းငိုက္ခ်ထားေသာ ပံုရိပ္ေလးတစ္ခုသာရိွေန၏။ သူဘာေတြေတြးေနသလဲေတာ့ ဘယ္သူမွမသိႏိုင္ေလာက္ေပ။

ရွန္းခ်ိဳက္သည္ သူ႔ေျခလွမ္းမ်ားကို ရပ္တန႔္ပစ္လိုက္၏။

ရုတ္​တရက္​ႀကီး ျပန္ထြက္​​ေျပးလိုက္ရန္​သာ စိတ္​အားထက္​သန္​လာသည္​။ တိတ္ဆိတ္ေနေသာဤေနရာႀကီး၌ ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမွန္းေတာင္မသိေသာ ထိုအမ်ိဳးသားႏွင့္ရင္ဆိုင္ေနမည့္အစား သူ႔အတန္းေဖာ္မ်ားႏွင့္ ပြဲဦးထြက္ေအာင္ျမင္မႈအား ေပ်ာ္ရႊင္စြာဂုဏ္ျပဳႏိုင္ရန္ ဒီေနရာမွလွၫ့္ကာ ျပဇာတ္ရံုထဲသို႔ျပန္သြားလိုက္ၿပီး ေက်ာင္းေရ႔ွရိွအသားကင္ဆိုင္၌သာ စားေသာက္လိုက္ခ်င္ေတာ့သည္။

သို႔ေသာ္ ထြက္ေျပးဖို႔ရာမွာ အနည္းငယ္ေနာက္က်သြား၏။

ထန္ယီမင္သည္ သူ႔ေျခသံမ်ားကိုၾကားလိုက္ရသျဖင့္ သူ႔ဘက္သို႔လွမ္းၾကၫ့္လာခဲ့သည္။

မ်က္ဝန္းႏွစ္စံုက ထိပ္တိုက္ေတြ့ဆံုသြားၾကၿပီး အေမွာင္ညထဲ၌ အလင္းေရာင္တစ္ခုေတာက္ပသြားသကဲ့သို႔ပင္။

"ခ်ိဳက္ခ်ိဳက္" ႏႈတ္ခမ္းေထာင့္စြန္းတြင္ သူေတာင္နားမလည္ႏိုင္ေသာအၿပံဳးျဖင့္ ထိုအမ်ိဳးသားက သူ႔နာမည္အား တိုးတိုးေလးေခၚခဲ့၏။  "မင္းထြက္မလာေတာ့ဘူးလို႔ ကိုယ္ထင္ေနတာ"

"..." ရွန္းခ်ိဳက္အနည္းငယ္ရွက္သြားကာ ထိုလူ႔ေရ႔ွတြင္ ေခါင္းငံု႔ထားလိုက္မိၿပီး ဘာစကားေျပာလို႔ေျပာရမွန္းေတာင္မသိျဖစ္ေနသည္။  "ဘယ္လိုလုပ္ အျပင္မထြက္လာဘဲေနမွာလဲ၊ ျပဇာတ္ရံုထဲမွာ အၿမဲေနလို႔ရတာမွမဟုတ္တာ"

"မင္းကိုယ့္ကို တမင္တကာေရွာင္သြားၿပီး အေရ႔ွတံခါးကေနပဲ ထြက္သြားမယ္ထင္တာ"  ထန္ယီမင္က ပခံုးတြန႔္ျပလာ၏။

"..." ရွန္းခ်ိဳက္လည္း ေခါင္းကိုမေမာ့ရဲေတာ့ေပ။

ဟုတ္တယ္၊ သူတကယ္ဝန္ခံလိုက္မယ္. . . သူအေရ႔ွတံခါးကေနပဲထြက္သြားလိုက္ဖို႔ နည္းနည္းေလး နည္းနည္းဆိုမွနည္းနည္းေလးပဲလိုေတာ့တယ္

သို႔ေသာ္ ေနာက္ဆံုးတြင္ အေၾကာင္းျပခ်က္အားလံုးထက္ စိတ္ခံစားမႈမ်ားကသာလြန္သြားၿပီး ကတိျပဳထားသၫ့္အတိုင္း သူေရာက္လာခဲ့ျခင္းျဖစ္သည္။

အခ်ိန္ေနွာင္းေနၿပီျဖစ္ေသာေၾကာင့္ ရွန္းဟယ္ျပဇာတ္ရံုအနီးအနားရိွ ေကာ္ဖီဆိုင္မ်ားအားလံုးပိတ္သြားၾကၿပီး ၂၄ နာရီဖြင့္သည့္ KFC ဆိုင္တစ္ဆိုင္တည္းသာ လင္းထိန္ေနခဲ့သည္။

ထို႔ေၾကာင့္ ႏွစ္ေယာက္သားသည္ မည္သည့္အမူအယာမွမျပဘဲ KFC သို႔သာ တည့္တည့္ေလ်ွာက္သြားႏိုင္ေတာ့သည္။

လြန္ခဲ့ေသာရက္အနည္းငယ္ကတည္းက ထန္ယီမင္သည္ အသံသြင္းစတူဒီယိုတြင္သာ ေနခဲ့ရၿပီး ေန့တိုင္းလိုလို အျမန္အစားအစာမ်ားကိုသာ စားေနခဲ့ရျခင္းျဖစ္သည္။ ယခုဆိုင္းဘုတ္ေပၚရိွ  မုတ္ဆိတ္ျဖဴအဘိုးအိုႀကီးကို ျမင္ေနရရံုျဖင့္   ထန္ယီမင္လည္း မသက္မသာခံစားလာရေတာ့သည္။

