Chapter (43)
Act 6 : The Little Prince (5)
ဟေ့ကောင်တွေ ထကြည့်ကြဦး!!! ငါတို့ရဲ့ဘဲလေးမင်းသားလေး နွေဦးအိပ်မက်မက်သွားတယ်ကွ!!!
ယီမင် ချင်းယွမ် : မင်းကိုချစ်တယ် ဆိုတာရောပဲ
ရှန်းချိုက်၏လက်ကောက်ဝတ်လေး တုန်ခါသွားပြီး ကိုင်ထားသောဆဲလ်ဖုန်းသည် စားပွဲခုံအတွင်းထဲမှ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသောကြောင့် ကျယ်လောင်သောမြည်သံကြီး ထွက်လာတော့သည်။
ကိုယ်ပိုင်စာလေ့လာသောအတန်းရှိ မူလကတိတ်ဆိတ်နေသောလေထုသည် ရုတ်တရက်ပျက်ပြားသွားပြီး တီချယ်ချူပင်းသည် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ မြေဖြူခဲအပိုင်းအစတစ်ခုကိုကောက်ယူလိုက်၍ ရှန်းချိုက်၏နဖူးအလယ်တည့်တည့်သို့ လှပသောအကွေးသဏ္ဍာန်ဖြင့် တိကျစွာလှမ်းပစ်လိုက်သဖြင့် ရှန်းချိုက်၏နဖူး၌ ချက်ချင်းပင် အနီရောင်တောက်တောက်အမှတ်အသားတစ်ခုရသွားတော့၏။
ရှန်းချိုက်လည်း အလျင်အမြန်ခေါင်းပြန်ငုံ့လိုက်ပြီး ခက်ခက်ခဲခဲစာလေ့လာနေသောအသွင်လေးကို ဆက်လက်သရုပ်ဆောင်နေလိုက်သည်။
ခန့်မှန်း : 'ချစ်တယ်' ကို ဘယ်လိုပြောရမလဲတော့ မမှတ်မိတော့ဘူး
သူ လိမ်ပြောလိုက်ခြင်းဖြစ်သည်။
ခန့်မှန်း : တကယ်တော့ ကျွန်တော့်ရဲ့ရုရှားစကားက အရမ်းအတော်ကြီးလည်းမဟုတ်ပါဘူး
သူ ဆက်လိမ်နေခဲ့သည်။
ခန့်မှန်း : ပြီးတော့ ကျွန်တော်က အခုအတန်းထဲ မှာဆိုတော့ ယွမ်တာ့နဲ့စကားပြောရတာ သိပ်အဆင်မပြေဘူးဖြစ်နေတယ်
ဤစကားသည်တော့ လိမ်ညာခြင်းမဟုတ်ပေ။
ဝမ်ချင်းယွမ်ကလည်း အဆင်ပြေကြောင်းပြန်ပြောလာကာ ပြုံးနေသောမျက်နှာပုံလေး ပို့ပေးခဲ့ပြီး သူကားပေါ်တက်တော့မည်ဖြစ်သည်အတွက် နောက်မှစကားပြန်ပြောမည်ဟု ပြောခဲ့လေသည် ။
ရှန်းချိုက်တစ်ယောက် ဂရုတစိုက်ဖြင့် သက်ပြင်းချလိုက်မိသည်။
"ငါ မင်းကိုချစ်တယ်" ဆိုသည့် ရိုးရှင်းသောစကားလုံးသုံးလုံးသည် ယခုဆိုတဖြည်းဖြည်း အသုံးနည်းလာ၏။ ဤအရာသည် အမြင့်မြတ်ဆုံးကတိစကားမှန်း လူတိုင်းသိကြပြီး မြှားနတ်မောင်လက်ထဲရှိ သေစေနိုင်လောက်ဆုံးသော မြှားတစ်စင်းဖြစ်သည့်အတွက် အလွန့်အလွန်အရေးကြီးသောအခိုက်အတန့်လေးမှလွဲ၍ ဘယ်သူမှမဆွဲထုတ်ဝံ့ကြပေ။
"ငါ မင်းကိုချစ်တယ်" ဟူသောစကားလုံးကို အခြားဘာသာစကားသို့ပြောင်းလိုက်သောအခါ "ပိုပေါ့ပါးသွားသည်" ဟု ထင်ရသည်မှာတော့ အနည်းငယ်ထူးဆန်းလေသည်။
ဒါသည် ချစ်သူများအကြား ဝန်ခံခြင်းမဟုတ်တော့ဘဲ သူငယ်ချင်းများကြားရှိ အပြစ်ကင်းစင်သော ဟာသတစ်ခုသက်သက်သာ ဖြစ်လာ၏။
သို့သော် ရှန်းချိုက်ကတော့ ဒါကိုဟာသတစ်ခုအနေဖြင့် မမှတ်ယူချင်ပေ။
ကောင်လေးသည် ဝမ်ချင်းယွမ်ပေးပို့လာသော "I love You " ဆိုသည့်စကားလုံးကို ရှက်ရွံ့စွာဖြင့်သိမ်းဆည်းထားခဲ့ပြီး ထိုည၌ပင် သူ့သဘောဆန္ဒတောင်မပါလေသော ချိုမြိန်လွန်းသည့်အိပ်မက်လေးတစ်ခု မက်ခဲ့၏။
ထိုလှပသောအိမ်မက်လေးထဲတွင် ဇာတ်ကောင်နှစ်ယောက်ရှိလေသည်။
- - - - - - -
ဒီအိပ်မက်လေးက သိပ်တော့မလွယ်ဘူးဆိုတာကို တဖြည်းဖြည်းသိလာရ၏။
မနက် ၄ နာရီ ၄၅ မိနစ်၊ အိပ်ရာထရမည့်ခေါင်းလောင်းမမြည်ခင်လေးတွင် ရှန်းချိုက်တစ်ယောက် အိပ်ယာမှအပြေးအလွှားထပြီး ရေချိုးခန်းထဲသို့ တဟုန်ထိုးပြေးသွားကာ မီးမဖွင့်ထားဘဲ အမှောင်ထဲ၌ လက်ဆေးဇလုံကိုဆွဲယူထားလျက် အိပ်ယာခင်းစများကို သူ့လက်၌ကိုင်ထားပြီး ရေစိမ်လိုက်၊ ရေညှစ်လိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။
ရေဇလုံသာ အရမ်းသေးမနေပါက သူကိုယ်တိုင်ပါတစ်ခါတည်းဝင်ထိုင်ပြီး သူ့ကိုယ်သူရေထဲထည့်စိမ်လိမ့်မည်ဖြစ်သည်။
သူ့နားရွက်များမှာ အလွန်နီရဲနေပြီး ပူလောင်နေသည်မှာ ပေါက်ကွဲတော့မည့်မီးတောင်ထိပ်၌ မတ်တပ်ရပ်နေရသလိုဖြစ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း တုန်ခါပြီးရင်းတုန်ခါနေ၏။
သို့သော် မကြာမီတွင် ၎င်းသည်ငလျင်တစ်ခုမဟုတ်ကြောင်းသိလိုက်ရပြီး ဤသည်မှာ သူ့နှလုံးခုန်မြန်လွန်းခြင်းကြောင့်ဖြစ်နေကာ တိတ်ဆိတ်နေသောညဥ့်နက်ကြီးတွင် ထင်ယောင်ထင်မှားဖြစ်စေသည့်အရာတစ်ခုဖြစ်နေခဲ့သည်။
ဆူညံနေသောရေသံများကြောင့် အိပ်ဆောင်အတွင်းရှိ အခြားအတန်းဖော်များကို နိုးသွားစေခဲ့ပြီး ရှန်းချိုက်၏ ညာဘက်ကုတင်တွင်အိပ်နေသောကောင်လေးသည် ငိုက်မျဉ်းသမ်းဝေလျက် အိပ်ယာမှထလာပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်တော့သည်။
" ရှန်းချိုက်. . . ညကြီးမင်းကြီး မင်းဘာတွေလျှော်နေတာလဲ??"
ခလုတ်နှိပ်ဖွင့်လိုက်သံတစ်ခု ကြားရပြီးနောက် သူတို့ခေါင်းအထက်ရှိဂတ်စ်မီးသီးမှာ ချက်ချင်းလင်းလာခဲ့ပြီး ပြိုးပြိုးပြက်ပြက်အလင်းရောင်လေးသည် ရေချိုးခန်းအတွင်းသို့ ဖြာကျလာခဲ့၏။
တောက်ပသောအလင်းရောင်အောက်တွင် ညအိပ်ဝတ်စုံပါးပါးလေးသာဝတ်ထားသည့် ဆယ်ကျော်သက်လေးမှာ ထိတ်လန့်နေသောအကြည့်တို့ဖြင့် ထိုနေရာတွင်သာထိုင်ချလိုက်ပြီး ဇလုံထဲ၌ရေစိမ်ထားသောအိပ်ယာခင်းများကိုလည်း ဖွက်ရန်အချိန်မမှီတော့ပေ။
ရှန်းချိုက် : "..."
