HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

368K 24.3K 899

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အချပ်ပို (၂) - အနမ်းမိုးတို့အလွန်

1.9K 85 0
By Futawa

Warning ပါနော်

*******************************

အချပ်ပို (၂) - အနမ်းမိုးတို့အလွန် 

Unicode

[အချစ်တတ်ဆုံးလူသား ]

နူးညံ့ထွေးအိလွန်းလှသည့်နှုတ်ခမ်းသားတို့နှစ်စုံဟာပြင်းရှလှိုက်မောမှုတို့အလယ်အနမ်းတွေဂဟေဆက်သွားရကာ ရှိုင်းဆက်ယံဟာစိုင်းသီဟဆိုသောလူသားတစ်ဦး၏အုပ်မိုးခြင်းကိုတမဟုတ်ချင်းခံလိုက်ရပေသည်။ အစောနကနွေးထွေးစွာလွှမ်းခြုံခြင်းခံရသောသိုးမွှေးစောင်ကလေးမှာယခုအချိန်မှာတော့ခုတင်ဘေးဘက်သို့လျှောကျသွားခဲ့ရလေ၏။ စိုင်းသီဟ၏တောင့်တမက်မောမှုတို့ပြည့်လျှံလှသောလျှာဖျားကလေးဟာဆိုရင်ရှိုင်းဆက်ယံ၏ခံတွင်းနယ်ပယ်ထဲတွင်ကျင်လည်နယ်ချဲ့နေကာကလူကျီစယ်နေခြင်းကြောင့် ရှိုင်းဆက်ယံခမျာချုပ်မတည်းထားနိုင်တော့ဘဲနှလုံးသားလေးကပါယားယံသွားရလေသည်။

ထို့ကြောင့် စိုင်းသီဟရဲ့လည်တိုင်လေးနားသို့သူမလွှတ်စတမ်းဖက်တွယ်ထားမိလေ၏။
ရပ်တန့်သွားခြင်းမရှိတဲ့ချိုမြိန်မှုတို့အပေါင်းရောယှက်စီးဆင်းနေပါသည့်အနမ်းပင်လယ်အတွင်းဝယ် လူသားနှစ်ယောက်၏အသက်ရှူသံများမှာအထိပ်အကွပ်မဲ့စွာကြမ်းတမ်းလှိုက်ဖိုလာကြသည်။စိုင်းသီဟသည် အချိန်အတော်ကြာကြာပင် ရှိုင်းဆက်ယံ၏နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးကိုမြိန်ယှက်စွာစားသုံးပြီးနောက် ခနလွှတ်ပေးလိုက်ပြီး သူ၏နက်မှောင်ပြင်းပြနေသည့်မျက်ဝန်းများက ရှိုင်းဆက်ယံ၏လည်စလုပ်လေးဆီဆိုက်ရောက်သွားကာ ငုံထွေးကိုက်ခဲလာလေတော့ နာကျင်မှုမမည်တဲ့နာကျင်မှုလေးကြောင့်ရှိုင်းဆက်ယံဆီကနေညည်းသံသဲ့သဲ့ကလေးထွက်အံကျလာပေတော့သည်။

စိုင်းသီဟမှာထိုမျှနှင့်မရပ်သွား လည်တိုင်တစ်လျှောက်ပတ်ပတ်လည်ကိုပါတရှုံ့ရှုံ့နှင့်နမ်းရှိုက်နေကာ သူ၏ဆာလောင်မွတ်သိပ်မှုတို့ကိုအတိုးချဖြေသိမ့်နေရှာသည်။ ရှိုင်းဆက်ယံမှာမိမိ၏လည်တိုင်တစ်ဝိုက်အနားသို့မည်သူတစ်ဦးတစ်ယောက်ကမျှထိုကဲ့သို့အပြုအမူမျိုးလာမလုပ်ဖူးသည်မို့ နှလုံးသားတစ်စုံဟာထိန်းမနိုင်သိမ်းမရစွာခုန်လှုပ်လာရပြီးဦးနှောက်အတွင်းဝယ်ဗလာကျင်းဖြစ်သွားခဲ့ရတော့သည်။

ထိုမျှတင်မဟုတ် သူ၏အဖြူရောင်တီရှပ်ပါးအောက်သို့အသိမပေးဘဲလျှိုဝင်လာပါသော ညှို့ငင်ပွတ်သပ်နေရှာသည့်လက်တစ်စုံ၏ အထိအတွေ့ကိုပါခံစားလာရတဲ့အခါ ရှိုင်းဆက်ယံမှာတစ်ကိုယ်လုံးကြက်သီးထလာရပြီး ခန္ဓာကိုယ်လေးကသိမ့်ခနဲတုန်ယင်သွားရကာဒီခုတင်ပေါ်ကနေထထွက်ပြေးချင်စိတ်ပေါက်သွားရလေသည်။

"ဘာလဲ ကြောက်နေတာလား ? "

စိုင်းသီဟကသူသုံးဆောင်ချင်နေပါသည့်လူသားကလေး၏လည်တိုင်တစ်ဝိုက်တွင်နစ်မြုပ်နေရာမှပြန်ထလိုက်ပြီး ရှိုင်းဆက်ယံ၏မေးဖျားကလေးကိုသူ၏လက်ညှိုးလေးနှင့်ပင့်တင်လိုက်ရင်း ညစ်ကျယ်ကျယ်အပြုံးတို့နှင့်မေးလာခဲ့သည်။

အစကထွက်ပြေးချင်နေရှာသည့်ရှိုင်းဆက်ယံမှာ သူ့အားအုပ်မိုးထားသောလူဆီကနေထိုသို့အမေးခံလိုက်ရသည့်အခါပိုလို့တောင်တစ်ကိုယ်လုံးပူထူလာရကာ အငွေ့ပျံသွားချင်နေလေပြီ။သို့ပေမယ့်သူ၏နီထွေးထွေးမျက်နှာကလေး၏တည်တင်းမှုကိုသနားချင့်စဖွယ်ကောင်းစွာခဝါချခြင်းမရှိ မာန်တင်းတင်းနှင့်သာ ထိုလူသား၏မျက်ဝန်းတွေထဲသို့ကြောက်လန့်မှုမရှိစွာဖြင့်ကျူးကျော်စိုက်ကြည့်ရင်းပြန်ဖြေလိုက်သည်။

"ငါကဘာကိစ္စကြောက်ရမှာလဲ ? "

မေးဖျားကလေးကိုဆွဲကိုင်ထားသည့်လူကသူ၏ထိုစကားကိုကြားတော့ အသံကျယ်ကြီးနှင့်ရယ်ချလာကာ ဆာလောင်မွတ်သိပ်မှုတို့လောင်မြိုက်နေရှာသောမျက်ဝန်းများနှင့်ရှုကြည့်လာပြီးနောက် သူ၏နှုတ်ခမ်းသားတို့ဆီအဆက်မပြတ်နမ်းရှိုက်လာလေတော့သည်။

ထိုအနမ်းကခုနကအနမ်းထက် ပြင်းထန်တောက်လောင်နေကာ သူတို့နှစ်ဦး၏လျှာဖျားနှစ်သွယ်နှင့်သွားကလေးများပင်လျှင် အချင်းချင်းမရပ်မနားပွတ်တိုက်သွားကြတာကြောင့် ရှိုင်းဆက်ယံ၏နှုတ်ခမ်းအိအိကလေးမှာသွေးစကလေးပင်စွန်းထင်းသွားခဲ့ရသည်။

ခံတွင်းနယ်ပယ်ထဲသို့စိမ့်ဝင်လာပါသည့်ငန်ကျိကျိအရသာကြောင့် ရှိုင်းဆက်ယံ၏မျက်နှာကလေးအားမလွှတ်စတမ်းဆွဲယူနမ်းရှိုက်နေသောစိုင်းသီဟ၏လက်နှစ်ဖက်တို့မှာတဖြည်းဖြည်းလျော့ကျသွားပြီးနောက် ငုံထွေးထားပါသောချယ်ရီဖူးနှုတ်ခမ်းကလေးကိုလွှတ်ပေးလိုက်ရှာသည်။

ထိုစဥ်ရှိုင်းဆက်ယံမြင်လိုက်ရသည့်စိုင်းသီဟ၏မျက်ဝန်းတွေက ရာဂမီးတို့ကင်းမဲ့နေပြီးတုန်လှုပ်ခြင်းတို့အတိဖုံးလွှမ်းနေခဲ့တာကြောင့် ရှိုင်းဆက်ယံမှာအနည်းငယ်ကြောင်အသွားရလေသည်။

"မင်းသွေးထွက်နေပြီ ...... "

စိုင်းသီဟကထိုသို့ရေရွတ်လာကာရှိုင်းဆက်ယံ၏ပျော့အိအိအောက်နှုတ်ခမ်းကလေးကို ဖွဖွကလေးပွတ်သပ်ပေးလိုက်ပြီးနောက် ရွှတ်ခနနမ်းချလာ၍အနမ်းတွေကိုအဆုံးသတ်ပစ်လိုက်တော့သည်။

ဘာဖြစ်သွားတာလဲ ?

ရှိုင်းဆက်ယံမှာအပြောင်းလဲမြန်သည့်အခြေအနေတစ်ခုအလယ်နားမလည်နိုင်စွာမျက်တောင်ကလေးကိုပုတ်ခတ်ပုတ်ခတ်လုပ်လျက်စိုင်းသီဟကိုစိုက်ကြည့်နေခဲ့မိသည်။

စိုင်းသီဟရဲ့အကြည့်တွေကတော့ အင်္ကျီသားတို့လျော့လျဲကျနေသည့် လှစ်ဟာထွက်ပြူနေသောတစ်ယောက်သောသူ၏ပခုံးသားတွေထက်ရောက်သွားပြန်ကာ သူ၏မျက်ဝန်းတွေကိုမှိတ်ချလိုက်ပြီးနောက် ရှိုင်းဆက်ယံအားအုပ်မိုးထားရာမှ ဖယ်ရှားပေးလိုက်ပြီးထထွက်သွားတော့သည်။

ထို့နောက်ထိုသူကရေချိုးခန်းဘက်ဆီသို့သာဦးတည်လိုက်ပြီးတော်တော်နှင့်ပြန်ထွက်မလာတော့ပေ။

ရှိုင်းဆက်ယံခမျာခုတင်ပေါ်၌အသက်မဲ့စွာလဲလျောင်းနေရာမှဖျက်ခနဲအသိဝင်လာခဲ့ကာစက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ထထိုင်လိုက်ပေတော့သည်။

"နေပါဦး ဒီအရူးကောင်ကဘာဖြစ်သွားရပြန်တာတုန်း !!! "

ရှိုင်းဆက်ယံကထိုသို့ရေရွတ်လိုက်စဥ်တွင်အောက်နှုတ်ခမ်းဆီကပျံ့နှံ့လာတဲ့စပ်ဖျင်းဖျင်းနာကျင်မှုလေးကြောင့်မျက်နှာရှုံ့မဲ့သွားရလေ၏။

သူဘယ်လိုပဲစဥ်စားစဥ်းစား
စိုင်းသီဟကရုတ်တရက်ကြီးထထွက်သွားရတဲ့အကြောင်းအရင်းကိုကွင်းကွင်းကွက်ကွက်နားလည်နိုင်ဖို့ရာလုံးဝဥာဏ်အလင်းမရခဲ့ပေ။ သူစာအုပ်စင်ပေါ်ကနာရီလေးကိုလှမ်းကြည့်လိုက်တော့အချိန်မှာမနက်၈နာရီခွဲရှိပြီဖြစ်သည်။

"အဲ့ကောင်ရေချိုးခန်းထဲမှာသေများသေနေပြီလား ? "

ရေချိုးခန်းထဲသို့ဝင်သွားသူမှာနာရီဝက်မျှကြာပြီဖြစ်သော်လည်းထွက်မလာသေးတာကြောင့်သူစိုးရိမ်သွားရကာ ခုတင်ပေါ်ကနေဆင်းလာလိုက်လေသည်။ သူခုတင်ပေါ်ကနေဆင်းပြီး အခန်းနံရံဘေးတွင်ထောင်ထားသည့်ကိုယ်လုံးပေါ်မှန်ကိုတစ်ချက်ကြည့်လိုက်စဥ်တွင် ဖရိုဖရဲဖြစ်နေရှာသောသူ၏ပုံစံကြောင့်စိတ်ရှုပ်သွားရပြီး အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ပြင်လိုက်လေသည်။

ပြောင်ချောနေသည့်မှန်၏မျက်နှာပြင်ကနေတစ်ဆင့်မြင်လိုက်ရတာက သူ၏ပခုံးသားထက်နှင့်လည်တိုင်တစ်ဝိုက်၌ သားရိုင်းကောင်ကြီးကိုက်ခဲထားမှုကြောင့် သွေးစကလေးများပင်စို့နေရှာသော ပန်းသွေးရောင်ဒဏ်ရာများပင်ဖြစ်သည်။

သွေးစို့ရုံကလေးသာရှိပြီးသူမည်သို့မျှမနာကျင်ပါ။ ချစ်ရသူတံဆိပ်ခတ်နှိပ်ထားသည့်အချစ်ဆိပ်ကလေးတွေဖြစ်ရှာတာမို့ ကျေနပ်ပျော်ရွှင်ခြင်းတို့သည်သာရင်ဝယ်ရိုက်ခတ်လာပြီး အူမြူးနေခဲ့ရပေသည်။

ထိုစဥ်စိုင်းသီဟကရေချိုးခန်းတံခါးကိုဖွင့်လိုက်ပြီး ထွက်လာခဲ့လေသည်။စိုင်းသီဟကသူ့အားတစ်ချက်ဝေ့ကြည့်လာသော်လည်း ဘာကြောင့်မှန်းမသိထိုလူသားရဲ့မျက်ဝန်းအကြည့်တွေကနှင်းစက်ကလေးတွေကဲ့သို့အေးစက်နေသလိုပင်။

"ရေသွားချိုးတော့လေ ... ကိုယ် မနက်စာလုပ်ထားပေးမယ် "

သူကကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်နေသည့်ရှိုင်းဆက်ယံလေးကိုမသိမသာကျော်လျှောက်ကာထွက်သွားပြီးနောက်အစောနကနှစ်ဦးသား၏သောင်းကြမ်းမှုကြောင့်စွန့်ပစ်ခံလိုက်ရတဲ့စောင်လေးအားကောက်ယူလိုက်ပြီးခေါက်ချိုးညီညီခေါက်ချကာ ခုတင်စွန်း၌ပြန်တင်ထားလိုက်တော့သည်။

သူ၏စိတ်အဆင်မှာသိပ်မကြည်ရှာသလိုပင်။ထို့ကြောင့်အစောနကအခြေအနေကိုရှေ့ဆက်ဖို့ရာလည်းနှစ်ဦးနှစ်ဖက်စလုံးအစီအစဥ်မရှိကြတော့ပေ။

ရှိုင်းဆက်ယံကရေချိုးပြီးထွက်လာလေသော် ခုတင်ပေါ်မှာသူဝတ်ဖို့အတွက်အဝတ်အစားတစ်စုံကိုစိုင်းသီဟကအရံသင့်တင်ပေးထားလေ၏။ လည်းပင်းဟိုက်ကာကျယ်လှသည့်သိုးမွှေးချည်အင်္ကျီလေးနှင့် ရှော့ပင်ဘောင်းဘီရှည်ကလေးကိုဝတ်ဆင်လိုက်ပြီးနောက်သူအခန်းထဲမှထွက်လာခဲ့လိုက်သည်။

စိုင်းသီဟကမူမီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေကာ သူတို့နှစ်ယောက်စားဖို့မနက်စာကိုပြင်ဆင်ပေးနေသည်။

Operationလုပ်နေသည့်အချိန်တွင်လည်းအမှားအယွင်းတစ်စွန်းတစ်စမျှမရှိတာကြောင့်ဆေးပညာနယ်ပယ်တွင်နတ်ဘုရားတစ်ပါးဟုတင်စားကြပါသော Dr. စိုင်းသီဟဆိုသူ မှာမီးဖိုချောင်ဝင်သည့်အချိန်တွင်လည်းသူ၏ဆွဲဆောင်မှုရှိလှတဲ့အရှိန်အဝါတို့ကတစ်စက်ကလေးမျှပြယ်လွင့်ပျောက်ကွယ်မသွားခဲ့။

စိုင်းသီဟ၏ခန့်ညားလှသောနောက်ကျောပြင်ပုံရိပ်လေးကိုရှိုင်းဆက်ယံတစ်ယောက်အနောက်နားကနေတိတ်တိတ်ကလေးခိုးကြည့်နေသည်မှာမျက်တောင်လေးရဲ့နှစ်စွန်းနှစ်ဖက်ကိုပိတ်ချဖို့တောင်မေ့နေခဲ့ရှာသည်။

တိတ်ဆိတ်လွန်းနေတဲ့နောက်ကျောပြင်ထက်ကအခြေအနေတစ်ခုကြောင့်စိုင်းသီဟမှာစိတ်မလုံမလဲဖြစ်လာရကာလှည့်ကြည့်လာခဲ့တော့သည်။ စိုင်းသီဟ၏အကြည့်တွေနဲ့တည့်တည့်တိုးသွားခဲ့တဲ့အခိုက် တစ်ယောက်သောသူအားတိတ်တခိုးလေးရှိုးနေတဲ့ရှိုင်းဆက်ယံမှာတစ်ဖက်သို့ကပြာကယာလှည့်သွားကာချောင်းတစ်ချက်ဟန့်လိုက်ပြီးရေခဲသေတ္တာဆီသို့သာဦးတည်လိုက်တော့သည်။

Gasမီးတောက်ထက်ကဒယ်ပြားအတွင်းရှိမိုးခိုသားကင်လေးမှာမီးတဖွားဖွားနှင့်အပူပေးခြင်းခံလိုက်ရတာကြောင့်အဆီတစိမ့်စိမ့်ထွက်လာရကာအသားကင်ရနံ့တို့ကသွားရည်ယိုစရာကောင်းလောက်စွာမွှေးပျံ့လာရပြီးရှိုင်းဆက်ယံ၏အစားစားချင်စိတ်ကိုဆွဲဆောင်နေရှာသည်။

ရှိုင်းဆက်ယံမှာဒယ်အိုးထက်ကအသားကင်ကိုသာငမ်းနေရင်းနှင့်ရေခဲရေဗူးကိုမော့သောက်လိုက်လေသော် နှုတ်ခမ်းပေါက်ထားသည့်နေရာကစပ်လာရသောကြောင့် 'အာ့ 'ဆိုပြီးညည်းတွားမိလေတော့စိုင်းသီဟ၏ Master Chefလက်ကလေးတွေကလုပ်လက်စအလုပ်၌ရပ်တန့်သွားရပြီး သူ၏အနားသို့အပြေးရောက်ချလာခဲ့တော့သည်။

"ကို့ကိုပြစမ်းပါဦး တော်တော်ပေါက်သွားတာလား ? "

သူ၏အောက်နှုတ်ခမ်းလေးကိုအနီးကပ်ကြည့်ရှုနေရှာသောစိုင်းသီဟ၏ချောမောမှုအပေါင်းခညောင်းနေပါသည့်မျက်နှာကလေးဟာသူနှင့်တစ်စထက်တစ်စနီးကပ်လို့လာခဲ့လေသည်။

နှာခေါင်းထိပ်တို့ထိစပ်တော့လုမတတ်နီးကပ်လွန်းလှသောအကွာအဝေး၌ ရှူသွင်းရှူထုတ်နေသည့်ထိုလူသား၏လေပူနွေးနွေးကလေးတွေဟာ အထိအခိုက်မခံနိုင်သောပါးပြင်မို့မို့ထက်ဆီသို့အကြင်နာမဲ့စွာရိုက်ခတ်လာလေသော်ရှိုင်းဆက်ယံမှာထိုလူသားအားထပ်ပြီးနမ်းရှိုက်ချင်စိတ်တို့တဖွားဖွားဖြစ်ပေါ်လာရသည်။

စိုင်းသီဟ၏အာရုံစူးစိုက်မှုကတစ်ဖက်တစ်ခြမ်းသို့ရောက်နေစဥ်တွင် သူ၏နှုတ်ခမ်းသားတို့ဟာ အကာအကွယ်ကင်းမဲ့နေခဲ့ကာ ရုတ်တရက်စိုစွတ်ချိုမြိန်သွားရလေသောကြောင့် သူလုံးဝမှင်သက်သွားခဲ့ရလေသည်။

ရှိုင်းဆက်ယံမှာ သူ၏ထိုလုပ်ရပ်အပေါ်သဲထဲရေသွန်သကဲ့သို့ဖြစ်သွားပြီးမှနောင်တရသကဲ့သို့ခံစားရကာမျက်နှာပါးပါးလေးမှာဒယ်ပြားထက်ကအသားပြားထက်တောင်နီရဲသွားရပြီးအခန်းထဲသို့တချိုးတည်းထွက်ပြေးသွားတော့သည်။
မထင်မှတ်ပဲအခိုးခံလိုက်ရသည့်အနမ်းကိစ္စကြောင့် စိုင်းသီဟခမျာကြောင်အမ်းအမ်းဖြစ်နေရှာကာပြေးထွက်သွားတဲ့ရှိုင်းဆက်ယံအားဖမ်းမဆွဲလိုက်နိုင်ပေ။

"ဆက်ယံ ..... "

သူ့မှာဝေလီဝေလင်းအိမ်မက်တွေကြားရောက်နေသလိုပင်မယုံကြည်နိုင်ဖြစ်နေရကာသူ၏နှုတ်ခမ်းကိုထိကိုင်လိုက်လျက်ကြောင်တောင်တောင်ဖြစ်နေစဥ်တွင်ပင် မီးဖိုထက်ဆီကတရှဲရှဲမြည်သံကြောင့် အသိပြန်ဝင်လာရတော့သည်။

ထိုစဉ်အသားတုံးမှာမီးသွေးတုံးထက်တောင်မဲတူးနေပြီဖြစ်ကာအိုးအောက်ခြေကမီးလျှံများပင်လျှင်တလူလူတောက်လောင်နေသဖြင့် သူအသိပြန်ဝင်လာသည်မှာမြန်သွား၍သာတော်သေးသည်ပင်။နို့မို့ဆို ကွန်ဒိုတစ်ခုလုံးပြာကျနေလောက်ပြီဖြစ်၏။

ထို့ကြောင့် Gasမီးဖိုကိုအရင်ပြေးပိတ်ပြီးနောက်အိုးထဲကအသားကင်ကိုအမှိုက်ပုံးထဲပစ်ထည့်လိုက်ရကာ ရေနွေးတည်ပြီးခေါက်ဆွဲခြောက်နှစ်ထုပ်ကိုသာဖောက်လိုက်ရတော့သည်။

စိုင်းသီဟမှာပွက်ပွက်ဆူနေရှာသောရေနွေးအိုး၏မျက်နှာပြင်အားတစိမ့်စိမ့်ရပ်ကြည့်နေရင်း လက်တစ်ဖက်ကလည်းသူ၏ရင်ဘက်ဆီသို့ဖိကိုင်ထားပြီးတဖွဖွရေရွတ်နေရှာသည်။

ဆက်ယံရေ ... မင်းလုပ်တာနဲ့ကိုယ်တော့ရူးတော့မှာပဲကွာ !

