Eastern Palace (Goodbye my pr...

By sy_in_love

5.6K 969 144

🦊🏜️ ကောင်းကင်ဘုံ၏ အကြီးမားဆုံး သော အပြစ်ဒဏ်မှာ အရာရာကို မေ့ပစ်လိုက်နိုင်စွမ်း မဟုတ်ခဲ့ပဲ အရာအားလုံးကိုအမြဲ... More

intro
အပိုင်း-၁
အပိုင်း ၂
အပိုင်း-၃
အပိုင်း ၄
အပိုင်း ၅ .၁
အပိုင်း-၅.၂
အပိုင်း၆
အပိုင်း-၇
အပိုင်း ၈
အပိုင်း_၉
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင်း ၁၃
OST
အပိုင်း ၁၄
အပိုင်း-၁၅
အပိုင်း ၁၆ (part 1)
အပိုင်း ၁၆ (part 2)
အပိုင်း ၁၇.၁
အပိုင်း ၁၇.၂
အခန်း ၁၈
အခန်း ၁၉
အခန်း -၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း 24

အပိုင်း -၁၀

166 32 22
By sy_in_love

东宫 chapter 10 🦊🏜️

ငါ့ ရဲ့ ဂုဏ်သိက္ခာတွေ .......ပျက်စီးကုန်ပြီ!!!!!!!!

ငါ တို့နှစ်ယောက် ဒီသုံးနှစ်ကာလပတ်လုံး ဒီလောက်စကားများလာခဲ့ကြတာ တောင် ငါ လီချန်းရင်ရှေ့မှာ ဒီနေ့မတိုင်ခင်အထိ တစ်ခါမှ အရှက်မကွဲခဲ့ဖူးဘူး ။

" လီချန်းရင် နင် ရယ်ရဲ ရင် ရယ်ကြည့်လိုက်စမ်း။ ငါအားတုကို ဓားနဲ့ နင့်အသက် ကို ယူခိုင်းလိုက်မယ် "
လို့ ဒေါသအလိပ်လိပ် ထွက် နေရင်း အပူတပြင်းနဲ့ ပြောလိုက်တယ်။

လီချန်းရင် ရဲ့ မဲ့ပြုံးက ပိုတောင် ထင်ရှားလာပြီး ငါသူ့ကို စိုက်ကြည့်နေတုန်းမှာပဲ သူ့ ရဲ့အသံကျယ်ကျယ် နဲ့ရယ်သံ ထွက်လာတယ် ။

သူဒီလောက် စိတ်ပါလက်ပါရယ်နေတာ ငါတစ်ခါမှမမြင်ဖူးဘူး ။
ပြီးတော့ နန်းဆောင် တစ်ခုလုံးက လည်း သူ့ရဲ့ ဝါးလုံးကွဲရယ် သံတွေချည်း ပဲ့တင်ထပ်နေတာ ။

ငါလည်းအရမ်းကို စိတ်တိုလာပြီး အားတု ဆီက ဓားကို ကိုင်ထားလိုက်တယ် ။

ငါ လီချန်းရင် ကို ခြိမ်းခြောက်ဖို့ အတွက် ဓားလက်ကိုင်ကို လှည့်ကိုင်လိုက်တာတွေ့လိုက်ရတဲ့ ယုန်ညန်ကတော့ အကြီးအကျယ် လန့်ဖြန့်လို့နေပြီ ။

" ငါ နင့်ကို ရိုက်ဖို့ ကြောက်နေတယ်လို့များနင်ထင်နေလား ? နင်ဖျားနေတော့ရော ငါနင့်ကို မရိုက်တော့ဘူးလို့ နင်ထင်နေလား ? ငါနင့်ကို ပြောလိုက်မယ် ။ ဧကရာဇ်က ငါ့အဖေကို သတ်ဖို့ တပ်မဟာတစ်ခုလုံးစေလွှတ်လိုက်မှာကို ငါသာစိုးရိမ်မနေရင် ၊ ငါသေချာပေါက်ကို ဒီနေ့ပဲ နင့်အသက်ကိုနှုတ်ပစ်လိုက်မယ် !!!!!!""

ယုန်ညန်က ငါ့ကို ဆွဲဖို့ အရှေ့ကို တိုးလာခဲ့ပေမဲ့ အားတုရဲ့ ပိတ်ရပ်လိုက်တာကို ခံလိုက်ရတယ်။

ငါက ဓားလက်ကိုင်ကို ပဲ သုံးတာ‌‌ေပမဲ့ အဲ့တာနဲ့အရိုက်ခံရရင် နာကျင်မှုကတော့ ပေါ့သေးသေးဖြစ်မှာတော့မဟုတ်ဘူး ။


လီချန်းရင်က ငါ့ရဲ့ရိုက်ချက် တချို့ကို အတော်‌ေလး တောင့်ခံနေတယ် ။

သူ့ကြည့်ရတာ အရင်က နဲ့တူမနေတာက ခါတိုင်းလိုမျိုး ငါ့ကို အော်ဟစ် တာတောင်မလုပ်ဘူး ။

ငါတို့နှစ်ယောက်က အိပ်ယာပေါ်မှာတင် ရန်ပွဲ နွှဲနေကြတာ ငါ့လက်ထဲက ရွှေရောင်ဓားကရိုက်လိုက်တဲ့ အချက်တိုင်းရဲ့ လေသံကလည်း တွဲဖက်လို့။


ယုန်ညန်ကတော့ ကမ္ဘာပျက်လို့ ခုန်ဆွခုန်ဆွ နဲ့ ။

"ထိုက်ဇစ်ဖေး !! ထိုက်ဇစ်ဖေး !!

ထိုက်ဇစ်တျန်းရှ ကို ဒဏ်ရာရမိ‌‌ေစပါအုန်းမယ် ။
ထိုက်ဇစ်တျန်းရှ ကလည်း ဂရုစိုက်တော်မူပါဦး!!"