အခန်းဖော်ကောင်လေး : "..."
ရှန်းချိုက် : "ငါ... မင်း... မင်း ငါ့စကားကို နားထောင်ပါဦး..."
အခန်းဖော်ကောင်လေးက ခေါင်းယမ်းလိုက်ပြီး "F*ck!! ဟေ့ကောင်တွေ ထကြည့်ကြဦး!!! ငါတို့ရဲ့ဘဲလေးမင်းသားလေး နွေဦးအိပ်မက်မက်သွားတယ်ကွ!!!!!!"
ရှန်းချိုက် : "!!!"
သုံးမိနစ်လောက်အကြာတွင်တော့ အိပ်ဆောင်အခန်းတစ်ခုလုံးလင်းထိန်သွားပြီး တစ်စုံတစ်ဦးကို ယဇ်ပူဇော်ပသတော့မည့်အတိုင်း ထိုအခန်းဖော်များက ရှန်းချိုက်ကို ရေချိုးခန်းအတွင်းမှ အပြင်သို့ဆွဲထုတ်လာကြလေသည်။
အခန်းဖော်တစ်ယောက်က သူ့ခါးနှင့်လည်ပင်းကိုဖမ်းချုပ်ထားကာ နောက်တစ်ယောက်က သူ့ခြေဖဝါးများကိုဖျစ်ညှစ်ထားရင်းဖြင့် သူအိပ်မက်မက်ခဲ့သော အလှလေးအကြောင်း ထုတ်ပြောလာရန် ကြိုးစားကြတော့သည်။
ကျောင်းနေဘဝသည် ယေဘူယျအားဖြင့် ငြီးငွေ့ဖွယ်ကောင်း၏။ ဤစိတ်မငြိမ်မသက်သော ဆယ်ကျော်သက်အရွယ်ယောက်ျားလေးများအတွက် "လိင်" ဟူသော ခေါင်းစဉ်သည် တစ်ယောက်ကိုတစ်ယောက်ရန်စရန်နှင့် ပျင်းရိငြီးငွေ့မှုများကိုအလင်းပေးနိုင်ရန်အတွက် အမြဲလိုလို အကောင်းဆုံးရွေးချယ်မှုသာဖြစ်သည်။
အမှန်တော့ ရှန်းချိုက်သာ နာမည်ကြီးအမျိုးသမီးကြယ်ပွင့်တစ်ယောက်ယောက်၏နာမည်ကို ထုတ်ပြောကာရှောင်ဖယ်လိုက်ရုံဖြင့် ဤအကြပ်အတည်းမှ လွတ်မြောက်နိုင်မည်ဖြစ်သော်လည်း သူ့ဦးနှောက်လေးအတွင်း၌ ခေါင်းမာမှုများဖြင့်ပြည့်နှက်နေပြီး သူ့အချစ်လေး၏နာမည်ကိုဖော်ပြရန်ငြင်းဆိုနေကာ ပါးစပ်ကိုတင်းတင်းစိထားလေသည်။
သူ့မျက်နှာတစ်ပြင်လုံးသည် ရှက်စိတ်ဖြင့်နီမြန်းနေပြီး မျက်လုံးထောင့်နားလေးမှ မျက်ရည်နှစ်စက်ကျလာကာ အခန်းဖော်များအား ဒေါသအပြည့်ဖြင့်စူးစိုက်ကြည့်နေလိုက်သော်လည်း ဤအကြည့်ကပင် အခြားသူများ၏ဆိုးယုတ်သောဆန္ဒများကို ပိုမိုပြင်းထန်လာစေရန် တွန်းအားပေးနေပုံရ၏။
အခန်းဖော်တစ်ဦးက " ရှန်းချိုက်. . . ရှက်မနေနဲ့၊ မင်းချန်ဇီရန်ဆီကနေ ဆရာမကန်းရဲ့ သင်ကြားရေးရုပ်ရှင် ကူးထားတယ်ဆိုတာ ငါသိပါတယ်ကွ "
ရှန်းချိုက်က " ဘာကို ဆရာမကန်းရဲ့ သင်ကြားရေးရုပ်ရှင်လဲ??"
"..." အခန်းဖော်က အသည်းအသန်ပြန်မေး၏။ "မဖြစ်နိုင်ဘူး!! မင်းသားလေးရယ်. . ဘယ်ဂြိုဟ်ကနေများရောက်လာတာလဲ?? ကမ္ဘာပေါ်မှာအကျော်ကြားဆုံး ဆရာမကန်းကိုတောင် မသိဘူးလား!?"
ရှန်းချိုက်၏ ပိုပိုပြီးဗလာဖြစ်လာသောအမူအရာများကြောင့် အခန်းဖော်သည် သူရင်းနှီးလောက်မည့်နာမည်အချို့ကို အမြန်ဆုံးပြောပြလိုက်သည်။
သို့သော်လည်း ရှန်းချိုက်၏အိုင်ကျူလေးကတော့ လိုင်းမကျသေးသဖြင့် သူ့အခန်းဖော်များ၏ အော်ဟစ်သံများကိုကြားရသောအခါ ထို “ဆရာမကန်း” ၏ “အသက်မွေးဝမ်းကြောင်းအလုပ်” ကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။
သူ့ကိုယ်သူ ဤနေရာမှလွတ်မြောက်ရန်ရုန်းကန်ရင်း တစ်ဖက်သို့လှည့်ထွက်လိုက်ပြီး ရေချိုးခန်းဆီသို့တည့်တည့်ပြေးသွားကာ တံခါးကို သော့ခတ်လိုက်ပြီး အားအင်အပြည့်ဖြင့်ပိတ်ဆို့ထားလိုက်သည့်အတွက် အရှက်တရားအပြည့်ဖြင့်သူ့မျက်နှာလေးကို ထိုမယဉ်ကျေးသောလူဝံကြီးများထံမှ ကွယ်ဝှက်နိုင်လိုက်၏။ အိပ်ယာခင်းလေးတွေကိုပဲ သူလျှော်ချင်ရုံပါ. . .
ရှန်းချိုက်တံခါးကိုမှီလိုက်ပြီး ကျယ်လောင်စွာဖြင့်ငြင်းဆိုလိုက်၏။ "... အဲ့ဒါ... အဲ့ဒါဘာဆန်းလို့လဲ!?"
တံခါးဝနားမှ အခန်းဖော်တစ်ယောက်၏အသံထွက်လာလေသည်။ "မင်းသားလေး. . . ဝန်ခံဖို့ကို ဒီလောက်လည်းရှက်မနေပါနဲ့၊ ဒီလောကကြီးမှာ ဘယ်ယောက်ျားလေးကများ ရင်သားကြီးကြီးနဲ့အလှလေးတွေကို သဘောမကျလို့လဲ??"
"..." ရှန်းချိုက်သည် ရေဇလုံရှိ အိပ်ယာခင်းစများကိုစိုက်ကြည့်လိုက်ရင်း 'ငါလုံးဝမကြိုက်ဘူး' ဟုသာ တွေးနေလိုက်သည်။
ထိုအချိန်လေးတွင် သူသည် အခြားသူများနှင့်မတူညီကြောင်း တိတ်တဆိတ်သဘောပေါက်သွား၏။
'သူတို့အားလုံးက ကောင်မလေးတွေကိုလိုက်နေတဲ့အချိန်မှာ ငါက ယောက်ျားလေးကိုသဘောကျနေတယ်'
'သူတို့က ရုပ်ရည်ချောမောတဲ့ အမျိုးသမီးတွေကို သဘောကျတယ်၊ ငါကျတော့ တစ်ခါမှတောင်မတွေ့ဖူးတဲ့ အသံကိုပဲအစွဲအလမ်းကြီးနေခဲ့တယ်လေ'
ရှန်းချိုက်သည် သူတို့နှင့်ကွဲပြားနေကြောင်း တဖြည်းဖြည်းပေါ်လွင်လာ၏။
ဤကဲ့သို့ "စိုးရိမ်ရသော" အခိုက်အတန့်လေးတွင် ရှန်းချိုက်တောင်နားမလည်နိုင်စွာပင် အာရုံပြောင်းသွားခဲ့လေသည်။
သူ့အာရုံများက တဖျပ်ဖျပ်ပြောင်းလဲသွားပြီး အိပ်ရာမဝင်ခင်တုန်းက သူကြည့်ခဲ့သော The Little Prince ဆီသို့ ပျံ့နှံ့သွား၏။
မင်းသားလေးသည် အလွန်အထီးကျန်ပုံပေါက်နေသော မြွေတစ်ကောင်ကိုရှာတွေ့ခဲ့ပြီး ဘာကြောင့်များ မြွေကသူတစ်ကောင်တည်းရှိနေတာလဲဟု မေးမြန်းခဲ့၏။
“ပြောရမယ်ဆို ငါက တစ်ခြားသူတွေကြားမှာလည်း အထီးကျန်နေတာပါပဲ” လို့ မြွေကပြန်ဖြေပေးခဲ့သည်။
ရှန်းချိုက်အတွက်လည်း သူကိုယ်တိုင်က တစ်ခြားသူတွေကြားမှာ အထီးကျန်နေပုံရသည်။
...