ခေါက်ဆွဲပြုတ်ကျက်သွားသည်နှင့်ပန်းကန်ထဲလှယ်ထည့်ပြီးနောက်အတိပိတ်ကျနေသောအခန်းတံခါးအားသူနှစ်ချက်ခေါက်လိုက်လေသည်။တံခါးခေါက်သံကြားတော့ရှိုင်းဆက်ယံဟာမျက်နှာထားတည်တည်နှင့်ပြန်ထွက်လာပြီးသူ့အားတစ်ချက်ကလေးတောင်ပင့်ကြည့်မလာပေ။

ခုနကလုပ်ရပ်က သူမလုပ်ထားသကဲ့သို့မသိချင်ယောင်ဆောင်နေကာ ထမင်းစားပွဲဆီသို့သာဦးတည်လျှောက်သွားနေ၏။ စိုင်းသီဟကလည်းဘာမှထပ်မမေးတော့ပဲ ရှိုင်းဆက်ယံနှင့်မျက်နှာချင်းဆိုင်နေရာ၌ဝင်ထိုင်လိုက်ကာ ခေါက်ဆွဲစားဖို့တူကိုဆွဲကိုင်လိုက်ပြီးမျက်စိရှေ့ကလူသားလေးကိုခိုးခိုးပြီးဝေ့ကြည့်နေခဲ့ပေမယ့် ထိုလူသားလေးကတော့သူ့အားအစွမ်းကုန်လျစ်လျူရှုထားပေသည်။

ရှိုင်းဆက်ယံမှာအပြင်ဘက်တွင်တော့မျက်နှာထားခပ်တည်တည်နဲ့တည်ငြိမ်နေပုံပေါက်နေပေမယ့်လို့တကယ်တမ်းကျသူ၏အတွင်းစိတ်ထဲမှာမူဆိုင်းသံဗုံသံထပ်ထပ်ညံနေလေပြီ။

အနမ်းသူခိုးလေးရှိုင်းဆက်ယံကမျက်စိရှေ့ရှိခေါက်ဆွဲပန်းကန်ကိုမြင်တော့မှ အသိပြန်ကပ်လာဟန်တူသည် ။
သူကမကြည်ကြည့်နှင့်စိုင်းသီဟအားစိုက်ကြည့်လာလေတော့စိုင်းသီဟမှာစားလက်စခေါက်ဆွဲဖတ်ကိုတောင်မဖြတ်ချနိုင်ပဲ ပလုံးပထွေးပြန်မေးလာသည်။

"ဘာဖြစ်လို့လဲ ? "

ရှိုင်းဆက်ယံကယောက်ပန်းကန်လုံးအစွန်းကိုတူဖြင့်နှစ်ချက်ခေါက်လိုက်ပြီးစိတ်မကြည်မလင်ဖြင့်ရန်ထောင်လာလေ၏။

"ခုနကအသားကင်နေတာမဟုတ်ဘူးလား ?
ဘယ်လိုလုပ် မားမား ဖြစ်သွားတာတုန်း ! "

"အာ .... အသားကတူးသွားလို့စားမရတော့ဘူး "

စိုင်းသီဟကတွန့်ဆုတ်တွန့်ဆုတ်နှင့်ပြန်ဖြေလာခဲ့သည်။

"မင်းမချက်တတ်လဲမချက်နဲ့လေ ... မင်းမချက်တတ်လို့တူးသွားရတာပေါ့ "

ရှိုင်းဆက်ယံတစ်ယောက်သူ့အားအပြစ်မရှိအပြစ်ရှာပြီးရှက်ရမ်းရမ်းနေတာဖြစ်မှန်းသိနေသောစိုင်းသီဟမှာရယ်ချင်စိတ်ကိုမနဲထိန်းထားရကာ မျက်စိရှေ့ကသူ၏အကောင်ပေါက်လေးအားမျိုချလိုက်ချင်စိတ်ကတဖွားဖွားနှင့်လှိုက်တက်လာရတော့သည်။

"ကိုယ်က စားဖိုးမှူးလက်မှတ်ရထားပြီးသားပါနော် ...ခုနကအသားတူးသွားတာက ... "

မင်းလေးကို့ကိုခိုးနမ်းသွားလို့လေ.......

ဟု သူဆက်ပြောဖိို့နှုတ်ခမ်းတွေကိုဖွင့်ဟလိုက်ပေမယ့် ထိုစကားသာပြောလိုက်ပါမူ ချက်ချင်းအိမ်ပေါ်ကနေကန်ချခံရမှာကိုကြိုမြင်နေတာကြောင့် စိုင်းသီဟကဆက်မပြောတော့ပဲသူမှားကြောင်းသာထပ်ခါတလဲလဲတောင်းပန်လာတော့သည်။

စိုင်းသီဟထပ်ပြောလာမယ့်စကားတွေကိုရှိုင်းဆက်ယံကလည်းခန့်မှန်းမိနေသည်မို့ရန်လိုနေသည့်အကြည့်များနှင့်စူးစူးရဲရဲစိုက်ကြည့်နေပြီးမှ အလိုလိုက်အလျှော့ပေးလွန်းတဲ့တစ်ယောက်သောသူရဲ့တောင်းပန်စကားတွေကိုသာကြားလိိုက်ရတာကြောင့် သူနဲနဲစိတ်ပြန်ကြည်သွားလေသည်။

'ပါးစပ်ကနေအဲ့အကြောင်းထွက်လာလို့ကတော့ တကယ်အသေသတ်ပစ်မှာဘာမှတ် !! '

စိတ်ကောင်းပြန်ဝင်သွားတဲ့ရှိုင်းဆက်ယံကစိုင်းသီဟကိုထပ်မရစ်တော့ဘဲ ပူလောလောခေါက်ဆွဲပြုတ်ကိုအငမ်းမရစားလိုက်တဲ့အခါ ခေါက်ဆွဲ၏ပူစပ်စပ်အရသာနှင့်ရေနွေးပူတို့၏အပူဒဏ်တို့ပေါင်းသွားရကာ နှုတ်ခမ်းကအနာမှာထပ်မံနာကျင်လာရပြန်လေသည်။

စိုင်းသီဟကထိုအဖြစ်ကိုမြင်လေသော် သူ၏ခေါက်ဆွဲကိုတောင်ဖြောင့်ဖြောင့်မစားနိုင်ဘဲပစ်ချန်ထားကာ ရှိုင်းဆက်ယံ၏ဘေးနား၌ကမမ်းကတမ်းဝင်ထိုင်လာသည်။ပြီးနောက်ခေါက်ဆွဲတွေကိုတူနှင့်ဆယ်ယူလိုက်ကာသူ၏နှုတ်ခမ်းဖျားလေးနှင့်တဖူးဖူးမှုတ်၍အအေးခံစေပြီးမှဂရုတစိုက်ခွံ့ကျွေးလာခဲ့သည်။

ရှိုင်းဆက်ယံမှာအစတုန်းကတော့အင်တင်တင်ဖြစ်နေကာငြင်းပယ်နေခဲ့ပေမယ့် နောက်တော့လဲ ထိုလူသား၏ပြုစုယုယမှုအတိုင်းငြိမ်နေလိုက်တော့သည်။

မနက်စာစားသောက်ပြီးတဲ့နောက်ရှိုင်းဆက်ယံသည်လေသာဆောင်ဝရံတာဘက်ဆီသို့ထွက်လာခဲ့ပြီး စီးကရက်တစ်လိပ်ကိုနှုတ်ခမ်း၌တေ့ကိုက်လိုက်ကာမီးညှိလိုက်လေ၏။သူ၏လက်တစ်ဖက်ကစီးကရက်ကိုညှပ်ကိုင်လိုက်ပြီးလေထုထဲသို့ငွေမျှင်ရောင်အငွေ့တန်းလေးတွေကို စီတန်းလွှတ်ထုတ်လိုက်ကာကျန်လက်တစ်ဖက်ကလဲ ဖုန်းနံပါတ်တစ်ခုကိုခေါ်နေပေသည်။

ဖုန်းအဝင် Call ကတော်တော်ကြာကြာမြည်နေပြီးမှ Screenတစ်ဖက်ခြမ်းဆီကနေ
ရင်းနှီးနေကျသြရှရှအသံလှိုင်းတစ်ခုကတစ်ဖက်ဆီသို့ပျံ့လွင့်လာခဲ့၏။

"အမိန့်ရှိပါ ကိုဆက်ယံ "

ကျိန်းသေပေါက်ထိုလူကတော့ သူ၏ညီဖြစ်သူအား မ,ပြေးသွားသည့်တရားခံပြေး
မင်းခန့်ထည်ပင်။

"မင်းငါ့ညီကိုဘယ်တော့ပြန်လွှတ်မယ်စဥ်းစားလဲ ? "

ရှိုင်းဆက်ယံ၏စကားအသွားအလာကခက်ထန်နေကာအနှောင့်အသွားမလွတ်ဆိုလိုက်လေတော့မင်းခန့်ထည်ကလဲအလျှော့မပေးဟားတိုက်ရယ်ရင်းပြန်ဖြေလာပါသည်။

"စဥ်းစားစရာမလိုပါဘူးဗျာ ဘာလို့လဲဆိုတော့ကျနော့်မှာညီ့ကိုအကို့ဆီပြန်လွှတ်ဖို့အစီအစဥ်မရှိလို့လေ .... "

"မင်း ! "

ထိုတစ်ခွန်းတည်းနှင့်ရှိုင်းဆက်ယံမှာအလဲထိုးခံလိုက်ရကာစီကုံးထားတဲ့ပြောစရာစကားတွေဟာဆိုရင်လည်ချောင်းထဲမှာပြတ်တောက်သွားရတော့သည်။ဘာပဲဖြစ်ဖြစ်ညီဖြစ်သူတစ်ယောက်လုံးက ပါသွားပြီးပြီဆိုတော့လည်း ရန်စောင်နေလို့မထူးတော့ပေ။

ရှိုင်းဆက်ယံမှာစိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီးအသက်ပြင်းပြင်းရှူထုတ်လိုက်လျက်စိတ်ရှည်သည်းခံတတ်တဲ့လေသံတို့နဲ့မေးဖို့ပြင်လိုက်ပေမယ့်လို့ဒေါသမီးလျှံတို့အားအတင်းကာရောဖျစ်ညစ်သည်းခံထားရတာကြောင့်နောက်ဆုံးမကျေမချမ်းလေသံတို့သည်သာထွက်ကျလာရတော့သည်။

"ငါ့ညီမင်းလက်ထဲမှာအကောင်းအတိုင်းရှိနေပါသေးတယ်နော် ! "

ရှိုင်းဆက်ယံစကားအတိုင်းမင်းခန့်ထည်ကလဲပြန်ပက်လာပါသည်။

"ကိုဆက်ယံလဲ ကိိုစိုင်းသီဟလက်ထဲမှာအကောင်းအတိုင်းရှိနေပါသေးတယ်နော် ! "

ဒီသောက်ခွေး !

"ငါမင်းကိုမေးနေတာပဲဖြေ အပိုအလိုတွေလာမမေးနဲ့ "

"သြော် ... ကျနော့်အဖြေကိုအကိုသိပြီးသားပဲဟာကျနော်အသေးစိတ်ရှင်းပြဖို့လိုနေသေးလို့လား ယောက်ဖကြီးရာ ..... "

"မင်းခန့်ထည် !!! "

ရှိုင်းဆက်ယံမှာထိုအရိုင်းတုံးကောင်နှင့်စကားဆက်ပြောနေပါလျှင်သွေးဆောင့်တက်ပြီးကိစ္စချောသွားနိုင်တာမို့ မင်းခန့်ထည်လက်ထဲမှဖုန်းအားညီဖြစ်သူရှိုင်းဇေယံလက်ထဲသို့မြန်မြန်လွှဲခိုင်းလိုက်ပေတော့သည်။

သူ့ခမျာမင်းခန့်ထည်အသံကိုကြားလိုက်ရကတည်းက ခေါင်းကတဆစ်ဆစ်ကိုက်ခဲလာရုံသာမကခေါင်းတစ်ခုလုံးပေါက်ကွဲထွက်တော့မလိုတောင်ခံစားနေရသည်။အထူးသဖြင့် 'ယောက်ဖကြီး' ဆိုသည့်အခေါ်အဝေါ်အသုံးအနှုန်းက ရှိုင်းဆက်ယံအတွက်တော့တစ်ကိုယ်လုံးမီးမြှိုက်ခြင်းခံလိုက်ရသကဲ့သို့မီးဟုန်းဟုန်းတောက်နေခဲ့ပေသည်။

တစ်ဖက်ကအသံလှိုင်းကတော့သြရှရှအသံလှိုင်းကနေ ညင်းသွဲ့သွဲ့အသံလေးဆီသို့ပြောင်းလဲသွားခဲ့တော့မှ ရှိုင်းဆက်ယံမှာအပူလုံးကြီးခနငြိမ်းသွားရတော့သည်။

"ကိုဇေ မင်းအသက်ရှင်နေသေးရဲ့လား ? ငါ့ကိုသတိရောရသေးရဲ့လားဟမ် ... ဟိုကောင့်နောက်လိုက်သွားလို့ရရင်ပြီးရောဆိုပြီးငါ့ကျတစ်ယောက်တည်းခိုကိုးရာမဲ့ပစ်ချန်ထားခဲ့တယ်ပေါ့လေ
မင်းငါ့ညီဖြစ်ပြီးရက်စက်လှချည်လားကွ ! "

အကိုဖြစ်သူဆီကနေမတရားမျက်ရည်ခြွေပြီးဇာတ်နာပြနေရှာတာကိုနားထောင်နေရသည့်ရှိုင်းဇေယံလေးမှာအတန်ကြာနှုတ်ဆိတ်နေပြီးမှမဝံ့မရဲနှင့်တိုးတိုးလေးဆိုလာလေသည်။

"ကျနော်ကိုကြီးကို ခိုကိုးရာမဲ့ထားခဲ့တာမဟုတ်ပါဘူး ကျနော်ကိုကြီးကိုကိုစိုင်းနဲ့အတူတူထားခဲ့တာလေ ......ကိုကြီးအထီးကျန်နေမှာစိုးလို့အဖော်တောင်ခေါ်ထားပေးခဲ့တဲ့ဟာ ကျနော်ရက်စက်တယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? "

"ဟုတ်တာပေါ့ ငါ့ညီလေးကသိပ်လိမ္မာတာပဲ!"

"ကျနော်ပြောပါတယ် ကျနော်ကမရက်စက်တတ်ပါဘူးလို့"

"ငါမင်းကိုရွဲ့နေတာ ရွဲ့လို့ရွဲ့နေမှန်းကောသိရဲ့လား မွှန်ထူနေတဲ့အကောင်! မင်းနော်မင်း .... မင်းလုပ်ရပ်မင်းသိတယ်နော်ရှိုင်းဇေယံ ! "

ရှိုင်းဆက်ယံသည်ညီဖြစ်သူနှင့်စကားပြောကာမှဒေါသ Levelနှစ်ဆအထိဆောင့်တက်သွားရကာဦးနှောက်သွေးကြောပါပျက်လုပျက်ငင်ဖြစ်တော့မတတ်။

"မင်းပြန်လာခဲ့တော့ ! "

ထိုအခါတစ်ဖက်ခြမ်းဆီကညီဖြစ်သူအသံဟာရုတ်ချည်းပျောက်ကွယ်သွားရပြီးပိုးစိုးပက်စက်ကျက်သရေတုံးလှပါသောအသံကအစားထိုးချင်းနင်းဝင်ရောက်လာပြန်တော့သည်။

"မဖြစ်နိုင်တာတွေအိမ်မက်မက်မနေစမ်းပါနဲ့ဗျာ ... "

"မင်း ! "

ရှိုင်းဆက်ယံတစ်ယောက်ပြန်ဆဲဖို့ပြင်နေစဥ်မှာပင်သူ၏လက်ထဲမှဟန်းဆက်ကလေးကအလုခံလိုက်ရကာစိုင်းသီဟလက်ထဲသို့ရောက်သွားတော့လေ၏။ စိုင်းသီဟကမူ မင်းခန့်ထည်၏အသံကိုတစ်ချက်နားထောင်ပြီးနောက် ရယ်ကာမောကာနှင့်အတိုင်အဖောက်ညီစွာပြောလိုက်လေသည်။

"ရပါတယ်ကွာ ကိုဇေကိုစိတ်ကြိုက်နေပြီးမှပြန်လာခဲ့ဖို့ပြောလိုက်လေငါ့ညီ
သူ့ကိုကြီးတစ်ယောက်လုံးကို ကိုစိုင်းကကိုယ်ဖိရင်ဖိစောင့်ရှောက်ပေးထားတာမို့စိတ်မပူပါနဲ့လို့ပါပြောလိုက် ဟုတ်ပြီလား ? "

"ဒါဆို ကျနော်စိတ်ချမယ်နော်ကိုစိုင်း "

မင်းခန့်ထည်ကလည်းခုနကစကားပြောတဲ့လေသံနဲ့မတူ တစ်ဖက်ခြမ်းကနေရွှင်ပြစွာပြန်ဖြေလာပြီးနောက်နှစ်ယောက်စလုံးမှာချောမွေ့စွာအပေးအယူတည့်သွားကြတဲ့ပုံပင်။

သူဘာမျှမပြောလိုက်ရသေးခင်တွင်ပင်တစ်ဖက်ကဖုန်းချသွားပြီဖြစ်တာကြောင့်မကျေမချမ်းဒေါသထွက်သွားရတဲ့ရှိုင်းဆက်ယံဟာ စိုင်းသီဟလက်မောင်းဆီသို့ခပ်ပြင်းပြင်းတစ်ချက်ထိုးချလိုက်ပြီးနောက်ဆေးလိပ်မီးသတ်ကာအိမ်ထဲသို့ဆောင့်ကြီးအောင့်ကြီးနှင့်ပြန်ဝင်သွားပါတော့သည်။

စိုင်းသီဟလည်းသဘောခွေ့စွာတခစ်ခစ်ရယ်နေပြီးမှဒေါသကြီးတဲ့လူသားလေးနောက်သို့အပြေးလိုက်သွားရလေသည်။

"ထွက်သွား !!! "

ရှိုင်းဆက်ယံကသူ၏အခန်းထဲသို့စိုင်းသီဟဝင်လာလေတော့ အသံပြဲကြီးနှင့်ကုန်းအော်လိုက်ပြီး ဟွန့်ခနဲနှာမှုတ်ကာခုတင်ပေါ်၌ကျောခိုင်းထိုင်နေပေသည်။ရာဇသံအပေးခံလိုက်ရတဲ့စိုင်းသီဟမှာအခန်းထဲသို့အရဲစွန့်၍မဝင်ရဲတာကြောင့်အခန်းရှေ့ကနေလျှောက်ထွက်သွားတော့လေသည်။

အခန်းအပြင်ဘက်ဝယ်အပ်ကျသံမကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွားသည့်အခါရှိုင်းဆက်ယံမှာ စိတ်တိုနေရာမှ စိုးရိမ်ပူပန်ခြင်းတစ်စုံတစ်ရာကစိုးမိုးဝင်ရောက်လာတာကြောင့်ခုတင်ပေါ်တွင်သူဆက်ထိုင်မနေနိုင်တော့ဘဲ ဧည့်ခန်းဘက်ဆီသို့ထွက်လာခဲ့လေရာ အခန်းထဲတွင်ခွေးတစ်ကောင်ကြောင်တစ်မြှီးမှရှိမနေပေ။

ထို့အပြင် မီးဖိုခန်းနှင့်အခြားအခန်းတွေဆီသို့သူအပူတပြင်းလိုက်ရှာကြည့်ပြန်တော့လည်း စိုင်းသီဟ၏အရိပ်အယောင်ကိုအစအနတောင်မတွေ့ရတော့တာကြောင့် ရှိုင်းဆက်ယံမှာချက်ချင်းစိတ်ဓာတ်ကျသွားကာမျက်နှာလေးကရှုံ့မဲ့သွားရချေသည်။

ထွက်သွားဆိုတာနဲ့ထွက်သွားတာပဲလား ?

အကျင့်မကောင်းတဲ့အကောင် !

ငါ့ကိုပစ်ချန်သွားတယ်ပေါ့!!

သူ့လက်မောင်းကိုထိုးချလိုက်လို့စိတ်ဆိုးသွားတာလား ???

အဲ့ဒါနဲ့ပဲဘာမှမပြောဘဲထွက်သွားစရာလားလို့ !

