ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

553K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၅၉

4.1K 864 31
By Kay_Wine

{Zawgyi}

ဒီေန႔က ေနမသာဘူး။

လင္ရွန္းခမ်ာ မ်က္လုံးမွိတ္ဖို႔ေတာင္ အခ်ိန္မရလိုက္ဘူး။

ေဆာင္းဦးရာသီ ညေနခင္းအခ်ိန္ ေက်ာင္းဆင္းသြားၿပီးတဲ့ေနာက္ စာသင္ခန္းက တိတ္ဆိတ္လို႔ေနတယ္။

မီးေခ်ာင္းဆီမွ အလင္းေရာင္ေလးသာ ျဖာက်ေနၿပီး ေမာ့က်ဴးခ်န္ရဲ႕ရွည္လ်ားတဲ့မ်က္ေတာင္ေတြဆီက အရိပ္ေသးေသးေလးေတြ သူ႔မ်က္ႏွာေပၚ က်ေရာက္ေနတယ္။

သူက မ်က္လုံးေတြ မွိတ္ထားတယ္။

ႏွစ္လိုဖြယ္ထုထြင္းထားတဲ့ မ်က္ႏွာအသြင္အျပင္ေတြက လင္ရွန္းနဲ႔ လက္တစ္ကမ္းမွာတင္ ရွိေနတယ္။

ခဏအၾကာမွာ ေမာ့က်ဴးခ်န္က မ်က္လုံးေတြကို ေျဖးေျဖးခ်င္းဖြင့္လိုက္တယ္။

မ်က္လုံးေတြက ၾကည္လင္ေတာက္ပေနတယ္။

ထိုၾကည္လင္တဲ့မ်က္လုံးေတြထဲမွာ သူ႔ရဲ႕ကိုယ္ပိုင္အရိပ္ေသးေသးေလးကိုေတာင္ ျမင္ႏိုင္တယ္။

"မင္းက အ႐ူးလား?" ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာက ႐ုတ္တရက္ႀကီး ရဲတက္လာတယ္။

သူက ခါးမတ္လိုက္ၿပီး လင္ရွန္းကို မ်က္ႏွာလႊဲသြားတယ္ "နမ္းတဲ့အခ်ိန္ဆို မ်က္လုံးေတြကို မွိတ္ထားသင့္တယ္ဆိုတာ မင္းမသိဘူးလား?"

လင္ရွန္း "..."

ေမာ့က်ဴးခ်န္က ထပ္ၿပီး တိုက္ခိုက္လာမယ္ဆိုတာ သူဘယ္လိုလုပ္သိမွာလဲ?!

ၿပီးေတာ့ ဒီတစ္ေခါက္က အရင္အႀကိမ္အနည္းငယ္ နမ္းဖူးၾကတယ္ဆိုေပမယ့္... စကၠန႔္ပိုင္းေလာက္ ပိုမ်ားသလားလို႔?

လင္ရွန္း အနည္းငယ္ မေသမခ်ာျဖစ္သြားတယ္။

ဒါေပမယ့္ ျပန္ေတြးၾကည့္ရင္ ေလရႈထုတ္လိုက္သလိုေလးပဲ။

သူ႔မွာ မ်က္လုံးမွိတ္ဖို႔ကို အသာထား တုံ႔ျပန္ခ်ိန္ေတာင္ မရလိုက္တာေလ အဲ့တာနဲ႔ပဲ ၿပီးသြားတာ ဟုတ္ၿပီလား?!

"ဪ" လင္ရွန္း မေျဖရေသးခင္ ေမာ့က်ဴးခ်န္က သူ႔ကိုယ္သူေျပာလိုက္သလိုမ်ိဳး ထပ္ေျပာလာတယ္ "ငါ ေမ့သြားလို႔၊ မင္းမွ နားမလည္တာ... ေရွ႕ေလွ်ာက္ ငါမင္းကို ေျဖးေျဖးခ်င္း သင္သြားေပးမယ္"

လင္ရွန္း "..."

ျဖစ္ရတယ္ သူ ေမာ့က်ဴးခ်န္အေၾကာင္း ေကာင္းေကာင္းသိတာေပါ့!

သူ ေမ့သြားတယ္လို႔ မထင္လိုက္နဲ႔ လြန္ခဲ့တဲ့လဝက္ေလာက္ကတင္ ေမာ့က်ဴးခ်န္ကလည္း ပထမဆုံးအႀကိမ္ နမ္းဖူးခဲ့တဲ့လူတစ္ေယာက္ ျဖစ္ခဲ့တာေလ။

လင္ရွန္းအတြက္လည္း ဦးဆုံးပဲ။

ဒီလိုမ်ိဳး ထိရွလြယ္ၿပီး ဟိုမေရာက္ဒီမေရာက္ ျပႆနာတက္သြားၿပီးတဲ့ေနာက္မွာ ခဏေလာက္ ဘယ္သူမွ စကားမေျပာျဖစ္ခဲ့ၾကဘူး။

ထိုစဥ္ စာသင္ခန္းတံခါးကေန ေနာက္ထပ္ေခါင္းတစ္လုံး ျပဴထြက္လာတယ္။

ေတာက္ရန္ရဲ႕ golden retriever လိုဆံပင္ေတြက အၿမဲတမ္းဆိုသလို ေတာ္ေတာ္ေလး ထင္သာျမင္သာရွိလွတယ္။

အဲ့တာထက္ သူေပၚလာခ်ိန္တိုင္းမွာလည္း ေတာက္ပတဲ့အၿပဳံးမ်က္ႏွာႀကီးတစ္ခုကို ခ်ိတ္ဆြဲထားေလ့ရွိတယ္။

"ေဘာ့စ္! လင္ရွန္း!" ေတာက္ရန္က ေခါင္းကို ဆန႔္ကာ ေဘးဘီကိုၾကည့္ၿပီး သသူတို႔ကို လွမ္းေခၚလာတယ္ "ဘာေတြလုပ္ေနၾကတာလဲ? ခ်န္းေကာနဲ႔ ငါ ေအာက္ထပ္မွာေစာင့္ေနတာ ေတာ္ေတာ္ေတာင္ ၾကာေနၿပီ"

"သြားမယ္" ေမာ့က်ဴးခ်န္က သဘာဝက်က်ေျပာလိုက္တယ္။

သူက လြယ္အိတ္ကို ထုတ္ပိုးၿပီး လင္ရွန္းနဲ႔အတူ စာသင္ခန္းထဲကေန ထြက္လာတယ္။ သူတို႔ႏွစ္ေယာက္လုံး ခုေလးတင္ျဖစ္သြားတဲ့ကိစၥကို မေျပာၾကေတာ့ဘူး။

သူတို႔သုံးေယာက္နဲ႔ ေအာက္ထပ္ကစာသင္ခန္းထဲမွာ ေစာင့္ေနတဲ့ရႈခ်န္းတို႔ေတြ ေက်ာင္းနားက ဟိုတယ္ဆီကို တန္းၿပီးသြားလိုက္ၾကတယ္။

ရႈခ်န္းက သီးသန႔္ခန္းတစ္ခု ဘိုကင္တင္ထားကိုၾကည့္႐ုံနဲ႔ သူတို႔ေတြ မၾကာခဏလာေလ့ရွိမွန္း ျမင္ႏိုင္တယ္။ ေတာက္ရန္က ဝင္ၿပီးၿပီဆိုရင္ပဲ လြယ္အိတ္ကို ဆိုဖာေပၚပစ္တင္ကာ လွဲခ်လိုက္တယ္။

သူက အေတာ္ေလးစိတ္သက္သာရာရစြာနဲ႔ "လပတ္စာေမးပြဲႀကီးၿပီးဆုံးသြားလို႔ သက္ေတာ္ရာေက်ာ္ရွည္ပါေစ!"

"ရလဒ္ေလးေတြလည္း သက္ေတာ္ရာေက်ာ္ရွည္အုံးမလား?" ရႈခ်န္းက တစ္ေယာက္ထိုင္ဆိုဖာေပၚမွာ ထိုင္ခ်ၿပီး ေတာက္ရန္ကို မ်က္လုံးေမွးကာၾကည့္လိုက္တယ္။

"ခ်န္းေကာ မင္းက ပ်င္းဖို႔ေကာင္းလိုက္တာ!" ေတာက္ရန္ ေျခဖ်ားေထာက္လိုက္တယ္။

သူက ေခါင္းေလာင္းကို တီးကာ စားပြဲထိုးေခၚလိုက္တယ္ "လူဘယ္မွာလဲ? ဒီေန႔ငါေလးက အထိအနာဆုံးသနားစရာေလးျဖစ္ေနတယ္၊ ငါ မိသားစုစားပြဲႀကီးစားခ်င္တယ္၊ စားစရာမွာမလို႔ ေဈးအႀကီးဆုံးအစားအေသာက္မွာၿပီး ငါ့စိတ္နဲ႔ခႏၶာကိုယ္ အႀကီးအက်ယ္တုန္လႈပ္ခဲ့ရတာကို ကုစားေပးမွရမယ္!"

လင္ရွန္းလည္း ေနာက္ထပ္တစ္ေယာက္ထိုင္ဆိုဖာေပၚမွာ ထိုင္လိုက္တယ္။

သီးသန႔္ခန္းေတြက ေရွးေဟာင္းပုံစံေတြ အလွဆင္ထားၿပီး မ်ားေသာအားျဖင့္ တ႐ုတ္ပုံစံေတြျဖစ္ကာ သိမ္ေမြ႕ၿပီး အေတာ္ေလးထိန္းထိန္းသိမ္းသိမ္းပုံစံမ်ိဳးမို႔ ရႈခ်န္းအႀကိဳက္ျဖစ္ေလာက္တယ္။

သို႔ေပမယ့္ သူရႈခ်န္းအေၾကာင္း ေျပာမိေတာ့မွ စုတ်န္းတ်န္းကို ေတြးမိသြားတယ္။ ထို႔ေနာက္ ေန႔ခင္းတုန္းက ေမာ့က်ဴးခ်န္ ေျပာခဲ့တဲ့စကားေတြ။

လင္ရွန္းလည္း ေတာက္ရန္တစ္ေယာက္ ေအာ္ဟစ္ၿပီး စားစရာမွာတာကို နားေထာင္ရင္း ရႈခ်န္းကို ၾကည့္ေနမိတယ္။

ေတာက္ရန္ ဆိုဖာကေန ေျပးသြားတဲ့ေနာက္ ေမာ့က်ဴးခ်န္ ဝင္ထိုင္လိုက္တယ္။

ရႈခ်န္းက သူ႔ကို အသံတိုးတိုးနဲ႔ ေျပာလာတယ္။

ေတာက္ရန္အသံကလြဲလို႔ ေမာ့က်ဴးခ်န္ကို သူလွမ္းေမးလိုက္တဲ့အသံကို လင္ရွန္း ၾကားႏိုင္ေသးတယ္ : "အိမ္မွာ အဆင္ေျပလား?"