ထို႔ေၾကာင့္ ေကာ္ဖီတစ္ခြက္သာမွာယူလိုက္ၿပီး သူ႔ပိုက္ဆံအိတ္ကိုဆြဲထုတ္ကာ ရွန္းခ်ိဳက္မွာၿပီးသည့္အခ်ိန္အထိ ေစာင့္ဆိုင္းေပးလိုက္သည္။

ရွန္းခ်ိဳက္လည္း စားပြဲထိုးအား တိုက္ရိုက္ေျပာလိုက္၏။  "ကြၽန္ေတာ့္ကို Family Set ပဲေပးပါ"

ထန္ယီမင္က "မင္းကိုယ့္အတြက္ပါ မွာေပးဖို႔မလိုဘူးေနာ္၊ ကိုယ္ ေကာ္ဖီပဲေသာက္မွာမို႔လို႔"

ရွန္းခ်ိဳက္ : "... အဲ့ဒါက ကြၽန္ေတာ့္အတြက္ပဲ ကြၽန္ေတာ္မွာထားတာ"

စင္ေပၚတြင္ ႏွစ္နာရီခြဲေလာက္ကခုန္ခဲ့ရသျဖင့္ ယခုသူဗိုက္အလြန္ဆာေနၿပီျဖစ္ကာ သူ႔ရင္ဘတ္ေတာင္ ေနာက္ေက်ာကိုကပ္ေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ၾကက္ေၾကာ္အႀကီးႀကီးႏွင့္ဘာဂါတစ္လံုးတို႔ျဖင့္သာ သူ႔ကိုယ္သူ ႏွစ္သိမ့္ေပးရမည္ျဖစ္၏။

ထန္ယီမင္ : "..."

ရွန္းခ်ိဳက္သည္ အနည္းငယ္ရွက္ရြံ႔စြာျဖင့္  သူ႔ WeChat ဖြင့္လိုက္ၿပီး ေငြရွင္းရန္ျပင္ဆင္ခဲ့ေသာ္လည္း ထန္ယီမင္က သူ႔ကိုတားျမစ္ခဲ့သည္။

ခဏအၾကာတြင္ စားပြဲေပၚသို႔ ေမႊးႀကိဳင္သင္းပ်ံ့ေနေသာၾကက္ေၾကာ္မ်ား ေရာက္ခ်လာ၏။ ထန္ယီမင္သည္ ေကာ္ဖီခြက္ကိုလက္ထဲတြင္ကိုင္ထားရင္း ေလအလ်င္ႏႈန္းျဖင့္ ၾကက္ေတာင္ပံတစ္စံုအျပင္ ဘာဂါကိုပါအျပတ္ျဖတ္သြားခဲ့ကာ လက္ေခ်ာင္းေလးမ်ားကိုလ်က္လိုက္ၿပီးေနာက္ အခ်ိဳပြဲမ်ားဆီသို႔ လက္လွမ္းေနေသာေကာင္ေလးကိုသာ ၾကည့္ေနမိသည္။

ဆယ္ေက်ာ္သက္အရြယ္တြင္ အပတ္စဉ္တိုင္းကိုယ္အေလးခ်ိန္ခ်ရျခင္း၊ ဆီေလ်ွာ့စားရျခင္း၊ ဆားေလ်ွာ့စားရျခင္းႏွင့္ အနံ႔အသက္နည္းေသာအစားအစာမ်ားကို လိုအပ္ေသာပမာဏထက္ မေက်ာ္လြန္ေစရန္ ေက်ာင္းကဂရုျပဳေပးခဲ့၏။ ထိုအခ်ိန္တုန္းကေတာ့ ရွန္းခ်ိဳက္သည္ ေသးသြယ္ေပါ့ပါးကာ အက်ႌအျဖဴတစ္ထည္အား ေလထဲ၌ခ်ိတ္ဆြဲထားသကဲ့သို႔ျဖစ္ေနခဲ့ၿပီး ေလျပင္းျပင္းတိုက္ခံလိုက္ရပါက အေဝးသို႔လြင့္ထြက္သြားေတာ့မလိုပင္။

သို႔ေသာ္ သူ႔အသက္ ၂၀ အရြယ္၊ ဂီတေလာကစင္ျမင့္ထက္၌ စတင္ပါဝင္ခဲ့ရသျဖင့္ ရိႈးငါးခုေဖ်ာ္ေျဖၿပီးခ်ိန္ စင္ေနာက္တြင္မူးလဲက်သြားၿပီးခ်ိန္မွစ၍ ဒါရိုက္တာႀကီးသည္ သူ႔အား အစာေလ်ွာ့စားျခင္းကို ရပ္တန္႔ပစ္ရန္ႏွင့္ ဗိုက္ဆာလာေသာအခါတိုင္း အစားစားရန္သာ အမိန႔္ေပးခဲ့၏။

