"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်"...

By Sayy-Pann-Chi

557K 52.8K 7.8K

ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မ... More

မိတ်ဆက်
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
❗Plz Read🙏(for side couple)❗
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
♡︎🌸♡︎
အပိုင်း(၄၃)
အပိုင်း(၄၄)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
❗အသိပေးချက်❗(ဖတ်ပေးပါ🙏)
❗Book Announcement❗

အပိုင်း(၁၀)

12.1K 1.3K 233
By Sayy-Pann-Chi

ရာဇ၏တဲနှင့်ဆိုလျှင် စမ်းချောင်းလေးကိုကူးဖြတ်ကာ ခရေပင်လမ်းလေးကို တစ်ပြလောက်လျှောက်ပြီးသည့်နေရာတွင် ကလေးတွေကိုထားသည့်ခြံဝင်းကလေးရှိသည်။ဝါးခြမ်းလေးတွေနှင့်ကာရံပေးထားကာ ထိုဝိုင်းထဲတွင်တဲကလေးတစ်လုံးရှိသည်။ထိုတဲသုံးလုံးတွင်၁၂ယောက်သောကလေးတွေက ဆော့ကစားရင်းတူတူနေကြသည်။ရာဇပြောသည့်အတိုင်းတစ်သွေမတိန်းနားထောင်ကြသည့်ကလေးလေးတွေက ဝိုင်းမပြင်မထွက်နှင့်ဆိုလျှင်လည်းမထွက်ပေ။ထမင်းစားချိန်နဲ့အားလပ်ချိန်များတွင်သာ ရာဇအလာကိုတမျှော်မျှော်ဖြစ်တတ်ကြ၏။

"ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့တုန်းဗျ"

ရေကြည်ချောင်းလေးနှင့်ဆန့်ကျင်ဘက်အရပ်သို့ဦးတည်နေသည့် ဓားပြကြီးနောက်မှခပ်သွက်သွက်လိုက်ရင်းစောလွန်းမေးလိုက်တော့ ခြေလှမ်းတို့ကိုရပ်ကာစောလွန်းကိုလှည့်ကြည့်လာသည်။

"ခင်ဗျားသဘောကျလောက်မဲ့နေရာကိုပေါ့ဗျာ"

သူကပြောတော့လည်း ကိုယ့်မှာခြေပစရာစကားလုံးမရှိ။တကယ်ပဲ ဒီလိုလူမနေတဲ့တောကြီးတောင်ကြီးထဲမှာ စောလွန်းသဘောကျမဲ့နေရာရှိတာ ဟုတ်မှဟုတ်လေစ။

"ရှေ့နားဆိုရောက်ပြီ"

ကျောက်တုံးလေးများပေါ်ဖြတ်လျှောက်ရင်း စမ်းချောင်းကိုဖြတ်ကူးပြီးသည့်နောက်တွင် ဓားပြကြီးပြောလာသည့်စကား။

စောလွန်းမှာ တောင်ကြည့်မြောက်ကြည့်နှင့်လျှောက်ရင်း ချောင်းကူးသည့်နေရာမှာလည်းသတိထားနေရတာကြောင့် ထိုလူရောက်ခါနီးပြီဟုပြောမှ ရှေ့ကိုကြည့်လိုက်မိသည်။ထိုအခါ စောလွန်း၏မျက်ဝန်လေးတွေဟာ ဖန်ဂေါ်လီပမာတောက်ပသွားရ၏။

မကျဥ်းမကျယ်တောလမ်းကလေးတစ်လျှောက် စီတန်းစွာပေါက်ရောက်နေသည့်ခရေပင်တန်းကြီးက စောလွန်းအလာကိုကြိုလင့်နေကြသယောင်။ကြွေကျနေသည့်ခရေပန်းတချို့က မြေပြင်ပေါ်တွင်ပန်းခင်းလမ်းသဖွယ်။

အဖူးအပွင့်အကိုင်းအခက်တို့ဝေဆာနေသည့်ခရေပင်ကြီးတစ်ပင်၏အောက်တွင် သစ်သားခုံတန်းလေးတစ်ခုကလည်းရိုးရှင်းစွာနေရာယူသည်။

ထိုအခိုက်မှာပဲ လေပြည်လေးတစ်ဝှေ့ကကျီစယ်တော့ မွှေးပျံ့ပျံ့ခရေနံ့သင်းသင်းလေးက ပတ်ဝန်းကျင်တစ်ခွင်ပျံ့လွှင့်လာကာ စောလွန်း၏ဂန္ဓာရုံကိုလည်းကြည်နူးစေသည်။

ဒီအချိန်အခိုက်အတန့်လေးသည် ခရေပန်းကိုသိပ်မြတ်နိုးသည့်စောလွန်းအတွက် ဘာနှင့်မျှလဲမရနိုင်အောင်ပင်။

"ခရေပင်တွေ..."

"အင်း ခင်ဗျားသဘောကျရဲ့လား"

"အရမ်းပဲ"

မျက်ဝန်းလေးတွေတောက်ပကာ ခရေပင်တောလမ်းလေးတစ်လျှောက်ကို အပြုံးမျက်နှာလေးဖြင့်ကြည့်နေသည့်ကောင်လေးကြောင့် ရာဇပါလိုက်ပြုံးမိသည်။

"ဒါနဲ့...ကျွန်တော်ခရေပန်းကြိုက်တာခင်ဗျားဘယ်လိုသိလဲ"

"ဟင် ကျုပ်ကဘယ်သိမတုန်း ဒီတိုင်း...ခင်ဗျားအကြိုက်နဲ့ကျုပ်ခေါ်လာတဲ့နေရာတိုက်ဆိုင်သွားတာ"

"သြော်..."

အင်းလေ...ချစ်သူဖြစ်သည့်မောင်ကတောင် စောလွန်း၏အကြိုက်ကိုအရေးတယူမရှိတာ   သူစိမ်းဖြစ်သည့်ဓားပြကြီးကလည်းဘယ်သိပါ့မလဲ။သိမှပဲပိုထူးဆန်းတော့မှာ။ချစ်သူသက်တမ်းလတွေကျော်လာခဲ့ပြီးတာတောင်   မောင်သည်စောလွန်းခရေပန်းကြိုက်တတ်မှန်းသတိတရမရှိခဲ့။

ရာဇတို့ခရေပင်လမ်းလေးအတိုင်းလျှောက်နေကြတာဖြစ်သည်။ဘေးတွင်တိတ်ဆိတ်သွားကာ မျက်နှာလေးညှိုးငယ်သွားသည့်ကောင်လေးကဘာကိုတွေးပြီးဝမ်းနည်းသွားရပြန်တာပါလိမ့်။ရွာမှာကျန်ခဲ့သောချစ်သူဆိုသည့်မိန်းကလေးကိုများလွမ်းဆွတ်သွားလေသလား။

ခရေပန်းကြိုက်တာဘယ်လိုသိလဲဟုမေးသည့်အချိန်တုန်းက 'ခင်ဗျားရဲ့မြတ်နိုးချင်စရာခန္ဓာလေးထက်မယ် အမြဲဝေ့သီနေတတ်တာခရေရနံ့လေးမဟုတ်လား'ဟုပြန်မေးလိုက်ချင်ပါသော်လည်း ရာဇခက်ထန်မပီသစွာသတ္တိကြောင်မိသည်ကလည်းသူပါပဲ။

"ဟော ရှေ့နားမယ်ဝိုင်းလေးတစ်ခု"

လှမ်းမြင်နေရသည့်အတော်အတန်ကျယ်ဝန်းသောဝိုင်းကလေးကိုလက်ညှိုးညွှန်ကာစောလွန်းပြောလိုက်သည်။

"အင်း ကျုပ်ခင်ဗျားကိုခေါ်သွားချင်တာလည်းဒီနေရာပဲ"

လျှောက်လာရင်းနဲ့ပဲ ဝိုင်းအဝသို့ရောက်လာချေပြီ။ထို့နောက်မှာတော့ ဝိုင်းထဲရှိတဲလေးများထဲမှကလေးတစ်သိုက်ထွက်လာသည့်အချိန်တွင်တော့စောလွန်းအံ့သြစွာမျက်လုံးတို့ပြူးကျယ်သွားရသည်။ကလေးလေးတွေဆိုတာ၁၀နှစ်ကျော်အရွယ်မှ ဘုစုကရုလေးတွေအထိပါပါသည်။

"ဟေ့လူ ခင်..ခင်ဗျားကလေးတွေကိုပါဖမ်းထားတာလား ဟုတ်သလား"

စောလွန်းမယုံကြည်နိုင်စွာမေးရင်းခြေလှမ်းတွေပါနောက်ဆုတ်သွားရသည်။ထိုဓားပြကြီးကလူဆိုးဆိုတာသိပေမဲ့ ဒီလောက်ကြီးထိ...အပြစ်မရှိတဲ့ကလေးလေးတွေအထိပါဖမ်းခေါ်ထားနိုင်လောက်မည်ဟုမထင်မှတ်ထားခဲ့။

ရာဇမှာတော့သိုးပေါက်လေး၏အပြုအမူကြောင့် စိတ်ပျက်လက်ပျက်ခေါင်းခါရုံသာတတ်နိုင်တော့သည်။လူကိုဆိုဘယ်သောအခါမှအကောင်းမမြင်ဘူး။

"ဦးကြီး!"

ရာဇကိုလည်းမြင်ရော တဲထဲကနေအပြင်ပြေးထွက်လာသည့်နန်းကြာလေးကို ရာဇစီးကြိုကာချီပွေ့လိုက်သည်။

"နန်းကြာလေး ညကအိပ်လို့ပျော်ရဲ့လား"

"အိပ်ပျော်တာပေါ့ဦးကြီးရဲ့ နန်းကြာကဦးကြီးအသစ်ဝယ်လာပေးတဲ့အနွေးထည်ကြီးကိုဝတ်ပြီးအိပ်တာနွေးနေရော"

"ဟားဟား ဟုတ်ပါပြီဗျာ"

စောလွန်းမှာတော့ ကလေးမလေးနှင့်ဓားပြကြီး၏ရင်းနှီးပုံကိုကြည့်ပြီးပါးစပ်အဟောင်းသားပင်။ဒီလူ ကလေးတွေကိုဘယ်လိုများသိမ်းသွင်းထားလို့ ကလေးတွေကသူကိုအခုလိုမျိုးတရင်းတနှီးဆက်ဆံနေရတာလဲ။

ရာဇကတော့ပါးစပ်အဟောင်းသားဖြစ်နေသည့်ကောင်လေး၏မျက်နှာအပြောင်းအလဲကိုကြည့်ပြီး ထိုကောင်လေးဘာတွေတွေးနေလဲဆိုတာရိပ်မိလိုက်သည်။

"ခင်ဗျားတွေးချင်တာတွေဇွတ်မတွေးဘဲ ကျုပ်ကိုအကောင်းမြင်ပေးလို့မရဘူးလား"

"............"

