ဦးကို မုန်းခွင့်ရချင်တယ်.../ဦ...

By ThetThentYaungChel

139K 3.9K 37

စည်းချက်ညီညာ + အိမ်မက်သခင် စည်းက မိသားစုအတွက် လက်စားချေဖို့ သသကိုအနားမှာ ခေါ်ထားခဲ့ရာမှ ချစ်မိသွားတဲ့ ဝတ္ထုလေ... More

Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(29)
Extra For Black & YarThetPan

Part(30) The End

7.8K 137 12
By ThetThentYaungChel

        အပိုင်း(၃၀)
       Final Part

အားလုံးက ဦးသခင်ပိုင်ဆီစိတ်ရောက်နေစဉ်မှာ ဒေးဗစ်က သက်ရဲ့လည်တိုင်ကိုရိုက်ချလိုက်သည်။ ပျော့ခွေကျသွားတဲ့သက်ကို ဘေးနားအသာချကာ သခင့်ကိုချိန်ရွယ်လိုက်သည်။

အထဲရောက်လာသည့်ဝါဝါက ထိုမြင်ကွင်းကို မြင်သွားပြီး စိုးရိမ်တကြီး ပြေးလာကာ...

"ဒိုင်း..."

"မဖြစ်ဘူး!"

"အာ့..."

သေနတ်သံကြောင့် သူတို့သုံးဦးလှည့်ကြည့်ချိန်မှာ သခင့်ရှေ့ကာပေးလိုက်တဲ့အရိပ်တစ်ခု...

ကျည်ဆံက ဝါဝါ့နှလုံးနေရာသို့ဖြတ်ဝင်ကာ သခင့်ဆီထိမှန်သည်။ တစ်ယောက်ကိုမှန်ပြီးသွားပြီဖြစ်တာကြောင့် အရှိန်သိပ်မပြင်းတော့ပေ။

"ဝါဝါ..."

လဲကျ‌လာတဲ့ ခန္ဓာကိုယ်ကိုထွေးပွေ့လိုက်ရင်း သခင်ပါ ဒူးထောက်ထိုင်ချလိုက်သည်။ ရင်ဘတ်နေရာက နာကျင်မှုဒဏ်ကိုခံစားနေရပေမဲ့ အခုချိန်မှာ သူ့နေရာအစားဝင်ခံလိုက်တဲ့ဝါဝါ့ကိုသာစိတ်ပူနေမိသည်။

နောက်တစ်ယောက်ကိုထပ်မံချိန်ရွယ်နေတဲ့ ဒေးဗစ်ကိုတော့ Blackက သေနတ်နဲ့နှစ်ချက်ဆင့်ပစ်ထည့်လိုက်သည်။ ထိုအချိန်ကို ဦးသခင်ပိုင်ကအခွင့်ကောင်းယူကာ သသကိုဆွဲခေါ်ရင်း နောက်တဖြည်းဖြည်းဆုတ်ကာ လွှတ်မြောက်လမ်းရှာသည်။

"သခင် ငါတို့ဦးသခင်ပိုင်နောက်လိုက်သွားလိုက်မယ်"

"အင်း "

စည်းနဲ့Blackက ဦးသခင်ပိုင်နောက်ပြေးလိုက်သွားချိန်မှာ ရဲကားတွေတန်းစီပြီးရောက်ရှိလာသည်။

"အစ်ကိုလေး အွတ်...."

ဝါဝါစကားစလိုက်သည်နှင့် သွေးတွေဒလဟောစီးကျလာတာကြောင့် သခင်ခေါင်းကိုခါရမ်းရင်း စကားမပြောဖို့ ပြောသည်။

"ဝါဝါစကားမပြောနဲ့ သွေးတွေထပ်ထွက်လိမ့်မယ် စကားမပြောနဲ့"

"ဟင့်အင်း အင့်..အစ်ကိုလေးစကားနားမထောင်လို့...အွတ်...ဆူမယ်ဆိုရင်တောင် ဝါဝါချစ်ရတဲ့ အစ်ကိုလေးကို ကယ်တင်လိုက်ရလို့ ဝါဝါကျေနပ်ပါတယ်"

"စကားမပြောနဲ့ပါဆို မလာခဲ့နဲ့လို့ ပြောထားတာကို..."

ဝါဝါ့လက်ကိုဆုပ်ကိုင်ကာ မျက်ရည်တွေကျရင်း တားဆီးမိသည်။ ဒါကိုဝါဝါက ပြုံးကာ သခင်ရဲ့မျက်နှာကို သွေးတွေပေကျံနေတဲ့လက်နဲ့လှမ်းကိုင်သည်။

"အစ်ကိုလေး ပျော်..ပျော်..နေ...သွားပါ"

ထိုစကားအဆုံး သခင့်ပါးကိုကိုင်ထားတဲ့လက်က လျော့ကျသွားရပြီး မျက်လုံးမှိတ်သွားကာ ဇာတ်ကျိုးကျသွားသည်။

"ဝါဝါ...မဖြစ်ဘူး "

သခင် အရူးတစ်ယောက်လို ဝါဝါ့ကိုဖက်ကာ ငိုနေမိသည်။ သူအားငယ်နေတဲ့အချိန်မှာ အားပေးစကားပြောပေးတဲ့သူမ၊ သူမမျက်လုံးထဲမှာ သူ့ကိုချစ်တဲ့အချစ်တွေတွေ့မြင်နေရပေမဲ့ ဥပေက္ခာပြုထားမိတဲ့သူ..အခုတော့ သူမက အဝေးကိုလွှင့်ထွက်သွားခဲ့ပြီ။

အစေခံတစ်ယောက်ရဲ့ချစ်ခြင်းက ပေးဆပ်ခြင်းသပ်သပ်ပါပဲ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ဦးသခင်ပိုင်က စက်ရုံအနောက်ပေါက်‌ကနေ သသကိုခေါ်ထုတ်လာသည်။ အဝေးမရောက်ခင်မှာ ရဲတွေက ဦးသခင်ပိုင်ကို ဝိုင်းထားနိုင်လိုက်သည်။

"ဦးသခင်ပိုင် ခင်ဗျားလက်နက်ချလိုက်ပါ အားလုံးကိုဝိုင်းထားပြီးပြီ"

"ရှေ့တိုးမလာနဲ့ တိုးလာရင် သတ်ပစ်မယ်.."

သသရဲ့လည်ပင်းထဲထိ နစ်ဝင်သွားအောင်သေနတ်နဲ့ထောက်ကာ ချိန်ထားခြင်းကြောင့် ဘယ်လိုမှ ပစ်မရဘဲ လက်နက်ချဖို့သာပြောနေရသည်။

စည်းနဲ့ Blackသည်လည်း အချိန်ကောင်းကိုစောင့်ကာ ဦးသခင်ပိုင်နားတဖြည်းဖြည်းတိုးကပ်လာကြသည်။

"အနားမကပ်နဲ့ပြောနေတယ်လေ ဒိုင်း..."

ဦးသခင်ပိုင်ရဲ့အ‌ပေါ်ကို ထောင်ပစ်လိုက်တဲ့ သေနတ်သံကြောင့် သသကိုယ်လေးတုန်တက်သွားရသည်။ မျက်ရည်တွေဝိုင်းလာရကာ အ‌ဖေ့ကိုကြောက်ရွံလာမိသည်။

"သသမကြောက်နဲ့ ကိုယ်ရှိတယ် ကိုယ့်ကိုပဲကြည့်..."

"ဦး..."

သသကြောက်နေမယ်ဆိုတာကို သိနေတဲ့စည်းက  သူ့ကိုသာကြည့်ခိုင်းသည်။ ဦးသခင်ပိုင် သသကိုပိုမိုတင်းကြပ်အောင် ဆွဲချုပ်လိုက်ရင်း...

"တိတ်စမ်း..."

"ငါမရှုံးဘူး ငါနိုင်ရမယ် သေချာပေါက်မရှုံးစေရဘူး"

ကြွေးကြော်သံတစ်ဆုံးမှာ ခဲလုံးကြီးတစ်ခုကို တင်နင်းမိရင်း ခန္ဓာကိုယ်က ယိုင်သွားသည်။ ဒါကို သသက ရုန်းလိုက်သည်။

"သသထိုင်ချလိုက်..."