လင္ရွန္း ခုမွ သတိရသြားတယ္။ ဒီေန႔ေန႔ခင္းပိုင္းတုန္းက ေမာ့က်ဴးခ်န္ကို မိဘေခၚရတာျဖစ္ေလာက္တယ္ဆိုၿပီး စုတ်န္းတ်န္းေျပာသြားေသးတယ္။

သူ မေနသာေတာ့ဘဲ နားေလးစြင့္ကာ အသံကို အာ႐ုံစိုက္ၿပီး နားေထာင္မိေတာ့တယ္။

"အဆင္ေျပတယ္" ေမာ့က်ဴးခ်န္အသံက တိုးေဖ်ာ့ေနၿပီး ေပ်ာ္ေနလား ေဒါသထြက္ေနလားဆိုတာကို မၾကားႏိုင္ဘူး။

"ေကာင္းတယ္" ရႈခ်န္း ေခါင္းၿငိတ္လိုက္တယ္။

သူက ေမာ့က်ဴးခ်န္ရဲ႕မိသားစုအေျခအေနကို ေကာင္းေကာင္း နားလည္ေနေလာက္ၿပီး ေျပာလာတယ္ "ဦးေလး သိလား?"

"အင္း"

"ဒါဆို သူ..."

"ဟမ့္_" ေမာ့က်ဴးခ်န္ ခပ္ဟဟရယ္လိုက္တယ္။

ရယ္သံက ေဖာ္ျပလို႔ေတာင္မရတဲ့ ေလွာင္ေျပာင္မႈတို႔နဲ႔ တိုေတာင္းေပါ့ပါးလွတယ္။

လင္ရွန္း သူ႔ကို အံ့အားတႀကီး ၾကည့္လိုက္မိသြားတယ္။

ေမာ့က်ဴးခ်န္ရဲ႕ရယ္သံေတြက တစ္ခါတစ္ေလး အထက္စီးဆန္ၿပီး တစ္ခါတစ္ေလ စိတ္ႀကီးဝင္ကာ မေကာင္းဆိုးဝါးလိုျဖစ္ေနတတ္တယ္။ ေသခ်ာေပါက္ တကယ္ ေပ်ာ္႐ႊင္ေနတဲ့အခ်ိန္ေတြလည္း ရွိတာေပါ့။

_ ေမာ့က်ဴးခ်န္ ဒီလိုရယ္တာမ်ိဳးကိုေတာ့ သူဘယ္တုန္းကမွ မၾကားဖူးဘူး။

"သူတို႔ ဂ႐ုမစိုက္ပါဘူး" ေမာ့က်ဴးခ်န္က ၿပဳံးလိုက္ၿပီးတဲ့ေနာက္မွာ မ်က္လုံးေတြက ေအးစက္သြားတယ္။

သူ ေပါ့ေပါ့ပါးပါးသာ ေျပာလိုက္တယ္ "အခု သူတို႔ ဂ႐ုမစိုက္ဘူး"

"အင္း..." ရႈခ်န္းက ေတြးဆဆနဲ႔ ေခါင္းၿငိတ္ေနတယ္။

"တစ္ေယာက္ေယာက္က ခ်ီးက်ဴးခံခ်င္လို႔ သူ႔ဆီကို ငါ့ရဲ႕ရလဒ္ေတြ ပို႔လိုက္တာပဲ ျဖစ္မယ္" ရႈခ်န္းက သူ႔အေၾကာင္း သိခ်င္ေနမယ္ဆိုတာကို ေမာ့က်ဴးခ်န္လည္း သိေနတာေၾကာင့္ စကားလုံးအနည္းငယ္နဲ႔ ရွင္းျပလိုက္တယ္။

"တကယ္ေတာ့ ငါ စာေမးပြဲမွာ ပထမဆုံးျဖစ္ျဖစ္ ေနာက္ဆုံးျဖစ္ျဖစ္ အေရးမပါဘူး" သူ႔ႏႈတ္ခမ္းေတြက တြန႔္ေကြးေနတယ္။

"ဒါေပမယ့္လည္း ဦးေလးက အထူးတလည္ေတာင္..."

"ဘာမွ အထူးတလည္မဟုတ္ဘူး" ေမာ့က်ဴးခ်န္က ရႈခ်န္းကို ႀကဳံေတာင့္ႀကဳံခဲ ၾကားျဖတ္ေျပာလိုက္တယ္ "သူက ဒီေန႔မွ တိုက္တိုက္ဆိုင္ဆိုင္ Sၿမိဳ႕ေတာ္ကို ေရာက္လာလို႔ ငါ့ကို တစ္ခ်က္ေလာက္ ၾကည့္သြား႐ုံပဲ"

သူ႔ႏႈတ္ခမ္းေထာင့္ေတြက ေျဖးေျဖးခ်င္း ေကာ့တက္သြားျပန္တယ္ "ဘာမွ အထူးတလည္မရွိဘူး၊ ဘယ္တုန္းကမွ"

လင္ရွန္း တျဖည္းျဖည္း သေဘာေပါက္လာေတာ့တယ္။

ရႈခ်န္းေျပာတဲ့ ဦးေလးဆိုတာနဲ႔ ေမာ့က်ဴးခ်န္ ေျပာေနတဲ့လူက၊ သူ႔အေဖပဲျဖစ္ရမယ္ ဟုတ္တယ္မွတ္လား?

ဒါက လင္ရွန္းသိထားတဲ့ ေမာ့မိသားစုရဲ႕ လက္ရွိအရွင္သခင္ ေမာ့တ်န္းဖန္းပဲ။

ဟုတ္ၿပီ...

စာအုပ္ထဲမွာ အမ်ားႀကီးေရးထားတယ္။

ဘယ္လိုေနေန သူက ျမင္ေနေတြ႕ေနက် ဩဇာႀကီးမားၿပီး ညႇာတာမႈမရွိတဲ့ ယခင္မ်ိဳးဆက္ထဲက ျခယ္လွယ္ေနတဲ့ဥကၠဌႀကီးေတြလိုမ်ိဳးပဲ။ မ်က္လုံးထဲမွာ ေမာ့မိသားစုအက်ိဳးစီးပြားနဲ႔ ေမာ့မိသားစုကိုသာ ျမင္တယ္။

ေန႔တိုင္း ကမာၻပတ္ေနၿပီး ေမာ့မိသားစုရဲ႕နယ္ေျမကို ခ်ဲ႕ထြင္ေနေတာ့တယ္။

ေမာ့မိသားစုရဲ႕အက်ိဳးစီးပြားကသာ ပသာဓျဖစ္ၿပီး သားအေပၚ ခ်စ္ခင္ျမတ္ႏိုးမႈဆိုတာ မရွိဘူး။

ဒါ့ေၾကာင့္ စာအုပ္ထဲမွာ သူက ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔ လက္တြဲမွာကို အေတာ္ေလး ဆန႔္က်င္ခဲ့တာျဖစ္တယ္။

စုတ်န္းတ်န္းတို႔မိသားစုက ေမာ့မိသားစုရဲ႕ ဟိုးအေဝးႀကီးမွာ ရွိေန႐ုံတင္မကဘူး။ ပိုအေရးႀကီးတာက သူ႔မ်က္လုံးေတြထဲမွာ ပုံေတြသာ ဆြဲႏိုင္တဲ့ ကာတြန္းေရးဆြဲသူတစ္ေယာက္လို႔သာ ျမင္ေနတယ္။ ဒါက သစ္ေတြကို ျဖဳန္းတီးတာနဲ႔ ဘာမွမကြာျခားဘူး။

ေသခ်ာေပါက္ ဂုဏ္သိကၡာႀကီးမားတဲ့ေက်ာင္းေတြက ဘြဲ႕မရတဲ့ အမ်ိဳးသမီးေတြက ေမာ့က်ဴးခ်န္ကို အမ်ားႀကီး အကူအညီမျဖစ္ေစဘူး။

ေမာ့က်ဴးခ်န္က သူ႔အေဖအေၾကာင္း ညည္းတြားတဲ့အခ်ိန္မွာ လင္ရွန္းလည္း တူညီတဲ့ခံစားခ်က္ကို ခံစားမိတယ္။

တကယ့္ကမာၻမွာရွိတဲ့ သူ႔အေဖကလည္း တကယ္ေတာ့ ဒီလိုလူမ်ိဳးပဲျဖစ္တယ္။

လင္မိသားစုရဲ႕စီးပြားေရးက တျခားအရာေတြထက္ ပိုၿပီးအေရးႀကီးတယ္။ ဒါေပမယ့္ အတိအက် တူတာမ်ိဳးေတာ့ မဟုတ္ဘူး။

လင္ရွန္းရဲ႕အေဖက သူ႔ရဲ႕ဉာဏ္ႀကီးရွင္အစ္ကိုႀကီးအေပၚမွာလည္း အေတာ္ေလး ၾကင္ၾကင္နာနာရွိတယ္။ ဘာေၾကာင့္ဆို ဒါက သူ႔ရဲ႕အေရးပါတဲ့ဆက္ခံသူျဖစ္ေနတာေၾကာင့္ပင္။

သူ႔ရဲ႕ညီမငယ္ေလးကိုဆိုရင္လည္း မင္းသမီးေလးတစ္ေယာက္ကို ပ်ိဳးေထာင္ေပးတယ္။ ဘာေၾကာင့္ဆို ဒါက သူ႔ရဲ႕အဖိုးတန္သမီးေလးျဖစ္ေနတာေၾကာင့္ပင္။

လင္ရွန္း ဒီအေၾကာင္းကိုေတြးရင္းနဲ႔ သူ႔အေတြးေတြက အေဝးဆီ လြင့္ေျမာကုန္တယ္။

ထို႔ေနာက္ ႐ုတ္တရက္ဆိုသလို ဒီျပႆနာေတြကို သူ အေလးအနက္ထားၿပီး မေတြးမိတာ ရက္ေပါင္းမ်ားစြာရွိေနၿပီမွန္း သတိျပဳမိသြားတယ္!

