Consort Wang

By mollis-seth

11K 1K 146

ကြင်ယာတော်ဝမ်၏ ချစ်ခြင်းမေတ္တာသည် မည်သည့်အတိုင်းအတာအထိ ကျယ်ပြန့်သနည်း.... #cover photo from Pinterest More

Introduction
2: စတင်လွဲမှားခြင်း
3: စတင်တွေ့ဆုံခြင်း
4 : ရှောင်းပြည်ထောင်စုနှင့် ကြင်ယာတော်ဝမ်
5 : ဝမ်ဟာ အရုပ်တစ်ရုပ်ဖြစ်နေပြီလား?
6 : ရုန်းထွက်လာခဲ့ပါ ဝမ်
7 : ကိုယ်တော့်အပိုင်ဖြစ်ပေးပါ ဝမ်
8 : အနီးဆုံးနေရာဟာ အမြင်ကွယ်ရာနေရာ

1 : Becoming Consort Wang

1.5K 125 16
By mollis-seth

A/N: ပထမဦးဆုံး နန်းတွင်းficသာမက ရှေ့ခေတ်ပုံစံလည်းဖြစ်တာကြောင့် အမှားများပါခဲ့ရင် ဦးစွာ တောင်းပန်ပါတယ်။
***********
ဝမ်...
ကိုယ်တော့်ရဲ့ဝမ်...
အခုများဖြင့် ဘယ်ဆီများ ရောက်၍နေမလဲကွယ်။
လွမ်းဆွတ်တမ်းတရပါတယ် ဝမ်။
ဝမ်ပြန်ရောက်လာရင်ဝတ်ဆင်ဖို့အတွက် ဝမ်နှစ်သက်တဲ့ အဖြူရောင်ဖဲသားဝတ်ရုံလေး ပြင်ဆင်လို့ထားပါတယ်။
ဝမ်ရယ် ဝမ်ပြန်မလာရင်တော့ဖြင့် အရာအားလုံးစွန့်လွှတ်ပြီး ကိုယ်တော် ဝမ့်နောက်လိုက်ခဲ့ပါမယ်။
**********
ရှန်တိုင်းပြည်...
ရှန်တိုင်းပြည်သည် သာယာဝပြောလှသည်။
ရေခဲအကာအကွယ်ဖြင့် ရှန်တိုင်းပြည်ဟာ နာမည်ကြီးသည်။ ထိုရေခဲအကာအကွယ်အား ချိုးဖောက်ရန် အလွန်ပင် ခက်ခဲလှပေသည်။ ထိုရေခဲအကာအကွယ်အား စွမ်းအင်ဖြည့်စည်းပေးနေသူမှာ ရှန်တိုင်းပြည်၏ မိဖုရားခေါင်ကြီးပင်ဖြစ်သည်။
ရှန်တိုင်းပြည်၏ ဘုရင်မင်းမြတ်နှင့်မိဖုရားခေါင်ကြီးတို့သည် Seanဟုအမည်ရှိသော မီးဓါတ်ပိုင်ဆိုင်သည့် သားတော်လေးတစ်ပါး ဖွားမြင်ခဲ့လေသည်။

ဖခမည်းတော်၏ နာမကျန်းမှုကြောင့် အိမ်ရှေ့မင်းသားSeanသည် သက်တော်တစ်ဆယ့်ခြောက်နှစ်တွင် နန်းတက်ခဲ့သည်။ နန်းတက်မင်းကြီးတစ်ပါးသည် မိဖုရားမရှိ၍ မသင့်တော်ပေ။ သို့တော် နန်းတက်မိဖုရားသည်လည်း မိဖုရားခေါင်ကြီးကဲ့သို့ တိုင်းပြည်အား မိမိကိုယ်ကိုယ်အနစ်နာခံကာ မိခင်သဖွယ် ကာကွယ်နိုင်ရမည်ဖြစ်သလို အထူးသဖြင့် နှင်း(ရေခဲ)ဓါတ်လိုအပ်သည်။

'စစ်သေနာပတိချူပ်ကြီးဝမ်နဲ့ ကိုယ်ရံတော်ခေါင်းဆောင်ဝမ်တို့ကို မိဖုရားခေါင်ကြီးဆီမှ ဆင့်ခေါ်စာရောက်ရှိလာပါတယ်'

တပ်သားလေးတစ်ယောက်၏ လျှောက်တင်ချက်ကြောင့် သားတော်ဝမ်ရိပေါ်ကို ဆင့်ခေါ်ကာ စစ်သေနာပတိချုပ်ကြီးဟာ မိဖုရားခေါင်ဆီသို့ ဦးတည်လိုက်သည်။

မိဖုရားခေါင်ကြီး၏ နန်းဆောင်ရှေ့သို့ရောက်သောအခါ သူ့အားစောင့်နေသော သားတော်လေးကို တွေ့လိုက်ရသည်။

'ရောက်နေပြီလား ကိုယ်ရံတော်ခေါင်းဆောင်ဝမ်'

'ဟုတ်ကဲ့။ အရှင့်ကိုလည်း ဆင့်ခေါ်ထားတာမို့ ရောက်လာတာ မြန်သွားပါတယ်။ ကျွန်တော်က အဖေနဲ့အတူဝင်သင့်တယ်ထင်လို့ မဝင်သေးပဲ စောင့်နေတာပါ'

'အထဲဝင်ကြတာပေါ့'

မိဖုရားခေါင်ကြီးဟာ သက်တော်အားဖြင့် မငယ်တော့ပေမယ့်လို့ အရှိန်အဝါဟာဖြင့် မြင်သူတကာ အလိုလိုဒူးထောက်ခစားလောက်ရအောင်ပင် ထွန်းလင်းလွန်းလှသည်။

"အရှင််မင်းကြီးအား ဂါရဝပြုပါတယ်"

'မိဖုရားခေါင်ကြီးအား ဂါရဝပြုပါတယ်'

စစ်သေနာပတိချုပ်ကြီးနှင့် ကိုယ်ရံတော်ချုပ်ဝမ်တို့ အတူတကွ အရှင်မင်းကြီးနှင့် မိဖုရားခေါင်ကြီးအား ဂါရဝပြုလိုက်သည်။

'ထပြီး ဒီမှာ လာထိုင်ကြပါ'

မိဖုရားကြီး ညွှန်ပြသောနေရာတွင် ထိုင်လိုက်ကြသောအခါ စစ်သေနာပတိချုပ်ကြီးနှင့် ကိုယ်ရံတော်ချုပ်ဝမ်တို့ အရှင်မင်းကြီး၏ မျက်နှာချင်းဆိုင်တွင်ဖြစ်သွားသည်။

'ဝမ်ရိပေါ် ဒီမယ်မယ်အဖွားကြီးနား လာပါဦး'