ဆက်ယံတစ်ယောက်ထိုသို့ကမ္ဘာပျက်နေချိန်တွင်တံခါးမကြီးကရုတ်တရက်ပွင့်ဟလာပြီး စိုင်းသီဟဟာအပြင်ကနေပြန်ရောက်လာခဲ့လေသည်။ သူအခန်းထဲဝင်ဝင်လာချင်းပင်ဧည့်ခန်းထဲ၌မတ်တပ်ရပ်နေရင်းနှင့်သူ့အားမမှိတ်မသုန်စိုက်ကြည့်နေရှာသောဆက်ယံကိုမြင်လိုက်ရလေသော်အရင်ဦးဆုံးနွေးထွေးကြင်နာစွာပြုံးပြလာခဲ့လေ၏။

"ဘာလို့ဒီမှာရပ်နေတာလဲ ? "ဟုမေးလာခဲ့ပြီးနောက် စိုင်းသီဟကသူ၏လက်ထဲမှသယ်ဆောင်လာသည့်အထုပ်ငယ်လေးကိုစားပွဲခုံပေါ်သို့ချလိုက်လေသည်။

သို့သော်ရှိုင်းဆက်ယံကဘာမှပြန်မဖြေဘဲချာခနဲလှည့်ထွက်သွားကာအခန်းထဲသို့ပြန်ဝင်သွားခဲ့တာမို့ စိုင်းသီဟမှာမျက်လုံးလေးကလယ်ကလယ်နှင့်နားမလည်စွာကြောင်ကြည့်နေမိလေသည်။

"ဘာဖြစ်လို့စိတ်ထပ်ဆိုးသွားတာပါလိမ့် ? "

စိုင်းသီဟကအခန်းထဲသို့လိုက်မဝင်သွားဘဲ Recycleအိတ်အဖြူလေးထဲမှဝယ်ယူလာခဲ့သောဆေးပုလင်းများကိုထုတ်လိုက်ပြီး ဆေးသေတ္တာလေးထဲသို့အရင်ဆေးပြန်ဖြည့်နေလိုက်သည်။ ဆေးပုလင်းလေးတွေကိုဆေးသေတ္တာလေးထဲတွင်သေချာနေရာချလိုက်ပြီးနောက်အခန်းထဲသို့လိုက်ဝင်သွားတော့လေသည်။

သူဝင်သွားတော့ရှိုင်းဆက်ယံကခုတင်ပေါ်၌စာအုပ်ထိုင်ဖတ်နေကာ သူ၏မျက်နှာဆီသို့တစေ့တစောင်းမျှ
စွေကြည့်မလာတာကိုကြည့်ရသလောက်လုံးဝစိတ်ဆိုးမပြေသေးသည့်ပုံပင်။

အခန်းထဲသို့ခြေဖော့ကာလျှောက်ဝင်လာတဲ့စိုင်းသီဟကခုတင်ပေါ်၌ဝင်ထိုင်လိုက်ပြီးနောက်အကြင်သူ၏လှပလှပါသောပါးလျလျမျက်နှာလေးအားမလှုပ်မယှက်နှင့်စူးစူးနစ်နစ်စိုက်ကြည့်နေရှာသည်။

"မင်းဆက်ကြည့်နေရင်ငါမင်းမျက်လုံးတွေကိုထိုးဖောက်ပစ်တော့မှာဆိုတာကိုမယုံမရှိနဲ့ ! "
ဟု ရှိုင်းဆက်ယံကစာရွက်တစ်ရွက်ကိုလှန်ချလိုက်ရင်းစိတ်ဆိုးမာန်ဆိုးဖြင့်ဟစ်ဟောက်လာလေသော်စိုင်းသီဟမှာ အနှီလူသားလေး၏ထိုအပြောလေးအပေါ်ပိုပိုတိုး၍သဘာကျနေရကာပြုံးမြဲပြုံးနေမိလေသည်။

"ကောင်းပါပြီဗျာ ဒါပေမယ့် ကိုယ့်ရဲ့မျက်လုံးတွေကိုမဖောက်ပစ်ခင်ကိုယ့်ကိုတစ်စုံတစ်ခုအရင်လုပ်ခွင့်ပေး "

စိုင်းသီဟကပြောပြောဆိုဆိုနှင့် ရှိုင်းဆက်ယံ၏မေးဖျားလေးအားသူ၏လက်ကလေးနှင့်အသာပင့်တင်လိုက်ပြန်လေတော့ ရှိုင်းဆက်ယံမှာအံ့အားသင့်သွားရပြီး စိုင်းသီဟ၏လက်ဖမိုးအား အားပါပါနှင့်ရိုက်ချပစ်လိုက်တော့သည်။

"ဘာလုပ်တာလဲ ဒါက ? "

စပ်ဖြင်းဖြင်းဖြစ်သွားရသောလက်ဖမိုးကိုအသာပွတ်သပ်နေရင်းစိုင်းသီဟမှာအငိုတစ်ဝက်အပြုံးတစ်ဝက်ဖြင့်ပြန်ဖြေလာပေသည်။

"ကိုယ်မင်းရဲ့နှုတ်ခမ်းကအနာကိုဆေးထည့်ပေးမလို့လေ မင်းလေးကဘာထင်နေလို့တုန်း ... "

ထိုအခါမှရှိုင်းဆက်ယံကသူ့အတွေးနဲ့သူမလုံမလဲဖြစ်သွားရပြီး စိုင်းသီဟထံသို့မျက်စောင်းတစ်ချက်ပစ်ခွင်းလာပါ၏။

ထို့နောက်စိုင်းသီဟကသူနှင့်အတူသယ်လာပါသည့်ဆေးသေတ္တာအသေးစားလေးကိုဖွင့်လိုက်ပြီး အနာထည့််ဆေးရည်ကြည်ပုလင်းထဲသို့ဝါးဂွမ်းတံလေးကိုနှစ်လိုက်ကာ ရှိုင်းဆက်ယံ၏မေးဖျားကလေးကိုတစ်ဖန်ဆွဲယူလိုက်ပြန်သည်။

အောက်နှုတ်ခမ်းထောင့်စွန်းကပေါက်သွားရှာသောအနာပေါက်ကလေးကိုဖြေးညင်းညင်သာစွာနှင့်ဂရုတစိုက်ဆေးထည့်ပေးနေရင်းမေးလာလေသည်။

"ကိုယ့်ကြောင့်အရမ်းနာသွားလား ? "

"ဘာကိုလဲ ? "

"ကိုယ့်ကြောင့်မင်းရဲ့နှုတ်ခမ်းလေးပေါက်သွားရတယ် ..... "

တိုးဖျစွာဆိုနေသည့်အချစ်တတ်ဆုံးလူသား၏အကြည့်တွေကနှုတ်ခမ်းဖူးဖူးလေးကနေတစ်ဆင့် တဖြည်းဖြည်းအောက်ဆင်းသွားကာနီရဲနေသည့်ပခုံးသားလေးဆီ၌ကျောက်ချသွားရတော့သည်။

"ပြီးတော့ မင်းရဲ့ ပခုံးသားလေးတွေလဲနာကျင်သွားရတယ်လေ "

ရှိုင်းဆက်ယံမှာစိုင်းသီဟ၏ထိုအပြောတွေကိုသဘောမကျမိ။ အထူးသဖြင့် စိုင်းသီဟကသူ့ကိုယ်သူအပြစ်သားတစ်ယောက်ကဲ့သို့ပြောနေသည့်ပုံက သူ့အတွက်လဲနားထောင်ရသည်မှာအဆင်မပြေလှပေ။ ဒီအရာတွေကဘယ်လောက်ပဲနာကျင်နေပါစေ ကိုယ်ချစ်ရသူနဲ့အတူတူနေချင်စိတ်ကြောင့်ထိခိုက်မိတဲ့ အချစ်ဆိပ်တွေကဘယ်အရာနဲ့မှမလဲလှယ်နိုင်တဲ့ဆုလာဘ်တစ်ခုမဟုတ်ဘူးလား။

ဒါနဲ့များသူဘာကြောင့်မို့ အားတုံ့အားနာဖြစ်နေရပြန်သနည်း။သူတကယ်ပဲထိုလူသားအပေါ်နားမလည်နိုင်တော့ပေ။

"မင်းဘာဖြစ်နေတာလဲ ? "

နောက်ဆုံးရှိုင်းဆက်ယံမှာသည်းမခံနိုင်တော့ဘဲမျက်မှောင်ကြုတ်လျက်စိတ်တိုစွာဘောက်ဆက်ဆက်ကလေးမေးလိုက်တော့သည်။

စိုင်းသီဟက ရှိုင်းဆက်ယံ၏အကြည့်တွေကိုထပ်တူကျစွာပြန်မကြည့်လာဘဲ ညာဘက်ပုခုံးပြင်ထက်က ပန်းသွေးရောင်ခြယ်ကိုက်ရာတစ်ခုဆီသို့သာဆေးထည့်ပေးနေရင်းဖြင့်ပြန်ဖြေလာ၏။

"ကိုယ် .... မင်းကိုထိခိုက်မိအောင်လုပ်မိလိုက်လို့ကိုယ့်ကိုကိုယ်ဒေါသထွက်နေတာ .... "

" ငါတောင်ဘာမှမဖြစ်တာမင်းကဘာကိစ္စဒေါသထွက်နေတာလဲ ? "

ရှိုင်းဆက်ယံကလဲမရပ်မနားမေးခွန်းပြန်ထုတ်လာသည်။

"ကိုယ်မင်းကိုအရမ်းချစ်လို့ မင်းနာကျင်ရမှာကိုကြောက်နေရတာပေါ့ ပြီးတော့ကိုယ်စိတ်မထိန်းနိုင်ဘဲ မင်းအပေါ်ဆိုးဆိုးရွားရွားနာကျင်အောင်လုပ်မိသွားမှာကိုလဲစိုးရိမ်တယ် ..... "

"ကိုယ်အမှန်အတိုင်းဝန်ခံရရင် မင်းလေးကိုပိုင်ဆိုင်ချင်တယ် မင်းလေးနဲ့အတူတူနေချင်မိတယ် ဒါပေမယ့် ကိုယ့်ကြောင့်မင်းလေး ထိခိုက်သွားမယ်ဆိုတဲ့အတွေးတွေခေါင်းထဲဝင်လာခဲ့ရင်အဲ့အရာတွေကကိုယ့်အတွက်ဘာမှမဟုတ်တော့ပါဘူး "

" မင်းကမင်းကိုယ်မင်းနှိပ်စက်နေတာပဲ "

"ကိုယ်မင်းကိုအချိန်အကြာကြီးချစ်ခဲ့တာလေ ကိုယ်ဘယ်လောက်ထိမင်းလေးကိုမြတ်နိုးတန်ဖိုးထားလဲဆိုတာကိုယ့်ရဲ့ကိုယ်စောင့်နတ်ကသာအသိဆုံး ....အချိန်အကြာကြီးမြတ်နိုးတန်ဖိုးထားရတဲ့လူသားလေးတစ်ယောက်ကိုမထိရက်မကိုင်ရက်ဖြစ်တယ်ဆိုတာကဖြစ်သင့်ပါတယ်ကွာ .... "

ရှိုင်းဆက်ယံကစိုင်းသီဟ၏မျက်ဝန်းတွေကိုသာတစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာကြောင့်တစ်ယောက်သောသူ၏မျက်ဝန်းရိပ်လေးတွေဆီကနေ သူ့အပေါ်အတိုင်းအဆမရှိထားရှိလှပါသည့်မြတ်နိုးတွယ်တာရိပ်ကလေးတွေကိုအထင်အရှားတွေ့နေရသဖြင့် သူကိုယ်တိုင်ပင်နှလုံးသား၏မွန်းကြပ်သိပ်သည်းမှုကိုခံစားလာခဲ့ရလေသည်။

မျက်စိရှေ့ကဒီလူသားကိုသူအကြိမ်ကြိမ်အခါခါကျောခိုင်းထားပစ်ခဲ့ပေမယ့် ထိုလူသားကတော့ သူ့အတွက်ဆိုလက်လျှော့ရိုးထုံးစံမရှိခဲ့ပေ။

အဝေးတစ်နေရာဆီသို့ကျောခိုင်းထွက်ခွာခဲ့သောအသဲမာလွန်းလှပါတဲ့သူကိုယ်တိုင်တောင်သေလုမတတ်ပူဆွေးလွမ်းဆွတ်နေခဲ့ရစဥ်အချိန်၌ ကျန်ရစ်ခဲ့ရရှာသည့်ထိုလူသားလေးကကော ဘယ်လောက်ထိရင်ကွဲပူဆွေးနေခဲ့ရမလဲ။

အတိတ်အချိန်တွေတုန်းကထိုခံစားချက်တွေအပေါ်သူခေါင်းမာစွာနှင့်ဆန့်ကျင်ခဲ့တယ်။ငြင်းပယ်ခဲ့တယ်။
စိုင်းသီဟဆိုသူအကြောင်းမတွေးမိအောင်မိမိကိုယ်ကိုနှိပ်စက်ညှင်းဆဲခဲ့ရင်း နှလုံးသားမရှိတဲ့လူသားတစ်ယောက်လိုမျိုးကြိုးစားနေထိုင်ခဲ့မိတယ်။

ထိုလူသားကတော့သူ၏ရှေ့တွင်အပြုံးမပျက်ပြုံးပြရင်းနာကျင်မှုတွေကိုဟန်ဆောင်ဖုံးကွယ်နေခဲ့ကာ အတိတ်နေ့ရက်များ၌ သူ၏စိုင်းဟာဘယ်လောက်ထိအသက်ရှင်ရုန်းကန်နေခဲ့ရမလဲဆိုတာကိုသူဘယ်တုန်းကမှသေသေချာချာမတွေးကြည့်ခဲ့ဖူးပေ။

သူဟာတကယ်အကျင့်မကောင်းတဲ့လူပါလား။ စိုင်းသီဟအပေါ်ရက်စက်ခဲ့တဲ့အပြစ်သားတစ်ယောက်....

ငါ့လိုအကျင့်မကောင်းတဲ့ကောင်မျိုးကိုဘာကိစ္စ ဒီလောက်ထိ ရူးမိုက်နေခဲ့ရတာလဲကွာ
မင်းကတကယ်ကို ၁၀၀ရာခိုင်နှုန်းရူးနေတဲ့အချစ်ရူးကောင်ပဲ......ဘာလို့ငါ့ကိုမစွန့်လွှတ်ခဲ့ရတာလဲ ? မင်းအရမ်းနာကျင်နေခဲ့ရမှတော့စွန့်လွှတ်ခဲ့လိုက်ရောပေါ့ ...

" ရပြီ! "

ဆေးထည့်ပေးတဲ့လုပ်ငန်းစဥ်ပြီးစီးသွားတဲ့နောက်ဆေးသေတ္တာလေးကိုပြန်ပိတ်ချလိုက်သည့်အသံကြားတော့မှ ရှိုင်းဆက်ယံ၏အတွေးပင်လယ်ဟာခမ်းခြောက်သွားရတော့သည်။

စိုင်းသီဟကဆေးသေတ္တာလေးကိုလက်ထဲတွင်ပိုက်လျက်အခန်းထဲကနေထွက်သွားမည့်ဆဲဆဲတွင်ရှိုင်းဆက်ယံကသူ၏လက်နှစ်ဖက်စလုံးကိုတင်းကြပ်စွာဆုပ်ကိိုင်ထားလျက်သူ၏ရှေ့သို့ပြန်ဆွဲချထားခဲ့လေ၏။

"ဘာဖြစ်လို့လဲ ? ကျန်တဲ့နေရာရှိသေးလို့လား ကို့ကိုပြစမ်းပါဦး ... "

စိုင်းသီဟကအလန့်တကြားမေးလာပေမယ့် လို့ရှိုင်းဆက်ယံကဘာမျှမဆိုဘဲအသက်ပြင်းပြင်းတစ်ချက်ရှိုက်လျက်သူ့အားမော့ကြည့်လာစဥ်တွင် တစ်ယောက်သောသူလေးရဲ့သေးသွယ်ဝိုင်းစက်လွန်းသောမျက်ဝန်းလေးတွေထဲ၌ကမာကောင်လေး၏ပုလဲလုံးလေးတွေခိုတွဲနေသည်မှာပါးပြင်မို့မို့ကလေးတွေဆီဖိတ်စင်လျှံကျလုမတတ်ပင်။

"ဘာဖြစ်လို့လဲ ယံလေး ..... "

"မင်းငါ့ကိုစွန့်လွှတ်ဖို့စိတ်ကူးရှိခဲ့ဖူးလား ? "

သူ၏စကားသံတို့ဟာအက်ရှရှိုက်ငင်နေပြီးတုန်ယင်နေခဲ့သည်မို့နားထောင်နေသည့်စိုင်းသီဟပင်လျှင်အာစေးမိသွားရလေသည်။
ထိုအခါစိုင်းသီဟကကြင်နာမြတ်နိုးစွာပြုံးလိုက်ရင်း မျက်ဝန်းလေးနှစ်သွယ်၏မျက်ခမ်းစပ်နားလေးကိုဖွဖွလေးပွတ်သပ်လိုက်လျက်ပုလဲဥလေးတွေကိုဖယ်ရှားပေးပြီးမှအလေးအနက်ဆိုလာသည်။

"မရှိခဲ့ဖူးဘူး။အရင်တုန်းကလဲမရှိခဲ့သလို အခုလဲမရှိဘူး။နောင်တစ်သက်လုံးလဲရှိလာမှာမဟုတ်ဘူး "

"ဘာလို့လဲ ? ငါကမင်းကိုအကြိမ်ပေါင်းများစွာနာကျင်အောင်လုပ်ခဲ့တာလေ မင်းငါ့ကိုမမုန်းဘူးလားစိတ်မကုန်ဘူးလား မင်းဘာလို့ရူးနှမ်းနေရတာလဲ ? "

ရှိုင်းဆက်ယံကသူ၏အင်္ကျီလက်ရှည်ကိုဆုပ်ကိုင်ဖျစ်ညစ်ရင်း ဆွဲဆောင့်နေကာ ကြေကွဲဝမ်းနည်းစွာဆိုလာလေတော့စိုင်းသီဟမှာထိုင်မကြည့်နိုင်တော့ဘဲ ငိုယိုနေတဲ့လူသားလေးကိုရင်ခွင်ထဲ၌မြုပ်အောင်ဆွဲဖက်ထားလိုက်ရင်းဆိုသည်။သူ၏လက်နှစ်ဖက်စလုံးကတုန်ယင်နေတဲ့အနှီကိုယ်လုံးလေးကိုစိတ်ငြိမ်စေရန်ပွတ်သပ်ပေးနေလျက်။

"ကိုယ်ပြောပြီးပြီလေ မင်းလေးကို ကိုယ်ကအရမ်းချစ်လွန်းလို့ပါဆို .... မင်းတစ်ယောက်တည်းကပဲကိုယ်ဆိုတဲ့လူသားရဲ့အသက်ရှင်စရာအကြောင်းပြချက်လေးတစ်ခုဖြစ်တာမို့လို့ မင်းလေးကိုပဲကိုယ်စောင့်နေမှာ
စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး....မင်းလေးကို ကို့ရဲ့ရင်ခွင်ထဲမှာပဲထာဝရမလွှတ်စတမ်းထွေးပွေ့ထားတော့မှာမို့ အဲ့လိုမေးခွန်းတွေထပ်မမေးပါနဲ့တော့ကွာ .... "

"ငါလေ...မင်းကိုချစ်တယ် ။အရမ်းအရမ်းကိုချစ်တာမို့ ကျေးဇူးပြုပြီးထာဝရငါ့အနားမှာပဲနေပေးပြီးငါနဲ့ဝေးရာကိုထွက်မသွားပါနဲ့ ....နော် "

စိုင်းသီဟခမျာ ချစ်ရသူဆီကနေအချိန်ကြာလွန်းစွာတိတ်တခိုးစောင့်မျှော်နေခဲ့ရသည့်စကားလုံးလေးတွေအား နားနှင့်ဆက်ဆက်ကြားလိုက်ရစဥ်တွင် ကြောင်အမိန်းမောနေပြီးတောင့်ခဲသွားရတော့သည်။

"ယံလေး မင်းခုနကကိုယ့်ကိုဘာပြောလိုက်တယ် ..... "

စိုင်းသီဟဟာဝမ်းနည်းခြင်းနှင့်ဝမ်းသာလှိုက်ဖိုခြင်းအကြားခံစားချက်တို့ကလွန်ဆွဲနေကာ မယုံကြည်နိုင်တာကြောင့်ထပ်ပြီးပြန်မေးမိလိုက်သည်။ထိုအခါရှိုင်းဆက်ယံကစိုင်းသီဟ၏ပွေ့ဖက်ခြင်းခံရသောလက်နှစ်ဖက်အကြားမှရုံးထွက်လိုက်ကာ စိုင်းသီဟ၏ခြောက်ကပ်နေတဲ့နှုတ်ခမ်းသားတစ်စုံသို့မဆိုင်းမတွဖိကပ်နမ်းရှိုက်လာပါ၏။

စိုင်းသီဟ၏မျက်ဝန်းနှစ်ဖြာမှာပြူးကျယ်ဝိုင်းစက်လာရပြီး မလှုပ်မယှက်နှင့်ငေးကြောင်မိနေတုန်း ဦးနှောက်ထဲကလှိုင်းတစ်သွင်ကလည်းထိန်းချုပ်မှုကင်းမဲ့စွာပေါက်ကွဲထွက်တော့မတတ်ပင်။ ပိုဆိုးသည်ကခန္ဓာကိုယ်ထဲရှိအကြောက်အကန်ဖိနှိပ်ချနင်းထားရသောပူပြင်းလောင်မြိုက်မှုတစ်သွယ်ကပေါက်ကွဲထွက်လုနီးပါးသွေးကြောပြင်တစ်လျှောက်တွင်ရပ်တန့်ခြင်းမရှိစွာစီးဆင်းနေခဲ့ခြင်းပေ။

ရှိုင်းဆက်ယံဟာစိုင်းသီဟ၏လည်တိုင်ထက်၌ဖက်တွယ်ထားလျက်အနမ်းမိုးကိုအဆက်မပြတ်ရွာသွန်းဖြိုးတော့သည်။
မနက်ကနှုတ်ခမ်းပေါက်ထားတဲ့ဒဏ်ရာရှိနေတာမို့စိုင်းသီဟမှာ သူ၏တစ်ဦးတည်းသောသူလေးအားအကြမ်းပတမ်းမနမ်းရဲဘဲအလိုက်သင့်လေးမျောပါနေရလေသည်။

နောက်ဆုံးရှိုင်းဆက်ယံ၏ကျောပြင်လေးဟာခုတင်ပေါ်ရှိအိစက်စက်ကူရှင်နှင့်မိတ်ဆက်သွားရတော့သည်။ စိုင်းသီဟမှာရှိုင်းဆက်ယံအားအုပ်မိုးထားလျက်နှင့်ပြင်းပြတောက်လောင်လှသောရီဝေစူးရှလှသည့်မျက်ဝန်းများနှင့်စိုက်ကြည့််လာရင်းအက်ရှရှဆိုလာလေသည်။

"ယံလေး...ကိုယ်မထိန်းချုပ်နိုင်တော့ဘူး ...."

