(zawgyi)
ငရဲတြင္းထဲ ခုန္ဆင္းမိသလိုပါပဲ။
Jaemin နဲ႔ Renjun တို႔ ဆြဲေခၚခဲ့တဲ့ costumes cafe ဆိုတာ Dohyun တို႔၊ class A12 မိန္းကေလးေတြရဲ႕ဆိုင္ခန္း ျဖစ္ေနသည္ေလ။
သူတို႔ ဆိုင္ကို သြားမွေတာ့ Lee Dohyun နဲ႔လည္း တည့္တည့္တိုးတာေပါ့။
Mark ေရွ႕မွာ သူမရဲ႕ မေကာင္းဆိုးဝါး ပံုရိပ္ကို မျပခ်င္လို႔သာ ကၽြန္ေတာ့္ကို မႏွင္ထုတ္ေသးတာ။
မဟုတ္လို႔ကေတာ့ သူတို႔ဆိုင္ရဲ႕ အရိပ္ေတာင္ နင္းခြင့္ေပးမွာ မဟုတ္ဘူး။
"Lee Donghyuck နင္က ဘာလာ လုပ္တာလဲ? ငါ့ဆိုင္ထဲကေန ျမန္ျမန္ ထြက္မသြားေသးဘူးလား?"
Renjun တို႔အတြဲက squid game က ဇာတ္ေကာင္ေတြပံုစံ ဝတ္ၿပီး ဓာတ္ပံုရုိက္ေနတာကို ေစာင့္ေနတုန္း ကၽြန္ေတာ့္အနားကပ္ကာ တိုးတိုးတိတ္တိတ္ ႏွင္ထုတ္ေန၏။
"ငါလည္း လာခ်င္လြန္းလို႔ လာခဲ့တာ မဟုတ္ဘူး။ အဲ့ေလာက္ ႏွင္ထုတ္ေနတာ မသြားဘူးကြာ။ ငါလည္း ဓာတ္ပံုရုိက္မွာ"
"နင္ ေသခ်င္ -"
တမင္ရြဲ႕ေျပာလိုက္ေတာ့ ႏွာေခါင္းက အေငြ႕ေတြ မထြက္လာရုံ ေဒါသေတြျဖစ္ၿပီး ကၽြန္ေတာ့္ကို ရုိက္မလို႔ လက္ရြယ္လိုက္ေပမယ့္ ဒီဘက္ကို လာေနတဲ့ Mark ေၾကာင့္ မေအာင္ျမင္ခဲ့။
"Donghyuck ကိုယ္တို႔လည္း ဓာတ္ပံု အတူရုိက္ၾကမလား? အမွတ္တရ ျဖစ္တာေပါ့"
သူ ေမးလိုက္တဲ့ သာမန္ေမးခြန္းေလးေၾကာင့္ ေဘးကေန မ်က္ႏွာႀကီးနီရဲကာ ေနမထိထိုင္မသာ ျဖစ္သြားတဲ့ သူမကို ဆက္ရြဲ႕ခ်င္လာတာမို႔လို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပင္ သေဘာတူလိုက္သည္။
"ေကာင္းတာေပါ့။ ကၽြန္ေတာ္လည္း vampire ဝတ္ရုံႀကီး ဝတ္ၿပီး ရုိက္ခ်င္ေနတာ။ hyung ကေရာ ဘာဝတ္မွာလဲ?"
ေမၽွာ္လင့္ထားတဲ့အတိုင္း မလြဲဧကန္ပင္ Dohyun က ေျခေဆာင့္ကာ ထြက္သြား၏။
သူမ ေခ်ာက္ခ်ထားတာေတြနဲ႔ ယွဥ္ရင္ ကၽြန္ေတာ္လည္း တစ္ခါေလာက္ေတာ့ လူဆိုး ျပန္လုပ္သင့္တယ္မလား?
"အဲ့တာဆို မင္းနဲ႔ ဆင္တူ ျဖစ္သြားေအာင္ ကိုယ္လည္း vampire ဝတ္စံုပဲ ဝတ္လုိက္ေတာ့မယ္"
ဆံုးျဖတ္ၿပီးတာနဲ႔ သူက vampire ဝတ္ရုံ ႏွစ္ခု ထုတ္ယူလာၿပီး ယွဥ္ျပသည္။
"baby ဘယ္ဝတ္ရုံ ဝတ္မလဲ? အရွည္ ယူမလား? နည္းနည္းတိုတဲ့ဟာ ယူမလား?"