ထိုအခ်ိန္မွစ၍ ရွန္းခ်ိဳက္၏အစာစားခ်င္စိတ္သည္ စိုးရိမ္ဖြယ္ရာႏႈန္းျဖင့္ ႀကီးထြားလာခဲ့ေတာ့သည္။ ဘာပဲျဖစ္ျဖစ္ ေတးဂီတျပဇာတ္ေတြမွာက သီခ်င္းဆိုတာ၊ အကတာေတြအားလံုးပါၿပီး အလြန္လည္းခက္ခဲ၏။ တစ္ခါတစ္ေလ ငိုေႂကြးျပရသလို တစ္ခါတစ္ရံလည္း ရယ္ေမာေနရ၏။ ကိုယ္ခႏၶာ၏စြမ္းအင္ကိုသာ  ထိန္းမထားႏိုင္ပါက မိနစ္ပိုင္းအတြင္း ေဆးရံုတစ္ခါတည္းပို႔ရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ေဖ်ာ္ေျဖပြဲတစ္ခုၿပီးတိုင္း ရွန္းခ်ိဳက္သည္ အရြယ္ေရာက္ၿပီးသူႏွစ္ဦးေကာင္းေကာင္းစားႏိုင္ေသာ ပမာဏေလာက္ကို တစ္ခါတည္းအျပတ္ၿဖိဳႏိုင္၏။ ကိုယ္အေလးခ်ိန္ တက္မွာကိုေျပာေနတာလား!? ဒါမ်ိဳး လံုးဝမရိွဘူး!! အခုဆို သူက ပိန္ေၫွာင္ေၫွာင္ငန္းေပါက္ေလးမဟုတ္ေတာ့ဘူး. . .ႂကြက္သားအျပည့္နဲ႔ အားသန္တဲ့ငန္းတစ္ေကာင္ျဖစ္ေနၿပီ!!

သူအစားစားရန္ရုန္းကန္ေနစဥ္ သူ႔ေဘးတြင္ထိုင္ေနေသာထန္ယီမင္ကေတာ့ သူ႔ကို ၾကၫ့္ေနေလသည္။

မ်က္ႏွာေပၚရိွ မိတ္ကပ္အထူႀကီးကိုဖယ္ရွားလိုက္ၿပီးေနာက္ ေကာင္ေလး၏ ႏူးညံ့သိမ္ေမြ့ေသာအသြင္အျပင္ေလးက ရုပ္လံုးေပၚလာေတာ့သည္။

ရွန္းခ်ိဳက္၏အသြင္အျပင္ကိုေဖာ္ျပရန္  စကားလံုးတစ္လံုးတည္းကိုသာ အသံုးျပဳရမည္ဆိုပါက ထန္ယီမင္ကေတာ့ "ရွင္းသန္႔ျခင္း" ဟူေသာစကားလံုးကို ေရြးခ်ယ္မည္ျဖစ္သည္။

ရွန္းခ်ိဳက္သည္ အလြန္ရွင္းသန္႔ၾကည္လင္ေလသည္။

စိမ္းစိုစိုဝါးပင္ေလး သို႔မဟုတ္ ၾကည္လင္ေနေသာ စမ္းေခ်ာင္းေလးကဲ့သို႔ အဂၤါရပ္တစ္ခုစီတိုင္းသည္ လန္းဆန္းတက္ႂကြကာ ရွင္းသန္႔ေသာအရသာရိွေနပံုရသည္။

သူသည္ ဟြာေခ်ာင္းအကအကယ္ဒမီ၏ တီရွပ္ကို၀တ္ဆင္ထားၿပီး "အက" ဆိုသည့္အတိုင္း အကသမားတစ္ဦး၏ပံုသ႑ာန္ကို ထင္သာျမင္သာရိွေနေစသည္။

သူ႔ေျခေထာက္တြင္ ေျခၫွပ္ဖိနပ္တစ္စံုကိုစီးထားၿပီး ထန္ယီမင္၏မ်က္လံုးမ်ားက သူ႔ေျခေထာက္ေအာက္သို႔ဆက္ဆင္းသြားစဥ္ ေျခဖဝါးေပၚရိွ အရွည္အတိုအရြယ္အစားမ်ိဳးစံုရိွေသာ ေၾကာက္စရာေကာင္းသည့္အမာရြတ္မ်ားကို သတိျပဳမိသြား၏။

ထိုအမာရြတ္တို႔မွာ အလြန္ေၾကာက္စရာေကာင္းခဲ့ေၾကာင္း ထင္ရွားလြန္းေနၿပီး ထန္ယီမင္၏မ်က္ဝန္းမ်ား အနည္းငယ္က်ဉ္းေျမာင္းသြားကာ မည္သို႔ေသာမေတာ္တဆမႈမ်ိဳးကမ်ား ဒီေလာက္ေၾကာက္စရာေကာင္းတဲ့အမွတ္အသားေတြကို ခ်န္ထားခဲ့သည္ကို သူ စိတ္ကူးလို႔ေတာင္မရခဲ့ေပ။

ခ်ိဳက္ခ်ိဳက္... သူက ဘဲေလးအကသမား မဟုတ္ဘူးလား??  ဘာလို႔မ်ား ေတးဂီတျပဇာတ္ရဲ့ ဇာတ္ခံုေပၚမွာ ေပၚလာရတာလဲ?? ဒါေတြက ဒီဒဏ္ရာေတြနဲ႔ ဆက္စပ္ေနခဲ့တာလား??

ထန္ယီမင္ ေမးျမန္းခ်င္ေနေသာ္လည္း ဘယ္အေျခအေနကေန စေမးရမယ္မွန္း မသိခဲ့ေပ။

-သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔လား??

မဟုတ္ဘူး၊ သူတို႔ရဲ့ဆက္ဆံေရးက  သူငယ္ခ်င္းေတြထက္ေတာင္ ပိုရႈပ္ေထြးေသး၏။

ထိုအခ်ိန္တြင္ ရွန္းခ်ိဳက္၏ေျခဖဝါးမ်ားက  အျခားတစ္ေနရာသို႔ေရြ့လ်ားသြားၿပီး မူလက အလင္းေရာင္ေအာက္တြင္ေပၚလြင္ေနေသာ ေျခေထာက္မ်ားမွာ ရုတ္တရက္ ေနာက္သို႔ျပန္ဆုတ္သြားေတာ့သည္။ ထိုေျခႏွစ္ေခ်ာင္းႏွင့္ေျခခ်င္းဝတ္တို႔က ကုလားထိုင္ေအာက္တြင္သာ ဖံုးကြယ္ခံလိုက္ရေတာ့သည္။

မသိစိတ္ျဖင့္ ထန္ယီမင္သည္ ေကာင္ေလး၏ ေျခဖဝါးမ်ားမွ အၾကၫ့္ခြာလိုက္ၿပီး ရွန္းခ်ိဳက္ကိုျပန္ေမာ့ၾကၫ့္လိုက္ခ်ိန္တြင္ ေကာင္ေလးသည္ စားပြဲေပၚရိွအစားအစာအားလံုးကို စားၿပီးသြားခဲ့ၿပီျဖစ္ကာ သူ႔ကိုစိုက္ၾကၫ့္ေနသည္ကို ေတြ့လိုက္ရ၏။

"ခင္ဗ်ား..." ရွန္းခ်ိဳက္၏ ၾကည္လင္ျပတ္သားေသာေယာက္်ားေလးအသံမွာ နားေထာင္ရတာ ၾကည္ႏူးဖို႔ေကာင္းေန၏။ "... ခင္ဗ်ားက ကြၽန္ေတာ္ထင္ထားတာနဲ႔မတူဘူး"

"တကယ္လား?" ထန္ယီမင္လည္း ရယ္ေမာလိုက္သည္။  "မင္းလည္း ကိုယ္စိတ္ကူးထားတာနဲ႔ အရမ္းကြာတယ္"

မတူဘူးနဲ႔ အရမ္းကြာတယ္. . . စကားလံုးႏွစ္လံုးကို ေျပာင္းျပန္လွန္ၾကည့္လိုက္မည္ဆိုပါက အဓိပၸါယ္မွာ အေတာ္ေလးကြာျခားသြားလိမ့္မည္ျဖစ္သည္။

ရွန္းခ်ိဳက္လည္း စိတ္၀င္တစားျဖင့္ "ခင္ဗ်ားက ကြၽန္ေတာ့္ကို ဘယ္လိုပံုစံမ်ိဳးထင္ခဲ့တာလဲ??" ဟုသာ ထုတ္ေမးရေတာ့သည္။

ထန္ယီမင္က "မင္းကိုယ့္ကိုေပးခဲ့တဲ့  အခ်က္အလက္ေတြအေပၚကိုပဲ အေျခခံၿပီး  စိတ္ကူးထားခဲ့တာေလ၊ လြန္ခဲ့တဲ့ငါးႏွစ္တုန္းက မင္းက ေကာလိပ္ကေနဘြဲ႔ရေတာ့မယ့္ ဘဲေလးေက်ာင္းသားတစ္ေယာက္ဆိုတာမ်ိဳးေပါ့။ ဒါေပမယ့္ မင္းဒီေလာက္အၾကာႀကီး တကၠသိုလ္တက္ရလိမ့္မယ္လို႔ေတာ့ ကိုယ္ဘယ္ထင္ထားခဲ့မွာလဲ??"

ရွန္းခ်ိဳက္သည္ အလြန္ရွက္သြားၿပီး ေနရာတြင္ ပင္ ေပါက္ကြဲသြားေတာ့မလို ခံစားလိုက္ရ၏။

သူတစ္ခ်ိန္လံုးလိမ္ညာခဲ့ေသာ မုသားမ်ားအား  ေနာက္ဆံုးမွာေတာ့ အမွန္တရားအျဖစ္ ေဖာ္ထုတ္ခံရၿပီျဖစ္သည္။

သူေပးထားခဲ့ေသာ သူ႔အေၾကာင္းသတင္းအမွားမ်ားသည္ ထန္ယီမင္အား ငါးႏွစ္တိုင္တိုင္လမ္းလြဲေစခဲ့သည္ကို ရွန္းခ်ိဳက္မသိခဲ့ေပ။

ႏႈတ္ဆက္သီခ်င္းပြဲေတာ္ ၿပီးသည့္ညတြင္ ရွန္းခ်ိဳက္သည္ တစ္စံုတစ္ရာႏႈတ္ဆက္ျခင္းမရိွဘဲ  လွၫ့္ထြက္သြားခဲ့၏။ ထိုအခ်ိန္တြင္ သူသည္  ထန္ယီမင္၏နံပါတ္မ်ားကို ဖ်က္ပစ္ခဲ့ရံုသာမက သူ႔ QQ နံပါတ္ကိုလည္း ဘယ္ေတာ့မွဆက္မသံုးေတာ့ရန္ ​ျပတ္ျပတ္သားသား ဆံုးျဖတ္ထားခဲ့ေလသည္။

ထန္ယီမင္ကေတာ့ သူ႔ကိုရွာေတြ့ႏိုင္ရန္ႀကိဳးစားခဲ့၏။ တရုတ္ႏိုင္ငံတြင္ ဘဲေလးေမဂ်ာသင္ေပးႏိုင္ေသာ တကၠသိုလ္အနည္းငယ္သာရိွေလသည္။ သူသည္ တစ္ေယာက္ၿပီးတစ္ေယာက္အား "ခ်ိဳက္" ဟူေသာနာမည္ျဖင့္ လူသစ္ရိွမရိွကို မျပတ္မလပ္ေမးျမန္းခဲ့ေသာ္လည္း သက္ဆိုင္ေသာနာမည္မ်ိဳး လံုးဝမရိွခဲ့ေပ။

