ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

552K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၅၈.၂

3.8K 861 40
By Kay_Wine

{Zawgyi}

သို႔ေပမယ့္ ဒီလိုမ်ိဳး ေႏွာင့္ေႏွးသြားတာေၾကာင့္ ေန႔ခင္းပိုင္း ပထမအတန္းခ်ိန္အတြက္ ဆရာက အတန္းထဲကိုေတာင္ ေရာက္လာၿပီျဖစ္တယ္။

သူလည္း ခ်င္မင္းမင္း၊ တျခားသူေတြနဲ႔အတူ ထိုင္ခုံဆီ အေလာတႀကီးျပန္သြားရတယ္။

မိနစ္ပိုင္းအတြင္းမွာ ဆရာက သင္ခန္းစာကို စတင္ေတာ့တယ္။

ေမာ့က်ဴးခ်န္က သူ႔ေက်ာေပၚမွာ စာကိုေျဖးေျဖးခ်င္းနဲ႔ ျပတ္ျပတ္သားသားေရးလာတယ္။

'ငါ့ကို နံရံမွာ ကပ္မယ္ေပါ့?'

'ဟား ဟား'

'သတၱိေတြ သိပ္ရွိေနတာပဲ'

'ေက်ာင္းဆင္းရင္ မျပန္နဲ႔အုံး'

လင္ရွန္း ေခါင္းအျမန္ယမ္းျပလိုက္တယ္။

ေမာ့က်ဴးခ်န္က သူဘာကိုဆိုလိုခ်င္မွန္း နားလည္လားေတာ့မသိေပမယ့္ ဘယ္လိုေနေန ေနာက္ဆုံးေတာ့ ၿငိမ္က်သြားတယ္။

ပထမအတန္းခ်ိန္ၿပီးသြားတဲ့အခါ လင္ရွန္းေနာက္လွည့္ကာ ၿပီးခဲ့တဲ့အေခါက္တုန္းက ဘာျဖစ္ခဲ့တယ္ဆိုတာ ေမာ့က်ဴးခ်န္ကို ရွင္းျပမလို႔လုပ္လိုက္တယ္။

ေနာက္ကိုၾကည့္လိုက္ေတာ့မွ တစ္ဖက္လူက ထိုင္ခုံမွာရွိမေနမွန္း သိလိုက္ရတယ္။ လင္ရွန္း ေၾကာင္အသြားေတာ့တယ္။

ေမာ့က်ဴးခ်န္က ဒီေလာက္ျမန္ျမန္ေျပးသြားတာလား?

တစ္ဖက္လူ ဘယ္အခ်ိန္တုန္းက ထြက္သြားမွန္းေတာင္ သူသတိမထားမိလိုက္ဘူး။

ရလဒ္ကေတာ့ ေမာ့က်ဴးခ်န္က ပထမဆုံးအတန္းခ်ိန္မွာ မရွိ႐ုံတင္မကဘူး၊ ေနာက္ထပ္ေန႔ခင္းပိုင္း အတန္းခ်ိန္ သုံးခ်ိန္လုံးမွာလည္း ျပန္ေရာက္မလာဘူး။

ေက်ာင္းေခါင္းေလာင္းထိုးတဲ့အခ်ိန္ထိေတာင္ ေမာ့က်ဴးခ်န္က ျပန္မလာေသးဘူး။

သူ႔စားပြဲေပၚမွာ ပထမအတန္းခ်ိန္မွာသင္ရတဲ့ စာအုပ္ကို ျဖန႔္ထားတယ္။ လြယ္အိတ္ကလည္း အံဆြဲထဲမွာ ရွိေနတုန္းပဲ။

သူ သုံးေနက်ေဘာပင္ကလည္း ဖြင့္ထားတဲ့စာအုပ္ေပၚမွာ တေစာင္းေလးရွိေနတယ္။

ခ်င္မင္းမင္းနဲ႔ လင္ရွန္းကို အခ်င္းခ်င္းႏႈတ္ဆက္ၿပီးတဲ့ေနာက္မွာ သူလည္း တျခားသူငယ္ခ်င္းေတြနဲ႔ ထြက္သြားတယ္။

မၾကာခင္ အတန္းထဲမွာ လင္ရွန္းသာက်န္ခဲ့ၿပီး စုတ်န္းတ်န္းက သူ႔လြယ္အိတ္ကို ေျဖးေျဖးခ်င္း ထုတ္ပိုးေနတယ္။