ဒီအခ်ိန္အတြင္းမွာ သူတကယ္ အလုပ္မ်ားေနခဲ့တယ္။

ၿပိဳင္ပြဲအတြက္ အလုပ္မ်ားခဲ့ရၿပီးေနာက္ လပတ္စာေမးပြဲအတြက္ စာျပန္ၾကည့္ရေသးတယ္။

လုေျမာင္ေျမာင္နဲ႔ အိုးရန္ယင္းယီတို႔ကို ဘယ္လိုရင္ဆိုင္အႏိုင္ယူရမလဲဆိုတာေတြးၿပီး အလုပ္မ်ားေနခဲ့တယ္။

သူနဲ႔ေမာ့က်ဴးခ်န္ၾကားက ဆက္ဆံေရးကို ေတြးရင္း အလုပ္မ်ားေနခဲ့တယ္။

ကိစၥတစ္ခုၿပီးတိုင္းမွာ တျခားအသစ္က အၿမဲတမ္း ေပၚေပၚလာတတ္တယ္။

သူ႔ဦးေႏွာက္က တခ်ိန္လုံး ေနရာျပည့္ေနတာေၾကာင့္ တျခားကိစၥေတြကိုေတြးဖို႔ အကန႔္ေတာင္ ထပ္မရွိေတာ့ဘူး။

ဒါေၾကာင့္ သူျပန္ရမလားဆိုတာကို တကယ္ႀကီး မေတြးမိခဲ့တာ ေတာ္ေတာ္ၾကာၿပီ!

လင္ရွန္း မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္တယ္။

ၾကည့္ရတာ ယန္ရႈိ႕အေၾကာင္း မေတြးမိတာလည္း ရက္ေပါင္းမ်ားစြာရွိေလာက္ၿပီ။

လင္ရွန္းက အေတြးနယ္ခ်ဲ႕ရင္း ပါးမွာလက္ေထာက္ကာ တစ္ေယာက္ထိုင္ဆိုဖာေလးကို မွီလိုက္တယ္။

ေတာက္ရန္ကေတာ့ ေအာ္ရင္းဟစ္ရင္းနဲ႔ ဟင္းပြဲေတြကို မွာေနတုန္းပဲ။

ေမာ့က်ဴးခ်န္နဲ႔ ရႈခ်န္းတို႔က စကားေျပာလို႔ၿပီးသြားတဲ့ပုံေပၚၿပီး သူတို႔ဖုန္းေတြကိုထုတ္ကာ ေဆာ့ေနေတာ့တယ္။

လင္ရွန္း...

သူ ဒီလိုမ်ိဳးနဲ႔ တကယ္ႀကီး ေနသားတက်ျဖစ္ေနၿပီဆိုတာ လင္ရွန္း သိလိုက္ရတယ္။

သူက ဒီအုပ္စုေလးထဲမွာ တခ်ိန္လုံး အဖြဲ႕ဝင္ျဖစ္ေနခဲ့သလို သူတို႔ေတြနဲ႔ အခ်ိန္အၾကာႀကီး ရင္းႏွီးလာခဲ့သလိုပဲ။

သူတို႔ေတြနဲ႔ အေတာ္ေလး ေနသားက်ေန႐ုံတင္မကဘူး။

ဒီမွာ ေနတာၾကာလာေလေလ သူ ဒါကို ပိုပိုၿပီး အသားတက်ျဖစ္လာေလ၊ စာအုပ္ထဲက အိမ္ကို ပိုၿပီး သေဘာက်လာေလျဖစ္ေနတယ္။

တကယ္ဆို...

လင္ရွန္း ရႈခ်န္းမ်က္ႏွာကို လွမ္းၾကည့္လိုက္တယ္။

ေမာ့က်ဴးခ်န္က ရႈခ်န္းနဲ႔ စုတ်န္းတ်န္းတို႔ၾကားက ဆက္ဆံေရးကို ဒီေန႔ ေန႔ခင္းတုန္းက တိုက္႐ိုက္ႀကီး ထုတ္ေျပာမလာခင္တည္းက သူတို႔ႏွစ္ေယာက္ၾကားမွာ အေတာ္ေလးေကာင္းေကာင္းမြန္မြန္ ရွိေနၾကတယ္ဆိုတာကို သူသတိထားေနၿပီးသားျဖစ္တယ္။

ဒါေပမယ့္ သူ ဘာမွမေျပာခဲ့မိဘူး။

သူတို႔ေတြကို ခြဲထားဖို႔ မခြဲထားဖို႔ဆိုတဲ့ အေတြးမ်ိဳးေတြကေတာ့ ဘယ္တုန္းကမွ ေပၚမလာဖူးဘူး!

ဒါေပမယ့္ စစခ်င္းမွာေတာ့ ေမာ့က်ဴးခ်န္က စုတ်န္းတ်န္းနဲ႔ တတ္ႏိုင္သေလာက္ တြဲသြားဖို႔ကို သူ ေမွ်ာ္လင့္ခဲ့တယ္ဆိုတာ အရွင္းသားႀကီးပဲ။

သူတို႔ေတြ ဝတၳဳဇာတ္လမ္းကို တတ္ႏိုင္သေလာက္ ျမန္ျမန္အဆုံးသတ္ႏိုင္ၿပီး သူလည္း အိမ္ျပန္လို႔ ရေကာင္းရႏိုင္တယ္!

လင္ရွန္း ရႈခ်န္းကိုသာ ေငးေၾကာင္ေၾကာင္ စိုက္ၾကည့္ေနမိတယ္။

အေစာပိုင္းတုန္းက သူ...

'ဘန္း'ဆိုတဲ့အသံတစ္ခု ေပၚထြက္လာတယ္။

ေတာက္ရန္က ဘီယာကိုကိုင္ကာ စားပြဲေပၚမွာ ခ်လိုက္ၿပီး လင္ရွန္းရဲ႕အေတြးေတြကိုပါ ျဖတ္ေတာက္လိုက္တယ္။

"ဟီးဟီးဟီး..." ေတာက္ရန္က နက္နဲစြာ ၿပဳံးလာတယ္။

သူက လူသုံးေယာက္ရဲ႕မ်က္ႏွာေတြဘက္ကိုလွည့္လိုက္တယ္ : "လူတိုင္းလည္း ဆယ့္ရွစ္ႏွစ္ေရာက္ၿပီဆိုေတာ့ အားလုံး အ႐ြယ္ေရာက္ၾကၿပီ၊ ေသာက္လို႔ရၿပီ"

သူက ေျပာရင္း လင္ရွန္းကို မ်က္စပစ္လိုက္တယ္ "ဘာျဖစ္ျဖစ္ မနက္ျဖန္က ပိတ္ရက္ အတန္းမရွိဘူး၊ ငါတို႔ တိတ္တိတ္ေလး ေသာက္လို႔ရတယ္"

ေမာ့က်ဴးခ်န္က ဘာစကားမွမေျပာဘဲ အျပန္အလွန္နားလည္သလို သေဘာတူလိုက္တယ္။

ရႈခ်န္းက သူ႔ဆီကို လက္ဆန႔္ထုတ္လိုက္တယ္ "ငါ ၾကည့္အုံးမယ္"

ေတာက္ရန္က လိမ္လိမ္မာမာနဲ႔ နားေထာင္လိုက္ၿပီး ရႈခ်န္းေရွ႕မွာ လက္ေလးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ "ခ်န္းေကာ ခ်န္းေကာ"

သူက ရႈခ်န္းကို ခ်ိဳခ်ိဳသာသာေလးၿပဳံးၿပီး နားဝင္ခ်ိဳစြာေျပာလိုက္တယ္ : "ၾကည့္ေလ၊ 5.6°က မမူးဘူးေလ၊ ေဘာ့စ္က အိုးရန္ယင္းယီကို ႏိုင္သြားတဲ့အတြက္ ငါတို႔ေတြ ေအာင္ပြဲခံရမွာ မဟုတ္ဘူးလား? နည္းနည္းေလး ေထြသြားရင္ေတာင္ ကိစၥမရွိဘူးေလ!"

ရႈခ်န္းက သူ႔ကိုစိုက္ၾကည့္ၿပီးေနာက္ ယူလိုက္ကာ အေလးအနက္ၾကည့္ေတာ့တယ္။

သူက မ်က္မွန္ကိုပင့္တင္ၿပီး လင္ရွန္းကို မ်က္လုံးေဝ့ၾကည့္လိုက္တယ္ "လင္ရွန္း ေသာက္ႏိုင္လား?"

"အာ..." လင္ရွန္း အနည္းငယ္ တြန႔္ဆုတ္ေနမိတယ္။

"ငါးဒီဂရီေလာက္ပဲေလ!" ေတာက္ရန္က လင္ရွန္းေဘးကို ဖ်တ္ခနဲ ခုန္လိုက္တယ္ "ေရေသာက္ရသလိုမ်ိဳးပဲ!"

သူက လင္ရွန္းကို အားေပးအားေျမႇာက္လုပ္ေတာ့တယ္ "မနက္ျဖန္ ပိတ္ရက္မို႔လို႔ နည္းနည္းေလးေထြသြားလည္း အိုေကပါတယ္ကြာ၊ ၿပီးေတာ့ ဘီယာက ေသခ်ာေပါက္ မမူးဘူး!" [ T/N : လူလိင္ ]

"ဒါေပမယ့္ ငါက..."

"လင္ရွန္း..." ေတာက္ရန္က သူ႔ပုခုံးကို ႐ိုက္ခ်လိုက္တယ္ "ငါတို႔အားလုံးက ဆယ့္ရွစ္ႏွစ္ အ႐ြယ္ေရာက္ၿပီးသား ေယာက်ာ္းႀကီးေတြေလ၊ ဘီယာေလးေတာင္ မေသာက္ႏိုင္ေသးတာ ဘယ္သူရွိမွာမို႔လို႔လဲ? ေသာက္ၾကမယ္ေလ"

"ငါ အရင္တုန္းက..."

"မင္း အသည္းမာလွခ်ည္လား! ဒီမွာ ဘာလူႀကီးမွ မရွိဘူး၊ မင္းကို ျပႆနာရွာမွာမဟုတ္ဘူး"

"...ေအးပါကြာ" လင္ရွန္း မတတ္သာစြာ ေခါင္းသာၿငိတ္ျပလိုက္ရေတာ့တယ္။

'ေဖာက္'ခနဲ အသံတစ္ခ်က္ျမည္သြားတယ္။

စားပြဲထိုးကို ဟင္းပြဲေတြမွာၿပီး ေတာက္ရန္လည္း ခ်က္ခ်င္းဆိုသလို အနက္ေရာင္ဘီယာဘူးကို ေဖာက္ကာ သူတို႔ေရွ႕မွာ ေနရာခ်လိုက္တယ္။

"ဒီလပတ္စာေမးပြဲမွာ အိုးရန္ယင္းယီကို ေက်ာ္ၿပီး ေဘာ့စ္ မ်က္ႏွာပန္းလွခဲ့တဲ့အတြက္ ေအာင္ပြဲခံမယ္!" ေတာက္ရန္က အရင္ဆုံး ဘီယာဘူးကို ေျမႇာက္လိုက္တယ္ "Cheers!"