ေနာက္ပိုင္းတြင္လည္း ထန္ယီမင္သည္ တရုတ္ႏိုင္ငံရိွ နာမည္ႀကီးဘဲေလးကုမၸဏီမ်ား၌ ထိုကဲ့သို႔ အမ်ိဳးသားအကသမား ရိွ မရိွကို ေမးျမန္းစံုစမ္းခဲ့ေသာ္လည္း အေျဖကေတာ့ အႏုတ္လကၡဏာသာေဆာင္ေနေသးသည္။

ထန္ယီမင္သည္ သူ႔ကိုယ္သူ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ သံသယဝင္မိခဲ့၏။ သူ႔ေရ႔ွမွာေပၚလာခဲ့ဖူးတဲ့ ငန္းေပါက္ေလးက ႏိုင္ငံျခားမွာ ေက်ာင္းတက္ေနရင္းနဲ႔ သူအရမ္းအထီးက်န္ေနခဲ့လို႔ မက္ခဲ့မိတဲ့အိမ္မက္ေလးမ်ားလား??  အခုက်ေတာ့ အိပ္မက္ကေနႏိုးလာလို႔ ငန္းေလးက အေဝးကိုပ်ံသြားခဲ့တာလား ဟုပင္။

ဒီေန့ဒီအခ်ိန္ထိတိုင္ ... ႏွစ္ၪီးသား မေတာ္တဆဆံုေတြ့ခဲ့ရၿပီး ထိုအိပ္မက္က အမွန္ျဖစ္လာခဲ့ကာ ငန္းေပါက္ေလးသည္လည္း အစစ္အမွန္ျဖစ္ေၾကာင္းသူေတြ့ရိွခဲ့ရ၏။ သို႔ေသာ္ ငန္းေပါက္ေလးကေတာ့ သူ႔ကို လိမ္လည္လွၫ့္ျဖားခဲ့သည္ပင္။

"အဲ့ဒါ... ကြၽန္ေတာ္ ေတာင္းပန္ပါတယ္" ရွန္းခ်ိဳက္ ဆက္ေျပာျပလိုက္၏။ " အဲ့ဒီ့အခ်ိန္မွာ ကြၽန္ေတာ္ကငယ္ေနေသးေတာ့ ပိုရင့္က်က္ခ်င္ခဲ့တာ"

"ဒါဆို ဒီႏွစ္က ၂၂ ႏွစ္ရိွၿပီေပါ့"

"မဟုတ္ဘူး၊ အသက္က ၂၃ ႏွစ္ရိွၿပီ. . . အထက္တန္းေက်ာင္းတက္ေနရင္းနဲ႔ တစ္ႏွစ္နားလိုက္တာ"

"ေက်ာင္းနားလိုက္ရတာလား"

"ဟုတ္တယ္"  ငန္းေပါက္ေလးက သူ႔ငန္းေျခဖဝါးေလးမ်ားကိုဆန႔္ထုတ္ၿပီး လႈပ္ျပျပန္၏။ " ကြၽန္ေတာ္အရင္ကေတာ့ ဘဲေလးကိုသင္ခဲ့တယ္။ ဒါေပမဲ့ ကားမေတာ္တဆမႈအႀကီးစားတစ္ခုနဲ႔ႀကံဳခဲ့ရေတာ့ ေက်ာင္းနားလိုက္ၿပီး  ေနာက္တစ္ႏွစ္ၾကာေတာ့မွ သီခ်င္းနဲ႔အကပညာရပ္ကို ေျပာင္းသင္ခဲ့ရတာ။ အဲ့ဒီ့အခ်ိန္ေတြတုန္းကဆို ကြၽန္ေတာ္ကစိတ္ဓာတ္အရမ္းက်ေနတာေလ. . . ေနာက္ပိုင္းက်ေတာ့  ကြၽန္ေတာ္ယြမ္တာ့ရဲ့အသံကို မေတာ္တဆၾကားခဲ့ရတယ္၊ ကြၽန္ေတာ္ကေလ ဒီအတိုင္း... "

သူကဒီအတိုင္း…

ေနာက္ဆံုးစကားကိုေတာ့ ရွန္းခ်ိဳက္ကလည္းဘာမွမေျပာခဲ့သလို ထန္ယီမင္ကလည္းဆက္မေမးခဲ့ေပ။

ခဏအၾကာတြင္ ထန္ယီမင္သည္  အေၾကာင္းအရာတစ္ခုကို ျပန္အစေကာက္လိုက္ၿပီး သူ႔လက္ကိုဆန႔္ေပးလိုက္ကာ "ကိုယ့္ကို 'ယြမ္တာ့' လို႔ မေခၚနဲ႔၊ ကိုယ့္ကိုကိုယ္ မိတ္ဆက္ေပးမယ္. . . ကိုယ့္နာမည္က ထန္ယီမင္၊ အခုဆိုကိုယ္က စီးပြားျဖစ္အသံသြင္းစတူဒီယိုရဲ့ အႀကီးအကဲေပါ့" 