စိုင်းသီဟ၏ပူပြင်းရှတသောအသက်ရှူငွေ့လေးတွေက ရိုက်ခတ်ကလူကျီစယ်လာတာမို့ကျီစယ်ခြင်းခံနေရတဲ့ရှိုင်းဆက်ယံ၏နှလုံးသားတစ်စုံမှာလည်းအပြင်ဘက်ဆီသို့ခုန်ထွက်လုမတတ်ကစုန်ပေါက်ကခုန်လို့နေပေ၏။

"မထိန်းချုပ်နိုင်တော့ရင်မထိန်းချုပ်ထားနဲ့လေ ငါအဆင်ပြေပါတယ် .... "

စိုင်းသီဟကရှိုင်းဆက်ယံထံမှခွင့်ပြုတဲ့စကားကိုကြားလိုက်ရတော့ နှစ်ခြိုက်သဘာကျစွာရယ်မောလိုက်ကာ အမြတ်နိုးဆုံးလူသားလေးရဲ့နဖူးပြင်ထက်သို့ အရင်ဦးဆုံးအနမ်းတစ်ပွင့်ခြွေချလိုက်တော့သည်။

ထို့နောက်သူ၏အဖြူရောင်ရှပ်အင်္ကျီထက်ကကြယ်သီးတန်းလေးတွေအားလက်လှမ်းလိုက်ကာဆွဲဆောင်မှုအပြည့်နှင့်တစ်လုံးချင်းဆွဲဖြုတ်လိုက်ပြီးလဲလျောင်းနေတဲ့လူသားလေး၏သိုးမွှေးချည်ထည်လေးကိုလဲ ယုယမက်မောစွာလှိမ့်တင်ရင်း ကမာကောင်လေး၏အကာအရံလေးကိုအကြွင်းမဲ့ဖယ်ရှားပစ်လိုက်ပေသည်။

ထင်ရှားပေါ်လွင်နေတဲ့ဖြူဖွေးဖွေးဗိုက်သားလေးကအတားအဆီးမဲ့စွာပေါ်လာလေတော့ စိုင်းသီဟကသူ၏နှုတ်ခမ်းဖျားလေးတွေနှင့်အဆက်မပြတ်နမ်းရှိုက်စုပ်ယူလိုက်တဲ့အခါဗိုက်သားပြင်ထက်က ကလူ၏သို့မြူ၏သို့လုပ်ခြင်းခံနေရသည့်ရှိုင်းဆက်ယံမှာမထိန်းချုပ်နိုင်ဘဲတခစ်ခစ်ရယ်မောလာတော့သည်။

သူ၏ရယ်သံသဲ့သဲ့ကလေးတွေကိုနားဆင်လိုက်ရတဲ့စိုင်းသီဟမှာချောမွေ့လှသောဗိုက်သားပြင်လေးကိုအငမ်းမရသုံးဆောင်နေရင်းကနေခေါင်းထောင်ကြည့်လာပြီး ရှိုင်းဆက်ယံ၏ပါးမို့မို့ကလေးတွေကိုဆွဲဆိတ်လိုက်ရင်းမေးလေသည်။

"ရယ်ရတယ်ပေါ့ .... "

"အင်း .... "

"ပြီးတော့မှမငိုနဲ့နော်... "

'ဂျောက်' ဆိုသောခါးပတ်ဖြုတ်သံကအခန်းနံရံထက်ဆီသို့တိုးတိုက်ပြေးသွားပြီးနောက် လူသားနှစ်ဦး၏ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားတွေဟာခုတင်ဘေးစောင်းသို့လျှောကျသက်ဆင်းသွားကြရသည်။ဆေးသေတ္တာငယ်လေးလဲထိုနည်း၎င်းပင်။

စိုင်းသီဟသည်ရှိုင်းဆက်ယံ၏ရှည်မြောမြောပေါင်တံလေးနှစ်ဖက်ကိုဆွဲယူလိုက်ပြီးနောက် အနှီမြတ်နိုးရပါသောလူသားလေး၏စိုစွတ်ကျပ်တည်းသောခန္ဓာကိုယ်ထဲသို့ တွေဝေခြင်းမရှိစွာချင်းနင်းဝင်ရောက်လိုက်လေတော့သည်။ စိုင်းသီဟ၏ဝင်ရောက်လာမှုကြောင့်ရှိုင်းဆက်ယံမှာညည်းသံလေးတွေ မရပ်မနားထွက်လာရကာအုပ်မိုးထားသောလူသား၏ကျောပြင်ထက်၌ တင်းကြပ်စွာကုတ်ခြစ်ဖက်တွယ်လာခဲ့တော့သည်။

"အရမ်းနာနေလား ? "

"မမေးနဲ့ ! "

ရှိုင်းဆက်ယံ၏မျက်ဝန်းလေးတွေမှာမျက်ရည်ဥလေးတွေကြောင့်နီရဲနေပြီဖြစ်ကာ ကျောပြင်တစ်ဖက်ကိုကုတ်ခြစ်ရင်းဖြင့်သာခန္ဓာကိုယ်အောက်ပိုင်း၏ထိုးအောင့််နာကျင်မှုကိုတွန်းလှန်နေခဲ့ရသည်။

စိုင်းသီဟက ရှိုင်းဆက်ယံ၏လက်ဖဝါးပြင်နှစ်ဖက်ကို သူ၏ကြီးမားကျယ်ပြန့်သောလက်ဖမိုးနှစ်ခုနှင့်ဆုပ်ကိုင်ချည်နှောင်ထားခြင်းဖြင့် နာကျင်မှုကိုနှစ်သိမ့်ပေးလာခဲ့ပေမယ့်ထိုးသွင်းမှုတစ်စုံတစ်ရာကတော့ရပ်တန့်လို့မသွားခဲ့ကာ အချစ်စိတ်တို့ပြင်းပြလောင်မြိုက်သည့်အရှိန်တို့ကများလာလေလေ အကန့်အသတ်ဘောင်ကိုကျော်လွန်သွားလေလေပင်။

"စိုင်းသီဟ ..... မြန်လွန်းတယ် ..... "

" တောင်းပန်ပါတယ် ကိုယ်မရပ်နိုင်တော့လို့ ခနလေးပဲ .... ခနလေးပဲနော် ...ယံလေး.. "

စိုင်းသီဟ၏ခန္ဓာကိုယ်တစ်လျှောက်တွင်အပူငွေ့တို့ပြန်လာရကာချွေးစေးများပင်လျှင်ထွက်လာရတာကြောင့်ကျယ်ပြန့်သောကျောပြင်ကိုတစ်ဖန်ဖက်တွယ်ထားမိသည့်ရှိုင်းဆက်ယံ၏လက်များမှာတင်းကြပ်စွာမဖက်ထားနိုင်တော့ဘဲလျော့ကျသွားရတော့သည်။

"ငါမရတော့ဘူး ......နာတယ်လို့ "

ရှိုင်းဆက်ယံမှာစိုင်းသီဟနှင့်အသက်အရွယ်ချင်းလဲတူသလိုခန္ဓာကိုယ်အချိုးအစားလဲအတူတူလောက်ပဲဖြစ်လောက်သည်ဟု
သူတစ်လျှောက်လုံးထင်မှတ်ထားမိခဲ့သမျှဟာဒီနေ့ဒီအချိန်တွင်တော့သူကောင်းစွာနားလည်သဘောပေါက်သွားခဲ့ရသည်။ စိုင်းသီဟကဘာတွေစားပြီး ဘာတွေဆော့ထားလို့မှန်းမသိ သူ့ထက်အားအင်တွေထောင်သောင်းမကပြည့်ဝနေကာသူ့ကိုယ်တိုင်ပင်တောင့်ခံနိုင်စွမ်းမရှိတော့ပေ။

ရှိုင်းဆက်ယံမှာသွေးစိမ်းရှင်ရှင်ကိုဆွဲခွဲခြင်းခံလိုက်ရသဖြင့်အသိစိတ်ကင်းမဲ့လုမတတ်နာကျင်ကိုက်ခဲနေကာ ဒူးနှစ်ဖက်စလုံးမှာလည်းအားအင်မရှိစွာတဖြည်းဖြည်းပျော့ခွေလာရတော့သည်။

"ခွေးကောင်! မင်းက .... အတွေ့အကြုံရှိတယ်ပေါ့လေ !"

အုပ်မိုးခြင်းခံထားရသည့်လူသားလေးဟာအံကြိတ်ညည်းတွားရင်းနှင့်ထေ့ငေါ့လာခဲ့တဲ့အခါမှာတော့စိုင်းသီဟက လေးပင်အက်ရှစွာရယ်မောလာခဲ့လေသည်။

ရှိုင်းဆက်ယံဟာ အမြဲတမ်းတစ်ကိုယ်တည်းနေခဲ့သူဖြစ်တာကြောင့် မိန်းကလေးတွေနှင့်လည်းအပျော်တမ်းမအိပ်ဖူးသလို ယောကျာ်းလေးတွေနှင့်အိပ်ဖူးခဲ့ဖို့ဆိုတာလုံးဝအဝေးကြီးပင်။ သို့သော်မျက်စိရှေ့ကငနဲသားကတော့ ဒီကိစ္စအပေါ် proတစ်ယောက်ကဲ့သို့ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေတာကိုသူစိတ်ထင့်သွားခဲ့ကာဒေါသထွက်လာရပြီးစတင်ရုန်းကန်လာတော့သည်။

"မင်းလေးယုံပါ ဒါကိုယ့်ရဲ့ဘုရားစူးပထမဆုံးအကြိမ်ပါကွာ "

'ချီးကိုပထမဆုံးအကြိမ်လား ??? ငါမယုံဘူး ငါမယုံဘူးလို့ !!'

"စိုင်းသီဟ .... တော်တော့ဆို !!!"

အခုချိန်နောင်တအရမိဆုံးကတော့ဥပုသ်စောင့်နေသည့်အသားစားကျားကိုသွားဆွဲနှိုးလိုက်သည့်မိမိလုပ်ရပ်ကိုပင်။ 'အဆင်ပြေပါတယ်' ဆိုတဲ့စကားကိုပြောလိုက်မိတဲ့မိမိကိုယ်ကိုပါးချည်းပဲလှိမ့်ချပစ်ချင်နေပြီဖြစ်သည်။အသံတွေနာတဲ့အထိအဖန်တလဲလဲအသနားခံပြီးတဲ့နောက်မှာတော့ရှိုင်းဆက်ယံတစ်ယောက်
ခနတာလွတ်ငြိမ်းချမ်းသာခွင့်ရသွားခဲ့လေသည်။

နတ်ဘုရားစိုင်းသီဟအတွက်ကမူထိုမျှနှင့်မလုံလောက်သေးတာမို့ ဖြူလွလွသိုးမွှေးစောင်လေးအောက်က အဝတ်ကင်းမဲ့နေသောပူနွေးစိုစွတ်နေသည့်ခန္ဓာကိုယ်နှစ်ခုဟာမကြာခင်တွင်ပင်တစ်ဦးနှင့်တစ်ဦးမလွှတ်စတမ်းထပ်မံပူးကပ်သွားကြကာ ချိုမြိန်ရီဝေလွန်းလှသည့်အချစ်နယ်ပယ်ထဲတွင်နှစ်ယောက်စလုံးမောဟိုက်နွမ်းနယ်စွာဖြင့်ထပ်ပြီးယစ်မူးကြပြန်တော့သည်။

ညနေစောင်းအချိန်ရောက်တဲ့အခါပုဇွန်ဆီရောင်နေဝန်းကြီးကတစ်ဝက်နီးပါးမျှအနောက်ဘက်အရပ်သို့ယွန်းကွယ်သွားတော့လေသည်။ညနေခင်းလေပြေအေးလေးတွေကပြတင်းပေါက်ရဲ့လိုက်ကာစလေးတွေဆီသို့ပုတ်ခတ်စနောက်လျက် အခန်းအတွင်းသို့ဖြတ်ကျော်ဝင်ရောက်လာကာ အိပ်မောကျနေပါသောလူသားနှစ်ဦးထံသို့ဝေ့ဝဲတိုက်ခတ်လိုက်ပါသော်လည်း ထိုလူသားနှစ်ဦးကတော့တုတ်တုတ်မျှမလှုပ်။တစ်ဦးကတစ်ဦး၏ရင်ခွင်ကျယ်ကြီးထဲ၌နစ်မြုပ်ကိန်းအောင်းနေရင်းအိပ်စက်နေပေသည်။

ထိုစဥ် အခန်းအတွင်း၌သီချင်းသံစဥ်လေးတစ်ခုကညနေခင်းလေပြေနှင့်အတူလွင့်ပျံလာခဲ့တာမို့ လူသားနှစ်ဦးစလုံးမှာထိုအသံကြောင့်လှုပ်လှုပ်ရွရွဖြစ်လာရတော့သည်။
ရှိုင်းဆက်ယံ၏မျက်တောင်ကလေးတွေက ရွေ့လျားလှုပ်ခတ်နေသော်လည်းအိမ်မက်ကမ္ဘာထဲကနိုးထလာခြင်းမရှိခဲ့ပေ။ စိုင်းသီဟကတော့သီချင်းသံကြောင့်နိုးထလာကာကြမ်းပြင်ထက်ဆီ၌ပြုတ်ကျနေသောသူ၏ဘောင်းဘီကိုလှမ်းယူလိုက်ပြီးအိတ်ကပ်ထဲကဖုန်းကိုထုတ်ယူလိုက်ပါ၏။

"ဟဲလို ! "

သူ၏အသံကြောင့်ရှိုင်းဆက်ယံမှာအိပ်မှုန်စုံမွှားနှင့်ညည်းတွားလာခဲ့သဖြင့် စိုင်းသီဟကရင်ခွင်ထဲရှိလူသားလေး၏ချောမွေ့နူးညံ့လှပါသောကျောပြင်ကလေးကိုခပ်ဖွဖွပွတ်သပ်ချော့မြူနေရင်းတစ်ဖက်ခြမ်းကစကားတွေကိုပြန်ဖြေနေလိုက်သည်။

"ဘာကိစ္စလဲ ဒီနေ့ကျနော့် Dutyချိန်မရှိဘူး"

Screenတစ်ဖက်ဆီကစကားသံမှာကြားရရုံဖြင့်အရှိန်အဝါကြီးတဲ့လူပုဂ္ဂိုလ်တစ်ယောက်မှန်းသိသာလှစွာအသံပါဝါအပြည့်ဖြင့် မာနကြီးစွာခက်ထန်လွန်းလှသည်။

"ဒီနေ့မနက်တုန်းကမင်းလုပ်ခဲ့တဲ့လုပ်ရပ်အကြောင်းမင်းသိတယ်နော် ။
ငါ့ဆီမင်းအခုချက်ချင်းလာရှင်းပြဖို့လိုတယ်။ "

"ရှင်းပြစရာဘာမှမရှိဘူး သူတို့ပြောတဲ့အတိုင်းပဲ ... "

"ကိုစိုင်း !!! "

ကျယ်လောင်မာထန်လွန်းလှသည့်ခေါ်သံအဆုံးရှိုင်းဆက်ယံ၏ပိတ်ကျနေတဲ့မျက်ဝန်းလေးများကလှစ်ခနဲပွင့်ဟလာပြီးစိုင်းသီဟ၏မျက်နှာထံသို့အပူတပြင်းမော့ကြည့်လာခဲ့သည်။နူးညံ့နွေးထွေးခြင်းအပြည့်နှင့်ပြုံးနေတတ်သည့်အနှီလူသားဟာအခုချိန်မှာတော့ အစားထိုးခံလိုက်ရသောသူစိမ်းတစ်ယောက်ကဲ့သို့ မုန်းတီးစက်ဆုပ်ခြင်းအပြည့်ကမျက်နှာတစ်ခွင်နေရာယူထားလျက် အင်မတိအင်မတန်ခက်ထန်မာကြောနေပေသည်။

စိုင်းသီဟကအောက်ငုံ့ကြည့်လာစဥ်တွင် ရှိုင်းဆက်ယံရဲ့မျက်ဝန်းလေးတွေနဲ့ဆုံသွားရလေသော်အမဲရောင်တိမ်တိုက်တို့ကအစအနမရှိအောင်လွင့်စင်သွားရပြီး ကြည်လင်တောက်ပလှသည့်အပြုံးတစ်ပွင့်ဖြင့်ပြုံးပြရင်းသူ့အားနမ်းရှိုက်လာခဲ့သည်။

"ကိုစိုင်း ! မင်းအခုချက်ချင်းလာခဲ့ !
မင်းအမေသာဒီအကြောင်းတွေသိရင် ဘာဖြစ်သွားမလဲမင်းသိတယ်မှတ်လား ! "

"အင်းသွေးတက်ပြီးမူးလဲသွားမှာပေါ့ ... "

"စိုင်းသီဟ!!! မင်းတကယ်ပဲမိဘတွေကိုတောင်သွေဖယ်ထားတော့မလို့လား ? မင်းအသက်အရွယ်ကကလေးဆန်နေရမယ့်အရွယ်မဟုတ်တော့ဘူးကွ ...အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေကိုလျှောက်လုပ်မနေစမ်းနဲ့ အခုချက်ချင်းငါ့ရှေ့လာခဲ့စမ်း !"

တစ်ဖက်ကလူမှာအလွန်အမင်းဒေါသထွက်နေတာကြောင့်ဖုန်းစပီကာမဖွင့်ထားတာတောင်တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းနံရံတွေဆီသို့ပျံ့နှံ့ရိုက်ခတ်လာတဲ့ဒေါသသံတွေကိုကျယ်လောင်ပြတ်သားစွာကြားနေရသည်မို့ ရှိုင်းဆက်ယံပင်ထိတ်လန့်လာခဲ့ရသည်။

"ကျနော်ဒီနေ့မအားဘူး မနက်ဖြန်...
ကျနော့် Dutyအချိန်ကျမှပဲဆက်ပြောကြတာပေါ့ "

စိုင်းသီဟကထိုသို့သာခပ်ပြတ်ပြတ်ပြောရင်းဖုန်းချလိုက်ပြီးနောက် ဟန်းစက်လေးအားဘေးနားရှိစားပွဲစင်ပေါ်သို့ပစ်တင်လိုက်တော့သည်။

ထို့နောက်သူ၏မုန်တိုင်းထန်နေသည့်မျက်နှာထားမှာပြေလျော့သွားကာ ရှိုင်းဆက်ယံ၏ကိုယ်လုံးလေးအားထပ်မံထွေးပွေ့ထားရင်းမျက်ဝန်းတွေကိုပိတ်ချလိုက်ပြန်သည်။ ရှိုင်းဆက်ယံကတော့စိတ်အေးလက်အေးထပ်မအိပ်နိုင်ဘဲ မျက်ဝန်းများကိုဖွင့်ထားလျက်နှင့်အေးဆေးချင်ယောင်ဆောင်နေသည့်စိုင်းသီဟ၏မျက်နှာလေးကို မျက်တောင်မခတ်စတမ်းငေးကြည့်နေရင်း ဆိုသည်။

"မနက်ဖြန်ကျငါလဲ မင်းနဲ့အတူတူလိုက်ခဲ့မယ်"

"အင်း .. မင်းလေးသဘော "

စိုင်းသီဟကမျက်ဝန်းတွေကိုမှိတ်စင်းထားလျက်ဖြင့်သာပြန်ဖြေလာခဲ့ကာ အနီးနားရှိစားပွဲပေါ်၌အသံမဆဲမရပ်မနားတုန်ခါနေပါသောဟန်းစက်လေးအားနှစ်ယောက်စလုံးဥပေက္ခာပြုထားလိုက်ပေတော့သည်။

မနက်ဖြန်ဆိုသည့်အချိန်အခိုက်အတန့်၌သူတို့နှစ်ဦးစလုံးမည်သို့သောအခက်အခဲတွေနှင့်တွေ့ကြုံရပါစေ တစ်ဦးနှင့်တစ်ဦးမလွှတ်စတမ်းဆုပ်ကိုင်ထွေးပွေ့ထားကြရင်းဖြတ်ကျော်ကြဖို့ရာအသင့်ဖြစ်လို့နေပေသည်။

••••••••••••••••••••••••••••••••••••••••••••••••••

ဆုကလူပျိုကြီးတို့အတွဲ Fanမို့ဒီတစ်ပိုင်းမှာအရောက်ပို့ပေးလိုက်တာပါ 🤭 အရေးအသားမကောင်းရင်လဲခွင့်လွှတ်ပါလို့ 🙏။

Love you all my readers 🙆💖

•••••••••••••••••••••••••••••••••••••••••••••••••

Warning ပါေနာ္

*******************************

အခ်ပ္ပို (၂) - အနမ္းမိုးတို႔အလြန္ 

Zawgyi

[အခ်စ္တတ္ဆုံးလူသား ]

ႏူးညံ့ေထြးအိလြန္းလွသည့္ႏႈတ္ခမ္းသားတို႔ႏွစ္စုံဟာျပင္း႐ွလိႈက္ေမာမႈတို႔အလယ္အနမ္းေတြဂေဟဆက္သြားရကာ ႐ိႈင္းဆက္ယံဟာစိုင္းသီဟဆိုေသာလူသားတစ္ဦး၏အုပ္မိုးျခင္းကိုတမဟုတ္ခ်င္းခံလိုက္ရေပသည္။ အေစာနကေႏြးေထြးစြာလႊမ္းျခဳံျခင္းခံရေသာသိုးေမႊးေစာင္ကေလးမွာယခုအခ်ိန္မွာေတာ့ခုတင္ေဘးဘက္သို႔ေလွ်ာက်သြားခဲ့ရေလ၏။ စိုင္းသီဟ၏ေတာင့္တမက္ေမာမႈတို႔ျပည့္လွ်ံလွေသာလွ်ာဖ်ားကေလးဟာဆိုရင္႐ိႈင္းဆက္ယံ၏ခံတြင္းနယ္ပယ္ထဲတြင္က်င္လည္နယ္ခ်ဲ႕ေနကာကလူက်ီစယ္ေနျခင္းေၾကာင့္ ႐ိႈင္းဆက္ယံခမ်ာခ်ဳပ္မတည္းထားႏိုင္ေတာ့ဘဲႏွလုံးသားေလးကပါယားယံသြားရေလသည္။

ထို႔ေၾကာင့္ စိုင္းသီဟရဲ႕လည္တိုင္ေလးနားသို႔သူမလႊတ္စတမ္းဖက္တြယ္ထားမိေလ၏။
ရပ္တန္႔သြားျခင္းမ႐ွိတဲ့ခ်ိဳၿမိန္မႈတို႔အေပါင္းေရာယွက္စီးဆင္းေနပါသည့္အနမ္းပင္လယ္အတြင္းဝယ္ လူသားႏွစ္ေယာက္၏အသက္႐ွဴသံမ်ားမွာအထိပ္အကြပ္မဲ့စြာၾကမ္းတမ္းလိႈက္ဖိုလာၾကသည္။စိုင္းသီဟသည္ အခ်ိန္အေတာ္ၾကာၾကာပင္ ႐ိႈင္းဆက္ယံ၏ႏွင္းဆီေရာင္ႏႈတ္ခမ္းဖူးဖူးေလးကိုၿမိန္ယွက္စြာစားသုံးၿပီးေနာက္ ခနလႊတ္ေပးလိုက္ၿပီး သူ၏နက္ေမွာင္ျပင္းျပေနသည့္မ်က္ဝန္းမ်ားက ႐ိႈင္းဆက္ယံ၏လည္စလုပ္ေလးဆီဆိုက္ေရာက္သြားကာ ငုံေထြးကိုက္ခဲလာေလေတာ့ နာက်င္မႈမမည္တဲ့နာက်င္မႈေလးေၾကာင့္႐ိႈင္းဆက္ယံဆီကေနညည္းသံသဲ့သဲ့ကေလးထြက္အံက်လာေပေတာ့သည္။

စိုင္းသီဟမွာထိုမွ်ႏွင့္မရပ္သြား လည္တိုင္တစ္ေလွ်ာက္ပတ္ပတ္လည္ကိုပါတ႐ႈံ႕႐ႈံ႕ႏွင့္နမ္း႐ိႈက္ေနကာ သူ၏ဆာေလာင္မြတ္သိပ္မႈတို႔ကိုအတိုးခ်ေျဖသိမ့္ေန႐ွာသည္။ ႐ိႈင္းဆက္ယံမွာမိမိ၏လည္တိုင္တစ္ဝိုက္အနားသို႔မည္သူတစ္ဦးတစ္ေယာက္ကမွ်ထိုကဲ့သို႔အျပဳအမူမ်ိဳးလာမလုပ္ဖူးသည္မို႔ ႏွလုံးသားတစ္စုံဟာထိန္းမႏိုင္သိမ္းမရစြာခုန္လႈပ္လာရၿပီးဦးေႏွာက္အတြင္းဝယ္ဗလာက်င္းျဖစ္သြားခဲ့ရေတာ့သည္။