ရိပေါ် မိဖုရားခေါင်ကြီးထိုင်နေသော ပလ္လင်နားသွားကာ ဒူးထောက်လိုက်သည်။
မိဖုရားခေါင်ကြီးက ရိပေါ်ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ မေးစေ့ကို လက်ဖြင့်ပင့်တင်လိုက်ရင်း မော်ကြည့်စေလိုက်သည်။ ထို့နောက် ရိပေါ်၏ပါးဖောင်းဖောင်းလေးကို နူးညံ့ကွာ ကိုင်လိုက်လေသည်။

'ဝမ်ကလေး ဒီရှန်တိုင်းပြည်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိရဲ့လား'

'ရှန်တိုင်းပြည်ကြီးတည်ရှိနေသ၍ ဒီဝမ်ရိပေါ်က အမြဲ သစ္စာရှိစွာနဲ့ ကာကွယ်သွားမှာပါ မယ်မယ်ဘုရား'

'ရှန်တိုင်းပြည်ရဲ့ မိခင်အနေနဲ့ဆိုရင်ရော ကာကွယ်ဖို့ ဆန္ဒရှိသေးရဲ့လား'

ရိပေါ်  ဝိုင်းစက်သောမျက်ဝန်းများဖြင့် မိဖုရားခေါင်ကြီးအားတစ်လှည့် အရှင်မင်းကြီးအားတစ်လှည့် နားမလည်စွာ ကြည့်လိုက်သည်။
စေသေနာပတိချုပ်ကြီးဟာလည်း နားထဲခပ်စူးစူးအသံများဝင်လာကာ ရင်ထဲဒိတ်ခနဲဖြစ်သွားသည်။

'ဒီအဖွားကြီးက တဖြည်းဖြည်းနဲ့ အိုမင်းလာပြီ။ အရင်လို တိုင်းပြည်ကို ကာကွယ်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ရေခဲဓါတ်ရှိတဲ့ ဝမ်ကလေးကိုပဲ ဒီမယ်မယ်က အရိုက်အရာအပ်နှင်းဖို့ ဆန္ဒရှိတယ်။ ဝမ်ကလေးက
ရော ဆန္ဒရှိရဲ့လား'

'ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ သက်တော်စောင့်ပါ မယ်မယ်ဘုရား။ အရှင့်ကိုကာကွယ်တာဟာ တိုင်းပြည်ကို ကာကွယ်တာပါပဲ။ အရှင့်ရဲ့ သစ္စာခံလက်အောက်ငယ်သားမို့ အရှင့်ရဲ့အမိန့်တိုင်းကို ကျွန်တော်မျိုးက ထမ်းဆောင်မှာပါ။ အရှင်မင်းကြီးသာ ဒီကိစ္စကို ဆန္ဒရှိစွာနဲ့ အမိန့်ပေးလာခဲ့ရင် ကျွန်တော်မျိုးက ထမ်းဆောင်ဖို့အသင့်ပါပဲ'

မိဖုရားခေါင်ကြီးက ရှန်မင်းကြီးSeanကို ကြည့်လိုက်ရင်း စကားဆက်လိုက်သည်။
'ကဲ သားတော်...သားတော််အနေနဲ့ရော ဘယ်လိုသဘောရှိသလဲ'

'ဝမ်ဟာ သားတော်ရဲ့ သက်တော်စောင့်သာမက သားတော်ရဲ့ဆရာတူညီလေးဆိုလည်း မမှားပါဘူးမယ်တော်။ သို့ပေမယ့် ဝမ်ဟာအမျိုးသားတစ်ယောက်ပါ။ သားတော်အမြင်တော့ အမျိုးသားကြင်ယာတော်မြှောက်ဖို့ထက် အမျိုးသားတစ်ယောက်ကို တိုင်းပြည်ရဲ့ မိခင်နေရာအပ်နှင်းတာဟာ ပြည်သူတွေရောမှူးမတ်တွေကိုပါ တုန်လှုပ်စရာဖြစ်သွားမှာကိုပါပဲ'

'အို~ ဝမ်ကလေးက လူချစ်ခံရပြီးသားပါ။ ရှန်ဘုရင်ရဲ့ ကိုယ်ရံတော်လေးက ဘယ်လောက်နာမည်ကြီးသလဲဆိုတာ မယ်တော်မသိဘူးများထင်နေသလား။ အခုအရာကလည်း တိုင်းပြည်အတွက်ပဲကို ဘယ်သူကများ ဆန့်ကျင်ဝံ့သလဲ'
မိဖုရားခေါင်ကြီးက လက်တင်သည့်ဖဲသားခေါင်းအုံးအမာအားရိုက်ကာပြောလိုက်သည်။

'စိတ်ထိန်းတော်မူပါ မယ်မယ်။ သားတော်က ဖြစ်နိုင်မယ့်အရာတွေကို တွေးစမိရုံပါ။'

'သားတော်စိတ်ပူတာကို မယ်တော်နားလည်ပါတယ်။ တိုင်ရေးပြည်ရာက ပိုအရေးကြီးတယ် သားတော်။ မယ်တော်တို့ဟာ တိုင်းပြည်ကို အလုပ်အကြွေးပြုနေရတဲ့သူတွေဆိုလည်း မမှားဘူး။ ဒီတိုင်းပြည်ကြီး အေးချမ်းဖို့၊ ပြည်သူပြည်သားတွေ အေးချမ်းဖို့ လုပ်သင့်လုပ်ထိုက်တာကို အစကတည်းက လုပ်ထားသင့်တယ်'

Sean အနည်းငယ်တွေးစစဖြစ်သွားသည်။ မယ်တော်ဟာ အသက်အရွယ်လည်းရနေပြီမို့ ခမည်းတော်နဲ့အတူ တောင်ပေါ်မှာ အတွင်းအားကျင့်ကြံရင်းပဲ ကုန်ဆုံးစေချင်သည်။ မယ်တော်သည်သာလျှင် တိုင်းပြည်အကာအကွယ်တံတိုင်း၏ စွမ်းအင်အရင်းအမြစ်ပေမို့ မနားရပဲ အခုထိစွမ်းအင်ကူးပြောင်းပေးနေရခြင်းဖြစ်သည်။

ဝမ်ရိပေါ်သည် အတွင်းအားလွန်စွာကောင်းလှသည်။ သူပင်လျှင် ဝမ်ရိပေါ်အား မယှဉ်နိုင်ပါ။ သို့ပေမယ့် ဆရာတူညီလေးတစ်ယောက်အား လက်ဆက်ခြင်းအား အဘယ်၍ လက်ခံနိုင်မည်နည်း။ တိုင်းပြည်ရေးရာနှင့် ဆက်စပ်လာလျှင်တော့ သူဘုရင်ဖြစ်သူသည် အနစ်နာခံရလိမ့်ပေမည်။

'မယ်တော်က ဒီလောက်ဆန္ဒရှိနေမှတော့ဖြင့် သားတော် မငြင်းဆိုနိုင်တော့ပါဘူး မယ်တော်။ ဝမ့်အနေနဲ့ကရော ကိုယ်တော့်ကို ကြည်ဖြူရဲ့လား'