"အ-အရွည္ပဲ ယူေတာ့မယ္"
ထိုနာမ္စားေလးကို တမင္တကာ လ်စ္လ်ဴရႈၿပီး ဘာမွ မသက္ေရာက္ဟန္ ေျဖလိုက္ေပမယ့္ စကားက ထစ္သြားေသး၏။
"ok. ဒီအစြယ္တုေလးေတြပါ တပ္လိုက္။ vampire နဲ႔ ပိုတူသြားေအာင္"
costumes လည္း ဝတ္လို႔ၿပီးေရာ Jaemin တို႔အတြဲကလည္း စိတ္ႀကိဳက္ ဓာတ္ပံုေတြရုိက္လို႔ ၿပီးသြားပါသည္။
"Mark hyung နဲ႔ Donghyuck မင္းတို႔ အလွည့္!"
"အင္း လာၿပီ!"
ဓာတ္ပံုရိုက္တဲ့ အခန္းေလးကို နည္းနည္းေတာ့ က်ယ္ေလာက္မယ္လို႔ ထင္ထားေပမယ့္ လူႏွစ္ေယာက္အတြက္က် က်ဥ္းလြန္း၏။
ဟိုအတြဲႏွစ္ေယာက္ ဘယ္လို ဆန္႔ေအာင္ ဝင္ၿပီး ရုိက္ခဲ့ၾကလဲ မသိဘူး။
"baby ဟိုဘက္ နည္းနည္း တိုးပါလား? ဒါမွမဟုတ္ ကိုယ္ပဲ မင္းရဲ႕ အေနာက္မွာ ေနလိုက္မယ္"
ေျပာရင္းဆိုရင္းပင္ အေနာက္မွာ သြားရပ္ေတာ့ က်ဥ္းတဲ့ ေနရာေၾကာင့္ သူ႔ရင္ဘတ္နဲ႔ ကၽြန္ေတာ့္ ေက်ာျပင္က ထိကပ္ေနၿပီး အေနာက္ကေန ဖက္ထားတဲ့အတိုင္း။
ရင္ထဲမွာ မီးရွဴးမီးပန္းေတြ ေပါက္ေနသလို၊ ႏွလံုးသားကလည္း ေပါက္ကြဲထြက္ေတာ့မယ့္ အတိုင္းပဲ။
အျပင္ဘက္မွာေတာ့ ရာသီဥတုက ေအးခဲေနေပမယ့္ ဒီမွာေတာ့ ေႏြလည္ေခါင္ ေရာက္ေနတဲ့အတိုင္းပင္ ရုတ္တရက္ႀကီး ပူလာသည္။
"ရုိက္ၿပီေနာ္ 1 . . 2 . . 3 . ."
အဲ့လိုနဲ႔ ပထမဆံုး film မွာ ပါတဲ့ ပံုသံုးပံုကေတာ့ အေနခက္ေနတဲ့ အျပံဳးေတြနဲ႔ ထံုးစံအတိုင္း လက္ႏွစ္ေခ်ာင္းေထာင္ထားတဲ့ ပံုေတြသာ။
"ကၽြန္ေတာ္တို႔ ဒီတစ္ေခါက္က် ေျပာင္ေခ်ာ္ေခ်ာ္ ရုပ္ေတြလုပ္ၿပီး ရုိက္ရေအာင္"
ကို္ယ့္ crush က အနားမွာ အရမ္းနီးနီးကပ္ကပ္ကို ရွိေနေပမယ့္လည္း ရုပ္ေျပာင္တတ္တဲ့ ဗီဇက ထလာတာမို႔လို႔ စေနာက္သလို ေမးလိုက္ေပမယ့္ မထင္မွတ္စြာပင္ သူက သေဘာတူပါ၏။
"ဟုတ္ၿပီေလ"
ရုပ္ေျပာင္တာ လြန္သြားတာ၊ ဒုတိယ film က ပံုသံုးပံုကေတာ့ ကၽြန္ေတာ့္ရဲ႕ ရုပ္အဆိုးဆံုးဆိုတဲ့ ပံုေတြခ်ည္းပင္။ Mark လည္း ရုပ္ဆိုးတဲ့ ပံုေတြ လုပ္ေပမယ့္ ကၽြန္ေတာ့္ အျမင္မွာေတာ့ တရားမမၽွတစြာပင္ သူက ေခ်ာေမာျမဲေခ်ာေမာတုန္း။
"ေနာက္ဆံုးတစ္ခါဆိုေတာ့ ကၽြန္ေတာ္တို႔ ဘာပို႔စ္ေပးရင္ ေကာင္းမလဲ?"