"Cheers" ရႈခ်န္းကလည္း ၿပဳံးကာ ဘီယာဘူးကို ေျမႇာက္လိုက္တယ္။

ေမာ့က်ဴးခ်န္က ဘာမွမေျပာဘဲ သူ႔ဘီယာကို ေျမႇာက္လိုက္တယ္။

လင္ရွန္းက ခဏေလာက္ေတြးၾကည့္ၿပီး ေအးစိမ့္ေနတဲ့ဘူးကို ေကာက္ယူၿပီး ေမာ့က်ဴးခ်န္နဲ႔ အသာတိုက္လိုက္တယ္ "Congratulations"

သူေျပာလို႔ၿပီးတဲ့အခါ ဂ႐ုတစိုက္နဲ႔ တစ္ငုံေသာက္လိုက္တယ္။

ဂ်ဳံနဲ႔ ယစ္မူးဖြယ္အနံ႔နဲ႔ အနည္းငယ္ခါးသက္သက္အရသာက လင္ရွန္းပါးစပ္ထဲမွာ ျပည့္ႏွက္သြားတယ္။

လင္ရွန္းက အစစ္အမွန္ ေက်ာင္းသားေကာင္းတစ္ေယာက္ျဖစ္ခဲ့ၿပီး ဘီယာဆိုတာလည္း ဘယ္တုန္းကမွ မေသာက္ခဲ့ဖူးဘူး။

ပထမဆုံးတစ္ငုံက အနည္းငယ္ မသက္မသာျဖစ္သြားေစတယ္။

သို႔ေပမယ့္ စစ္မွန္တဲ့အရသာက သူ႔ကို ျမန္ျမန္ဆန္ဆန္ အသားက်သြားေစေတာ့တယ္။

သူ႔ရဲ႕ဘယ္ဘက္အျခမ္းမွာထိုင္ေနတဲ့ ရႈခ်န္းက သူ႔တံေတာင္ကို တို႔ကာ ေတာက္ပစြာ ၿပဳံးျပလာတယ္ "လင္ရွန္း ငါ့ကိုၾကည့္!"

သူက ေျပာေနရင္း ေခါင္းေမာ့ကာ ဘီယာဘူးကို ေသာက္ခ်လိုက္တယ္။

'ေထာက္'ဆိုတဲ့အသံနဲ႔အတူ ေတာက္ရန္က အခြံလြတ္ကို စားပြဲေပၚတင္လိုက္တယ္ "ေယာက်ာ္းဆိုတာ မိမိုက္ေနသင့္တယ္!"

"လင္ရွန္း" လင္ရွန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ ရႈခ်န္းက သူ႔ကိုၿပဳံးျပကာ "သူေျပာတာ နားမေထာင္နဲ႔၊ ေသာက္ခ်င္ရင္ နည္းနည္းပဲေသာက္... မႀကိဳက္လည္း ဘာမွမျဖစ္ဘူး၊ ဘယ္လိုေနေန အဲ့တာက အရက္ပဲေလ... နည္းနည္းေသာက္ေလ ပိုေကာင္းေလပဲ"

လင္ရွန္း ေခါင္းၿငိတ္ျပလိုက္တယ္။

သူ ေနာက္ထပ္တစ္ငုံေသာက္ၿပီးေနာက္ ေနာက္ထပ္တစ္ငုံ...

ဘီယာကို ေသာက္ၿပီးတဲ့ေနာက္ ငါးဒီဂရီေလာက္သာ ပါတယ္ဆိုေပမယ့္ လင္ရွန္းအနည္းငယ္ လြင့္ေျမာေနသလိုခံစားရတယ္။

ခုေလးတင္ သူ႔ကိုေႏွာင့္ယွက္ေနခဲ့တဲ့အေတြးေတြကလည္း ေနာက္ေၾကာင္းျပန္လည္သြားပုံရတယ္။

သူ အတိတ္ကို မွတ္မိေသးတယ္။ သူ ဂ်ဴနီယာအထက္တန္းေက်ာင္းတက္တုန္းက ေဒါသထြက္ၿပီး အိမ္ကေန ထြက္ေျပးခဲ့ေပမယ့္ သူ႔ကို မိသားစုထဲက ဘယ္သူမွ မရွာခဲ့ၾကဘူး။

ထိုအစား ယန္ရႈိ႕ကသာ သူ႔ကို ရပ္ကြက္ပန္းၿခံထဲမွာ ရွာေတြ႕သြားခဲ့တယ္။

သူက လင္ရွန္းကို တအားလိမၼာေနစရာမလိုေၾကာင္း ေျပာခဲ့တယ္။

ရပ္ကြက္ထဲမွာ 'အိမ္ကေန ထြက္ေျပးေနတဲ့' လင္ရွန္းကို ရံဖန္ရံခါ ပုန္ကန္ေပးတာကလည္း ေကာင္းတယ္လို႔ ေျပာခဲ့တယ္။

လင္ရွန္း မတတ္သာစြာ ႏႈတ္ခမ္းေတြ ကိုင္းက်သြားေတာ့တယ္။ သူ႔အစ္ကိုႀကီးလင္ယြမ္ကလည္း ဆင္တူတဲ့တစ္စုံတစ္ရာကို ေျပာခဲ့ဖူးသလိုပဲ။

သူတို႔ေတြက သူ႔ကို တအားမလိမၼာဖို႔ ေျပာခဲ့ၾကတယ္။

လင္ရွန္း ဘီယာဘူးကိုယူကာ ေနာက္တစ္ငုံ ထပ္ေသာက္လိုက္တယ္။

အျပည့္အဝမၿမိဳခ်ႏိုင္လိုက္တဲ့ အညိဳေရာင္အရည္ေတြက သူ႔ႏႈတ္ခမ္းေထာင့္ေတြကေန စီးက်သြားၿပီး ေနာက္ဆုံး လင္ရွန္းရဲ႕ေက်ာင္းယူနီေဖာင္း ရွပ္အက်ီေကာ္လံကို စိုသြားေစတယ္။

"ဟားဟား!" ေတာက္ရန္က သူ႔အတြက္သူ ေနာက္တစ္ဘူးေဖာက္လိုက္တယ္ "ထိန္းမရေတာ့ဘူးေဟ့!"

သူက လက္ကိုဆန႔္ထုတ္ၿပီး လင္ရွန္းကို ထိဖို႔လုပ္ေတာ့တယ္ "လင္ရွန္း! ရွန္းေကာ! ငါ မင္းကို ရွန္းေကာလို႔ေခၚမယ္... မင္း ေဘာ့စ္ကို ေပးခဲ့တဲ့ နမူနာပုစာၦကို ငါ့ကို ျပလို႔ရလား?"

ေတာက္ရန္က လင္ရွန္းနားကို တိုးကာ "ရွန္းေကာ__"

သူ႔ခမ်ာ လင္ရွန္းနားေတာင္ မေရာက္လိုက္ဘူး။ ေမာ့က်ဴးခ်န္ရဲ႕လက္က သူ႔မ်က္ႏွာကို တားထားတယ္။

"ထိုင္ေနစမ္းပါကြာ!" ေမာ့က်ဴးခ်န္ သူ႔ကို စိုက္ၾကည့္လိုက္တယ္။

ရႈခ်န္းလိုပဲ သူလည္း ဘီယာကို အေလာတႀကီးမဟုတ္ဘဲ ေျဖးေျဖးခ်င္းသာ ေသာက္ေနတယ္ "နမူနာပုစာၦကို ၾကည့္ခ်င္တယ္ဆိုရင္ ရွန္းေကာလို႔ေခၚလည္း အသုံးမဝင္ဘူး၊ မင္း ငါ့ကိုေတာင္းရမွာ"

ေတာက္ရန္ "ဟမ္?"

လင္ရွန္း မေနႏိုင္ေတာ့ဘဲ ရယ္မိသြားတယ္။

သူ အနည္းငယ္ရီေဝေဝျဖစ္ေနတုန္းျဖစ္ၿပီး သူ႔ေခါင္းထဲမွာ အျဖဴေရာင္ျမဴႏွင္းေတြ ဖုံးလႊမ္းေနသလိုျဖစ္ေနတယ္။

ေတာက္ရန္နဲ႔ ေမာ့က်ဴးခ်န္တို႔ ေျပာေနၾကတဲ့စကားလုံးတိုင္းကို ၾကားလည္းၾကားႏိုင္သလို နားလည္းနားလည္တယ္ဆိုတာ အသိသာႀကီး။

ဒါေပမယ့္ သူတို႔ေတြက အေဝးႀကီးေရာက္ေနသလို ခံစားေနရတယ္။

သူ တုံ႔ျပန္ႏိုင္ဖို႔အတြက္ သူ႔နားထဲကို ထိုအသံေတြေရာက္လာဖို႔က အေတာ္ေလးၾကာေနသလိုပဲ။

"မင္း ငါ့ကို မယုံဘူးဆိုရင္ သူ႔ကိုေမးၾကည့္လိုက္" ေမာ့က်ဴးခ်န္ လင္ရွန္းကို လက္ညႇိဳးထိုးျပလိုက္တယ္။

"ရွန္းေကာ?" ေတာက္ရန္က လင္ရွန္းကို လွည့္ၾကည့္ကာ "တကယ္ႀကီးလား? မဟုတ္ဘူးေလ ရွန္းေကာရ! မင္းက စိတ္ခိုင္မွရမယ္ေလ! ဒီေလာက္ျမန္ျမန္ႀကီး ေဘာ့စ္ရဲ႕ အစားကို ခံလိုက္လို႔မျဖစ္ဘူး!"

သူက လင္ရွန္းရဲ႕ပုခုံးကို ဆုပ္ကိုင္ကာ အသည္းအသန္ လႈပ္ယမ္းလိုက္တယ္ "ရွန္းေကာ၊ မင္း ညီအစ္ကိုခ်င္း ဒီလိုမ်ိဳး လွည့္စားလို႔မရဘူးေလ! ငါ ခ်န္းေကာနဲ႔ ထပ္ၿပီးအေလာင္းအစားလုပ္ထားေသးတယ္လို႔! ၿပီးခဲ့တဲ့အေခါက္တည္းက ငါ ခုနစ္ႀကိမ္ ရွစ္ႀကိမ္ေလာက္ ဆက္တိုက္ရႈံးထားတာ ၿပီးေတာ့ ဒီတစ္ေခါက္ေရာပဲ... ငါ့ရဲ႕ႏွစ္ဝက္စာေလာက္ရွိတဲ့မုန႔္ဖိုးေလးေတြကို ေျမေခြးအိုႀကီးခ်န္းက ႏႈိက္သြားၿပီ!"

"ေတာက္ရန္" ရႈခ်န္း ေတာက္ရန္ကို လွမ္းေခၚလိုက္တယ္ "သူ႔ကို လႈပ္မေနနဲ႔"

သူက တခ်ိန္လုံး ၿပဳံးေနတဲ့လင္ရွန္းကို ၾကည့္လိုက္တယ္။ ေနာက္ေတာ့ လင္ရွန္းလက္ထဲက ဘီယာဘူးကို ၾကည့္ကာ မေရမရာေျပာလိုက္တယ္ "သူ... မူးေနၿပီလား?"