'အရှင့်ကိုစောင့်ရှောက်ဖို့၊ တိုင်းပြည်ကိုစောင့်ရှောက်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်ဖြစ်တာကြောင့် သေမိန့်ဆိုလျှင်တောင် ကျွန်တော်မျိုး မလွန်ဆန်နိုင်ပါဘူး အရှင်'
ရိပေါ်က ဂါရဝပြုသောအနေအထားကိုပြောင်းကာ Seanအား လျှောက်ထားလိုက်သည်။

'ကဲ စစ်သေနာပတိချုပ်ကြီးအနေနဲ့ကရော မြတ်နိုးတန်ဖိုးထားရတဲ့သားတော်လေးကို ထည့်ပေးလိုက်ဖို့ ဆန္ဒရှိရဲ့လား'

'ကျွန်တော်မျိုးကတော့ သားလေးရဲ့ဆုံးဖြတ်ချက်တိုင်းကိုပဲ ဖြည့်ဆည်းပေးသွားဖို့ ဆန္ဒရှိပါတယ် မိဖုရားကြီး'

'ဒါဆို အရှင်မင်းကြီး လက်ဆက်မယ့်သတင်းကို ကြေငြာပြီး နန်းတွင်းမင်္ဂလာကို အမြန်ဆုံးကျင်းပကြတာပေါ့ကွယ်'

အခန်းတွင်း တိတ်ဆိတ်မှုတို့က ဖုံးလွှမ်းသွားသည်
အခန်းတွင်းရှိ အဓိကလူလေးယောက်ကတော့ဖြင့် အတွေးကိုယ်စီဖြင့်သာ...
**********
မင်္ဂလာသတင်းပြန့်နှံ့သွားပြီးတဲ့နောက်မှာ လူအများစုဟာတော့ ပျော်ရွှင်စွာ သဘောတူကြပေမယ့် အနည်းစုဟာတော့ မကျေချမ်းဟန်ရှိသည်။ ဝမ်ဟာ ရှန်တိုင်းပြည်ရဲ့ အချစ်တော်လေးဆိုလည်း မမှားပါ။ အရှင်မင်းကြီး၏အနောက်တွင် အမြဲကပ်ပါလာတတ်သောဝမ်ဟာ အကြည်ဓါတ်လေးဖြင့် လူတိုင်း၏ရင်ကို အေးမြစေသည်။ တိုင်းပြည်အတွက် လက်ဆက်လိုက်ရတာမှန်းသိကြတော့ ပြည်သူအများကလည်း လက်ခံကြသည်။ ဝမ်ဟာ တိုင်းပြည်၏ ကာကွယ်စောင့်ရှောက်သည့်နတ်ဘုရားအလားပင် နာမည်ကျော်ကြားသည်။

မှူးမတ်ဝန်ကြီးတချို့မှာတော့ စစ်သေနာပတိချုပ်ဝမ်အာဏာပိုပြင်းထန်လာမည်ကိုတွေးမိကာ မကျေမချမ်းဖြစ်နေကြသည်။
သူတို့ဟာ ဘယ်အချိန်မှ ဝမ်အိမ်တော်၏အမြင့်ကို တက်လှမ်းနိုင်လိမ့်မလဲ။

နန်းတွင်းတစ်ခုလုံးသည် အနီရောင်များဖြင့် ပြည့်နှက်လျက်ရှိသည်။ နန်းတော်အတွင်း ဆိုင်းသံဘုံသံတို့ဖြင့် ပျော်ရွှင်ဖွယ်ရာကောင်းလှသည်။

အနီရောင်ခြုံပဝါအောက်တွင်တော့ ဝမ်ဟာ စိတ်လှုပ်ရှားလျက်ရှိနေသည်။ သူဟာ အရှင့်ကို ဘယ်လောက်တောင်မှ မြတ်နိုးခဲ့ရသလဲ။ ငယ်စဉ်အခါ ကလေးဘဝအရွယ်တုန်းက အရှင်ဟာ အမတ်တချို့၏ လုပ်ကြံမှုကို ခံခဲ့ရတာကြောင့် ဝမ်ဟာ အရှင့်ကို ပို၍ကာကွယ်ပေးချင်သည်။ ဒါကြောင့် သူဟာ အတွင်းအားကိုပို၍ လေ့ကျင့်ခဲ့သည်။ နေ့ညမနား သိုင်းကျင့်စဉ်များကို လေ့လာသည်။ အနားမယူတာကြောင့် နှာခေါင်းသွေးတို့ ယိုကျခဲ့ဖူးသလို အတွင်းအားလေ့ကျင့်မှုကြောင့် ကိုယ်တွင်းမှသွေးညစ်တို့ အန်ထွက်ဖူးသည်။ သားသတ်လွတ်စား၍ ကျင့်ကြံတာသည်လည်း အရှင့်ကြောင့်ပင်ဖြစ်သည်။ အခုတော့ ဝမ်ဟာ အရှင့်၏ အိမ်သူသက်ထားဖြစ်လာရတော့မည်။

အရှင်ဟာ တစ်နေ့တော့ဖြင့် မြတ်နိုးလာလိမ့်မည်ဟု ဝမ်ဟာ ယုံကြည်ခဲ့သည်။

'မိုးမြေကို ကန်တော့ပါ'
'မိဘများကို ကန်တော့ပါ'
'မောင်နှံအချင်းချင်း အပြန်အလှန် ဂါရဝပြုပါ'

ပဝါစမှ ဖောက်မြင်နေရတဲ့ မြတ်နိုးရသူဟာ တည်ငြိမ်လှသည်။ စိတ်အစုံဟာ ဤမင်္ဂလာပွဲတွင် ရှိမှရှိရဲ့လား မြတ်နိုးရသူရယ်...

