Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

116K 19.4K 923

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]
Extra Chapter

Chapter (47)

835 190 9
By littlewillow01

Chapter (47)

Act 6: The Little Prince (9)
လာမယ့်သောကြာနေ့မှာ ကိုယ့်နှုတ်ဆက်ပွဲအတွက် သီချင်းပွဲတော်ရှိတယ်. . . ကိုယ့်ဧည့်သည်အနေနဲ့ မင်းလာလို့ရမလား??

လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်တွင် နွေဦးအချစ်ဟုခေါ်သော အလွန်ရှင်းလင်းသည့်အမည်တစ်ခုရှိလေသည်။

ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများနှင့်အတူ ယောက်ျားလေးများနှင့်မိန်းကလေးများ၏ နွေဦးခံစားချက်လေးများ ပွင့်လန်းလာကြပြီး ဤနွေဦးရာသီလေးသည် ချိန်းတွေ့ကြရန် အသင့်တော်ဆုံးရာသီဖြစ်၏။

ဟွားဝူအကအကယ်ဒမီသည် ခြောက်နှစ်ကြာသည့် ပရော်ဖက်ရှင်နယ်အနုပညာကျောင်းတစ်ခုဖြစ်သည်။ ရှန်းချိုက်သည် ပုံမှန်အထက်တန်းကျောင်း၏ ဒုတိယနှစ်နှင့်ညီမျှသည့် ပဉ္စမနှစ်တွင်သင်ယူနေခြင်းဖြစ်ကာ နောက်ခြောက်လလောက်တွင် သူတို့အားလုံးသည် ပြင်းထန်သောအနုပညာစာမေးပွဲကြီးကို  ရင်ဆိုင်ရမည်ဖြစ်သည်။ အနုပညာစာမေးပွဲ  ဝင်ခွင့်အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ယဉ်ကျေးမှုအတန်းများအတွက် အကြိုစမ်းသပ်မှုအတန်းများသို့ ပြောင်းရွှေ့ရလေသည်။ ထို့ကြောင့် အတန်းဖော်များအားလုံး အတူတကွပြန်တွေ့ရန်မှာ အလွန်ခက်ခဲနေ၏။

ရလဒ်အနေဖြင့် လူတိုင်း၏စိတ်ထဲ၌ ပဉ္စမနှစ်၏နောက်ဆုံးလအနည်းငယ်သည် ဘွဲ့ရာသီတစ်ခုကဲ့သို့ ကုန်ဆုံးနေလေသည်။ ဘဝကြီးက အမြဲအလျင်စလိုဖြစ်နေတတ်သဖြင့် သူတို့ပြန်ဆုံတွေ့ရမည့်အချိန်မှာ လာမည့် ၁၀ နှစ် ဒါမှမဟုတ် နှစ်၂၀ လောက်အကြာ အတန်းပြန်လည်ဆုံဆည်းပွဲ၌ ဖြစ်နိုင်၏။

ဤအခြေအနေများကြောင့် အတန်းတစ်ခုလုံး၏စိတ်သည် အပြောင်းအလဲများဖြစ်နေခဲ့ပြီး ငယ်ရွယ်သောအချစ်လေးများသည် အတန်းဖော်များတစ်လျှောက် ပျံ့နှံ့စပြုလာတော့သည်။ မပွင့်လန်းသေးသော ချစ်ခြင်းမေတ္တာအဖူးအပွင့်လေးများသည်ပင် တိတ်တဆိတ် ပွင့်လန်းလာခဲ့၏။

ချန်ဇီရန်၌ မျက်လုံးနှင့်နား အများအပြားရှိပြီး ရှန်းချိုက်ကိုသတင်းကြေညာနေတော့သည်။

"ရိုးရာအကဌာနရဲ့ပန်းပွင့်လေးနဲ့ အမျိုးသားအကအဖွဲ့အတန်းခေါင်းဆောင်တို့ အတူတူ" ဆိုတာကတစ်မျိုး၊ "အတန်းမှူးက ဘဲလေးမောင်နှံလေးကို တောအုပ်ထဲမှာဖမ်းမိသွားတာ" ဆိုတာကတစ်ဖုံစသဖြင့်ပင်... ကျောင်းဝင်းအတွင်း၌ မက်မွန်ပွင့်လေးများပွင့်လန်းနေကြပြီး ပန်းရောင်အချစ်လေးများက မြက်ခင်းပြင်တစ်လျှောက် လျင်မြန်စွာပျံ့နှံ့နေတော့သည်။

ကျောင်း၏ စောင့်ကြည့်ခံရမှုအများဆုံးကောင်လေးဖြစ်သောရှန်းချိုက်သည်လည်း ပြီးခဲ့သည့်လဝက်မှစ၍  "အခက်တွေ့" နေခဲ့ရ၏။

အိပ်ဆောင်အပြင်ဘက်မှာ၊ တောအုပ်ထဲမှာ၊ ကစားကွင်းဘေး၊ စာကြည့်တိုက်ထဲမှာ… သူသွားလေရာရာ၌ လိပ်ပြာလေးများ ပျံဝဲနေတော့သည်။

အချို့မိန်းကလေးသည် အခြားသူများထက် အရှက်ပိုကာ ရှက်ရှက်ကြောက်ကြောက် စိုစွတ်နေသောမျက်လုံးတစ်စုံဖြင့် သူ့ကိုကြည့်လာကြ၏။ အချို့သောမိန်းကလေးများကတော့ အားပေးနေသောသူငယ်ချင်းများရှိကြပြီး ပန်းနုရောင်ချစ်ခြင်းမေတ္တာစာလေးများကို လက်ထဲတွင်ကိုင်ဆောင်ထားရင်း ရှန်းချိုက်ဆီသို့ပေးလာခဲ့သည်။ ရဲရင့်သောမိန်းကလေးတစ်ဦးကတော့ အကစာသင်ခန်းရှေ့၌ ရှန်းချိုက်ကိုရပ်တန့်စေခဲ့ပြီး သူမ၏အချစ်ကိုဖော်ပြရန် စိတ်အားထက်သန်စွာကပြခဲ့၏။

ရှန်းချိုက်ကတော့ သူကိုဝန်ခံလာသူများထက်တောင် ပိုရှက်နေသေးသည်​။

သူသည် ရိုးရိုးသားသား အကြောင်းပြချက်လေးပေးကာ အားလုံးကိုငြင်းဆိုခဲ့၏။

သူသဘောကျသည့်သူရှိနေပြီဖြစ်သည့်အတွက် သူတို့အချစ်ကို လက်မခံနိုင်ကြောင်း ပြန်ရှင်းပြခဲ့သည်။

တကယ်တော့ ဒီကောင်မလေးတွေက အပြုသဘောဆောင်တဲ့ရလဒ်တွေကို မျှော်လင့်ထားတာကြောင့်မဟုတ်ဘဲ အခုလိုသူတို့ရဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့လျှို့ဝှက်အချစ်တွေကို လှပစွာအဆုံးသတ်ချင်ကြခြင်းဖြစ်ပြီး  မြီးကောင်ပေါက်အရွယ်တစ်ခုလုံးကို တောက်ပလင်းလက်နေတဲ့ဒီကောင်လေးနှင့် လက်ပြနှုတ်ဆက်ဖို့သာဖြစ်သည်။

ရှန်းချိုက်လည်း သူမတို့၏သတ္တိကို အတော်လေးသဘောကျနေမိသည်။ ဘာလို့ဆို သူကိုယ်တိုင်ကလည်း ဘယ်လိုမှဒီအဆင့်ထိမတက်နိုင်ကြောင်း သူသိနေသောကြောင့်ဖြစ်သည်။

တစ်ယောက်ယောက်ကို လျှို့ဝှက်ချစ်ကြိုက်မိစဥ် ခံစားရသည့်ခံစားချက်များကို သူကောင်းကောင်းသိနားလည်၏။ ထို့ကြောင့် ဝန်ခံချစ်စကားပြောသည့် မိန်းကလေးတိုင်းနဲ့ရင်ဆိုင်ရသည့်အခါတိုင်း သူမတို့ပြောသမျှစကားတိုင်းကို ဂရုတစိုက်နားထောင်ပေးပြီး ငြင်းပယ်ခြင်းမပြုမီ သူမတို့၏မျက်လုံးလေးများကို လေးနက်စွာစိုက်ကြည့်ရင်း ကြင်ကြင်နာနာသာ ပြောဆိုဆက်ဆံလေသည်။

မိန်းကလေးများသည် အတင်းအဖျင်းဗီဇဖြင့်  မွေးဖွားလာကြခြင်းဖြစ်၏။

တစ်စုံတစ်ယောက်က " ဒါဆို နင်ကြိုက်နေတဲ့လူက ဘယ်သူလဲ?? ကျင်းချီကျိလား?? နင် မိန်းကလေးအိပ်ဆောင်အောက်ထပ်ကိုရောက်လာပြီး သူ့ကိုဖက်လိုက်တာကို ငါတို့အားလုံးမြင်လိုက်ရတယ် "

ရှန်းချိုက်လည်း သူ့သူငယ်ချင်းမလေးကို ရွှံ့ရေထဲသို့ဆွဲမချဝံ့သဖြင့် "မဟုတ်ဘူး. . . မဟုတ်ပါဘူး၊ ချီကျိနဲ့ငါက သူငယ်ချင်းကောင်းတွေပဲ၊ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့  သူငယ်ချင်းတွေပါ"

ဝန်ခံသူကောင်မလေးများ မယုံမှာကြောက်သဖြင့် "သူနဲ့ငါက သူငယ်ချင်းကောင်းတွေ၊ အခုလည်း သူငယ်ချင်းကောင်းတွေဖြစ်ပြီး အနာဂတ်မှာလည်း သူငယ်ချင်းကောင်းတွေဖြစ်လာကြမှာ" ဟု လက်သုံးချောင်းထောင်ပြပြီး ကျိန်ဆိုခဲ့ရသည်။

နောက်ဆုံးတွင် မျက်ရည်ကျနေသောကောင်မလေးကို နှစ်သိမ့်ပေးအပြီး နောက်သို့လှည့်ကြည့်လိုက်စဥ် သူ့နောက်၌ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိသော ချိကျိရှိနေသည်ကို တွေ့လိုက်ရ၏။

ရှန်းချိုက်အံ့အားသင့်သွားပြီး ရှက်ရွံ့စွာဖြင့် သူမ ဘယ်အချိန်ကတည်းကရောက်နေသလဲဟု မေးမြန်းလိုက်သည်။

ချီကျိက ပြုံးပြခဲ့ပြီး "နင်နဲ့ငါက တစ်သက်လုံး သူငယ်ချင်းကောင်းတွေလို့ နင်ပြောနေတဲ့အချိန်တုန်းက"

ယနေ့ သူမ၏နှုတ်ခမ်းများ၌ ပန်းရောင်ဖျော့ဖျော့အလွှာတစ်ခုရှိနေလေသည်။ သူမ အလွန်သတ္တိရှိနေသည်ဟုသာ ရှန်းချိုက်တွေးလိုက်မိ၏။ လွန်ခဲ့သည့်စာသင်နှစ်တုန်းကလည်း နှုတ်ခမ်းနီအသိမ်းခံရပြီး ယနေ့တွင်လည်း သူမသည် ထို “ရာဇ၀တ်မှု” ကို ထပ်မံကျူးလွန်နေပြန်သည်။

ချီကျိ၏အသားအရေမှာ ဖြူစင်သန့်ရှင်းပြီး  တကယ်တော့ သူမရဲ့နှုတ်ခမ်းနီအရောင်လေးနှင့် အလွန်လိုက်ဖက်နေသည်။ နွေဦးလေညင်းလေးက သူမ၏ကျောင်းဝတ်စုံစကတ်လေးကို ဖြတ်တိုက်သွားပြီး သူမ၏နောက်ကျော၌လည်း ပန်းရောင်အရာလေးတစ်ခုကို ဝှက်ကိုင်ထား၏။

သူမက ရှန်းချိုက်ကို စူးစူးစိုက်စိုက်ကြည့်ရင်း  ရုတ်တရက် စကားစလာ၏။ "ရှန်းချိုက် ငါနင့်ကို ပြောစရာတစ်ခုရှိတယ်"

ရှန်းချိုက်သည် သူမ၏ တင်းမာနေသောသဘောထားကြောင့် လန့်ဖျပ်သွားပြီး "မင်း... မင်းဘာလို့ ဒီလောက်တောင်လေးနက်နေရတာလဲ?? ပြောစရာရှိတာကို ပြောလေ"

ဒါပေမယ့် ချီကျိက ချက်ချင်းစကားမပြောပေ။

ပူနွေးနေသောနေရောင်အောက်တွင် မတ်တပ်ရပ်နေရသဖြင့် အပူဒဏ်ကြောင့် သူမမျက်နှာလေးမှာ ရဲရဲနီနေတော့သည်။

ကောင်မလေး၏ ဝိုင်းဝိုင်းစက်စက်မျက်နှာလေးတွင် အပြုံးတစ်ပွင့်မှမရှိဘဲ သူမ၏မျက်လုံးလေးများ၌လည်း အလင်းတစရှိနေပုံပေါ်သည်။ " ရှန်းချိုက် ငါ..."