"မဟုတ္ေလာက္ပါဘူး?!" ေတာက္ရန္ အလန႔္တၾကားျဖစ္သြားတယ္!

သူ လင္ရွန္းကို ျမန္ျမန္ဆန္ဆန္ၾကည့္ကာ လက္ေခ်ာင္းႏွစ္ေခ်ာင္းေထာင္ၿပီး သူ႔ေရွ႕မွာ လႈပ္ျပလိုက္တယ္ : "ရွန္းေကာ ဒါက?"

"ႏွစ္!" လင္ရွန္းက အသံၾကည္ၾကည္ေလးနဲ႔ ေျပာလာတယ္။

"မဟုတ္ပါဘူးဆို" ေတာက္ရန္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္တယ္။

ေမာ့က်ဴးခ်န္က ခဏေလာက္ေတြးၾကည့္ၿပီးမွ လင္ရွန္းကို ေမးလိုက္တယ္ "Ohm's Law ထဲမွာ U ဆိုတာ ဘာအတြက္လဲ?"

"U? U... အမ္း... Ohm's Law... အင္း..." လင္ရွန္း ေပကလပ္ေပကလပ္နဲ႔ ႀကိဳးစားပမ္းစား စဥ္းစားေတာ့တယ္။

"မူးေနၿပီ" ေမာ့က်ဴးခ်န္ အခိုင္အမာေျပာလာတယ္။

ေတာက္ရန္ခမ်ာ ဆြံ႕အသြားရွာတယ္။

ဒါက သူ႔ရဲ႕ေဘာ့စ္ေရာ ဟုတ္ေသးရဲ႕လား?

သူနဲ႔ လင္ရွန္းက ပုံမွန္ဆိုလည္း ဒီလိုပဲ အဆင္ေျပေနၾကတာလား?!

သူက ခုထိ အားႀကိဳးမာန္တက္ စဥ္းစားေနဆဲလင္ရွန္းကို ၾကည့္ၿပီးေနာက္ ေမာ့က်ဴးခ်န္ကို ထပ္ၾကည့္လိုက္တယ္။

"ဒါေပမယ့္ ေဘာ့စ္..." ေတာက္ရန္ မေနႏိုင္စြာ မ်က္ေတာင္ေလးခတ္လိုက္တယ္။ "လင္ရွန္းက မူးေနတာေလ၊ မင္းက ေဘာက္မဲ့ေၾကာင့္ ၿပဳံးေနရတာတုန္း?"

___________________________________


{Unicode}

ဒီနေ့က နေမသာဘူး။

လင်ရှန်းခမျာ မျက်လုံးမှိတ်ဖို့တောင် အချိန်မရလိုက်ဘူး။

ဆောင်းဦးရာသီ ညနေခင်းအချိန် ကျောင်းဆင်းသွားပြီးတဲ့နောက် စာသင်ခန်းက တိတ်ဆိတ်လို့နေတယ်။

မီးချောင်းဆီမှ အလင်းရောင်လေးသာ ဖြာကျနေပြီး မော့ကျူးချန်ရဲ့ရှည်လျားတဲ့မျက်တောင်တွေဆီက အရိပ်သေးသေးလေးတွေ သူ့မျက်နှာပေါ် ကျရောက်နေတယ်။

သူက မျက်လုံးတွေ မှိတ်ထားတယ်။

နှစ်လိုဖွယ်ထုထွင်းထားတဲ့ မျက်နှာအသွင်အပြင်တွေက လင်ရှန်းနဲ့ လက်တစ်ကမ်းမှာတင် ရှိနေတယ်။

ခဏအကြာမှာ မော့ကျူးချန်က မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်တယ်။

မျက်လုံးတွေက ကြည်လင်တောက်ပနေတယ်။

ထိုကြည်လင်တဲ့မျက်လုံးတွေထဲမှာ သူ့ရဲ့ကိုယ်ပိုင်အရိပ်သေးသေးလေးကိုတောင် မြင်နိုင်တယ်။

"မင်းက အရူးလား?" မော့ကျူးချန်ရဲ့မျက်နှာက ရုတ်တရက်ကြီး ရဲတက်လာတယ်။

သူက ခါးမတ်လိုက်ပြီး လင်ရှန်းကို မျက်နှာလွှဲသွားတယ် "နမ်းတဲ့အချိန်ဆို မျက်လုံးတွေကို မှိတ်ထားသင့်တယ်ဆိုတာ မင်းမသိဘူးလား?"

လင်ရှန်း "..."

မော့ကျူးချန်က ထပ်ပြီး တိုက်ခိုက်လာမယ်ဆိုတာ သူဘယ်လိုလုပ်သိမှာလဲ?!

ပြီးတော့ ဒီတစ်ခေါက်က အရင်အကြိမ်အနည်းငယ် နမ်းဖူးကြတယ်ဆိုပေမယ့်... စက္ကန့်ပိုင်းလောက် ပိုများသလားလို့?

လင်ရှန်း အနည်းငယ် မသေမချာဖြစ်သွားတယ်။

ဒါပေမယ့် ပြန်တွေးကြည့်ရင် လေရှုထုတ်လိုက်သလိုလေးပဲ။

သူ့မှာ မျက်လုံးမှိတ်ဖို့ကို အသာထား တုံ့ပြန်ချိန်တောင် မရလိုက်တာလေ အဲ့တာနဲ့ပဲ ပြီးသွားတာ ဟုတ်ပြီလား?!

"ဪ" လင်ရှန်း မဖြေရသေးခင် မော့ကျူးချန်က သူ့ကိုယ်သူပြောလိုက်သလိုမျိုး ထပ်ပြောလာတယ် "ငါ မေ့သွားလို့၊ မင်းမှ နားမလည်တာ... ရှေ့လျှောက် ငါမင်းကို ဖြေးဖြေးချင်း သင်သွားပေးမယ်"

လင်ရှန်း "..."

ဖြစ်ရတယ် သူ မော့ကျူးချန်အကြောင်း ကောင်းကောင်းသိတာပေါ့!

သူ မေ့သွားတယ်လို့ မထင်လိုက်နဲ့ လွန်ခဲ့တဲ့လဝက်လောက်ကတင် မော့ကျူးချန်ကလည်း ပထမဆုံးအကြိမ် နမ်းဖူးခဲ့တဲ့လူတစ်ယောက် ဖြစ်ခဲ့တာလေ။

လင်ရှန်းအတွက်လည်း ဦးဆုံးပဲ။

ဒီလိုမျိုး ထိရှလွယ်ပြီး ဟိုမရောက်ဒီမရောက် ပြဿနာတက်သွားပြီးတဲ့နောက်မှာ ခဏလောက် ဘယ်သူမှ စကားမပြောဖြစ်ခဲ့ကြဘူး။

ထိုစဉ် စာသင်ခန်းတံခါးကနေ နောက်ထပ်ခေါင်းတစ်လုံး ပြူထွက်လာတယ်။

တောက်ရန်ရဲ့ golden retriever လိုဆံပင်တွေက အမြဲတမ်းဆိုသလို တော်တော်လေး ထင်သာမြင်သာရှိလှတယ်။

အဲ့တာထက် သူပေါ်လာချိန်တိုင်းမှာလည်း တောက်ပတဲ့အပြုံးမျက်နှာကြီးတစ်ခုကို ချိတ်ဆွဲထားလေ့ရှိတယ်။

"ဘော့စ်! လင်ရှန်း!" တောက်ရန်က ခေါင်းကို ဆန့်ကာ ဘေးဘီကိုကြည့်ပြီး သသူတို့ကို လှမ်းခေါ်လာတယ် "ဘာတွေလုပ်နေကြတာလဲ? ချန်းကောနဲ့ ငါ အောက်ထပ်မှာစောင့်နေတာ တော်တော်တောင် ကြာနေပြီ"

"သွားမယ်" မော့ကျူးချန်က သဘာဝကျကျပြောလိုက်တယ်။

သူက လွယ်အိတ်ကို ထုတ်ပိုးပြီး လင်ရှန်းနဲ့အတူ စာသင်ခန်းထဲကနေ ထွက်လာတယ်။ သူတို့နှစ်ယောက်လုံး ခုလေးတင်ဖြစ်သွားတဲ့ကိစ္စကို မပြောကြတော့ဘူး။

သူတို့သုံးယောက်နဲ့ အောက်ထပ်ကစာသင်ခန်းထဲမှာ စောင့်နေတဲ့ရှုချန်းတို့တွေ ကျောင်းနားက ဟိုတယ်ဆီကို တန်းပြီးသွားလိုက်ကြတယ်။

ရှုချန်းက သီးသန့်ခန်းတစ်ခု ဘိုကင်တင်ထားကိုကြည့်ရုံနဲ့ သူတို့တွေ မကြာခဏလာလေ့ရှိမှန်း မြင်နိုင်တယ်။ တောက်ရန်က ဝင်ပြီးပြီဆိုရင်ပဲ လွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်ကာ လှဲချလိုက်တယ်။

သူက အတော်လေးစိတ်သက်သာရာရစွာနဲ့ "လပတ်စာမေးပွဲကြီးပြီးဆုံးသွားလို့ သက်တော်ရာကျော်ရှည်ပါစေ!"

"ရလဒ်လေးတွေလည်း သက်တော်ရာကျော်ရှည်အုံးမလား?" ရှုချန်းက တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ထိုင်ချပြီး တောက်ရန်ကို မျက်လုံးမှေးကာကြည့်လိုက်တယ်။

"ချန်းကော မင်းက ပျင်းဖို့ကောင်းလိုက်တာ!" တောက်ရန် ခြေဖျားထောက်လိုက်တယ်။

သူက ခေါင်းလောင်းကို တီးကာ စားပွဲထိုးခေါ်လိုက်တယ် "လူဘယ်မှာလဲ? ဒီနေ့ငါလေးက အထိအနာဆုံးသနားစရာလေးဖြစ်နေတယ်၊ ငါ မိသားစုစားပွဲကြီးစားချင်တယ်၊ စားစရာမှာမလို့ ဈေးအကြီးဆုံးအစားအသောက်မှာပြီး ငါ့စိတ်နဲ့ခန္ဓာကိုယ် အကြီးအကျယ်တုန်လှုပ်ခဲ့ရတာကို ကုစားပေးမှရမယ်!"