ဦးသခင်ပိုင်က သသကို ပြန်ဖမ်းဆွဲဖို့လုပ်ပေမဲ့ စည်းရဲ့စကားသံကြောင့် သသနားကိုတင်းတင်းပိတ်ကာ ထိုင်ချလိုက်သည်။

"ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း "

ငါးချက်ထက်ပိုမနည်းတဲ့ ကျည်ဆံတွေက ဦးသခင်ပိုင်ရဲ့ခန္ဓာကိုယ်ဆီအနှံ့အပြားဝင်ရောက်လာသည်။ ထို့နောက် ဦးသခင်ပိုင်သည် ဒေးဗစ်နောက်သို့လိုက်သွားရချေပြီ။

"ဘုတ်..."

"သသ..."

"ဦး..."

ထိုင်နေလျက်ရှိတဲ့ သသဆီကို အပြေးလာရင်း ဒူးထောက်ထိုင်ချကာ သသကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"အဟင့် ဦး..."

Blackသည်လည်း စည်းတို့ကို ခဏကြည့်ကာ စက်ရုံဟောင်းထဲ ပြန်လည်ပြေးဝင်သွားသည်။ သို့ပေမဲ့ သက်က ထိုနေရာမှာ ရှိမနေတော့ပါ။

"သက်..."

အရာအားလုံးငြိမ်းချမ်းသွားပေမဲ့ ရာသက်ပန်ကတော့ သူတို့အားလုံးကို အဆက်အသွယ်ဖြတ်သွားသည်။ မသေဘူးဆိုတာ သေချာသိနေသည့်အတွက် နေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ အရိပ်အယောင်ပင်မတွေ့ရတော့ချေ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"အေးအေးချမ်းချမ်းအနားယူပါ ဝါဝါ...မကြာခဏ ကိုယ်လာခဲ့မယ်"

ဝါဝါရဲ့မကြာသေးခင်ကမှပြီးစီးထားတဲ့အသစ်စက်စက်အုတ်ဂူမြေပုံရှေ့ကို ပန်းစည်းချရင်း နှုတ်ဆက်သည်။

ထို့နောက် လက်တစ်ဖက်က ရင်ဘတ်ထိပ်တောင့်စွန်းမှာ ထိမှန်ထားတဲ့ကျည်ဆံပေါ်ကို လက်နဲ့ဖိကိုင်ကာ...

"ဒီကျည်ဆံကို ကိုယ်သေတဲ့အထိမဖယ်ဘူး ဝါဝါ ဒါက က်ိုယ့်အသက်ကို ကယ်ရင်း မင်းအသက်ကို နှုတ်ယူသွားတဲ့အတွက်၊ မင်းကို မကာကွယ်လိုက်နိုင်တဲ့အတွက် ပြစ်ဒဏ်တစ်ခုပဲ ဒီ‌ဒဏ်ရာကို မြင်တိုင်း မင်းကို အမြဲတမ်းသတိရနေမှာပါ ဝါဝါ..."

သခင် ကျောခိုင်းထွက်ခွါသွားသည့်နောက် ဝါဝါရဲ့ဓာတ်ပုံသည် အရင်ကထက်ပြုံးနေသယောင်...ထိုအပြုံးသည်က အတိုင်းအဆမဲ့ပျော်ရွှင်နေတဲ့အပြုံးမျိုးပင်။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

~~(၅)နှစ်ခန့်ကြာပြီးနောက်~~

"အိမ့်အိမ့် မပြေးနဲ့ "

"ကိုကိုမိအောင်ဖမ်းနိုင်ရင် ဖမ်း...ခ်..."

The Worldစံအိမ်ဝင်းထဲမှာ အသက်(၄)နှစ်ကျော် ကောင်မလေးက အသက်(၆)နှစ်နီးပါး ကောင်လေးကို စကာ ခြံဝင်းကျယ်ကြီးကို ပတ်ပြေးနေသည်။ ထိုကလေးနှစ်‌ယောက်သည်က ဦးစည်းချက်ညီညာနဲ့ ဒေါ်အိမ်မက်သခင်တို့ရဲ့သား စည်းခြားကမ္ဘာနဲ့ သမီး အိမ်မက်ပိုင်စိုးတို့ဖြစ်သည်။

"ဒုတ်...အာ့..."

တစ်ယောက်နဲ့တစ်ယောက် ပြေးတမ်းလိုက်တမ်းကစားနေစဉ်မှာ အိမ့်အိမ့်လေးက ခလုတ်တိုက်မိပြီး မှောက်ရက်လဲကျသည်။ ‌‌ခြေတောက်လှလှလေးက ခြစ်ရာတွေနဲ့သွေးတွေထွက်လာခြင်းကြောင့် အိမ့်အိမ့်လေးက နာကျင်၍ အော်ငိုသည်။

"ဟီး...ဟီး..."

"အိမ့်အိမ့် ဘာဖြစ်သွားသေးလဲ "

"ဟီး ကိုကိုကြောင့် ကိုကိုလိုက်လို့ အိမ့်ချော်လဲတာ..."

ငိုနေရင်းမှ နောက်ကနေလိုက်သည့် စည်းခြားလေးကို အပြစ်တင်ပြောဆိုသည်။ စည်းခြားလေးသည်လည်း အိမ့်အိမ့်လဲကျပြီး ဒဏ်ရာပါရနေတာကြောင့် ခြေမကိုင်မိလက်မိကိုင်မိနဲ့ ပြာယာခတ်သွားသည်။

"ဟင့်! ကိုကိုကြောင့် "

"ဟုတ်တယ် ကိုကိုကြောင့် အိမ့်အိမ့်မငိုနဲ့တော့နော် ကိုကိုအိမ်ထဲကို ကျောပိုးပြီး ခေါ်သွားမယ် အဲ့ကျမှ ဆေးထည့်ပြီး ပတ်တီးစည်းပေးမယ်"

"ဟင့်အင်း ဆေးမထည့်ချင်ဘူး ပတ်တီးလည်း မစည်းဘူး ဟင့် အိမ့်ခြေတောက်ကြီးပတ်တီးနဲ့ဆို မလှတော့ဘူး"

ငိုပြီး ဂျီကျနေတဲ့အိမ့်အိမ့်လေးကြောင့် စည်းခြားလေး ပြန်ပြောစရာစကားမရှိတာကြောင့် ခေါင်းကို ကုတ်သည်။

"မငိုပါနဲ့ အိမ့်အိမ့်ရယ် ကိုကိုမချော့တတ်ဘူး "

"အဟင့် အိမ့်ကို ချစ်စရာပုံစံလုပ်ပြပြီး ချော့လို့ရတာပဲ"

"အဲ..ကိုကိုမှမလုပ်တတ်တာ "

"ဟီး ကိုကိုက အိမ့်ကိုမချစ်ဘူး "

ခြေစောင့်ပြီး အော်ငိုနေတဲ့အိမ့်အိမ့်လေးကြောင့် စည်းခြားမျက်နှာ ရှုံ့မဲ့သွားရင်း လက်သီးလေးကိုဖွဖွဆုပ်ကာ ပါးနားကပ်လိုက်ပြီး...

"ညောင်..."

စည်းခြားလေးရဲ့အပြုအမူကြောင့် အိမ့်အငိုရပ်သွားပြီး စည်းခြားကိုထူးဆန်းသလိုကြည့်သည်။ စည်းခြားရဲ့ပုံစံက ချစ်စရာပုံစံမျိုးမဟုတ်ဘဲ ရယ်စရာကောင်းနေသည်။

"ခ်!.."

အိမ့်အိမ့်အငိုတိတ်သွားပြီး တစ်ချက်ရယ်လိုက်တာကြောင့် စည်းခြားလည်း လိုက်ရယ်ရင်း အိမ့်ကိုကျောပိုးလိုက်သည်။

"သွားမယ် အထဲမှာ အိမ့်ကို ကိုကိုဆေးထည့်ပေးမယ်"

"ဟုတ်..."

စည်းခြားလေးက အိမ့်အိမ့်ကို ‌အိမ်ထဲခေါ်လာပြီး ဆေးသေတ္တာထဲက ဆေးတစ်ချို့ကိုယူပြီး ခါတိုင်း အိမ့်အိမ့်ဒဏ်ရာရချိန်က မေမေ ထည့်ပေးပုံအတိုင်း အိမ့်အိမ့်ကိုဆေးထည့်ပေးသည်။

"ပြီးပြီ..."