ငါအားတုကို "ယုန်ညန်ကို အပြင်ကို ခေါ်သွား" လို့ပြောနေတုန်းမှာပဲ လီချန်းရင်က အားနဲ့ ငါ့ရဲ့ဓားကိုင်ထားတဲ့လက်ကိုဖမ်းလိုက်တယ် ။

ငါသာ ယုန်ညန်ကို အတင်းနှင်မထုတ်လိုက်ရင် ငါ သူ နဲ့ ရန်ပွဲကို နွှဲနိုင်မှာမဟုတ်ဘူး ။

အားတုက ယုန်ညန့်ကို အမြန်ပဲ ဆွဲခေါ်သွားပြီ ။

ငါ့ဆံပင် ပေါ်က ဇာမဏီ ဆံထိုးက ရုတ်တရက်ပြုတ်ကျသွားပြီး ငါ့ဆံထုံးက ပြေကျသွားခဲ့တယ် ။

မျက်စိတမှိတ်အတွင်းမှာပဲ လီချန်းရင် ရဲ့ လက်ထဲကို ငါ့ရဲ့ဓားက ရောက်သွားပြီ ။

လီချန်းရင်က ဓားကိုကိုင်ရင်းအိပ်ယာပေါ်ကို မတ်တပ်ရပ်လိုက်တယ် ။

လီချန်းရင်ရဲ့ ခန္ဓာကိုယ်က ငါ့ထက် အရပ်ရှည်တော့ ငါ ခြေဖျားထောက်ထားတာတောင်မှ ငါ့လက်က ဓားကိုမမှီနိုင်သေးဘူး ။


ငါဓားကို လုဖို့ ခုန်လိုက်ပေမဲ့ သူကတခြားလက်တစ်ဖက်ကိုပြောင်းလိုက်တယ် ။

ငါတစ်ခါ ထပ်ခုန်ရင် သူကနောက်လက်တစ်ဖက်ကိုပြောင်းလိုက်ပြီ ....။

ငါ လေးငါးကြိမ်လောက်ထိ ခုန်ပြီး လုဖို့ကြိုးစားခဲ့ပေမဲ့ အဲ့ဒီဓားကို ရဖို့ မဖြစ်နိုင်ဘူး ။

လီချန်းရင်က "ခုန် ! ထပ်ခုန်လေ !" ဆိုပြီးငါ့ကို လှောင်နေသေးတယ် ။

ဒါ ငါ့ ဒေါသ ကို ပိုဆွ လိုက်တာပဲ ။

သူ အဝါရောင် ပိုးသားညဝတ်အင်္ကျီတစ်ထည်တည်းကို အနီရောင်ခါးစည်းနဲ့ပဲ ဝတ်ထားတာငါမြင်လိုက်ရတော့ ၊ ငါအကြံတစ်ခုရသွားပြီး ရုတ်ခနဲ့ သူ့ခါးစည်းကြိုးကို ဆွဲကိုင်လိုက်တယ် ။


လီချန်းရင်လည်း ပျာယာသလဲ နဲ့

" မင်း ..မင်းဘာလုပ်နေတာလဲ ?"

လက်တစ်ဖက် က ခါးစည်းကြိုးကို ကိုင်ထားရင်းနဲ့ ငါ သူ့ဒူးကို ကန်ချလိုက်တယ် ။

ငါ သူ့ကို အရမ်းကို အားပြင်းပြင်းနဲ့ ကန်ချလိုက်တော့ သူရှေ့ကို ကုန်းပြီး လဲကျလာတုန်း။


သူလဲကျလာတာနဲ့တစ်ပြိုင်နက် ငါအမြန်ခုန်လိုက်ရင်း သူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်ပြီး ဓားကိုပြန်လုလိုက်တယ် ။

အဲ့အချိန်မှာ ပဲအားတုက အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။

ငါက လီချန်းရင်ကို မှီထားရင်း သူ့ခါးစည်းကို ဆွဲကိုင် ထားတာကိုမြင်တော့ ၊ အားတုရဲ့ မျက်နှာက ရုတ်တရက် နီရဲလာပြီး ဖြတ်ကနဲ ပြန်ပျောက်ကွယ်သွားပြီ ။

"အားတု !!" လို့ ခေါ်ရင်း လှမ်းခုန်လိုက်ပေမဲ့ လီချန်းရင်က ငါ့လက်ထဲက ဓားကို ပြန်လုဖို့ ကြိုးစားတယ်။

ငါတို့နှစ်ယောက်လုံးက အိပ်ယာပေါ်မှာရန်ဖြစ်နေကြရာကနေ အိပ်ယာအောက်ကို တစ်ယောက်နဲ့တစ်ယောက် ငြိပြီးပြုတ်ကျသွားတော့တယ် ။


လီချန်းရင်က ရန်ဖြစ်တာ ဒီလောက်တော်လိမ့်မယ်လို့ငါ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး ။

ငါတို့ အခုရန်မဖြစ်ခင်အထိ စကားများရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့ရတာ က အမြဲတစေ ဝင်ပြီးတားတဲ့ တစ်ယောက်ယောက် က ရှိလို့ပဲ ။

ဒီနေ့ကတော့ အရင်ကနဲ့ မတူဘူး ။


သူကဖျားနေတယ်ဆိုရင်တောင်မှ ၊ ယောကျာ်း ကတော့ ယောကျာ်းပဲ ၊ သူ့နဂို ဗီဇ ခွန်အားကိုက ကျွဲရိုင်းတစ်ကောင်လိုမျိူးပဲ ။


ဘယ်လောက်ပဲ ငါက ရန်ဖြစ်တဲ့နေရာမှာဆရာကျတယ်ပဲ ပြောပြော ၊ တစ်ခါတစ်လေတော့ ငါက တစ်ခြားသူတွေလောက် ကိုယ်ခံအားမကောင်းတော့ ငါက တစ်ပန်းရှုံးတဲ့ အခါတွေလည်းရှိတယ် ။

