-Incomparable love-

668 47 0
                                    


ဆောင်းတွင်းရဲ့ချမ်းအေးလွန်းတဲ့မနက်ခင်းမှာအစော
ကြီးနိုးနေတာကိုဂျယ်မင်းသဘောမကျစွာနဲ့မျက်လုံးကို
အတင်းမှိတ်ကာပြန်အိပ်ဖို့ကြိုးစားနေသည်။

စောင်ပုံထဲကွေးရတဲ့အရသာကိုကြိုက်တဲ့သူမို့နိုးနေ
ပေမယ့်လည်းမထချင်။
ကျောင်းကလည်းပိတ်တဲ့ရက်မို့အစောကြီးမထချင်ပါ
ဘူးဆိုမှကျောင်းပိတ်ရင်အလိုလိုပွင့်လာတဲ့မျက်လုံးတွေ
ကိုစိတ်တိုသည်။

အိပ်ပျော်အောင်ကြိုးစားပြီးမျက်လုံးတွေမှိတ်ထားပေ
မယ့်လည်းဘယ်လိုမှအိပ်မရတာနဲ့ဘဲဘေးကဖုန်းကို
ဆွဲယူကာလိုင်းပေါ်တက်လိုက်တဲ့ တွေ့သမျှအကုန်
နှစ်သစ်အတွက်တင်နေကြတဲ့ဟာတွေဘဲမြင်ရသည်။

ဖုန်းကြည့်မှသတိရတာကဒီနေ့က31ရက်နေ့ဖြစ်နေ
တယ်ဆိုတာပါဘဲ။
မနက်ဖန်ဆိုနှစ်သစ်ရောက်တော့မယ်ဆိုတာကိုသူမေ့
နေခဲ့သည်။

ဒီပို့စ်တွေဘဲတွေ့နေတာမို့ ဂျယ်မင်းလိုင်းပေါ်ကဆင်း
ပြီးဂျယ်နို့ဆီကိုဖုန်းဆက်လိုက်သည်။
ဖုန်းဆက်တာနဲ့ချက်ချင်းမကိုင်တဲ့ဂျယ်နိုကအခုထိ
မထသေးဘူးထင်ပါတယ်။
ထပ်ဆက်မနေတော့ဘဲ အိပ်ယာပေါ်ကဆင်းပြီးမျက်
နှာသစ်ဖို့ရေချိုရခန်းဆီသာဦးတည်လိုက်သည်။
——————————

ဒီနေ့ကဒီဇင်ဘာ31ရက်နေ့ဖြစ်သလိုနှစ်တစ်နှစ်ရဲ့နောက်
ဆုံးရက်လည်းဖြစ်သည်။
နှစ်သစ်ကို မိသားစုနဲ့အတူတူ သူငယ်ချင်းတွေနဲ့အတူတူ
ကိုယ်ချစ်တဲ့ချစ်သူနဲ့အတူတူ အတူတူရှိပြီးကြိုဆိုနေ
ကြမြဲမဟုတ်လား။

မနက်ခင်းဆိုပေမယ့်လို့ လမ်းပေါ်မှာတော့လူတွေက
ဟိုသွားဒီသွားနဲ့။စျေးဆိုင်တွေမှာဆိုလည်းလူတွေစည်း
ကားနေသည်။

အိမ်ကနေအစောကြီးထွက်လာတာတောင်မိနစ်နှစ်ဆယ်
လောက်ဘဲမောင်းရတဲ့ဂျယ်မင်းအိမ်ကို45မိနစ်လောက်
မောင်းလာပြီးမှရောက်လာသည်။

ဂျယ်မင်းအိမ်ရှေ့ရောက်တော့ဖုန်းဆက်မလို့ဖုန်းကို
ထုတ်ကြည့်လိုက်မှဂျယ်မင်းခေါ်ထားတာကိုတွေ့ရသည်။
ညကအိပ်ခါနီးဖုန်းကိုsilentလုပ်ထားမိတာကိုပြန်ဖြုတ်
ဖို့မေ့သွားသည်။

-DARK BLUE KISS-Where stories live. Discover now