မင်္ဂလာကုတင်ထက်တွင်ထိုင်လျက် ဝမ်ဟာ အရှင့်ကိုဖြင့် ရင်ခုန်စွာ စောင့်မျှော်နေခဲ့ပါသည်။
အရှင်ဟာ သေရည်အရက်သောက်ကာ မူး၍ မဝင်လာခဲ့ပါ။ သေရည်မူးကာ ဝမ့်အပေါ်အမှားလုပ်မိမည်စိုးရိမ်နေသည်ထင်ပါသည်။
အရှင်ဟာ ဝမ့်ဦးခေါင်းထက်မှ အနီရောင်ပဝါလေးအား လှန်လိုက်ကာ ဝမ့်ဘေးတွင် ထိုင်လိုက်သည်။

'ဝမ်...ဝမ့်လို အမျိုးသားတစ်ယောက်ကို တိုင်းပြည်ရဲ့ မိဖုရားဂုဏ်ချီးမြင့်ပေးခဲ့ရလို့ ကိုယ်တော်ကပဲ အားနာစိတ်ဝင်မိပါတယ်'

ရိပေါ် ထိတ်လန့်သွားရကာ ကုတင်ထက်မှဆင်းပြီး ကြမ်းပေါ်တွင် ဒူးတစ်ဖင်ထောက်ကာ အရိုအသေပြုသည့်ပုံစံနေလိုက်သည်။

'အားနာစိတ်မဝင်သင့်ပါဘူး အရှင်။ တိုင်းပြည်အတွက်ဆို ကျွန်တော်မျိုးအသက်ကိုတောင် ပေးဝံ့ပါတယ်'

'ကိုယ်တော်ကပဲ ကျေးဇူးတင်ပါတယ်။ ကဲ အိပ်ဆောင်ဝင်တော့ မနက်ဖြန်ကျ မယ်တော်က အရိုက်အရာလွှဲအပ်လိမ့်မယ်'

အရှင်ဟာ ဝမ့်ကိုကျောပေးကာ အသက်ရှူမှန်စွာဖြင့် အိပ်စက်နေလေပြီဖြစ်သည်။ ဝမ်ကတော့ အရှင့်ရဲ့ကျောပြင်အကျယ်ကြီးအား ထိုင်ကြည့်နေရန်သာ တတ်နိုင်သည်။ အရှင်ဟာ ဝမ်ဖမ်းဆုပ်ရန်မတတ်နိုင်တဲ့ ကောင်းကင်ပေါ်က ကြယ်ပွင့်ကလေးပင်။
**********
ဒီနေ့ဟာတော့ မနေ့ကနှင့်မတူပါ။
နတ်နန်းဆောင်အတွင်းတွင် အအေးဓါတ်တို့ လွှမ်းခြုံနေသည်။ နန်းဆောင်အတွင်း ရှန်ပြည်၏ မိဖုရားခေါင်ကြီး၊ ကြင်ယာတော်ဝမ် နှင့် နတ်နန်းသခင်မတို့သာ ရှိသည်။ နတ်နန်းသခင်မသည် သာမန်လူတို့နားမလည်နိုင်သော ဂါထာမန္တန်များကို ရွတ်ဖတ်နေသည်။

သူတို့သုံးဦး၏အလယ်တွင် ကျောက်ဖြင့်ဖွဲ့စည်းထားသော အိုးပုံသဏ္ဌန်စည်းတစ်မျိုးရှိနေပြီး အပြာရောင်စွမ်းအင်တို့ဖြင့် ပြည့်နှက်လျက်ရှိသည်။

မိဖုရားခေါင်ကြီးဟာ ကိုယ်ဖော့ကာ လေထဲတွင်ရပ်လျက် အတွင်းအားတချို့အား ထိုစည်းထဲသို့ ကူးပြောင်းပေးနေသည်။ ထို့နောက် ကြင်ယာတော်ဝမ်ဟာလည်း မိဖုရားခေါင်ကြီးကဲ့သို့ ကိုယ်ဖော့ကာ လေထဲတွင်ရပ်လျက် အတွင်းအားတစ်ချို့အား ထိုစည်းထဲသို့ လွှဲပြောင်းလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ နတ်နန်းသခင်မ၏ ရွတ်ဖတ်သံဟာ ပို၍ကျယ်လောင်လာပြီး ကြင်ယာတော်ဝမ်၏ မျက်နှာတွင် နာကျင်နေသည့်အရိပ်အယောင်များ ဖြတ်ပြေးနေသည်။ ကြင်ယာတော်ဝမ်၏ နှလုံးသားရှိရာ ဘယ်ဘက်ရှိ ဆံနွယ်လေးတစ်စုမှာ အဖြူရောင်သို့ တဖြည်းဖြည်း ကူးပြောင်းလာသည်။ ထိုရပ်ဝန်းတွင် အပြာရောင်အလင်းတန်းတို့ဖြင့် ပြည့်နှက်သွားလေတော့သည်။

နတ်နန်းဆောင်၏အပြင်ဘက်တွင်တော့ အရှင်မင်းကြီးနှင့်တကွ မှူးမတ်များပါ ရောက်ရှိနေကြသည်။
နတ်နန်းဆောင်အတွင်းမှ နတ်နန်းသခင်မထွက်လာပြီး နတ်ဆရာမများရပ်နေရာသို့သွားကာ ရှေ့တွင်အတူ ရပ်လိုက်သည်။ ထို့နောက် ကြင်ယာတော်ဝမ်ဟာ မိဖုရားခေါင်ကြီးကိုတွဲလျက်ထွက်လာကာ အရှင်မင်းကြီးအနားသို့ သွားလိုက်သည်။

'ကာကွယ်ရေးစက်ဝန်း၏ အရှင်သခင် ကြင်ယာတော်ဝမ်အား ဂါရဝပြုပါတယ်။ ကြင်ယာတော်ဝမ် သက်တော်ရာကျော်ရှည်ပါစေ'
နတ်နန်းသခင်မမှစ၍ ဂါရဝပြုသောအခါ ထိုနေရာတွင်ရှိသောသူအပေါင်တို့ပါ ဂါရဝပြုကြသည်။

'ကြင်ယာတော်ဝမ် သက်တော်ရာကျော်ရှည်ပါစေ'

'အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ'

'မိဖုရားကြီး သက်တော်ရာကျော်ရှည်ပါစေ'

ဤမှစ၍ ကြင်ယာတော်ဝမ် ဖြစ်တည်လာခဲ့တော့သည်။

[Zawgyi]
A/N: ပထမဦးဆုံး နန္းတြင္းficသာမက ေရွ႕ေခတ္ပုံစံလည္းျဖစ္တာေၾကာင့္ အမွားမ်ားပါခဲ့ရင္ ဦးစြာ ေတာင္းပန္ပါတယ္။
***********
ဝမ္...
ကိုယ္ေတာ့္ရဲ့ဝမ္...
အခုမ်ားျဖင့္ ဘယ္ဆီမ်ား ေရာက္၍ေနမလဲကြယ္။
လြမ္းဆြတ္တမ္းတရပါတယ္ ဝမ္။
ဝမ္ျပန္ေရာက္လာရင္ဝတ္ဆင္ဖို႔အတြက္ ဝမ္ႏွစ္သက္တဲ့ အျဖဴေရာင္ဖဲသားဝတ္႐ုံေလး ျပင္ဆင္လို႔ထားပါတယ္။
ဝမ္ရယ္ ဝမ္ျပန္မလာရင္ေတာ့ျဖင့္ အရာအားလုံးစြန့္လႊတ္ၿပီး ကိုယ္ေတာ္ ဝမ့္ေနာက္လိုက္ခဲ့ပါမယ္။
**********
ရွန္တိုင္းျပည္...
ရွန္တိုင္းျပည္သည္ သာယာဝေျပာလွသည္။
ေရခဲအကာအကြယ္ျဖင့္ ရွန္တိုင္းျပည္ဟာ နာမည္ႀကီးသည္။ ထိုေရခဲအကာအကြယ္အား ခ်ိဳးေဖာက္ရန္ အလြန္ပင္ ခက္ခဲလွေပသည္။ ထိုေရခဲအကာအကြယ္အား စြမ္းအင္ျဖည့္စည္းေပးေနသူမွာ ရွန္တိုင္းျပည္၏ မိဖုရားေခါင္ႀကီးပင္ျဖစ္သည္။
ရွန္တိုင္းျပည္၏ ဘုရင္မင္းျမတ္ႏွင့္မိဖုရားေခါင္ႀကီးတို႔သည္ Seanဟုအမည္ရွိေသာ မီးဓါတ္ပိုင္ဆိုင္သည့္ သားေတာ္ေလးတစ္ပါး ဖြားျမင္ခဲ့ေလသည္။

