HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး

1.9K 67 0
By Futawa

အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး

Unicode

[ရေလှိုင်းလေးနဲ့ဆင်တူသော ကိုယ့်ရဲ့အချစ်ဦး ]

ကျနော့်ရဲ့ဘဝမှာအချစ်ဆိုတဲ့အရာနဲ့ဘယ်တော့မှထိတွေ့စရာမလိုဘူးလို့ ကျနော်မှတ်ယူခဲ့ဖူးတယ်။

ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ကျနော့်ဘဝကြီးထဲကိုတစ်လှမ်းချင်းတိုးကာဝင်ရောက်ယှက်နွယ်မလာခင်အထိပေါ့။

ကျနော့်ရဲ့အေးစက်စက်နှလုံးအိမ်က တစ်ယောက်သောသူကြောင့်လှုပ်ခတ်လာခဲ့ပြီးတဲ့နောက်မှာကျနော်သိခဲ့ရတာက အချစ်ဆိုတဲ့အရာကသိပ်လှပလွန်းတယ်ဆိုတာပဲ။
သိမ်မွေ့နက်ရှိုင်းပြီးအက်ကွဲကြွေမွလွယ်ပေမယ့် ဒီအချစ်ကိုကျနော်သိပ်တန်ဖိုးထားမိသလိုအလွန်တရာလည်းမြတ်နိုးမိတယ်။

'ရှိုင်းဇေယံ'ဆိုတဲ့လူသားလေးကြောင့်ဖြစ်တည်လာရတဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊လွမ်းဆွတ်တမ်းတခြင်းဆိုတဲ့ထွေလာသောင်းပြောင်းသောစိတ်ခံစားချက်အရောအနှောတို့ဟာကျနော့်ဘဝအတွက်မရှိမဖြစ်လိုအပ်ခဲ့တဲ့တန်ဖိိုးအရှိဆုံးအရာတွေပဲ။

ဒါကြောင့် ကျနော့်ရင်ထဲမှာ အခုဖြစ်တည်နေတဲ့ဆန္ဒကတစ်ခုတည်း။

ကျနော့်ရဲ့ကျန်ရှိနေတဲ့တိုတောင်းလှသောဘဝသက်တမ်းကိုရှိုင်းဇေယံဆိုတဲ့ ကျနော်သိပ်ချစ်ရပါသောလူသားလေးနဲ့ သက်ဆုံးတိုင်ထိထာဝရချည်နှောင်ထားပစ်လိုက်ဖိို့သာ။

အဖြူရောင်ဆက်တီစားပွဲထက်၌တင်ထားတဲ့ Blackcoffeeခွက်လေးဆီကနေ ပျံ့လွင့်လာတဲ့အပူငွေ့တို့ဟာလေထုထဲကိုတိုးဝင်ပျောက်ကွယ်လို့သွားလျက်။

Fitဖြစ်လှတဲ့နက်ပြာရောင်အပေါ်ထပ်ကုတ်ကိုဘေးစင်းလိုင်းတစ်လိုင်းပါတဲ့လယ်သာဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်ထားသောအသက်၂၀ကျော်အရွယ်ရှိ ချောမောခန့်ညားသည့်လူငယ်တစ်ယောက်သည် အညိုရောင်ဆိုဖာဆက်တီခုံ၌ခြေချိတ်ထိုင်ကာ စားပွဲထက်ကအငွေ့တထောင်းထောင်းထနေသောကော်ဖီခွက်လေးကိုမှင်သေသေနဲ့စိုက်ကြည့်လို့နေလေသည်။
သူ၏ပုံစံကအတွေးပင်လယ်ထဲမှာနက်နက်နဲနဲရွက်လွှင့်နေတဲ့ပုံပင်။

အနက်ရောင်ဝတ်စကုတ်လေးနဲ့ဒူးအထိဖုံးတဲ့အနက်ရောင်စကပ်လေးကိုဝတ်ဆင်ထားတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့အရောင်းစာရေးမလေးသည် ချောမောကြည့်ကောင်းသောလူငယ်လေးရှိရာဆီသို့တန်းတန်းမတ်မတ်လျှောက်လာပြီးနောက် သူမ၏လက်၂ဖက်ကိုရှေ့ဖက်သို့သွယ်ယှက်ထားလျက် တရိုတသေနဲ့စကားဆိုလာခဲ့ပေသည်။

"CEOရှင့် CEOမှာထားတဲ့လက်စွပ်လေးတွေရပါပြီတဲ့..
ပုံသွင်းထားတဲ့လက်စွပ်လေးတွေစိတ်တိုင်းကျမကျကြည့်ပေးဖို့အတွက် သူဌေးကကျမကိုခေါ်ခိုင်းလိုက်ပါတယ် "

နက်ပြာရောင် Suitနဲ့လူငယ်လေးသည်သူမစကားကိုကြားတော့မျက်လုံးပင့်ကြည့်လာကာတည်ငြိမ်စွာနှင့်ခေါင်းအသာငြိမ့််ပြလာသည်။ ထိုလူငယ်လေးက သူ၏ခြေတံရှည်တွေကိုချလျက်ထရပ်လိုက်လေသော် သူ့ရဲ့အရပ်ကအရောင်းစာရေးမလေးထက်ခေါင်း၂လုံးစာမကပိုရှည်နေကာအရောင်းစာရေးမလေးမှာခေါင်းမော့ကြည့်နေရ၍ဇက်နာသွားတော့သည်။

တောက်ပြောင်တဲ့လယ်သာရှူးဖိနပ်ကနေ
ဟိန်းထွက်လာတဲ့ဖိနပ်ခွာသံက အဖြူရောင်စကျင်ကျောက်ပြားတွေခင်းကျင်းထားတဲ့လက်ဝတ်ရတနာအရောင်းခန်းမထဲတွင်အရှိန်အဝါအပြည့်နှင့်ပျံ့နှံ့ရိုက်ခတ်သွား၏။

နက်ပြာရောင် Suitနဲ့လူငယ်လေးမှာအရပ်190 cmနီးပါးရှည်ပြီးကျယ်ပြန့်သော
ပုခုံးပြင်တို့နဲ့အတူတောင့်ဖြောင့်ရှည်သွယ်သောခြေတံရှည်တို့ရှိ၏။ သူကနက်မှောင်ထူထဲတဲ့ဆံသားတို့ကို ဂျယ်နဲ့အတူအနောက်ဘက်သို့တည်ကြည်ခန့်ညားစွာသပ်တင်ထားပြီး စူးရှရှည်လျားသောမျက်ဝန်းတွေကတော့နက်ရှိုင်းတောက်ပပေမယ့်လို့အေးစက်စက်အငွေ့အသက်တို့ဖြာထွက်လို့နေလျက်။

သူ၏နှုတ်ခမ်းလွှာတို့ကိုတင်းတင်းစေ့ပိတ်ထားတာကြောင့်ကကြီးပုံရေးရေးလေးကွေးနေပြီး လှပသောနှုတ်ခမ်းတစ်လွှာကိုပိုင်ဆိုင်ထားသည့်အပြင်ပေါ်လွင်ဖြောင့်စင်းတဲ့နှာတံနဲ့ တစောက်မတ်မတ်တက်နေတဲ့ပိတုန်းရောင်မျက်ခုံးသားတို့ကြောင့် တည်ငြိမ်ရင့်ကျက်ခြင်းတို့နဲ့အတူ တော်ဝင်ဆန်ပြီးထည်ဝါသည့်အလင်းရောင်တို့ကထိုလူငယ်လေးလမ်းလျှောက်လာသည့်ခြေလှမ်းတိုင်း၌လင်းထင်းစွာဖြာထွက်တောက်ပနေ၏။

ထိုသူမှာ MK Gpရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်တဲ့အပြင် ရွှေစံအိမ်ရဲ့ရင်နှစ်သည်းခြာရွှေမင်းသားလေးဖြစ်တဲ့ သခင်လေးမင်းခန့်ထည်သာဖြစ်ပေသည်။

ဆိုင်၏မျက်နှာကျက်၌ချိတ်ဆွဲထားသောမီးဆိုင်းတွေဆီကနေအလင်းပြန်နေသည့်မှန်နံရံတွေကို မင်းခန့်ထည်ကကျော့မောခန့်ညားမှုအပြည့်နဲ့ဖြတ်သန်းလာပြီးတဲ့နောက် အရောင်းစာရေးမလေးဖွင့်ပေးလာသောအခန်းတစ်ခုဆီသို့ဝင်သွားလိုက်လေသည်။

သူ၏ခြေသံကြားတော့ စားပွဲထက်၌ထိုင်ပြီးလက်ဝတ်ရတနာတွေကိုအရောင်တင်နေပါသောလူငယ်လေးကသူ့အားကြည့်ရင်းပြုံးပြလာခဲ့ပေသည်။မင်းခန့်ထည်ကနှုတ်ခမ်းထောင့်စွန်းတို့ကိုအနည်းအကျဥ်းတွန့်ကွေးရုံမျှသာပြုံးပြလိုက်ပြီးနောက် တည်တင်းအေးစက်သောမျက်နှာထားကိုပြန်လည်ချိတ်ဆွဲထားလိုက်တော့သည်။

"အကို မင်း မရီးကိုပရိုပို့စ်လုပ်ဖို့ပြင်ဆင်နေပြီပေါ့လေ "

မင်းခန့်ထည်ကခပ်လှမ်းလှမ်းရှိဆက်တီခုံတွင်ဝင်ထိုင်လိုက်ကာ ထိုအပြောကိုဝန်ခံသည့်နှယ်တိုတောင်းလှသောအပြုံးလေးတစ်ပွင့်ဖြင့်သာတုံ့ပြန်လာခဲ့လေသည်။

မင်းခန့်ထည်၏ဝန်ခံလာသည့်အပြုံးကိုမြင်တော့လူငယ်လေးက ပြုံးစိစိမျက်နှာထားနဲ့ထရပ်လိုက်ကာအံဆွဲထဲက လေးထောင့်မှန်ဘောင်လေးကိုထုတ်ယူလိုက်ပြီး မင်းခန့်ထည်ရှိရာဆက်တီခုံသို့လျှောက်လာပြီးနောက် ကမ်းပေးလာခဲ့လေသည်။

ထို့နောက်သူက တစ်ဖက်ခုံမှာဝင်မထိုင်ဘဲ မင်းခန့်ထည်ထိုင်နေတဲ့ဆက်တီလက်တင်မှာတင် နောက်ပြန်ထိုင်ချလိုက်ပြီး မင်းခန့်ထည်လက်ထဲရောက်သွားပြီဖြစ်သောလက်စွပ်လေးတွေကိုမျက်ဝန်းထောင့်ကနေစောင်းငဲ့ကြည့်နေခဲ့သည်။

မင်းခန့်ထည်တုံ့ပြန်လာတဲ့အမူရာအဆင့်ဆင့်ကိုဘေးတစောင်းအနေအထားနဲ့တိတ်တဆိတ်အကဲခတ်နေကာ
သူပြန်ပြင်သင့်မပြင်သင့်ဆိုတဲ့အဖြေစကားကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေပေသည်။

ထိုလက်ဝတ်ရတနာဆိုင်က MK gpရဲ့အနွယ်တော်ဝင်မိသားစုတစ်စုကတည်ထောင်ထားတဲ့ဘိုးစဥ်ဘောင်ဆက်အမွေခံဆိုင်တစ်ခုဖြစ်ပြီး မင်းခန့်ထည်လက်အောက်မှာရှိတဲ့တန်ဖိုးမနည်းသောရှယ်ယာစုတစ်စုလည်းဖြစ်သည်။

ဒါ့ကြောင့်သူ၏သူဌေးဖြစ်သူကိုစိတ်တိုင်းမကျဖြစ်အောင်လုပ်မိမှာကိုသူအတော်အတန်ကြောက်မိလေ၏။

ပြီးတော့ဒီပစ္စည်းကနယ်နယ်ရရပစ္စည်းလည်းမဟုတ်ပေ။သူ၏အကိုဝမ်းကွဲဖြစ်သူ MK Gpရဲ့CEOကိုယ်တိုင်နေ့မအိပ်ညမအိပ်ဆယ်ရက်တိတိရေးဆွဲထားပါတဲ့ မရီးဖြစ်သူအတွက်ချစ်သက်လက်ဆောင်ဖြစ်တာကြောင့် သူထိုလက်စွပ်တွေကိုပုံဖော်စဥ်တုန်းကဆို
နဲနဲလေးတောင်မပေါ့ဆရဲခဲ့ပေ။

မင်းခန့်ထည်ဆိုတဲ့လူမျိုးက ရှိုင်းဇေယံဆိုတဲ့သူ၏ချစ်ရသူနဲ့ပတ်သတ်လာလျှင်နည်းနည်းလေးတောင်အမှားမခံတဲ့အချစ်ကြီးသူကြီးဖြစ်တာကြောင့် တစ်စုံတစ်ရာချွတ်ချော်သွားပါမူ သူ၏အကိုတစ်ဝမ်းကွဲဟာမျက်တောင်လေးတစ်ချက်တောင်မခတ်ပဲ သူ့အားဒီဆိုင်ကနေ အညှာတာမဲ့စွာကန်ထုတ်ပစ်လိုက်မည်မှာဧကန်ပင်။

ထိုလူငယ်လေးမှာမင်းခန့်ထည်တစ်ယောက် လက်စွပ်လေးကိုအသေးစိတ်ကြည့်ရှုစစ်ဆေးနေတဲ့အချိန်ကာလတစ်လျှောက်လုံးအသက်ပြင်းပြင်းမရှူရဲပေ။

မင်းခန့်ထည်က White goldလက်စွပ်လေး၂ကွင်းကိုသူ၏ကျယ်ပြန့်သောလက်ဖဝါးပြင်ပေါ်၌တင်လိုက်ပြီးနောက်တခြားလက်တစ်ဖက်နဲ့ကိုင်ကာ
လက်စွပ်လေးကို သူ၏မျက်တောင်မွှေးတို့အရိပ်ကျတဲ့နေရာထိတိုင်အောင် အမြင်အာရုံနဲ့တစ်စထက်တစ်စနီးကပ်စေလိုက်ပြီး လက်စွပ်လေးရဲ့အပြင်ဘက်မျက်နှာပြင်တစ်လျှောက်၌ အနုစိတ်ထွင်းထားပါသောရေလှိုင်းပုံစံစီခြယ်ထားသည့်စိန်တန်းလေးတွေကို စူးရှတောက်ပတဲ့မျက်ဝန်းတစ်စုံနဲ့လှည့်ပတ်ကြည့်လိုက်၏။

လက်စွပ်၂ကွင်းအနက်တစ်ကွင်းကသာ စိန်အသေးလေးတွေစီတန်းထားသောရေလှိုင်းပုံစံလေးတွေပါပြီးကျန်တစ်ကွင်းထက်ပိုသေး၏။ ကျန်တစ်ကွင်းကတော့ သာမန်ဆန်တဲ့ပြောင်လက်စွပ်ကွင်းသာဖြစ်ပြီး လက်စွပ်၂ကွင်းရဲ့တူညီတဲ့အချက်တစ်ချက်ကတော့ လက်စွပ်လေးတွေရဲ့အတွင်းဘက်မျက်နှာပြင်၌
'K 💗 S'ဆိုတဲ့အက္ခရာစာလုံးလေးတွေထွင်းထားခြင်းပင်။

မင်းခန့်ထည်ကလက်စွပ်လေး၂ကွင်းကိုအချိန်တစ်ခုကြာတဲ့အထိသေချာစစ်ဆေးရှုစားပြီးနောက် မှန်ဘောင်လေးပေါ်ခပ်ဖွဖွပြန်ချထားလိုက်ကာ ဆောင်းရာသီရဲ့နေမင်းတစ်စင်းကဲ့သို့နွေးထွေးလှတဲ့ပီတိအပြုံးနဲ့အတူသြရှရှဆိုလာခဲ့သည်။

"Packingထုပ်လိုက်တော့ ! "

ထိုအခါမှ အနောက်နားရှိလူငယ်လေးလည်းသက်ပြင်းမောချနိုင်သွားကာသူ၏လက်ညှိုးနဲ့လက်မလေးကိုထိစပ်ကွေးလိုက်ရင်း
"Ok အကို ကျနော့်ရဲ့ဒီလက်ရာကိုသဘောကျတာသေချာတယ်နော် နောက်မှမရီးကသဘောမကျလို့ဘာညာဆိုပြီးကျနော့်ကိုဒီဆိုင်ကနေကန်ထုတ်လို့ကတော့ ကျနော်အကို့ကိုတရားစွဲပစ်မှာ! "

လူငယ်လေးစကားကြားတော့မင်းခန့်ထည်ကဟက်ခနဲရယ်ချလိုက်ပြီး ခြိမ်းခြောက်တဲ့အငွေ့အသက်တို့ပါသည့်လေသံနဲ့ဆိုလာသည်။
"မင်းတရားစွဲမှာကိုငါကကြောက်နေမယ်ထင်လား မင်းလက်ရာကိုရှိုင်းလေးကမကြိုက်မှတော့မင်းကိုကန်ထုတ်တာကဖြစ်သင့်တာပဲမဟုတ်ဘူးလား ? "

လူငယ်လေးမှာအကိုဝမ်းကွဲဖြစ်သူအား
နာကျည်းသွား၍ခြေဆောင့်လိုက်တော့လေသည်။
"ဟွန့်! မတရားလိုက်တာ "

မင်းခန့်ထည်ကခပ်သာသာပြုံးကာထရပ်လိုက်ပြီးနောက်ကောင်လေးရဲ့ခေါင်းကိုတစ်ချက်ခပ်နာနာတောက်ချလိုက်ကာ နက်ရှိုင်းလေးနက်တဲ့လေသံသြသြနဲ့အတူ လူငယ်လေးအားသတိပေးလာခဲ့ချေသည်။

"ငါ့အတွက်တော့ရှိုင်းလေးပြောသမျှကအရာရာပဲ
ဒါကြောင့်မင်းလက်ရာကိုငါ့ဇနီးလေးသဘောကျအောင်သာဆုတောင်းနေလိုက် ! မဟုတ်လို့ကတော့ဂျောင်းပေတော့ " ဟူ၍။

'ဘာလဲဘာလဲ တကယ်ဆိုငါကသူပေးတဲ့ဒီဇိုင်းကိုပုံဖော်ပေးတာပဲရှိတာလေ။ တကယ်ဆို ဒီဇိုင်းဆွဲတဲ့လူနဲ့ပဲသက်ဆိုင်တာမဟုတ်ဘူးလား။ငါနဲ့ဘာဆိုင်လို့လဲလို့ ! '

လူငယ်လေးမှာအပြင်ပန်းတွင်တော့မင်းခန့်ထည်ကိုကြည့်၍ဖျစ်ညစ်ပြုံးပြလို့နေပေမယ့်လို့သူ၏အတွင်းဘက်တွင်မူ မျက်ရည်မိုးတို့ဖြိုင်ဖြိုင်ကျလျက် ကြိတ်ငိုနေရှာလေသည်။

I want Justice!!!!

.......

လက်ဝတ်ရတနာဆိုင်ကနေထွက်လာခဲ့ပြီးနောက်မင်းခန့်ထည်သည် သူ၏ချစ်သူလေးနဲ့တွေ့ဆုံဖို့အတွက် MK Gpရဲ့ကုမ္ပဏီခွဲတစ်ခုဆီသို့ကိုယ်တိုင်ကိုယ်ကျကားမောင်းထွက်လာခဲ့လိုက်သည်။

ရှိုင်းဇေယံက Englandကနေပြန်လာပြီးနောက်ပိုင်း ဒီနိုင်ငံရဲ့ပန်းချီပြပွဲတော်တော်များများမှာပညာရှင်အဆင့်အနေနဲ့သတ်မှတ်ခြင်းခံထားရကာပန်းချီလောကမှာနာမည်တစ်ခုနဲ့ရပ်တည်နေပြီဖြစ်လေသည်။

ထိုမျှသာမက သူဟာ ဗိသုကာပညာရှင်ဖြစ်ချင်တဲ့အိမ်မက်ကိုလည်းမစွန့်လွှတ်ခဲ့တာကြောင့်ဗိသုကာလက်ရာတွေကို ဒီဇိုင်းရေးဆွဲရာ၌လည်း ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ကာ သူ့ရဲ့လက်ရာတွေကိုနှစ်ခြိုက်သဘောကျကြသည့်နာမည်ကြီးလုပ်ငန်းစုတွေကရှိုင်းဇေယံဆိုတဲ့ပညာရှင်လေးကိုသူတို့လက်အောက်သို့ခေါ်သွင်းချင်နေကြသည်မှာ
တစ်ဦးနဲ့တစ်ဦးအပြိုင်အဆိုင်ဖြစ်လို့နေသည်။

သို့ပေမယ့် ထိုပညာရှင်လေးကို MK Gpဆိုတဲ့ရွှေရောင်အလင်းတန်းကြီးက မြန်မြန်ဆန်ဆန်ပဲအုပ်မိုးထားလိုက်ပါလေသော်အကုန်လုံးမျက်ရည်စက်လက်နှင့်နောက်ဆုတ်သွားကြပေတော့သည်။

ထို့နောက် သူတို့သိလိုက်ရတာက
ထိုဗိသုကာပညာရှင်လေးဟာ အရှိန်အဝါကြီးတဲ့နေရာမှာနှစ်ယောက်မရှိတဲ့အပြင် စီးပွားရေးစျေးကွက်ကိုကျွမ်းကျင်ပိုင်နိုင်စွာဆော့ကစားနိုင်တဲ့ ငယ်ရွယ်ထက်မြက်သော
MK Gpရဲ့အမွေဆက်ခံသူ CEOမင်းခန့်ထည်ရဲ့တစ်ဦးတည်းသောအသည်းအသက်လေးဖြစ်နေသည့်အကြောင်းကိုပင်။

CEOမင်းခန့်ထည်ကတော့လွန်ခဲ့တဲ့၆နှစ်ကတည်းကသူ၏အသည်းကျော်လေးအကြောင်းကိုတစ်ကမ္ဘာလုံးသိအောင်အတိအလင်းကြေငြာခဲ့ပြီးပြီဖြစ်ကာ ထိုသတင်းထွက်လာတဲ့အချိန်တုန်းကဆို
မင်းခန့်ထည်နဲ့လက်ဆက်ချင်နေပါသည့်သမီးရှင်တွေဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များများခမျာ ကြီးစွာသောထိုးနှက်ချက်တစ်ခုကိုအလူးအလဲခံခဲ့ရတာမှသိပ်မဖြေဆည်နိုင်သေးခင်မှာပင်
လွန်ခဲ့တဲ့၆နှစ်ကအတိုင်းခွေးသွေးနဲ့ထပ်အပက်ခံလိုက်ရတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တော်တော်များရဲ့မျှော်လင့်ချက်တွေအားလုံးဟာ
သဲထဲရေသွန်ချပစ်လိုက်သကဲ့သို့လုံးဝရေစုန်မျှောသွားကြတော့လေသည်။

'ဘာလို့များထက်မြက်ပြီးငယ်ရွယ်ချောမောတဲ့လူငယ်လေးတွေက သူတို့အချင်းချင်းပဲပြန်ကြိုက်နေကြတာလဲလို့ ....'

သူတို့လိုသာမညညောင်လေးတွေက MK Gpရဲ့ CEOကိုကျော်ပြီးဘယ်လိုလုပ်အကဲစမ်းရဲပါ့မလဲ ?
မစားရအညှော်ခံဘဝနဲ့နေရတာကသာ အရှင်လတ်လတ်သေရမည်ထက်ပိုကောင်းပေလိမ့်မည်ပင်။

အနက်ရောင် SUVကားတစ်စီးက ကုမ္ပဏီရှေ့၌ရပ်လာတဲ့အချိန်တွင်ကုမ္ပဏီအတွင်းပိုင်း၌ချက်ချင်းဆိုသလိုရုတ်ရုတ်သဲသဲဖြစ်သွားရကာ မန်နေဂျာချုပ်ဆိုသူက ကုမ္ပဏီရှေ့သို့ပျာတိပျာယာနဲ့သုတ်ခြေတင်ကာပြေးထွက်လာပြီးနောက် ကားတံခါးကိုအမြန်ဖွင့်ပေးလာခဲ့လေသည်။

အနက်ရောင်လယ်သာရှူးဖိနပ်တစ်ရံက စကျင်ကျောက်ပြားပေါ်အရင်ခြေချလိုက်ပြီးတဲ့အခါအရပ်ရှည်ရှည်နဲ့ချောမောခန့်ညားတဲ့ လူငယ်လေးသည် ညှို့ချက်ပြင်းတဲ့အရှိန်အဝါတစ်ခုနဲ့အတူကုမ္ပဏီထဲသို့လျှောက်ဝင်သွားတော့လေသည်။

"ဒါရိုက်တာရှိုင်းကော ? "

မင်းခန့်ထည်ကခါးမတ်မတ်နဲ့တည်ကြည်ခန့်ညားစွာရှေ့၌လျှောက်နေရင်းကနေနောက်၌လိုက်ပါလာသောလူအုပ်ကြီးထဲကမှမန်နေဂျာချုပ်ဖြစ်သူကိုလှမ်းမေးလိုက်သည်။မန်နေဂျာချုပ်က သူဌေးဖြစ်သူရဲ့အမေးကိုကြားတော့ခပ်မြန်မြန်ပြန်ဖြေလာသည်။

"Meeting roomထဲမှာပါ။ Designဌာနနဲ့လုပ်ငန်းပိုင်းဆိုင်ရာတင်ပြချက်အသစ်တွေကိုဆွေးနွေးနေပါတယ် "

"ဘယ်အချိန်ထဲကလဲ "

"မနက်၁၀နာရီထဲကပါ "

မင်းခန့်ထည်ကဓာတ်လှေကားထဲကိုဝင်လိုက်ပြီးနောက်သူ၏လက်ကောက်ဝတ်က နာရီဆီသို့အကြည့်ပို့လိုက်၏။အချိန်မှာနေ့လည်၁နာရီရှိပြီဖြစ်ကာ ရှိုင်းဇေယံက Meeting roomထဲမှာသုံးနာရီတိတိထိုင်နေခဲ့တာကျိန်းသေပေါက်ပင်။

နေ့လည်စာစားဖို့မမေ့ရန်နဲ့အလုပ်တွေဆက်တိုက်လုပ်မနေဖို့ မနက်ကသူအတန်တန်မှာလိုက်ပေမယ့် ဒီကလေးကသူ့စကားကိုအလေးအနက်မထားတာကြောင့် မင်းခန့်ထည်ရဲ့မျက်ခုံးတွေကတင်းကြပ်စွာတွန့်ချိုးသွားရတော့သည်။

မှောင်မိုက်နေပြီဖြစ်တဲ့မင်းခန့်ထည်ရဲ့အမူအရာအပြောင်းအလဲကိုသတိထားမိတဲ့ မန်နေဂျာချုပ်က ချစ်သူ၂ယောက်ကြားကတောက်ကဆမဖြစ်စေဖို့ရာအတွက် ဖုံးဖိသည့်နှယ်ရယ်ကျဲကျဲနှင့်ဖြန်ဖြေပြောလိုက်လေသည်။

"၃နာရီတောင်ကြာတယ်ဆိုပေမယ့် ဒါရိုက်တာက အလုပ်ကိုတောက်လျှောက်ကြီးလုပ်နေတာမျိုးမဟုတ်ပါဘူး ခနတဖြုတ်နားတာလည်းရှိပါတယ် "

မင်းခန့်ထည်ကဘာတစ်ခွန်းမှမဆိုလာဘဲမျက်နှာသေကြီးဖြင့်သာဓာတ်လှေကားထဲ၌ရပ်နေကာ သူကအသက်ပြင်းပြင်းရှူလာပြီးနောက် မျက်ခုံးတွေကပိုလို့တောင်တွန့်ကျုံ့သွားသေးလေ၏။

ဓာတ်လှေကားကတစ်ထပ်ပြီးတစ်ထပ်တက်သွားနေစဥ်တွင်ထိုဓာတ်လှေကားထဲမှာ အေးစက်သိပ်သည်းသည့်ခပ်မှိုင်းမှိုင်းလေထုကလွှမ်းခြုံရစ်ဝဲလာတဲ့အခါ အနောက်ဘက်ရှိ မန်နေဂျာချုပ်မှာမူ ချွေးအေးတွေကြောင့်လက်ဖျားခြေဖျားတွေပါအေးစက်လာရတော့သည်။

ထိုစဥ်မှာပင် သူဌေးဖြစ်သူရဲ့ရေခဲရိုက်အသံကြီးကိုကြားလိုက်ရတာကြောင့်သူ၏တစ်ကိုယ်လုံးမှာဆတ်ခနဲတုန်တက်သွားရကာ တည်ငြိမ်အောင် ကို့ကိုယ်ကိုမနည်းထိန်းချုပ်လိုက်ရလေသည်။

"နေ့လည်စာတွေကိုထိပ်တန်းဟိုတယ်ကနေပါဆယ်မှာလိုက် !
နေ့လည်စာတွေရောက်လာရင် Meeting roomကိုသွားပြီးအစည်းအဝေးနားခိုင်းလိုက်တော့ !"

