" ကျနော် နေမကောင်းလို့လို့ ပြောထားလိုက်ပါ "
" စိတ်ချပါ...အချိန်ပြန်ဖယ်ပေးထားမယ်လို့လည်းပြောလိုက်ပါ "
" ကျေးဇူးပဲ မန်နေဂျာ Hyung "
တော်ရုံနေမကောင်းဖြစ်ရင်တောင် ကျနော့်အလုပ်တွေကိုမဖျက်တတ်သော်လည်း PD လေးနေမကောင်းရင်တော့ ကျနော်လည်း အော်တိုနေမကောင်းဖြစ်တယ်လို့ အကြောင်းပြကာ ပျက်ကွက်ရစမြဲပင်။ PD လေး သိရင်တော့ ပွစိပွစိလုပ်နေဦးမှာဆိုပေမဲ့ ကျနော့်ရင်ခွင်ထဲကနေလည်း ထွက်မှာမဟုတ်ပါ။
" Yoongi ဆန်ပြုတ်သောက်ရအောင်...ဂဏန်းသားဆန်ပြုတ်လေ ကြိုက်တယ်မဟုတ်လား "
" ၀ယ်ထားတာလား "
" အမယ် ကိုယ့်ကိုအထင်သေးလို့..ချက်ထားတာပါ "
" မဖြစ်နိုင်တာ "
" တကယ်ပါဆို...မနေ့ညကလည်း ကိုယ်ကိုယ်တိုင် လုပ်ပေးထားတာပဲမဟုတ်လား "
" အင်းလေ မနေ့ညကဟာက အရသာမှမရှိတာ..အခုဟာက အရသာရှိတယ် "
မွေးရာပါ ပါရမီမပါလာတဲ့ ဟင်းချက်ခြင်းအလုပ်ကို ကျနော်ကိုယ်တိုင်လုပ်သည့်အချိန်မှာ Hyung နေမကောင်းတဲ့ တစ်ချိန်သာရှိသည်။ Hyung က ကျနော်လုပ်ပေးသမျှကို အရသာမရှိဘူးလို့သာပြောတတ်ပေမဲ့ အကုန်ပြောင်အောင်တော့ အားပေးရှာပါသည်။
" ကိုယ့်အချစ်က သိပ်သိတာပဲ...အမေချက်ပေးထားတဲ့ ဆန်ပြုတ်လေးနဲ့ အမှတ်၀င်ယူမလို့ပါဆို "
" အမေဒီရောက်နေတာလား "
" မရောက်ဘူး..ထုံးစံအတိုင်း ဟင်းဘူးတွေပို့ပေးမယ်ဆိုလို့ ဆန်ပြုတ်ပါပို့ခိုင်းလိုက်တာ "
" အားနာစရာ "
" သူ့ PD လေး နေမကောင်းဘူးဆိုတာနဲ့ အမေကထည့်ပေးလိုက်တာ အများကြီးပဲ...များများစားပြီး မြန်မြန်နေကောင်းကြမယ်နော် "
" အင်း "
" ညနေကျရင်ရော ဒါပဲစားမလား..ဘာစားချင်လဲ "
" ဒါမစားတော့ဘူး...ပူတင်းစားချင်တယ် "
" ဟုတ်ပြီ ကိုယ်မှာထားလိုက်မယ် "
Hyung က နေမကောင်းဖြစ်ခဲသော်လည်း ဖြစ်ရင်လည်း အဖျားကတငွေ့ငွေ့ဖြင့် ရှည်ကြာတတ်တာကြောင့် စဖြစ်ကတည်းက သေချာဂရုစိုက်ပေးရသည်။ ဂရုစိုက်ပေးရင်းက လူမမာလေးမပျင်းရအောင်လည်း စာအုပ်တစ်အုပ်အုပ်ကို ဖတ်ပြတာဖြစ်စေ၊ ကျနော်တို့ အကြောင်းတွေကို ရောက်တတ်ရာရာ ပြန်ပြောပြတာဖြစ်စေလုပ်ပြီး အချိန်ဖြုန်းရသေးသည်။
" ဒီမှာကြည့် ကိုယ်ဘာရှာတွေ့ထားလဲဆိုတာ "
အိပ်ရာပေါ်မှာ အတူတူ လှဲနေကြရင်း ဖုန်းထဲက ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တော့ ကြောင်ကလေးက မျက်လုံးတွေပြူးကျယ်သွားသည်။
" ဘယ်တုန်းက ပုံကြီးလဲ "
" ထမင်းဘူးခေတ်ကလေ "
" ဘယ်သူ့လက်ချက်လဲ ဒါရိုက်တာအစုတ်ပလုတ်လား "
" ဟာ ကိုယ့်မြှားနတ်မောင်ကြီးကို အဲ့လိုမပြောပါနဲ့ "
" မင်းမြှားနတ်မောင်ကြီးက သူ့ဇာတ်သူရောနိုင်ရဲ့လား "
မနေ့ကအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နှစ်ယောက်လုံး မဆွေးနွေးဖြစ်ကြဘဲ ဘာမှအထွေထွေအထူးထူးမရှိခဲ့သလိုသာ ပြုမူဖြစ်ကြသည်။ Hyung က အဲ့လိုပြုမူတယ်ဆိုတာထက် ကျနော်က ပြုမူတာဆိုရင် ပိုမှန်ပါလိမ့်မည်။
" နိုင်မှာပါ...ဒါရိုက်တာကြီးက ပရိုပါ "
" Jungkook ရော ဘယ်လိုနေသေးလဲမသိဘူး ဒီညနေသွားကြည့်ကြမလား "
" မသွားရပါဘူး "
ကျနော်ကိုယ်တိုင်မသိလိုက်ဘဲ ခက်ထန်သွားတဲ့အသံမှာ Hyung ရဲ့အကြည့်ကလည်း အနည်းငယ်စူးရှသွားသည်။
" အခုမှ အဖျားကျကာစရှိသေးလို့ ကိုယ်ကစိုးရိမ်လို့ပါ "
" ပြီးရော...ငါအိပ်ချင်လာပြီ "
" လာ ဒီကို "
ခါးသိမ်သိမ်ကို ဆွဲယူကာတိုးကပ်စေလိုက်တော့ ခပ်နွေးနွေးကိုယ်ငယ်လေးက ရင်ခွင်ထဲကို အလိုက်သင့် ၀င်ရောက်လာသည်။ Hyung က ကျနော့်လက်မောင်းပေါ်မှာ အကျအနခေါင်းတင်ထားလျက် မျက်လုံးတွေကိုမှေးစင်းထားချိန် ကျနော်ကလည်း နဖူးပြင်လေးပေါ်သို့ နှုတ်ခမ်းသားကို နက်နက်နဲနဲ ထိကပ်ထားလိုက်သည်။
" ငါအိပ်ပျော်နေတုန်း Hoseok ပစ္စည်းလာပေးရင် ယူထားပေးပါဦး...အရေးကြီးတယ်နော် Tae "
အိပ်ပျော်လုပျော်ခင် ခပ်တိုးတိုး ခပ်နိမ့်နိမ့်အသံလေးက နှလုံးသားကို ဆွဲကိုင်လှုပ်ယူသွားပြန်သည်။ Hyung နဲ့ပတ်သက်ရင် ဘယ်အချိန်မှာ ဘယ်လိုကြုံရမယ်မှန်းမသိသော ရင်ခုန်ခြင်းတို့က အခုလိုလည်း အလစ်တိုက်ခိုက်တတ်ပါသေးသည်။
" စိတ်ချပါ...အိပ်တော့နော် "
တချက်ချက်မြည်နေသော နာရီသံနဲ့ စည်းချက်ကိုက်ညီစွာ ကျောပြင်ငယ်ကို ပုတ်ပေးလိုက်တော့ မကြာခင်မှာပင် ၀င်သက်ထွက်သက်တို့မှန်ကန်စွာဖြင့် ကျနော့် Hyung ငယ်လေးက အိပ်မောကျသွားပါတော့သည်။
" တင်းန်တောင် "