ဖခမည္းေတာ္၏ နာမက်န္းမွုေၾကာင့္ အိမ္ေရွ႕မင္းသားSeanသည္ သက္ေတာ္တစ္ဆယ့္ေျခာက္ႏွစ္တြင္ နန္းတက္ခဲ့သည္။ နန္းတက္မင္းႀကီးတစ္ပါးသည္ မိဖုရားမရွိ၍ မသင့္ေတာ္ေပ။ သို႔ေတာ္ နန္းတက္မိဖုရားသည္လည္း မိဖုရားေခါင္ႀကီးကဲ့သို႔ တိုင္းျပည္အား မိမိကိုယ္ကိုယ္အနစ္နာခံကာ မိခင္သဖြယ္ ကာကြယ္နိုင္ရမည္ျဖစ္သလို အထူးသျဖင့္ ႏွင္း(ေရခဲ)ဓါတ္လိုအပ္သည္။

'စစ္ေသနာပတိခ်ဴပ္ႀကီးဝမ္နဲ႔ ကိုယ္ရံေတာ္ေခါင္းေဆာင္ဝမ္တို႔ကို မိဖုရားေခါင္ႀကီးဆီမွ ဆင့္ေခၚစာေရာက္ရွိလာပါတယ္'

တပ္သားေလးတစ္ေယာက္၏ ေလၽွာက္တင္ခ်က္ေၾကာင့္ သားေတာ္ဝမ္ရိေပၚကို ဆင့္ေခၚကာ စစ္ေသနာပတိခ်ဳပ္ႀကီးဟာ မိဖုရားေခါင္ဆီသို႔ ဦးတည္လိုက္သည္။

မိဖုရားေခါင္ႀကီး၏ နန္းေဆာင္ေရွ႕သို႔ေရာက္ေသာအခါ သူ႔အားေစာင့္ေနေသာ သားေတာ္ေလးကို ေတြ႕လိုက္ရသည္။

'ေရာက္ေနၿပီလား ကိုယ္ရံေတာ္ေခါင္းေဆာင္ဝမ္'

'ဟုတ္ကဲ့။ အရွင့္ကိုလည္း ဆင့္ေခၚထားတာမို႔ ေရာက္လာတာ ျမန္သြားပါတယ္။ ကၽြန္ေတာ္က အေဖနဲ႔အတူဝင္သင့္တယ္ထင္လို႔ မဝင္ေသးပဲ ေစာင့္ေနတာပါ'

'အထဲဝင္ၾကတာေပါ့'

မိဖုရားေခါင္ႀကီးဟာ သက္ေတာ္အားျဖင့္ မငယ္ေတာ့ေပမယ့္လို႔ အရွိန္အဝါဟာျဖင့္ ျမင္သူတကာ အလိုလိုဒူးေထာက္ခစားေလာက္ရေအာင္ပင္ ထြန္းလင္းလြန္းလွသည္။

"အရွင္္မင္းႀကီးအား ဂါရဝျပဳပါတယ္"

'မိဖုရားေခါင္ႀကီးအား ဂါရဝျပဳပါတယ္'

စစ္ေသနာပတိခ်ဳပ္ႀကီးႏွင့္ ကိုယ္ရံေတာ္ခ်ဳပ္ဝမ္တို႔ အတူတကြ အရွင္မင္းႀကီးႏွင့္ မိဖုရားေခါင္ႀကီးအား ဂါရဝျပဳလိုက္သည္။

'ထၿပီး ဒီမွာ လာထိုင္ၾကပါ'

မိဖုရားႀကီး ညႊန္ျပေသာေနရာတြင္ ထိုင္လိုက္ၾကေသာအခါ စစ္ေသနာပတိခ်ဳပ္ႀကီးႏွင့္ ကိုယ္ရံေတာ္ခ်ဳပ္ဝမ္တို႔ အရွင္မင္းႀကီး၏ မ်က္ႏွာခ်င္းဆိုင္တြင္ျဖစ္သြားသည္။

'ဝမ္ရိေပၚ ဒီမယ္မယ္အဖြားႀကီးနား လာပါဦး'

ရိေပၚ မိဖုရားေခါင္ႀကီးထိုင္ေနေသာ ပလႅင္နားသြားကာ ဒူးေထာက္လိုက္သည္။
မိဖုရားေခါင္ႀကီးက ရိေပၚရဲ့လက္ဖဝါးေလးကို ဆုပ္ကိုင္ကာ ေမးေစ့ကို လက္ျဖင့္ပင့္တင္လိုက္ရင္း ေမာ္ၾကည့္ေစလိုက္သည္။ ထို႔ေနာက္ ရိေပၚ၏ပါးေဖာင္းေဖာင္းေလးကို ႏူးညံ့ကြာ ကိုင္လိုက္ေလသည္။

'ဝမ္ကေလး ဒီရွန္တိုင္းျပည္ကို ကာကြယ္ေပးဖို႔ ဆႏၵရွိရဲ့လား'

'ရွန္တိုင္းျပည္ႀကီးတည္ရွိေနသ၍ ဒီဝမ္ရိေပၚက အျမဲ သစၥာရွိစြာနဲ႔ ကာကြယ္သြားမွာပါ မယ္မယ္ဘုရား'

'ရွန္တိုင္းျပည္ရဲ့ မိခင္အေနနဲ႔ဆိုရင္ေရာ ကာကြယ္ဖို႔ ဆႏၵရွိေသးရဲ့လား'

ရိေပၚ  ဝိုင္းစက္ေသာမ်က္ဝန္းမ်ားျဖင့္ မိဖုရားေခါင္ႀကီးအားတစ္လွည့္ အရွင္မင္းႀကီးအားတစ္လွည့္ နားမလည္စြာ ၾကည့္လိုက္သည္။
ေစေသနာပတိခ်ဳပ္ႀကီးဟာလည္း နားထဲခပ္စူးစူးအသံမ်ားဝင္လာကာ ရင္ထဲဒိတ္ခနဲျဖစ္သြားသည္။

