//UNICODE//
အခန်း ၃၂ - [ရိတ်သိမ်းခြင်း]
စုလင်း ခုနလေးတုန်းက သတင်းထောက်ရဲ့မေးခွန်းတွေကို ကြားလိုက်သော်လည်း အခြေအနေတွေက ရှုပ်ထွေးနေသောကြောင့် အသေးစိတ်မကြားလိုက်ရချေ။ ဆူးနီဘောလုံးပင်က အဓိကပဲ ဆိုတာသာ ကြားလိုက်ရသည်။ ကားပါကင်သွားတဲ့လမ်းတွင် စုလင်း ခေါင်း လှည့်ပြီး
"ဘာတွေဖြစ်နေတာလဲ လေးလေး သိလား?"
နာလူး: "သူတို့ အပြင်မှာ ပြောနေကြတာတော့ ငါကြားလိုက်တယ်။ ဥက္ကဋ္ဌကု ရဲ့အမေ သခင်မကုက ဒီနေ့မနက် Boyan မှာ ပို့စ်တစ်ခု တင်ခဲ့တယ်တဲ့။ နလန်ပြန်ထူလာတဲ့ အထိမ်းအမှတ်နဲ့ ၇ရက်နေ့ သူ့မွေးနေ့ပွဲတက်ဖို့ သူ့အသိအကျွမ်းတွေအကုန်လုံးကို ပန်းစည်းဖိတ်စာပို့ခဲ့တယ်တဲ့"
[ Boyan [1] သည် Planet Belle ၏အကြီးဆုံးလူထုဆက်ဆံရေးပလက်ဖောင်းဖြစ်သည်။ ဤခန္ဓာကိုယ်ပိုင်ရှင်သည် Boyan တွင်အကောင့်တစ်ခုရှိသော်လည်းပရိသတ်လုံးဝမရှိသောအပြင်ဇာတ်လိုက် gong ရှောင်းရွိ ကိုသာ follow လုပ်ထားခဲ့သည်။ စုလင်း သူ့ကိုယ်သူ interface နှင့်ရင်းနှီးကျွမ်းဝင်ပြီးနောက်မှ ရှောင်းရွိကို unfollow ပြီး ကုလီဟန်နဲ့ ကုမိသားစုကို followခဲ့သည်။]
သတင်းထောက်ရဲ့မေးခွန်းကိုစဉ်းစားလိုက်ရင်း စုလင်း မေးလိုပ်သည်။
"သခင်မကုရဲ့ ရောဂါက ကုရ ခက်လား?"
နာလူး:"
Nalu: "Pheromone rejection (pheromone ငြင်းပယ်ခံရခြင်း)ရောဂါဆိုတာက A O တွေမှ အဖြစ်များတယ်။ အဓိကတော့ Oတွေပေါ့။ သာမန် rejection မျိုးဆိုရင်တော့ ကုဖို့လွယ်ပါတယ်။ ဒါပေမဲ့ သခင်မကုလို ရောဂါမျိုးကို လုံးဝ အပြည့်အဝပျောက်ကင်းအောင် ကုသနိုင်တာတော့ ဒါပထမဆုံးပဲ"
သူတို့ ကားပါကင်ဆီရောက်သောအခါ နာလူးက ထိန်းချုပ်ခလုတ်ကို နှိပ်လိုက်သည်။ ကားရဲ့ ယာဥ်မောင်းခုံမှ တံခါးကော၊ ခရီးသည်တင်ခုံမှ တံခါးကော တစ်ချိန်တည်း ပွင့်သွားရာ သူတို့၂ဦး ကားထဲ ဝင်ထိုင်လိုက်သည်။
သိပ်နားမလည်သေးသည့် စုလင်းက ထပ်မေးပြန်သည်။
"အရင်တုန်းက သခင်မကုရောဂါ အရမ်းဆိုးနေခဲ့တာလား?"
နာလူး ကား စထွက်လိုက်ပြီး
"ဟုတ်တယ်။ သူမရဲ့Alpha က တိမ်းပါးသွားတာ ကြာခဲ့ပြီလေ။ သူမရဲ့Alpha ကိုဆုံးရှုံးလိုက်ရတာက Pheromone rejection ကြောင့် Omegaရဲ့ အသက်ကိုတောင် ဆုံးရှုံးသွားစေနိုင်တယ်"
"လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် သူမက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေခဲ့တာ။ သတင်းတွေမှာဆို သူမရဲ့အခြေအနေအကြောင်း နေ့စဥ်တင်ခဲ့ကြတာပေါ့။ သိတယ်မလား။ တစ်ချို့သတင်းထောက်တွေက လူချမ်းသာတွေရဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး နည်းနည်းတော့ တစ်ခုခု ရှိတတ်ကြတယ်လေ။"
နာလူးက ပုခုံးတွန့်ပြလာပြီး ခံစားချက်အပြည့်ဖြင့်ဆက်ပြောသည်။
"ကံကောင်းစွာနဲ့ပဲ အဲ့အချိန်တုန်းက ကုသတဲ့အဖွဲ့က အစီအစဥ်အသစ်တစ်ခု စီမံနိုင်ခဲ့တယ်လေ။ ဆေးဝါးတွေနဲ့ သီးသန့်ကုသမှုတွေကြောင့် သူမရဲ့ အခြေအနေတည်ငြိမ်သွားပြီး သူမနဲ့ ပတ်သတ်တဲ့ သတင်းဘာညာ မကြားတော့ဘူး"
စုလင်း မျက်မှောင်ကြုတ်လျက်
"ဥက္ကဋ္ဌကုရဲ့ အဖေက အစောကြီး ဆုံးသွားခဲ့တာလား?"
နာလူးက ခေါင်းညိတ်လာပြီး
"အမ်း သူက ကြယ်တာရာစီးပွားရေးဆွေးနွေးပွဲတစ်ခုကနေ ပြန်လာတုန်းမှာ မတော်တဆ တစ်ခုဖြစ်ခဲ့တာ"
နာလူး ပြန်စဥ်းစားလိုက်ပြီး
"အဲ့ဒါ နှစ်၂၀လောက်တောင်ရှိပြီ။ အဲ့ဒီတုန်းက ငါ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာ ဒါပေမဲ့ အဲ့အချိန်က အကုန်လုံးကို လွှမ်းမိုးသွားခဲ့တဲ့ အဲ့သတင်းကို ငါမှတ်မိနေတုန်းပဲ"
တစ်နည်းဆိုသော် အမျိုးသားနတ်ဘုရားဟာ ၈နှစ်လောက်သာ ရှိဦးပေမည်။ စုလင်း အကူညီမဲ့စွာ စိတ်မကောင်းဖြစ်မိသည်။ သူ အာရုံပြောင်းအောင် တစ်ခုခု မလုပ်နိုင်ရင် အဆင်မပြေတော့ချေ။ ထို့ကြောင့် စုလင်း လက်ကောက်ကို ဖွင့်ကာ စာတစ်စောင် ပို့လိုက်သည်။
'မင်္ဂလာနံနက်ခင်းပါ။ [ a smile face]
လှပကောင်းမွန်တဲ့ နေ့တစ်နေ့ဆိုတာ ခင်ဗျား အကြောင်းတွေးတာကနေ စတယ်'
မပို့မီ မက်ဆေ့ခ်ျကို အပြန်ပြန်အလှန်လှန်အကြိမ်ကြိမ် ပြန်ပြင်ခဲ့ရသည်။ ဒါက နည်းနည်း ချွဲပစ်သလို ဖြစ်နေပေမယ့်လည်း သူ့နတ်ဘုရားက ဒီစာကို ဖတ်တာတောင်မှ အမူအရာပြောင်းမှာမဟုတ်တာကို တွေးမိလိုက်တော့ စုလင်း စာကို ဒီတိုင်းပဲ ပို့ဖို့ ဆုံးဖြတ်လိုက်သည်။ စာအဆုံးမှ ပုဒ်ဖြတ်အမှတ်အသားကို ( . ) မှ အာမေဋိတ် အမှတ်အသား (!) သို့ပြောင်းပြီး နောက်ဆုံးလှိုင်းငယ်လေး (~) အဖြစ် ပြောင်းလိုက်သည်။ စာရောက်သွားတာကို ကြည့်ရင် စုလင်း ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ကျေနပ်မိသည်။ လှိုင်းသေးသေးက ပိုးပန်းသူ ဟူသည့် သူ့ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပေသည်။
နာလူးက သူ့ကို မော့ကြည့်ကာ စုလင်းကို ခါးခါးသီးသီး ဖျောင်းဖျသည်။
" မင်းက Omega တစ်ယောက်နော်။ ဘယ်လိုလုပ်ပြီး သူများကို လိုက်နိုင်မှာလဲ? မင်းဘက်က တက်ကြွပြီး သည်းသည်းလှုပ်နေတာ လျစ်လျူရှုခံရဖို့ ပိုများတယ်။ လူတွေက လွယ်လွယ်မရနိုင်တာကိုမှ အကောင်းဆုံး ထင်ကြတာ"
စုလင်း:" ဥက္ကဋ္ဌကုက အဲ့လို လူစား မဟုတ်ပါဘူး။"
သူက လှည့်ကြည့် လိုက်ပြီး
"ခံစားချက်အကြောင်းပြောမှပဲ လေးလေး လက်ထပ်ပြီးပြီလား?"