တောင်းဆိုသလိုပြောနေသည့်ဓားပြကြီးက ဘာကြောင့်မာန်စွယ်ကျိုးနေသည့်ပုံစံဖြစ်နေရပါသနည်း။ထိုလူ့မျက်ဝန်းအကြည့်တွေသည် သူဟာစောလွန်းထင်သလိုမျိုးမဟုတ်ပါဘူးဟုရှင်းပြနေသယောင်။ထိုအရာကြောင့်ပဲ စောလွန်းတိတ်ဆိတ်သွားမိသည်။ထိုလူ့လက်ပေါ်က ကလေးမလေးကလည်းစောလွန်းကိုမျက်လုံးဝိုင်းလေးတွေနှင့်အထူးအဆန်းလိုကြည့်နေသည်။

"ထားလေတော့ ကျုပ်ပြီးမှသေချာရှင်းပြပါ့မယ် အခုအရင်ဆုံးဝိုင်းထဲဝင်ရအောင်"

ထို့နောက်...သူတို့နှစ်ယောက်လုံးနန်းကြာလေးနဲ့အတူ ကလေးတွေနေထိုင်သည့်ဝိုင်းလေးအတွင်းသို့ဝင်ခဲ့လိုက်သည်။

.
.

"ဦးကြီး သူကဘယ်သူလဲဟင်"

"သူလို့မပြောရဘူးလေနန်းကြာ ဦးဦးလို့ပြောရတယ်"

ရာဇတို့အခုခြံဝန်းလေးအတွင်းတွင်အကုန်စုထိုင်ကာစကားပြောနေကြခြင်းဖြစ်သည်။မြေပြင်ပေါ်တွင်ဖိနပ်လေးတွေခုကာထိုင်နေသည့်ရာဇနှင့်ကောင်လေးရှေ့တွင် ကလေးတွေကအုပ်စုလိုက်ထိုင်နေကြကာ အချွဲသန်သည့်နန်းကြာလေးကတော့ ရာဇ၏ပေါင်ပေါ်မှာဇိမ်ကျနေလေရဲ့။

"ဟုတ် ဒီဦးဦးကနန်းကြာတို့နဲ့အတူနေမှာလားဟင်"

နန်းကြာ၏အမေးကြောင့်ရာဇတိတ်ဆိတ်မိသွားသည်။သူဘယ်လိုပြန်ဖြေသင့်ပါသလဲ။အားငယ်တတ်သည့်ကလေးလေးတွေ၊အဖော်မင်တတ်သည့်ကလေးလေးတွေပီသစွာ  တစ်စုံတစ်ယောက်ကိုသူတို့နှင့်အတူတူအမြဲနေစေချင်တတ်ရှာသော သနားစရာကလေးလေးတွေကို ဘယ်လိုအဖြေမျိုးပေးသင့်ပါသလဲ။

"နန်းကြာ ဒီဦးဦးက..."

"နေမှာပေါ့ နန်းကြာလေးရဲ့"

ရာဇစကားမဆုံးခင်ဖြတ်ပြောလာသည့်ကောင်လေးကြောင့် ဒီဦးဦးကသူ့အိမ်သူပြန်ရမှာဆိုသည့်ရာဇ၏အဖြေကဆုံးခန်းမတိုင်ခဲ့ပေ။မယုံကြည်နိုင်စွာဘေးကိုလှည့်ကြည့်မိတော့ ရာဇကိုမျက်မှောင်ကြုတ်ကာငြိမ်ငြိမ်နေဆိုသည့်အကြည့်မျိုးဖြင့်ကြည့်နေသည်။ထို့နောက်...ရာဇနဲ့နားရွက်နားသို့တိုးကပ်လာကာ...

"ကလေးတွေစိတ်ကျေနပ်အောင်ဖြေပေးမယ်မရှိဘူး တကယ်ပဲ"

ပြောကာမျက်စောင်းတစ်ချက်ထိုးပြီး နန်းကြာနှင့်တီတီတာတာပြောလိုက် ကျန်ကလေးတွေနှင့်ပွဲကျလိုက်နှင့် အခြားအချိန်များနှင့်မတူစွာပြုံးရွှင်နေသည့်ချစ်ဦးသူလေးကိုကြည့်ပြီး ရာဇဒီကိုခေါ်လာမိတာမှန်သွားပြီဟုထင်မိသည်။

ခုနကကိုယ့်ကိုသံသယံဝင်နေတာသူမဟုတ်သည့်အတိုင်း အခုများတော့အပြုံးလေးတွေတောက်ပနေသည်မှာငေးကြည့်နေမိသည့်ရာဇကိုရင်သပ်ရှုမောသွားစေသည်အထိ။

အမြဲရာဇတစ်ယောက်တည်းကိုသာကပ်ချွဲတတ်ပြီး သော်ကတို့သုံးယောက်နှင့်တောင်စကားအများကြီးမပြောတတ်သည့် နန်းကြာလေးကလည်း ဘယ်အချိန်တည်းက သိုးပေါက်လေးပေါင်ပေါ်ရောက်သွားမှန်းမသိလိုက်။

'နေမှာပေါ့ နန်းကြာလေးရဲ့'တဲ့။ အမှန်တိုင်းဝန်ခံရပါလျှင်ဖြင့် ထိုစကားကြားကြားချင်း မျှော်လင့်ချက်ရောင်ခြည်လေးသန်းခဲ့မိသည်။သို့သော်...ထိုကောင်လေးပြောသည့်အတိုင်းပင် ဘယ်သူကကိုယ်မုန်းနေသည့်သူနဲ့အချိန်အကြာကြီးအတူနေနိုင်မယ်တဲ့လဲ။အချိန်တန်လျှင် ထိုကောင်လေးဟာလည်းသူလာသည့်နေရာသူပြန်ရမည်သာ။

ထိုသို့တွေးမိပြန်တော့ ဘယ်ဘက်ရင်အုံကနာကျင်မှုကဆိုးရွာစွာခံရခက်စေသည်။ဘာလို့များအချိန်ခဏလေးအတွင်းမှာ ကိုယ်နဲ့မသိသည့်လူတစ်ယောက်ကိုတွယ်တွယ်တာတာချစ်မိသွားရတာလဲ။ထိုသိုးပေါက်လေးနှင့်ခွဲခွာရမည့်အချိန်ကိုရော ရာဇဘယ်လိုအင်အားဖြင့်ကျော်ဖြတ်ရပါ့။

ထို့နောက် သူတို့နှစ်ယောက်ကလေးတွေကိုနှုတ်ဆက်ကာ ဝိုင်းထဲမှပြန်ထွက်လာခဲ့ကြသည်။ဒါတောင်...နန်းကြာလေးကဦးဦး ဦးဦးနှင့်ဟိုကောင်လေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတော့ ကလေးနဲ့တောင်သဝန်တိုချင်လာရတာကရာဇကိုယ်တိုင်ပင်။မပိုင်ဆိုင်ရသေးခင်တောင် ထိုသိုးပေါက်လေးကိုအခုလိုဝန်တိုနေရတာ အကယ်၍များပိုင်ဆိုင်နိုင်ခဲ့လို့ကတော့....

အဟက် မဖြစ်နိုင်တာကြီးကိုဆက်မတွေးလေနဲ့ရာဇ။

<<<<<<
>>>>>>

"ကျုပ်တို့ဒီနားမယ် ခေတ္တလောက်ထိုင်ရအောင်လား"

အလာတုန်းကတွေ့ခဲ့သည့်ခရေပင်အောက်ကသစ်သားခုံတန်းလေးကိုညွှန်ပြကာပြောလာသည့်ဓားပြကြီးကြောင့် စောလွန်းလည်းခေါင်းညိတ်ပြပြီး ဝင်ထိုင်လိုက်သည်။မနက်ပိုင်းအချိန်ဖြစ်တာကြောင့် လေပြည်နုနုလေးတွေကအရမ်းမအေးသော်လည်း တစ်ချက်တစ်ချက်တိုက်ခတ်နေတုန်းပင်။

"အဲဒီ့ကလေးတွေအကုန်လုံးကကျုပ်မွေးစားထားတာလေ"

"ဘယ်လို....."