ထိုမွ်တင္မဟုတ္ သူ၏အျဖဴေရာင္တီ႐ွပ္ပါးေအာက္သို႔အသိမေပးဘဲလွ်ိဳဝင္လာပါေသာ ညိႇဳ႕ငင္ပြတ္သပ္ေန႐ွာသည့္လက္တစ္စုံ၏ အထိအေတြ႕ကိုပါခံစားလာရတဲ့အခါ ႐ိႈင္းဆက္ယံမွာတစ္ကိုယ္လုံးၾကက္သီးထလာရၿပီး ခႏၶာကိုယ္ေလးကသိမ့္ခနဲတုန္ယင္သြားရကာဒီခုတင္ေပၚကေနထထြက္ေျပးခ်င္စိတ္ေပါက္သြားရေလသည္။

"ဘာလဲ ေၾကာက္ေနတာလား ? "

စိုင္းသီဟကသူသုံးေဆာင္ခ်င္ေနပါသည့္လူသားကေလး၏လည္တိုင္တစ္ဝိုက္တြင္နစ္ျမဳပ္ေနရာမွျပန္ထလိုက္ၿပီး ႐ိႈင္းဆက္ယံ၏ေမးဖ်ားကေလးကိုသူ၏လက္ညိႇဳးေလးႏွင့္ပင့္တင္လိုက္ရင္း ညစ္က်ယ္က်ယ္အျပဳံးတို႔ႏွင့္ေမးလာခဲ့သည္။

အစကထြက္ေျပးခ်င္ေန႐ွာသည့္႐ိႈင္းဆက္ယံမွာ သူ႕အားအုပ္မိုးထားေသာလူဆီကေနထိုသို႔အေမးခံလိုက္ရသည့္အခါပိုလို႔ေတာင္တစ္ကိုယ္လုံးပူထူလာရကာ အေငြ႕ပ်ံသြားခ်င္ေနေလၿပီ။သို႔ေပမယ့္သူ၏နီေထြးေထြးမ်က္ႏွာကေလး၏တည္တင္းမႈကိုသနားခ်င့္စဖြယ္ေကာင္းစြာခဝါခ်ျခင္းမ႐ွိ မာန္တင္းတင္းႏွင့္သာ ထိုလူသား၏မ်က္ဝန္းေတြထဲသို႔ေၾကာက္လန္႔မႈမ႐ွိစြာျဖင့္က်ဴးေက်ာ္စိုက္ၾကည့္ရင္းျပန္ေျဖလိုက္သည္။

"ငါကဘာကိစၥေၾကာက္ရမွာလဲ ? "

ေမးဖ်ားကေလးကိုဆြဲကိုင္ထားသည့္လူကသူ၏ထိုစကားကိုၾကားေတာ့ အသံက်ယ္ႀကီးႏွင့္ရယ္ခ်လာကာ ဆာေလာင္မြတ္သိပ္မႈတို႔ေလာင္ၿမိဳက္ေန႐ွာေသာမ်က္ဝန္းမ်ားႏွင့္႐ႈၾကည့္လာၿပီးေနာက္ သူ၏ႏႈတ္ခမ္းသားတို႔ဆီအဆက္မျပတ္နမ္း႐ိႈက္လာေလေတာ့သည္။

ထိုအနမ္းကခုနကအနမ္းထက္ ျပင္းထန္ေတာက္ေလာင္ေနကာ သူတို႔ႏွစ္ဦး၏လွ်ာဖ်ားႏွစ္သြယ္ႏွင့္သြားကေလးမ်ားပင္လွ်င္ အခ်င္းခ်င္းမရပ္မနားပြတ္တိုက္သြားၾကတာေၾကာင့္ ႐ိႈင္းဆက္ယံ၏ႏႈတ္ခမ္းအိအိကေလးမွာေသြးစကေလးပင္စြန္းထင္းသြားခဲ့ရသည္။

ခံတြင္းနယ္ပယ္ထဲသို႔စိမ့္ဝင္လာပါသည့္ငန္က်ိက်ိအရသာေၾကာင့္ ႐ိႈင္းဆက္ယံ၏မ်က္ႏွာကေလးအားမလႊတ္စတမ္းဆြဲယူနမ္း႐ိႈက္ေနေသာစိုင္းသီဟ၏လက္ႏွစ္ဖက္တို႔မွာတျဖည္းျဖည္းေလ်ာ့က်သြားၿပီးေနာက္ ငုံေထြးထားပါေသာခ်ယ္ရီဖူးႏႈတ္ခမ္းကေလးကိုလႊတ္ေပးလိုက္႐ွာသည္။

ထိုစဥ္႐ိႈင္းဆက္ယံျမင္လိုက္ရသည့္စိုင္းသီဟ၏မ်က္ဝန္းေတြက ရာဂမီးတို႔ကင္းမဲ့ေနၿပီးတုန္လႈပ္ျခင္းတို႔အတိဖုံးလႊမ္းေနခဲ့တာေၾကာင့္ ႐ိႈင္းဆက္ယံမွာအနည္းငယ္ေၾကာင္အသြားရေလသည္။

"မင္းေသြးထြက္ေနၿပီ ...... "

စိုင္းသီဟကထိုသို႔ေရ႐ြတ္လာကာ႐ိႈင္းဆက္ယံ၏ေပ်ာ့အိအိေအာက္ႏႈတ္ခမ္းကေလးကို ဖြဖြကေလးပြတ္သပ္ေပးလိုက္ၿပီးေနာက္ ႐ႊတ္ခနနမ္းခ်လာ၍အနမ္းေတြကိုအဆုံးသတ္ပစ္လိုက္ေတာ့သည္။

ဘာျဖစ္သြားတာလဲ ?

႐ိႈင္းဆက္ယံမွာအေျပာင္းလဲျမန္သည့္အေျခအေနတစ္ခုအလယ္နားမလည္ႏိုင္စြာမ်က္ေတာင္ကေလးကိုပုတ္ခတ္ပုတ္ခတ္လုပ္လ်က္စိုင္းသီဟကိုစိုက္ၾကည့္ေနခဲ့မိသည္။

စိုင္းသီဟရဲ႕အၾကည့္ေတြကေတာ့ အက်ႌသားတို႔ေလ်ာ့လ်ဲက်ေနသည့္ လွစ္ဟာထြက္ျပဴေနေသာတစ္ေယာက္ေသာသူ၏ပခုံးသားေတြထက္ေရာက္သြားျပန္ကာ သူ၏မ်က္ဝန္းေတြကိုမွိတ္ခ်လိုက္ၿပီးေနာက္ ႐ိႈင္းဆက္ယံအားအုပ္မိုးထားရာမွ ဖယ္႐ွားေပးလိုက္ၿပီးထထြက္သြားေတာ့သည္။

ထို႔ေနာက္ထိုသူကေရခ်ိဳးခန္းဘက္ဆီသို႔သာဦးတည္လိုက္ၿပီးေတာ္ေတာ္ႏွင့္ျပန္ထြက္မလာေတာ့ေပ။

႐ိႈင္းဆက္ယံခမ်ာခုတင္ေပၚ၌အသက္မဲ့စြာလဲေလ်ာင္းေနရာမွဖ်က္ခနဲအသိဝင္လာခဲ့ကာစက္႐ုပ္ႀကီးတစ္႐ုပ္ကဲ့သို႔ထထိုင္လိုက္ေပေတာ့သည္။

"ေနပါဦး ဒီအ႐ူးေကာင္ကဘာျဖစ္သြားရျပန္တာတုန္း !!! "

႐ိႈင္းဆက္ယံကထိုသို႔ေရ႐ြတ္လိုက္စဥ္တြင္ေအာက္ႏႈတ္ခမ္းဆီကပ်ံ႕ႏွံ႔လာတဲ့စပ္ဖ်င္းဖ်င္းနာက်င္မႈေလးေၾကာင့္မ်က္ႏွာ႐ႈံ႕မဲ့သြားရေလ၏။

သူဘယ္လိုပဲစဥ္စားစဥ္းစား
စိုင္းသီဟက႐ုတ္တရက္ႀကီးထထြက္သြားရတဲ့အေၾကာင္းအရင္းကိုကြင္းကြင္းကြက္ကြက္နားလည္ႏိုင္ဖို႔ရာလုံးဝဥာဏ္အလင္းမရခဲ့ေပ။ သူစာအုပ္စင္ေပၚကနာရီေလးကိုလွမ္းၾကည့္လိုက္ေတာ့အခ်ိန္မွာမနက္၈နာရီခြဲ႐ွိၿပီျဖစ္သည္။

"အဲ့ေကာင္ေရခ်ိဳးခန္းထဲမွာေသမ်ားေသေနၿပီလား ? "

ေရခ်ိဳးခန္းထဲသို႔ဝင္သြားသူမွာနာရီဝက္မွ်ၾကာၿပီျဖစ္ေသာ္လည္းထြက္မလာေသးတာေၾကာင့္သူစိုးရိမ္သြားရကာ ခုတင္ေပၚကေနဆင္းလာလိုက္ေလသည္။ သူခုတင္ေပၚကေနဆင္းၿပီး အခန္းနံရံေဘးတြင္ေထာင္ထားသည့္ကိုယ္လုံးေပၚမွန္ကိုတစ္ခ်က္ၾကည့္လိုက္စဥ္တြင္ ဖ႐ိုဖရဲျဖစ္ေန႐ွာေသာသူ၏ပုံစံေၾကာင့္စိတ္႐ႈပ္သြားရၿပီး အက်ႌကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ျပင္လိုက္ေလသည္။

ေျပာင္ေခ်ာေနသည့္မွန္၏မ်က္ႏွာျပင္ကေနတစ္ဆင့္ျမင္လိုက္ရတာက သူ၏ပခုံးသားထက္ႏွင့္လည္တိုင္တစ္ဝိုက္၌ သား႐ိုင္းေကာင္ႀကီးကိုက္ခဲထားမႈေၾကာင့္ ေသြးစကေလးမ်ားပင္စို႔ေန႐ွာေသာ ပန္းေသြးေရာင္ဒဏ္ရာမ်ားပင္ျဖစ္သည္။

ေသြးစို႔႐ုံကေလးသာ႐ွိၿပီးသူမည္သို႔မွ်မနာက်င္ပါ။ ခ်စ္ရသူတံဆိပ္ခတ္ႏွိပ္ထားသည့္အခ်စ္ဆိပ္ကေလးေတြျဖစ္႐ွာတာမို႔ ေက်နပ္ေပ်ာ္႐ႊင္ျခင္းတို႔သည္သာရင္ဝယ္႐ိုက္ခတ္လာၿပီး အူျမဴးေနခဲ့ရေပသည္။

ထိုစဥ္စိုင္းသီဟကေရခ်ိဳးခန္းတံခါးကိုဖြင့္လိုက္ၿပီး ထြက္လာခဲ့ေလသည္။စိုင္းသီဟကသူ႕အားတစ္ခ်က္ေဝ့ၾကည့္လာေသာ္လည္း ဘာေၾကာင့္မွန္းမသိထိုလူသားရဲ႕မ်က္ဝန္းအၾကည့္ေတြကႏွင္းစက္ကေလးေတြကဲ့သို႔ေအးစက္ေနသလိုပင္။

"ေရသြားခ်ိဳးေတာ့ေလ ... ကိုယ္ မနက္စာလုပ္ထားေပးမယ္ "

သူကကိုယ္လုံးေပၚမွန္ေ႐ွ႕မွာရပ္ေနသည့္႐ိႈင္းဆက္ယံေလးကိုမသိမသာေက်ာ္ေလွ်ာက္ကာထြက္သြားၿပီးေနာက္အေစာနကႏွစ္ဦးသား၏ေသာင္းၾကမ္းမႈေၾကာင့္စြန္႔ပစ္ခံလိုက္ရတဲ့ေစာင္ေလးအားေကာက္ယူလိုက္ၿပီးေခါက္ခ်ိဳးညီညီေခါက္ခ်ကာ ခုတင္စြန္း၌ျပန္တင္ထားလိုက္ေတာ့သည္။

သူ၏စိတ္အဆင္မွာသိပ္မၾကည္႐ွာသလိုပင္။ထို႔ေၾကာင့္အေစာနကအေျခအေနကိုေ႐ွ႕ဆက္ဖို႔ရာလည္းႏွစ္ဦးႏွစ္ဖက္စလုံးအစီအစဥ္မ႐ွိၾကေတာ့ေပ။

႐ိႈင္းဆက္ယံကေရခ်ိဳးၿပီးထြက္လာေလေသာ္ ခုတင္ေပၚမွာသူဝတ္ဖို႔အတြက္အဝတ္အစားတစ္စုံကိုစိုင္းသီဟကအရံသင့္တင္ေပးထားေလ၏။ လည္းပင္းဟိုက္ကာက်ယ္လွသည့္သိုးေမႊးခ်ည္အက်ႌေလးႏွင့္ ေ႐ွာ့ပင္ေဘာင္းဘီ႐ွည္ကေလးကိုဝတ္ဆင္လိုက္ၿပီးေနာက္သူအခန္းထဲမွထြက္လာခဲ့လိုက္သည္။

စိုင္းသီဟကမူမီးဖိုခန္းထဲတြင္အလုပ္႐ႈပ္ေနကာ သူတို႔ႏွစ္ေယာက္စားဖို႔မနက္စာကိုျပင္ဆင္ေပးေနသည္။

Operationလုပ္ေနသည့္အခ်ိန္တြင္လည္းအမွားအယြင္းတစ္စြန္းတစ္စမွ်မ႐ွိတာေၾကာင့္ေဆးပညာနယ္ပယ္တြင္နတ္ဘုရားတစ္ပါးဟုတင္စားၾကပါေသာ Dr. စိုင္းသီဟဆိုသူ မွာမီးဖိုေခ်ာင္ဝင္သည့္အခ်ိန္တြင္လည္းသူ၏ဆြဲေဆာင္မႈ႐ွိလွတဲ့အ႐ွိန္အဝါတို႔ကတစ္စက္ကေလးမွ်ျပယ္လြင့္ေပ်ာက္ကြယ္မသြားခဲ့။

စိုင္းသီဟ၏ခန္႔ညားလွေသာေနာက္ေက်ာျပင္ပုံရိပ္ေလးကို႐ိႈင္းဆက္ယံတစ္ေယာက္အေနာက္နားကေနတိတ္တိတ္ကေလးခိုးၾကည့္ေနသည္မွာမ်က္ေတာင္ေလးရဲ႕ႏွစ္စြန္းႏွစ္ဖက္ကိုပိတ္ခ်ဖို႔ေတာင္ေမ့ေနခဲ့႐ွာသည္။

တိတ္ဆိတ္လြန္းေနတဲ့ေနာက္ေက်ာျပင္ထက္ကအေျခအေနတစ္ခုေၾကာင့္စိုင္းသီဟမွာစိတ္မလုံမလဲျဖစ္လာရကာလွည့္ၾကည့္လာခဲ့ေတာ့သည္။ စိုင္းသီဟ၏အၾကည့္ေတြနဲ႔တည့္တည့္တိုးသြားခဲ့တဲ့အခိုက္ တစ္ေယာက္ေသာသူအားတိတ္တခိုးေလး႐ိႈးေနတဲ့႐ိႈင္းဆက္ယံမွာတစ္ဖက္သို႔ကျပာကယာလွည့္သြားကာေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးေရခဲေသတၱာဆီသို႔သာဦးတည္လိုက္ေတာ့သည္။

Gasမီးေတာက္ထက္ကဒယ္ျပားအတြင္း႐ွိမိုးခိုသားကင္ေလးမွာမီးတဖြားဖြားႏွင့္အပူေပးျခင္းခံလိုက္ရတာေၾကာင့္အဆီတစိမ့္စိမ့္ထြက္လာရကာအသားကင္ရနံ႔တို႔ကသြားရည္ယိုစရာေကာင္းေလာက္စြာေမႊးပ်ံ႕လာရၿပီး႐ိႈင္းဆက္ယံ၏အစားစားခ်င္စိတ္ကိုဆြဲေဆာင္ေန႐ွာသည္။

႐ိႈင္းဆက္ယံမွာဒယ္အိုးထက္ကအသားကင္ကိုသာငမ္းေနရင္းႏွင့္ေရခဲေရဗူးကိုေမာ့ေသာက္လိုက္ေလေသာ္ ႏႈတ္ခမ္းေပါက္ထားသည့္ေနရာကစပ္လာရေသာေၾကာင့္ 'အာ့ 'ဆိုၿပီးညည္းတြားမိေလေတာ့စိုင္းသီဟ၏ Master Chefလက္ကေလးေတြကလုပ္လက္စအလုပ္၌ရပ္တန္႔သြားရၿပီး သူ၏အနားသို႔အေျပးေရာက္ခ်လာခဲ့ေတာ့သည္။

"ကို႔ကိုျပစမ္းပါဦး ေတာ္ေတာ္ေပါက္သြားတာလား ? "

သူ၏ေအာက္ႏႈတ္ခမ္းေလးကိုအနီးကပ္ၾကည့္႐ႈေန႐ွာေသာစိုင္းသီဟ၏ေခ်ာေမာမႈအေပါင္းခေညာင္းေနပါသည့္မ်က္ႏွာကေလးဟာသူႏွင့္တစ္စထက္တစ္စနီးကပ္လို႔လာခဲ့ေလသည္။

ႏွာေခါင္းထိပ္တို႔ထိစပ္ေတာ့လုမတတ္နီးကပ္လြန္းလွေသာအကြာအေဝး၌ ႐ွဴသြင္း႐ွဴထုတ္ေနသည့္ထိုလူသား၏ေလပူေႏြးေႏြးကေလးေတြဟာ အထိအခိုက္မခံႏိုင္ေသာပါးျပင္မို႔မို႔ထက္ဆီသို႔အၾကင္နာမဲ့စြာ႐ိုက္ခတ္လာေလေသာ္႐ိႈင္းဆက္ယံမွာထိုလူသားအားထပ္ၿပီးနမ္း႐ိႈက္ခ်င္စိတ္တို႔တဖြားဖြားျဖစ္ေပၚလာရသည္။

စိုင္းသီဟ၏အာ႐ုံစူးစိုက္မႈကတစ္ဖက္တစ္ျခမ္းသို႔ေရာက္ေနစဥ္တြင္ သူ၏ႏႈတ္ခမ္းသားတို႔ဟာ အကာအကြယ္ကင္းမဲ့ေနခဲ့ကာ ႐ုတ္တရက္စိုစြတ္ခ်ိဳၿမိန္သြားရေလေသာေၾကာင့္ သူလုံးဝမွင္သက္သြားခဲ့ရေလသည္။

႐ိႈင္းဆက္ယံမွာ သူ၏ထိုလုပ္ရပ္အေပၚသဲထဲေရသြန္သကဲ့သို႔ျဖစ္သြားၿပီးမွေနာင္တရသကဲ့သို႔ခံစားရကာမ်က္ႏွာပါးပါးေလးမွာဒယ္ျပားထက္ကအသားျပားထက္ေတာင္နီရဲသြားရၿပီးအခန္းထဲသို႔တခ်ိဳးတည္းထြက္ေျပးသြားေတာ့သည္။
မထင္မွတ္ပဲအခိုးခံလိုက္ရသည့္အနမ္းကိစၥေၾကာင့္ စိုင္းသီဟခမ်ာေၾကာင္အမ္းအမ္းျဖစ္ေန႐ွာကာေျပးထြက္သြားတဲ့႐ိႈင္းဆက္ယံအားဖမ္းမဆြဲလိုက္ႏိုင္ေပ။

"ဆက္ယံ ..... "

သူ႕မွာေဝလီေဝလင္းအိမ္မက္ေတြၾကားေရာက္ေနသလိုပင္မယုံၾကည္ႏိုင္ျဖစ္ေနရကာသူ၏ႏႈတ္ခမ္းကိုထိကိုင္လိုက္လ်က္ေၾကာင္ေတာင္ေတာင္ျဖစ္ေနစဥ္တြင္ပင္ မီးဖိုထက္ဆီကတ႐ွဲ႐ွဲျမည္သံေၾကာင့္ အသိျပန္ဝင္လာရေတာ့သည္။

ထိုစဥ္အသားတုံးမွာမီးေသြးတုံးထက္ေတာင္မဲတူးေနၿပီျဖစ္ကာအိုးေအာက္ေျခကမီးလွ်ံမ်ားပင္လွ်င္တလူလူေတာက္ေလာင္ေနသျဖင့္ သူအသိျပန္ဝင္လာသည္မွာျမန္သြား၍သာေတာ္ေသးသည္ပင္။ႏို႔မို႔ဆို ကြန္ဒိုတစ္ခုလုံးျပာက်ေနေလာက္ၿပီျဖစ္၏။

ထို႔ေၾကာင့္ Gasမီးဖိုကိုအရင္ေျပးပိတ္ၿပီးေနာက္အိုးထဲကအသားကင္ကိုအမိႈက္ပုံးထဲပစ္ထည့္လိုက္ရကာ ေရေႏြးတည္ၿပီးေခါက္ဆြဲေျခာက္ႏွစ္ထုပ္ကိုသာေဖာက္လိုက္ရေတာ့သည္။

စိုင္းသီဟမွာပြက္ပြက္ဆူေန႐ွာေသာေရေႏြးအိုး၏မ်က္ႏွာျပင္အားတစိမ့္စိမ့္ရပ္ၾကည့္ေနရင္း လက္တစ္ဖက္ကလည္းသူ၏ရင္ဘက္ဆီသို႔ဖိကိုင္ထားၿပီးတဖြဖြေရ႐ြတ္ေန႐ွာသည္။

ဆက္ယံေရ ... မင္းလုပ္တာနဲ႔ကိုယ္ေတာ့႐ူးေတာ့မွာပဲကြာ !