ရန်ပွဲ က ကြာရှည်လာတာနဲ့အမျှ ငါ့ အားအင်တွေက တဖြည်းဖြည်းနဲ့ ကုန်ခမ်းလာပြီ ။

လီချန်းရင် က ဓားကို ပြန်လုသွားနိုင်ခဲ့ပေမဲ့ ငါ့သူ့လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်ထားတာ ငါ့ရဲ့ သေရေးရှင်ရေးက သူ့လက်ထဲမှာကို ရှိနေသလိုမျိူး ။

ငါ့မှာ အသက်ကို မနည်းလုရှူနေရပြီး လီချန်းရင်က လည်းငါ့လက်မောင်းကို လိမ်ထားတုန်းပဲ ။

ပြီးတော့ ငါတို့နှစ်ယောက်သားက ‌ကော်ဇော် ပေါ်မှာ လုံးထွေးနေကြတာ သော့အိမ်နှစ်ခု တွဲလိမ်ခတ်ထားတဲ့အတိုင်း ။

သူ့ရဲ့ နဖူးမှာလည်းချွေးတွေနဲ့ပြည့်နေပြီ။

ဒါကကောင်းတာပဲ ရန်အကြာကြီးဖြစ်ပြီး ချွေးတွေထွက်လာတာက သူ့အဖျားကို သက်သာစေလိမ့်မယ် ။

ငါတို့နှစ်ယောက်က မဆုတ်သာမတိုးသာအခြေအနေ ကို ရောက်သွားပြီး ငါနောက်ထပ်ရုန်းဖို့ အားမရှိတော့တာတောင် သူက ငါ့ကို လွှတ်ပေးမှာမဟုတ်ဘူး ။

သူငါ့ခါးစည်းကို ကြည့်လိုက်ရင်း လက်တစ်ဖက်ကိုအသုံးပြုပြီး ဆွဲဖြည်ဖို့လုပ်တယ် ။

ငါလန့်ဖြန့်သွားပြီး " နင်ဘာလုပ်နေတာလဲ ?"

သူချည်ထားတဲ့ခါးစည်းကိုဖြည်လိုက်ပြီး ဘာမှအရေးမထားတဲ့ ပုံစံနဲ့ င့ါလက်နှစ်ဖက်ကို ချည်လိုက်တော့ ။

သူငါ့ကို ချည်တုပ်ပြီး ရိုက်ခံရမှာကြောက်လို့ ငါ့စိတ်ထဲ စိုးရိမ်တကြီးဖြစ်လာရပြီ ။

"ဟေးးး လူကြီးလူကောင်း ဆိုတာ အငြိုးအတေး မထားရဘူး !! တကယ်လို့ နင်ငါ့ကို နှိပ်စက်ရင် အားတုက လာပြီး နင့်အသက်ကို ယူလိမ့်မယ် !!" လို့အော်လိုက်တယ် ။

"ပါးစပ်ပိတ်ထား!!"

"အားတု!!"

"အားတု!! မြန်မြန်လာ!!" လို့ငါအော်လိုက်တယ် ။

လီချန်းရင်က အားတုဝင်လာမှာကို တော့ကြောက်တဲ့ပုံပဲ ဘာလို့ဆို သူမကို သူနိုင်အောင်မချနိုင်တာသူသိလို့ဖြစ်မယ် ။

သူဟိုဒီလှည့်ပြီး တစ်ခုခုကို လိုက်ရှာနေတာ ငါထင်တာတော့ ငါ့ပါးစပ်ကို တစ်ခုခုနဲ့ပိတ်ဖို့ ကြိုးစားနေတာပဲဖြစ်မယ် ။

ဘယ်လိုပဲဖြစ်ဖြစ် အိပ်ယာပေါ်မှာရော ကြမ်းပြင်မှာရောက လုံးဝကို ပွစာကြဲနေပြီး စောင်တွေရော ခေါင်းအုန်းတွေရောက လည်း ကြမ်းပြင်ပေါ်မှာတစ်စစီ ဖြစ်နေတာ........


သူဘယ်လိုလုပ် တစ်စုံတစ်ခုကို အဲ့လောက်မြန်မြန်ရှာတွေ့ နိုင်မှာလဲ ?


ငါ့ရဲ့ လက်တွေကပူးပြီး ချည်ထားခံရပေမဲ့ လည်း ငါ့ခြေထောက်တွေကတော့လှုပ်ရှားလို့ရနေတုန်း ။


ငါ ရေထဲကလွတ်လာတဲ့ငါးလို ခုန်ဆွခုန်ဆွ လိုက်ခုန်နေရင်းနဲ့ ဒီအခွင့်အရေးကို အော်ဖို့အတွက် အသုံးချလိုက်တယ် ။

"အားတု !! ငါ့ကို မြန်မြန်လာကယ်ပါ !! အားတု!!"


လီချန်းရင် ကဗျာကယာ အလောတကြီးနဲ့ ငါ့ကိုယ်ပေါ်ကို ခုန်အုပ်လိုက်ပြီး ငါ့ပါးစပ်ကို ပိတ်နိုင်ဖို့ သူ့ပါးစပ်ကို အသုံးပြုခဲ့တယ် ။

ငါ..... ကြက်သေ‌သေသွားခဲ့တယ် ။

သူ့ ခန္ဓာကိုယ် က ဆေးအနံ့ ရယ် ချွေးအနံ့ တို့နဲ့ ပြည့်နှက်နေတယ် ။ပြီးတော့ တခြား အမည်မသိနိုင်တဲ့အနံ့မျိုးတွေလည်း ရောနေတာ မျိုး။

သူ့နှုတ်ခမ်းတွေက နူးညံ့နေပြီး လတ်လတ်ဆတ်ဆတ်ကင်ထားတဲ့ ဘဲကင် အတိုင်းပဲ။ ဒါပေမဲ့ သူ့နှုတ်ခမ်းတွေက ပိုပြီးနူးညံ့တယ် ။

ငါ ကြက်သေသေနေရင်း နဲ့ တကယ်ကို တုပ်တုပ်မှ ကိုမလှုပ်နိုင်ဘူး ။

ငါ့မျက်လုံးတွေက ပြူးကျယ်နေပြီး ငါမြင်‌ နေ ရတာ လည်း သူ့မျက်လုံးတွေပဲ ။

ငါတို့ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ် ။

အသက်ရှုဖို့ကိုတောင် မေ့နေခဲ့ပြီး လီချန်းရင်ကို ပဲ စိုက်ကြည့်နေမိတာ ။

ငါ ထပ်အော် ဖို့ ငါ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ သူ့လက်မောင်းတွေကပိုတင်းကျပ်လာခဲ့ပြီး ။

ငါပါးစပ် ဖွင့်လိုက်တဲ့အခါ သူ့လျှာက ငါ့ပါးစပ်ထဲကို ဝင်ရောက်ကျူးကျော်လာတယ် ။

ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလိုက်သလဲ!!!!!