သို့သော် သူမစကားမဆုံးခင်လေးတွင် အနောက်နားမှ ကျယ်လောင်စွာနှောင့်ယှက်လာသော ယောက်ျားလေးတစ်ယောက်၏အသံကို  ရုတ်တရက် ကြားလိုက်ရ၏။

"ကျင်းချီကျိ!" ချန်ဇီရန်သည် စာသင်ခန်းထဲမှအပြေးထွက်လာပြီး သူတို့နှစ်ယောက်နားသို့ အမောတကောရောက်ရှိလာ၏။

ကောင်မလေး၏ သွယ်လျဖြောင့်တန်းနေသောမျက်ခုံးမွှေးများသည် ချက်ချင်းပင်စုကျုံ့သွားပြီး သူမပြောတော့မည့်စကားများကိုတောင် ပြောမထွက်တော့ပေ။

"ချန်ဇီရန်. . . နင်ဘယ်သူ့ကို လာခေါ်နေတာလဲ??"

ချန်ဇီရန်က "ဒီလောက်နေပူနေတဲ့နေ့မျိုးမှာ  ငါကမင်းကို ဘာလို့ရှာရမှာလဲ!? တီချယ်ချူပင်းက မင်းကိုတွေ့ရင် ရုံးခန်းထဲမှာသူ့ကိုလာရှာပါတဲ့"

တီချယ်ချူပင်းသည် အတန်းပိုင်ဆရာမဖြစ်သောကြောင့် ချီကျိနှင့် တစ်ခုခုဆွေးနွေးရန်ဖြစ်လောက်မည်။

ချီကျိကခေါင်းညိတ်ပြလိုက်ပြီး သံတမန်ဖြစ်သူချန်ဇီရန်ကို ကျေးဇူးတင်စကားဆိုလိုက်ကာ ဆရာများရှိရာအဆောက်အဦးဆီသို့ ပြေးသွားတော့သည်။

ရှန်းချိုက်တောင် ဘာမှမမှန်းဆနိုင်ခင် သူမ၏ ကျောင်းဝတ်စုံအိတ်ထဲသို့ ပန်းရောင်ထောင့်စွန်းလေးပါသည့် တစ်စုံတစ်ခုကိုထိုးထည့်လိုက်ကာ သူမ ပျောက်ကွယ်သွားခဲ့သည်။

ချန်ဇီရန်သည် သူမ အဝေးသို့ပြေးသွားသည်နှင့်အမျှ ချီကျိ၏အသွင်သဏ္ဍာန်လေးကိုကြည့်ကာ ပြောလိုက်၏။ " သူက ဝပေမယ့် တော်တော်လေးပြေးနိုင်သား "

ထို့နောက်သူက ရှန်းချိုက်ကိုလှည့်ကြည့်လိုက်ပြီး "ကျင်းချီကျိ မင်းကိုဘာပြောနေတာလဲ??"

ရှန်းချိုက်က ခေါင်းတစ်ချက်ခါပြလိုက်ပြီး "သူဘာမှတောင်မပြောရသေးဘူး. . . မင်းကဝင်ရှုပ်လိုက်တာလေ"

ချန်ဇီရန်က သံသယရှိနေသောအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး "တီချယ်ချူက ဘာလို့သူ့ကိုရှာနေတာလဲမသိဘူး..." ဟု အသံတိုးတိုးနှင့် ပြော၏။ ထို့နောက်" ထားလိုက်တော့. . . ငါတို့လည်း အဲ့ဒီ့စိတ်လှုပ်ရှားစရာလေးကို သွားကြည့်ရအောင်လေ " ဟုရှန်းချိုက်အားမဲဆွယ်နေတော့သည်။

သူကိုယ်တိုင် ထိုစိတ်လှုပ်ရှားစရာကို ကြည့်ချင်ရုံတင်မက ရှန်းချိုက်ကိုပါ အတူတူကြည့်ဖို့ ဆွဲခေါ်သွား၏။

ရှန်းချိုက်လည်း ချန်ဇီရန်နှင့်အတူ အပြေးတပိုင်းပါသွားတော့သည်။ ကောင်လေးနှစ်ယောက်လုံးသည် အရပ်မြင့်ပြီးခြေတံရှည်ရှည်လေးများဖြစ်ကြသောကြောင့် မြေကြီးထဲဝင်လုမတတ် မြေပြင်နှင့်နီးကပ်စွာပြေးနေသောချီကျိကို တခဏအတွင်းလိုက်မှီသွားလေသည်။

နောက်ဆုံးတွင်တော့ သုံးယောက်သား ဆရာ့ရုံးခန်းထဲသို့ အတူတူလျှောက်ဝင်သွားကြပြီး “ဝင်ခွင့်ပြုပါ!” ဟု တခဲနက်အော်ခဲ့ကြ၏။

ချူပင်းသည် သင်ခန်းစာအစီအစဉ်များကိုစီစဥ်နေရင်း တံခါးသို့လှမ်းကြည့်လိုက်စဥ် အတူတူရောက်ချလာသော သုံးယောက်သားကိုတွေ့လိုက်ရ၏။

သူမသည် လေးနက်သောကိစ္စတစ်ခုကို ဆွေးနွေးရန် ချီကျိကိုရှာဖွေနေခြင်းဖြစ်သော်လည်း ထိုကလေးသုံးယောက်က မြေကြီးထဲရှိအာလူးလေးများလို ကပ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ချူပင်းက "ငါက ကျင်းချီကျိကို ရှာနေတာ. . .  မင်းတို့နှစ်ယောက်က ဒီကိုဘာကိစ္စအပျော်ပွဲလာကြည့်ကြတာလဲ!?"

ရှန်းချိုက်လည်း စိတ်တိုသွားပြီး ဤအပျော်ပွဲသို့ သူဘယ်လိုဘယ်လို​ရောက်လာရသည်ကိုပင် မသိတော့ပေ။

ချန်ဇီရန်၏ဦးနှောက်ကတော့ လျင်မြန်စွာလှုပ်ရှားနိုင်သွား၏။ " အိမ်စာပါ. . . The Little Prince ပြဇာတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်တွေကို အိမ်စာထပ်ဖို့ ဒီကိုရောက်လာတာပါ "

ရှန်းချိုက် : "" မဟုတ်သေးဘူးလေ. . .  အစ်ကိုကြီး၊ မင်း ငါနဲ့ ဒီကိစ္စမဆွေးနွေးထားဘူးလေ

ချန်ဇီရန်သည် ထုပ်ပိုးထားသောစာရွက်အမြောက်အများကို ယူဆောင်လာခဲ့ပြီး  စုစုပေါင်း စကားလုံးငါးထောင်ပြည့်အောင်ရေးခဲ့ကြောင်းပြော၏။ စကားလုံးလေးထောင်ခန့်သည် သူကိုယ်တိုင်ဖြည့်သွင်းထားခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ထောင်ကိုတော့ အင်တာနက်မှ စုစည်းထားခြင်းဖြစ်သည်ဟုဆိုသည်။

တီချယ်ချူပင်းက သူ့အိမ်စာများကိုယူလိုက်ကာ ပထမစာမျက်နှာနှစ်မျက်နှာကိုလှန်ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာသည်  တဖြည်းဖြည်းချင်းမည်းမှောင်လာခဲ့၏။

"ချန်ဇီရန်!" တီချယ်ချူပင်းက "နောက်တစ်ခေါက်ပြန်ရေးဖို့ ခုချက်ချင်းပြန်ယူသွားစမ်း!"

ချန်ဇီရန်က "တီချယ်. . . ကျွန်တော်ဒီလိုစကားလုံးတွေအများကြီးရေးနိုင်ဖို့ အရမ်းကြိုးစားခဲ့ရတာပါ၊ ဘာလို့ ပြန်ရေးရမှာလဲဟင်"

ချူပင်းက " အင်တာနက်ကနေ ပထမဆုံး စာမျက်နှာနှစ်မျက်နှာကို ကူးချထားတာမှတ်လား!!" ပရင့်ထုတ်ထားသောစာလေးနေရာကို သူမက လက်ညှိုးဖြင့်ထိုးပြလိုက်ပြီး "ဒီမှာ အခုထိ 'Baidu စာကြည့်တိုက်' ဆိုတဲ့ Watermark တောင် ရှိနေသေးတယ်" 

ချန်ဇီရန် : သေပြီ

ချီကျိနှင့်ရှန်းချိုက်တို့သည် တီချယ်ချူဖမ်းမိသွားမှာကြောက်သဖြင့် ခေါင်းလေးများကို အလျင်အမြန်ငုံ့လိုက်ကြ၏။

သို့သော် သူတို့နှစ်ဦးသည် ထိုနေရာတွင် လူတစ်ကိုယ်လုံးရပ်နေကြသောကြောင့် တီချယ်ချူက သူတို့အား လုံးဝကို မမြင်ချင်ယောင်ဆောင်မည်မဟုတ်ပေ။

တီချယ်ချူက ရှန်းချိုက်ဘက်လှည့်လာပြီး "ရှန်းချိုက်ရော ရေးပြီးပြီလား??"

ရှန်းချိုက်လည်း ကျည်ဆံကိုကိုက်ပြီး ခေါင်းမော့ကြည့်လိုက်ကာ "... မပြီးသေးပါဘူး... ဒါပေမယ့် ကျွန်တော်ရေးထားတာ တစ်ဝက်တော့ကျော်သွားပါပြီ" ဟု ပြန်ဖြေလိုက်၏။

သူ တကယ်ကို မလိမ်ခဲ့ပေ။

နှင်းဆီ၏မာန၊ မြေခွေး၏နူးညံ့သိမ်မွေ့မှု၊ မြွေ၏အထီးကျန်မှုနှင့် လေယာဉ်မှူး၏ရှာဖွေခြင်းတို့ကို သူနားလည်သဘောပေါက်နေပြီဖြစ်သည်... အားလုံးကို ရေးထားပြီးဖြစ်သော်လည်း မင်းသားလေးကိုတော့ နားမလည်သေးသောကြောင့် မပြီးမစီးနိုင်ဖြစ်နေ၏။

သူသည် အတန်းထဲတွင် နံပါတ်တစ်ကျောင်းသားဖြစ်ပြီး အကျင့်စာရိတ္တလည်းကောင်းသူဖြစ်သည်။ ဆရာဆရာမများက အစဥ်အမြဲချီးကျူးလေ့ရှိပြီး ယခုကဲ့သို့ သူရေးပြီးခါနီးဖြစ်သည်ဟုပြောလာချိန်တွင် ဆရာမကလည်း သူ့ကိုသံသယမဝင်ပေ။

တီချယ်ချူပင်းက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ပြီ၊ အမြန်ဆုံးတော့ ပြီးအောင်လုပ်ပါ. . . အဲ့ဒါတွေကို မေဒေးမှာအပ်ရမှာဆိုတော့ အခု ကြားထဲမှာ ရက်ပိုင်းလောက်ပဲ ကျန်တော့တယ်နော်"

ရှန်းချိုက်လည်း ဖြည်းညှင်းစွာဖြင့် ခေါင်းငုံ့သွားခဲ့သည်။

ထို့နောက် သူနှင့်ချန်ဇီရန်တို့အား ပြန်ခိုင်းလိုက်တော့သည်။ ချန်ဇီရန်သည်တော့ စွန့်ပစ်ခံလိုက်ရသောအိမ်စာများကို ပြန်ယူသွားကာ သူ့မျက်နှာလေးနီမြန်းနေပြီး အမြန်ထွက်ပြေးသွားခဲ့သည်။

ရှန်းချိုက်သည် မူလကတော့ ထွက်ခွာလိုသော်လည်း စက္ကန့်အနည်းငယ်မျှ အရှိန်နှေးကွေးသွားသဖြင့် ရုံးခန်းတံခါးအက်ကွဲကြောင်းကြားမှ လွင့်ထွက်လာသောစကားလုံးတစ်လုံးကြောင့် သူ့ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သည်။

—— “ကျင်းချီကျိ တီချယ်မင်းအမေဆီကနေ  ကျောင်းလွှဲပြောင်းလျှောက်လွှာကို ရပြီးပြီ” တီချယ်ချူပင်း၏အသံမှာ နူးညံ့သိမ်မွေ့နေပြီး နောင်တရနေပုံလည်းပေါ်၏။ “ဒီကိစ္စကို မင်းရောဘယ်လိုထင်လဲ”

ရှန်းချိုက်သည် နေရာတွင်ပင် ရပ်နေမိသည်။

ရုံးခန်းအတွင်းရော၊ အပြင်မှာပါ ရုတ်တရက် တိတ်ဆိတ်သွား၏။

အလွန်တိတ်ဆိတ်လွန်းလှသဖြင့် အဝေးတစ်နေရာရှိ ဘက်စကတ်ဘောကွင်းမှ  ဘတ်စကတ်ဘောနှင့်ခြင်းတောင်းတို့ထိခတ်သံကိုတောင် ကြားနိုင်ပြီး ထိုအထဲမှာမှ ရှန်းချိုက်တစ်ယောက် ချီကျိ၏ငိုသံကိုလည်း ချက်ချင်းကြားလိုက်ရသည်။

"... သမီးဘာပြောနိုင်မှာလဲ" ကောင်မလေးမှာ နှာခေါင်းသံလေးနှင့် သူမ​စကားအနည်းငယ်ပြောလိုက်တိုင်း အသက်ရှုမဝတော့ဘဲ " သမီးမိသားစုက ဆုံးဖြတ်ချက်ချပြီးပြီ။ သူတို့ဆီမှာ  သမီးကျောင်းပြောင်းရမယ့်အကြောင်းပြချက်တွေ ရာနဲ့ချီပြီးရှိပေမယ့် သမီးဒီမှာဆက်နေဖို့ ကတော့ အကြောင်းပြချက်တစ်ခုလေးပဲ ရှိနေတယ် "

