ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 50

15.3K 2.5K 133
By Cora0411

//Zawgyi//

တစ္ခဏခန္႔အနားယူကာ ေန႔လည္စာစားျပီးေနာက္ က်င္ရႊင္က အခ်ိန္အမ်ားၾကီးကုိ AIဓာတ္ခြဲခန္းမွာ ကစားရင္းျဖင့္ကုန္ဆံုးခဲ့သည္။ သူထြက္ခြာလာတဲ့အခ်ိန္ က်င္ရႊင္က စိတ္လႈပ္ရွားေနဆဲပင္။

သူ႔အတြက္ေတာ့ ဒီရိေဝ့အေဆာက္အဦးၾကီးက အစစ္အမွန္ အပန္းေျဖဥယ်ာဥ္ၾကီးပင္။

ဂိမ္းကစားဖို႔အတြက္ ဂိမ္းစက္လုိအပ္ျပီး အြန္လိုင္းဂိမ္းအတြက္ အင္တာနက္နဲ႔ကြန္ျပဴတာလုိအပ္သလုိပဲ က်င္ရႊင့္အတြက္ကေတာ့ အဲ့စူပါကြန္ျပဴတာၾကီးနဲ႔ အျခားစက္ပစၥည္းေတြက သူ႔အာရုံစုိက္မႈကုိ ဆြဲေဆာင္ႏုိင္တဲ့အရာေတြပင္။

သူတကယ္ကစားခ်င္တဲ့ အဲ့ဂိမ္းစက္(စူပါကြန္ျပဴတာၾကီး)က အရမ္းေစ်းၾကီးလြန္းေနရုံပင္။ ျပီးေတာ့ တစ္ကမာၻလံုးမွာလည္း အနည္းငယ္ပဲရွိသည္။

သူ ဒီစာအုပ္ထဲကို မကူးေျပာင္းလာခင္တုန္းက စူပါကြန္ျပဴတာကုိ သူ႔ကိုယ္ပုိင္အတြက္ အသံုးျပဳဖို႔ ဒါမွမဟုတ္ သူလုပ္ခ်င္တာလုပ္ဖို႔ အခြင့္အာဏာမ်ိဳး က်င္ရႊင့္မွာမရွိေပ။

ဒါေပမယ့္ ဒီေနရာမွာေတာ့ သူ႔အိပ္မက္က အမွန္တကယ္ျဖစ္လာျပီ!

ဒီလိုစာအုပ္ထဲကူးေျပာင္းလာတာက အက်ိဳးအျမတ္အၾကီးၾကီးရွိမွန္း အရင္ကသူမသိခဲ့ေပ။

သူ႔ဘဝမွာ ဒီေလာက္ေကာင္းတဲ့အခ်ိန္မ်ိဳး မရွိခဲ့ဖူးဘူး!

ဒါေပမယ့္ သူစိတ္လႈပ္ရွားေနေသာ္ျငားလည္း တစ္ခဏၾကာ ေဒတာေတြကုိ runၾကည့္ျပီးေနာက္မွာ က်င္ရႊင္က အျခားအရာေတြကုိ ဆက္လုပ္ျပီး အေတြ႔အၾကံဳဆက္ယူခ်င္တဲ့စိတ္ကို ဖိႏွိပ္လုိက္ရသည္- ဒီစက္က အရမ္းအဖိုးတန္လြန္းတယ္ ျပီးေတာ့ ဒီေနရာမွာ အၾကာၾကီးေနေနရင္ ဓာတ္ခြဲခန္းကုိေႏွာင့္ယွက္မိျပီး အျခားလူေတြရဲ႕အလုပ္လုပ္မႈ ျဖစ္စဥ္ကုိ သက္ေရာက္သြားလိမ့္မယ္

ဒီအေၾကာင္းျပခ်က္အတြက္ အနည္းငယ္စမ္းၾကည့္ျပီးေနာက္မွာ က်င္ရႊင္က ကြန္ျပဴတာကိုခ်န္ထားရစ္ခဲ့ဖို႔ ေရြးခ်ယ္လုိက္သည္။

--သူျပန္သြားျပီး ေသေသခ်ာခ်ာေတြးရမယ္ အရင္က သူ႔ရဲ႕သုေတသနအားလံုးကုိ ျပန္ေတြးျပီး ဘယ္တစ္ခုက ဒီစက္ကုိအသံုးျပဳဖို႔ထိုက္တန္လဲဆိုတာကို ရွာေဖြကာ ျပီးမွ ေဒတာေတြ runဖို႔ ဒီကိုျပန္လာရမယ္!

ကုမၸဏီမွ ဒီကြန္ျပဴတာရဲ႕ တြက္ခ်က္မႈအရွိန္နဲ႔ လုပ္ေဆာင္ခ်က္ေတြအရ သူအၾကံအမ်ားစုကို လက္ေလွ်ာ့ခဲ့ရတယ္ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ဒါကုိ အျပည့္အဝအသံုးျပဳႏုိင္ရန္ အခ်ိန္၊ စြမ္းအင္နဲ႔ ေငြေၾကးေထာက္ပံ့မႈအလံုအေလာက္မရွိဘူးဆိုတာကုိ သေဘာေပါက္သြားလို႔ပင္...

*က်င္ရႊင္က သူ႔ဓားကုိထက္ေနေအာင္ ေသြးလုိက္သည္။ လူတစ္ကုိယ္လံုး တက္ၾကြေနတာေၾကာင့္ သူရွန္ရိက်င္းျဖင့္ ရုံးခန္းကုိျပန္ေရာက္ခ်ိန္ သူစိတ္လႈပ္ရွားေနဆဲပင္။

[*တစ္စံုတစ္ခု မျပဳလုပ္ခင္အေသအခ်ာ အျပည့္အဝျပင္ဆင္ျခင္း]

သူက အျမဲတမ္းျပံဳးကာ တက္ၾကြမႈတုိ႔အျပည့္ဆိုေပမယ့္ က်င္ရႊင္က ဒီလိုေပ်ာ္ရႊင္အားရေက်နပ္တဲ့အမူအရာမ်ိဳး တစ္ခါမွမျပသဖူးေပ။

သူက အျမဲတမ္း လူငယ္ေလးတစ္ေယာက္ရဲ႕ထင္ျမင္မႈမ်ိဳးေပးေပမယ့္ ဂႏၶမာပန္းကဲ့သို႔ေပါ့ပါးသည္*

[*စရုိက္ကုိေဖာ္ျပျခင္း။"လူေတြက ဂႏၶမာပန္းလိုေပါ့ပါးတယ္" ဆိုတာက ဂုဏ္တက္မႈ၊ဝင့္ၾကြားမႈတုိ႔ကုိ မေတာင္းဆိုတဲ့လူကုိေဖာ္ျပတယ္ သူတုိ႔ေတြက ရိုးရွင္းျပီး ဂုဏ္သတင္းေက်ာ္ေစာမႈနဲ႔ ကံၾကမၼာကုိ ဂရုမစိုက္ေပ]

သူစိတ္ပ်က္တာကုိ မင္းျမင္ရခဲသလို သူရရွိလိုက္တဲ့အရာေၾကာင့္ အထူးဝမ္းသာတာမ်ိဳးလည္း ျမင္ရခဲသည္။

လူငယ္ေလး ဒီေလာက္ေပ်ာ္ေနတာကုိ ရွန္ရိက်င္းပထမဆံုးအၾကိမ္ျမင္ဖူးျခင္းပင္။

သူ႔ရဲ႕ရွည္လ်ားကာဆြဲဆန္႔ထားတဲ့ႏႈတ္ခမ္းေထာင့္ေတြက မေနႏိုင္ေတာ့ဘဲ အေကြးေလးတစ္ခုကုိျပသလာသည္။ သူကက်င္ရႊင္ကိုေမးလုိက္၏ :"အဲ့ေလာက္ေပ်ာ္လား"

"အြန္း-အြန္း" ညႊန္ျပတဲ့ေမးသြယ္သြယ္ေလးက လ်င္ျမန္စြာျဖင့္ ႏွစ္ၾကိမ္လႈပ္ခတ္သြားကာ က်င္ရႊင္က မ်က္လံုးေတာက္ေတာက္ေလးေတြျဖင့္ ေခါင္းညိတ္ျပလိုက္သည္ : "ကၽြန္ေတာ္အရမ္းေပ်ာ္တယ္"

က်င္ရႊင္က မေနႏုိင္ဘဲ အေရွ႕သြားကာ ရွန္ရိက်င္းေရွ႕က စားပြဲခံုၾကီးပတ္လည္ကို ေလွ်ာက္သြားလုိက္၏။ စူပါကြန္ျပဴတာကုိ ခ်ဥ္းကပ္ခဲ့သလိုမ်ိဳးပဲ အခုသူ႔မွာ ရွဲန္းရွန္အတြက္ အခ်စ္ခံစားခ်က္တစ္ခုရွိေနသည္*

[*တစ္စံုတစ္ခုကုိ အရမ္းသေဘာက်တာမို႔ မခြဲရက္မခြာရက္ေတာင္ျဖစ္ေနျခင္း]

ဒီကမာၻမွာ အာဏာရွိလူေတြအမ်ားၾကီးရွိေပမယ့္ အနည္းငယ္ကသာလွ်င္ ကြန္ျပဴတာတစ္လံုးကို သုေတသနလုပ္ျပီးတည္ေဆာက္ရန္အတြက္ မီလီယံရာေပါင္းမ်ားစြာ ဒါမွမဟုတ္ တစ္ဘီလီယံကို ကုန္က်ခံဖို႔ ဆႏၵရွိၾကသည္။

အဆံုးမွာေတာ့ သုေတသနအားလံုးက အေစာပိုင္းအေျခအေနမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ ေငြနဲ႔အခ်ိန္ေတြအမ်ားၾကီးလိုအပ္သည္။ ဒါေပမယ့္ သုေတသနအမ်ားစုက ေနာက္ဆံုးမွာ စီးပြားေရးတန္ဖိုးတစ္ခုအျဖစ္ ေအာင္ေအာင္ျမင္ျမင္ေျပာင္းလဲရန္ က်ရႈံးသြားတတ္သည္။ ဒါက လူမႈအသိုင္းအဝိုင္းကုိ အၾကီးအက်ယ္အေထာက္ကူျပဳႏုိင္ေပမယ့္ တူညီတဲ့ေငြပမာဏျပန္ရဖို႔ေတာ့ မျဖစ္ႏုိင္ေပ။

က်င္ရႊင္က ဥပမာေတြအမ်ားၾကီးျမင္ဖူးတာမို႔ ဒီအခ်က္ကို အေကာင္းဆံုးသိသည္။

ဒါေပမယ့္ ရွန္ရိက်င္းကေတာ့ ကြက္တိကုိ အဲ့လိုလုပ္ခဲ့သည္။

Mr.ဗီလိန္က သတၱိရွိတဲ့သူတစ္ေယာက္ဆိုတာ ရွင္းရွင္းလင္းလင္းျမင္ႏိုင္သည္။ သူက ၾကီးမားတဲ့အရာေတြကုိလုပ္ခ်င္တဲ့လူတစ္ေယာက္လည္း ျဖစ္သည္။

ရွဲန္းရွန္ရဲ႕ရည္မွန္းခ်က္ေတြက သူေတြးထားတာထက္ ပုိျပီးၾကီးမားေနတာလည္း ျဖစ္ႏုိင္တာပဲ...

က်င္ရႊင္က မသိစိတ္အေလ်ာက္ ရွန္ရိက်င္းေရွ႕မွာ ေဆာင့္ေၾကာင့္ထုိင္လုိက္သည္-တစ္ဖက္လူက ေနရာမွာထိုင္ေနသည္။ ဒီတစ္ၾကိမ္မွာေတာ့ သိပၸံနဲ႔နည္းပညာကုိ ျဖန္႔ေဝဖို႔ သတၱိရွိတဲ့ Mr.ဗီလိန္လိုလူမ်ိဳးကုိ ေမာ့ၾကည့္ဖို႔လိုတယ္လို႔ သူခံစားရသည္။

ေနရာမွာေဆာင့္ေၾကာင့္ထုိင္လိုက္တဲ့ က်င္ရႊင္က အလိုအေလ်ာက္ ယဥ္ေက်းျပီး နက္ရိႈင္းတဲ့အမူအရာျဖင့္ ရွန္ရိက်င္းရဲ႕ဒူးကုိဆြဲယူလိုက္သည္။ သူ႔ရဲ႕စိတ္လႈပ္ရွားမႈနဲ႔ ေလးစားမႈကိုဘယ္လိုေဖာ္ျပရမယ္မွန္း မသိတာေၾကာင့္ တစ္ဖက္လူကုိ ေတာက္ပတဲ့မ်က္လံုးၾကီးေတြနဲ႔ ၾကည့္ေနရုံသာတတ္ႏုိင္သည္။

ရွန္ရိက်င္းကလည္း သဘာဝက်စြာပဲ သူ႔ကိုၾကည့္လာသည္။ လူငယ္ေလးရဲ႕မ်က္ႏွာအသြင္အျပင္က လံုးဝကုိေခ်ာေမြ႔ေနျပီး သူ႔ရဲ႕မ်က္ႏွာျဖဴျဖဴေလးက သူ႔ကုိမ်က္ႏွာခ်င္းဆိုင္ေနတာ အလြန္အမင္း ႏူးညံ့သိမ္ေမြ႔ျပီး ေခ်ာေမာတဲ့အဝတ္ရုပ္ေလးလိုပင္။

ျပီးေတာ့ ဒီအဝတ္ရုပ္ေလးက အခု သူ႔ဒူးေပၚမွာ တည္ရွိေနကာ သူ႔ကုိမမွိတ္မသုန္ၾကည့္ေနသည္...
"...က်င္ရႊင္"

ရွန္ရိက်င္းရဲ႕မ်က္ခြံေတြက ရုတ္ျခည္းညြတ္က်သြားကာ သူ႔ရဲ႕ရွည္လ်ားထူထဲတဲ့မ်က္ေတာင္ရွည္ေတြက သူ႔မ်က္လံုးေအာက္ေျခက ခံစားခ်က္ေတြကုိ အၾကီးအက်ယ္ဖံုးကြယ္သြားသည္။ သူ႔အသံက နိမ့္ဆင္းေန၏
" ထေတာ့ မင္းေနာက္ေက်ာက ဒဏ္ရာက အခုထိအျပည့္အဝမေကာင္းေသးဘူး"

"..."

က်င္ရႊင္က မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။ တစ္စံုတစ္ခုက သူ႔ႏွလံုးသားကုိ ဖြဖြေလးထိုးေနသလိုမ်ိဳး သူအနည္းငယ္ယားယံလာကာ ရယ္ခ်င္လာသည္။

--ရဲဝံ့တဲ့အရာတစ္ခုကို လုပ္ခဲ့တဲ့လူၾကီးလူေကာင္းအမ်ိဳးသားက ဒီအခုိက္အတန္႔မွာ သူ႔ေနာက္ေက်ာက ဒဏ္ရာကုိ စိတ္ပူေပးေနဆဲပင္

သို႔ေပမယ့္ ဒီမနက္က ေဆးထည့္တဲ့အခ်ိန္မွာ ပြန္းပဲ့ရာက ေပ်ာက္ခါနီးေနျပီျဖစ္ျပီး အရာေသးေသးေလးသာက်န္ေတာ့တာျဖစ္သည္။

က်င္ရႊင္က သူ႔ေနာက္ေက်ာကိုထိကာ မသိစိတ္အေလ်ာက္ ခါးဆန္႔ျပီး မတ္တပ္ရပ္ဖို႔လုပ္လုိက္ေပမယ့္ ရွဲန္းရွန္ရဲ႕ေကာက္ခ်ီျခင္းကုိ ခံလိုက္ရသည္။

......

သူ အသယ္ခံလုိက္ရတယ္

--ရွန္ရိက်င္းကလည္း မတ္တပ္ရပ္လာသည္

က်င္ရႊင္ : "......"