ဒီစကားကိုစောလွန်းနားနှင့်ဆက်ဆက်ကြားလိုက်ရတာမဟုတ်ဘဲ အခြားသူကတစ်ဆင့်လာပြောခဲ့တာဆိုလျှင် ထိုလာပြောသည့်လူကိုလက်ညှိုးထိုးကာဟားတိုက်နေမိလောက်မည်။ဒီဓားပြကြီးက ကလေးတွေအကုန်လုံးကိုမွေးစားတယ်။မဖြစ်နိုင်ဘူးလို့တော့ စောလွန်းဘူးခံပြီးမငြင်းရဲပါ။အစောကတည်းက'ကလေးတွေနှင့်ထိုလူ့၏ဆက်ဆံရေးကိုမြင်တွေ့ခဲ့ပြီးမလား။

"ဟုတ်တယ် ခင်ဗျားနားလည်အောင်ပြောရရင် အဲဒီ့ကလေးတွေအကုန်လုံးကစစ်ဘေးရှောင်လေးတွေ"

စစ်ဘေးရှောင်လေးတွေဆိုသည့်စကားကြောင့် ထိုလူဆက်ပြောလာမည့်စကားများကို စောလွန်းစိတ်ဝင်တစားနားထောင်နေမိသည်။

"အင်္ဂလိပ်တွေလည်းဖက်ဆစ်နည်းတူရက်စက်ခဲ့ကြတာပါပဲ သူတို့ရဲ့မတရားလုပ်ရပ်တွေကြောင့်ဖြစ်ပေါ်လာတဲ့စစ်ပွဲက အပြစ်မရှိတဲ့ပြည်သူတွေကလေးငယ်တွေကိုဒုက္ခရောက်စေခဲ့တယ်"

ဟိုးယခင်အချိန်ကတည်းက ဗမာပြည်သူပြည်သားတို့သည် ကျူးကျော်သူအင်္ဂလိပ်တို့၏အုပ်ချုပ်မှုအတိုင်းနှုတ်ဆိတ်ကာနေခဲ့ကြရသည်။သို့သော်...၁၉၀၅ခုနစ်တွင်ဂျပန်ကရုရှားကိုစစ်ပွဲမှာအနိုင်ရခဲ့သည်ဟူသည့်သတင်းကြားကြပြီးနောက် မြန်မာတို့၏အမျိုးသားစိတ်ဓာတ်ကလည်းတစ်ဖန်ပြန်လည်ပေါ်ပေါက်လာခဲ့ကြသည်။

၁၉၀၆ခုနစ်လောက်တွင်နိုင်ငံရေးတတ်ကြွသူတချို့ဦးဆောင်ပြီး ဝိုင်.အမ်.ဘီ.အေ(ခေါ်)ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ကိုတည်ထောင်ခဲ့သည်။ထိုအသင်း၏ခေါင်းဆောင်တချို့ကသတင်းစာတိုက်တွေထောင်၊သတင်းစာတွေမှာရေးသူကရေး၊နယ်တကာလှည့်ကာ လှုံ့ဆော်ဟောကြားသူကဟောကြားနှင့် ၁၉၂၀လောက်တွင်ဝံသာနုစိတ်ဓာတ်များပိုမိုတတ်ကြွလာကြကာ ဝိုင်.အမ်.ဘီ.အေ မှမြန်မာနိုင်ငံလုံးဆိုင်ရာဂျီ.စီ.ဘီ.အေ အသင်းကြီးသို့ပြောင်းလဲလိုက်ကြသည်။

(ဂျီိ.စီ.ဘီ.အေ=General Council of Burmese Associations)

ထိုသို့ မျိုးချစ်စိတ်ဓာတ်တတ်ကြွသူမြန်မာပြည်သူပြည်သားတို့သည် မိမိနိုင်ငံအကျိုးဖြစ်လောက်မည့် ဟုမ္မရူး(ခေါ်)ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ပေးရန်တောင်းဆိုခဲ့ကြသော်လည်း အင်္ဂလိပ်အစိုးရကဝံသာနုခေါင်းဆောင်များနှင့်လှုပ်ရှားသူများကိုသာဖမ်းဆီးချုပ်နှောင်ထားခဲ့ကြသည်။အင်္ဂလိပ်တွေကမတရားဖိနှိပ်လေ မြန်မာတို့၏ဝံသာနုစိတ်ဓာတ်တွေကတတ်ကြွလေဖြစ်ရာ ထိုအရာသည်မျက်နှာဖြူတွေအားတော်လှန်ဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့သည်။

ထိုသို့နှင့် ၁၉၃၉ခုနစ်တွင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပေါ်ခဲ့သည်။ဂျပန်တွေသည် အရှေ့တောင်အာရှရှိ အင်္ဂလိပ်၊ပြင်သစ်၊အမေရိကန်ပိုင်နယ်များကိုတိုက်မည်ကို ကြိုတင်သိနှင့်ပြီးသောတို့ဗမာအစည်းအရုံးခေါင်းဆောင်များသည် ဂျပန်တို့၏အကူအညီဖြင့်မျက်နှာဖြူအစိုးရတို့ထံမှလွတ်လပ်ရေးကိုအရယူမည်ဟုကြံစည်ခဲ့ကြသည်။

ထိုအကြံအစည်ကြောင့်ပဲ ၁၉၄၁ခုနစ်တွင် သခင်အောင်ဆန်းခေါင်းဆောင်သည့်ရဲဘော်သုံးကျိပ်သည် မြန်မာနိုင်ငံမှတိတ်တဆိတ်ထွက်ခွာခဲ့ကြကာ ဂျပန်သို့သွား၍ ဗိုလ်မှူးကြီးဆူဇူကီကေအီဂျီ၏အကူအညီဖြင့် စစ်အတတ်ပညာသင်ကြားခဲ့ကြသည်။

၁၉၄၂ခုနစ်တွင်တော့ သခင်အောင်ဆန်း၏ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်နှင့်အတူမြန်မာနိုင်ငံတောင်ပိုင်းသို့ဝင်လာကာ အင်္ဂလိပ်တို့အားစစ်ခင်းခဲ့ကြသည်။မခုခံနိုင်သည့်အင်္ဂလိပ်တွေက ရန်ကုန်မှပြည်၊ထို့နောက် မန္တလေး၊ထို့နောက် မြစ်ကြီးနားသို့ဆုတ်၍ ၁၉၄၂ခုနစ်မေလတွင်မဏိပူရကိုဖြတ်ကာအိန္ဒိယသို့ဝင်သွားကြတော့၏။ထိုနောက်ပိုင်း မျက်နှာဖြူတို့အားတော်လှန်သည့်စစ်ပွဲကြီးတွင် အပြစ်မရှိဘဲနစ်နာခဲ့ကြရသည့်စစ်ဘေးရှောင်ပြည်သူတချို့လည်းရှိခဲ့သည်။

ထို့နောက်မှာတော့ မျက်နှာဖြူတွေ၏နေရာတွင်ဖက်ဆစ်ဂျပန်တွေကနေရာယူလာတော့တာပင်။ကျူးကျော်သည့်လူမျိုးနိုင်ငံသာကွဲသွားမည် မတရားပုံ၊ရက်စက်ပုံခြင်းကတော့ဆင်တူသည်။ဖက်ဆစ်တွေကပိုယုတ်မာကြသည်ဟုဆိုရလေမလား။

ဒီအကြောင်းတွေကိုရာဇဘာကြောင့် ခရေစေ့တွင်းကျသိနေရသလဲဆိုရင် ရာဇခက်ထန်ကအမှန်တကယ်ဘယ်သူလဲဆိုသည့်မေးခွန်းနှင့်သက်ဆိုင်သွားပေလိမ့်မည်။ထားပါလေ...ကျုပ်မပြောလည်းခင်ဗျားတို့တစ်ချိန်ချိန်တော့သိရမှာပါ။

ထိုအတွေးတွေကိုခဏရပ်ကာ ဘေးတွင်ရာဇပြောမည့်စကားများကိုသာအာရုံစိုက်နားထောင်နေသည့်ကောင်လေးဘက်သို့မျက်နှာမူလိုက်ရင်း

"အသက်မရှိတော့တဲ့မိဘတွေရဲ့အလောင်းဘေးမှာထိုင်ပြီး ညစ်ပေစုတ်ပြတ်နေတဲ့ပုံစံလေးတွေနဲ့ထိုင်ငိုနေကြတဲ့ဘာမှမသိနားမလည်တဲ့ကလေးငယ်တွေ၊အစာရေဆာငတ်ပြတ်နေကြတဲ့အရွယ်ရောက်ပြီးသာကလေးတွေ"

ဟင်းးးး

ရာဇစကားပြောခြင်းကိုခေတ္တရပ်တန့်ကာ သက်ပြင်းအရှည်ကြီးချမိသည်။ထို့နောက် ကောင်းလေးကိုကြည့်နေရာမှရှေ့တည့်တည့်ရှိခရေပင်တစ်ပင်ကိုအကြည့်တို့ပို့လိုက်သည်။ဒီခရေပင်လမ်းလေးတွင် ဘယ်ဘက်ရောညာဘက်မှာပါ ခရေပင်တွေကအစီအတန်းရှိနေခြင်းဖြစ်သည်။

"အဲဒီ့မြင်ကွင်းတွေကိုအခုထက်ထိကျုပ်မေ့လို့မရသေးဘူး သိပ်သနားစရာကောင်းတဲ့ကလေးတွေ အဲတာကြောင့်ပဲကျုပ်ခေါ်လာပြီးမွေးစားလိုက်တာ"

ဓားပြကြီး၏ပြောကြားချက်များနောက်မှာတော့ စောလွန်းဘာမှပြန်မတုန့်ပြန်နိုင်လောက်အောင်ကိုရင်ထဲတစ်ဆို့နေသည်။အပြစ်ကင်းစင်သည့်အဖြူထည်ကလေးလေးတွေအပေါ်မှာမှ ကံကြမ္မာကဘာလို့အခုလိုရက်စက်နိုင်ရတာလဲ။ကိုယ်တိုင်မကြုံတွေ့ခဲ့ရသည့်စောလွန်းတောင်ဒီလိုဝမ်းနည်းသနားမိပါလျှင် မျက်စိနှင့်တပ်အပ်မြင်ခဲ့ရသည့်ဓားပြကြီးဆိုလျှင်ဘယ်လောက်တောင်ခံစားသွားရမလဲ။

ကလေးချစ်တတ်သည့်စောလွန်းအတွက်တော့ ဓားပြကြီး၏ကလေးတွေအကုန်ခေါ်မွေးစားလိုက်သည့်လုပ်ရပ်သည်အထင်ကြီးချင်စရာပင်။ကလေးတွေကိုဓားပြတိုက်ပြီးကျွေးနေပေမဲ့လည်းပေါ့။ဘာပဲဖြစ်ဖြစ် အခုလိုအကြောင်းအရာတွေကြားလိုက်ရတော့ဓားပြကြီးအပေါ်အနည်းငယ်တော့အမြင်ကြည်သွားရသည်။ခုနကကလေးတွေကိုဖမ်းခေါ်ထားတယ်ဟုဆိုကာ စွပ်စွဲမိသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသည်။

တစ်ဆက်တည်းမှာပဲ ထိုဓားပြကြီးနှင့်အတူတူဒီတောထဲမှာနေရမည့်နေ့ရက်တွေအတွက်လည်း စိတ်ချသွားရသည်။ကြင်နာတတ်တဲ့ဓားပြကြီးကစောလွန်းကိုစောင့်ရှောက်မှာပါလေ။