မင်းခန့်ထည်ကအေးစက်စက်အသံနဲ့ထိုသို့မှာကြားပြီးတဲ့အခါ ဓာတ်လှေကားတံခါးက 'တင်'ဆိုသောမြည်သံနဲ့အတူပွင့်သွား၏။ ဘော့စ်ဖြစ်သူကဓာတ်လှေကားထဲကနေလျှောက်ထွက်သွားပြီဖြစ်တာတောင် မန်နေဂျာချုပ်မှာကြောက်လွန်းလို့တုန်နေဆဲပင်။

ကနဦးသူထင်လိုက်သည်မှာ CEO မင်းခန့်ထည်ကအခုချက်ချင်း Meeting roomထဲဝင်သွားပြီး ဒါရိုက်တာရှိုင်းဇေယံကိုဒေါသတကြီးသွားဆွဲထုတ်လာလိမ့်မယ်လို့ပင်။

သို့ပေမယ့် သူ၏အထင်နဲ့အမြင်ကတက်တက်စင်အောင်လွဲချော်ခဲ့ကာ
CEOမင်းခန့်ထည်ကသူ့အတွေးထဲကအတိုင်းဝုန်းဒိုင်းမကြဲခဲ့ဘဲ Meeting roomရှေ့ကဖြတ်သွားစဥ်ပိတ်ထားတဲ့အခန်းတံခါးကိုတစ်ချက်သာလှည့်ကြည့်လိုက်ကာ ဘာမှမဖြစ်သလိုပဲ ရှေ့သို့ဆက်လျှောက်သွားသည်ကိုမြင်လိုက်ရမှပဲ မန်နေဂျာချုပ်မှာစိတ်ဒုန်းဒုန်းချမိတော့လေသည်။

CEOမင်းခန့်ထည်က ဒါရိုက်တာရှိုင်းဇေယံအပေါ်၌ ချစ်သူတစ်ယောက်အနေနဲ့ကလေးဆန်တဲ့စည်းမျဥ်းတချို့တို့နဲ့အတူ
စည်းကမ်းတင်းကြပ်တတ်သူဖြစ်ပေမယ့် သူ၏ချစ်ရသူလေးအားမျက်လုံးပေါင်းများစွာရှေ့မှာသိက္ခာကျစေနိုင်မယ့်မည်သို့သောအပြုအမူကိုမျှ သူပြုမူလိမ့်မည်မဟုတ်ပေ။

သူဟာရှိုင်းဇေယံလေးအပေါ်အလွန်တရာမှချစ်မြတ်နိုးတန်ဖိုးထားတာကြောင့်သူ၏ချစ်သူလေးကိုလောကကြီးထဲက
ကောင်းပေ့ဆိုတဲ့အရာတွေကိုသာအမြဲတမ်းပေးဆပ်ချင်နေသူဖြစ်ပြီး
အမြင့်ဆုံးရောက်အောင်သာဖေးမမြှင့်တင်ပေးမည်ဖြစ်ကာ ချစ်ရသူလေးကိုမိုက်မိုက်မဲမဲနဲ့ဆွဲချတတ်တဲ့ အသိဥာဏ်ကင်းမဲ့တဲ့အရူးအနှမ်းချစ်သူတစ်ယောက်အနေနဲ့တော့ရှိုင်းလေးရှေ့မှာသူဘယ်တော့မှရပ်နေလိမ့်မည်မဟုတ်ချေ။

ဒါကိုမြင်နေရတဲ့မန်နေဂျာချုပ်ရဲ့မျက်နှာထက်မှာအားကျတဲ့အရိပ်အယောင်တို့ဖြတ်ပြေးသွားရပြီး ဒါရိုက်တာရှိုင်းကအရမ်းကံကောင်းပါလားဟု သူတိတ်တဆိတ်ရေရွတ်မိလိုက်၏။

နေ့လည်၁နာရီ၄၅လောက်ရောက်တော့ ဟိုတယ်ကနေမှာထားတဲ့နေ့လည်စာတွေကကုမ္ပဏီသို့ရောက်လာပြီဖြစ်ရာ မန်နေဂျာချုပ်ကအစည်းအဝေးအခန်းတံခါးကိုညင်သာစွာတွန်းဖွင့်လိုက်ပြီးနောက် အခန်းထဲကိုခြေဖော့ကာလျှောက်ဝင်သွား၏။

နူးညံ့ကြည်လင်သောမျက်နှာလေးကနေတဆင့် အေးချမ်းစင်ကြယ်သောခံစားချက်တစ်စုံတစ်ရာကိုပေးစွမ်းနေပါသည့်လူငယ်လေးဟာ အဝေးကနေတစ်ချက်လှမ်းကြည့်လိုက်ရုံနဲ့တင် လွယ်လွယ်နဲ့မမေ့နိုင်သောအလှတရားတစ်ခုနဲ့ပြည့််စုံနေပေ၏။

ထိုလူငယ်လေးရဲ့ခန္ဓာကိုယ်ကနေလင်းလက်စွာဖြာထွက်နေတတ်တဲ့ချောမောလှပတဲ့အရှိန်အဝါတို့ကြောင့် ဒါရိုက်တာရှိုင်းတစ်ယောက်အစည်းအဝေးလုပ်ပြီဆိုလျှင်ဝန်ထမ်းတော်တော်များကအလုပ်ထဲစိတ်မရောက်တာများလေသည်။

ဝန်ထမ်းတွေရဲ့မျက်လုံးတော်တော်များများက အစည်းအဝေးလုပ်နေစဥ်အတွင်း
ဒါရိုက်တာရှိုင်းရဲ့နူးညံ့လှပတဲ့မျက်နှာလေးတစ်သွယ်ထက်တွင်သာမေ့မြောပျော်ဝင်နေကြလေရာဒါရိုက်တာရှိုင်းကတော့ထိုအရာတွေကိုနည်းနည်းလေးတောင်သတိမထားမိဘဲ စားပွဲရှည်ကြီးတစ်ဖက်မှာစာရွက်စာတမ်းတွေကိုတစ်ရွက်ပြီးတစ်ရွက်လှန်လှောလို့နေပြီးခေါင်းကိုငုံ့စိုက်ထားတာကြောင့်မန်နေဂျာချုပ်အခန်းထဲသို့ဝင်လာတာကိုတောင်သူမသိလိုက်ပေ။

အနောက်ကနေခပ်တိုးတိုးခေါ်သံကိုကြားလိုက်ရတော့မှ ရှိုင်းဇေယံကသူ့အနား၌လူတစ်ယောက်ရောက်နေသည်ကိုသတိထားမိသွားကာ ခေါင်းထောင်ကြည့်လာလေသည်။

မန်နေဂျာချုပ်က နေ့လည်စာစားချိန်ကျော်နေပြီဖြစ်တာကြောင့်နေ့လည်စာစားပြီးအစည်းအဝေးခနနားသင့်ကြောင်း၊ CEOကကုမ္ပဏီကိုရောက်နေသည်မှာ၄၅မိနစ်တောင်ရှိနေပြီဖြစ်ကြောင်း အသေးစိတ်အစီရင်ခံလာပြီးလေသော် ရှိုင်းဇေယံကခေါင်းလေးတငြိမ့်ငြိမ့်နဲ့တုံ့ပြန်လိုက်ပြီးနောက် သူ၏မျက်စိရှေ့ကစာရွက်စာတမ်းဖိုင်တွေကိုပိတ်ချပစ်လိုက်တော့သည်။

သူကဖောင်တိန်အဖုံးလေးကိုအသံမြည်အောင်ပိတ်လိုက်ကာ လေသံနိမ့်နိမ့်နဲ့ဆိုလိုက်လေသည်။

"အစည်းအဝေးကိုဒီမှာတင်နားရအောင် မန်နေဂျာချုပ်ကနေ့လည်စာတွေစီစဥ်ပေးထားတယ်တဲ့ နေ့လည်စာစားပြီးမှပဲဌာနကိုပြန်လိုက်ကြတော့နော် ... "

"ဟုတ်ကဲ့ပါ ဒါရိုက်တာ "

ဒီဇိုင်းဌာနကဝန်ထမ်းတွေက ညီညီညာညာတက်တက်ကြွကြွပင်ပြိုင်တူပြန်ဖြေလာခဲ့ပြီး အစည်းအဝေးကိုရပ်လိုက်ကြတော့သည်။

ရှိုင်းဇေယံကပြန့်ကျဲနေတဲ့စာရွက်စာတမ်းတွေကိုစုသိမ်းလိုက်ကာ လက်ထဲ၌ပိုက်ကိုင်ပြီးအခန်းထဲကနေထွက်ခွာဖို့ခြေလှမ်းပြင်နေသည့်ဆဲဆဲတွင်ဝန်ထမ်းတွေရဲ့လှုပ်လှုပ်ရှားရှားအသံတွေကိုကြားလိုက်ရတာကြောင့်
အခန်းဝဆီလှမ်းကြည့်လိုက်တဲ့အခါ
အခန်းတံခါးကိုကျောမှီရပ်နေတဲ့ရှည်မြောမြောအရိပ်လေးကိုမျက်ဝန်းလေးတွေဆီကနေဖမ်းမိလိုက်လေ၏။

ထိုနက်ပြာရောင်ခြေတံရှည်ရှည်နဲ့အရိပ်လေးကသူ၏လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ထားရင်း နက်ရှိုင်းတောက်ပမှုအပြည့်နဲ့ သူ့အားစူးစိုက်ကြည့်နေလေသည်။

မင်းခန့်ထည်ကဘယ်ချိန်ကတည်းကအခန်းထဲသို့ရောက်လာခဲ့မှန်း
သူမပြောနဲ့ မန်နေဂျာချုပ်တောင်မသိလိုက်ပေ။

ထို့နောက်မင်းခန့်ထည်က ခြေလှမ်းကျယ်ကြီးတွေနဲ့လှမ်းကာ နူးညံ့သိမ်မွေ့သောအသွင်ရှိသည့်လူငယ်လေး၏လက်ထဲက စာရွက်စာတမ်းတွေကိုခပ်တည်တည်မျက်နှာထားနဲ့ဆွဲယူလိုက်ပြီး ချာခနဲလှည့်ထွက်သွားတော့လေသည်။

မင်းခန့်ထည်ရဲ့ထိုအပြုအမူကိုမြင်တော့ရှိုင်းဇေယံရဲ့မျက်လုံးအနားသတ်တို့က လခြမ်းကွေးလေးတွေကဲ့သို့နှယ်
ငေးမောစရာကောင်းလောက်စွာကွေးညွတ်သွားရကာသူ၏နှလုံးသားကိုအမွေးပွကြောင်ကလေးကပွတ်တိုက်သွားသကဲ့သို့ယားကျိကျိလေးဖြစ်သွားရ၏။

သူလည်းပဲအချိန်ဆွဲမနေတော့ဘဲ စိတ်ကောက်နေသောကလေးကြီးနောက်သို့အပြေးလိုက်သွားလိုက်ကာ နှုတ်ခမ်းဖျားထက်ဆီကနေတခစ်ခစ်ရယ်မောသံလေးတွေတောင်မထိန်းချုပ်နိုင်ဘဲ အပြင်ဘက်ဆီသို့ထွက်ကျသွားတော့သည်။ကံကောင်းသည်ကမင်းခန့်ထည်မှာသူ၏ထိုလှောင်ရယ်သံသဲ့သဲ့လေးကိုမကြားသွားခြင်းပင်။
ထိုလူကြီးသာကြားသွားလို့ကတော့ဒီညသူ၏အဖြစ်မှာမတွေးရဲစရာ။

မင်းခန့်ထည်ကရှိုင်းဇေယံရဲ့ရုံးခန်းဆီရောက်တော့ စာရွက်စာတမ်းတွေကိုစားပွဲပေါ်သို့ဆောင့်အောင့်ကာပစ်တင်လိုက်ပြီး သက်ပြင်းကိုဟူးခနဲမှုတ်ထုတ်လိုက်ကာ နက်ပြာရောင်ကုတ်အောက်ကရှပ်အင်္ကျီအပေါ်ဘက်ရှိကြယ်သီး၂လုံးကိုအကြမ်းပတမ်းဖြုတ်ပစ်လိုက်တော့သည်။

တံခါးဆီကနေကလစ်ဆိုတဲ့မြည်သံလေးနဲ့အတူ ခပ်ဖွဖွခြေသံလေးတွေကိုသူ၏နား၂ဖက်ကနေကြားနေရတာတောင်မှ သူနောက်လှည့်မကြည့်ခဲ့ပေ။

သူစိတ်ဆိုးနေတယ်။တကယ်ကြီးကိုစိတ်ဆိုးနေတာဖြစ်သည်။
သူ့ကလေးလေးကအနမ်းလေးတွေပေးပြီးလာချော့မော့ရင်တောင်မှ ခိုင်မာပြတ်သားတဲ့ဒီဖေကိုယ်က လွယ်လွယ်နဲ့စိတ်ပျော့သွားလိမ့်မည်မဟုတ်တဲ့အထိ သူအလွန်အမင်းစိတ်ဆိုးနေပေသည်။

ဘယ်နှယ့် အလျှော့ပေးအလိုလိုက်ထားတာများတော့ ကလေးလေးကသူ့ရဲ့စကားကိုနားထောင်ဖို့နေနေသာသာ သူ့အားရှိတယ်လို့တောင်မမှတ်တော့ပေ။

ဒီတစ်ခါတော့ဘာပဲဖြစ်ဖြစ်လုံးဝအလျှော့မပေးပဲတင်းခံထားမှ ရှိုင်းလေးကသူ့စကားတွေကို နောက်တစ်ခါအလေးအနက်မထားသလိုမပြုမူရဲတော့မှာ !...

ရှိုင်းဇေယံ မင်းလေးကိုကိုယ်အလျှော့ပေးထားတာများပြီ ဒီတစ်ခါတော့လုံးဝမရတော့ဘူးမှတ် !

မင်းခန့်ထည်ကလက်၂ဖက်ကိုခါးနေရာ၌တင်ထား၍ရှိုင်းဇေယံကိုကျောခိုင်းရပ်နေပြီးသူ၏အကြည့်တို့ကိုမှန်ပြတင်းအပြင်ဘက်ဆီသို့မလှုပ်မယှက်ပို့လွှတ်လို့ထား၏။

သူ၏နားရွက်တွေကတော့ယုန်နားရွက်တွေကဲ့သို့ထောင်နေကာအနောက်ဘက်ကခြေသံလေးတွေဆီသို့ အစွမ်းကုန်အာရုံစိုက်ထားလေသည်။

ခြေသံလေးတွေကသူနဲ့တော်တော်လှမ်းလှမ်းမှာရပ်သွားတာကြောင့်သူ၏စိတ်ထဲ၌အလိုမကျစွာမချင့်မရဲဖြစ်သွားရကာ နောက်သို့လှည့်မကြည့်မိအောင်သူ့ကိုယ်သူအထပ်ထပ်အခါခါသတိပေးထိန်းချုပ်ထားပြီး သူ၏မျက်နှာကိုလည်းအမူအရာကင်းမဲ့သည်အထိတည်ထားလိုက်တော့သည်။

အလျှော့ပေးစရာအကြောင်းမရှိ !

"ယောကျာ်းရေ ... "

"..........! "

မင်းခန့်ထည်မှာအစောနကအထိမီးကုန်ယမ်းကုန်တင်ထားပါတဲ့ပြတ်သားခိုင်မာလှပါသောဆုံးဖြတ်ချက်တွေဆိုတာဟာကြက်ပျောက်ငှက်ပျောက်နဲ့အပြိုပြိုအလဲလဲတွေဖြစ်ကုန်ပြီးသူ၏ဦးနှောက်တစ်ခုလုံးမှာ 'ဝုန်း' ခနဲမြည်သံကျယ်ကြီးနဲ့ပေါက်ကွဲထွက်သွားကာ အာရုံကြောတွေတောင်၂စက္ကန့်နီးပါးလောက်ရပ်ဆိုင်းသွားရ၏။

စဥ်းစားဆင်ခြင်မှုနယ်ပယ်၌ပေါက်ကွဲမှုတစ်ရပ်ဖြစ်သွားတာကြောင့်မီးသတ်ကားတွေနဲ့မီးငြိမ်းသတ်နေစဥ်မှာပင် အထိန်းချုပ်မဲ့သွားရသောမင်းခန့်ထည်မှာ စည်းကမ်းတင်းကြပ်ပါတဲ့ချစ်သူကောင်လေးပုံရိပ်ကနေ
ရှိုင်းဇေယံကိုအရှက်မရှိတအီအီတောင်းဆိုနေသည့်ခွေးပေါက်လေးပုံစံသို့တမဟုတ်ချင်းပြောင်းလဲထိုးဆင်းသွားတော့လေသည်။

မင်းခန့်ထည်မှာချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ရှိုင်းဇေယံနားသို့အမြီးလေးယမ်းကာတိုးကပ်သွားလိုက်ပြီးနောက်
"ရှိုင်းလေး ခုနကကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ် .. ထပ်ခေါ်ပါဦးလား ? " ဟုအရှက်မရှိအသနားခံနေပေသည်။

"မခေါ်ဘူး !"

ရှိုင်းဇေယံကအပြတ်ငြင်းချကာ သူ့အားဆွဲကိုင်ထားတဲ့မင်းခန့်ထည်ရဲ့လက်တွေကိုပုတ်ထုတ်လိုက်ပြီးဆိုဖာပေါ်၌ဝင်ထိုင်လိုက်လေသည်။

"လိမ္မာပါကွာ ရှိုင်းလေးရာ ကိုယ့်ကိုထပ်ခေါ်ပါဦးဆို ... "

"No ပါ "

"မင်းလေးထပ်ခေါ်အောင်ကိုယ်ဘာလုပ်ပေးရမလဲလို့
တစ်ခါလောက်ပဲ... တစ်ခါလောက်ပဲထပ်ခေါ် ပေးလေနော် .... "

ဘယ်မလဲခိုင်မာပြတ်သားမှု ! ဆိုပြီးသူ့ကိုလာမမေးနဲ့လေ။
အဲ့အရာတွေက သူ့ကလေးလေးရဲ့ 'ယောကျာ်းရေ 'ဆိုတဲ့ခေါ်သံလေးလောက်အရေးကြီးလို့လား ? အလျှော့ပေးတာတွေမပေးတာတွေခေါက်ထားလိုက်စမ်းပါ။
ဒါတွေသူဂရုစိုက်မနေတော့ဘူး။

မင်းခန့်ထည်မှာအချိန်တစ်ခုကြာတဲ့အထိ ၃နှစ်ကလေးထက်တောင်ဂျီကျနေခဲ့ကာ ရှိုင်းဇေယံကို သူ၏ရင်ခွင်ထဲထည့်၍နေ့လည်စာကျွေးပြီးတဲ့အချိန်ထိတိုင်အောင်မရပ်သေးပေ။

"ကိုခန့်ကျနော့်ကိုစိတ်ဆိုးပြေသွားပြီလား ?"

ရှိုင်းဇေယံက မျက်စောင်းလေးနဲ့ဆွေကြည့်ရင်းမေးလိုက်လေသော် မင်းခန့်ထည်ကလက်သီးလက်မောင်းတန်းလျက်မျက်နှာပြောင်တိုက်ကာပြန်ဖြေလာသည်။

"ဘယ်ကောင်လဲ ကို့ကလေးလေးကိုစိတ်ဆိုးရဲတာ ကိုယ်အခုသွားရိုက်ပစ်မယ် ... "

ထိုအခါ ရှိုင်းဇေယံကနှုတ်ခမ်းလေးကိုမဲ့လိုက်ရင်း မင်းခန့်ထည်ရဲ့ရင်ဘက်တစ်နေရာကိုလက်ညှိုးလေးနဲ့တွန်းထိုးလိုက်ကာအသံစူးစူးလေးနဲ့ဆူပူလာသည်။

"ခများကြီးလေ .. ကျနော့်ကိုစိတ်ဆိုးတာ ဘာတွေဝေ့လည်ကြောင်ပတ်လုပ်ချင်နေတာလဲ ?"

"ကိုယ်ကမင်းကိုစိတ်ဆိုးချင်တာတောင်စိတ်ဆိုးမရတဲ့လူပါနော် ..."