ကမာၻၾကီးက တစ္ပတ္လည္သြားကာ သူ႔ေနရာက ရွန္ရိက်င္းနဲ႔ ေျပာင္းသြားသည္။ သူက က်ယ္ျပန္႔ကာ သက္ေတာင့္သက္သာရွိတဲ့ထုိင္ခံုမွာ ထုိင္ေနျပီး ရွန္ရိက်င္းက သူ႔ေဘးမွာ မတ္တပ္ရပ္ေနသည္။

အဲ့ေနာက္ တံခါးေခါက္သံထြက္ေပၚလာ၏။

ရွန္ရိက်င္းက သဘာဝက်က်ပဲ အေရွ႕ကုိလွည့္လိုက္ကာ က်င္ရႊင့္ကို ေနာက္ေက်ာေပးလိုက္သည္။

"ဝင္လာခဲ့"

ရုံးတံခါးက ပြင့္သြားသည္။ ေလွ်ာက္ဝင္လာတဲ့သူေတြကေတာ့ ရွီက်ီပင္းနဲ႔ ဓာတ္ခြဲခန္းရဲ႕ၾကီးၾကပ္သူအျပင္ ဘယ္သူျဖစ္ဦးမွာလဲ

အုပ္စုတစ္ခုလံုးပူးတြဲေဆြးေႏြးျပီးေနာက္၊ အလ်င္အျမန္အေျပးလုပ္လိုက္ျပီးေနာက္မွာ ေမာ္ဒယ္လ္အသစ္ရဲ႕အစီအစဥ္ကုိ ျပဳလုပ္ျပီးသြားျပီ။

ဒီလိုအရာမ်ိဳးက တတ္ႏုိင္သေလာက္ ျမန္ျမန္လုပ္ထားသင့္သည္။ ဘယ္အသစ္တီထြင္မႈမဆို ပထမဆံုးအခြင့္အေရးကို ရယူႏုိင္ရန္ အခ်ိန္ရသေလာက္ အျမန္လုပ္ဖို႔လိုသည္။ ၾကီးၾကပ္သူက မေႏွာင့္ေႏွးရဲတာေၾကာင့္ ဥကၠ႒ရွန္ သံုးသပ္ရန္အတြက္ ရွီက်ီပင္းကုိေခၚကာ အစီအစဥ္အားလာပို႔တာျဖစ္သည္။

ရုံးခန္းထဲဝင္ျပီးေနာက္ သူတုိ႔ျမင္လုိက္ရတာကေတာ့...

ဥကၠ႒ရွန္က ေဘးမွာမတ္တပ္ရပ္ေနတယ္။

Mrs.ရွန္ကေတာ့ သူ႔စားပြဲခံုမွာ ထုိင္ေနတယ္

ၾကီးၾကပ္သူနဲ႔ ရွီက်ီပင္း : "..."

ဥကၠ႒ရွန္က singleမဟုတ္ေတာ့ဘူးဆိုတာ အရင္က သူတုိ႔တကယ္မသိခဲ့ေပ။

အတင္းအဖ်င္းေတြနဲ႔ယွဥ္ရင္ သူတုိ႔ကုမၸဏီဝန္ထမ္းေတြက အျမဲတမ္းအလုပ္မွာပဲ ပုိျပီးနစ္ျမဳပ္ေနခဲ့တာျဖစ္သည္။

အထက္ကေန ေအာက္ေျခအထိ ဝန္ထမ္းအားလံုးက တစ္ဖက္လူရဲ႕ကုိယ္ေရးကုိယ္တာကိစၥေတြကုိ စပ္စုတဲ့အက်င့္မ်ိဳးမရွိၾကေပ၊ ဥကၠ႒ရွန္နဲ႔ ဆက္စပ္ေနတဲ့အရာကုိေတာ့ ထားလိုက္ေတာ့ေပါ့...

အစီအစဥ္ကုိ စားပြဲေပၚမွာ တင္လုိက္ရင္း ၾကီးၾကပ္သူက မေနႏုိင္ဘဲ ထုိင္ခံုေပၚက Mrs.ရွန္ကုိ တစ္ခ်က္ၾကည့္လိုက္မိသည္။

...ငါခုနတုန္းက ဘယ္လိုေတာင္ရူးမိုက္ခဲ့တာလဲ? ေဘာ့စ္ရဲ႕ဇနီးေလးကုိ ဓာတ္ခြဲခန္းရဲ႕လက္ေအာက္ငယ္သားတစ္ေယာက္အေနနဲ႔ အလုပ္ခန္႔ဖို႔ ၾကိဳးစားခဲ့တယ္?

အခုၾကည့္ရတာေတာ့ ေလဒီေဘာ့စ္က ဒီေနရာကုိ စစ္ေဆးဖုိ႔လာတာ အသိသာၾကီးပဲကုိ

သူက စစ္ေဆးေနစဥ္အေတာအတြင္း သူတုိ႔ုကို အကူအညီလက္တစ္ဖက္ ကမ္းခဲ့ရုံသာျဖစ္ျပီး သူတုိ႔ဌာနက ျပႆနာေသးေသးေလးကုိ ေျဖရွင္းရန္ကူညီေပးခဲ့တာျဖစ္သည္။

......

ေကာင္းျပီ ဒါကျပႆနာၾကီးၾကီးမားမားေတာ့မဟုတ္ေပ။

ေမာ္ဒယ္လ္ကိုသာ တကယ္လုပ္ႏုိင္ခဲ့ရင္ အဲ့ဒါက ခ်က္ခ်င္း ကုမၸဏီရဲ႕ေစ်းကြက္တန္ဖိုးကုိ ႏွစ္ဆျဖစ္သြားေစမွာပင္...

အားးးး!

ဒါကုိေတြးၾကည့္မိသြားေတာ့ ၾကီးၾကပ္သူက ထေအာ္ဟစ္ပစ္လိုက္ခ်င္မိတဲ့အထိ စိတ္လႈပ္ရွားလာသည္။

တကယ္ေတာ့ သူတုိ႔ဒါကုိေဆြးေႏြးတဲ့အခ်ိန္ ဒီေမာ္ဒယ္လ္ရဲ႕အလားအလာကုိ ျမင္ျပီးႏွင့္သားပင္...အဆံုးမွာေတာ့ ကုမၸဏီက ေနာက္ဆံုးေအာင္ေအာင္ျမင္ျမင္တည္ေဆာက္ခဲ့တဲ့ ေဒတာတူးေဖာ္တဲ့algorithmေမာ္ဒယ္လ္က အခြင့္အလမ္းေကာင္းသြားျပီး ခ်က္ခ်င္းပင္ ကမာၻတစ္ဝွမ္းမွာ ေက်ာ္ၾကားတဲ့ဝက္ဘ္ဆုိက္တစ္ခုျဖစ္လာသည္။

ဒီလိုသင္ခန္းစာေတြ သင္ယူခဲ့မႈႏွင့္အတူ အနာဂတ္ကိုၾကိဳခန္႔မွန္းလို႔ရေနျပီေလ။ ဘယ္သူက သူတို႔ရဲ႕စိတ္လႈပ္ရွားမႈကုိ ထိန္းခ်ဳပ္ႏုိင္မွာလဲ!

ေသခ်ာတာေပါ့ ဥကၠ႒ရွန္နဲ႔ Mrs.ရွန္ကေတာ့ အေတာ္ေလးတည္ျငိမ္ေနဆဲပင္။

ဒါေပမယ့္ ဒီလုိပံုစံအတုိင္းျဖင့္ ဥကၠ႒ရွန္နဲ႔ Mrs.ရွန္က အမွန္တကယ္ကုိ ၾကည့္ေကာင္းသည္။

တည္ၾကည္ျပီး အထက္တန္းက်တဲ့အသြင္အျပင္က အေရးမၾကီးေပ။ အေရးအၾကီးဆံုးအရာကေတာ့ ႏွစ္ေယာက္လံုးက အရည္အခ်င္းရွိတယ္၊ သေဘာထားၾကီးတယ္ ျပီးေတာ့ တူညီတဲ့ရည္မွန္းခ်က္ပန္းတုိင္ရွိတယ္။

ၾကီးၾကပ္သူရဲ႕ဦးေႏွာက္က အလုိအေလ်ာက္ ဥကၠ႒ရွန္နဲ႔ Mrs.ရွန္တုိ႔ရဲ႕ ေတြ႔ဆံုပံု၊ အခ်င္းခ်င္းသိပံုနဲ႔ ေနာက္ဆံုးမွာေတာ့ တူညီတဲ့စိတ္ဝင္စားမႈေၾကာင့္ အတူတူရွိသြားၾကပံုျမင္ကြင္းတုိ႔ကုိ ပံုေဖာ္ၾကည့္ေနသည္။

မ်က္ႏွာတစ္ခုတည္းပဲၾကည့္မယ္ဆုိရင္ Mr.ေရွာင္ယန္က နည္းနည္း မယံုၾကည္ႏုိင္ေလာက္ေအာင္ ငယ္ရြယ္တယ္ဆိုေသာ္ျငားလည္း...

ဘယ္သူက အဲ့ဒါကုိဂရုစိုက္မွာလဲ?

ဒီလိုေလဒီေဘာ့စ္နဲ႔ဆို ၾကီးၾကပ္သူရဲ႕အလုပ္လုပ္ျခင္းယံုၾကည္မႈေတြက အနည္းငယ္ပုိတုိးလာသည္။

သူတို႔ေတြက သူတို႔သုေတသနအတြင္းမွာ တစ္ဆို႔မႈေတြၾကံဳရမွာကုိ အေၾကာက္ဆံုးပင္။ဘာလို႔လဲဆိုေတာ့ သူတုိ႔မွာ ေျဖၾကားေပမယ့္ ဆရာမရွိလို႔ပင္။ ေမးခြန္းေတြအားလံုးကုိ ေဆြးေႏြးၾကျပီး နည္းလမ္းေတြဖန္တီးရန္ အတူတူသုေတသနျပဳၾကသည္။

ဒါေပမယ့္အခု ေလဒီေဘာ့စ္ရဲ႕ခြန္အားကုိ သူတို႔သိသြားျပီဆိုေတာ့ သူတို႔မေျဖရွင္းႏုိင္တဲ့ျပႆနာေတြအတြက္ သူတုိ႔အေျဖရွာႏုိင္ဆဲပင္...

သူ႔နံေဘးရွိ ရွီက်ီပင္းကေတာ့ ၾကီးၾကပ္သူလိုမ်ိဳး ရႈပ္ေထြးတဲ့အေတြးေတြမရွိေပ...သူက မသိစိတ္အေလ်ာက္ စားပြဲခံုေနာက္ရွိက်င္ရႊင္ကို ေငးၾကည့္ေနမိသည္။ ဥကၠ႒ရွန္စကားေျပာလာတဲ့အခ်ိန္ထိ သူကဘာမွမေတြးႏုိင္ေလာက္ေအာင္ နစ္ျမဳပ္ေနခဲ့တာပင္။

လြန္ခဲ့တဲ့တစ္ခဏမွာ ရွန္ရိက်င္းက အစီအစဥ္ရဲ႕အေၾကာင္းအရာေတြအားလံုးကုိ ေစ့ေစ့ၾကည့္ျပီးသြားျပီ။

သူ႔ရဲ႕ထူးမျခားနား မ်က္ခံုးေတြနဲ႔မ်က္ဝန္းေတြက တည္ၾကည္နက္ရိႈင္းေနကာ စစ္ပြဲထဲကုိ စစ္တပ္အားဦးေဆာင္သြားေတာ့မယ့္ ဘုရင္တစ္ပါးအတုိင္းပင္။ သူ႔အမူအရာကလည္း တည္ျငိမ္ေလးနက္ေနျပီး :
" ဒီေမာ္ဒယ္လ္ကုိ ဒီေန႔ပဲစတည္ေဆာက္ေတာ့။ ဝန္ထမ္းေတြက ဒီေဖာင္အတုိင္း လက္မွတ္ထိုးရမယ္။ မင္းတုိ႔အုပ္စုအရင္ကလုပ္ေနတဲ့ပေရာဂ်က္ကုိ စတုတၳအုပ္စုဆီလက္လႊဲလိုက္။ လႊဲေျပာင္းမႈလုပ္ရေအာင္ ငါသူတုိ႔ကို မင္းတို႔ဆီလာဖုိ႔ေျပာလိုက္မယ္"

ၾကီးၾကပ္သူ : "ေကာင္းပါျပီ ဥကၠ႒ရွန္"

"မင္းတို႔ တစ္ခုခုလိုအပ္ရင္ ငါ့ကိုတုိက္ရိုက္တင္ျပလို႔ရမယ္" ရွန္ရိက်င္းက အစီအစဥ္ကုိမပိတ္ဘဲ ျဖန္႔လိုက္ကာ က်င္ရႊင့္ေရွ႕ခ်ေပးလုိက္သည္။

သူ႔ရဲ႕ရွည္သြယ္သြယ္လက္ေခ်ာင္းေတြက ေတာက္ပစြာေရာင္ျပန္ဟပ္ေနတဲ့စားပြဲထက္ တေတာက္ေတာက္ျမည္ေအာင္ေခါက္ေနျပီး သူ႔အေရွ႕ရွိ ဝန္ထမ္းႏွစ္ေယာက္အား ေျပာလိုက္သည္ : " ဒီေမာ္ဒယ္လ္ကို ရက္ႏွစ္ဆယ္အတြင္းအျပီးတည္ေဆာက္ႏုိင္ဖို႔ ငါေမွ်ာ္လင့္တယ္။ အနည္းဆံုးေတာ့ ျပီးျပည့္စံုတဲ့ေရွ႕ေျပးပံုစံရရမယ္ လုပ္ႏုိင္လား?"

"...ဟုတ္ကဲ့"

ၾကီးၾကပ္သူက ဘာမွမေျပာရေသးဘဲ ရွီက်ီပင္းက တုန္႔ျပန္ႏွင့္ျပီးျပီ။

သဘာဝက်စြာပဲ ရွန္ရိက်င္းရဲ႕အၾကည့္က သူ႔ဆီက်ေရာက္လာ၏။ ျပိဳင္ဘက္ကင္းဂုဏ္သိကၡာတုိ႔ျဖင့္ အထက္စီးမွအၾကည့္က ရွီက်ီပင္းအား ေနရာမွာထုိင္ေနတဲ့လူဆီကေန သူ႔အာရုံကို ဆြဲခြာသြားေစျပီး ရုတ္ျခည္းသူေျပာလုိက္တာကို သေဘာေပါက္သြားေတာ့ သူ႔မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။

...ရက္ႏွစ္ဆယ္က အနည္းငယ္အားထုတ္ရမယ္

ဥကၠ႒ရွန္ဆီမွ ဒီလို"စူးစုိက္"ထားတဲ့အၾကည့္က လက္ခံရရွိဖုိ႔ရွားပါးျပီး သူ႔တစ္ကုိယ္လံုးကုိ လႊမ္းျခံဳသြားကာ အနည္းငယ္ေၾကာက္ရြံ႕ေစသည္။

ရွန္ရိက်င္းရဲ႕မ်က္လံုးေတြက နက္ေမွာင္ျပီး သူ႔အမူအရာကပံုမွန္အတုိင္းပင္ : "ေကာင္းျပီ"

"ဒီေမာ္ဒယ္လ္ကုိ မင္းအဆိုျပဳခဲ့တာမလား? အရမ္းစိတ္ကူးဥာဏ္ေကာင္းတယ္"

"..."

ဥကၠ႒ရွန္ဆီမွ ပထမဆုံးအၾကိမ္ခ်ီးက်ဴးခံရတုန္းက ရွီက်ီပင္းက မရည္ရြယ္ဘဲ အနည္းငယ္ရွက္သလိုျဖစ္မိသည္။

သူက သံုးဆယ္ရွိေနျပီျဖစ္ေသာ္ျငားလည္း ဥကၠ႒ရွန္က သူ႔ထက္ပုိငယ္တယ္ေလ...