လင်ရှန်းလည်း နောက်ထပ်တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။

သီးသန့်ခန်းတွေက ရှေးဟောင်းပုံစံတွေ အလှဆင်ထားပြီး များသောအားဖြင့် တရုတ်ပုံစံတွေဖြစ်ကာ သိမ်မွေ့ပြီး အတော်လေးထိန်းထိန်းသိမ်းသိမ်းပုံစံမျိုးမို့ ရှုချန်းအကြိုက်ဖြစ်လောက်တယ်။

သို့ပေမယ့် သူရှုချန်းအကြောင်း ပြောမိတော့မှ စုတျန်းတျန်းကို တွေးမိသွားတယ်။ ထို့နောက် နေ့ခင်းတုန်းက မော့ကျူးချန် ပြောခဲ့တဲ့စကားတွေ။

လင်ရှန်းလည်း တောက်ရန်တစ်ယောက် အော်ဟစ်ပြီး စားစရာမှာတာကို နားထောင်ရင်း ရှုချန်းကို ကြည့်နေမိတယ်။

တောက်ရန် ဆိုဖာကနေ ပြေးသွားတဲ့နောက် မော့ကျူးချန် ဝင်ထိုင်လိုက်တယ်။

ရှုချန်းက သူ့ကို အသံတိုးတိုးနဲ့ ပြောလာတယ်။

တောက်ရန်အသံကလွဲလို့ မော့ကျူးချန်ကို သူလှမ်းမေးလိုက်တဲ့အသံကို လင်ရှန်း ကြားနိုင်သေးတယ် : "အိမ်မှာ အဆင်ပြေလား?"

လင်ရှန်း ခုမှ သတိရသွားတယ်။ ဒီနေ့နေ့ခင်းပိုင်းတုန်းက မော့ကျူးချန်ကို မိဘခေါ်ရတာဖြစ်လောက်တယ်ဆိုပြီး စုတျန်းတျန်းပြောသွားသေးတယ်။

သူ မနေသာတော့ဘဲ နားလေးစွင့်ကာ အသံကို အာရုံစိုက်ပြီး နားထောင်မိတော့တယ်။

"အဆင်ပြေတယ်" မော့ကျူးချန်အသံက တိုးဖျော့နေပြီး ပျော်နေလား ဒေါသထွက်နေလားဆိုတာကို မကြားနိုင်ဘူး။

"ကောင်းတယ်" ရှုချန်း ခေါင်းငြိတ်လိုက်တယ်။

သူက မော့ကျူးချန်ရဲ့မိသားစုအခြေအနေကို ကောင်းကောင်း နားလည်နေလောက်ပြီး ပြောလာတယ် "ဦးလေး သိလား?"

"အင်း"

"ဒါဆို သူ..."

"ဟမ့်_" မော့ကျူးချန် ခပ်ဟဟရယ်လိုက်တယ်။

ရယ်သံက ဖော်ပြလို့တောင်မရတဲ့ လှောင်ပြောင်မှုတို့နဲ့ တိုတောင်းပေါ့ပါးလှတယ်။

လင်ရှန်း သူ့ကို အံ့အားတကြီး ကြည့်လိုက်မိသွားတယ်။

မော့ကျူးချန်ရဲ့ရယ်သံတွေက တစ်ခါတစ်လေး အထက်စီးဆန်ပြီး တစ်ခါတစ်လေ စိတ်ကြီးဝင်ကာ မကောင်းဆိုးဝါးလိုဖြစ်နေတတ်တယ်။ သေချာပေါက် တကယ် ပျော်ရွှင်နေတဲ့အချိန်တွေလည်း ရှိတာပေါ့။

_ မော့ကျူးချန် ဒီလိုရယ်တာမျိုးကိုတော့ သူဘယ်တုန်းကမှ မကြားဖူးဘူး။

"သူတို့ ဂရုမစိုက်ပါဘူး" မော့ကျူးချန်က ပြုံးလိုက်ပြီးတဲ့နောက်မှာ မျက်လုံးတွေက အေးစက်သွားတယ်။

သူ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်တယ် "အခု သူတို့ ဂရုမစိုက်ဘူး"

"အင်း..." ရှုချန်းက တွေးဆဆနဲ့ ခေါင်းငြိတ်နေတယ်။

"တစ်ယောက်ယောက်က ချီးကျူးခံချင်လို့ သူ့ဆီကို ငါ့ရဲ့ရလဒ်တွေ ပို့လိုက်တာပဲ ဖြစ်မယ်" ရှုချန်းက သူ့အကြောင်း သိချင်နေမယ်ဆိုတာကို မော့ကျူးချန်လည်း သိနေတာကြောင့် စကားလုံးအနည်းငယ်နဲ့ ရှင်းပြလိုက်တယ်။

"တကယ်တော့ ငါ စာမေးပွဲမှာ ပထမဆုံးဖြစ်ဖြစ် နောက်ဆုံးဖြစ်ဖြစ် အရေးမပါဘူး" သူ့နှုတ်ခမ်းတွေက တွန့်ကွေးနေတယ်။

"ဒါပေမယ့်လည်း ဦးလေးက အထူးတလည်တောင်..."

"ဘာမှ အထူးတလည်မဟုတ်ဘူး" မော့ကျူးချန်က ရှုချန်းကို ကြုံတောင့်ကြုံခဲ ကြားဖြတ်ပြောလိုက်တယ် "သူက ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် Sမြို့တော်ကို ရောက်လာလို့ ငါ့ကို တစ်ချက်လောက် ကြည့်သွားရုံပဲ"

သူ့နှုတ်ခမ်းထောင့်တွေက ဖြေးဖြေးချင်း ကော့တက်သွားပြန်တယ် "ဘာမှ အထူးတလည်မရှိဘူး၊ ဘယ်တုန်းကမှ"

လင်ရှန်း တဖြည်းဖြည်း သဘောပေါက်လာတော့တယ်။

ရှုချန်းပြောတဲ့ ဦးလေးဆိုတာနဲ့ မော့ကျူးချန် ပြောနေတဲ့လူက၊ သူ့အဖေပဲဖြစ်ရမယ် ဟုတ်တယ်မှတ်လား?

ဒါက လင်ရှန်းသိထားတဲ့ မော့မိသားစုရဲ့ လက်ရှိအရှင်သခင် မော့တျန်းဖန်းပဲ။

ဟုတ်ပြီ...

စာအုပ်ထဲမှာ အများကြီးရေးထားတယ်။

ဘယ်လိုနေနေ သူက မြင်နေတွေ့နေကျ ဩဇာကြီးမားပြီး ညှာတာမှုမရှိတဲ့ ယခင်မျိုးဆက်ထဲက ခြယ်လှယ်နေတဲ့ဥက္ကဌကြီးတွေလိုမျိုးပဲ။ မျက်လုံးထဲမှာ မော့မိသားစုအကျိုးစီးပွားနဲ့ မော့မိသားစုကိုသာ မြင်တယ်။

နေ့တိုင်း ကမ္ဘာပတ်နေပြီး မော့မိသားစုရဲ့နယ်မြေကို ချဲ့ထွင်နေတော့တယ်။

မော့မိသားစုရဲ့အကျိုးစီးပွားကသာ ပသာဓဖြစ်ပြီး သားအပေါ် ချစ်ခင်မြတ်နိုးမှုဆိုတာ မရှိဘူး။

ဒါ့ကြောင့် စာအုပ်ထဲမှာ သူက မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ လက်တွဲမှာကို အတော်လေး ဆန့်ကျင်ခဲ့တာဖြစ်တယ်။

စုတျန်းတျန်းတို့မိသားစုက မော့မိသားစုရဲ့ ဟိုးအဝေးကြီးမှာ ရှိနေရုံတင်မကဘူး။ ပိုအရေးကြီးတာက သူ့မျက်လုံးတွေထဲမှာ ပုံတွေသာ ဆွဲနိုင်တဲ့ ကာတွန်းရေးဆွဲသူတစ်ယောက်လို့သာ မြင်နေတယ်။ ဒါက သစ်တွေကို ဖြုန်းတီးတာနဲ့ ဘာမှမကွာခြားဘူး။

သေချာပေါက် ဂုဏ်သိက္ခာကြီးမားတဲ့ကျောင်းတွေက ဘွဲ့မရတဲ့ အမျိုးသမီးတွေက မော့ကျူးချန်ကို အများကြီး အကူအညီမဖြစ်စေဘူး။

မော့ကျူးချန်က သူ့အဖေအကြောင်း ညည်းတွားတဲ့အချိန်မှာ လင်ရှန်းလည်း တူညီတဲ့ခံစားချက်ကို ခံစားမိတယ်။

တကယ့်ကမ္ဘာမှာရှိတဲ့ သူ့အဖေကလည်း တကယ်တော့ ဒီလိုလူမျိုးပဲဖြစ်တယ်။

လင်မိသားစုရဲ့စီးပွားရေးက တခြားအရာတွေထက် ပိုပြီးအရေးကြီးတယ်။ ဒါပေမယ့် အတိအကျ တူတာမျိုးတော့ မဟုတ်ဘူး။

လင်ရှန်းရဲ့အဖေက သူ့ရဲ့ဉာဏ်ကြီးရှင်အစ်ကိုကြီးအပေါ်မှာလည်း အတော်လေး ကြင်ကြင်နာနာရှိတယ်။ ဘာကြောင့်ဆို ဒါက သူ့ရဲ့အရေးပါတဲ့ဆက်ခံသူဖြစ်နေတာကြောင့်ပင်။

သူ့ရဲ့ညီမငယ်လေးကိုဆိုရင်လည်း မင်းသမီးလေးတစ်ယောက်ကို ပျိုးထောင်ပေးတယ်။ ဘာကြောင့်ဆို ဒါက သူ့ရဲ့အဖိုးတန်သမီးလေးဖြစ်နေတာကြောင့်ပင်။

လင်ရှန်း ဒီအကြောင်းကိုတွေးရင်းနဲ့ သူ့အတွေးတွေက အဝေးဆီ လွင့်မြောကုန်တယ်။

ထို့နောက် ရုတ်တရက်ဆိုသလို ဒီပြဿနာတွေကို သူ အလေးအနက်ထားပြီး မတွေးမိတာ ရက်ပေါင်းများစွာရှိနေပြီမှန်း သတိပြုမိသွားတယ်!

ဒီအချိန်အတွင်းမှာ သူတကယ် အလုပ်များနေခဲ့တယ်။

ပြိုင်ပွဲအတွက် အလုပ်များခဲ့ရပြီးနောက် လပတ်စာမေးပွဲအတွက် စာပြန်ကြည့်ရသေးတယ်။

လုမြောင်မြောင်နဲ့ အိုးရန်ယင်းယီတို့ကို ဘယ်လိုရင်ဆိုင်အနိုင်ယူရမလဲဆိုတာတွေးပြီး အလုပ်များနေခဲ့တယ်။

သူနဲ့မော့ကျူးချန်ကြားက ဆက်ဆံရေးကို တွေးရင်း အလုပ်များနေခဲ့တယ်။

ကိစ္စတစ်ခုပြီးတိုင်းမှာ တခြားအသစ်က အမြဲတမ်း ပေါ်ပေါ်လာတတ်တယ်။

သူ့ဦးနှောက်က တချိန်လုံး နေရာပြည့်နေတာကြောင့် တခြားကိစ္စတွေကိုတွေးဖို့ အကန့်တောင် ထပ်မရှိတော့ဘူး။

ဒါကြောင့် သူပြန်ရမလားဆိုတာကို တကယ်ကြီး မတွေးမိခဲ့တာ တော်တော်ကြာပြီ!