[TN-သူ့လူကိုပြောတော့ ဆော်တယ်ဟ]
နာလူး:" ဟင့်အင်း"
စုလင်း:" လေးလေး ပြောတာကို နားထောင်ရတာ ကျွန်တော်က လေးလေးကို အချစ်ရေးကျွမ်းကျင်ပညာရှင် လို့တောင် ထင်သွားတာ"
နာလူးက အလေးအနက် ပြန်ပြောလာသည်။
"ငါလက်မထပ်တာ တစ်ယောက်တည်းနေရတာကို ကြိုက်လို့နော်!"
[TN-အေးလေ အေးလေနော့် ဖေဖေကြီးကို]
သူ့နှုတ်ခမ်းထောင့်စွန်း ကွေးတက်နေပြီး ဆက်လက်ပြောလာသည်။
"ငါတို့ Betaတွေက မင်းတို့ A O တွေနဲ့ မတူဘူး။ ငါတို့က အမှတ်အသားအပေးမခံရသလို ပင်ကိုယ်ဗီဇရဲ့ထိန်းချုပ်မှုကိုလည်း ခံရမှာ မဟုတ်ဘူး၊ ငါတို့ရဲ့ မွေးဖွားနှုန်းက နိမ့်ပြီး တားမြစ်ချက်တွေ၊ ပူပန်စရာတွေလည်း သိပ်မရှိဘူး။ ငါတို့နဲ့ လိုက်ဖက်လောက်တဲ့သူကို တွေ့ရင် ငါတို့ပျော်ပါးလိုက်မယ်။ ပြီးရင် ငါတို့တွေ ကိုယ့်လမ်းကိုယ် ငြိမ်းချမ်းစွာ သွားကြမယ်။ လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူပဲပေါ့။ ငါတို့လက်ထပ်ဖို့ မစဥ်းစားခင် အနည်းဆုံး အသက်၆၀ ရှိရမယ်"
သူ စကားပြောအပြီးမှာ စုလင်း အရွယ်ရောက်နေပြီဆိုတာ သတိရလိုက်သည်။
"မင်းက O ပဲ။ လျှောက် ရှုပ်မနေနဲ့"
စုလင်းက ရိုးသားဖြောင့်မတ်သည့်အသံလေးဖြင့် ပြန်ပြောလာသည်။
"မရှုပ်ပါဘူး။ ကျွန်တော်က ဥက္ကဋ္ဌကု ကလွဲပြီး ဘယ်သူ့မှ စိတ်မဝင်စားပါဘူး"
စုလင်းက Planet Belle မှ မဟုတ်ပါချေ။ ထို့ကြောင့် ဤကမ္ဘာသူ/သားများကဲ့သို့ ပွင့်လင်းသည့် စိတ်မရှိတာကြောင့် သူ့အိပ်ယာဖော်ကို ခဏခဏပြောင်းဖို့ စိတ်မဝင်စားပေ။ လက်ကောက်မှ အသံကြားလိုက်သည့်အခါ စုလင်း ချက်ချင်းပင် ကြည့်လိုက်သည်။ သူ့နတ်ဘုရားမှ စာပို့လာခြင်းဖြစ်သည်။
'ဆူးနီဘောလုံးပင် မွှေးရနံ့ဘားမှာ ရှိနေတဲ့ သတင်းကို ထုတ်ဖော်ချင်လား?'
စာက စီးပွားရေးဆိုင်ရာ စာတစ်စောင်ဖြစ်နေပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ တုံပြန်မှု တစ်ခု ဖြစ်နေသေးသည်မို့ စုလင်း ကျေနပ်မိဆဲပင်။ ကုလီဟန်ရဲ့မေးခွန်းအရ တစ်ယောက်ယောက်က သူ့အမေရဲ့ကုသမှုနဲ့ပတ်သတ်ပြီး ကုလီဟန်ကို မေးလာခြင်းဖြစ်မည်ဟု စုလင်း ခန့်မှန်းမိလိုက်သည်။
'ဒီအကြောင်းက ဖုံးထားစရာ မလိုပါဘူး။ ကျွန်တော်တို့ အပြည့်အဝ ကာကွယ်ထားပြီးသား။ တစ်ယောက်ယောက် သိသွားရင်တောင် အဆင်ပြေပါတယ်'
တစ်ဖက်တွင်လည်း စုလင်း ဆူးနီဘောလုံးအရည်ကို ရောင်းရဦးမည်မို့ ဒါကို လျို့ဝှက်ချက်အနေနဲ့ ဆက်ထိန်းသိမ်းထားလို့ မဖြစ်နိုင်ပါချေ။
ကုလီဟန်: "အမ်း"
"နည်းနည်း နေရ ပိုသက်သာပြီလား?"
ကုလီဟန်ရဲ့ ဖြူဖျော့နေသည့်မျက်နှာကို ကြည့်ရင်း မေးလ် စိုးရိမ်နေခဲ့သည်။
အစက ကုလီဟန် သူ အကြံပေးတာကို ရက်အနည်းငယ်လောက် စဉ်းစားနေလိမ့်မယ်ဟု သူထင်ခဲ့သည်။ ခုလို မနက်စောစောကြီး ကုလီဟန် သူ့ဆီ ရောက်လာလိမ့်လို့ လုံးဝ မမျှော်လင့်ခဲ့ပေ။ သူတို့ မကြာသေးမီကပင် စိတ်မြင်ကွင်း သရုပ်ဖော်မှုကို ပြီးစီးခဲ့ပြီး ရလဒ် သိပ်မကောင်းချေ။ထိုအချိန်အတွင်း ကုသခင်မက ကုလီဟန်ကို ဆက်သွယ်လာခဲ့ရာ အခြေအနေကို ပိုဆိုးဝါးသွားစေခဲ့သည်။ ကုလီဟန်ရဲ့ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်က အလိုလို တုန်ယင်နေသည်ကို တွေ့လိုက်ရသဖြင့် မေးလ် သူ့ကို ဆေးပေးလိုက်တော့မလို့ပင်။ သို့သော် မမျှော်လင့်ဘဲ ကုလီဟန်က စာတစ်စောင်ကို လက်ခံရရှိခဲ့ပြီးနောက် အခြေအနေက နည်းနည်း တိုးတက်သွားခဲ့သည်။
ကုလီဟန်က ခေါင်းညိတ်လာသော်လည်း သူ့ရဲ့တောင့်တင်းနေသည့် မျက်နှာသွင်ပြင်က လုံးဝအမူအရာ မရှိချေ။ သူက တစ်ရှူးတစ်ရွက်ယူကာ သူ့လက်ဖဝါးတွေကို သုတ်လိုက်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်။ ထို့နောက် သူက ထလိုက်ပြီး ပြောလာသည်။
"ဆက်လုပ်ပါ"
…....
နာလူးက စုလင်းကို မွှေးရနံ့ဘားသို့ လိုက်ပို့ပေးပြီး ကားပေါ်မှပင် မဆင်းဘဲ အိပ်ဖို့အိမ်တန်းပြန်သွားသည်။ သို့သော် အိမ်ပြန်မရောက်ခင်မှာပင် အဆက်မပြတ်ဝင်လာသော စာများကြောင့် သူ့လက်ကောက် ပေါက်ကွဲလုဆဲဆဲ ဖြစ်သွားရသည်။
[ငါပြောခဲ့တယ်မလား အစ်ကိုရာ၊ မင်းက နည်းနည်းလျှို့ဝှက်လွန်းတယ်လို့?။ မင်းရဲ့ဆိုင်ထဲမှာ အဆင့် A စိတ်ဝိညာဥ်ပင်ကို ဖွက်ပြီး ဥထားတယ်။ မင်း ငါ့ကို ဘာလို့ တစ်ခါလောက် ကြည့်ခင့် မပေးတာလဲ။]
[နာလူး၊ ငါတို့နှစ်ပေါင်းများစွာ ပူးပေါင်းလက်တွဲခဲ့တာပဲ။ ဆူးနီဘောလုံးအပင်အတွက် ငါ့ကိုစျေးတစ်ခုလောက် သတ်မှတ်ပေးလိုက်!။ ]
[နာလူး...…]
နာလူး သူ့ လက်ကောက်ကို *Do not distrub modeသို့ ပြတ်ပြတ်သားသား ပြောင်းလိုက်ပြီး ဆိုင်ဝန်ထမ်းများနဲ့ စုလင်းရဲ့နာမည်ကို သာ whitelist မှာ ထားလိုက်သည်။ ထို့နောက် သူက ကားပြန်လှည့်ပြီး စုလင်းရဲ့ နံပါတ်ကို နှိပ်လိုက်သည်။
[*Whitelistမှာထည့်ထားတဲ့ ဖုန်းနံပါတ်တွေကလွဲလို့ ဘယ်ဖုန်း၊စာ၊notiမှမဝင်စေတဲ့ ဖုန်းတွေမှာပါတဲ့ functionတစ်ခုပါ]