ကိုယ်ကိုယ်တိုင်လည်း ခဏမှေးခနဲဖြစ်သွားချိန်တွင် ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် တိတ်တိတ်ဆိတ်ဆိတ်လှုပ်ရှားကာ အိမ်ရှေ့သို့ ထွက်ခဲ့ရသည်။
" ဟို Taehyung ssi...မနေ့ညကလေ တကယ်တောင်းပန်ပါတယ် "
တွေ့တွေ့ချင်း အပြစ်အကြီးကြီးတစ်ခုကို ကျူးလွန်ထားသူတစ်ယောက်လို တောင်းပန်စကားက စပြောလာသော Jung PD သည် တကယ်ကို လူရိုးကြီးဖြစ်ကြောင်း ပေါ်လွင်လှသည်။
" မနေ့ညကလား....မနေ့ညက ဘာဖြစ်လို့လဲ "
" ဗျာ ဟိုဟာလေ Taehyung ssi ကို ဟိုဟာ "
" ဖက်နမ်းလိုက်တာကို ပြောချင်တာလား "
" ဟာဗျာ "
အရှက်ကြီးသူမှန်းသိလို့ တမင်စနောက်လိုက်သောအခါ ထင်ထားတာထက်ပင် နီရဲတက်လာသော Jung PD မျက်နှာကြောင့် စနောက်ရကျိုးနပ်သွားသည်။
" ကဲပါ Jung PD ရိုးတာ ကျနော်သိပါတယ်...ဘာမှမှမဟုတ်တာ အေးဆေးပါ "
Taehyung တစ်ခုခုကို သံသယ၀င်သွားမှာစိုးလို့ တစ်ညလုံးအိပ်မပျော်ဖြစ်ခဲ့ရပေမဲ့ အခုလို ဘာမှမဟုတ်ဘူးလို့ ပြောတာကို ကြားရတော့လည်း ရင်ဘက်ထဲက နာသွားရပြန်ပါသည်။
" ကျေးဇူးပါ...Min PD အခြေအနေရော "
" အများကြီးကောင်းနေပါပြီ "
" တော်သေးတာပေါ့...Jungkook လည်း တစ်ညပဲ ဆေးရုံမှာနေပြီး ဒီနေ့ဆင်းပြီတဲ့...Min PD ဆီကိုတောင်လာမလို့တဲ့...အဲ "
ဆက်စပ်မိလို့ ပြောလိုက်ပြီးကာမှ မျက်နှာလှလှလေးရဲ့ လှုပ်ခတ်သွားမှုသေးသေးလေးကို သတိထားမိလိုက်၍ အရှိန်သတ်လိုက်ရသည်။
" ဟုတ်လား တော်သေးတာပေါ့...Yoongi ကလည်းစိတ်ပူနေတာ "
" အင်း..ဒါဆို ကျနော်သွားတော့မယ် "
" Jung PD ခဏ....ဂဏန်းသားဆန်ပြုတ်ကြိုက်ရင် ဒီမှာစားသွားပါလား "
မအိပ်ရသေးလို့ ချောင်ကျနေတဲ့မျက်နှာကြောင့်လား...အရက်နာကျသွားလို့ လေးပင်နေတဲ့ လှုပ်ရှားမှုဟန်ပန်ကို သနားသွားလို့လားမသိပေမဲ့ ဒါက ကျနော့်ရင်ခုန်ခြင်းလေးရဲ့ ပထမဆုံးဖိတ်ခေါ်လာမှုပဲ။ ကျနော် ဘယ်လိုလုပ် ငြင်းရက်မှာလဲ။
" ကောင်းတာပေါ့ "
#...💘...#
" Tae.....Tae "
နေမကောင်းတဲ့အချိန်မျိုးမှာ အိပ်မက်ဆိုးတွေ ပြန်ပြန်နှိပ်စက်လာတတ်တဲ့အခါ စိတ်ထဲကတမ်းတစရာဆိုလို့ ဒီနာမည်လေးပဲရှိပါတယ်။
နေမကောင်းဖြစ်တိုင်း အနားမှာကပ်နေတဲ့အခါ အလုပ်တွေအပျက်ခံပြီး ကြည်ဖြူစွာနဲ့ လိုက်လျောပေးတတ်တဲ့ ဒီနာမည်လေးရဲ့ပိုင်ရှင်က အချိန်တော်တော်များများမှာ အဝေးကို တွန်းထုတ်မိတိုင်းလည်း မငြိုငြင်တတ်ပါ။
သူမရှိခင် တစ်ယောက်တည်းနေခဲ့တဲ့ အချိန်တွေက ဘယ်လိုမျိုးလဲဆိုတာ တဖြည်းဖြည်းနဲ့ ဝေဝါးလာအောင် သူ့ရဲ့ဂရုစိုက်မှုတွေက အသေးစိတ်ရှိလှပါတယ်။
" Tae..ဘယ်ရောက်နေတာလဲ! Taehyung! "
နေမကောင်းရင် ကိုယ်ဆိုးတတ်တာကို ကိုယ်ကိုယ်တိုင်လည်း သိပါတယ်လေ။ တကယ်တော့ နေကောင်းနေလည်း ဆိုးတာကတော့ဆိုးတာပါပဲ။ သူကသည်းခံလို့ပဲ ကိုယ်ကဆိုးနေတာလား ကိုယ်ကဆိုးလို့ပဲ သူကသည်းခံပေးနေတာလားဆိုတာကိုတော့ သေချာမသိသလို သိလည်းမသိချင်ဘူး။
" Tae ငါနိုးနေပြီ "
ကိုယ်နေမကောင်းရင် ဘယ်မှသွားတတ်တဲ့သူမဟုတ်တော့ အိမ်ထဲမှာရှိနေတယ်ဆိုတာ သေချာပေမဲ့ ကိုယ်ခေါ်နေတာကို ကြားပုံမရပါ။ အဲ့ဒီ့အစား ကိုယ်ပြန်ကြားလိုက်ရတာက ရယ်သံတချို့။
" ဝါး မိုက်တယ်!! လုံး၀အမိုက်စားပဲ "
" ဟား ဟား "
မီးဖိုချောင်ခန်းထဲမှာ Hoseok နဲ့ Taehyung တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ Hoseok ရှေ့မှာ ဂဏန်းသားဆန်ပြုတ်ပန်းကန်ရှိနေပြီး Taehyung ရဲ့နားပေါ်မှာတော့ အခုနောက်ဆုံးပေါ် Headphone တစ်ခုရှိနေသည်။
" Hoseok ရောက်နေတာကြာပြီလား "
ဘာမှထူးဆန်းတဲ့ မြင်ကွင်းမျိုးမဟုတ်တာကြောင့် မီးဖိုချောင်ထဲကိုပဲ တန်း၀င်သွားပြီး နှုတ်ဆက်လိုက်သည်။
" ငါတို့ကြောင့် နိုးသွားလား "
" မဟုတ်ပါဘူး "
" ဟာ ကိုယ့်အချစ်နိုးပြီလား "
" ခုနထဲက မင်းကိုခေါ်နေတာ "
မကျေမနပ်ဖြင့် တစ်ခွန်းထဲပဲပြောရသေးတယ် အနားကို ပြာပြာသလဲရောက်လာပြီး လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်ကိုင်လာသော ဒီမင်းသားဟာ ဒရမ်မာမင်းသား စစ်စစ်ပါ။
" ကိုယ်ပူနေသေးလား...နိုးနိုးခြင်းခေါင်းရောကိုက်လား "
" ဘာမှမဖြစ်ဘူး "
Hoseok ရဲ့ဘေးမှာ ၀င်ထိုင်လိုက်တော့ ဒရမ်မာမင်းသားက သူ့ဘေးကို အတင်းဆွဲခေါ်သည်။ တစ်ခါတလေကျတော့လည်း ဒီမင်းသားနဲ့ အဲ့ဒါတွေ အပေါက်အလမ်းမတည့်တာပါပဲ။
" ၀ယ်လိုက်ပြီလား Hoseok...မိုက်သားပဲ "