ထိုအဖြေကြားတော့ရှိုင်းဇေယံရဲ့မျက်နှာလေးကချိုမြိန်စွာပြုံးဖြီးသွား၍ မင်းခန့်ထည်ရဲ့ပါးနှစ်ဖက်ကိုအားပါပါနဲ့ဆွဲညှစ်လိိုက်တော့သည်။

"ဟီးဟီး ကျနော့်ကိုအဲ့လောက်တောင်ချစ်တာတဲ့လား ? "

"ဘာလဲကျေနပ်သွားတာလား ကိုယ့်အဖြေကိုကျေနပ်သွားတယ်ဆို ဆုတော့ချသင့်တယ်ဟုတ် ? "

ထိုသို့ဆိုကာ မင်းခန့်ထည်ကသူ၏နှုတ်ခမ်းကိုဆူလိုက်၍ရှေ့သို့တိုးလာလေသော်သူ၏ပေါင်ပေါ်ကရှိုင်းဇေယံလေးကဘေးတစ်ချက်သို့မျက်နှာလှည့်ကာရှောင်တိမ်းလိုက်တော့သည်။

"အခုမှနေ့လည်စာ စားပြီးတာ မနမ်းနဲ့ ! "

"ကိုယ်ကမင်းရဲ့ဟိုဟာတွေတောင်မျိုချပြီးတဲ့လူပါနော် ..မင်းလေးကဘာတွေစိုးရိမ်နေတာလဲ ? "

"ကိုခန့် ! ခများကလေလုံးဝထိန်းလို့မရတော့ဘူး"

"ထိန်းလို့ရတဲ့တစ်နည်းတော့ရှိတယ်စမ်းကြည့်မလား ? " ဟုညစ်ကျယ်ကျယ်ရယ်သံကြီးနဲ့ဆိုလာပြီးနောက် မင်းခန့်ထည်ကသူ၏ပေါင်ပေါ်ကရှိုင်းဇေယံရဲ့လည်တိုင်လေးကိုနေရာအနှံ့လိုက်လံနမ်းရှိုက်လိုက်ပြီးသူ၏ကြီးမားရှည်သွယ်သောလက်ချောင်းတွေကရှိုင်းဇေယံရဲ့ရှပ်အင်္ကျီအောက်သို့လျှိုဝင်သွားကာချောမွတ်သောအသားအရည်လေးပေါ်၌ပွတ်သပ်ထိတွေ့ခြင်းဖြင့်အရသာခံနေပေသည်။

ရှိုင်းဇေယံလေးကရုန်းပေမယ့် ပြင်းပြသည့်အလိုဆန္ဒတို့တောက်လောင်နေပါသောသားရိုင်းကောင်ကြီးရဲ့လက်ထဲကနေလွတ်မြောက်အောင်သူမရုန်းနိုင်ပေ။

နောက်ဆုံး မာကြောတဲ့ကြမ်းပြင်ထက်ဆီသို့ သတ္တုခါးပတ်ခေါင်းရဲ့ခပ်ဆတ်ဆတ်ထိခတ်သံကကြည်လင်ပြတ်သားစွာဖြတ်ပြေးသွားပြီးနောက် ရှိုင်းဇေယံမှာနေ့ခင်းကြောင်တောင်ကြီးရုံးခန်းထဲ၌ဘော့စ်ဖြစ်သူရဲ့တွန်းလှဲခြင်းကိုခံလိုက်ရလေသည်။

ရှိုင်းဇေယံရဲ့မီးခိုးရောင်ကုတ်အင်္ကျီလေးက ရုံးခန်းတစ်နေရာသို့ပြန့်ကျဲလွင့်စင်သွားတဲ့အခါသူ၏ကိုယ်ပေါ်ရှိရှပ်အဖြူလေးမှာလည်းဖရိုဖရဲဖြစ်လို့နေကာကြယ်သီးတွေလည်းတစ်လုံးမကျန်အောင်အဖြုတ်ခံထားရတာကြောင့်သူ၏ဖြူဖွေးကြည်စင်တဲ့အသားအရည်လေးမှာ အရှက်သည်းမှုကြောင့်ရေနွေးဖျောထားတဲ့ပုဇွန်ဆိတ်လေးတွေကဲ့သို့နီတွတ်တွတ်လေးဖြစ်နေလျက်အတားအဆီးမဲ့စွာလှစ်ဟာထွက်ပေါ်နေပေသည်။

ရှိုင်းဇေယံရဲ့ထိုပုံစံလေးက မျက်စိရှေ့ကသားရိုင်းကောင်ကြီးကိုအသုံးတော်ခံဖို့အတွက်ဖိတ်ခေါ်နေသလိုပင်။

မင်းခန့်ထည်ကရှိုင်းဇေယံရဲ့ညှပ်ရိုးလေးကိုတတိတိကိုက်လိုက်ပြီးနောက်ကောင်လေးရဲ့ရင်ဘက်တစ်နေရာကနေတရှုံ့ရှုံ့နဲ့စတင်နမ်းရှိုက်ကာအောက်ဘက်သို့တဖြည်းဖြည်းချင်းဆင်းသွားပြီးနောက် ကြက်ဥပူတင်းလေးကဲ့သို့နူးညံ့အိစက်လှသောဖြူဥဥဗိုက်သားလေးကို ပူနွေးသောလျှာဖျားထိပ်နဲ့တို့ထိကာ အရင်မြည်းစမ်းပြီးနောက်တစ်ချက်ကိုက်ကြည့်လိုက်လေ၏။
သူ၏ကလေးလေးကကြက်ဥပူတင်းလေးထက်တောင်အရသာရှိသေးလေသည်။

ဗိုက်သားထက်ကယားကျိကျိခံစားချက်တို့ကရှိုင်းဇေယံရဲ့အားနည်းချက်ဖြစ်တာကြောင့်ထိုနေရာတစ်ဝိုက်၌မင်းခန့်ထည်ကျူးကျော်နေသည့်တစ်လျှောက်လုံးကောင်လေးကတွန့်လိမ်၍အစွမ်းကုန်ရုန်းကန်လာခဲ့ချေသည်။

မင်းခန့်ထည်ရဲ့မျက်ဝန်းတွေကနက်မှောင်နီရဲနေပြီး သူကနတ်ဆိုးဆန်စွာပြုံးလာခဲ့ကာရှိုင်းဇေယံရဲ့လက်နှစ်ဖက်ကို သူ၏လက်တစ်ဖက်တည်းနဲ့ဖမ်းချုပ်ထားလိုက်ပြီး ဆိုဖာလက်တင်၌တင်ကာထောက်ကန်ထား၏။

သူ၏ကျန်လက်တစ်ဖက်ကတော့ ခါးပတ်မရှိတော့တဲ့ ရှိုင်းဇေယံရဲ့လယ်သာဘောင်းဘီထဲသို့တိုးဝင်သွားပြီးနောက် ကောင်လေးရဲ့ငိုညည်းသံတို့နဲ့အတူ ရောယှက်လိုက်ပါလာတဲ့စိတ်ဆိုးမာန်ဆိုးပြောဆိုသံတွေက ရုံးခန်းထဲတွင်နေရာလပ်မရှိအောင်ပျံ့နှံ့လွင့်ပြယ်သွားရတော့သည်။

မင်းခန့်ထည်က အချိုးအဆစ်ပြေပြစ်သောသူ၏ရှည်သွယ်သွယ်လက်တစ်ဖက်ကိုတစ်ရှူးတွေနဲ့သုတ်သင်ရှင်းလင်းလို့နေစဥ်မှာပင် တစ်ဖက်ကလည်း ရှိုင်းဇေယံရဲ့စိတ်ဆိုးမာန်ဆိုးနဲ့ ဆူပူခြင်းအဖြာဖြာကိုတစ်ပြိုင်နက်ခံယူနေပေသည်။

"လူဆိုးကြီး ! သားရိုင်းကောင်ကြီး !
ရုံးခန်းထဲမှာမလုပ်ပါနဲ့လို့ပြောထားတာကို! လုပ်ရဲတယ်ပေါ့ !လုပ်ရဲတယ်ပေါ့လို့ !"

မင်းခန့်ထည်ကသူ့အားပြစ်တင်ကြိမ်းမောင်းနေပါတဲ့ရှိုင်းဇေယံရဲ့တတွတ်တွတ်ရေရွတ်နေသံတွေကိုအပြုံးတစ်စနဲ့ကျေကျေနပ်နပ်ကြီးနားထောင်နေပြီး
ညစ်ပေသွားတဲ့တစ်ရှူးတွေကိုသေသေချာချာထုပ်ပိုးပြီးနောက် ထရပ်လိုက်ကာရုံးခန်းထောင့်ကအမှိုက်ပုံးလေးထဲသို့ပစ်ထည့်လိုက်လေ၏။

ထို့နောက်သူက ကြမ်းပြင်ပေါ်မှာကျနေတဲ့ကုတ်အင်္ကျီကိုကောက်ယူလိုက်ကာဆိုဖာဆီသို့ပြန်လျှောက်လာခဲ့ပြီး ဆိုဖာခုံနားက အနက်ရောင်သားရေခါးပတ်ကိုလည်းတစ်ခါထဲကောက်ယူလိုက်လေသည်။

ရှိုင်းဇေယံရဲ့အဝတ်အစားတွေကိုသေသေသပ်သပ်ဖြစ်အောင်ပြန်လည်ဝတ်ဆင်ပေးလိုက်ပြီးနောက် ကောင်လေးရဲ့ဖူးရောင်ကြွတက်နေတဲ့ ချယ်ရီသီးနှုတ်ခမ်းလေးတွေဆီပြွတ်ခနဲတစ်ချက်နမ်းလိုက်တော့သည်။

"မင်းတောင်ကိုယ့်စကားကိုနားထောင်တာမှမဟုတ်တာဘာလို့ကိုယ်ကကောမင်းစကားကိုနားထောင်ရမှာလဲ ? "

မင်းခန့်ထည်က တည်တည်ငြိမ်ငြိမ်ဖြင့်တုံ့ပြန်ပြောဆိုနေရင်းနဲ့ရှိုင်းဇေယံရဲ့ခါးပတ်ကိုပြန်ပတ်ပေးနေကာ ခါးပတ်ခေါင်းကနေ'ချောက် 'ဆိုသောမြည်သံသဲ့သဲ့လေးထွက်ပေါ်လာပြီးနောက် မှင်ရည်အိုင်ကဲ့သို့ထူထဲမှောင်မိုက်နေသည့်သူ၏မျက်ဝန်းတွေက ရှိုင်းဇေယံရဲ့ရီဝေဝေမျက်ဝန်းလေးတွေထဲပင့်ကြည့်လာတဲ့အခါ တောက်ပမြဲတောက်ပဆဲဖြစ်ပေမယ့်လို့ပိုင်ဆိုင်လိုစိတ်ကြီးတဲ့အလင်းတန်းတို့ကထိုအနက်ရောင်မျက်ဝန်းတွေထဲမှာအဆုံးမဲ့စွာနစ်ဝင်ကိန်းအောင်းလို့နေလျက်။

ထိုမျက်ဝန်းတွေရဲ့ထုထည်ကအင်မတန်မှနက်နဲလွန်းတာကြောင့်ကြောက်စရာလည်းကောင်းသလို ရင်ဖိုစရာလည်းကောင်းပေ၏။ထိုမျက်ဝန်းတွေနဲ့ညှို့ယူခြင်းခံလိုက်ရတဲ့သားကောင်မှန်သမျှထိုထောင်ချောက်ထဲကနေလွတ်မြောက်မို့ရာနည်းမရှိပေ။

အထူးသဖြင့်သူကိုယ်တိုင်လည်း အနှီလူသားရဲ့မျက်ဝန်းတွေဆီကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘဲအကြိမ်ကြိမ်အခါခါကျဆုံးနေရသည်ကို သူကိုယ်တိုင်အသိဆုံးပေမို့။

"ဒါမင်းအတွက်ကိုယ်ပေးတဲ့အပြစ်ဒဏ်ပဲ ... နောက်တစ်ခါစကားနားမထောင်လို့ကတော့ ဒီလောက်နဲ့တင်ရပ်မှာမဟုတ်ဘူးနော်
ရှိုင်းလေး... မင်းကိုယ့်အကြောင်းကိုသိတယ်မှတ်လား ? "ဟုဆိုရင်းသူကမျက်ခုံးတစ်ဖက်ပင့်ပြလာလေသော် ရှိုင်းဇေယံက နှာတစ်ချက်မှုတ်လိုက်ကာ တစ်ဖက်သို့မျက်နှာကိုချာခနဲလှည့်လိုက်တော့လေသည်။

ဒီလိုလူညစ်ကြီးနဲ့ဘာမှဆက်မပြောချင်တော့ပေါင် .....

ထိုစဥ်အခန်းအပြင်ဘက်ကနေအခန်းတံခါးခေါက်သံထွက်လာတာကြောင့် ရှိုင်းဇေယံကကိုယ်ကိုပြန်မတ်လိုက်ပြီး မင်းခန့်ထည်ဘက်လှည့်ကာထိုလူကြီးရဲ့တွန့်ကြေလျော့ရဲနေတဲ့အဝတ်အစားတို့ကိုပြန်ပြုပြင်ပေးလိုက်သည်။

မင်းခန့်ထည်ကထိုအချိန်ကိုအခွင့်ကောင်းယူ၍ကောင်လေး၏နှုတ်ခမ်းလေးကိုထပ်မံနမ်းရှိုက်လိုက်ပြန်သည်။

ရှိုင်းဇေယံက ထိုအိုတစ္ဆေကြီးအားတွန်းထုတ်ဖို့လုပ်လိုက်တဲ့အခါမင်းခန့်ထည်ကသူ၏ခေါင်းအနောက်ကိုဆုပ်ကိုင်ထားလိုက်ပြီး ပူပြင်းကြမ်းတမ်းစွာမက်မက်မောမောနမ်းချလာတာကြောင့် တံခါးခေါက်သံကိုကြားနေရတဲ့ရှိုင်းဇေယံလေးမှာမီးစနဲ့အထိုးခံနေရသလိုမျိုးနေမထိထိုင်မသာခံစားနေရကာ သူ၏နှလုံးခုန်သံမှာပေါက်ထွက်တော့မတတ်ဆူညံကွဲအက်လာပြီး အသက်ရှူပါရပ်သွားတော့မတတ်ပင်။

တံခါးခေါက်သံကသုံးကြိမ်တိတိအဆက်မပြတ်ထွက်ပေါ်လာပြီးနောက်ရပ်တန့်သွားတာကြောင့် သူစိတ်အေးမည်ကြံကာရှိသေး 'ကလစ် 'ဆိုတဲ့တံခါးလက်ကိုင်ဖွင့်လိုက်သံကိုကြားလိုက်ရတဲ့အခါ ရှိုင်းဇေယံမှာအငွေ့ပျံထွက်သွားချင်စိတ်တို့ ချက်ချင်းပေါက်လာရတော့လေသည်။

"အိုးဟိုး နေ့ခင်းကြောင်တောင်ကြီးကိုဗျာ ... "

"နေ့လည်စာစားချိန်တောင်ကျော်သွားပြီဟာကို မင်းကခုထိဆာနေတုန်းပဲလား ငါ့ကောင်ရ ! "

ထိုအသံ၂သံကိုနားနဲ့ဆက်ဆက်ကြားလိိုက်ရတဲ့အခါမှာတော့ ရှိုင်းဇေယံမှာသူဘာကိုမှဂရုစိုက်မနေတော့ဘဲချက်ချင်းလဲသေသွားချင်စိတ်တို့သည်သာ
တဖွားဖွားမြင့်တက်လာရတော့သည်။

ထိုလူ၂ယောက်က အခန်းထဲကလူ၂ယောက်၏ပြင်းပြင်းပြပြနမ်းရှိုက်နေပါတဲ့မြင်ကွင်းကိုတွေ့နေရတာတောင်အခန်းထဲကနေပြန်လှည့်ထွက်မသွားဘဲ
ပြောင်ပြောင်တင်းတင်းပဲအခန်းထဲသို့ဝင်ချလာကြကာဆိုဖာပေါ်၌အသီးသီးဝင်ထိုင်လိုက်ကြတော့သည်။

တစ်ဖက်မှဆိုဖာခုံနဲ့အဝတ်စားတို့ပွတ်တိုက်သံကိုကြားတော့မှမင်းခန့်ထည်ကရှိုင်းဇေယံရဲ့နှုတ်ခမ်းတွေကိုငုံခဲထားရာမှ လွှတ်ပေးလိုက်ကာသူ၏စိုစွတ်စွတ်နှုတ်ခမ်းတွေကိုရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ဖြေးညင်းစွာပွတ်သုတ်လိုက်လေတော့သည်။

မင်းခန့်ထည်ရဲ့နီရဲမှောင်နက်နေပါသည့်မျက်ဝန်းတွေထဲမှာတော့ မျက်ဝန်းထောင့်ကနေလှမ်းမြင်နေရတဲ့သူပိုင်ဆိုင်တဲ့သားကောင်လေးကြောင့်မီးစာတွေမှာမငြိမ်းသတ်နိုင်သေးပေ။

ရှိုင်းဇေယံရဲ့မျက်နှာပါးပါးလေးတစ်ခုလုံးမှာနီတောက်ပြီးရဲပတောင်းခတ်နေကာ ဆိုဖာအစွန်းနားကိုတိုးထိုင်လိုက်ပြီးနောက် မျက်စိရှေ့က၂ယောက်ကိုမျက်လုံးလှန်မကြည့်ရဲဘဲနှုတ်ခမ်းလေးကိုအသာဖိကိုက်ကာဟိုကြည့်ဒီကြည့်လုပ်နေပေသည်။

မင်းခန့်ထည်ကတော့ ထိုအဖျက်ကောင်၂ကောင်ကိုအရှင်လတ်လတ်ဝါးမြိုချင်နေသည့်နှယ် စူးစူးရဲရဲစိုက်ကြည့်လိုက်ရင်းအံကြိတ်ကာစောင်းထေ့လိုက်၏။

"တံခါးခေါက်လို့မှစကားပြန်မရရင်အခန်းထဲမဝင်လာသင့်မှန်း
မင်းတို့မှာကိုယ်ပိုင်ယဥ်ကျေးမှုအသိစိတ်လေးတောင်မရှိဘူးလား? "

အသားစားခြင်္သေ့ကြီးရဲ့ဒေါထနေတဲ့ရန်လိုသံကိုကြားတော့ လူငယ်လေး၂ယောက်ထဲကခပ်ဖျော့ဖျော့အသားရည်ရှိသည့်ခြေတံရှည်ရှည်နဲ့လူငယ်လေးကမအောင့်အီးနိုင်ဘဲထရယ်လာခဲ့လေသည်။

ရှူးရှူးရှားရှားဖြစ်နေတဲ့မင်းခန့်ထည်ရဲ့ထိုပုံစံကိုမြင်လိုက်ရတာဟာ သူ့အတွက်အလွန်တရာမှကျေနပ်အားရစရာကောင်းသည့်ကိစ္စကောင်းတစ်ရပ်နဲ့ကြုံတွေ့လိုက်ရသည့်နှယ်မျက်နှာကလှောင်ပြုံးတစ်ပွင့်နဲ့ရွှန်းစားတောက်ပလာပြီးနောက်အားမနာလျှာမကျိုးပြန်ပက်လာခဲ့လေသည်။

"အခန်းထဲမှာတစ်ခုခုလုပ်ဖို့ကြံနေရင်လည်းတံခါးလော့ခ်ချထားရမှာက ဦးနှောက်ပါတဲ့လူတိုင်းတွေးခေါ်တတ်တဲ့ကိုယ်ပိုင်အသိဥာဏ်မဟုတ်ဘူးလား ?
တံခါးတောင်လော့ခ်မချနိုင်ရအောင်တက်ကြွ လွန်းနေတာကဘယ်သူ့အပြစ်လဲ ?
မဲမဲမြင်တိုင်းလာမဲမနေစမ်းပါနဲ့ဗျာ ! "

"ဟန်လင်းထက် !"

မင်းခန့်ထည်ကသွားကြားထဲကလေနဲ့ဖျစ်ညစ်အော်ပြောလိုက်တဲ့အခါ ဟန်လင်းထက်ကလည်းမထီပြုံးနဲ့မျက်ခုံးပင့်ပြလာလေသည်။

ဘေးနားကနေပွဲကြည့်နေတဲ့မင်းစက်ကတော့အရှိုက်ထိသွားတဲ့သူငယ်ချင်းအရင်းကြီးအားတဟားဟားနဲ့လှောင်ပြောင်ရယ်မောနေပြီး ရှိုင်းဇေယံမှာမူ မျက်နှာကပေါက်ထွက်တော့မတတ်ပိုပိုပြီးနီမြန်းလာလေတော့သည်။

မင်းခန့်ထည်က အူတက်နေတဲ့မင်းစက်အားမီးတဝင်းဝင်းထနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လာလေသော်မင်းစက်ကရယ်ချင်စိတ်ကိုမနည်းအောင့်အီးထားလိုက်ရင်း သူငယ်ချင်းကြီးအား နှစ်သိမ့်ပေးသလိုလိုနဲ့ဆေးထပ်ထိုးလာလေသည်။

"အလင်းပြောတာလည်းမှန်နေတာပဲလေ။
ကိုယ့်ကိုယ်ကိုလည်းနဲနဲပါးပါးထိန်းပါဦးကွာ။နောက်ဆုံးရှိုင်းလေးကမင်းကြမ်းတာကိုမခံနိုင်ဘဲမင်းကိုထပ်ပြီးပစ်ပြေးသွားမှ
ဟုတ်ပဲ့ဖြစ်နေမယ်နော် ..."

"မင်းတို့၂ကောင်စလုံးထွက်သွားကြစမ်း ! "

၂ယောက်သားပေါင်းပြီးသူ့အားဖောင်းထုနေပါတဲ့ထိုစုံတွဲအားသည်းမခံနိုင်တော့တာကြောင့်မင်းခန့်ထည်ကယဥ်ကျေးမနေတော့ဘဲတစ်ခါတည်းမောင်းထုတ်လိုက်လေတော့သည်။

ထိုအခါမှထိုစုံတွဲလည်း
ကျားနှုတ်ခမ်းမွှေးကိုဆွဲနေကြတဲ့ကျီစယ်နောက်ပြောင်ခြင်းအမှုကိုရပ်လိုက်ကြကာ
ဟန်လင်းထက်က ပန်းနုရောင်စာအိတ်လေးကိုစားပွဲပေါ်တင်ပေးလိုက်ပြီးနောက် အစောနကအသံတို့နဲ့ကွဲပြားစွာ လှောင်ပြောင်ခြင်းတို့မပါဘဲတည်ကြည်လေးနက်တဲ့ယောကျာ်းဆန်သည့်လေသံနဲ့အတူပြောပြလာခဲ့ပေ၏။

"ကျနော်တို့လက်ထပ်ကြတော့မယ် ... "

ထိုစကားကြားတော့မင်းခန့်ထည်ရဲ့ရန်လိုနေတဲ့ဒေါသတကြီးအကြည့်တို့က
မီးအိမ်ထဲကဖယောင်းတိုင်လေးငြိမ်းသက်သွားသလိုပင် ချုပ်တည်းငြိမ်သက်သွားကာ အံ့အားသင့်တောင့်ခဲသွားရသည်။

စားပွဲပေါ်ကစာအိတ်လေးကိုဆွဲယူလိုက်ပြီးနောက် ဖိတ်စာလေးကိုထုတ်ကိုင်လိုက်တဲ့အခါ သူ၏ရင်ထဲမှာ သူ၏အချစ်ဆုံးသူငယ်ချင်းကြီးအတွက် အပျော်ကြီးပျော်မိသလိုဟာတာတာခံစားချက်တချို့တို့သည်လည်းနားမလည်စွာရောပြွန်းသွားခဲ့ရသည်။

ရှိုင်းဇေယံလည်းထိုအခါကျတော့မှ မျက်စိရှေ့ကစုံတွဲကိုသေသေချာချာကြည့်မိလိုက်ကာ အကိုမင်းစက်နဲ့ဟန်လင်းထက်တို့ရဲ့လည်တိုင်ထက်မှာ ငွေဖြူရောင်ကြိုးမျှင်လေးတွေကိုကိုယ်စီဆွဲထားကြပြီး ထိုကြိုးမျှင်လေးရဲ့လော့ကတ်သီးလေးကတော့ ငွေရောင်ဆင်တူလက်စွပ်ကလေးတွေပင်။ ရှိုင်းဇေယံကထိန်းချုပ်မရစွာမျက်ရည်ဝဲမိပြီး ထိုစုံတွဲရဲ့အပျော်တွေကသူ့အားတမဟုတ်ချင်းကူးစက်သွားစေလေကာ သူတကယ်ကိုနှစ်သက်အားကျမိပါ၏။

"နောက်တစ်ပတ်အင်္ဂါနေ့ ...ခများတို့မမေ့နဲ့နော် .. "

"ငါကဘာကိစ္စမေ့ရမှာလဲ ငါ့ကောင်ကြီးရဲ့မင်္ဂလာဆောင်ပဲဟာ ... "

မင်းခန့်ထည်ကဖိတ်စာလေးကိုသာငုံ့ကြည့််နေရင်း ရယ်သံလေးနှောကာအက်ရှရှလေသံနဲ့ဆိုလာ၏။

သူ၏မျက်ဝန်းတွေကတော့အနည်းငယ်ပူနွေးလာရတာကြောင့်သူထို၂ယောက်ဆီမော့မကြည့်ရဲပေ။အဘယ်ကြောင့်ဆိုသော်ထိုသကောင့်သား၂ကောင်ကသူ့အား မကုန်နိုင်မခမ်းနိုင်လှောင်ပြောင်လာမည့်အသံတွေကိုနားနဲ့မဆံ့အောင်မကြားချင်တာကြောင့်ပင်။

ရှိုင်းဇေယံလည်းမင်းခန့်ထည်ရဲ့ခံစားချက်တို့ကိုခံစားမိတာကြောင့်မင်းခန့်ထည်အနားသို့တိုးသွားလိုက်ပြီးဖိတ်စာလေးကိုအတူတူကြည့်နေလိုက်ကြသည်။

"ဟန်လင်းထက် .. မင်း ဒီကောင်ကြီးကိုဘဝတစ်လျှောက်လုံးကာကွယ်စောင့်ရှောက်ပေးနိုင်မယ်ဆိုတာသေချာရဲ့လား?
မင်းသူ့ကိုဘယ်တော့မှလည်းငြီးငွေ့သွားမှာမဟုတ်သလို
ပစ်လဲမပစ်သွားပါဘူးဆိုတဲ့ကတိငါ့ကိုပေးနိုင်လား ? "

မင်းခန့်ထည်ကထိုသို့ဆိုရင်းဟန်လင်းထက်ရဲ့မျက်လုံးတွေထဲစိုက်ကြည့်လိုက်တဲ့အခါ ထိုကောင်လေးရဲ့မျက်ဝန်းတွေက မင်းစက်ကိုအမြဲတမ်းငေးကြည့်နေခဲ့ဖူးတဲ့ လွန်ခဲ့တဲ့၆နှစ်တုန်းကမျက်ဝန်းတွေအတိုင်းပင် မြူမှုန်လေးတစ်မှုန်စာလောက်တောင်ပြောင်းလဲပျက်ယွင်းသွားခြင်းတို့မရှိဘဲပြတ်သားမှုအပြည့်နဲ့အခိုင်အမာအမြစ်တွယ်နေပေ၏။

"ကျနော့်နှလုံးသားနဲ့ကျိန်ဆိုပြီးတော့ကိုကတိပေးနိုင်တယ်။ကျနော့်အတွက်ကတိကဝတ်တွေဆိုတာ ကိုစက်တစ်ယောက်တည်းနဲ့ပဲဖြစ်တည်ဆက်နွယ်နေတာမျိုးပါ။
အဲ့တာကြောင့် ကိုခန့်ခမျာ...အကို့ရဲ့သူငယ်ချင်းကိုကျနော့်လက်ထဲကို စိတ်ချလက်ချသာအပ်လိုက်ပါတော့ ..."