ရွန္ရိက်င္းက အားေပးတဲ့စကားအခ်ိဳ႕ေျပာကာ ခ်က္ခ်င္းရက္ေရာတဲ့ကတိေတြ တစ္သီတစ္တန္းၾကီးေပးလိုက္၏။ သူက တုိက္ရုိက္ပဲ ဒီပေရာဂ်က္အတြက္ သုေတသနရန္ပံုေငြလည္း ပမာဏအမ်ားအျပားေပးမယ္လုိ႔ ထုတ္ျပန္လုိက္သည္။

သူက ကုမၸဏီကုိ အက်ိဳးျဖစ္ေစႏုိင္တဲ့အရည္အခ်င္းရွိလူေတြကုိ ဘယ္တုန္းကမွ မတြန္႔တုိခဲ့ဖူးေပ။

သဘာဝမက်တဲ့စကားေတြ တစ္လံုးမွရွိမေနဘဲ ဝန္ထမ္းေတြကိုေပးတဲ့ဆုလာဒ္အားလံုးက အစစ္အမွန္ေတြပင္။

ဝန္ထမ္းေတြကလည္း ဒါကုိသိတာေၾကာင့္ အလုပ္ေလထုအေျခအေနက အားေကာင္းတက္ၾကြေနတာပင္။

အခုလိုေပါ့ မူလက ဒီသုေတသနအတြက္ အပုိကုန္က်စရိတ္မရွိေပမယ့္ ဥကၠ႒ရွန္ ထုတ္ျပန္လိုက္တဲ့ဒီအရာအရ တကယ္ၾကီးလူတိုင္းကုိ ေဘာနပ္စ္ေပးမွာပင္။

ဥကၠ႒ရွန္က ရက္ေရာျပီး လူတုိင္းကသူ႔အတြက္အလုပ္လုပ္ေပးခ်င္ၾကသည္။ ၾကီးၾကပ္သူက ဘာမွထပ္မေျပာေတာ့ဘဲ ဘာကိစၥပဲရွိရွိ ရက္ႏွစ္ဆယ္အတြင္းမွာ ေမာ္ဒယ္လ္ကုိ အပ္ႏုိင္ေအာင္လုပ္ပါ့မယ္လုိ႔ ခ်က္ခ်င္းကတိေပးလိုက္သည္။

ရွန္ရိက်င္းက လက္မွတ္ထိုးေနတဲ့အခ်ိန္ ေနရာမွာထုိင္ေနတဲ့က်င္ရႊင္က အခြင့္အေရးကုိရယူကာ အစီအစဥ္ကုိလွန္ၾကည့္လုိက္သည္။

ဝန္ထမ္းအေျခအေနနဲ႔ စာရင္းျပဳတင္ျပထားတဲ့ အစီအစဥ္တစ္ခုလံုးအရ ရွန္ရိက်င္းေပးလုိက္တဲ့ရက္ႏွစ္ဆယ္က အေတာ္ေလးသင့္ေတာ္လို႔ သူခံစားရသည္။

ဒါက သုေတသနျပဳသူေတြအတြက္ အရမ္းခက္ခဲတဲ့အေျခအေနမ်ိဳးမဟုတ္ဘဲ အျမင့္ဆံုးကၽြမ္းက်င္မႈရရန္အတြက္ လံုေလာက္သည္။

ရွဲန္းရွန္က ဒီေမာ္ဒယ္လ္နဲ႔အေတာ္ေလးရင္းႏွီးတယ္ဆိုတာ ျမင္ႏုိင္သည္။

သူက ဒီဟာရဲ႕စီးပြားေရးတန္ဖိုးကုိ နားလည္ျပီး ခ်က္ခ်င္းဆံုးျဖတ္ခ်က္လုပ္ရဲရုံသာမကဘဲ ညႊန္ၾကားခ်က္ေတြကုိ ရွင္းရွင္းလင္းလင္းေပးရန္အတြက္ ခက္ခဲမႈအေျခအေနကုိ အဆင့္တစ္ခုထိနားလည္ကာ ေမာ္ဒယ္လ္တည္ေဆာက္ပံုရဲ႕အဆင့္အားလံုးနဲ႔ ပတ္သက္ျပီးေတာ့ ဗဟုသုတလည္းရွိေနသည္...

ဒါက က်င္ရႊင့္ကို ရွန္ရိက်င္းအား ပုိလို႔ေတာင္ေလးစားသြားေစသည္။

ရွဲန္းရွန္ မကၽြမ္းက်င္တဲ့အရာေရာရွိေသးလား?

ရွီက်ီပင္းနဲ႔ ၾကီးၾကပ္သူထြက္ခြာသြားျပီးေနာက္ ရွန္ရိက်င္းက သူ႔မ်က္လံုးကုိငံု႔ၾကည့္လုိက္ေတာ့ က်င္ရႊင့္မ်က္လံုးေတြက ပုိျပီးေတာ့ေတာက္ပေနတာကို ေတြ႔လိုက္ရသည္။

"......"

သူ႔ရဲ႕ျငီးေငြ႔ဖြယ္မ်က္ဝန္းေတြမွာ အပူခ်ိန္အနည္းငယ္စြန္းထင္လာသည္။ က်င္ရႊင္က လည္ပင္းေလးေစာင္းကာ သူ႔ကုိဒီလုိမ်ိဳးၾကည့္ေနတဲ့ပံုစံေလးကုိ သူၾကိဳက္သည္ ျပီးေတာ့ အဲ့မ်က္လံုးေတြကိုလည္း သူၾကိဳက္တယ္...မမွိတ္မသုန္ေငးၾကည့္ေနတဲ့မ်က္ဝန္းေတြ...ဒါကုိသေဘာမက်တဲ့သူအနည္းငယ္သာလွ်င္ ရွိလိမ့္မည္။

အထူးသျဖင့္ ဒီအခ်ိန္မွာ လူငယ္ေလးရဲ႕လက္ဝါးအရြယ္ ေခ်ာေမာတဲ့မ်က္ႏွာေလးက သူ႔ကုိမ်က္ႏွာခ်င္းဆိုင္ေနျပီး ရွန္ရိက်င္းမ်က္ဝန္းထဲမွာ က်င္ရႊင္ျဖင့္ျပည့္ေနသည္။

ထက္ျမေတာင့္တင္းေနတဲ့ႏႈတ္ခမ္းေထာင့္က အနည္းငယ္ေကာ့တက္သြားကာ ရွန္ရိက်င္းကေျပာလုိက္၏
"ဘာျဖစ္လို႔လဲ"

"ဘာမွမဟုတ္ပါဘူး" က်င္ရႊင္က သူ႔ကိုအရူးလို႔ထင္သြားမွာစိုးတာေၾကာင့္ ေခါင္းကုိအလ်င္အျမန္ခါယမ္းလိုက္ေတာ့ ရွန္ရိက်င္းက ျဖည္းညင္းစြာေျပာလာတာအား ၾကားလိုက္သည္: " ေမာ္ဒယ္လ္တည္ေဆာက္ျပီးတာနဲ႔ ကုမၸဏီက မီလီယံရာခ်ီျပီးျပန္ရလိမ့္မယ္ ေရွာင္ရႊင္ဘာဆုလိုခ်င္လဲ?"

"အာ ကၽြန္ေတာ္ဘာမွမလုိခ်င္ပါဘူး" က်င္ရႊင္က သူ႔ေခါင္းကုိ ခပ္သြက္သြက္ခါလုိက္၏။ သူက ေမာ္ဒယ္လ္ကို စိတ္ဝင္စားျပီး ဝင္မပါပဲမေနႏိုင္ျဖစ္ခဲ့ရုံသာပင္။

သူသာအခ်ိန္မီမေပၚလာခဲ့ရင္ ထိုေမာ္ဒယ္လ္က ျငင္းပယ္ခံရျပီး နစ္ျမဳပ္သြားမွာဆိုတဲ့အခ်က္ကို သူလံုးဝလ်စ္လ်ဴရႈထားခဲ့သည္။ ရွန္ရိက်င္းကုိ ကူညီရတာ ေကာင္းတယ္လို႔ပဲ က်င္ရႊင္ကေတြးခဲ့တာျဖစ္သည္။

အဆံုးမွာေတာ့...

က်င္ရႊင္က အျပင္ပုိင္းအရ ရွက္ေနေပမယ့္ တကယ္တမ္းမွာေတာ့ အလြန္အမင္းကိုေပ်ာ္ရႊင္ေနတာျဖစ္သည္။

" ရွဲန္းရွန္က ကၽြန္ေတာ့္ကုိ စူပါကြန္ျပဴတာေပးသံုးတာတင္ ေတာ္ေတာ္ေကာင္းေနပါျပီ။ ကၽြန္ေတာ္...ကၽြန္ေတာ္ အျခားဘာမွမလုိပါဘူး!"

"......"

တစ္ဖက္လူက သူ႔ရဲ႕ေစာဒကမတက္တဲ့အသြင္အျပင္ေၾကာင့္ သေဘာေတြ႔သြားတာလား ဒါမွမဟုတ္ သူ႔ရဲ႕ယဥ္ေက်းမႈေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္သြားတာလားေတာ့ သူမသိေပမယ့္ ရွန္ရိက်င္းက ရုတ္ျခည္းအျပံဳးတစ္ခုကုိ လွစ္ဟျပလာသည္။

က်င္ရႊင္က ဒါကိုျမင္လုိက္ရေတာ့ မ်က္လံုးေတြျပဴးက်ယ္သြား၏။

ရွဲန္းရွန္ျပံဳးတာကုိ သူ႔မ်က္လံုးေတြနဲ႔ တရားဝင္၊လံုးဝဥႆံုျမင္ဖူးတာ ဒါပထမဆံုးအၾကိမ္ပင္...ဒီခံစားခ်က္က..ဘယ္လုိေဖာ္ျပရမလဲဆိုေတာ့...

သက္ရွိျဖစ္တည္မႈအားလံုးကို ျဖဳတ္ခ်ႏုိင္တဲ့ခန္႔ညားမႈအျပင္ ရွဲန္းရွန္ျပံဳးလိုက္တဲ့အခ်ိန္ သူ႔မ်က္ဝန္းေတြက အနည္းငယ္ေကြးသြားသည္။

သူ႔မွာ နဂိုကတည္းက မ်က္စိဖမ္းစားႏုိင္တဲ့မက္မြန္ပြင့္မ်က္ဝန္းတစ္စံုႏွင့္အတူ ခန္႔ညားတဲ့မ်က္ႏွာရွိေနေပမယ့္ အျပံဳးတုိင္းက ထိပ္တန္းအလွေလးအေျမာက္အမ်ားကုိ ဆြဲေဆာင္ႏုိင္သည္။ တကယ္လို႔သူ႔ကုိေက်ာင္းမွာသာ ထားလုိက္ရင္ သံသယရွိစရာမလိုေအာင္ သူက*ေက်ာင္းျမက္ေလးျဖစ္လာမွာပင္။

[*ေက်ာင္းရွိအေခ်ာဆံုးအမ်ိဳးသား]

အလုပ္ခြင္မွာေတာ့ သူက ကုမၸဏီတစ္ခုလံုးရဲ႕မ်က္ႏွာစာပင္။

......

က်င္ရႊင္ၾကည့္ရတာအနည္းငယ္မိန္းေမာေနပံုေပၚေပမယ့္ ျပံဳးေနတုန္းျဖစ္တဲ့ရွန္ရိက်င္းက သူ႔လက္ကိုေျမွာက္ကာ လူငယ္ေလးေခါင္းေပၚက ဆံပင္အိအိေလးေတြကို ထိကိုင္လိုက္သည္။

Mr.ဗီလိန္ရဲ႕မ်က္ဝန္းေတြက ေလးနက္ကာရိုးေျဖာင့္ေနျပီး အလိုလိုက္ျခင္းတုိ႔ထင္ဟပ္ေနသည္ : "မင္းေမ့သြားျပီလား ဒီကုမၸဏီကလည္း ေရွာင္ရႊင့္ဟာပဲေလ"

သြယ္လ်လ်လက္ေခ်ာင္းေတြက သူ႔ေခါင္းထိပ္ကေန နားရြက္ဆီေရြ႕လာသည္။ ရွန္ရိက်င္းရဲ႕ ေအာက္ငိုက္စုိက္ထားတဲ့မ်က္လံုးထဲမွာ ပူေႏြးတဲ့အရာတစ္ခု သြန္ခ်ထားသလိုမ်ိဳးပင္။

" ဒါေၾကာင့္ အနာဂတ္မွာ ကိုယ္ခြင့္ျပဳလား ခြင့္မျပဳဘူးလားဆိုတာ စဥ္းစားဖို႔မင္းကိုခြင့္မျပဳေတာ့ဘူး၊ ျပီးေတာ့ "ကၽြန္ေတာ္လုပ္လို႔ရလား"ဆိုတဲ့ ေမးခြန္းမ်ိဳးကုိလည္း ေမးခြင့္မျပဳဘူး နားလည္ျပီလား"

က်င္ရႊင္ : "..."

ဒီမနက္သူတို႔ထြက္ခြာတဲ့အခ်ိန္မွာ ရွဲန္းရွန္က သူ႔ကုိေျပာျပခဲ့တယ္၊ ရိေဝ့က ရွန္ရိက်င္းဘာသာ တည္ေထာင္ထားျပီး ရွန္အုပ္စုကုိလံုးဝမွီခိုထားျခင္းမရွိတဲ့ ကုမၸဏီျဖစ္တာမို႔ ဒီေနရာ၌ သူ႔မွာေျပာခြင့္ဆုိခြင့္အျပည့္အဝရွိသည္။

အဲ့ေနာက္ သူတုိ႔က...လက္ထပ္ၾကေတာ့မွာဆုိေတာ့ ဆက္စပ္ၾကည့္ရင္ ရိေဝ့က သူနဲ႔လည္းပဲ သက္ဆုိင္သည္။

သို႔ေသာ္ျငားလည္း ထိုအခ်ိန္က သူအဲ့ဒါကုိ တကယ္မမွတ္ယူထားခဲ့ေပ။ ရွန္ရိက်င္းမွာ ဘာအခြင့္အလမ္းေတြရွိေနလဲဆိုတာ သူစိတ္ထဲမထားေပ။ ေကာင္းကင္ေပၚကေန ပုိင္မုန္႔အၾကီးၾကီးက်လာတဲ့အေျခအေနမ်ိဳးကုိ သူတစ္ခါမွ မေတြ႔ၾကံဳဖူးတာေၾကာင့္ သူထိုဟာကုိ မယူႏုိင္ခဲ့ေပ...

ကံေကာင္းစြာနဲ႔ က်င္ရႊင့္စိတ္က ျမန္ဆန္ေနဆဲပင္။

"ဒီလိုဆုိရင္ ရွဲန္းရွန္ ကၽြန္ေတာ့္ကို ဘာဆုမွေပးစရာမလိုေတာ့ဘူးေလ"

ဟုတ္တယ္ေလ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကသူ႔ဟာပဲေလ

ကုမၸဏီအတြက္ သူတစ္ခုခုလုပ္ေပးရမယ္!