ယနေ့နံနက်တွင် ရှန်းချိုက်သည် သူ့အခန်းဖော်များ၏ ရေချိုးခန်းထဲတွင်နှောင့်ယှက်ခြင်းခံခဲ့ရပြီး သူ့ရှေ့တွင်တော့ သန့်ရှင်းရေးလုပ်ရမည့် ရေဇလုံတစ်ခုရှိနေသေးသည်။
ဒီနေ့တော့ ရှန်းချိုက် မင်းသားလေးကိုနားမလည်သေးပေ။
သို့သော် သူ မြွေကိုတော့ နားလည်သွား၏။
- - - - - - - -
Silicon Valley တွင်တော့ အလုပ်များသောနေ့တစ်နေ့ဖြစ်သည်။
ထန်ယီမင်သည် နံနက်စာစားပြီးနောက် အခြားကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံရန် အောက်ထပ်သို့ဆင်းလာခဲ့ပြီး Blizzard အင်တာတိန်းမန့်ဆီသို့ ဘတ်စ်ကားစီးသွားခဲ့၏။
ဘတ်စ်ကားပေါ်တွင် နိုင်ငံခြောက်နိုင်ငံမှ ကိုယ်စားလှယ်လောင်းခုနစ်ဆယ်နီးပါးစုရုံးလျက်ရှိပြီး တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေကြလေသည်။
ထန်ယီမင်ကိုတော့ သူနှင့်ဘာသာစကားတူသော တရုတ်လူမျိုးများက ဝိုင်းရံထားကြ၏။
တရုတ်နိုင်ငံ၏ သိပ်မကျယ်ဝန်းလှလေသော အသံသရုပ်ဆောင်အသိုင်းအဝိုင်းများမှတစ်ဆင့် Blizzard အင်တာတိန်းမန့်၏တံခါးပေါက်သို့ တရားဝင်ဝင်ရောက်ရန် နေရာရနိုင်သူများသည် အခြေခံအားဖြင့် ထိုလုပ်ငန်းနယ်ပယ်တွင် အောင်မြင်ကျော်ကြားပြီးသား "နံပါတ်တစ်လူများ" ဖြစ်ကြ၏။
တူညီသောလုပ်ငန်းခွင်မှဖြစ်ခြင်းကြောင့် ထိုလူဆယ်ဦးသည် ယခင်ကတည်းက အတူတကွ ပူးပေါင်းလုပ်ဆောင်ဖူးခဲ့ကြခြင်းဖြစ်ကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြလေသည်။ သူတို့အချင်းချင်းဆုံပြီးနောက် စကားများပြောကာ ရယ်ရယ်မောမောဖြင့် အလွန်ရင်းနှီးနေကြ၏။
သူတို့ထဲမှတစ်ယောက်က "အိုး ငါ့အင်္ဂလိပ်စာကတော့ သိပ်မကောင်းဘူးနော်၊ ဒီတော့ ငါ့ကိုမလှောင်ကြနဲ့"
နောက်တစ်ယောက်ကလည်း ပြောပြန်သည်။ "ငါက အစိုးရစရိတ်နဲ့ ခရီးထွက်ရုံပဲ၊ ငါ့မိန်းမအတွက် အိတ်တစ်လုံးနဲ့အလှပြင်ပစ္စည်းနည်းနည်းလောက် လာဝယ်ရုံပဲလေ"
ထိုသူတို့၏ ခင်မင်ရင်းနှီးသောဖလှယ်မှုများအောက်၌ အခြားအရာများဘယ်လောက်ပင်ဖုံးကွယ်ထားပါစေ၊ သူတို့ မျက်နှာများပေါ်တွင်တော့ တစ်ကယ့်ညီအစ်ကိုကောင်းများပင်။
အခြားသူများနှင့် နှိုင်းယှဉ်ကြည့်ပါက ထန်ယီမင်သည် အထူးခြားဆုံးဖြစ်၏။
သူသည် ကျောင်းတစ်ဖက်နှင့်အလုပ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်သည့်အပြင် အတွေ့အကြုံနုနယ်သေးသော်လည်း အင်္ဂလိပ်လိုကျွမ်းကျင်စွာတတ်မြောက်ပြီး လိုအပ်သောပစ္စည်းများကို နားလည်ရုံမျှမက ဝန်ထမ်းများနှင့်လည်း အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်ဆံနိုင်ခဲ့သည်။
အခြားလူဆယ်ယောက်နှင့်မတူသည့် အဓိကအချက်မှာ သူသည် မျက်နှာသစ်ဖြစ်နေခြင်းပင်။
ထန်ယီမင်၏ဘေးနားတွင်ထိုင်နေသော အသက်သုံးဆယ်ကျော်အရွယ်လူတစ်ယောက်သည် သံလိုက်ကဲ့သို့ ဆွဲဆောင်မှုရှိသောအနိမ့်သံရှိသူတစ်ဦးဖြစ်သည်။ ထိုသူက ပြုံးလျက် ထန်ယီမင်အား လက်ကမ်းနှုတ်ဆက်လာ၏။ "ညီလေး အစ်ကို့နာမည်က ရှောင်ချင်း၊ ကျန်းရီနန်ရဲ့စတူဒီယိုကပဲ။ မင်းကရော ဘယ်ကုမ္ပဏီကလဲ?? အစ်ကိုအရင်က မင်းကိုမတွေ့ဖူးဘူး "
"ခင်ဗျားက ဆရာရှောင်းမှတ်လား?? ကျွန်တော်လည်း ခင်ဗျားကိုဟိုးအရင်ကတည်းက သဘောကျခဲ့တာ" ထန်ယီမင်လည်း ထိုလူ၏လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်လိုက်၏။
ရှောင်ချင်းသည် ဤလုပ်ငန်းနယ်ပယ်တွင် လူသိများထင်ရှားသော ရှေ့ဆောင်လမ်းပြအသံသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူသည် ဟောင်ကောင်ရုပ်ရှင်ဧကရာဇ်အချို့၏ တရားဝင်အသံသရုပ်ဆောင်ဖြစ်ရုံသာမက ဟောလိဝုဒ်ရုပ်ရှင်များတွင်တောင် ပါဝင်ခဲ့သေးသည်။
ကံကောင်းထောက်မစွာပင် ထန်ယီမင်၏စိတ်ပိုင်းဆိုင်ရာအရည်အသွေးမှာ အလွန်အားကောင်းနေ၏။ သူသည် ပြိုင်ဘက်များ၏ ပြင်းထန်သောခြိမ်းခြောက်မှုများကို တစိုးတစိမျှမခံစားရဘဲ ဤသည်မှာ သူ၏ယှဉ်ပြိုင်နိုင်စွမ်းကိုသာ နှိုးဆွပေးရာရောက်သည်။
"ကျွန်တော်က ဘယ်ကုမ္ပဏီမှမဟုတ်ဘူး" ဟု ထန်ယီမင် ပြန်ဖြေလိုက်သည်။ " အန်နီမေးရှင်းဌာနကအကြီးအကဲ မစ္စအီကဲဒါဆီကနေ အကြံပြုစာတစ်စောင် ရထားတာပါ "
"ဪ..." ရှောင်ချင်းက ဘယ်သူမှမသိနိုင်သောအပြုံးလေးကို အဓိပ္ပါယ်ရှိစွာဖြင့်ပြုံးပြလိုက်၏။ " အံ့ဩစရာပဲ "
ထန်ယီမင်လည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး "အင်း . . . ကျွန်တော်က တစ်ကယ်ကိုအံ့သြစရာကောင်းတယ်"
"..."