ေခါက္ဆြဲျပဳတ္က်က္သြားသည္ႏွင့္ပန္းကန္ထဲလွယ္ထည့္ၿပီးေနာက္အတိပိတ္က်ေနေသာအခန္းတံခါးအားသူႏွစ္ခ်က္ေခါက္လိုက္ေလသည္။တံခါးေခါက္သံၾကားေတာ့႐ိႈင္းဆက္ယံဟာမ်က္ႏွာထားတည္တည္ႏွင့္ျပန္ထြက္လာၿပီးသူ႕အားတစ္ခ်က္ကေလးေတာင္ပင့္ၾကည့္မလာေပ။

ခုနကလုပ္ရပ္က သူမလုပ္ထားသကဲ့သို႔မသိခ်င္ေယာင္ေဆာင္ေနကာ ထမင္းစားပြဲဆီသို႔သာဦးတည္ေလွ်ာက္သြားေန၏။ စိုင္းသီဟကလည္းဘာမွထပ္မေမးေတာ့ပဲ ႐ိႈင္းဆက္ယံႏွင့္မ်က္ႏွာခ်င္းဆိုင္ေနရာ၌ဝင္ထိုင္လိုက္ကာ ေခါက္ဆြဲစားဖို႔တူကိုဆြဲကိုင္လိုက္ၿပီးမ်က္စိေ႐ွ႕ကလူသားေလးကိုခိုးခိုးၿပီးေဝ့ၾကည့္ေနခဲ့ေပမယ့္ ထိုလူသားေလးကေတာ့သူ႕အားအစြမ္းကုန္လ်စ္လ်ဴ႐ႈထားေပသည္။

႐ိႈင္းဆက္ယံမွာအျပင္ဘက္တြင္ေတာ့မ်က္ႏွာထားခပ္တည္တည္နဲ႔တည္ၿငိမ္ေနပုံေပါက္ေနေပမယ့္လို႔တကယ္တမ္းက်သူ၏အတြင္းစိတ္ထဲမွာမူဆိုင္းသံဗုံသံထပ္ထပ္ညံေနေလၿပီ။

အနမ္းသူခိုးေလး႐ိႈင္းဆက္ယံကမ်က္စိေ႐ွ႕႐ွိေခါက္ဆြဲပန္းကန္ကိုျမင္ေတာ့မွ အသိျပန္ကပ္လာဟန္တူသည္ ။
သူကမၾကည္ၾကည့္ႏွင့္စိုင္းသီဟအားစိုက္ၾကည့္လာေလေတာ့စိုင္းသီဟမွာစားလက္စေခါက္ဆြဲဖတ္ကိုေတာင္မျဖတ္ခ်ႏိုင္ပဲ ပလုံးပေထြးျပန္ေမးလာသည္။

"ဘာျဖစ္လို႔လဲ ? "

႐ိႈင္းဆက္ယံကေယာက္ပန္းကန္လုံးအစြန္းကိုတူျဖင့္ႏွစ္ခ်က္ေခါက္လိုက္ၿပီးစိတ္မၾကည္မလင္ျဖင့္ရန္ေထာင္လာေလ၏။

"ခုနကအသားကင္ေနတာမဟုတ္ဘူးလား ?
ဘယ္လိုလုပ္ မားမား ျဖစ္သြားတာတုန္း ! "

"အာ .... အသားကတူးသြားလို႔စားမရေတာ့ဘူး "

စိုင္းသီဟကတြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ျပန္ေျဖလာခဲ့သည္။

"မင္းမခ်က္တတ္လဲမခ်က္နဲ႔ေလ ... မင္းမခ်က္တတ္လို႔တူးသြားရတာေပါ့ "

႐ိႈင္းဆက္ယံတစ္ေယာက္သူ႕အားအျပစ္မ႐ွိအျပစ္႐ွာၿပီး႐ွက္ရမ္းရမ္းေနတာျဖစ္မွန္းသိေနေသာစိုင္းသီဟမွာရယ္ခ်င္စိတ္ကိုမနဲထိန္းထားရကာ မ်က္စိေ႐ွ႕ကသူ၏အေကာင္ေပါက္ေလးအားမ်ိဳခ်လိုက္ခ်င္စိတ္ကတဖြားဖြားႏွင့္လိႈက္တက္လာရေတာ့သည္။

"ကိုယ္က စားဖိုးမႉးလက္မွတ္ရထားၿပီးသားပါေနာ္ ...ခုနကအသားတူးသြားတာက ... "

မင္းေလးကို႔ကိုခိုးနမ္းသြားလို႔ေလ.......

ဟု သူဆက္ေျပာဖိိဳ႕ႏႈတ္ခမ္းေတြကိုဖြင့္ဟလိုက္ေပမယ့္ ထိုစကားသာေျပာလိုက္ပါမူ ခ်က္ခ်င္းအိမ္ေပၚကေနကန္ခ်ခံရမွာကိုႀကိဳျမင္ေနတာေၾကာင့္ စိုင္းသီဟကဆက္မေျပာေတာ့ပဲသူမွားေၾကာင္းသာထပ္ခါတလဲလဲေတာင္းပန္လာေတာ့သည္။

စိုင္းသီဟထပ္ေျပာလာမယ့္စကားေတြကို႐ိႈင္းဆက္ယံကလည္းခန္႔မွန္းမိေနသည္မို႔ရန္လိုေနသည့္အၾကည့္မ်ားႏွင့္စူးစူးရဲရဲစိုက္ၾကည့္ေနၿပီးမွ အလိုလိုက္အေလွ်ာ့ေပးလြန္းတဲ့တစ္ေယာက္ေသာသူရဲ႕ေတာင္းပန္စကားေတြကိုသာၾကားလိိဳက္ရတာေၾကာင့္ သူနဲနဲစိတ္ျပန္ၾကည္သြားေလသည္။

'ပါးစပ္ကေနအဲ့အေၾကာင္းထြက္လာလို႔ကေတာ့ တကယ္အေသသတ္ပစ္မွာဘာမွတ္ !! '

စိတ္ေကာင္းျပန္ဝင္သြားတဲ့႐ိႈင္းဆက္ယံကစိုင္းသီဟကိုထပ္မရစ္ေတာ့ဘဲ ပူေလာေလာေခါက္ဆြဲျပဳတ္ကိုအငမ္းမရစားလိုက္တဲ့အခါ ေခါက္ဆြဲ၏ပူစပ္စပ္အရသာႏွင့္ေရေႏြးပူတို႔၏အပူဒဏ္တို႔ေပါင္းသြားရကာ ႏႈတ္ခမ္းကအနာမွာထပ္မံနာက်င္လာရျပန္ေလသည္။

စိုင္းသီဟကထိုအျဖစ္ကိုျမင္ေလေသာ္ သူ၏ေခါက္ဆြဲကိုေတာင္ေျဖာင့္ေျဖာင့္မစားႏိုင္ဘဲပစ္ခ်န္ထားကာ ႐ိႈင္းဆက္ယံ၏ေဘးနား၌ကမမ္းကတမ္းဝင္ထိုင္လာသည္။ၿပီးေနာက္ေခါက္ဆြဲေတြကိုတူႏွင့္ဆယ္ယူလိုက္ကာသူ၏ႏႈတ္ခမ္းဖ်ားေလးႏွင့္တဖူးဖူးမႈတ္၍အေအးခံေစၿပီးမွဂ႐ုတစိုက္ခြံ႕ေကြၽးလာခဲ့သည္။

႐ိႈင္းဆက္ယံမွာအစတုန္းကေတာ့အင္တင္တင္ျဖစ္ေနကာျငင္းပယ္ေနခဲ့ေပမယ့္ ေနာက္ေတာ့လဲ ထိုလူသား၏ျပဳစုယုယမႈအတိုင္းၿငိမ္ေနလိုက္ေတာ့သည္။

မနက္စာစားေသာက္ၿပီးတဲ့ေနာက္႐ိႈင္းဆက္ယံသည္ေလသာေဆာင္ဝရံတာဘက္ဆီသို႔ထြက္လာခဲ့ၿပီး စီးကရက္တစ္လိပ္ကိုႏႈတ္ခမ္း၌ေတ့ကိုက္လိုက္ကာမီးညႇိလိုက္ေလ၏။သူ၏လက္တစ္ဖက္ကစီးကရက္ကိုညႇပ္ကိုင္လိုက္ၿပီးေလထုထဲသို႔ေငြမွ်င္ေရာင္အေငြ႕တန္းေလးေတြကို စီတန္းလႊတ္ထုတ္လိုက္ကာက်န္လက္တစ္ဖက္ကလဲ ဖုန္းနံပါတ္တစ္ခုကိုေခၚေနေပသည္။

ဖုန္းအဝင္ Call ကေတာ္ေတာ္ၾကာၾကာျမည္ေနၿပီးမွ Screenတစ္ဖက္ျခမ္းဆီကေန
ရင္းႏွီးေနက်ၾသ႐ွ႐ွအသံလိႈင္းတစ္ခုကတစ္ဖက္ဆီသို႔ပ်ံ႕လြင့္လာခဲ့၏။

"အမိန္႔႐ွိပါ ကိုဆက္ယံ "

က်ိန္းေသေပါက္ထိုလူကေတာ့ သူ၏ညီျဖစ္သူအား မ,ေျပးသြားသည့္တရားခံေျပး
မင္းခန္႔ထည္ပင္။

"မင္းငါ့ညီကိုဘယ္ေတာ့ျပန္လႊတ္မယ္စဥ္းစားလဲ ? "

႐ိႈင္းဆက္ယံ၏စကားအသြားအလာကခက္ထန္ေနကာအေႏွာင့္အသြားမလြတ္ဆိုလိုက္ေလေတာ့မင္းခန္႔ထည္ကလဲအေလွ်ာ့မေပးဟားတိုက္ရယ္ရင္းျပန္ေျဖလာပါသည္။

"စဥ္းစားစရာမလိုပါဘူးဗ်ာ ဘာလို႔လဲဆိုေတာ့က်ေနာ္႕မွာညီ့ကိုအကို႔ဆီျပန္လႊတ္ဖို႔အစီအစဥ္မ႐ွိလို႔ေလ .... "

"မင္း ! "

ထိုတစ္ခြန္းတည္းႏွင့္႐ိႈင္းဆက္ယံမွာအလဲထိုးခံလိုက္ရကာစီကုံးထားတဲ့ေျပာစရာစကားေတြဟာဆိုရင္လည္ေခ်ာင္းထဲမွာျပတ္ေတာက္သြားရေတာ့သည္။ဘာပဲျဖစ္ျဖစ္ညီျဖစ္သူတစ္ေယာက္လုံးက ပါသြားၿပီးၿပီဆိုေတာ့လည္း ရန္ေစာင္ေနလို႔မထူးေတာ့ေပ။

႐ိႈင္းဆက္ယံမွာစိတ္ကိုအတတ္ႏိုင္ဆုံးတည္ၿငိမ္ေအာင္ထားၿပီးအသက္ျပင္းျပင္း႐ွဴထုတ္လိုက္လ်က္စိတ္႐ွည္သည္းခံတတ္တဲ့ေလသံတို႔နဲ႔ေမးဖို႔ျပင္လိုက္ေပမယ့္လို႔ေဒါသမီးလွ်ံတို႔အားအတင္းကာေရာဖ်စ္ညစ္သည္းခံထားရတာေၾကာင့္ေနာက္ဆုံးမေက်မခ်မ္းေလသံတို႔သည္သာထြက္က်လာရေတာ့သည္။

"ငါ့ညီမင္းလက္ထဲမွာအေကာင္းအတိုင္း႐ွိေနပါေသးတယ္ေနာ္ ! "

႐ိႈင္းဆက္ယံစကားအတိုင္းမင္းခန္႔ထည္ကလဲျပန္ပက္လာပါသည္။

"ကိုဆက္ယံလဲ ကိိဳစိုင္းသီဟလက္ထဲမွာအေကာင္းအတိုင္း႐ွိေနပါေသးတယ္ေနာ္ ! "

ဒီေသာက္ေခြး !

"ငါမင္းကိုေမးေနတာပဲေျဖ အပိုအလိုေတြလာမေမးနဲ႔ "

"ေၾသာ္ ... က်ေနာ္႕အေျဖကိုအကိုသိၿပီးသားပဲဟာက်ေနာ္အေသးစိတ္႐ွင္းျပဖို႔လိုေနေသးလို႔လား ေယာက္ဖႀကီးရာ ..... "

"မင္းခန္႔ထည္ !!! "

႐ိႈင္းဆက္ယံမွာထိုအ႐ိုင္းတုံးေကာင္ႏွင့္စကားဆက္ေျပာေနပါလွ်င္ေသြးေဆာင့္တက္ၿပီးကိစၥေခ်ာသြားႏိုင္တာမို႔ မင္းခန္႔ထည္လက္ထဲမွဖုန္းအားညီျဖစ္သူ႐ိႈင္းေဇယံလက္ထဲသို႔ျမန္ျမန္လႊဲခိုင္းလိုက္ေပေတာ့သည္။

သူ႕ခမ်ာမင္းခန္႔ထည္အသံကိုၾကားလိုက္ရကတည္းက ေခါင္းကတဆစ္ဆစ္ကိုက္ခဲလာ႐ုံသာမကေခါင္းတစ္ခုလုံးေပါက္ကြဲထြက္ေတာ့မလိုေတာင္ခံစားေနရသည္။အထူးသျဖင့္ 'ေယာက္ဖႀကီး' ဆိုသည့္အေခၚအေဝၚအသုံးအႏႈန္းက ႐ိႈင္းဆက္ယံအတြက္ေတာ့တစ္ကိုယ္လုံးမီးၿမႇိဳက္ျခင္းခံလိုက္ရသကဲ့သို႔မီးဟုန္းဟုန္းေတာက္ေနခဲ့ေပသည္။

တစ္ဖက္ကအသံလိႈင္းကေတာ့ၾသ႐ွ႐ွအသံလိႈင္းကေန ညင္းသြဲ႕သြဲ႕အသံေလးဆီသို႔ေျပာင္းလဲသြားခဲ့ေတာ့မွ ႐ိႈင္းဆက္ယံမွာအပူလုံးႀကီးခနၿငိမ္းသြားရေတာ့သည္။

"ကိုေဇ မင္းအသက္႐ွင္ေနေသးရဲ႕လား ? ငါ့ကိုသတိေရာရေသးရဲ႕လားဟမ္ ... ဟိုေကာင့္ေနာက္လိုက္သြားလို႔ရရင္ၿပီးေရာဆိုၿပီးငါ့က်တစ္ေယာက္တည္းခိုကိုးရာမဲ့ပစ္ခ်န္ထားခဲ့တယ္ေပါ့ေလ
မင္းငါ့ညီျဖစ္ၿပီးရက္စက္လွခ်ည္လားကြ ! "

အကိုျဖစ္သူဆီကေနမတရားမ်က္ရည္ေႁခြၿပီးဇာတ္နာျပေန႐ွာတာကိုနားေထာင္ေနရသည့္႐ိႈင္းေဇယံေလးမွာအတန္ၾကာႏႈတ္ဆိတ္ေနၿပီးမွမဝံ့မရဲႏွင့္တိုးတိုးေလးဆိုလာေလသည္။

"က်ေနာ္ကိုႀကီးကို ခိုကိုးရာမဲ့ထားခဲ့တာမဟုတ္ပါဘူး က်ေနာ္ကိုႀကီးကိုကိုစိုင္းနဲ႔အတူတူထားခဲ့တာေလ ......ကိုႀကီးအထီးက်န္ေနမွာစိုးလို႔အေဖာ္ေတာင္ေခၚထားေပးခဲ့တဲ့ဟာ က်ေနာ္ရက္စက္တယ္ဆိုတာဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ? "

"ဟုတ္တာေပါ့ ငါ့ညီေလးကသိပ္လိမၼာတာပဲ!"

"က်ေနာ္ေျပာပါတယ္ က်ေနာ္ကမရက္စက္တတ္ပါဘူးလို႔"

"ငါမင္းကို႐ြဲ႕ေနတာ ႐ြဲ႕လို႔႐ြဲ႕ေနမွန္းေကာသိရဲ႕လား မႊန္ထူေနတဲ့အေကာင္! မင္းေနာ္မင္း .... မင္းလုပ္ရပ္မင္းသိတယ္ေနာ္႐ိႈင္းေဇယံ ! "

႐ိႈင္းဆက္ယံသည္ညီျဖစ္သူႏွင့္စကားေျပာကာမွေဒါသ Levelႏွစ္ဆအထိေဆာင့္တက္သြားရကာဦးေႏွာက္ေသြးေၾကာပါပ်က္လုပ်က္ငင္ျဖစ္ေတာ့မတတ္။

"မင္းျပန္လာခဲ့ေတာ့ ! "

ထိုအခါတစ္ဖက္ျခမ္းဆီကညီျဖစ္သူအသံဟာ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားရၿပီးပိုးစိုးပက္စက္က်က္သေရတုံးလွပါေသာအသံကအစားထိုးခ်င္းနင္းဝင္ေရာက္လာျပန္ေတာ့သည္။

"မျဖစ္ႏိုင္တာေတြအိမ္မက္မက္မေနစမ္းပါနဲ႔ဗ်ာ ... "

"မင္း ! "

႐ိႈင္းဆက္ယံတစ္ေယာက္ျပန္ဆဲဖို႔ျပင္ေနစဥ္မွာပင္သူ၏လက္ထဲမွဟန္းဆက္ကေလးကအလုခံလိုက္ရကာစိုင္းသီဟလက္ထဲသို႔ေရာက္သြားေတာ့ေလ၏။ စိုင္းသီဟကမူ မင္းခန္႔ထည္၏အသံကိုတစ္ခ်က္နားေထာင္ၿပီးေနာက္ ရယ္ကာေမာကာႏွင့္အတိုင္အေဖာက္ညီစြာေျပာလိုက္ေလသည္။

"ရပါတယ္ကြာ ကိုေဇကိုစိတ္ႀကိဳက္ေနၿပီးမွျပန္လာခဲ့ဖို႔ေျပာလိုက္ေလငါ့ညီ
သူ႕ကိုႀကီးတစ္ေယာက္လုံးကို ကိုစိုင္းကကိုယ္ဖိရင္ဖိေစာင့္ေ႐ွာက္ေပးထားတာမို႔စိတ္မပူပါနဲ႔လို႔ပါေျပာလိုက္ ဟုတ္ၿပီလား ? "

"ဒါဆို က်ေနာ္စိတ္ခ်မယ္ေနာ္ကိုစိုင္း "

မင္းခန္႔ထည္ကလည္းခုနကစကားေျပာတဲ့ေလသံနဲ႔မတူ တစ္ဖက္ျခမ္းကေန႐ႊင္ျပစြာျပန္ေျဖလာၿပီးေနာက္ႏွစ္ေယာက္စလုံးမွာေခ်ာေမြ႕စြာအေပးအယူတည့္သြားၾကတဲ့ပုံပင္။

သူဘာမွ်မေျပာလိုက္ရေသးခင္တြင္ပင္တစ္ဖက္ကဖုန္းခ်သြားၿပီျဖစ္တာေၾကာင့္မေက်မခ်မ္းေဒါသထြက္သြားရတဲ့႐ိႈင္းဆက္ယံဟာ စိုင္းသီဟလက္ေမာင္းဆီသို႔ခပ္ျပင္းျပင္းတစ္ခ်က္ထိုးခ်လိုက္ၿပီးေနာက္ေဆးလိပ္မီးသတ္ကာအိမ္ထဲသို႔ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ျပန္ဝင္သြားပါေတာ့သည္။

စိုင္းသီဟလည္းသေဘာေခြ႕စြာတခစ္ခစ္ရယ္ေနၿပီးမွေဒါသႀကီးတဲ့လူသားေလးေနာက္သို႔အေျပးလိုက္သြားရေလသည္။

"ထြက္သြား !!! "

႐ိႈင္းဆက္ယံကသူ၏အခန္းထဲသို႔စိုင္းသီဟဝင္လာေလေတာ့ အသံၿပဲႀကီးႏွင့္ကုန္းေအာ္လိုက္ၿပီး ဟြန္႔ခနဲႏွာမႈတ္ကာခုတင္ေပၚ၌ေက်ာခိုင္းထိုင္ေနေပသည္။ရာဇသံအေပးခံလိုက္ရတဲ့စိုင္းသီဟမွာအခန္းထဲသို႔အရဲစြန္႔၍မဝင္ရဲတာေၾကာင့္အခန္းေ႐ွ႕ကေနေလွ်ာက္ထြက္သြားေတာ့ေလသည္။

အခန္းအျပင္ဘက္ဝယ္အပ္က်သံမၾကားရေလာက္ေအာင္တိတ္ဆိတ္ၿငိမ္သက္သြားသည့္အခါ႐ိႈင္းဆက္ယံမွာ စိတ္တိုေနရာမွ စိုးရိမ္ပူပန္ျခင္းတစ္စုံတစ္ရာကစိုးမိုးဝင္ေရာက္လာတာေၾကာင့္ခုတင္ေပၚတြင္သူဆက္ထိုင္မေနႏိုင္ေတာ့ဘဲ ဧည့္ခန္းဘက္ဆီသို႔ထြက္လာခဲ့ေလရာ အခန္းထဲတြင္ေခြးတစ္ေကာင္ေၾကာင္တစ္ၿမႇီးမွ႐ွိမေနေပ။

ထို႔အျပင္ မီးဖိုခန္းႏွင့္အျခားအခန္းေတြဆီသို႔သူအပူတျပင္းလိုက္႐ွာၾကည့္ျပန္ေတာ့လည္း စိုင္းသီဟ၏အရိပ္အေယာင္ကိုအစအနေတာင္မေတြ႕ရေတာ့တာေၾကာင့္ ႐ိႈင္းဆက္ယံမွာခ်က္ခ်င္းစိတ္ဓာတ္က်သြားကာမ်က္ႏွာေလးက႐ႈံ႕မဲ့သြားရေခ်သည္။

ထြက္သြားဆိုတာနဲ႔ထြက္သြားတာပဲလား ?

အက်င့္မေကာင္းတဲ့အေကာင္ !

ငါ့ကိုပစ္ခ်န္သြားတယ္ေပါ့!!

သူ႕လက္ေမာင္းကိုထိုးခ်လိုက္လို႔စိတ္ဆိုးသြားတာလား ???

အဲ့ဒါနဲ႔ပဲဘာမွမေျပာဘဲထြက္သြားစရာလားလို႔ !