ဒီ Headphone ကို၀ယ်ဖို့အတွက် Jung Hoseok မှာ နှစ်ပတ်လောက် ချီတုံချတုံဖြစ်နေခဲ့ရတာ ကိုယ်အသိပင်။
" အေး အခုပဲ ၀ယ်လာတာ "
" စမ်းသပ်ပြီးပြီပေါ့ "
" ကိုယ်ခုနက စမ်းကြည့်တာရှယ်ပဲသိလား...ကိုယ်တို့လည်း ၀ယ်ကြစို့ "
Hoseok က သူ၀ယ်လာတဲ့ ပစ္စည်းအသစ်စက်စက်တွေကို သူများက သူ့ထက်အရင် ဦးအောင်ကိုင်တာမျိုးကို မကြိုက်ပါ။ ဒီမင်းသားကတော့ အရိပ်အကဲမကြည့် လုပ်ချလိုက်ပြီနဲ့တူပါသည်။
" မင်းကလည်း အရိပ်အကဲမသိ...Hoseok က သူ့ပစ္စည်းအသစ်ဆို သူကိုယ်တိုင်အရင်ကိုင်ရမှ "
" မဟုတ်ပါဘူး Jung PD က စမ်းဆိုလို့... "
" မဟုတ်ဘူး ငါစမ်းခိုင်းတာ... "
တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားကြတဲ့ ပြိုင်တူစကားသံတွေအပြီး တိတ်ဆိတ်မှုတစ်ခု ၀င်ရောက်မလာနိုင်ခင်မှာတင် ကျယ်လောင်သော ဖုန်းမြည်သံတစ်ခုက အချိန်ကိုက် ရောက်ရှိလာသည်။
" အေး Jungkook ပြော "
" အင်း Min PD အိမ်မှာ "
" Jungkook လား ငါ့ကိုပေး "
ဖုန်းကိုဖြတ်ခနဲဆွဲလုခံလိုက်ရတဲ့ Jung PD က အားနာနာနဲ့ Taehyung ကိုပြုံးပြနေသည်။ လုသွား တဲ့ Min PD ကတော့ အိပ်ခန်းထဲကို လှစ်ခနဲ၀င်သွားပြီး ဖုန်းသွားပြောနေသည်။ Taehyung ကလည်း ချက်ချင်းပင် အနောက်ကနေလိုက်ကာ အခန်းထဲကို၀င်သွားသည်။
ထိုင်ပဲစောင့်နေရမလား ထပဲပြန်ရမလားဝေခွဲမရဖြစ်ပြီးတဲ့အဆုံးမှာ အလုပ်အတွက်သီးသန့်သုံးတဲ့ဖုန်းဖြစ်တာမို့လို့ ဖုန်းကိုထားခဲ့ပြီးသာ Jung PD က ထပြန်သွားတော့သည်။
" အဲ့စကားတွေနောက်မှပြောတော့...မနက်ဖြန် studio လာခဲ့ "
" အင်း ဒါပဲ "
Hyung နောက်ကလိုက်၀င်၀င်လာခြင်း နားစွန်နားဖျားကြားရသမျှက အဲ့ဒါလေးပဲဖြစ်သည်။ ကြားလိုက်ရတဲ့အထဲ အဲ့စကားတွေဆိုတာ ဘယ်စကားတွေလည်းလို့ မေးကြည့်ချင်ပေမဲ့လည်း မမေးဖြစ်ပြန်ပါ။ Kim Taehyung က ဘယ်တုန်းက အခုလို တွေဝေတတ်သွားမှန်းကို မသိပါ။
" နေမကောင်းသေးဘဲ လျှောက်ချိန်းနေပြီလား "
" ကောင်းနေပြီလေ..အလုပ်တွေက ပစ်ထားလို့မှမရတာ "
" Hyung နေမကောင်းလို့ ကိုယ်ကတော့ ဒီတစ်ပတ် အလုပ်တွေ အကုန်ပစ်ထားလိုက်တာ "
" မင်းလည်းအလုပ်ပြန်လုပ်တော့ "
" ကိုယ်က အဲ့လောက်လွယ်လားဟင် "
ဘာရည်ရွယ်ချက်နဲ့ မေးလိုက်မိမှန်း ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်တော့ပါ။ နည်းနည်ချင်းစီ စုဝေးလာတဲ့ သ၀န်တိုမှုတွေက မပြောဖူးတာတွေကို ပြောမိစေပါသည်။
" ဘာကိုလဲ Taehyung "
" အော်..Yoongi က ကိုယ့်ကို ဘယ်လိုများသဘောထားနေလဲလို့ "
" Kim Taehyung က Kim Taehyung ပဲပေါ့..ဘယ်လိုသဘောထားရဦးမှာလဲ "
ကိုယ်ငယ်လေးက ပခုံးကိုတွန်းတိုက်ပြီး ထွက်မသွားခင်မှာ ပြောသွားတဲ့စကားက အထိအခိုက်လွယ်နေတဲ့စိတ်ကို ထပ်ပြီးထိုးဆွပေးလိုက်သလိုပင်။
" Hoseok က ဘယ်ရောက်သွား.. "
" နေကောင်းနေပြီမလား...ဒါဆိုလည်း ကိုယ်အလုပ်သွားလုပ်တော့မယ်...ပြန်လာချင်မှလာဖြစ်မယ်..ရေခဲသေတ္တာထဲမှာ ပူတင်းရှိတယ်...စားချင်ရင်ယူစားလိုက် "
မနက်ကတည်းက ဖျက်ထားပြီးသားမလို့ အလုပ်ကဘယ်မှာရှိမှာလဲ။ ဒါပေမဲ့ တစ်ခါမှအနိုင်မယူဘူးတာလေးကို အခုတော့ ကလေးဆန်ဆန်ပဲ အနိုင်ယူပစ်လိုက်ချင်နေသည်။
တစ်ခုခုပြန်ပြောမလားစောင့်နေပေမဲ့ ဘာမှပြန်မပြောဘဲ ဆိုဖာပေါ်မှာ၀င်ထိုင်ပြီး ဖုန်းကိုပဲစိုက်ကြည့်နေသူကြောင့် အလိုလိုနေရင်းနဲ့ကို ပျော့ချင်နေတဲ့ ကိုယ့်စိတ်ကိုယ်တင်းပြီး အိမ်ထဲကနေ ထွက်ခဲ့လိုက်တော့သည်။
" ကောင်းတယ် ငါ့မင်းသား...လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အလျှော့အတင်းဆိုတာ ရှိဖို့လိုတယ်...အမြဲတမ်း ကိုယ်ကပဲလျှော့နေရင် ဘယ်တရားပါ့မလဲ "
" သူများအတွဲကို လျှောက်မြှောက်ပေးမနေနဲ့ "
သွားစရာဆိုလို့ တခြားဘယ်မှမရှိတော့ ဒါရိုက်တာကြီးဆီပဲ ရောက်ခဲ့ရတာပေါ့။ တစ်ယောက်တည်းနေတဲ့ ဒါရိုက်တာကြီးရဲ့အိမ်မှာ အရင်ကနဲ့မတူဘဲ ထူးခြားနေတာကတော့ အပေါင်းတစ်လေးရှိနေခြင်းပင်။
" Jimin ssi က ဒါရိုက်တာကြီးပြောတာကို မထောက်ခံဘူးပေါ့ "
" ဟုတ်တယ်...ချစ်မိပြီဆိုကတည်းက ရှုံးသွားပြီပဲလေ..အဲ့လိုတွေ တွက်ချက်ပြီးတော့ မတရားဘူးဆိုတာသိတော့ရော ဆက်မချစ်ဘဲနေနိုင်မှာမို့လို့လား "
ဟုတ်ပါသည်။ Hyung ကို ချစ်တဲ့ချစ်ခြင်းမှာ ဘာတွက်ချက်မှုမှမပါသလို တွက်ချက်ကြည့်လိုက်လို့ ရလာတဲ့အဖြေက ထပ်တူညီမျှခြင်းမျိုးမရှိဘူးဆိုလည်း ကျနော်ကတော့ ဆက်ချစ်နေဦးမှာပါပဲလေ။