စုလင်း ရနံ့ဖန်တီးခန်းဆီသွားပြီး ရှန်းမိုယွီ အာဟာရပျော်ရည်တွေ တစ်ညလုံး ဘယ်လောက်သောက်ခဲ့သလဲ ကြည့်ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။ သို့မှသာ သူ အာဟာရပျော်ရည် သုံးစွဲမှု ယေဘူယျခန့်မှန်းချေကို သိနိုင်မည် ဖြစ်သည်။ သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ကောက်ဝတ်ကို ရစ်ပတ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် အမြစ်တွေက သူလက်ကောက်ဝတ် အကြိမ်ကြိမ် အထပ်ထပ် ရစ်ပတ်တော့သည်မှာ ရုတ်တရက်ကြည့်လိုက်လျှင် စုလင်း လက်ကောက်တွေ အတွဲလိုက် ဝတ်ထားသလိုပင်။ စုလင်း လက်ကို မြှောက်ပြီး လှုပ်ကြည့်လိုက်တော့ သူ့လက်ကောက်ဝတ်ကို ပတ်ထားသည့်အားမှ သိပ်မတင်းလှချေ။ အမြစ်တွေက အေးမြနေပြီး သူ့လှုပ်ရှားမှုကို အနှောက်အယှက် မဖြစ်စေသည်မို့ သူတို့ကို သူ့လက်ကောက်ဝတ်မှာပဲ ထားလိုက်တော့သည်။ အာဟာရပျော်ရည် ထည့်ထားသည့် စည်ပိုင်းတွေအနားကို သွားပြီး စည်ပိုင်းပေါ်ရှိ ထုထည်မီတာကို ဖွင့်လိုက်ရာ ပြီးခဲ့သည့် ၁၂နာရီအတွင်း အရည် ပြောင်းလဲမှု စုစုပေါင်းကို ဖော်ပြနေသော ဒေတာ အတွဲလိုက်ကြီး ရုတ်တရက်ပေါ်လာသည်။ သူ ပြီးခဲ့သည့်ည၏ ဒေတာကို ကြည့်နေစဥ်မှာ နာလူးဆီမှ ဖုန်းရခဲ့သည်။
နာလူး:" ဆူးနီဘောလုံးပင်က ငါတို့ဆိုင်မှာ ရှိတယ်ဆိုတဲ့ သတင်း ထွက်နေပြီ။ ဆိုင်နားမှာ သတင်းထောက်တွေ အချိန်တစ်ခုလောက်တော့ စောင့်နေလောက်တယ်။ လောလောဆယ် အပြင်မထွက်နဲ့နော်။ ငါချက်ချင်း ပြန်လာခဲ့မယ်"
စုလင်း:" ပြန်အိပ်လိုက်ပါ။ ကျွန်တော် အပြင်မထွက်သရွေ့ သူတို့ ကျွန်တော့်ကို မထိခိုက်နိုင်ပါဘူး"
နာလူးက အရမ်းစိတ်ပူနေဆဲပင်။
"ရတယ်။ ငါ အိမ်ပြန်ရင်တောင် ခြုံခို အတိုက်ခိုက်ခံရနိုင်သေးတယ်။ ငါ့လက်ကောက်မှာ မက်ဆေ့ချ်တွေ ပေါက်ကွဲနေတယ်။ ဒီလိုမှန်းသိရင် ငါ့ နံပါတ်ကို မွှေးရနံ့ဘားရဲ့ တရားဝင် website မှာ နထည့်ခဲ့ပါဘူးကွာ"
ခဏအကြာတွင် နာလူး နောက်ဖေးတံခါးသို့ရောက်လာခဲ့သော်လည်း လုံခြုံရေးစနစ် အသစ်က တားခဲ့သည်။ စုလင်း က master controllerကို ဖွင့်ပြီး ဝင်ဖို့ ခွင့်ပြုပေးလိုက်ရသည်။ နာလူးက ဆိုင်ထဲ ဝင်လာပြီး ချီးကျူးတော့သည်။
"မဆိုးဘူးပဲ။ ဒီ လုံခြုံရေးစနစ်က အချိန်မီ တပ်ပြီးသားဖြစ်သွားတာပဲ"
စုလင်း အမ်း'ဟု သဘောတူကြောင်း အသံပြုလိုက်သည်။ သူ ဒေတာတွေကို မှတ်တမ်းတင်ပြီးနောက် အနည်းငယ် ခေါင်းခဲသွားခဲ့သည်။
"အာဟာရပျော်ရည်က တစ်ညတည်းနဲ့ 5လီတာတောင် လျော့သွားတယ်"
နာလူး ဒေတာ အပြောင်းအလဲတွေကို ကြည့်ပြီး တွက်ချက်ကာ
"Aအဆင့်အပင်တွေထည့်တွက်ရင် တစ်ရက်ကို 10လီတာ ကုန်တယ်ပဲထား။ အာဟာပျော်ရည်လိုအပ်မှုက တစ်လကို ၄၀၀၀၀ ကျလိမ့်မယ် "
သူက ရှန်မိုယွီကို ကြည့်ပြီး
"တကယ်လို့ သူသာ ကုန်ကြမ်းမပေးရင် ဆိုင်တော့ ဒေဝါလီ ခံရတော့မှာပဲ"
စုလင်း သူ့လက်ကောက်မှ ပတ်ထားသည့် အမြစ်အိစိစိလေးကို လက်ဖြင့် ညင်ညင်သာသာ ညှစ်လိုက်ပြီး
"မင်းက နေ့စဥ် ဘာထုတ်လဲ? အရည်တို့၊ ပင်စည်တို့၊ ပန်းဝတ်ရည်တို့လိုလား? မင်းခန္ဓာကိုယ်ကို မထိခိုက်စေတဲ့ အရာမျိုးပေါ့"
နာလူး အံ့သြသွားပြီး
“သူက နားလည်နိုင်တယ်လား။ အာာ... "
နာလူး သံသယဖြင့် အသံထွက်ပြောလိုက်မိချိန်တွင် အမြစ်တစ်ခုက သူ့နဖူးကို အသာပုတ်လာသည်။ ပုတ်လိုက်တာက သိပ်မပြင်းပေမယ့် လှုပ်ရှားမှုကို လိုက်မမီနိုင်အောင် မြန်လွန်းသည်။ သူ့ရှေ့မှာ အနက်ရောင်အရိပ်တစ်ခုကို ရုတ်ခနဲမြင်လိုက်ရပြီး သူ့လန့်သွားခဲ့ရသည်။ နာလူး သူ့နဖူးကို အသာထိကြည့်မိသည်။
သူက တော်တော် ဒေါသကြီးတာပဲ
စုလင်းကတော့ နာလူး ဘာမှမဖြစ်တာမြင်မှ စိတ်သက်သာရာရသွားခဲ့သည်။
ရှန်းမိုယွီကလည်း သူ့ IQ ကို မေးခွန်းထုတ်ရဲသည့် ထိုလူသားကို သင်ခန်းစာပေးလိုက်ပြီးနောက် သူ့စိတ်အခြေအနေက လုံးဝကောင်းသွားသည်။ မြှောက်ထားသည့် ပွင့်ချပ်၅ခုက နှိမ့်ချလာပြီးအလယ်မှ ဝတ်ဆံများကို ပြသလာသည်။ ထို့နောက် ဝတ်ဆံများဟာ ၅ခုကွဲသွားပြီး နီးစပ်ရာ ပွင့်ချပ်ဆီ ချဥ်းကပ်သွားသည်။ မကြာမီမှာပဲ အနက်ရောင်ရေစက်ကလေးများက အနက်ရောင်ဝတ်ဆံထပ်ဖျားမှာ တွဲလွဲခိုလာသည်။ ဝတ်ဆံက ညင်သာစွာ လှုပ်ယမ်းလိုက်ရာ ရေစက်ကလေးတွေက ဝတ်ဆံထိပ်ဖျားမှ တစ်ဆင့် ပွင့်ချပ်တွေဆီ ကျသွားသည်။ ဝတ်ဆံအောက်ရှိ ပွင့်ချပ်များသည် ပန်းကန်လုံးတစ်ခုကဲ့သို့ ခွေလိပ်သွားသည်။ ထိုအချိန်တွင် ရေစက်များက ပွင့်ချပ်များပေါ် စီးဆင်းလျောကျနေသည်။ မကြာမီ ပွင့်ချပ် တစ်ခုစီ၏ အဖျား၌ အနက်ရောင် အရည်များ စုလာသည်။
တစ်ချိန်တည်းမှာပဲ ရှန်းမိုယွီ အမဲလိုက်နေတဲ့မြင်ကွင်းက စုလင်း စိတ်ထဲမှာ ပေါ်လာပြီး ဒီတစ်ကြိမ်မှာတော့ အနီးကပ်မြင်ကွင်းဖြစ်ကာ ပိုရှင်းလင်းပေသည်။ ဝတ်ဆံက ပွင့်ချပ်ပေါ်ကို အနက်ရောင်အရည်တွေ သွန်ထည့်လိုက်ပြီး သူ့ရဲ့အမြစ်များဖြင့် ရစ်ပတ်ထားသည့် သားကောင်ကို 'မ'ကာ အရည်ထဲ နှစ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် အရည်နှင့်ထိလိုက်သည့် အသားက ပလုံစီထလာတော့သည်။ သားကောင်ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ သွေးအိုင် အဖြစ်ပြောင်းလဲသွားသည်။
စုလင်း ရုတ်တရက် အန်ချင်သွားတော့သည်။ သူ စိတ်ကို မနည်းထိန်းရင်း အသက်ကို ပြင်းပြင်းရှုပြီး ခေါင်းကိုစောင်းကာ ရင်ဘတ်ကို ထုလိုက်ရသည်။ ထိုသားကောင်အသတ်ခံရပြီးနောက် မြင်ကွင်းက နောက်သားကောင်ဆီ ပြောင်းသွားပြန်သည်။ စုလင်း မဆိုင်းမတွ ချက်ချင်း အော်ရသည်။
"ပြစရာ မလိုတော့ဘူး! ရပြီ"
သူ မချိပြုံးပြုံးကာ
"ဒါဘာအတွက်လဲဆိုတာ ငါသိပါပြီ"
ဝါးတားတား ဂုဏ်ယူအပြုံးကြီး သူ့စိတ်ထဲ ပေါ်လာသည်။
စုလင်း:"....မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ"
နာလူးက ဒူးထောက်ကာ အရည်တွေကို စပ်စပ်စုစုကြည့်နေသည်။
"ဒါက ဘာလုပ်နိုင်လဲ?"