'ဒီအဖြားႀကီးက တျဖည္းျဖည္းနဲ႔ အိုမင္းလာၿပီ။ အရင္လို တိုင္းျပည္ကို ကာကြယ္ေပးဖို႔ မျဖစ္နိုင္ေတာ့ဘူး။ ေရခဲဓါတ္ရွိတဲ့ ဝမ္ကေလးကိုပဲ ဒီမယ္မယ္က အရိုက္အရာအပ္ႏွင္းဖို႔ ဆႏၵရွိတယ္။ ဝမ္ကေလးက
ေရာ ဆႏၵရွိရဲ့လား'

'ကၽြန္ေတာ္မ်ိဳးက အရွင္မင္းႀကီးရဲ့ သက္ေတာ္ေစာင့္ပါ မယ္မယ္ဘုရား။ အရွင့္ကိုကာကြယ္တာဟာ တိုင္းျပည္ကို ကာကြယ္တာပါပဲ။ အရွင့္ရဲ့ သစၥာခံလက္ေအာက္ငယ္သားမို႔ အရွင့္ရဲ့အမိန့္တိုင္းကို ကၽြန္ေတာ္မ်ိဳးက ထမ္းေဆာင္မွာပါ။ အရွင္မင္းႀကီးသာ ဒီကိစၥကို ဆႏၵရွိစြာနဲ႔ အမိန့္ေပးလာခဲ့ရင္ ကၽြန္ေတာ္မ်ိဳးက ထမ္းေဆာင္ဖို႔အသင့္ပါပဲ'

မိဖုရားေခါင္ႀကီးက ရွန္မင္းႀကီးSeanကို ၾကည့္လိုက္ရင္း စကားဆက္လိုက္သည္။
'ကဲ သားေတာ္...သားေတာ္္အေနနဲ႔ေရာ ဘယ္လိုသေဘာရွိသလဲ'

'ဝမ္ဟာ သားေတာ္ရဲ့ သက္ေတာ္ေစာင့္သာမက သားေတာ္ရဲ့ဆရာတူညီေလးဆိုလည္း မမွားပါဘူးမယ္ေတာ္။ သို႔ေပမယ့္ ဝမ္ဟာအမ်ိဳးသားတစ္ေယာက္ပါ။ သားေတာ္အျမင္ေတာ့ အမ်ိဳးသားၾကင္ယာေတာ္ေျမႇာက္ဖို႔ထက္ အမ်ိဳးသားတစ္ေယာက္ကို တိုင္းျပည္ရဲ့ မိခင္ေနရာအပ္ႏွင္းတာဟာ ျပည္သူေတြေရာမွူးမတ္ေတြကိုပါ တုန္လွုပ္စရာျဖစ္သြားမွာကိုပါပဲ'

'အို~ ဝမ္ကေလးက လူခ်စ္ခံရၿပီးသားပါ။ ရွန္ဘုရင္ရဲ့ ကိုယ္ရံေတာ္ေလးက ဘယ္ေလာက္နာမည္ႀကီးသလဲဆိုတာ မယ္ေတာ္မသိဘူးမ်ားထင္ေနသလား။ အခုအရာကလည္း တိုင္းျပည္အတြက္ပဲကို ဘယ္သူကမ်ား ဆန့္က်င္ဝံ့သလဲ'
မိဖုရားေခါင္ႀကီးက လက္တင္သည့္ဖဲသားေခါင္းအုံးအမာအားရိုက္ကာေျပာလိုက္သည္။

'စိတ္ထိန္းေတာ္မူပါ မယ္မယ္။ သားေတာ္က ျဖစ္နိုင္မယ့္အရာေတြကို ေတြးစမိ႐ုံပါ။'

'သားေတာ္စိတ္ပူတာကို မယ္ေတာ္နားလည္ပါတယ္။ တိုင္ေရးျပည္ရာက ပိုအေရးႀကီးတယ္ သားေတာ္။ မယ္ေတာ္တို႔ဟာ တိုင္းျပည္ကို အလုပ္အေႂကြးျပဳေနရတဲ့သူေတြဆိုလည္း မမွားဘူး။ ဒီတိုင္းျပည္ႀကီး ေအးခ်မ္းဖို႔၊ ျပည္သူျပည္သားေတြ ေအးခ်မ္းဖို႔ လုပ္သင့္လုပ္ထိုက္တာကို အစကတည္းက လုပ္ထားသင့္တယ္'

Sean အနည္းငယ္ေတြးစစျဖစ္သြားသည္။ မယ္ေတာ္ဟာ အသက္အရြယ္လည္းရေနၿပီမို႔ ခမည္းေတာ္နဲ႔အတူ ေတာင္ေပၚမွာ အတြင္းအားက်င့္ႀကံရင္းပဲ ကုန္ဆုံးေစခ်င္သည္။ မယ္ေတာ္သည္သာလၽွင္ တိုင္းျပည္အကာအကြယ္တံတိုင္း၏ စြမ္းအင္အရင္းအျမစ္ေပမို႔ မနားရပဲ အခုထိစြမ္းအင္ကူးေျပာင္းေပးေနရျခင္းျဖစ္သည္။

ဝမ္ရိေပၚသည္ အတြင္းအားလြန္စြာေကာင္းလွသည္။ သူပင္လၽွင္ ဝမ္ရိေပၚအား မယွဥ္နိုင္ပါ။ သို႔ေပမယ့္ ဆရာတူညီေလးတစ္ေယာက္အား လက္ဆက္ျခင္းအား အဘယ္၍ လက္ခံနိုင္မည္နည္း။ တိုင္းျပည္ေရးရာႏွင့္ ဆက္စပ္လာလၽွင္ေတာ့ သူဘုရင္ျဖစ္သူသည္ အနစ္နာခံရလိမ့္ေပမည္။

'မယ္ေတာ္က ဒီေလာက္ဆႏၵရွိေနမွေတာ့ျဖင့္ သားေတာ္ မျငင္းဆိုနိုင္ေတာ့ပါဘူး မယ္ေတာ္။ ဝမ့္အေနနဲ႔ကေရာ ကိုယ္ေတာ့္ကို ၾကည္ျဖဴရဲ့လား'

'အရွင့္ကိုေစာင့္ေရွာက္ဖို႔၊ တိုင္းျပည္ကိုေစာင့္ေရွာက္ဖို႔က ကၽြန္ေတာ္မ်ိဳးရဲ့ တာဝန္ျဖစ္တာေၾကာင့္ ေသမိန့္ဆိုလၽွင္ေတာင္ ကၽြန္ေတာ္မ်ိဳး မလြန္ဆန္နိုင္ပါဘူး အရွင္'
ရိေပၚက ဂါရဝျပဳေသာအေနအထားကိုေျပာင္းကာ Seanအား ေလၽွာက္ထားလိုက္သည္။