"ဟုတ် ကိုကိုက အကုန်လုပ်တတ်တာပဲ "

"ဒါပေါ့ ကိုကိုက ကြီးလာရင် မေမေ့လိုဆရာဝန်လုပ်ပြီး အိမ့်ဒဏ်ရာရရင် ဆေးထည့်ပေးမှာ "

"ဒါဆို အိမ့်က ဖေဖေ့လို အင်ဂျင်နီယာလုပ်မှာ...ကိုကိုနေဖို့အိမ် ဆောက်ပေးမယ် "

"ဒါမှ ကိုကို့ရဲ့အိမ့်လေး..."

"ဖေဖေ့ရဲ့သားနဲ့သမီး ဘာလုပ်နေကြတာလဲ "

"ဖေဖေ..."

စည်း ခေါင်းတွေထိုးကိုက်နေပြီး နေမကောင်းသလိုဖြစ်နေတာကြောင့် နေ့ခင်းပိုင်းမှာ Blackကိုလက်လွှဲကာ အိမ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ရောက်ရောက်ချင်း ဧည့်ခန်းမှာ စကားပြောနေကြတဲ့ သားနဲ့သမီးကို တွေ့ပြီး ခေါ်လိုက်ခြင်းကြောင့် နှစ်ယောက်သား သူ့ဆီပြေးလာကြသည်။ အိမ့်အိမ့်လေးရဲ့ခြေတောက်က ဒဏ်ရာရထားခြင်းကြောင့် ထော့နဲ့ထော့နဲ့လေးနဲ့ပြေးလာသည်။

"ဖေ့သမီးလေးက ဘာဖြစ်တာလဲ "

"ချော်လဲတာ ဖေဖေ ကိုကိုက ဆေးထည့်ပေးတယ် "

"ဟုတ်လား ကိုကိုက တော်လိုက်တာ "

"ဟုတ်တယ် ကိုကိုက အတော်ဆုံးပဲ "

စည်း စည်းခြားလေးနဲ့အိမ့်အိမ့်လေးကို ဖက်ထားရင်း ခေါင်းထဲမှာ အကြံတစ်ခုပေါ်လာသည်။

"သား "

"ဗျာ..."

"မေမေ့ဆီကို ဖုန်းဆက်လိုက်လေ ညီမလေးထိခိုက်မိနေတယ်လို့ပြောပြီး ခေါ်လိုက်ပါလား "

"ဟင် ဘာလို့လဲ သားဆေးထည့်‌ပေးပြီးပြီ "

"ဖေဖေဖျားနေတယ် "

"မေမေက မှာထားတယ် ညီမလေးဖျားရင် ဒီဆေးကိုခဏသောက်ခိုင်းထားတယ် သောက်ပြီးအိပ်လိုက်ရင် ပျောက်သွားတယ်တဲ့ ဖေဖေအဲ့တာ ဖေဖေသောက်လိုက်လေ မေမေ့ကိုခေါ်ရင် မေမေပင်ပန်းလိမ့်မယ်"

စည်းခြားလေးရဲ့စကားကြောင့် စည်းမျက်နှာ အင်တင်တင်ဖြစ်သွားရသည်။ ထိုစဉ်!

"တီ တီ..."

ကားဟွန်းတီးသံကြောင့် စည်း ကြည့်မိတော့ သခင်ဖြစ်နေသည်။ သခင့်ကိုပြုံးကြည့်လိုက်ရင်း နောက်ထပ်အကြံအစည်တစ်ခု ထပ်ရောက်လာသည်။

"ကလေးတို့ရေ "

"ဦးဦးသခင် "

သခင့်အသံကြားသည်နှင့် ကလေးနှစ်ယောက်က အပြေးအလွှားလေး သခင့်ဆီပြေးသွားကြသည်။ သခင် ကလေးနှစ်ယောက်ကို တစ်ဖက်ဆီပွေ့ချီလိုက်ရင်း...

"ဦးက ကလေးတို့နဲ့လာဆော့တာဗျာ "

"ရေး..."

"သခင် "

"ပြော..."

"ဒီမှာမကစားဘဲ ကစားကွင်းလိုက်ပို့လိုက်ပါလား ငါနေမကောင်းဘူး"

"နေမကောင်းရင် အိပ်နေလေ မင်းက အပေါ်ထပ်မှာဆို အသံမကြားစေရဘူး ခြံထဲမှာဆော့မှာ"

"အိမ့်အိမ့်ကလည်း သွားချင်နေတာကွ ပို့ပေးလိုက်ပါ"

စည်းစကားကြောင့် အိမ့်အိမ့်ဆီကို အကြည့်ရောက်လာသည်။ စည်းခြားကလည်း ညီမလေးဘယ်တုန်းကပြောတာလဲဆိုတဲ့အကြည့်နဲ့...
အိမ့်အိမ့်က စည်းရဲ့သမီးပီသစွာ ‌ပြုံးရယ်ပြီး ခေါင်းငြိမ့်ပြသည်။

"အိမ့်သွားချင်တယ် ပို့ပေးနော် ဦးဦးသခင် ဖေဖေက နေမကောင်းဘူးလေ ဦးဦးသခင်လိုက်ပို့ပေးနော် ကိုကို သွားရအောင်လေ နော်"

စကားတီတီတာတာလေးနဲ့ချွဲနေသည့် အိမ့်အိမ့်လေးကြောင့် စည်းခြားကလည်း ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်သည်။

"အိမ့်အိမ့်သွားရင် သွားမယ် "

"ရေး ဒါမှ အိမ့်ကိုကို..."

"ဒါဆို ငါလိုက်ပို့လိုက်ဦးမယ် "

"အင်း မိုးချုပ်ခါနီးမှ ပြန်ပို့လည်းရတယ် "

ပုံမှန်ဆို သူ့သားနဲ့သမီးကို မထည့်တတ်တဲ့စည်းကို မသင်္ကာသလိုကြည့်ရင်း စည်းခြားလေးနဲ့အိမ့်အိမ့်လေးလက်ကိုတွဲကာ ထွက်သွားသည်။

သခင်တို့ထွက်သွားသည်နှင့် စည်း သသဆီကိုဖုန်းခေါ်လိုက်ရင်း...

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ဦး သမီးလေး ဒဏ်ရာရတယ်ဆို ဘယ်မှာလဲ ဟော..ဟဲ..."

"ခဏလောက်အမောဖြေပါဦး "

သမီးထိခိုက်မိတယ်လို့ပြောလိုက်တာနဲ့ သသဂျူတီကုဒ်ပင် မလဲနိုင်ဘဲ အိမ်ကိုအမြန်ပြေးလာသည်ထင်သည်။ ချွေးတွေထွက်ပြီး လူကမောနေသည်။

"သမီး သမီးရော "

"လာ..."

သသလက်ကိုဆွဲခေါ်သွားသည်က ဒုတိယထပ်က သူတို့အိပ်ခန်းဆီသို့...သသအခန်းထဲရောက်သည်နှင့် စည်းတံခါးကိုလော့ချလိုက်သည်။

"ဟင် ဘယ်မှာလဲ သမီးလေးက "

ကုတင်ပေါ်မှာ မတွေ့ရတော့သဖြင့် သသပြန်လှည့်ကြည့်ပြီးမေးတော့ စည်းရဲ့မျက်နှာက ပြုံးစိစိဖြစ်သွားခြင်းကြောင့် သသလှည့်စားခံရမှန်းသိသွားသည်။

"ဦးကွာ သသသကအတည်ထင်နေတာကို "

စည်းက ခေါင်းတစ်ချက်ငြိမ့်ရင်း ကုတင်ပေါ်မှာ ဝင်ထိုင်သည်။

"အတည်ပဲလေ ကလေးရဲ့ တစ်ကယ်ကိုသမီးလေးက ထိခိုက်ခဲ့တာ"

"ဒါဆိုအခုဘယ်မှာလဲ "

"ကစားကွင်းသွားမယ်ဆိုပြီး သခင်ခေါ်သွားတယ် "

"ဒါဆို သသဆေးရုံပြန်သွားတော့မယ် လူနာအရမ်းများနေတာ"

"ကိုယ်လည်းနေမကောင်းဘူး "

သသလက်ကိုဆွဲကာ အိပ်ယာပေါ်ဆွဲချလိုက်သည်။

"တစ်ကယ်လား "

သသက စည်းရဲ့နဖူးကို စမ်းကြည့်သည်။ နည်းနည်းနွေးနေသည့်အသားကြောင့်...