" ဘယ်ဟုတ်မလဲ Mini လေးရဲ့..စိတ်ပညာရှင်တွေကပြောကြတယ်... "
" ဒီမှာတင်ရပ် ဒါရိုက်တာကြီးရဲ့ စာအုပ်ထူထူကြီးထဲကအကြောင်းတွေကို နားမထောင်ချင်ပါဘူးဗျာ..အိမ်မှာရှိတဲ့ ပုလင်းသာဖောက်လိုက်...အဲ့ဒါမှ ဒီမင်းသားကို ကူညီရာရောက်ဦးမယ် "
" Taehyung က မသောက်တတ်ဘူး ကောင်လေးရဲ့ "
" ဖောက်ဗျာ...ဘာမှလုပ်စရာမရှိတာနဲ့အတူတူ အရည်ခါးခါးတွေနဲ့ စိတ်ပြောင်းကြည့်တာပေါ့ "
တမင်ချိန်းဆိုထားခြင်းမရှိဘဲဖြစ်သွားရတဲ့ အရက်ဝိုင်းမှာ ပြောဖြစ်တဲ့ အကြောင်းအရာတွေက စုံလင်သည်။
အစ်ကိုကြီး Park နဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတဲ့ Jimin ရဲ့အကြောင်း၊ Jimin ဘက်ကနေ ကာကွယ်ပေးလို့ Park တစ်မျိုးရဲ့ စိတ်ကောက်ခြင်းကိုခံနေရတဲ့ ဒါရိုက်တာကြီးရဲ့အကြောင်း၊ အလုပ်တွေပဲ လုပ်နိုင်လွန်းတဲ့ Boss Jin ရဲ့အကြောင်း၊ ပြီးတော့ အနိုင်ရချင်တာတွေဘာတွေ မသိတော့ဘဲ Hyung ပြန်ဖျားနေမှာကိုပဲ စိတ်မအေးဖြစ်နေရတဲ့ ကျနော့်အကြောင်း။
" ဒီ မှာ ပဲ အိပ်လိုက် တော့ ဟုတ် ပြီလား "
" ဟာာာာ မ ရ ဘူး....ကျ နော့် အချစ် ဆီ ပြန်ရ မှာ "
" ကြောင် ပေါက်ကို မင်းး ပုန် ကန် လာတာ လေ... "
တစ်လုံးချင်းဆီ ပြောဆိုဆွေးနွေးနေကြတဲ့ အမူးသမားနှစ်ယောက်ကိုကြည့်ပြီး Jimin ကတော့ တခစ်ခစ်ရယ်နေသည်။
" ကဲ ဒါရိုက်တာကြီးကအိပ်တော့..မင်းသားက ပြန်တော့ အိမ်ကဒရိုင်ဘာခေါ်ပေးမယ်...Min PD ကိုပါ ဖုန်းဆက်ပေးထားမယ် ဟုတ်ပြီလား "
" မင်းး မင်းးး က မ မူးဘူးး.... ကြည့် ဦး......ဒါ ရိုက်ဘာ ကြီး မဟုတ် သေး ဘူးးး ဒါ ရိုက်တာ ကြီးး "
" နား တွေ ငြီးးတယ်ကွာာာ "
တစ်ခါမှ မူးအောင်မသောက်ဘူးလို့ မူးတယ်ဆိုတာကို ဒီလိုမှန်းမသိခဲ့ပါ။ စကားတွေအများကြီးပြောချင်နေပေမဲ့ ပြောထွက်ဖို့ကို တော်တော်အရှိန်ယူနေရသည်။ တလွဲတွေ မပြောအောင်လည်း ထိန်းလို့ကမရပါ။
Jimin တင်ပေးလိုက်တဲ့ ကားပေါ်မှာ အိပ်ပြီးလိုက်လာခဲ့ပေမဲ့ နိုးလာတော့လည်း အမူးမပြေတဲ့အပြင် ကားကြီးကပါ ချာချာလည်နေသလိုပင်။
ချာချာလည်ခြင်း ခတ္တငြိမ်သက်သွားချိန်မှာ ကားတံခါးကိုဖွင့်ပြီး အမြန်ဆုံးပြေးဆင်းလိုက်တော့ -
" နှင်း...နှင်းး တွေ "
" Hyung "
နှင်းတွေရော Hyung ကိုပါ တစ်ခါတည်းတွေ့လိုက်ရလို့ သေချာပေါက်ကို ပျော်သွားတယ်ဆိုပေမဲ့ မရှိတရှိ အသိစိတ်လေးနဲ့တောင် စိတ်ထဲပူသွားရပြန်သည်။
" ဖျား မယ်လေ.... "
" အဲ့ဒါဆို မင်းမြန်မြန်၀င် "
" ဒရိုင်ဘာကြီး ကျေးဇူးတင်ပါတယ် "
ကျနော်က Hyung ကို တွဲခေါ်လာတာလား Hyung က ကျနော့်ကို တွဲခေါ်လာတာလား သိတစ်ချက် လွတ်တစ်ချက် အခြေအနေဖြစ်နေတုန်း ဝုန်းခနဲပြုတ်ကျသွားမှ အိပ်ရာပေါ်ရောက်နေပြီလို့ သိလိုက်ရသည်။
" ခြေအိပ်တွေချွတ်...ဆံပင်မှာလည်း နှင်းတွေစိုနေပြီ "
ဆံပင်ကိုပွတ်သပ်ပေးနေတဲ့ လက်ကလေးကို ဖမ်းဆွဲပြီး ကြည့်လိုက်တော့ လှလိုက်တာလေး။ ဒါလေးကို ဘာလို့များ အနိုင်ယူချင်မိခဲ့ရသလဲ ပြန်တွေးမိတော့ ငိုချင်လာတော့သည်။
" ကိုယ် မှားး ပါတယ် "
" ကိုယ်က ချစ် တာာ "
" တတ်လည်းတတ်နိုင်တဲ့ မင်းသား "
" ကိုယ် အ ရမ်းး ချစ် တာာာ "
" ဟုတ်ပါပြီ..အပေါ်အင်္ကျီ ချွတ်လိုက်နော် Tae လိမ္မာတယ် "
" ကိုယ် က ဆိုးးတာ...ကိုယ့် အချစ် က မ ချစ် မှာ စိုးးတာ "
ဦးတည်ရာမရှိ ပြောနေမိသော်လည်း အကုန်လုံးက ရင်ထဲကနေ လာတာကြီးပါပဲ။
" မချစ်ဘဲ နေမလား...ငါက မင်းကို ဘယ်လိုလုပ် မချစ်ဘဲနေမှာလဲ "
" ချစ် တယ် ပေါ့ "
" အင်း ချစ်တယ် "
" အားး ချစ် တယ် တဲ့ ချစ် တယ်တဲ့ ချစ်တယ် တဲ့ "
" အဲ့ဒါ ဘာလုပ်နေတာလဲ "
" မေ့သွား မှာ စိုး လို့ ပါ "
တကယ်ကို မေ့သွားလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ရှိသမျှအသိစိတ်လေးကို ကြိုးစားပမ်းစား အလုပ်ပေးနေမိခြင်းဖြစ်သည်။
" နမ်းရအောင် Tae "
ဒီနေ့ညကတော့ လွင့်ပြီးရင်းကို လွင့်ပါသည်။
အသိစိတ်ရော မသိစိတ်ရော ရှိသမျှအလုံးစုံနဲ့ သိပ်ရူးသွပ်စွဲလန်းရတဲ့ ဒီနှုတ်ခမ်းပါးလေးအိအိလေးကို တစ်ခါပွတ်ဆွဲယူငင်လိုက်တိုင်း ခံစားမှုတွေက တစ်ခါအထွဋ်အထိပ်သို့ ရောက်ရောက်သွားရသည်။
အရက်မူးနေတာက ပြေပျောက်စပြုနေပြီဖြစ်ပေမဲ့ Hyung ရဲ့ အထိအတွေ့ကြောင့် တစ်ဖန်ရစ်မူးရူးသွပ်သွားရပြန်သည်။