က်င္ရႊင့္ႏႈတ္ခမ္းထက္မွာ အျပံဳးတစ္ခုျဖစ္တည္လာျပီး ဘဝင္ခုိက္မႈေသးေသးေလး တစ္စြန္းတစ္စပါဝင္ေနကာ ေကြးညြတ္ေနတဲ့မ်က္ခံုးေတြျဖင့္ ရွန္ရိက်င္းအားၾကည့္လုိက္သည္။

မေမွ်ာ္လင့္ထားစြာျဖင့္ ရွဲန္းရွန္က မျငင္းဆန္ခဲ့ေပ။

" အဲ့လိုေျပာလည္း ရပါတယ္"

သူ႔ရဲ႕နက္ေမွာင္ေနတဲ့မ်က္လံုးထဲမွာ အလင္းတစ္စျဖင့္ ရွန္ရိက်င္းက သူ႔ပါးစပ္ကုိဟလိုက္၏။ သူ႔အသံက စႏၵယားသံလိုမ်ိဳး သာယာေနသည္ : "ဒါဆို အရင္ဆံုး ေရွာင္ရႊင္ကုိယ့္ကုိဆုေပးထားရင္ေရာ ဘယ္လုိလဲ"

"အိုေကေလ"

ရွဲန္းရွန္မွာ ပုိင္ဆုိင္မႈေတြအမ်ားၾကီးရွိျပီး သူနဲ႔ခြဲေဝဖို႔ ဆႏၵရွိတယ္ေလ။ ဆုေလးတစ္ခုေတာင္းတာက သိပ္မမ်ားေပ။

တစ္ဖက္လူကုိ သူဘာေပးနုိင္ဘဲဆုိတာ မသိေပမယ့္လည္း...က်င္ရႊင္က ေခါင္းေလးကုိေစာင္းကာ ေသခ်ာနားေထာင္ေနသလို ဟန္ေဆာင္ျပီး ေမးလိုက္သည္
" ရွဲန္းရွန္က ဘာလိုခ်င္တာလဲ?"

ရွန္ရိက်င္းက တစ္ခဏေလာက္ေတြးျပီးေနာက္ေျပာလုိက္သည္
"ကုိယ္မင္းကုိ ကုိက္မယ္ဆိုရင္ေရာ?"

က်င္ရႊင္ : "......?"

ဒီလုိဆုလာဘ္မ်ိဳး ဘယ္မွာရွိလို႔တုန္း!

"ရွဲန္းရွန္...ဘယ္ေနရာကုိ..." ရုတ္ျခည္း အနည္းငယ္ေနာင္တရသြားကာ က်င္ရႊင္က မသိစိတ္အေလ်ာက္ သူ႔လည္ပင္းကုိ ဖံုးကာလုိက္သည္။

တကယ္တမ္းေတာ့ သူအကာကြယ္ခ်င္ဆံုးအရာက....ဒါေပမယ့္ အခုသူထုိင္ေနတာဆိုေတာ့ ေနာက္ေက်ာတစ္ခုလံုးက လံုျခံဳတယ္ေလ။

[Lilac-ကြက္လပ္ျဖည့္ေပးလုိက္ပါ့မယ္ တင္ပါးပါ ><]

ဒုတိယကာကြယ္ဖို႔အေကာင္းဆံုးေနရာကေတာ့ လည္ပင္းပဲ။

ရွန္ရိက်င္းရဲ႕မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြက က်ဥ္းေျမာင္းသြားေပမယ့္ မလႈပ္ရွားပဲ ေျပာလာသည္ : "ဒါမွမဟုတ္ မင္း...ကုိယ့္ကုိ တစ္ၾကိမ္ကုိက္မယ္ဆိုရင္ေရာ"

က်င္ရႊင္ : "......?"

ဒီေန႔ေခတ္မွာ ဒီလိုေတာင္းဆိုမႈမ်ိဳးလုပ္တဲ့သူေတြ ရွိေနတာလား?

ရွန္ရိက်င္း : "ဟုတ္တယ္ ကုိယ္ေရွာင္ရႊင္ကုိက္တာ ခံခ်င္တယ္"

"..."

ရွဲန္းရွန္ကဒါကုိ အလြန္တရားနည္းလမ္းက်တဲ့ေလသံျဖင့္ ေျပာလုိက္တာပင္။

ရွီက်ီပင္းကုိ ရက္ႏွစ္ဆယ္အတြင္း ျပီးစီးေအာင္လုပ္ဖို႔ေျပာတဲ့ေလသံနဲ႔ တစ္ထပ္တည္းပင္။

ဒါက က်င္ရႊင့္ကို ပိုလို႔ေတာင္ အံ့ၾသသြားေစသည္။ သူက မေနႏုိင္ဘဲ မ်က္လံုးပင့္ကာ ေမာ့ၾကည့္လုိက္သည္...ရွန္ရိက်င္းက အရပ္ရွည္ျပီး ေျခတံရွည္တစ္စံုကုိ ခပ္ေရးေရးေကြးထားရုံျဖင့္ စားပြဲခံုကုိ အလြယ္တကူမွီထားႏုိင္သည္။ သူ႔လႈပ္ရွားမႈေတြက အနည္းငယ္ ထိန္းမႏုိင္သိမ္းမရျဖစ္ေနသလိုပင္။

အဲ့ထိန္းမႏုိင္သိမ္းမရျဖစ္မႈထဲမွာ တည္ၾကည္မႈျပင္းျပင္းျပျပလည္း ရွိေနေသးသည္။ က်င္ရႊင့္ျမင္ကြင္းထဲမွာ ျပန္႔ေနေအာင္မီးပူတုိက္ထားတဲ့ေဘာင္းဘီရွည္က ရွဲန္းရွန္ရဲ႕ ျပီးျပည့္စံုေသာေျခေထာက္သ႑ာန္ကုိ ဖံုးအုပ္ထားျပီး အဲ့အထက္မွာေတာ့ သူ႔ရဲ႕မွီထားတဲ့အင္အားအျပည့္ခါး၊ ရင္အုပ္က်ယ္က်ယ္နဲ႔ပခံုးက်ယ္က်ယ္တုိ႔ပင္။

သူက ျပတင္းေပါက္ကုိ မ်က္ႏွာခ်င္းဆိုင္ေနတာေၾကာင့္ အျပင္ဘက္မွအလင္းေရာင္အားလံုးက သူ႔ကုိရုိက္ခတ္ေနသည္။ ရွန္ရိက်င္းက လူ႔ျပည္ကုိဆင္းသက္လာေသာ နတ္ဘုရားတစ္ပါးလုိမ်ိဳး သူ႔ကုိၾကည့္ေနသည္။

ဒါကုိျမင္ေတာ့ က်င္ရႊင့္အသံက အက္ရွသြားကာ တစ္ခဏၾကာျပီးေနာက္ သူေျပာလုိက္သည္
" ...ရွဲန္းရွန္က ဘယ္ေနရာကို ကုိက္ေစခ်င္တာလဲ"

"ဘယ္ေနရာမဆို အဆင္ေျပတယ္"

ရွန္ရိက်င္းက တကယ္ကို စားပြဲခံုမွာ ကုိယ္တစ္ဝက္မွီထားတဲ့သူ႔ပံုစံကုိထိန္းသိမ္းထားကာ က်င္ရႊင့္ကို ဆႏၵရွိသလို ေရြးခ်ယ္ခြင့္ေပးထားသည္။

လူႏွစ္ေယာက္သာရွိတဲ့ အလံုပိတ္ရုံးခန္းထဲမွာ သူ႔အသံကပိုျပီးအက္ရွလာသည္။
" မင္းၾကိဳက္သလိုေရြးခ်ယ္လို႔ရတယ္"

"ဒါဆို..." က်င္ရႊင္က မသိစိတ္အေလ်ာက္ ပူေလာင္ေနတဲ့သူ႔မ်က္ႏွာကို ထိကုိင္လုိက္ကာ : "ဒါဆို ကၽြန္ေတာ္...ရွဲန္းရွန္ရဲ႕ေတာင္းဆုိမႈကုိ ျဖည့္စည္းေပးပါ့မယ္"

...တစ္ဖက္လူက ဒီလိုမ်ိဳးေတာင္းဆိုမႈလုပ္လာမွေတာ့ သူထပ္ျပီးယဥ္ေက်းမေနေတာ့ေပ။

ဟုတ္တယ္ေလ အျမဲတမ္း သူကပဲအကုိက္ခံေနရတဲ့သူမျဖစ္သင့္ဘူး ဟုတ္တယ္မလား?

သူကေငးၾကည့္ကာ ဂရုတစိုက္ေလ့လာလုိက္သည္။ က်င္ရႊင္က ေနာက္ဆံုးေတာ့ မတ္တပ္ရပ္လုိက္ကာ သူ႔အၾကည့္က ရွန္ရိက်င္းနက္ခ္တုိင္ဆီေရာက္သြားသည္။

"ရွဲန္းရွန္ နက္ခ္တုိင္ျဖည္လုိက္ပါ" က်င္ရႊင္ကေျပာ၏။

သူက အရမ္းကုိအေမွ်ာ္အျမင္ရွိတယ္လို႔ က်င္ရႊင္ခံစားရသည္။ ရွဲန္းရွန္က အျမဲတမ္းသူ႔လည္ပင္းကုိ ကုိက္တယ္ဆိုေတာ့ သူလည္း လည္ပင္းကုိပဲ ျပန္ကုိက္မယ္

ဒါေပမယ့္ ရွဲန္းရွန္ကုိက္တဲ့ေနရာက အရမ္းနိမ့္တာမို႔ သူလည္းပဲ နိမ့္နိမ့္ကုိက္ရမယ္ ဟင္း..ဥကၠ႒ရွန္ သူ႔မ်က္ႏွာကိုထိန္းသိမ္းဖို႔လံုေလာက္ေအာင္ေပါ့။

သို႔တုိင္ ရွန္ရိက်င္းက လႈပ္ရွားဖို႔ရည္ရြယ္ခ်က္လံုးဝမရွိပံုေပ။

ဥကၠ႒ရွန္ရဲ႕ဆိုလိုရင္းက အရမ္းကုိရွင္းသည္။ သူဘယ္ေနရာကို ကိုက္ခ်င္လဲ သူ႔ဘာသာလုပ္ရမယ္..အားလံုးက သူ႔စြမ္းရည္ေပၚပဲ မူတည္တယ္။

က်င္ရႊင့္ရဲ႕ယံုရခက္ေနတဲ့အၾကည့္ကုိျမင္ေတာ့ သူက စာရြက္စာတမ္းတစ္ခုုကိုေတာင္ ဆြဲထုတ္ကာ အဲ့ဒါကုိ တည္တည္ျငိမ္ျငိမ္နဲ႔ ဖတ္ေန၏။

က်င္ရႊင္ : "......"

မဟုတ္ေသးဘူး သူက ရွဲန္းရွန္ရဲ႕ေတာင္းဆိုမႈကုိ ျဖည့္စည္းေပးဖို႔ ၾကိဳးစားေနတာ အသိသာၾကီးေလ

အေၾကာင္းမဟုတ္ပါဘူး

ေဘးဘက္ကေန ၾကည့္ရင္း သူ႔အာရုံကုိ ရွဲန္းရွန္ရဲ႕ရွည္လ်ားေျဖာင့္တန္းတဲ့မ်က္ေတာင္ေတြက ဆြဲေခၚသြားသည္။ တစ္ဖက္လူကုိ ဂရုစိုက္ဖို႔ အစီအစဥ္မရွိသလိုမ်ိဳး သူ႔မ်က္လံုးေတြက အရမ္းၾကည့္ေကာင္းတာပဲလို႔ က်င္ရႊင္ခံစားရသည္။

သူကလက္ကိုဆြဲထုတ္ကာ ရွန္ရိက်င္းရဲ႕နက္ခ္တုိင္ကုိ ျငင္သာစြာဆြဲလိုက္၏။

ေသခ်ာတာေပါ့ တစ္ခုလံုးကုိ လံုးဝအျပည့္ျဖည္ဖို႔ မလိုေပ နည္းနည္းေလးေလ်ာ့သြားရင္ ရျပီ

နက္ခ္တုိင္က ေလ်ာ့ရဲသြားကာ က်င္ရႊင္က တုန္ယင္စြာျဖင့္ လည္ပင္းၾကယ္သီးကုိ စတင္ျဖဳတ္လုိက္သည္။

ဒါက သူတစ္စံုတစ္ေယာက္ကုိ ၾကယ္သီးကူျဖည္ေပးတာ ပထမဆံုးအၾကိမ္မို႔ က်င္ရႊင့္လက္္ေတြက ဘာေၾကာင့္မွန္းမသိ အနည္းငယ္တုန္ခါေနသည္။

သူကအရမ္းအာရုံစုိက္ထားျပီး အဲ့အခ်ိန္၌ ရွန္ရိက်င္းက သူ႔လက္ထဲရွိ လႈပ္ရွားမႈေတြကို ရပ္တန္႔ကာ အမူအရာမဲ့စြာ တစ္ဝက္မွီထားရင္း သူ႔အားမမွိတ္မသုန္စိုက္ၾကည့္ေနတာကုိေတာင္ သတိမထားမိေပ။

......

ေနာက္ဆံုးမွာေတာ့ ၾကယ္သီးျပဳတ္သြားျပီ

လည္အဟိုက္ကလည္း အနည္းငယ္ပြင့္သြားျပီး ရွဲန္းရွန္ရဲ႕Adam appleနဲ႔ ထင္ရွားတဲ့ညွပ္ရိုးအနည္းငယ္ကုိေတာင္ သူျမင္ႏုိင္သည္။

က်င္ရႊင္က သူ႔မ်က္လံုးေတြကုိ အားတက္သေရာပိတ္လိုက္ျပီး ေနာက္ဆံုးမွာေတာ့ ဆက္သြားလိုက္သည္။

မြန္းလြဲေနက ပ်င္းတိပ်င္းရြဲျဖင့္ ျဖာက်ေနသည္ ေတာက္ပတဲ့ရုံးခန္းထဲမွာ အျဖဴေရာင္ရွပ္ကို ဝတ္ဆင္ထားတဲ့ပိန္ပိန္ပါးပါးလူငယ္ေလးက တည္ၾကည္ေလးနက္တဲ့မ်က္ႏွာျဖင့္ရွိေနျပီး သူ႔မ်က္လံုးေတြက စိတ္လႈပ္ရွားေနသည္။ သူက ျဖည္းညင္းစြာျဖင့္ သူ႔ေခါင္းကို ရွန္ရိက်င္းရဲ႕တစ္ဝက္ပြင့္ေနတဲ့ေကာ္လံထဲ ျမွဳပ္ႏွံလုိက္၏။

နီရဲရဲႏႈတ္ခမ္းပါးေတြက ခပ္ေရးေရးပြင့္လာေပမယ့္ က်င္ရႊင္က "အာဝူး"ဆိုတဲ့ဟာလုိမ်ိဳး တစ္ခုခုေျပာထြက္လာခါနီးမွာ ရုံးခန္းတံခါးက ရုတ္တရက္ၾကီး တြန္းဖြင့္ခံလိုက္ရသည္။

လူႏွစ္ေယာက္က အရွိန္ျဖင့္ဝင္ေရာက္လာသည္။

"ကၽြန္မေတာင္းပန္ပါတယ္ ဥကၠ႒ရွန္...အာ့ေရွာက္က..." ေစာဒကတက္ေနတဲ့အသံက ခ်က္ခ်င္းရပ္တန္႔သြားသည္။

[အာ့ေရွာက္ = ဒုတိယသခင္ေလး]

အရွိန္ျဖင့္ဝင္ေရာက္လာတဲ့လူႏွစ္ေယာက္က တံခါးဝမွာ ေအးခဲသြားျပီး ရုံးစားပြဲေနာက္ရွိက်င္ရႊင္ကလည္း လံုးဝၾကက္ေသ,ေသသြားသည္။

"......"

