COMPLETE ဧကရီကို ကိုယ်တော် မ...
By Kyiphyuswe
59.7K 5.1K 663
ဒီဟာလေး ကတော့ ဒုတိယမြောက် ခြေလှမ်း လေးပဲ ဖြစ်ပါတယ်နော်။ ရှေ့အပုဒ်က Boy X Boy ပုံစံ ဖြစ်တာမို့ BXG ကြိုက်တက်တဲ... More
အပိုင်း (1)
အပိုင်း (2)
အပိုင်း (3)
အပိုင်း (4)
အပိုင်း (5)
အပိုင်း (6)
အပိုင်း (7)
အပိုင်း (8)
အပိုင်း (9)
အပိုင်း (10)
အပိုင်း (11)
အပိုင်း (12)
အပိုင်း (13)
အပိုင်း (14)
အပိုင်း(15)
အပိုင်း (16)
အပိုင်း (17)
အပိုင်း (18)
အပိုင်း (19)
အပိုင်း (20)
အပိုင်း (21)
အပိုင်း (22)
အပိုင်း (23)
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26)
အပိုင်း (27)
အပိုင်း (၂၈)
အပိုင်း (30) [Final]
EXTRA (ဇာတ်ကြောင်းအစစ်)
အပိုင်း (29)
1.3K 119 9
By Kyiphyuswe
[Unicode]
  " အား...... နာတယ်.....အား.... ကလေးမမွေးချင်တော့ဘူး...အား....''
  မနက်ခင်း နှင်းဝေနေတဲ့ အချိန်မှာ ဧကရာဇ် လီယု တစ်ယောက် ဗိုက်နာပြီး ရေမြွှာ ပေါက်တော့တယ်။ ဒါကြောင့် သမားတော်တွေ ကော နန်းတွင်းသူတွေသာ မက ကြင်ယာတော်တွေပါ ပြေးလွှားနေကြတယ်။ မီးဖွှားနေတဲလ အခန်းထဲ မှာတော့ လီယု မှာ သူ့အမ ရှန်းလုရဲ့ လက်ကို ကိုင်ပြီး အသားကုန်ညှစ် ထုတ်နေခဲ့ရတယ်။ ပါးစပ်ကနေပြီးတော့လည်း တဝူးဝူး နဲ့ အော်ငိုနေပြီးတော့ မျက်ရည်တွေ ကျနေလေတယ်။
   အမွှေးတိုင် တစ်တိုင်စာ လည်း ကုန်ရော ကလေးငိုသံက အခန်းထဲ မှာ ပျံ့လွင့်လာတယ်။ ဒါပေမယ့် လီယု ရဲ့ ဗိုက်က ကြီးနေဆဲပဲ ။ အစကတည်းက အမြွှာ ကိုယ်ဝန်လို့မှန်း ထားတာမို့ သိမ်တော့ မအံ့ဩ မိကြဘူး။ ဒါကြောင့် ရှန်းလုခမျာ သူမ ရဲ့ ဧကရာဇ် လေးကို ထပ်ပြီး အားစိုက်ကာ ညှစ်ဖို့​ပြောနေတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကလေးလေး နောက်တစ်ယောက် မွေးလာခဲ့တယ်။
ကြင်ယာတော် ၄ ပါးလုံးက လည်း နှစ်ပါး တစ်ယောက်စီ ခွဲပြီးတော့ ကလေးလေးတွေကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်လေးတွေ နဲ့ ထုတ်ပိုးလိုက်တော့တယ်။ လီယု မှာတော့ အားကုန်သွားပြီ ဖြစ်လို့ အိပ်ပျော်သွားတော့တယ်။ ရှန်းလုကတော့ ဧကရာဇ်ကို ကိုယ်လက်သန့်စင်ပေး လိုက်တော့တယ်။
" အရှင်မ သူတို့ နှစ်ယောက် လုံးက ယောကျာ်းလေး တွေ ချည်းပါပဲ ။ ပြီးတော့ ကျန်းမာ သန်စွမ်းကြပါတယ်။ ''
ရှန်းလုက သား ၂ ယောက်ကို ပွေ့ချီ လိုက်တယ်။ ပထမမွေးတဲ့ သားက နဖူးတည့်တည့်မှာ မှည့်နီ လေး ပါပြီးတော့ ဒုတိယ သားကတော့ ဘယ်ဘက်မျက်ခုံးပေါ်မှာ မှဲ့အနက်လေး ပါလေတယ်။
ဒါကြောင့် အကြီးဆုံး ကလေးကို လီရှားကျစ် လို့ ပေးပြီး အငယ်လေးကိုတော့ လီဟေးကျစ် လို့ အမည်ပေးခဲ့တယ်။ နောက်တော့ စဲ့ဖေးနဲ့ ရှုဖေး တို့ အတွဲ ကို အကြီးဆုံးသားလေး ကို တာဝန်ယူဖို့ ပြောကာ တဲ့ဖေး နဲ့ ချန်ဖေး တို့ အတွဲကို အငယ်လေးကို တာဝန် ယူဖို့ပြောလိုက်တယ်။
" အရှင်မ သေချာ ဆုံးဖြတ်ပြီးပြီလား? "
တဲ့ဖေး က ဟေးကျစ်လေး ကို ပွေ့ထားရင်း စိတ်မကောင်း တဲ့မျက်နှာနဲ့ မေးလိုက်တယ် ။ စဲ့ဖေး ကလည်း ရှားကျစ်လေးကိုပွေ့ရင်း မေးပြန်တယ်။
" အရှင်မ .... ကလေး တွေကို မကြည့်တော့ ဘူးလား?''