ညတာရှည်တတ်တဲ့ ဆောင်းညတွေဟာ ညတိုင်း ဒီလိုညမျိုးပဲဖြစ်စေဖို့ ကျနော့်မှာ နှုတ်ခမ်းပါးလေးနဲ့ တစ်ခါထိတိုင်း တစ်ကြိမ်ဆုတောင်းခဲ့မိပါသည်။
#...💘...#
" က်ေနာ္ ေနမေကာင္းလို႔လို႔ ေျပာထားလိုက္ပါ "
" စိတ္ခ်ပါ...အခ်ိန္ျပန္ဖယ္ေပးထားမယ္လို႔လည္းေျပာလိုက္ပါ "
" ေက်းဇူးပဲ မန္ေနဂ်ာ Hyung "
ေတာ္႐ုံေနမေကာင္းျဖစ္ရင္ေတာင္ က်ေနာ့္အလုပ္ေတြကိုမဖ်က္တတ္ေသာ္လည္း PD ေလးေနမေကာင္းရင္ေတာ့ က်ေနာ္လည္း ေအာ္တိုေနမေကာင္းျဖစ္တယ္လို႔ အေၾကာင္းျပကာ ပ်က္ကြက္ရစၿမဲပင္။ PD ေလး သိရင္ေတာ့ ပြစိပြစိလုပ္ေနဦးမွာဆိုေပမဲ့ က်ေနာ့္ရင္ခြင္ထဲကေနလည္း ထြက္မွာမဟုတ္ပါ။
" Yoongi ဆန္ျပဳတ္ေသာက္ရေအာင္...ဂဏန္းသားဆန္ျပဳတ္ေလ ႀကိဳက္တယ္မဟုတ္လား "
" ၀ယ္ထားတာလား "
" အမယ္ ကိုယ့္ကိုအထင္ေသးလို႔..ခ်က္ထားတာပါ "
" မျဖစ္နိုင္တာ "
" တကယ္ပါဆို...မေန႕ညကလည္း ကိုယ္ကိုယ္တိုင္ လုပ္ေပးထားတာပဲမဟုတ္လား "
" အင္းေလ မေန႕ညကဟာက အရသာမွမရွိတာ..အခုဟာက အရသာရွိတယ္ "
ေမြးရာပါ ပါရမီမပါလာတဲ့ ဟင္းခ်က္ျခင္းအလုပ္ကို က်ေနာ္ကိုယ္တိုင္လုပ္သည့္အခ်ိန္မွာ Hyung ေနမေကာင္းတဲ့ တစ္ခ်ိန္တြင္သာရွိသည္။ Hyung က က်ေနာ္လုပ္ေပးသမွ်ကို အရသာမရွိဘူးလို႔သာေျပာတတ္ေပမဲ့ အကုန္ေျပာင္ေအာင္ေတာ့ အားေပးရွာပါသည္။
" ကိုယ့္အခ်စ္က သိပ္သိတာပဲ...အေမခ်က္ေပးထားတဲ့ ဆန္ျပဳတ္ေလးနဲ႕ အမွတ္၀င္ယူမလို႔ပါဆို "
" အေမဒီေရာက္ေနတာလား "
" မေရာက္ဘူး..ထုံးစံအတိုင္း ဟင္းဘူးေတြပို႔ေပးမယ္ဆိုလို႔ ဆန္ျပဳတ္ပါပို႔ခိုင္းလိုက္တာ "
" အားနာစရာ "
" သူ႕ PD ေလး ေနမေကာင္းဘူးဆိုတာနဲ႕ အေမကထည့္ေပးလိုက္တာ အမ်ားႀကီးပဲ...မ်ားမ်ားစားၿပီး ျမန္ျမန္ေနေကာင္းၾကမယ္ေနာ္ "
" အင္း "
" ညေနက်ရင္ေရာ ဒါပဲစားမလား..ဘာစားခ်င္လဲ "
" ဒါမစားေတာ့ဘူး...ပူတင္းစားခ်င္တယ္ "
" ဟုတ္ၿပီ ကိုယ္မွာထားလိုက္မယ္ "
Hyung က ေနမေကာင္းျဖစ္ခဲေသာ္လည္း ျဖစ္ရင္လည္း အဖ်ားကတေငြ႕ေငြ႕ျဖင့္ ရွည္ၾကာတတ္တာေၾကာင့္ စျဖစ္ကတည္းက ေသခ်ာဂ႐ုစိုက္ေပးရသည္။ ဂ႐ုစိုက္ေပးရင္းက လူမမာေလးမပ်င္းရေအာင္လည္း စာအုပ္တစ္အုပ္အုပ္ကို ဖတ္ျပတာျဖစ္ေစ၊ က်ေနာ္တို႔ အေၾကာင္းေတြကို ေရာက္တတ္ရာရာ ျပန္ေျပာျပတာျဖစ္ေစလုပ္ၿပီး အခ်ိန္ျဖဳန္းရေသးသည္။
" ဒီမွာၾကည့္ ကိုယ္ဘာရွာေတြ႕ထားလဲဆိုတာ "
အိပ္ရာေပၚမွာ အတူတူ လွဲေနၾကရင္း ဖုန္းထဲက ဓာတ္ပုံေလးတစ္ပုံကို ထုတ္ျပလိုက္ေတာ့ ေၾကာင္ကေလးက မ်က္လုံးေတြျပဴးက်ယ္သြားသည္။
" ဘယ္တုန္းက ပုံႀကီးလဲ "
" ထမင္းဘူးေခတ္ကေလ "
" ဘယ္သူ႕လက္ခ်က္လဲ ဒါရိုက္တာအစုတ္ပလုတ္လား "
" ဟာ ကိုယ့္ျမႇားနတ္ေမာင္ႀကီးကို အဲ့လိုမေျပာပါနဲ႕ "
" မင္းျမႇားနတ္ေမာင္ႀကီးက သူ႕ဇာတ္သူေရာနိုင္ရဲ႕လား "
မေန႕ကအျဖစ္အပ်က္ေတြနဲ႕ ပတ္သက္ၿပီး က်ေနာ္တို႔ႏွစ္ေယာက္လုံး မေဆြးေႏြးျဖစ္ၾကဘဲ ဘာမွအေထြေထြအထူးထူးမရွိခဲ့သလိုသာ ျပဳမူျဖစ္ၾကသည္။ Hyung က အဲ့လိုျပဳမူတယ္ဆိုတာထက္ က်ေနာ္က ျပဳမူတာဆိုရင္ ပိုမွန္ပါလိမ့္မည္။
" နိုင္မွာပါ...ဒါရိုက္တာႀကီးက ပရိုပါ "
" Jungkook ေရာ ဘယ္လိုေနေသးလဲမသိဘူး ဒီညေနသြားၾကည့္ၾကမလား "
" မသြားရပါဘူး "
က်ေနာ္ကိုယ္တိုင္မသိလိုက္ဘဲ ခက္ထန္သြားတဲ့အသံမွာ Hyung ရဲ႕အၾကည့္ကလည္း အနည္းငယ္စူးရွသြားသည္။
" အခုမွ အဖ်ားက်ကာစရွိေသးလို႔ ကိုယ္ကစိုးရိမ္လို႔ပါ "
" ၿပီးေရာ...ငါအိပ္ခ်င္လာၿပီ "
" လာ ဒီကို "
ခါးသိမ္သိမ္ကို ဆြဲယူကာတိုးကပ္ေစလိုက္ေတာ့ ခပ္ေႏြးေႏြးကိုယ္ငယ္ေလးက ရင္ခြင္ထဲကို အလိုက္သင့္ ၀င္ေရာက္လာသည္။ Hyung က က်ေနာ့္လက္ေမာင္းေပၚမွာ အက်အနေခါင္းတင္ထားလ်က္ မ်က္လုံးေတြကိုေမွးစင္းထားခ်ိန္ က်ေနာ္ကလည္း နဖူးျပင္ေလးေပၚသို႔ ႏႈတ္ခမ္းသားကို နက္နက္နဲနဲ ထိကပ္ထားလိုက္သည္။
" ငါအိပ္ေပ်ာ္ေနတုန္း Hoseok ပစၥည္းလာေပးရင္ ယူထားေပးပါဦး...အေရးႀကီးတယ္ေနာ္ Tae "
အိပ္ေပ်ာ္လုေပ်ာ္ခင္ ခပ္တိုးတိုး ခပ္နိမ့္နိမ့္အသံေလးက ႏွလုံးသားကို ဆြဲကိုင္လႈပ္ယူသြားျပန္သည္။ Hyung နဲ႕ပတ္သက္ရင္ ဘယ္အခ်ိန္မွာ ဘယ္လိုႀကဳံရမယ္မွန္းမသိေသာ ရင္ခုန္ျခင္းတို႔က အခုလိုလည္း အလစ္တိုက္ခိုက္တတ္ပါေသးသည္။
" စိတ္ခ်ပါ...အိပ္ေတာ့ေနာ္ "
တခ်က္ခ်က္ျမည္ေနေသာ နာရီသံနဲ႕ စည္းခ်က္ကိုက္ညီစြာ ေက်ာျပင္ငယ္ကို ပုတ္ေပးလိုက္ေတာ့ မၾကာခင္မွာပင္ ၀င္သက္ထြက္သက္တို႔မွန္ကန္စြာျဖင့္ က်ေနာ့္ Hyung ငယ္ေလးက အိပ္ေမာက်သြားပါေတာ့သည္။