ကောင်မလေးက ရှိုက်ငိုနေကာ " မိဘတွေက သမီးကိုပြောကြတယ် ' ချီကျိ. . . ကိုရီးယားမှာ နောက်ထပ်မွမ်းမံတာက အနာဂတ်အတွက်ဘယ်လောက်တောင်ကောင်းလိုက်လဲ?? တို့မိသားစုမှာ ဘာသာစကားအခက်အခဲလည်း မရှိဘူးလေ၊ ဒီကဆွေမျိုးတော်တော်များများကလည်း မင်းကိုဆိုးလ်မှာ ပြုစုစောင့်ရှောက်ကြမှာပဲ. . . ဟိုမှာရှိတဲ့ အင်တာတိန်းမန့်နယ်ပယ်က ဒီ့ထက်လည်းကျယ်ပြီး ပြဇာတ်လုပ်ငန်းတွေလည်း အဆင်သင့်ရှိတယ်။ တကယ်ကို အခွင့်အရေးကောင်းပဲ၊ နိုင်ငံခြားမှာ ကျောင်းတက်တယ်လို့သဘောထားပြီး တက္ကသိုလ်ကနေဘွဲ့ရတဲ့အထိတော့ ကိုရီးယားမှာဆက်နေလိုက်ပါ. . . အဲ့ဒီ့အချိန်မှ အိမ်ပြန်လာမယ်ဆိုရင်တောင် သမီးရဲ့အနာဂတ်ကဖြောင့်ဖြူးနေပြီပဲ ' တဲ့လေ" ဟု ပြောပြလာ၏။

“မိဘတွေက သမီးအတွက်အကောင်းဆုံးတွေပဲ လုပ်ပေးချင်တယ်ဆိုတာ သမီးသိပါတယ်။ အခုဆို ဆိုးလ်အနုပညာအကယ်ဒမီကိုပြောင်းပြီး ယဉ်ကျေးမှုသင်တန်းတွေကို တစ်နှစ်ခွဲလောက်သင်လိုက်တာနဲ့ လာမယ့်နိုဝင်ဘာလမှာ  ကိုရီးယားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သမီးဖြေလို့ရနေပြီ”

သူမ၏မျက်ရည်များက ဆက်လက်ကျဆင်းနေလေသည်။ " သမီးသိတယ်... ဒါက သမီးအတွက် သူတို့စီစဉ်ပေးထားတဲ့ လမ်းပဲ၊ ပြီးတော့ သမီးအတွက်လည်း အကောင်းဆုံး ရွေးချယ်မှုပဲ"

သူမမိဘတွေက သူမကိုအလွန်ချစ်ကြသည့်အတွက် သူမ တကယ်ကိုကျေနပ်သင့်လေသည်။ မိဘတွေဆီနေက ချစ်ခင်တွယ်တာမှုမရတဲ့ကောင်လေးတစ်ယောက်လည်းရှိပြီး သူရဲ့ကခုန်နိုင်တဲ့ ခြေထောက်တွေကိုတောင် ဆုံးရှုံးခဲ့ရသေးတာကို သူမ သိနားလည်နေ၏။

"အဲ့ဒါ အဆင်ပြေမှာပါ" ရှန်းချိုက်၏ဦးတည်ရာကနေကြည့်ပါက ကောင်မလေး၏ နောက်ကျောတည့်တည့်ကိုပဲ  မြင်နိုင်လေသည်။ သူမသည် မျက်လုံးထောင့်မှမျက်ရည်များကိုသုတ်ပစ်ရန်  လက်မြှောက်လိုက်ပြီး "သမီး စဉ်းစားပြီးသွားပြီ. . .ဒီစာသင်နှစ်ပြီးရင် ကျောင်းပြောင်းတော့မယ်"

ချူပင်း၏ မျက်လုံးများလည်း နီရဲနေလေသည်။

ချီကျိသည် သူမတို့အတန်းထဲရှိ Pistachio တစ်ဦးဖြစ်သည်။ သူမသည် လောဘလည်းကြီးကာ အပျော်သဘောရှိပြီး လိမ္မာပါးနပ်သူလေးဖြစ်သည်။ ဆရာဆရာမများက အနှစ်သက်ဆုံးဖြစ်ကြသလို ခေါင်းကိုက်စေသည့်အမျိုးအစားလေးများလည်းဖြစ်သည်။
[T / N: Pistachio = အခြားသူများကို ပျော်ရွှင်စေသော လူတစ်မျိုး]

ယခုတော့ သူမ ထွက်ခွာတော့မည်ဖြစ်သည်။

ဘွဲ့နှင်းသဘင်ရာသီသို့မရောက်သေးသော်လည်း စိတ်ကူးယဉ်အိပ်မက်ကိုယ်စီရှိကြသော ဤကလေးများအုပ်စုသည် သူတို့၏ကိုယ်ပိုင်လမ်းစဉ်များဆီသို့ ခွဲခွာသွားကြရပြီဖြစ်သည်။

ချူပင်းသည် နောက်ထပ်တစ်ခုခုပြောချင်နေသေးသော်လည်း သူမရှေ့ရှိ မျက်ရည်ကျနေသောကျောင်းသူလေးကိုကြည့်ရင်း နောက်ဆုံးတွင်တော့ ငြိမ်သက်စွာပင်ခေါင်းညိတ်လိုက်တော့သည်။

သူမကိုယ်ပိုင်စားပွဲ၏ အံဆွဲအကန့်ကိုဖွင့်လိုက်ပြီး ဖောက်ထွင်းမြင်နေရသော  ပန်းရောင်နှုတ်ခမ်းနီလေးတစ်တောင့်ကိုထုတ်ကာ ချီကျိ၏လက်ဖဝါးလေးထဲသို့ ထည့်ပေးလိုက်သည်။

"ဒါက တီချယ်သိမ်းထားတဲ့ နှုတ်ခမ်းနီပဲ၊ အခု ပြန်ပေးလိုက်မယ်" ချူပင်းက သူမခေါင်းကိုပွတ်သပ်ပေးလိုက်၏။ ကောင်မလေး၏ဆံပင်လေးများက အလွန်နူးညံ့အိစက်နေသည်မှာ အတွင်းစိတ်ထဲရှိ သူမ၏နှလုံးသားနုနုလေးအတိုင်းပင်။ " ကျောင်းတက်တဲ့နောက်ဆုံးနှစ်လမှာ နောင်တတွေမထားခဲ့နဲ့ပေါ့ "

ချီကျိက တိတ်တိတ်လေးငိုနေပြီး နှုတ်ခမ်းနီကိုပြန်ယူလိုက်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။

"ကျေးဇူးပါ... ကျေးဇူးတင်ပါတယ် တီချယ်ချူ" သူမ ဆက်ပြောလိုက်သည်။ "သမီး အဲ့လိုပဲလုပ်မှာပါ"

သူမ ထိုနေရာမှပြေးထွက်လာပြီး သူမ၏စိတ်ခံစားချက်များကိုထိန်းညှိရန်အတွက် နေရာလေးတစ်ခုရှာချင်မိသည်။ မမျှော်လင့်ထားဘဲ တံခါးအပြင်ဘက်၌ မထင်မှတ်ထားသောပုံရိပ်လေးတစ်ခု ရှိနေခဲ့၏။

သူတို့နှစ်ယောက်လုံး မျက်လုံးချင်းဆုံမိသွားသောအခါ အကာအကွယ်မဲ့စွာဖြင့် ထိပ်တိုက်အမိခံလိုက်ရတော့သည်။

ကောင်လေး၏မျက်လုံးများက မှုန်မှိုင်းသွားပြီး သူမကိုကြည့်လာရင်း "ချီကျိ... ဒါ မင်းခုနကပြောချင်ခဲ့တာလား"

ချီကျိ၏နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး ထိုအချိန်လေးတွင် သူမစိတ်ထဲ၌ မရေမတွက်နိုင်သောအတွေးများ တဖျပ်ဖျပ်ပေါ်လာခဲ့သည်။

'မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ ငါနင့်ကိုပြောပြချင်ခဲ့တာက တခြားအရာပဲ—ငါ့မှာသာရွေးချယ်ခွင့်ရှိခဲ့ရင် နင့်အတွက်ကြောင့် ငါဒီကျောင်းမှာဆက်နေချင်တာ' ဟု ပြောပြချင်ခဲ့သည်။

သို့သော် နောက်ဆုံးမှာတော့ ကောင်မလေးက ဤလျှို့ဝှက်ချက်အား သူမနှလုံးသားထဲ၌သာ မြှုပ်နှံထားလိုက်ရန် ရွေးချယ်ခဲ့၏။

၎င်းသည် သူရဲဘောကြောင်နိုင်သော်လည်း လက်တွေ့မှာတော့ ဤခက်ခက်ခဲခဲရရှိထားသော "သူငယ်ချင်း" ဟူသည့် ဂုဏ်ပုဒ်လေးအတွက်သာ ဖြစ်နိုင်လေသည်။

သူမ၏မျက်ရည်များစီးကျလာပြီး ကောင်လေးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်တော့သည်။

"ဟုတ်တယ်" ဟူသောအသံနှင့်အတူ သူမမျက်ဝန်းလေးများမှ မျက်ရည်ပူများ တသောသောကျဆင်းလာ၏။

အလွန်မာကျောသောနှုတ်ခမ်းနီအဖုံးကို သူမ၏လက်ဖဝါးထဲ၌ အရာပေါ်လာသည်အထိ တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။

ရှန်းချိုက်အသက်ဆယ့်ခုနစ်နှစ်အရွယ် နေမင်းကြီးကိုအသည်းအသန်လိုက်ဖမ်းနေချိန်တွင် မထင်ရှားသောကြယ်လေးတစ်စင်းကလည်း သူ့နောက်သို့လိုက်နေခဲ့ကြောင်း ရှန်းချိုက်တစ်ခါမှမသိခဲ့ပေ။

...

ချီကျိ၏ကျောင်းအပြောင်းအရွှေ့သည် သူတို့အတန်းတစ်ခုလုံးအား တုန်လှုပ်သွားစေသည်။

ညတွင်းချင်းပင် ချီကျိသည် ရှန်းချိုက်ကိုကျော်လွန်သွားပြီး သူတို့အတန်းထဲ၌ အကျော်ကြားဆုံးလူဖြစ်လာခဲ့၏။

သူမ၏ စားပွဲခုံထဲတွင် အတန်းဖော်များ၏လက်ဆောင်များနှင့်ပြည့်နေပြီး ချန်ဇီရန်ကိုယ်တိုင်ကတောင် ကျောင်းတွင်းရှိဆိုင်သို့အမြန်ပြေးသွားပြီး လှတပတအတန်းဖော် မှတ်တမ်းလေးကို ချီကျိ၏စားပွဲပေါ်ရောက်အောင်သွားထားသေးသည်။

ဒေါ်လာဆယ်ဂဏန်းလောက်တန်သည့် လှလှပပအတန်းဖော်မှတ်တမ်းကို ရှန်းချိုက်မတတ်နိုင်သဖြင့် အဖုံးမာမာပါသော စာအုပ်အလွတ်တစ်အုပ်ကိုသာ ရှက်ရွံ့စွာဖြင့်ရှာခဲ့ရသည်။ သူသည် ထိုစာအုပ်လေးတွင်သာ ရောင်စုံဘောပင်များဖြင့် အမှတ်အသားပြုကာ "အမည်" "ဝါသနာ" "မွေးနေ့" "အကြိုက်ဆုံးအရာ" "ဘွဲ့အတွက်ပေးစာ" ကဲ့သို့သော အရာများကို အမှတ်အသားပြု ရေးသားခဲ့၏။

သို့သော် ထိုကဲ့သို့မျက်နှာပန်းမလှသော အတန်းဖော်မှတ်တမ်းလေးမှာတောင် ချီကျိက စာမျက်နှာသုံးမျက်နှာအပြည့် ပြန်ရေးပေးခဲ့သေးသည်။

သူမ၏စကားလုံးများသည် သူမကဲ့သို့ ပြည့်ပြည့်ဖောင်းဖောင်း၊ တုံးတုံးအအနှင့် တစ်ခုပြီးတစ်ခုအား ဇယားကွက်များထဲသို့ ပြွတ်သိပ်ကာထည့်နေရ၏။

သူမစာထဲ၌ ရှန်းချိူက်တောင်မသိလေသော အကြောင်းအရာအများကြီးကို ရေးသားထားလေသည်။  ရှန်းချိုက်၏ ဒဏ္ဍာရီဆန်ဆန် နာမည်လေးကို ကြားဖူးခဲ့တာကြာပြီဖြစ်ကြောင်း၊ အရင်ကတော့ ဘဲလေးအကကိုမရင်းနှီးသော်လည်း ရှန်းချိုက်နဲ့ဆုံခဲ့ရပြီး ဘဲလေးအကြောင်းအများကြီးလေ့လာခဲ့ရကြောင်း၊ ဘဲလေးပြဇာတ် Out of My World မှာ ရှန်းချိုက်အရွေးမခံခဲ့ရတုန်းကဆို သူမက သူ့ထက်တောင်ပို၍ဝမ်းနည်းခဲ့ရကြောင်း စသည်တို့ပင်။

ထို့နောက် သူမက  " ရှန်းချိုက်. . . ဟွားဝူအကယ်ဒမီရဲ့နောက်ဆုံးနှစ်မှာ နင်နဲ့တွေ့ခဲ့ရပြီး နင့်ဘဝရဲ့အမှတ်တရတွေထဲက တစိတ်တပိုင်းအနေနဲ့ပါဝင်ခွင့်ရတာ ငါအရမ်းကံကောင်းတာပဲ " ဆိုပြီးလည်း ရေးခဲ့လေသည်။

ထို့နောက်သူမက စာအုပ်ကိုပိတ်လိုက်ပြီး ရှန်းချိုက်ဆီသို့ ပြန်ပေးခဲ့သည်။

ရှန်းချိုက်က ရုတ်တရက် "ငါ့အတွက် ကိုးရီးယားစကားလုံးနည်းနည်းရေးပေးပါလား. . . ငါနင်နဲ့သိနေတာကြာလှပြီ၊ ဒါပေမယ့် နင်ကိုရီးယားလိုရေးတာမျိုး တစ်ခါမှမတွေ့ဖူးဘူး"

ချီကျိက "နင် ဘာရေးချင်တာလဲ??"