"ကိုယ္ႀကိဳက္တဲ့ ပံုစံ လုပ္မယ္ေလ?"
"ဟုတ္ၿပီ ဟုတ္ၿပီ"
ေနာက္ဆံုး film က ပံုသံုးပံုမွာ ပထမပံုကေတာ့ ကၽြန္ေတာ္က သူ႔လည္ပင္းကို ေသြးစုတ္ေတာ့မယ့္ဟန္နဲ႔ ပံုေလး။
ဒုတိယပံုက်ေတာ့ ခါးကို အေနာက္ကေန ဖက္ကာ သူ႔ေမးဖ်ားေလးက ကၽြန္ေတာ့္ ပုခံုးေပၚမွာ တင္ထားတဲ့ ပံုေလး။
ေနာက္ဆံုးပံုကေတာ့ ကၽြန္ေတာ့္ပါးကို သူ ရုတ္တရက္ လွမ္းနမ္းလိုက္တဲ့အခ်ိန္ ရုိက္မိလိုက္တဲ့ ပံုေလး။
ဓာတ္ပံုေတြ ရုိက္ၿပီးလို႔ အခန္းထဲက ထြက္လာတဲ့အခါက် ကၽြန္ေတာ္ စိတ္နဲ႔ကိုယ္နဲ႔ လံုးဝ မကပ္ေတာ့သလို ေျခေထာက္ေတြကလည္း မခိုင္ေတာ့။
Mark က film ေတြ သြားထုတ္ေနတုန္း ယိုင္တိယိုင္တိုင္နဲ႔ပင္ Jaemin နဲ႔ Renjun တို႔ ထိုင္ေနတဲ့ စားပြဲကို ေလၽွာက္လာလိုက္သည္။
"Hyuck ဘယ္လို ျဖစ္တာလဲ? ပါးေတြလည္း နီရဲေနတာပဲ။ ဖ်ားေနတာလား?"
Renjun က သူ႔လက္ေအးႀကီးနဲ႔ နဖူးကို လာစမ္းမွပဲ အသိစိတ္က ခႏၶာကိုယ္နဲ႔ ျပန္ကပ္ေတာ့၏။
"ဟင္? မဟုတ္ပါဘူး။ ငါ ေနေကာင္းပါတယ္"
ေနေကာင္းပါတယ္၊ ႏွလံုးသားက လြဲရင္ေပါ့။
"Mark hyung ေရာ မလာေသးဘူးလား?"