တကယ္တမ္းမွာေတာ့ က်င္ရႊင္က ကုိက္တဲ့အခ်ိန္မွာ တကယ္ၾကီးမကုိက္ခ်လိုက္ဘဲ အရာေပၚေအာင္ ျဖည္းျဖည္းခ်င္းကိုက္မလို႔စီစဥ္ထားတာပင္။

ဒါေပမယ့္ သူအနည္းငယ္စိတ္လႈပ္ရွားေနတဲ့အခ်ိန္ဆုိေတာ့ သူ႔အာရုံအားလံုးကုိ အလြဲဧကန္အရမ္းအာရုံစုိက္ထားတာပင္။

အဲ့အခ်ိန္မွာ က်ယ္ေလာင္တဲ့ဘန္းခနဲအသံက ဝင္ေရာက္လာျပီး သူ႔အလုပ္ေပၚမွာ အာရုံုုစုိက္ထားတဲ့လူကလည္း သဘာဝက်စြာပင္ ထိတ္လန္႔သြား၏။

ထုိ႔ေၾကာင့္ သူ႔အာရုံကုိေလွ်ာ့ခ်လုိက္ရန္ က်ရႈံးသြားသည္။

--သူ႔ေရွ႕သြားက ရွန္ရိက်င္း ေဘးလည္ပင္းကုိ ျပင္းထန္စြာထိုးေဖာက္သြားျပီး ခ်က္ခ်င္းဆုိသလို နီနီရဲရဲသြားအရာၾကီးေပၚလာသည္...

သူ႔ရဲ႕အေစာကတည္းက ရွက္ေသြးျဖာေနတဲ့ပါးျပင္ေပၚမွာ အျပစ္ရွိစိတ္တို႔ ထင္ဟပ္လာသည္။ က်င္ရႊင္က တံခါးဘက္ကုိ လံုးဝမၾကည့္ဘဲ ရွန္ရိက်င္းကုိ အလ်င္အျမန္စစ္ေဆးလိုက္သည္။ သဘာဝက်စြာပင္ သူက ခုနကတံခါးကုိခ်ိဳးဖ်က္ဝင္ေရာက္လာျပီး ဒီျမင္ကြင္းအား ျမင္သြားတဲ့ရွန္ေပၚဟန္ကုိ လံုးဝသတိမျပဳမိေပ။ ရွန္ေပၚဟန္ရဲ႕မ်က္ႏွာက စိမ္းပုပ္သြားကာ ဘာစကားတစ္လံုးမွမေျပာဘဲ ခက္ထန္စြာအံၾကိတ္လိုက္သည္။

အဲ့အစား အာ့ေရွာက္ကို တားဆီးဖို႔က်ရႈံးခဲ့တဲ့အတြင္းေရးမွဴးေလးက ထိတ္လန္႔အံ့အားသင့္သြားသည္။

......ရုံးအတြင္းမွာ နီရဲေနတဲ့မ်က္ႏွာနဲ႔လူငယ္ေလးက ဥကၠ႒ရွန္ရဲ႕လည္ပင္းကုိ တြဲခိုထားသည္။

နဂိုကတည္းက ေအးစက္ကာတည္ၾကည္တဲ့ ဥကၠ႒ရွန္ကေတာ့...သူ႔အမူအရာက တည္ျငိမ္ျပီးေလးနက္ေနဆဲဆုိေပမယ့္ သူ႔ရဲ႕နက္ခ္တုိင္က မၾကံဳစဖူး ေျပေလ်ာ့ေနကာ သူ႔ေကာ္လံက တစ္ဝက္ပြင့္ေနသည္။

[Lilac- ဒီေန႔မွာ 50ထိတင္ေပးခ်င္လို႔သာ မနည္းအားတင္းျပီးေရးထားတာ၊ Chapter 48နဲ႔ 50က တကယ္ကုိအရွည္ၾကီးပဲ😿]
........................❤

//Unicode //

တစ်ခဏခန့်အနားယူကာ နေ့လည်စာစားပြီးနောက် ကျင်ရွှင်က အချိန်အများကြီးကို AIဓာတ်ခွဲခန်းမှာ ကစားရင်းဖြင့်ကုန်ဆုံးခဲ့သည်။ သူထွက်ခွာလာတဲ့အချိန် ကျင်ရွှင်က စိတ်လှုပ်ရှားနေဆဲပင်။

သူ့အတွက်တော့ ဒီရိဝေ့အဆောက်အဦးကြီးက အစစ်အမှန် အပန်းဖြေဥယျာဉ်ကြီးပင်။

ဂိမ်းကစားဖို့အတွက် ဂိမ်းစက်လိုအပ်ပြီး အွန်လိုင်းဂိမ်းအတွက် အင်တာနက်နဲ့ကွန်ပြူတာလိုအပ်သလိုပဲ ကျင်ရွှင့်အတွက်ကတော့ အဲ့စူပါကွန်ပြူတာကြီးနဲ့ အခြားစက်ပစ္စည်းတွေက သူ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့အရာတွေပင်။

သူတကယ်ကစားချင်တဲ့ အဲ့ဂိမ်းစက်(စူပါကွန်ပြူတာကြီး)က အရမ်းဈေးကြီးလွန်းနေရုံပင်။ ပြီးတော့ တစ်ကမ္ဘာလုံးမှာလည်း အနည်းငယ်ပဲရှိသည်။

သူ ဒီစာအုပ်ထဲကို မကူးပြောင်းလာခင်တုန်းက စူပါကွန်ပြူတာကို သူ့ကိုယ်ပိုင်အတွက် အသုံးပြုဖို့ ဒါမှမဟုတ် သူလုပ်ချင်တာလုပ်ဖို့ အခွင့်အာဏာမျိုး ကျင်ရွှင့်မှာမရှိပေ။

ဒါပေမယ့် ဒီနေရာမှာတော့ သူ့အိပ်မက်က အမှန်တကယ်ဖြစ်လာပြီ!

ဒီလိုစာအုပ်ထဲကူးပြောင်းလာတာက အကျိုးအမြတ်အကြီးကြီးရှိမှန်း အရင်ကသူမသိခဲ့ပေ။

သူ့ဘဝမှာ ဒီလောက်ကောင်းတဲ့အချိန်မျိုး မရှိခဲ့ဖူးဘူး!

ဒါပေမယ့် သူစိတ်လှုပ်ရှားနေသော်ငြားလည်း တစ်ခဏကြာ ဒေတာတွေကို runကြည့်ပြီးနောက်မှာ ကျင်ရွှင်က အခြားအရာတွေကို ဆက်လုပ်ပြီး အတွေ့အကြုံဆက်ယူချင်တဲ့စိတ်ကို ဖိနှိပ်လိုက်ရသည်- ဒီစက်က အရမ်းအဖိုးတန်လွန်းတယ် ပြီးတော့ ဒီနေရာမှာ အကြာကြီးနေနေရင် ဓာတ်ခွဲခန်းကိုနှောင့်ယှက်မိပြီး အခြားလူတွေရဲ့အလုပ်လုပ်မှု ဖြစ်စဉ်ကို သက်ရောက်သွားလိမ့်မယ်

ဒီအကြောင်းပြချက်အတွက် အနည်းငယ်စမ်းကြည့်ပြီးနောက်မှာ ကျင်ရွှင်က ကွန်ပြူတာကိုချန်ထားရစ်ခဲ့ဖို့ ရွေးချယ်လိုက်သည်။

--သူပြန်သွားပြီး သေသေချာချာတွေးရမယ် အရင်က သူ့ရဲ့သုတေသနအားလုံးကို ပြန်တွေးပြီး ဘယ်တစ်ခုက ဒီစက်ကိုအသုံးပြုဖို့ထိုက်တန်လဲဆိုတာကို ရှာဖွေကာ ပြီးမှ ဒေတာတွေ runဖို့ ဒီကိုပြန်လာရမယ်!

ကုမ္ပဏီမှ ဒီကွန်ပြူတာရဲ့ တွက်ချက်မှုအရှိန်နဲ့ လုပ်ဆောင်ချက်တွေအရ သူအကြံအများစုကို လက်လျှော့ခဲ့ရတယ် ဘာကြောင့်လဲဆိုတော့ သူ့ဒါကို အပြည့်အဝအသုံးပြုနိုင်ရန် အချိန်၊ စွမ်းအင်နဲ့ ငွေကြေးထောက်ပံ့မှုအလုံအလောက်မရှိဘူးဆိုတာကို သဘောပေါက်သွားလို့ပင်…

*ကျင်ရွှင်က သူ့ဓားကိုထက်နေအောင် သွေးလိုက်သည်။ လူတစ်ကိုယ်လုံး တက်ကြွနေတာကြောင့် သူရှန်ရိကျင်းဖြင့် ရုံးခန်းကိုပြန်ရောက်ချိန် သူစိတ်လှုပ်ရှားနေဆဲပင်။

[*တစ်စုံတစ်ခု မပြုလုပ်ခင်အသေအချာ အပြည့်အဝပြင်ဆင်ခြင်း]

သူက အမြဲတမ်းပြုံးကာ တက်ကြွမှုတို့အပြည့်ဆိုပေမယ့် ကျင်ရွှင်က ဒီလိုပျော်ရွှင်အားရကျေနပ်တဲ့အမူအရာမျိုး တစ်ခါမှမပြသဖူးပေ။

သူက အမြဲတမ်း လူငယ်လေးတစ်ယောက်ရဲ့ထင်မြင်မှုမျိုးပေးပေမယ့် ဂန္ဓမာပန်းကဲ့သို့ပေါ့ပါးသည်*

[*စရိုက်ကိုဖော်ပြခြင်း။“လူတွေက ဂန္ဓမာပန်းလိုပေါ့ပါးတယ်” ဆိုတာက ဂုဏ်တက်မှု၊ဝင့်ကြွားမှုတို့ကို မတောင်းဆိုတဲ့လူကိုဖော်ပြတယ် သူတို့တွေက ရိုးရှင်းပြီး ဂုဏ်သတင်းကျော်စောမှုနဲ့ ကံကြမ္မာကို ဂရုမစိုက်ပေ]

သူစိတ်ပျက်တာကို မင်းမြင်ရခဲသလို သူရရှိလိုက်တဲ့အရာကြောင့် အထူးဝမ်းသာတာမျိုးလည်း မြင်ရခဲသည်။

လူငယ်လေး ဒီလောက်ပျော်နေတာကို ရှန်ရိကျင်းပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

သူ့ရဲ့ရှည်လျားကာဆွဲဆန့်ထားတဲ့နှုတ်ခမ်းထောင့်တွေက မနေနိုင်တော့ဘဲ အကွေးလေးတစ်ခုကိုပြသလာသည်။ သူကကျင်ရွှင်ကိုမေးလိုက်၏ :“အဲ့လောက်ပျော်လား”

“အွန်း-အွန်း” ညွှန်ပြတဲ့မေးသွယ်သွယ်လေးက လျင်မြန်စွာဖြင့် နှစ်ကြိမ်လှုပ်ခတ်သွားကာ ကျင်ရွှင်က မျက်လုံးတောက်တောက်လေးတွေဖြင့် ခေါင်းညိတ်ပြလိုက်သည် : ”ကျွန်တော်အရမ်းပျော်တယ်”

ကျင်ရွှင်က မနေနိုင်ဘဲ အရှေ့သွားကာ ရှန်ရိကျင်းရှေ့က စားပွဲခုံကြီးပတ်လည်ကို လျှောက်သွားလိုက်၏။ စူပါကွန်ပြူတာကို ချဉ်းကပ်ခဲ့သလိုမျိုးပဲ အခုသူ့မှာ ရှဲန်းရှန်အတွက် အချစ်ခံစားချက်တစ်ခုရှိနေသည်*

[*တစ်စုံတစ်ခုကို အရမ်းသဘောကျတာမို့ မခွဲရက်မခွာရက်တောင်ဖြစ်နေခြင်း]

ဒီကမ္ဘာမှာ အာဏာရှိလူတွေအများကြီးရှိပေမယ့် အနည်းငယ်ကသာလျှင် ကွန်ပြူတာတစ်လုံးကို သုတေသနလုပ်ပြီးတည်ဆောက်ရန်အတွက် မီလီယံရာပေါင်းများစွာ ဒါမှမဟုတ် တစ်ဘီလီယံကို ကုန်ကျခံဖို့ ဆန္ဒရှိကြသည်။

အဆုံးမှာတော့ သုတေသနအားလုံးက အစောပိုင်းအခြေအနေမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေနဲ့အချိန်တွေအများကြီးလိုအပ်သည်။ ဒါပေမယ့် သုတေသနအများစုက နောက်ဆုံးမှာ စီးပွားရေးတန်ဖိုးတစ်ခုအဖြစ် အောင်အောင်မြင်မြင်ပြောင်းလဲရန် ကျရှုံးသွားတတ်သည်။ ဒါက လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ်အထောက်ကူပြုနိုင်ပေမယ့် တူညီတဲ့ငွေပမာဏပြန်ရဖို့တော့ မဖြစ်နိုင်ပေ။

ကျင်ရွှင်က ဥပမာတွေအများကြီးမြင်ဖူးတာမို့ ဒီအချက်ကို အကောင်းဆုံးသိသည်။

ဒါပေမယ့် ရှန်ရိကျင်းကတော့ ကွက်တိကို အဲ့လိုလုပ်ခဲ့သည်။

Mr.ဗီလိန်က သတ္တိရှိတဲ့သူတစ်ယောက်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သူက ကြီးမားတဲ့အရာတွေကိုလုပ်ချင်တဲ့လူတစ်ယောက်လည်း ဖြစ်သည်။

ရှဲန်းရှန်ရဲ့ရည်မှန်းချက်တွေက သူတွေးထားတာထက် ပိုပြီးကြီးမားနေတာလည်း ဖြစ်နိုင်တာပဲ…

ကျင်ရွှင်က မသိစိတ်အလျောက် ရှန်ရိကျင်းရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်-တစ်ဖက်လူက နေရာမှာထိုင်နေသည်။ ဒီတစ်ကြိမ်မှာတော့ သိပ္ပံနဲ့နည်းပညာကို ဖြန့်ဝေဖို့ သတ္တိရှိတဲ့ Mr.ဗီလိန်လိုလူမျိုးကို မော့ကြည့်ဖို့လိုတယ်လို့ သူခံစားရသည်။

နေရာမှာဆောင့်ကြောင့်ထိုင်လိုက်တဲ့ ကျင်ရွှင်က အလိုအလျောက် ယဉ်ကျေးပြီး နက်ရှိုင်းတဲ့အမူအရာဖြင့် ရှန်ရိကျင်းရဲ့ဒူးကိုဆွဲယူလိုက်သည်။ သူ့ရဲ့စိတ်လှုပ်ရှားမှုနဲ့ လေးစားမှုကိုဘယ်လိုဖော်ပြရမယ်မှန်း မသိတာကြောင့် တစ်ဖက်လူကို တောက်ပတဲ့မျက်လုံးကြီးတွေနဲ့ ကြည့်နေရုံသာတတ်နိုင်သည်။

ရှန်ရိကျင်းကလည်း သဘာဝကျစွာပဲ သူ့ကိုကြည့်လာသည်။ လူငယ်လေးရဲ့မျက်နှာအသွင်အပြင်က လုံးဝကိုချောမွေ့နေပြီး သူ့ရဲ့မျက်နှာဖြူဖြူလေးက သူ့ကိုမျက်နှာချင်းဆိုင်နေတာ အလွန်အမင်း နူးညံ့သိမ်မွေ့ပြီး ချောမောတဲ့အဝတ်ရုပ်လေးလိုပင်။

ပြီးတော့ ဒီအဝတ်ရုပ်လေးက အခု သူ့ဒူးပေါ်မှာ တည်ရှိနေကာ သူ့ကိုမမှိတ်မသုန်ကြည့်နေသည်…
“…ကျင်ရွှင်”

ရှန်ရိကျင်းရဲ့မျက်ခွံတွေက ရုတ်ခြည်းညွတ်ကျသွားကာ သူ့ရဲ့ရှည်လျားထူထဲတဲ့မျက်တောင်ရှည်တွေက သူ့မျက်လုံးအောက်ခြေက ခံစားချက်တွေကို အကြီးအကျယ်ဖုံးကွယ်သွားသည်။ သူ့အသံက နိမ့်ဆင်းနေ၏
“ ထတော့ မင်းနောက်ကျောက ဒဏ်ရာက အခုထိအပြည့်အဝမကောင်းသေးဘူး”