စုလင်း:"လောလောဆယ်တော့ ကျွန်တော် မစဥ်းသားရသေးဘူး။ ကျွန်တော်သိတာတော့ ဒါက အရမ်း တိုက်စားမှုပြင်းအား ကောင်းတာပဲ"
နာလုး လက်ရုတ်ပြီး နောက်ဆုတ်လိုက်သည်။
"အဲ့ဒါဆို ဘယ်လို ထိန်းသိမ်းကြမလဲ?"
စုလင်း လက်တွေကို ဖြန့်လိုက်ပြီး
" ကျွန်တော်လည်း မသိဘူး။ ထည့်စရာ အမျိုးမျိုးနဲ့ စမ်းကြည့်ရမှပဲ"
၂ဦးသား ဆိုင်မှာရှိသမျှ ထည့်စရာဘူးခွက်တွေနှင့် စမ်းထည့်ကြည့်ပေမယ့် ပုလင်းနှုတ်ခမ်းက အရည်နဲ့ ထိသည်နှင့် ပျော်ကျသွားသည်။ ရှန်းမိုယွီက အမြစ်တွေကို ထောင်ပြီး သူတို့၂ဦးကို ကြည့်နေခဲ့သည်။ ထို့နောက် သူက မနေနိုင်တော့သည့်နှယ် သူ့အမြစ်တွေကို သုံးပြီး အနီးဆုံးပွင့်ချပ်ကို လှီးချလိုက်ရာ အနီရောင်အစေးများ ပွင့်ချပ်မှ စီးကျလာသည်။
ရှန်းမိုယွီ သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်တာကို မြင်လိုက်ရာ စုလင်းအံ့သြသွားပြီးနောက် သူ့ခေါင်းထဲမှ အရိတ်အမြွက်များကို ဖတ်ပြီး ဘာဖြစ်ခဲ့လဲ နားလည်သွားသည်။ သူက အနီရောင်အစေးတွေကို ယူကာ ထည့်စရာ ပုလင်း၏ မျက်နှာပြင်ကို ပါးပါးလေး သုတ်လိုက်သည်။ ခဏအကြာတွင် အနီရောင် အစေးများ ခြောက်သွားပြီး ဖောက်မြင်ရအောင် ကြည်သွားသည်။ ထို့နောက်သူက အနက်ရောင်အရည်များကို ပုလင်းထဲထည့်လိုက်ရာ ဒီတစ်ကြိမ်တွင်တော့ အရည်ပျော်ကျမသွားတော့ပေ။ ထို့ကြောင့် သူနဲ့နာလူး အနက်ရောင်အရည်တွေကို ပုလင်းထဲမထည့်ခင် သူတို့လက်တွေကို အနီရောင် အစေးတွေနဲ့ လူး ထားလိုက်ရသည်။ ရှန်းမိုယွီရဲ့ ပွင့်ချပ်ပေါ်က ပြတ်ရှရာ ပျောက်ကင်းသွားပြီး မျက်နှာပြင်တွင် ပိုကျန်နေသော အနီရောင်အစေးတစ်ချို့ကိုလည်း စုလင်း သိမ်းဆည်းလိုက်သည်။ သူတို့ အနက်ရောင်အရည်တွေအကုန်စုစည်းပြီးနောက် ရှန်းမိုယွီက ပွင့်ချပ်တွေကို မြှောက်ပြီး ဝလုံးလေးလို လုံးသွားသည်။ စုလင်းရဲ့ စိတ်ထဲတွင် Zzz သင်္ကေတ က လေထုထဲမှာ မျောနေသည်မှာ ZZZZZzzzzzzzzzzz!
ရှန်းမိုယွီ သူ့ရဲ့ အမြစ်များကို ပြန်လိပ်ပြီး အာဟာရပျော်ရည်ထဲ စိမ်ထားတာကို စုလင်း ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
ဒါ တကယ်ကြီး 'စားရင်း အိပ်တာ'ပဲ။ သူတကယ် မနာလိုပါဘူးနော်
နာလူး အနက်ရောင်အရည်တွေထည့်ထားသည့် ပုလင်းလေးကို ယမ်းပြပြီးမေးလာသည်။
"ဒါကို ငါ ဘယ်လို ရောင်းရမလဲ? ကိုးကားစရာရောင်းစျေးမရှိဘူးလေ"
စုလင်း ခဏ စဥ်းစားလိုက်ပြီး
"အဲ့ဒါက ခဏ သိမ်းထားလိုက်ရအောင်။ ညနေ ဒေါက်တာ နီအန်း လာမှာ။ သူ ဒါကို ယူသွားပြီး လေ့လာပြီး သူ့အသုံးဝင်မှုကို ဆုံးဖြတ်ပြီးမှ စျေးနှုန်းသတ်မှတ်ရအောင်"
အာနိသင်က အမြဲတမ်း ကုန်ကြမ်းရဲ့ တန်ဖိုးကို သတ်မှတ်ပေးတာပဲလေ
၂ဦးသား ရနံ့ဖန်တီးခန်းမှ ထွက်လာကြပြီး နာလူးက အနားယူဖို့ သီးသန့်ခန်းကို သွားခဲ့သည်။ စုလင်းလေးကတော့ ဖန်လုံအိမ်နားကို တန်းလျားတစ်ခုရွေ့လိုက်ပြီး pheromone အသုံးပြုပြီး စိတ်ဝိညာဥ်ပင်များနှင့် ဆက်သွယ်ခြင်းအကြောင်း ဖတ်နေခဲ့သည်။ သူက Isolator ကို ဖြုတ်ထားပြီး စာဖတ်နေရင်းပင် pheromone များကို သုံးကြည့်နေခဲ့သည်။ နေ့လည်ခင်းတစ်ခုလုံး ပြီးတဲ့နောက်မှာတော့ သူ့pheromone တွေကို မျဥ်းဖြောင့်ရှည်တွေဖြစ်အောင် ထိန်းချုပ်၊ ဖန်တီးနိုင်ပြီ ဖြစ်သည်။
ညနေ ၅နာရီခွဲတွင် မွှေးရနံ့ဘား စဖွင့်ပြီဖြစ်သည်။ ပုံမှန်အားဖြင့် ဒီအချိန်သည် ဆိုင်မဖွင့်ခင် ဝန်ထမ်းတွေ ကြိုတင်ပြင်ဆင်ကြသည့်အချိန်ဖြစ်ပြီး ဧည့်သည် မရှိပါချေ။ သို့သော်လည်း ယနေ့အတွက်တော့ ဆိုင်တံခါးတွင် လူများ ပြည့်လျှံနေသည်။ အကုန်လုံးက ဆူးနီဘောလုံးပင်ကြောင့် ရောက်လာခြင်း ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's
Updateနောက်ကျသွားတာ သွေ့ပုချိ!!!
ဂျူးငယ် presentation ရှိလို့ပါ။ presentation ပြီးတော့ ရေနွေးနဲ့ရေချိုးလိုက်တာ ခါးတစ်ခြမ်း နာသွားလို့ ဆေးနည်းလေးရှိရင် ပေးကြပါဦး(ಥ﹏ಥ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//ZAWGYI//
အခန္း ၃၂ - [ရိတ္သိမ္းျခင္း]
စုလင္း ခုနေလးတုန္းက သတင္းေထာက္ရဲ႕ေမးခြန္းေတြကို ၾကားလိုက္ေသာ္လည္း အေျခအေနေတြက ႐ႈပ္ေထြးေနေသာေၾကာင့္ အေသးစိတ္မၾကားလိုက္ရေခ်။ ဆူးနီေဘာလုံးပင္က အဓိကပဲ ဆိုတာသာ ၾကားလိုက္ရသည္။ ကားပါကင္သြားတဲ့လမ္းတြင္ စုလင္း ေခါင္း လွည့္ၿပီး
"ဘာေတြျဖစ္ေနတာလဲ ေလးေလး သိလား?"
နာလူး: "သူတို႔ အျပင္မွာ ေျပာေနၾကတာေတာ့ ငါၾကားလိုက္တယ္။ ဥကၠ႒ကု ရဲ႕အေမ သခင္မကုက ဒီေန႔မနက္ Boyan မွာ ပို႔စ္တစ္ခု တင္ခဲ့တယ္တဲ့။ နလန္ျပန္ထူလာတဲ့ အထိမ္းအမွတ္နဲ႔ ၇ရက္ေန႔ သူ႕ေမြးေန႔ပြဲတက္ဖို႔ သူ႕အသိအကြၽမ္းေတြအကုန္လုံးကို ပန္းစည္းဖိတ္စာပို႔ခဲ့တယ္တဲ့"
[ Boyan [1] သည္ Planet Belle ၏အႀကီးဆုံးလူထုဆက္ဆံေရးပလက္ေဖာင္းျဖစ္သည္။ ဤခႏၶာကိုယ္ပိုင္႐ွင္သည္ Boyan တြင္အေကာင့္တစ္ခု႐ွိေသာ္လည္းပရိသတ္လုံးဝမ႐ွိေသာအျပင္ဇာတ္လိုက္ gong ေ႐ွာင္း႐ြိ ကိုသာ follow လုပ္ထားခဲ့သည္။ စုလင္း သူ႕ကိုယ္သူ interface ႏွင့္ရင္းႏွီးကြၽမ္းဝင္ၿပီးေနာက္မွ ေ႐ွာင္း႐ြိကို unfollow ၿပီး ကုလီဟန္နဲ႔ ကုမိသားစုကို followခဲ့သည္။]
သတင္းေထာက္ရဲ႕ေမးခြန္းကိုစဥ္းစားလိုက္ရင္း စုလင္း ေမးလိုပ္သည္။
"သခင္မကုရဲ႕ ေရာဂါက ကုရ ခက္လား?"