သူ႔လက္ကို ရွန္းခ်ိဳက္ေရ႔ွသို႔ဆန္႔ထားေပးခဲ့သည္။ ရွန္းခ်ိဳက္သည္လည္း စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ သူ႔လက္တစ္ဖက္ကို  အလ်င္အျမန္ဆန႔္ထုတ္လိုက္ၿပီး ထိုသူ႔လက္ေခ်ာင္းထိပ္မ်ားကို ညင္သာစြာကိုင္လိုက္ကာ အယြင္းယြင္းအမွားမွားျဖင့္ စကၠန႔္အနည္းငယ္ၾကာေအာင္ လႈပ္ခါေနမိၿပီးမွ လက္ကိုအျမန္ျပန္လႊတ္ေပးလိုက္ရသည္။

ထိုအမ်ိဳးသား၏ ထူထဲကာ ပူေနြးေနေသာလက္ဖဝါးၾကာင့္ ရွန္းခ်ိဳက္သည္ သူ႔လက္အား မီးရိႈ႔ခံလိုက္ရသည္ဟုေတာင္ ခံစားလိုက္ရသည္။

"ကြၽန္ေတာ့္နာမည္က ရွန္းခ်ိဳက္" ထို႔ေနာက္ သူလည္းျပန္မိတ္ဆက္လိုက္၏။  "ကြၽန္ေတာ္က ေတးဂီတျပဇာတ္သရုပ္ေဆာင္"

ထို႔ေနာက္တြင္ေတာ့ စကားအၾကာႀကီးေျပာျဖစ္ခဲ့ၾကသည္။

တစ္ေယာက္ႏွင့္တစ္ေယာက္ ဘဝနဲ႔အလုပ္အေၾကာင္း ေျပာျပျဖစ္ၾက၏။

ထန္ယီမင္သည္ လြန္ခဲ့သၫ့္ငါးႏွစ္ခန႔္က ဘြဲ႔ရၿပီးၿပီးခ်င္း  တရုတ္ႏိုင္ငံသို႔ျပန္မလာခဲ့ေၾကာင္း  ရွန္းခ်ိဳက္အားေျပာျပခဲ့သည္။ သူသည္ အေမရိကန္ျပည္ေထာင္စုရိွ ေငြေၾကးကုမၸဏီတစ္ခုတြင္  ကုန္သြယ္ေရးလက္ေထာက္တစ္ဦးအျဖစ္  ပထမဆံုးအလုပ္ရခဲ့ၿပီး ေက်ာင္းသားေခ်းေငြကို ျပန္ဆပ္ႏိုင္ခဲ့ၿပီးေနာက္ ကိုယ္ပိုင္စီးပြားျဖစ္ အသံသြင္းစတူဒီယိုဖြင့္ရန္ သူစုေဆာင္းထားေသာေငြအခ်ိဳ႕ျဖင့္ တရုတ္ႏိုင္ငံသို႔ျပန္လာခဲ့သည္။ ဤအျဖစ္အပ်က္ေၾကာင့္ သူ႔မိဘမ်ားႏွင့္ အျပင္းအထန္ပဋိပကၡျဖစ္ပြားခဲ့ရ၏။ ေဆြမ်ိဳးတစ္ဒါဇင္ေက်ာ္သည္လည္း စစ္ေျမျပင္သို႔ ဝင္ေရာက္လာကာ သူ႔ထက္ေတာင္ပို၍ သူ႔တစ္ႏွစ္တာလစာအား စိုးရိမ္ေပးလာၾကသည္။ မိဘမ်ားႏွင့္သူ႔အၾကား ပဋိပကၡသည္ ရင္ၾကားေစ့ရန္ခက္ခဲလြန္းေသာေၾကာင့္  ယခုတြင္ေတာ့ ေနြဦးပြဲေတာ္အတြင္းအိမ္ျပန္ျခင္းမွလြဲ၍ ေဆြမ်ိဳးမ်ားႏွင့္လံုးဝမဆက္ဆံေတာ့ေပ။

သူႏွင့္ႏိႈင္းယွဉ္ၾကည့္ပါက ရွန္းခ်ိဳက္၏ဘဝသည္ မၾကာေသးမီႏွစ္မ်ားအတြင္း ပိုမိုေခ်ာေမြ့လာခဲ့၏။ သူသည္ သီဆိုကခုန္မႈမ်ားကို ေကာင္းမြန္စြာျပဳလုပ္ႏိုင္သည့္အတြက္ သူပထမဆံုးေလ်ွာက္ထားခဲ့ေသာေကာလိပ္ကို  တက္ေရာက္ႏိုင္ခဲ့သည္။ အသက္ ၂၀ အရြယ္တြင္ စင္ျမင့္ထက္၌ စတင္ကျပႏိုင္ခဲ့ၿပီး  ေတာင္ကိုရီးယားရိွ ေတးဂီတျပဇာတ္တစ္ပုဒ္အား ျပန္လည္ရိုက္ကူးမႈ၌ ပါဝင္ခဲ့၏။ ထိုျပဇာတ္သည္ အလြန္နာမည္ေက်ာ္ၾကားၿပီး  အႀကိမ္တစ္ရာနီးပါး ေဖ်ာ္ေျဖျပသခဲ့ၿပီးျဖစ္သည္။  သို႔ေသာ္ သူတတ္ေျမာက္ထားေသာပညာရပ္မ်ားေၾကာင့္ သူသည္ ပထမအေက်ာ့ကတည္းက ဝင္ခြင့္ရသြားေတာ့သည္။