လင္ရွန္း ေစာင့္ရမလား မေစာင့္ရဘူးလားဆိုတာကို ဆုံးျဖတ္မတတ္ျဖစ္ေနတုန္းမွာ လြယ္အိတ္ထဲ သိမ္းဆည္းလို႔ၿပီးသြားတဲ့ စုတ်န္းတ်န္းက သူ႔ဆီ ခပ္သုတ္သုတ္ေလး ေလွ်ာက္လာတယ္။

"လင္ရွန္း" စုတ်န္းတ်န္း သူ႔ကို ေခၚလိုက္တယ္ "နင္ ေမာ့က်ဴးခ်န္ကို ေစာင့္ေနတာလား?"

လင္ရွန္း "..."

ဒီေမးခြန္းက နည္းနည္းေတာ့ ေျဖရခက္သား။

ေမာ့က်ဴးခ်န္ရဲ႕လြယ္အိတ္ကို စာသင္ခန္းထဲမွာ ဒီတိုင္းထားရစ္ခဲ့ၿပီး သူသာထြက္သြားလို႔ ေပ်ာက္သြားခဲ့ရင္ ဘယ္လိုလုပ္မလဲဆိုၿပီး နည္းနည္းပါးပါး စိုးရိမ္တာေလာက္သာရွိတယ္။

"ေန႔ခင္းတုန္းက ေက်ာင္းသားေရးရာ႐ုံးခန္းက ဆရာက ငါ့ကို အႏုပညာၿပိဳင္ပြဲအေၾကာင္း ေခၚေမးလို႔၊ ငါျပန္လာတဲ့အခ်ိန္က်ေတာ့ ပထမဆုံးအတန္းခ်ိန္က ၿပီးသေလာက္ျဖစ္ေနၿပီ... ေမာ့က်ဴးခ်န္ကို အနက္ေရာင္ဝတ္စုံဝတ္ထားတဲ့ လူႀကီးႏွစ္ေယာက္နဲ႔ စာသင္ေဆာင္ဘက္ အတူသြားတာကို ေတြ႕လိုက္တယ္" စုတ်န္းတ်န္းေျပာလာတယ္။

"ဟုတ္လား?"

"ဒါေပမယ့္ သူတို႔ေတြက ေမာ့က်ဴးခ်န္အေပၚေတာ့ ရန္လိုတဲ့ပုံမဟုတ္ေလာက္ဘူး" စုတ်န္းတ်န္း ျမန္ျမန္ေျပာျပလိုက္တယ္ "သူတို႔က သူ႔ေနာက္ကေန ေလွ်ာက္ေနၾကတာ၊ ေတာ္ေတာ္ေလး ႐ိုက်ိဳးပုံလည္းေပၚတယ္"

လင္ရွန္း ေခါင္းၿငိတ္ျပလိုက္တယ္။

"အဲ့တာကို စိုးရိမ္မေနနဲ႔ေတာ့" စုတ်န္းတ်န္းက သူ႔ကို ခ်ိဳသာစြာ ၿပဳံးျပလိုက္တယ္။

"ဟုတ္သားပဲ" သူက လြယ္အိတ္ထဲက စကၠဴအိတ္ေလးတစ္လုံး ထုတ္ကာ "ဒါက ငါကိုယ္တိုင္လုပ္ထားတဲ့ ကြတ္ကီးေလး၊ နင့္ရဲ႕နမူနာေမးခြန္းအတြက္ ေက်းဇူးတင္လို႔... ၿပီးခဲ့တဲ့အေခါက္ကထက္စာရင္ ဒီတစ္ေခါက္ စမ္းလုပ္တာက အမ်ားႀကီးပိုေကာင္းတယ္"

စုတ်န္းတ်န္း ရွက္႐ြံ႕စြာ ေျပာလိုက္တယ္ "ငါက အႏုပညာဘက္ကို ေလ့လာအုံးမွာဆိုေပမယ့္ အခုေတာ့ ငါ စာႀကိဳးစားၿပီး ပိုေကာင္းတဲ့ေက်ာင္းကို သြားႏိုင္တယ္လို႔ ခံစားေနရတယ္၊ ေက်းဇူးတင္ပါတယ္!"