"သသဆေးတိုက်မယ် "

"မသောက်ချင်ဘူး "

"ဦးက မရစ်နဲ့လေ ဆေးသောက်မှပျောက်မှာပေါ့"

"ကိုယ့်ရဲ့ဆေးက မင်းလေ ကိုယ့်အနားမှာ ခဏလောက်နေပေး (၅)နှစ်လုံးလုံး ကလေးတွေနဲ့လူနာတွေကိုပဲ အချိန်ပေးခဲ့တာ အခုအတိုးပြန်ယူမယ်"

"ဦးကလည်း "

"ကိုယ့်အနားမှာ ခဏနေပေးကွာ စိတ်ချ ဘာမှမလုပ်ဘူး ဖက်အိပ်ယုံလေး"

စည်းရဲ့စကားကို သသက မယုံသလို ကြည့်သည်။ စည်း ခေါင်းတစ်ကယ်ပင်ကိုက်နေတာကြောင့် သသကိုယ်လေးကို ဖက်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ နောက်ဆုံးတော့လည်း စည်းအလိုကျ သသဘေးမှာ နေပေးရသည်။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"သခင်‌လေး သက်က ဆွဒ်ဇလန်မှာရှိတယ်လို့သတင်းရတယ် ကျွန်တော့်ကဒ်က အဲ့မှာ ပိုက်ဆံထုတ်ခဲ့တယ်တဲ့"

"ဟုတ်မယ် ကိုကြီး ဆေးရုံက ရတဲ့ငွေတွေကိုလည်း အခုနောက်ပိုင်း အဲ့ကိုပဲပို့တယ် သက်ဆီပို့တာဖြစ်နိုင်တယ်"

"အဲ့တာ!"

"ရတယ် လိုက်သွားလိုက် သက်ကို ခေါ်ပြီး ပြန်လာခဲ့ ကုမ္ပဏီကို စိတ်ပူစရာမလိုဘူး"

"စိတ်ချပါ သက်မလိုက်ရင်တောင် ကျွန်တော်က မရရအောင်‌ပြန်ခေါ်လာမှာ"

Black ခိုင်မာစွာပြောရင်း သက်ဆီလိုက်သွားရန်အတွက် ချက်ချင်းပင် ပြင်ဆင်သည်။

"ဦး ကိုကြီး သက်ကိုရှာတွေ့မှာပါနော် "

"အင်း ပျောက်သောသူ ရှာလျှင်တွေ့ တဲ့ သေချာပေါက် Blackသက်ကို ပြန်တွေ့မှာ "

"ဟုတ်တယ်နော့် "

သသက အဖော်စပ်လိုက်ပေမဲ့ စည်းက သသကိုစိုက်ကြည့်ရင်း မျက်နှာက အနီးနားတိုးကပ်လာသည်။ သသမငြင်းတော့ဘဲ ငြိမ်နေပေးလိုက်ကာ မျက်လုံးမှိတ်လိုက်သည်။

"ဖေဖေ "

"မေမေ "

စည်း သသပုခုံးကို ဖက်ပြီး အနမ်းပေးမည့်အချိန်မှာ အရှုပ်လေးနှစ်ယောက်ရောက်လာသည်။

တစ်ယောက်စီကို ပွေ့ချီလိုက်ရင်း ပါးကို တစ်ချက်စီအနမ်းပေးကြသည်။ ပြီးတော့ စည်းခြားလေးနဲ့အိမ့်အိမ့်လေး ပြိုင်တူပြောလိုက်သည့်စကားက..

"ဖေဖေနဲ့မေမေကိုချစ်တယ် "တဲ့။

"တော်ပါသေးရဲ့ မတွေ့သွားလို့ "

သသသက်ပြင်‌အသာချရင်း စိတ်ထဲကနေပြောလိုက်မိသည်။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ဒီမှာ သားရဲ့ကဒ် ပြန်ပေးမလိုလုပ်ပေမဲ့ အန်တီကကျန်းမာရေးမကောင်းတော့ ကြာသွားတယ်ကွယ်"

သူ့ဆီ လှမ်းပေးလာတဲ့ ကဒ်ကို ကြည့်ရင်း သူ့ရင်တွေလည်း လှစ်ဟာသွားရသည်။

"တစ်ကယ်ပဲ သက်မရှိတာလား အန်တီ "

အားတက်သရောနဲ့လာခဲ့ပေမဲ့ သက်ရဲ့မိခင်ဖြစ်သူနဲ့သာတွေ့ရပြီး သက်မရှိဘူး‌ဆိုတဲ့စကားကြောင့် သေချာအောင် ထပ်မေးကြည့်မိသည်။

"တစ်ကယ်ပါကွယ် သက်က အန်တီ့ဆီ ကဒ်ကိုပဲပို့လာခဲ့တာ ဘယ်ကပို့မှန်းလဲ အန်တီလည်းမသိပါဘူးသားရယ် "

Black လိပ်စာကဒ်တစ်ခုကို ဒေါ်ရာရာသွေးရှေ့ချပေးလိုက်ရင်း စကားဆိုလိုက်သည်။

"သက် ဒီကိုလာခဲ့ရင် ကျွန်တော့်ဆီ ဆက်သွယ်ပေးပါ အန်တီ တောင်းဆိုပါတယ် "

"အင်းပါကွယ် "

"အန်တီတစ်ယောက်တည်း နေတာလားဗျ "

"မဟုတ်ပါဘူးကွယ် special nurseငှားထားတယ်ကွယ့် ခဏနေလာတော့မှာ သူက အန်တီနဲ့အတူနေတာလေ သားရဲ့"

"ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါဦး "

Blackခေါင်းငိုက်စိုက်နဲ့ ပြန်သွားရသည်။ Blackထွက်သွားခါမှ အခန်းတစ်ခုကနေ သက်ထွက်လာသည်။

"သူအဆင်ပြေရဲ့လား "

"သက်ကို မတွေ့‌ရတော့ ဝမ်းနည်းသွားပုံပဲ"

သက် နာကျင်စွာပြုံးလိုက်ရင်း ဝှီးချဲရှေ့ထိုင်ချကာ မေမေ့လက်ကို ဆုပ်ကိုင်လိုက်ရင်း...

"သက်တို့ ရွေးချယ်သင့်တာကို ရွေးချယ်ရမယ်လေ အမေရဲ့ အဖေသူ့‌အပေါ်လုပ်ခဲ့တာကိုမေ့ပြီး သက်သူနဲ့အတူမနေနိုင်ဘူး"

ဒေါ်ရာရာသွေး သက်လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း နောက်လက်တစ်ဖက်က သက်ခေါင်းကို ဖွဖွပွတ်သပ်ပေးသည်။

သူတို့နှစ်ယောက်ရဲ့ ဇာတ်သိမ်းက လှပနိုင်ပါဦးမလား!?

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ချစ်ခြင်းမေတ္တာဟူသည်...
ဖန်တီးသူတို့၏နှလုံးသားအပေါ်၌သာ မူတည်သည်။

ပြီးပါပြီ။

        အပိုင္း(၃၀)
       Final Part

အားလုံးက ဦးသခင္ပိုင္ဆီစိတ္ေရာက္ေနစဥ္မွာ ေဒးဗစ္က သက္ရဲ႕လည္တိုင္ကို႐ိုက္ခ်လိုက္သည္။ ေပ်ာ့ေခြက်သြားတဲ့သက္ကို ေဘးနားအသာခ်ကာ သခင့္ကိုခ်ိန္႐ြယ္လိုက္သည္။

အထဲေရာက္လာသည့္ဝါဝါက ထိုျမင္ကြင္းကို ျမင္သြားၿပီး စိုးရိမ္တႀကီး ေျပးလာကာ...

"ဒိုင္း..."

"မျဖစ္ဘူး!"

"အာ့..."

ေသနတ္သံေၾကာင့္ သူတို႔သုံးဦးလွည့္ၾကည့္ခ်ိန္မွာ သခင့္ေရွ႕ကာေပးလိုက္တဲ့အရိပ္တစ္ခု...

က်ည္ဆံက ဝါဝါ့ႏွလုံးေနရာသို႔ျဖတ္ဝင္ကာ သခင့္ဆီထိမွန္သည္။ တစ္ေယာက္ကိုမွန္ၿပီးသြားၿပီျဖစ္တာေၾကာင့္ အရွိန္သိပ္မျပင္းေတာ့ေပ။

"ဝါဝါ..."