- - - - - - - - -
သုံးရက်ကြာမည့်အကဲဖြတ်မှုကို အပြည့်အဝ စီစဉ်ထားပြီး တစ်စက္ကန့်သော်မျှ အလဟသမဖြစ်စေခဲ့ပေ။
ပထမနေ့၏နံနက်ခင်းတွင် သူတို့အားလုံးသည် Blizzard အင်တာတိန်းမန့်၏ အဓိကဌာနများစွာကိုသွားရောက်ခဲ့ရပြီး "q" ၏အဓိကဂိမ်းအကြီးအကဲကျူမေ့နှင့် တွေ့ဆုံခဲ့ရ၏။
နေ့လည်ပိုင်းတွင် လူတိုင်းသည် ၎င်းတို့၏မိုဘိုင်းလ်ဖုန်းများထဲသို့ ဂိမ်းကိုထည့်၍ အစည်းအဝေးခန်းရှိ "q" ဂိမ်းနမူနာကို ကြည့်ရှုကြပြီး မတူညီသောအခန်းကဏ္ဍအလိုက် အသေးစိတ် ဇာတ်ကောင်နောက်ခံမိတ်ဆက်မှုများကို လက်ခံရရှိခဲ့ကြသည်။
ကာရိုက်တာဆက်တင်မှာ စာမျက်နှာနှစ်မျက်နှာအပြည့်ရှိပြီး ဇာတ်ကောင်၏မိသားစုဝင်များပင် ပါဝင်လေသည်။
အသက် ၃၂ နှစ်အရွယ် တရုတ်စစ်သားဝမ်ချန်းသည် တစ်ချိန်က တိုက်လေယာဉ်မှူးတစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်တော့ အာကာသယာဉ်မှူးဖြစ်လာခဲ့သည်။ အင်္ဂါဂြိုလ်ပေါ်သို့ဆင်းသက်ချိန်တွင် မမျှော်လင့်ဘဲ ဂြိုဟ်တုဆင်းသက်မှု ပျက်ပြားသွားစေသည့် မုန်တိုင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး အာကာသထဲတွင် အဆုံးသတ်သွားခဲ့ရ၏။ ထောင်နှင့်ချီသောခက်ခဲမှုများနှင့် နောက်ဆုံးတော့ ကမ္ဘာမြေပေါ်သို့ပြန်ရောက်လာခဲ့ပြီး သူပြန်ရောက်လာချိန်မှာ နှစ်ရာချီကုန်လွန်သွားပြီးကြောင်း သိလိုက်ရလေသည်။ ထိုအချိန်တွင် ကမ္ဘာမြေကြီးသည် မကောင်းဆိုးဝါးဂြိုလ်သားများ၏ ဖျက်ဆီးခြင်းခံနေခဲ့ရပြီး တစ်ချိန်ကသူချစ်ရသည့်လူများမှာလည်း ပြာအဖြစ်ပြောင်းလဲသွားခဲ့ပြီးဖြစ်နေခဲ့သည်။ ကမ္ဘာမြေကြီးကိုဖျက်ဆီးပစ်ခဲ့သော မကောင်းဆိုးဝါးဂြိုလ်သားများအား လက်နက်အင်အားဖြင့် ဆန့်ကျင်တိုက်ခိုက်မည်ဖြစ်သည်။
ဝမ်ချန်းသည် သယ်ယူပို့ဆောင်ရေးအားလုံးကို ကောင်းမွန်စွာလည်ပတ်နိုင်သူဖြစ်ပြီး သူသည် အာကာသဓာတ်ရောင်ခြည်များနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့ရသောကြောင့် သူ့ခန္ဓာကိုယ်သည် အလွန်ခိုင်မာလာခဲ့၏။ယခုအချိန်တွင်တော့ သူသည် အလွန်သန်မာနေကာ လက်ဗလာဖြင့်ပင် ချပ်ဝတ်တန်ဆာများကို ဆုတ်ဖြဲပစ်နိုင်လေသည်။
လူအုပ်ကြီးထဲရှိ တစ်စုံတစ်ယောက်က "ဒါက သာမန်တရုတ်အာကာသယာဉ်မှူး မဟုတ်လောက်ဘူး၊ ဒါကြီးက ကပ္ပတိန်ပဲကွ" ဟု အော်လိုက်လေသည်။
လူရွေးပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးစီသည် ၎င်းတို့၏အရည်အချင်းများကိုပြသပေးရန် စာကြောင်းရှစ်ကြောင်းသာပေးထား၏။ ၎င်းတို့အား တရုတ်၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရွတ်ဆိုပြရမည်ဖြစ်သည်။ အဆိုပါ ရှစ်ကြောင်းသည် ထိတ်လန့်မှု၊ စိတ်ဆင်းရဲမှုနှင့် ပြတ်သားမှုတို့အားလုံးပါဝင်ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ သရုပ်ဆောင်မှုနှင့်အသံစွမ်းရည်ကိုပြသရန် စနစ်တကျဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ဂျပန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံများအတွက် လူရွေးပွဲများကို နောက်နေ့နံနက်တွင် သတ်မှတ်ထားပြီး တရုတ်၊ ရုရှားနှင့် အနောက်နိုင်ငံများအတွက်ကိုတော့ နေ့လယ်ပိုင်းတွင်သတ်မှတ်ပေးထားသည်။ လူတစ်ဦးစီတွင် အချိန်ဆယ်မိနစ်သာရရှိပြီး ထိုဆယ်မိနစ်အတွင်းမှာပင် မှတ်တမ်းတင်မည်ဖြစ်လေသည်။ နောက်ဆုံးရလဒ်ကိုတော့ တတိယနေ့ နံနက်စောစောတွင် သိရမည်ဖြစ်သည်။
အချိန်ဇယားကအရမ်းကြပ်သော်လည်း ထန်ယီမင်ကတော့ နည်းနည်းလေးမှစိတ်မပူပေ။
နောက်ဆုတ်ရန်လုံးဝမစဥ်းစားတော့ဘဲ အဆင်သင့်ပြင်ထားပြီး နေရာတွင်မတ်တပ်ရပ်နေလိုက်တော့သည်။
____________________________________________
Zawgyi
Chapter (43)
Act 6 : The Little Prince (5)
ေဟ့ေကာင္ေတြ ထၾကည့္ၾကၪီး!!! ငါတို႔ရဲ့ဘဲေလးမင္းသားေလး ေနြဦးအိပ္မက္မက္သြားတယ္ကြ!!!