"ဓားပြကြီး"

"ဗျာ"

ခုံတန်းလေးတွင်ခဏမျှတိတ်ဆိတ်သွားမှုကို ဖြိုခွင်းရန်စောလွန်းခေါ်လိုက်တာဖြစ်သော်လည်း ယဥ်ကျေးစွာပြန်ထူးလာသူကြောင့်အနည်းငယ်ပြုံးမိသွားသည်။ဓားပြကြီးကကြင်နာရုံတင်မကဘဲ ယဥ်ကျေးမှုပါရှိတယ်ပေါ့လေ။အင်း မဆိုးပါဘူး။

ရာဇမှာတော့မြင်နေရသည့်အပြုံးလေးကို မျက်တောင်မခတ်တမ်းငေးနေမိသည်။ဒီမြတ်နိုးချင်စရာအပြုံးလေးကကိုယ့်ကြောင့်ဖြစ်တည်လာတာဆိုသည့်အတွေးသည် ရာဇတစ်ကိုယ်လုံးကိုရှိန်းခနဲဖြိန်းခရဲဖြစ်သွားစေသည်။

"ကျွန်တော်ဘာလို့ခရေပန်းတွေကြိုက်လဲသိသလား"

"အင်း ပြောပါဦး"

"ခရေဆိုတာ...ဝေလည်းမွှေးကြွေလည်းမွှေးတဲ့ တစ်ပွင့်တည်းသောပန်းလေ"

ဒီတစ်ခါတော့ တိတ်တဆိတ်နားထောင်နေသူမှာ ရာဇဖြစ်သွားသည်။

"အပင်ပေါ်မှာတင့်တင့်တယ်တယ်ပွင့်လန်းနေတဲ့ခရေကမွှေးသလို မြေပြင်ပေါ်ဝယ်ပြန့်ကျဲနေတဲ့ခရေကလည်းမွှေးတယ် လူတွေကသူ့ကိုမညှာမတာခြေထောက်နဲ့တတ်နင်းသွားကြရင်တောင် သူကဆက်ပြီးမွှေးနေဦးမှာပဲ"

"သူ့ရဲ့ဖြစ်တည်မှုကသိမ်နှုပ်ပေမဲ့တကယ်တမ်းတော့...ခရေကသိပ်ကိုကြံ့ခိုင်တဲ့ပန်းလေးပဲ အဲတာကြောင့်ကျွန်တော်လည်း ကျွန်တော်နဲ့တူတဲ့ခရေပန်းလေးကိုမြတ်နိုးရတာ"

ကျွန်တော်နဲ့တူတဲ့ပန်းလေးဆိုသည့်စကားကြောင့် ရာဇလည်းတွေးမိသည်။

*ခင်ဗျားသာခရေပန်းဆိုရင် ကျုပ်ရဲ့တစ်ပွင့်တည်းသောခရေလေးပဲဖြစ်စေချင်မိတယ်*

"သဇင်ပန်းကိုရောသဘောမကျဘူးလား သူကရှားတယ်လေ လှလည်းလှတယ်"

"သဇင်ပန်း အဲဒီ့မာနကြီးတဲ့ပန်းကိုဘာလို့သဘောကျရမှာလဲ"

"မာနကြီးတဲ့ပန်း"

"အင်း သူကနေရာတိုင်‌မှာမပွင့်လန်းနိုင်ဘူးလေ တောကြီးတောင်ကြီးထဲမှာပဲပေါက်ရောက်တယ် ပြီးတော့...နေရောင်လည်းမခံနိုင်ဘူး ဆောင်းတွင်းရောက်ကာမှ နှင်းရည်သောက်ပြီးပွင့်လန်းကြတာ"

"အဲတာနဲ့ သူမာနကြီးနဲ့ဆိုင်လို့လား"

ထိုကောင်လေးရဲ့အတွေးကိုရာဇလိုက်လို့မမှီပေ။

"ဝေယန်နန်းမြင့်၊ပန်တိုင်းတင့်မို့
မြို့ဝန်မင်းစာ၊လိပ်မပါဘဲ
ကွယ်ရာစျေးပြင်၊ရောင်းလို့များမြင်မလား
သေဆိုသေ၊ရှင်ဆိုရှင်
အင်မတန့်အင်မတန်၊ရာဇဝတ်တော်ခံရမည်"

"........."

"ဦးတိုးရေးခဲ့တဲ့ဘုန်းနှင့်ကံနှင့်ရွှေသဇင်ကဗျာမှာပါတဲ့စာပုဒ်လေးလေ"

"အင်း"

ရာဇလည်းဖတ်ဖူးတာကြောင့် ခေါင်းညိတ်ပြလိုက်သည်။

"ရှေးခေတ်အခါက သဇင်ပန်းကိုတွေ့ကရာစျေးမှာချရောင်းတာတို့ တွေ့ကရာလူပန်ဆင်တာဆိုရင် အဲဒီ့ရောင်းတဲ့လူရောပန်တဲ့လူပါကြီးမားတဲ့ပြစ်ဒဏ်ကိုခံကြရတယ်တဲ့ ကျွန်တော်အမြဲတွေးကြည့်ဖူးတယ် ဒီပန်းလေးတစ်ခတ်အတွက်ဒီလောက်ပြန်ပေးဆပ်ရတာတန်ရဲ့လားလို့"

ထိုကောင်လေးပြောတာလည်းမှန်နေတာကြောင့် ရာဇပြန်မချေပမိ။သို့သော်...ရာဇ၏သိုးပေါက်လေးကတော့ သဇင်ပန်းလိုမာနကြီးမည်ဟုမထင်ပါ။

"အဲတာကြောင့် ကျွန်တော်ကတော့သဇင်ပန်းကိုဘုန်းကံရှိတဲ့ပန်းလို့မမြင်ဘဲ မာနကြီးတဲ့ပန်းလို့ဘဲမြင်မိတယ် သဇင်ပန်းထက်စာရင် ခရေပန်းကမှရိုးသားသေးတယ်"

(ဦးတိုး၏ကဗျာကိုစော်ကားလိုစိတ်မရှိပါ)

"ခင်ဗျားအတွေးကလည်းမှန်တာပါပဲ"

"ဒါနဲ့ ကျွန်တော်ဒီတောထဲမှာခင်ဗျားတို့နဲ့အတူနေတာနှစ်ရက်ရှိပြီ ကျွန်တော်နာမည်ကိုခင်ဗျားမသိသေးဘူးမလား"

"ခင်ဗျားပြောပြချင်မယ်မထင်လို့ ကျုပ်မမေးတာပါ"

"ကျွန်တော်နာမည်...စောလွန်းသက်လယ်ပါ"

စောလွန်းသက်လယ်...စောလွန်းသက်လယ်...စောလွန်းသက်လယ်...

စောလွန်းသက်လယ်ဆိုသည့်နာမည်လေးသည် ရာဇ၏အကြားအာရုံကိုအကြိမ်ကြိမ်ရိုက်ခတ်သွားခဲ့သည်။သိုးပေါက်လေးနာမည်ကစောလွန်းသက်လယ်တဲ့လား။လူနဲ့နာမည်နဲ့သိပ်ကိုလိုက်ဖက်ပါဘိ။

"ခင်ဗျားနာမည်ကရော ရာဇပဲလား"

မေးလာသည့်မေးခွန်းကိုမဖြေခင် မြေပြင်ပေါ်တွင်ကျနေသည့်ခရေပွင့်လေးတချို့ကိုကုန်းကောက်ကာ ချစ်ရသူလေး၏လက်ထဲသို့အပြုံးတစ်ပွင့်နှင့်အတူ ထည့်ပေးလိုက်ပြီးကာမှ..

"ရာဇခက်ထန်....ကျုပ်နာမည်ရာဇခက်ထန်ပါ...သက်လယ်"

<<<<<<
>>>>>>

ဒီနေ့အရှည်ကြီးပဲနော်😭မနေ့ကမပြောလိုက်ရလို့။ Merry Christmas to all of my sakura☃️🌸

ဒီအပိုင်းကိုရေးဖို့ googelကနေ ဆောင်းပါးတွေရှာဖတ်ခဲ့ရကြောင့် crdပေးပါတယ်✨

ဆေးပန်းချီ🌸

၂၆.၁၂.၂၀၂၁💜


ရာဇ၏တဲႏွင့္ဆိုလွ်င္ စမ္းေခ်ာင္းေလးကိုကူးျဖတ္ကာ ခေရပင္လမ္းေလးကို တစ္ျပေလာက္ေလွ်ာက္ၿပီးသည့္ေနရာတြင္ ကေလးေတြကိုထားသည့္ၿခံဝင္းကေလးရွိသည္။ဝါးျခမ္းေလးေတြႏွင့္ကာရံေပးထားကာ ထိုဝိုင္းထဲတြင္တဲကေလးတစ္လုံးရွိသည္။ထိုတဲသုံးလုံးတြင္၁၂ေယာက္ေသာကေလးေတြက ေဆာ့ကစားရင္းတူတူေနၾကသည္။ရာဇေျပာသည့္အတိုင္းတစ္ေသြမတိန္းနားေထာင္ၾကသည့္ကေလးေလးေတြက ဝိုင္းမျပင္မထြက္ႏွင့္ဆိုလွ်င္လည္းမထြက္ေပ။ထမင္းစားခ်ိန္နဲ႕အားလပ္ခ်ိန္မ်ားတြင္သာ ရာဇအလာကိုတေမွ်ာ္ေမွ်ာ္ျဖစ္တတ္ၾက၏။

"ကြၽန္ေတာ့္ကိုဘယ္ေခၚသြားမလို႔တုန္းဗ်"

ေရၾကည္ေခ်ာင္းေလးႏွင့္ဆန့္က်င္ဘက္အရပ္သို႔ဦးတည္ေနသည့္ ဓားျပႀကီးေနာက္မွခပ္သြက္သြက္လိုက္ရင္းေစာလြန္းေမးလိုက္ေတာ့ ေျခလွမ္းတို႔ကိုရပ္ကာေစာလြန္းကိုလွည့္ၾကည့္လာသည္။

"ခင္ဗ်ားသေဘာက်ေလာက္မဲ့ေနရာကိုေပါ့ဗ်ာ"