ထိုမျက်ဝန်းတွေက သူမင်းစက်အပေါ်ဘယ်လောက်ထိမြတ်နိုးတန်ဖိုးထားကြောင်းပေါ်လွင်နေသည်မို့ မင်းခန့်ထည်က စိတ်ချယုံကြည်သည့်နှယ်သက်ပြင်းဖွဖွချလိုက်တော့လေသည်။

ထို့နောက်မင်းခန့်ထည်က နောက်ဆုံးအနေနဲ့သူ၏အချစ်ဆုံးသူငယ်ချင်းအားတခြားလူလက်ထဲမအပ်မီခြိမ်းခြောက်လိုက်ပါသေး၏။
မင်းခန့်ထည်အတွက်မင်းစက်ဆိုတာဘယ်လိုလူမျိုးလဲဆိုတော့ အစားထိုးမရတဲ့ကမ္ဘာပေါ်ကအကောင်းဆုံးသူငယ်ချင်းတစ်ယောက်မဟုတ်ပေလား။သူ့အနေနဲ့ သူငယ်ချင်းဖြစ်သူအပေါ်ကာကွယ်နိုင်သလောက်တော့ကာကွယ်ပေးရဦးမည်ပင်။

"မင်း ငါ့သူငယ်ချင်းကိုသစ္စာဖောက်သွားတဲ့တစ်နေ့ကျရင် ငါကိုယ်တိုင်မင်းကို လက်စတုံးပစ်မယ်ဆိုတာ မင်းခေါင်းထဲမြဲမြဲမှတ်ထား ... "

"ဘယ်တော့မှအဲ့လိုကိစ္စမျိုးမဖြစ်စေရဘူး .. "

ဟန်လင်းထက်ကမင်းစက်ရဲ့လက်တစ်ဖက်ကိုအုပ်ကိုင်လိုက်ရင်းခိုင်မာစွာဆိုလာတာကြောင့်မင်းခန့်ထည်လည်းဘာမှဆက်မပြောတော့ပေ။

"ငါယုံကြည်တယ် မင်း ကိုစက်ကိုအကြွင်းမဲ့ကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်လို့ "

"ကျေးဇူးပါပဲ ရှိုင်းဇေယံ ... "

ထိုအခါ မင်းစက်က ပါးမို့လေးတွေနီထွေးလျက်ငြိမ်နေရာကနေထပြောလာခဲ့လေသည်။

"ငါတို့အကြောင်းပြောနေတာခနနားဦး မင်းတို့ကကောဘယ်တော့အကောင်အထည်ဖော်မှာတဲ့လဲ ? "

မင်းစက်အမေးကိုကြားတော့ရှိုင်းဇေယံကဘေးနားကလူကြီးဆီမျက်လုံးလေးကိုမသိမသာဝှေ့ကြည့်လိုက်ကာ တစ်ဖက်သို့အလျင်အမြန်ပြန်လှည့်သွားလေ၏။

လက်ထပ်တယ်ဆိုတာ လူသား၂ယောက်ကတစ်ဘဝစာလုံး ကတိကဝတ်တွေပြုရင်းနှစ်ကိုယ့်တစ်စိတ်ဖြစ်အောင်ချည်နှောင်ပစ်လိုက်ကြတာပင်

သူတို့ပြုလိုက်တဲ့ကတိတွေကတစ်ဘဝစာလုံးတည်မြဲကောင်းတည်မြဲနိုင်ပေမယ့်
အချိန်ဆိုတဲ့အရာကတိုက်စားဝါးမြိုလာတဲ့အခါ အချစ်ဆိုတဲ့လှေငယ်လေးကဘဝရဲ့မြစ်ပြင်ကျယ်ထဲမှာခရီးအဆုံးထိတိုင်အောင်ရွက်လွှင့်သွားနိုင်ပါ့မလား ?

အကိုမင်းစက်နဲ့ဟန်လင်းထက်တို့ကတော့ကျိန်းသေပေါက်ဖြတ်ကျော်နိုင်ကြမှာသေချာပေမယ့် သူနဲ့ကိုခန့်ကကော ?
သူတို့နှစ်ယောက်စလုံး ခိုင်မာတည်မြဲစွာချည်နှောင်ရစ်ထွေးနိုင်ကြပါ့မလား ?

ကိုခန့်စိတ်ထဲမှာကောသူနဲ့တစ်သက်တာချည်နှောင်သွားချင်တဲ့စိတ်ဆန္ဒတို့ရှိနေပါ့မလား ?

သူကထိုတစ်ယောက်သောသူကို၆နှစ်တာကြာအောင်ချန်ရစ်ထားခဲ့တဲ့အပြစ်ရှိတဲ့လူတစ်ယောက်ဖြစ်ခဲ့တဲ့ဟာ
ကိုခန့်ကသူ့ရဲ့ကျန်ရှိနေတဲ့အချိန်ကာလတွေကိုသူ့အပေါ်ပုံအပ်လောက်တဲ့အထိ သူ့ကိုယုံကြည်နိုင်ပါတော့မလား ?

ရှိုင်းဇေယံလေးက အတွေးများစွာနဲ့ကယောက်ကယက်ဖြစ်နေစဥ်တွင် မင်းခန့်ထည်ကတော့သူ့ရဲ့နက်ပြာရောင်ကုတ်အင်္ကျီအိတ်ကပ်လေးထဲက ဘူးလေးကိုလက်ဖျားလေးနဲ့တိတ်တဆိတ်စမ်းလိုက်ပြီး သူ၏နှုတ်ခမ်းတွေကို ညင်သာဖြေးညင်းစွာတွန့်ကွေးလိုက်တော့သည်။

"ငါကတော့မလောပါဘူး "

ဘာလို့လဲဆိုတော့ အဲ့အချိန်ကမကြာခင်ရောက်လာတော့မှာမို့လို့လေ....

မင်းခန့်ထည်ကတည်ငြိမ်တဲ့အမူအရာနဲ့ခပ်ပြတ်ပြတ်ဆိုလိုက်တာကြောင့် ရှိုင်းဇေယံက အထိတ်တလန့်နဲ့လှည့်ကြည့်လာခဲ့ကာ ထိုကောင်လေးရဲ့မျက်ဝန်းတွေကတမဟုတ်ချင်းနီရဲတက်လာရလေသည်။

မင်းခန့်ထည်ရဲ့ရင်ထဲကနောက်ဆက်တွဲစကားတွေကို ကာကယံရှင်တစ်ဦးတည်းကသာကြားနိုင်တာကြောင့် ရှိုင်းဇေယံကတော့ကျန်တဲ့စကားတွေကိုမကြားနိုင်ဘဲစိတ်ဓာတ်ကျသွားရကာ သူ၏နှလုံးသားလေးမှာတင်းကြပ်နာကျင်သွားရလေသည်။

သေချာတာပေါ့ ကိုခန့်ကသူ့ကိုမယုံကြည်တော့ဘူးပဲ ...

မင်းစက်နဲ့ဟန်လင်းထက်ကမင်းခန့်ထည်ရဲ့အဖြေကိုကြားတော့ရှိုင်းဇေယံကဲ့သို့အဓိပ္ပါယ်ကောက်မလွဲခဲ့ပေ။သူတို့ကမင်းခန့်ထည်ရဲ့ဆိုလိုရင်းကိုကွင်းကွင်းကွက်ကွက်သဘောပေါက်သည်မို့ ပြုံးတုံ့တုံ့မျက်နှာထားတွေနဲ့ခေါင်းတငြိမ့်ငြိမ့််လုပ်လာကြလေသည်။

သူတို့ခွေးစာလာကျွေးသလို မင်းခန့်ထည်ကလည်းသူတို့အားခွေးစာပြန်သွပ်ထည့်ပေးလိုက်တာကြောင့်ခါးသီးသွားရတာကိုတော့ဝန်ခံရမည်ပင်။

ရှိုင်းဇေယံကတော့ထိုပြုံးတုံ့တုံ့မျက်နှာထားတွေကိုသတိမမူမိလိုက်။သူ့အာရုံနဲ့သူဗျာများနေခဲ့ကာ ပန်းနုရောင်ဖိတ်စာလေးကိုသာတစ်ချိန်လုံးငုံ့ကြည့်နေရှာသည်။
သူ၏ရင်ထဲမှာတော့ပူလောင်ဆို့နစ်နေကာ မင်းခန့်ထည်သူ့အားပြန်ကြည့်လာတဲ့အခါသူခက်ခက်ခဲခဲနဲ့ပြုံးပြလိုက်ရင်း နာကျင်ထိုင်းမှိုင်းသောခံစားချက်တို့ကိုလျှို့ဝှက်စွာဖုံးကွယ်ပစ်လိုက်တော့သည်။

မင်းခန့်ထည်ရဲ့မျက်ဝန်းတွေကတော့ရှိုင်းဇေယံလေးကိုအကြင်နာတွေတနင့်တပိုးနဲ့ငေးစိုက်ကြည့်နေပြီး 'မင်းလေးလည်းမကြာခင်ကိုယ့်အပိုင်ဖြစ်တော့မှာ ' ဟူသောစကားလုံးတွေကိုမျက်ဝန်းတွေကနေတဆင့်ပြောပြနေပေမယ့်ရှိုင်းဇေယံကတော့အဓိပ္ပါယ်မကောက်နိုင်ခဲ့ပေ။

ထိုမျက်ဝန်းတွေကိုမြင်ရလေလေ သူ့နှလုံးသားကနာကျင်လာရလေလေဖြစ်တာကြောင့်အကြည့်လွှဲလိုက်တော့လေ၏။မင်းခန့်ထည်ကတော့အကောင်ပေါက်လေးက ရှက်သွားတာကြောင့်သူ၏အကြည့်တွေကိုရှောင်ဖယ်သွားတာဖြစ်မည်ဟုထင်လိုက်ကာ ကျေနပ်အားရစွာပြုံးလိုက်မိလေသည်။

သူတို့လေးယောက်တော်တော်ကြာတဲ့အထိစကားတွေဖောင်ဖွဲ့စွာပြောပြီးကြတဲ့နောက် မင်းစက်နဲ့ဟန်လင်းထက်က နေသူရိန်နဲ့ဆက်နောင်တို့ဆီသို့သွားရဦးမည်ဟူ၍ဆိုလာတာကြောင့်စကားကြောဖြတ်လိိုက်ကြသည်။

သူတို့၂ယောက်ကိုမင်းခန့်ထည်က ကုမ္ပဏီအောက်ထပ်ထိကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးလေရာ ရှိုင်းဇေယံကတော့ လက်ရှိအခြေအနေအရရုံးခန်းအပြင်ဘက်သို့ထွက်လာလို့မရသေးတာကြောင့်လိုက်မလာတော့ဘဲ ရုံးခန်းမှန်တံခါးနောက်ကနေသာမျက်လွှာလေးကိုတိတ်ဆိတ်စွာချလျက် အောက်ဘက်ကလူသုံးယောက်ကိုငုံ့ကြည့်နေလေသည်။သူ၏မျက်နှာလေးကတော့အနည်းငယ်ညှိုးရော်လို့နေလျက်။

"ဒါနဲ့ဒီနေ့ကမင်းတို့ Dateလား ? "

မင်းခန့်ထည်ကဟန်လင်းထက်တို့ကားထဲမဝင်မီ ထို၂ယောက်ကိုစုန်ချည်ဆန်ချည်ကြည့်ရင်းလှမ်းမေးလိုက်လေသည်။
သူတို့၂ယောက်က အဖြူရောင်လည်ပင်းဝိုင်းတီရှပ်ကလေးတွေနဲ့ဂျင်းပြဲဘောင်းဘီရှည်တို့ကိုဆင်တူဝတ်ဆင်ထားတာကြောင့်မင်းခန့်ထည်ကထိုသို့မေးမြန်းလိုက်ခြင်းဖြစ်သည်။

မင်းစက်က သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်ရင်းခေါင်းငြိမ့်ပြကာပြန်ဖြေလာခဲ့သည်မှာသူ၏စကားသံတို့ထဲ၌ပျော်ရွှင်ခြင်းအငွေ့အသက်တို့ကအကြွင်းမဲ့ပျော်ဝင်နေလေရဲ့။

"အဲ့လိုလည်းပြောလို့ရပါတယ် ဒါပေမယ့်လျှောက်လည်ခဲ့တာတော့မဟုတ်ဘူး ငါိတို့နှလုံးသားတွေအစပျိုးခဲ့တဲ့ ကျောင်းတော်ကြီးဆီသွားခဲ့တာ ..."

ထို့နောက်သူတို့ကားကကုမ္ပဏီရှေ့မှာလာရပ်သောအခါဟန်လင်းထက်ကကားနောက်ခန်းတံခါးကိုဖွင့်လိိုက်ပြီးမင်းစက်ကိုကားထဲမှာအရင်ဝင်ထိုင်စေလိုက်၏။သူကတော့ကားထဲမဝင်မီမင်းခန့်ထည်ဘက်သို့လှည့်ကာ ပခုံးတစ်ဖက်ကိုအားပြင်းပြင်းနဲ့ဖမ်းဆုပ်ကိုင်လိုက်ရင်းရယ်မောသံနဲ့အတူပြောလာလေသည်။

"သတင်းကောင်းကိုစောင့်နေမယ် ... "

"အေးပါကွာ ... မင်းတို့လည်းဂရုစိုက်ကြဦး " ဟုဆိုကာ မင်းခန့်ထည်က ဟန်လင်းထက်ရဲ့နောက်ကျောလေးကို ခပ်ဖြည်းဖြည်းပုတ်ပေးလိုက်လေသည်။

ဟန်လင်းထက်ကားထဲဝင်ပြီးနောက်ကားမှန်မတင်မီမင်းစက်ကဟန်လင်းထက်ကိုခွကျော်ရင်းပြတင်းပေါက်ကနေခေါင်းပြူထွက်လာကာမင်းခန့်ထည်အားကားအနားလာဖို့လက်ယက်ခေါ်လိုက်၏။

မင်းခန့်ထည်ကလည်းကားပြတင်းပေါက်နားတိုးကာသူ၏ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်လေသော် ထိုဗရုတ်သုတ်ခကောင်ပြောလာတဲ့သောက်ကျိုးနဲစကားတို့ကြောင့်ပြုံးနေပါတဲ့သူ၏နှုတ်ခမ်းတို့ကချက်ချင်းရွဲ့စောင်းသွားရတော့လေသည်။

"နောက်တစ်ပတ်အင်္ဂါနေ့နော် စာအိတ်ကိုဖောင်းဖောင်းလေးထည့်ခဲ့ !
ငါကမင်းရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတော့ကွာ အနည်းဆုံးသိန်းဂဏန်းလောက်တော့လုပ်သင့်တာပေါ့ဟုတ်ဘူးလား....အား..."

မင်းခန့်ထည်ကသည်းမခံနိုင်တော့တဲ့အဆုံးထိုမျက်နှာရူးကပျက်ကချော်ကောင်ရဲ့လည်ပင်းအားလက်မောင်းထဲထည့်ကာဆွဲညှစ်လာတာကြောင့်မင်းစက်မှာနာနာကျင်ကျင်နဲ့ယက်ကန်ယက်ကန်အော်ဟစ်လာတော့လေသည်။မင်းခန့်ထည်ကလည်းဒေါသတကြီးအံကြိတ်ကာဆဲဆိုလာခဲ့လေ၏။

" မင်းသာမင်္ဂလာဆောင်ပြီးရင် ဟန်လင်းထက်ကများ
အနိုင်ကျင့်မလားဆိုပြီး ပူပန်ပေးနေတဲ့ငါ့မျက်နှာကိုမှမထောက် ...မင်းကတော့ငါဆိုတဲ့သူငယ်ချင်းအရင်းကြီးအပေါ် ကိုစီးပွားတွက် , တွက်ရက်တယ်ပေါ့လေ ခွေးကောင် !!! "

ဟန်လင်းထက်ကတော့ ကလေးမဟုတ်သူငယ်မဟုတ်ရန်ဖြစ်နေကြပြန်ပါတဲ့ သူတို့အဖွဲ့ထဲကအသက်ကြီးဆုံးကလေးကြီး၂ယောက်ရဲ့အချစ်စမ်းပွဲအား စိတ်ညစ်ညစ်နဲ့ဝင်ဆွဲရပြန်လေ၏။

ဒီလိုနဲ့အချိန်တော်တော်ကြာမှ BMWကားလေးကကုမ္ပဏီကနေထွက်သွားနိုင်တော့လေသည်။

မျက်နှာကြီးနီရဲနေတဲ့မင်းစက်က စပ်ဖျဥ်းဖျဥ်းနာကျင်သွားရသောသူ၏လည်ပင်းအားပွတ်ကိုင်လိုက်ရင်း အနောက်၌ကျန်ရစ်ခဲ့သောဒေါသအိုးအားကားပေါ်ကနေလှည့်ကြည့်လိုက်ကာ လမ်းတစ်လျှောက်လုံးတရစပ်ကျိန်ဆဲသွားတော့လေသည်။ဟန်လင်းထက်ကတော့ရေခဲစိမ်တဘက်တစ်ခုနဲ့ မင်းစက်ရဲ့နီရဲနေတဲ့လည်ပင်းအားအုပ်ပေးလိုက်ရင်း သူ၏အသည်းစိုင်လေးပြောသမျှစကားလုံးတိုင်းကိုတအင်းအင်းနဲ့ထောက်ခံပေးနေရှာလေသည်။

ရုံးခန်းထဲကိုမင်းခန့်ထည်ပြန်ရောက်လာတော့ရှိုင်းဇေယံကမှန်ပြတင်းပေါက်ရှေ့၌မတ်တပ်ရပ်နေဆဲပဲဖြစ်ကာ တစ်နေရာရာကိုစိတ်လွင့်စွာငေးကြည့်နေလေသည်။ မင်းခန့်ထည်ကပိန်ပါးပါးကောင်လေးကိုအသံမပေးဘဲအနောက်ကနေသိုင်းဖက်လိုက်တဲ့အခါ စိတ်လွင့်နေတဲ့ရှိုင်းဇေယံလေးကထိတ်လန့်လို့သွားပြီးကိုယ်လေးမှာတုန်ခါသွားရတာကြောင့်မင်းခန့်ထည်ကခပ်အုပ်အုပ်ရယ်လာလေသည်။

"ဘာတွေတွေးနေပြန်တာလဲ ကို့ကလေးလေးရဲ့ ... "

ရှိုင်းဇေယံကသူ၏ဝမ်းဗိုက်အရှေ့ဘက်ကတစ်ယောက်သောသူရဲ့လက်၂ဖက်ကိုဆုပ်ကိုင်လိုက်ရင်းတိုးတိုးလေးပြန်ဖြေလာသည်။

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်းငေးနေမိတာ .. "

မင်းခန့်ထည်ကရှိုင်းဇေယံရဲ့နို့နှစ်ရောင်ဂုတ်သားလေးကိုဖွဖွလေးနမ်းရှိုက်လိုက်ပြီးနောက်ကောင်လေးရဲ့နားနားကပ်ကာ ရှိုင်းဇေယံကိုဖက်ထားတဲ့သူ၏လက်မောင်းတွေကိုပိုမိုတင်းကြပ်စေလိုက်ပြီး အချစ်တွေပြည့်နေတဲ့စကားသံတို့ဖြင့်ဆိုလာသည်။

"ရှိုင်းလေး ကိုယ်မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာမင်းသိတယ်မှတ်လား ? "

"အင်း"

"မနက်ဖြန်ကျရင်ကိုယ်တို့လည်းခရီးသွားကြရအောင် "

"ဟင် ဘယ်ကိုလဲ ? "

"ကိုယ်တို့ရဲ့ချစ်ခြင်းတွေကိုမြှုပ်နှံထားခဲ့တဲ့တစ်နေရာဆီကိုပေါ့ "

••••••••••••••••••••••••••••••••••••••••••••••••••

Extra5ရေးတာ တအားရှည်သွားလို့၂ပိုင်းခွဲထားပါတယ် 😅

ဒီအပိုင်းရဲ့အချိန်ကာလက Extra3မှာ ရှိုင်းဆက်ယံတို့ထွက်သွားပြီးနောက်ပိုင်းအချိန်လေးကိုရေးထားတာပါ။

ဒီအချိန်အပိုင်းအခြားမှာမင်းခန့်ထည်က F Gardenကိုလည်းဦးစီးနေသလိုတစ်ဖက်မှာလည်း CEOနေရာကိုပြန်ဝင်ရောက်လာပြီဖြစ်ပေမယ့်တရားဝင်တော့ပြန်မဆက်ခံရသေးပါဘူး။မင်းခန့်ထည်က MK Gpရဲ့ CEOနေရာကိုMr. Devilအစပိုင်းကျမှတရားဝင်ပြန်ဆက်ခံခဲ့တာပါ။

Thanks for reading.😘

••••••••••••••••••••••••••••••••••••••••••••••••••

အခ်ပ္ပို (၅) အပိုင္း (၁)- CEOရဲ႕အသည္းအသက္ေလး

Zawgyi

[ေရလိႈင္းေလးနဲ႔ဆင္တူေသာ ကိုယ့္ရဲ႕အခ်စ္ဦး ]

က်ေနာ္႕ရဲ႕ဘဝမွာအခ်စ္ဆိုတဲ့အရာနဲ႔ဘယ္ေတာ့မွထိေတြ႕စရာမလိုဘူးလို႔ က်ေနာ္မွတ္ယူခဲ့ဖူးတယ္။

ခ်စ္စရာေကာင္းတဲ့ေကာင္ေလးတစ္ေယာက္က်ေနာ္႕ဘဝႀကီးထဲကိုတစ္လွမ္းခ်င္းတိုးကာဝင္ေရာက္ယွက္ႏြယ္မလာခင္အထိေပါ့။

က်ေနာ္႕ရဲ႕ေအးစက္စက္ႏွလုံးအိမ္က တစ္ေယာက္ေသာသူေၾကာင့္လႈပ္ခတ္လာခဲ့ၿပီးတဲ့ေနာက္မွာက်ေနာ္သိခဲ့ရတာက အခ်စ္ဆိုတဲ့အရာကသိပ္လွပလြန္းတယ္ဆိုတာပဲ။
သိမ္ေမြ႕နက္႐ိႈင္းၿပီးအက္ကြဲေႂကြမြလြယ္ေပမယ့္ ဒီအခ်စ္ကိုက်ေနာ္သိပ္တန္ဖိုးထားမိသလိုအလြန္တရာလည္းျမတ္ႏိုးမိတယ္။

'႐ိႈင္းေဇယံ'ဆိုတဲ့လူသားေလးေၾကာင့္ျဖစ္တည္လာရတဲ့ ေပ်ာ္႐ႊင္ျခင္း၊ဝမ္းနည္းျခင္း၊လြမ္းဆြတ္တမ္းတျခင္းဆိုတဲ့ေထြလာေသာင္းေျပာင္းေသာစိတ္ခံစားခ်က္အေရာအေႏွာတို႔ဟာက်ေနာ္႕ဘဝအတြက္မ႐ွိမျဖစ္လိုအပ္ခဲ့တဲ့တန္ဖိိဳးအ႐ွိဆုံးအရာေတြပဲ။

ဒါေၾကာင့္ က်ေနာ္႕ရင္ထဲမွာ အခုျဖစ္တည္ေနတဲ့ဆႏၵကတစ္ခုတည္း။

က်ေနာ္႕ရဲ႕က်န္႐ွိေနတဲ့တိုေတာင္းလွေသာဘဝသက္တမ္းကို႐ိႈင္းေဇယံဆိုတဲ့ က်ေနာ္သိပ္ခ်စ္ရပါေသာလူသားေလးနဲ႔ သက္ဆုံးတိုင္ထိထာဝရခ်ည္ေႏွာင္ထားပစ္လိုက္ဖိိဳ႕သာ။

အျဖဴေရာင္ဆက္တီစားပြဲထက္၌တင္ထားတဲ့ Blackcoffeeခြက္ေလးဆီကေန ပ်ံ႕လြင့္လာတဲ့အပူေငြ႕တို႔ဟာေလထုထဲကိုတိုးဝင္ေပ်ာက္ကြယ္လို႔သြားလ်က္။

Fitျဖစ္လွတဲ့နက္ျပာေရာင္အေပၚထပ္ကုတ္ကိုေဘးစင္းလိုင္းတစ္လိုင္းပါတဲ့လယ္သာေဘာင္းဘီ႐ွည္နဲ႔တြဲဖက္ဝတ္ဆင္ထားေသာအသက္၂၀ေက်ာ္အ႐ြယ္႐ွိ ေခ်ာေမာခန္႔ညားသည့္လူငယ္တစ္ေယာက္သည္ အညိဳေရာင္ဆိုဖာဆက္တီခုံ၌ေျခခ်ိတ္ထိုင္ကာ စားပြဲထက္ကအေငြ႕တေထာင္းေထာင္းထေနေသာေကာ္ဖီခြက္ေလးကိုမွင္ေသေသနဲ႔စိုက္ၾကည့္လို႔ေနေလသည္။
သူ၏ပုံစံကအေတြးပင္လယ္ထဲမွာနက္နက္နဲနဲ႐ြက္လႊင့္ေနတဲ့ပုံပင္။

အနက္ေရာင္ဝတ္စကုတ္ေလးနဲ႔ဒူးအထိဖုံးတဲ့အနက္ေရာင္စကပ္ေလးကိုဝတ္ဆင္ထားတဲ့မ်က္ႏွာဝိုင္းဝိုင္းေလးနဲ႔အေရာင္းစာေရးမေလးသည္ ေခ်ာေမာၾကည့္ေကာင္းေသာလူငယ္ေလး႐ွိရာဆီသို႔တန္းတန္းမတ္မတ္ေလွ်ာက္လာၿပီးေနာက္ သူမ၏လက္၂ဖက္ကိုေ႐ွ႕ဖက္သို႔သြယ္ယွက္ထားလ်က္ တ႐ိုတေသနဲ႔စကားဆိုလာခဲ့ေပသည္။

"CEO႐ွင့္ CEOမွာထားတဲ့လက္စြပ္ေလးေတြရပါၿပီတဲ့..
ပုံသြင္းထားတဲ့လက္စြပ္ေလးေတြစိတ္တိုင္းက်မက်ၾကည့္ေပးဖို႔အတြက္ သူေဌးကက်မကိုေခၚခိုင္းလိုက္ပါတယ္ "

နက္ျပာေရာင္ Suitနဲ႔လူငယ္ေလးသည္သူမစကားကိုၾကားေတာ့မ်က္လုံးပင့္ၾကည့္လာကာတည္ၿငိမ္စြာႏွင့္ေခါင္းအသာၿငိမ္္႕ျပလာသည္။ ထိုလူငယ္ေလးက သူ၏ေျခတံ႐ွည္ေတြကိုခ်လ်က္ထရပ္လိုက္ေလေသာ္ သူ႕ရဲ႕အရပ္ကအေရာင္းစာေရးမေလးထက္ေခါင္း၂လုံးစာမကပို႐ွည္ေနကာအေရာင္းစာေရးမေလးမွာေခါင္းေမာ့ၾကည့္ေနရ၍ဇက္နာသြားေတာ့သည္။

ေတာက္ေျပာင္တဲ့လယ္သာ႐ွဴးဖိနပ္ကေန
ဟိန္းထြက္လာတဲ့ဖိနပ္ခြာသံက အျဖဴေရာင္စက်င္ေက်ာက္ျပားေတြခင္းက်င္းထားတဲ့လက္ဝတ္ရတနာအေရာင္းခန္းမထဲတြင္အ႐ွိန္အဝါအျပည့္ႏွင့္ပ်ံ႕ႏွံ႔႐ိုက္ခတ္သြား၏။