ငါ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထ‌လာပြီး ခန္ဓာကိုယ်က ရှိသမျှ ဆံပင်တွေပါထောင်လာသလိုပဲ ။

လီချန်းရင်က လည်း ရုတ်တရက် ငါ့နှုတ်ခမ်းတွေကို တစ်တိတစ်တိ ကိုက်နေတယ် ။


ဒါငါ့နှုတ်ခမ်းတွေနော် ! ဝက်ခြေထောက်လည်းမဟုတ်ဘူး!!! ကြက်ကင်လည်းဟုတ်မနေဘူးလေ !!

ဘဲခြေထောက်လည်း မဟုတ်ဘူး !!

သူရုတ်တရက်ကြီး ငါ့ကို ဖက်လာပြီး ငါ့နှုတ်ခမ်းတွေကို တဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ကိုက်နေတယ် ။

သူငါ့နှုတ်ခမ်း တွေကို ကိုက်နေတုန်း သူငါ့အင်္ကျီတွေကို ပါ ထိကိုင်လာတယ် ။ ကံကောင်းလို့ ငါ့ခါးစည်းကို တင်းကျပ်နေအောင် စည်းထားလို့မဟုတ်ရင် သူငါ့ဂါဝန်ကို ပါ ဆွဲဖယ်လိုက်ခဲ့ရင် ငါအသက်ရှင်နိုင်မှာကို မဟုတ်တော့ဘူး ။

ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ !!

ဘယ်လိုတောင် စော်ကားမော်ကားပြုမူလိုက်တာလဲ !!!

ငါ့ခွန်အားရှိသမျှကို အသုံးချရင်း သူ့နှုတ်ခမ်းကို ကိုက်ချလိုက်ပြီးတဲ့နောက် ငါ့ခြေထောက်ကို သူ့ကို ပြင်းပြင်းထန်ထန်ကန်ချလိုက်ဖို့မြှောက်လိုက်တယ် ။

သူ့ကို ဘေးကို ကန်ထုတ်လိုက်ပြီးတဲ့နောက် သူမလှုပ်မရှားနိုင်ဖြစ်‌နေတုန်း ကမန်းကတန်း အားတုဓားကို ပြေးကောက်လိုက်ပြီး ငါ့လက်ကို ချည်ထားတဲ့ ခါးစည်းကို ဖြတ်လိုက်နိုင်ပြီ ။

ဓားကို ကောက်ကိုင်လိုက်ရင်း လီချန်းရင်ရဲ့ လည်ပင်းကိုချိန်ထားလိုက်ပြီး

"လီချန်းရင်!!! ဒီနေ့ ငါနင်နဲ့ အဆုံးထိ တိုက်ခိုက်ပစ်မယ် !"

လီချန်းရင် က ပျင်းတိပျင်းတွဲ ပုံစံနဲ့ ငါ့ကို ကြည့်လိုက်ပြီး သူ့လည်ပင်းကို ဓားနဲ့တောင်ထိလိုက်သေးတယ် ။

သူ့ကို ခြိမ်းခြောက်ဖို့ ငါဓားကို ဖိချလိုက်ရင်း
" ဒီနေ့ အကြောင်း ကို နင်ဘယ်သူ့ကို မှပြောပိုင်ခွင့်မရှိဘူး ။ မဟုတ်ရင် အားတု က ဒီညပဲ နင့်ကို သတ်လိမ့်မယ် !!"

လီချန်းရင်ကတော့ သူ့လက်တွေကို သူ့ခါးပေါ်မှာတင်ထားရင်း ထိုင်နေတာ သူ့လည်ပင်းပေါ်မှာ ဓားထက်ထက် တစ်လက်ဆိုတာ ရှိမနေတဲ့အတိုင်း ။

ရုတ်တရက် သူ ကအရှက်မရှိတဲ့လေသံနဲ့

"ဒီနေ့ မင်းငါ့ကိုမပြောစေချင်တဲ့ ကိစ္စတွေ များရှ်ိနေခဲ့လို့လဲ ? "

"နင် ငါ့ကိုနမ်းခဲ့တယ် ။ပြီး...ပြီးတော့ ...ဟမ်! ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ဖြစ်တဲ့ ကိစ္စတွေကို ဘယ်တစ်စုံတစ်ယောက်ကိုမှ နင်ပြောလို့မရဘူး မဟုတ်ရင် ...ငါနင့်ကိုသတ်ပစ်မယ်!"

သူက ဓားကို လည်ပင်းနဲ့ နီးအောင်ပို တိုးလာရင်းနဲ့ :

"တကယ်လို့ မင်းငါ့ကိုအခု သတ်လိုက်မယ်ဆိုရင် ၊ မင်းက မင်းရဲ့ခင်ပွန်းဖြစ်သူကို သတ်လိုက်တာပဲ ။
ပြီးတော့ မင်း ငါ့ရဲ့ ဆံပင်တစ်မျှင်ကို ထိရဲတဲ့ သတ္တိရှိနေမယ်ဆိုရင်တောင် ခမည်းတော်က တပ်မဟာစေလွှတ်ပြီး အနောက်ရှီးလျန်ကို ချေမှုန်းလိုက်မှာပဲ !"

အရှက်မရှိလိုက်ပုံများ !