သူကေျပာေတာ့လည္း ကိုယ့္မွာေျခပစရာစကားလုံးမရွိ။တကယ္ပဲ ဒီလိုလူမေနတဲ့ေတာႀကီးေတာင္ႀကီးထဲမွာ ေစာလြန္းသေဘာက်မဲ့ေနရာရွိတာ ဟုတ္မွဟုတ္ေလစ။

"ေရွ႕နားဆိုေရာက္ၿပီ"

ေက်ာက္တုံးေလးမ်ားေပၚျဖတ္ေလွ်ာက္ရင္း စမ္းေခ်ာင္းကိုျဖတ္ကူးၿပီးသည့္ေနာက္တြင္ ဓားျပႀကီးေျပာလာသည့္စကား။

ေစာလြန္းမွာ ေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္ေလွ်ာက္ရင္း ေခ်ာင္းကူးသည့္ေနရာမွာလည္းသတိထားေနရတာေၾကာင့္ ထိုလူေရာက္ခါနီးၿပီဟုေျပာမွ ေရွ႕ကိုၾကည့္လိုက္မိသည္။ထိုအခါ ေစာလြန္း၏မ်က္ဝန္ေလးေတြဟာ ဖန္ေဂၚလီပမာေတာက္ပသြားရ၏။

မက်ဥ္းမက်ယ္ေတာလမ္းကေလးတစ္ေလွ်ာက္ စီတန္းစြာေပါက္ေရာက္ေနသည့္ခေရပင္တန္းႀကီးက ေစာလြန္းအလာကိုႀကိဳလင့္ေနၾကသေယာင္။ေႂကြက်ေနသည့္ခေရပန္းတခ်ိဳ႕က ေျမျပင္ေပၚတြင္ပန္းခင္းလမ္းသဖြယ္။

အဖူးအပြင့္အကိုင္းအခက္တို႔ေဝဆာေနသည့္ခေရပင္ႀကီးတစ္ပင္၏ေအာက္တြင္ သစ္သားခုံတန္းေလးတစ္ခုကလည္းရိုးရွင္းစြာေနရာယူသည္။

ထိုအခိုက္မွာပဲ ေလျပည္ေလးတစ္ေဝွ႕ကက်ီစယ္ေတာ့ ေမႊးပ်ံ့ပ်ံ့ခေရနံ႕သင္းသင္းေလးက ပတ္ဝန္းက်င္တစ္ခြင္ပ်ံ့လႊင့္လာကာ ေစာလြန္း၏ဂႏၶာ႐ုံကိုလည္းၾကည္ႏူးေစသည္။

ဒီအခ်ိန္အခိုက္အတန့္ေလးသည္ ခေရပန္းကိုသိပ္ျမတ္နိုးသည့္ေစာလြန္းအတြက္ ဘာႏွင့္မွ်လဲမရနိုင္ေအာင္ပင္။

"ခေရပင္ေတြ..."

"အင္း ခင္ဗ်ားသေဘာက်ရဲ႕လား"

"အရမ္းပဲ"

မ်က္ဝန္းေလးေတြေတာက္ပကာ ခေရပင္ေတာလမ္းေလးတစ္ေလွ်ာက္ကို အၿပဳံးမ်က္ႏွာေလးျဖင့္ၾကည့္ေနသည့္ေကာင္ေလးေၾကာင့္ ရာဇပါလိုက္ၿပဳံးမိသည္။

"ဒါနဲ႕...ကြၽန္ေတာ္ခေရပန္းႀကိဳက္တာခင္ဗ်ားဘယ္လိုသိလဲ"

"ဟင္ က်ဳပ္ကဘယ္သိမတုန္း ဒီတိုင္း...ခင္ဗ်ားအႀကိဳက္နဲ႕က်ဳပ္ေခၚလာတဲ့ေနရာတိုက္ဆိုင္သြားတာ"

"ေၾသာ္..."

အင္းေလ...ခ်စ္သူျဖစ္သည့္ေမာင္ကေတာင္ ေစာလြန္း၏အႀကိဳက္ကိုအေရးတယူမရွိတာ သူစိမ္းျဖစ္သည့္ဓားျပႀကီးကလည္းဘယ္သိပါ့မလဲ။သိမွပဲပိုထူးဆန္းေတာ့မွာ။ခ်စ္သူသက္တမ္းလေတြေက်ာ္လာခဲ့ၿပီးတာေတာင္ ေမာင္သည္ေစာလြန္းခေရပန္းႀကိဳက္တတ္မွန္းသတိတရမရွိခဲ့။

ရာဇတို႔ခေရပင္လမ္းေလးအတိုင္းေလွ်ာက္ေနၾကတာျဖစ္သည္။ေဘးတြင္တိတ္ဆိတ္သြားကာ မ်က္ႏွာေလးညွိုးငယ္သြားသည့္ေကာင္ေလးကဘာကိုေတြးၿပီးဝမ္းနည္းသြားရျပန္တာပါလိမ့္။႐ြာမွာက်န္ခဲ့ေသာခ်စ္သူဆိုသည့္မိန္းကေလးကိုမ်ားလြမ္းဆြတ္သြားေလသလား။

ခေရပန္းႀကိဳက္တာဘယ္လိုသိလဲဟုေမးသည့္အခ်ိန္တုန္းက 'ခင္ဗ်ားရဲ႕ျမတ္နိုးခ်င္စရာခႏၶာေလးထက္မယ္ အၿမဲေဝ့သီေနတတ္တာခေရရနံ႕ေလးမဟုတ္လား'ဟုျပန္ေမးလိုက္ခ်င္ပါေသာ္လည္း ရာဇခက္ထန္မပီသစြာသတၱိေၾကာင္မိသည္ကလည္းသူပါပဲ။

"ေဟာ ေရွ႕နားမယ္ဝိုင္းေလးတစ္ခု"

လွမ္းျမင္ေနရသည့္အေတာ္အတန္က်ယ္ဝန္းေသာဝိုင္းကေလးကိုလက္ညွိုးၫႊန္ကာေစာလြန္းေျပာလိုက္သည္။

"အင္း က်ဳပ္ခင္ဗ်ားကိုေခၚသြားခ်င္တာလည္းဒီေနရာပဲ"

ေလွ်ာက္လာရင္းနဲ႕ပဲ ဝိုင္းအဝသို႔ေရာက္လာေခ်ၿပီ။ထို႔ေနာက္မွာေတာ့ ဝိုင္းထဲရွိတဲေလးမ်ားထဲမွကေလးတစ္သိုက္ထြက္လာသည့္အခ်ိန္တြင္ေတာ့ေစာလြန္းအံ့ၾသစြာမ်က္လုံးတို႔ျပဴးက်ယ္သြားရသည္။ကေလးေလးေတြဆိုတာ၁၀ႏွစ္ေက်ာ္အ႐ြယ္မွ ဘုစုက႐ုေလးေတြအထိပါပါသည္။

"ေဟ့လူ ခင္..ခင္ဗ်ားကေလးေတြကိုပါဖမ္းထားတာလား ဟုတ္သလား"

ေစာလြန္းမယုံၾကည္နိုင္စြာေမးရင္းေျခလွမ္းေတြပါေနာက္ဆုတ္သြားရသည္။ထိုဓားျပႀကီးကလူဆိုးဆိုတာသိေပမဲ့ ဒီေလာက္ႀကီးထိ...အျပစ္မရွိတဲ့ကေလးေလးေတြအထိပါဖမ္းေခၚထားနိုင္ေလာက္မည္ဟုမထင္မွတ္ထားခဲ့။

ရာဇမွာေတာ့သိုးေပါက္ေလး၏အျပဳအမူေၾကာင့္ စိတ္ပ်က္လက္ပ်က္ေခါင္းခါ႐ုံသာတတ္နိုင္ေတာ့သည္။လူကိုဆိုဘယ္ေသာအခါမွအေကာင္းမျမင္ဘူး။

"ဦးႀကီး!"

ရာဇကိုလည္းျမင္ေရာ တဲထဲကေနအျပင္ေျပးထြက္လာသည့္နန္းၾကာေလးကို ရာဇစီးႀကိဳကာခ်ီေပြ႕လိုက္သည္။

"နန္းၾကာေလး ညကအိပ္လို႔ေပ်ာ္ရဲ႕လား"

"အိပ္ေပ်ာ္တာေပါ့ဦးႀကီးရဲ႕ နန္းၾကာကဦးႀကီးအသစ္ဝယ္လာေပးတဲ့အႏြေးထည္ႀကီးကိုဝတ္ၿပီးအိပ္တာႏြေးေနေရာ"

"ဟားဟား ဟုတ္ပါၿပီဗ်ာ"

ေစာလြန္းမွာေတာ့ ကေလးမေလးႏွင့္ဓားျပႀကီး၏ရင္းႏွီးပုံကိုၾကည့္ၿပီးပါးစပ္အေဟာင္းသားပင္။ဒီလူ ကေလးေတြကိုဘယ္လိုမ်ားသိမ္းသြင္းထားလို႔ ကေလးေတြကသူကိုအခုလိုမ်ိဳးတရင္းတႏွီးဆက္ဆံေနရတာလဲ။

ရာဇကေတာ့ပါးစပ္အေဟာင္းသားျဖစ္ေနသည့္ေကာင္ေလး၏မ်က္ႏွာအေျပာင္းအလဲကိုၾကည့္ၿပီး ထိုေကာင္ေလးဘာေတြေတြးေနလဲဆိုတာရိပ္မိလိုက္သည္။

"ခင္ဗ်ားေတြးခ်င္တာေတြဇြတ္မေတြးဘဲ က်ဳပ္ကိုအေကာင္းျမင္ေပးလို႔မရဘူးလား"

"............"