နာလူး:"
Nalu: "Pheromone rejection (pheromone ျငင္းပယ္ခံရျခင္း)ေရာဂါဆိုတာက A O ေတြမွ အျဖစ္မ်ားတယ္။ အဓိကေတာ့ Oေတြေပါ့။ သာမန္ rejection မ်ိဳးဆိုရင္ေတာ့ ကုဖို႔လြယ္ပါတယ္။ ဒါေပမဲ့ သခင္မကုလို ေရာဂါမ်ိဳးကို လုံးဝ အျပည့္အဝေပ်ာက္ကင္းေအာင္ ကုသႏိုင္တာေတာ့ ဒါပထမဆုံးပဲ"
သူတို႔ ကားပါကင္ဆီေရာက္ေသာအခါ နာလူးက ထိန္းခ်ဳပ္ခလုတ္ကို ႏွိပ္လိုက္သည္။ ကားရဲ႕ ယာဥ္ေမာင္းခုံမွ တံခါးေကာ၊ ခရီးသည္တင္ခုံမွ တံခါးေကာ တစ္ခ်ိန္တည္း ပြင့္သြားရာ သူတို႔၂ဦး ကားထဲ ဝင္ထိုင္လိုက္သည္။
သိပ္နားမလည္ေသးသည့္ စုလင္းက ထပ္ေမးျပန္သည္။
"အရင္တုန္းက သခင္မကုေရာဂါ အရမ္းဆိုးေနခဲ့တာလား?"
နာလူး ကား စထြက္လိုက္ၿပီး
"ဟုတ္တယ္။ သူမရဲ႕Alpha က တိမ္းပါးသြားတာ ၾကာခဲ့ၿပီေလ။ သူမရဲ႕Alpha ကိုဆုံး႐ႈံးလိုက္ရတာက Pheromone rejection ေၾကာင့္ Omegaရဲ႕ အသက္ကိုေတာင္ ဆုံး႐ႈံးသြားေစႏိုင္တယ္"
"လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းကဆိုရင္ သူမက စိုးရိမ္ရတဲ့အေျခအေနမွာ ႐ွိေနခဲ့တာ။ သတင္းေတြမွာဆို သူမရဲ႕အေျခအေနအေၾကာင္း ေန႔စဥ္တင္ခဲ့ၾကတာေပါ့။ သိတယ္မလား။ တစ္ခ်ိဳ႕သတင္းေထာက္ေတြက လူခ်မ္းသာေတြရဲ႕ကိစၥေတြနဲ႔ပတ္သတ္ၿပီး နည္းနည္းေတာ့ တစ္ခုခု ႐ွိတတ္ၾကတယ္ေလ။"
နာလူးက ပုခုံးတြန္႔ျပလာၿပီး ခံစားခ်က္အျပည့္ျဖင့္ဆက္ေျပာသည္။
"ကံေကာင္းစြာနဲ႔ပဲ အဲ့အခ်ိန္တုန္းက ကုသတဲ့အဖြဲ႕က အစီအစဥ္အသစ္တစ္ခု စီမံႏိုင္ခဲ့တယ္ေလ။ ေဆးဝါးေတြနဲ႔ သီးသန္႔ကုသမႈေတြေၾကာင့္ သူမရဲ႕ အေျခအေနတည္ၿငိမ္သြားၿပီး သူမနဲ႔ ပတ္သတ္တဲ့ သတင္းဘာညာ မၾကားေတာ့ဘူး"
စုလင္း မ်က္ေမွာင္ၾကဳတ္လ်က္
"ဥကၠ႒ကုရဲ႕ အေဖက အေစာႀကီး ဆုံးသြားခဲ့တာလား?"
နာလူးက ေခါင္းညိတ္လာၿပီး
"အမ္း သူက ၾကယ္တာရာစီးပြားေရးေဆြးေႏြးပြဲတစ္ခုကေန ျပန္လာတုန္းမွာ မေတာ္တဆ တစ္ခုျဖစ္ခဲ့တာ"
နာလူး ျပန္စဥ္းစားလိုက္ၿပီး
"အဲ့ဒါ ႏွစ္၂၀ေလာက္ေတာင္႐ွိၿပီ။ အဲ့ဒီတုန္းက ငါ ဆယ္ေက်ာ္သက္အ႐ြယ္ပဲ ႐ွိေသးတာ ဒါေပမဲ့ အဲ့အခ်ိန္က အကုန္လုံးကို လႊမ္းမိုးသြားခဲ့တဲ့ အဲ့သတင္းကို ငါမွတ္မိေနတုန္းပဲ"
တစ္နည္းဆိုေသာ္ အမ်ိဳးသားနတ္ဘုရားဟာ ၈ႏွစ္ေလာက္သာ ႐ွိဦးေပမည္။ စုလင္း အကူညီမဲ့စြာ စိတ္မေကာင္းျဖစ္မိသည္။ သူ အာ႐ုံေျပာင္းေအာင္ တစ္ခုခု မလုပ္ႏိုင္ရင္ အဆင္မေျပေတာ့ေခ်။ ထို႔ေၾကာင့္ စုလင္း လက္ေကာက္ကို ဖြင့္ကာ စာတစ္ေစာင္ ပို႔လိုက္သည္။
'မဂၤလာနံနက္ခင္းပါ။ [ a smile face]
လွပေကာင္းမြန္တဲ့ ေန႔တစ္ေန႔ဆိုတာ ခင္ဗ်ား အေၾကာင္းေတြးတာကေန စတယ္'
မပို႔မီ မက္ေဆ့ခ်္ကို အျပန္ျပန္အလွန္လွန္အႀကိမ္ႀကိမ္ ျပန္ျပင္ခဲ့ရသည္။ ဒါက နည္းနည္း ခြၽဲပစ္သလို ျဖစ္ေနေပမယ့္လည္း သူ႕နတ္ဘုရားက ဒီစာကို ဖတ္တာေတာင္မွ အမူအရာေျပာင္းမွာမဟုတ္တာကို ေတြးမိလိုက္ေတာ့ စုလင္း စာကို ဒီတိုင္းပဲ ပို႔ဖို႔ ဆုံးျဖတ္လိုက္သည္။ စာအဆုံးမွ ပုဒ္ျဖတ္အမွတ္အသားကို ( . ) မွ အာေမဋိတ္ အမွတ္အသား (!) သို႔ေျပာင္းၿပီး ေနာက္ဆုံးလိႈင္းငယ္ေလး (~) အျဖစ္ ေျပာင္းလိုက္သည္။ စာေရာက္သြားတာကို ၾကည့္ရင္ စုလင္း ကိုယ့္ဆုံးျဖတ္ခ်က္ကိုယ္ ေက်နပ္မိသည္။ လိႈင္းေသးေသးက ပိုးပန္းသူ ဟူသည့္ သူ႕ဂုဏ္ပုဒ္နဲ႔ လိုက္ဖက္ေပသည္။
နာလူးက သူ႕ကို ေမာ့ၾကည့္ကာ စုလင္းကို ခါးခါးသီးသီး ေဖ်ာင္းဖ်သည္။
" မင္းက Omega တစ္ေယာက္ေနာ္။ ဘယ္လိုလုပ္ၿပီး သူမ်ားကို လိုက္ႏိုင္မွာလဲ? မင္းဘက္က တက္ႂကြၿပီး သည္းသည္းလႈပ္ေနတာ လ်စ္လ်ဴ႐ႈခံရဖို႔ ပိုမ်ားတယ္။ လူေတြက လြယ္လြယ္မရႏိုင္တာကိုမွ အေကာင္းဆုံး ထင္ၾကတာ"
စုလင္း:" ဥကၠ႒ကုက အဲ့လို လူစား မဟုတ္ပါဘူး။"
သူက လွည့္ၾကည့္ လိုက္ၿပီး
"ခံစားခ်က္အေၾကာင္းေျပာမွပဲ ေလးေလး လက္ထပ္ၿပီးၿပီလား?"
[TN-သူ႕လူကိုေျပာေတာ့ ေဆာ္တယ္ဟ]
နာလူး:" ဟင့္အင္း"
စုလင္း:" ေလးေလး ေျပာတာကို နားေထာင္ရတာ ကြၽန္ေတာ္က ေလးေလးကို အခ်စ္ေရးကြၽမ္းက်င္ပညာ႐ွင္ လို႔ေတာင္ ထင္သြားတာ"
နာလူးက အေလးအနက္ ျပန္ေျပာလာသည္။
"ငါလက္မထပ္တာ တစ္ေယာက္တည္းေနရတာကို ႀကိဳက္လို႔ေနာ္!"