ငါ ဒေါသထွက်ရလွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့တဲ့အထိပဲ ။

ငါသူ့ကိုအခုပဲ ဓားနဲ့ ထိုးသင့်လား ။ ဒါမှမဟုတ် အားတုကို ပဲ ဒီည သူ့ကို ရှင်းခိုင်းလိုက်သင့်လား စဉ်းစားတွေဝေနေတုန်းမှာပဲ ။

"ဒါပေမဲ့ ငါ စိတ်ကောင်းဝင်နေတဲ့အချိန်ဆိုရင်တော့ ဒီနေ့ရဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ ငါမပြောပါဘူး "

ငါသူ့ကိုကြည့်လိုက်ပြီး
"နင် စိတ်ကောင်းဝင်နေဖို့အတွက် ငါ့ကို ဘာ‌ေတွများလုပ်ပေးစေချင်‌ နေသေးတာလဲ ?"

လီချန်းရင်က သူ့ရဲ့မေးစေ့ကို လက်နဲ့ အသာပုတ်နေရင်းနဲ့

" စဉ်းစားကြည့်ကြရအောင် ...."

" စဉ်းစားစရာ ဘာရှိလို့လဲ ။ ငါနင့်ကိုအခုပဲ ပြောလိုက်မယ် ။နင်တကယ်လို့ တစ်ယောက်ယောက်ကိုပြောရဲရင် ငါအားတုကို နင့်ကို ချက်ချင်းပဲ သတ်ခိုင်းလိုက်မယ် !"
လို့အားနဲ့မာန်နဲ့ပြောချလိုက်တယ် ။

"ငါ့ကို နမ်း!"

"ဘာ???"

"တကယ်လို့ မင်းငါ့ကိုနမ်းရင် ငါဘယ်သူ့ကိုမှမပြောဘူး !"

ငါသူ့ကို မယုံသင်္ကာနဲ့ကြည့်လိုက်တယ် ။

ဒီနေ့ရဲ့ လီချန်းရင်က ငါအရင်ကသိတဲ့ လီချန်းရင် နဲ့တော့ မတူသလိုပဲ ။

ဒီနေ့မတိုင်ခင်က ငါတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် စကားများကြတဲ့ အဆင့်မရောက်ခင် စကားသုံးကြောင်းသေချာပြည့်အောင်မ‌ပြောဖူးဘူး ။

လီချန်းရင်က အရမ်းကို မုန်းဖို့ ..မုန်းဖို့ ...မဟားတရားကို မုန်းဖို့ကောင်းခဲ့တယ် ။

ဒါပေမဲ့ ဒီနေ့သူက တော်တော်လေးကို အရှက်မရှိရင်း နဲ့ကိုအရှက်မရှိဖြစ်နေ‌ပြီး၊ အရမ်းကို မျက်နှာပြောင်တိုက်အရှက်တရားကို တစ်စက်မှမရှိဘူး ။

ငါ့ စိတ်ထဲ နည်းနည်းအလျော့ပေးဖို့ စဉ်းစားလိုက်ပြီး စွန့်စားဖို့ဆုံးဖြတ်လိုက်တယ် ။

" နင် ကတိတည်မှာလား?"

"လူကြီးလူကောင်း တစ်ယောက်က သူ့စကားအတိုင်းပဲပြုမူတယ် "

"ကောင်းပြီ"

ငါ ဓားကို အောက်ချလိုက်ပြီးတဲ့နောက် ၊ ငါ့မျက်လုံးတွေကိုမှိတ်လိုက်ရင်း သူ့မျက်နှာပေါ်မှာ သွားရာ တစ်ခုကျန်ခဲ့တဲ့ အထိ ကိုက်ချလိုက်တယ် ။

အဲ့တာက နာသွားတဲ့ပုံစံနဲ့ သူ့အသက် ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် ။

ငါသူ့ကို နမ်းပြီးသွားတော့ ဓားကို ပြန်ကောက်ပြီး ထွက်သွားတော့မလို့ လုပ်နေတုန်းမှာပဲ ၊ သူကရုတ်တရက် ငါ့ကို လှမ်းဆွဲပြီး သူ့ရင်ဘတ်ထဲ ဆွဲသွင်းလိုက်တာခံလိုက်ရတယ် ။


မထင်မှတ်ထားတဲ့ အချိန်မှာပဲ ငါ့နှုတ်ခမ်းတွေကို ကိုက်ပြန်ပြီ ။

Ah, ah, ah, ah!

သူငါ့ကို လွတ်မပေးခင် အချိန်အတော်ကြာအောင် ငါ့နှုတ်ခမ်းကို ကိုက်နေတော့ ။
ငါ့မှာ အသက်ကိုမနည်းလုရှူနေရပြီး ငါ့နှုတ်ခမ်းတွေက ထူပူနေတာပဲ ။

ဒီ လီချန်းရင်က တော့ ငါ့နှုတ်ခမ်းတွေကို ယောင်ယမ်း‌ေနတဲ့ အထိ ကိုက်လိုက်ပြီ!!

သူ့လက်‌တွေ နဲ့ ငါ့နှုတ်ခမ်းကို လှမ်းထိလိုက်ပြီး
" ဒါကမှ နမ်းတယ် လို့ခေါ်တယ် မင်းသိလား " လို့ပြောပြန်တယ် ။


ငါသူ့ကို တကယ်ပဲ ဓားနဲ့ ထိုးလိုက်ချင်ပြီ ။တကယ်လို့ငါသာ နိုင်ငံ နှစ်နိုင်ငံ တိုက်ခိုက်ကြရပြီး လူတွေခံစားရ‌မှာ ၊ သွေးချောင်းစီးပြီး အရိုးတွေတောင်လို့ပုံနေမှာ ....စိုးရိမ်မနေခဲ့ရင် .

ငါ့ရဲ့မာန တွေကို ကြိတ်မှိတ်ပြီး ပြန်မြိုသိပ် လိုက်တယ် ။

" သင်ကြားပေးတာ ကျေးဇူးတင်ပါတယ် "

"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး "

သူက အရမ်းကို အရှက်မရှိ‌ နေတာပဲ။

" အခု မင်းသိသွားပြီဆိုတော့ ငါ့ကိုနမ်းတော့ "

ငါတို့အခုလေးတင် နမ်းခဲ့တယ်လေ!!!
အမျက်အခြောင်းခြောင်းထွက်ပြီး ခုန်လိုက်ရင်း

" နင်.... နင့်ရဲ့ ကတိကို လည်းမတည်ဘူး !"