နက္ျပာေရာင္ Suitနဲ႔လူငယ္ေလးမွာအရပ္190 cmနီးပါး႐ွည္ၿပီးက်ယ္ျပန္႔ေသာ
ပုခုံးျပင္တို႔နဲ႔အတူေတာင့္ေျဖာင့္႐ွည္သြယ္ေသာေျခတံ႐ွည္တို႔႐ွိ၏။ သူကနက္ေမွာင္ထူထဲတဲ့ဆံသားတို႔ကို ဂ်ယ္နဲ႔အတူအေနာက္ဘက္သို႔တည္ၾကည္ခန္႔ညားစြာသပ္တင္ထားၿပီး စူး႐ွ႐ွည္လ်ားေသာမ်က္ဝန္းေတြကေတာ့နက္႐ိႈင္းေတာက္ပေပမယ့္လို႔ေအးစက္စက္အေငြ႕အသက္တို႔ျဖာထြက္လို႔ေနလ်က္။

သူ၏ႏႈတ္ခမ္းလႊာတို႔ကိုတင္းတင္းေစ့ပိတ္ထားတာေၾကာင့္ကႀကီးပုံေရးေရးေလးေကြးေနၿပီး လွပေသာႏႈတ္ခမ္းတစ္လႊာကိုပိုင္ဆိုင္ထားသည့္အျပင္ေပၚလြင္ေျဖာင့္စင္းတဲ့ႏွာတံနဲ႔ တေစာက္မတ္မတ္တက္ေနတဲ့ပိတုန္းေရာင္မ်က္ခုံးသားတို႔ေၾကာင့္ တည္ၿငိမ္ရင့္က်က္ျခင္းတို႔နဲ႔အတူ ေတာ္ဝင္ဆန္ၿပီးထည္ဝါသည့္အလင္းေရာင္တို႔ကထိုလူငယ္ေလးလမ္းေလွ်ာက္လာသည့္ေျခလွမ္းတိုင္း၌လင္းထင္းစြာျဖာထြက္ေတာက္ပေန၏။

ထိုသူမွာ MK Gpရဲ႕တစ္ဦးတည္းေသာအေမြဆက္ခံသူျဖစ္တဲ့အျပင္ ေ႐ႊစံအိမ္ရဲ႕ရင္ႏွစ္သည္းျခာေ႐ႊမင္းသားေလးျဖစ္တဲ့ သခင္ေလးမင္းခန္႔ထည္သာျဖစ္ေပသည္။

ဆိုင္၏မ်က္ႏွာက်က္၌ခ်ိတ္ဆြဲထားေသာမီးဆိုင္းေတြဆီကေနအလင္းျပန္ေနသည့္မွန္နံရံေတြကို မင္းခန္႔ထည္ကေက်ာ့ေမာခန္႔ညားမႈအျပည့္နဲ႔ျဖတ္သန္းလာၿပီးတဲ့ေနာက္ အေရာင္းစာေရးမေလးဖြင့္ေပးလာေသာအခန္းတစ္ခုဆီသို႔ဝင္သြားလိုက္ေလသည္။

သူ၏ေျခသံၾကားေတာ့ စားပြဲထက္၌ထိုင္ၿပီးလက္ဝတ္ရတနာေတြကိုအေရာင္တင္ေနပါေသာလူငယ္ေလးကသူ႕အားၾကည့္ရင္းျပဳံးျပလာခဲ့ေပသည္။မင္းခန္႔ထည္ကႏႈတ္ခမ္းေထာင့္စြန္းတို႔ကိုအနည္းအက်ဥ္းတြန္႔ေကြး႐ုံမွ်သာျပဳံးျပလိုက္ၿပီးေနာက္ တည္တင္းေအးစက္ေသာမ်က္ႏွာထားကိုျပန္လည္ခ်ိတ္ဆြဲထားလိုက္ေတာ့သည္။

"အကို မင္း မရီးကိုပ႐ိုပို႔စ္လုပ္ဖို႔ျပင္ဆင္ေနၿပီေပါ့ေလ "

မင္းခန္႔ထည္ကခပ္လွမ္းလွမ္း႐ွိဆက္တီခုံတြင္ဝင္ထိုင္လိုက္ကာ ထိုအေျပာကိုဝန္ခံသည့္ႏွယ္တိုေတာင္းလွေသာအျပဳံးေလးတစ္ပြင့္ျဖင့္သာတုံ႔ျပန္လာခဲ့ေလသည္။

မင္းခန္႔ထည္၏ဝန္ခံလာသည့္အျပဳံးကိုျမင္ေတာ့လူငယ္ေလးက ျပဳံးစိစိမ်က္ႏွာထားနဲ႔ထရပ္လိုက္ကာအံဆြဲထဲက ေလးေထာင့္မွန္ေဘာင္ေလးကိုထုတ္ယူလိုက္ၿပီး မင္းခန္႔ထည္႐ွိရာဆက္တီခုံသို႔ေလွ်ာက္လာၿပီးေနာက္ ကမ္းေပးလာခဲ့ေလသည္။

ထို႔ေနာက္သူက တစ္ဖက္ခုံမွာဝင္မထိုင္ဘဲ မင္းခန္႔ထည္ထိုင္ေနတဲ့ဆက္တီလက္တင္မွာတင္ ေနာက္ျပန္ထိုင္ခ်လိုက္ၿပီး မင္းခန္႔ထည္လက္ထဲေရာက္သြားၿပီျဖစ္ေသာလက္စြပ္ေလးေတြကိုမ်က္ဝန္းေထာင့္ကေနေစာင္းငဲ့ၾကည့္ေနခဲ့သည္။

မင္းခန္႔ထည္တုံ႔ျပန္လာတဲ့အမူရာအဆင့္ဆင့္ကိုေဘးတေစာင္းအေနအထားနဲ႔တိတ္တဆိတ္အကဲခတ္ေနကာ
သူျပန္ျပင္သင့္မျပင္သင့္ဆိုတဲ့အေျဖစကားကိုစိတ္႐ွည္႐ွည္နဲ႔ေစာင့္ဆိုင္းေနေပသည္။

ထိုလက္ဝတ္ရတနာဆိုင္က MK gpရဲ႕အႏြယ္ေတာ္ဝင္မိသားစုတစ္စုကတည္ေထာင္ထားတဲ့ဘိုးစဥ္ေဘာင္ဆက္အေမြခံဆိုင္တစ္ခုျဖစ္ၿပီး မင္းခန္႔ထည္လက္ေအာက္မွာ႐ွိတဲ့တန္ဖိုးမနည္းေသာ႐ွယ္ယာစုတစ္စုလည္းျဖစ္သည္။

ဒါ့ေၾကာင့္သူ၏သူေဌးျဖစ္သူကိုစိတ္တိုင္းမက်ျဖစ္ေအာင္လုပ္မိမွာကိုသူအေတာ္အတန္ေၾကာက္မိေလ၏။

ၿပီးေတာ့ဒီပစၥည္းကနယ္နယ္ရရပစၥည္းလည္းမဟုတ္ေပ။သူ၏အကိုဝမ္းကြဲျဖစ္သူ MK Gpရဲ႕CEOကိုယ္တိုင္ေန႔မအိပ္ညမအိပ္ဆယ္ရက္တိတိေရးဆြဲထားပါတဲ့ မရီးျဖစ္သူအတြက္ခ်စ္သက္လက္ေဆာင္ျဖစ္တာေၾကာင့္ သူထိုလက္စြပ္ေတြကိုပုံေဖာ္စဥ္တုန္းကဆို
နဲနဲေလးေတာင္မေပါ့ဆရဲခဲ့ေပ။

မင္းခန္႔ထည္ဆိုတဲ့လူမ်ိဳးက ႐ိႈင္းေဇယံဆိုတဲ့သူ၏ခ်စ္ရသူနဲ႔ပတ္သတ္လာလွ်င္နည္းနည္းေလးေတာင္အမွားမခံတဲ့အခ်စ္ႀကီးသူႀကီးျဖစ္တာေၾကာင့္ တစ္စုံတစ္ရာခြၽတ္ေခ်ာ္သြားပါမူ သူ၏အကိုတစ္ဝမ္းကြဲဟာမ်က္ေတာင္ေလးတစ္ခ်က္ေတာင္မခတ္ပဲ သူ႕အားဒီဆိုင္ကေန အညႇာတာမဲ့စြာကန္ထုတ္ပစ္လိုက္မည္မွာဧကန္ပင္။

ထိုလူငယ္ေလးမွာမင္းခန္႔ထည္တစ္ေယာက္ လက္စြပ္ေလးကိုအေသးစိတ္ၾကည့္႐ႈစစ္ေဆးေနတဲ့အခ်ိန္ကာလတစ္ေလွ်ာက္လုံးအသက္ျပင္းျပင္းမ႐ွဴရဲေပ။

မင္းခန္႔ထည္က White goldလက္စြပ္ေလး၂ကြင္းကိုသူ၏က်ယ္ျပန္႔ေသာလက္ဖဝါးျပင္ေပၚ၌တင္လိုက္ၿပီးေနာက္တျခားလက္တစ္ဖက္နဲ႔ကိုင္ကာ
လက္စြပ္ေလးကို သူ၏မ်က္ေတာင္ေမႊးတို႔အရိပ္က်တဲ့ေနရာထိတိုင္ေအာင္ အျမင္အာ႐ုံနဲ႔တစ္စထက္တစ္စနီးကပ္ေစလိုက္ၿပီး လက္စြပ္ေလးရဲ႕အျပင္ဘက္မ်က္ႏွာျပင္တစ္ေလွ်ာက္၌ အႏုစိတ္ထြင္းထားပါေသာေရလိႈင္းပုံစံစီျခယ္ထားသည့္စိန္တန္းေလးေတြကို စူး႐ွေတာက္ပတဲ့မ်က္ဝန္းတစ္စုံနဲ႔လွည့္ပတ္ၾကည့္လိုက္၏။

လက္စြပ္၂ကြင္းအနက္တစ္ကြင္းကသာ စိန္အေသးေလးေတြစီတန္းထားေသာေရလိႈင္းပုံစံေလးေတြပါၿပီးက်န္တစ္ကြင္းထက္ပိုေသး၏။ က်န္တစ္ကြင္းကေတာ့ သာမန္ဆန္တဲ့ေျပာင္လက္စြပ္ကြင္းသာျဖစ္ၿပီး လက္စြပ္၂ကြင္းရဲ႕တူညီတဲ့အခ်က္တစ္ခ်က္ကေတာ့ လက္စြပ္ေလးေတြရဲ႕အတြင္းဘက္မ်က္ႏွာျပင္၌
'K 💗 S'ဆိုတဲ့အကၡရာစာလုံးေလးေတြထြင္းထားျခင္းပင္။

မင္းခန္႔ထည္ကလက္စြပ္ေလး၂ကြင္းကိုအခ်ိန္တစ္ခုၾကာတဲ့အထိေသခ်ာစစ္ေဆး႐ႈစားၿပီးေနာက္ မွန္ေဘာင္ေလးေပၚခပ္ဖြဖြျပန္ခ်ထားလိုက္ကာ ေဆာင္းရာသီရဲ႕ေနမင္းတစ္စင္းကဲ့သို႔ေႏြးေထြးလွတဲ့ပီတိအျပဳံးနဲ႔အတူၾသ႐ွ႐ွဆိုလာခဲ့သည္။

"Packingထုပ္လိုက္ေတာ့ ! "

ထိုအခါမွ အေနာက္နား႐ွိလူငယ္ေလးလည္းသက္ျပင္းေမာခ်ႏိုင္သြားကာသူ၏လက္ညိႇဳးနဲ႔လက္မေလးကိုထိစပ္ေကြးလိုက္ရင္း
"Ok အကို က်ေနာ္႕ရဲ႕ဒီလက္ရာကိုသေဘာက်တာေသခ်ာတယ္ေနာ္ ေနာက္မွမရီးကသေဘာမက်လို႔ဘာညာဆိုၿပီးက်ေနာ္႕ကိုဒီဆိုင္ကေနကန္ထုတ္လို႔ကေတာ့ က်ေနာ္အကို႔ကိုတရားစြဲပစ္မွာ! "

လူငယ္ေလးစကားၾကားေတာ့မင္းခန္႔ထည္ကဟက္ခနဲရယ္ခ်လိုက္ၿပီး ၿခိမ္းေျခာက္တဲ့အေငြ႕အသက္တို႔ပါသည့္ေလသံနဲ႔ဆိုလာသည္။
"မင္းတရားစြဲမွာကိုငါကေၾကာက္ေနမယ္ထင္လား မင္းလက္ရာကို႐ိႈင္းေလးကမႀကိဳက္မွေတာ့မင္းကိုကန္ထုတ္တာကျဖစ္သင့္တာပဲမဟုတ္ဘူးလား ? "

လူငယ္ေလးမွာအကိုဝမ္းကြဲျဖစ္သူအား
နာက်ည္းသြား၍ေျခေဆာင့္လိုက္ေတာ့ေလသည္။
"ဟြန္႔! မတရားလိုက္တာ "

မင္းခန္႔ထည္ကခပ္သာသာျပဳံးကာထရပ္လိုက္ၿပီးေနာက္ေကာင္ေလးရဲ႕ေခါင္းကိုတစ္ခ်က္ခပ္နာနာေတာက္ခ်လိုက္ကာ နက္႐ိႈင္းေလးနက္တဲ့ေလသံၾသၾသနဲ႔အတူ လူငယ္ေလးအားသတိေပးလာခဲ့ေခ်သည္။

"ငါ့အတြက္ေတာ့႐ိႈင္းေလးေျပာသမွ်ကအရာရာပဲ
ဒါေၾကာင့္မင္းလက္ရာကိုငါ့ဇနီးေလးသေဘာက်ေအာင္သာဆုေတာင္းေနလိုက္ ! မဟုတ္လို႔ကေတာ့ေဂ်ာင္းေပေတာ့ " ဟူ၍။

'ဘာလဲဘာလဲ တကယ္ဆိုငါကသူေပးတဲ့ဒီဇိုင္းကိုပုံေဖာ္ေပးတာပဲ႐ွိတာေလ။ တကယ္ဆို ဒီဇိုင္းဆြဲတဲ့လူနဲ႔ပဲသက္ဆိုင္တာမဟုတ္ဘူးလား။ငါနဲ႔ဘာဆိုင္လို႔လဲလို႔ ! '

လူငယ္ေလးမွာအျပင္ပန္းတြင္ေတာ့မင္းခန္႔ထည္ကိုၾကည့္၍ဖ်စ္ညစ္ျပဳံးျပလို႔ေနေပမယ့္လို႔သူ၏အတြင္းဘက္တြင္မူ မ်က္ရည္မိုးတို႔ၿဖိဳင္ၿဖိဳင္က်လ်က္ ႀကိတ္ငိုေန႐ွာေလသည္။

I want Justice!!!!

.......

လက္ဝတ္ရတနာဆိုင္ကေနထြက္လာခဲ့ၿပီးေနာက္မင္းခန္႔ထည္သည္ သူ၏ခ်စ္သူေလးနဲ႔ေတြ႕ဆုံဖို႔အတြက္ MK Gpရဲ႕ကုမၸဏီခြဲတစ္ခုဆီသို႔ကိုယ္တိုင္ကိုယ္က်ကားေမာင္းထြက္လာခဲ့လိုက္သည္။

႐ိႈင္းေဇယံက Englandကေနျပန္လာၿပီးေနာက္ပိုင္း ဒီႏိုင္ငံရဲ႕ပန္းခ်ီျပပြဲေတာ္ေတာ္မ်ားမ်ားမွာပညာ႐ွင္အဆင့္အေနနဲ႔သတ္မွတ္ျခင္းခံထားရကာပန္းခ်ီေလာကမွာနာမည္တစ္ခုနဲ႔ရပ္တည္ေနၿပီျဖစ္ေလသည္။

ထိုမွ်သာမက သူဟာ ဗိသုကာပညာ႐ွင္ျဖစ္ခ်င္တဲ့အိမ္မက္ကိုလည္းမစြန္႔လႊတ္ခဲ့တာေၾကာင့္ဗိသုကာလက္ရာေတြကို ဒီဇိုင္းေရးဆြဲရာ၌လည္း ပေရာ္ဖက္႐ွင္နယ္တစ္ေယာက္ျဖစ္ကာ သူ႕ရဲ႕လက္ရာေတြကိုႏွစ္ၿခိဳက္သေဘာက်ၾကသည့္နာမည္ႀကီးလုပ္ငန္းစုေတြက႐ိႈင္းေဇယံဆိုတဲ့ပညာ႐ွင္ေလးကိုသူတို႔လက္ေအာက္သို႔ေခၚသြင္းခ်င္ေနၾကသည္မွာ
တစ္ဦးနဲ႔တစ္ဦးအၿပိဳင္အဆိုင္ျဖစ္လို႔ေနသည္။

သို႔ေပမယ့္ ထိုပညာ႐ွင္ေလးကို MK Gpဆိုတဲ့ေ႐ႊေရာင္အလင္းတန္းႀကီးက ျမန္ျမန္ဆန္ဆန္ပဲအုပ္မိုးထားလိုက္ပါေလေသာ္အကုန္လုံးမ်က္ရည္စက္လက္ႏွင့္ေနာက္ဆုတ္သြားၾကေပေတာ့သည္။

ထို႔ေနာက္ သူတို႔သိလိုက္ရတာက
ထိုဗိသုကာပညာ႐ွင္ေလးဟာ အ႐ွိန္အဝါႀကီးတဲ့ေနရာမွာႏွစ္ေယာက္မ႐ွိတဲ့အျပင္ စီးပြားေရးေစ်းကြက္ကိုကြၽမ္းက်င္ပိုင္ႏိုင္စြာေဆာ့ကစားႏိုင္တဲ့ ငယ္႐ြယ္ထက္ျမက္ေသာ
MK Gpရဲ႕အေမြဆက္ခံသူ CEOမင္းခန္႔ထည္ရဲ႕တစ္ဦးတည္းေသာအသည္းအသက္ေလးျဖစ္ေနသည့္အေၾကာင္းကိုပင္။

CEOမင္းခန္႔ထည္ကေတာ့လြန္ခဲ့တဲ့၆ႏွစ္ကတည္းကသူ၏အသည္းေက်ာ္ေလးအေၾကာင္းကိုတစ္ကမ႓ာလုံးသိေအာင္အတိအလင္းေၾကျငာခဲ့ၿပီးၿပီျဖစ္ကာ ထိုသတင္းထြက္လာတဲ့အခ်ိန္တုန္းကဆို
မင္းခန္႔ထည္နဲ႔လက္ဆက္ခ်င္ေနပါသည့္သမီး႐ွင္ေတြျဖစ္တဲ့စီးပြားေရးလုပ္ငန္း႐ွင္ေတာ္ေတာ္မ်ားမ်ားခမ်ာ ႀကီးစြာေသာထိုးႏွက္ခ်က္တစ္ခုကိုအလူးအလဲခံခဲ့ရတာမွသိပ္မေျဖဆည္ႏိုင္ေသးခင္မွာပင္
လြန္ခဲ့တဲ့၆ႏွစ္ကအတိုင္းေခြးေသြးနဲ႔ထပ္အပက္ခံလိုက္ရတာေၾကာင့္ စီးပြားေရးလုပ္ငန္း႐ွင္ေတာ္ေတာ္မ်ားရဲ႕ေမွ်ာ္လင့္ခ်က္ေတြအားလုံးဟာ
သဲထဲေရသြန္ခ်ပစ္လိုက္သကဲ့သို႔လုံးဝေရစုန္ေမွ်ာသြားၾကေတာ့ေလသည္။

'ဘာလို႔မ်ားထက္ျမက္ၿပီးငယ္႐ြယ္ေခ်ာေမာတဲ့လူငယ္ေလးေတြက သူတို႔အခ်င္းခ်င္းပဲျပန္ႀကိဳက္ေနၾကတာလဲလို႔ ....'

သူတို႔လိုသာမညေညာင္ေလးေတြက MK Gpရဲ႕ CEOကိုေက်ာ္ၿပီးဘယ္လိုလုပ္အကဲစမ္းရဲပါ့မလဲ ?
မစားရအေညႇာ္ခံဘဝနဲ႔ေနရတာကသာ အ႐ွင္လတ္လတ္ေသရမည္ထက္ပိုေကာင္းေပလိမ့္မည္ပင္။

အနက္ေရာင္ SUVကားတစ္စီးက ကုမၸဏီေ႐ွ႕၌ရပ္လာတဲ့အခ်ိန္တြင္ကုမၸဏီအတြင္းပိုင္း၌ခ်က္ခ်င္းဆိုသလို႐ုတ္႐ုတ္သဲသဲျဖစ္သြားရကာ မန္ေနဂ်ာခ်ဳပ္ဆိုသူက ကုမၸဏီေ႐ွ႕သို႔ပ်ာတိပ်ာယာနဲ႔သုတ္ေျခတင္ကာေျပးထြက္လာၿပီးေနာက္ ကားတံခါးကိုအျမန္ဖြင့္ေပးလာခဲ့ေလသည္။

အနက္ေရာင္လယ္သာ႐ွဴးဖိနပ္တစ္ရံက စက်င္ေက်ာက္ျပားေပၚအရင္ေျခခ်လိုက္ၿပီးတဲ့အခါအရပ္႐ွည္႐ွည္နဲ႔ေခ်ာေမာခန္႔ညားတဲ့ လူငယ္ေလးသည္ ညိႇဳ႕ခ်က္ျပင္းတဲ့အ႐ွိန္အဝါတစ္ခုနဲ႔အတူကုမၸဏီထဲသို႔ေလွ်ာက္ဝင္သြားေတာ့ေလသည္။

"ဒါ႐ိုက္တာ႐ိႈင္းေကာ ? "

မင္းခန္႔ထည္ကခါးမတ္မတ္နဲ႔တည္ၾကည္ခန္႔ညားစြာေ႐ွ႕၌ေလွ်ာက္ေနရင္းကေနေနာက္၌လိုက္ပါလာေသာလူအုပ္ႀကီးထဲကမွမန္ေနဂ်ာခ်ဳပ္ျဖစ္သူကိုလွမ္းေမးလိုက္သည္။မန္ေနဂ်ာခ်ဳပ္က သူေဌးျဖစ္သူရဲ႕အေမးကိုၾကားေတာ့ခပ္ျမန္ျမန္ျပန္ေျဖလာသည္။

"Meeting roomထဲမွာပါ။ Designဌာနနဲ႔လုပ္ငန္းပိုင္းဆိုင္ရာတင္ျပခ်က္အသစ္ေတြကိုေဆြးေႏြးေနပါတယ္ "

"ဘယ္အခ်ိန္ထဲကလဲ "

"မနက္၁၀နာရီထဲကပါ "

မင္းခန္႔ထည္ကဓာတ္ေလွကားထဲကိုဝင္လိုက္ၿပီးေနာက္သူ၏လက္ေကာက္ဝတ္က နာရီဆီသို႔အၾကည့္ပို႔လိုက္၏။အခ်ိန္မွာေန႔လည္၁နာရီ႐ွိၿပီျဖစ္ကာ ႐ိႈင္းေဇယံက Meeting roomထဲမွာသုံးနာရီတိတိထိုင္ေနခဲ့တာက်ိန္းေသေပါက္ပင္။

ေန႔လည္စာစားဖို႔မေမ့ရန္နဲ႔အလုပ္ေတြဆက္တိုက္လုပ္မေနဖို႔ မနက္ကသူအတန္တန္မွာလိုက္ေပမယ့္ ဒီကေလးကသူ႕စကားကိုအေလးအနက္မထားတာေၾကာင့္ မင္းခန္႔ထည္ရဲ႕မ်က္ခုံးေတြကတင္းၾကပ္စြာတြန္႔ခ်ိဳးသြားရေတာ့သည္။

ေမွာင္မိုက္ေနၿပီျဖစ္တဲ့မင္းခန္႔ထည္ရဲ႕အမူအရာအေျပာင္းအလဲကိုသတိထားမိတဲ့ မန္ေနဂ်ာခ်ဳပ္က ခ်စ္သူ၂ေယာက္ၾကားကေတာက္ကဆမျဖစ္ေစဖို႔ရာအတြက္ ဖုံးဖိသည့္ႏွယ္ရယ္က်ဲက်ဲႏွင့္ျဖန္ေျဖေျပာလိုက္ေလသည္။

"၃နာရီေတာင္ၾကာတယ္ဆိုေပမယ့္ ဒါ႐ိုက္တာက အလုပ္ကိုေတာက္ေလွ်ာက္ႀကီးလုပ္ေနတာမ်ိဳးမဟုတ္ပါဘူး ခနတျဖဳတ္နားတာလည္း႐ွိပါတယ္ "

မင္းခန္႔ထည္ကဘာတစ္ခြန္းမွမဆိုလာဘဲမ်က္ႏွာေသႀကီးျဖင့္သာဓာတ္ေလွကားထဲ၌ရပ္ေနကာ သူကအသက္ျပင္းျပင္း႐ွဴလာၿပီးေနာက္ မ်က္ခုံးေတြကပိုလို႔ေတာင္တြန္႔က်ံဳ႕သြားေသးေလ၏။

ဓာတ္ေလွကားကတစ္ထပ္ၿပီးတစ္ထပ္တက္သြားေနစဥ္တြင္ထိုဓာတ္ေလွကားထဲမွာ ေအးစက္သိပ္သည္းသည့္ခပ္မိႈင္းမိႈင္းေလထုကလႊမ္းျခဳံရစ္ဝဲလာတဲ့အခါ အေနာက္ဘက္႐ွိ မန္ေနဂ်ာခ်ဳပ္မွာမူ ေခြၽးေအးေတြေၾကာင့္လက္ဖ်ားေျခဖ်ားေတြပါေအးစက္လာရေတာ့သည္။

ထိုစဥ္မွာပင္ သူေဌးျဖစ္သူရဲ႕ေရခဲ႐ိုက္အသံႀကီးကိုၾကားလိုက္ရတာေၾကာင့္သူ၏တစ္ကိုယ္လုံးမွာဆတ္ခနဲတုန္တက္သြားရကာ တည္ၿငိမ္ေအာင္ ကို႔ကိုယ္ကိုမနည္းထိန္းခ်ဳပ္လိုက္ရေလသည္။

"ေန႔လည္စာေတြကိုထိပ္တန္းဟိုတယ္ကေနပါဆယ္မွာလိုက္ !
ေန႔လည္စာေတြေရာက္လာရင္ Meeting roomကိုသြားၿပီးအစည္းအေဝးနားခိုင္းလိုက္ေတာ့ !"