"ရပါတယ္၊ ငါ မ်ားမ်ားစားစားလည္း မကူညီလိုက္ရပါဘူး" လင္ရွန္း စကၠဴအိတ္ေလးကို ယူလိုက္တယ္။

"အခုေတာ့ ငါျပန္ၿပီေနာ္၊ နင္လည္း အိမ္ကို ေစာေစာျပန္သင့္တယ္" စုတ်န္းတ်န္း လင္ရွန္းကို လက္ယမ္းျပလိုက္တယ္ "တာ့တာ"

သူက ေျပာလို႔ၿပီးတာနဲ႔ စာသင္ခန္းထဲက ထြက္သြားေတာ့တယ္။

အခုေတာ့ စာသင္ခန္းထဲမွာ လင္ရွန္းတစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့တယ္။

သူ ေမာ့က်ဴးခ်န္ရဲ႕စားပြဲကို ျပန္လွည့္ၾကည့္လိုက္တယ္။

ေနာက္ထပ္ဆယ္မိနစ္ေလာက္ ေစာင့္လိုက္ပါအုံးမယ္။ ဆယ္မိနစ္အတြင္း ျပန္မလာဘူးဆိုရင္ေတာ့ သူတစ္ေယာက္တည္းပဲ ျပန္လိုက္ေတာ့မယ္။

လင္ရွန္း စိတ္ပိုင္းျဖတ္လိုက္တယ္။

သူ႔ေနရာမွာပဲ ခဏေလာက္ ၿငိမ္ၿငိမ္ေလးထိုင္ေနၿပီး နည္းနည္းလည္း ပ်င္းလာတာေၾကာင့္ စုတ်န္းတ်န္း သူ႔ကိုေပးခဲ့တဲ့ စကၠဴအိတ္ေလးကို ဖြင့္လိုက္တယ္။

ခ်စ္စရာေကာင္းတဲ့ေကာင္မငယ္ေလးက ကြတ္ကီးေတြကိုေတာင္မွ ခ်ိဳရဲၿပီး ခ်စ္စရာေကာင္းတဲ့ တိမ္ေလးေတြပုံစံ လုပ္ထားေသးတယ္။

လင္ရွန္း တစ္ခုယူကာ ျမည္းၾကည့္လိုက္တယ္။

အင္း နည္းနည္းေလးေတာ့ ခ်ိဳလြန္းအားႀကီးတယ္။

သူက အခ်ိဳေတြ မႀကိဳက္ဘူး။

ယွဥ္ၾကည့္ရမယ္ဆိုရင္ ေနာက္ဆုံးအေခါက္ ေမာ့က်ဴးခ်န္လုပ္ေပးတာက...

လင္ရွန္း ေတြးလို႔မၿပီးေသးခင္ တံခါးနားက အေလာတႀကီးေျခလွမ္းေတြ ထြက္ေပၚလာတယ္။

လင္ရွန္း ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေနာက္ဆုံးအေခါက္တုန္းက သူကိုယ္တိုင္ ကြတ္ကီးေတြလုပ္ေပးခဲ့တဲ့ ေကာင္ေလးက တံခါးနားမွာ ရပ္ေနတာကို ေတြ႕လိုက္ရတယ္။

ေမာ့က်ဴးခ်န္က ေျပးတက္လာပုံေပၚတယ္။

သူ႔အသက္ရႈႏႈန္းက အနည္းငယ္ျမန္ေနၿပီး ေလ့က်င့္ခန္းလုပ္လိုက္ရၿပီးေနာက္ သူ႔ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာက က်န္းမာစြာ နီရဲေနတယ္။

စာသင္ခန္းအလြတ္ထဲမွာ လင္ရွန္းကို ျမင္လိုက္ရမွသာ ေမာ့က်ဴးခ်န္ စိတ္သက္သာရာရသြားတယ္။ ထို႔ေနာက္ သူ႔အၾကည့္က လင္ရွန္းလက္ေပၚကို ေျဖးေျဖးခ်င္း က်ေရာက္သြားတယ္။

"ေဟး!" ေမာ့က်ဴးခ်န္က ေလတစ္ခ်က္ရႈသြင္းၿပီးေနာက္ ေအးေအးလူလူေျပာလိုက္တယ္ "မင္းလက္ထဲမွာ ဘာကိုင္ထားတာလဲ?"