" အခုက ငါက မင်းကို နမ်းလိုက်တာ ။ မင်းက ငါ့ကိုနမ်းတာမဟုတ်‌ေသးဘူး "

နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ငါဒါကိုသည်းခံလိုက်ပါမယ် !!!!

ငါသူ့ ဝတ်ရုံကို ဆွဲကိုင်လိုက်ပြီး ချက်ချင်းပဲ တရမ်းကြမ်း သူ့နှုတ်ခမ်းတွေကို အားပြင်းပြင်းနဲ့ သူ့နှုတ်ခမ်းတွေကိုကိုက်လိုက်တယ် ။

ကြက်ခြေထောက် ...ကြက်ခြေထောက်...ကြက်ခြေထောက် ....ငါကြက်ခြေထောက်တစ်ချောင်းကို ကိုက်နေလို့ပဲ သတ်မှတ်လိုက်ပါမယ် !!
ငါကိုက်မယ် ! ငါကိုက်မယ် ! ငါကိုက်မယ် ! ငါကိုက်မယ်!!!!!!
ပြီးတော့ ငါထပ်ကိုက်မယ် !!!!

ငါကိုက်ပြီးသွားတော့ သူ့ကို လွှတ်ပေးလိုက်တဲ့အချိန် လီချန်ရင်းက နားရွက်ကနေ စနေလို့ လည်ပင်းထိ နီရဲတွတ်နေတာကို တွေ့လိုက်ရတယ် ။ သူ့မျက်လုံးတွေလည်း နီရဲနေပြီး အသက်ကို လေးလံစွာနဲ့ ရှူလို့နေတာပဲ ။

" နင် ဖျားပြန်ပြီ လား?"

လီချန်းရင်က ရုတ်တရက် ငြင်းလိုက်တယ် ။

" မဟုတ်ဘူး ! အခု နင်ထွက်သွားလို့ရပြီ"

ငါအဝတ်တွေနဲ့ ဆံပင် ကို သေသပ်အောင်ပြုပြင်လိုက်ပြီး ၊ဓားကို ကောက်ကိုင်လို့ အမြန်ထွက်ခဲ့လိုက်တယ် ။

ငါ နန်းဆောင် အပြင်ကို ထွက်လာတော့ ဘယ်သူမှ ရှိမနေတာနဲ့ ငါ့ကိုယ်ပိုင် နန်းဆောင်ဆီကိုပဲ လမ်းလျောက်သွားလိုက်တယ် ။

ငါသတိထားမိတာက ငါလမ်းလျောက်နေတုန်း နန်းတွင်းသူတွေက ကြောင်တောင်တောင် နဲ့ ကြည့်နေတာ ငါ့ကို အရိုအသေပေး ဖို့တောင်မေ့နေကြပါရော ။

ဒီ နန်းတွင်းသူတွေဆိုတာက ယုန်ညန် ကိုယ်တိုင် အထူးတလည် ရွေးချယ်ထားတာဆိုတော့ သူတို့ အယောက်တိုင်းက ယုန်ညန်လိုပဲ အမြဲတမ်းနန်းတွင်းစည်းကမ်းတွေ ကို တစ်သွေမတိမ်းပဲ ။

မှန်ကိုကြည့်လိုက်ပြီးတော့မှပဲ ၊ နောက်ဆုံးတော့သူတို့ငါ့ကို ဘာလို့အဲ့လိုကြည့်နေခဲ့ကြသလဲ ဆိုတာကို ငါသဘောပေါက်သွားရတော့တယ် ။

ငါ့ပုံစံ သရဲတစ်ကောင်လိုပဲ။

ဆံပင်တွေက‌ အောက်ကို ပြည်ကျနေပြီး ၊ အဝတ်အစားတွေက လည်းဖရိုဖရဲနဲ့ ၊ ငါ့နှုတ်ခမ်းတွေကလည်း ယောင်ရမ်းနေတယ် ။

လီချန်းရင် အဲ့ဒီ ကြက်ဥပုပ်က ငါ့နှုတ်ခမ်းတွေကို ယောင်ရမ်းအောင် လုပ်လိုက်တာပဲ ။

နန်းတွင်းသူတွေက ငါ့ကို အဝတ်ကူညီ လဲလှယ်ပေးပြီး ဆံပင်တွေကို ပြန်လည်ပြင်ဆင်ပေးတယ် ။

ကံကောင်းလို့ ဒီနေ့ကိစ္စကို ဘယ်သူမှ မေးခွန်းမထုတ်ဘူး ။
တကယ်လို့ သူတို့သာသိသွားခဲ့ရင်တော့ ဒီ အရှေ့နန်းတော်ထဲမှာ ငါဆက်နေဖို့ မလိုတော့ဘူး ။

ရုတ်တရက် တံခါးအပြင်ဘက်က လူတစ်ယောက်က လီချန်းရင်က လူတစ်ယောက်နဲ့ တစ်စုံတစ်ခု အပို့လွှတ်လိုက်တဲ့ အကြောင်းပြောလာတယ် ။

ဒါ ရှားပါးဖြစ်ရပ်ပဲ။ ဘာလို့လဲဆိုတော့ လီချန်းရင် ငါ့ကို မကြိုက်တာလူတိုင်းကသိကြပြီး သူဘယ်တုန်းက မှငါ့ဆီကို ပစ္စည်းပို့ဖို့အတွက် စေလွှတ်ခဲ့တာမျိုးမရှိဘူး ။


တစ်ခုခုတော့မှားနေပြီလို့ငါ ခံစားရတယ် ။

ခါတိုင်းပုံမှန်ဆိုရင် ငါလီချန်းရင်နဲ့ စကားများပြီးတိုင်း သူငါ့ကို နောက်ထပ်ရက်တော်တော်ကြာအောင် အဖက်လုပ်မှာမဟုတ်ဘူး ။