အသက္ရွည္ဦးမယ္။ ေမးေနတုန္းပင္ သူက ကၽြန္ေတာ့္ေဘးနား လာဝင္ထိုင္သည္။
"ပံုေတြက quality ေကာင္းသားပဲ။ ၾကည္ၾကည္ေလး ထြက္လာတယ္"
ထုတ္လာတဲ့ film သံုးခုကို ခ်ျပေတာ့ အေရွ႕မွာ ထိုင္ေနတဲ့ အတြဲကလည္း စပ္စပ္စုစု ၾကည့္ၾက၏။
"ၾကည့္ဦး . . သဲကဲေနၾကတာ"
"မင္းတို႔ ႏွစ္ေယာက္ကမွ ပိုဆိုးတာပါကြာ။ ဒီပံုကိုလည္း ၾကည့္ဦး! ေက်ာင္းမွာကို လာသဲကဲေနတာ"
ခင္တာ မၾကာေသးေပမယ့္ သူငယ္ခ်င္း အရင္းေတြ အတိုင္း၊ Mark က Jaemin နဲ႔ Renjun တို႔ ႏွစ္ေယာက္ နမ္းေနတဲ့ပံုကို ညႊန္ျပကာ ျပန္ေခ်ပသည္။
"မနာလိုရင္ hyung လည္း အဲ့လို လုပ္ပါလား"
Jaemin စကားေၾကာင့္ ကၽြန္ေတာ့္မွာ ရွက္လြန္းလို႔ ေခါင္းေတာင္ မေဖာ္ႏိုင္ေပမယ့္ သူကေတာ့ အားရပါးရကို ရယ္ေန၏။
"မနာလိုတယ္ ျဖစ္ရဦးမယ္။ ငါက သင့္ေတာ္တဲ့ အေျခအေန အခ်ိန္အခါကို ေစာင့္ေနတာပါကြ"
-----------------------
(unicode)
ငရဲတွင်းထဲ ခုန်ဆင်းမိသလိုပါပဲ။
Jaemin နဲ့ Renjun တို့ ဆွဲခေါ်ခဲ့တဲ့ costumes cafe ဆိုတာ Dohyun တို့၊ class A12 မိန်းကလေးတွေရဲ့ဆိုင်ခန်း ဖြစ်နေသည်လေ။
သူတို့ ဆိုင်ကို သွားမှတော့ Lee Dohyun နဲ့လည်း တည့်တည့်တိုးတာပေါ့။
Mark ရှေ့မှာ သူမရဲ့ မကောင်းဆိုးဝါး ပုံရိပ်ကို မပြချင်လို့သာ ကျွန်တော့်ကို မနှင်ထုတ်သေးတာ။
မဟုတ်လို့ကတော့ သူတို့ဆိုင်ရဲ့ အရိပ်တောင် နင်းခွင့်ပေးမှာ မဟုတ်ဘူး။
"Lee Donghyuck နင်က ဘာလာ လုပ်တာလဲ? ငါ့ဆိုင်ထဲကနေ မြန်မြန် ထွက်မသွားသေးဘူးလား?"
Renjun တို့အတွဲက squid game က ဇာတ်ကောင်တွေပုံစံ ဝတ်ပြီး ဓာတ်ပုံရိုက်နေတာကို စောင့်နေတုန်း ကျွန်တော့်အနားကပ်ကာ တိုးတိုးတိတ်တိတ် နှင်ထုတ်နေ၏။
"ငါလည်း လာချင်လွန်းလို့ လာခဲ့တာ မဟုတ်ဘူး။ အဲ့လောက် နှင်ထုတ်နေတာ မသွားဘူးကွာ။ ငါလည်း ဓာတ်ပုံရိုက်မှာ"
"နင် သေချင် -"
တမင်ရွဲ့ပြောလိုက်တော့ နှာခေါင်းက အငွေ့တွေ မထွက်လာရုံ ဒေါသတွေဖြစ်ပြီး ကျွန်တော့်ကို ရိုက်မလို့ လက်ရွယ်လိုက်ပေမယ့် ဒီဘက်ကို လာနေတဲ့ Mark ကြောင့် မအောင်မြင်ခဲ့။
"Donghyuck ကိုယ်တို့လည်း ဓာတ်ပုံ အတူရိုက်ကြမလား? အမှတ်တရ ဖြစ်တာပေါ့"
သူ မေးလိုက်တဲ့ သာမန်မေးခွန်းလေးကြောင့် ဘေးကနေ မျက်နှာကြီးနီရဲကာ နေမထိထိုင်မသာ ဖြစ်သွားတဲ့ သူမကို ဆက်ရွဲ့ချင်လာတာမို့လို့ ပျော်ပျော်ရွှင်ရွှင်ပင် သဘောတူလိုက်သည်။
"ကောင်းတာပေါ့။ ကျွန်တော်လည်း vampire ဝတ်ရုံကြီး ဝတ်ပြီး ရိုက်ချင်နေတာ။ hyung ကရော ဘာဝတ်မှာလဲ?"
မျှော်လင့်ထားတဲ့အတိုင်း မလွဲဧကန်ပင် Dohyun က ခြေဆောင့်ကာ ထွက်သွား၏။
သူမ ချောက်ချထားတာတွေနဲ့ ယှဉ်ရင် ကျွန်တော်လည်း တစ်ခါလောက်တော့ လူဆိုး ပြန်လုပ်သင့်တယ်မလား?