“…”

ကျင်ရွှင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ တစ်စုံတစ်ခုက သူ့နှလုံးသားကို ဖွဖွလေးထိုးနေသလိုမျိုး သူအနည်းငယ်ယားယံလာကာ ရယ်ချင်လာသည်။

--ရဲဝံ့တဲ့အရာတစ်ခုကို လုပ်ခဲ့တဲ့လူကြီးလူကောင်းအမျိုးသားက ဒီအခိုက်အတန့်မှာ သူ့နောက်ကျောက ဒဏ်ရာကို စိတ်ပူပေးနေဆဲပင်

သို့ပေမယ့် ဒီမနက်က ဆေးထည့်တဲ့အချိန်မှာ ပွန်းပဲ့ရာက ပျောက်ခါနီးနေပြီဖြစ်ပြီး အရာသေးသေးလေးသာကျန်တော့တာဖြစ်သည်။

ကျင်ရွှင်က သူ့နောက်ကျောကိုထိကာ မသိစိတ်အလျောက် ခါးဆန့်ပြီး မတ်တပ်ရပ်ဖို့လုပ်လိုက်ပေမယ့် ရှဲန်းရှန်ရဲ့ကောက်ချီခြင်းကို ခံလိုက်ရသည်။

……

သူ အသယ်ခံလိုက်ရတယ်

--ရှန်ရိကျင်းကလည်း မတ်တပ်ရပ်လာသည်

ကျင်ရွှင် : “……”

ကမ္ဘာကြီးက တစ်ပတ်လည်သွားကာ သူ့နေရာက ရှန်ရိကျင်းနဲ့ ပြောင်းသွားသည်။ သူက ကျယ်ပြန့်ကာ သက်တောင့်သက်သာရှိတဲ့ထိုင်ခုံမှာ ထိုင်နေပြီး ရှန်ရိကျင်းက သူ့ဘေးမှာ မတ်တပ်ရပ်နေသည်။

အဲ့နောက် တံခါးခေါက်သံထွက်ပေါ်လာ၏။

ရှန်ရိကျင်းက သဘာဝကျကျပဲ အရှေ့ကိုလှည့်လိုက်ကာ ကျင်ရွှင့်ကို နောက်ကျောပေးလိုက်သည်။

“ဝင်လာခဲ့”

ရုံးတံခါးက ပွင့်သွားသည်။ လျှောက်ဝင်လာတဲ့သူတွေကတော့ ရှီကျီပင်းနဲ့ ဓာတ်ခွဲခန်းရဲ့ကြီးကြပ်သူအပြင် ဘယ်သူဖြစ်ဦးမှာလဲ

အုပ်စုတစ်ခုလုံးပူးတွဲဆွေးနွေးပြီးနောက်၊ အလျင်အမြန်အပြေးလုပ်လိုက်ပြီးနောက်မှာ မော်ဒယ်လ်အသစ်ရဲ့အစီအစဉ်ကို ပြုလုပ်ပြီးသွားပြီ။

ဒီလိုအရာမျိုးက တတ်နိုင်သလောက် မြန်မြန်လုပ်ထားသင့်သည်။ ဘယ်အသစ်တီထွင်မှုမဆို ပထမဆုံးအခွင့်အရေးကို ရယူနိုင်ရန် အချိန်ရသလောက် အမြန်လုပ်ဖို့လိုသည်။ ကြီးကြပ်သူက မနှောင့်နှေးရဲတာကြောင့် ဥက္ကဋ္ဌရှန် သုံးသပ်ရန်အတွက် ရှီကျီပင်းကိုခေါ်ကာ အစီအစဉ်အားလာပို့တာဖြစ်သည်။

ရုံးခန်းထဲဝင်ပြီးနောက် သူတို့မြင်လိုက်ရတာကတော့…

ဥက္ကဋ္ဌရှန်က ဘေးမှာမတ်တပ်ရပ်နေတယ်။

Mrs.ရှန်ကတော့ သူ့စားပွဲခုံမှာ ထိုင်နေတယ်

ကြီးကြပ်သူနဲ့ ရှီကျီပင်း : “…”

ဥက္ကဋ္ဌရှန်က singleမဟုတ်တော့ဘူးဆိုတာ အရင်က သူတို့တကယ်မသိခဲ့ပေ။

အတင်းအဖျင်းတွေနဲ့ယှဉ်ရင် သူတို့ကုမ္ပဏီဝန်ထမ်းတွေက အမြဲတမ်းအလုပ်မှာပဲ ပိုပြီးနစ်မြုပ်နေခဲ့တာဖြစ်သည်။

အထက်ကနေ အောက်ခြေအထိ ဝန်ထမ်းအားလုံးက တစ်ဖက်လူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို စပ်စုတဲ့အကျင့်မျိုးမရှိကြပေ၊ ဥက္ကဋ္ဌရှန်နဲ့ ဆက်စပ်နေတဲ့အရာကိုတော့ ထားလိုက်တော့ပေါ့…

အစီအစဉ်ကို စားပွဲပေါ်မှာ တင်လိုက်ရင်း ကြီးကြပ်သူက မနေနိုင်ဘဲ ထိုင်ခုံပေါ်က Mrs.ရှန်ကို တစ်ချက်ကြည့်လိုက်မိသည်။

…ငါခုနတုန်းက ဘယ်လိုတောင်ရူးမိုက်ခဲ့တာလဲ? ဘော့စ်ရဲ့ဇနီးလေးကို ဓာတ်ခွဲခန်းရဲ့လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ အလုပ်ခန့်ဖို့ ကြိုးစားခဲ့တယ်?

အခုကြည့်ရတာတော့ လေဒီဘော့စ်က ဒီနေရာကို စစ်ဆေးဖို့လာတာ အသိသာကြီးပဲကို

သူက စစ်ဆေးနေစဉ်အတောအတွင်း သူတို့ုကို အကူအညီလက်တစ်ဖက် ကမ်းခဲ့ရုံသာဖြစ်ပြီး သူတို့ဌာနက ပြဿနာသေးသေးလေးကို ဖြေရှင်းရန်ကူညီပေးခဲ့တာဖြစ်သည်။

……

ကောင်းပြီ ဒါကပြဿနာကြီးကြီးမားမားတော့မဟုတ်ပေ။

မော်ဒယ်လ်ကိုသာ တကယ်လုပ်နိုင်ခဲ့ရင် အဲ့ဒါက ချက်ချင်း ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးကို နှစ်ဆဖြစ်သွားစေမှာပင်…

အားးးး!

ဒါကိုတွေးကြည့်မိသွားတော့ ကြီးကြပ်သူက ထအော်ဟစ်ပစ်လိုက်ချင်မိတဲ့အထိ စိတ်လှုပ်ရှားလာသည်။

တကယ်တော့ သူတို့ဒါကိုဆွေးနွေးတဲ့အချိန် ဒီမော်ဒယ်လ်ရဲ့အလားအလာကို မြင်ပြီးနှင့်သားပင်…အဆုံးမှာတော့ ကုမ္ပဏီက နောက်ဆုံးအောင်အောင်မြင်မြင်တည်ဆောက်ခဲ့တဲ့ ဒေတာတူးဖော်တဲ့algorithmမော်ဒယ်လ်က အခွင့်အလမ်းကောင်းသွားပြီး ချက်ချင်းပင် ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ဝက်ဘ်ဆိုက်တစ်ခုဖြစ်လာသည်။

ဒီလိုသင်ခန်းစာတွေ သင်ယူခဲ့မှုနှင့်အတူ အနာဂတ်ကိုကြိုခန့်မှန်းလို့ရနေပြီလေ။ ဘယ်သူက သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်မှာလဲ!

သေချာတာပေါ့ ဥက္ကဋ္ဌရှန်နဲ့ Mrs.ရှန်ကတော့ အတော်လေးတည်ငြိမ်နေဆဲပင်။

ဒါပေမယ့် ဒီလိုပုံစံအတိုင်းဖြင့် ဥက္ကဋ္ဌရှန်နဲ့ Mrs.ရှန်က အမှန်တကယ်ကို ကြည့်ကောင်းသည်။

တည်ကြည်ပြီး အထက်တန်းကျတဲ့အသွင်အပြင်က အရေးမကြီးပေ။ အရေးအကြီးဆုံးအရာကတော့ နှစ်ယောက်လုံးက အရည်အချင်းရှိတယ်၊ သဘောထားကြီးတယ် ပြီးတော့ တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ရှိတယ်။

ကြီးကြပ်သူရဲ့ဦးနှောက်က အလိုအလျောက် ဥက္ကဋ္ဌရှန်နဲ့ Mrs.ရှန်တို့ရဲ့ တွေ့ဆုံပုံ၊ အချင်းချင်းသိပုံနဲ့ နောက်ဆုံးမှာတော့ တူညီတဲ့စိတ်ဝင်စားမှုကြောင့် အတူတူရှိသွားကြပုံမြင်ကွင်းတို့ကို ပုံဖော်ကြည့်နေသည်။

မျက်နှာတစ်ခုတည်းပဲကြည့်မယ်ဆိုရင် Mr.ရှောင်ယန်က နည်းနည်း မယုံကြည်နိုင်လောက်အောင် ငယ်ရွယ်တယ်ဆိုသော်ငြားလည်း…

ဘယ်သူက အဲ့ဒါကိုဂရုစိုက်မှာလဲ?

ဒီလိုလေဒီဘော့စ်နဲ့ဆို ကြီးကြပ်သူရဲ့အလုပ်လုပ်ခြင်းယုံကြည်မှုတွေက အနည်းငယ်ပိုတိုးလာသည်။

သူတို့တွေက သူတို့သုတေသနအတွင်းမှာ တစ်ဆို့မှုတွေကြုံရမှာကို အကြောက်ဆုံးပင်။ဘာလို့လဲဆိုတော့ သူတို့မှာ ဖြေကြားပေမယ့် ဆရာမရှိလို့ပင်။ မေးခွန်းတွေအားလုံးကို ဆွေးနွေးကြပြီး နည်းလမ်းတွေဖန်တီးရန် အတူတူသုတေသနပြုကြသည်။

ဒါပေမယ့်အခု လေဒီဘော့စ်ရဲ့ခွန်အားကို သူတို့သိသွားပြီဆိုတော့ သူတို့မဖြေရှင်းနိုင်တဲ့ပြဿနာတွေအတွက် သူတို့အဖြေရှာနိုင်ဆဲပင်…

သူ့နံဘေးရှိ ရှီကျီပင်းကတော့ ကြီးကြပ်သူလိုမျိုး ရှုပ်ထွေးတဲ့အတွေးတွေမရှိပေ…သူက မသိစိတ်အလျောက် စားပွဲခုံနောက်ရှိကျင်ရွှင်ကို ငေးကြည့်နေမိသည်။ ဥက္ကဋ္ဌရှန်စကားပြောလာတဲ့အချိန်ထိ သူကဘာမှမတွေးနိုင်လောက်အောင် နစ်မြုပ်နေခဲ့တာပင်။

လွန်ခဲ့တဲ့တစ်ခဏမှာ ရှန်ရိကျင်းက အစီအစဉ်ရဲ့အကြောင်းအရာတွေအားလုံးကို စေ့စေ့ကြည့်ပြီးသွားပြီ။

သူ့ရဲ့ထူးမခြားနား မျက်ခုံးတွေနဲ့မျက်ဝန်းတွေက တည်ကြည်နက်ရှိုင်းနေကာ စစ်ပွဲထဲကို စစ်တပ်အားဦးဆောင်သွားတော့မယ့် ဘုရင်တစ်ပါးအတိုင်းပင်။ သူ့အမူအရာကလည်း တည်ငြိမ်လေးနက်နေပြီး :
“ ဒီမော်ဒယ်လ်ကို ဒီနေ့ပဲစတည်ဆောက်တော့။ ဝန်ထမ်းတွေက ဒီဖောင်အတိုင်း လက်မှတ်ထိုးရမယ်။ မင်းတို့အုပ်စုအရင်ကလုပ်နေတဲ့ပရောဂျက်ကို စတုတ္ထအုပ်စုဆီလက်လွှဲလိုက်။ လွှဲပြောင်းမှုလုပ်ရအောင် ငါသူတို့ကို မင်းတို့ဆီလာဖို့ပြောလိုက်မယ်”

ကြီးကြပ်သူ : “ကောင်းပါပြီ ဥက္ကဋ္ဌရှန်”

“မင်းတို့ တစ်ခုခုလိုအပ်ရင် ငါ့ကိုတိုက်ရိုက်တင်ပြလို့ရမယ်” ရှန်ရိကျင်းက အစီအစဉ်ကိုမပိတ်ဘဲ ဖြန့်လိုက်ကာ ကျင်ရွှင့်ရှေ့ချပေးလိုက်သည်။

သူ့ရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေက တောက်ပစွာရောင်ပြန်ဟပ်နေတဲ့စားပွဲထက် တတောက်တောက်မြည်အောင်ခေါက်နေပြီး သူ့အရှေ့ရှိ ဝန်ထမ်းနှစ်ယောက်အား ပြောလိုက်သည် : “ ဒီမော်ဒယ်လ်ကို ရက်နှစ်ဆယ်အတွင်းအပြီးတည်ဆောက်နိုင်ဖို့ ငါမျှော်လင့်တယ်။ အနည်းဆုံးတော့ ပြီးပြည့်စုံတဲ့ရှေ့ပြေးပုံစံရရမယ် လုပ်နိုင်လား?”

“…ဟုတ်ကဲ့”

ကြီးကြပ်သူက ဘာမှမပြောရသေးဘဲ ရှီကျီပင်းက တုန့်ပြန်နှင့်ပြီးပြီ။

သဘာဝကျစွာပဲ ရှန်ရိကျင်းရဲ့အကြည့်က သူ့ဆီကျရောက်လာ၏။ ပြိုင်ဘက်ကင်းဂုဏ်သိက္ခာတို့ဖြင့် အထက်စီးမှအကြည့်က ရှီကျီပင်းအား နေရာမှာထိုင်နေတဲ့လူဆီကနေ သူ့အာရုံကို ဆွဲခွာသွားစေပြီး ရုတ်ခြည်းသူပြောလိုက်တာကို သဘောပေါက်သွားတော့ သူ့မျက်နှာက ဖြူဖျော့သွားသည်။

…ရက်နှစ်ဆယ်က အနည်းငယ်အားထုတ်ရမယ်

ဥက္ကဋ္ဌရှန်ဆီမှ ဒီလို“စူးစိုက်”ထားတဲ့အကြည့်က လက်ခံရရှိဖို့ရှားပါးပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ အနည်းငယ်ကြောက်ရွံ့စေသည်။

ရှန်ရိကျင်းရဲ့မျက်လုံးတွေက နက်မှောင်ပြီး သူ့အမူအရာကပုံမှန်အတိုင်းပင် : “ကောင်းပြီ”

“ဒီမော်ဒယ်လ်ကို မင်းအဆိုပြုခဲ့တာမလား? အရမ်းစိတ်ကူးဉာဏ်ကောင်းတယ်”

“…”

ဥက္ကဋ္ဌရှန်ဆီမှ ပထမဆုံးအကြိမ်ချီးကျူးခံရတုန်းက ရှီကျီပင်းက မရည်ရွယ်ဘဲ အနည်းငယ်ရှက်သလိုဖြစ်မိသည်။

သူက သုံးဆယ်ရှိနေပြီဖြစ်သော်ငြားလည်း ဥက္ကဋ္ဌရှန်က သူ့ထက်ပိုငယ်တယ်လေ…

ရှန်ရိကျင်းက အားပေးတဲ့စကားအချို့ပြောကာ ချက်ချင်းရက်ရောတဲ့ကတိတွေ တစ်သီတစ်တန်းကြီးပေးလိုက်၏။ သူက တိုက်ရိုက်ပဲ ဒီပရောဂျက်အတွက် သုတေသနရန်ပုံငွေလည်း ပမာဏအများအပြားပေးမယ်လို့ ထုတ်ပြန်လိုက်သည်။