လဲက်‌လာတဲ့ ခႏၶာကိုယ္ကိုေထြးေပြ႕လိုက္ရင္း သခင္ပါ ဒူးေထာက္ထိုင္ခ်လိုက္သည္။ ရင္ဘတ္ေနရာက နာက်င္မႈဒဏ္ကိုခံစားေနရေပမဲ့ အခုခ်ိန္မွာ သူ႔ေနရာအစားဝင္ခံလိုက္တဲ့ဝါဝါ့ကိုသာစိတ္ပူေနမိသည္။

ေနာက္တစ္ေယာက္ကိုထပ္မံခ်ိန္႐ြယ္ေနတဲ့ ေဒးဗစ္ကိုေတာ့ Blackက ေသနတ္နဲ႔ႏွစ္ခ်က္ဆင့္ပစ္ထည့္လိုက္သည္။ ထိုအခ်ိန္ကို ဦးသခင္ပိုင္ကအခြင့္ေကာင္းယူကာ သသကိုဆြဲေခၚရင္း ေနာက္တျဖည္းျဖည္းဆုတ္ကာ လႊတ္ေျမာက္လမ္းရွာသည္။

"သခင္ ငါတို႔ဦးသခင္ပိုင္ေနာက္လိုက္သြားလိုက္မယ္"

"အင္း "

စည္းနဲ႔Blackက ဦးသခင္ပိုင္ေနာက္ေျပးလိုက္သြားခ်ိန္မွာ ရဲကားေတြတန္းစီၿပီးေရာက္ရွိလာသည္။

"အစ္ကိုေလး အြတ္...."

ဝါဝါစကားစလိုက္သည္ႏွင့္ ေသြးေတြဒလေဟာစီးက်လာတာေၾကာင့္ သခင္ေခါင္းကိုခါရမ္းရင္း စကားမေျပာဖို႔ ေျပာသည္။

"ဝါဝါစကားမေျပာနဲ႔ ေသြးေတြထပ္ထြက္လိမ့္မယ္ စကားမေျပာနဲ႔"

"ဟင့္အင္း အင့္..အစ္ကိုေလးစကားနားမေထာင္လို႔...အြတ္...ဆူမယ္ဆိုရင္ေတာင္ ဝါဝါခ်စ္ရတဲ့ အစ္ကိုေလးကို ကယ္တင္လိုက္ရလို႔ ဝါဝါေက်နပ္ပါတယ္"

"စကားမေျပာနဲ႔ပါဆို မလာခဲ့နဲ႔လို႔ ေျပာထားတာကို..."

ဝါဝါ့လက္ကိုဆုပ္ကိုင္ကာ မ်က္ရည္ေတြက်ရင္း တားဆီးမိသည္။ ဒါကိုဝါဝါက ၿပဳံးကာ သခင္ရဲ႕မ်က္ႏွာကို ေသြးေတြေပက်ံေနတဲ့လက္နဲ႔လွမ္းကိုင္သည္။

"အစ္ကိုေလး ေပ်ာ္..ေပ်ာ္..ေန...သြားပါ"

ထိုစကားအဆုံး သခင့္ပါးကိုကိုင္ထားတဲ့လက္က ေလ်ာ့က်သြားရၿပီး မ်က္လုံးမွိတ္သြားကာ ဇာတ္က်ိဳးက်သြားသည္။

"ဝါဝါ...မျဖစ္ဘူး "

သခင္ အ႐ူးတစ္ေယာက္လို ဝါဝါ့ကိုဖက္ကာ ငိုေနမိသည္။ သူအားငယ္ေနတဲ့အခ်ိန္မွာ အားေပးစကားေျပာေပးတဲ့သူမ၊ သူမမ်က္လုံးထဲမွာ သူ႔ကိုခ်စ္တဲ့အခ်စ္ေတြေတြ႕ျမင္ေနရေပမဲ့ ဥေပကၡာျပဳထားမိတဲ့သူ..အခုေတာ့ သူမက အေဝးကိုလႊင့္ထြက္သြားခဲ့ၿပီ။

အေစခံတစ္ေယာက္ရဲ႕ခ်စ္ျခင္းက ေပးဆပ္ျခင္းသပ္သပ္ပါပဲ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ဦးသခင္ပိုင္က စက္႐ုံအေနာက္ေပါက္‌ကေန သသကိုေခၚထုတ္လာသည္။ အေဝးမေရာက္ခင္မွာ ရဲေတြက ဦးသခင္ပိုင္ကို ဝိုင္းထားႏိုင္လိုက္သည္။

"ဦးသခင္ပိုင္ ခင္ဗ်ားလက္နက္ခ်လိုက္ပါ အားလုံးကိုဝိုင္းထားၿပီးၿပီ"

"ေရွ႕တိုးမလာနဲ႔ တိုးလာရင္ သတ္ပစ္မယ္.."

သသရဲ႕လည္ပင္းထဲထိ နစ္ဝင္သြားေအာင္ေသနတ္နဲ႔ေထာက္ကာ ခ်ိန္ထားျခင္းေၾကာင့္ ဘယ္လိုမွ ပစ္မရဘဲ လက္နက္ခ်ဖို႔သာေျပာေနရသည္။

စည္းနဲ႔ Blackသည္လည္း အခ်ိန္ေကာင္းကိုေစာင့္ကာ ဦးသခင္ပိုင္နားတျဖည္းျဖည္းတိုးကပ္လာၾကသည္။

"အနားမကပ္နဲ႔ေျပာေနတယ္ေလ ဒိုင္း..."

ဦးသခင္ပိုင္ရဲ႕အ‌ေပၚကို ေထာင္ပစ္လိုက္တဲ့ ေသနတ္သံေၾကာင့္ သသကိုယ္ေလးတုန္တက္သြားရသည္။ မ်က္ရည္ေတြဝိုင္းလာရကာ အ‌ေဖ့ကိုေၾကာက္႐ြံလာမိသည္။

"သသမေၾကာက္နဲ႔ ကိုယ္ရွိတယ္ ကိုယ့္ကိုပဲၾကည့္..."

"ဦး..."

သသေၾကာက္ေနမယ္ဆိုတာကို သိေနတဲ့စည္းက  သူ႔ကိုသာၾကည့္ခိုင္းသည္။ ဦးသခင္ပိုင္ သသကိုပိုမိုတင္းၾကပ္ေအာင္ ဆြဲခ်ဳပ္လိုက္ရင္း...

"တိတ္စမ္း..."

"ငါမရႈံးဘူး ငါႏိုင္ရမယ္ ေသခ်ာေပါက္မရႈံးေစရဘူး"

ေႂကြးေၾကာ္သံတစ္ဆုံးမွာ ခဲလုံးႀကီးတစ္ခုကို တင္နင္းမိရင္း ခႏၶာကိုယ္က ယိုင္သြားသည္။ ဒါကို သသက ႐ုန္းလိုက္သည္။

"သသထိုင္ခ်လိုက္..."

ဦးသခင္ပိုင္က သသကို ျပန္ဖမ္းဆြဲဖို႔လုပ္ေပမဲ့ စည္းရဲ႕စကားသံေၾကာင့္ သသနားကိုတင္းတင္းပိတ္ကာ ထိုင္ခ်လိုက္သည္။

"ဒိုင္း...ဒိုင္း...ဒိုင္း...ဒိုင္း...ဒိုင္း "

ငါးခ်က္ထက္ပိုမနည္းတဲ့ က်ည္ဆံေတြက ဦးသခင္ပိုင္ရဲ႕ခႏၶာကိုယ္ဆီအႏွံ႔အျပားဝင္ေရာက္လာသည္။ ထို႔ေနာက္ ဦးသခင္ပိုင္သည္ ေဒးဗစ္ေနာက္သို႔လိုက္သြားရေခ်ၿပီ။

"ဘုတ္..."

"သသ..."

"ဦး..."

ထိုင္ေနလ်က္ရွိတဲ့ သသဆီကို အေျပးလာရင္း ဒူးေထာက္ထိုင္ခ်ကာ သသကိုယ္ေလးကို ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။

"အဟင့္ ဦး..."

Blackသည္လည္း စည္းတို႔ကို ခဏၾကည့္ကာ စက္႐ုံေဟာင္းထဲ ျပန္လည္ေျပးဝင္သြားသည္။ သို႔ေပမဲ့ သက္က ထိုေနရာမွာ ရွိမေနေတာ့ပါ။

"သက္..."