" တင္းန္ေတာင္ "
ကိုယ္ကိုယ္တိုင္လည္း ခဏေမွးခနဲျဖစ္သြားခ်ိန္တြင္ ၾကားလိုက္ရတဲ့ တံခါးေခါက္သံေၾကာင့္ တိတ္တိတ္ဆိတ္ဆိတ္လႈပ္ရွားကာ အိမ္ေရွ႕သို႔ ထြက္ခဲ့ရသည္။
" ဟို Taehyung ssi...မေန႕ညကေလ တကယ္ေတာင္းပန္ပါတယ္ "
ေတြ႕ေတြ႕ခ်င္း အျပစ္အႀကီးႀကီးတစ္ခုကို က်ဴးလြန္ထားသူတစ္ေယာက္လို ေတာင္းပန္စကားက စေျပာလာေသာ Jung PD သည္ တကယ္ကို လူရိုးႀကီးျဖစ္ေၾကာင္း ေပၚလြင္လွသည္။
" မေန႕ညကလား....မေန႕ညက ဘာျဖစ္လို႔လဲ "
" ဗ်ာ ဟိုဟာေလ Taehyung ssi ကို ဟိုဟာ "
" ဖက္နမ္းလိုက္တာကို ေျပာခ်င္တာလား "
" ဟာဗ်ာ "
အရွက္ႀကီးသူမွန္းသိလို႔ တမင္စေနာက္လိုက္ေသာအခါ ထင္ထားတာထက္ပင္ နီရဲတက္လာေသာ Jung PD မ်က္ႏွာေၾကာင့္ စေနာက္ရက်ိဳးနပ္သြားသည္။
" ကဲပါ Jung PD ရိုးတာ က်ေနာ္သိပါတယ္...ဘာမွမွမဟုတ္တာ ေအးေဆးပါ "
Taehyung တစ္ခုခုကို သံသယ၀င္သြားမွာစိုးလို႔ တစ္ညလုံးအိပ္မေပ်ာ္ျဖစ္ခဲ့ရေပမဲ့ အခုလို ဘာမွမဟုတ္ဘူးလို႔ ေျပာတာကို ၾကားရေတာ့လည္း ရင္ဘက္ထဲက နာသြားရျပန္ပါသည္။
" ေက်းဇူးပါ...Min PD အေျခအေနေရာ "
" အမ်ားႀကီးေကာင္းေနပါၿပီ "
" ေတာ္ေသးတာေပါ့...Jungkook လည္း တစ္ညပဲ ေဆး႐ုံမွာေနၿပီး ဒီေန႕ဆင္းၿပီတဲ့...Min PD ဆီကိုေတာင္လာမလို႔တဲ့...အဲ "
ဆက္စပ္မိလို႔ ေျပာလိုက္ၿပီးကာမွ မ်က္ႏွာလွလွေလးရဲ႕ လႈပ္ခတ္သြားမႈေသးေသးေလးကို သတိထားမိလိုက္၍ အရွိန္သတ္လိုက္ရသည္။
" ဟုတ္လား ေတာ္ေသးတာေပါ့...Yoongi ကလည္းစိတ္ပူေနတာ "
" အင္း..ဒါဆို က်ေနာ္သြားေတာ့မယ္ "
" Jung PD ခဏ....ဂဏန္းသားဆန္ျပဳတ္ႀကိဳက္ရင္ ဒီမွာစားသြားပါလား "
မအိပ္ရေသးလို႔ ေခ်ာင္က်ေနတဲ့မ်က္ႏွာေၾကာင့္လား...အရက္နာက်သြားလို႔ ေလးပင္ေနတဲ့ လႈပ္ရွားမႈဟန္ပန္ကို သနားသြားလို႔လားမသိေပမဲ့ ဒါက က်ေနာ့္ရင္ခုန္ျခင္းေလးရဲ႕ ပထမဆုံးဖိတ္ေခၚလာမႈပဲ။ က်ေနာ္ ဘယ္လိုလုပ္ ျငင္းရက္မွာလဲ။
" ေကာင္းတာေပါ့ "
#...💘...#
" Tae.....Tae "
ေနမေကာင္းတဲ့အခ်ိန္မ်ိဳးမွာ အိပ္မက္ဆိုးေတြ ျပန္ျပန္ႏွိပ္စက္လာတတ္တဲ့အခါ စိတ္ထဲကတမ္းတစရာဆိုလို႔ ဒီနာမည္ေလးပဲရွိပါတယ္။
ေနမေကာင္းျဖစ္တိုင္း အနားမွာကပ္ေနတဲ့အခါ အလုပ္ေတြအပ်က္ခံၿပီး ၾကည္ျဖဴစြာနဲ႕ လိုက္ေလ်ာေပးတတ္တဲ့ ဒီနာမည္ေလးရဲ႕ပိုင္ရွင္က အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အေဝးကို တြန္းထုတ္မိတိုင္းလည္း မၿငိဳျငင္တတ္ပါ။
သူမရွိခင္ တစ္ေယာက္တည္းေနခဲ့တဲ့ အခ်ိန္ေတြက ဘယ္လိုမ်ိဳးလဲဆိုတာ တျဖည္းျဖည္းနဲ႕ ေဝဝါးလာေအာင္ သူ႕ရဲ႕ဂ႐ုစိုက္မႈေတြက အေသးစိတ္ရွိလွပါတယ္။
" Tae..ဘယ္ေရာက္ေနတာလဲ! Taehyung! "
ေနမေကာင္းရင္ ကိုယ္ဆိုးတတ္တာကို ကိုယ္ကိုယ္တိုင္လည္း သိပါတယ္ေလ။ တကယ္ေတာ့ ေနေကာင္းေနလည္း ဆိုးတာကေတာ့ဆိုးတာပါပဲ။ သူကသည္းခံလို႔ပဲ ကိုယ္ကဆိုးေနတာလား ကိုယ္ကဆိုးလို႔ပဲ သူကသည္းခံေပးေနတာလားဆိုတာကိုေတာ့ ေသခ်ာမသိသလို သိလည္းမသိခ်င္ဘူး။
" Tae ငါနိုးေနၿပီ "
ကိုယ္ေနမေကာင္းရင္ ဘယ္မွသြားတတ္တဲ့သူမဟုတ္ေတာ့ အိမ္ထဲမွာရွိေနတယ္ဆိုတာ ေသခ်ာေပမဲ့ ကိုယ္ေခၚေနတာကို ၾကားပုံမရပါ။ အဲ့ဒီ့အစား ကိုယ္ကၾကားလိုက္တာက ရယ္သံတခ်ိဳ႕။
" ဝါး မိုက္တယ္!! လုံး၀အမိုက္စားပဲ "
" ဟား ဟား "
မီးဖိုေခ်ာင္ခန္းထဲမွာ Hoseok နဲ႕ Taehyung တို႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကသည္။ Hoseok ေရွ႕မွာ ဂဏန္းသားဆန္ျပဳတ္ပန္းကန္ရွိေနၿပီး Taehyung ရဲ႕နားေပၚမွာေတာ့ အခုေနာက္ဆုံးေပၚ Headphone တစ္ခုရွိေနသည္။
" Hoseok ေရာက္ေနတာၾကာၿပီလား "
ဘာမွထူးဆန္းတဲ့ ျမင္ကြင္းမ်ိဳးမဟုတ္တာေၾကာင့္ မီးဖိုေခ်ာင္ထဲကိုပဲ တန္း၀င္သြားၿပီး ႏႈတ္ဆက္လိုက္သည္။
" ငါတို႔ေၾကာင့္ နိုးသြားလား "
" မဟုတ္ပါဘူး "
" ဟာ ကိုယ့္အခ်စ္နိုးၿပီလား "
" ခုနထဲက မင္းကိုေခၚေနတာ "
မေက်မနပ္ျဖင့္ တစ္ခြန္းထဲပဲေျပာရေသးတယ္ အနားကို ျပာျပာသလဲေရာက္လာၿပီး လက္ႏွစ္ဖက္နဲ႕ မ်က္ႏွာကိုအုပ္ကိုင္လာေသာ ဒီမင္းသားဟာ ဒရမ္မာမင္းသား စစ္စစ္ပါ။
" ကိုယ္ပူေနေသးလား...နိုးနိုးျခင္းေခါင္းေရာကိုက္လား "
" ဘာမွမျဖစ္ဘူး "
Hoseok ရဲ႕ေဘးမွာ ၀င္ထိုင္လိုက္ေတာ့ ဒရမ္မာမင္းသားက သူ႕ေဘးကို အတင္းဆြဲေခၚသည္။ တစ္ခါတေလက်ေတာ့လည္း ဒီမင္းသားနဲ႕ အဲ့ဒါေတြ အေပါက္အလမ္းမတည့္တာပါပဲ။
" ၀ယ္လိုက္ၿပီလား Hoseok...မိုက္သားပဲ "