'ကဲ စစ္ေသနာပတိခ်ဳပ္ႀကီးအေနနဲ႔ကေရာ ျမတ္နိုးတန္ဖိုးထားရတဲ့သားေတာ္ေလးကို ထည့္ေပးလိုက္ဖို႔ ဆႏၵရွိရဲ့လား'

'ကၽြန္ေတာ္မ်ိဳးကေတာ့ သားေလးရဲ့ဆုံးျဖတ္ခ်က္တိုင္းကိုပဲ ျဖည့္ဆည္းေပးသြားဖို႔ ဆႏၵရွိပါတယ္ မိဖုရားႀကီး'

'ဒါဆို အရွင္မင္းႀကီး လက္ဆက္မယ့္သတင္းကို ေၾကျငာၿပီး နန္းတြင္းမဂၤလာကို အျမန္ဆုံးက်င္းပၾကတာေပါ့ကြယ္'

အခန္းတြင္း တိတ္ဆိတ္မွုတို႔က ဖုံးလႊမ္းသြားသည္
အခန္းတြင္းရွိ အဓိကလူေလးေယာက္ကေတာ့ျဖင့္ အေတြးကိုယ္စီျဖင့္သာ...
**********
မဂၤလာသတင္းျပန့္ႏွံ့သြားၿပီးတဲ့ေနာက္မွာ လူအမ်ားစုဟာေတာ့ ေပ်ာ္ရႊင္စြာ သေဘာတူၾကေပမယ့္ အနည္းစုဟာေတာ့ မေက်ခ်မ္းဟန္ရွိသည္။ ဝမ္ဟာ ရွန္တိုင္းျပည္ရဲ့ အခ်စ္ေတာ္ေလးဆိုလည္း မမွားပါ။ အရွင္မင္းႀကီး၏အေနာက္တြင္ အျမဲကပ္ပါလာတတ္ေသာဝမ္ဟာ အၾကည္ဓါတ္ေလးျဖင့္ လူတိုင္း၏ရင္ကို ေအးျမေစသည္။ တိုင္းျပည္အတြက္ လက္ဆက္လိုက္ရတာမွန္းသိၾကေတာ့ ျပည္သူအမ်ားကလည္း လက္ခံၾကသည္။ ဝမ္ဟာ တိုင္းျပည္၏ ကာကြယ္ေစာင့္ေရွာက္သည့္နတ္ဘုရားအလားပင္ နာမည္ေက်ာ္ၾကားသည္။

မွူးမတ္ဝန္ႀကီးတခ်ိဳ႕မွာေတာ့ စစ္ေသနာပတိခ်ဳပ္ဝမ္အာဏာပိုျပင္းထန္လာမည္ကိုေတြးမိကာ မေက်မခ်မ္းျဖစ္ေနၾကသည္။
သူတို႔ဟာ ဘယ္အခ်ိန္မွ ဝမ္အိမ္ေတာ္၏အျမင့္ကို တက္လွမ္းနိုင္လိမ့္မလဲ။

နန္းတြင္းတစ္ခုလုံးသည္ အနီေရာင္မ်ားျဖင့္ ျပည့္ႏွက္လ်က္ရွိသည္။ နန္းေတာ္အတြင္း ဆိုင္းသံဘုံသံတို႔ျဖင့္ ေပ်ာ္ရႊင္ဖြယ္ရာေကာင္းလွသည္။

အနီေရာင္ျခဳံပဝါေအာက္တြင္ေတာ့ ဝမ္ဟာ စိတ္လွုပ္ရွားလ်က္ရွိေနသည္။ သူဟာ အရွင့္ကို ဘယ္ေလာက္ေတာင္မွ ျမတ္နိုးခဲ့ရသလဲ။ ငယ္စဥ္အခါ ကေလးဘဝအရြယ္တုန္းက အရွင္ဟာ အမတ္တခ်ိဳ႕၏ လုပ္ႀကံမွုကို ခံခဲ့ရတာေၾကာင့္ ဝမ္ဟာ အရွင့္ကို ပို၍ကာကြယ္ေပးခ်င္သည္။ ဒါေၾကာင့္ သူဟာ အတြင္းအားကိုပို၍ ေလ့က်င့္ခဲ့သည္။ ေန႔ညမနား သိုင္းက်င့္စဥ္မ်ားကို ေလ့လာသည္။ အနားမယူတာေၾကာင့္ ႏွာေခါင္းေသြးတို႔ ယိုက်ခဲ့ဖူးသလို အတြင္းအားေလ့က်င့္မွုေၾကာင့္ ကိုယ္တြင္းမွေသြးညစ္တို႔ အန္ထြက္ဖူးသည္။ သားသတ္လြတ္စား၍ က်င့္ႀကံတာသည္လည္း အရွင့္ေၾကာင့္ပင္ျဖစ္သည္။ အခုေတာ့ ဝမ္ဟာ အရွင့္၏ အိမ္သူသက္ထားျဖစ္လာရေတာ့မည္။

အရွင္ဟာ တစ္ေန႔ေတာ့ျဖင့္ ျမတ္နိုးလာလိမ့္မည္ဟု ဝမ္ဟာ ယုံၾကည္ခဲ့သည္။

'မိုးေျမကို ကန္ေတာ့ပါ'
'မိဘမ်ားကို ကန္ေတာ့ပါ'
'ေမာင္ႏွံအခ်င္းခ်င္း အျပန္အလွန္ ဂါရဝျပဳပါ'

ပဝါစမွ ေဖာက္ျမင္ေနရတဲ့ ျမတ္နိုးရသူဟာ တည္ၿငိမ္လွသည္။ စိတ္အစုံဟာ ဤမဂၤလာပြဲတြင္ ရွိမွရွိရဲ့လား ျမတ္နိုးရသူရယ္...

မဂၤလာကုတင္ထက္တြင္ထိုင္လ်က္ ဝမ္ဟာ အရွင့္ကိုျဖင့္ ရင္ခုန္စြာ ေစာင့္ေမၽွာ္ေနခဲ့ပါသည္။
အရွင္ဟာ ေသရည္အရက္ေသာက္ကာ မူး၍ မဝင္လာခဲ့ပါ။ ေသရည္မူးကာ ဝမ့္အေပၚအမွားလုပ္မိမည္စိုးရိမ္ေနသည္ထင္ပါသည္။
အရွင္ဟာ ဝမ့္ဦးေခါင္းထက္မွ အနီေရာင္ပဝါေလးအား လွန္လိုက္ကာ ဝမ့္ေဘးတြင္ ထိုင္လိုက္သည္။

'ဝမ္...ဝမ့္လို အမ်ိဳးသားတစ္ေယာက္ကို တိုင္းျပည္ရဲ့ မိဖုရားဂုဏ္ခ်ီးျမင့္ေပးခဲ့ရလို႔ ကိုယ္ေတာ္ကပဲ အားနာစိတ္ဝင္မိပါတယ္'