[TN-ေအးေလ ေအးေလေနာ္႕ ေဖေဖႀကီးကို]
သူ႕ႏႈတ္ခမ္းေထာင့္စြန္း ေကြးတက္ေနၿပီး ဆက္လက္ေျပာလာသည္။
"ငါတို႔ Betaေတြက မင္းတို႔ A O ေတြနဲ႔ မတူဘူး။ ငါတို႔က အမွတ္အသားအေပးမခံရသလို ပင္ကိုယ္ဗီဇရဲ႕ထိန္းခ်ဳပ္မႈကိုလည္း ခံရမွာ မဟုတ္ဘူး၊ ငါတို႔ရဲ႕ ေမြးဖြားႏႈန္းက နိမ့္ၿပီး တားျမစ္ခ်က္ေတြ၊ ပူပန္စရာေတြလည္း သိပ္မ႐ွိဘူး။ ငါတို႔နဲ႔ လိုက္ဖက္ေလာက္တဲ့သူကို ေတြ႕ရင္ ငါတို႔ေပ်ာ္ပါးလိုက္မယ္။ ၿပီးရင္ ငါတို႔ေတြ ကိုယ့္လမ္းကိုယ္ ၿငိမ္းခ်မ္းစြာ သြားၾကမယ္။ လြတ္လြတ္လပ္လပ္ လြယ္လြယ္ကူကူပဲေပါ့။ ငါတို႔လက္ထပ္ဖို႔ မစဥ္းစားခင္ အနည္းဆုံး အသက္၆၀ ႐ွိရမယ္"
သူ စကားေျပာအၿပီးမွာ စုလင္း အ႐ြယ္ေရာက္ေနၿပီဆိုတာ သတိရလိုက္သည္။
"မင္းက O ပဲ။ ေလွ်ာက္ ႐ႈပ္မေနနဲ႔"
စုလင္းက ႐ိုးသားေျဖာင့္မတ္သည့္အသံေလးျဖင့္ ျပန္ေျပာလာသည္။
"မ႐ႈပ္ပါဘူး။ ကြၽန္ေတာ္က ဥကၠ႒ကု ကလြဲၿပီး ဘယ္သူ႕မွ စိတ္မဝင္စားပါဘူး"
စုလင္းက Planet Belle မွ မဟုတ္ပါေခ်။ ထို႔ေၾကာင့္ ဤကမ႓ာသူ/သားမ်ားကဲ့သို႔ ပြင့္လင္းသည့္ စိတ္မ႐ွိတာေၾကာင့္ သူ႕အိပ္ယာေဖာ္ကို ခဏခဏေျပာင္းဖို႔ စိတ္မဝင္စားေပ။ လက္ေကာက္မွ အသံၾကားလိုက္သည့္အခါ စုလင္း ခ်က္ခ်င္းပင္ ၾကည့္လိုက္သည္။ သူ႕နတ္ဘုရားမွ စာပို႔လာျခင္းျဖစ္သည္။
'ဆူးနီေဘာလုံးပင္ ေမႊးရနံ႔ဘားမွာ ႐ွိေနတဲ့ သတင္းကို ထုတ္ေဖာ္ခ်င္လား?'
စာက စီးပြားေရးဆိုင္ရာ စာတစ္ေစာင္ျဖစ္ေနေပမယ့္လည္း ဘယ္လိုပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ တုံျပန္မႈ တစ္ခု ျဖစ္ေနေသးသည္မို႔ စုလင္း ေက်နပ္မိဆဲပင္။ ကုလီဟန္ရဲ႕ေမးခြန္းအရ တစ္ေယာက္ေယာက္က သူ႕အေမရဲ႕ကုသမႈနဲ႔ပတ္သတ္ၿပီး ကုလီဟန္ကို ေမးလာျခင္းျဖစ္မည္ဟု စုလင္း ခန္႔မွန္းမိလိုက္သည္။
'ဒီအေၾကာင္းက ဖုံးထားစရာ မလိုပါဘူး။ ကြၽန္ေတာ္တို႔ အျပည့္အဝ ကာကြယ္ထားၿပီးသား။ တစ္ေယာက္ေယာက္ သိသြားရင္ေတာင္ အဆင္ေျပပါတယ္'
တစ္ဖက္တြင္လည္း စုလင္း ဆူးနီေဘာလုံးအရည္ကို ေရာင္းရဦးမည္မို႔ ဒါကို လ်ိဳ႕ဝွက္ခ်က္အေနနဲ႔ ဆက္ထိန္းသိမ္းထားလို႔ မျဖစ္ႏိုင္ပါေခ်။
ကုလီဟန္: "အမ္း"
"နည္းနည္း ေနရ ပိုသက္သာၿပီလား?"
ကုလီဟန္ရဲ႕ ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာကို ၾကည့္ရင္း ေမးလ္ စိုးရိမ္ေနခဲ့သည္။
အစက ကုလီဟန္ သူ အၾကံေပးတာကို ရက္အနည္းငယ္ေလာက္ စဥ္းစားေနလိမ့္မယ္ဟု သူထင္ခဲ့သည္။ ခုလို မနက္ေစာေစာႀကီး ကုလီဟန္ သူ႕ဆီ ေရာက္လာလိမ့္လို႔ လုံးဝ မေမွ်ာ္လင့္ခဲ့ေပ။ သူတို႔ မၾကာေသးမီကပင္ စိတ္ျမင္ကြင္း သ႐ုပ္ေဖာ္မႈကို ၿပီးစီးခဲ့ၿပီး ရလဒ္ သိပ္မေကာင္းေခ်။ထိုအခ်ိန္အတြင္း ကုသခင္မက ကုလီဟန္ကို ဆက္သြယ္လာခဲ့ရာ အေျခအေနကို ပိုဆိုးဝါးသြားေစခဲ့သည္။ ကုလီဟန္ရဲ႕ မ်က္ႏွာက ျဖဴေဖ်ာ့ေနခဲ့ၿပီး ခႏၶာကိုယ္က အလိုလို တုန္ယင္ေနသည္ကို ေတြ႕လိုက္ရသျဖင့္ ေမးလ္ သူ႕ကို ေဆးေပးလိုက္ေတာ့မလို႔ပင္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ ကုလီဟန္က စာတစ္ေစာင္ကို လက္ခံရ႐ွိခဲ့ၿပီးေနာက္ အေျခအေနက နည္းနည္း တိုးတက္သြားခဲ့သည္။
ကုလီဟန္က ေခါင္းညိတ္လာေသာ္လည္း သူ႕ရဲ႕ေတာင့္တင္းေနသည့္ မ်က္ႏွာသြင္ျပင္က လုံးဝအမူအရာ မ႐ွိေခ်။ သူက တစ္႐ွဴးတစ္႐ြက္ယူကာ သူ႕လက္ဖဝါးေတြကို သုတ္လိုက္ၿပီး အမိႈက္ပုံးထဲ ပစ္လိုက္သည္။ ထို႔ေနာက္ သူက ထလိုက္ၿပီး ေျပာလာသည္။
"ဆက္လုပ္ပါ"
…....
နာလူးက စုလင္းကို ေမႊးရနံ႔ဘားသို႔ လိုက္ပို႔ေပးၿပီး ကားေပၚမွပင္ မဆင္းဘဲ အိပ္ဖို႔အိမ္တန္းျပန္သြားသည္။ သို႔ေသာ္ အိမ္ျပန္မေရာက္ခင္မွာပင္ အဆက္မျပတ္ဝင္လာေသာ စာမ်ားေၾကာင့္ သူ႕လက္ေကာက္ ေပါက္ကြဲလုဆဲဆဲ ျဖစ္သြားရသည္။
[ငါေျပာခဲ့တယ္မလား အစ္ကိုရာ၊ မင္းက နည္းနည္းလွ်ိဳ႕ဝွက္လြန္းတယ္လို႔?။ မင္းရဲ႕ဆိုင္ထဲမွာ အဆင့္ A စိတ္ဝိညာဥ္ပင္ကို ဖြက္ၿပီး ဥထားတယ္။ မင္း ငါ့ကို ဘာလို႔ တစ္ခါေလာက္ ၾကည့္ခင့္ မေပးတာလဲ။]
[နာလူး၊ ငါတို႔ႏွစ္ေပါင္းမ်ားစြာ ပူးေပါင္းလက္တြဲခဲ့တာပဲ။ ဆူးနီေဘာလုံးအပင္အတြက္ ငါ့ကိုေစ်းတစ္ခုေလာက္ သတ္မွတ္ေပးလိုက္!။ ]
[နာလူး...…]
နာလူး သူ႕ လက္ေကာက္ကို *Do not distrub modeသို႔ ျပတ္ျပတ္သားသား ေျပာင္းလိုက္ၿပီး ဆိုင္ဝန္ထမ္းမ်ားနဲ႔ စုလင္းရဲ႕နာမည္ကို သာ whitelist မွာ ထားလိုက္သည္။ ထို႔ေနာက္ သူက ကားျပန္လွည့္ၿပီး စုလင္းရဲ႕ နံပါတ္ကို ႏွိပ္လိုက္သည္။
[*Whitelistမွာထည့္ထားတဲ့ ဖုန္းနံပါတ္ေတြကလြဲလို႔ ဘယ္ဖုန္း၊စာ၊notiမွမဝင္ေစတဲ့ ဖုန္းေတြမွာပါတဲ့ functionတစ္ခုပါ]