"စုတ်န္းတ်န္းလုပ္ထားတဲ့ ကြတ္ကီးေတြ" လင္ရွန္းေျပာလိုက္တယ္။

"ဪ" ေမာ့က်ဴးခ်န္ ေခါင္းၿငိတ္ျပလိုက္တယ္။

သူက ေျပာေနရင္း လင္ရွန္းနားကို ေလွ်ာက္လာတယ္။

လင္ရွန္းလက္ထဲမွာ တစ္ဝက္ကိုက္ထားတဲ့ ကြတ္ကီးပိုင္းေလးတစ္ခုရွိေနတယ္။

ေမာ့က်ဴးခ်န္က စားပြဲကို လက္တစ္ဖက္ေထာက္ၿပီး ႐ုတ္တရက္ လင္ရွန္းဆီကို ယိုင္လာတယ္။

သူ လႈပ္ရွားလိုက္တာက ျမန္လြန္းတာေၾကာင့္ လင္ရွန္းေတာင္ မတုံ႔ျပန္ႏိုင္ခင္ ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာက သူ႔ေရွ႕မွာအနီးကပ္ႀကီး ျဖစ္ေနၿပီဆိုတာကို ေတြ႕လိုက္ရတယ္။

ေကာင္ေလးက ခုေလးတင္ ေလ့က်င့္ခန္းလုပ္လိုက္ရၿပီး နီးနီးကပ္ကပ္ရွိေနတာေၾကာင့္ တစ္ဖက္လူဆီက ထြက္ေနတဲ့အပူေငြ႕ကိုေတာင္ လင္ရွန္း ခံစားလို႔ရေနတယ္။

ေမာ့က်ဴးခ်န္ မႈတ္ထုတ္လိုက္တဲ့ ေလေငြ႕ကလည္း လတ္ဆတ္ကာ အနည္းငယ္ေခြၽးစို႔ေနတဲ့ ေဟာ္မုန္းဓာတ္ပါဝင္ေနတယ္။

ဒီလိုမ်ိဳးနဲ႔ သူ(ေမာ့က်ဴးခ်န္)က သူ႔(လင္ရွန္း)ဆီကို မ႐ိုးေျဖာင့္စြာ တိုးကပ္လာတယ္။

လင္ရွန္းႏွလုံးသားက တဒုတ္ဒုတ္နဲ႔ လွ်င္ျမန္စြာ ခုန္ေပါက္ေနတယ္။

သို႔ေပမယ့္ ေနာက္စကၠန႔္ပိုင္းအတြင္းမွာ ေမာ့က်ဴးခ်န္က သူ႔လက္ထဲမွာ က်န္ေနတဲ့ကြတ္ကီးတစ္ဝက္ကိုသာ ဆြဲယူသြားတယ္။

သူ ခါးအျမန္ျပန္မတ္ၿပီး ဘာမွမသိသလိုမ်ိဳး ဝါးပစ္လိုက္တယ္။

ထို႔ေနာက္ သူ႔ႏႈတ္ခမ္းေတြ ေကြးသြားၿပီး "ခ်ိဳရဲေနတာပဲ၊ ေထာပတ္ေတြအမ်ားႀကီးနဲ႔ ခြၽဲခြၽဲႀကီး အပူခ်ိန္ကလည္း မ်ားလြန္းလို႔ ကြၽမ္းေနၿပီ က်စ္..."

ေမာ့က်ဴးခ်န္က စုတ်န္းတ်န္းရဲ႕ကြတ္ကီးေတြကို အျပစ္ရွာေဝဖန္ရင္း လင္ရွန္းကို ငုံ႔ၾကည့္လိုက္တယ္။

"မင္းမ်က္ႏွာက ဘာျဖစ္ရတာလဲ?" သူက ႐ုတ္တရက္ ခပ္႐ႊတ္႐ႊတ္ရယ္လာတယ္ "ဘာလဲ? ခုေလးတင္ ငါက မင္းကိုနမ္းေတာ့မယ္လို႔ ထင္သြားတာလား?"

လင္ရွန္း "!!!"

"ဘယ္သူ... ဘယ္သူက ထင္ေနလို႔လဲ?!" သူ ျမန္ျမန္ျပန္ျငင္းလိုက္တယ္။

ဟုတ္ပါၿပီ၊ သူ အဲ့တာကို တကယ္ေတြးမိခဲ့တယ္။ ဒါေပမယ့္ သူ႔ကိုအျပစ္လာတင္လို႔ရမလား?!