ယီမင္ ခ်င္းယြမ္ : မင္းကိုခ်စ္တယ္ ဆိုတာေရာပဲ
ရွန္းခ်ိဳက္၏လက္ေကာက္ဝတ္ေလး တုန္ခါသြားၿပီး ကိုင္ထားေသာဆဲလ္ဖုန္းသည္ စားပြဲခံုအတြင္းထဲမွ ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားေသာေၾကာင့္ က်ယ္ေလာင္ေသာျမည္သံႀကီး ထြက္လာေတာ့သည္။
ကိုယ္ပိုင္စာေလ့လာေသာအတန္းရိွ မူလကတိတ္ဆိတ္ေနေသာေလထုသည္ ရုတ္တရက္ပ်က္ျပားသြားၿပီး တီခ်ယ္ခ်ူပင္းသည္ မ်က္ခံုးတစ္ခ်က္ပင့္လိုက္ကာ ေျမျဖဴခဲအပိုင္းအစတစ္ခုကိုေကာက္ယူလိုက္၍ ရွန္းခ်ိဳက္၏နဖူးအလယ္တည့္တည့္သို႔ လွပေသာအေကြးသ႑ာန္ျဖင့္ တိက်စြာလွမ္းပစ္လိုက္သျဖင့္ ရွန္းခ်ိဳက္၏နဖူး၌ ခ်က္ခ်င္းပင္ အနီေရာင္ေတာက္ေတာက္အမွတ္အသားတစ္ခုရသြားေတာ့၏။
ရွန္းခ်ိဳက္လည္း အလ်င္အျမန္ေခါင္းျပန္ငံု႔လိုက္ၿပီး ခက္ခက္ခဲခဲစာေလ့လာေနေသာအသြင္ေလးကို ဆက္လက္သရုပ္ေဆာင္ေနလိုက္သည္။
ခန္႔မွန္း : 'ခ်စ္တယ္' ကို ဘယ္လိုေျပာရမလဲေတာ့ မမွတ္မိေတာ့ဘူး
သူ လိမ္ေျပာလိုက္ျခင္းျဖစ္သည္။
ခန္႔မွန္း : တကယ္ေတာ့ ကြၽန္ေတာ့္ရဲ့ရုရွားစကားက အရမ္းအေတာ္ႀကီးလည္းမဟုတ္ပါဘူး
သူ ဆက္လိမ္ေနခဲ့သည္။
ခန္႔မွန္း : ၿပီးေတာ့ ကြၽန္ေတာ္က အခုအတန္းထဲ မွာဆိုေတာ့ ယြမ္တာ့နဲ႔စကားေျပာရတာ သိပ္အဆင္မေျပဘူးျဖစ္ေနတယ္
ဤစကားသည္ေတာ့ လိမ္ညာျခင္းမဟုတ္ေပ။
ဝမ္ခ်င္းယြမ္ကလည္း အဆင္ေျပၾကောင္းျပန္ေျပာလာကာ ၿပံဳးေနေသာမ်က္ႏွာပံုေလး ပို႔ေပးခဲ့ၿပီး သူကားေပၚတက္ေတာ့မည္ျဖစ္သည္အတြက္ ေနာက္မွစကားျပန္ေျပာမည္ဟု ေျပာခဲ့ေလသည္ ။
ရွန္းခ်ိဳက္တစ္ေယာက္ ဂရုတစိုက္ျဖင့္ သက္ျပင္းခ်လိုက္မိသည္။
"ငါ မင္းကိုခ်စ္တယ္" ဆိုသည့္ ရိုးရွင္းေသာစကားလံုးသံုးလံုးသည္ ယခုဆိုတျဖည္းျဖည္း အသံုးနည္းလာ၏။ ဤအရာသည္ အျမင့္ျမတ္ဆံုးကတိစကားမွန္း လူတိုင္းသိၾကၿပီး ျမႇားနတ္ေမာင္လက္ထဲရိွ ေသေစႏိုင္ေလာက္ဆံုးေသာ ျမႇားတစ္စင္းျဖစ္သည့္အတြက္ အလြန္႔အလြန္အေရးႀကီးေသာအခိုက္အတန႔္ေလးမွလြဲ၍ ဘယ္သူမွမဆြဲထုတ္ဝံ့ၾကေပ။
"ငါ မင္းကိုခ်စ္တယ္" ဟူေသာစကားလံုးကို အျခားဘာသာစကားသို႔ေျပာင္းလိုက္ေသာအခါ "ပိုေပါ့ပါးသြားသည္" ဟု ထင္ရသည္မွာေတာ့ အနည္းငယ္ထူးဆန္းေလသည္။
ဒါသည္ ခ်စ္သူမ်ားအၾကား ဝန္ခံျခင္းမဟုတ္ေတာ့ဘဲ သူငယ္ခ်င္းမ်ားၾကားရိွ အျပစ္ကင္းစင္ေသာ ဟာသတစ္ခုသက္သက္သာ ျဖစ္လာ၏။
သို႔ေသာ္ ရွန္းခ်ိဳက္ကေတာ့ ဒါကိုဟာသတစ္ခုအေနျဖင့္ မမွတ္ယူခ်င္ေပ။
ေကာင္ေလးသည္ ဝမ္ခ်င္းယြမ္ေပးပို႔လာေသာ "I love You " ဆိုသည့္စကားလံုးကို ရွက္ရြံ႔စြာျဖင့္သိမ္းဆည္းထားခဲ့ၿပီး ထိုည၌ပင္ သူ႔သေဘာဆႏၵေတာင္မပါေလေသာ ခ်ိဳၿမိန္လြန္းသည့္အိပ္မက္ေလးတစ္ခု မက္ခဲ့၏။
ထိုလွပေသာအိမ္မက္ေလးထဲတြင္ ဇာတ္ေကာင္ႏွစ္ေယာက္ရိွေလသည္။
- - - - - - -
ဒီအိပ္မက္ေလးက သိပ္ေတာ့မလြယ္ဘူးဆိုတာကို တျဖည္းျဖည္းသိလာရ၏။
မနက္ ၄ နာရီ ၄၅ မိနစ္၊ အိပ္ရာထရမည့္ေခါင္းေလာင္းမျမည္ခင္ေလးတြင္ ရွန္းခ်ိဳက္တစ္ေယာက္ အိပ္ယာမွအေျပးအလႊားထၿပီး ေရခ်ိဳးခန္းထဲသို႔ တဟုန္ထိုးေျပးသြားကာ မီးမဖြင့္ထားဘဲ အေမွာင္ထဲ၌ လက္ေဆးဇလံုကိုဆြဲယူထားလ်က္ အိပ္ယာခင္းစမ်ားကို သူ႔လက္၌ကိုင္ထားၿပီး ေရစိမ္လိုက္၊ ေရၫွစ္လိုက္ျဖင့္ အလုပ္ရႈပ္ေနေတာ့သည္။
ေရဇလံုသာ အရမ္းေသးမေနပါက သူကိုယ္တိုင္ပါတစ္ခါတည္းဝင္ထိုင္ၿပီး သူ႔ကိုယ္သူေရထဲထၫ့္စိမ္လိမ့္မည္ျဖစ္သည္။
သူ႔နားရြက္မ်ားမွာ အလြန္နီရဲေနၿပီး ပူေလာင္ေနသည္မွာ ေပါက္ကြဲေတာ့မၫ့္မီးေတာင္ထိပ္၌ မတ္တပ္ရပ္ေနရသလိုျဖစ္ေနၿပီး သူ႔ခႏၶာကိုယ္ကလည္း တုန္ခါၿပီးရင္းတုန္ခါေန၏။
သို႔ေသာ္ မၾကာမီတြင္ ၄သည္ငလ်င္တစ္ခုမဟုတ္ေၾကာင္းသိလိုက္ရၿပီး ဤသည္မွာ သူ႔ႏွလံုးခုန္ျမန္လြန္းျခင္းေၾကာင့္ျဖစ္ေနကာ တိတ္ဆိတ္ေနေသာညဥ့္နက္ႀကီးတြင္ ထင္ေယာင္ထင္မွားျဖစ္ေစသၫ့္အရာတစ္ခုျဖစ္ေနခဲ့သည္။
ဆူညံေနေသာေရသံမ်ားေၾကာင့္ အိပ္ေဆာင္အတြင္းရိွ အျခားအတန္းေဖာ္မ်ားကို ႏိုးသြားေစခဲ့ၿပီး ရွန္းခ်ိဳက္၏ ညာဘက္ကုတင္တြင္အိပ္ေနေသာေကာင္ေလးသည္ ငိုက္မ်ဉ္းသမ္းေဝလ်က္ အိပ္ယာမွထလာၿပီး ေရခ်ိဳးခန္းတံခါးကို တြန္းဖြင့္လိုက္ေတာ့သည္။
" ရွန္းခ်ိဳက္. . . ညႀကီးမင္းႀကီး မင္းဘာေတြေလ်ွာ္ေနတာလဲ??"
ခလုတ္ႏိွပ္ဖြင့္လိုက္သံတစ္ခု ၾကားရၿပီးေနာက္ သူတို႔ေခါင္းအထက္ရိွဂတ္စ္မီးသီးမွာ ခ်က္ခ်င္းလင္းလာခဲ့ၿပီး ၿပိဳးၿပိဳးျပက္ျပက္အလင္းေရာင္ေလးသည္ ေရခ်ိဳးခန္းအတြင္းသို႔ ျဖာက်လာခဲ့၏။
ေတာက္ပေသာအလင္းေရာင္ေအာက္တြင္ ညအိပ္ဝတ္စံုပါးပါးေလးသာဝတ္ထားသၫ့္ ဆယ္ေက်ာ္သက္ေလးမွာ ထိတ္လန႔္ေနေသာအၾကၫ့္တို႔ျဖင့္ ထိုေနရာတြင္သာထိုင္ခ်လိုက္ၿပီး ဇလံုထဲ၌ေရစိမ္ထားေသာအိပ္ယာခင္းမ်ားကိုလည္း ဖြက္ရန္အခ်ိန္မမွီေတာ့ေပ။
ရွန္းခ်ိဳက္ : "..."
အခန္းေဖာ္ေကာင္ေလး : "..."
ရွန္းခ်ိဳက္ : "ငါ... မင္း... မင္း ငါ့စကားကို နားေထာင္ပါၪီး..."
အခန္းေဖာ္ေကာင္ေလးက ေခါင္းယမ္းလိုက္ၿပီး "F*ck!! ေဟ့ေကာင္ေတြ ထၾကည့္ၾကၪီး!!! ငါတို႔ရဲ့ဘဲေလးမင္းသားေလး ေနြဦးအိပ္မက္မက္သြားတယ္ကြ!!!!!!"
ရွန္းခ်ိဳက္ : "!!!"