ထန္ယီမင္ကေတာ့ သူတရုတ္ႏိုင္ငံသို႔ျပန္ေရာက္လာၿပီး သံုးလေတာင္မျပၫ့္ေသးမီတြင္ သူ႔ ID အား ေဖာ္ထုတ္ခံခဲ့ရေၾကာင္းေျပာျပခဲ့၏။ ပရိတ္သတ္အခ်ိဳ႕ကေတာ့ သူျပန္လာတာကို ဝမ္းေျမာက္အားေပးၾကၿပီး အခ်ိဳ႕ကေတာ့  သူလုပ္ခဲ့ေသာ "အတုအေယာင္ႏႈတ္ဆက္ပြဲ" ကို သဘာဝက်စြာပင္ ေလွာင္ေျပာင္ၾကေလသည္။ ယခုတြင္ေတာ့ သူ၏အဓိကလုပ္ငန္းမွာ ရုပ္ရွင္ႏွင့္တီဗီစီးရီးအခ်ိဳ႕ကို အသံသြင္းျခင္းျဖစ္ၿပီး သူ႔လက္ေအာက္တြင္လည္း အျခားေသာ CV မ်ားရိွကာ သူတို႔အသံႏွင့္ကိုက္ညီေသာသရုပ္ေဆာင္မ်ားရိွပါက စီးပြားျဖစ္အသံသြင္းႏိုင္ရန္ ခ်ိတ္ဆက္ေပးသည္ဟုဆိုသည္။

ရွန္းခ်ိဳက္ကေတာ့ ယခုလက္ရိွသူ႔အတန္းေဖာ္မ်ားဟာ သူ႔အထက္တန္းေက်ာင္းတုန္းက ရင္းႏွီးခဲ့ေသာမ်က္ႏွာမ်ားမဟုတ္ေၾကာင္းေျပာျပခဲ့၏။ ေတးဂီတျပဇာတ္နယ္ပယ္မွာ အလြန္ဆင္းရဲကာ ပင္ပန္းလြန္းေလသည္။ အထက္တန္းမွအတန္းေဖာ္အမ်ားစုသည္  အျခားနယ္ပယ္မ်ားသို႔ ေရာက္သြားခဲ့ၾကၿပီး ထိုအထဲ၌ အိုင္ေဒါအျဖစ္ပြဲဦးထြက္ခဲ့ေသာ ေကာင္ေလးတစ္ေယာက္လည္းရိွကာ အခုေတာ့ အရမ္းေပၚျပဴလာျဖစ္ေနသည္ဟု ​ဆို၏။

"ေပၚျပဴလာျဖစ္ေနတဲ့အိုင္ေဒါ??"  ထန္ယီမင္လည္း ေမးျမန္းလိုက္သည္။ "ဘယ္သူလဲ?? သူ တီဗီစီးရီးေတြမွာသာ သရုပ္ေဆာင္ရင္ေတာ့ ကိုယ္သူ႔ကိုေတာင္  အသံသြင္းဖူးေလာက္တယ္"

"ခ်န္ဇီရန္ေလ" ရွန္းခ်ိဳက္ ဆက္ေျပာျပလိုက္သည္။  "ကြၽန္ေတာ္တို႔ အထက္တန္းေက်ာင္းတက္တုန္းကဆို သူကကြၽန္ေတာ့္ေနာက္မွာထိုင္တာ. . . ဒါေပမယ့္ သူက ေကာလိပ္ဝင္ခြင့္စာေမးပြဲမေအာင္ေတာ့ သူ႔ပြဲဦးထြက္အတြက္  စြမ္းရည္ျပပြဲကိုပဲ တိုက္ရိုက္သြားလိုက္တာ"

"..." ထန္ယီမင္၏အမူအရာမွာ ေျပာမျပတတ္ေအာင္ပင္။

ရွန္းခ်ိဳက္ : "မျဖစ္ႏိုင္ဘူး. . . သူ႔ကို အသံသြင္းဖူးတာလား??"

"ကိုယ္မဟုတ္ဘူး၊ ကိုယ့္အသံက သူနဲ႔မကိုက္လို႔ေလ. . . ဒါေပမယ့္ ကိုယ့္လက္ေအာက္ကလူနဲ႔ေတာ့ အဆင္ေျပတယ္ " ဤအေၾကာင္းေျပာေနရင္းျဖင့္ ထန္ယီမင္ေခါင္းကိုက္လာေလသည္။ "သူဒီလထြက္မယ့္ဒရာမာမွာဆို တစ္၊ ႏွစ္၊ သံုး၊ ေလး၊ ငါး၊ ေျခာက္၊ ခုနစ္. . . . ခုနစ္၊ ေျခာက္၊ ငါး၊ ေလး၊ သံုး၊ ႏွစ္၊ တစ္ ဒါေတြခ်ည္းပဲ။ သူ႔ကို ဘယ္သူမွအသံမသြင္းေပးတတ္ေတာ့ဘူး. . . သူ႔လိုအပ္ခ်က္ေတြက ေတာ္ေတာ္ေလးျမင့္ေနတယ္"
[T/N : သရုပ္ေဆာင္ေတြအေနနဲ႔ တစ္ခါတစ္ရံမွာ စာေၾကာင္းေတြေမ့သြားရင္ နံပါတ္ေတြပဲ ရြတ္ေနတတ္တာမ်ိဳးကို ဆိုလိုတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္က်ရင္ အသံျပန္သြင္းမွာမို႔လို႔ပါ]