ဆက္ယံတစ္ေယာက္ထိုသို႔ကမ႓ာပ်က္ေနခ်ိန္တြင္တံခါးမႀကီးက႐ုတ္တရက္ပြင့္ဟလာၿပီး စိုင္းသီဟဟာအျပင္ကေနျပန္ေရာက္လာခဲ့ေလသည္။ သူအခန္းထဲဝင္ဝင္လာခ်င္းပင္ဧည့္ခန္းထဲ၌မတ္တပ္ရပ္ေနရင္းႏွင့္သူ႕အားမမွိတ္မသုန္စိုက္ၾကည့္ေန႐ွာေသာဆက္ယံကိုျမင္လိုက္ရေလေသာ္အရင္ဦးဆုံးေႏြးေထြးၾကင္နာစြာျပဳံးျပလာခဲ့ေလ၏။

"ဘာလို႔ဒီမွာရပ္ေနတာလဲ ? "ဟုေမးလာခဲ့ၿပီးေနာက္ စိုင္းသီဟကသူ၏လက္ထဲမွသယ္ေဆာင္လာသည့္အထုပ္ငယ္ေလးကိုစားပြဲခုံေပၚသို႔ခ်လိုက္ေလသည္။

သို႔ေသာ္႐ိႈင္းဆက္ယံကဘာမွျပန္မေျဖဘဲခ်ာခနဲလွည့္ထြက္သြားကာအခန္းထဲသို႔ျပန္ဝင္သြားခဲ့တာမို႔ စိုင္းသီဟမွာမ်က္လုံးေလးကလယ္ကလယ္ႏွင့္နားမလည္စြာေၾကာင္ၾကည့္ေနမိေလသည္။

"ဘာျဖစ္လို႔စိတ္ထပ္ဆိုးသြားတာပါလိမ့္ ? "

စိုင္းသီဟကအခန္းထဲသို႔လိုက္မဝင္သြားဘဲ Recycleအိတ္အျဖဴေလးထဲမွဝယ္ယူလာခဲ့ေသာေဆးပုလင္းမ်ားကိုထုတ္လိုက္ၿပီး ေဆးေသတၱာေလးထဲသို႔အရင္ေဆးျပန္ျဖည့္ေနလိုက္သည္။ ေဆးပုလင္းေလးေတြကိုေဆးေသတၱာေလးထဲတြင္ေသခ်ာေနရာခ်လိုက္ၿပီးေနာက္အခန္းထဲသို႔လိုက္ဝင္သြားေတာ့ေလသည္။

သူဝင္သြားေတာ့႐ိႈင္းဆက္ယံကခုတင္ေပၚ၌စာအုပ္ထိုင္ဖတ္ေနကာ သူ၏မ်က္ႏွာဆီသို႔တေစ့တေစာင္းမွ်
ေစြၾကည့္မလာတာကိုၾကည့္ရသေလာက္လုံးဝစိတ္ဆိုးမေျပေသးသည့္ပုံပင္။

အခန္းထဲသို႔ေျခေဖာ့ကာေလွ်ာက္ဝင္လာတဲ့စိုင္းသီဟကခုတင္ေပၚ၌ဝင္ထိုင္လိုက္ၿပီးေနာက္အၾကင္သူ၏လွပလွပါေသာပါးလ်လ်မ်က္ႏွာေလးအားမလႈပ္မယွက္ႏွင့္စူးစူးနစ္နစ္စိုက္ၾကည့္ေန႐ွာသည္။

"မင္းဆက္ၾကည့္ေနရင္ငါမင္းမ်က္လုံးေတြကိုထိုးေဖာက္ပစ္ေတာ့မွာဆိုတာကိုမယုံမ႐ွိနဲ႔ ! "
ဟု ႐ိႈင္းဆက္ယံကစာ႐ြက္တစ္႐ြက္ကိုလွန္ခ်လိုက္ရင္းစိတ္ဆိုးမာန္ဆိုးျဖင့္ဟစ္ေဟာက္လာေလေသာ္စိုင္းသီဟမွာ အႏွီလူသားေလး၏ထိုအေျပာေလးအေပၚပိုပိုတိုး၍သဘာက်ေနရကာျပဳံးၿမဲျပဳံးေနမိေလသည္။

"ေကာင္းပါၿပီဗ်ာ ဒါေပမယ့္ ကိုယ့္ရဲ႕မ်က္လုံးေတြကိုမေဖာက္ပစ္ခင္ကိုယ့္ကိုတစ္စုံတစ္ခုအရင္လုပ္ခြင့္ေပး "

စိုင္းသီဟကေျပာေျပာဆိုဆိုႏွင့္ ႐ိႈင္းဆက္ယံ၏ေမးဖ်ားေလးအားသူ၏လက္ကေလးႏွင့္အသာပင့္တင္လိုက္ျပန္ေလေတာ့ ႐ိႈင္းဆက္ယံမွာအံ့အားသင့္သြားရၿပီး စိုင္းသီဟ၏လက္ဖမိုးအား အားပါပါႏွင့္႐ိုက္ခ်ပစ္လိုက္ေတာ့သည္။

"ဘာလုပ္တာလဲ ဒါက ? "

စပ္ျဖင္းျဖင္းျဖစ္သြားရေသာလက္ဖမိုးကိုအသာပြတ္သပ္ေနရင္းစိုင္းသီဟမွာအငိုတစ္ဝက္အျပဳံးတစ္ဝက္ျဖင့္ျပန္ေျဖလာေပသည္။

"ကိုယ္မင္းရဲ႕ႏႈတ္ခမ္းကအနာကိုေဆးထည့္ေပးမလို႔ေလ မင္းေလးကဘာထင္ေနလို႔တုန္း ... "

ထိုအခါမွ႐ိႈင္းဆက္ယံကသူ႕အေတြးနဲ႔သူမလုံမလဲျဖစ္သြားရၿပီး စိုင္းသီဟထံသို႔မ်က္ေစာင္းတစ္ခ်က္ပစ္ခြင္းလာပါ၏။

ထို႔ေနာက္စိုင္းသီဟကသူႏွင့္အတူသယ္လာပါသည့္ေဆးေသတၱာအေသးစားေလးကိုဖြင့္လိုက္ၿပီး အနာထည္္႕ေဆးရည္ၾကည္ပုလင္းထဲသို႔ဝါးဂြမ္းတံေလးကိုႏွစ္လိုက္ကာ ႐ိႈင္းဆက္ယံ၏ေမးဖ်ားကေလးကိုတစ္ဖန္ဆြဲယူလိုက္ျပန္သည္။

ေအာက္ႏႈတ္ခမ္းေထာင့္စြန္းကေပါက္သြား႐ွာေသာအနာေပါက္ကေလးကိုေျဖးညင္းညင္သာစြာႏွင့္ဂ႐ုတစိုက္ေဆးထည့္ေပးေနရင္းေမးလာေလသည္။

"ကိုယ့္ေၾကာင့္အရမ္းနာသြားလား ? "

"ဘာကိုလဲ ? "

"ကိုယ့္ေၾကာင့္မင္းရဲ႕ႏႈတ္ခမ္းေလးေပါက္သြားရတယ္ ..... "

တိုးဖ်စြာဆိုေနသည့္အခ်စ္တတ္ဆုံးလူသား၏အၾကည့္ေတြကႏႈတ္ခမ္းဖူးဖူးေလးကေနတစ္ဆင့္ တျဖည္းျဖည္းေအာက္ဆင္းသြားကာနီရဲေနသည့္ပခုံးသားေလးဆီ၌ေက်ာက္ခ်သြားရေတာ့သည္။

"ၿပီးေတာ့ မင္းရဲ႕ ပခုံးသားေလးေတြလဲနာက်င္သြားရတယ္ေလ "

႐ိႈင္းဆက္ယံမွာစိုင္းသီဟ၏ထိုအေျပာေတြကိုသေဘာမက်မိ။ အထူးသျဖင့္ စိုင္းသီဟကသူ႕ကိုယ္သူအျပစ္သားတစ္ေယာက္ကဲ့သို႔ေျပာေနသည့္ပုံက သူ႕အတြက္လဲနားေထာင္ရသည္မွာအဆင္မေျပလွေပ။ ဒီအရာေတြကဘယ္ေလာက္ပဲနာက်င္ေနပါေစ ကိုယ္ခ်စ္ရသူနဲ႔အတူတူေနခ်င္စိတ္ေၾကာင့္ထိခိုက္မိတဲ့ အခ်စ္ဆိပ္ေတြကဘယ္အရာနဲ႔မွမလဲလွယ္ႏိုင္တဲ့ဆုလာဘ္တစ္ခုမဟုတ္ဘူးလား။

ဒါနဲ႔မ်ားသူဘာေၾကာင့္မို႔ အားတုံ႔အားနာျဖစ္ေနရျပန္သနည္း။သူတကယ္ပဲထိုလူသားအေပၚနားမလည္ႏိုင္ေတာ့ေပ။

"မင္းဘာျဖစ္ေနတာလဲ ? "

ေနာက္ဆုံး႐ိႈင္းဆက္ယံမွာသည္းမခံႏိုင္ေတာ့ဘဲမ်က္ေမွာင္ၾကဳတ္လ်က္စိတ္တိုစြာေဘာက္ဆက္ဆက္ကေလးေမးလိုက္ေတာ့သည္။

စိုင္းသီဟက ႐ိႈင္းဆက္ယံ၏အၾကည့္ေတြကိုထပ္တူက်စြာျပန္မၾကည့္လာဘဲ ညာဘက္ပုခုံးျပင္ထက္က ပန္းေသြးေရာင္ျခယ္ကိုက္ရာတစ္ခုဆီသို႔သာေဆးထည့္ေပးေနရင္းျဖင့္ျပန္ေျဖလာ၏။

"ကိုယ္ .... မင္းကိုထိခိုက္မိေအာင္လုပ္မိလိုက္လို႔ကိုယ့္ကိုကိုယ္ေဒါသထြက္ေနတာ .... "

" ငါေတာင္ဘာမွမျဖစ္တာမင္းကဘာကိစၥေဒါသထြက္ေနတာလဲ ? "

႐ိႈင္းဆက္ယံကလဲမရပ္မနားေမးခြန္းျပန္ထုတ္လာသည္။

"ကိုယ္မင္းကိုအရမ္းခ်စ္လို႔ မင္းနာက်င္ရမွာကိုေၾကာက္ေနရတာေပါ့ ၿပီးေတာ့ကိုယ္စိတ္မထိန္းႏိုင္ဘဲ မင္းအေပၚဆိုးဆိုး႐ြား႐ြားနာက်င္ေအာင္လုပ္မိသြားမွာကိုလဲစိုးရိမ္တယ္ ..... "

"ကိုယ္အမွန္အတိုင္းဝန္ခံရရင္ မင္းေလးကိုပိုင္ဆိုင္ခ်င္တယ္ မင္းေလးနဲ႔အတူတူေနခ်င္မိတယ္ ဒါေပမယ့္ ကိုယ့္ေၾကာင့္မင္းေလး ထိခိုက္သြားမယ္ဆိုတဲ့အေတြးေတြေခါင္းထဲဝင္လာခဲ့ရင္အဲ့အရာေတြကကိုယ့္အတြက္ဘာမွမဟုတ္ေတာ့ပါဘူး "

" မင္းကမင္းကိုယ္မင္းႏွိပ္စက္ေနတာပဲ "

"ကိုယ္မင္းကိုအခ်ိန္အၾကာႀကီးခ်စ္ခဲ့တာေလ ကိုယ္ဘယ္ေလာက္ထိမင္းေလးကိုျမတ္ႏိုးတန္ဖိုးထားလဲဆိုတာကိုယ့္ရဲ႕ကိုယ္ေစာင့္နတ္ကသာအသိဆုံး ....အခ်ိန္အၾကာႀကီးျမတ္ႏိုးတန္ဖိုးထားရတဲ့လူသားေလးတစ္ေယာက္ကိုမထိရက္မကိုင္ရက္ျဖစ္တယ္ဆိုတာကျဖစ္သင့္ပါတယ္ကြာ .... "

႐ိႈင္းဆက္ယံကစိုင္းသီဟ၏မ်က္ဝန္းေတြကိုသာတစ္ခ်ိန္လုံးစိုက္ၾကည့္ေနခဲ့တာေၾကာင့္တစ္ေယာက္ေသာသူ၏မ်က္ဝန္းရိပ္ေလးေတြဆီကေန သူ႕အေပၚအတိုင္းအဆမ႐ွိထား႐ွိလွပါသည့္ျမတ္ႏိုးတြယ္တာရိပ္ကေလးေတြကိုအထင္အ႐ွားေတြ႕ေနရသျဖင့္ သူကိုယ္တိုင္ပင္ႏွလုံးသား၏မြန္းၾကပ္သိပ္သည္းမႈကိုခံစားလာခဲ့ရေလသည္။

မ်က္စိေ႐ွ႕ကဒီလူသားကိုသူအႀကိမ္ႀကိမ္အခါခါေက်ာခိုင္းထားပစ္ခဲ့ေပမယ့္ ထိုလူသားကေတာ့ သူ႕အတြက္ဆိုလက္ေလွ်ာ့႐ိုးထုံးစံမ႐ွိခဲ့ေပ။

အေဝးတစ္ေနရာဆီသို႔ေက်ာခိုင္းထြက္ခြာခဲ့ေသာအသဲမာလြန္းလွပါတဲ့သူကိုယ္တိုင္ေတာင္ေသလုမတတ္ပူေဆြးလြမ္းဆြတ္ေနခဲ့ရစဥ္အခ်ိန္၌ က်န္ရစ္ခဲ့ရ႐ွာသည့္ထိုလူသားေလးကေကာ ဘယ္ေလာက္ထိရင္ကြဲပူေဆြးေနခဲ့ရမလဲ။

အတိတ္အခ်ိန္ေတြတုန္းကထိုခံစားခ်က္ေတြအေပၚသူေခါင္းမာစြာႏွင့္ဆန္႔က်င္ခဲ့တယ္။ျငင္းပယ္ခဲ့တယ္။
စိုင္းသီဟဆိုသူအေၾကာင္းမေတြးမိေအာင္မိမိကိုယ္ကိုႏွိပ္စက္ညႇင္းဆဲခဲ့ရင္း ႏွလုံးသားမ႐ွိတဲ့လူသားတစ္ေယာက္လိုမ်ိဳးႀကိဳးစားေနထိုင္ခဲ့မိတယ္။

ထိုလူသားကေတာ့သူ၏ေ႐ွ႕တြင္အျပဳံးမပ်က္ျပဳံးျပရင္းနာက်င္မႈေတြကိုဟန္ေဆာင္ဖုံးကြယ္ေနခဲ့ကာ အတိတ္ေန႔ရက္မ်ား၌ သူ၏စိုင္းဟာဘယ္ေလာက္ထိအသက္႐ွင္႐ုန္းကန္ေနခဲ့ရမလဲဆိုတာကိုသူဘယ္တုန္းကမွေသေသခ်ာခ်ာမေတြးၾကည့္ခဲ့ဖူးေပ။

သူဟာတကယ္အက်င့္မေကာင္းတဲ့လူပါလား။ စိုင္းသီဟအေပၚရက္စက္ခဲ့တဲ့အျပစ္သားတစ္ေယာက္....

ငါ့လိုအက်င့္မေကာင္းတဲ့ေကာင္မ်ိဳးကိုဘာကိစၥ ဒီေလာက္ထိ ႐ူးမိုက္ေနခဲ့ရတာလဲကြာ
မင္းကတကယ္ကို ၁၀၀ရာခိုင္ႏႈန္း႐ူးေနတဲ့အခ်စ္႐ူးေကာင္ပဲ......ဘာလို႔ငါ့ကိုမစြန္႔လႊတ္ခဲ့ရတာလဲ ? မင္းအရမ္းနာက်င္ေနခဲ့ရမွေတာ့စြန္႔လႊတ္ခဲ့လိုက္ေရာေပါ့ ...

" ရၿပီ! "

ေဆးထည့္ေပးတဲ့လုပ္ငန္းစဥ္ၿပီးစီးသြားတဲ့ေနာက္ေဆးေသတၱာေလးကိုျပန္ပိတ္ခ်လိုက္သည့္အသံၾကားေတာ့မွ ႐ိႈင္းဆက္ယံ၏အေတြးပင္လယ္ဟာခမ္းေျခာက္သြားရေတာ့သည္။

စိုင္းသီဟကေဆးေသတၱာေလးကိုလက္ထဲတြင္ပိုက္လ်က္အခန္းထဲကေနထြက္သြားမည့္ဆဲဆဲတြင္႐ိႈင္းဆက္ယံကသူ၏လက္ႏွစ္ဖက္စလုံးကိုတင္းၾကပ္စြာဆုပ္ကိိဳင္ထားလ်က္သူ၏ေ႐ွ႕သို႔ျပန္ဆြဲခ်ထားခဲ့ေလ၏။

"ဘာျဖစ္လို႔လဲ ? က်န္တဲ့ေနရာ႐ွိေသးလို႔လား ကို႔ကိုျပစမ္းပါဦး ... "

စိုင္းသီဟကအလန္႔တၾကားေမးလာေပမယ့္ လို႔႐ိႈင္းဆက္ယံကဘာမွ်မဆိုဘဲအသက္ျပင္းျပင္းတစ္ခ်က္႐ိႈက္လ်က္သူ႕အားေမာ့ၾကည့္လာစဥ္တြင္ တစ္ေယာက္ေသာသူေလးရဲ႕ေသးသြယ္ဝိုင္းစက္လြန္းေသာမ်က္ဝန္းေလးေတြထဲ၌ကမာေကာင္ေလး၏ပုလဲလုံးေလးေတြခိုတြဲေနသည္မွာပါးျပင္မို႔မို႔ကေလးေတြဆီဖိတ္စင္လွ်ံက်လုမတတ္ပင္။

"ဘာျဖစ္လို႔လဲ ယံေလး ..... "

"မင္းငါ့ကိုစြန္႔လႊတ္ဖို႔စိတ္ကူး႐ွိခဲ့ဖူးလား ? "

သူ၏စကားသံတို႔ဟာအက္႐ွ႐ိႈက္ငင္ေနၿပီးတုန္ယင္ေနခဲ့သည္မို႔နားေထာင္ေနသည့္စိုင္းသီဟပင္လွ်င္အာေစးမိသြားရေလသည္။
ထိုအခါစိုင္းသီဟကၾကင္နာျမတ္ႏိုးစြာျပဳံးလိုက္ရင္း မ်က္ဝန္းေလးႏွစ္သြယ္၏မ်က္ခမ္းစပ္နားေလးကိုဖြဖြေလးပြတ္သပ္လိုက္လ်က္ပုလဲဥေလးေတြကိုဖယ္႐ွားေပးၿပီးမွအေလးအနက္ဆိုလာသည္။

"မ႐ွိခဲ့ဖူးဘူး။အရင္တုန္းကလဲမ႐ွိခဲ့သလို အခုလဲမ႐ွိဘူး။ေနာင္တစ္သက္လုံးလဲ႐ွိလာမွာမဟုတ္ဘူး "

"ဘာလို႔လဲ ? ငါကမင္းကိုအႀကိမ္ေပါင္းမ်ားစြာနာက်င္ေအာင္လုပ္ခဲ့တာေလ မင္းငါ့ကိုမမုန္းဘူးလားစိတ္မကုန္ဘူးလား မင္းဘာလို႔႐ူးႏွမ္းေနရတာလဲ ? "

႐ိႈင္းဆက္ယံကသူ၏အက်ႌလက္႐ွည္ကိုဆုပ္ကိုင္ဖ်စ္ညစ္ရင္း ဆြဲေဆာင့္ေနကာ ေၾကကြဲဝမ္းနည္းစြာဆိုလာေလေတာ့စိုင္းသီဟမွာထိုင္မၾကည့္ႏိုင္ေတာ့ဘဲ ငိုယိုေနတဲ့လူသားေလးကိုရင္ခြင္ထဲ၌ျမဳပ္ေအာင္ဆြဲဖက္ထားလိုက္ရင္းဆိုသည္။သူ၏လက္ႏွစ္ဖက္စလုံးကတုန္ယင္ေနတဲ့အႏွီကိုယ္လုံးေလးကိုစိတ္ၿငိမ္ေစရန္ပြတ္သပ္ေပးေနလ်က္။

"ကိုယ္ေျပာၿပီးၿပီေလ မင္းေလးကို ကိုယ္ကအရမ္းခ်စ္လြန္းလို႔ပါဆို .... မင္းတစ္ေယာက္တည္းကပဲကိုယ္ဆိုတဲ့လူသားရဲ႕အသက္႐ွင္စရာအေၾကာင္းျပခ်က္ေလးတစ္ခုျဖစ္တာမို႔လို႔ မင္းေလးကိုပဲကိုယ္ေစာင့္ေနမွာ
စြန္႔လႊတ္ဖို႔ဆိုတာ ဘယ္လိုနည္းနဲ႔မွမျဖစ္ႏိုင္ဘူး....မင္းေလးကို ကို႔ရဲ႕ရင္ခြင္ထဲမွာပဲထာဝရမလႊတ္စတမ္းေထြးေပြ႕ထားေတာ့မွာမို႔ အဲ့လိုေမးခြန္းေတြထပ္မေမးပါနဲ႔ေတာ့ကြာ .... "

"ငါေလ...မင္းကိုခ်စ္တယ္ ။အရမ္းအရမ္းကိုခ်စ္တာမို႔ ေက်းဇူးျပဳၿပီးထာဝရငါ့အနားမွာပဲေနေပးၿပီးငါနဲ႔ေဝးရာကိုထြက္မသြားပါနဲ႔ ....ေနာ္ "

စိုင္းသီဟခမ်ာ ခ်စ္ရသူဆီကေနအခ်ိန္ၾကာလြန္းစြာတိတ္တခိုးေစာင့္ေမွ်ာ္ေနခဲ့ရသည့္စကားလုံးေလးေတြအား နားႏွင့္ဆက္ဆက္ၾကားလိုက္ရစဥ္တြင္ ေၾကာင္အမိန္းေမာေနၿပီးေတာင့္ခဲသြားရေတာ့သည္။

"ယံေလး မင္းခုနကကိုယ့္ကိုဘာေျပာလိုက္တယ္ ..... "

စိုင္းသီဟဟာဝမ္းနည္းျခင္းႏွင့္ဝမ္းသာလိႈက္ဖိုျခင္းအၾကားခံစားခ်က္တို႔ကလြန္ဆြဲေနကာ မယုံၾကည္ႏိုင္တာေၾကာင့္ထပ္ၿပီးျပန္ေမးမိလိုက္သည္။ထိုအခါ႐ိႈင္းဆက္ယံကစိုင္းသီဟ၏ေပြ႕ဖက္ျခင္းခံရေသာလက္ႏွစ္ဖက္အၾကားမွ႐ုံးထြက္လိုက္ကာ စိုင္းသီဟ၏ေျခာက္ကပ္ေနတဲ့ႏႈတ္ခမ္းသားတစ္စုံသို႔မဆိုင္းမတြဖိကပ္နမ္း႐ိႈက္လာပါ၏။

စိုင္းသီဟ၏မ်က္ဝန္းႏွစ္ျဖာမွာျပဴးက်ယ္ဝိုင္းစက္လာရၿပီး မလႈပ္မယွက္ႏွင့္ေငးေၾကာင္မိေနတုန္း ဦးေႏွာက္ထဲကလိႈင္းတစ္သြင္ကလည္းထိန္းခ်ဳပ္မႈကင္းမဲ့စြာေပါက္ကြဲထြက္ေတာ့မတတ္ပင္။ ပိုဆိုးသည္ကခႏၶာကိုယ္ထဲ႐ွိအေၾကာက္အကန္ဖိႏွိပ္ခ်နင္းထားရေသာပူျပင္းေလာင္ၿမိဳက္မႈတစ္သြယ္ကေပါက္ကြဲထြက္လုနီးပါးေသြးေၾကာျပင္တစ္ေလွ်ာက္တြင္ရပ္တန္႔ျခင္းမ႐ွိစြာစီးဆင္းေနခဲ့ျခင္းေပ။

႐ိႈင္းဆက္ယံဟာစိုင္းသီဟ၏လည္တိုင္ထက္၌ဖက္တြယ္ထားလ်က္အနမ္းမိုးကိုအဆက္မျပတ္႐ြာသြန္းၿဖိဳးေတာ့သည္။
မနက္ကႏႈတ္ခမ္းေပါက္ထားတဲ့ဒဏ္ရာ႐ွိေနတာမို႔စိုင္းသီဟမွာ သူ၏တစ္ဦးတည္းေသာသူေလးအားအၾကမ္းပတမ္းမနမ္းရဲဘဲအလိုက္သင့္ေလးေမ်ာပါေနရေလသည္။

ေနာက္ဆုံး႐ိႈင္းဆက္ယံ၏ေက်ာျပင္ေလးဟာခုတင္ေပၚ႐ွိအိစက္စက္ကူ႐ွင္ႏွင့္မိတ္ဆက္သြားရေတာ့သည္။ စိုင္းသီဟမွာ႐ိႈင္းဆက္ယံအားအုပ္မိုးထားလ်က္ႏွင့္ျပင္းျပေတာက္ေလာင္လွေသာရီေဝစူး႐ွလွသည့္မ်က္ဝန္းမ်ားႏွင့္စိုက္ၾကည္္႕လာရင္းအက္႐ွ႐ွဆိုလာေလသည္။

"ယံေလး...ကိုယ္မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး ...."