ေတာင္းဆိုသလိုေျပာေနသည့္ဓားျပႀကီးက ဘာေၾကာင့္မာန္စြယ္က်ိဳးေနသည့္ပုံစံျဖစ္ေနရပါသနည္း။ထိုလူ႕မ်က္ဝန္းအၾကည့္ေတြသည္ သူဟာေစာလြန္းထင္သလိုမ်ိဳးမဟုတ္ပါဘူးဟုရွင္းျပေနသေယာင္။ထိုအရာေၾကာင့္ပဲ ေစာလြန္းတိတ္ဆိတ္သြားမိသည္။ထိုလူ႕လက္ေပၚက ကေလးမေလးကလည္းေစာလြန္းကိုမ်က္လုံးဝိုင္းေလးေတြႏွင့္အထူးအဆန္းလိုၾကည့္ေနသည္။

"ထားေလေတာ့ က်ဳပ္ၿပီးမွေသခ်ာရွင္းျပပါ့မယ္ အခုအရင္ဆုံးဝိုင္းထဲဝင္ရေအာင္"

ထို႔ေနာက္...သူတို႔ႏွစ္ေယာက္လုံးနန္းၾကာေလးနဲ႕အတူ ကေလးေတြေနထိုင္သည့္ဝိုင္းေလးအတြင္းသို႔ဝင္ခဲ့လိုက္သည္။

.
.

"ဦးႀကီး သူကဘယ္သူလဲဟင္"

"သူလို႔မေျပာရဘူးေလနန္းၾကာ ဦးဦးလို႔ေျပာရတယ္"

ရာဇတို႔အခုၿခံဝန္းေလးအတြင္းတြင္အကုန္စုထိုင္ကာစကားေျပာေနၾကျခင္းျဖစ္သည္။ေျမျပင္ေပၚတြင္ဖိနပ္ေလးေတြခုကာထိုင္ေနသည့္ရာဇႏွင့္ေကာင္ေလးေရွ႕တြင္ ကေလးေတြကအုပ္စုလိုက္ထိုင္ေနၾကကာ အခြၽဲသန္သည့္နန္းၾကာေလးကေတာ့ ရာဇ၏ေပါင္ေပၚမွာဇိမ္က်ေနေလရဲ႕။

"ဟုတ္ ဒီဦးဦးကနန္းၾကာတို႔နဲ႕အတူေနမွာလားဟင္"

နန္းၾကာ၏အေမးေၾကာင့္ရာဇတိတ္ဆိတ္မိသြားသည္။သူဘယ္လိုျပန္ေျဖသင့္ပါသလဲ။အားငယ္တတ္သည့္ကေလးေလးေတြ၊အေဖာ္မင္တတ္သည့္ကေလးေလးေတြပီသစြာ တစ္စုံတစ္ေယာက္ကိုသူတို႔ႏွင့္အတူတူအၿမဲေနေစခ်င္တတ္ရွာေသာ သနားစရာကေလးေလးေတြကို ဘယ္လိုအေျဖမ်ိဳးေပးသင့္ပါသလဲ။

"နန္းၾကာ ဒီဦးဦးက..."

"ေနမွာေပါ့ နန္းၾကာေလးရဲ႕"

ရာဇစကားမဆုံးခင္ျဖတ္ေျပာလာသည့္ေကာင္ေလးေၾကာင့္ ဒီဦးဦးကသူ႕အိမ္သူျပန္ရမွာဆိုသည့္ရာဇ၏အေျဖကဆုံးခန္းမတိုင္ခဲ့ေပ။မယုံၾကည္နိုင္စြာေဘးကိုလွည့္ၾကည့္မိေတာ့ ရာဇကိုမ်က္ေမွာင္ၾကဳတ္ကာၿငိမ္ၿငိမ္ေနဆိုသည့္အၾကည့္မ်ိဳးျဖင့္ၾကည့္ေနသည္။ထို႔ေနာက္...ရာဇနဲ႕နား႐ြက္နားသို႔တိုးကပ္လာကာ...

"ကေလးေတြစိတ္ေက်နပ္ေအာင္ေျဖေပးမယ္မရွိဘူး တကယ္ပဲ"

ေျပာကာမ်က္ေစာင္းတစ္ခ်က္ထိုးၿပီး နန္းၾကာႏွင့္တီတီတာတာေျပာလိုက္ က်န္ကေလးေတြႏွင့္ပြဲက်လိဳက္ႏွင့္ အျခားအခ်ိန္မ်ားႏွင့္မတူစြာၿပဳံး႐ႊင္ေနသည့္ခ်စ္ဦးသူေလးကိုၾကည့္ၿပီး ရာဇဒီကိုေခၚလာမိတာမွန္သြားၿပီဟုထင္မိသည္။

ခုနကကိုယ့္ကိုသံသယံဝင္ေနတာသူမဟုတ္သည့္အတိုင္း အခုမ်ားေတာ့အၿပဳံးေလးေတြေတာက္ပေနသည္မွာေငးၾကည့္ေနမိသည့္ရာဇကိုရင္သပ္ရႈေမာသြားေစသည္အထိ။

အၿမဲရာဇတစ္ေယာက္တည္းကိုသာကပ္ခြၽဲတတ္ၿပီး ေသာ္ကတို႔သုံးေယာက္ႏွင့္ေတာင္စကားအမ်ားႀကီးမေျပာတတ္သည့္ နန္းၾကာေလးကလည္း ဘယ္အခ်ိန္တည္းက သိုးေပါက္ေလးေပါင္ေပၚေရာက္သြားမွန္းမသိလိုက္။

'ေနမွာေပါ့ နန္းၾကာေလးရဲ႕'တဲ့။ အမွန္တိုင္းဝန္ခံရပါလွ်င္ျဖင့္ ထိုစကားၾကားၾကားခ်င္း ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းခဲ့မိသည္။သို႔ေသာ္...ထိုေကာင္ေလးေျပာသည့္အတိုင္းပင္ ဘယ္သူကကိုယ္မုန္းေနသည့္သူနဲ႕အခ်ိန္အၾကာႀကီးအတူေနနိုင္မယ္တဲ့လဲ။အခ်ိန္တန္လွ်င္ ထိုေကာင္ေလးဟာလည္းသူလာသည့္ေနရာသူျပန္ရမည္သာ။

ထိုသို႔ေတြးမိျပန္ေတာ့ ဘယ္ဘက္ရင္အုံကနာက်င္မႈကဆိုး႐ြာစြာခံရခက္ေစသည္။ဘာလို႔မ်ားအခ်ိန္ခဏေလးအတြင္းမွာ ကိုယ္နဲ႕မသိသည့္လူတစ္ေယာက္ကိုတြယ္တြယ္တာတာခ်စ္မိသြားရတာလဲ။ထိုသိုးေပါက္ေလးႏွင့္ခြဲခြာရမည့္အခ်ိန္ကိုေရာ ရာဇဘယ္လိုအင္အားျဖင့္ေက်ာ္ျဖတ္ရပါ့။

ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ကေလးေတြကိုႏႈတ္ဆက္ကာ ဝိုင္းထဲမွျပန္ထြက္လာခဲ့ၾကသည္။ဒါေတာင္...နန္းၾကာေလးကဦးဦး ဦးဦးႏွင့္ဟိုေကာင္ေလးကိုမခြဲနိုင္မခြာရက္ျဖစ္ေနေတာ့ ကေလးနဲ႕ေတာင္သဝန္တိုခ်င္လာရတာကရာဇကိုယ္တိုင္ပင္။မပိုင္ဆိုင္ရေသးခင္ေတာင္ ထိုသိုးေပါက္ေလးကိုအခုလိုဝန္တိုေနရတာ အကယ္၍မ်ားပိုင္ဆိုင္နိုင္ခဲ့လို႔ကေတာ့....

အဟက္ မျဖစ္နိုင္တာႀကီးကိုဆက္မေတြးေလနဲ႕ရာဇ။

<<<<<<
>>>>>>

"က်ဳပ္တို႔ဒီနားမယ္ ေခတၱေလာက္ထိုင္ရေအာင္လား"

အလာတုန္းကေတြ႕ခဲ့သည့္ခေရပင္ေအာက္ကသစ္သားခုံတန္းေလးကိုၫႊန္ျပကာေျပာလာသည့္ဓားျပႀကီးေၾကာင့္ ေစာလြန္းလည္းေခါင္းညိတ္ျပၿပီး ဝင္ထိုင္လိုက္သည္။မနက္ပိုင္းအခ်ိန္ျဖစ္တာေၾကာင့္ ေလျပည္ႏုႏုေလးေတြကအရမ္းမေအးေသာ္လည္း တစ္ခ်က္တစ္ခ်က္တိုက္ခတ္ေနတုန္းပင္။

"အဲဒီ့ကေလးေတြအကုန္လုံးကက်ဳပ္ေမြးစားထားတာေလ"

"ဘယ္လို....."

ဒီစကားကိုေစာလြန္းနားႏွင့္ဆက္ဆက္ၾကားလိုက္ရတာမဟုတ္ဘဲ အျခားသူကတစ္ဆင့္လာေျပာခဲ့တာဆိုလွ်င္ ထိုလာေျပာသည့္လူကိုလက္ညွိုးထိုးကာဟားတိုက္ေနမိေလာက္မည္။ဒီဓားျပႀကီးက ကေလးေတြအကုန္လုံးကိုေမြးစားတယ္။မျဖစ္နိုင္ဘူးလို႔ေတာ့ ေစာလြန္းဘူးခံၿပီးမျငင္းရဲပါ။အေစာကတည္းက'ကေလးေတြႏွင့္ထိုလူ႕၏ဆက္ဆံေရးကိုျမင္ေတြ႕ခဲ့ၿပီးမလား။

"ဟုတ္တယ္ ခင္ဗ်ားနားလည္ေအာင္ေျပာရရင္ အဲဒီ့ကေလးေတြအကုန္လုံးကစစ္ေဘးေရွာင္ေလးေတြ"

စစ္ေဘးေရွာင္ေလးေတြဆိုသည့္စကားေၾကာင့္ ထိုလူဆက္ေျပာလာမည့္စကားမ်ားကို ေစာလြန္းစိတ္ဝင္တစားနားေထာင္ေနမိသည္။

"အဂၤလိပ္ေတြလည္းဖက္ဆစ္နည္းတူရက္စက္ခဲ့ၾကတာပါပဲ သူတို႔ရဲ႕မတရားလုပ္ရပ္ေတြေၾကာင့္ျဖစ္ေပၚလာတဲ့စစ္ပြဲက အျပစ္မရွိတဲ့ျပည္သူေတြကေလးငယ္ေတြကိုဒုကၡေရာက္ေစခဲ့တယ္"

ဟိုးယခင္အခ်ိန္ကတည္းက ဗမာျပည္သူျပည္သားတို႔သည္ က်ဴးေက်ာ္သူအဂၤလိပ္တို႔၏အုပ္ခ်ဳပ္မႈအတိုင္းႏႈတ္ဆိတ္ကာေနခဲ့ၾကရသည္။သို႔ေသာ္...၁၉၀၅ခုနစ္တြင္ဂ်ပန္က႐ုရွားကိုစစ္ပြဲမွာအနိုင္ရခဲ့သည္ဟူသည့္သတင္းၾကားၾကၿပီးေနာက္ ျမန္မာတို႔၏အမ်ိဳးသားစိတ္ဓာတ္ကလည္းတစ္ဖန္ျပန္လည္ေပၚေပါက္လာခဲ့ၾကသည္။

၁၉၀၆ခုနစ္ေလာက္တြင္နိုင္ငံေရးတတ္ႂကြသူတခ်ိဳ႕ဦးေဆာင္ၿပီး ဝိုင္.အမ္.ဘီ.ေအ(ေခၚ)ဗုဒၶဘာသာကလ်ာဏယုဝအသင္း ကိုတည္ေထာင္ခဲ့သည္။ထိုအသင္း၏ေခါင္းေဆာင္တခ်ိဳ႕ကသတင္းစာတိုက္ေတြေထာင္၊သတင္းစာေတြမွာေရးသူကေရး၊နယ္တကာလွည့္ကာ လႈံ႕ေဆာ္ေဟာၾကားသူကေဟာၾကားႏွင့္ ၁၉၂၀ေလာက္တြင္ဝံသာႏုစိတ္ဓာတ္မ်ားပိုမိုတတ္ႂကြလာၾကကာ ဝိုင္.အမ္.ဘီ.ေအ မွျမန္မာနိုင္ငံလုံးဆိုင္ရာဂ်ီ.စီ.ဘီ.ေအ အသင္းႀကီးသို႔ေျပာင္းလဲလိုက္ၾကသည္။

(ဂျီိ.စီ.ဘီ.ေအ=General Council of Burmese Associations)

ထိုသို႔ မ်ိဳးခ်စ္စိတ္ဓာတ္တတ္ႂကြသူျမန္မာျပည္သူျပည္သားတို႔သည္ မိမိနိုင္ငံအက်ိဳးျဖစ္ေလာက္မည့္ ဟုမၼ႐ူး(ေခၚ)ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးစနစ္ေပးရန္ေတာင္းဆိုခဲ့ၾကေသာ္လည္း အဂၤလိပ္အစိုးရကဝံသာႏုေခါင္းေဆာင္မ်ားႏွင့္လႈပ္ရွားသူမ်ားကိုသာဖမ္းဆီးခ်ဳပ္ႏွောင္ထားခဲ့ၾကသည္။အဂၤလိပ္ေတြကမတရားဖိႏွိပ္ေလ ျမန္မာတို႔၏ဝံသာႏုစိတ္ဓာတ္ေတြကတတ္ႂကြေလျဖစ္ရာ ထိုအရာသည္မ်က္ႏွာျဖဴေတြအားေတာ္လွန္ဖို႔ တြန္းအားတစ္ခုျဖစ္ေစခဲ့သည္။

ထိုသို႔ႏွင့္ ၁၉၃၉ခုနစ္တြင္ဒုတိယကမၻာစစ္ႀကီးျဖစ္ေပၚခဲ့သည္။ဂ်ပန္ေတြသည္ အေရွ႕ေတာင္အာရွရွိ အဂၤလိပ္၊ျပင္သစ္၊အေမရိကန္ပိုင္နယ္မ်ားကိုတိုက္မည္ကို ႀကိဳတင္သိႏွင့္ၿပီးေသာတို႔ဗမာအစည္းအ႐ုံးေခါင္းေဆာင္မ်ားသည္ ဂ်ပန္တို႔၏အကူအညီျဖင့္မ်က္ႏွာျဖဴအစိုးရတို႔ထံမွလြတ္လပ္ေရးကိုအရယူမည္ဟုႀကံစည္ခဲ့ၾကသည္။

ထိုအႀကံအစည္ေၾကာင့္ပဲ ၁၉၄၁ခုနစ္တြင္ သခင္ေအာင္ဆန္းေခါင္းေဆာင္သည့္ရဲေဘာ္သုံးက်ိပ္သည္ ျမန္မာနိုင္ငံမွတိတ္တဆိတ္ထြက္ခြာခဲ့ၾကကာ ဂ်ပန္သို႔သြား၍ ဗိုလ္မႉးႀကီးဆူဇူကီေကအီဂ်ီ၏အကူအညီျဖင့္ စစ္အတတ္ပညာသင္ၾကားခဲ့ၾကသည္။

၁၉၄၂ခုနစ္တြင္ေတာ့ သခင္ေအာင္ဆန္း၏ဗမာ့လြတ္လပ္ေရးတပ္မေတာ္သည္ ဂ်ပန္စစ္တပ္ႏွင့္အတူျမန္မာနိုင္ငံေတာင္ပိုင္းသို႔ဝင္လာကာ အဂၤလိပ္တို႔အားစစ္ခင္းခဲ့ၾကသည္။မခုခံနိုင္သည့္အဂၤလိပ္ေတြက ရန္ကုန္မွျပည္၊ထို႔ေနာက္ မႏၱေလး၊ထို႔ေနာက္ ျမစ္ႀကီးနားသို႔ဆုတ္၍ ၁၉၄၂ခုနစ္ေမလတြင္မဏိပူရကိုျဖတ္ကာအိႏၵိယသို႔ဝင္သြားၾကေတာ့၏။ထိုေနာက္ပိုင္း မ်က္ႏွာျဖဴတို႔အားေတာ္လွန္သည့္စစ္ပြဲႀကီးတြင္ အျပစ္မရွိဘဲနစ္နာခဲ့ၾကရသည့္စစ္ေဘးေရွာင္ျပည္သူတခ်ိဳ႕လည္းရွိခဲ့သည္။

ထို႔ေနာက္မွာေတာ့ မ်က္ႏွာျဖဴေတြ၏ေနရာတြင္ဖက္ဆစ္ဂ်ပန္ေတြကေနရာယူလာေတာ့တာပင္။က်ဴးေက်ာ္သည့္လူမ်ိဳးနိုင္ငံသာကြဲသြားမည္ မတရားပုံ၊ရက္စက္ပုံျခင္းကေတာ့ဆင္တူသည္။ဖက္ဆစ္ေတြကပိုယုတ္မာၾကသည္ဟုဆိုရေလမလား။

ဒီအေၾကာင္းေတြကိုရာဇဘာေၾကာင့္ ခေရေစ့တြင္းက်သိေနရသလဲဆိုရင္ ရာဇခက္ထန္ကအမွန္တကယ္ဘယ္သူလဲဆိုသည့္ေမးခြန္းႏွင့္သက္ဆိုင္သြားေပလိမ့္မည္။ထားပါေလ...က်ဳပ္မေျပာလည္းခင္ဗ်ားတို႔တစ္ခ်ိန္ခ်ိန္ေတာ့သိရမွာပါ။

ထိုအေတြးေတြကိုခဏရပ္ကာ ေဘးတြင္ရာဇေျပာမည့္စကားမ်ားကိုသာအာ႐ုံစိုက္နားေထာင္ေနသည့္ေကာင္ေလးဘက္သို႔မ်က္ႏွာမူလိုက္ရင္း

"အသက္မရွိေတာ့တဲ့မိဘေတြရဲ႕အေလာင္းေဘးမွာထိုင္ၿပီး ညစ္ေပစုတ္ျပတ္ေနတဲ့ပုံစံေလးေတြနဲ႕ထိုင္ငိုေနၾကတဲ့ဘာမွမသိနားမလည္တဲ့ကေလးငယ္ေတြ၊အစာေရဆာငတ္ျပတ္ေနၾကတဲ့အ႐ြယ္ေရာက္ၿပီးသာကေလးေတြ"

ဟင္းးးး

ရာဇစကားေျပာျခင္းကိုေခတၱရပ္တန့္ကာ သက္ျပင္းအရွည္ႀကီးခ်မိသည္။ထို႔ေနာက္ ေကာင္းေလးကိုၾကည့္ေနရာမွေရွ႕တည့္တည့္ရွိခေရပင္တစ္ပင္ကိုအၾကည့္တို႔ပို႔လိုက္သည္။ဒီခေရပင္လမ္းေလးတြင္ ဘယ္ဘက္ေရာညာဘက္မွာပါ ခေရပင္ေတြကအစီအတန္းရွိေနျခင္းျဖစ္သည္။

"အဲဒီ့ျမင္ကြင္းေတြကိုအခုထက္ထိက်ဳပ္ေမ့လို႔မရေသးဘူး သိပ္သနားစရာေကာင္းတဲ့ကေလးေတြ အဲတာေၾကာင့္ပဲက်ဳပ္ေခၚလာၿပီးေမြးစားလိုက္တာ"

ဓားျပႀကီး၏ေျပာၾကားခ်က္မ်ားေနာက္မွာေတာ့ ေစာလြန္းဘာမွျပန္မတုန့္ျပန္နိုင္ေလာက္ေအာင္ကိုရင္ထဲတစ္ဆို႔ေနသည္။အျပစ္ကင္းစင္သည့္အျဖဴထည္ကေလးေလးေတြအေပၚမွာမွ ကံၾကမၼာကဘာလို႔အခုလိုရက္စက္နိုင္ရတာလဲ။ကိုယ္တိုင္မႀကဳံေတြ႕ခဲ့ရသည့္ေစာလြန္းေတာင္ဒီလိုဝမ္းနည္းသနားမိပါလွ်င္ မ်က္စိႏွင့္တပ္အပ္ျမင္ခဲ့ရသည့္ဓားျပႀကီးဆိုလွ်င္ဘယ္ေလာက္ေတာင္ခံစားသြားရမလဲ။

ကေလးခ်စ္တတ္သည့္ေစာလြန္းအတြက္ေတာ့ ဓားျပႀကီး၏ကေလးေတြအကုန္ေခၚေမြးစားလိုက္သည့္လုပ္ရပ္သည္အထင္ႀကီးခ်င္စရာပင္။ကေလးေတြကိုဓားျပတိုက္ၿပီးေကြၽးေနေပမဲ့လည္းေပါ့။ဘာပဲျဖစ္ျဖစ္ အခုလိုအေၾကာင္းအရာေတြၾကားလိုက္ရေတာ့ဓားျပႀကီးအေပၚအနည္းငယ္ေတာ့အျမင္ၾကည္သြားရသည္။ခုနကကေလးေတြကိုဖမ္းေခၚထားတယ္ဟုဆိုကာ စြပ္စြဲမိသည့္အတြက္လည္း စိတ္မေကာင္းျဖစ္မိသည္။

တစ္ဆက္တည္းမွာပဲ ထိုဓားျပႀကီးႏွင့္အတူတူဒီေတာထဲမွာေနရမည့္ေန႕ရက္ေတြအတြက္လည္း စိတ္ခ်သြားရသည္။ၾကင္နာတတ္တဲ့ဓားျပႀကီးကေစာလြန္းကိုေစာင့္ေရွာက္မွာပါေလ။

"ဓားျပႀကီး"

"ဗ်ာ"

ခုံတန္းေလးတြင္ခဏမွ်တိတ္ဆိတ္သြားမႈကို ၿဖိဳခြင္းရန္ေစာလြန္းေခၚလိုက္တာျဖစ္ေသာ္လည္း ယဥ္ေက်းစြာျပန္ထူးလာသူေၾကာင့္အနည္းငယ္ၿပဳံးမိသြားသည္။ဓားျပႀကီးကၾကင္နာ႐ုံတင္မကဘဲ ယဥ္ေက်းမႈပါရွိတယ္ေပါ့ေလ။အင္း မဆိုးပါဘူး။

ရာဇမွာေတာ့ျမင္ေနရသည့္အၿပဳံးေလးကို မ်က္ေတာင္မခတ္တမ္းေငးေနမိသည္။ဒီျမတ္နိုးခ်င္စရာအၿပဳံးေလးကကိုယ့္ေၾကာင့္ျဖစ္တည္လာတာဆိုသည့္အေတြးသည္ ရာဇတစ္ကိုယ္လုံးကိုရွိန္းခနဲၿဖိန္းခရဲျဖစ္သြားေစသည္။

"ကြၽန္ေတာ္ဘာလို႔ခေရပန္းေတြႀကိဳက္လဲသိသလား"

"အင္း ေျပာပါဦး"

"ခေရဆိုတာ...ေဝလည္းေမႊးေႂကြလည္းေမႊးတဲ့ တစ္ပြင့္တည္းေသာပန္းေလ"

ဒီတစ္ခါေတာ့ တိတ္တဆိတ္နားေထာင္ေနသူမွာ ရာဇျဖစ္သြားသည္။

"အပင္ေပၚမွာတင့္တင့္တယ္တယ္ပြင့္လန္းေနတဲ့ခေရကေမႊးသလို ေျမျပင္ေပၚဝယ္ျပန့္က်ဲေနတဲ့ခေရကလည္းေမႊးတယ္ လူေတြကသူ႕ကိုမညွာမတာေျခေထာက္နဲ႕တတ္နင္းသြားၾကရင္ေတာင္ သူကဆက္ၿပီးေမႊးေနဦးမွာပဲ"

"သူ႕ရဲ႕ျဖစ္တည္မႈကသိမ္ႏႈပ္ေပမဲ့တကယ္တမ္းေတာ့...ခေရကသိပ္ကိုႀကံ့ခိုင္တဲ့ပန္းေလးပဲ အဲတာေၾကာင့္ကြၽန္ေတာ္လည္း ကြၽန္ေတာ္နဲ႕တူတဲ့ခေရပန္းေလးကိုျမတ္နိုးရတာ"

ကြၽန္ေတာ္နဲ႕တူတဲ့ပန္းေလးဆိုသည့္စကားေၾကာင့္ ရာဇလည္းေတြးမိသည္။

*ခင္ဗ်ားသာခေရပန္းဆိုရင္ က်ဳပ္ရဲ႕တစ္ပြင့္တည္းေသာခေရေလးပဲျဖစ္ေစခ်င္မိတယ္*

"သဇင္ပန္းကိုေရာသေဘာမက်ဘဴးလား သူကရွားတယ္ေလ လွလည္းလွတယ္"

"သဇင္ပန္း အဲဒီ့မာနႀကီးတဲ့ပန္းကိုဘာလို႔သေဘာက်ရမွာလဲ"

"မာနႀကီးတဲ့ပန္း"

"အင္း သူကေနရာတိုင္မွာမပြင့္လန္းနိုင္ဘူးေလ ေတာႀကီးေတာင္ႀကီးထဲမွာပဲေပါက္ေရာက္တယ္ ၿပီးေတာ့...ေနေရာင္လည္းမခံနိုင္ဘူး ေဆာင္းတြင္းေရာက္ကာမွ ႏွင္းရည္ေသာက္ၿပီးပြင့္လန္းၾကတာ"

"အဲတာနဲ႕ သူမာနႀကီးနဲ႕ဆိုင္လို႔လား"

ထိုေကာင္ေလးရဲ႕အေတြးကိုရာဇလိုက္လို႔မမွီေပ။

"ေဝယန္နန္းျမင့္၊ပန္တိုင္းတင့္မို႔
ၿမိဳ႕ဝန္မင္းစာ၊လိပ္မပါဘဲ
ကြယ္ရာေစ်းျပင္၊ေရာင္းလို႔မ်ားျမင္မလား
ေသဆိုေသ၊ရွင္ဆိုရွင္
အင္မတန့္အင္မတန္၊ရာဇဝတ္ေတာ္ခံရမည္"

"........."

"ဦးတိုးေရးခဲ့တဲ့ဘုန္းႏွင့္ကံႏွင့္ေ႐ႊသဇင္ကဗ်ာမွာပါတဲ့စာပုဒ္ေလးေလ"

"အင္း"

ရာဇလည္းဖတ္ဖူးတာေၾကာင့္ ေခါင္းညိတ္ျပလိုက္သည္။

"ေရွးေခတ္အခါက သဇင္ပန္းကိုေတြ႕ကရာေစ်းမွာခ်ေရာင္းတာတို႔ ေတြ႕ကရာလူပန္ဆင္တာဆိုရင္ အဲဒီ့ေရာင္းတဲ့လူေရာပန္တဲ့လူပါႀကီးမားတဲ့ျပစ္ဒဏ္ကိုခံၾကရတယ္တဲ့ ကြၽန္ေတာ္အၿမဲေတြးၾကည့္ဖူးတယ္ ဒီပန္းေလးတစ္ခတ္အတြက္ဒီေလာက္ျပန္ေပးဆပ္ရတာတန္ရဲ႕လားလို႔"

ထိုေကာင္ေလးေျပာတာလည္းမွန္ေနတာေၾကာင့္ ရာဇျပန္မေခ်ပမိ။သို႔ေသာ္...ရာဇ၏သိုးေပါက္ေလးကေတာ့ သဇင္ပန္းလိုမာနႀကီးမည္ဟုမထင္ပါ။

"အဲတာေၾကာင့္ ကြၽန္ေတာ္ကေတာ့သဇင္ပန္းကိုဘုန္းကံရွိတဲ့ပန္းလို႔မျမင္ဘဲ မာနႀကီးတဲ့ပန္းလို႔ဘဲျမင္မိတယ္ သဇင္ပန္းထက္စာရင္ ခေရပန္းကမွရိုးသားေသးတယ္"

(ဦးတိုး၏ကဗ်ာကိုေစာ္ကားလိုစိတ္မရွိပါ)

"ခင္ဗ်ားအေတြးကလည္းမွန္တာပါပဲ"

"ဒါနဲ႕ ကြၽန္ေတာ္ဒီေတာထဲမွာခင္ဗ်ားတို႔နဲ႕အတူေနတာႏွစ္ရက္ရွိၿပီ ကြၽန္ေတာ္နာမည္ကိုခင္ဗ်ားမသိေသးဘူးမလား"

"ခင္ဗ်ားေျပာျပခ်င္မယ္မထင္လို႔ က်ဳပ္မေမးတာပါ"

"ကြၽန္ေတာ္နာမည္...ေစာလြန္းသက္လယ္ပါ"

ေစာလြန္းသက္လယ္...ေစာလြန္းသက္လယ္...ေစာလြန္းသက္လယ္...

ေစာလြန္းသက္လယ္ဆိုသည့္နာမည္ေလးသည္ ရာဇ၏အၾကားအာ႐ုံကိုအႀကိမ္ႀကိမ္ရိုက္ခတ္သြားခဲ့သည္။သိုးေပါက္ေလးနာမည္ကေစာလြန္းသက္လယ္တဲ့လား။လူနဲ႕နာမည္နဲ႕သိပ္ကိုလိုက္ဖက္ပါဘိ။

"ခင္ဗ်ားနာမည္ကေရာ ရာဇပဲလား"

ေမးလာသည့္ေမးခြန္းကိုမေျဖခင္ ေျမျပင္ေပၚတြင္က်ေနသည့္ခေရပြင့္ေလးတခ်ိဳ႕ကိုကုန္းေကာက္ကာ ခ်စ္ရသူေလး၏လက္ထဲသို႔အၿပဳံးတစ္ပြင့္ႏွင့္အတူ ထည့္ေပးလိုက္ၿပီးကာမွ..

"ရာဇခက္ထန္....က်ဳပ္နာမည္ရာဇခက္ထန္ပါ...သက္လယ္"

<<<<<<
>>>>>>

ဒီေန႕အရွည္ႀကီးဘဲေနာ္😭မေန႕ကမေျပာလိုက္ရလို႔။ Merry Christmas to all of my sakura

ဒီအပိုင္းကိုေရးဖို႔ googelကေန ေဆာင္းပါးေတြရွာဖတ္ခဲ့ရေၾကာင့္ crdေပးပါတယ္

ေဆးပန္းခ်ီ🌸

၂၆.၁၂.၂၀၂၁💜

Continue Reading

You'll Also Like

1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.4M 60.3K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...