ဒီနေ့ ငါတို့နှစ်ယောက် ဒီလောက် အပြင်းအထန် ရန်ဖြစ်လာကြပေမဲ့ ငါ့ကို တစ်စုံတစ်ခု လက်ဆောင်ပါးဖို့ လူတောင်‌ စေလွှတ်လိုက်သေးတယ် ။ ဒါကတော့ ထူးဆန်းတာပဲ ။

ဘယ်လိုပဲဖြစ်ဖြစ် ငါက လီချန်းရင်ကို မကြောက်ပါဘူး ။

"သူ့ကို ဝင်ခိုင်းလိုက် " လို့ပြောလိုက်တယ် ။


သူက ကုန်းကုန်း တစ်ယောက် ကို အနီရောင်ပိုးစနဲ့အုပ်ထားတဲ့ လင်ဗန်းတစ်ခုကို ပို့ခိုင်းလိုက်တာပဲ ။
အဲ့ဒီအောက်မှာ ဘာရှိနေလဲ ငါမမြင်ရဘူး ။

ကုန်းကုန်းက လီချန်းရင်ကစေ လွှတ်လိုက်တာဆိုတော့ သူက သေချာစနစ်တကျ မတ်တပ်ရပ်နေရင်နဲ့ တော်ဝင်စာလွှာကို ဖတ်ပြတော့တယ် ။

" အရှင့်သား က မိန့်တော်မူလိုက်ပါတယ် ။
ထိုက်ဇစ်ဖေးရဲ့ ခါးစည်းကို ပျက်စီးအောင် လုပ်လိုက်မိတဲ့အတွက် တကယ်ပဲ စိတ်မကောင်းဖြစ်မိလို့ ၊ ထိုက်ဇစ်ဖေးကို ဟင်္သာမောင်နှံ တစ်စုံ ခါးစည်းကြိုးတစ်ခု ကို အ‌စားထိုးပေးလိုပါတယ် ။ နောက်ထပ် အရှင့်သား မိန့်တော်မူလိုက်သေးတာက သူကိုယ်တော်တိုင် ထိုက်ဇစ်ဖေးဆီ ကြွရောက်ပြီး ‌လာရောက်ပေးချင်ပေမဲ့လို့
အရှင့်သားက ချွေးတွေအများကြီးထွက်ထားတဲ့အတွက် ပင်ပန်းနေပြီး နောက်တစ်ခါ အအေးမိမှာစိုးရိမ်အတွက် မလာနိုင်ကြောင်း။ အရှင့်သားက ဒီနေ့ကိစ္စကို သူ ဘယ်သူ့ကိုမှပြောမှာမဟုတ်တဲ့ အတွက် ထိုက်ဇစ်ဖေး စိတ်ချလက်ချသာနေတော်မူပါ လို့အမှာတော်ပါလိုက်ပါသေးတယ် "


ငါ ဒေါသအထွက်လွန်ပြီး မေ့တောင်လဲချင်လာပြီ ။

နန်းတွင်းတချို့က ကောင်းကင်ကို ကြည့်နေကြတဲ့ပုံ တချို့ ကတော့ ကော်ဇောကိုပဲ ငုံကြည့်နေကြတယ် ။ တခြားသူတွေကလည်း နှုတ်ခမ်းတွေကို ကိုက်ထားကြတဲ့ သူတွေလည်းရှိသလို အချို့နန်းတွင်းသူတွေက မျက်နှာပျက်နေကြရင်းရှိနေတုန်း။

ကျန်တဲ့ နန်းတွင်းသူတွေကတော့ ရယ်ချင်တာကို အောင့်ထားရတဲ့ ရုပ်တွေချည်းပဲ ။

လူတိုင်းက ဘာမှမကြားချင်ယောင်ဆောင် နေကြပြီး ငါ့နဲ့ မျက်လုံးချင်းဆုံဖို့ ငြင်းဆန်နေကြတယ် ။


လီချန်းရင် နင်သတ္တိကောင်းလှချည်လား ။
ဒါကနင်ပြောတဲ့ ဘယ်သူ့မှ မပြောဘူးဆိုတာလား ။

ဒါကြီးကတော့ နင့်ရဲ့ အမိန့်ပြန်တမ်းလွှာ ကနေတစ်ဆင့်တစ်လောကလုံးကို ပြောပြလိုက်တာပဲ !

ငါ့ကို မစိုးရိမ်ဖို့ ဒီနည်းလမ်းနဲ့ လာပြောတာ ဒါတမင်သက်သက် လုပ်တာပဲ ..... ငါဒါကိုသည်းမခံနိုင်ဘူး !

ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်ကို ကလဲ့စားမချေရဘူး လို့ပြောဖို့ခက်လိမ့်မယ် !

အပြုံးတစ်ခု ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ပြီး
" အရှင့်သားကို ကျွန်မ ကျေးဇူးတင်ပါတယ် "


ကုန်းကုန်းက အရိုအသေပေးတဲ့အနေနဲ့ ဒူးထောက်ချလိုက်ပြီး လင်ဗန်းကို ခေါင်းပေါ်ကို မြှေက်တင်ရင်းကိုင်ထားတယ် ။

ငါ လင်ဗန်းကိုအုပ်ထားတဲ့ ပိုးသားအစ ကို ဖယ်ရှားလိုက်တဲ့အခါ တကယ်ကိုပဲ ပျော်မြူးနေတဲ့ ဟင်္သာနှစ်ကောင် တကယ်ရှိနေတယ် ။

အဲ့တာကိုကြည့်ရတာနဲ့တင် ငါ့ကိုဒေါသကြောင့် သွေးတက်ပြီး မေ့လဲအောင် လုပ်နိုင်လုနီးပါး ပဲ။