လင်ရှန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။

ကြည့်ရတာ ယန်ရှို့အကြောင်း မတွေးမိတာလည်း ရက်ပေါင်းများစွာရှိလောက်ပြီ။

လင်ရှန်းက အတွေးနယ်ချဲ့ရင်း ပါးမှာလက်ထောက်ကာ တစ်ယောက်ထိုင်ဆိုဖာလေးကို မှီလိုက်တယ်။

တောက်ရန်ကတော့ အော်ရင်းဟစ်ရင်းနဲ့ ဟင်းပွဲတွေကို မှာနေတုန်းပဲ။

မော့ကျူးချန်နဲ့ ရှုချန်းတို့က စကားပြောလို့ပြီးသွားတဲ့ပုံပေါ်ပြီး သူတို့ဖုန်းတွေကိုထုတ်ကာ ဆော့နေတော့တယ်။

လင်ရှန်း...

သူ ဒီလိုမျိုးနဲ့ တကယ်ကြီး နေသားတကျဖြစ်နေပြီဆိုတာ လင်ရှန်း သိလိုက်ရတယ်။

သူက ဒီအုပ်စုလေးထဲမှာ တချိန်လုံး အဖွဲ့ဝင်ဖြစ်နေခဲ့သလို သူတို့တွေနဲ့ အချိန်အကြာကြီး ရင်းနှီးလာခဲ့သလိုပဲ။

သူတို့တွေနဲ့ အတော်လေး နေသားကျနေရုံတင်မကဘူး။

ဒီမှာ နေတာကြာလာလေလေ သူ ဒါကို ပိုပိုပြီး အသားတကျဖြစ်လာလေ၊ စာအုပ်ထဲက အိမ်ကို ပိုပြီး သဘောကျလာလေဖြစ်နေတယ်။

တကယ်ဆို...

လင်ရှန်း ရှုချန်းမျက်နှာကို လှမ်းကြည့်လိုက်တယ်။

မော့ကျူးချန်က ရှုချန်းနဲ့ စုတျန်းတျန်းတို့ကြားက ဆက်ဆံရေးကို ဒီနေ့ နေ့ခင်းတုန်းက တိုက်ရိုက်ကြီး ထုတ်ပြောမလာခင်တည်းက သူတို့နှစ်ယောက်ကြားမှာ အတော်လေးကောင်းကောင်းမွန်မွန် ရှိနေကြတယ်ဆိုတာကို သူသတိထားနေပြီးသားဖြစ်တယ်။

ဒါပေမယ့် သူ ဘာမှမပြောခဲ့မိဘူး။

သူတို့တွေကို ခွဲထားဖို့ မခွဲထားဖို့ဆိုတဲ့ အတွေးမျိုးတွေကတော့ ဘယ်တုန်းကမှ ပေါ်မလာဖူးဘူး!

ဒါပေမယ့် စစချင်းမှာတော့ မော့ကျူးချန်က စုတျန်းတျန်းနဲ့ တတ်နိုင်သလောက် တွဲသွားဖို့ကို သူ မျှော်လင့်ခဲ့တယ်ဆိုတာ အရှင်းသားကြီးပဲ။

သူတို့တွေ ဝတ္ထုဇာတ်လမ်းကို တတ်နိုင်သလောက် မြန်မြန်အဆုံးသတ်နိုင်ပြီး သူလည်း အိမ်ပြန်လို့ ရကောင်းရနိုင်တယ်!

လင်ရှန်း ရှုချန်းကိုသာ ငေးကြောင်ကြောင် စိုက်ကြည့်နေမိတယ်။

အစောပိုင်းတုန်းက သူ...

'ဘန်း'ဆိုတဲ့အသံတစ်ခု ပေါ်ထွက်လာတယ်။

တောက်ရန်က ဘီယာကိုကိုင်ကာ စားပွဲပေါ်မှာ ချလိုက်ပြီး လင်ရှန်းရဲ့အတွေးတွေကိုပါ ဖြတ်တောက်လိုက်တယ်။

"ဟီးဟီးဟီး..." တောက်ရန်က နက်နဲစွာ ပြုံးလာတယ်။

သူက လူသုံးယောက်ရဲ့မျက်နှာတွေဘက်ကိုလှည့်လိုက်တယ် : "လူတိုင်းလည်း ဆယ့်ရှစ်နှစ်ရောက်ပြီဆိုတော့ အားလုံး အရွယ်ရောက်ကြပြီ၊ သောက်လို့ရပြီ"

သူက ပြောရင်း လင်ရှန်းကို မျက်စပစ်လိုက်တယ် "ဘာဖြစ်ဖြစ် မနက်ဖြန်က ပိတ်ရက် အတန်းမရှိဘူး၊ ငါတို့ တိတ်တိတ်လေး သောက်လို့ရတယ်"

မော့ကျူးချန်က ဘာစကားမှမပြောဘဲ အပြန်အလှန်နားလည်သလို သဘောတူလိုက်တယ်။

ရှုချန်းက သူ့ဆီကို လက်ဆန့်ထုတ်လိုက်တယ် "ငါ ကြည့်အုံးမယ်"

တောက်ရန်က လိမ်လိမ်မာမာနဲ့ နားထောင်လိုက်ပြီး ရှုချန်းရှေ့မှာ လက်လေးနှစ်ဖက်ကို ဆုပ်ကိုင်ကာ "ချန်းကော ချန်းကော"

သူက ရှုချန်းကို ချိုချိုသာသာလေးပြုံးပြီး နားဝင်ချိုစွာပြောလိုက်တယ် : "ကြည့်လေ၊ 5.6°က မမူးဘူးလေ၊ ဘော့စ်က အိုးရန်ယင်းယီကို နိုင်သွားတဲ့အတွက် ငါတို့တွေ အောင်ပွဲခံရမှာ မဟုတ်ဘူးလား? နည်းနည်းလေး ထွေသွားရင်တောင် ကိစ္စမရှိဘူးလေ!"

ရှုချန်းက သူ့ကိုစိုက်ကြည့်ပြီးနောက် ယူလိုက်ကာ အလေးအနက်ကြည့်တော့တယ်။

သူက မျက်မှန်ကိုပင့်တင်ပြီး လင်ရှန်းကို မျက်လုံးဝေ့ကြည့်လိုက်တယ် "လင်ရှန်း သောက်နိုင်လား?"

"အာ..." လင်ရှန်း အနည်းငယ် တွန့်ဆုတ်နေမိတယ်။

"ငါးဒီဂရီလောက်ပဲလေ!" တောက်ရန်က လင်ရှန်းဘေးကို ဖျတ်ခနဲ ခုန်လိုက်တယ် "ရေသောက်ရသလိုမျိုးပဲ!"

သူက လင်ရှန်းကို အားပေးအားမြှောက်လုပ်တော့တယ် "မနက်ဖြန် ပိတ်ရက်မို့လို့ နည်းနည်းလေးထွေသွားလည်း အိုကေပါတယ်ကွာ၊ ပြီးတော့ ဘီယာက သေချာပေါက် မမူးဘူး!" [ T/N : လူလိင် ]

"ဒါပေမယ့် ငါက..."

"လင်ရှန်း..." တောက်ရန်က သူ့ပုခုံးကို ရိုက်ချလိုက်တယ် "ငါတို့အားလုံးက ဆယ့်ရှစ်နှစ် အရွယ်ရောက်ပြီးသား ယောကျာ်းကြီးတွေလေ၊ ဘီယာလေးတောင် မသောက်နိုင်သေးတာ ဘယ်သူရှိမှာမို့လို့လဲ? သောက်ကြမယ်လေ"

"ငါ အရင်တုန်းက..."

"မင်း အသည်းမာလှချည်လား! ဒီမှာ ဘာလူကြီးမှ မရှိဘူး၊ မင်းကို ပြဿနာရှာမှာမဟုတ်ဘူး"

"...အေးပါကွာ" လင်ရှန်း မတတ်သာစွာ ခေါင်းသာငြိတ်ပြလိုက်ရတော့တယ်။

'ဖောက်'ခနဲ အသံတစ်ချက်မြည်သွားတယ်။

စားပွဲထိုးကို ဟင်းပွဲတွေမှာပြီး တောက်ရန်လည်း ချက်ချင်းဆိုသလို အနက်ရောင်ဘီယာဘူးကို ဖောက်ကာ သူတို့ရှေ့မှာ နေရာချလိုက်တယ်။

"ဒီလပတ်စာမေးပွဲမှာ အိုးရန်ယင်းယီကို ကျော်ပြီး ဘော့စ် မျက်နှာပန်းလှခဲ့တဲ့အတွက် အောင်ပွဲခံမယ်!" တောက်ရန်က အရင်ဆုံး ဘီယာဘူးကို မြှောက်လိုက်တယ် "Cheers!"

"Cheers" ရှုချန်းကလည်း ပြုံးကာ ဘီယာဘူးကို မြှောက်လိုက်တယ်။

မော့ကျူးချန်က ဘာမှမပြောဘဲ သူ့ဘီယာကို မြှောက်လိုက်တယ်။

လင်ရှန်းက ခဏလောက်တွေးကြည့်ပြီး အေးစိမ့်နေတဲ့ဘူးကို ကောက်ယူပြီး မော့ကျူးချန်နဲ့ အသာတိုက်လိုက်တယ် "Congratulations"

သူပြောလို့ပြီးတဲ့အခါ ဂရုတစိုက်နဲ့ တစ်ငုံသောက်လိုက်တယ်။

ဂျုံနဲ့ ယစ်မူးဖွယ်အနံ့နဲ့ အနည်းငယ်ခါးသက်သက်အရသာက လင်ရှန်းပါးစပ်ထဲမှာ ပြည့်နှက်သွားတယ်။

လင်ရှန်းက အစစ်အမှန် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဘီယာဆိုတာလည်း ဘယ်တုန်းကမှ မသောက်ခဲ့ဖူးဘူး။

ပထမဆုံးတစ်ငုံက အနည်းငယ် မသက်မသာဖြစ်သွားစေတယ်။

သို့ပေမယ့် စစ်မှန်တဲ့အရသာက သူ့ကို မြန်မြန်ဆန်ဆန် အသားကျသွားစေတော့တယ်။

သူ့ရဲ့ဘယ်ဘက်အခြမ်းမှာထိုင်နေတဲ့ ရှုချန်းက သူ့တံတောင်ကို တို့ကာ တောက်ပစွာ ပြုံးပြလာတယ် "လင်ရှန်း ငါ့ကိုကြည့်!"