မင္းခန္႔ထည္ကေအးစက္စက္အသံနဲ႔ထိုသို႔မွာၾကားၿပီးတဲ့အခါ ဓာတ္ေလွကားတံခါးက 'တင္'ဆိုေသာျမည္သံနဲ႔အတူပြင့္သြား၏။ ေဘာ့စ္ျဖစ္သူကဓာတ္ေလွကားထဲကေနေလွ်ာက္ထြက္သြားၿပီျဖစ္တာေတာင္ မန္ေနဂ်ာခ်ဳပ္မွာေၾကာက္လြန္းလို႔တုန္ေနဆဲပင္။

ကနဦးသူထင္လိုက္သည္မွာ CEO မင္းခန္႔ထည္ကအခုခ်က္ခ်င္း Meeting roomထဲဝင္သြားၿပီး ဒါ႐ိုက္တာ႐ိႈင္းေဇယံကိုေဒါသတႀကီးသြားဆြဲထုတ္လာလိမ့္မယ္လို႔ပင္။

သို႔ေပမယ့္ သူ၏အထင္နဲ႔အျမင္ကတက္တက္စင္ေအာင္လြဲေခ်ာ္ခဲ့ကာ
CEOမင္းခန္႔ထည္ကသူ႕အေတြးထဲကအတိုင္းဝုန္းဒိုင္းမႀကဲခဲ့ဘဲ Meeting roomေ႐ွ႕ကျဖတ္သြားစဥ္ပိတ္ထားတဲ့အခန္းတံခါးကိုတစ္ခ်က္သာလွည့္ၾကည့္လိုက္ကာ ဘာမွမျဖစ္သလိုပဲ ေ႐ွ႕သို႔ဆက္ေလွ်ာက္သြားသည္ကိုျမင္လိုက္ရမွပဲ မန္ေနဂ်ာခ်ဳပ္မွာစိတ္ဒုန္းဒုန္းခ်မိေတာ့ေလသည္။

CEOမင္းခန္႔ထည္က ဒါ႐ိုက္တာ႐ိႈင္းေဇယံအေပၚ၌ ခ်စ္သူတစ္ေယာက္အေနနဲ႔ကေလးဆန္တဲ့စည္းမ်ဥ္းတခ်ိဳ႕တို႔နဲ႔အတူ
စည္းကမ္းတင္းၾကပ္တတ္သူျဖစ္ေပမယ့္ သူ၏ခ်စ္ရသူေလးအားမ်က္လုံးေပါင္းမ်ားစြာေ႐ွ႕မွာသိကၡာက်ေစႏိုင္မယ့္မည္သို႔ေသာအျပဳအမူကိုမွ် သူျပဳမူလိမ့္မည္မဟုတ္ေပ။

သူဟာ႐ိႈင္းေဇယံေလးအေပၚအလြန္တရာမွခ်စ္ျမတ္ႏိုးတန္ဖိုးထားတာေၾကာင့္သူ၏ခ်စ္သူေလးကိုေလာကႀကီးထဲက
ေကာင္းေပ့ဆိုတဲ့အရာေတြကိုသာအၿမဲတမ္းေပးဆပ္ခ်င္ေနသူျဖစ္ၿပီး
အျမင့္ဆုံးေရာက္ေအာင္သာေဖးမျမႇင့္တင္ေပးမည္ျဖစ္ကာ ခ်စ္ရသူေလးကိုမိုက္မိုက္မဲမဲနဲ႔ဆြဲခ်တတ္တဲ့ အသိဥာဏ္ကင္းမဲ့တဲ့အ႐ူးအႏွမ္းခ်စ္သူတစ္ေယာက္အေနနဲ႔ေတာ့႐ိႈင္းေလးေ႐ွ႕မွာသူဘယ္ေတာ့မွရပ္ေနလိမ့္မည္မဟုတ္ေခ်။

ဒါကိုျမင္ေနရတဲ့မန္ေနဂ်ာခ်ဳပ္ရဲ႕မ်က္ႏွာထက္မွာအားက်တဲ့အရိပ္အေယာင္တို႔ျဖတ္ေျပးသြားရၿပီး ဒါ႐ိုက္တာ႐ိႈင္းကအရမ္းကံေကာင္းပါလားဟု သူတိတ္တဆိတ္ေရ႐ြတ္မိလိုက္၏။

ေန႔လည္၁နာရီ၄၅ေလာက္ေရာက္ေတာ့ ဟိုတယ္ကေနမွာထားတဲ့ေန႔လည္စာေတြကကုမၸဏီသို႔ေရာက္လာၿပီျဖစ္ရာ မန္ေနဂ်ာခ်ဳပ္ကအစည္းအေဝးအခန္းတံခါးကိုညင္သာစြာတြန္းဖြင့္လိုက္ၿပီးေနာက္ အခန္းထဲကိုေျခေဖာ့ကာေလွ်ာက္ဝင္သြား၏။

ႏူးညံ့ၾကည္လင္ေသာမ်က္ႏွာေလးကေနတဆင့္ ေအးခ်မ္းစင္ၾကယ္ေသာခံစားခ်က္တစ္စုံတစ္ရာကိုေပးစြမ္းေနပါသည့္လူငယ္ေလးဟာ အေဝးကေနတစ္ခ်က္လွမ္းၾကည့္လိုက္႐ုံနဲ႔တင္ လြယ္လြယ္နဲ႔မေမ့ႏိုင္ေသာအလွတရားတစ္ခုနဲ႔ျပည္္႕စုံေနေပ၏။

ထိုလူငယ္ေလးရဲ႕ခႏၶာကိုယ္ကေနလင္းလက္စြာျဖာထြက္ေနတတ္တဲ့ေခ်ာေမာလွပတဲ့အ႐ွိန္အဝါတို႔ေၾကာင့္ ဒါ႐ိုက္တာ႐ိႈင္းတစ္ေယာက္အစည္းအေဝးလုပ္ၿပီဆိုလွ်င္ဝန္ထမ္းေတာ္ေတာ္မ်ားကအလုပ္ထဲစိတ္မေရာက္တာမ်ားေလသည္။

ဝန္ထမ္းေတြရဲ႕မ်က္လုံးေတာ္ေတာ္မ်ားမ်ားက အစည္းအေဝးလုပ္ေနစဥ္အတြင္း
ဒါ႐ိုက္တာ႐ိႈင္းရဲ႕ႏူးညံ့လွပတဲ့မ်က္ႏွာေလးတစ္သြယ္ထက္တြင္သာေမ့ေျမာေပ်ာ္ဝင္ေနၾကေလရာဒါ႐ိုက္တာ႐ိႈင္းကေတာ့ထိုအရာေတြကိုနည္းနည္းေလးေတာင္သတိမထားမိဘဲ စားပြဲ႐ွည္ႀကီးတစ္ဖက္မွာစာ႐ြက္စာတမ္းေတြကိုတစ္႐ြက္ၿပီးတစ္႐ြက္လွန္ေလွာလို႔ေနၿပီးေခါင္းကိုငုံ႔စိုက္ထားတာေၾကာင့္မန္ေနဂ်ာခ်ဳပ္အခန္းထဲသို႔ဝင္လာတာကိုေတာင္သူမသိလိုက္ေပ။

အေနာက္ကေနခပ္တိုးတိုးေခၚသံကိုၾကားလိုက္ရေတာ့မွ ႐ိႈင္းေဇယံကသူ႕အနား၌လူတစ္ေယာက္ေရာက္ေနသည္ကိုသတိထားမိသြားကာ ေခါင္းေထာင္ၾကည့္လာေလသည္။

မန္ေနဂ်ာခ်ဳပ္က ေန႔လည္စာစားခ်ိန္ေက်ာ္ေနၿပီျဖစ္တာေၾကာင့္ေန႔လည္စာစားၿပီးအစည္းအေဝးခနနားသင့္ေၾကာင္း၊ CEOကကုမၸဏီကိုေရာက္ေနသည္မွာ၄၅မိနစ္ေတာင္႐ွိေနၿပီျဖစ္ေၾကာင္း အေသးစိတ္အစီရင္ခံလာၿပီးေလေသာ္ ႐ိႈင္းေဇယံကေခါင္းေလးတၿငိမ့္ၿငိမ့္နဲ႔တုံ႔ျပန္လိုက္ၿပီးေနာက္ သူ၏မ်က္စိေ႐ွ႕ကစာ႐ြက္စာတမ္းဖိုင္ေတြကိုပိတ္ခ်ပစ္လိုက္ေတာ့သည္။

သူကေဖာင္တိန္အဖုံးေလးကိုအသံျမည္ေအာင္ပိတ္လိုက္ကာ ေလသံနိမ့္နိမ့္နဲ႔ဆိုလိုက္ေလသည္။

"အစည္းအေဝးကိုဒီမွာတင္နားရေအာင္ မန္ေနဂ်ာခ်ဳပ္ကေန႔လည္စာေတြစီစဥ္ေပးထားတယ္တဲ့ ေန႔လည္စာစားၿပီးမွပဲဌာနကိုျပန္လိုက္ၾကေတာ့ေနာ္ ... "

"ဟုတ္ကဲ့ပါ ဒါ႐ိုက္တာ "

ဒီဇိုင္းဌာနကဝန္ထမ္းေတြက ညီညီညာညာတက္တက္ႂကြႂကြပင္ၿပိဳင္တူျပန္ေျဖလာခဲ့ၿပီး အစည္းအေဝးကိုရပ္လိုက္ၾကေတာ့သည္။

႐ိႈင္းေဇယံကျပန္႔က်ဲေနတဲ့စာ႐ြက္စာတမ္းေတြကိုစုသိမ္းလိုက္ကာ လက္ထဲ၌ပိုက္ကိုင္ၿပီးအခန္းထဲကေနထြက္ခြာဖို႔ေျခလွမ္းျပင္ေနသည့္ဆဲဆဲတြင္ဝန္ထမ္းေတြရဲ႕လႈပ္လႈပ္႐ွား႐ွားအသံေတြကိုၾကားလိုက္ရတာေၾကာင့္
အခန္းဝဆီလွမ္းၾကည့္လိုက္တဲ့အခါ
အခန္းတံခါးကိုေက်ာမွီရပ္ေနတဲ့႐ွည္ေျမာေျမာအရိပ္ေလးကိုမ်က္ဝန္းေလးေတြဆီကေနဖမ္းမိလိုက္ေလ၏။

ထိုနက္ျပာေရာင္ေျခတံ႐ွည္႐ွည္နဲ႔အရိပ္ေလးကသူ၏လက္ႏွစ္ဖက္ကိုေဘာင္းဘီအိတ္ကပ္ထဲသို႔ထည့္ထားရင္း နက္႐ိႈင္းေတာက္ပမႈအျပည့္နဲ႔ သူ႕အားစူးစိုက္ၾကည့္ေနေလသည္။

မင္းခန္႔ထည္ကဘယ္ခ်ိန္ကတည္းကအခန္းထဲသို႔ေရာက္လာခဲ့မွန္း
သူမေျပာနဲ႔ မန္ေနဂ်ာခ်ဳပ္ေတာင္မသိလိုက္ေပ။

ထို႔ေနာက္မင္းခန္႔ထည္က ေျခလွမ္းက်ယ္ႀကီးေတြနဲ႔လွမ္းကာ ႏူးညံ့သိမ္ေမြ႕ေသာအသြင္႐ွိသည့္လူငယ္ေလး၏လက္ထဲက စာ႐ြက္စာတမ္းေတြကိုခပ္တည္တည္မ်က္ႏွာထားနဲ႔ဆြဲယူလိုက္ၿပီး ခ်ာခနဲလွည့္ထြက္သြားေတာ့ေလသည္။

မင္းခန္႔ထည္ရဲ႕ထိုအျပဳအမူကိုျမင္ေတာ့႐ိႈင္းေဇယံရဲ႕မ်က္လုံးအနားသတ္တို႔က လျခမ္းေကြးေလးေတြကဲ့သို႔ႏွယ္
ေငးေမာစရာေကာင္းေလာက္စြာေကြးၫြတ္သြားရကာသူ၏ႏွလုံးသားကိုအေမြးပြေၾကာင္ကေလးကပြတ္တိုက္သြားသကဲ့သို႔ယားက်ိက်ိေလးျဖစ္သြားရ၏။

သူလည္းပဲအခ်ိန္ဆြဲမေနေတာ့ဘဲ စိတ္ေကာက္ေနေသာကေလးႀကီးေနာက္သို႔အေျပးလိုက္သြားလိုက္ကာ ႏႈတ္ခမ္းဖ်ားထက္ဆီကေနတခစ္ခစ္ရယ္ေမာသံေလးေတြေတာင္မထိန္းခ်ဳပ္ႏိုင္ဘဲ အျပင္ဘက္ဆီသို႔ထြက္က်သြားေတာ့သည္။ကံေကာင္းသည္ကမင္းခန္႔ထည္မွာသူ၏ထိုေလွာင္ရယ္သံသဲ့သဲ့ေလးကိုမၾကားသြားျခင္းပင္။
ထိုလူႀကီးသာၾကားသြားလို႔ကေတာ့ဒီညသူ၏အျဖစ္မွာမေတြးရဲစရာ။

မင္းခန္႔ထည္က႐ိႈင္းေဇယံရဲ႕႐ုံးခန္းဆီေရာက္ေတာ့ စာ႐ြက္စာတမ္းေတြကိုစားပြဲေပၚသို႔ေဆာင့္ေအာင့္ကာပစ္တင္လိုက္ၿပီး သက္ျပင္းကိုဟူးခနဲမႈတ္ထုတ္လိုက္ကာ နက္ျပာေရာင္ကုတ္ေအာက္က႐ွပ္အက်ႌအေပၚဘက္႐ွိၾကယ္သီး၂လုံးကိုအၾကမ္းပတမ္းျဖဳတ္ပစ္လိုက္ေတာ့သည္။

တံခါးဆီကေနကလစ္ဆိုတဲ့ျမည္သံေလးနဲ႔အတူ ခပ္ဖြဖြေျခသံေလးေတြကိုသူ၏နား၂ဖက္ကေနၾကားေနရတာေတာင္မွ သူေနာက္လွည့္မၾကည့္ခဲ့ေပ။

သူစိတ္ဆိုးေနတယ္။တကယ္ႀကီးကိုစိတ္ဆိုးေနတာျဖစ္သည္။
သူ႕ကေလးေလးကအနမ္းေလးေတြေပးၿပီးလာေခ်ာ့ေမာ့ရင္ေတာင္မွ ခိုင္မာျပတ္သားတဲ့ဒီေဖကိုယ္က လြယ္လြယ္နဲ႔စိတ္ေပ်ာ့သြားလိမ့္မည္မဟုတ္တဲ့အထိ သူအလြန္အမင္းစိတ္ဆိုးေနေပသည္။

ဘယ္ႏွယ့္ အေလွ်ာ့ေပးအလိုလိုက္ထားတာမ်ားေတာ့ ကေလးေလးကသူ႕ရဲ႕စကားကိုနားေထာင္ဖို႔ေနေနသာသာ သူ႕အား႐ွိတယ္လို႔ေတာင္မမွတ္ေတာ့ေပ။

ဒီတစ္ခါေတာ့ဘာပဲျဖစ္ျဖစ္လုံးဝအေလွ်ာ့မေပးပဲတင္းခံထားမွ ႐ိႈင္းေလးကသူ႕စကားေတြကို ေနာက္တစ္ခါအေလးအနက္မထားသလိုမျပဳမူရဲေတာ့မွာ !...

႐ိႈင္းေဇယံ မင္းေလးကိုကိုယ္အေလွ်ာ့ေပးထားတာမ်ားၿပီ ဒီတစ္ခါေတာ့လုံးဝမရေတာ့ဘူးမွတ္ !

မင္းခန္႔ထည္ကလက္၂ဖက္ကိုခါးေနရာ၌တင္ထား၍႐ိႈင္းေဇယံကိုေက်ာခိုင္းရပ္ေနၿပီးသူ၏အၾကည့္တို႔ကိုမွန္ျပတင္းအျပင္ဘက္ဆီသို႔မလႈပ္မယွက္ပို႔လႊတ္လို႔ထား၏။

သူ၏နား႐ြက္ေတြကေတာ့ယုန္နား႐ြက္ေတြကဲ့သို႔ေထာင္ေနကာအေနာက္ဘက္ကေျခသံေလးေတြဆီသို႔ အစြမ္းကုန္အာ႐ုံစိုက္ထားေလသည္။

ေျခသံေလးေတြကသူနဲ႔ေတာ္ေတာ္လွမ္းလွမ္းမွာရပ္သြားတာေၾကာင့္သူ၏စိတ္ထဲ၌အလိုမက်စြာမခ်င့္မရဲျဖစ္သြားရကာ ေနာက္သို႔လွည့္မၾကည့္မိေအာင္သူ႕ကိုယ္သူအထပ္ထပ္အခါခါသတိေပးထိန္းခ်ဳပ္ထားၿပီး သူ၏မ်က္ႏွာကိုလည္းအမူအရာကင္းမဲ့သည္အထိတည္ထားလိုက္ေတာ့သည္။

အေလွ်ာ့ေပးစရာအေၾကာင္းမ႐ွိ !

"ေယာက်ာ္းေရ ... "

"..........! "

မင္းခန္႔ထည္မွာအေစာနကအထိမီးကုန္ယမ္းကုန္တင္ထားပါတဲ့ျပတ္သားခိုင္မာလွပါေသာဆုံးျဖတ္ခ်က္ေတြဆိုတာဟာၾကက္ေပ်ာက္ငွက္ေပ်ာက္နဲ႔အၿပိဳၿပိဳအလဲလဲေတြျဖစ္ကုန္ၿပီးသူ၏ဦးေႏွာက္တစ္ခုလုံးမွာ 'ဝုန္း' ခနဲျမည္သံက်ယ္ႀကီးနဲ႔ေပါက္ကြဲထြက္သြားကာ အာ႐ုံေၾကာေတြေတာင္၂စကၠန္႔နီးပါးေလာက္ရပ္ဆိုင္းသြားရ၏။

စဥ္းစားဆင္ျခင္မႈနယ္ပယ္၌ေပါက္ကြဲမႈတစ္ရပ္ျဖစ္သြားတာေၾကာင့္မီးသတ္ကားေတြနဲ႔မီးၿငိမ္းသတ္ေနစဥ္မွာပင္ အထိန္းခ်ဳပ္မဲ့သြားရေသာမင္းခန္႔ထည္မွာ စည္းကမ္းတင္းၾကပ္ပါတဲ့ခ်စ္သူေကာင္ေလးပုံရိပ္ကေန
႐ိႈင္းေဇယံကိုအ႐ွက္မ႐ွိတအီအီေတာင္းဆိုေနသည့္ေခြးေပါက္ေလးပုံစံသို႔တမဟုတ္ခ်င္းေျပာင္းလဲထိုးဆင္းသြားေတာ့ေလသည္။

မင္းခန္႔ထည္မွာခ်စ္စရာေကာင္းတဲ့အမူအရာေလးနဲ႔ ႐ိႈင္းေဇယံနားသို႔အၿမီးေလးယမ္းကာတိုးကပ္သြားလိုက္ၿပီးေနာက္
"႐ိႈင္းေလး ခုနကကိုယ့္ကိုဘယ္လိုေခၚလိုက္တယ္ .. ထပ္ေခၚပါဦးလား ? " ဟုအ႐ွက္မ႐ွိအသနားခံေနေပသည္။

"မေခၚဘူး !"

႐ိႈင္းေဇယံကအျပတ္ျငင္းခ်ကာ သူ႕အားဆြဲကိုင္ထားတဲ့မင္းခန္႔ထည္ရဲ႕လက္ေတြကိုပုတ္ထုတ္လိုက္ၿပီးဆိုဖာေပၚ၌ဝင္ထိုင္လိုက္ေလသည္။

"လိမၼာပါကြာ ႐ိႈင္းေလးရာ ကိုယ့္ကိုထပ္ေခၚပါဦးဆို ... "

"No ပါ "

"မင္းေလးထပ္ေခၚေအာင္ကိုယ္ဘာလုပ္ေပးရမလဲလို႔
တစ္ခါေလာက္ပဲ... တစ္ခါေလာက္ပဲထပ္ေခၚ ေပးေလေနာ္ .... "

ဘယ္မလဲခိုင္မာျပတ္သားမႈ ! ဆိုၿပီးသူ႕ကိုလာမေမးနဲ႔ေလ။
အဲ့အရာေတြက သူ႕ကေလးေလးရဲ႕ 'ေယာက်ာ္းေရ 'ဆိုတဲ့ေခၚသံေလးေလာက္အေရးႀကီးလို႔လား ? အေလွ်ာ့ေပးတာေတြမေပးတာေတြေခါက္ထားလိုက္စမ္းပါ။
ဒါေတြသူဂ႐ုစိုက္မေနေတာ့ဘူး။

မင္းခန္႔ထည္မွာအခ်ိန္တစ္ခုၾကာတဲ့အထိ ၃ႏွစ္ကေလးထက္ေတာင္ဂ်ီက်ေနခဲ့ကာ ႐ိႈင္းေဇယံကို သူ၏ရင္ခြင္ထဲထည့္၍ေန႔လည္စာေကြၽးၿပီးတဲ့အခ်ိန္ထိတိုင္ေအာင္မရပ္ေသးေပ။

"ကိုခန္႔က်ေနာ္႕ကိုစိတ္ဆိုးေျပသြားၿပီလား ?"

႐ိႈင္းေဇယံက မ်က္ေစာင္းေလးနဲ႔ေဆြၾကည့္ရင္းေမးလိုက္ေလေသာ္ မင္းခန္႔ထည္ကလက္သီးလက္ေမာင္းတန္းလ်က္မ်က္ႏွာေျပာင္တိုက္ကာျပန္ေျဖလာသည္။

"ဘယ္ေကာင္လဲ ကို႔ကေလးေလးကိုစိတ္ဆိုးရဲတာ ကိုယ္အခုသြား႐ိုက္ပစ္မယ္ ... "

ထိုအခါ ႐ိႈင္းေဇယံကႏႈတ္ခမ္းေလးကိုမဲ့လိုက္ရင္း မင္းခန္႔ထည္ရဲ႕ရင္ဘက္တစ္ေနရာကိုလက္ညိႇဳးေလးနဲ႔တြန္းထိုးလိုက္ကာအသံစူးစူးေလးနဲ႔ဆူပူလာသည္။

"ခမ်ားႀကီးေလ .. က်ေနာ္႕ကိုစိတ္ဆိုးတာ ဘာေတြေဝ့လည္ေၾကာင္ပတ္လုပ္ခ်င္ေနတာလဲ ?"

"ကိုယ္ကမင္းကိုစိတ္ဆိုးခ်င္တာေတာင္စိတ္ဆိုးမရတဲ့လူပါေနာ္ ..."