ရိေပၚ ထိတ္လန့္သြားရကာ ကုတင္ထက္မွဆင္းၿပီး ၾကမ္းေပၚတြင္ ဒူးတစ္ဖင္ေထာက္ကာ အရိုအေသျပဳသည့္ပုံစံေနလိုက္သည္။

'အားနာစိတ္မဝင္သင့္ပါဘူး အရွင္။ တိုင္းျပည္အတြက္ဆို ကၽြန္ေတာ္မ်ိဳးအသက္ကိုေတာင္ ေပးဝံ့ပါတယ္'

'ကိုယ္ေတာ္ကပဲ ေက်းဇူးတင္ပါတယ္။ ကဲ အိပ္ေဆာင္ဝင္ေတာ့ မနက္ျဖန္က် မယ္ေတာ္က အရိုက္အရာလႊဲအပ္လိမ့္မယ္'

အရွင္ဟာ ဝမ့္ကိုေက်ာေပးကာ အသက္ရွူမွန္စြာျဖင့္ အိပ္စက္ေနေလၿပီျဖစ္သည္။ ဝမ္ကေတာ့ အရွင့္ရဲ့ေက်ာျပင္အက်ယ္ႀကီးအား ထိုင္ၾကည့္ေနရန္သာ တတ္နိုင္သည္။ အရွင္ဟာ ဝမ္ဖမ္းဆုပ္ရန္မတတ္နိုင္တဲ့ ေကာင္းကင္ေပၚက ၾကယ္ပြင့္ကေလးပင္။
**********
ဒီေန႔ဟာေတာ့ မေန႔ကႏွင့္မတူပါ။
နတ္နန္းေဆာင္အတြင္းတြင္ အေအးဓါတ္တို႔ လႊမ္းျခဳံေနသည္။ နန္းေဆာင္အတြင္း ရွန္ျပည္၏ မိဖုရားေခါင္ႀကီး၊ ၾကင္ယာေတာ္ဝမ္ ႏွင့္ နတ္နန္းသခင္မတို႔သာ ရွိသည္။ နတ္နန္းသခင္မသည္ သာမန္လူတို႔နားမလည္နိုင္ေသာ ဂါထာမႏၲန္မ်ားကို ရြတ္ဖတ္ေနသည္။

သူတို႔သုံးဦး၏အလယ္တြင္ ေက်ာက္ျဖင့္ဖြဲ႕စည္းထားေသာ အိုးပုံသဏၭန္စည္းတစ္မ်ိဳးရွိေနၿပီး အျပာေရာင္စြမ္းအင္တို႔ျဖင့္ ျပည့္ႏွက္လ်က္ရွိသည္။

မိဖုရားေခါင္ႀကီးဟာ ကိုယ္ေဖာ့ကာ ေလထဲတြင္ရပ္လ်က္ အတြင္းအားတခ်ိဳ႕အား ထိုစည္းထဲသို႔ ကူးေျပာင္းေပးေနသည္။ ထို႔ေနာက္ ၾကင္ယာေတာ္ဝမ္ဟာလည္း မိဖုရားေခါင္ႀကီးကဲ့သို႔ ကိုယ္ေဖာ့ကာ ေလထဲတြင္ရပ္လ်က္ အတြင္းအားတစ္ခ်ိဳ႕အား ထိုစည္းထဲသို႔ လႊဲေျပာင္းလိုက္သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမၽွ နတ္နန္းသခင္မ၏ ရြတ္ဖတ္သံဟာ ပို၍က်ယ္ေလာင္လာၿပီး ၾကင္ယာေတာ္ဝမ္၏ မ်က္ႏွာတြင္ နာက်င္ေနသည့္အရိပ္အေယာင္မ်ား ျဖတ္ေျပးေနသည္။ ၾကင္ယာေတာ္ဝမ္၏ ႏွလုံးသားရွိရာ ဘယ္ဘက္ရွိ ဆံႏြယ္ေလးတစ္စုမွာ အျဖဴေရာင္သို႔ တျဖည္းျဖည္း ကူးေျပာင္းလာသည္။ ထိုရပ္ဝန္းတြင္ အျပာေရာင္အလင္းတန္းတို႔ျဖင့္ ျပည့္ႏွက္သြားေလေတာ့သည္။

နတ္နန္းေဆာင္၏အျပင္ဘက္တြင္ေတာ့ အရွင္မင္းႀကီးႏွင့္တကြ မွူးမတ္မ်ားပါ ေရာက္ရွိေနၾကသည္။
နတ္နန္းေဆာင္အတြင္းမွ နတ္နန္းသခင္မထြက္လာၿပီး နတ္ဆရာမမ်ားရပ္ေနရာသို႔သြားကာ ေရွ႕တြင္အတူ ရပ္လိုက္သည္။ ထို႔ေနာက္ ၾကင္ယာေတာ္ဝမ္ဟာ မိဖုရားေခါင္ႀကီးကိုတြဲလ်က္ထြက္လာကာ အရွင္မင္းႀကီးအနားသို႔ သြားလိုက္သည္။

'ကာကြယ္ေရးစက္ဝန္း၏ အရွင္သခင္ ၾကင္ယာေတာ္ဝမ္အား ဂါရဝျပဳပါတယ္။ ၾကင္ယာေတာ္ဝမ္ သက္ေတာ္ရာေက်ာ္ရွည္ပါေစ'
နတ္နန္းသခင္မမွစ၍ ဂါရဝျပဳေသာအခါ ထိုေနရာတြင္ရွိေသာသူအေပါင္တို႔ပါ ဂါရဝျပဳၾကသည္။

'ၾကင္ယာေတာ္ဝမ္ သက္ေတာ္ရာေက်ာ္ရွည္ပါေစ'

'အရွင္မင္းႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ'

'မိဖုရားႀကီး သက္ေတာ္ရာေက်ာ္ရွည္ပါေစ'

ဤမွစ၍ ၾကင္ယာေတာ္ဝမ္ ျဖစ္တည္လာခဲ့ေတာ့သည္။

Continue Reading

You'll Also Like

223K 4.9K 31
In wich a one night stand turns out to be a lot more than that.
697K 27K 39
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
555K 8.8K 63
ˏˋ°•*⁀➷ 𝗔𝗱𝗱𝗶𝗻𝗴 𝘁𝗵𝗲 𝘄𝗿𝗼𝗻𝗴 𝗻𝘂𝗺𝗯𝗲𝗿 𝘁𝗼 𝗮 𝗴𝗿𝗼𝘂𝗽𝗰𝗵𝗮𝘁 𝗶𝘀 𝗲𝗮𝘀𝗶𝗹𝘆 𝗱𝗼𝗻𝗲 𝗻𝗼 𝗺𝗮𝘁𝘁𝗲𝗿 𝗵𝗼𝘄 𝗳𝗮𝗺𝗼𝘂𝘀 𝘆𝗼�...
920K 15.7K 41
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...