ခုေလးတင္ ေမာ့က်ဴးခ်န္ရဲ႕အျပဳအမူေတြက တအားဒြိဟျဖစ္သြားေစတာမို႔ သူေတြးမိ...

ေမာ့က်ဴးခ်န္ရဲ႕ညာဘက္လက္က လင္ရွန္းစားပြဲေပၚမွာ တင္ထားတုန္းပဲ။

သိပ္မၾကာလိုက္ သူ႔အသံတိတ္သြားၿပီး ကိုယ္က ထပ္ကိုင္းက်လာျပန္တယ္_

ေႏြးေထြးတဲ့ႏႈတ္ခမ္းပါးေတြမွာ ကြတ္ကီးရဲ႕အခ်ိဳဓာတ္ေလးက တင္က်န္ေနဆဲ။ ထိုအရာက လင္ရွန္းႏႈတ္ခမ္းေပၚ က်ေရာက္လာတယ္။

___________________________________



{Unicode}

သို့ပေမယ့် ဒီလိုမျိုး နှောင့်နှေးသွားတာကြောင့် နေ့ခင်းပိုင်း ပထမအတန်းချိန်အတွက် ဆရာက အတန်းထဲကိုတောင် ရောက်လာပြီဖြစ်တယ်။

သူလည်း ချင်မင်းမင်း၊ တခြားသူတွေနဲ့အတူ ထိုင်ခုံဆီ အလောတကြီးပြန်သွားရတယ်။

မိနစ်ပိုင်းအတွင်းမှာ ဆရာက သင်ခန်းစာကို စတင်တော့တယ်။

မော့ကျူးချန်က သူ့ကျောပေါ်မှာ စာကိုဖြေးဖြေးချင်းနဲ့ ပြတ်ပြတ်သားသားရေးလာတယ်။

'ငါ့ကို နံရံမှာ ကပ်မယ်ပေါ့?'

'ဟား ဟား'

'သတ္တိတွေ သိပ်ရှိနေတာပဲ'

'ကျောင်းဆင်းရင် မပြန်နဲ့အုံး'

လင်ရှန်း ခေါင်းအမြန်ယမ်းပြလိုက်တယ်။

မော့ကျူးချန်က သူဘာကိုဆိုလိုချင်မှန်း နားလည်လားတော့မသိပေမယ့် ဘယ်လိုနေနေ နောက်ဆုံးတော့ ငြိမ်ကျသွားတယ်။

ပထမအတန်းချိန်ပြီးသွားတဲ့အခါ လင်ရှန်းနောက်လှည့်ကာ ပြီးခဲ့တဲ့အခေါက်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ မော့ကျူးချန်ကို ရှင်းပြမလို့လုပ်လိုက်တယ်။

နောက်ကိုကြည့်လိုက်တော့မှ တစ်ဖက်လူက ထိုင်ခုံမှာရှိမနေမှန်း သိလိုက်ရတယ်။ လင်ရှန်း ကြောင်အသွားတော့တယ်။

မော့ကျူးချန်က ဒီလောက်မြန်မြန်ပြေးသွားတာလား?

တစ်ဖက်လူ ဘယ်အချိန်တုန်းက ထွက်သွားမှန်းတောင် သူသတိမထားမိလိုက်ဘူး။

ရလဒ်ကတော့ မော့ကျူးချန်က ပထမဆုံးအတန်းချိန်မှာ မရှိရုံတင်မကဘူး၊ နောက်ထပ်နေ့ခင်းပိုင်း အတန်းချိန် သုံးချိန်လုံးမှာလည်း ပြန်ရောက်မလာဘူး။

ကျောင်းခေါင်းလောင်းထိုးတဲ့အချိန်ထိတောင် မော့ကျူးချန်က ပြန်မလာသေးဘူး။

သူ့စားပွဲပေါ်မှာ ပထမအတန်းချိန်မှာသင်ရတဲ့ စာအုပ်ကို ဖြန့်ထားတယ်။ လွယ်အိတ်ကလည်း အံဆွဲထဲမှာ ရှိနေတုန်းပဲ။

သူ သုံးနေကျဘောပင်ကလည်း ဖွင့်ထားတဲ့စာအုပ်ပေါ်မှာ တစောင်းလေးရှိနေတယ်။

ချင်မင်းမင်းနဲ့ လင်ရှန်းကို အချင်းချင်းနှုတ်ဆက်ပြီးတဲ့နောက်မှာ သူလည်း တခြားသူငယ်ချင်းတွေနဲ့ ထွက်သွားတယ်။