အရာအားလုံးၿငိမ္းခ်မ္းသြားေပမဲ့ ရာသက္ပန္ကေတာ့ သူတို႔အားလုံးကို အဆက္အသြယ္ျဖတ္သြားသည္။ မေသဘူးဆိုတာ ေသခ်ာသိေနသည့္အတြက္ ေနရာအႏွံ႔လိုက္ရွာခဲ့ေပမဲ့ အရိပ္အေယာင္ပင္မေတြ႕ရေတာ့ေခ်။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ေအးေအးခ်မ္းခ်မ္းအနားယူပါ ဝါဝါ...မၾကာခဏ ကိုယ္လာခဲ့မယ္"

ဝါဝါရဲ႕မၾကာေသးခင္ကမွၿပီးစီးထားတဲ့အသစ္စက္စက္အုတ္ဂူေျမပုံေရွ႕ကို ပန္းစည္းခ်ရင္း ႏႈတ္ဆက္သည္။

ထို႔ေနာက္ လက္တစ္ဖက္က ရင္ဘတ္ထိပ္ေတာင့္စြန္းမွာ ထိမွန္ထားတဲ့က်ည္ဆံေပၚကို လက္နဲ႔ဖိကိုင္ကာ...

"ဒီက်ည္ဆံကို ကိုယ္ေသတဲ့အထိမဖယ္ဘူး ဝါဝါ ဒါက က္ိုယ့္အသက္ကို ကယ္ရင္း မင္းအသက္ကို ႏႈတ္ယူသြားတဲ့အတြက္၊ မင္းကို မကာကြယ္လိုက္ႏိုင္တဲ့အတြက္ ျပစ္ဒဏ္တစ္ခုပဲ ဒီ‌ဒဏ္ရာကို ျမင္တိုင္း မင္းကို အၿမဲတမ္းသတိရေနမွာပါ ဝါဝါ..."

သခင္ ေက်ာခိုင္းထြက္ခြါသြားသည့္ေနာက္ ဝါဝါရဲ႕ဓာတ္ပုံသည္ အရင္ကထက္ၿပဳံးေနသေယာင္...ထိုအၿပဳံးသည္က အတိုင္းအဆမဲ့ေပ်ာ္႐ႊင္ေနတဲ့အၿပဳံးမ်ိဳးပင္။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

~~(၅)ႏွစ္ခန႔္ၾကာၿပီးေနာက္~~

"အိမ့္အိမ့္ မေျပးနဲ႔ "

"ကိုကိုမိေအာင္ဖမ္းႏိုင္ရင္ ဖမ္း...ခ္..."

The Worldစံအိမ္ဝင္းထဲမွာ အသက္(၄)ႏွစ္ေက်ာ္ ေကာင္မေလးက အသက္(၆)ႏွစ္နီးပါး ေကာင္ေလးကို စကာ ၿခံဝင္းက်ယ္ႀကီးကို ပတ္ေျပးေနသည္။ ထိုကေလးႏွစ္‌ေယာက္သည္က ဦးစည္းခ်က္ညီညာနဲ႔ ေဒၚအိမ္မက္သခင္တို႔ရဲ႕သား စည္းျခားကမာၻနဲ႔ သမီး အိမ္မက္ပိုင္စိုးတို႔ျဖစ္သည္။

"ဒုတ္...အာ့..."

တစ္ေယာက္နဲ႔တစ္ေယာက္ ေျပးတမ္းလိုက္တမ္းကစားေနစဥ္မွာ အိမ့္အိမ့္ေလးက ခလုတ္တိုက္မိၿပီး ေမွာက္ရက္လဲက်သည္။ ‌‌ေျခေတာက္လွလွေလးက ျခစ္ရာေတြနဲ႔ေသြးေတြထြက္လာျခင္းေၾကာင့္ အိမ့္အိမ့္ေလးက နာက်င္၍ ေအာ္ငိုသည္။

"ဟီး...ဟီး..."

"အိမ့္အိမ့္ ဘာျဖစ္သြားေသးလဲ "

"ဟီး ကိုကိုေၾကာင့္ ကိုကိုလိုက္လို႔ အိမ့္ေခ်ာ္လဲတာ..."

ငိုေနရင္းမွ ေနာက္ကေနလိုက္သည့္ စည္းျခားေလးကို အျပစ္တင္ေျပာဆိုသည္။ စည္းျခားေလးသည္လည္း အိမ့္အိမ့္လဲက်ၿပီး ဒဏ္ရာပါရေနတာေၾကာင့္ ေျခမကိုင္မိလက္မိကိုင္မိနဲ႔ ျပာယာခတ္သြားသည္။

"ဟင့္! ကိုကိုေၾကာင့္ "

"ဟုတ္တယ္ ကိုကိုေၾကာင့္ အိမ့္အိမ့္မငိုနဲ႔ေတာ့ေနာ္ ကိုကိုအိမ္ထဲကို ေက်ာပိုးၿပီး ေခၚသြားမယ္ အဲ့က်မွ ေဆးထည့္ၿပီး ပတ္တီးစည္းေပးမယ္"

"ဟင့္အင္း ေဆးမထည့္ခ်င္ဘူး ပတ္တီးလည္း မစည္းဘူး ဟင့္ အိမ့္ေျခေတာက္ႀကီးပတ္တီးနဲ႔ဆို မလွေတာ့ဘူး"

ငိုၿပီး ဂ်ီက်ေနတဲ့အိမ့္အိမ့္ေလးေၾကာင့္ စည္းျခားေလး ျပန္ေျပာစရာစကားမရွိတာေၾကာင့္ ေခါင္းကို ကုတ္သည္။

"မငိုပါနဲ႔ အိမ့္အိမ့္ရယ္ ကိုကိုမေခ်ာ့တတ္ဘူး "

"အဟင့္ အိမ့္ကို ခ်စ္စရာပုံစံလုပ္ျပၿပီး ေခ်ာ့လို႔ရတာပဲ"

"အဲ..ကိုကိုမွမလုပ္တတ္တာ "

"ဟီး ကိုကိုက အိမ့္ကိုမခ်စ္ဘူး "

ေျခေစာင့္ၿပီး ေအာ္ငိုေနတဲ့အိမ့္အိမ့္ေလးေၾကာင့္ စည္းျခားမ်က္ႏွာ ရႈံ႕မဲ့သြားရင္း လက္သီးေလးကိုဖြဖြဆုပ္ကာ ပါးနားကပ္လိုက္ၿပီး...

"ေညာင္..."

စည္းျခားေလးရဲ႕အျပဳအမူေၾကာင့္ အိမ့္အငိုရပ္သြားၿပီး စည္းျခားကိုထူးဆန္းသလိုၾကည့္သည္။ စည္းျခားရဲ႕ပုံစံက ခ်စ္စရာပုံစံမ်ိဳးမဟုတ္ဘဲ ရယ္စရာေကာင္းေနသည္။

"ခ္!.."

အိမ့္အိမ့္အငိုတိတ္သြားၿပီး တစ္ခ်က္ရယ္လိုက္တာေၾကာင့္ စည္းျခားလည္း လိုက္ရယ္ရင္း အိမ့္ကိုေက်ာပိုးလိုက္သည္။

"သြားမယ္ အထဲမွာ အိမ့္ကို ကိုကိုေဆးထည့္ေပးမယ္"

"ဟုတ္..."

စည္းျခားေလးက အိမ့္အိမ့္ကို ‌အိမ္ထဲေခၚလာၿပီး ေဆးေသတၱာထဲက ေဆးတစ္ခ်ိဳ႕ကိုယူၿပီး ခါတိုင္း အိမ့္အိမ့္ဒဏ္ရာရခ်ိန္က ေမေမ ထည့္ေပးပုံအတိုင္း အိမ့္အိမ့္ကိုေဆးထည့္ေပးသည္။

"ၿပီးၿပီ..."

"ဟုတ္ ကိုကိုက အကုန္လုပ္တတ္တာပဲ "

"ဒါေပါ့ ကိုကိုက ႀကီးလာရင္ ေမေမ့လိုဆရာဝန္လုပ္ၿပီး အိမ့္ဒဏ္ရာရရင္ ေဆးထည့္ေပးမွာ "

"ဒါဆို အိမ့္က ေဖေဖ့လို အင္ဂ်င္နီယာလုပ္မွာ...ကိုကိုေနဖို႔အိမ္ ေဆာက္ေပးမယ္ "

"ဒါမွ ကိုကို႔ရဲ႕အိမ့္ေလး..."