ငါ့ ဘေးနားက နန်းတွင်းသူ တွေက လင်ဗန်းကို ယူသွားကြလို့သာပေါ့။

[]ဒီ အပိုင်းက ဟင်္သာ‌မောင်နှံဆိုတာက ဟင်္သာမောင်နှံ ပန်းထိုးထားတဲ့ သို့မဟုတ်အလှဆင်ထားတာမျိုးကို ပြောချင်တာ ။ တရုတ်တွေ ရဲ့ အဆိုအရ ဟသင်္ာမောင်နှံ ဆိုတာချစ်ကြည်နူးတဲ့မောင်နှံ နှစ်ယောက်ကို ကိုယ်စားပြုဖော်ပြလေ့ရှိတယ် ။[]

အဲ့ဒီ လီချန်းရင် က ငါ့ကို နေ့‌ရက်ကောင်းလေးတွေကို ဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို သိပြီးသား ၊ ဒါပေမ‌ဲ့ သူဒီလောက်ထိ အတင့်ရဲ သတ္တိကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး ။

မထင်ထားတဲ့ ဒီလို အကြံအစည်မျိုးကို သူသုံးရဲတယ် ။

ညရောက်တော့ အားတုက ယုန်ညန်နဲ့ အတူပြန်ရောက်လာပြီ ။

ယုန်ညန် ပြန်ရောက်ပြီးမကြာခင်မှာပဲ တစ်ယောက်ယောက်က သူ့ကို ဟင်္သာမောင်နှံအကြောင်း သတင်းပေးလိုက်တဲ့ပုံပဲ။

သူမကငါ့ကို တိုက်ရိုက်မမေးပေမဲ့လို့ ပျော်ရွှင်မြူးတူးနေတာမျိုး ။

ငါ့ နှုတ်ခမ်းထောင့်နေရာက ယောင်နေတာကိုမြင်တော့ သူမက နန်းတွင်းသူတွေကို ငါ့အတွက် ညစာပြင်ဆင်ခိုင်းလိုက်တယ် ။

အရှေ့နန်းတော် တစ်ခုလုံး ဒီအကြောင်းကို သိသွားကြလောက်ပြီ ဆိုတာ ငါသေချာပေါက်ပြောရဲတယ် ။

လီချန်းရင် ရဲ့ နန်းဆောင်က ထွက်လာတုန်းက ငါ့ အဝတ်အစားတွေက ဝရုန်းသုန်းကား ၊ ဆံပင်တွေကလည်း ဖရိုဖရဲ နဲ့ ၊ငါ့ရဲ့ ခါးစည်းကလည်း ဘယ်ကိုရောက်သွားမှန်းကို မသိဘူး ။
နောက်ပြီး လီချန်းရင်ကလည်း ဟင်္သာမောင်နှံတစ်စုံ ကလက်ဆောင်ပေးလိုက်သေး။


အဲ့ဒီ ဟင်္သာမောင်နှံအကြောင်း စဉ်းစားလိုက်တာနဲ့ ကြက်သီးပါထတယ် ။

တကယ်လို့ လီချန်းရင် ငါ့ကို ဆွဲကြိုးတစ်ကုံးပို့ခဲ့တယ်ဆိုရင်တောင် သိပ်ပြီးထူးဆန်းတယ်လို့ ထင်မှာမဟုတ်ဘူး ။ ဒါပေမဲ့ သူက အခု ဟင်္သာမောင်နှံ ကြိုးကို ပို့လိုက်တာ သေချာပေါက် သူ တစ်စုံတစ်ခုကို ဇာတ်လမ်းဆင် အကွက်ချနေမှန် အသိသာကြီးပဲ ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရှေ့နန်းတော်ကလူတွေကတော့ အဲ့လိုစဉ်းစားမှာ မဟုတ်ဘူး။ အထူးသဖြင့် ငါ့ကို ခစားနေတဲ့ နန်းတွင်းသူတွေ ။
လူတိုင်းက သူတို့မျက်ခုံးတွေကို မြှင့်ထားကြပြီး သက်ပြင်းတွေ ချနေကြတာ ။

နောက်ဆုံးတော့ လီချန်းရင်က ငါ့ကို နှစ်သက်လာအောင် လုပ်နိုင်ခဲ့တယ် လို့ ယုံကြည်နေကြပုံပဲ ။

"ထိုက်ဇစ်တျန်းရှက နောက်ဆုံးတော့ သူ့ရဲ့ စိတ်နှလံုးကို ပြောင်းလဲ လိုက်ပြီ ။ အောမီသောဖော[ဘုရားသခင်ကောင်းချီးပေးပါစေ ] !! ကျောက်လျန်းတိ က ထိုက်ဇစ်တျန်းရှ အပေါ်အပြစ်ပြုမိပြီထင်တယ် ။ ကြည့်လေ သူမက ထိုက်ဇစ်တျန်းရှ ရဲ့ ပြစ်ပယ်ခြင်းကို ခံနေရတာ။
ထိုက်ဇစ်တျန်းရှက နောက်ဆုံးတော့ ထိုက်ဇစ်ဖေးကို ကောင်းကောင်းမွန်မွန် ဆက်‌ဆံပြီပဲ "

အခန်း၁၁ ဆက်ရန် -------------------------
T/N
ဟုတ်ကဲ့သဘက်ခါပါနော် နည်းနည်းတော့ကျော်သွားပေမဲ့ပေါ့လေ ခါတိုင်းထက်တော့မြန်တယ်မလား .hehe
ကတိတည်သလိုမတည်သလိုလေးပါပဲနော် ။ ညကတည်းကတင်မလို့ဟာ ကို ခုမှတင်ရတယ် ။
လီချန်းရင်ကလည်း အချိုကျွေးသလို မကျွေးသလိုပါပဲ ဒီအပိုင်းမှာတော့ ။
နောက်အပိုင်းက ခွေးသွေးပဲ ပက်ခံရမလား ?အချိုလေးတွေပဲလာမလား ? ဖေ့ကျောက်တို့ပဲ လာမလား ဆက်လက်စောင့်မျှော်ကြပါအုန်းနော် !!!

ထုံးစံအတိုင်းလိုက်ဖက်တဲ့ ပုံလေး ထည့်ပေးထထားပါတယ် ။


Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
575K 67K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
686K 77.9K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
121K 10.1K 162
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...