မကြာခင် အတန်းထဲမှာ လင်ရှန်းသာကျန်ခဲ့ပြီး စုတျန်းတျန်းက သူ့လွယ်အိတ်ကို ဖြေးဖြေးချင်း ထုတ်ပိုးနေတယ်။

လင်ရှန်း စောင့်ရမလား မစောင့်ရဘူးလားဆိုတာကို ဆုံးဖြတ်မတတ်ဖြစ်နေတုန်းမှာ လွယ်အိတ်ထဲ သိမ်းဆည်းလို့ပြီးသွားတဲ့ စုတျန်းတျန်းက သူ့ဆီ ခပ်သုတ်သုတ်လေး လျှောက်လာတယ်။

"လင်ရှန်း" စုတျန်းတျန်း သူ့ကို ခေါ်လိုက်တယ် "နင် မော့ကျူးချန်ကို စောင့်နေတာလား?"

လင်ရှန်း "..."

ဒီမေးခွန်းက နည်းနည်းတော့ ဖြေရခက်သား။

မော့ကျူးချန်ရဲ့လွယ်အိတ်ကို စာသင်ခန်းထဲမှာ ဒီတိုင်းထားရစ်ခဲ့ပြီး သူသာထွက်သွားလို့ ပျောက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပြီး နည်းနည်းပါးပါး စိုးရိမ်တာလောက်သာရှိတယ်။

"နေ့ခင်းတုန်းက ကျောင်းသားရေးရာရုံးခန်းက ဆရာက ငါ့ကို အနုပညာပြိုင်ပွဲအကြောင်း ခေါ်မေးလို့၊ ငါပြန်လာတဲ့အချိန်ကျတော့ ပထမဆုံးအတန်းချိန်က ပြီးသလောက်ဖြစ်နေပြီ... မော့ကျူးချန်ကို အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ လူကြီးနှစ်ယောက်နဲ့ စာသင်ဆောင်ဘက် အတူသွားတာကို တွေ့လိုက်တယ်" စုတျန်းတျန်းပြောလာတယ်။

"ဟုတ်လား?"

"ဒါပေမယ့် သူတို့တွေက မော့ကျူးချန်အပေါ်တော့ ရန်လိုတဲ့ပုံမဟုတ်လောက်ဘူး" စုတျန်းတျန်း မြန်မြန်ပြောပြလိုက်တယ် "သူတို့က သူ့နောက်ကနေ လျှောက်နေကြတာ၊ တော်တော်လေး ရိုကျိုးပုံလည်းပေါ်တယ်"

လင်ရှန်း ခေါင်းငြိတ်ပြလိုက်တယ်။

"အဲ့တာကို စိုးရိမ်မနေနဲ့တော့" စုတျန်းတျန်းက သူ့ကို ချိုသာစွာ ပြုံးပြလိုက်တယ်။

"ဟုတ်သားပဲ" သူက လွယ်အိတ်ထဲက စက္ကူအိတ်လေးတစ်လုံး ထုတ်ကာ "ဒါက ငါကိုယ်တိုင်လုပ်ထားတဲ့ ကွတ်ကီးလေး၊ နင့်ရဲ့နမူနာမေးခွန်းအတွက် ကျေးဇူးတင်လို့... ပြီးခဲ့တဲ့အခေါက်ကထက်စာရင် ဒီတစ်ခေါက် စမ်းလုပ်တာက အများကြီးပိုကောင်းတယ်"

စုတျန်းတျန်း ရှက်ရွံ့စွာ ပြောလိုက်တယ် "ငါက အနုပညာဘက်ကို လေ့လာအုံးမှာဆိုပေမယ့် အခုတော့ ငါ စာကြိုးစားပြီး ပိုကောင်းတဲ့ကျောင်းကို သွားနိုင်တယ်လို့ ခံစားနေရတယ်၊ ကျေးဇူးတင်ပါတယ်!"

