"ဟုတ်ပါဘီ ဒါဆိုဂရုစိုက်ပြီးသွားနော်သား ဖေဖေတို့
နောက်သုံးရက်လောက်ဆိုပြန်လာခဲ့မယ်"
"ဟုတ်ဖေဖေ အာ့ဆိုဒါဘဲနော်"
ကျောင်းကလေ့လာရီးခရီးသွားဖို့ပြင်နေတုန်းသတိရတာ
နဲ့ဖေဖေတို့ဆီဖုန်းဆက်ဖြစ်သည်။
ဘာမှစိတ်မပူဖို့ပြောသွားတဲ့ဖေဖေရယ်သားဖို့ဒီကသား
ကြိုက်တာတွေဝယ်လာတယ်ဆိုတဲ့မေမေရယ်ကိုသူလွမ်း
နေရပါဘီ။
ဂျယ်နိုကလည်းသူလည်းပြင်ဆင်စရာရှိတာပြင်ဆင်ဖို့
ဒီနေ့မနက်ကဘဲသူ့အိမ်ပြန်သွားသည်။
အခုတော့ဒီအိမ်မှာသူတစ်ယောက်တည်းဘဲအဝတ်ထုပ်
ပြင်နေရပြန်တယ်။
သွားရမယ့်ခရီးကမဝေးလွန်းပေမယ့် လူအသွားအလာ
လည်းနေသေးတဲ့အတွက် လမ်းကလည်းသိပ်မကောင်း
ဘူးလို့ကျောင်းကစီနီယာကလည်းမှာလိုက်သေးသည်။
နဂိုကတည်းကကားစီးရင်မူးတတ်လို့ကားမူးပျောက်
ဆေးထည့်မယ်လုပ်ကာမှဆေးမရှိလို့အနီးအနားကစတိုးဆိုင်မှာဆေးနဲ့လိုတာလေးတွေပါဝယ်ဖို့ အပေါ်ထပ်တစ်
ထည်ယူပြီးထွက်လာခဲ့လိုက်သည်။
"ဂျယ်မင်းနားဘယ်သွားမလို့လဲ"
လမ်းလျှောက်နေတုန်းနောက်ကခေါ်သံကြားလို့လှည့်
ကြည့်လိုက်တော့ထယ်ယုံးhyunဖြစ်နေသည်။
"ဟာhyunဘယ်ကပြန်လာတာလဲ"
"ပြန်လာတာမဟုတ်ပါဘူး အခုမှသွားမလို့ပါ ဒါနဲ့ဂျယ်
မင်းရော"
"အော်မနက်ဖန်ကျောင်းကလေ့လာရေးခရီးသွားမှာ
အဲ့တာလမ်းထိပ်ကစတိုးဆိုင်မှာလိုတာလေးတွေသွား
ဝယ်မလို့"
"အာhyunလည်းအဲ့ကိုသွားမလို့ဘဲ တူတူသွားရအောင်
လေ"
ထယ်ယုံးhyunနဲ့တူတူ တစ်ပြလောက်တော့လျှောက်ရ
သေးတဲ့စတိုးဆိုင်ကိုနှစ်ယောက်စကားတပြောပြောနဲ့
လျှောက်လာတာ ဘယ်လိုရောက်လာမှန်းတောင်မသိ
လိုက်ဘူး။
ဆိုင်ထဲရောက်တော့hyunကလည်းသူလိုတာသူဝယ်
ကျွန်တော်ကလည်းကျွန်တော်လိုတာလေးတွေဝယ်တာ
နဲ့ နှစ်ယောက်သားပစ္စည်းတွေရဲ့ရှေ့မှာခေါင်းစိုက်နေ
သည်။
ဆေးတစ်ချို့နဲ့အစာပြေစားလို့ရမယ့်မုန့်လေးတွေရယ်
ဂျယ်နိုအတွက်လည်းမုန့်လေးအချိုရည်လေးတစ်ချို့
ဝယ်ပြီးပိုက်ဆံရှင်းဖို့ကောင်တာကိုထွက်လာလိုက်တော့
ဂျယ်ဟျွန်းဟျောင်းကိုတွေ့လိုက်သည်။
"ဂျယ်ဟျွန်းဟျောင်း"
"အာဂျယ်မင်း တစ်ယောက်ထဲလား"
"မဟုတ်ဘူးထယ်ယုံးဟျောင်းရော ဟျောင်းကဘယ်လို
လုပ်ဒီကို"
ဂျယ်ဟျွန်းဟျောင်းကဒီရပ်ကွက်မှာနေတဲ့သူမှမဟုတ်
တာဒီဘက်လာရင်ကျွန်တော့အိမ်ဒါမှမဟုတ်ဟယ်ချန်း
အိမ်လာတာဖြစ်နိုင်မှာ။ဒါမှမဟုတ်ဒီဘက်ကဖြတ်သွား
ရင်းနဲ့ဝင်တာလည်းဖြစ်ချင်ဖြစ်မှာဆိုပေမယ့် ဂျယ်မင်း
သိချင်လွန်း၍မေးလိုက်သည်။
"အာအဲ့တာမနက်ဖန်ကိစ္စအတွက်မင်းအိမ်လာမလို့လေ
အဲ့တာဗိုက်ဆာလို့တခုခုဝင်ဝယ်တာပါကွာ"
ခေါင်းငြိမ့်လိုက်ပြီးနှစ်ယောက်သားစကားရပ်ပြောနေ
တုန်းထယ်ယုံးhyunပစ္စည်းဝယ်လို့ပြီးသွားတာကြောင့်
သုံးယောက်သားအိမ်ကိုအတူတူပြန်လာခဲ့ကြသည်။
"ဒါဆိုဂျယ်မင်းတို့မေဂျာနှစ်ခုပေါင်းသွားကြရမှာပေါ့
ဟယ်ချန်းဒီတစ်ခါတော့လိုက်လို့မရတော့ဘူး"
"ဟုတ်တယ်ဟျောင်း သူတို့လဲစားမေးပွဲရှိတယ်ကြား
တယ်"
ထယ်ယုံးဟျောင်းနဲ့ကျွန်တော်နဲ့ကစကားတွေဆက်တိုက်
ဆိုသလိုပြောနေကြပေမယ့်ဘေးကဂျယ်ဟျွန်းဟျောင်း
ကတော့ငြိမ်လျက်သားပါလာသည်။
"ဟား ဂျယ်ဟျွန်းကငြိမ်လှချီလား"
"ဗျ...မဟုတ်ပါဘူး"
"ဟုတ်သားဘဲထယ်ယုံးဟျောင်းနဲ့စကားတွေပြောနေ
တော့ဟျောင်းကိုမေ့သွားတာ..မီရား"
"ရပါတယ်မဟုတ်လည်းအိမ်ရောက်ရင်ဂျယ်မင်းနဲ့
ဆက်ပြောရအုံးမှာဘဲ"
"ကဲရောက်ဘီ ဒါဆိုhyunသွားဘီနော်...ဂျယ်ဟျွန်းနား
သွားတော့မယ်"
လက်ခါပြနေတဲ့ထယ်ယုံးဟျောင်းကိုတော့ ထွက်သွား
တဲ့အထိဂျယ်ဟျွန်းဟျောင်းကပြုံးလို့ကြည့်နေဆဲ။
သိတဲ့ဂျယ်မင်းကတော့ခေါင်းသာခါရင်းအိမ်ထဲဝင်လာ
ခဲ့လိုက်သည်။
ဒီနှစ်မှကျောင်းပြောင်းလာတဲ့ဂျယ်ဟျွန်းဟျောင်းကို
မနက်ဖြန်သွားမယ့်ခရီးအကြောင်းရှင်းပြရင်းတစ်နေ့
တာကကုန်သွားခဲ့ပြီ။
ညနေရောက်တော့ဂျယ်ဟျွန်းဟျောင်းလည်းပြန်သွား
ပြီးတစ်ယောက်တည်းဘဲရှိတော့ ညစာကိုအဆင်ပြေသ
လ်ိုဘဲစားမယ်ဆိုပြီးမီးဖိုချောင်ဆီလျှောက်လာခဲ့ပြီး
ဂျယ်နိုဝယ်ပေးခဲ့တဲ့ခေါက်ဆွဲဘူးလေးတစ်ဘူးယူကာ
ပြုတ်လိုက်ပြီး ဧည့်ခန်းမှာသာတီဗွီကြည့်ရင်းထိုင်စား
နေလိုက်သည်။
ခနနေတော့အိမ်ရှေ့ကကားသံကြားတော့လူကထမ
ကြည့်မိဘဲကြောင်သွားသည်။
ဖေဖေတို့ကလည်းနောက်သုံးရက်လောက်မှပြန်လာမယ်
ပြောတာပါ ဆိုပြီးကားသံပိုင်ရှင်ကိုစဉ်းစားနေတုန်း
အိမ်ထဲကိုဝင်လာတဲ့ပိုင်ရှင်ကြောင့်လူကအလိုလိုပျော်
သွားရသည်။
ခေါက်ဆွဲထိုင်စားနေရင်းကဘဲထပြီးထိုလူ့ဆီကိုပြေး
သွားကာ မတွေ့ရတဲ့အချိန်ခနလေးအတွင်းမှာလစ်ဟာ
နေတဲ့ထိုလူ့ရင်ခွင်ထဲကိုပြေးဝင်ကာ ဖက်ထားမိသည်။
သူပြေးဖက်လာတာကိုပြုံးနေတဲ့ဂျယ်နိုကိုမြင်ယောင်ပြီး
သူ့လက်တွေပိုလို့တင်းကြပ်ပြီးဖက်ထားမိသည်။
"ကိုယ်မနက်ကမှပြန်သွားတာပါကွာ အဲ့လောက်တောင်
လွမ်းနေတာလားကိုယ့်ဂျယ်မင်းက"
ခေါင်းငုံ့ကာအတူပြန်ဖက်လာတဲ့ဂျယ်နို့ရဲ့ရင်ဘက်ပေါ်
မေးတင်ကာမော့ရင်ဂျယ်နိုနဲ့အကြည့်ချင်းဆုံစေကာ
"အင်းငါတစ်ယောက်တည်းရှိတဲ့အချိန်ဆိုမင်းကိုအရမ်း
လွမ်းတယ်"
ထိုသို့ပြောလိုက်တော့မျက်လုံးလေးတွေကွေးစင်ကာ
ပြုံးလိုက်တဲ့ဂျယ်နိုကြောင့်သူပါအလိုလိုလိုက်ပြုံးမိပါ
သည်။
"ကိုယ့်ဂျယ်မင်းကဘယ်ချိန်ကဒီလောက်စကားတွေ
တက်သွားတာလဲ"
"အဲ့လိုတက်သွားအောင် မင်းပဲသင်ပေးတာလေ"
နောက်တစ်ခါမျက်လုံးလေးတွေကွေးသွားအောင်
ပြုံးတဲ့ဂျယ်နိုကသူ့ရဲ့နှာခေါင်းလေးကိုပါ ဆွဲပြီးသူ့နဖူး
လေးကိုဖွဖွလေးလဲနမ်းလိုက်သည်။
"မနက်ကျရင်ကိုယ်တို့အတူတူသွားမယ် ဒီမှာအထုပ်တွေ
တစ်ခါတည်းယူလာခဲ့တယ်"
"ငါကဒီနေ့ညငါတစ်ယောက်တည်းအိပ်ရတော့မယ်ထင်
နေတာ"
"ကိုယ်ချစ်တဲ့ဂျယ်မင်းကို ကိုယ်ကတစ်ယောက်တည်း
ထားခဲ့ပါ့မလားကွာ ကိုယ်လဲမသိလို့ပြန်လာဖြစ်မလာ
ဖြစ်မပြောခဲ့တာပါ တွေ့လားအခုတောင်ကိုယ်ပြန်လာ
တာဘဲလေ"
နောက်ထပ်တစ်ခါနှာခေါင်းလေးကိုဆွဲပြီးပြောတဲ့ဂျယ်
နိုကို သူ့မျက်မှောင်ကြုတ်ပြီးကြည့်တော့ဂျယ်နိုကအသံ
ထွက်ပြီးတခစ်ခစ်နဲ့ရီသည်။
အခုသူတို့ပုံစံကဘာနဲ့တူနေလည်းဆိုတော့အလုပ်ကနေ
ပြန်လာတဲ့ယောကျာ်းကို မိန်းမကကြိုနေသလိုမျိုးဘဲ။
"ဟုတ်ပါဘီကိုယ်လူတတ်ရယ် ဒါနဲ့ဘာစားပြီးခဲ့ဘီ
လည်း"
"မစားရသေးဘူးလေ ယူစရာရှိတာယူပြီး ဒီလာတာဘဲ"
"ဘာစားမလဲတခုခုလုပ်ပေးမယ်လေ"
"နာနာ့ကိုစားမယ်လေ"
နား နားကိုကပ်ကာရွတ်နောက်နောက်နဲ့လာပြောတဲ့
ဂျယ်နိုကြောင့်လူကလန့်သွားပြီးအရှေ့ကစပ်ဖြီးဖြီး
လုပ်နေတဲ့ဂျယ်နိုရင်ဘတ်ကိုသာထုမိနေသည်။
စလည်းစတတ်သလိုပြီးရင်လည်းတကယ်လုပ်တတ်
တဲ့ဂျယ်နိုအကြောင်းကိုသိနေတော့ သူပိုလို့တောင်
ရှက်သလို လန့်လည်းလန့်နေရသည်။
————————
နားလေးတွေရဲတက်လာတဲ့ဂျယ်မင်းနီးကဒီနေ့မှပိုလို့
တောင်ချစ်ဖို့ကောင်းနေသည်။
မနက်ကအိမ်ပြန်ပြီး ကျောင်းကခရီးအတွက်ပြင်ဆင်
စရာရှိတာပြင်ဆင်ပြီးဘီဆိုပေမယ့်လည်းသူ့ကိုသူ့အမေ
ကအိမ်မှာနေပါအုံးလို့ပြောတာတောင်မှအဆူခံပြီး
ဂျယ်မင်းဆီပြေးလာတာဖြစ်သည်။
ဂျယ်မင်းအိမ်ရောက်တော့ အဆူခံရလို့စိတ်ညစ်ခဲ့သမျှ
ကိုဒီကောင်လေးကဖြေပေးလိုက်သလားလို့တောင်
ထင်ရ။
မုန့်စားနေရာကနေထပြေးဖက်လာတဲ့အကောင်ပေါက်
လေးကိုဂျယ်နိုအူယားလွန်းလို့ဆွဲနမ်းပစ်ချင်လာသည်။
ဒီနေ့မှပိုချွဲပိုစကားတတ်နေတဲ့ဂျယ်မင်းနီးလေးကဒီနေ့မှ
သူ့မျက်လုံးထဲမှာ ကလေးလေးလိုချစ်စရာကောင်းနေ
ပြန်သည်။
"ဟုတ်ပါပြီကိုယ်လူတတ်ရယ် ဒါနဲ့ဘာစားပြီးခဲ့ဘီ
လည်း"
"မစားခဲ့ရဘူးလေ ယူစရာရှိတာယူပြီး ဒီပြန်လာတာ"
"ဘာစားမလဲတစ်ခုခုလုပ်ပေးမယ်လေ"
သူ့ကိုစိတ်ပူနေတဲ့သူ့ရှေ့ကဖြူလုံးလုံးအကောင်လေးကို
စချင်တာနဲ့ဘဲဖက်ထားရာကနေသူ့နား နားလေးကိုကပ်
ပြီးစလိုက်တော့ချက်ချင်းဆိုသလိုနားလေးတွေနီရဲ
တက်လာတဲ့ဂျယ်မင်းကလန့်သွားသလို မျက်နှာလေးပါ
ရဲလာသည်။
စလည်းစသူ့မျက်လုံးတွေကိုလည်းသေချာစိုက်ကြည့်နေတော့ပိုရှက်လာတဲ့ဂျယ်မင်းကမနေတတ်တော့သူ့ရင်ဘက်ကိုသူ့လက်သေးသေးလေးနဲ့ထုသည်။
"အာ့ ကိုယ်ကနာနာလုပ်ပေးတာစားမယ်လို့ပြောမလို့ပါ
ကွာ လူသေးသလောက်အားကလည်းပြင်းလိုက်တာ
ဟွန်းဒီနားကတစ်ယောက်သောသူ့ကြောင့်နာသွားဘီ"
ငိုမဲ့မဲ့လုပ်ပြရင်းဘယ်ဘက်ရက်ဘတ်ကိုလက်နဲ့ဖိပြီး
ပြောတော့အရှေ့ကသူ့ခါးတွေကိုဖက်ထားတဲ့ဂျယ်မင်း
နီးကတစ်ခစ်ခစ်နဲ့ရီသည်။
"ဒီလူဆိုးကောင်လေးကိုမှချစ်ဖို့ ဘုရားသခင်ကဖန်ဆင်း
ပေးလိုက်တာဖြစ်မယ်"
ဒီတစ်ခါတော့နှာခေါင်းကိုလာဆွဲတဲ့သူကဂျယ်မင်းနီး
ဖြစ်သည်။
အတတ်လေးကတော့နှာခေါင်းကိုလည်းဆွဲသေးလူကို
လည်းပြုံးပြနေသေးတော့ဒီလူကတဖြည်းဖြည်းပိုပိုလို့
အသဲယားလာသည်။
"ဂျယ်မင်း ကိုယ်နမ်းလို့ရမလား"
ခုနကပြုံးနေတဲ့ကောင်လေးကချက်ချင်းသလိုပါးစပ်
လေးဟ မျက်ခုံးလေးပင့်သွားပြီး နားမလည်တဲ့ကလေးလေးလိုကြောင်တောင်တောင်ဖြစ်နေတာကိုဆက်ကြည့်မနေတော့ဘဲ ဂျယ်မင်းမျက်နှာကိုလက်နှစ်ဖက်နဲ့အသာ
ယူရင်းဟနေတဲ့သူ့နှုတ်ခမ်းလေးနှစ်ဖက်ကိုဖိကပ်လိုက်
သည်။
အရင်ကလည်းဂျယ်မင်းနဲ့တစ်ခါနှစ်ခါနမ်းဖူးပေမယ့်
လို့ဒီတစ်ခါနမ်းရတဲ့ဂျယ်မင်းနှုတ်ခမ်းလေးကအရင်
အခါတွေကထက်ပိုချိုနေသလို။
မျက်လုံးလေးတွေမှိတ်ပြီးအလိုက်သင့်ငြိမ်နေတဲ
ဂျယ်မင်းရဲ့နှုတ်ခမ်းတွေကိုဖွင့်ပြီးအတွင်းထဲတိုးဝင်မိ
တော့ကိုယ်လေးတုန်သွားတဲ့ဂျယ်မင်းရဲ့ခါးလေးကို
အသာအယာလေးကိုင်လိုက်ပြီးစချင်တာကြောင့်
ချိုလွန်းတဲ့သူ့နှုတ်ခမ်းလေးကိုဆွဲကိုက်မိသည်။
"အာ့"
အသံငယ်လေးနဲ့အတူလူကိုပါတွန်းလိုက်တာကြောင့်
သူကိုက်လိုက်တာအားများပါသွားတာလားလို့ဂျယ်နို
စိုးရိမ်မိတာကြောင့်နှုတ်ခမ်းလေးကိုလက်လေးနဲ့အသာ
ပွတ်ပေးမိသည်။
"sorryဂျယ်မင်းကိုယ်အားပါသွားတာ ဟီးဟီး"
ဘာမှပြန်မပြောတဲ့ဂျယ်မင်းကတော့သူ့ကိုမျက်စောင်း
သာထိုးပြီးကြည့်နေသည်။
ရောက်နေကတည်းကရပ်နေတဲ့နှစ်ယောက်သားကနမ်း
လိုက်ပြီးမှ သူကလည်းမီးဖိုချောင်ထဲဝင်ကျွန်တော်က
လည်းဧည့်ခန်းထဲမှာဘဲထိုင်ပြီး နှစ်ယောက်သားကနာ
မငြိမ်ဖြစ်နေသည်။
ခနကြာမှပြန်ထွက်လာတဲ့ဂျယ်မင်းကလက်ထဲမှာစား
စရာအချို့ကိုယူပြီးပြန်ထွက်လာသည်။
ဧည့်ခန်းထဲမှာဘဲအတူတူစားရင်းတီဗွီအတူတူကြည့်
ပြီးမှအပေါ်ထပ်ကဂျယ်မင်းအခန်းဆီတက်လာကြ
သည်။
ဂျယ်မင်းကကျွန်တော်ယူလာတဲ့ပစ္စည်းတွေကိုသေချာ
ပြန်စစ်ပေးသေးသည်။
တစ်ခါတည်းမနက်ဝတ်မယ့်အဝတ်အစားတွေပါကြို
ထုတ်ထားပြီးယူမယ့်အထုပ်တွေပါတစ်ခါတည်းနေရာ
ချထားတဲ့ဂျယ်မင်းက အရမ်းစိစစ်သည်။
"လာပါအုံး ကိုယ့်နားကို"
အခန်းထဲရောက်ကတည်းကကုတင်ပေါ်တန်းတက်မ
လာတဲ့ဂျယ်မင်းကိုသူလုပ်နေတာတွေပြီးမှခေါ်ရတော့
သည်။
ပြုံးပြုံးလေးလျှောက်လာသည့်ဂျယ်မင်းနီးကိုလက်
ဆန့်ပေးတော့ရင်ခွင်ထဲဝင်လာတဲ့ကောင်လေးကိုအား
ရစွာဖက်ထားလိုက်ပြီး သူအရမ်းကြိုက်တဲ့ဂျယ်မင်း
ရဲ့ဆံပင်အဖြူလေးတွေကို ငုံ့ငုံပြီးနမ်းသည်။
"ကိုယ့်ရဲ့ဂျယ်မင်းနီးလေးပင်ပန်းသွားဘီ"
"မပင်ပန်းပါဘူး လိုတာလေးတွေရှိမလားလို့ပြန်ကြည့်
ရုံပါဘဲ မနက်ကတည်းကအကုန်စီစဉ်ပြီးသားတွေဘဲ
လေ"
"ကိုယ်တို့မေဂျာနှစ်ခုတည်းဆိုတော့ ဒီတစ်ခါပွစိပွစိ
လုပ်တဲ့ဟယ်ချန်းမပါလာတော့ဘူး"
"ကိုကလည်းသူများကို ဘာပွစိပွစိလည်း"
"ဟင် ဂျယ်မင်းနီး..ဂျယ်မင်းနီး ကိုယ့်ကိုဘယ်လိုခေါ်
လိုက်တာ"
"ဟင်ဘယ်လိုခေါ်လို့လဲ"
ခေါ်ပြီးမှသူမဟုတ်သလိုမသိချင်ယောင်ဆောင်ပြီး
ဟိုလျှောက်ပြောဒီလျှောက်ပြောလုပ်နေတဲ့ဂျယ်မင်းကို
သူစချင်လာတာကြောင့် ဖက်ထားရာကနေလွှတ်လိုက်
ပြီးဂျယ်မင်းကိုအပေါ်ကနေအုပ်မိုးလိုက်သည်။
ချက်ချင်းဆိုသလိုဖြစ်သွားတာကြောင့် အောက်မှာရှိ
တဲ့ဂျယ်မင်းကလန့်သွားပြီးကျွန်တော့်လက်ကိုလာကိုင်
ထားသည်။
"ပြောမှာလား ဒါမှမဟုတ်ခုနကထက်ပိုပြီးနမ်းပစ်လိုက်
ရမလား"
အရှက်သည်းလွန်းတဲ့ကောင်လေးကဘယ်လောက်စစ
သူ့မျက်နှာလေးကတော့နီရဲရဲလာသည်။
"ဂျယ်နိုဘာလုပ်တာလည်းဖယ်"
"မဖယ်ပါဘူး ကိုယ်မေးတာကိုမှမဖြေတာ"
"ဘာလဲဘယ်လိုပြောလိုက်လို့လဲ"
"အဲ့တာတော့ပြောလိုက်တဲ့လူဘဲသိမှာလေ"
ရီလဲရီတဲ့ဂျယ်မင်းက သူ့ရဲ့ဂုတ်ကိုလက်နှစ်ဖက်နဲ့
ကိုင်လာပြီးသူ့ကိုဆွဲယူလိုက်ပြီး ဒီတစ်ခါဂျယ်မင်းကသူ့
နှုတ်ခမ်းတွေနဲ့ဂျယ်နိုနှုတ်ခမ်းတွေကိုထိကပ်စေလိုက်
သည်။
ဂျယ်နိုမှာအံ့ဩရပြီးဂျယ်မင်းလုပ်သွားတာကိုသူမျက်
လုံးပြူးနေရသည်။
တစ်ခါမှဂျယ်မင်းဘက်ကမစဘူးသလို ဒီတစ်ခါတော့
ဂျယ်မင်းကသတ္တိတွေကောင်းနေတာကိုမြင်တော့
ဂျယ်နိုတစ်ချက်ပြုံးလိုက်မိသည်။
နှုတ်ခမ်းတွေကိုထိကပ်ရုံသာထိကပ်ထားတဲ့ဂျယ်မင်း
ကခနနေတော့ပြန်ခွါသွားပြီးနောက်တစ်ခါသူ့နှုတ်ခမ်းလေးနဲ့ခနဆိုသလိုထိရုံလေးထိသွားပြီးပြုံးပြုံးလေးလုပ်
နေသည်။
"ကိုလို့ခေါ်လိုက်တာလေ ဟောဒီကဂျယ်နိုကို ကိုဆိုပြီး
သုံးလိုက်တာ ရဘီလား"
ဒီတစ်ခါတော့ပြုံးမိသူကဂျယ်နိုဖြစ်သည်။ပထမတစ်ခါ
ခေါ်ကတည်းကကြားလိုက်ပေမယ့် နောက်တစ်ခါကြား
ချင်တာကြောင့်ရော ဂျယ်မင်းဘက်ကပြောလာတာပါ
လိုချင်လို့သူမေးလိုက်ပေမယ့် ဂျယ်မင်းကနမ်းပါနမ်း
လိုက်တာမို့ စောနကအပြုံးတွေထက်ပိုလို့တောင်ပြုံး
မိသလားဆိုတာတော့မြင်ရတဲ့ဂျယ်မင်းကပိုသိပါလိမ့်
မည်။
မနက်စောစောထရမှာဖြစ်လို့ နှစ်ယောက်သားအတူတူ
အိပ်ရင်း မနက်ဖန်သွားမယ့်ခရီးအကြောင်းကိုသာ
တစ်ယောက်ကိုယ်စီတွေးရင်း ဒီနေ့ညလေးကလည်း
သူတို့နှစ်ယောက်အတွက်အဖိုးတန်ညလေးတစ်ညဖြစ်
ခဲ့သည်။
————————
ကားမူးတတ်တဲ့ဂျယ်မင်းကကြိုသိပြီးသားဖြစ်လို့ဆေး
ပါတစ်ခါတည်းဆောင်လာသည်။
တစ်လမ်းလုံးဂျယ်နိုပခုံးပေါ်မှာဘဲမှီအိပ်လိုက်လာခဲ့တာ
ခရီးရောက်တဲ့အထိပါဘဲ။
ဂျယ်နိုကိုလည်းသူအားနာပေမယ့်ဂျယ်နိုကိုယ်တိုင်က
သိတဲ့လူဖြစ်လို့ဂျယ်မင်းကိုသူ့ပခုံးပေါ်ကကိုမဖယ်ခိုင်း
တဲ့အထိပါဘဲ။
ခရီးရောက်တော့မှခေါင်းထောင်လာတော့ဂျယ်နိုကမ်း
ပေးတဲ့ရေဘူးကိုမော့လိုက်ပြီးမှကားအောင်ကိုဆင်းလာ
ခဲ့တော့ဂျယ်နိုကသူ့လက်လေးကိုတွဲပေးထားသည်။
အသေးစိတ်လေးကအစ ဂရုစိုက်ပေးတဲ့ဂျယ်နိုကိုသူ
တစ်ချက်မော့ကြည့်ပြီးပြုံးပြလိုက်တော့ ဂျယ်နိုကသူ့
ကိုခေါင်းငြိမ့်ရင်းပြုံးပြပြန်သည်။
"အဆင်ပြေတယ်မလား"
"အင်းမင်းရှိလို့ပိုပြီးပြေတယ်"
"အတတ်လေး"
ခေါင်းကိုဖွဖွလေးပုတ်ပြီးပြောနေတဲ့ဂျယ်နိုနဲ့ကျွန်တော့်
ကိုကားပေါ်ကလူတစ်ချို့ကကြည့်ကြည့်သွားသေး
သည်။
ကားအောက်ကဆင်းပြီးနေရမယ့်နေရာရောက်တော့
ပါလာတဲ့ကိုယ့်တဲလေးတွေကိုယ်ထိုးပြီးတစ်အိမ်ကို
လေးယောက်အတူတူနေရမှာဖြစ်သည်။
ကိုယ့်သူငယ်ချင်းနဲ့ကိုယ်နေခွင့်ရတာမို့ ကံကောင်းစွာ
နဲ့ဘဲကျွန်တော်ရယ်mark hyunရယ်renjunရယ်
ဂျယ်ဟျွန်းဟျောင်းရယ်ကတဲတစ်လုံးမှာအတူတူနေရ
သည်။
ညနေစောင်းရောက်တော့မီးပုံဘေးမှာထိုင်တဲ့သူကထိုင်
စားဖို့သောက်ဖို့ပြင်တဲ့သူကပြင် အကင်ကင်နေတဲ့လူက
ကင်နဲ့ တောင်ကုန်းလေးပေါ်မှာတော့လင်းလင်းထိန်ထိန်
နဲ့သည်းကားနေသည်။
ဒီနေရာလေးကမြိုးနဲ့လည်းသိပ်မဝေးမြို့ပြင်လည်းမ
ရောက် တောလည်းမဟုတ် ဘေးပတ်ပတ်လည်မှာအိမ်
တွေလည်းရှိသည်။
ဒါပေမယ့်လိုတိတ်ဆိတ်လွန်းသည်။ဒီနေရာတစ်ဝိုက်
ကသစ်ပင်ဝိုင်းနေတာမို့ ငှက်သံလေးတွေကလည်းကြား
ရသည်။
မသိရင်တော့တောကြီးထဲရောက်သလိုခံစားရမှုကိုပေး
သည်။
ဂျယ်နိုကိုတစ်ချက်ပတ်ရှာမိတော့ သူတို့မေဂျာကစီနီ
ယာတွေနဲ့အတူတူကူလုပ်ပေးနေတာနဲ့သွားမခေါ်တော့
ဘဲထိုင်ရင်းသာငေးကြည့်နေလိုက်သည်။
ကြည့်ရင်းခနနေတော့ စီနီယာတွေကထွက်သွားပြီး
ဂျယ်နိုတစ်ယောက်တည်းဘဲလုပ်နေတာမို့သွားကူပေး
မလို့ထကာမှ ကောင်မလေးတစ်ယောက်ရောက်လာတာ
မို့မသွားဘဲကြည့်နေလိုက်သည်။
ကောင်မလေးကဂျယ်နိုကိုစိုက်ကြည့်နေပြီး သူ့မှာရှိ
သမျှကိုလည်းထုတ်ပြနေသေးသည်လေ။အတင်း
ဂျယ်နိုကိုလိုက်ကပ်နေတာမြင်နေရတာမို့မနေနိုင်တဲ့
ကျွန်တော်ကဘဲသူတို့နားအမြန်သွားပြီးအဲ့ဒီကောင်မ
လေးကိုပညာပေးရတော့သည်။
"ဂျယ်နိုဗိုက်ဆာတယ်"
ဟင်ဆိုပြီးနားမလည်သလိုကြည့်နေတဲ့ဂျယ်နိုဗိုက်ကို
လိမ်ဆွဲလိုက်တော့ နာသွားလို့ထင်ပါရဲ့ကျွန်တော့်လက်
ကိုပြန်အုပ်ကိုင်းပြီးခေါင်းငြိမ့်ရှာသည်။
"ဗိုက်တာပါတယ်ဆို အဲ့တာတွေကဗိုက်မှမပြည့်တာ
ပြီးတော့အဲ့တာတွေထက် နာနာမျက်နှာလေးကပိုချစ်
ဖို့ကောင်းတယ်မလားဟင်"
ဟိုမိန်းကလေးထုတ်ပြနေတဲ့ဟာကိုမျက်စပစ်ပြဘီး
သူ့မျက်နှာကိုလည်းလက်ညိုးထိုးပြတော့ဟိုဘက်က
မိန်းကလေးကကြောင်တောင်တောင်နဲ့ကြည့်နေသလို
သဘောကျတဲ့ဂျယ်နိုမျက်နှာကြီးကလည်းဖြီးနေလို့
မျက်စောင်းထိုးရသေးသည်။
"ဒီကပြန်ရောက်ရင် တနေကုန်အိမ်မှာ မျက်နှာပါ
မကဘူးအကုန်လုံးကို နိုနိုစိတ်ကြည့်ခိုင်းမှာ"
ခနနေတော့ကောင်မလေးကလည်းရှက်ရှက်နဲ့ထွက်
သွားတာမို့မျက်နှာကိုပြန်တည်ရင်းဂျယ်နိုဘက်လှည့်
ကာ ရင်ဘတ်ကိုရိုက်ရသည်။
"အာ့ အာ့ နာတယ်ဂျယ်မင်းနီးရယ်"
"ကြည့်ချင်အုံး ကြည်ြချင်အုံး"
ပါးစပ်ကလည်းပြောလက်ကလည်းရိုက်နေတာကြောင့်
ဂျယ်နိုမှာသူ့လက်နဲ့သူပြန်ကာနေရသည်။
"ဂျယ်မင်းရာကိုယ်မကြည့်ပါဘူးကွာ သူ့ဘာသာသူ
လုပ်ချင်တိုင်းလုပ်နေတာပါ"
"အာ့ဆိုလည်းထွက်သွားအောင်ပြောလေ အခုလိုရပ်
ပြီးလုပ်ချင်တာလုပ်နေတာကိုဒီကရပ်ကြည့်နေရမှာ
လား"
"ဂျယ်မင်းနီးကလည်းကိုယ်တစ်ကယ်မကြည့်တာပါ
ကွာမင်းရောက်လာမှသူအဲ့လိုလုပ်မှန်းမင်းပြောမှသိတာ
ပါတကယ်ပါဂျယ်မင်းနီးရယ် ကိုယ့်ကိုယုံတယ်မလား"
လေးလေးနက်နက်ပြောလာတဲ့ဂျယ်နိုကြောင့် ဆက်
ပြောမနေတော့ဘဲ ဂျယ်မင်းဘက်ကဘဲမျက်နှာလွှဲကာ
ငြိမ်နေလိုက်သည်။
ခနနေတော့လက်ကိုဆွဲပြီးခေါ်သွားတာကြောင့်ဂျယ်
မင်းမှာနောက်ကနေမမှီမကမ်းလိုက်လျှောက်ရသေး
သည်။
မိုးကလည်းချုပ်နေတဲ့အပြင်ဒီလိုနေရာမျိုးမှာလည်း
လမ်းတွေဘာတွေပျောက်သွားမှာကိုဂျယ်မင်းကြောက်
သည်။
"ဂျယ်နိုဘယ်သွားနေတာလည်း"
"ရောက်ပြီ"
ရပ်သွားတာနဲ့အတူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မို့
ဂျယ်မင်းပါးစပ်အဟောင်းသားနဲ့ရှေ့တိုးကာကြည့်မိ
သည်။
ဂျယ်နိုဘက်ကိုလှမ်းကြည့်တော့ဂျယ်နိုကသူ့ကိုကြည့်၍
ပြုံးပြနေသည်။
မြို့ကိုအပေါ်ကနေစည်းပြီးမြင်ရသလိုမြင်ကွင်းရယ်
တဖြူးဖြူးနဲ့တိုက်လာတဲ့လေလေးရယ်ကသူ့ကိုလန်း
ဆန်းစေသည်။
ဂျယ်နိုကအပေါ်ကိုမော့ကြည့်နေတာနဲ့သူပါလိုက်ကြည့်
လိုက်တော့ကောင်းကောင်မှာတလင်းလင်းနဲ့တောက်
နေတဲ့ကြယ်တွေကအပြည့်။
"လှတယ်မလားဂျယ်မင်းနီး"
"အွန်း လှတယ်အရမ်းဘဲ"
မော့ကြည့်ရင်းအတူလာဖက်တဲ့ဂျယ်နိုကြောင့်သူ့ကို
ကြည့်မိတော့ မေးလေးကိုကိုင်ပြီးနဖူးလေးကိုဖွဖွလာ
နမ်းသည်။
"ကိုယ့်ကြောင့်ဂျယ်မင်းနီးစိတ်တိုသွားမှာဘဲ"
"မဟုတ်ပါဘူး အဲ့ကောင်မလေးကိုစိတ်တိုတာခုခေတ်
မိန်းကလေးတွေများလွယ်ကိုမလွယ်တာဘဲ"
"ဘာပြုံးတာလဲ ရီစရာပါလို့လား"
"ဂျယ်မင်းနီးအဲ့တုန်းကပြောတဲ့ဟာကတကယ်လားဟင်
အိမ်ရောက်ရင်အဝကြည့်ခိုင်းမယ်ဆိုတာလေ"
စိတ်တိုတိုနဲ့သာပြောလိုက်တာဘာတွေပြောထွက်သွား
မှန်းတောင်မသိဘူး။
သတ္တိတွေအရမ်းကောင်းခဲ့ပုံရတယ်မခံချင်တာနဲ့ပြော
ချင်တာတွေပြောလာတာ ဂျယ်နိုကလည်းအတည်ထင်
သွားပုံရလားမသိပါဘူး ရှက်လိုက်တာ။
"ဟော ကိုယ်ကစပဲစရသေးတယ် မျက်နှာတွေနီကုန်
ဘီ"
"ဘာလဲ...ဘာလဲမနီပါဘူး"
"ဟာစကားတွေပါထစ်ကုန်ဘီနော်"
တောက်လျှောက်စနေတဲ့ဂျယ်နိုကို လိုက်ရိုက်နေမိတာ
တော့အမှန်။
စရမယ်ဆိုနှစ်ယောက်မရှိတဲ့ဂျယ်နိုရယ်ပါ။
"ကဲပါ ကဲပါကိုယ်ကစတာပါ လာဒီကို"
လက်ဆန့်ခေါ်ပြီးလူကိုသူ့ရင်ခွင်ထဲထည့်ပြီးနောက်က
နေခါးကိုသိုင်းဖက်ထားတော့သူ့လက်တွေကိုတစ်ဖန်
ပြန်ကိုင်းရင်း ညရှုခင်းကိုနှစ်ယောက်သားအတူတူ
ကြည့်နေကြသည်။
"ဂျယ်မင်းနီးကိုယ်မှားခဲ့တာတွေအတွက်ကိုယ့်ကိုခွင့်
လွှတ်ပါ။မင်းကိုနောက်ထပ်စိတ်မညစ်စေရဘူးလို့
ကိုယ်ကတိပေးပါတယ်။ဂျယ်မင်းနီးကိုကိုယ်ပျော်
အောင်ဘဲထားမယ်။ပြီးတော့သေချာတာတစ်ခုက
ဂျယ်မင်းကိုချစ်တယ် ကိုယ့်ဘဝမှာနှစ်ျယာက်မရှိတဲ့
အချစ်မျိုးနဲ့မင်းကိုချစ်တယ်။ဒီလိုအချစ်မျိုးနဲ့လည်း
ထပ်ပြီးဘယ်သူ့ကိုမှမချစ်နိုင်တော့ဘူး။မင်းကကိုယ့်
ရဲ့နောက်ဆုံးအချစ်ဘဲဂျယ်မင်း"
အေးအေးဆေးဆေးနဲ့နောက်ကနေပြောနေတဲ့ဂျယ်နို
လက်တွေကိုသူဖြုတ်ပြီးဂျယ်နိုနဲ့မျက်နှာချင်းဆိုင်ရပ်