ဒီ Headphone ကို၀ယ္ဖို႔အတြက္ Jung Hoseok မွာ ႏွစ္ပတ္ေလာက္ ခ်ီတုံခ်တဳံျဖစ္ေနခဲ့ရတာ ကိုယ္အသိပင္။
" ေအး အခုပဲ ၀ယ္လာတာ "
" စမ္းသပ္ၿပီးၿပီေပါ့ "
" ကိုယ္ခုနက စမ္းၾကည့္တာရွယ္ပဲသိလား...ကိုယ္တို႔လည္း ၀ယ္ၾကစို႔ "
Hoseok က သူ၀ယ္လာတဲ့ ပစၥည္းအသစ္စက္စက္ေတြကို သူမ်ားက သူ႕ထက္အရင္ ဦးေအာင္ကိုင္တာမ်ိဳးကို မႀကိဳက္ပါ။ ဒီမင္းသားကေတာ့ အရိပ္အကဲမၾကည့္ လုပ္ခ်လိဳက္ၿပီနဲ႕တူပါသည္။
" မင္းကလည္း အရိပ္အကဲမသိ...Hoseok က သူ႕ပစၥည္းအသစ္ဆို သူကိုယ္တိုင္အရင္ကိုင္ရမွ "
" မဟုတ္ပါဘူး Jung PD က စမ္းဆိုလို႔... "
" မဟုတ္ဘူး ငါစမ္းခိုင္းတာ... "
တစ္ပိုင္းတစ္စနဲ႕ ရပ္တန႔္သြားၾကတဲ့ ၿပိဳင္တူစကားသံေတြအၿပီး တိတ္ဆိတ္မႈတစ္ခု ၀င္ေရာက္မလာနိုင္ခင္မွာတင္ က်ယ္ေလာင္ေသာ ဖုန္းျမည္သံတစ္ခုက အခ်ိန္ကိုက္ ေရာက္ရွိလာသည္။
" ေအး Jungkook ေျပာ "
" အင္း Min PD အိမ္မွာ "
" Jungkook လား ငါ့ကိုေပး "
ဖုန္းကိုျဖတ္ခနဲဆြဲလုခံလိုက္ရတဲ့ Jung PD က အားနာနာနဲ႕ Taehyung ကိုၿပဳံးျပေနသည္။ လုသြား တဲ့ Min PD ကေတာ့ အိပ္ခန္းထဲကို လွစ္ခနဲ၀င္သြားၿပီး ဖုန္းသြားေျပာေနသည္။ Taehyung ကလည္း ခ်က္ခ်င္းပင္ အေနာက္ကေနလိုက္ကာ အခန္းထဲကို၀င္သြားသည္။
ထိုင္ပဲေစာင့္ေနရမလား ထပဲျပန္ရမလားေဝခြဲမရျဖစ္ၿပီးတဲ့အဆုံးမွာ အလုပ္အတြက္သီးသန႔္သုံးတဲ့ဖုန္းျဖစ္တာမို႔လို႔ ဖုန္းကိုထားခဲ့ၿပီးသာ Jung PD က ထျပန္သြားေတာ့သည္။
" အဲ့စကားေတြေနာက္မွေျပာေတာ့...မနက္ျဖန္ studio လာခဲ့ "
" အင္း ဒါပဲ "
Hyung ေနာက္ကလိုက္၀င္၀င္လာျခင္း နားစြန္နားဖ်ားၾကားရသမွ်က အဲ့ဒါေလးပဲျဖစ္သည္။ ၾကားလိုက္ရတဲ့အထဲ အဲ့စကားေတြဆိုတာ ဘယ္စကားေတြလည္းလို႔ ေမးၾကည့္ခ်င္ေပမဲ့လည္း မေမးျဖစ္ျပန္ပါ။ Kim Taehyung က ဘယ္တုန္းက အခုလို ေတြေဝတတ္သြားမွန္းကို မသိပါ။
" ေနမေကာင္းေသးဘဲ ေလွ်ာက္ခ်ိန္းေနၿပီလား "
" ေကာင္းေနၿပီေလ..အလုပ္ေတြက ပစ္ထားလို႔မွမရတာ "
" Hyung ေနမေကာင္းလို႔ ကိုယ္ကေတာ့ ဒီတစ္ပတ္ အလုပ္ေတြ အကုန္ပစ္ထားလိုက္တာ "
" မင္းလည္းအလုပ္ျပန္လုပ္ေတာ့ "
" ကိုယ္က အဲ့ေလာက္လြယ္လားဟင္ "
ဘာရည္႐ြယ္ခ်က္နဲ႕ ေမးလိုက္မိမွန္း ကိုယ့္ကိုယ္ကိုယ္လည္း နားမလည္ေတာ့ပါ။ နည္းနည္ခ်င္းစီ စုေဝးလာတဲ့ သ၀န္တိုမႈေတြက မေျပာဖူးတာေတြကို ေျပာမိေစပါသည္။
" ဘာကိုလဲ Taehyung "
" ေအာ္..Yoongi က ကိုယ့္ကို ဘယ္လိုမ်ားသေဘာထားေနလဲလို႔ "
" Kim Taehyung က Kim Taehyung ပဲေပါ့..ဘယ္လိုသေဘာထားရဦးမွာလဲ "
ကိုယ္ငယ္ေလးက ပခုံးကိုတြန္းတိုက္ၿပီး ထြက္မသြားခင္မွာ ေျပာသြားတဲ့စကားက အထိအခိုက္လြယ္ေနတဲ့စိတ္ကို ထပ္ၿပီးထိုးဆြေပးလိုက္သလိုပင္။
" Hoseok က ဘယ္ေရာက္သြား.. "
" ေနေကာင္းေနၿပီမလား...ဒါဆိုလည္း ကိုယ္အလုပ္သြားလုပ္ေတာ့မယ္...ျပန္လာခ်င္မွလာျဖစ္မယ္..ေရခဲေသတၱာထဲမွာ ပူတင္းရွိတယ္...စားခ်င္ရင္ယူစားလိုက္ "
မနက္ကတည္းက ဖ်က္ထားၿပီးသားမလို႔ အလုပ္ကဘယ္မွာရွိမွာလဲ။ ဒါေပမဲ့ တစ္ခါမွအနိုင္မယူဘူးတာေလးကို အခုေတာ့ ကေလးဆန္ဆန္ပဲ အနိုင္ယူပစ္လိုက္ခ်င္ေနသည္။
တစ္ခုခုျပန္ေျပာမလားေစာင့္ေနေပမဲ့ ဘာမွျပန္မေျပာဘဲ ဆိုဖာေပၚမွာ၀င္ထိုင္ၿပီး ဖုန္းကိုပဲစိုက္ၾကည့္ေနသူေၾကာင့္ အလိုလိုေနရင္းနဲ႕ကို ေပ်ာ့ခ်င္ေနတဲ့ ကိုယ့္စိတ္ကိုယ္တင္းၿပီး အိမ္ထဲကေန ထြက္ခဲ့လိုက္ေတာ့သည္။
" ေကာင္းတယ္ ငါ့မင္းသား...လူႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးမွာ အေလွ်ာ့အတင္းဆိုတာ ရွိဖို႔လိုတယ္...အၿမဲတမ္း ကိုယ္ကပဲေလွ်ာ့ေနရင္ ဘယ္တရားပါ့မလဲ "
" သူမ်ားအတြဲကို ေလွ်ာက္ျမႇောက္ေပးမေနနဲ႕ "
သြားစရာဆိုလို႔ တျခားဘယ္မွမရွိေတာ့ ဒါရိုက္တာႀကီးဆီပဲ ေရာက္ခဲ့ရတာေပါ့။ တစ္ေယာက္တည္းေနတဲ့ ဒါရိုက္တာႀကီးရဲ႕အိမ္မွာ အရင္ကနဲ႕မတူဘဲ ထူးျခားေနတာကေတာ့ အေပါင္းတစ္ေလးရွိေနျခင္းပင္။
" Jimin ssi က ဒါရိုက္တာႀကီးေျပာတာကို မေထာက္ခံဘူးေပါ့ "
" ဟုတ္တယ္...ခ်စ္မိၿပီဆိုကတည္းက ရႈံးသြားၿပီပဲေလ..အဲ့လိုေတြ တြက္ခ်က္ၿပီးေတာ့ မတရားဘူးဆိုတာသိေတာ့ေရာ ဆက္မခ်စ္ဘဲေနနိုင္မွာမို႔လို႔လား "
ဟုတ္ပါသည္။ Hyung ကို ခ်စ္တဲ့ခ်စ္ျခင္းမွာ ဘာတြက္ခ်က္မႈမွမပါသလို တြက္ခ်က္ၾကည့္လိုက္လို႔ ရလာတဲ့အေျဖက ထပ္တူညီမွ်ျခင္းမ်ိဳးမရွိဘူးဆိုလည္း က်ေနာ္ကေတာ့ ဆက္ခ်စ္ေနဦးမွာပါပဲေလ။