ရှန်းချိုက်က ခဏလောက်စဉ်းစားလိုက်ပြီး "'ထာဝရသူငယ်ချင်း' လို့ ရေးပေး"

"..." ကောင်မလေးက ရယ်လိုက်ရင်း "ဟုတ်ပြီ" ဟု ပြောခဲ့၏။

ထို့ကြောင့် သူမသည် စာအုပ်ကိုပြန်ယူလိုက်ပြီး  ရှန်းချိုက်၏ဦးနှောက်ထဲ၌လှည့်ပတ်နေသည့် အနည်းငယ်ရှုပ်ထွေးသောစကားလုံးများကို ချရေးပေးလိုက်သည်။

[ထာဝရသူငယ်ချင်း ~~ ငါတို့တွေ အမြဲထာဝရ သူငယ်ချင်းဖြစ်ကြမယ်]

- - - - - - - - -

ချီကျိ၏ ကျောင်းအပြောင်းအရွှေ့ကိစ္စမှာ ရှန်းချိုက်အားစိတ်ဓာတ်ကျစေ၏။

သူသည် ဤဆုံးရှုံးမှုကြီးတွင်သာ တုန်လှုပ်ခြောက်ခြားနေပြီး ခွဲခွာခြင်းက မည်သို့မည်ပုံရုတ်တရက်ရောက်လာသည်ကို လုံးလုံးနားမလည်ခဲ့ပေ။

ဒါပေမယ့် ဒီလောကကြီးမှာ ဘယ်သူကရော "ထာဝရ" အတူနေနိုင်လို့လဲ??

ဘာကိုမှမသိသောရှန်းချိုက်သည် ရက်အနည်းငယ်အကြာတွင် သူ့အတွက် နောက်ထပ်ကြေကွဲဖွယ်ရာလမ်းခွဲမှုကြီးတစ်ခု ရှိလာတော့မည်ကိုသိလိုက်ရလေသည်။

ရက်အတော်ကြာ အွန်လိုင်းမတက်မိဘဲ လက်ကိုင်ဖုန်းကိုလည်းမကိုင်သည့်အပြင် Weibo ကိုလည်းမကြည့်ဘဲ အိပ်ဆောင်သို့ပြန်ရောက်သည်နှင့် နေ့တိုင်းလိုလို ချက်ခြင်းအိပ်ပျော်သွားစေရန်သာ ကြိုးစားနေခဲ့၏။

ရေဒီယိုဒရာမာတစ်ပုဒ်၌ ဇာတ်ဝင်သီချင်းတစ်ပုဒ်အကြွေးကျန်နေသေးပြီး ထိုအကြွေးကိုပြန်ဆပ်ရန်လိုအပ်နေသေးသည်အား မမှတ်မိခင်အထိ ရှုပ်ထွေးနေသောပုံစံဖြင့်သာ ရက်ဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာကို သူ မသိလိုက်ပေ။

ကျောင်း၏ ကြိုးမဲ့ကွန်ရက်သို့ သူ့ဖုန်းနှင့်ချိတ်ဆက်လိုက်သည်နှင့် စက္ကန့်အနည်းငယ်အတွင်း ထောင်နှင့်ချီသောမက်ဆေ့ချ်များက စုပြုံတက်လာခြင်းမှာ ဟောင်းနွမ်းနေကာ စွမ်းဆောင်ရည်ညံ့ဖျင်းသောသူ့ဖုန်းလေးအား ဝန်နှင့်မဆံ့ဖြစ်နေခဲ့သည်။

ပူထူနေသော သူ့ဖုန်းလေးသည် မိနစ်အနည်းငယ်ကြာမှ သက်သာရာရသွားခဲ့သည်။

... ဘာဖြစ်နေကြတာလဲ??

ရှန်းချိုက်လည်း ဘာဆိုဘာမှမသိပေ။

သူအဖွဲ့ဝင်ထားသော Weibo ပေါ်ရှိ ပရိသတ်အဖွဲ့ ၌ စာအများအပြားသည် ၉၉၉+ အထိတက်နေပြီး QQ အဖွဲ့တွင်တော့ သတင်းလှိုင်းလုံးကြီး ပေါက်ကွဲနေတော့သည်။

အဖွဲ့ထဲရှိလူတိုင်းက မေးမြန်းနေကြ၏-

"ဒါအမှန်ပဲလားဟဲ့"

"ဒီလို ရုတ်တရက်ကြီးလား??"

"ဒီပိုစတာကိုမြင်ပြီးကတည်းက မယုံနိုင်လွန်းလို့ ကျွန်မတစ်ညလုံးငိုနေမိတယ်"

"ဝမ်းနည်းစရာပဲ၊ ငါတကယ်လက်မခံနိုင်ဘူး"

"​ဘာတွေ ဖြစ်ပျက်သွားတာလဲ??"

အဖွဲ့ထဲ၌ သတင်းများအလွန်တက်နေသောကြောင့် လိုရင်းကိုမရောက်နိုင်ဘဲ ပထမဆုံးတွေ့ရသည့်အဆက်အသွယ်ကိုသာ သူစိုက်ကြည့်နေမိသည်။

QQ ရှိအဆက်အသွယ်များတွင် အစမှအဆုံးအထိ ထိပ်ဆုံး၌ဦးဆောင်နေသူ. . .

သူ့အိုင်ဒေါ၊ သူ့နတ်ဘုရားကြီး၊ သူလျှို့ဝှက်စွာ ချစ်မြတ်နိုးနေမိသော-ဝမ်ချင်းယွမ်ပင်။

အွန်လိုင်းပေါ်တွင် ရှန်းချိုက်နားမလည်နိုင်သော လေးလံသည့်လေထုတစ်ခုရှိနေပြီး  သူ၏ဆဋ္ဌမအာရုံဆီသို့ နိုးနိုးကြားကြားဖြင့် အချက်ပြမှုတစ်ခုပေါ်လာ၏။

ကောင်လေးသည် သွားများကိုတင်းနေအောင်စိထားသော်လည်း သူ့လက်ချောင်းများကတော့ ဝမ်ချင်းယွမ်၏အိုင်ကွန်ပေါ်ရောက်သွားကာ စကားပြောခန်းကို ဖွင့်လိုက်တော့သည်။

မက်ဆေ့ခ်ျမှာ မနေ့ညကပို့ထားခဲ့ခြင်းဖြစ်၏။

ယီမင် ချင်းယွမ် : ချိုက်ချိုက်

ယီမင် ချင်းယွမ် : ကိုယ် ဒီကိစ္စကိုတွေးနေတာကြာပြီ၊ မင်းကို ဘယ်လိုပြောပြရမှန်းသာ မသိသေးတာ

ယီမင် ချင်းယွမ် : ကိုယ်အရမ်းအလုပ်များတော့မှာမို့လို့ အွန်လိုင်းအသံသွင်းစက်ဝိုင်းကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတယ်

ယီမင် ချင်းယွမ် : လာမယ့်သောကြာနေ့မှာ ကိုယ့်နှုတ်ဆက်ပွဲအတွက် သီချင်းပွဲတော်ရှိတယ်. . . ကိုယ့်ဧည့်သည်အနေနဲ့ မင်းလာလို့ရမလား??

----------

စာရေးသူမှာ ပြောစရာတစ်ခု ရှိနေပါတယ်~~~

ဒီဝတ္ထုရဲ့ ပထမပိုင်းတစ်ခန်းရပ်မှာ Romance ဇာတ်လမ်းသုံးခု ငါစီစဉ်ထားခဲ့တယ်။

တစ်ခုက ယောင်ရင်အတွက်၊

တစ်ခုက ချီကျိအတွက်နဲ့

တစ်ခုကတော့ ချိုက်ချိုက်အတွက်ပေါ့။ 

[အိုင့် note: Friends Forever ပါတဲ့ ~~~ အိုင်အစက ဒီနေ့မှာ ဒီ Act နောက်ဆုံးထိပြီးမယ်လို့ထင်ခဲ့တာ၊ ဒါပေမယ့် မပြီးဘူးပေါ့နော် . . . နောက်လာမယ့်အပိုင်းက ရှည်လည်းရှည်တဲ့အပြင် အိုင်လည်းအချိန်ယူပြီးဘာသာပြန်နေလို့ပါ။ ဒီရက်ပိုင်းအတွင်းတော့ တင်ပေးဖြစ်မှာပါနော်]

____________________________________________
Zawgyi


Chapter (47)

Act 6: The Little Prince (9)
လာမယ့္ေသာၾကာေန့မွာ ကိုယ့္ႏႈတ္ဆက္ပြဲအတြက္ သီခ်င္းပြဲေတာ္ရိွတယ္. . . ကိုယ့္ဧၫ့္သည္အေနနဲ႔ မင္းလာလို႔ရမလား??

လူပ်ိဳေဖာ္၊ အပ်ိဳေဖာ္ဝင္စအရြယ္တြင္ ေနြၪီးအခ်စ္ဟုေခၚေသာ အလြန္ရွင္းလင္းသည့္အမည္တစ္ခုရိွေလသည္။

ရုပ္ပိုင္းဆိုင္ရာဖြံ႔ၿဖိဳးမႈမ်ားႏွင့္အတူ ေယာက္်ားေလးမ်ားႏွင့္မိန္းကေလးမ်ား၏ ေနြဦးခံစားခ်က္ေလးမ်ား ပြင့္လန္းလာၾကၿပီး ဤေနြဦးရာသီေလးသည္ ခ်ိန္းေတြ့ၾကရန္ အသင့္ေတာ္ဆံုးရာသီျဖစ္၏။

ဟြားဝူအကအကယ္ဒမီသည္ ေျခာက္ႏွစ္ၾကာသည့္ ပေရာ္ဖက္ရွင္နယ္အႏုပညာေက်ာင္းတစ္ခုျဖစ္သည္။ ရွန္းခ်ိဳက္သည္ ပံုမွန္အထက္တန္းေက်ာင္း၏ ဒုတိယႏွစ္ႏွင့္ညီမ်ွသၫ့္ ပဉၥမႏွစ္တြင္သင္ယူေနျခင္းျဖစ္ကာ ေနာက္ေျခာက္လေလာက္တြင္ သူတို႔အားလံုးသည္ ျပင္းထန္ေသာအႏုပညာစာေမးပြဲႀကီးကို  ရင္ဆိုင္ရမည္ျဖစ္သည္။ အႏုပညာစာေမးပြဲ  ဝင္ခြင့္အေၾကာင္းၾကားစာကို လက္ခံရရိွၿပီးေနာက္ ယဉ္ေက်းမႈအတန္းမ်ားအတြက္ အႀကိဳစမ္းသပ္မႈအတန္းမ်ားသို႔ ေျပာင္းေရႊ့ရေလသည္။ ထို႔ေၾကာင့္ အတန္းေဖာ္မ်ားအားလံုး အတူတကျြပန္ေတြ့ရန္မွာ အလြန္ခက္ခဲေန၏။

ရလဒ္အေနျဖင့္ လူတိုင္း၏စိတ္ထဲ၌ ပဉၥမႏွစ္၏ေနာက္ဆံုးလအနည္းငယ္သည္ ဘြဲ႔ရာသီတစ္ခုကဲ့သို႔ ကုန္ဆံုးေနေလသည္။ ဘဝႀကီးက အၿမဲအလ်င္စလိုျဖစ္ေနတတ္သျဖင့္ သူတို႔ျပန္ဆံုေတြ့ရမည့္အခ်ိန္မွာ လာမည့္ ၁၀ ႏွစ္ ဒါမွမဟုတ္ ႏွစ္၂၀ ေလာက္အၾကာ အတန္းျပန္လည္ဆံုဆည္းပြဲ၌ ျဖစ္ႏိုင္၏။

ဤအေျခအေနမ်ားေၾကာင့္ အတန္းတစ္ခုလံုး၏စိတ္သည္ အေျပာင္းအလဲမ်ားျဖစ္ေနခဲ့ၿပီး ငယ္ရြယ္ေသာအခ်စ္ေလးမ်ားသည္ အတန္းေဖာ္မ်ားတစ္ေလ်ွာက္ ပ်ံ့ႏွံ႔စျပဳလာေတာ့သည္။ မပြင့္လန္းေသးေသာ ခ်စ္ျခင္းေမတၲာအဖူးအပြင့္ေလးမ်ားသည္ပင္ တိတ္တဆိတ္ ပြင့္လန္းလာခဲ့၏။