သူက ကုမ္ပဏီကို အကျိုးဖြစ်စေနိုင်တဲ့အရည်အချင်းရှိလူတွေကို ဘယ်တုန်းကမှ မတွန့်တိုခဲ့ဖူးပေ။

သဘာဝမကျတဲ့စကားတွေ တစ်လုံးမှရှိမနေဘဲ ဝန်ထမ်းတွေကိုပေးတဲ့ဆုလာဒ်အားလုံးက အစစ်အမှန်တွေပင်။

ဝန်ထမ်းတွေကလည်း ဒါကိုသိတာကြောင့် အလုပ်လေထုအခြေအနေက အားကောင်းတက်ကြွနေတာပင်။

အခုလိုပေါ့ မူလက ဒီသုတေသနအတွက် အပိုကုန်ကျစရိတ်မရှိပေမယ့် ဥက္ကဋ္ဌရှန် ထုတ်ပြန်လိုက်တဲ့ဒီအရာအရ တကယ်ကြီးလူတိုင်းကို ဘောနပ်စ်ပေးမှာပင်။

ဥက္ကဋ္ဌရှန်က ရက်ရောပြီး လူတိုင်းကသူ့အတွက်အလုပ်လုပ်ပေးချင်ကြသည်။ ကြီးကြပ်သူက ဘာမှထပ်မပြောတော့ဘဲ ဘာကိစ္စပဲရှိရှိ ရက်နှစ်ဆယ်အတွင်းမှာ မော်ဒယ်လ်ကို အပ်နိုင်အောင်လုပ်ပါ့မယ်လို့ ချက်ချင်းကတိပေးလိုက်သည်။

ရှန်ရိကျင်းက လက်မှတ်ထိုးနေတဲ့အချိန် နေရာမှာထိုင်နေတဲ့ကျင်ရွှင်က အခွင့်အရေးကိုရယူကာ အစီအစဉ်ကိုလှန်ကြည့်လိုက်သည်။

ဝန်ထမ်းအခြေအနေနဲ့ စာရင်းပြုတင်ပြထားတဲ့ အစီအစဉ်တစ်ခုလုံးအရ ရှန်ရိကျင်းပေးလိုက်တဲ့ရက်နှစ်ဆယ်က အတော်လေးသင့်တော်လို့ သူခံစားရသည်။

ဒါက သုတေသနပြုသူတွေအတွက် အရမ်းခက်ခဲတဲ့အခြေအနေမျိုးမဟုတ်ဘဲ အမြင့်ဆုံးကျွမ်းကျင်မှုရရန်အတွက် လုံလောက်သည်။

ရှဲန်းရှန်က ဒီမော်ဒယ်လ်နဲ့အတော်လေးရင်းနှီးတယ်ဆိုတာ မြင်နိုင်သည်။

သူက ဒီဟာရဲ့စီးပွားရေးတန်ဖိုးကို နားလည်ပြီး ချက်ချင်းဆုံးဖြတ်ချက်လုပ်ရဲရုံသာမကဘဲ ညွှန်ကြားချက်တွေကို ရှင်းရှင်းလင်းလင်းပေးရန်အတွက် ခက်ခဲမှုအခြေအနေကို အဆင့်တစ်ခုထိနားလည်ကာ မော်ဒယ်လ်တည်ဆောက်ပုံရဲ့အဆင့်အားလုံးနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတလည်းရှိနေသည်…

ဒါက ကျင်ရွှင့်ကို ရှန်ရိကျင်းအား ပိုလို့တောင်လေးစားသွားစေသည်။

ရှဲန်းရှန် မကျွမ်းကျင်တဲ့အရာရောရှိသေးလား?

ရှီကျီပင်းနဲ့ ကြီးကြပ်သူထွက်ခွာသွားပြီးနောက် ရှန်ရိကျင်းက သူ့မျက်လုံးကိုငုံ့ကြည့်လိုက်တော့ ကျင်ရွှင့်မျက်လုံးတွေက ပိုပြီးတော့တောက်ပနေတာကို တွေ့လိုက်ရသည်။

“……”

သူ့ရဲ့ငြီးငွေ့ဖွယ်မျက်ဝန်းတွေမှာ အပူချိန်အနည်းငယ်စွန်းထင်လာသည်။  ကျင်ရွှင်က လည်ပင်းလေးစောင်းကာ သူ့ကိုဒီလိုမျိုးကြည့်နေတဲ့ပုံစံလေးကို သူကြိုက်သည် ပြီးတော့ အဲ့မျက်လုံးတွေကိုလည်း သူကြိုက်တယ်…မမှိတ်မသုန်ငေးကြည့်နေတဲ့မျက်ဝန်းတွေ…ဒါကိုသဘောမကျတဲ့သူအနည်းငယ်သာလျှင် ရှိလိမ့်မည်။

အထူးသဖြင့် ဒီအချိန်မှာ လူငယ်လေးရဲ့လက်ဝါးအရွယ် ချောမောတဲ့မျက်နှာလေးက သူ့ကိုမျက်နှာချင်းဆိုင်နေပြီး ရှန်ရိကျင်းမျက်ဝန်းထဲမှာ ကျင်ရွှင်ဖြင့်ပြည့်နေသည်။

ထက်မြတောင့်တင်းနေတဲ့နှုတ်ခမ်းထောင့်က အနည်းငယ်ကော့တက်သွားကာ ရှန်ရိကျင်းကပြောလိုက်၏
“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး” ကျင်ရွှင်က သူ့ကိုအရူးလို့ထင်သွားမှာစိုးတာကြောင့် ခေါင်းကိုအလျင်အမြန်ခါယမ်းလိုက်တော့ ရှန်ရိကျင်းက ဖြည်းညင်းစွာပြောလာတာအား ကြားလိုက်သည်: “ မော်ဒယ်လ်တည်ဆောက်ပြီးတာနဲ့ ကုမ္ပဏီက မီလီယံရာချီပြီးပြန်ရလိမ့်မယ် ရှောင်ရွှင်ဘာဆုလိုချင်လဲ?”

“အာ ကျွန်တော်ဘာမှမလိုချင်ပါဘူး” ကျင်ရွှင်က သူ့ခေါင်းကို ခပ်သွက်သွက်ခါလိုက်၏။ သူက မော်ဒယ်လ်ကို စိတ်ဝင်စားပြီး ဝင်မပါပဲမနေနိုင်ဖြစ်ခဲ့ရုံသာပင်။

သူသာအချိန်မီမပေါ်လာခဲ့ရင် ထိုမော်ဒယ်လ်က ငြင်းပယ်ခံရပြီး နစ်မြုပ်သွားမှာဆိုတဲ့အချက်ကို သူလုံးဝလျစ်လျူရှုထားခဲ့သည်။ ရှန်ရိကျင်းကို ကူညီရတာ ကောင်းတယ်လို့ပဲ ကျင်ရွှင်ကတွေးခဲ့တာဖြစ်သည်။

အဆုံးမှာတော့…

ကျင်ရွှင်က အပြင်ပိုင်းအရ ရှက်နေပေမယ့် တကယ်တမ်းမှာတော့ အလွန်အမင်းကိုပျော်ရွှင်နေတာဖြစ်သည်။

“ ရှဲန်းရှန်က ကျွန်တော့်ကို စူပါကွန်ပြူတာပေးသုံးတာတင် တော်တော်ကောင်းနေပါပြီ။ ကျွန်တော်…ကျွန်တော် အခြားဘာမှမလိုပါဘူး!”

“……”

တစ်ဖက်လူက သူ့ရဲ့စောဒကမတက်တဲ့အသွင်အပြင်ကြောင့် သဘောတွေ့သွားတာလား ဒါမှမဟုတ် သူ့ရဲ့ယဉ်ကျေးမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတာလားတော့ သူမသိပေမယ့် ရှန်ရိကျင်းက ရုတ်ခြည်းအပြုံးတစ်ခုကို လှစ်ဟပြလာသည်။

ကျင်ရွှင်က ဒါကိုမြင်လိုက်ရတော့ မျက်လုံးတွေပြူးကျယ်သွား၏။

ရှဲန်းရှန်ပြုံးတာကို သူ့မျက်လုံးတွေနဲ့ တရားဝင်၊လုံးဝဥဿုံမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်…ဒီခံစားချက်က..ဘယ်လိုဖော်ပြရမလဲဆိုတော့…

သက်ရှိဖြစ်တည်မှုအားလုံးကို ဖြုတ်ချနိုင်တဲ့ခန့်ညားမှုအပြင် ရှဲန်းရှန်ပြုံးလိုက်တဲ့အချိန် သူ့မျက်ဝန်းတွေက အနည်းငယ်ကွေးသွားသည်။

သူ့မှာ နဂိုကတည်းက မျက်စိဖမ်းစားနိုင်တဲ့မက်မွန်ပွင့်မျက်ဝန်းတစ်စုံနှင့်အတူ ခန့်ညားတဲ့မျက်နှာရှိနေပေမယ့် အပြုံးတိုင်းက ထိပ်တန်းအလှလေးအမြောက်အများကို ဆွဲဆောင်နိုင်သည်။ တကယ်လို့သူ့ကိုကျောင်းမှာသာ ထားလိုက်ရင် သံသယရှိစရာမလိုအောင် သူက*ကျောင်းမြက်လေးဖြစ်လာမှာပင်။

[*ကျောင်းရှိအချောဆုံးအမျိုးသား]

အလုပ်ခွင်မှာတော့ သူက ကုမ္ပဏီတစ်ခုလုံးရဲ့မျက်နှာစာပင်။

         ……

ကျင်ရွှင်ကြည့်ရတာအနည်းငယ်မိန်းမောနေပုံပေါ်ပေမယ့် ပြုံးနေတုန်းဖြစ်တဲ့ရှန်ရိကျင်းက သူ့လက်ကိုမြှောက်ကာ လူငယ်လေးခေါင်းပေါ်က ဆံပင်အိအိလေးတွေကို ထိကိုင်လိုက်သည်။

Mr.ဗီလိန်ရဲ့မျက်ဝန်းတွေက လေးနက်ကာရိုးဖြောင့်နေပြီး အလိုလိုက်ခြင်းတို့ထင်ဟပ်နေသည် : “မင်းမေ့သွားပြီလား ဒီကုမ္ပဏီကလည်း ရှောင်ရွှင့်ဟာပဲလေ”

သွယ်လျလျလက်ချောင်းတွေက သူ့ခေါင်းထိပ်ကနေ နားရွက်ဆီရွေ့လာသည်။ ရှန်ရိကျင်းရဲ့ အောက်ငိုက်စိုက်ထားတဲ့မျက်လုံးထဲမှာ ပူနွေးတဲ့အရာတစ်ခု သွန်ချထားသလိုမျိုးပင်။

“ ဒါကြောင့် အနာဂတ်မှာ ကိုယ်ခွင့်ပြုလား ခွင့်မပြုဘူးလားဆိုတာ စဉ်းစားဖို့မင်းကိုခွင့်မပြုတော့ဘူး၊ ပြီးတော့ “ကျွန်တော်လုပ်လို့ရလား”ဆိုတဲ့ မေးခွန်းမျိုးကိုလည်း မေးခွင့်မပြုဘူး နားလည်ပြီလား”

ကျင်ရွှင် : “…”

ဒီမနက်သူတို့ထွက်ခွာတဲ့အချိန်မှာ ရှဲန်းရှန်က သူ့ကိုပြောပြခဲ့တယ်၊ ရိဝေ့က ရှန်ရိကျင်းဘာသာ တည်ထောင်ထားပြီး ရှန်အုပ်စုကိုလုံးဝမှီခိုထားခြင်းမရှိတဲ့ ကုမ္ပဏီဖြစ်တာမို့ ဒီနေရာ၌ သူ့မှာပြောခွင့်ဆိုခွင့်အပြည့်အဝရှိသည်။

အဲ့နောက် သူတို့က…လက်ထပ်ကြတော့မှာဆိုတော့ ဆက်စပ်ကြည့်ရင် ရိဝေ့က သူနဲ့လည်းပဲ သက်ဆိုင်သည်။

သို့သော်ငြားလည်း ထိုအချိန်က သူအဲ့ဒါကို တကယ်မမှတ်ယူထားခဲ့ပေ။ ရှန်ရိကျင်းမှာ ဘာအခွင့်အလမ်းတွေရှိနေလဲဆိုတာ သူစိတ်ထဲမထားပေ။ ကောင်းကင်ပေါ်ကနေ ပိုင်မုန့်အကြီးကြီးကျလာတဲ့အခြေအနေမျိုးကို သူတစ်ခါမှ မတွေ့ကြုံဖူးတာကြောင့် သူထိုဟာကို မယူနိုင်ခဲ့ပေ…

ကံကောင်းစွာနဲ့ ကျင်ရွှင့်စိတ်က မြန်ဆန်နေဆဲပင်။

“ဒီလိုဆိုရင် ရှဲန်းရှန် ကျွန်တော့်ကို ဘာဆုမှပေးစရာမလိုတော့ဘူးလေ”

ဟုတ်တယ်လေ ဘယ်လိုပဲဖြစ်ဖြစ် ဒါကသူ့ဟာပဲလေ

ကုမ္ပဏီအတွက် သူတစ်ခုခုလုပ်ပေးရမယ်!

ကျင်ရွှင့်နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုဖြစ်တည်လာပြီး ဘဝင်ခိုက်မှုသေးသေးလေး တစ်စွန်းတစ်စပါဝင်နေကာ ကွေးညွတ်နေတဲ့မျက်ခုံးတွေဖြင့် ရှန်ရိကျင်းအားကြည့်လိုက်သည်။

မမျှော်လင့်ထားစွာဖြင့် ရှဲန်းရှန်က မငြင်းဆန်ခဲ့ပေ။

“ အဲ့လိုပြောလည်း ရပါတယ်”

သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးထဲမှာ အလင်းတစ်စဖြင့် ရှန်ရိကျင်းက သူ့ပါးစပ်ကိုဟလိုက်၏။ သူ့အသံက စန္ဒယားသံလိုမျိုး သာယာနေသည် : “ဒါဆို အရင်ဆုံး ရှောင်ရွှင်ကိုယ့်ကိုဆုပေးထားရင်ရော ဘယ်လိုလဲ”

“အိုကေလေ”

ရှဲန်းရှန်မှာ ပိုင်ဆိုင်မှုတွေအများကြီးရှိပြီး သူနဲ့ခွဲဝေဖို့ ဆန္ဒရှိတယ်လေ။ ဆုလေးတစ်ခုတောင်းတာက သိပ်မများပေ။

တစ်ဖက်လူကို သူဘာပေးနိုင်ဘဲဆိုတာ မသိပေမယ့်လည်း…ကျင်ရွှင်က ခေါင်းလေးကိုစောင်းကာ သေချာနားထောင်နေသလို ဟန်ဆောင်ပြီး မေးလိုက်သည်
“ ရှဲန်းရှန်က ဘာလိုချင်တာလဲ?”

ရှန်ရိကျင်းက တစ်ခဏလောက်တွေးပြီးနောက်ပြောလိုက်သည်
“ကိုယ်မင်းကို ကိုက်မယ်ဆိုရင်ရော?”

ကျင်ရွှင် : “……?”

ဒီလိုဆုလာဘ်မျိုး ဘယ်မှာရှိလို့တုန်း!