စိုင္းသီဟ၏ပူျပင္း႐ွတေသာအသက္႐ွဴေငြ႕ေလးေတြက ႐ိုက္ခတ္ကလူက်ီစယ္လာတာမို႔က်ီစယ္ျခင္းခံေနရတဲ့႐ိႈင္းဆက္ယံ၏ႏွလုံးသားတစ္စုံမွာလည္းအျပင္ဘက္ဆီသို႔ခုန္ထြက္လုမတတ္ကစုန္ေပါက္ကခုန္လို႔ေနေပ၏။

"မထိန္းခ်ဳပ္ႏိုင္ေတာ့ရင္မထိန္းခ်ဳပ္ထားနဲ႔ေလ ငါအဆင္ေျပပါတယ္ .... "

စိုင္းသီဟက႐ိႈင္းဆက္ယံထံမွခြင့္ျပဳတဲ့စကားကိုၾကားလိုက္ရေတာ့ ႏွစ္ၿခိဳက္သဘာက်စြာရယ္ေမာလိုက္ကာ အျမတ္ႏိုးဆုံးလူသားေလးရဲ႕နဖူးျပင္ထက္သို႔ အရင္ဦးဆုံးအနမ္းတစ္ပြင့္ေႁခြခ်လိုက္ေတာ့သည္။

ထို႔ေနာက္သူ၏အျဖဴေရာင္႐ွပ္အက်ႌထက္ကၾကယ္သီးတန္းေလးေတြအားလက္လွမ္းလိုက္ကာဆြဲေဆာင္မႈအျပည့္ႏွင့္တစ္လုံးခ်င္းဆြဲျဖဳတ္လိုက္ၿပီးလဲေလ်ာင္းေနတဲ့လူသားေလး၏သိုးေမႊးခ်ည္ထည္ေလးကိုလဲ ယုယမက္ေမာစြာလွိမ့္တင္ရင္း ကမာေကာင္ေလး၏အကာအရံေလးကိုအႂကြင္းမဲ့ဖယ္႐ွားပစ္လိုက္ေပသည္။

ထင္႐ွားေပၚလြင္ေနတဲ့ျဖဴေဖြးေဖြးဗိုက္သားေလးကအတားအဆီးမဲ့စြာေပၚလာေလေတာ့ စိုင္းသီဟကသူ၏ႏႈတ္ခမ္းဖ်ားေလးေတြႏွင့္အဆက္မျပတ္နမ္း႐ိႈက္စုပ္ယူလိုက္တဲ့အခါဗိုက္သားျပင္ထက္က ကလူ၏သို႔ျမဴ၏သို႔လုပ္ျခင္းခံေနရသည့္႐ိႈင္းဆက္ယံမွာမထိန္းခ်ဳပ္ႏိုင္ဘဲတခစ္ခစ္ရယ္ေမာလာေတာ့သည္။

သူ၏ရယ္သံသဲ့သဲ့ကေလးေတြကိုနားဆင္လိုက္ရတဲ့စိုင္းသီဟမွာေခ်ာေမြ႕လွေသာဗိုက္သားျပင္ေလးကိုအငမ္းမရသုံးေဆာင္ေနရင္းကေနေခါင္းေထာင္ၾကည့္လာၿပီး ႐ိႈင္းဆက္ယံ၏ပါးမို႔မို႔ကေလးေတြကိုဆြဲဆိတ္လိုက္ရင္းေမးေလသည္။

"ရယ္ရတယ္ေပါ့ .... "

"အင္း .... "

"ၿပီးေတာ့မွမငိုနဲ႔ေနာ္... "

'ေဂ်ာက္' ဆိုေသာခါးပတ္ျဖဳတ္သံကအခန္းနံရံထက္ဆီသို႔တိုးတိုက္ေျပးသြားၿပီးေနာက္ လူသားႏွစ္ဦး၏ခႏၶာကိုယ္ေပၚ႐ွိအဝတ္အစားေတြဟာခုတင္ေဘးေစာင္းသို႔ေလွ်ာက်သက္ဆင္းသြားၾကရသည္။ေဆးေသတၱာငယ္ေလးလဲထိုနည္း၎ပင္။

စိုင္းသီဟသည္႐ိႈင္းဆက္ယံ၏႐ွည္ေျမာေျမာေပါင္တံေလးႏွစ္ဖက္ကိုဆြဲယူလိုက္ၿပီးေနာက္ အႏွီျမတ္ႏိုးရပါေသာလူသားေလး၏စိုစြတ္က်ပ္တည္းေသာခႏၶာကိုယ္ထဲသို႔ ေတြေဝျခင္းမ႐ွိစြာခ်င္းနင္းဝင္ေရာက္လိုက္ေလေတာ့သည္။ စိုင္းသီဟ၏ဝင္ေရာက္လာမႈေၾကာင့္႐ိႈင္းဆက္ယံမွာညည္းသံေလးေတြ မရပ္မနားထြက္လာရကာအုပ္မိုးထားေသာလူသား၏ေက်ာျပင္ထက္၌ တင္းၾကပ္စြာကုတ္ျခစ္ဖက္တြယ္လာခဲ့ေတာ့သည္။

"အရမ္းနာေနလား ? "

"မေမးနဲ႔ ! "

႐ိႈင္းဆက္ယံ၏မ်က္ဝန္းေလးေတြမွာမ်က္ရည္ဥေလးေတြေၾကာင့္နီရဲေနၿပီျဖစ္ကာ ေက်ာျပင္တစ္ဖက္ကိုကုတ္ျခစ္ရင္းျဖင့္သာခႏၶာကိုယ္ေအာက္ပိုင္း၏ထိုးေအာင္္႕နာက်င္မႈကိုတြန္းလွန္ေနခဲ့ရသည္။

စိုင္းသီဟက ႐ိႈင္းဆက္ယံ၏လက္ဖဝါးျပင္ႏွစ္ဖက္ကို သူ၏ႀကီးမားက်ယ္ျပန္႔ေသာလက္ဖမိုးႏွစ္ခုႏွင့္ဆုပ္ကိုင္ခ်ည္ေႏွာင္ထားျခင္းျဖင့္ နာက်င္မႈကိုႏွစ္သိမ့္ေပးလာခဲ့ေပမယ့္ထိုးသြင္းမႈတစ္စုံတစ္ရာကေတာ့ရပ္တန္႔လို႔မသြားခဲ့ကာ အခ်စ္စိတ္တို႔ျပင္းျပေလာင္ၿမိဳက္သည့္အ႐ွိန္တို႔ကမ်ားလာေလေလ အကန္႔အသတ္ေဘာင္ကိုေက်ာ္လြန္သြားေလေလပင္။

"စိုင္းသီဟ ..... ျမန္လြန္းတယ္ ..... "

" ေတာင္းပန္ပါတယ္ ကိုယ္မရပ္ႏိုင္ေတာ့လို႔ ခနေလးပဲ .... ခနေလးပဲေနာ္ ...ယံေလး.. "

စိုင္းသီဟ၏ခႏၶာကိုယ္တစ္ေလွ်ာက္တြင္အပူေငြ႕တို႔ျပန္လာရကာေခြၽးေစးမ်ားပင္လွ်င္ထြက္လာရတာေၾကာင့္က်ယ္ျပန္႔ေသာေက်ာျပင္ကိုတစ္ဖန္ဖက္တြယ္ထားမိသည့္႐ိႈင္းဆက္ယံ၏လက္မ်ားမွာတင္းၾကပ္စြာမဖက္ထားႏိုင္ေတာ့ဘဲေလ်ာ့က်သြားရေတာ့သည္။

"ငါမရေတာ့ဘူး ......နာတယ္လို႔ "

႐ိႈင္းဆက္ယံမွာစိုင္းသီဟႏွင့္အသက္အ႐ြယ္ခ်င္းလဲတူသလိုခႏၶာကိုယ္အခ်ိဳးအစားလဲအတူတူေလာက္ပဲျဖစ္ေလာက္သည္ဟု
သူတစ္ေလွ်ာက္လုံးထင္မွတ္ထားမိခဲ့သမွ်ဟာဒီေန႔ဒီအခ်ိန္တြင္ေတာ့သူေကာင္းစြာနားလည္သေဘာေပါက္သြားခဲ့ရသည္။ စိုင္းသီဟကဘာေတြစားၿပီး ဘာေတြေဆာ့ထားလို႔မွန္းမသိ သူ႕ထက္အားအင္ေတြေထာင္ေသာင္းမကျပည့္ဝေနကာသူ႕ကိုယ္တိုင္ပင္ေတာင့္ခံႏိုင္စြမ္းမ႐ွိေတာ့ေပ။

႐ိႈင္းဆက္ယံမွာေသြးစိမ္း႐ွင္႐ွင္ကိုဆြဲခြဲျခင္းခံလိုက္ရသျဖင့္အသိစိတ္ကင္းမဲ့လုမတတ္နာက်င္ကိုက္ခဲေနကာ ဒူးႏွစ္ဖက္စလုံးမွာလည္းအားအင္မ႐ွိစြာတျဖည္းျဖည္းေပ်ာ့ေခြလာရေတာ့သည္။

"ေခြးေကာင္! မင္းက .... အေတြ႕အၾကဳံ႐ွိတယ္ေပါ့ေလ !"

အုပ္မိုးျခင္းခံထားရသည့္လူသားေလးဟာအံႀကိတ္ညည္းတြားရင္းႏွင့္ေထ့ေငါ့လာခဲ့တဲ့အခါမွာေတာ့စိုင္းသီဟက ေလးပင္အက္႐ွစြာရယ္ေမာလာခဲ့ေလသည္။

႐ိႈင္းဆက္ယံဟာ အၿမဲတမ္းတစ္ကိုယ္တည္းေနခဲ့သူျဖစ္တာေၾကာင့္ မိန္းကေလးေတြႏွင့္လည္းအေပ်ာ္တမ္းမအိပ္ဖူးသလို ေယာက်ာ္းေလးေတြႏွင့္အိပ္ဖူးခဲ့ဖို႔ဆိုတာလုံးဝအေဝးႀကီးပင္။ သို႔ေသာ္မ်က္စိေ႐ွ႕ကငနဲသားကေတာ့ ဒီကိစၥအေပၚ proတစ္ေယာက္ကဲ့သို႔ကြၽမ္းကြၽမ္းက်င္က်င္ျဖစ္ေနတာကိုသူစိတ္ထင့္သြားခဲ့ကာေဒါသထြက္လာရၿပီးစတင္႐ုန္းကန္လာေတာ့သည္။

"မင္းေလးယုံပါ ဒါကိုယ့္ရဲ႕ဘုရားစူးပထမဆုံးအႀကိမ္ပါကြာ "

'ခ်ီးကိုပထမဆုံးအႀကိမ္လား ??? ငါမယုံဘူး ငါမယုံဘူးလို႔ !!'

"စိုင္းသီဟ .... ေတာ္ေတာ့ဆို !!!"

အခုခ်ိန္ေနာင္တအရမိဆုံးကေတာ့ဥပုသ္ေစာင့္ေနသည့္အသားစားက်ားကိုသြားဆြဲႏိႈးလိုက္သည့္မိမိလုပ္ရပ္ကိုပင္။ 'အဆင္ေျပပါတယ္' ဆိုတဲ့စကားကိုေျပာလိုက္မိတဲ့မိမိကိုယ္ကိုပါးခ်ည္းပဲလွိမ့္ခ်ပစ္ခ်င္ေနၿပီျဖစ္သည္။အသံေတြနာတဲ့အထိအဖန္တလဲလဲအသနားခံၿပီးတဲ့ေနာက္မွာေတာ့႐ိႈင္းဆက္ယံတစ္ေယာက္
ခနတာလြတ္ၿငိမ္းခ်မ္းသာခြင့္ရသြားခဲ့ေလသည္။

နတ္ဘုရားစိုင္းသီဟအတြက္ကမူထိုမွ်ႏွင့္မလုံေလာက္ေသးတာမို႔ ျဖဴလြလြသိုးေမႊးေစာင္ေလးေအာက္က အဝတ္ကင္းမဲ့ေနေသာပူေႏြးစိုစြတ္ေနသည့္ခႏၶာကိုယ္ႏွစ္ခုဟာမၾကာခင္တြင္ပင္တစ္ဦးႏွင့္တစ္ဦးမလႊတ္စတမ္းထပ္မံပူးကပ္သြားၾကကာ ခ်ိဳၿမိန္ရီေဝလြန္းလွသည့္အခ်စ္နယ္ပယ္ထဲတြင္ႏွစ္ေယာက္စလုံးေမာဟိုက္ႏြမ္းနယ္စြာျဖင့္ထပ္ၿပီးယစ္မူးၾကျပန္ေတာ့သည္။

ညေနေစာင္းအခ်ိန္ေရာက္တဲ့အခါပုဇြန္ဆီေရာင္ေနဝန္းႀကီးကတစ္ဝက္နီးပါးမွ်အေနာက္ဘက္အရပ္သို႔ယြန္းကြယ္သြားေတာ့ေလသည္။ညေနခင္းေလေျပေအးေလးေတြကျပတင္းေပါက္ရဲ႕လိုက္ကာစေလးေတြဆီသို႔ပုတ္ခတ္စေနာက္လ်က္ အခန္းအတြင္းသို႔ျဖတ္ေက်ာ္ဝင္ေရာက္လာကာ အိပ္ေမာက်ေနပါေသာလူသားႏွစ္ဦးထံသို႔ေဝ့ဝဲတိုက္ခတ္လိုက္ပါေသာ္လည္း ထိုလူသားႏွစ္ဦးကေတာ့တုတ္တုတ္မွ်မလႈပ္။တစ္ဦးကတစ္ဦး၏ရင္ခြင္က်ယ္ႀကီးထဲ၌နစ္ျမဳပ္ကိန္းေအာင္းေနရင္းအိပ္စက္ေနေပသည္။

ထိုစဥ္ အခန္းအတြင္း၌သီခ်င္းသံစဥ္ေလးတစ္ခုကညေနခင္းေလေျပႏွင့္အတူလြင့္ပ်ံလာခဲ့တာမို႔ လူသားႏွစ္ဦးစလုံးမွာထိုအသံေၾကာင့္လႈပ္လႈပ္႐ြ႐ြျဖစ္လာရေတာ့သည္။
႐ိႈင္းဆက္ယံ၏မ်က္ေတာင္ကေလးေတြက ေ႐ြ႕လ်ားလႈပ္ခတ္ေနေသာ္လည္းအိမ္မက္ကမ႓ာထဲကႏိုးထလာျခင္းမ႐ွိခဲ့ေပ။ စိုင္းသီဟကေတာ့သီခ်င္းသံေၾကာင့္ႏိုးထလာကာၾကမ္းျပင္ထက္ဆီ၌ျပဳတ္က်ေနေသာသူ၏ေဘာင္းဘီကိုလွမ္းယူလိုက္ၿပီးအိတ္ကပ္ထဲကဖုန္းကိုထုတ္ယူလိုက္ပါ၏။

"ဟဲလို ! "

သူ၏အသံေၾကာင့္႐ိႈင္းဆက္ယံမွာအိပ္မႈန္စုံမႊားႏွင့္ညည္းတြားလာခဲ့သျဖင့္ စိုင္းသီဟကရင္ခြင္ထဲ႐ွိလူသားေလး၏ေခ်ာေမြ႕ႏူးညံ့လွပါေသာေက်ာျပင္ကေလးကိုခပ္ဖြဖြပြတ္သပ္ေခ်ာ့ျမဴေနရင္းတစ္ဖက္ျခမ္းကစကားေတြကိုျပန္ေျဖေနလိုက္သည္။

"ဘာကိစၥလဲ ဒီေန႔က်ေနာ္႕ Dutyခ်ိန္မ႐ွိဘူး"

Screenတစ္ဖက္ဆီကစကားသံမွာၾကားရ႐ုံျဖင့္အ႐ွိန္အဝါႀကီးတဲ့လူပုဂၢိဳလ္တစ္ေယာက္မွန္းသိသာလွစြာအသံပါဝါအျပည့္ျဖင့္ မာနႀကီးစြာခက္ထန္လြန္းလွသည္။

"ဒီေန႔မနက္တုန္းကမင္းလုပ္ခဲ့တဲ့လုပ္ရပ္အေၾကာင္းမင္းသိတယ္ေနာ္ ။
ငါ့ဆီမင္းအခုခ်က္ခ်င္းလာ႐ွင္းျပဖို႔လိုတယ္။ "

"႐ွင္းျပစရာဘာမွမ႐ွိဘူး သူတို႔ေျပာတဲ့အတိုင္းပဲ ... "

"ကိုစိုင္း !!! "

က်ယ္ေလာင္မာထန္လြန္းလွသည့္ေခၚသံအဆုံး႐ိႈင္းဆက္ယံ၏ပိတ္က်ေနတဲ့မ်က္ဝန္းေလးမ်ားကလွစ္ခနဲပြင့္ဟလာၿပီးစိုင္းသီဟ၏မ်က္ႏွာထံသို႔အပူတျပင္းေမာ့ၾကည့္လာခဲ့သည္။ႏူးညံ့ေႏြးေထြးျခင္းအျပည့္ႏွင့္ျပဳံးေနတတ္သည့္အႏွီလူသားဟာအခုခ်ိန္မွာေတာ့ အစားထိုးခံလိုက္ရေသာသူစိမ္းတစ္ေယာက္ကဲ့သို႔ မုန္းတီးစက္ဆုပ္ျခင္းအျပည့္ကမ်က္ႏွာတစ္ခြင္ေနရာယူထားလ်က္ အင္မတိအင္မတန္ခက္ထန္မာေၾကာေနေပသည္။

စိုင္းသီဟကေအာက္ငုံ႔ၾကည့္လာစဥ္တြင္ ႐ိႈင္းဆက္ယံရဲ႕မ်က္ဝန္းေလးေတြနဲ႔ဆုံသြားရေလေသာ္အမဲေရာင္တိမ္တိုက္တို႔ကအစအနမ႐ွိေအာင္လြင့္စင္သြားရၿပီး ၾကည္လင္ေတာက္ပလွသည့္အျပဳံးတစ္ပြင့္ျဖင့္ျပဳံးျပရင္းသူ႕အားနမ္း႐ိႈက္လာခဲ့သည္။

"ကိုစိုင္း ! မင္းအခုခ်က္ခ်င္းလာခဲ့ !
မင္းအေမသာဒီအေၾကာင္းေတြသိရင္ ဘာျဖစ္သြားမလဲမင္းသိတယ္မွတ္လား ! "

"အင္းေသြးတက္ၿပီးမူးလဲသြားမွာေပါ့ ... "

"စိုင္းသီဟ!!! မင္းတကယ္ပဲမိဘေတြကိုေတာင္ေသြဖယ္ထားေတာ့မလို႔လား ? မင္းအသက္အ႐ြယ္ကကေလးဆန္ေနရမယ့္အ႐ြယ္မဟုတ္ေတာ့ဘူးကြ ...အဓိပၸါယ္မ႐ွိတဲ့လုပ္ရပ္ေတြကိုေလွ်ာက္လုပ္မေနစမ္းနဲ႔ အခုခ်က္ခ်င္းငါ့ေ႐ွ႕လာခဲ့စမ္း !"

တစ္ဖက္ကလူမွာအလြန္အမင္းေဒါသထြက္ေနတာေၾကာင့္ဖုန္းစပီကာမဖြင့္ထားတာေတာင္တိတ္ဆိတ္ၿငိမ္သက္ေနတဲ့အခန္းနံရံေတြဆီသို႔ပ်ံ႕ႏွံ႔႐ိုက္ခတ္လာတဲ့ေဒါသသံေတြကိုက်ယ္ေလာင္ျပတ္သားစြာၾကားေနရသည္မို႔ ႐ိႈင္းဆက္ယံပင္ထိတ္လန္႔လာခဲ့ရသည္။

"က်ေနာ္ဒီေန႔မအားဘူး မနက္ျဖန္...
က်ေနာ္႕ Dutyအခ်ိန္က်မွပဲဆက္ေျပာၾကတာေပါ့ "

စိုင္းသီဟကထိုသို႔သာခပ္ျပတ္ျပတ္ေျပာရင္းဖုန္းခ်လိုက္ၿပီးေနာက္ ဟန္းစက္ေလးအားေဘးနား႐ွိစားပြဲစင္ေပၚသို႔ပစ္တင္လိုက္ေတာ့သည္။

ထို႔ေနာက္သူ၏မုန္တိုင္းထန္ေနသည့္မ်က္ႏွာထားမွာေျပေလ်ာ့သြားကာ ႐ိႈင္းဆက္ယံ၏ကိုယ္လုံးေလးအားထပ္မံေထြးေပြ႕ထားရင္းမ်က္ဝန္းေတြကိုပိတ္ခ်လိုက္ျပန္သည္။ ႐ိႈင္းဆက္ယံကေတာ့စိတ္ေအးလက္ေအးထပ္မအိပ္ႏိုင္ဘဲ မ်က္ဝန္းမ်ားကိုဖြင့္ထားလ်က္ႏွင့္ေအးေဆးခ်င္ေယာင္ေဆာင္ေနသည့္စိုင္းသီဟ၏မ်က္ႏွာေလးကို မ်က္ေတာင္မခတ္စတမ္းေငးၾကည့္ေနရင္း ဆိုသည္။

"မနက္ျဖန္က်ငါလဲ မင္းနဲ႔အတူတူလိုက္ခဲ့မယ္"

"အင္း .. မင္းေလးသေဘာ "

စိုင္းသီဟကမ်က္ဝန္းေတြကိုမွိတ္စင္းထားလ်က္ျဖင့္သာျပန္ေျဖလာခဲ့ကာ အနီးနား႐ွိစားပြဲေပၚ၌အသံမဆဲမရပ္မနားတုန္ခါေနပါေသာဟန္းစက္ေလးအားႏွစ္ေယာက္စလုံးဥေပကၡာျပဳထားလိုက္ေပေတာ့သည္။

မနက္ျဖန္ဆိုသည့္အခ်ိန္အခိုက္အတန္႔၌သူတို႔ႏွစ္ဦးစလုံးမည္သို႔ေသာအခက္အခဲေတြႏွင့္ေတြ႕ၾကဳံရပါေစ တစ္ဦးႏွင့္တစ္ဦးမလႊတ္စတမ္းဆုပ္ကိုင္ေထြးေပြ႕ထားၾကရင္းျဖတ္ေက်ာ္ၾကဖို႔ရာအသင့္ျဖစ္လို႔ေနေပသည္။

••••••••••••••••••••••••••••••••••••••••••••••••••

ဆုကလူပ်ိဳႀကီးတို႔အတြဲ Fanမို႔ဒီတစ္ပိုင္းမွာအေရာက္ပို႔ေပးလိုက္တာပါ 🤭 အေရးအသားမေကာင္းရင္လဲခြင့္လႊတ္ပါလို႔ 🙏။

Love you all my readers 🙆💖

•••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

532K 12.3K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
24.7K 1.2K 44
ပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယေ...
1.6M 120K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
349K 32.3K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း