ခ်န္ဇီရန္၌ မ်က္လံုးႏွင့္နား အမ်ားအျပားရိွၿပီး ရွန္းခ်ိဳက္ကိုသတင္းေၾကညာေနေတာ့သည္။

"ရိုးရာအကဌာနရဲ့ပန္းပြင့္ေလးနဲ႔ အမ်ိဳးသားအကအဖြဲ႔အတန္းေခါင္းေဆာင္တို႔ အတူတူ" ဆိုတာကတစ္မ်ိဳး၊ "အတန္းမွဴးက ဘဲေလးေမာင္ႏွံေလးကို ေတာအုပ္ထဲမွာဖမ္းမိသြားတာ" ဆိုတာကတစ္ဖံုစသျဖင့္ပင္... ေက်ာင္းဝင္းအတြင္း၌ မက္မြန္ပြင့္ေလးမ်ားပြင့္လန္းေနၾကၿပီး ပန္းေရာင္အခ်စ္ေလးမ်ားက ျမက္ခင္းျပင္တစ္ေလ်ွာက္ လ်င္ျမန္စြာပ်ံ့ႏွံ႔ေနေတာ့သည္။

ေက်ာင္း၏ ေစာင့္ၾကၫ့္ခံရမႈအမ်ားဆံုးေကာင္ေလးျဖစ္ေသာရွန္းခ်ိဳက္သည္လည္း ၿပီးခဲ့သၫ့္လဝက္မွစ၍  "အခက္ေတြ့" ေနခဲ့ရ၏။

အိပ္ေဆာင္အျပင္ဘက္မွာ၊ ေတာအုပ္ထဲမွာ၊ ကစားကြင္းေဘး၊ စာၾကၫ့္တိုက္ထဲမွာ… သူသြားေလရာရာ၌ လိပ္ျပာေလးမ်ား ပ်ံဝဲေနေတာ့သည္။

အခ်ိဳ႕မိန္းကေလးသည္ အျခားသူမ်ားထက္ အရွက္ပိုကာ ရွက္ရွက္ေၾကာက္ေၾကာက္ စိုစြတ္ေနေသာမ်က္လံုးတစ္စံုျဖင့္ သူ႔ကိုၾကၫ့္လာၾက၏။ အခ်ိဳ႕ေသာမိန္းကေလးမ်ားကေတာ့ အားေပးေနေသာသူငယ္ခ်င္းမ်ားရိွၾကၿပီး ပန္းႏုေရာင္ခ်စ္ျခင္းေမတၲာစာေလးမ်ားကို လက္ထဲတြင္ကိုင္ေဆာင္ထားရင္း ရွန္းခ်ိဳက္ဆီသို႔ေပးလာခဲ့သည္။ ရဲရင့္ေသာမိန္းကေလးတစ္ၪီးကေတာ့ အကစာသင္ခန္းေရ႔ွ၌ ရွန္းခ်ိဳက္ကိုရပ္တန္႔ေစခဲ့ၿပီး သူမ၏အခ်စ္ကိုေဖာ္ျပရန္ စိတ္အားထက္သန္စြာကျပခဲ့၏။

ရွန္းခ်ိဳက္ကေတာ့ သူကိုဝန္ခံလာသူမ်ားထက္ေတာင္ ပိုရွက္ေနေသးသည္​။

သူသည္ ရိုးရိုးသားသား အေၾကာင္းျပခ်က္ေလးေပးကာ အားလံုးကိုျငင္းဆိုခဲ့၏။

သူသေဘာက်သည့္သူရိွေနၿပီျဖစ္သည့္အတြက္ သူတို႔အခ်စ္ကို လက္မခံႏိုင္ေၾကာင္း ျပန္ရွင္းျပခဲ့သည္။

တကယ္ေတာ့ ဒီေကာင္မေလးေတြက အျပဳသေဘာေဆာင္တဲ့ရလဒ္ေတြကို ေမ်ွာ္လင့္ထားတာေၾကာင့္မဟုတ္ဘဲ အခုလိုသူတို႔ရဲ့ ႀကီးက်ယ္ခမ္းနားလြန္းတဲ့လ်ိႈ႔ဝွက္အခ်စ္ေတြကို လွပစြာအဆံုးသတ္ခ်င္ၾကျခင္းျဖစ္ၿပီး  ၿမီးေကာင္ေပါက္အရြယ္တစ္ခုလံုးကို ေတာက္ပလင္းလက္ေနတဲ့ဒီေကာင္ေလးႏွင့္ လက္ျပႏႈတ္ဆက္ဖို႔သာျဖစ္သည္။

ရွန္းခ်ိဳက္လည္း သူမတို႔၏သတၲိကို အေတာ္ေလးသေဘာက်ေနမိသည္။ ဘာလို႔ဆို သူကိုယ္တိုင္ကလည္း ဘယ္လိုမွဒီအဆင့္ထိမတက္ႏိုင္ေၾကာင္း သူသိေနေသာေၾကာင့္ျဖစ္သည္။

တစ္ေယာက္ေယာက္ကို လ်ိႈ႔ဝွက္ခ်စ္ႀကိဳက္မိစဥ္ ခံစားရသည့္ခံစားခ်က္မ်ားကို သူေကာင္းေကာင္းသိနားလည္၏။ ထို႔ေၾကာင့္ ဝန္ခံခ်စ္စကားေျပာသည့္ မိန္းကေလးတိုင္းနဲ႔ရင္ဆိုင္ရသည့္အခါတိုင္း သူမတို႔ေျပာသမ်ွစကားတိုင္းကို ဂရုတစိုက္နားေထာင္ေပးၿပီး ျငင္းပယ္ျခင္းမျပဳမီ သူမတို႔၏မ်က္လံုးေလးမ်ားကို ေလးနက္စြာစိုက္ၾကၫ့္ရင္း ၾကင္ၾကင္နာနာသာ ေျပာဆိုဆက္ဆံေလသည္။

မိန္းကေလးမ်ားသည္ အတင္းအဖ်င္းဗီဇျဖင့္  ေမြးဖြားလာၾကျခင္းျဖစ္၏။

တစ္စံုတစ္ေယာက္က " ဒါဆို နင္ႀကိဳက္ေနတဲ့လူက ဘယ္သူလဲ?? က်င္းခ်ီက်ိလား?? နင္ မိန္းကေလးအိပ္ေဆာင္ေအာက္ထပ္ကိုေရာက္လာၿပီး သူ႔ကိုဖက္လိုက္တာကို ငါတို႔အားလံုးျမင္လိုက္ရတယ္ "

ရွန္းခ်ိဳက္လည္း သူ႔သူငယ္ခ်င္းမေလးကို ရႊံ႔ေရထဲသို႔ဆြဲမခ်ဝံ့သျဖင့္ "မဟုတ္ဘူး. . . မဟုတ္ပါဘူး၊ ခ်ီက်ိနဲ႔ငါက သူငယ္ခ်င္းေကာင္းေတြပဲ၊ ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့  သူငယ္ခ်င္းေတြပါ"

ဝန္ခံသူေကာင္မေလးမ်ား မယံုမွာေၾကာက္သျဖင့္ "သူနဲ႔ငါက သူငယ္ခ်င္းေကာင္းေတြ၊ အခုလည္း သူငယ္ခ်င္းေကာင္းေတျြဖစ္ၿပီး အနာဂတ္မွာလည္း သူငယ္ခ်င္းေကာင္းေတျြဖစ္လာၾကမွာ" ဟု လက္သံုးေခ်ာင္းေထာင္ျပၿပီး က်ိန္ဆိုခဲ့ရသည္။

ေနာက္ဆံုးတြင္ မ်က္ရည္က်ေနေသာေကာင္မေလးကို ႏွစ္သိမ့္ေပးအၿပီး ေနာက္သို႔လွၫ့္ၾကၫ့္လိုက္စဥ္ သူ႔ေနာက္၌ဘယ္ခ်ိန္ကတည္းကေရာက္ေနမွန္းမသိေသာ ခ်ိက်ိရိွေနသည္ကို ေတြ့လိုက္ရ၏။

ရွန္းခ်ိဳက္အံ့အားသင့္သြားၿပီး ရွက္ရြံ႔စြာျဖင့္ သူမ ဘယ္အခ်ိန္ကတည္းကေရာက္ေနသလဲဟု ေမးျမန္းလိုက္သည္။

ခ်ီက်ိက ၿပံဳးျပခဲ့ၿပီး "နင္နဲ႔ငါက တစ္သက္လံုး သူငယ္ခ်င္းေကာင္းေတြလို႔ နင္ေျပာေနတဲ့အခ်ိန္တုန္းက"

ယေန့ သူမ၏ႏႈတ္ခမ္းမ်ား၌ ပန္းေရာင္ေဖ်ာ့ေဖ်ာ့အလႊာတစ္ခုရိွေနေလသည္။ သူမ အလြန္သတၲိရိွေနသည္ဟုသာ ရွန္းခ်ိဳက္ေတြးလိုက္မိ၏။ လြန္ခဲ့သည့္စာသင္ႏွစ္တုန္းကလည္း ႏႈတ္ခမ္းနီအသိမ္းခံရၿပီး ယေန့တြင္လည္း သူမသည္ ထို “ရာဇ၀တ္မႈ” ကို ထပ္မံက်ူးလြန္ေနျပန္သည္။

ခ်ီက်ိ၏အသားအေရမွာ ျဖဴစင္သန႔္ရွင္းၿပီး  တကယ္ေတာ့ သူမရဲ့ႏႈတ္ခမ္းနီအေရာင္ေလးႏွင့္ အလြန္လိုက္ဖက္ေနသည္။ ေနြဦးေလညင္းေလးက သူမ၏ေက်ာင္းဝတ္စံုစကတ္ေလးကို ျဖတ္တိုက္သြားၿပီး သူမ၏ေနာက္ေက်ာ၌လည္း ပန္းေရာင္အရာေလးတစ္ခုကို ဝွက္ကိုင္ထား၏။

သူမက ရွန္းခ်ိဳက္ကို စူးစူးစိုက္စိုက္ၾကၫ့္ရင္း  ရုတ္တရက္ စကားစလာ၏။ "ရွန္းခ်ိဳက္ ငါနင့္ကို ေျပာစရာတစ္ခုရိွတယ္"

ရွန္းခ်ိဳက္သည္ သူမ၏ တင္းမာေနေသာသေဘာထားေၾကာင့္ လန႔္ဖ်ပ္သြားၿပီး "မင္း... မင္းဘာလို႔ ဒီေလာက္ေတာင္ေလးနက္ေနရတာလဲ?? ေျပာစရာရိွတာကို ေျပာေလ"

ဒါေပမယ့္ ခ်ီက်ိက ခ်က္ခ်င္းစကားမေျပာေပ။

ပူေနြးေနေသာေနေရာင္ေအာက္တြင္ မတ္တပ္ရပ္ေနရသျဖင့္ အပူဒဏ္ေၾကာင့္ သူမမ်က္ႏွာေလးမွာ ရဲရဲနီေနေတာ့သည္။

ေကာင္မေလး၏ ဝိုင္းဝိုင္းစက္စက္မ်က္ႏွာေလးတြင္ အၿပံဳးတစ္ပြင့္မွမရိွဘဲ သူမ၏မ်က္လံုးေလးမ်ား၌လည္း အလင္းတစရိွေနပံုေပၚသည္။ " ရွန္းခ်ိဳက္ ငါ..."

သို႔ေသာ္ သူမစကားမဆံုးခင္ေလးတြင္ အေနာက္နားမွ က်ယ္ေလာင္စြာေနွာင့္ယွက္လာေသာ ေယာက္်ားေလးတစ္ေယာက္၏အသံကို  ရုတ္တရက္ ၾကားလိုက္ရ၏။

"က်င္းခ်ီက်ိ!" ခ်န္ဇီရန္သည္ စာသင္ခန္းထဲမွအေျပးထြက္လာၿပီး သူတို႔ႏွစ္ေယာက္နားသို႔ အေမာတေကာေရာက္ရိွလာ၏။

ေကာင္မေလး၏ သြယ္လ်ေျဖာင့္တန္းေနေသာမ်က္ခံုးေမႊးမ်ားသည္ ခ်က္ခ်င္းပင္စုက်ံဳ႔သြားၿပီး သူမေျပာေတာ့မၫ့္စကားမ်ားကိုေတာင္ ေျပာမထြက္ေတာ့ေပ။

"ခ်န္ဇီရန္. . . နင္ဘယ္သူ႔ကို လာေခၚေနတာလဲ??"