သူက ပြောနေရင်း ခေါင်းမော့ကာ ဘီယာဘူးကို သောက်ချလိုက်တယ်။

'ထောက်'ဆိုတဲ့အသံနဲ့အတူ တောက်ရန်က အခွံလွတ်ကို စားပွဲပေါ်တင်လိုက်တယ် "ယောကျာ်းဆိုတာ မိမိုက်နေသင့်တယ်!"

"လင်ရှန်း" လင်ရှန်းနဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရှုချန်းက သူ့ကိုပြုံးပြကာ "သူပြောတာ နားမထောင်နဲ့၊ သောက်ချင်ရင် နည်းနည်းပဲသောက်... မကြိုက်လည်း ဘာမှမဖြစ်ဘူး၊ ဘယ်လိုနေနေ အဲ့တာက အရက်ပဲလေ... နည်းနည်းသောက်လေ ပိုကောင်းလေပဲ"

လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ်။

သူ နောက်ထပ်တစ်ငုံသောက်ပြီးနောက် နောက်ထပ်တစ်ငုံ...

ဘီယာကို သောက်ပြီးတဲ့နောက် ငါးဒီဂရီလောက်သာ ပါတယ်ဆိုပေမယ့် လင်ရှန်းအနည်းငယ် လွင့်မြောနေသလိုခံစားရတယ်။

ခုလေးတင် သူ့ကိုနှောင့်ယှက်နေခဲ့တဲ့အတွေးတွေကလည်း နောက်ကြောင်းပြန်လည်သွားပုံရတယ်။

သူ အတိတ်ကို မှတ်မိသေးတယ်။ သူ ဂျူနီယာအထက်တန်းကျောင်းတက်တုန်းက ဒေါသထွက်ပြီး အိမ်ကနေ ထွက်ပြေးခဲ့ပေမယ့် သူ့ကို မိသားစုထဲက ဘယ်သူမှ မရှာခဲ့ကြဘူး။

ထိုအစား ယန်ရှို့ကသာ သူ့ကို ရပ်ကွက်ပန်းခြံထဲမှာ ရှာတွေ့သွားခဲ့တယ်။

သူက လင်ရှန်းကို တအားလိမ္မာနေစရာမလိုကြောင်း ပြောခဲ့တယ်။

ရပ်ကွက်ထဲမှာ 'အိမ်ကနေ ထွက်ပြေးနေတဲ့' လင်ရှန်းကို ရံဖန်ရံခါ ပုန်ကန်ပေးတာကလည်း ကောင်းတယ်လို့ ပြောခဲ့တယ်။

လင်ရှန်း မတတ်သာစွာ နှုတ်ခမ်းတွေ ကိုင်းကျသွားတော့တယ်။ သူ့အစ်ကိုကြီးလင်ယွမ်ကလည်း ဆင်တူတဲ့တစ်စုံတစ်ရာကို ပြောခဲ့ဖူးသလိုပဲ။

သူတို့တွေက သူ့ကို တအားမလိမ္မာဖို့ ပြောခဲ့ကြတယ်။

လင်ရှန်း ဘီယာဘူးကိုယူကာ နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။

အပြည့်အဝမမြိုချနိုင်လိုက်တဲ့ အညိုရောင်အရည်တွေက သူ့နှုတ်ခမ်းထောင့်တွေကနေ စီးကျသွားပြီး နောက်ဆုံး လင်ရှန်းရဲ့ကျောင်းယူနီဖောင်း ရှပ်အကျီကော်လံကို စိုသွားစေတယ်။

"ဟားဟား!" တောက်ရန်က သူ့အတွက်သူ နောက်တစ်ဘူးဖောက်လိုက်တယ် "ထိန်းမရတော့ဘူးဟေ့!"

သူက လက်ကိုဆန့်ထုတ်ပြီး လင်ရှန်းကို ထိဖို့လုပ်တော့တယ် "လင်ရှန်း! ရှန်းကော! ငါ မင်းကို ရှန်းကောလို့ခေါ်မယ်... မင်း ဘော့စ်ကို ပေးခဲ့တဲ့ နမူနာပုစ္ဆာကို ငါ့ကို ပြလို့ရလား?"

တောက်ရန်က လင်ရှန်းနားကို တိုးကာ "ရှန်းကော__"

သူ့ခမျာ လင်ရှန်းနားတောင် မရောက်လိုက်ဘူး။ မော့ကျူးချန်ရဲ့လက်က သူ့မျက်နှာကို တားထားတယ်။

"ထိုင်နေစမ်းပါကွာ!" မော့ကျူးချန် သူ့ကို စိုက်ကြည့်လိုက်တယ်။

ရှုချန်းလိုပဲ သူလည်း ဘီယာကို အလောတကြီးမဟုတ်ဘဲ ဖြေးဖြေးချင်းသာ သောက်နေတယ် "နမူနာပုစ္ဆာကို ကြည့်ချင်တယ်ဆိုရင် ရှန်းကောလို့ခေါ်လည်း အသုံးမဝင်ဘူး၊ မင်း ငါ့ကိုတောင်းရမှာ"

တောက်ရန် "ဟမ်?"

လင်ရှန်း မနေနိုင်တော့ဘဲ ရယ်မိသွားတယ်။

သူ အနည်းငယ်ရီဝေဝေဖြစ်နေတုန်းဖြစ်ပြီး သူ့ခေါင်းထဲမှာ အဖြူရောင်မြူနှင်းတွေ ဖုံးလွှမ်းနေသလိုဖြစ်နေတယ်။

တောက်ရန်နဲ့ မော့ကျူးချန်တို့ ပြောနေကြတဲ့စကားလုံးတိုင်းကို ကြားလည်းကြားနိုင်သလို နားလည်းနားလည်တယ်ဆိုတာ အသိသာကြီး။

ဒါပေမယ့် သူတို့တွေက အဝေးကြီးရောက်နေသလို ခံစားနေရတယ်။

သူ တုံ့ပြန်နိုင်ဖို့အတွက် သူ့နားထဲကို ထိုအသံတွေရောက်လာဖို့က အတော်လေးကြာနေသလိုပဲ။

"မင်း ငါ့ကို မယုံဘူးဆိုရင် သူ့ကိုမေးကြည့်လိုက်" မော့ကျူးချန် လင်ရှန်းကို လက်ညှိုးထိုးပြလိုက်တယ်။

"ရှန်းကော?" တောက်ရန်က လင်ရှန်းကို လှည့်ကြည့်ကာ "တကယ်ကြီးလား? မဟုတ်ဘူးလေ ရှန်းကောရ! မင်းက စိတ်ခိုင်မှရမယ်လေ! ဒီလောက်မြန်မြန်ကြီး ဘော့စ်ရဲ့ အစားကို ခံလိုက်လို့မဖြစ်ဘူး!"

သူက လင်ရှန်းရဲ့ပုခုံးကို ဆုပ်ကိုင်ကာ အသည်းအသန် လှုပ်ယမ်းလိုက်တယ် "ရှန်းကော၊ မင်း ညီအစ်ကိုချင်း ဒီလိုမျိုး လှည့်စားလို့မရဘူးလေ! ငါ ချန်းကောနဲ့ ထပ်ပြီးအလောင်းအစားလုပ်ထားသေးတယ်လို့! ပြီးခဲ့တဲ့အခေါက်တည်းက ငါ ခုနစ်ကြိမ် ရှစ်ကြိမ်လောက် ဆက်တိုက်ရှုံးထားတာ ပြီးတော့ ဒီတစ်ခေါက်ရောပဲ... ငါ့ရဲ့နှစ်ဝက်စာလောက်ရှိတဲ့မုန့်ဖိုးလေးတွေကို မြေခွေးအိုကြီးချန်းက နှိုက်သွားပြီ!"

"တောက်ရန်" ရှုချန်း တောက်ရန်ကို လှမ်းခေါ်လိုက်တယ် "သူ့ကို လှုပ်မနေနဲ့"

သူက တချိန်လုံး ပြုံးနေတဲ့လင်ရှန်းကို ကြည့်လိုက်တယ်။ နောက်တော့ လင်ရှန်းလက်ထဲက ဘီယာဘူးကို ကြည့်ကာ မရေမရာပြောလိုက်တယ် "သူ... မူးနေပြီလား?"

"မဟုတ်လောက်ပါဘူး?!" တောက်ရန် အလန့်တကြားဖြစ်သွားတယ်!

သူ လင်ရှန်းကို မြန်မြန်ဆန်ဆန်ကြည့်ကာ လက်ချောင်းနှစ်ချောင်းထောင်ပြီး သူ့ရှေ့မှာ လှုပ်ပြလိုက်တယ် : "ရှန်းကော ဒါက?"

"နှစ်!" လင်ရှန်းက အသံကြည်ကြည်လေးနဲ့ ပြောလာတယ်။

"မဟုတ်ပါဘူးဆို" တောက်ရန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။

မော့ကျူးချန်က ခဏလောက်တွေးကြည့်ပြီးမှ လင်ရှန်းကို မေးလိုက်တယ် "Ohm's Law ထဲမှာ U ဆိုတာ ဘာအတွက်လဲ?"

"U? U... အမ်း... Ohm's Law... အင်း..." လင်ရှန်း ပေကလပ်ပေကလပ်နဲ့ ကြိုးစားပမ်းစား စဉ်းစားတော့တယ်။

"မူးနေပြီ" မော့ကျူးချန် အခိုင်အမာပြောလာတယ်။

တောက်ရန်ခမျာ ဆွံ့အသွားရှာတယ်။

ဒါက သူ့ရဲ့ဘော့စ်ရော ဟုတ်သေးရဲ့လား?

သူနဲ့ လင်ရှန်းက ပုံမှန်ဆိုလည်း ဒီလိုပဲ အဆင်ပြေနေကြတာလား?!

သူက ခုထိ အားကြိုးမာန်တက် စဉ်းစားနေဆဲလင်ရှန်းကို ကြည့်ပြီးနောက် မော့ကျူးချန်ကို ထပ်ကြည့်လိုက်တယ်။

"ဒါပေမယ့် ဘော့စ်..." တောက်ရန် မနေနိုင်စွာ မျက်တောင်လေးခတ်လိုက်တယ်။ "လင်ရှန်းက မူးနေတာလေ၊ မင်းက ဘောက်မဲ့ကြောင့် ပြုံးနေရတာတုန်း?"


_____


Thanks 🌹

Continue Reading

You'll Also Like

303K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...