" ဘယ္ဟုတ္မလဲ Mini ေလးရဲ႕..စိတ္ပညာရွင္ေတြကေျပာၾကတယ္... "
" ဒီမွာတင္ရပ္ ဒါရိုက္တာႀကီးရဲ႕ စာအုပ္ထူထူႀကီးထဲကအေၾကာင္းေတြကို နားမေထာင္ခ်င္ပါဘူးဗ်ာ..အိမ္မွာရွိတဲ့ ပုလင္းသာေဖာက္လိုက္...အဲ့ဒါမွ ဒီမင္းသားကို ကူညီရာေရာက္ဦးမယ္ "
" Taehyung က မေသာက္တတ္ဘူး ေကာင္ေလးရဲ႕ "
" ေဖာက္ဗ်ာ...ဘာမွလုပ္စရာမရွိတာနဲ႕အတူတူ အရည္ခါးခါးေတြနဲ႕ စိတ္ေျပာင္းၾကည့္တာေပါ့ "
တမင္ခ်ိန္းဆိုထားျခင္းမရွိတဲ့ျဖစ္သြားရတဲ့ အရက္ဝိုင္းမွာ ေျပာျဖစ္တဲ့ အေၾကာင္းအရာေတြက စုံလင္သည္။
အစ္ကိုႀကီး Park နဲ႕ ရန္ျဖစ္ၿပီး အိမ္ေပၚကဆင္းလာတဲ့ Jimin ရဲ႕အေၾကာင္း၊ Jimin ဘက္ကေန ကာကြယ္ေပးလို႔ Park တစ္မ်ိဳးရဲ႕ စိတ္ေကာက္ျခင္းကိုခံေနရတဲ့ ဒါရိုက္တာႀကီးရဲ႕အေၾကာင္း၊ အလုပ္ေတြပဲ လုပ္နိုင္လြန္းတဲ့ Boss Jin ရဲ႕အေၾကာင္း၊ ၿပီးေတာ့ အနိုင္ရခ်င္တာေတြဘာေတြ မသိေတာ့ဘဲ Hyung ျပန္ဖ်ားေနမွာကိုပဲ စိတ္မေအးျဖစ္ေနရတဲ့ က်ေနာ့္အေၾကာင္း။
" ဒီ မွာ ပဲ အိပ္လိုက္ ေတာ့ ဟုတ္ ၿပီလား "
" ဟာာာာ မ ရ ဘူး....က် ေနာ့္ အခ်စ္ ဆီ ျပန္ရ မွာ "
" ေၾကာင္ ေပါက္ကို မင္းး ပုန္ ကန္ လာတာ ေလ... "
တစ္လုံးခ်င္းဆီ ေျပာဆိုေဆြးေႏြးေနၾကတဲ့ အမူးသမားႏွစ္ေယာက္ကိုၾကည့္ၿပီး Jimin ကေတာ့ တခစ္ခစ္ရယ္ေနသည္။
" ကဲ ဒါရိုက္တာႀကီးကအိပ္ေတာ့..မင္းသားက ျပန္ေတာ့ အိမ္ကဒရိုင္ဘာေခၚေပးမယ္...Min PD ကိုပါ ဖုန္းဆက္ေပးထားမယ္ ဟုတ္ၿပီလား "
" မင္းး မင္းးး က မ မူးဘူးး.... ၾကည့္ ဦး......ဒါ ရိုက္ဘာ ႀကီး မဟုတ္ ေသး ဘူးးး ဒါ ရိုက္တာ ႀကီးး "
" နား ေတြ ၿငီးးတယ္ကြာာာ "
တစ္ခါမွ မူးေအာင္မေသာက္ဘူးလို႔ မူးတယ္ဆိုတာကို ဒီလိုမွန္းမသိခဲ့ပါ။ စကားေတြအမ်ားႀကီးေျပာခ်င္ေနေပမဲ့ ေျပာထြက္ဖို႔ကို ေတာ္ေတာ္အရွိန္ယူေနရသည္။ တလြဲေတြ မေျပာေအာင္လည္း ထိန္းလို႔ကမရပါ။
Jimin တင္ေပးလိုက္တဲ့ ကားေပၚမွာ အိပ္ၿပီးလိုက္လာခဲ့ေပမဲ့ နိုးလာေတာ့လည္း အမူးမေျပတဲ့အျပင္ ကားႀကီးကပါ ခ်ာခ်ာလည္ေနသလိုပင္။
ခ်ာခ်ာလည္ျခင္း ခတၱၿငိမ္သက္သြားခ်ိန္မွာ ကားတံခါးကိုဖြင့္ၿပီး အျမန္ဆုံးေျပးဆင္းလိုက္ေတာ့ -
" ႏွင္း...ႏွင္းး ေတြ "
" Hyung "
ႏွင္းေတြေရာ Hyung ကိုပါ တစ္ခါတည္းေတြ႕လိုက္ရလို႔ ေသခ်ာေပါက္ကို ေပ်ာ္သြားတယ္ဆိုေပမဲ့ မရွိတရွိ အသိစိတ္ေလးနဲ႕ေတာင္ စိတ္ထဲပူသြားရျပန္သည္။
" ဖ်ား မယ္ေလ.... "
" အဲ့ဒါဆို မင္းျမန္ျမန္၀င္ "
" ဒရိုင္ဘာႀကီး ေက်းဇူးတင္ပါတယ္ "
က်ေနာ္က Hyung ကို တြဲေခၚလာတာလား Hyung က က်ေနာ့္ကို တြဲေခၚလာတာလား သိတစ္ခ်က္ လြတ္တစ္ခ်က္ အေျခအေနျဖစ္ေနတုန္း ဝုန္းခနဲျပဳတ္က်သြားမွ အိပ္ရာေပၚေရာက္ေနၿပီလို႔ သိလိုက္ရသည္။
" ေျခအိပ္ေတြခြၽတ္...ဆံပင္မွာလည္း ႏွင္းေတြစိုေနၿပီ "
ဆံပင္ကိုပြတ္သပ္ေပးေနတဲ့ လက္ကေလးကို ဖမ္းဆြဲၿပီး ၾကည့္လိုက္ေတာ့ လွလိုက္တာေလး။ ဒါေလးကို ဘာလို႔မ်ား အနိုင္ယူခ်င္မိခဲ့ရသလဲ ျပန္ေတြးမိေတာ့ ငိုခ်င္လာေတာ့သည္။
" ကိုယ္ မွားး ပါတယ္ "
" ကိုယ္က ခ်စ္ တာာ "
" တတ္လည္းတတ္နိုင္တဲ့ မင္းသား "
" ကိုယ္ အ ရမ္းး ခ်စ္ တာာာ "
" ဟုတ္ပါၿပီ..အေပၚအကၤ်ီ ခြၽတ္လိုက္ေနာ္ Tae လိမၼာတယ္ "
" ကိုယ္ က ဆိုးးတာ...ကိုယ့္ အခ်စ္ က မ ခ်စ္ မွာ စိုးးတာ "
ဦးတည္ရာမရွိ ေျပာေနမိေသာ္လည္း အကုန္လုံးက ရင္ထဲကေန လာတာႀကီးပါပဲ။
" မခ်စ္ဘဲ ေနမလား...ငါက မင္းကို ဘယ္လိုလုပ္ မခ်စ္ဘဲေနမွာလဲ "
" ခ်စ္ တယ္ ေပါ့ "
" အင္း ခ်စ္တယ္ "
" အားး ခ်စ္ တယ္ တဲ့ ခ်စ္ တယ္တဲ့ ခ်စ္တယ္ တဲ့ "
" အဲ့ဒါ ဘာလုပ္ေနတာလဲ "
" ေမ့သြား မွာ စိုး လို႔ ပါ "
တကယ္ကို ေမ့သြားလို႔မျဖစ္ဘူးဆိုတဲ့စိတ္နဲ႕ ရွိသမွ်အသိစိတ္ေလးကို ႀကိဳးစားပမ္းစား အလုပ္ေပးေနမိျခင္းျဖစ္သည္။
" နမ္းရေအာင္ Tae "
ဒီေန႕ညကေတာ့ လြင့္ၿပီးရင္းကို လြင့္ပါသည္။
အသိစိတ္ေရာ မသိစိတ္ေရာ ရွိသမွ်အလုံးစုံနဲ႕ သိပ္႐ူးသြပ္စြဲလန္းရတဲ့ ဒီႏႈတ္ခမ္းပါးေလးအိအိေလးကို တစ္ခါပြတ္ဆြဲယူငင္လိုက္တိုင္း ခံစားမႈေတြက တစ္ခါအထြဋ္အထိပ္သို႔ ေရာက္ေရာက္သြားရသည္။
အရက္မူးေနတာက ေျပေပ်ာက္စျပဳေနၿပီျဖစ္ေပမဲ့ Hyung ရဲ႕ အထိအေတြ႕ေၾကာင့္ တစ္ဖန္ရစ္မူး႐ူးသြပ္သြားရျပန္သည္။
ညတာရွည္တတ္တဲ့ ေဆာင္းညေတြဟာ ညတိုင္း ဒီလိုညမ်ိဳးပဲျဖစ္ေစဖို႔ က်ေနာ့္မွာ ႏႈတ္ခမ္းပါးေလးနဲ႕ တစ္ခါထိတိုင္း တစ္ႀကိမ္ဆုေတာင္းခဲ့မိပါသည္။
#...💘...#