စုလင္း ရနံ႔ဖန္တီးခန္းဆီသြားၿပီး ႐ွန္းမိုယြီ အာဟာရေပ်ာ္ရည္ေတြ တစ္ညလုံး ဘယ္ေလာက္ေသာက္ခဲ့သလဲ ၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့သည္။ သို႔မွသာ သူ အာဟာရေပ်ာ္ရည္ သုံးစြဲမႈ ေယဘူယ်ခန္႔မွန္းေခ်ကို သိႏိုင္မည္ ျဖစ္သည္။ သူ ဝင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ သူ႕လက္ေကာက္ဝတ္ကို ရစ္ပတ္လာသည္။ မ်က္စိတစ္မွိတ္အတြင္းတြင္ အျမစ္ေတြက သူလက္ေကာက္ဝတ္ အႀကိမ္ႀကိမ္ အထပ္ထပ္ ရစ္ပတ္ေတာ့သည္မွာ ႐ုတ္တရက္ၾကည့္လိုက္လွ်င္ စုလင္း လက္ေကာက္ေတြ အတြဲလိုက္ ဝတ္ထားသလိုပင္။ စုလင္း လက္ကို ေျမႇာက္ၿပီး လႈပ္ၾကည့္လိုက္ေတာ့ သူ႕လက္ေကာက္ဝတ္ကို ပတ္ထားသည့္အားမွ သိပ္မတင္းလွေခ်။ အျမစ္ေတြက ေအးျမေနၿပီး သူ႕လႈပ္႐ွားမႈကို အေႏွာက္အယွက္ မျဖစ္ေစသည္မို႔ သူတို႔ကို သူ႕လက္ေကာက္ဝတ္မွာပဲ ထားလိုက္ေတာ့သည္။ အာဟာရေပ်ာ္ရည္ ထည့္ထားသည့္ စည္ပိုင္းေတြအနားကို သြားၿပီး စည္ပိုင္းေပၚ႐ွိ ထုထည္မီတာကို ဖြင့္လိုက္ရာ ၿပီးခဲ့သည့္ ၁၂နာရီအတြင္း အရည္ ေျပာင္းလဲမႈ စုစုေပါင္းကို ေဖာ္ျပေနေသာ ေဒတာ အတြဲလိုက္ႀကီး ႐ုတ္တရက္ေပၚလာသည္။ သူ ၿပီးခဲ့သည့္ည၏ ေဒတာကို ၾကည့္ေနစဥ္မွာ နာလူးဆီမွ ဖုန္းရခဲ့သည္။
နာလူး:" ဆူးနီေဘာလုံးပင္က ငါတို႔ဆိုင္မွာ ႐ွိတယ္ဆိုတဲ့ သတင္း ထြက္ေနၿပီ။ ဆိုင္နားမွာ သတင္းေထာက္ေတြ အခ်ိန္တစ္ခုေလာက္ေတာ့ ေစာင့္ေနေလာက္တယ္။ ေလာေလာဆယ္ အျပင္မထြက္နဲ႔ေနာ္။ ငါခ်က္ခ်င္း ျပန္လာခဲ့မယ္"
စုလင္း:" ျပန္အိပ္လိုက္ပါ။ ကြၽန္ေတာ္ အျပင္မထြက္သေ႐ြ႕ သူတို႔ ကြၽန္ေတာ္႕ကို မထိခိုက္ႏိုင္ပါဘူး"
နာလူးက အရမ္းစိတ္ပူေနဆဲပင္။
"ရတယ္။ ငါ အိမ္ျပန္ရင္ေတာင္ ျခဳံခို အတိုက္ခိုက္ခံရႏိုင္ေသးတယ္။ ငါ့လက္ေကာက္မွာ မက္ေဆ့ခ်္ေတြ ေပါက္ကြဲေနတယ္။ ဒီလိုမွန္းသိရင္ ငါ့ နံပါတ္ကို ေမႊးရနံ႔ဘားရဲ႕ တရားဝင္ website မွာ နထည့္ခဲ့ပါဘူးကြာ"
ခဏအၾကာတြင္ နာလူး ေနာက္ေဖးတံခါးသို႔ေရာက္လာခဲ့ေသာ္လည္း လုံျခဳံေရးစနစ္ အသစ္က တားခဲ့သည္။ စုလင္း က master controllerကို ဖြင့္ၿပီး ဝင္ဖို႔ ခြင့္ျပဳေပးလိုက္ရသည္။ နာလူးက ဆိုင္ထဲ ဝင္လာၿပီး ခ်ီးက်ဴးေတာ့သည္။
"မဆိုးဘူးပဲ။ ဒီ လုံျခဳံေရးစနစ္က အခ်ိန္မီ တပ္ၿပီးသားျဖစ္သြားတာပဲ"
စုလင္း အမ္း'ဟု သေဘာတူေၾကာင္း အသံျပဳလိုက္သည္။ သူ ေဒတာေတြကို မွတ္တမ္းတင္ၿပီးေနာက္ အနည္းငယ္ ေခါင္းခဲသြားခဲ့သည္။
"အာဟာရေပ်ာ္ရည္က တစ္ညတည္းနဲ႔ 5လီတာေတာင္ ေလ်ာ့သြားတယ္"
နာလူး ေဒတာ အေျပာင္းအလဲေတြကို ၾကည့္ၿပီး တြက္ခ်က္ကာ
"Aအဆင့္အပင္ေတြထည့္တြက္ရင္ တစ္ရက္ကို 10လီတာ ကုန္တယ္ပဲထား။ အာဟာေပ်ာ္ရည္လိုအပ္မႈက တစ္လကို ၄၀၀၀၀ က်လိမ့္မယ္ "
သူက ႐ွန္မိုယြီကို ၾကည့္ၿပီး
"တကယ္လို႔ သူသာ ကုန္ၾကမ္းမေပးရင္ ဆိုင္ေတာ့ ေဒဝါလီ ခံရေတာ့မွာပဲ"
စုလင္း သူ႕လက္ေကာက္မွ ပတ္ထားသည့္ အျမစ္အိစိစိေလးကို လက္ျဖင့္ ညင္ညင္သာသာ ညႇစ္လိုက္ၿပီး
"မင္းက ေန႔စဥ္ ဘာထုတ္လဲ? အရည္တို႔၊ ပင္စည္တို႔၊ ပန္းဝတ္ရည္တို႔လိုလား? မင္းခႏၶာကိုယ္ကို မထိခိုက္ေစတဲ့ အရာမ်ိဳးေပါ့"
နာလူး အံ့ၾသသြားၿပီး
“သူက နားလည္ႏိုင္တယ္လား။ အာာ... "
နာလူး သံသယျဖင့္ အသံထြက္ေျပာလိုက္မိခ်ိန္တြင္ အျမစ္တစ္ခုက သူ႕နဖူးကို အသာပုတ္လာသည္။ ပုတ္လိုက္တာက သိပ္မျပင္းေပမယ့္ လႈပ္႐ွားမႈကို လိုက္မမီႏိုင္ေအာင္ ျမန္လြန္းသည္။ သူ႕ေ႐ွ႕မွာ အနက္ေရာင္အရိပ္တစ္ခုကို ႐ုတ္ခနဲျမင္လိုက္ရၿပီး သူ႕လန္႔သြားခဲ့ရသည္။ နာလူး သူ႕နဖူးကို အသာထိၾကည့္မိသည္။
သူက ေတာ္ေတာ္ ေဒါသႀကီးတာပဲ
စုလင္းကေတာ့ နာလူး ဘာမွမျဖစ္တာျမင္မွ စိတ္သက္သာရာရသြားခဲ့သည္။
႐ွန္းမိုယြီကလည္း သူ႕ IQ ကို ေမးခြန္းထုတ္ရဲသည့္ ထိုလူသားကို သင္ခန္းစာေပးလိုက္ၿပီးေနာက္ သူ႕စိတ္အေျခအေနက လုံးဝေကာင္းသြားသည္။ ေျမႇာက္ထားသည့္ ပြင့္ခ်ပ္၅ခုက ႏွိမ့္ခ်လာၿပီးအလယ္မွ ဝတ္ဆံမ်ားကို ျပသလာသည္။ ထို႔ေနာက္ ဝတ္ဆံမ်ားဟာ ၅ခုကြဲသြားၿပီး နီးစပ္ရာ ပြင့္ခ်ပ္ဆီ ခ်ဥ္းကပ္သြားသည္။ မၾကာမီမွာပဲ အနက္ေရာင္ေရစက္ကေလးမ်ားက အနက္ေရာင္ဝတ္ဆံထပ္ဖ်ားမွာ တြဲလြဲခိုလာသည္။ ဝတ္ဆံက ညင္သာစြာ လႈပ္ယမ္းလိုက္ရာ ေရစက္ကေလးေတြက ဝတ္ဆံထိပ္ဖ်ားမွ တစ္ဆင့္ ပြင့္ခ်ပ္ေတြဆီ က်သြားသည္။ ဝတ္ဆံေအာက္႐ွိ ပြင့္ခ်ပ္မ်ားသည္ ပန္းကန္လုံးတစ္ခုကဲ့သို႔ ေခြလိပ္သြားသည္။ ထိုအခ်ိန္တြင္ ေရစက္မ်ားက ပြင့္ခ်ပ္မ်ားေပၚ စီးဆင္းေလ်ာက်ေနသည္။ မၾကာမီ ပြင့္ခ်ပ္ တစ္ခုစီ၏ အဖ်ား၌ အနက္ေရာင္ အရည္မ်ား စုလာသည္။
တစ္ခ်ိန္တည္းမွာပဲ ႐ွန္းမိုယြီ အမဲလိုက္ေနတဲ့ျမင္ကြင္းက စုလင္း စိတ္ထဲမွာ ေပၚလာၿပီး ဒီတစ္ႀကိမ္မွာေတာ့ အနီးကပ္ျမင္ကြင္းျဖစ္ကာ ပို႐ွင္းလင္းေပသည္။ ဝတ္ဆံက ပြင့္ခ်ပ္ေပၚကို အနက္ေရာင္အရည္ေတြ သြန္ထည့္လိုက္ၿပီး သူ႕ရဲ႕အျမစ္မ်ားျဖင့္ ရစ္ပတ္ထားသည့္ သားေကာင္ကို 'မ'ကာ အရည္ထဲ ႏွစ္လိုက္သည္။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အရည္ႏွင့္ထိလိုက္သည့္ အသားက ပလုံစီထလာေတာ့သည္။ သားေကာင္ဟာ မ်က္စိတစ္မွိတ္အတြင္းမွာပဲ ေသြးအိုင္ အျဖစ္ေျပာင္းလဲသြားသည္။
စုလင္း ႐ုတ္တရက္ အန္ခ်င္သြားေတာ့သည္။ သူ စိတ္ကို မနည္းထိန္းရင္း အသက္ကို ျပင္းျပင္း႐ႈၿပီး ေခါင္းကိုေစာင္းကာ ရင္ဘတ္ကို ထုလိုက္ရသည္။ ထိုသားေကာင္အသတ္ခံရၿပီးေနာက္ ျမင္ကြင္းက ေနာက္သားေကာင္ဆီ ေျပာင္းသြားျပန္သည္။ စုလင္း မဆိုင္းမတြ ခ်က္ခ်င္း ေအာ္ရသည္။
"ျပစရာ မလိုေတာ့ဘူး! ရၿပီ"
သူ မခ်ိျပဳံးျပဳံးကာ
"ဒါဘာအတြက္လဲဆိုတာ ငါသိပါၿပီ"
ဝါးတားတား ဂုဏ္ယူအျပဳံးႀကီး သူ႕စိတ္ထဲ ေပၚလာသည္။
စုလင္း:"....မင္းက အရမ္းအံ့ၾသဖို႔ေကာင္းတာပဲ"
နာလူးက ဒူးေထာက္ကာ အရည္ေတြကို စပ္စပ္စုစုၾကည့္ေနသည္။
"ဒါက ဘာလုပ္ႏိုင္လဲ?"