"အဲ့တာဆို မင်းနဲ့ ဆင်တူ ဖြစ်သွားအောင် ကိုယ်လည်း vampire ဝတ်စုံပဲ ဝတ်လိုက်တော့မယ်"
ဆုံးဖြတ်ပြီးတာနဲ့ သူက vampire ဝတ်ရုံ နှစ်ခု ထုတ်ယူလာပြီး ယှဉ်ပြသည်။
"baby ဘယ်ဝတ်ရုံ ဝတ်မလဲ? အရှည် ယူမလား? နည်းနည်းတိုတဲ့ဟာ ယူမလား?"
"အ-အရှည်ပဲ ယူတော့မယ်"
ထိုနာမ်စားလေးကို တမင်တကာ လျစ်လျူရှုပြီး ဘာမှ မသက်ရောက်ဟန် ဖြေလိုက်ပေမယ့် စကားက ထစ်သွားသေး၏။
"ok. ဒီအစွယ်တုလေးတွေပါ တပ်လိုက်။ vampire နဲ့ ပိုတူသွားအောင်"
costumes လည်း ဝတ်လို့ပြီးရော Jaemin တို့အတွဲကလည်း စိတ်ကြိုက် ဓာတ်ပုံတွေရိုက်လို့ ပြီးသွားပါသည်။
"Mark hyung နဲ့ Donghyuck မင်းတို့ အလှည့်!"
"အင်း လာပြီ!"
ဓာတ်ပုံရိုက်တဲ့ အခန်းလေးကို နည်းနည်းတော့ ကျယ်လောက်မယ်လို့ ထင်ထားပေမယ့် လူနှစ်ယောက်အတွက်ကျ ကျဉ်းလွန်း၏။
ဟိုအတွဲနှစ်ယောက် ဘယ်လို ဆန့်အောင် ဝင်ပြီး ရိုက်ခဲ့ကြလဲ မသိဘူး။
"baby ဟိုဘက် နည်းနည်း တိုးပါလား? ဒါမှမဟုတ် ကိုယ်ပဲ မင်းရဲ့ အနောက်မှာ နေလိုက်မယ်"
ပြောရင်းဆိုရင်းပင် အနောက်မှာ သွားရပ်တော့ ကျဉ်းတဲ့ နေရာကြောင့် သူ့ရင်ဘတ်နဲ့ ကျွန်တော့် ကျောပြင်က ထိကပ်နေပြီး အနောက်ကနေ ဖက်ထားတဲ့အတိုင်း။
ရင်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်နေသလို၊ နှလုံးသားကလည်း ပေါက်ကွဲထွက်တော့မယ့် အတိုင်းပဲ။
အပြင်ဘက်မှာတော့ ရာသီဥတုက အေးခဲနေပေမယ့် ဒီမှာတော့ နွေလည်ခေါင် ရောက်နေတဲ့အတိုင်းပင် ရုတ်တရက်ကြီး ပူလာသည်။
"ရိုက်ပြီနော် 1 . . 2 . . 3 . ."
အဲ့လိုနဲ့ ပထမဆုံး film မှာ ပါတဲ့ ပုံသုံးပုံကတော့ အနေခက်နေတဲ့ အပြုံးတွေနဲ့ ထုံးစံအတိုင်း လက်နှစ်ချောင်းထောင်ထားတဲ့ ပုံတွေသာ။
"ကျွန်တော်တို့ ဒီတစ်ခေါက်ကျ ပြောင်ချော်ချော် ရုပ်တွေလုပ်ပြီး ရိုက်ရအောင်"
က်ိုယ့် crush က အနားမှာ အရမ်းနီးနီးကပ်ကပ်ကို ရှိနေပေမယ့်လည်း ရုပ်ပြောင်တတ်တဲ့ ဗီဇက ထလာတာမို့လို့ စနောက်သလို မေးလိုက်ပေမယ့် မထင်မှတ်စွာပင် သူက သဘောတူပါ၏။
"ဟုတ်ပြီလေ"
ရုပ်ပြောင်တာ လွန်သွားတာ၊ ဒုတိယ film က ပုံသုံးပုံကတော့ ကျွန်တော့်ရဲ့ ရုပ်အဆိုးဆုံးဆိုတဲ့ ပုံတွေချည်းပင်။ Mark လည်း ရုပ်ဆိုးတဲ့ ပုံတွေ လုပ်ပေမယ့် ကျွန်တော့် အမြင်မှာတော့ တရားမမျှတစွာပင် သူက ချောမောမြဲချောမောတုန်း။
"နောက်ဆုံးတစ်ခါဆိုတော့ ကျွန်တော်တို့ ဘာပို့စ်ပေးရင် ကောင်းမလဲ?"