ခ်န္ဇီရန္က "ဒီေလာက္ေနပူေနတဲ့ေန့မ်ိဳးမွာ  ငါကမင္းကို ဘာလို႔ရွာရမွာလဲ!? တီခ်ယ္ခ်ူပင္းက မင္းကိုေတြ့ရင္ ရံုးခန္းထဲမွာသူ႔ကိုလာရွာပါတဲ့"

တီခ်ယ္ခ်ူပင္းသည္ အတန္းပိုင္ဆရာမျဖစ္ေသာေၾကာင့္ ခ်ီက်ိႏွင့္ တစ္ခုခုေဆြးေနြးရန္ျဖစ္ေလာက္မည္။

ခ်ီက်ိကေခါင္းညိတ္ျပလိုက္ၿပီး သံတမန္ျဖစ္သူခ်န္ဇီရန္ကို ေက်းဇူးတင္စကားဆိုလိုက္ကာ ဆရာမ်ားရိွရာအေဆာက္အဦးဆီသို႔ ေျပးသြားေတာ့သည္။

ရွန္းခ်ိဳက္ေတာင္ ဘာမွမမွန္းဆႏိုင္ခင္ သူမ၏ ေက်ာင္းဝတ္စံုအိတ္ထဲသို႔ ပန္းေရာင္ေထာင့္စြန္းေလးပါသည့္ တစ္စံုတစ္ခုကိုထိုးထၫ့္လိုက္ကာ သူမ ေပ်ာက္ကြယ္သြားခဲ့သည္။

ခ်န္ဇီရန္သည္ သူမ အေဝးသို႔ေျပးသြားသည္ႏွင့္အမ်ွ ခ်ီက်ိ၏အသြင္သ႑ာန္ေလးကိုၾကၫ့္ကာ ေျပာလိုက္၏။ " သူက ဝေပမယ့္ ေတာ္ေတာ္ေလးေျပးႏိုင္သား "

ထို႔ေနာက္သူက ရွန္းခ်ိဳက္ကိုလွၫ့္ၾကၫ့္လိုက္ၿပီး "က်င္းခ်ီက်ိ မင္းကိုဘာေျပာေနတာလဲ??"

ရွန္းခ်ိဳက္က ေခါင္းတစ္ခ်က္ခါျပလိုက္ၿပီး "သူဘာမွေတာင္မေျပာရေသးဘူး. . . မင္းကဝင္ရႈပ္လိုက္တာေလ"

ခ်န္ဇီရန္က သံသယရိွေနေသာအၾကၫ့္ကို ျပန္ရုတ္သိမ္းလိုက္ၿပီး "တီခ်ယ္ခ်ူက ဘာလို႔သူ႔ကိုရွာေနတာလဲမသိဘူး..." ဟု အသံတိုးတိုးႏွင့္ ေျပာ၏။ ထို႔ေနာက္" ထားလိုက္ေတာ့. . . ငါတို႔လည္း အဲ့ဒီ့စိတ္လႈပ္ရွားစရာေလးကို သြားၾကည့္ရေအာင္ေလ " ဟုရွန္းခ်ိဳက္အားမဲဆြယ္ေနေတာ့သည္။

သူကိုယ္တိုင္ ထိုစိတ္လႈပ္ရွားစရာကို ၾကၫ့္ခ်င္ရံုတင္မက ရွန္းခ်ိဳက္ကိုပါ အတူတူၾကၫ့္ဖို႔ ဆြဲေခၚသြား၏။

ရွန္းခ်ိဳက္လည္း ခ်န္ဇီရန္ႏွင့္အတူ အေျပးတပိုင္းပါသြားေတာ့သည္။ ေကာင္ေလးႏွစ္ေယာက္လံုးသည္ အရပ္ျမင့္ၿပီးေျခတံရွည္ရွည္ေလးမ်ားျဖစ္ၾကေသာေၾကာင့္ ေျမၾကီးထဲဝင္လုမတတ္ ေျမျပင္ႏွင့္နီးကပ္စြာေျပးေနေသာခ်ီက်ိကို တခဏအတြင္းလိုက္မွီသြားေလသည္။

ေနာက္ဆံုးတြင္ေတာ့ သံုးေယာက္သား ဆရာ့ရံုးခန္းထဲသို႔ အတူတူေလ်ွာက္ဝင္သြားၾကၿပီး “ဝင္ခြင့္ျပဳပါ!” ဟု တခဲနက္ေအာ္ခဲ့ၾက၏။

ခ်ူပင္းသည္ သင္ခန္းစာအစီအစဉ္မ်ားကိုစီစဥ္ေနရင္း တံခါးသို႔လွမ္းၾကည့္လိုက္စဥ္ အတူတူေရာက္ခ်လာေသာ သံုးေယာက္သားကိုေတြ့လိုက္ရ၏။

သူမသည္ ေလးနက္ေသာကိစၥတစ္ခုကို ေဆြးေနြးရန္ ခ်ီက်ိကိုရွာေဖြေနျခင္းျဖစ္ေသာ္လည္း ထိုကေလးသံုးေယာက္က ေျမၾကီးထဲရိွအာလူးေလးမ်ားလို ကပ္ေနလိမ့္မည္ဟုေတာ့ မထင္ထားခဲ့ေပ။

ခ်ူပင္းက "ငါက က်င္းခ်ီက်ိကို ရွာေနတာ. . .  မင္းတို႔ႏွစ္ေယာက္က ဒီကိုဘာကိစၥအေပ်ာ္ပြဲလာၾကည့္ၾကတာလဲ!?"

ရွန္းခ်ိဳက္လည္း စိတ္တိုသြားၿပီး ဤအေပ်ာ္ပြဲသို႔ သူဘယ္လိုဘယ္လို​ေရာက္လာရသည္ကိုပင္ မသိေတာ့ေပ။

ခ်န္ဇီရန္၏ဦးေနွာက္ကေတာ့ လ်င္ျမန္စြာလႈပ္ရွားႏိုင္သြား၏။ " အိမ္စာပါ. . . The Little Prince ျပဇာတ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရဲ့ထင္ျမင္ယူဆခ်က္ေတြကို အိမ္စာထပ္ဖို႔ ဒီကိုေရာက္လာတာပါ "

ရွန္းခ်ိဳက္ : "" မဟုတ္ေသးဘူးေလ. . .  အစ္ကိုႀကီး၊ မင္း ငါနဲ႔ ဒီကိစၥမေဆြးေနြးထားဘူးေလ

ခ်န္ဇီရန္သည္ ထုပ္ပိုးထားေသာစာရြက္အေျမာက္အမ်ားကို ယူေဆာင္လာခဲ့ၿပီး  စုစုေပါင္း စကားလံုးငါးေထာင္ျပည့္ေအာင္ေရးခဲ့ေၾကာင္းေျပာ၏။ စကားလံုးေလးေထာင္ခန႔္သည္ သူကိုယ္တိုင္ျဖၫ့္သြင္းထားခဲ့ျခင္းျဖစ္ၿပီး က်န္တစ္ေထာင္ကိုေတာ့ အင္တာနက္မွ စုစည္းထားျခင္းျဖစ္သည္ဟုဆိုသည္။

တီခ်ယ္ခ်ူပင္းက သူ႔အိမ္စာမ်ားကိုယူလိုက္ကာ ပထမစာမ်က္ႏွာႏွစ္မ်က္ႏွာကိုလွန္ၾကည့္လိုက္ၿပီးေနာက္ သူမ၏မ်က္ႏွာသည္  တျဖည္းျဖည္းခ်င္းမည္းေမွာင္လာခဲ့၏။

"ခ်န္ဇီရန္!" တီခ်ယ္ခ်ူပင္းက "ေနာက္တစ္ေခါက္ျပန္ေရးဖို႔ ခုခ်က္ခ်င္းျပန္ယူသြားစမ္း!"

ခ်န္ဇီရန္က "တီခ်ယ္. . . ကြၽန္ေတာ္ဒီလိုစကားလံုးေတြအမ်ားႀကီးေရးႏိုင္ဖို႔ အရမ္းႀကိဳးစားခဲ့ရတာပါ၊ ဘာလို႔ ျပန္ေရးရမွာလဲဟင္"

ခ်ူပင္းက " အင္တာနက္ကေန ပထမဆံုး စာမ်က္ႏွာႏွစ္မ်က္ႏွာကို ကူးခ်ထားတာမွတ္လား!!" ပရင့္ထုတ္ထားေသာစာေလးေနရာကို သူမက လက္ၫွိုးျဖင့္ထိုးျပလိုက္ၿပီး "ဒီမွာ အခုထိ 'Baidu စာၾကၫ့္တိုက္' ဆိုတဲ့ Watermark ေတာင္ ရိွေနေသးတယ္" 

ခ်န္ဇီရန္ : ေသၿပီ

ခ်ီက်ိႏွင့္ရွန္းခ်ိဳက္တို႔သည္ တီခ်ယ္ခ်ူဖမ္းမိသြားမွာေၾကာက္သျဖင့္ ေခါင္းေလးမ်ားကို အလ်င္အျမန္ငံု႔လိုက္ၾက၏။

သို႔ေသာ္ သူတို႔ႏွစ္ဦးသည္ ထိုေနရာတြင္ လူတစ္ကိုယ္လံုးရပ္ေနၾကေသာေၾကာင့္ တီခ်ယ္ခ်ူက သူတို႔အား လံုးဝကို မျမင္ခ်င္ေယာင္ေဆာင္မည္မဟုတ္ေပ။

တီခ်ယ္ခ်ူက ရွန္းခ်ိဳက္ဘက္လွၫ့္လာၿပီး "ရွန္းခ်ိဳက္ေရာ ေရးၿပီးၿပီလား??"

ရွန္းခ်ိဳက္လည္း က်ည္ဆံကိုကိုက္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ကာ "... မၿပီးေသးပါဘူး... ဒါေပမယ့္ ကြၽန္ေတာ္ေရးထားတာ တစ္ဝက္ေတာ့ေက်ာ္သြားပါၿပီ" ဟု ျပန္ေျဖလိုက္၏။

သူ တကယ္ကို မလိမ္ခဲ့ေပ။

ႏွင္းဆီ၏မာန၊ ေျမေခြး၏ႏူးညံ့သိမ္ေမြ့မႈ၊ ေႁမြ၏အထီးက်န္မႈႏွင့္ ေလယာဉ္မွဴး၏ရွာေဖျြခင္းတို႔ကို သူနားလည္သေဘာေပါက္ေနၿပီျဖစ္သည္... အားလံုးကို ေရးထားၿပီးျဖစ္ေသာ္လည္း မင္းသားေလးကိုေတာ့ နားမလည္ေသးေသာေၾကာင့္ မၿပီးမစီးႏိုင္ျဖစ္ေန၏။

သူသည္ အတန္းထဲတြင္ နံပါတ္တစ္ေက်ာင္းသားျဖစ္ၿပီး အက်င့္စာရိတၲလည္းေကာင္းသူျဖစ္သည္။ ဆရာဆရာမမ်ားက အစဥ္အၿမဲခ်ီးက်ူးေလ့ရိွၿပီး ယခုကဲ့သို႔ သူေရးၿပီးခါနီးျဖစ္သည္ဟုေျပာလာခ်ိန္တြင္ ဆရာမကလည္း သူ႔ကိုသံသယမဝင္ေပ။

တီခ်ယ္ခ်ူပင္းက ေခါင္းညိတ္ျပလိုက္ၿပီး "ဟုတ္ၿပီ၊ အျမန္ဆံုးေတာ့ ၿပီးေအာင္လုပ္ပါ. . . အဲ့ဒါေတြကို ေမေဒးမွာအပ္ရမွာဆိုေတာ့ အခု ၾကားထဲမွာ ရက္ပိုင္းေလာက္ပဲ က်န္ေတာ့တယ္ေနာ္"

ရွန္းခ်ိဳက္လည္း ျဖည္းၫွင္းစြာျဖင့္ ေခါင္းငံု႔သြားခဲ့သည္။

ထို႔ေနာက္ သူႏွင့္ခ်န္ဇီရန္တို႔အား ျပန္ခိုင္းလိုက္ေတာ့သည္။ ခ်န္ဇီရန္သည္ေတာ့ စြန္႔ပစ္ခံလိုက္ရေသာအိမ္စာမ်ားကို ျပန္ယူသြားကာ သူ႔မ်က္ႏွာေလးနီျမန္းေနၿပီး အျမန္ထြက္ေျပးသြားခဲ့သည္။

ရွန္းခ်ိဳက္သည္ မူလကေတာ့ ထြက္ခြာလိုေသာ္လည္း စကၠန႔္အနည္းငယ္မ်ွ အရိွန္ေနွးေကြးသြားသျဖင့္ ရံုးခန္းတံခါးအက္ကြဲေၾကာင္းၾကားမွ လြင့္ထြက္လာေသာစကားလံုးတစ္လံုးေၾကာင့္ သူ႔ေျခလွမ္းမ်ားကို ရပ္တန႔္ပစ္လိုက္သည္။

—— “က်င္းခ်ီက်ိ တီခ်ယ္မင္းအေမဆီကေန  ေက်ာင္းလႊဲေျပာင္းေလ်ွာက္လႊာကို ရၿပီးၿပီ” တီခ်ယ္ခ်ူပင္း၏အသံမွာ ႏူးညံ့သိမ္ေမြ့ေနၿပီး ေနာင္တရေနပံုလည္းေပၚ၏။ “ဒီကိစၥကို မင္းေရာဘယ္လိုထင္လဲ”

ရွန္းခ်ိဳက္သည္ ေနရာတြင္ပင္ ရပ္ေနမိသည္။

ရံုးခန္းအတြင္းေရာ၊ အျပင္မွာပါ ရုတ္တရက္ တိတ္ဆိတ္သြား၏။

အလြန္တိတ္ဆိတ္လြန္းလွသျဖင့္ အေဝးတစ္ေနရာရိွ ဘက္စကတ္ေဘာကြင္းမွ  ဘတ္စကတ္ေဘာႏွင့္ျခင္းေတာင္းတို႔ထိခတ္သံကိုေတာင္ ၾကားႏိုင္ၿပီး ထိုအထဲမွာမွ ရွန္းခ်ိဳက္တစ္ေယာက္ ခ်ီက်ိ၏ငိုသံကိုလည္း ခ်က္ခ်င္းၾကားလိုက္ရသည္။

"... သမီးဘာေျပာႏိုင္မွာလဲ" ေကာင္မေလးမွာ ႏွာေခါင္းသံေလးႏွင့္ သူမ​စကားအနည္းငယ္ေျပာလိုက္တိုင္း အသက္ရႈမဝေတာ့ဘဲ " သမီးမိသားစုက ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီ။ သူတို႔ဆီမွာ  သမီးေက်ာင္းေျပာင္းရမယ့္အေၾကာင္းျပခ်က္ေတြ ရာနဲ႔ခ်ီၿပီးရိွေပမယ့္ သမီးဒီမွာဆက္ေနဖို႔ ကေတာ့ အေၾကာင္းျပခ်က္တစ္ခုေလးပဲ ရိွေနတယ္ "

ေကာင္မေလးက ရိႈက္ငိုေနကာ " မိဘေတြက သမီးကိုေျပာၾကတယ္ ' ခ်ီက်ိ. . . ကိုရီးယားမွာ ေနာက္ထပ္မြမ္းမံတာက အနာဂတ္အတြက္ဘယ္ေလာက္ေတာင္ေကာင္းလိုက္လဲ?? တို႔မိသားစုမွာ ဘာသာစကားအခက္အခဲလည္း မရိွဘူးေလ၊ ဒီကေဆြမ်ိဳးေတာ္ေတာ္မ်ားမ်ားကလည္း မင္းကိုဆိုးလ္မွာ ျပဳစုေစာင့္ေရွာက္ၾကမွာပဲ. . . ဟိုမွာရိွတဲ့ အင္တာတိန္းမန္႔နယ္ပယ္က ဒီ့ထက္လည္းက်ယ္ၿပီး ျပဇာတ္လုပ္ငန္းေတြလည္း အဆင္သင့္ရိွတယ္။ တကယ္ကို အခြင့္အေရးေကာင္းပဲ၊ ႏိုင္ငံျခားမွာ ေက်ာင္းတက္တယ္လို႔သေဘာထားၿပီး တကၠသိုလ္ကေနဘြဲ႔ရတဲ့အထိေတာ့ ကိုရီးယားမွာဆက္ေနလိုက္ပါ. . . အဲ့ဒီ့အခ်ိန္မွ အိမ္ျပန္လာမယ္ဆိုရင္ေတာင္ သမီးရဲ့အနာဂတ္ကေျဖာင့္ျဖဴးေနၿပီပဲ ' တဲ့ေလ" ဟု ေျပာျပလာ၏။

“မိဘေတြက သမီးအတြက္အေကာင္းဆံုးေတြပဲ လုပ္ေပးခ်င္တယ္ဆိုတာ သမီးသိပါတယ္။ အခုဆို ဆိုးလ္အႏုပညာအကယ္ဒမီကိုေျပာင္းၿပီး ယဉ္ေက်းမႈသင္တန္းေတြကို တစ္ႏွစ္ခြဲေလာက္သင္လိုက္တာနဲ႔ လာမယ့္ႏိုဝင္ဘာလမွာ  ကိုရီးယားတကၠသိုလ္ဝင္ခြင့္စာေမးပြဲကို သမီးေျဖလို႔ရေနၿပီ”

သူမ၏မ်က္ရည္မ်ားက ဆက္လက္က်ဆင္းေနေလသည္။ " သမီးသိတယ္... ဒါက သမီးအတြက္ သူတို႔စီစဉ္ေပးထားတဲ့ လမ္းပဲ၊ ၿပီးေတာ့ သမီးအတြက္လည္း အေကာင္းဆံုး ေရြးခ်ယ္မႈပဲ"

သူမမိဘေတြက သူမကိုအလြန္ခ်စ္ၾကသည့္အတြက္ သူမ တကယ္ကိုေက်နပ္သင့္ေလသည္။ မိဘေတြဆီေနက ခ်စ္ခင္တြယ္တာမႈမရတဲ့ေကာင္ေလးတစ္ေယာက္လည္းရိွၿပီး သူရဲ့ကခုန္ႏိုင္တဲ့ ေျခေထာက္ေတြကိုေတာင္ ဆံုးရႈံးခဲ့ရေသးတာကို သူမ သိနားလည္ေန၏။

"အဲ့ဒါ အဆင္ေျပမွာပါ" ရွန္းခ်ိဳက္၏ဦးတည္ရာကေနၾကည့္ပါက ေကာင္မေလး၏ ေနာက္ေက်ာတၫ့္တၫ့္ကိုပဲ  ျမင္ႏိုင္ေလသည္။ သူမသည္ မ်က္လံုးေထာင့္မွမ်က္ရည္မ်ားကိုသုတ္ပစ္ရန္  လက္ေျမႇာက္လိုက္ၿပီး "သမီး စဉ္းစားၿပီးသြားၿပီ. . .ဒီစာသင္ႏွစ္ၿပီးရင္ ေက်ာင္းေျပာင္းေတာ့မယ္"

ခ်ူပင္း၏ မ်က္လံုးမ်ားလည္း နီရဲေနေလသည္။

ခ်ီက်ိသည္ သူမတို႔အတန္းထဲရိွ Pistachio တစ္ၪီးျဖစ္သည္။ သူမသည္ ေလာဘလည္းႀကီးကာ အေပ်ာ္သေဘာရိွၿပီး လိမၼာပါးနပ္သူေလးျဖစ္သည္။ ဆရာဆရာမမ်ားက အႏွစ္သက္ဆံုးျဖစ္ၾကသလို ေခါင္းကိုက္ေစသၫ့္အမ်ိဳးအစားေလးမ်ားလည္းျဖစ္သည္။
[T / N: Pistachio = အျခားသူမ်ားကို ေပ်ာ္ရႊင္ေစေသာ လူတစ္မ်ိဳး]

ယခုေတာ့ သူမ ထြက္ခြာေတာ့မည္ျဖစ္သည္။

ဘြဲ႔ႏွင္းသဘင္ရာသီသို႔မေရာက္ေသးေသာ္လည္း စိတ္ကူးယဉ္အိပ္မက္ကိုယ္စီရိွၾကေသာ ဤကေလးမ်ားအုပ္စုသည္ သူတို႔၏ကိုယ္ပိုင္လမ္းစဉ္မ်ားဆီသို႔ ခြဲခြာသြားၾကရၿပီျဖစ္သည္။

ခ်ူပင္းသည္ ေနာက္ထပ္တစ္ခုခုေျပာခ်င္ေနေသးေသာ္လည္း သူမေရ႔ွရိွ မ်က္ရည္က်ေနေသာေက်ာင္းသူေလးကိုၾကၫ့္ရင္း ေနာက္ဆံုးတြင္ေတာ့ ၿငိမ္သက္စြာပင္ေခါင္းညိတ္လိုက္ေတာ့သည္။

သူမကိုယ္ပိုင္စားပြဲ၏ အံဆြဲအကန္႔ကိုဖြင့္လိုက္ၿပီး ေဖာက္ထြင္းျမင္ေနရေသာ  ပန္းေရာင္ႏႈတ္ခမ္းနီေလးတစ္ေတာင့္ကိုထုတ္ကာ ခ်ီက်ိ၏လက္ဖဝါးေလးထဲသို႔ ထၫ့္ေပးလိုက္သည္။

"ဒါက တီခ်ယ္သိမ္းထားတဲ့ ႏႈတ္ခမ္းနီပဲ၊ အခု ျပန္ေပးလိုက္မယ္" ခ်ူပင္းက သူမေခါင္းကိုပြတ္သပ္ေပးလိုက္၏။ ေကာင္မေလး၏ဆံပင္ေလးမ်ားက အလြန္ႏူးညံ့အိစက္ေနသည္မွာ အတြင္းစိတ္ထဲရိွ သူမ၏ႏွလံုးသားႏုႏုေလးအတိုင္းပင္။ " ေက်ာင္းတက္တဲ့ေနာက္ဆံုးႏွစ္လမွာ ေနာင္တေတြမထားခဲ့နဲ႔ေပါ့ "

ခ်ီက်ိက တိတ္တိတ္ေလးငိုေနၿပီး ႏႈတ္ခမ္းနီကိုျပန္ယူလိုက္ကာ ေလးေလးနက္နက္ ဦးၫႊတ္လိုက္၏။

"ေက်းဇူးပါ... ေက်းဇူးတင္ပါတယ္ တီခ်ယ္ခ်ူ" သူမ ဆက္ေျပာလိုက္သည္။ "သမီး အဲ့လိုပဲလုပ္မွာပါ"

သူမ ထိုေနရာမွေျပးထြက္လာၿပီး သူမ၏စိတ္ခံစားခ်က္မ်ားကိုထိန္းၫွိရန္အတြက္ ေနရာေလးတစ္ခုရွာခ်င္မိသည္။ မေမ်ွာ္လင့္ထားဘဲ တံခါးအျပင္ဘက္၌ မထင္မွတ္ထားေသာပံုရိပ္ေလးတစ္ခု ရိွေနခဲ့၏။

သူတို႔ႏွစ္ေယာက္လံုး မ်က္လံုးခ်င္းဆံုမိသြားေသာအခါ အကာအကြယ္မဲ့စြာျဖင့္ ထိပ္တိုက္အမိခံလိုက္ရေတာ့သည္။

ေကာင္ေလး၏မ်က္လံုးမ်ားက မႈန္မိႈင္းသြားၿပီး သူမကိုၾကၫ့္လာရင္း "ခ်ီက်ိ... ဒါ မင္းခုနကေျပာခ်င္ခဲ့တာလား"

ခ်ီက်ိ၏ႏႈတ္ခမ္းမ်ား အနည္းငယ္လႈပ္ရွားသြားခဲ့ၿပီး ထိုအခ်ိန္ေလးတြင္ သူမစိတ္ထဲ၌ မေရမတြက္ႏိုင္ေသာအေတြးမ်ား တဖ်ပ္ဖ်ပ္ေပၚလာခဲ့သည္။

'မဟုတ္ဘူး၊ လံုးဝမဟုတ္ဘူး၊ ငါနင့္ကိုေျပာျပခ်င္ခဲ့တာက တျခားအရာပဲ—ငါ့မွာသာေရြးခ်ယ္ခြင့္ရိွခဲ့ရင္ နင့္အတြက္ေၾကာင့္ ငါဒီေက်ာင္းမွာဆက္ေနခ်င္တာ' ဟု ေျပာျပခ်င္ခဲ့သည္။

သို႔ေသာ္ ေနာက္ဆံုးမွာေတာ့ ေကာင္မေလးက ဤလ်ိႈ႔ဝွက္ခ်က္အား သူမႏွလံုးသားထဲ၌သာ ျမႇဳပ္ႏွံထားလိုက္ရန္ ေရြးခ်ယ္ခဲ့၏။

၄သည္ သူရဲေဘာေၾကာင္ႏိုင္ေသာ္လည္း လက္ေတြ့မွာေတာ့ ဤခက္ခက္ခဲခဲရရိွထားေသာ "သူငယ္ခ်င္း" ဟူသည့္ ဂုဏ္ပုဒ္ေလးအတြက္သာ ျဖစ္ႏိုင္ေလသည္။

သူမ၏မ်က္ရည္မ်ားစီးက်လာၿပီး ေကာင္ေလးကို တင္းတင္းၾကပ္ၾကပ္ဖက္လိုက္ေတာ့သည္။

"ဟုတ္တယ္" ဟူေသာအသံႏွင့္အတူ သူမမ်က္ဝန္းေလးမ်ားမွ မ်က္ရည္ပူမ်ား တေသာေသာက်ဆင္းလာ၏။

အလြန္မာေက်ာေသာႏႈတ္ခမ္းနီအဖံုးကို သူမ၏လက္ဖဝါးထဲ၌ အရာေပၚလာသည္အထိ တင္းၾကပ္စြာဆုပ္ကိုင္ထားမိသည္။

ရွန္းခ်ိဳက္အသက္ဆယ့္ခုနစ္ႏွစ္အရြယ္ ေနမင္းႀကီးကိုအသည္းအသန္လိုက္ဖမ္းေနခ်ိန္တြင္ မထင္ရွားေသာၾကယ္ေလးတစ္စင္းကလည္း သူ႔ေနာက္သို႔လိုက္ေနခဲ့ေၾကာင္း ရွန္းခ်ိဳက္တစ္ခါမွမသိခဲ့ေပ။

...