"ရပါတယ်၊ ငါ များများစားစားလည်း မကူညီလိုက်ရပါဘူး" လင်ရှန်း စက္ကူအိတ်လေးကို ယူလိုက်တယ်။

"အခုတော့ ငါပြန်ပြီနော်၊ နင်လည်း အိမ်ကို စောစောပြန်သင့်တယ်" စုတျန်းတျန်း လင်ရှန်းကို လက်ယမ်းပြလိုက်တယ် "တာ့တာ"

သူက ပြောလို့ပြီးတာနဲ့ စာသင်ခန်းထဲက ထွက်သွားတော့တယ်။

အခုတော့ စာသင်ခန်းထဲမှာ လင်ရှန်းတစ်ယောက်တည်းသာ ကျန်ခဲ့တော့တယ်။

သူ မော့ကျူးချန်ရဲ့စားပွဲကို ပြန်လှည့်ကြည့်လိုက်တယ်။

နောက်ထပ်ဆယ်မိနစ်လောက် စောင့်လိုက်ပါအုံးမယ်။ ဆယ်မိနစ်အတွင်း ပြန်မလာဘူးဆိုရင်တော့ သူတစ်ယောက်တည်းပဲ ပြန်လိုက်တော့မယ်။

လင်ရှန်း စိတ်ပိုင်းဖြတ်လိုက်တယ်။

သူ့နေရာမှာပဲ ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေပြီး နည်းနည်းလည်း ပျင်းလာတာကြောင့် စုတျန်းတျန်း သူ့ကိုပေးခဲ့တဲ့ စက္ကူအိတ်လေးကို ဖွင့်လိုက်တယ်။

ချစ်စရာကောင်းတဲ့ကောင်မငယ်လေးက ကွတ်ကီးတွေကိုတောင်မှ ချိုရဲပြီး ချစ်စရာကောင်းတဲ့ တိမ်လေးတွေပုံစံ လုပ်ထားသေးတယ်။

လင်ရှန်း တစ်ခုယူကာ မြည်းကြည့်လိုက်တယ်။

အင်း နည်းနည်းလေးတော့ ချိုလွန်းအားကြီးတယ်။

သူက အချိုတွေ မကြိုက်ဘူး။

ယှဉ်ကြည့်ရမယ်ဆိုရင် နောက်ဆုံးအခေါက် မော့ကျူးချန်လုပ်ပေးတာက...

လင်ရှန်း တွေးလို့မပြီးသေးခင် တံခါးနားက အလောတကြီးခြေလှမ်းတွေ ထွက်ပေါ်လာတယ်။

လင်ရှန်း ခေါင်းမော့ကြည့်လိုက်တော့ နောက်ဆုံးအခေါက်တုန်းက သူကိုယ်တိုင် ကွတ်ကီးတွေလုပ်ပေးခဲ့တဲ့ ကောင်လေးက တံခါးနားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

မော့ကျူးချန်က ပြေးတက်လာပုံပေါ်တယ်။

သူ့အသက်ရှုနှုန်းက အနည်းငယ်မြန်နေပြီး လေ့ကျင့်ခန်းလုပ်လိုက်ရပြီးနောက် သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာက ကျန်းမာစွာ နီရဲနေတယ်။

စာသင်ခန်းအလွတ်ထဲမှာ လင်ရှန်းကို မြင်လိုက်ရမှသာ မော့ကျူးချန် စိတ်သက်သာရာရသွားတယ်။ ထို့နောက် သူ့အကြည့်က လင်ရှန်းလက်ပေါ်ကို ဖြေးဖြေးချင်း ကျရောက်သွားတယ်။

"ဟေး!" မော့ကျူးချန်က လေတစ်ချက်ရှုသွင်းပြီးနောက် အေးအေးလူလူပြောလိုက်တယ် "မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ?"

"စုတျန်းတျန်းလုပ်ထားတဲ့ ကွတ်ကီးတွေ" လင်ရှန်းပြောလိုက်တယ်။

"ဪ" မော့ကျူးချန် ခေါင်းငြိတ်ပြလိုက်တယ်။

သူက ပြောနေရင်း လင်ရှန်းနားကို လျှောက်လာတယ်။

လင်ရှန်းလက်ထဲမှာ တစ်ဝက်ကိုက်ထားတဲ့ ကွတ်ကီးပိုင်းလေးတစ်ခုရှိနေတယ်။

မော့ကျူးချန်က စားပွဲကို လက်တစ်ဖက်ထောက်ပြီး ရုတ်တရက် လင်ရှန်းဆီကို ယိုင်လာတယ်။

သူ လှုပ်ရှားလိုက်တာက မြန်လွန်းတာကြောင့် လင်ရှန်းတောင် မတုံ့ပြန်နိုင်ခင် မော့ကျူးချန်ရဲ့မျက်နှာက သူ့ရှေ့မှာအနီးကပ်ကြီး ဖြစ်နေပြီဆိုတာကို တွေ့လိုက်ရတယ်။