"ကိုယ်ကြိုက်တဲ့ ပုံစံ လုပ်မယ်လေ?"
"ဟုတ်ပြီ ဟုတ်ပြီ"
နောက်ဆုံး film က ပုံသုံးပုံမှာ ပထမပုံကတော့ ကျွန်တော်က သူ့လည်ပင်းကို သွေးစုတ်တော့မယ့်ဟန်နဲ့ ပုံလေး။
ဒုတိယပုံကျတော့ ခါးကို အနောက်ကနေ ဖက်ကာ သူ့မေးဖျားလေးက ကျွန်တော့် ပုခုံးပေါ်မှာ တင်ထားတဲ့ ပုံလေး။
နောက်ဆုံးပုံကတော့ ကျွန်တော့်ပါးကို သူ ရုတ်တရက် လှမ်းနမ်းလိုက်တဲ့အချိန် ရိုက်မိလိုက်တဲ့ ပုံလေး။
ဓာတ်ပုံတွေ ရိုက်ပြီးလို့ အခန်းထဲက ထွက်လာတဲ့အခါကျ ကျွန်တော် စိတ်နဲ့ကိုယ်နဲ့ လုံးဝ မကပ်တော့သလို ခြေထောက်တွေကလည်း မခိုင်တော့။
Mark က film တွေ သွားထုတ်နေတုန်း ယိုင်တိယိုင်တိုင်နဲ့ပင် Jaemin နဲ့ Renjun တို့ ထိုင်နေတဲ့ စားပွဲကို လျှောက်လာလိုက်သည်။
"Hyuck ဘယ်လို ဖြစ်တာလဲ? ပါးတွေလည်း နီရဲနေတာပဲ။ ဖျားနေတာလား?"
Renjun က သူ့လက်အေးကြီးနဲ့ နဖူးကို လာစမ်းမှပဲ အသိစိတ်က ခန္ဓာကိုယ်နဲ့ ပြန်ကပ်တော့၏။
"ဟင်? မဟုတ်ပါဘူး။ ငါ နေကောင်းပါတယ်"
နေကောင်းပါတယ်၊ နှလုံးသားက လွဲရင်ပေါ့။
"Mark hyung ရော မလာသေးဘူးလား?"
အသက်ရှည်ဦးမယ်။ မေးနေတုန်းပင် သူက ကျွန်တော့်ဘေးနား လာဝင်ထိုင်သည်။
"ပုံတွေက quality ကောင်းသားပဲ။ ကြည်ကြည်လေး ထွက်လာတယ်"
ထုတ်လာတဲ့ film သုံးခုကို ချပြတော့ အရှေ့မှာ ထိုင်နေတဲ့ အတွဲကလည်း စပ်စပ်စုစု ကြည့်ကြ၏။
"ကြည့်ဦး . . သဲကဲနေကြတာ"
"မင်းတို့ နှစ်ယောက်ကမှ ပိုဆိုးတာပါကွာ။ ဒီပုံကိုလည်း ကြည့်ဦး! ကျောင်းမှာကို လာသဲကဲနေတာ"
ခင်တာ မကြာသေးပေမယ့် သူငယ်ချင်း အရင်းတွေ အတိုင်း၊ Mark က Jaemin နဲ့ Renjun တို့ နှစ်ယောက် နမ်းနေတဲ့ပုံကို ညွှန်ပြကာ ပြန်ချေပသည်။
"မနာလိုရင် hyung လည်း အဲ့လို လုပ်ပါလား"
Jaemin စကားကြောင့် ကျွန်တော့်မှာ ရှက်လွန်းလို့ ခေါင်းတောင် မဖော်နိုင်ပေမယ့် သူကတော့ အားရပါးရကို ရယ်နေ၏။
"မနာလိုတယ် ဖြစ်ရဦးမယ်။ ငါက သင့်တော်တဲ့ အခြေအနေ အချိန်အခါကို စောင့်နေတာပါကွ"
×T B C×