သံုးမိနစ္ေလာက္အၾကာတြင္ေတာ့ အိပ္ေဆာင္အခန္းတစ္ခုလံုးလင္းထိန္သြားၿပီး တစ္စံုတစ္ဦးကို ယဇ္ပူေဇာ္ပသေတာ့မၫ့္အတိုင္း ထိုအခန္းေဖာ္မ်ားက ရွန္းခ်ိဳက္ကို ေရခ်ိဳးခန္းအတြင္းမွ အျပင္သို႔ဆြဲထုတ္လာၾကေလသည္။
အခန္းေဖာ္တစ္ေယာက္က သူ႔ခါးႏွင့္လည္ပင္းကိုဖမ္းခ်ဳပ္ထားကာ ေနာက္တစ္ေယာက္က သူ႔ေျခဖဝါးမ်ားကိုဖ်စ္ၫွစ္ထားရင္းျဖင့္ သူအိပ္မက္မက္ခဲ့ေသာ အလွေလးအေၾကာင္း ထုတ္ေျပာလာရန္ ႀကိဳးစားၾကေတာ့သည္။
ေက်ာင္းေနဘဝသည္ ေယဘူယ်အားျဖင့္ ၿငီးေငြ့ဖြယ္ေကာင္း၏။ ဤစိတ္မၿငိမ္မသက္ေသာ ဆယ္ေက်ာ္သက္အရြယ္ေယာက္်ားေလးမ်ားအတြက္ "လိင္" ဟူေသာ ေခါင္းစဉ္သည္ တစ္ေယာက္ကိုတစ္ေယာက္ရန္စရန္ႏွင့္ ပ်င္းရိၿငီးေငြ့မႈမ်ားကိုအလင္းေပးႏိုင္ရန္အတြက္ အၿမဲလိုလို အေကာင္းဆံုးေရြးခ်ယ္မႈသာျဖစ္သည္။
အမွန္ေတာ့ ရွန္းခ်ိဳက္သာ နာမည္ႀကီးအမ်ိဳးသမီးၾကယ္ပြင့္တစ္ေယာက္ေယာက္၏နာမည္ကို ထုတ္ေျပာကာေရွာင္ဖယ္လိုက္ရံုျဖင့္ ဤအၾကပ္အတည္းမွ လြတ္ေျမာက္ႏိုင္မည္ျဖစ္ေသာ္လည္း သူ႔ဦးေနွာက္ေလးအတြင္း၌ ေခါင္းမာမႈမ်ားျဖင့္ျပည့္ႏွက္ေနၿပီး သူ႔အခ်စ္ေလး၏နာမည္ကိုေဖာ္ျပရန္ျငင္းဆိုေနကာ ပါးစပ္ကိုတင္းတင္းစိထားေလသည္။
သူ႔မ်က္ႏွာတစ္ျပင္လံုးသည္ ရွက္စိတ္ျဖင့္နီျမန္းေနၿပီး မ်က္လံုးေထာင့္နားေလးမွ မ်က္ရည္ႏွစ္စက္က်လာကာ အခန္းေဖာ္မ်ားအား ေဒါသအျပည့္ျဖင့္စူးစိုက္ၾကၫ့္ေနလိုက္ေသာ္လည္း ဤအၾကၫ့္ကပင္ အျခားသူမ်ား၏ဆိုးယုတ္ေသာဆႏၵမ်ားကို ပိုမိုျပင္းထန္လာေစရန္ တြန္းအားေပးေနပံုရ၏။
အခန္းေဖာ္တစ္ဦးက " ရွန္းခ်ိဳက္. . . ရွက္မေနနဲ႔၊ မင္းခ်န္ဇီရန္ဆီကေန ဆရာမကန္းရဲ့ သင္ၾကားေရးရုပ္ရွင္ ကူးထားတယ္ဆိုတာ ငါသိပါတယ္ကြ "
ရွန္းခ်ိဳက္က " ဘာကို ဆရာမကန္းရဲ့ သင္ၾကားေရးရုပ္ရွင္လဲ??"
"..." အခန္းေဖာ္က အသည္းအသန္ျပန္ေမး၏။ "မျဖစ္ႏိုင္ဘူး!! မင္းသားေလးရယ္. . ဘယ္ၿဂိဳဟ္ကေနမ်ားေရာက္လာတာလဲ?? ကမ႓ာေပၚမွာအေက်ာ္ၾကားဆံုး ဆရာမကန္းကိုေတာင္ မသိဘူးလား!?"
ရွန္းခ်ိဳက္၏ ပိုပိုၿပီးဗလာျဖစ္လာေသာအမူအရာမ်ားေၾကာင့္ အခန္းေဖာ္သည္ သူရင္းႏွီးေလာက္မည့္နာမည္အခ်ိဳ႕ကို အျမန္ဆံုးေျပာျပလိုက္သည္။
သို႔ေသာ္လည္း ရွန္းခ်ိဳက္၏အိုင္က်ူေလးကေတာ့ လိုင္းမက်ေသးသျဖင့္ သူ႔အခန္းေဖာ္မ်ား၏ ေအာ္ဟစ္သံမ်ားကိုၾကားရေသာအခါ ထို “ဆရာမကန္း” ၏ “အသက္ေမြးဝမ္းေၾကာင္းအလုပ္” ကို ခ်က္ခ်င္းသေဘာေပါက္သြားခဲ့သည္။
သူ႔ကိုယ္သူ ဤေနရာမွလြတ္ေျမာက္ရန္ရုန္းကန္ရင္း တစ္ဖက္သို႔လွၫ့္ထြက္လိုက္ၿပီး ေရခ်ိဳးခန္းဆီသို႔တၫ့္တၫ့္ေျပးသြားကာ တံခါးကို ေသာ့ခတ္လိုက္ၿပီး အားအင္အျပၫ့္ျဖင့္ပိတ္ဆို႔ထားလိုက္သည့္အတြက္ အရွက္တရားအျပည့္ျဖင့္သူ႔မ်က္ႏွာေလးကို ထိုမယဉ္ေက်းေသာလူဝံႀကီးမ်ားထံမွ ကြယ္ဝွက္ႏိုင္လိုက္၏။ အိပ္ယာခင္းေလးေတြကိုပဲ သူေလ်ွာ္ခ်င္ရံုပါ. . .
ရွန္းခ်ိဳက္တံခါးကိုမွီလိုက္ၿပီး က်ယ္ေလာင္စြာျဖင့္ျငင္းဆိုလိုက္၏။ "... အဲ့ဒါ... အဲ့ဒါဘာဆန္းလို႔လဲ!?"
တံခါးဝနားမွ အခန္းေဖာ္တစ္ေယာက္၏အသံထြက္လာေလသည္။ "မင္းသားေလး. . . ဝန္ခံဖို႔ကို ဒီေလာက္လည္းရွက္မေနပါနဲ႔၊ ဒီေလာကႀကီးမွာ ဘယ္ေယာက္်ားေလးကမ်ား ရင္သားႀကီးႀကီးနဲ႔အလွေလးေတြကို သေဘာမက်လို႔လဲ??"
"..." ရွန္းခ်ိဳက္သည္ ေရဇလံုရိွ အိပ္ယာခင္းစမ်ားကိုစိုက္ၾကၫ့္လိုက္ရင္း 'ငါလံုးဝမႀကိဳက္ဘူး' ဟုသာ ေတြးေနလိုက္သည္။
ထိုအခ်ိန္ေလးတြင္ သူသည္ အျခားသူမ်ားႏွင့္မတူညီေၾကာင္း တိတ္တဆိတ္သေဘာေပါက္သြား၏။
'သူတို႔အားလံုးက ေကာင္မေလးေတြကိုလိုက္ေနတဲ့အခ်ိန္မွာ ငါက ေယာက္်ားေလးကိုသေဘာက်ေနတယ္'
'သူတို႔က ရုပ္ရည္ေခ်ာေမာတဲ့ အမ်ိဳးသမီးေတြကို သေဘာက်တယ္၊ ငါက်ေတာ့ တစ္ခါမွေတာင္မေတြ့ဖူးတဲ့ အသံကိုပဲအစြဲအလမ္းႀကီးေနခဲ့တယ္ေလ'
ရွန္းခ်ိဳက္သည္ သူတို႔ႏွင့္ကြဲျပားေနေၾကာင္း တျဖည္းျဖည္းေပၚလြင္လာ၏။
ဤကဲ့သို႔ "စိုးရိမ္ရေသာ" အခိုက္အတန႔္ေလးတြင္ ရွန္းခ်ိဳက္ေတာင္နားမလည္ႏိုင္စြာပင္ အာရံုေျပာင္းသြားခဲ့ေလသည္။
သူ႔အာရံုမ်ားက တဖ်ပ္ဖ်ပ္ေျပာင္းလဲသြားၿပီး အိပ္ရာမဝင္ခင္တုန္းက သူၾကၫ့္ခဲ့ေသာ The Little Prince ဆီသို႔ ပ်ံ့ႏွံ႔သြား၏။
မင္းသားေလးသည္ အလြန္အထီးက်န္ပံုေပါက္ေနေသာ ေႁမြတစ္ေကာင္ကိုရွာေတြ့ခဲ့ၿပီး ဘာေၾကာင့္မ်ား ေႁမြကသူတစ္ေကာင္တည္းရိွေနတာလဲဟု ေမးျမန္းခဲ့၏။
“ေျပာရမယ္ဆို ငါက တစ္ျခားသူေတြၾကားမွာလည္း အထီးက်န္ေနတာပါပဲ” လို႔ ေႁမြကျပန္ေျဖေပးခဲ့သည္။
ရွန္းခ်ိဳက္အတြက္လည္း သူကိုယ္တိုင္က တစ္ျခားသူေတြၾကားမွာ အထီးက်န္ေနပံုရသည္။
...