စုလင္း:"ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ မစဥ္းသားရေသးဘူး။ ကြၽန္ေတာ္သိတာေတာ့ ဒါက အရမ္း တိုက္စားမႈျပင္းအား ေကာင္းတာပဲ"
နာလုး လက္႐ုတ္ၿပီး ေနာက္ဆုတ္လိုက္သည္။
"အဲ့ဒါဆို ဘယ္လို ထိန္းသိမ္းၾကမလဲ?"
စုလင္း လက္ေတြကို ျဖန္႔လိုက္ၿပီး
" ကြၽန္ေတာ္လည္း မသိဘူး။ ထည့္စရာ အမ်ိဳးမ်ိဳးနဲ႔ စမ္းၾကည့္ရမွပဲ"
၂ဦးသား ဆိုင္မွာ႐ွိသမွ် ထည့္စရာဘူးခြက္ေတြႏွင့္ စမ္းထည့္ၾကည့္ေပမယ့္ ပုလင္းႏႈတ္ခမ္းက အရည္နဲ႔ ထိသည္ႏွင့္ ေပ်ာ္က်သြားသည္။ ႐ွန္းမိုယြီက အျမစ္ေတြကို ေထာင္ၿပီး သူတို႔၂ဦးကို ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ သူက မေနႏိုင္ေတာ့သည့္ႏွယ္ သူ႕အျမစ္ေတြကို သုံးၿပီး အနီးဆုံးပြင့္ခ်ပ္ကို လွီးခ်လိုက္ရာ အနီေရာင္အေစးမ်ား ပြင့္ခ်ပ္မွ စီးက်လာသည္။
႐ွန္းမိုယြီ သူ႕ကိုယ္သူ နာက်င္ေအာင္လုပ္လိုက္တာကို ျမင္လိုက္ရာ စုလင္းအံ့ၾသသြားၿပီးေနာက္ သူ႕ေခါင္းထဲမွ အရိတ္အႁမြက္မ်ားကို ဖတ္ၿပီး ဘာျဖစ္ခဲ့လဲ နားလည္သြားသည္။ သူက အနီေရာင္အေစးေတြကို ယူကာ ထည့္စရာ ပုလင္း၏ မ်က္ႏွာျပင္ကို ပါးပါးေလး သုတ္လိုက္သည္။ ခဏအၾကာတြင္ အနီေရာင္ အေစးမ်ား ေျခာက္သြားၿပီး ေဖာက္ျမင္ရေအာင္ ၾကည္သြားသည္။ ထို႔ေနာက္သူက အနက္ေရာင္အရည္မ်ားကို ပုလင္းထဲထည့္လိုက္ရာ ဒီတစ္ႀကိမ္တြင္ေတာ့ အရည္ေပ်ာ္က်မသြားေတာ့ေပ။ ထို႔ေၾကာင့္ သူနဲ႔နာလူး အနက္ေရာင္အရည္ေတြကို ပုလင္းထဲမထည့္ခင္ သူတို႔လက္ေတြကို အနီေရာင္ အေစးေတြနဲ႔ လူး ထားလိုက္ရသည္။ ႐ွန္းမိုယြီရဲ႕ ပြင့္ခ်ပ္ေပၚက ျပတ္႐ွရာ ေပ်ာက္ကင္းသြားၿပီး မ်က္ႏွာျပင္တြင္ ပိုက်န္ေနေသာ အနီေရာင္အေစးတစ္ခ်ိဳ႕ကိုလည္း စုလင္း သိမ္းဆည္းလိုက္သည္။ သူတို႔ အနက္ေရာင္အရည္ေတြအကုန္စုစည္းၿပီးေနာက္ ႐ွန္းမိုယြီက ပြင့္ခ်ပ္ေတြကို ေျမႇာက္ၿပီး ဝလုံးေလးလို လုံးသြားသည္။ စုလင္းရဲ႕ စိတ္ထဲတြင္ Zzz သေကၤတ က ေလထုထဲမွာ ေမ်ာေနသည္မွာ ZZZZZzzzzzzzzzzz!
႐ွန္းမိုယြီ သူ႕ရဲ႕ အျမစ္မ်ားကို ျပန္လိပ္ၿပီး အာဟာရေပ်ာ္ရည္ထဲ စိမ္ထားတာကို စုလင္း ႐ႈပ္ေထြးေနသည့္အမူအရာျဖင့္ ၾကည့္လိုက္သည္။
ဒါ တကယ္ႀကီး 'စားရင္း အိပ္တာ'ပဲ။ သူတကယ္ မနာလိုပါဘူးေနာ္
နာလူး အနက္ေရာင္အရည္ေတြထည့္ထားသည့္ ပုလင္းေလးကို ယမ္းျပၿပီးေမးလာသည္။
"ဒါကို ငါ ဘယ္လို ေရာင္းရမလဲ? ကိုးကားစရာေရာင္းေစ်းမ႐ွိဘူးေလ"
စုလင္း ခဏ စဥ္းစားလိုက္ၿပီး
"အဲ့ဒါက ခဏ သိမ္းထားလိုက္ရေအာင္။ ညေန ေဒါက္တာ နီအန္း လာမွာ။ သူ ဒါကို ယူသြားၿပီး ေလ့လာၿပီး သူ႕အသုံးဝင္မႈကို ဆုံးျဖတ္ၿပီးမွ ေစ်းႏႈန္းသတ္မွတ္ရေအာင္"
အာနိသင္က အၿမဲတမ္း ကုန္ၾကမ္းရဲ႕ တန္ဖိုးကို သတ္မွတ္ေပးတာပဲေလ
၂ဦးသား ရနံ႔ဖန္တီးခန္းမွ ထြက္လာၾကၿပီး နာလူးက အနားယူဖို႔ သီးသန္႔ခန္းကို သြားခဲ့သည္။ စုလင္းေလးကေတာ့ ဖန္လုံအိမ္နားကို တန္းလ်ားတစ္ခုေ႐ြ႕လိုက္ၿပီး pheromone အသုံးျပဳၿပီး စိတ္ဝိညာဥ္ပင္မ်ားႏွင့္ ဆက္သြယ္ျခင္းအေၾကာင္း ဖတ္ေနခဲ့သည္။ သူက Isolator ကို ျဖဳတ္ထားၿပီး စာဖတ္ေနရင္းပင္ pheromone မ်ားကို သုံးၾကည့္ေနခဲ့သည္။ ေန႔လည္ခင္းတစ္ခုလုံး ၿပီးတဲ့ေနာက္မွာေတာ့ သူ႕pheromone ေတြကို မ်ဥ္းေျဖာင့္႐ွည္ေတြျဖစ္ေအာင္ ထိန္းခ်ဳပ္၊ ဖန္တီးႏိုင္ၿပီ ျဖစ္သည္။
ညေန ၅နာရီခြဲတြင္ ေမႊးရနံ႔ဘား စဖြင့္ၿပီျဖစ္သည္။ ပုံမွန္အားျဖင့္ ဒီအခ်ိန္သည္ ဆိုင္မဖြင့္ခင္ ဝန္ထမ္းေတြ ႀကိဳတင္ျပင္ဆင္ၾကသည့္အခ်ိန္ျဖစ္ၿပီး ဧည့္သည္ မ႐ွိပါေခ်။ သို႔ေသာ္လည္း ယေန႔အတြက္ေတာ့ ဆိုင္တံခါးတြင္ လူမ်ား ျပည့္လွ်ံေနသည္။ အကုန္လုံးက ဆူးနီေဘာလုံးပင္ေၾကာင့္ ေရာက္လာျခင္း ျဖစ္သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's
Updateေနာက္က်သြားတာ ေသြ႕ပုခ်ိ!!!
ဂ်ဴးငယ္ presentation ႐ွိလို႔ပါ။ presentation ၿပီးေတာ့ ေရေႏြးနဲ႔ေရခ်ိဳးလိုက္တာ ခါးတစ္ျခမ္း နာသြားလို႔ ေဆးနည္းေလး႐ွိရင္ ေပးၾကပါဦး(ಥ﹏ಥ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