"ေဖေဖ့ရဲ႕သားနဲ႔သမီး ဘာလုပ္ေနၾကတာလဲ "

"ေဖေဖ..."

စည္း ေခါင္းေတြထိုးကိုက္ေနၿပီး ေနမေကာင္းသလိုျဖစ္ေနတာေၾကာင့္ ေန႔ခင္းပိုင္းမွာ Blackကိုလက္လႊဲကာ အိမ္ျပန္လာခဲ့ျခင္းျဖစ္သည္။

ေရာက္ေရာက္ခ်င္း ဧည့္ခန္းမွာ စကားေျပာေနၾကတဲ့ သားနဲ႔သမီးကို ေတြ႕ၿပီး ေခၚလိုက္ျခင္းေၾကာင့္ ႏွစ္ေယာက္သား သူ႔ဆီေျပးလာၾကသည္။ အိမ့္အိမ့္ေလးရဲ႕ေျခေတာက္က ဒဏ္ရာရထားျခင္းေၾကာင့္ ေထာ့နဲ႔ေထာ့နဲ႔ေလးနဲ႔ေျပးလာသည္။

"ေဖ့သမီးေလးက ဘာျဖစ္တာလဲ "

"ေခ်ာ္လဲတာ ေဖေဖ ကိုကိုက ေဆးထည့္ေပးတယ္ "

"ဟုတ္လား ကိုကိုက ေတာ္လိုက္တာ "

"ဟုတ္တယ္ ကိုကိုက အေတာ္ဆုံးပဲ "

စည္း စည္းျခားေလးနဲ႔အိမ့္အိမ့္ေလးကို ဖက္ထားရင္း ေခါင္းထဲမွာ အႀကံတစ္ခုေပၚလာသည္။

"သား "

"ဗ်ာ..."

"ေမေမ့ဆီကို ဖုန္းဆက္လိုက္ေလ ညီမေလးထိခိုက္မိေနတယ္လို႔ေျပာၿပီး ေခၚလိုက္ပါလား "

"ဟင္ ဘာလို႔လဲ သားေဆးထည့္‌ေပးၿပီးၿပီ "

"ေဖေဖဖ်ားေနတယ္ "

"ေမေမက မွာထားတယ္ ညီမေလးဖ်ားရင္ ဒီေဆးကိုခဏေသာက္ခိုင္းထားတယ္ ေသာက္ၿပီးအိပ္လိုက္ရင္ ေပ်ာက္သြားတယ္တဲ့ ေဖေဖအဲ့တာ ေဖေဖေသာက္လိုက္ေလ ေမေမ့ကိုေခၚရင္ ေမေမပင္ပန္းလိမ့္မယ္"

စည္းျခားေလးရဲ႕စကားေၾကာင့္ စည္းမ်က္ႏွာ အင္တင္တင္ျဖစ္သြားရသည္။ ထိုစဥ္!

"တီ တီ..."

ကားဟြန္းတီးသံေၾကာင့္ စည္း ၾကည့္မိေတာ့ သခင္ျဖစ္ေနသည္။ သခင့္ကိုၿပဳံးၾကည့္လိုက္ရင္း ေနာက္ထပ္အႀကံအစည္တစ္ခု ထပ္ေရာက္လာသည္။

"ကေလးတို႔ေရ "

"ဦးဦးသခင္ "

သခင့္အသံၾကားသည္ႏွင့္ ကေလးႏွစ္ေယာက္က အေျပးအလႊားေလး သခင့္ဆီေျပးသြားၾကသည္။ သခင္ ကေလးႏွစ္ေယာက္ကို တစ္ဖက္ဆီေပြ႕ခ်ီလိုက္ရင္း...

"ဦးက ကေလးတို႔နဲ႔လာေဆာ့တာဗ်ာ "

"ေရး..."

"သခင္ "

"ေျပာ..."

"ဒီမွာမကစားဘဲ ကစားကြင္းလိုက္ပို႔လိုက္ပါလား ငါေနမေကာင္းဘူး"

"ေနမေကာင္းရင္ အိပ္ေနေလ မင္းက အေပၚထပ္မွာဆို အသံမၾကားေစရဘူး ၿခံထဲမွာေဆာ့မွာ"

"အိမ့္အိမ့္ကလည္း သြားခ်င္ေနတာကြ ပို႔ေပးလိုက္ပါ"

စည္းစကားေၾကာင့္ အိမ့္အိမ့္ဆီကို အၾကည့္ေရာက္လာသည္။ စည္းျခားကလည္း ညီမေလးဘယ္တုန္းကေျပာတာလဲဆိုတဲ့အၾကည့္နဲ႔...
အိမ့္အိမ့္က စည္းရဲ႕သမီးပီသစြာ ‌ၿပဳံးရယ္ၿပီး ေခါင္းၿငိမ့္ျပသည္။

"အိမ့္သြားခ်င္တယ္ ပို႔ေပးေနာ္ ဦးဦးသခင္ ေဖေဖက ေနမေကာင္းဘူးေလ ဦးဦးသခင္လိုက္ပို႔ေပးေနာ္ ကိုကို သြားရေအာင္ေလ ေနာ္"

စကားတီတီတာတာေလးနဲ႔ခြၽဲေနသည့္ အိမ့္အိမ့္ေလးေၾကာင့္ စည္းျခားကလည္း ဘာမွမေျပာေတာ့ဘဲ ေခါင္းၿငိမ့္သည္။

"အိမ့္အိမ့္သြားရင္ သြားမယ္ "

"ေရး ဒါမွ အိမ့္ကိုကို..."

"ဒါဆို ငါလိုက္ပို႔လိုက္ဦးမယ္ "

"အင္း မိုးခ်ဳပ္ခါနီးမွ ျပန္ပို႔လည္းရတယ္ "

ပုံမွန္ဆို သူ႔သားနဲ႔သမီးကို မထည့္တတ္တဲ့စည္းကို မသကၤာသလိုၾကည့္ရင္း စည္းျခားေလးနဲ႔အိမ့္အိမ့္ေလးလက္ကိုတြဲကာ ထြက္သြားသည္။

သခင္တို႔ထြက္သြားသည္ႏွင့္ စည္း သသဆီကိုဖုန္းေခၚလိုက္ရင္း...

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ဦး သမီးေလး ဒဏ္ရာရတယ္ဆို ဘယ္မွာလဲ ေဟာ..ဟဲ..."

"ခဏေလာက္အေမာေျဖပါဦး "

သမီးထိခိုက္မိတယ္လို႔ေျပာလိုက္တာနဲ႔ သသဂ်ဴတီကုဒ္ပင္ မလဲႏိုင္ဘဲ အိမ္ကိုအျမန္ေျပးလာသည္ထင္သည္။ ေခြၽးေတြထြက္ၿပီး လူကေမာေနသည္။

"သမီး သမီးေရာ "

"လာ..."

သသလက္ကိုဆြဲေခၚသြားသည္က ဒုတိယထပ္က သူတို႔အိပ္ခန္းဆီသို႔...သသအခန္းထဲေရာက္သည္ႏွင့္ စည္းတံခါးကိုေလာ့ခ်လိုက္သည္။

"ဟင္ ဘယ္မွာလဲ သမီးေလးက "

ကုတင္ေပၚမွာ မေတြ႕ရေတာ့သျဖင့္ သသျပန္လွည့္ၾကည့္ၿပီးေမးေတာ့ စည္းရဲ႕မ်က္ႏွာက ၿပဳံးစိစိျဖစ္သြားျခင္းေၾကာင့္ သသလွည့္စားခံရမွန္းသိသြားသည္။

"ဦးကြာ သသသကအတည္ထင္ေနတာကို "

စည္းက ေခါင္းတစ္ခ်က္ၿငိမ့္ရင္း ကုတင္ေပၚမွာ ဝင္ထိုင္သည္။

"အတည္ပဲေလ ကေလးရဲ႕ တစ္ကယ္ကိုသမီးေလးက ထိခိုက္ခဲ့တာ"

"ဒါဆိုအခုဘယ္မွာလဲ "

"ကစားကြင္းသြားမယ္ဆိုၿပီး သခင္ေခၚသြားတယ္ "

"ဒါဆို သသေဆး႐ုံျပန္သြားေတာ့မယ္ လူနာအရမ္းမ်ားေနတာ"

"ကိုယ္လည္းေနမေကာင္းဘူး "

သသလက္ကိုဆြဲကာ အိပ္ယာေပၚဆြဲခ်လိုက္သည္။

"တစ္ကယ္လား "

သသက စည္းရဲ႕နဖူးကို စမ္းၾကည့္သည္။ နည္းနည္းေႏြးေနသည့္အသားေၾကာင့္...