ယေန့နံနက္တြင္ ရွန္းခ်ိဳက္သည္ သူ႔အခန္းေဖာ္မ်ား၏ ေရခ်ိဳးခန္းထဲတြင္ေနွာင့္ယွက္ျခင္းခံခဲ့ရၿပီး သူ႔ေရ႔ွတြင္ေတာ့ သန႔္ရွင္းေရးလုပ္ရမည့္ ေရဇလံုတစ္ခုရိွေနေသးသည္။
ဒီေန့ေတာ့ ရွန္းခ်ိဳက္ မင္းသားေလးကိုနားမလည္ေသးေပ။
သို႔ေသာ္ သူ ေႁမြကိုေတာ့ နားလည္သြား၏။
- - - - - - - -
Silicon Valley တြင္ေတာ့ အလုပ္မ်ားေသာေန့တစ္ေန့ျဖစ္သည္။
ထန္ယီမင္သည္ နံနက္စာစားၿပီးေနာက္ အျခားကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ေတြ့ဆံုရန္ ေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး Blizzard အင္တာတိန္းမန္႔ဆီသို႔ ဘတ္စ္ကားစီးသြားခဲ့၏။
ဘတ္စ္ကားေပၚတြင္ ႏိုင္ငံေျခာက္ႏိုင္ငံမွ ကိုယ္စားလွယ္ေလာင္းခုနစ္ဆယ္နီးပါးစုရံုးလ်က္ရိွၿပီး တစ္ေယာက္ကိုတစ္ေယာက္ စမ္းသပ္ေနၾကေလသည္။
ထန္ယီမင္ကိုေတာ့ သူႏွင့္ဘာသာစကားတူေသာ တရုတ္လူမ်ိဳးမ်ားက ဝိုင္းရံထားၾက၏။
တရုတ္ႏိုင္ငံ၏ သိပ္မက်ယ္ဝန္းလွေလေသာ အသံသရုပ္ေဆာင္အသိုင္းအဝိုင္းမ်ားမွတစ္ဆင့္ Blizzard အင္တာတိန္းမန္႔၏တံခါးေပါက္သို႔ တရားဝင္ဝင္ေရာက္ရန္ ေနရာရႏိုင္သူမ်ားသည္ အေျခခံအားျဖင့္ ထိုလုပ္ငန္းနယ္ပယ္တြင္ ေအာင္ျမင္ေက်ာ္ၾကားၿပီးသား "နံပါတ္တစ္လူမ်ား" ျဖစ္ၾက၏။
တူညီေသာလုပ္ငန္းခြင္မျွဖစ္ျခင္းေၾကာင့္ ထိုလူဆယ္ဦးသည္ ယခင္ကတည္းက အတူတကြ ပူးေပါင္းလုပ္ေဆာင္ဖူးခဲ့ၾကျခင္းျဖစ္ကာ တစ္ဦးႏွင့္တစ္ဦး ရင္းႏွီးၾကေလသည္။ သူတို႔အခ်င္းခ်င္းဆံုၿပီးေနာက္ စကားမ်ားေျပာကာ ရယ္ရယ္ေမာေမာျဖင့္ အလြန္ရင္းႏွီးေနၾက၏။
သူတို႔ထဲမွတစ္ေယာက္က "အိုး ငါ့အဂၤလိပ္စာကေတာ့ သိပ္မေကာင္းဘူးေနာ္၊ ဒီေတာ့ ငါ့ကိုမေလွာင္ၾကနဲ႔"
ေနာက္တစ္ေယာက္ကလည္း ေျပာျပန္သည္။ "ငါက အစိုးရစရိတ္နဲ႔ ခရီးထြက္ရံုပဲ၊ ငါ့မိန္းမအတြက္ အိတ္တစ္လံုးနဲ႔အလျွပင္ပစၥည္းနည္းနည္းေလာက္ လာဝယ္ရံုပဲေလ"
ထိုသူတို႔၏ ခင္မင္ရင္းႏွီးေသာဖလွယ္မႈမ်ားေအာက္၌ အျခားအရာမ်ားဘယ္ေလာက္ပင္ဖံုးကြယ္ထားပါေစ၊ သူတို႔ မ်က္ႏွာမ်ားေပၚတြင္ေတာ့ တစ္ကယ့္ညီအစ္ကိုေကာင္းမ်ားပင္။
အျခားသူမ်ားႏွင့္ ႏိႈင္းယွဉ္ၾကည့္ပါက ထန္ယီမင္သည္ အထူးျခားဆံုးျဖစ္၏။
သူသည္ ေက်ာင္းတစ္ဖက္ႏွင့္အလုပ္လုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္သည့္အျပင္ အေတြ့အႀကံဳႏုနယ္ေသးေသာ္လည္း အဂၤလိပ္လိုကြၽမ္းက်င္စြာတတ္ေျမာက္ၿပီး လိုအပ္ေသာပစၥည္းမ်ားကို နားလည္ရံုမ်ွမက ဝန္ထမ္းမ်ားႏွင့္လည္း အဆင္ေျပေခ်ာေမြ့စြာ ေျပာဆိုဆက္ဆံႏိုင္ခဲ့သည္။
အျခားလူဆယ္ေယာက္ႏွင့္မတူသည့္ အဓိကအခ်က္မွာ သူသည္ မ်က္ႏွာသစ္ျဖစ္ေနျခင္းပင္။
ထန္ယီမင္၏ေဘးနားတြင္ထိုင္ေနေသာ အသက္သံုးဆယ္ေက်ာ္အရြယ္လူတစ္ေယာက္သည္ သံလိုက္ကဲ့သို႔ ဆြဲေဆာင္မႈရိွေသာအနိမ့္သံရိွသူတစ္ၪီးျဖစ္သည္။ ထိုသူက ၿပံဳးလ်က္ ထန္ယီမင္အား လက္ကမ္းႏႈတ္ဆက္လာ၏။ "ညီေလး အစ္ကို႔နာမည္က ေရွာင္ခ်င္း၊ က်န္းရီနန္ရဲ့စတူဒီယိုကပဲ။ မင္းကေရာ ဘယ္ကုမၸဏီကလဲ?? အစ္ကိုအရင္က မင္းကိုမေတြ့ဖူးဘူး "
"ခင္ဗ်ားက ဆရာေရွာင္းမွတ္လား?? ကြၽန္ေတာ္လည္း ခင္ဗ်ားကိုဟိုးအရင္ကတည္းက သေဘာက်ခဲ့တာ" ထန္ယီမင္လည္း ထိုလူ၏လက္ကို တင္းတင္းက်ပ္က်ပ္ ျပန္ဆုပ္ကိုင္လိုက္၏။
ေရွာင္ခ်င္းသည္ ဤလုပ္ငန္းနယ္ပယ္တြင္ လူသိမ်ားထင္ရွားေသာ ေရ႔ွေဆာင္လမ္းျပအသံသရုပ္ေဆာင္တစ္ဦးျဖစ္သည္။ သူသည္ ေဟာင္ေကာင္ရုပ္ရွင္ဧကရာဇ္အခ်ိဳ႕၏ တရားဝင္အသံသရုပ္ေဆာင္ျဖစ္ရံုသာမက ေဟာလိဝုဒ္ရုပ္ရွင္မ်ားတြင္ေတာင္ ပါဝင္ခဲ့ေသးသည္။
ကံေကာင္းေထာက္မစြာပင္ ထန္ယီမင္၏စိတ္ပိုင္းဆိုင္ရာအရည္အေသြးမွာ အလြန္အားေကာင္းေန၏။ သူသည္ ၿပိဳင္ဘက္မ်ား၏ ျပင္းထန္ေသာၿခိမ္းေျခာက္မႈမ်ားကို တစိုးတစိမ်ွမခံစားရဘဲ ဤသည္မွာ သူ၏ယွဉ္ၿပိဳင္ႏိုင္စြမ္းကိုသာ ႏိႈးဆြေပးရာေရာက္သည္။
"ကြၽန္ေတာ္က ဘယ္ကုမၸဏီမွမဟုတ္ဘူး" ဟု ထန္ယီမင္ ျပန္ေျဖလိုက္သည္။ " အန္နီေမးရွင္းဌာနကအႀကီးအကဲ မစၥအီကဲဒါဆီကေန အႀကံျပဳစာတစ္ေစာင္ ရထားတာပါ "
"ဪ..." ေရွာင္ခ်င္းက ဘယ္သူမွမသိႏိုင္ေသာအၿပံဳးေလးကို အဓိပၸါယ္ရိွစြာျဖင့္ၿပံဳးျပလိုက္၏။ " အံ့ဩစရာပဲ "
ထန္ယီမင္လည္း ေခါင္းျပန္ညိတ္ျပလိုက္ၿပီး "အင္း . . . ကြၽန္ေတာ္က တစ္ကယ္ကိုအံ့ၾသစရာေကာင္းတယ္"
"..."