အခန်းကြီးက တိတ်ဆိိတ်သွားခဲ့တယ်။ ကလေးတွေက အခုမှမွေးလာတာ ဖြစ်ပေမယ့် မငိုခဲ့တဲ့ အပြင် အိပ်ပျော်နေကြတယ်။ ရှန်းလုကတော့ ခေါင်းကို လက်နဲ့ ထောက်ပြီး နှဖူးကို နှိပ်နယ်နေရင်း ပြောလိုက်တယ် ။
" မင်းတို့သွားကြတော့ ပြီးရင် စစ်သည်တွေကို ၅ရက်အတွင်း အသင့်ပြင်ထား ။ နောက် ၅ ရက်နေပြီးရင် စစ်ချီရမယ်။ ''
" ဟုတ်ကဲ့ ''
ချန်ဖေး နဲ့ ရှုဖေး ဟာ သူတို့ သက်ဆိုင်ရာ အမျိုးသမီး လေးတွေကို ဆွဲခေါ်ရင်း ထွက်သွား လိုက်တယ်။ ထိုနေ့ညကတော့ ဧကရာဇ် လေးက အိပ်မော ကျနေ ခဲ့ပေမယ့် ဧကရီ ကတော့ မအိပ်နိုင် ခဲ့ပါဘူး။
  လီယု တစ်ယောက် မိုးလင်းလို့ နိုးလာတဲ့ အခါ ဘေးကအိပ်ယာမှာ သူ့ဧကရီကို တွေ့တော့ ရင်ခွင်ထဲ တိုးဝင်သွားတယ်။ ဒါပေမယ့် ကလေးတွေ ဖိမိမှာ စိုးတဲ့ အလား ဗိုက်လေးကို ကိုင်လိုက်ပေမယ့် ဗိုက်က ပြားနေတာကို တွေ့လိုက်ရလေတယ်။
ဟမ်! သူ့ကလေးတွေ ဘယ်ရောက်သွားတာလဲ!
ဘေးပတ်ပတ် လည်ကို လိုက်ရှာတယ် မတွေ့ဘူး။ စောင်အောက်တွေ ရှာတယ် မတွေ့ဘူး ။ ဟမ်.... သူ့သားတွေကညဗိုက်ထဲ ကနေ ဘယ်ကို ရောက်ကုန်တာလဲ။
  ရှန်းလုလဲ ဘေးနားက လှုပ်ခါနေတာကြောင့် နိုးလာခဲ့တယ်။ သူမကို ကြောင်အအလေး ကြည့်နေတဲ့ လီယုကို တွေ့တော့ ဖက်ကာ မေးလိုက်တယ်။
" ယုယု လေး ဘာဖြစ်တာလဲ ''
" ကျန်း...ကျန်းရဲ့ ကလေးတွေ ဗိုက်ထဲ မှာ မရှိတော့ဘူး။ သူတို့ ဘယ်ရောက် သွား လဲဆိုတာ ကျန်းလိုက်ရှာနေတာ ''
" ယုယုလေး က မနေ့ကပဲ မွေးပြီးသွားပြီလေ။ ''
ထိုအခါမှ ငြိမ်သွား ကာ စကားလေး တစ်ခွန်း ထွက်လာ ခဲ့တယ်။
" ဟုတ်သားပဲ မနေ့က ကျန်းမွေးခဲ့ပြီးပြီပဲ ''
ပြောနေတုံး ရင်ဘက်နားက အကွက်ကြီး ဖြစ်လာတော့ လီယုက ဧကရီကို ပြောလိုက်တယ်။
" အမတော် ကျန်းရဲ့ ရင်ဘက်မှာ ရေစိုနေပြီ။ ''
အစက ရှန်းလု ကြောင်သွားပေမယ့် ခပ်ဟဟ ရယ်ကာ ခေါင်းလေးကို ပုတ်လိုက်တယ်။
" အဲ့တာ နို့ရည်ထွက်တယ် လို့ ခေါ်တယ် အချစ်လေးရဲ့.... အမတော် ကလေးတွေကို ခေါ်လာခိုင်းလိုက်မယ်။ ''
" ဟေ့ အပြင်မှာ ဘယ်သူရှိသလဲ မင်းသားလေးတွေကို ခေါ်ခဲ့ကြစမ်း ''
မကြာခင်မှာပဲ တဲ့ဖေးနဲ့ စဲ့ဖေး တို့က သားတွေကို ပွေ့လာပြီးတော့ လီယုဆီ ပေးလိုက်တယ်။ ကလေး ၂ ကောင်ကလည်း မွေးပေးတဲ့ လူဆီ ရောက်တော့ ချေနေတဲ့ ပုံစံကနေ မျက်လုံးလေးတွေ တလက်လက် တောက်ပလာတယ်။