ကောင်လေးက ခုလေးတင် လေ့ကျင့်ခန်းလုပ်လိုက်ရပြီး နီးနီးကပ်ကပ်ရှိနေတာကြောင့် တစ်ဖက်လူဆီက ထွက်နေတဲ့အပူငွေ့ကိုတောင် လင်ရှန်း ခံစားလို့ရနေတယ်။

မော့ကျူးချန် မှုတ်ထုတ်လိုက်တဲ့ လေငွေ့ကလည်း လတ်ဆတ်ကာ အနည်းငယ်ချွေးစို့နေတဲ့ ဟော်မုန်းဓာတ်ပါဝင်နေတယ်။

ဒီလိုမျိုးနဲ့ သူ(မော့ကျူးချန်)က သူ့(လင်ရှန်း)ဆီကို မရိုးဖြောင့်စွာ တိုးကပ်လာတယ်။

လင်ရှန်းနှလုံးသားက တဒုတ်ဒုတ်နဲ့ လျှင်မြန်စွာ ခုန်ပေါက်နေတယ်။

သို့ပေမယ့် နောက်စက္ကန့်ပိုင်းအတွင်းမှာ မော့ကျူးချန်က သူ့လက်ထဲမှာ ကျန်နေတဲ့ကွတ်ကီးတစ်ဝက်ကိုသာ ဆွဲယူသွားတယ်။

သူ ခါးအမြန်ပြန်မတ်ပြီး ဘာမှမသိသလိုမျိုး ဝါးပစ်လိုက်တယ်။

ထို့နောက် သူ့နှုတ်ခမ်းတွေ ကွေးသွားပြီး "ချိုရဲနေတာပဲ၊ ထောပတ်တွေအများကြီးနဲ့ ချွဲချွဲကြီး အပူချိန်ကလည်း များလွန်းလို့ ကျွမ်းနေပြီ ကျစ်..."

မော့ကျူးချန်က စုတျန်းတျန်းရဲ့ကွတ်ကီးတွေကို အပြစ်ရှာဝေဖန်ရင်း လင်ရှန်းကို ငုံ့ကြည့်လိုက်တယ်။

"မင်းမျက်နှာက ဘာဖြစ်ရတာလဲ?" သူက ရုတ်တရက် ခပ်ရွှတ်ရွှတ်ရယ်လာတယ် "ဘာလဲ? ခုလေးတင် ငါက မင်းကိုနမ်းတော့မယ်လို့ ထင်သွားတာလား?"

လင်ရှန်း "!!!"

"ဘယ်သူ... ဘယ်သူက ထင်နေလို့လဲ?!" သူ မြန်မြန်ပြန်ငြင်းလိုက်တယ်။

ဟုတ်ပါပြီ၊ သူ အဲ့တာကို တကယ်တွေးမိခဲ့တယ်။ ဒါပေမယ့် သူ့ကိုအပြစ်လာတင်လို့ရမလား?!

ခုလေးတင် မော့ကျူးချန်ရဲ့အပြုအမူတွေက တအားဒွိဟဖြစ်သွားစေတာမို့ သူတွေးမိ...

မော့ကျူးချန်ရဲ့ညာဘက်လက်က လင်ရှန်းစားပွဲပေါ်မှာ တင်ထားတုန်းပဲ။

သိပ်မကြာလိုက် သူ့အသံတိတ်သွားပြီး ကိုယ်က ထပ်ကိုင်းကျလာပြန်တယ်_

နွေးထွေးတဲ့နှုတ်ခမ်းပါးတွေမှာ ကွတ်ကီးရဲ့အချိုဓာတ်လေးက တင်ကျန်နေဆဲ။ ထိုအရာက လင်ရှန်းနှုတ်ခမ်းပေါ် ကျရောက်လာတယ်။



_____


Thanks 🌹





Continue Reading

You'll Also Like

175K 23.8K 117
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
269K 25.6K 76
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
300K 32.6K 168
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
44K 7.6K 112
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...