ခ်ီက်ိ၏ေက်ာင္းအေျပာင္းအေရႊ့သည္ သူတို႔အတန္းတစ္ခုလံုးအား တုန္လႈပ္သြားေစသည္။

ညတြင္းခ်င္းပင္ ခ်ီက်ိသည္ ရွန္းခ်ိဳက္ကိုေက်ာ္လြန္သြားၿပီး သူတို႔အတန္းထဲ၌ အေက်ာ္ၾကားဆံုးလူျဖစ္လာခဲ့၏။

သူမ၏ စားပြဲခံုထဲတြင္ အတန္းေဖာ္မ်ား၏လက္ေဆာင္မ်ားႏွင့္ျပၫ့္ေနၿပီး ခ်န္ဇီရန္ကိုယ္တိုင္ကေတာင္ ေက်ာင္းတြင္းရိွဆိုင္သို႔အျမန္ေျပးသြားၿပီး လွတပတအတန္းေဖာ္ မွတ္တမ္းေလးကို ခ်ီက်ိ၏စားပြဲေပၚေရာက္ေအာင္သြားထားေသးသည္။

ေဒၚလာဆယ္ဂဏန္းေလာက္တန္သည့္ လွလွပပအတန္းေဖာ္မွတ္တမ္းကို ရွန္းခ်ိဳက္မတတ္ႏိုင္သျဖင့္ အဖံုးမာမာပါေသာ စာအုပ္အလြတ္တစ္အုပ္ကိုသာ ရွက္ရြံ႔စြာျဖင့္ရွာခဲ့ရသည္။ သူသည္ ထိုစာအုပ္ေလးတြင္သာ ေရာင္စံုေဘာပင္မ်ားျဖင့္ အမွတ္အသားျပဳကာ "အမည္" "ဝါသနာ" "ေမြးေန့" "အႀကိဳက္ဆံုးအရာ" "ဘြဲ႔အတြက္ေပးစာ" ကဲ့သို႔ေသာ အရာမ်ားကို အမွတ္အသားျပဳ ေရးသားခဲ့၏။

သို႔ေသာ္ ထိုကဲ့သို႔မ်က္ႏွာပန္းမလွေသာ အတန္းေဖာ္မွတ္တမ္းေလးမွာေတာင္ ခ်ီက်ိက စာမ်က္ႏွာသံုးမ်က္ႏွာအျပည့္ ျပန္ေရးေပးခဲ့ေသးသည္။

သူမ၏စကားလံုးမ်ားသည္ သူမကဲ့သို႔ ျပည့္ျပည့္ေဖာင္းေဖာင္း၊ တံုးတံုးအအႏွင့္ တစ္ခုၿပီးတစ္ခုအား ဇယားကြက္မ်ားထဲသို႔ ႁပြတ္သိပ္ကာထၫ့္ေနရ၏။

သူမစာထဲ၌ ရွန္းခ်ိူက္ေတာင္မသိေလေသာ အေၾကာင္းအရာအမ်ားႀကီးကို ေရးသားထားေလသည္။  ရွန္းခ်ိဳက္၏ ဒ႑ာရီဆန္ဆန္ နာမည္ေလးကို ၾကားဖူးခဲ့တာၾကာၿပီျဖစ္ေၾကာင္း၊ အရင္ကေတာ့ ဘဲေလးအကကိုမရင္းႏွီးေသာ္လည္း ရွန္းခ်ိဳက္နဲ႔ဆံုခဲ့ရၿပီး ဘဲေလးအေၾကာင္းအမ်ားႀကီးေလ့လာခဲ့ရေၾကာင္း၊ ဘဲေလးျပဇာတ္ Out of My World မွာ ရွန္းခ်ိဳက္အေရြးမခံခဲ့ရတုန္းကဆို သူမက သူ႔ထက္ေတာင္ပို၍ဝမ္းနည္းခဲ့ရေၾကာင္း စသည္တို႔ပင္။

ထို႔ေနာက္ သူမက  " ရွန္းခ်ိဳက္. . . ဟြားဝူအကယ္ဒမီရဲ့ေနာက္ဆံုးႏွစ္မွာ နင္နဲ႔ေတြ့ခဲ့ရၿပီး နင့္ဘဝရဲ့အမွတ္တရေတြထဲက တစိတ္တပိုင္းအေနနဲ႔ပါဝင္ခြင့္ရတာ ငါအရမ္းကံေကာင္းတာပဲ " ဆိုၿပီးလည္း ေရးခဲ့ေလသည္။

ထို႔ေနာက္သူမက စာအုပ္ကိုပိတ္လိုက္ၿပီး ရွန္းခ်ိဳက္ဆီသို႔ ျပန္ေပးခဲ့သည္။

ရွန္းခ်ိဳက္က ရုတ္တရက္ "ငါ့အတြက္ ကိုးရီးယားစကားလံုးနည္းနည္းေရးေပးပါလား. . . ငါနင္နဲ႔သိေနတာၾကာလွၿပီ၊ ဒါေပမယ့္ နင္ကိုရီးယားလိုေရးတာမ်ိဳး တစ္ခါမွမေတြ့ဖူးဘူး"

ခ်ီက်ိက "နင္ ဘာေရးခ်င္တာလဲ??"

ရွန္းခ်ိဳက္က ခဏေလာက္စဉ္းစားလိုက္ၿပီး "'ထာဝရသူငယ္ခ်င္း' လို႔ ေရးေပး"

"..." ေကာင္မေလးက ရယ္လိုက္ရင္း "ဟုတ္ၿပီ" ဟု ေျပာခဲ့၏။

ထို႔ေၾကာင့္ သူမသည္ စာအုပ္ကိုျပန္ယူလိုက္ၿပီး  ရွန္းခ်ိဳက္၏ဦးေနွာက္ထဲ၌လွၫ့္ပတ္ေနသည့္ အနည္းငယ္ရႈပ္ေထြးေသာစကားလံုးမ်ားကို ခ်ေရးေပးလိုက္သည္။

[ထာဝရသူငယ္ခ်င္း ~~ ငါတို႔ေတြ အၿမဲထာဝရ သူငယ္ခ်င္းျဖစ္ၾကမယ္]

- - - - - - - - -

ခ်ီက်ိ၏ ေက်ာင္းအေျပာင္းအေရႊ့ကိစၥမွာ ရွန္းခ်ိဳက္အားစိတ္ဓာတ္က်ေစ၏။

သူသည္ ဤဆံုးရႈံးမႈႀကီးတြင္သာ တုန္လႈပ္ေျခာက္ျခားေနၿပီး ခြဲခြာျခင္းက မည္သို႔မည္ပံုရုတ္တရက္ေရာက္လာသည္ကို လံုးလံုးနားမလည္ခဲ့ေပ။

ဒါေပမယ့္ ဒီေလာကႀကီးမွာ ဘယ္သူကေရာ "ထာဝရ" အတူေနႏိုင္လို႔လဲ??

ဘာကိုမွမသိေသာရွန္းခ်ိဳက္သည္ ရက္အနည္းငယ္အၾကာတြင္ သူ႔အတြက္ ေနာက္ထပ္ေၾကကြဲဖြယ္ရာလမ္းခြဲမႈႀကီးတစ္ခု ရိွလာေတာ့မည္ကိုသိလိုက္ရေလသည္။

ရက္အေတာ္ၾကာ အြန္လိုင္းမတက္မိဘဲ လက္ကိုင္ဖုန္းကိုလည္းမကိုင္သည့္အျပင္ Weibo ကိုလည္းမၾကည့္ဘဲ အိပ္ေဆာင္သို႔ျပန္ေရာက္သည္ႏွင့္ ေန့တိုင္းလိုလို ခ်က္ျခင္းအိပ္ေပ်ာ္သြားေစရန္သာ ႀကိဳးစားေနခဲ့၏။

ေရဒီယိုဒရာမာတစ္ပုဒ္၌ ဇာတ္ဝင္သီခ်င္းတစ္ပုဒ္အေႂကြးက်န္ေနေသးၿပီး ထိုအေႂကြးကိုျပန္ဆပ္ရန္လိုအပ္ေနေသးသည္အား မမွတ္မိခင္အထိ ရႈပ္ေထြးေနေသာပံုစံျဖင့္သာ ရက္ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲဆိုတာကို သူ မသိလိုက္ေပ။

ေက်ာင္း၏ ႀကိဳးမဲ့ကြန္ရက္သို႔ သူ႔ဖုန္းႏွင့္ခ်ိတ္ဆက္လိုက္သည္ႏွင့္ စကၠန႔္အနည္းငယ္အတြင္း ေထာင္ႏွင့္ခ်ီေသာမက္ေဆ့ခ်္မ်ားက စုၿပံဳတက္လာျခင္းမွာ ေဟာင္းႏြမ္းေနကာ စြမ္းေဆာင္ရည္ညံ့ဖ်င္းေသာသူ႔ဖုန္းေလးအား ဝန္ႏွင့္မဆံ့ျဖစ္ေနခဲ့သည္။

ပူထူေနေသာ သူ႔ဖုန္းေလးသည္ မိနစ္အနည္းငယ္ၾကာမွ သက္သာရာရသြားခဲ့သည္။

... ဘာျဖစ္ေနၾကတာလဲ??

ရွန္းခ်ိဳက္လည္း ဘာဆိုဘာမွမသိေပ။

သူအဖြဲ႔ဝင္ထားေသာ Weibo ေပၚရိွ ပရိသတ္အဖြဲ႔ ၌ စာအမ်ားအျပားသည္ ၉၉၉+ အထိတက္ေနၿပီး QQ အဖြဲ႔တြင္ေတာ့ သတင္းလိႈင္းလံုးႀကီး ေပါက္ကြဲေနေတာ့သည္။

အဖြဲ႔ထဲရိွလူတိုင္းက ေမးျမန္းေနၾက၏-

"ဒါအမွန္ပဲလားဟဲ့"

"ဒီလို ရုတ္တရက္ႀကီးလား??"

"ဒီပိုစတာကိုျမင္ၿပီးကတည္းက မယံုႏိုင္လြန္းလို႔ ကြၽန္မတစ္ညလံုးငိုေနမိတယ္"

"ဝမ္းနည္းစရာပဲ၊ ငါတကယ္လက္မခံႏိုင္ဘူး"

"​ဘာေတြ ျဖစ္ပ်က္သြားတာလဲ??"

အဖြဲ႔ထဲ၌ သတင္းမ်ားအလြန္တက္ေနေသာေၾကာင့္ လိုရင္းကိုမေရာက္ႏိုင္ဘဲ ပထမဆံုးေတြ့ရသည့္အဆက္အသြယ္ကိုသာ သူစိုက္ၾကၫ့္ေနမိသည္။

QQ ရိွအဆက္အသြယ္မ်ားတြင္ အစမွအဆံုးအထိ ထိပ္ဆံုး၌ဦးေဆာင္ေနသူ. . .

သူ႔အိုင္ေဒါ၊ သူ႔နတ္ဘုရားႀကီး၊ သူလ်ိႈ႔ဝွက္စြာ ခ်စ္ျမတ္ႏိုးေနမိေသာ-ဝမ္ခ်င္းယြမ္ပင္။

အြန္လိုင္းေပၚတြင္ ရွန္းခ်ိဳက္နားမလည္ႏိုင္ေသာ ေလးလံသည့္ေလထုတစ္ခုရိွေနၿပီး  သူ၏ဆ႒မအာရံုဆီသို႔ ႏိုးႏိုးၾကားၾကားျဖင့္ အခ်က္ျပမႈတစ္ခုေပၚလာ၏။

ေကာင္ေလးသည္ သြားမ်ားကိုတင္းေနေအာင္စိထားေသာ္လည္း သူ႔လက္ေခ်ာင္းမ်ားကေတာ့ ဝမ္ခ်င္းယြမ္၏အိုင္ကြန္ေပၚေရာက္သြားကာ စကားေျပာခန္းကို ဖြင့္လိုက္ေတာ့သည္။

မက္ေဆ့ခ္်မွာ မေန့ညကပို႔ထားခဲ့ျခင္းျဖစ္၏။

ယီမင္ ခ်င္းယြမ္ : ခ်ိဳက္ခ်ိဳက္

ယီမင္ ခ်င္းယြမ္ : ကိုယ္ ဒီကိစၥကိုေတြးေနတာၾကာၿပီ၊ မင္းကို ဘယ္လိုေျပာျပရမွန္းသာ မသိေသးတာ

ယီမင္ ခ်င္းယြမ္ : ကိုယ္အရမ္းအလုပ္မ်ားေတာ့မွာမို႔လို႔ အြန္လိုင္းအသံသြင္းစက္ဝိုင္းကေန ႏႈတ္ထြက္ဖို႔ ဆံုးျဖတ္လိုက္ရတယ္

ယီမင္ ခ်င္းယြမ္ : လာမယ့္ေသာၾကာေန့မွာ ကိုယ့္ႏႈတ္ဆက္ပြဲအတြက္ သီခ်င္းပြဲေတာ္ရိွတယ္. . . ကိုယ့္ဧၫ့္သည္အေနနဲ႔ မင္းလာလို႔ရမလား??

----------

စာေရးသူမွာ ေျပာစရာတစ္ခု ရိွေနပါတယ္~~~

ဒီဝတၴုရဲ့ ပထမပိုင္းတစ္ခန္းရပ္မွာ Romance ဇာတ္လမ္းသံုးခု ငါစီစဉ္ထားခဲ့တယ္။

တစ္ခုက ေယာင္ရင္အတြက္၊

တစ္ခုက ခ်ီက်ိအတြက္နဲ႔

တစ္ခုကေတာ့ ခ်ိဳက္ခ်ိဳက္အတြက္ေပါ့။ 

[အိုင့္ note: Friends Forever ပါတဲ့ ~~~ အိုင္အစက ဒီေန့မွာ ဒီ Act ေနာက္ဆံုးထိၿပီးမယ္လို႔ထင္ခဲ့တာ၊ ဒါေပမယ့္ မၿပီးဘူးေပါ့ေနာ္ . . . ေနာက္လာမယ့္အပိုင္းက ရွည္လည္းရွည္တဲ့အျပင္ အိုင္လည္းအခ်ိန္ယူၿပီးဘာသာျပန္ေနလို႔ပါ။ ဒီရက္ပိုင္းအတြင္းေတာ့ တင္ေပးျဖစ္မွာပါေနာ္]

Continue Reading

You'll Also Like

3.9K 368 6
Myanmar Translation of 《我嗑了对家x我的cp》!
2.7K 286 7
This Original Novel does not belong to me. I'm just Translator to Burmese Language who love this novel. Name - Spring Trees and Sunset Clouds Author...
131K 17.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4.9K 547 26
Status in COO 53 Chapters + 5 Extras (Completed)