ထိုအေျဖၾကားေတာ့႐ိႈင္းေဇယံရဲ႕မ်က္ႏွာေလးကခ်ိဳၿမိန္စြာျပဳံးၿဖီးသြား၍ မင္းခန္႔ထည္ရဲ႕ပါးႏွစ္ဖက္ကိုအားပါပါနဲ႔ဆြဲညႇစ္လိိဳက္ေတာ့သည္။

"ဟီးဟီး က်ေနာ္႕ကိုအဲ့ေလာက္ေတာင္ခ်စ္တာတဲ့လား ? "

"ဘာလဲေက်နပ္သြားတာလား ကိုယ့္အေျဖကိုေက်နပ္သြားတယ္ဆို ဆုေတာ့ခ်သင့္တယ္ဟုတ္ ? "

ထိုသို႔ဆိုကာ မင္းခန္႔ထည္ကသူ၏ႏႈတ္ခမ္းကိုဆူလိုက္၍ေ႐ွ႕သို႔တိုးလာေလေသာ္သူ၏ေပါင္ေပၚက႐ိႈင္းေဇယံေလးကေဘးတစ္ခ်က္သို႔မ်က္ႏွာလွည့္ကာေ႐ွာင္တိမ္းလိုက္ေတာ့သည္။

"အခုမွေန႔လည္စာ စားၿပီးတာ မနမ္းနဲ႔ ! "

"ကိုယ္ကမင္းရဲ႕ဟိုဟာေတြေတာင္မ်ိဳခ်ၿပီးတဲ့လူပါေနာ္ ..မင္းေလးကဘာေတြစိုးရိမ္ေနတာလဲ ? "

"ကိုခန္႔ ! ခမ်ားကေလလုံးဝထိန္းလို႔မရေတာ့ဘူး"

"ထိန္းလို႔ရတဲ့တစ္နည္းေတာ့႐ွိတယ္စမ္းၾကည့္မလား ? " ဟုညစ္က်ယ္က်ယ္ရယ္သံႀကီးနဲ႔ဆိုလာၿပီးေနာက္ မင္းခန္႔ထည္ကသူ၏ေပါင္ေပၚက႐ိႈင္းေဇယံရဲ႕လည္တိုင္ေလးကိုေနရာအႏွံ႔လိုက္လံနမ္း႐ိႈက္လိုက္ၿပီးသူ၏ႀကီးမား႐ွည္သြယ္ေသာလက္ေခ်ာင္းေတြက႐ိႈင္းေဇယံရဲ႕႐ွပ္အက်ႌေအာက္သို႔လွ်ိဳဝင္သြားကာေခ်ာမြတ္ေသာအသားအရည္ေလးေပၚ၌ပြတ္သပ္ထိေတြ႕ျခင္းျဖင့္အရသာခံေနေပသည္။

႐ိႈင္းေဇယံေလးက႐ုန္းေပမယ့္ ျပင္းျပသည့္အလိုဆႏၵတို႔ေတာက္ေလာင္ေနပါေသာသား႐ိုင္းေကာင္ႀကီးရဲ႕လက္ထဲကေနလြတ္ေျမာက္ေအာင္သူမ႐ုန္းႏိုင္ေပ။

ေနာက္ဆုံး မာေၾကာတဲ့ၾကမ္းျပင္ထက္ဆီသို႔ သတၱဳခါးပတ္ေခါင္းရဲ႕ခပ္ဆတ္ဆတ္ထိခတ္သံကၾကည္လင္ျပတ္သားစြာျဖတ္ေျပးသြားၿပီးေနာက္ ႐ိႈင္းေဇယံမွာေန႔ခင္းေၾကာင္ေတာင္ႀကီး႐ုံးခန္းထဲ၌ေဘာ့စ္ျဖစ္သူရဲ႕တြန္းလွဲျခင္းကိုခံလိုက္ရေလသည္။

႐ိႈင္းေဇယံရဲ႕မီးခိုးေရာင္ကုတ္အက်ႌေလးက ႐ုံးခန္းတစ္ေနရာသို႔ျပန္႔က်ဲလြင့္စင္သြားတဲ့အခါသူ၏ကိုယ္ေပၚ႐ွိ႐ွပ္အျဖဴေလးမွာလည္းဖ႐ိုဖရဲျဖစ္လို႔ေနကာၾကယ္သီးေတြလည္းတစ္လုံးမက်န္ေအာင္အျဖဳတ္ခံထားရတာေၾကာင့္သူ၏ျဖဴေဖြးၾကည္စင္တဲ့အသားအရည္ေလးမွာ အ႐ွက္သည္းမႈေၾကာင့္ေရေႏြးေဖ်ာထားတဲ့ပုဇြန္ဆိတ္ေလးေတြကဲ့သို႔နီတြတ္တြတ္ေလးျဖစ္ေနလ်က္အတားအဆီးမဲ့စြာလွစ္ဟာထြက္ေပၚေနေပသည္။

႐ိႈင္းေဇယံရဲ႕ထိုပုံစံေလးက မ်က္စိေ႐ွ႕ကသား႐ိုင္းေကာင္ႀကီးကိုအသုံးေတာ္ခံဖို႔အတြက္ဖိတ္ေခၚေနသလိုပင္။

မင္းခန္႔ထည္က႐ိႈင္းေဇယံရဲ႕ညႇပ္႐ိုးေလးကိုတတိတိကိုက္လိုက္ၿပီးေနာက္ေကာင္ေလးရဲ႕ရင္ဘက္တစ္ေနရာကေနတ႐ႈံ႕႐ႈံ႕နဲ႔စတင္နမ္း႐ိႈက္ကာေအာက္ဘက္သို႔တျဖည္းျဖည္းခ်င္းဆင္းသြားၿပီးေနာက္ ၾကက္ဥပူတင္းေလးကဲ့သို႔ႏူးညံ့အိစက္လွေသာျဖဴဥဥဗိုက္သားေလးကို ပူေႏြးေသာလွ်ာဖ်ားထိပ္နဲ႔တို႔ထိကာ အရင္ျမည္းစမ္းၿပီးေနာက္တစ္ခ်က္ကိုက္ၾကည့္လိုက္ေလ၏။
သူ၏ကေလးေလးကၾကက္ဥပူတင္းေလးထက္ေတာင္အရသာ႐ွိေသးေလသည္။

ဗိုက္သားထက္ကယားက်ိက်ိခံစားခ်က္တို႔က႐ိႈင္းေဇယံရဲ႕အားနည္းခ်က္ျဖစ္တာေၾကာင့္ထိုေနရာတစ္ဝိုက္၌မင္းခန္႔ထည္က်ဴးေက်ာ္ေနသည့္တစ္ေလွ်ာက္လုံးေကာင္ေလးကတြန္႔လိမ္၍အစြမ္းကုန္႐ုန္းကန္လာခဲ့ေခ်သည္။

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြကနက္ေမွာင္နီရဲေနၿပီး သူကနတ္ဆိုးဆန္စြာျပဳံးလာခဲ့ကာ႐ိႈင္းေဇယံရဲ႕လက္ႏွစ္ဖက္ကို သူ၏လက္တစ္ဖက္တည္းနဲ႔ဖမ္းခ်ဳပ္ထားလိုက္ၿပီး ဆိုဖာလက္တင္၌တင္ကာေထာက္ကန္ထား၏။

သူ၏က်န္လက္တစ္ဖက္ကေတာ့ ခါးပတ္မ႐ွိေတာ့တဲ့ ႐ိႈင္းေဇယံရဲ႕လယ္သာေဘာင္းဘီထဲသို႔တိုးဝင္သြားၿပီးေနာက္ ေကာင္ေလးရဲ႕ငိုညည္းသံတို႔နဲ႔အတူ ေရာယွက္လိုက္ပါလာတဲ့စိတ္ဆိုးမာန္ဆိုးေျပာဆိုသံေတြက ႐ုံးခန္းထဲတြင္ေနရာလပ္မ႐ွိေအာင္ပ်ံ႕ႏွံ႔လြင့္ျပယ္သြားရေတာ့သည္။

မင္းခန္႔ထည္က အခ်ိဳးအဆစ္ေျပျပစ္ေသာသူ၏႐ွည္သြယ္သြယ္လက္တစ္ဖက္ကိုတစ္႐ွဴးေတြနဲ႔သုတ္သင္႐ွင္းလင္းလို႔ေနစဥ္မွာပင္ တစ္ဖက္ကလည္း ႐ိႈင္းေဇယံရဲ႕စိတ္ဆိုးမာန္ဆိုးနဲ႔ ဆူပူျခင္းအျဖာျဖာကိုတစ္ၿပိဳင္နက္ခံယူေနေပသည္။

"လူဆိုးႀကီး ! သား႐ိုင္းေကာင္ႀကီး !
႐ုံးခန္းထဲမွာမလုပ္ပါနဲ႔လို႔ေျပာထားတာကို! လုပ္ရဲတယ္ေပါ့ !လုပ္ရဲတယ္ေပါ့လို႔ !"

မင္းခန္႔ထည္ကသူ႕အားျပစ္တင္ႀကိမ္းေမာင္းေနပါတဲ့႐ိႈင္းေဇယံရဲ႕တတြတ္တြတ္ေရ႐ြတ္ေနသံေတြကိုအျပဳံးတစ္စနဲ႔ေက်ေက်နပ္နပ္ႀကီးနားေထာင္ေနၿပီး
ညစ္ေပသြားတဲ့တစ္႐ွဴးေတြကိုေသေသခ်ာခ်ာထုပ္ပိုးၿပီးေနာက္ ထရပ္လိုက္ကာ႐ုံးခန္းေထာင့္ကအမိႈက္ပုံးေလးထဲသို႔ပစ္ထည့္လိုက္ေလ၏။

ထို႔ေနာက္သူက ၾကမ္းျပင္ေပၚမွာက်ေနတဲ့ကုတ္အက်ႌကိုေကာက္ယူလိုက္ကာဆိုဖာဆီသို႔ျပန္ေလွ်ာက္လာခဲ့ၿပီး ဆိုဖာခုံနားက အနက္ေရာင္သားေရခါးပတ္ကိုလည္းတစ္ခါထဲေကာက္ယူလိုက္ေလသည္။

႐ိႈင္းေဇယံရဲ႕အဝတ္အစားေတြကိုေသေသသပ္သပ္ျဖစ္ေအာင္ျပန္လည္ဝတ္ဆင္ေပးလိုက္ၿပီးေနာက္ ေကာင္ေလးရဲ႕ဖူးေရာင္ႂကြတက္ေနတဲ့ ခ်ယ္ရီသီးႏႈတ္ခမ္းေလးေတြဆီႁပြတ္ခနဲတစ္ခ်က္နမ္းလိုက္ေတာ့သည္။

"မင္းေတာင္ကိုယ့္စကားကိုနားေထာင္တာမွမဟုတ္တာဘာလို႔ကိုယ္ကေကာမင္းစကားကိုနားေထာင္ရမွာလဲ ? "

မင္းခန္႔ထည္က တည္တည္ၿငိမ္ၿငိမ္ျဖင့္တုံ႔ျပန္ေျပာဆိုေနရင္းနဲ႔႐ိႈင္းေဇယံရဲ႕ခါးပတ္ကိုျပန္ပတ္ေပးေနကာ ခါးပတ္ေခါင္းကေန'ေခ်ာက္ 'ဆိုေသာျမည္သံသဲ့သဲ့ေလးထြက္ေပၚလာၿပီးေနာက္ မွင္ရည္အိုင္ကဲ့သို႔ထူထဲေမွာင္မိုက္ေနသည့္သူ၏မ်က္ဝန္းေတြက ႐ိႈင္းေဇယံရဲ႕ရီေဝေဝမ်က္ဝန္းေလးေတြထဲပင့္ၾကည့္လာတဲ့အခါ ေတာက္ပၿမဲေတာက္ပဆဲျဖစ္ေပမယ့္လို႔ပိုင္ဆိုင္လိုစိတ္ႀကီးတဲ့အလင္းတန္းတို႔ကထိုအနက္ေရာင္မ်က္ဝန္းေတြထဲမွာအဆုံးမဲ့စြာနစ္ဝင္ကိန္းေအာင္းလို႔ေနလ်က္။

ထိုမ်က္ဝန္းေတြရဲ႕ထုထည္ကအင္မတန္မွနက္နဲလြန္းတာေၾကာင့္ေၾကာက္စရာလည္းေကာင္းသလို ရင္ဖိုစရာလည္းေကာင္းေပ၏။ထိုမ်က္ဝန္းေတြနဲ႔ညိႇဳ႕ယူျခင္းခံလိုက္ရတဲ့သားေကာင္မွန္သမွ်ထိုေထာင္ေခ်ာက္ထဲကေနလြတ္ေျမာက္မို႔ရာနည္းမ႐ွိေပ။

အထူးသျဖင့္သူကိုယ္တိုင္လည္း အႏွီလူသားရဲ႕မ်က္ဝန္းေတြဆီကေနဘယ္ေတာ့မွလြတ္ေျမာက္ႏိုင္မွာမဟုတ္ဘဲအႀကိမ္ႀကိမ္အခါခါက်ဆုံးေနရသည္ကို သူကိုယ္တိုင္အသိဆုံးေပမို႔။

"ဒါမင္းအတြက္ကိုယ္ေပးတဲ့အျပစ္ဒဏ္ပဲ ... ေနာက္တစ္ခါစကားနားမေထာင္လို႔ကေတာ့ ဒီေလာက္နဲ႔တင္ရပ္မွာမဟုတ္ဘူးေနာ္
႐ိႈင္းေလး... မင္းကိုယ့္အေၾကာင္းကိုသိတယ္မွတ္လား ? "ဟုဆိုရင္းသူကမ်က္ခုံးတစ္ဖက္ပင့္ျပလာေလေသာ္ ႐ိႈင္းေဇယံက ႏွာတစ္ခ်က္မႈတ္လိုက္ကာ တစ္ဖက္သို႔မ်က္ႏွာကိုခ်ာခနဲလွည့္လိုက္ေတာ့ေလသည္။

ဒီလိုလူညစ္ႀကီးနဲ႔ဘာမွဆက္မေျပာခ်င္ေတာ့ေပါင္ .....

ထိုစဥ္အခန္းအျပင္ဘက္ကေနအခန္းတံခါးေခါက္သံထြက္လာတာေၾကာင့္ ႐ိႈင္းေဇယံကကိုယ္ကိုျပန္မတ္လိုက္ၿပီး မင္းခန္႔ထည္ဘက္လွည့္ကာထိုလူႀကီးရဲ႕တြန္႔ေၾကေလ်ာ့ရဲေနတဲ့အဝတ္အစားတို႔ကိုျပန္ျပဳျပင္ေပးလိုက္သည္။

မင္းခန္႔ထည္ကထိုအခ်ိန္ကိုအခြင့္ေကာင္းယူ၍ေကာင္ေလး၏ႏႈတ္ခမ္းေလးကိုထပ္မံနမ္း႐ိႈက္လိုက္ျပန္သည္။

႐ိႈင္းေဇယံက ထိုအိုတေစၧႀကီးအားတြန္းထုတ္ဖို႔လုပ္လိုက္တဲ့အခါမင္းခန္႔ထည္ကသူ၏ေခါင္းအေနာက္ကိုဆုပ္ကိုင္ထားလိုက္ၿပီး ပူျပင္းၾကမ္းတမ္းစြာမက္မက္ေမာေမာနမ္းခ်လာတာေၾကာင့္ တံခါးေခါက္သံကိုၾကားေနရတဲ့႐ိႈင္းေဇယံေလးမွာမီးစနဲ႔အထိုးခံေနရသလိုမ်ိဳးေနမထိထိုင္မသာခံစားေနရကာ သူ၏ႏွလုံးခုန္သံမွာေပါက္ထြက္ေတာ့မတတ္ဆူညံကြဲအက္လာၿပီး အသက္႐ွဴပါရပ္သြားေတာ့မတတ္ပင္။

တံခါးေခါက္သံကသုံးႀကိမ္တိတိအဆက္မျပတ္ထြက္ေပၚလာၿပီးေနာက္ရပ္တန္႔သြားတာေၾကာင့္ သူစိတ္ေအးမည္ၾကံကာ႐ွိေသး 'ကလစ္ 'ဆိုတဲ့တံခါးလက္ကိုင္ဖြင့္လိုက္သံကိုၾကားလိုက္ရတဲ့အခါ ႐ိႈင္းေဇယံမွာအေငြ႕ပ်ံထြက္သြားခ်င္စိတ္တို႔ ခ်က္ခ်င္းေပါက္လာရေတာ့ေလသည္။

"အိုးဟိုး ေန႔ခင္းေၾကာင္ေတာင္ႀကီးကိုဗ်ာ ... "

"ေန႔လည္စာစားခ်ိန္ေတာင္ေက်ာ္သြားၿပီဟာကို မင္းကခုထိဆာေနတုန္းပဲလား ငါ့ေကာင္ရ ! "

ထိုအသံ၂သံကိုနားနဲ႔ဆက္ဆက္ၾကားလိိဳက္ရတဲ့အခါမွာေတာ့ ႐ိႈင္းေဇယံမွာသူဘာကိုမွဂ႐ုစိုက္မေနေတာ့ဘဲခ်က္ခ်င္းလဲေသသြားခ်င္စိတ္တို႔သည္သာ
တဖြားဖြားျမင့္တက္လာရေတာ့သည္။

ထိုလူ၂ေယာက္က အခန္းထဲကလူ၂ေယာက္၏ျပင္းျပင္းျပျပနမ္း႐ိႈက္ေနပါတဲ့ျမင္ကြင္းကိုေတြ႕ေနရတာေတာင္အခန္းထဲကေနျပန္လွည့္ထြက္မသြားဘဲ
ေျပာင္ေျပာင္တင္းတင္းပဲအခန္းထဲသို႔ဝင္ခ်လာၾကကာဆိုဖာေပၚ၌အသီးသီးဝင္ထိုင္လိုက္ၾကေတာ့သည္။

တစ္ဖက္မွဆိုဖာခုံနဲ႔အဝတ္စားတို႔ပြတ္တိုက္သံကိုၾကားေတာ့မွမင္းခန္႔ထည္က႐ိႈင္းေဇယံရဲ႕ႏႈတ္ခမ္းေတြကိုငုံခဲထားရာမွ လႊတ္ေပးလိုက္ကာသူ၏စိုစြတ္စြတ္ႏႈတ္ခမ္းေတြကို႐ွည္သြယ္သြယ္လက္ေခ်ာင္းေတြနဲ႔ေျဖးညင္းစြာပြတ္သုတ္လိုက္ေလေတာ့သည္။

မင္းခန္႔ထည္ရဲ႕နီရဲေမွာင္နက္ေနပါသည့္မ်က္ဝန္းေတြထဲမွာေတာ့ မ်က္ဝန္းေထာင့္ကေနလွမ္းျမင္ေနရတဲ့သူပိုင္ဆိုင္တဲ့သားေကာင္ေလးေၾကာင့္မီးစာေတြမွာမၿငိမ္းသတ္ႏိုင္ေသးေပ။

႐ိႈင္းေဇယံရဲ႕မ်က္ႏွာပါးပါးေလးတစ္ခုလုံးမွာနီေတာက္ၿပီးရဲပေတာင္းခတ္ေနကာ ဆိုဖာအစြန္းနားကိုတိုးထိုင္လိုက္ၿပီးေနာက္ မ်က္စိေ႐ွ႕က၂ေယာက္ကိုမ်က္လုံးလွန္မၾကည့္ရဲဘဲႏႈတ္ခမ္းေလးကိုအသာဖိကိုက္ကာဟိုၾကည့္ဒီၾကည့္လုပ္ေနေပသည္။

မင္းခန္႔ထည္ကေတာ့ ထိုအဖ်က္ေကာင္၂ေကာင္ကိုအ႐ွင္လတ္လတ္ဝါးၿမိဳခ်င္ေနသည့္ႏွယ္ စူးစူးရဲရဲစိုက္ၾကည့္လိုက္ရင္းအံႀကိတ္ကာေစာင္းေထ့လိုက္၏။

"တံခါးေခါက္လို႔မွစကားျပန္မရရင္အခန္းထဲမဝင္လာသင့္မွန္း
မင္းတို႔မွာကိုယ္ပိုင္ယဥ္ေက်းမႈအသိစိတ္ေလးေတာင္မ႐ွိဘူးလား? "

အသားစားျခေသၤ့ႀကီးရဲ႕ေဒါထေနတဲ့ရန္လိုသံကိုၾကားေတာ့ လူငယ္ေလး၂ေယာက္ထဲကခပ္ေဖ်ာ့ေဖ်ာ့အသားရည္႐ွိသည့္ေျခတံ႐ွည္႐ွည္နဲ႔လူငယ္ေလးကမေအာင့္အီးႏိုင္ဘဲထရယ္လာခဲ့ေလသည္။

႐ွဴး႐ွဴး႐ွား႐ွားျဖစ္ေနတဲ့မင္းခန္႔ထည္ရဲ႕ထိုပုံစံကိုျမင္လိုက္ရတာဟာ သူ႕အတြက္အလြန္တရာမွေက်နပ္အားရစရာေကာင္းသည့္ကိစၥေကာင္းတစ္ရပ္နဲ႔ၾကဳံေတြ႕လိုက္ရသည့္ႏွယ္မ်က္ႏွာကေလွာင္ျပဳံးတစ္ပြင့္နဲ႔႐ႊန္းစားေတာက္ပလာၿပီးေနာက္အားမနာလွ်ာမက်ိဳးျပန္ပက္လာခဲ့ေလသည္။

"အခန္းထဲမွာတစ္ခုခုလုပ္ဖို႔ၾကံေနရင္လည္းတံခါးေလာ့ခ္ခ်ထားရမွာက ဦးေႏွာက္ပါတဲ့လူတိုင္းေတြးေခၚတတ္တဲ့ကိုယ္ပိုင္အသိဥာဏ္မဟုတ္ဘူးလား ?
တံခါးေတာင္ေလာ့ခ္မခ်ႏိုင္ရေအာင္တက္ႂကြ လြန္းေနတာကဘယ္သူ႕အျပစ္လဲ ?
မဲမဲျမင္တိုင္းလာမဲမေနစမ္းပါနဲ႔ဗ်ာ ! "

"ဟန္လင္းထက္ !"

မင္းခန္႔ထည္ကသြားၾကားထဲကေလနဲ႔ဖ်စ္ညစ္ေအာ္ေျပာလိုက္တဲ့အခါ ဟန္လင္းထက္ကလည္းမထီျပဳံးနဲ႔မ်က္ခုံးပင့္ျပလာေလသည္။

ေဘးနားကေနပြဲၾကည့္ေနတဲ့မင္းစက္ကေတာ့အ႐ိႈက္ထိသြားတဲ့သူငယ္ခ်င္းအရင္းႀကီးအားတဟားဟားနဲ႔ေလွာင္ေျပာင္ရယ္ေမာေနၿပီး ႐ိႈင္းေဇယံမွာမူ မ်က္ႏွာကေပါက္ထြက္ေတာ့မတတ္ပိုပိုၿပီးနီျမန္းလာေလေတာ့သည္။

မင္းခန္႔ထည္က အူတက္ေနတဲ့မင္းစက္အားမီးတဝင္းဝင္းထေနတဲ့မ်က္ဝန္းေတြနဲ႔စိုက္ၾကည့္လာေလေသာ္မင္းစက္ကရယ္ခ်င္စိတ္ကိုမနည္းေအာင့္အီးထားလိုက္ရင္း သူငယ္ခ်င္းႀကီးအား ႏွစ္သိမ့္ေပးသလိုလိုနဲ႔ေဆးထပ္ထိုးလာေလသည္။

"အလင္းေျပာတာလည္းမွန္ေနတာပဲေလ။
ကိုယ့္ကိုယ္ကိုလည္းနဲနဲပါးပါးထိန္းပါဦးကြာ။ေနာက္ဆုံး႐ိႈင္းေလးကမင္းၾကမ္းတာကိုမခံႏိုင္ဘဲမင္းကိုထပ္ၿပီးပစ္ေျပးသြားမွ
ဟုတ္ပဲ့ျဖစ္ေနမယ္ေနာ္ ..."

"မင္းတို႔၂ေကာင္စလုံးထြက္သြားၾကစမ္း ! "

၂ေယာက္သားေပါင္းၿပီးသူ႕အားေဖာင္းထုေနပါတဲ့ထိုစုံတြဲအားသည္းမခံႏိုင္ေတာ့တာေၾကာင့္မင္းခန္႔ထည္ကယဥ္ေက်းမေနေတာ့ဘဲတစ္ခါတည္းေမာင္းထုတ္လိုက္ေလေတာ့သည္။

ထိုအခါမွထိုစုံတြဲလည္း
က်ားႏႈတ္ခမ္းေမႊးကိုဆြဲေနၾကတဲ့က်ီစယ္ေနာက္ေျပာင္ျခင္းအမႈကိုရပ္လိုက္ၾကကာ
ဟန္လင္းထက္က ပန္းႏုေရာင္စာအိတ္ေလးကိုစားပြဲေပၚတင္ေပးလိုက္ၿပီးေနာက္ အေစာနကအသံတို႔နဲ႔ကြဲျပားစြာ ေလွာင္ေျပာင္ျခင္းတို႔မပါဘဲတည္ၾကည္ေလးနက္တဲ့ေယာက်ာ္းဆန္သည့္ေလသံနဲ႔အတူေျပာျပလာခဲ့ေပ၏။

"က်ေနာ္တို႔လက္ထပ္ၾကေတာ့မယ္ ... "

ထိုစကားၾကားေတာ့မင္းခန္႔ထည္ရဲ႕ရန္လိုေနတဲ့ေဒါသတႀကီးအၾကည့္တို႔က
မီးအိမ္ထဲကဖေယာင္းတိုင္ေလးၿငိမ္းသက္သြားသလိုပင္ ခ်ဳပ္တည္းၿငိမ္သက္သြားကာ အံ့အားသင့္ေတာင့္ခဲသြားရသည္။

စားပြဲေပၚကစာအိတ္ေလးကိုဆြဲယူလိုက္ၿပီးေနာက္ ဖိတ္စာေလးကိုထုတ္ကိုင္လိုက္တဲ့အခါ သူ၏ရင္ထဲမွာ သူ၏အခ်စ္ဆုံးသူငယ္ခ်င္းႀကီးအတြက္ အေပ်ာ္ႀကီးေပ်ာ္မိသလိုဟာတာတာခံစားခ်က္တခ်ိဳ႕တို႔သည္လည္းနားမလည္စြာေရာႁပြန္းသြားခဲ့ရသည္။

႐ိႈင္းေဇယံလည္းထိုအခါက်ေတာ့မွ မ်က္စိေ႐ွ႕ကစုံတြဲကိုေသေသခ်ာခ်ာၾကည့္မိလိုက္ကာ အကိုမင္းစက္နဲ႔ဟန္လင္းထက္တို႔ရဲ႕လည္တိုင္ထက္မွာ ေငြျဖဴေရာင္ႀကိဳးမွ်င္ေလးေတြကိုကိုယ္စီဆြဲထားၾကၿပီး ထိုႀကိဳးမွ်င္ေလးရဲ႕ေလာ့ကတ္သီးေလးကေတာ့ ေငြေရာင္ဆင္တူလက္စြပ္ကေလးေတြပင္။ ႐ိႈင္းေဇယံကထိန္းခ်ဳပ္မရစြာမ်က္ရည္ဝဲမိၿပီး ထိုစုံတြဲရဲ႕အေပ်ာ္ေတြကသူ႕အားတမဟုတ္ခ်င္းကူးစက္သြားေစေလကာ သူတကယ္ကိုႏွစ္သက္အားက်မိပါ၏။

"ေနာက္တစ္ပတ္အဂၤါေန႔ ...ခမ်ားတို႔မေမ့နဲ႔ေနာ္ .. "

"ငါကဘာကိစၥေမ့ရမွာလဲ ငါ့ေကာင္ႀကီးရဲ႕မဂၤလာေဆာင္ပဲဟာ ... "

မင္းခန္႔ထည္ကဖိတ္စာေလးကိုသာငုံ႔ၾကည္္႕ေနရင္း ရယ္သံေလးေႏွာကာအက္႐ွ႐ွေလသံနဲ႔ဆိုလာ၏။

သူ၏မ်က္ဝန္းေတြကေတာ့အနည္းငယ္ပူေႏြးလာရတာေၾကာင့္သူထို၂ေယာက္ဆီေမာ့မၾကည့္ရဲေပ။အဘယ္ေၾကာင့္ဆိုေသာ္ထိုသေကာင့္သား၂ေကာင္ကသူ႕အား မကုန္ႏိုင္မခမ္းႏိုင္ေလွာင္ေျပာင္လာမည့္အသံေတြကိုနားနဲ႔မဆံ့ေအာင္မၾကားခ်င္တာေၾကာင့္ပင္။

႐ိႈင္းေဇယံလည္းမင္းခန္႔ထည္ရဲ႕ခံစားခ်က္တို႔ကိုခံစားမိတာေၾကာင့္မင္းခန္႔ထည္အနားသို႔တိုးသြားလိုက္ၿပီးဖိတ္စာေလးကိုအတူတူၾကည့္ေနလိုက္ၾကသည္။

"ဟန္လင္းထက္ .. မင္း ဒီေကာင္ႀကီးကိုဘဝတစ္ေလွ်ာက္လုံးကာကြယ္ေစာင့္ေ႐ွာက္ေပးႏိုင္မယ္ဆိုတာေသခ်ာရဲ႕လား?
မင္းသူ႕ကိုဘယ္ေတာ့မွလည္းၿငီးေငြ႕သြားမွာမဟုတ္သလို
ပစ္လဲမပစ္သြားပါဘူးဆိုတဲ့ကတိငါ့ကိုေပးႏိုင္လား ? "

မင္းခန္႔ထည္ကထိုသို႔ဆိုရင္းဟန္လင္းထက္ရဲ႕မ်က္လုံးေတြထဲစိုက္ၾကည့္လိုက္တဲ့အခါ ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြက မင္းစက္ကိုအၿမဲတမ္းေငးၾကည့္ေနခဲ့ဖူးတဲ့ လြန္ခဲ့တဲ့၆ႏွစ္တုန္းကမ်က္ဝန္းေတြအတိုင္းပင္ ျမဴမႈန္ေလးတစ္မႈန္စာေလာက္ေတာင္ေျပာင္းလဲပ်က္ယြင္းသြားျခင္းတို႔မ႐ွိဘဲျပတ္သားမႈအျပည့္နဲ႔အခိုင္အမာအျမစ္တြယ္ေနေပ၏။

"က်ေနာ္႕ႏွလုံးသားနဲ႔က်ိန္ဆိုၿပီးေတာ့ကိုကတိေပးႏိုင္တယ္။က်ေနာ္႕အတြက္ကတိကဝတ္ေတြဆိုတာ ကိုစက္တစ္ေယာက္တည္းနဲ႔ပဲျဖစ္တည္ဆက္ႏြယ္ေနတာမ်ိဳးပါ။
အဲ့တာေၾကာင့္ ကိုခန္႔ခမ်ာ...အကို႔ရဲ႕သူငယ္ခ်င္းကိုက်ေနာ္႕လက္ထဲကို စိတ္ခ်လက္ခ်သာအပ္လိုက္ပါေတာ့ ..."