“ရှဲန်းရှန်…ဘယ်နေရာကို…” ရုတ်ခြည်း အနည်းငယ်နောင်တရသွားကာ ကျင်ရွှင်က မသိစိတ်အလျောက် သူ့လည်ပင်းကို ဖုံးကာလိုက်သည်။

တကယ်တမ်းတော့ သူအကာကွယ်ချင်ဆုံးအရာက….ဒါပေမယ့် အခုသူထိုင်နေတာဆိုတော့ နောက်ကျောတစ်ခုလုံးက လုံခြုံတယ်လေ။

[Lilac-ကွက်လပ်ဖြည့်ပေးလိုက်ပါ့မယ် တင်ပါးပါ ><]

ဒုတိယကာကွယ်ဖို့အကောင်းဆုံးနေရာကတော့ လည်ပင်းပဲ။

ရှန်ရိကျင်းရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေက ကျဉ်းမြောင်းသွားပေမယ့် မလှုပ်ရှားပဲ ပြောလာသည် : “ဒါမှမဟုတ် မင်း…ကိုယ့်ကို တစ်ကြိမ်ကိုက်မယ်ဆိုရင်ရော”

ကျင်ရွှင် : “……?”

ဒီနေ့ခေတ်မှာ ဒီလိုတောင်းဆိုမှုမျိုးလုပ်တဲ့သူတွေ ရှိနေတာလား?

ရှန်ရိကျင်း : “ဟုတ်တယ် ကိုယ်ရှောင်ရွှင်ကိုက်တာ ခံချင်တယ်”

“…”

ရှဲန်းရှန်ကဒါကို အလွန်တရားနည်းလမ်းကျတဲ့လေသံဖြင့် ပြောလိုက်တာပင်။

ရှီကျီပင်းကို ရက်နှစ်ဆယ်အတွင်း ပြီးစီးအောင်လုပ်ဖို့ပြောတဲ့လေသံနဲ့ တစ်ထပ်တည်းပင်။

ဒါက ကျင်ရွှင့်ကို ပိုလို့တောင် အံ့သြသွားစေသည်။ သူက မနေနိုင်ဘဲ မျက်လုံးပင့်ကာ မော့ကြည့်လိုက်သည်…ရှန်ရိကျင်းက အရပ်ရှည်ပြီး ခြေတံရှည်တစ်စုံကို ခပ်ရေးရေးကွေးထားရုံဖြင့် စားပွဲခုံကို အလွယ်တကူမှီထားနိုင်သည်။ သူ့လှုပ်ရှားမှုတွေက အနည်းငယ် ထိန်းမနိုင်သိမ်းမရဖြစ်နေသလိုပင်။

အဲ့ထိန်းမနိုင်သိမ်းမရဖြစ်မှုထဲမှာ တည်ကြည်မှုပြင်းပြင်းပြပြလည်း ရှိနေသေးသည်။ ကျင်ရွှင့်မြင်ကွင်းထဲမှာ ပြန့်နေအောင်မီးပူတိုက်ထားတဲ့ဘောင်းဘီရှည်က ရှဲန်းရှန်ရဲ့ ပြီးပြည့်စုံသောခြေထောက်သဏ္ဍာန်ကို ဖုံးအုပ်ထားပြီး အဲ့အထက်မှာတော့ သူ့ရဲ့မှီထားတဲ့အင်အားအပြည့်ခါး၊ ရင်အုပ်ကျယ်ကျယ်နဲ့ပခုံးကျယ်ကျယ်တို့ပင်။

သူက ပြတင်းပေါက်ကို မျက်နှာချင်းဆိုင်နေတာကြောင့် အပြင်ဘက်မှအလင်းရောင်အားလုံးက သူ့ကိုရိုက်ခတ်နေသည်။ ရှန်ရိကျင်းက လူ့ပြည်ကိုဆင်းသက်လာသော နတ်ဘုရားတစ်ပါးလိုမျိုး သူ့ကိုကြည့်နေသည်။

ဒါကိုမြင်တော့ ကျင်ရွှင့်အသံက အက်ရှသွားကာ တစ်ခဏကြာပြီးနောက် သူပြောလိုက်သည်
“ …ရှဲန်းရှန်က ဘယ်နေရာကို ကိုက်စေချင်တာလဲ”

“ဘယ်နေရာမဆို အဆင်ပြေတယ်”

ရှန်ရိကျင်းက တကယ်ကို စားပွဲခုံမှာ ကိုယ်တစ်ဝက်မှီထားတဲ့သူ့ပုံစံကိုထိန်းသိမ်းထားကာ ကျင်ရွှင့်ကို ဆန္ဒရှိသလို ရွေးချယ်ခွင့်ပေးထားသည်။

လူနှစ်ယောက်သာရှိတဲ့ အလုံပိတ်ရုံးခန်းထဲမှာ သူ့အသံကပိုပြီးအက်ရှလာသည်။
“ မင်းကြိုက်သလိုရွေးချယ်လို့ရတယ်”

“ဒါဆို…” ကျင်ရွှင်က မသိစိတ်အလျောက် ပူလောင်နေတဲ့သူ့မျက်နှာကို ထိကိုင်လိုက်ကာ : “ဒါဆို ကျွန်တော်…ရှဲန်းရှန်ရဲ့တောင်းဆိုမှုကို ဖြည့်စည်းပေးပါ့မယ်”

…တစ်ဖက်လူက ဒီလိုမျိုးတောင်းဆိုမှုလုပ်လာမှတော့ သူထပ်ပြီးယဉ်ကျေးမနေတော့ပေ။

ဟုတ်တယ်လေ အမြဲတမ်း သူကပဲအကိုက်ခံနေရတဲ့သူမဖြစ်သင့်ဘူး ဟုတ်တယ်မလား?

သူကငေးကြည့်ကာ ဂရုတစိုက်လေ့လာလိုက်သည်။ ကျင်ရွှင်က နောက်ဆုံးတော့ မတ်တပ်ရပ်လိုက်ကာ သူ့အကြည့်က ရှန်ရိကျင်းနက်ခ်တိုင်ဆီရောက်သွားသည်။

“ရှဲန်းရှန် နက်ခ်တိုင်ဖြည်လိုက်ပါ” ကျင်ရွှင်ကပြော၏။

သူက အရမ်းကိုအမျှော်အမြင်ရှိတယ်လို့ ကျင်ရွှင်ခံစားရသည်။ ရှဲန်းရှန်က အမြဲတမ်းသူ့လည်ပင်းကို ကိုက်တယ်ဆိုတော့ သူလည်း လည်ပင်းကိုပဲ ပြန်ကိုက်မယ်

ဒါပေမယ့် ရှဲန်းရှန်ကိုက်တဲ့နေရာက အရမ်းနိမ့်တာမို့ သူလည်းပဲ နိမ့်နိမ့်ကိုက်ရမယ် ဟင်း..ဥက္ကဋ္ဌရှန် သူ့မျက်နှာကိုထိန်းသိမ်းဖို့လုံလောက်အောင်ပေါ့။

သို့တိုင် ရှန်ရိကျင်းက လှုပ်ရှားဖို့ရည်ရွယ်ချက်လုံးဝမရှိပုံပေ။

ဥက္ကဋ္ဌရှန်ရဲ့ဆိုလိုရင်းက အရမ်းကိုရှင်းသည်။ သူဘယ်နေရာကို ကိုက်ချင်လဲ သူ့ဘာသာလုပ်ရမယ်..အားလုံးက သူ့စွမ်းရည်ပေါ်ပဲ မူတည်တယ်။

ကျင်ရွှင့်ရဲ့ယုံရခက်နေတဲ့အကြည့်ကိုမြင်တော့ သူက စာရွက်စာတမ်းတစ်ခုုကိုတောင် ဆွဲထုတ်ကာ အဲ့ဒါကို တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်နေ၏။

ကျင်ရွှင် : “……”

မဟုတ်သေးဘူး သူက ရှဲန်းရှန်ရဲ့တောင်းဆိုမှုကို ဖြည့်စည်းပေးဖို့ ကြိုးစားနေတာ အသိသာကြီးလေ

အကြောင်းမဟုတ်ပါဘူး

ဘေးဘက်ကနေ ကြည့်ရင်း သူ့အာရုံကို ရှဲန်းရှန်ရဲ့ရှည်လျားဖြောင့်တန်းတဲ့မျက်တောင်တွေက ဆွဲခေါ်သွားသည်။ တစ်ဖက်လူကို ဂရုစိုက်ဖို့ အစီအစဉ်မရှိသလိုမျိုး သူ့မျက်လုံးတွေက အရမ်းကြည့်ကောင်းတာပဲလို့ ကျင်ရွှင်ခံစားရသည်။

သူကလက်ကိုဆွဲထုတ်ကာ ရှန်ရိကျင်းရဲ့နက်ခ်တိုင်ကို ငြင်သာစွာဆွဲလိုက်၏။

သေချာတာပေါ့ တစ်ခုလုံးကို လုံးဝအပြည့်ဖြည်ဖို့ မလိုပေ နည်းနည်းလေးလျော့သွားရင် ရပြီ

နက်ခ်တိုင်က လျော့ရဲသွားကာ ကျင်ရွှင်က တုန်ယင်စွာဖြင့် လည်ပင်းကြယ်သီးကို စတင်ဖြုတ်လိုက်သည်။

ဒါက သူတစ်စုံတစ်ယောက်ကို ကြယ်သီးကူဖြည်ပေးတာ ပထမဆုံးအကြိမ်မို့ ကျင်ရွှင့်လက်တွေက ဘာကြောင့်မှန်းမသိ အနည်းငယ်တုန်ခါနေသည်။

သူကအရမ်းအာရုံစိုက်ထားပြီး အဲ့အချိန်၌ ရှန်ရိကျင်းက သူ့လက်ထဲရှိ လှုပ်ရှားမှုတွေကို ရပ်တန့်ကာ အမူအရာမဲ့စွာ တစ်ဝက်မှီထားရင်း သူ့အားမမှိတ်မသုန်စိုက်ကြည့်နေတာကိုတောင် သတိမထားမိပေ။

         ……

နောက်ဆုံးမှာတော့ ကြယ်သီးပြုတ်သွားပြီ

လည်အဟိုက်ကလည်း အနည်းငယ်ပွင့်သွားပြီး ရှဲန်းရှန်ရဲ့Adam appleနဲ့ ထင်ရှားတဲ့ညှပ်ရိုးအနည်းငယ်ကိုတောင် သူမြင်နိုင်သည်။

ကျင်ရွှင်က သူ့မျက်လုံးတွေကို အားတက်သရောပိတ်လိုက်ပြီး နောက်ဆုံးမှာတော့ ဆက်သွားလိုက်သည်။

မွန်းလွဲနေက ပျင်းတိပျင်းရွဲဖြင့် ဖြာကျနေသည် တောက်ပတဲ့ရုံးခန်းထဲမှာ အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားတဲ့ပိန်ပိန်ပါးပါးလူငယ်လေးက တည်ကြည်လေးနက်တဲ့မျက်နှာဖြင့်ရှိနေပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားနေသည်။ သူက ဖြည်းညင်းစွာဖြင့် သူ့ခေါင်းကို ရှန်ရိကျင်းရဲ့တစ်ဝက်ပွင့်နေတဲ့ကော်လံထဲ မြှုပ်နှံလိုက်၏။

နီရဲရဲနှုတ်ခမ်းပါးတွေက ခပ်ရေးရေးပွင့်လာပေမယ့် ကျင်ရွှင်က “အာဝူး”ဆိုတဲ့ဟာလိုမျိုး တစ်ခုခုပြောထွက်လာခါနီးမှာ ရုံးခန်းတံခါးက ရုတ်တရက်ကြီး တွန်းဖွင့်ခံလိုက်ရသည်။

လူနှစ်ယောက်က အရှိန်ဖြင့်ဝင်ရောက်လာသည်။

“ကျွန်မတောင်းပန်ပါတယ် ဥက္ကဋ္ဌရှန်…အာ့ရှောက်က…” စောဒကတက်နေတဲ့အသံက ချက်ချင်းရပ်တန့်သွားသည်။

[အာ့ရှောက် = ဒုတိယသခင်လေး]

အရှိန်ဖြင့်ဝင်ရောက်လာတဲ့လူနှစ်ယောက်က တံခါးဝမှာ အေးခဲသွားပြီး ရုံးစားပွဲနောက်ရှိကျင်ရွှင်ကလည်း လုံးဝကြက်သေ,သေသွားသည်။

“……”

တကယ်တမ်းမှာတော့ ကျင်ရွှင်က ကိုက်တဲ့အချိန်မှာ တကယ်ကြီးမကိုက်ချလိုက်ဘဲ အရာပေါ်အောင် ဖြည်းဖြည်းချင်းကိုက်မလို့စီစဉ်ထားတာပင်။

ဒါပေမယ့် သူအနည်းငယ်စိတ်လှုပ်ရှားနေတဲ့အချိန်ဆိုတော့ သူ့အာရုံအားလုံးကို အလွဲဧကန်အရမ်းအာရုံစိုက်ထားတာပင်။

အဲ့အချိန်မှာ ကျယ်လောင်တဲ့ဘန်းခနဲအသံက ဝင်ရောက်လာပြီး သူ့အလုပ်ပေါ်မှာ အာရုုံစိုက်ထားတဲ့လူကလည်း သဘာဝကျစွာပင် ထိတ်လန့်သွား၏။

ထို့ကြောင့် သူ့အာရုံကိုလျှော့ချလိုက်ရန် ကျရှုံးသွားသည်။

--သူ့ရှေ့သွားက ရှန်ရိကျင်း ဘေးလည်ပင်းကို ပြင်းထန်စွာထိုးဖောက်သွားပြီး ချက်ချင်းဆိုသလို နီနီရဲရဲသွားအရာကြီးပေါ်လာသည်…

သူ့ရဲ့အစောကတည်းက ရှက်သွေးဖြာနေတဲ့ပါးပြင်ပေါ်မှာ အပြစ်ရှိစိတ်တို့ ထင်ဟပ်လာသည်။ ကျင်ရွှင်က တံခါးဘက်ကို လုံးဝမကြည့်ဘဲ ရှန်ရိကျင်းကို အလျင်အမြန်စစ်ဆေးလိုက်သည်။ သဘာဝကျစွာပင် သူက ခုနကတံခါးကိုချိုးဖျက်ဝင်ရောက်လာပြီး ဒီမြင်ကွင်းအား မြင်သွားတဲ့ရှန်ပေါ်ဟန်ကို လုံးဝသတိမပြုမိပေ။ ရှန်ပေါ်ဟန်ရဲ့မျက်နှာက စိမ်းပုပ်သွားကာ ဘာစကားတစ်လုံးမှမပြောဘဲ ခက်ထန်စွာအံကြိတ်လိုက်သည်။

အဲ့အစား အာ့ရှောက်ကို တားဆီးဖို့ကျရှုံးခဲ့တဲ့အတွင်းရေးမှူးလေးက ထိတ်လန့်အံ့အားသင့်သွားသည်။

……ရုံးအတွင်းမှာ နီရဲနေတဲ့မျက်နှာနဲ့လူငယ်လေးက ဥက္ကဋ္ဌရှန်ရဲ့လည်ပင်းကို တွဲခိုထားသည်။

နဂိုကတည်းက အေးစက်ကာတည်ကြည်တဲ့ ဥက္ကဋ္ဌရှန်ကတော့…သူ့အမူအရာက တည်ငြိမ်ပြီးလေးနက်နေဆဲဆိုပေမယ့် သူ့ရဲ့နက်ခ်တိုင်က မကြုံစဖူး ပြေလျော့နေကာ သူ့ကော်လံက တစ်ဝက်ပွင့်နေသည်။

[Lilac- ဒီနေ့မှာ 50ထိတင်ပေးချင်လို့သာ မနည်းအားတင်းပြီးရေးထားတာ၊ Chapter 48နဲ့ 50က တကယ်ကိုအရှည်ကြီးပဲ😿]

Continue Reading

You'll Also Like

13.6K 703 15
Title : 🧡Dinghai Fusheng Lu 定海浮生录🧡 Author(s) : Fei Tian Ye Xiang Artist(s) : 千二百 Myanmar Translator : SSMAWW Aira & 小云 crd_to_original_author_arti...
240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
125K 17.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
261K 23.3K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest