-ငါကြောက်တယ် ဂျယ်နို နောက်ထပ်တစ်ခါထပ်ပြီးခံစားရမှာကို ငါကြောက်တယ်-
————————————————ပြတင်းပေါက်ကနေတစ်ဆင့်အခန်းတွင်းကိုဝင်ရောက်လာတဲ့စူးရှလွန်းတဲ့နေရောင်ခြည််ကြောင့် ဘယ်လိုမှဆက်ပြီးမျက်လုံးမှိတ်ထားလို့မရတော့တာနဲ့ အိပ်ယာကထလာခဲ့လိုက်သည်။
ဒီနေ့ကျောင်းပိတ်လို့မှ အေးဆေးနှပ်ပါမယ်လုပ်ထားတာကိုနေမင်းကြီးက ခွင့်မပြုဘူးထင်ပါတယ်။
ဆက်အိပ်မရတာနဲ့အတူမျက်နှာသစ်ပြီးမနက်စာစားဖို့အောက်ထပ်ဆင်းလာခဲ့သည်။
အခန်းပြင်ထွက်ကာရှိသေး အောက်ထပ်ကရတဲ့မွှေးလွန်း
တဲ့ဟင်းနံ့နဲ့အတူ ကျွန်တော်သိပ်ကြိုက်တဲ့ကော်ဖီနံ့လေးရပ်မနေတော့ဘဲအောက်အမြန်ဆင်းကာ မီးဖိုချောင်းထဲသွားလိုက်တော့ စားပွဲပေါ်မှာဟင်းပွဲအပြည့်နဲ့အတူကော်ဖီ
တွေနှပ်နေတဲ့မေမေ။နောက်ကနေတိတ်တိတ်လေးခါးကိုသွာရဖက်လိုက်တော့
လန့်သွားတာနဲ့အတူကိုယ်လေးပါတုန်သွားသည်။"အမလေး......လန့်လိုက်တယ်နာနာရယ်....ဆင်းလာတာအသံမကြားဘာမကြားနဲ့"
"ဟီးဟီး မွေးနေတာဘဲမေမေရယ် သားဗိုက်တောင်ဆာလှဘီ"
ဗိုက်လေးကိုပွတ်ပြပြီး နှုတ်ခမ်းလေးထော်ပြီးစတော့
ပါးလေးကိုလာဆွဲတဲ့မေမေကဒီနေ့ပျော်နေပုံရတယ်။"ဟုတ်ပါပြီ ခနစောင့်အုံးဖေကြီးပြန်လာရင်တူတူစားရအောင်"
"ဟင်ဖေဖေကဘယ်သွားလို့လဲဒီနေ့ပိတ်ရက်ကြီးကို"
"လမ်းလျှောက်ထွက်သွားတယ်လေ လမ်းမလျှောက်ရတာကြာဘီဆိုလို့ ခနနေပြန်လာတော့မှာပါ ခနစောင့်လိုက်"
"ဟုတ် သားဘာကူပေးရအုံးမလဲ"
"တော်ပါ ထိုင်နေတော့"
မေမေ့ပါးလေးရွှတ်ခနဲ့နမ်းလိုက်ပြီးစားပွဲမှာဖေဖေ့ကို
ထိုင်စောင့်နေလိုက်သည်။ခနနေတော့ပြန်ရောက်လာပြီး အကြာကြီးနေမှမိသားစု
သုံးယောက်အတူတူစားတဲ့ဒီနေ့မနက်စာလေးကအခြား
နေ့တွေကထက်ပိုလို့တောင်အရသာရှိသယောင်။
YOU ARE READING
-DARK BLUE KISS-
Fanfictionဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........