ထိုမ်က္ဝန္းေတြက သူမင္းစက္အေပၚဘယ္ေလာက္ထိျမတ္ႏိုးတန္ဖိုးထားေၾကာင္းေပၚလြင္ေနသည္မို႔ မင္းခန္႔ထည္က စိတ္ခ်ယုံၾကည္သည့္ႏွယ္သက္ျပင္းဖြဖြခ်လိုက္ေတာ့ေလသည္။

ထို႔ေနာက္မင္းခန္႔ထည္က ေနာက္ဆုံးအေနနဲ႔သူ၏အခ်စ္ဆုံးသူငယ္ခ်င္းအားတျခားလူလက္ထဲမအပ္မီၿခိမ္းေျခာက္လိုက္ပါေသး၏။
မင္းခန္႔ထည္အတြက္မင္းစက္ဆိုတာဘယ္လိုလူမ်ိဳးလဲဆိုေတာ့ အစားထိုးမရတဲ့ကမ႓ာေပၚကအေကာင္းဆုံးသူငယ္ခ်င္းတစ္ေယာက္မဟုတ္ေပလား။သူ႕အေနနဲ႔ သူငယ္ခ်င္းျဖစ္သူအေပၚကာကြယ္ႏိုင္သေလာက္ေတာ့ကာကြယ္ေပးရဦးမည္ပင္။

"မင္း ငါ့သူငယ္ခ်င္းကိုသစၥာေဖာက္သြားတဲ့တစ္ေန႔က်ရင္ ငါကိုယ္တိုင္မင္းကို လက္စတုံးပစ္မယ္ဆိုတာ မင္းေခါင္းထဲၿမဲၿမဲမွတ္ထား ... "

"ဘယ္ေတာ့မွအဲ့လိုကိစၥမ်ိဳးမျဖစ္ေစရဘူး .. "

ဟန္လင္းထက္ကမင္းစက္ရဲ႕လက္တစ္ဖက္ကိုအုပ္ကိုင္လိုက္ရင္းခိုင္မာစြာဆိုလာတာေၾကာင့္မင္းခန္႔ထည္လည္းဘာမွဆက္မေျပာေတာ့ေပ။

"ငါယုံၾကည္တယ္ မင္း ကိုစက္ကိုအႂကြင္းမဲ့ကာကြယ္ေစာင့္ေ႐ွာက္ႏိုင္လိမ့္မယ္လို႔ "

"ေက်းဇူးပါပဲ ႐ိႈင္းေဇယံ ... "

ထိုအခါ မင္းစက္က ပါးမို႔ေလးေတြနီေထြးလ်က္ၿငိမ္ေနရာကေနထေျပာလာခဲ့ေလသည္။

"ငါတို႔အေၾကာင္းေျပာေနတာခနနားဦး မင္းတို႔ကေကာဘယ္ေတာ့အေကာင္အထည္ေဖာ္မွာတဲ့လဲ ? "

မင္းစက္အေမးကိုၾကားေတာ့႐ိႈင္းေဇယံကေဘးနားကလူႀကီးဆီမ်က္လုံးေလးကိုမသိမသာေဝွ႔ၾကည့္လိုက္ကာ တစ္ဖက္သို႔အလ်င္အျမန္ျပန္လွည့္သြားေလ၏။

လက္ထပ္တယ္ဆိုတာ လူသား၂ေယာက္ကတစ္ဘဝစာလုံး ကတိကဝတ္ေတြျပဳရင္းႏွစ္ကိုယ့္တစ္စိတ္ျဖစ္ေအာင္ခ်ည္ေႏွာင္ပစ္လိုက္ၾကတာပင္

သူတို႔ျပဳလိုက္တဲ့ကတိေတြကတစ္ဘဝစာလုံးတည္ၿမဲေကာင္းတည္ၿမဲႏိုင္ေပမယ့္
အခ်ိန္ဆိုတဲ့အရာကတိုက္စားဝါးၿမိဳလာတဲ့အခါ အခ်စ္ဆိုတဲ့ေလွငယ္ေလးကဘဝရဲ႕ျမစ္ျပင္က်ယ္ထဲမွာခရီးအဆုံးထိတိုင္ေအာင္႐ြက္လႊင့္သြားႏိုင္ပါ့မလား ?

အကိုမင္းစက္နဲ႔ဟန္လင္းထက္တို႔ကေတာ့က်ိန္းေသေပါက္ျဖတ္ေက်ာ္ႏိုင္ၾကမွာေသခ်ာေပမယ့္ သူနဲ႔ကိုခန္႔ကေကာ ?
သူတို႔ႏွစ္ေယာက္စလုံး ခိုင္မာတည္ၿမဲစြာခ်ည္ေႏွာင္ရစ္ေထြးႏိုင္ၾကပါ့မလား ?

ကိုခန္႔စိတ္ထဲမွာေကာသူနဲ႔တစ္သက္တာခ်ည္ေႏွာင္သြားခ်င္တဲ့စိတ္ဆႏၵတို႔႐ွိေနပါ့မလား ?

သူကထိုတစ္ေယာက္ေသာသူကို၆ႏွစ္တာၾကာေအာင္ခ်န္ရစ္ထားခဲ့တဲ့အျပစ္႐ွိတဲ့လူတစ္ေယာက္ျဖစ္ခဲ့တဲ့ဟာ
ကိုခန္႔ကသူ႕ရဲ႕က်န္႐ွိေနတဲ့အခ်ိန္ကာလေတြကိုသူ႕အေပၚပုံအပ္ေလာက္တဲ့အထိ သူ႕ကိုယုံၾကည္ႏိုင္ပါေတာ့မလား ?

႐ိႈင္းေဇယံေလးက အေတြးမ်ားစြာနဲ႔ကေယာက္ကယက္ျဖစ္ေနစဥ္တြင္ မင္းခန္႔ထည္ကေတာ့သူ႕ရဲ႕နက္ျပာေရာင္ကုတ္အက်ႌအိတ္ကပ္ေလးထဲက ဘူးေလးကိုလက္ဖ်ားေလးနဲ႔တိတ္တဆိတ္စမ္းလိုက္ၿပီး သူ၏ႏႈတ္ခမ္းေတြကို ညင္သာေျဖးညင္းစြာတြန္႔ေကြးလိုက္ေတာ့သည္။

"ငါကေတာ့မေလာပါဘူး "

ဘာလို႔လဲဆိုေတာ့ အဲ့အခ်ိန္ကမၾကာခင္ေရာက္လာေတာ့မွာမို႔လို႔ေလ....

မင္းခန္႔ထည္ကတည္ၿငိမ္တဲ့အမူအရာနဲ႔ခပ္ျပတ္ျပတ္ဆိုလိုက္တာေၾကာင့္ ႐ိႈင္းေဇယံက အထိတ္တလန္႔နဲ႔လွည့္ၾကည့္လာခဲ့ကာ ထိုေကာင္ေလးရဲ႕မ်က္ဝန္းေတြကတမဟုတ္ခ်င္းနီရဲတက္လာရေလသည္။

မင္းခန္႔ထည္ရဲ႕ရင္ထဲကေနာက္ဆက္တြဲစကားေတြကို ကာကယံ႐ွင္တစ္ဦးတည္းကသာၾကားႏိုင္တာေၾကာင့္ ႐ိႈင္းေဇယံကေတာ့က်န္တဲ့စကားေတြကိုမၾကားႏိုင္ဘဲစိတ္ဓာတ္က်သြားရကာ သူ၏ႏွလုံးသားေလးမွာတင္းၾကပ္နာက်င္သြားရေလသည္။

ေသခ်ာတာေပါ့ ကိုခန္႔ကသူ႕ကိုမယုံၾကည္ေတာ့ဘူးပဲ ...

မင္းစက္နဲ႔ဟန္လင္းထက္ကမင္းခန္႔ထည္ရဲ႕အေျဖကိုၾကားေတာ့႐ိႈင္းေဇယံကဲ့သို႔အဓိပၸါယ္ေကာက္မလြဲခဲ့ေပ။သူတို႔ကမင္းခန္႔ထည္ရဲ႕ဆိုလိုရင္းကိုကြင္းကြင္းကြက္ကြက္သေဘာေပါက္သည္မို႔ ျပဳံးတုံ႔တုံ႔မ်က္ႏွာထားေတြနဲ႔ေခါင္းတၿငိမ့္ၿငိမ္္႕လုပ္လာၾကေလသည္။

သူတို႔ေခြးစာလာေကြၽးသလို မင္းခန္႔ထည္ကလည္းသူတို႔အားေခြးစာျပန္သြပ္ထည့္ေပးလိုက္တာေၾကာင့္ခါးသီးသြားရတာကိုေတာ့ဝန္ခံရမည္ပင္။

႐ိႈင္းေဇယံကေတာ့ထိုျပဳံးတုံ႔တုံ႔မ်က္ႏွာထားေတြကိုသတိမမူမိလိုက္။သူ႕အာ႐ုံနဲ႔သူဗ်ာမ်ားေနခဲ့ကာ ပန္းႏုေရာင္ဖိတ္စာေလးကိုသာတစ္ခ်ိန္လုံးငုံ႔ၾကည့္ေန႐ွာသည္။
သူ၏ရင္ထဲမွာေတာ့ပူေလာင္ဆို႔နစ္ေနကာ မင္းခန္႔ထည္သူ႕အားျပန္ၾကည့္လာတဲ့အခါသူခက္ခက္ခဲခဲနဲ႔ျပဳံးျပလိုက္ရင္း နာက်င္ထိုင္းမိႈင္းေသာခံစားခ်က္တို႔ကိုလွ်ိဳ႕ဝွက္စြာဖုံးကြယ္ပစ္လိုက္ေတာ့သည္။

မင္းခန္႔ထည္ရဲ႕မ်က္ဝန္းေတြကေတာ့႐ိႈင္းေဇယံေလးကိုအၾကင္နာေတြတနင့္တပိုးနဲ႔ေငးစိုက္ၾကည့္ေနၿပီး 'မင္းေလးလည္းမၾကာခင္ကိုယ့္အပိုင္ျဖစ္ေတာ့မွာ ' ဟူေသာစကားလုံးေတြကိုမ်က္ဝန္းေတြကေနတဆင့္ေျပာျပေနေပမယ့္႐ိႈင္းေဇယံကေတာ့အဓိပၸါယ္မေကာက္ႏိုင္ခဲ့ေပ။

ထိုမ်က္ဝန္းေတြကိုျမင္ရေလေလ သူ႕ႏွလုံးသားကနာက်င္လာရေလေလျဖစ္တာေၾကာင့္အၾကည့္လႊဲလိုက္ေတာ့ေလ၏။မင္းခန္႔ထည္ကေတာ့အေကာင္ေပါက္ေလးက ႐ွက္သြားတာေၾကာင့္သူ၏အၾကည့္ေတြကိုေ႐ွာင္ဖယ္သြားတာျဖစ္မည္ဟုထင္လိုက္ကာ ေက်နပ္အားရစြာျပဳံးလိုက္မိေလသည္။

သူတို႔ေလးေယာက္ေတာ္ေတာ္ၾကာတဲ့အထိစကားေတြေဖာင္ဖြဲ႕စြာေျပာၿပီးၾကတဲ့ေနာက္ မင္းစက္နဲ႔ဟန္လင္းထက္က ေနသူရိန္နဲ႔ဆက္ေနာင္တို႔ဆီသို႔သြားရဦးမည္ဟူ၍ဆိုလာတာေၾကာင့္စကားေၾကာျဖတ္လိိဳက္ၾကသည္။

သူတို႔၂ေယာက္ကိုမင္းခန္႔ထည္က ကုမၸဏီေအာက္ထပ္ထိကိုယ္တိုင္ကိုယ္က်လိုက္ပို႔ေပးေလရာ ႐ိႈင္းေဇယံကေတာ့ လက္႐ွိအေျခအေနအရ႐ုံးခန္းအျပင္ဘက္သို႔ထြက္လာလို႔မရေသးတာေၾကာင့္လိုက္မလာေတာ့ဘဲ ႐ုံးခန္းမွန္တံခါးေနာက္ကေနသာမ်က္လႊာေလးကိုတိတ္ဆိတ္စြာခ်လ်က္ ေအာက္ဘက္ကလူသုံးေယာက္ကိုငုံ႔ၾကည့္ေနေလသည္။သူ၏မ်က္ႏွာေလးကေတာ့အနည္းငယ္ညိႇဳးေရာ္လို႔ေနလ်က္။

"ဒါနဲ႔ဒီေန႔ကမင္းတို႔ Dateလား ? "

မင္းခန္႔ထည္ကဟန္လင္းထက္တို႔ကားထဲမဝင္မီ ထို၂ေယာက္ကိုစုန္ခ်ည္ဆန္ခ်ည္ၾကည့္ရင္းလွမ္းေမးလိုက္ေလသည္။
သူတို႔၂ေယာက္က အျဖဴေရာင္လည္ပင္းဝိုင္းတီ႐ွပ္ကေလးေတြနဲ႔ဂ်င္းၿပဲေဘာင္းဘီ႐ွည္တို႔ကိုဆင္တူဝတ္ဆင္ထားတာေၾကာင့္မင္းခန္႔ထည္ကထိုသို႔ေမးျမန္းလိုက္ျခင္းျဖစ္သည္။

မင္းစက္က သူ႕ကိုယ္သူျပန္ငုံ႔ၾကည့္လိုက္ရင္းေခါင္းၿငိမ့္ျပကာျပန္ေျဖလာခဲ့သည္မွာသူ၏စကားသံတို႔ထဲ၌ေပ်ာ္႐ႊင္ျခင္းအေငြ႕အသက္တို႔ကအႂကြင္းမဲ့ေပ်ာ္ဝင္ေနေလရဲ႕။

"အဲ့လိုလည္းေျပာလို႔ရပါတယ္ ဒါေပမယ့္ေလွ်ာက္လည္ခဲ့တာေတာ့မဟုတ္ဘူး ငါိတို႔ႏွလုံးသားေတြအစပ်ိဳးခဲ့တဲ့ ေက်ာင္းေတာ္ႀကီးဆီသြားခဲ့တာ ..."

ထို႔ေနာက္သူတို႔ကားကကုမၸဏီေ႐ွ႕မွာလာရပ္ေသာအခါဟန္လင္းထက္ကကားေနာက္ခန္းတံခါးကိုဖြင့္လိိဳက္ၿပီးမင္းစက္ကိုကားထဲမွာအရင္ဝင္ထိုင္ေစလိုက္၏။သူကေတာ့ကားထဲမဝင္မီမင္းခန္႔ထည္ဘက္သို႔လွည့္ကာ ပခုံးတစ္ဖက္ကိုအားျပင္းျပင္းနဲ႔ဖမ္းဆုပ္ကိုင္လိုက္ရင္းရယ္ေမာသံနဲ႔အတူေျပာလာေလသည္။

"သတင္းေကာင္းကိုေစာင့္ေနမယ္ ... "

"ေအးပါကြာ ... မင္းတို႔လည္းဂ႐ုစိုက္ၾကဦး " ဟုဆိုကာ မင္းခန္႔ထည္က ဟန္လင္းထက္ရဲ႕ေနာက္ေက်ာေလးကို ခပ္ျဖည္းျဖည္းပုတ္ေပးလိုက္ေလသည္။

ဟန္လင္းထက္ကားထဲဝင္ၿပီးေနာက္ကားမွန္မတင္မီမင္းစက္ကဟန္လင္းထက္ကိုခြေက်ာ္ရင္းျပတင္းေပါက္ကေနေခါင္းျပဴထြက္လာကာမင္းခန္႔ထည္အားကားအနားလာဖို႔လက္ယက္ေခၚလိုက္၏။

မင္းခန္႔ထည္ကလည္းကားျပတင္းေပါက္နားတိုးကာသူ၏ကိုယ္ကိုအနည္းငယ္ကိုင္းလိုက္ေလေသာ္ ထိုဗ႐ုတ္သုတ္ခေကာင္ေျပာလာတဲ့ေသာက္က်ိဳးနဲစကားတို႔ေၾကာင့္ျပဳံးေနပါတဲ့သူ၏ႏႈတ္ခမ္းတို႔ကခ်က္ခ်င္း႐ြဲ႕ေစာင္းသြားရေတာ့ေလသည္။

"ေနာက္တစ္ပတ္အဂၤါေန႔ေနာ္ စာအိတ္ကိုေဖာင္းေဖာင္းေလးထည့္ခဲ့ !
ငါကမင္းရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းဆိုေတာ့ကြာ အနည္းဆုံးသိန္းဂဏန္းေလာက္ေတာ့လုပ္သင့္တာေပါ့ဟုတ္ဘူးလား....အား..."

မင္းခန္႔ထည္ကသည္းမခံႏိုင္ေတာ့တဲ့အဆုံးထိုမ်က္ႏွာ႐ူးကပ်က္ကေခ်ာ္ေကာင္ရဲ႕လည္ပင္းအားလက္ေမာင္းထဲထည့္ကာဆြဲညႇစ္လာတာေၾကာင့္မင္းစက္မွာနာနာက်င္က်င္နဲ႔ယက္ကန္ယက္ကန္ေအာ္ဟစ္လာေတာ့ေလသည္။မင္းခန္႔ထည္ကလည္းေဒါသတႀကီးအံႀကိတ္ကာဆဲဆိုလာခဲ့ေလ၏။

" မင္းသာမဂၤလာေဆာင္ၿပီးရင္ ဟန္လင္းထက္ကမ်ား
အႏိုင္က်င့္မလားဆိုၿပီး ပူပန္ေပးေနတဲ့ငါ့မ်က္ႏွာကိုမွမေထာက္ ...မင္းကေတာ့ငါဆိုတဲ့သူငယ္ခ်င္းအရင္းႀကီးအေပၚ ကိုစီးပြားတြက္ , တြက္ရက္တယ္ေပါ့ေလ ေခြးေကာင္ !!! "

ဟန္လင္းထက္ကေတာ့ ကေလးမဟုတ္သူငယ္မဟုတ္ရန္ျဖစ္ေနၾကျပန္ပါတဲ့ သူတို႔အဖြဲ႕ထဲကအသက္ႀကီးဆုံးကေလးႀကီး၂ေယာက္ရဲ႕အခ်စ္စမ္းပြဲအား စိတ္ညစ္ညစ္နဲ႔ဝင္ဆြဲရျပန္ေလ၏။

ဒီလိုနဲ႔အခ်ိန္ေတာ္ေတာ္ၾကာမွ BMWကားေလးကကုမၸဏီကေနထြက္သြားႏိုင္ေတာ့ေလသည္။

မ်က္ႏွာႀကီးနီရဲေနတဲ့မင္းစက္က စပ္ဖ်ဥ္းဖ်ဥ္းနာက်င္သြားရေသာသူ၏လည္ပင္းအားပြတ္ကိုင္လိုက္ရင္း အေနာက္၌က်န္ရစ္ခဲ့ေသာေဒါသအိုးအားကားေပၚကေနလွည့္ၾကည့္လိုက္ကာ လမ္းတစ္ေလွ်ာက္လုံးတရစပ္က်ိန္ဆဲသြားေတာ့ေလသည္။ဟန္လင္းထက္ကေတာ့ေရခဲစိမ္တဘက္တစ္ခုနဲ႔ မင္းစက္ရဲ႕နီရဲေနတဲ့လည္ပင္းအားအုပ္ေပးလိုက္ရင္း သူ၏အသည္းစိုင္ေလးေျပာသမွ်စကားလုံးတိုင္းကိုတအင္းအင္းနဲ႔ေထာက္ခံေပးေန႐ွာေလသည္။

႐ုံးခန္းထဲကိုမင္းခန္႔ထည္ျပန္ေရာက္လာေတာ့႐ိႈင္းေဇယံကမွန္ျပတင္းေပါက္ေ႐ွ႕၌မတ္တပ္ရပ္ေနဆဲပဲျဖစ္ကာ တစ္ေနရာရာကိုစိတ္လြင့္စြာေငးၾကည့္ေနေလသည္။ မင္းခန္႔ထည္ကပိန္ပါးပါးေကာင္ေလးကိုအသံမေပးဘဲအေနာက္ကေနသိုင္းဖက္လိုက္တဲ့အခါ စိတ္လြင့္ေနတဲ့႐ိႈင္းေဇယံေလးကထိတ္လန္႔လို႔သြားၿပီးကိုယ္ေလးမွာတုန္ခါသြားရတာေၾကာင့္မင္းခန္႔ထည္ကခပ္အုပ္အုပ္ရယ္လာေလသည္။

"ဘာေတြေတြးေနျပန္တာလဲ ကို႔ကေလးေလးရဲ႕ ... "

႐ိႈင္းေဇယံကသူ၏ဝမ္းဗိုက္အေ႐ွ႕ဘက္ကတစ္ေယာက္ေသာသူရဲ႕လက္၂ဖက္ကိုဆုပ္ကိုင္လိုက္ရင္းတိုးတိုးေလးျပန္ေျဖလာသည္။

"ဘာမွမဟုတ္ပါဘူး ဒီအတိုင္းေငးေနမိတာ .. "

မင္းခန္႔ထည္က႐ိႈင္းေဇယံရဲ႕ႏို႔ႏွစ္ေရာင္ဂုတ္သားေလးကိုဖြဖြေလးနမ္း႐ိႈက္လိုက္ၿပီးေနာက္ေကာင္ေလးရဲ႕နားနားကပ္ကာ ႐ိႈင္းေဇယံကိုဖက္ထားတဲ့သူ၏လက္ေမာင္းေတြကိုပိုမိုတင္းၾကပ္ေစလိုက္ၿပီး အခ်စ္ေတြျပည့္ေနတဲ့စကားသံတို႔ျဖင့္ဆိုလာသည္။

"႐ိႈင္းေလး ကိုယ္မင္းကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာမင္းသိတယ္မွတ္လား ? "

"အင္း"

"မနက္ျဖန္က်ရင္ကိုယ္တို႔လည္းခရီးသြားၾကရေအာင္ "

"ဟင္ ဘယ္ကိုလဲ ? "

"ကိုယ္တို႔ရဲ႕ခ်စ္ျခင္းေတြကိုျမႇဳပ္ႏွံထားခဲ့တဲ့တစ္ေနရာဆီကိုေပါ့ "

••••••••••••••••••••••••••••••••••••••••••••••••••

Extra5ေရးတာ တအား႐ွည္သြားလို႔၂ပိုင္းခြဲထားပါတယ္ 😅

ဒီအပိုင္းရဲ႕အခ်ိန္ကာလက Extra3မွာ ႐ိႈင္းဆက္ယံတို႔ထြက္သြားၿပီးေနာက္ပိုင္းအခ်ိန္ေလးကိုေရးထားတာပါ။

ဒီအခ်ိန္အပိုင္းအျခားမွာမင္းခန္႔ထည္က F Gardenကိုလည္းဦးစီးေနသလိုတစ္ဖက္မွာလည္း CEOေနရာကိုျပန္ဝင္ေရာက္လာၿပီျဖစ္ေပမယ့္တရားဝင္ေတာ့ျပန္မဆက္ခံရေသးပါဘူး။မင္းခန္႔ထည္က MK Gpရဲ႕ CEOေနရာကိုMr. Devilအစပိုင္းက်မွတရားဝင္ျပန္ဆက္ခံခဲ့တာပါ။

Thanks for reading.😘

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

109K 5.8K 97
စောင့်ဆိုင်းခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ တသတ်မတ်ထောင့်လို။ထပ်တူညီခြင်းဥပဒေသအရ အချစ်သည်..စောင်ဆိုင်းခြင်းနဲ့ တိုက်ရိုက်အချိုးကျနေလေရဲ့ ေစာင့္ဆိုင္းျခင္း...
348K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
23.5K 2.5K 25
It's not my own fic . I translated English ver to Myanmar ... You all can feel in this fic how Suho take care of his members and the name good leade...
84.1K 8.8K 44
"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္လုံေလာက္ပါ လိမ့္မလဲ။" Just a simple love...