" မင်းတို့ သွားလို့ရပြီ''
ရှန်းလုက ကြင်ယာတော် နှစ်ပါးကို အပြင်ထွက်ခိုင်းလိုက်ပြီး ကလေးတွေကို ကြည့်နေတဲ့ ကလေးကြီးကို ခေါင်းလေး ပုတ်လိုက်တယ်။
" အကြီးလေးက နဖူးမှာ မှဲ့နီလေးနဲ့ တွေ့လား အငယ်လေးက ဘယ်ဘက်မှာ မှဲ့နက်လေးနဲ့ ဒါကြောင့်မို့ လီရှားကျစ် နဲ့ လီဟေးကျစ် ဆိုပြီး ပေးထားတယ် ''
လီယု ကတော့ မျက်ရည်ဝိုင်းကာ သဘောတူကြောင်း ခေါင်းငြိမ့်ပြလာတယ်။
" ယုယု အဝတ်ချွတ်လိုက် ''
" ဟမ်...ဘာ...ဘာလို့ကျန်း က အဝတ်ချွတ်ရမှာလဲ ''
" နို့တိုက်ရမယ်လေ သားသားတွေကို..မချွတ်ချင်ရင် အဝတ်တွေကို ဖြည်ရုံဖြည်ပြီး တိုက်လေ။ ''
" ဟိဟိ...ယားတယ်...ဟားဟား....''
နေရောင်ခြည် အလင်းလေးက အခန်း တံခါးကို ဖြတ်ပြီး ထိုလူသားလေး ၃ ဦး အပေါ်ဖြာကျနေဟန်က ဘေးမှာ ထိုင်နေတဲ့ သူအဖို့ ကြည့်ရတာ အလွန်ကို နွေးထွေးနေဟန်ပေါ်လေတယ်။
ညတိုင်း သား ၂ ယောက်ကို လီယု က ခေါ်သိပ်ကာ သူပဲ ပြုစုလေတယ်။ သူညီလာခံတက်ရင် ဒါမှမဟုတ် အစီခံစာတွေရေးရင်တောင်မှပဲ ၂ ယောက်စလုံးကို ပွေ့ချီထားတယ်။
  ၅ ရက်မြောက်နေ့မှာပဲ ရှန်းလုက စစ်သည်အင်အား ၅သိန်းနဲ့ စစ်တိုက်ဖို့ ထွက်သွားတော့တယ်။ သူ့ရဲ့ သားတွေ နဲ့ ဧကရာဇ်လီယု အတွက် စာတစ်စောင်စီ ရေးခဲ့ပြီးတော့ နောက်ကို ပြန်လှည့်မကြည့်ပဲ စစ်ဝတ်တန်ဆာတွေ အပြည့်နဲ့ ထွက်သွားတော့တယ်။
လီယု ကတော့ မနိုးလာခဲ့ဘူး ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အစားအစာ ထဲမှာ အိပ်ဆေး ထည့်ထားခဲ့လို့ပဲ ဖြစ်တယ်။
......(နောက်တစ်ပိုင်း ဆိုခွဲရတော့မယ်) ..
[Zawgyi]
" ဟုတ်ကဲ့ ''
" ယုယု လေး ဘာဖြစ်တာလဲ ''
" ယုယု အဝတ်ချွတ်လိုက် ''
" ဟိဟိ...ယားတယ်...ဟားဟား....''
Continue Reading
You'll Also Like
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
1.9K 88 28
Unicode အိမ်ထောင်ဆိုတဲ့ ကွန်ရက်ဟာ လူနှစ်ယောက်ပဲ ရှိသင့်သည်။ အချစ်တွေနဲ့ တည်ဆောက်ထားခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ အက်ကွဲရာတွေ ထင်ကာ ပျက်ဆီးလာတဲ့ အိမ်ထောင...
2M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...