"သသေဆးတိုက္မယ္ "

"မေသာက္ခ်င္ဘူး "

"ဦးက မရစ္နဲ႔ေလ ေဆးေသာက္မွေပ်ာက္မွာေပါ့"

"ကိုယ့္ရဲ႕ေဆးက မင္းေလ ကိုယ့္အနားမွာ ခဏေလာက္ေနေပး (၅)ႏွစ္လုံးလုံး ကေလးေတြနဲ႔လူနာေတြကိုပဲ အခ်ိန္ေပးခဲ့တာ အခုအတိုးျပန္ယူမယ္"

"ဦးကလည္း "

"ကိုယ့္အနားမွာ ခဏေနေပးကြာ စိတ္ခ် ဘာမွမလုပ္ဘူး ဖက္အိပ္ယုံေလး"

စည္းရဲ႕စကားကို သသက မယုံသလို ၾကည့္သည္။ စည္း ေခါင္းတစ္ကယ္ပင္ကိုက္ေနတာေၾကာင့္ သသကိုယ္ေလးကို ဖက္ရင္း မ်က္လုံးမွိတ္ထားလိုက္သည္။ ေနာက္ဆုံးေတာ့လည္း စည္းအလိုက် သသေဘးမွာ ေနေပးရသည္။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"သခင္‌ေလး သက္က ဆြဒ္ဇလန္မွာရွိတယ္လို႔သတင္းရတယ္ ကြၽန္ေတာ့္ကဒ္က အဲ့မွာ ပိုက္ဆံထုတ္ခဲ့တယ္တဲ့"

"ဟုတ္မယ္ ကိုႀကီး ေဆး႐ုံက ရတဲ့ေငြေတြကိုလည္း အခုေနာက္ပိုင္း အဲ့ကိုပဲပို႔တယ္ သက္ဆီပို႔တာျဖစ္ႏိုင္တယ္"

"အဲ့တာ!"

"ရတယ္ လိုက္သြားလိုက္ သက္ကို ေခၚၿပီး ျပန္လာခဲ့ ကုမၸဏီကို စိတ္ပူစရာမလိုဘူး"

"စိတ္ခ်ပါ သက္မလိုက္ရင္ေတာင္ ကြၽန္ေတာ္က မရရေအာင္‌ျပန္ေခၚလာမွာ"

Black ခိုင္မာစြာေျပာရင္း သက္ဆီလိုက္သြားရန္အတြက္ ခ်က္ခ်င္းပင္ ျပင္ဆင္သည္။

"ဦး ကိုႀကီး သက္ကိုရွာေတြ႕မွာပါေနာ္ "

"အင္း ေပ်ာက္ေသာသူ ရွာလွ်င္ေတြ႕ တဲ့ ေသခ်ာေပါက္ Blackသက္ကို ျပန္ေတြ႕မွာ "

"ဟုတ္တယ္ေနာ့္ "

သသက အေဖာ္စပ္လိုက္ေပမဲ့ စည္းက သသကိုစိုက္ၾကည့္ရင္း မ်က္ႏွာက အနီးနားတိုးကပ္လာသည္။ သသမျငင္းေတာ့ဘဲ ၿငိမ္ေနေပးလိုက္ကာ မ်က္လုံးမွိတ္လိုက္သည္။

"ေဖေဖ "

"ေမေမ "

စည္း သသပုခုံးကို ဖက္ၿပီး အနမ္းေပးမည့္အခ်ိန္မွာ အရႈပ္ေလးႏွစ္ေယာက္ေရာက္လာသည္။

တစ္ေယာက္စီကို ေပြ႕ခ်ီလိုက္ရင္း ပါးကို တစ္ခ်က္စီအနမ္းေပးၾကသည္။ ၿပီးေတာ့ စည္းျခားေလးနဲ႔အိမ့္အိမ့္ေလး ၿပိဳင္တူေျပာလိုက္သည့္စကားက..

"ေဖေဖနဲ႔ေမေမကိုခ်စ္တယ္ "တဲ့။

"ေတာ္ပါေသးရဲ႕ မေတြ႕သြားလို႔ "

သသသက္ျပင္‌အသာခ်ရင္း စိတ္ထဲကေနေျပာလိုက္မိသည္။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ဒီမွာ သားရဲ႕ကဒ္ ျပန္ေပးမလိုလုပ္ေပမဲ့ အန္တီကက်န္းမာေရးမေကာင္းေတာ့ ၾကာသြားတယ္ကြယ္"

သူ႔ဆီ လွမ္းေပးလာတဲ့ ကဒ္ကို ၾကည့္ရင္း သူ႔ရင္ေတြလည္း လွစ္ဟာသြားရသည္။

"တစ္ကယ္ပဲ သက္မရွိတာလား အန္တီ "

အားတက္သေရာနဲ႔လာခဲ့ေပမဲ့ သက္ရဲ႕မိခင္ျဖစ္သူနဲ႔သာေတြ႕ရၿပီး သက္မရွိဘူး‌ဆိုတဲ့စကားေၾကာင့္ ေသခ်ာေအာင္ ထပ္ေမးၾကည့္မိသည္။

"တစ္ကယ္ပါကြယ္ သက္က အန္တီ့ဆီ ကဒ္ကိုပဲပို႔လာခဲ့တာ ဘယ္ကပို႔မွန္းလဲ အန္တီလည္းမသိပါဘူးသားရယ္ "

Black လိပ္စာကဒ္တစ္ခုကို ေဒၚရာရာေသြးေရွ႕ခ်ေပးလိုက္ရင္း စကားဆိုလိုက္သည္။

"သက္ ဒီကိုလာခဲ့ရင္ ကြၽန္ေတာ့္ဆီ ဆက္သြယ္ေပးပါ အန္တီ ေတာင္းဆိုပါတယ္ "

"အင္းပါကြယ္ "

"အန္တီတစ္ေယာက္တည္း ေနတာလားဗ် "

"မဟုတ္ပါဘူးကြယ္ special nurseငွားထားတယ္ကြယ့္ ခဏေနလာေတာ့မွာ သူက အန္တီနဲ႔အတူေနတာေလ သားရဲ႕"

"ဟုတ္ကဲ့ ဒါဆိုခြင့္ျပဳပါဦး "

Blackေခါင္းငိုက္စိုက္နဲ႔ ျပန္သြားရသည္။ Blackထြက္သြားခါမွ အခန္းတစ္ခုကေန သက္ထြက္လာသည္။

"သူအဆင္ေျပရဲ႕လား "

"သက္ကို မေတြ႕‌ရေတာ့ ဝမ္းနည္းသြားပုံပဲ"

သက္ နာက်င္စြာၿပဳံးလိုက္ရင္း ဝွီးခ်ဲေရွ႕ထိုင္ခ်ကာ ေမေမ့လက္ကို ဆုပ္ကိုင္လိုက္ရင္း...

"သက္တို႔ ေ႐ြးခ်ယ္သင့္တာကို ေ႐ြးခ်ယ္ရမယ္ေလ အေမရဲ႕ အေဖသူ႔‌အေပၚလုပ္ခဲ့တာကိုေမ့ၿပီး သက္သူနဲ႔အတူမေနႏိုင္ဘူး"

ေဒၚရာရာေသြး သက္လက္ကို ျပန္လည္ဆုပ္ကိုင္လိုက္ရင္း ေနာက္လက္တစ္ဖက္က သက္ေခါင္းကို ဖြဖြပြတ္သပ္ေပးသည္။

သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္သိမ္းက လွပႏိုင္ပါဦးမလား!?

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

ခ်စ္ျခင္းေမတၱာဟူသည္...
ဖန္တီးသူတို႔၏ႏွလုံးသားအေပၚ၌သာ မူတည္သည္။

ၿပီးပါၿပီ။

Continue Reading

You'll Also Like

1.3M 172K 149
BL
6.6M 431K 94
Hanary Victor + Loon Tar Nay San
354K 12.5K 35
"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pac...
198K 5.1K 54
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...