ရွန္းခ်ိဳက္သည္ သူ႔ခႏၶာကိုယ္ကို ေရ႔ွသို႔ အနည္းငယ္ကိုင္းခ်လိုက္ၿပီး "သူ႔ေအးဂ်င့္က  သူ႔ကို အလုပ္အႀကီးစားသံုးခုေတာင္ စီစဥ္ေပးထားတာေလ၊ ရသစံုရိႈးကတစ္ခုနဲ႔ ဇာတ္လမ္းတြဲကႏွစ္ပုဒ္. . . အကုန္လံုးကို တစ္ခါတည္း လက္မွတ္ထိုးခိုင္းထားတာ။ အဲ့ဒါေၾကာင့္ စာသားေတြက်က္ဖို႔ အခ်ိန္မရတာပဲေနမယ္"

ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ၿပီး ၿပံဳးလိုက္ၾကေတာ့သည္။

ထိုညတြင္ စကားအမ်ားႀကီး ေျပာျဖစ္ခဲ့ၾက၏။

အလုပ္အေၾကာင္း၊ ​ဘဝအေၾကာင္းမ်ားေျပာျပၾကၿပီးေနာက္ အတင္းအဖ်င္းမ်ားအေၾကာင္း ေျပာျဖစ္ခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္စလံုးသည္ ေဖ်ာ္ေျဖေရးနယ္ပယ္ထဲသို႔ တစ္ဝက္တစ္ပ်က္ေရာက္ေနၾကၿပီး သူတို႔၏လုပ္ငန္းခြင္မ်ားက ထပ္တူမက်လ်ွင္ေတာင္ အတင္းအဖ်င္းမ်ားစြာကိုေတာ့ အလြယ္တကူမ်ွေဝႏိုင္ၾကေသးသည္။

သူတို႔သည္ အရာခပ္သိမ္းနီးပါး၊ အေသးအဖြဲႀကီးႀကီးေသးေသး ကိစၥမ်ိဳးစံုကို ေျပာဆိုခဲ့ၾကသည္။ သို႔ေသာ္ လြန္ခဲ့ေသာငါးႏွစ္ခန္႔က သူႏႈတ္မဆက္ဘဲထြက္သြားခဲ့ေသာ ထိုအထူးသတိထားရမၫ့္  အေၾကာင္းအရာမ်ားကိုေတာ့ လံုးဝမေျပာခဲ့ၾကေပ။ 

သူတို႔ႏွစ္ေယာက္လံုးစလံုးသည္ ဒီအေၾကာင္းအရာမ်ားကို တမင္တကာေရွာင္ရွားထားခဲ့ၾကသည္။

သူတို႔လ်စ္လ်ူရႈထားသေရြ့ေတာ့ ႏွင္းဆီပန္း၏သီခ်င္းကို ေမ့ထားႏိုင္သည္။ ရခဲ့ဖူးေသာေနာင္တမ်ားႏွင့္ က်ခဲ့ရေသာမ်က္ရည္မ်ားကိုလည္းေမ့ထားႏိုင္သလို ေျပာမထြက္ခဲ့ေသာစကားမ်ားကိုလည္း ေမ့ထားႏိုင္၏။

ေလထုအေျခအေနက ပိုေကာင္းမြန္လာေလသည္။

သူတို႔ႏွစ္ၪီးသားသည္ ႏွစ္ေပါင္းမ်ားစြာေဝးကြာေနခဲ့ေသာ သူငယ္ခ်င္းေဟာင္းမ်ားလိုပင္။ ျပန္ဆံုၿပီးသည့္ေနာက္တြင္ေတာင္ ခင္မင္ရင္းႏွီးသည့္ဆက္ဆံေရးမ်ား ရိွေနဆဲျဖစ္၏။

"ေနာက္က်ေနၿပီ"  ရွန္းခ်ိဳက္လည္း သူ႔ဖုန္းကို တစ္ခ်က္ၾကၫ့္လိုက္ၿပီး "ဒီငန္းကေတာ့ သူ႔အသိုက္သူျပန္အိပ္ရေတာ့မယ္"

ထန္ယီမင္လည္း သေဘာတက် ရယ္ေနမိေလသည္။

ႏွစ္ေယာက္သား တစ္ၿပိဳင္နက္ထရပ္လိုက္ၿပီး ထန္ယီမင္က "မင္းဘယ္မွာေနတာလဲ?? ကိုယ္ မင္းကို ျပန္လိုက္ပို႔ေပးမယ္ေလ" ဟု ပြင့္ပြင့္လင္းလင္း ေမးျမန္းလိုက္သည္။

" ရတယ္ မလိုပါဘူး " ရွန္းခ်ိဳက္ ေခါင္းခါျပလိုက္ၿပီး မွန္တံခါးအျပင္ဘက္သို႔ လက္ၫွိုးထိုးျပလိုက္၏။ "အျပင္မွာ ကြၽန္ေတာ့္ေကာင္ေလးေစာင့္ေနလို႔"

----------

စာေရးသူမွာ ေျပာစရာတစ္ခု ရိွေနပါတယ္~~~

ဒုတိယပိုင္း စလာပါၿပီ၊ ငါးႏွစ္လည္းၾကာသြားၿပီဆိုေတာ့ အဲ့ဒီ့ငါးႏွစ္အတြင္းမွာ ကိစၥေတြအမ်ားႀကီးျဖစ္သြားဖို႔ လံုေလာက္တယ္ေနာ္။

[အိုင့္ note: ခ်ိဳက္ခ်ိဳက္ကေတာ့ တစ္ကြက္ျပသြားပါၿပီ 👀]

အားလံုးလည္း အစစအရာရာ ဂရုစိုက္ၾကပါေနာ္။

Continue Reading

You'll Also Like

1.3M 44.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
133K 18.3K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
443K 23.2K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
3.9K 368 6
Myanmar Translation of 《我嗑了对家x我的cp》!