လိုက်သည်။
ဂျယ်နိုမျက်နှာကိုနစ်ချက်ကိုင်လိုက်ပြီးသူ့နှာခေါင်း
သူ့နှုတ်ခမ်းသူ့မျက်လုံး မျက်လုံးအောက်ကမှဲ့လေးက
အစတစ်ခုချင်းစီလက်နဲ့လိုက်ထိပြီး ဂျယ်နိုမျက်လုံး
တွေကိုသေချာစိုက်ကြည့်လိုက်ပြီး ဂျယ်နိုကိုပြုံးပြ
လိုက်သည်။
"အတိတ်ကအရာတွေကိုပစ္စုပနါအထိယူမလာပါနဲ့
တော့ လက်ရှိဘဝမှာသာပျော်အောင်နေကြမယ်နော်
ဟုတ်ပြီလား။ငါလဲဂျန်ကိုအများကြီးချစ်တယ်။
အများကြီးသဘောကျတယ်။ငါ့ဘေးမှာတစ်သက်လုံး
ရှိပေးမယ်မလားဟင်"
"သေချာပေါက်ရှိနေပါ့မယ် ကိုယ်မင်းဘေးမှာတစ်သက်
လုံးအတူတူရှိသွားမယ်"
နောက်ဆုံးမှာနှစ်ယောက်သားအတူတူပြုံးလိုက်ရင်း
နဖူးချင်းကပ်ထားမိသည်။
နောက်တော့ဂျယ်မင်းကဘဲရှေ့ကိုပြန်လှည့်ပြီးဂျယ်နို
ကိုနောက်ကနေပြန်ဖက်စေသည်။
"ဂျယ်မင်းကိုယ့်ကို ဂျန် လို့ခေါ်တာကိုသဘောကျတယ်"
"မင်းသဘောကျရင်ခေါ်ပေးမှာပေါ့"
ဂုတ်ပို့ကိုလာပြီးတစ်ချက်ရှုံနမ်းလိုက်တဲ့ဂျန့်ကြောင့်
ယားလို့တစ်ချက်တွန့်သွားသေးသည်။
"ဂျန် မင်းမှတ်မိသေးလား ငါတို့ကားဆီးပြီဆိုရင်နှစ်
ယောက်သားအတူတူဆိုတဲ့သီချင်းလေ"
"မှတ်မိတာပေါ့ မင်းနဲ့အတူတူဆိုတဲ့ဟာပဲကို"
Sleep with me here in the silence
Come kiss me,silver and gold
ဂျယ်မင်းနီးကစဆိုလိုက်တော့ နောက်ကဖက်ထားတဲ့
ဂျယ်နိုကပြုံးလိုက်ပြီးဂျယ်မင်းနဲ့အတူတူလိုက်ဆိုသည်။
You say that I won't lose you,
but you can't predict the future
So just hold on like you will never let go
Yeah, if you ever move on without me
I need to make sure you know that
ဂျယ်နိုကဂျယ်မင်းပခုံးလေးပေါ်မေးလေးတင်လိုက်တော့
ဂျယ်မင်းကဂျယ်နိုကိုမြင်ရသလောက်စောင်းကြည့်ရင်း
ဂျယ်နိုကလည်းတစ်ဖန်ကြည့်ရင်းနဲ့ဒီအပိုဒ်မှာနှစ်
ယောက်သားအကြည့်ချင်ရဆုံးပြီးအတူတူဆိုကြသည်။
You are the only one I'll ever love
You, if it's not you, It's not anyone
Lookin ' back on my life, you're the only good I've
ever done
You, If it's not you, it's not anyone
Not anyone.................
သီချင်းအဆုံးမှာနှစ်ယောက်အတူပြုံးရင်းနဲ့အချိန်အကြာ
ကြီးစိုက်ကြည့်နေကြသည်။
"ချစ်တယ် ပြောပြမတတ်အောင်"
"ကိုယ်လဲမင်းကို စာဖွဲ့မပြတတ်အောင်ချစ်တယ် ကိုယ့်ရဲ့
ဂျယ်မင်းနီး"
—————————————————————————
song-Anyone(Justin Bieber)
ဟီးဟီးနောက်တစ်ပိုင်းဆိုပြီးတော့မယ်🥺
အများကြီးဖတ်ပေးကြလို့ကျေးဇူးအများကြီးလဲတင်ပါ
တယ်။
Ficလေးကအစပိုင်းသုံးလေးပိုင်းမှာရေးလိုက်တာက
သိပ်ပြီးကိုယ်ကိုယ်တိုင်တောင်အားမရသလိုပါဘဲ။
ဒါပေမယ့်ဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်။
သဘက်ခါအပြီးတင်ပေးပါ့မယ်နော်🥺❤️