- - - - - - - - -
သံုးရက္ၾကာမည့္အကဲျဖတ္မႈကို အျပၫ့္အဝ စီစဉ္ထားၿပီး တစ္စကၠန႔္ေသာ္မ်ွ အလဟသမျဖစ္ေစခဲ့ေပ။
ပထမေန့၏နံနက္ခင္းတြင္ သူတို႔အားလံုးသည္ Blizzard အင္တာတိန္းမန္႔၏ အဓိကဌာနမ်ားစြာကိုသြားေရာက္ခဲ့ရၿပီး "q" ၏အဓိကဂိမ္းအႀကီးအကဲက်ူေမ့ႏွင့္ ေတြ့ဆံုခဲ့ရ၏။
ေန့လည္ပိုင္းတြင္ လူတိုင္းသည္ ၄တို႔၏မိုဘိုင္းလ္ဖုန္းမ်ားထဲသို႔ ဂိမ္းကိုထည့္၍ အစည္းအေဝးခန္းရိွ "q" ဂိမ္းနမူနာကို ၾကၫ့္ရႈၾကၿပီး မတူညီေသာအခန္းက႑အလိုက္ အေသးစိတ္ ဇာတ္ေကာင္ေနာက္ခံမိတ္ဆက္မႈမ်ားကို လက္ခံရရိွခဲ့ၾကသည္။
ကာရိုက္တာဆက္တင္မွာ စာမ်က္ႏွာႏွစ္မ်က္ႏွာအျပၫ့္ရိွၿပီး ဇာတ္ေကာင္၏မိသားစုဝင္မ်ားပင္ ပါဝင္ေလသည္။
အသက္ ၃၂ ႏွစ္အရြယ္ တရုတ္စစ္သားဝမ္ခ်န္းသည္ တစ္ခ်ိန္က တိုက္ေလယာဉ္မွဴးတစ္ဦးျဖစ္ခဲ့ၿပီး ေနာက္ပိုင္းတြင္ေတာ့ အာကာသယာဉ္မွဴးျဖစ္လာခဲ့သည္။ အဂၤါၿဂိဳလ္ေပၚသို႔ဆင္းသက္ခ်ိန္တြင္ မေမ်ွာ္လင့္ဘဲ ၿဂိဳဟ္တုဆင္းသက္မႈ ပ်က္ျပားသြားေစသၫ့္ မုန္တိုင္းတစ္ခုႏွင့္ ႀကံဳေတြ့ခဲ့ရၿပီး အာကာသထဲတြင္ အဆံုးသတ္သြားခဲ့ရ၏။ ေထာင္ႏွင့္ခ်ီေသာခက္ခဲမႈမ်ားႏွင့္ ေနာက္ဆံုးေတာ့ ကမ႓ာေျမေပၚသို႔ျပန္ေရာက္လာခဲ့ၿပီး သူျပန္ေရာက္လာခ်ိန္မွာ ႏွစ္ရာခ်ီကုန္လြန္သြားၿပီးေၾကာင္း သိလိုက္ရေလသည္။ ထိုအခ်ိန္တြင္ ကမ႓ာေျမၾကီးသည္ မေကာင္းဆိုးဝါးၿဂိဳလ္သားမ်ား၏ ဖ်က္ဆီးျခင္းခံေနခဲ့ရၿပီး တစ္ခ်ိန္ကသူခ်စ္ရသည့္လူမ်ားမွာလည္း ျပာအျဖစ္ေျပာင္းလဲသြားခဲ့ၿပီးျဖစ္ေနခဲ့သည္။ ကမ႓ာေျမၾကီးကိုဖ်က္ဆီးပစ္ခဲ့ေသာ မေကာင္းဆိုးဝါးၿဂိဳလ္သားမ်ားအား လက္နက္အင္အားျဖင့္ ဆန႔္က်င္တိုက္ခိုက္မည္ျဖစ္သည္။
ဝမ္ခ်န္းသည္ သယ္ယူပို႔ေဆာင္ေရးအားလံုးကို ေကာင္းမြန္စြာလည္ပတ္ႏိုင္သူျဖစ္ၿပီး သူသည္ အာကာသဓာတ္ေရာင္ျခည္မ်ားႏွင့္ အခ်ိန္ၾကာျမင့္စြာ ထိေတြ့ခဲ့ရေသာေၾကာင့္ သူ႔ခႏၶာကိုယ္သည္ အလြန္ခိုင္မာလာခဲ့၏။ယခုအခ်ိန္တြင္ေတာ့ သူသည္ အလြန္သန္မာေနကာ လက္ဗလာျဖင့္ပင္ ခ်ပ္ဝတ္တန္ဆာမ်ားကို ဆုတ္ၿဖဲပစ္ႏိုင္ေလသည္။
လူအုပ္ႀကီးထဲရိွ တစ္စံုတစ္ေယာက္က "ဒါက သာမန္တရုတ္အာကာသယာဉ္မွဴး မဟုတ္ေလာက္ဘူး၊ ဒါႀကီးက ကပၸတိန္ပဲကြ" ဟု ေအာ္လိုက္ေလသည္။
လူေရြးပြဲအတြက္ ကိုယ္စားလွယ္ေလာင္းတစ္ဦးစီသည္ ၄တို႔၏အရည္အခ်င္းမ်ားကိုျပသေပးရန္ စာေၾကာင္းရွစ္ေၾကာင္းသာေပးထား၏။ ၄တို႔အား တရုတ္၊ အဂၤလိပ္ႏွစ္ဘာသာျဖင့္ ရြတ္ဆိုျပရမည္ျဖစ္သည္။ အဆိုပါ ရွစ္ေၾကာင္းသည္ ထိတ္လန႔္မႈ၊ စိတ္ဆင္းရဲမႈႏွင့္ ျပတ္သားမႈတို႔အားလံုးပါဝင္ၿပီး တစ္ၪီးတစ္ေယာက္ခ်င္းစီ၏ သရုပ္ေဆာင္မႈႏွင့္အသံစြမ္းရည္ကိုျပသရန္ စနစ္တက်ဒီဇိုင္းထုတ္ထားျခင္းျဖစ္သည္။
ဂ်ပန္၊ အေမရိကန္ႏွင့္ ျပင္သစ္ႏိုင္ငံမ်ားအတြက္ လူေရြးပြဲမ်ားကို ေနာက္ေန့နံနက္တြင္ သတ္မွတ္ထားၿပီး တရုတ္၊ ရုရွားႏွင့္ အေနာက္ႏိုင္ငံမ်ားအတြက္ကိုေတာ့ ေန့လယ္ပိုင္းတြင္သတ္မွတ္ေပးထားသည္။ လူတစ္ဦးစီတြင္ အခ်ိန္ဆယ္မိနစ္သာရရိွၿပီး ထိုဆယ္မိနစ္အတြင္းမွာပင္ မွတ္တမ္းတင္မည္ျဖစ္ေလသည္။ ေနာက္ဆံုးရလဒ္ကိုေတာ့ တတိယေန့ နံနက္ေစာေစာတြင္ သိရမည္ျဖစ္သည္။
အခ်ိန္ဇယားကအရမ္းၾကပ္ေသာ္လည္း ထန္ယီမင္ကေတာ့ နည္းနည္းေလးမွစိတ္မပူေပ။
ေနာက္ဆုတ္ရန္လံုးဝမစဥ္းစားေတာ့ဘဲ အဆင္သင့္ျပင္ထားၿပီး ေနရာတြင္မတ္တပ္ရပ္ေနလိုက္ေတာ့သည္။