လူသားသစ္စာ [901 - 1100]

By kilulayuu121

134K 28.4K 1.3K

Sequel of book (700 - 900) More

အခန်း (901)
အခန်း (902)
အခန်း (903)
အခန်း (904)
အခန်း (905)
အခန်း (906)
အခန်း (907)
အခန်း (908)
အခန်း (909)
အခန်း (910)
အခန်း (911)
အခန်း (912)
အခန်း (913)
အခန်း (914)
အခန်း (915)
အခန်း (916)
အခန်း (917)
အခန်း (918)
အခန်း (919)
အခန်း (920)
အခန်း (921) Book 66 End
အခန်း (922)
အခန်း (923)
အခန်း (924)
အခန်း (925)
အခန်း (926)
အခန်း (927)
အခန်း (928)
အခန်း (929)
အခန်း (930)
အခန်း (931)
အခန်း (၉၃၂)
အခန်း (933)
အခန်း (934)
အခန်း (935) Book 67 End
အခန်း (936)
အခန်း (937)
အခန်း (938)
အခန်း (939)
Untitled Part 40
အခန်း (941)
အခန်း (942)
အခန်း (943)
အခန်း (944)
အခန်း (945)
အခန်း (946)
အခန်း (947)
အခန်း (948)
အခန်း (949) Book 68 End
အခန်း (950)
အခန်း (951)
အခန်း (952)
အခန်း (953)
အခန်း (954)
အခန်း (955)
အခန်း (956)
အခန်း (957)
အခန်း (958)
အခန်း (959)
အခန်း (960)
အခန်း (961)
အခန်း (962)
အခန်း (963)
အခန်း (964)
အခန်း (965)
အခန်း (966)
အခန်း (967)
အခန်း (968)
အခန်း (969)
အခန်း (970)
အခန်း (971)
အခန်း (972)
အခန်း (973)
အခန်း (974)
အခန်း (975)
အခန်း (976)
အခန်း (977)
အခန်း (978)
အခန်း (979)
အခန်း (980)
အခန်း (981)
အခန်း (982)
အခန်း (983)
အခန်း (984)
အခန်း (985)
အခန်း (986)
အခန်း (987)
အခန်း (988)
အခန်း (989)
အခန်း (990)
အခန်း (991)
အခန်း (992)
အခန်း (993)
အခန်း (994)
အခန်း (995)
အခန်း (996)
အခန်း (997)
အခန်း (998)
အခန်း (999)
အခန်း (1000)
အခန်း (1001)
အခန်း (1002)
အခန်း (1003)
အခန်း (1004)
အခန်း (1005)
အခန်း (1006)
အခန်း (1007)
အခန်း (1008)
အခန်း (1009)
အခန်း (1010)
အခန်း (1011)
အခန်း (1012)
အခန်း (1013)
အခန်း (1014)
အခန်း (1015)
အခန်း (1016)
အခန်း (1017)
အခန်း (1018)
အခန်း (1019)
အခန်း (1020)
အခန်း (1021)
အခန်း (1022)
အခန်း (1023)
အခန်း (1024)
အခန်း (1025)
အခန်း (1026)
အခန်း (1027)
အခန်း (1028)
အခန်း (1029)
အခန်း (1030)
အခန်း (1031)
အခန်း (1032)
အခန်း (1033)
အခန်း (1034)
အခန်း (1035)
အခန်း (1036)
အခန်း (1037)
အခန်း (1038)
အခန်း (1039)
အခန်း (1040)
အခန်း (1041)
အခန်း (1042)
အခန်း (1043)
အခန်း (1044)
အခန်း (1045)
အခန်း (1046)
အခန်း (1047)
အခန်း (1048)
အခန်း (1049)
အခန်း (1050)
အခန်း (1051)
အခန်း (1052)
အခန်း (1053)
အခန်း (1054)
အခန်း (1055)
အခန်း (1056)
အခန်း (1057)
အခန်း (1058)
အခန်း (1059)
အခန်း (1060)
အခန်း (1062)
အခန်း (1063)
အခန်း (1064)
အခန်း (1065)
အခန်း (1066)
အခန်း (1067)
အခန်း (1068)
အခန်း (1069)
အခန်း (1070)
အခန်း (1071)
အခန်း (1072)
အခန်း (1073)
အခန်း (1074)
အခန်း (1075)
အခန်း (1076)
အခန်း (1077)
အခန်း (1078)
အခန်း (1079)
အခန်း (1080)
အခန်း (1081)
အခန်း (1082)
အခန်း (1083)
အခန်း (1084)
အခန်း (1085)
အခန်း (1086)
အခန်း (1087)
အခန်း (1088)
အခန်း (1089) Book 78 end
အခန်း (1090)
အခန်း (1091)
အခန်း (1092)
အခန်း (1093)
အခန်း (1094)
အခန်း (1095)
အခန်း (1096)
အခန်း (1097)
အခန်း (1098)
အခန်း (1099)
အခန်း (1100)

အခန်း (1061)

638 133 8
By kilulayuu121

အခန်း  (၁၀၆၁)  :  နတ်ဘုရားဘုရင်အား ခြောက်လန့်ခြင်း

“ ဒါက မိုးမြေဓားသွား လျို့ဝှက်ပညာရပ်ပဲ ….” နောက်လူတစ်ယောက်၏ စိတ်စွမ်းအားက ထိုခရမ်းအလင်းမှာ မည်သည့်အရာဖြစ်ကြောင်း အာရုံခံလိုက်မိကာ တအံ့တဩ ရေရွတ်လိုက်သည်။

သာမာန်အကျဆုံး လျို့ဝှက်ပညာရပ် ဖြစ်နေလျှင်ပင် မိုးမြေဓားသွားကို မဆိုထားနှင့် မိုးမြေ၏ လျို့ဝှက်ပညာရပ်က ကျင့်ကြံသူကြားမှ တိုက်ပွဲကို နှိုးဆွပေးနိုင်သည်။ အမျိုးမျိုးသော မှော်ရတနာ အလင်းတန်းများက နေရာအနှံ့ ထွက်ပေါ်နေပြီး သွေးများလည်း ပေစွန်းနေကြသည်။

ယခင် အေးချမ်းလှသော နတ်ဘုရားသိုက်မြုံသည် ရုတ်ချည်းဆိုသလို သွေးသံရဲရဲ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေသည်။ သားရဲတစ်ကောင် နှိုးထလာသည့်အလား ကြမ်းကြမ်းတမ်းတမ်း ပြုမူကုန်သည်။

ကောင်းကင်နတ်ဘုရား တစ်ယောက်က မိုးမြေဓားသွား လျို့ဝှက်ပညာရပ်ကို ဆွဲယူတော့မည့်ဆဲဆဲတွင် သူ့အပေါ် တိုက်ခိုက်ရေးအလင်းတချို့ ကျရောက်လာသည်။ နောက်အခိုက်အတန့်လေး၌ သူ့ခန္ဓာကိုယ်မှာ တစစီ ဖြစ်သွားကာ ကမ္ဘာဦး စိတ်ဝိညာဉ်သာ ထွက်ပေါ်လာသည်။ ကံကောင်းသည်က မည်သူကမှ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဂရုမစိုက်နေကြပေ။ အားလုံးက ထိုခရမ်းလျို့ဝှက်ပညာရပ်အပေါ်သာ အာရုံစိုက်ထားကြ၏။

လူများစွာ လျို့ဝှက်ပညာရပ် တစ်ခုတည်းကို လုယက်နေသည်အား မမြင်လိုသည့်အလား နောက်ထပ် ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်း ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ အဲဒါ အသေးစား ဖြတ်တောက်‌ရေး လျို့ဝှက်ပညာရပ်ပဲ  …” သူတို့က ထိုလျို့ဝှက်ပညာရပ်များဖြင့် ကံမစပ်ကြောင်း သိကြသော်လည်း လျို့ဝှက်ပညာရပ်များ ထွက်ပေါ်လာသည်ကို မြင်ကြသူတို့က ကျယ်လောင်စွာ ဆက်လက် အော်နေကြသေး၏။

အကယ်၍ ယခင် မိုးမြေဓားသွားက ကမောက်ကမ တိုက်ပွဲအစ ဖြစ်စေခဲ့လျှင် ယခု အသေးစား ဖြတ်တောက်ရေး လျို့ဝှက်ပညာရပ်က အားလုံးကို ရူးသွပ်သွားစေသည်။

ယခင်က နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်သည် အသေးစား ကျိန်စာပညာရပ်ကို အသုံးပြု၍ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများအား အလွယ်တကူ သတ်သွားခဲ့သည်။ ဤအသေးစား ဖြတ်တောက်ရေး ပညာရပ်သည်လည်း အသေးစား ကျိန်စာပညာရပ်နှင့် အဆင့်အတူတူ ဖြစ်လိမ့်မည်။ ယခု ပေါ်ထွက်လာပြီ ဖြစ်ရာ မည်သို့ ရုတ်ရုတ်သည်းသည်း မဖြစ်စေဘဲ နေမည်နည်း။
သဟဇာတ နတ်ဘုရားပင် ထိုလျို့ဝှက်ပညာရပ် လုယူပွဲ၌ ပါဝင်လာပေသည်။

တစ်ယောက်ယောက်က အစပြုလိုက်သည့်အလား အားလုံးက အသေးစား ဖြတ်တောက်ရေး ပညာရပ်ကို အလုအယက် ဖြစ်နေကြစဉ် အက်ကြောင်းမှ နောက်ထပ် အလင်းများစွာ ထွက်ပေါ်လာသည်။

“ ရေခဲ တိုက်ကွက် ”
“ ဦးဆုံး ဓားသွားတာအို ”
“ နဝမမြောက် လွတ်မြောက်ရေး ”

“ အာ ငါ ဘာတွေ လိုက်ကြည့်နေတာလဲ … အဲဒါက ဖျက်စီးရေး ပညာရပ်တွေလေ ”

နေမင်းလောက် တောက်ပသည့် ရွှေရောင်အလင်းတန်းက အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။ စကားတချို့ ပြောလိုက်ပြီးနောက် အားလုံးနီးပါးက ထိုရွှေရောင်အလင်းတန်းဆီ ပြေးသွားကြသည်။

“တာ့ရှီရှုန်း  … အဲဒီလူတွေက ရူးနေပြီ …” ဝေရုနှင့် မိုဝူကျိတို့က နတ်ဘုရားသိုက်မြုံသို့ ရောက်လာခါစ ဖြစ်ကာ ရူးသွပ်နေသော လူအုပ်ကြီးကို ကြောင်အမ်းအမ်း ကြည့်နေမိကြသည်။ ထိုစည် ကျင့်ကြံသူများက နေရာအနှံ့ ရှိနေကြပြီး သွေးများကလည်း နေရာအနှံ့ ပေစွန်းနေသည်။ အားလုံးက ထိုပညာရပ်များ ရရှိဖို့ရာအတွက် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေကြသည်။

မိုဝူကျိက အသက်ပြင်းပြင်းရှုကာ  “ သူတို့က ရူးနေတာ မဟုတ်ဘူး။ စည်းမျည်းအက်ကြောင်းက လျို့ဝှက်ပညာရပ်တွေ ထွက်ပေါ်လာတာလေ။ အဲဒါတွေအားလုံးက မိုးမြေကနေ ဖြစ်တည်လာတဲ့ ရှေးဟောင်းပညာရပ်တွေချည်းပဲ …  ပညာရပ်တစ်ခုချင်းစီက အတော်လေး အားကောင်းတယ်။ ခွန်းယွင် …  အဲဒီလူအိုကြီးက ငါ့ကို ဒီအကြောင်း ပြောမသွားဘူး ”

ဝေရု၏ မျက်ဝန်းက ချက်ချင်း နီရဲလာကာ  “ တာ့ရှီရှုန်း …. ကျွန်တော်တို့လည်း ဝင်ပါရအောင်။ တကယ်လို့ ကျွန်တော်တို့ နောက်ကျသွားရင် ဘာမှမရဘဲ နေလိမ့်မယ် ”

မိုဝူကျိက ခေါင်းခါကာ  “ ဝေရု အခုတော့ မင်း နောက်ဆုတ်သင့်တယ်။ ဒါက မင်း ဝင်ပါလို့ ရမဲ့ နေရာ မဟုတ်သေးဘူး။ မင်း လျို့ဝှက်ပညာရပ် ရတာနဲ့ နောက်အခိုက်အတန့်လေးမှာ သေသွားနိုင်တယ်။ ပြီးတော့မှ ငါ ဝင်ပါလိုက်မယ်။ သူတို့က ငါတို့ လူသားဂိုဏ်းအပိုင် ဖြစ်လာလိမ့်မယ် ”

မိုဝူကျိက လျှောက်ပြောနေခြင်း မဟုတ်ပေ။ ဤသို့ တိုက်ပွဲမျိုး ဝင်ပါခြင်းက ဝေရု၏ ရုပ်ခန္ဓာနှင့် ကောင်းကင်နတ်ဘုရားအဆင့် ၅ အင်အားဖြင့် ကိုယ့်သေတွင်းကို တူးသလို ဖြစ်နေလိမ့်မည်။

အချိန်တိုလေးအတွင်း လျို့ဝှက်ပညာရပ်များဆီ ချည်းကပ်လာသော ကျင့်ကြံသူတချို့မှာ အလင်းတန်းကြောင့် သေဆုံးသွားကြရသောကြောင့် ဝေရုက ထိုသူများ၏ အလောင်းများကို မြင်လိုက်ရသည်။ သူက တွန့်ဆုတ်နေမိသော်လည်း သူ့တာရှီရှုန်း ပြောစကားမှာ မှန်ကန်ကြောင်း သိပေသည်။ တိုက်ပွဲအတွင်း ဝင်ပါခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်ပေမည်။

“ တာ့ရှီရှုန်း စကားကို နားထောင်ပါ့မယ် ” သူက ကျင့်ကြံရေးဆေးလုံးများစွာနှင့် အဆင့်နိမ့် နတ်ချပ်ဝတ်လည်း ရှိပေသည်။ ထို့အပြင် သူ့တွင် တိုက်ခိုက်ရေး အဆောင်တချို့လည်း ရှိနေသေး၏။ ဤသည်မှာ ဤနေရာတွင် အသက်ရှင်ဖို့ရာ အခြေခံသာ ဖြစ်၏။

မိုဝူကျိက ရွိုက်ကောနှင့် တာ့ဟွမ်တို့အား ခေါ်ထုတ်ကာ ညွှန်ကြားလိုက်၏  “ ငါ မင်းကို ပြောဖူးပါတယ်။ ဒီဟာကြီးက မင်းတို့နှစ်ယောက်အတွက် အကျိုးရှိမလားဆိုတာ မင်းတို့ရဲ့ ကံတရားပေါ် မူတည်တယ်။ အခု မင်းတို့နှစ်ယောက်လုံး ဝေရုနဲ့ အတူတူ နောက်ဆုတ်ကြပြီးတော့ အခွင့်အရေးကို စောင့်နေကြ …. အခု ငါ မိုးမြေပညာရပ်တချို့ကို သွားယူလိုက်ဦးမယ်  ”

တာ့ဟွမ်က ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သော်လည်း ထိုအဆင့်တွင် တန့်ကြာနေလေ၏။ တာ့ဟွမ်က တန့်ကြာနေသောကြောင့် ရွိုက်ကောပင် သူ့အား မီလာလေ၏။ တာ့ဟွမ်ကဲ့သို့ ရွိုက်ကောသည်လည်း ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်တွင် ရပ်တန့်နေသည်။

နတ်ဘုရားလောက ပြန်လည်ကောင်းမွန်လာမှုသည် တာ့ဟွမ်နှင့် ရွိုက်ကောတို့၏ အခွင့်အရေး ဖြစ်လာနိုင်သည်။
“ သခင်ကြီး ကျွန်တော်တို့ သိပါပြီ ” တာ့ဟွမ်နှင့် ရွိုက်ကောတို့က စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်သည်။ မိုဝူကျိက နတ်ဘုရားလောက ပြန်လည် ကောင်းမွန်လာမည် ဖြစ်ကြောင်းကို အပြောကို ကြားထားသည့် ရွိုက်ကောက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက ထိုအခွင့်ကောင်းကို အမိဖမ်းရန်အတွက် အဆင့်သင့် ဖြစ်နေလေပြီ။

တာ့ဟွမ်တို့အား ညွှန်ကြားပေးပြီးနောက် မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ အက်ကြောင်းအစွန်းဆီ ပြေးဝင်သွားသည်။ သူ့တွင် ဝိဇ္ဇာရုပ်ခန္ဓာအဆင့် ရှိသည့်အပြင် လေလွတ်မြောက်ရေး နည်းစနစ်လည်း ရှိထားသည့်အတွက် ဤသို့ တိုက်ပွဲမျိုး၌ အရေးသာပေသည်။

အက်ကြောင်းမှ အလင်းတန်းအမျိုးမျိုး ထွက်ပေါ်လာသော်လည်း မိုဝူကျိက စမတိုက်သေးပေ။ သိပ်မကြာသေးခင် မိုဝူကျိက ရွှေရောင်အလင်းတန်းသည် အားအကောင်းဆုံး လျို့ဝှက်ပညာရပ် ဖြစ်ပြီး ထိပ်တန်းအဆင့် လျို့ဝှက်ပညာရပ် ဖြစ်မည်ဟု ခန့်မှန်းမိသည်။ အခုအထိ ဖျက်စီးရေး မဟာ ပညာရပ် ထွက်ပေါ်လာကာ သဟဇာတ နတ်ဘုရားက ယူဆောင်သွားလေ၏။ ထိုသဟဇာတ နတ်ဘုရားက ဆက်မနေရဲတော့ဘဲ ထိုပညာရပ် ရရှိပြီးနောက် မြန်မြန် ပြန်ထွက်သွားသည်။
မိုဝူကျိက စိတ်ထဲ၌ သရော်မိလိုက်သည်။ ထိုလူက အားလုံးကို အရူးအမူး ဖြစ်သွားစေမည့် နတ်ဝိညာဉ်သွေးကြောများ ကျလာမည်ကို မသိဘဲ ထွက်သွားလေသည်။

ထိုအတွေး တွေးမိစဉ် အက်ကြောင်းထဲမှ ဓားရှည်အနက်တစ်ချောင်း ထွက်ပေါ်လာပြီး ထိုအရာမှ ထွက်ပေါ်နေသော အရှိန်အဝါ အငွေ့အသက်များအရ ရှန်းထျန်းရတနာ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျိ တစ်ယောက်တည်း သတိထားမိခြင်း မဟုတ်ပေ။ နတ်ဘုရားဘုရင်များစွာကလည်း ထိုဓားနက် ပေါ်လာသည်နှင့် ချက်ချင်း ပြေးသွားကြသည်။

ထိုဓားနက်အပြီးတွင် တူညီသော အငွေ့အသက်များကို ယူဆောင်လာသည့် အလင်းတန်းနှစ်တန်း ထွက်ပေါ်လာ၏။

မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်၏။

ဒီနေ့ ဒီအက်ကြောင်းကနေ ရတနာ ဘယ်လောက်တောင် ထွက်လာမှာလဲ …

မိုဝူကျိက ထိုပစ္စည်းများအတွက် မတိုက်ခိုက်ပေ။ အရင်ဦစွာ ဤနေရာတွင် နတ်ဘုရားများစွာ ရှိနေပြီး ဒုတိယအနေနှင့် မိုဝူကျိက ထိုပစ္စည်းများကို သည်းကြီးမည်းကြီး မလိုအပ်နေ၍ ဖြစ်သည်။

ထိုစဉ် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းလေး ထွက်ပေါ်လာသည်။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုအလင်းတန်းဆီ ပြေးသွားလိုက်သည်။ အကြောင်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ တဆင့် ထိုအရာသည် မိုးဆင့်ခေါ်လျို့ဝှက်ပညာရပ် ဖြစ်နေကြောင်း သိလိုက်ရ၍ ဖြစ်ပေသည်။

မိုဝူကျိက မိုးဆင့်ခေါ်ပညာရပ်အကြောင်း အမြဲတွေးနေသည့်အကြောင်း ထည့်မပြောလျှင်ပင် ထိုရွှေရောင်ဖျော့ဖျော့ အလင်းတန်းက ရွေရောင်လျို့ဝှက်ပညာရပ်အပြီးလျှင် အဆင့်အတန်းက ဒုတိယ လိုက်ပေသည်။
မိုဝူကျိ၏ လေရွေ့ပြောင်းစွမ်းရည်က အင်မတန် မြန်ဆန်သည့်အတွက် ထိုရွှေရောင်ဖျော့ဖျော့ အလင်းတန်းလေး ပေါ်လာသည်နှင့် သူ့လူသားကမ္ဘာထဲ တန်းပို့လိုက်နိုင်သည်။

“ မိုဝူကျိလား ” နတ်ဘုရားဘုရင် ယီမင် မျက်ဝန်းများက  တုန်လှုပ်မိသွားသည်။ သူက မိုဝူကျိသည် ဤနေရာတွင် ကိုယ့်သေတွင်းကို တူးလိမ့်မည်ဟု မထင်ထားပေ။ ယခင် သူက လျို့ဝှက်ပညာရပ်အမျိုးမျိုးကို ယူနေစဉ်က မိုဝူကျိ၏ တည်ရှိမှုကို လုံးဝ ဂရုမစိုက်မိခဲ့ပေ။ ယခု မိုဝူကျိက ရွှေရောင်ဖျော့ဖျော့ လျို့ဝှက်ပညာရပ်ကို သိမ်းဆည်းသွားသည့်အခါမှ နတ်ဘုရားဘုရင် ယီမင်က ချက်ချင်း သတိပြုမိလိုက်ခြင်း ဖြစ်၏။

“ ချထားလိုက်စမ်း ” လောကနတ်ဘုရားအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက မိုဝူကျိဆီ ပြေးဝင်လာရင်း အော်ပြောလိုက်သည်။ သူ့အမြင်၌ မိုဝူကျိသည် ပုရွက်ဆိတ်လိုမျိုး တည်ရှိမှု ဖြစ်ပေသည်။

သူက မည်မျှ မြန်ဆန်စေကာမူ ပုရွက်ဆိတ် ဖြစ်နေဆဲ ဖြစ်၏။

တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ စွမ်းအားစက်ကွင်းဆီ မှော်ရတနာများ၏ အလင်းတန်း မြောက်များစွာ ကျရောက်လာသည်။ ထိုတိုက်ခိုက်ရေး အလင်းတန်းများက မိုဝူကျိအပေါ်တွင် သက်ရောက်မှု မရှိချေ။

မိုဝူကျိက မလိုအပ်တာ ပြောမနေတော့ဘဲ လခြမ်းကွေး ပုဆိန်လှံရှည်ကိုသာ ဝေ့ယမ်းလိုက်သည်။ သူ့ဆီ ဦးတည်လာနေသည့် လောကနတ်ဘုရားထံ ချိန်ရွယ်ထားလိုက်၏။

ပုဆိန်လှံရှည် အလင်းတန်းက ကန္တာရထဲမှ သဲလှိုင်းလိုမျိုး ထွက်ပေါ်လာကာ လောကနတ်ဘုရားအား ဝါးမျိုသွားသည်။ ထိုလောကနတ်ဘုရားက လောကနတ်ဘုရား အဆင့် ၇ ဖြစ်သော်လည်း သူ့တိုက်ကွက်များနှင့် စိတ်စွမ်းအားမှာ တစ်ဖက်လူ၏ ပုဆိန်လှံရှည်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရခြင်းသာ ခံစားမိလိုက်သည်။ သူ့စွမ်းအားစက်ကွင်းပင် သူ့အား ဝါးမျိုသွားသော ထိုသဲလှိုင်းလုံးကြီးကြောင့် တစစီ ဖြစ်သွားလေ၏။

“ ငါ ထပ်ပြီး မလိုချင်တော့ပါဘူး။ ငါ့ကို လွှတ်ပေးပါ  …” လောကနတ်ဘုရားက သံမဏိပြားကြီးနှင့် ရင်ဆိုင်မိကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ ဤလူက ပါးမွှားမဟုတ်ဘဲ နတ်ဘုရားဘုရင် ဖြစ်နေလေ၏။

မိုဝူကျိက သက်ညှာပေးဖို့ စိတ်ကူးမရှိသောကြောင့် ကန္တာရကြီးက ပေါက်ကွဲထွက်သွားကာ သွေးမြူ ဖြစ်တည်လာသည်။ ဤလောကနတ်ဘုရားက မိုဝူကျိ၏ တိုက်ကွက်နှင့် တွေ့သွားသည့်အခါ ပြန်လည် ခုခံဖို့ရာ အင်အားပင် မကျန်ရှိတော့ပေ။

မိုဝူကျိက အရူး မဟုတ်သရွေ့ ဤသို့အချိန်အခါမျိုး၌ အဘယ်ကြောင့် သက်ညှာပေးရမည်နည်း။

ကောင်းကင်နတ်ဘုရားတချို့က မိုဝူကျိ၏ အန္တရာယ်ကို ခံစားမိသောကြောင့် လမ်းတွင် ရပ်တန့်လိုက်ကြသည်။ နတ်ဘုရားဘုရင်အပြင် မည်သူကများ လောကနတ်ဘုရားအား တစ်ချက်တည်းဖြင့် ရှင်းထုတ်ပစ်နိုင်မည်နည်း။

မိုဝူကျိ သွားဖို့ရာ ပြင်နေသည့် နတ်ဘုရားဘုရင် ယီမင်ပင် ရပ်တန့်သွားလေသည်။ သူက နတ်ဘုရားနယ်မြေ၌ မိုဝူကျိသည် တကယ်ကြီး သေမင်းထောင်ချောက် အကူအညီဖြင့် နတ်ဘုရားဘုရင် ဗောဓိနက်ကို သတ်ပစ်ခဲ့တာလားဟု သံသယဝင်လာမိသည်။

မိုဝူကျိကလည်း နတ်ဘုရားဘုရင် ယီမင်ကို အာရုံခံမိသောကြောင့် သူ့ပုဆိန်လှံရှည်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ နတ်ဘုရားဘုရင် ယီမင်ထံသို့ ငွေရောင်မြစ်ကြီး ကျဆင်းလာသည်။

မိုဝူကျိက ရန်ငြိုးကြောင့် လှုပ်ရှားလိုက်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။

“ မင်းက သေချင်နေတာပဲ ” အစပိုင်းတွင် နတ်ဘုရားဘုရင် ယီမင်က နတ်ဘုရားဘုရင် ယန်ထင်းနှင့်အတူ မိုဝူကျိအား ရှာပြီး မဖယ်ရှားခင် သူဆီမှ ရတနာများစွာကို လုယူရန် ကြံစည်ထားလေ၏။ ယခု မိုဝူကျိက သူ့အား တိုက်ခိုက်လာလေရာ သူ့အနေနှင့် ဒေါသကို မည်သို့ ထိန်းထားရမည်နည်း။

နတ်ဘုရားဘုရင် ယီမင်က လက်ဝါးဖြန့်လိုက်သည်နှင့် ချင်းခွန် ရှစ်မြောင့်ထောင့် ပုံကားချပ်ကို ထုတ်ယူလိုက်သည်။ နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာကြောင့် တည်နေရာပတ်လည်မှာ ချုပ်နှောင်ခံလိုက်ရသလို ဖြစ်သွားသည်။ မိုဝူကျိက တစ်ဖက်လူ၏ တည်နေရာ စည်းမျည်းအတွင်း ပိတ်လှောင်ခံလိုက်ရသလို ခံစားမိလိုက်သည်။

“ ဝုန်း ” မိုဝူကျိ၏ ငွေရောင်မြစ်က နောက်ဆုံးတွင် ကျဆင်းလာပြီး ပေါက်ကွဲစေသည့် ပင်လယ်ရေက နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာ ပိတ်လှောင်ထားသည့် တည်နေရာအပေါ် ဆင်းသက်လာသည်။ ထိုစဉ် မှော်ရတနာမှ ပိတ်လှောင်ထားသော တည်နေရာမှာ အစအနမရှိ ကွယ်ပျောက်သွားလေ၏။

နတ်ဘုရားဘုရင် ယီမင်က သူ့စွမ်းအားစက်ကွင်း တုန်ခါလာသည်ကို ခံစားမိပြီး ထိုငွေရောင်မြစ်၏ စည်းမျည်းများမှာ မည်မျှ ပြီးပြည့်စုံနေကြောင်း သိလိုက်ရ၍ အံ့အားသင့်သွားသည်။ ကျဆင်းလာသည့် စွမ်းအားတို့ကား ပြင်းထန်သော သတ်ဖြတ်ငွေ့များကိုပါ ယူဆောင်လာသည်။

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည် ထုလုပ်ရာ၌ ဖျင်ရွေကို ထည့်ခဲ့သည့် ဆုံးဖြတ်ချက်အား အလွန်ဝမ်းသာနေမိသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည် သုံး၍ တိုက်ခိုက်လိုက်သည့်အခါ အလွန်ကျေနပ်ဖွယ် ကောင်းလှသည်။

မိုဝူကျိ၏ ဒုတိယတိုက်ကွက် ထွက်ပေါ်လာသည်ကို စောင့်မနေတော့ဘဲ နတ်ဘုရားဘုရင် ယီမင်၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်မသွားခင် အေးစက်စက် ပြောလိုက်သေး၏  “ မင်းကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ် ”

ထိုသို့ပြောပြီးနောက် နတ်ဘုရားဘုရင် ယီမင်သည် မိုဝူကျိ၏ နေရာမှ ဝေးရာသို့ ထွက်ပြေးသွားတော့သည်။ သူ ကြောက်လန့်သွားသည်မှာ သူက နတ်ဘုရားဘုရင် ဗောဓိနက်လောက် အားမကောင်းပေ။ အကယ်၍ ဤနေရာ၌ သူသာ မိုဝူကျိ လက်ထဲ သေဆုံးရမည်ဆိုလျှင် သူ့အနေနှင့် နောင်တရမည့် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ချေ။ သူက မိုဝူကျိကိုတော့ မသိမသာ ကြောက်ရွံ့နေမိသည်။

မိုဝူကျိက နတ်ဘုရားဘုရင် ယီမင်၏ မှော်ရတနာ တန်ပြန်အားကို အတင်းအကျပ် ချိုးဖောက်လိုက်သည်နှင့် သူနှင့် နတ်ဘုရားဘုရင် ယီမင်ကြားတွင် အကွာအဝေးတစ်ခု ရှိနေသေးကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက နတ်ဘုရားဘုရင် ယီမင်နောက် လိုက်မသွားပေ။ ထို့အစား သူက ခပ်ဝဝ သူတော်စင်ကိုသာ ကြည့်လိုက်ပြီး  “ ကျုပ် အမှတ်မမှားရင် ခင်ဗျားက နတ်ဘုရားဘုရင် ယန်တု မလား။ အရင်တုန်းက ခင်ဗျား၊ ယန်တင်း၊ ယီမင်နဲ့ ဗောဓိနက်တို့က အတူတူ ကျူးလွန်ခဲ့ကြတယ်မလား ”

နတ်ဘုရားဘုရင် ယန်တုက မိုဝူကျိအား ဦးညွှတ်ကာ  “ ကျေးဇူးရှင်မိုက ကျုပ်ကို စွပ်စွဲနေတာပါ။ အရင်တုန်းက တာအိုရောင်းရင်း ဖန်းကျဲကို ဒုက္ခပေးချင်လို့ ကျုပ်ကိုပါ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က တာအိုရောင်းရင်း ဖန်းကျဲနဲ့ ဆက်ဆံရေး ကောင်းတယ်လေ။ သူ့ကို ဘာများလုပ်နိုင်မှာလဲ … အဲဒါကြောင့်မလို့ ကျုပ်က ကျန်တဲ့သူတွေနဲ့ မလိုက်ဘဲ နေရစ်ခဲ့တာပါ။ ကျုပ် ဟိုးကတည်းက ကျေးဇူးရှင်မိုကို လေးစားမိတယ်လေ … ကျုပ်က တာအိုရောင်းရင်း ဖန်းကျဲကို လုပ်ကြံဖို့ ဘာလို့များ ကြံစည်ရမှာလဲဗျာ ”

ယန်တုက ဖန်းကျဲနှင့် ရင်မဆိုင်လိုသည်မှာ အမှန်ဖြစ်သော်လည်း သူနှင့် ဖန်းကျဲတို့က ဆက်ဆံရေး ကောင်းနေ၍တော့ မဟုတ်ပေ။ အဓိက အကြောင်းအရင်းမှာ သူက မိုဝူကျိကို ကြောက်၍ ဖြစ်သည်။

သူ့အမြင်၌ သူ့ခန့်မှန်းချက်မှာ လုံးဝကို မှန်ကန်နေပေသည်။

အခုမှ ဘယ်နှနှစ်ပဲ ရှိသေးတာလဲ …

နတ်ဘုရားဘုရင် ဗောဓိနက်က မိုဝူကျိ လက်ထဲ သေဆုံးသွားပြီး နတ်ဘုရားဘုရင် ယီမင်ကလည်း ထိပ်တိုက် ရင်ဆိုင်ပြီးတော့ ထွက်ပြေးသွားရသည်။

****

အခန္း  (၁၀၆၁)  :  နတ္ဘုရားဘုရင္အား ေျခာက္လန႔္ျခင္း

“ ဒါက မိုးေျမဓားသြား လ်ိဳ႕ဝွက္ပညာရပ္ပဲ ….” ေနာက္လူတစ္ေယာက္၏ စိတ္စြမ္းအားက ထိုခရမ္းအလင္းမွာ မည္သည့္အရာျဖစ္ေၾကာင္း အာ႐ုံခံလိုက္မိကာ တအံ့တဩ ေရ႐ြတ္လိုက္သည္။

သာမာန္အက်ဆုံး လ်ိဳ႕ဝွက္ပညာရပ္ ျဖစ္ေနလွ်င္ပင္ မိုးေျမဓားသြားကို မဆိုထားႏွင့္ မိုးေျမ၏ လ်ိဳ႕ဝွက္ပညာရပ္က က်င့္ႀကံသူၾကားမွ တိုက္ပြဲကို ႏႈိးဆြေပးႏိုင္သည္။ အမ်ိဳးမ်ိဳးေသာ ေမွာ္ရတနာ အလင္းတန္းမ်ားက ေနရာအႏွံ႔ ထြက္ေပၚေနၿပီး ေသြးမ်ားလည္း ေပစြန္းေနၾကသည္။

ယခင္ ေအးခ်မ္းလွေသာ နတ္ဘုရားသိုက္ၿမဳံသည္ ႐ုတ္ခ်ည္းဆိုသလို ေသြးသံရဲရဲ ႐ုတ္႐ုတ္သည္းသည္း ျဖစ္သြားေလသည္။ သားရဲတစ္ေကာင္ ႏႈိးထလာသည့္အလား ၾကမ္းၾကမ္းတမ္းတမ္း ျပဳမူကုန္သည္။

ေကာင္းကင္နတ္ဘုရား တစ္ေယာက္က မိုးေျမဓားသြား လ်ိဳ႕ဝွက္ပညာရပ္ကို ဆြဲယူေတာ့မည့္ဆဲဆဲတြင္ သူ႔အေပၚ တိုက္ခိုက္ေရးအလင္းတခ်ိဳ႕ က်ေရာက္လာသည္။ ေနာက္အခိုက္အတန႔္ေလး၌ သူ႔ခႏၶာကိုယ္မွာ တစစီ ျဖစ္သြားကာ ကမာၻဦး စိတ္ဝိညာဥ္သာ ထြက္ေပၚလာသည္။ ကံေကာင္းသည္က မည္သူကမွ သူ႔ကမာၻဦး စိတ္ဝိညာဥ္ကို ဂ႐ုမစိုက္ေနၾကေပ။ အားလုံးက ထိုခရမ္းလ်ိဳ႕ဝွက္ပညာရပ္အေပၚသာ အာ႐ုံစိုက္ထားၾက၏။

လူမ်ားစြာ လ်ိဳ႕ဝွက္ပညာရပ္ တစ္ခုတည္းကို လုယက္ေနသည္အား မျမင္လိုသည့္အလား ေနာက္ထပ္ ခပ္ေဖ်ာ့ေဖ်ာ့ ေ႐ႊေရာင္အလင္းတန္း ထပ္မံ ထြက္ေပၚလာျပန္သည္။

“ အဲဒါ အေသးစား ျဖတ္ေတာက္‌ေရး လ်ိဳ႕ဝွက္ပညာရပ္ပဲ  …” သူတို႔က ထိုလ်ိဳ႕ဝွက္ပညာရပ္မ်ားျဖင့္ ကံမစပ္ေၾကာင္း သိၾကေသာ္လည္း လ်ိဳ႕ဝွက္ပညာရပ္မ်ား ထြက္ေပၚလာသည္ကို ျမင္ၾကသူတို႔က က်ယ္ေလာင္စြာ ဆက္လက္ ေအာ္ေနၾကေသး၏။

အကယ္၍ ယခင္ မိုးေျမဓားသြားက ကေမာက္ကမ တိုက္ပြဲအစ ျဖစ္ေစခဲ့လွ်င္ ယခု အေသးစား ျဖတ္ေတာက္ေရး လ်ိဳ႕ဝွက္ပညာရပ္က အားလုံးကို ႐ူးသြပ္သြားေစသည္။

ယခင္က နတ္ဘုရားမ်ိဳးႏြယ္ဝင္ တစ္ေယာက္သည္ အေသးစား က်ိန္စာပညာရပ္ကို အသုံးျပဳ၍ နတ္ဘုရားနယ္ေျမမွ က်င့္ႀကံသူမ်ားအား အလြယ္တကူ သတ္သြားခဲ့သည္။ ဤအေသးစား ျဖတ္ေတာက္ေရး ပညာရပ္သည္လည္း အေသးစား က်ိန္စာပညာရပ္ႏွင့္ အဆင့္အတူတူ ျဖစ္လိမ့္မည္။ ယခု ေပၚထြက္လာၿပီ ျဖစ္ရာ မည္သို႔ ႐ုတ္႐ုတ္သည္းသည္း မျဖစ္ေစဘဲ ေနမည္နည္း။
သဟဇာတ နတ္ဘုရားပင္ ထိုလ်ိဳ႕ဝွက္ပညာရပ္ လုယူပြဲ၌ ပါဝင္လာေပသည္။

တစ္ေယာက္ေယာက္က အစျပဳလိုက္သည့္အလား အားလုံးက အေသးစား ျဖတ္ေတာက္ေရး ပညာရပ္ကို အလုအယက္ ျဖစ္ေနၾကစဥ္ အက္ေၾကာင္းမွ ေနာက္ထပ္ အလင္းမ်ားစြာ ထြက္ေပၚလာသည္။

“ ေရခဲ တိုက္ကြက္ ”
“ ဦးဆုံး ဓားသြားတာအို ”
“ နဝမေျမာက္ လြတ္ေျမာက္ေရး ”

“ အာ ငါ ဘာေတြ လိုက္ၾကည့္ေနတာလဲ … အဲဒါက ဖ်က္စီးေရး ပညာရပ္ေတြေလ ”

ေနမင္းေလာက္ ေတာက္ပသည့္ ေ႐ႊေရာင္အလင္းတန္းက အားလုံး၏ အာ႐ုံစိုက္မႈကို ရရွိသြားသည္။ စကားတခ်ိဳ႕ ေျပာလိုက္ၿပီးေနာက္ အားလုံးနီးပါးက ထိုေ႐ႊေရာင္အလင္းတန္းဆီ ေျပးသြားၾကသည္။

“တာ့ရွီရႈန္း  … အဲဒီလူေတြက ႐ူးေနၿပီ …” ေဝ႐ုႏွင့္ မိုဝူက်ိတို႔က နတ္ဘုရားသိုက္ၿမဳံသို႔ ေရာက္လာခါစ ျဖစ္ကာ ႐ူးသြပ္ေနေသာ လူအုပ္ႀကီးကို ေၾကာင္အမ္းအမ္း ၾကည့္ေနမိၾကသည္။ ထိုစည္ က်င့္ႀကံသူမ်ားက ေနရာအႏွံ႔ ရွိေနၾကၿပီး ေသြးမ်ားကလည္း ေနရာအႏွံ႔ ေပစြန္းေနသည္။ အားလုံးက ထိုပညာရပ္မ်ား ရရွိဖို႔ရာအတြက္ တစ္ဦးႏွင့္ တစ္ဦး တိုက္ခိုက္ေနၾကသည္။

မိုဝူက်ိက အသက္ျပင္းျပင္းရႈကာ  “ သူတို႔က ႐ူးေနတာ မဟုတ္ဘူး။ စည္းမ်ည္းအက္ေၾကာင္းက လ်ိဳ႕ဝွက္ပညာရပ္ေတြ ထြက္ေပၚလာတာေလ။ အဲဒါေတြအားလုံးက မိုးေျမကေန ျဖစ္တည္လာတဲ့ ေရွးေဟာင္းပညာရပ္ေတြခ်ည္းပဲ …  ပညာရပ္တစ္ခုခ်င္းစီက အေတာ္ေလး အားေကာင္းတယ္။ ခြန္းယြင္ …  အဲဒီလူအိုႀကီးက ငါ့ကို ဒီအေၾကာင္း ေျပာမသြားဘူး ”

ေဝ႐ု၏ မ်က္ဝန္းက ခ်က္ခ်င္း နီရဲလာကာ  “ တာ့ရွီရႈန္း …. ကြၽန္ေတာ္တို႔လည္း ဝင္ပါရေအာင္။ တကယ္လို႔ ကြၽန္ေတာ္တို႔ ေနာက္က်သြားရင္ ဘာမွမရဘဲ ေနလိမ့္မယ္ ”

မိုဝူက်ိက ေခါင္းခါကာ  “ ေဝ႐ု အခုေတာ့ မင္း ေနာက္ဆုတ္သင့္တယ္။ ဒါက မင္း ဝင္ပါလို႔ ရမဲ့ ေနရာ မဟုတ္ေသးဘူး။ မင္း လ်ိဳ႕ဝွက္ပညာရပ္ ရတာနဲ႔ ေနာက္အခိုက္အတန႔္ေလးမွာ ေသသြားႏိုင္တယ္။ ၿပီးေတာ့မွ ငါ ဝင္ပါလိုက္မယ္။ သူတို႔က ငါတို႔ လူသားဂိုဏ္းအပိုင္ ျဖစ္လာလိမ့္မယ္ ”

မိုဝူက်ိက ေလွ်ာက္ေျပာေနျခင္း မဟုတ္ေပ။ ဤသို႔ တိုက္ပြဲမ်ိဳး ဝင္ပါျခင္းက ေဝ႐ု၏ ႐ုပ္ခႏၶာႏွင့္ ေကာင္းကင္နတ္ဘုရားအဆင့္ ၅ အင္အားျဖင့္ ကိုယ့္ေသတြင္းကို တူးသလို ျဖစ္ေနလိမ့္မည္။

အခ်ိန္တိုေလးအတြင္း လ်ိဳ႕ဝွက္ပညာရပ္မ်ားဆီ ခ်ည္းကပ္လာေသာ က်င့္ႀကံသူတခ်ိဳ႕မွာ အလင္းတန္းေၾကာင့္ ေသဆုံးသြားၾကရေသာေၾကာင့္ ေဝ႐ုက ထိုသူမ်ား၏ အေလာင္းမ်ားကို ျမင္လိုက္ရသည္။ သူက တြန႔္ဆုတ္ေနမိေသာ္လည္း သူ႔တာရွီရႈန္း ေျပာစကားမွာ မွန္ကန္ေၾကာင္း သိေပသည္။ တိုက္ပြဲအတြင္း ဝင္ပါျခင္းက ကိုယ့္ေသတြင္းကို တူးေနျခင္းသာ ျဖစ္ေပမည္။

“ တာ့ရွီရႈန္း စကားကို နားေထာင္ပါ့မယ္ ” သူက က်င့္ႀကံေရးေဆးလုံးမ်ားစြာႏွင့္ အဆင့္နိမ့္ နတ္ခ်ပ္ဝတ္လည္း ရွိေပသည္။ ထို႔အျပင္ သူ႔တြင္ တိုက္ခိုက္ေရး အေဆာင္တခ်ိဳ႕လည္း ရွိေနေသး၏။ ဤသည္မွာ ဤေနရာတြင္ အသက္ရွင္ဖို႔ရာ အေျခခံသာ ျဖစ္၏။

မိုဝူက်ိက ႐ြိဳက္ေကာႏွင့္ တာ့ဟြမ္တို႔အား ေခၚထုတ္ကာ ၫႊန္ၾကားလိုက္၏  “ ငါ မင္းကို ေျပာဖူးပါတယ္။ ဒီဟာႀကီးက မင္းတို႔ႏွစ္ေယာက္အတြက္ အက်ိဳးရွိမလားဆိုတာ မင္းတို႔ရဲ႕ ကံတရားေပၚ မူတည္တယ္။ အခု မင္းတို႔ႏွစ္ေယာက္လုံး ေဝ႐ုနဲ႔ အတူတူ ေနာက္ဆုတ္ၾကၿပီးေတာ့ အခြင့္အေရးကို ေစာင့္ေနၾက …. အခု ငါ မိုးေျမပညာရပ္တခ်ိဳ႕ကို သြားယူလိုက္ဦးမယ္  ”

တာ့ဟြမ္က ေကာင္းကင္နတ္ဘုရား ၿပီးျပည့္စုံျခင္းအဆင့္ ျဖစ္ေသာ္လည္း ထိုအဆင့္တြင္ တန႔္ၾကာေနေလ၏။ တာ့ဟြမ္က တန႔္ၾကာေနေသာေၾကာင့္ ႐ြိဳက္ေကာပင္ သူ႔အား မီလာေလ၏။ တာ့ဟြမ္ကဲ့သို႔ ႐ြိဳက္ေကာသည္လည္း ေကာင္းကင္နတ္ဘုရား ၿပီးျပည့္စုံျခင္းအဆင့္တြင္ ရပ္တန႔္ေနသည္။

နတ္ဘုရားေလာက ျပန္လည္ေကာင္းမြန္လာမႈသည္ တာ့ဟြမ္ႏွင့္ ႐ြိဳက္ေကာတို႔၏ အခြင့္အေရး ျဖစ္လာႏိုင္သည္။
“ သခင္ႀကီး ကြၽန္ေတာ္တို႔ သိပါၿပီ ” တာ့ဟြမ္ႏွင့္ ႐ြိဳက္ေကာတို႔က စိတ္အားတက္ႂကြစြာ ျပန္ေျဖလိုက္သည္။ မိုဝူက်ိက နတ္ဘုရားေလာက ျပန္လည္ ေကာင္းမြန္လာမည္ ျဖစ္ေၾကာင္းကို အေျပာကို ၾကားထားသည့္ ႐ြိဳက္ေကာက လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္သည္။ သူက ထိုအခြင့္ေကာင္းကို အမိဖမ္းရန္အတြက္ အဆင့္သင့္ ျဖစ္ေနေလၿပီ။

တာ့ဟြမ္တို႔အား ၫႊန္ၾကားေပးၿပီးေနာက္ မိုဝူက်ိက တုံ႔ဆိုင္းမေနေတာ့ဘဲ အက္ေၾကာင္းအစြန္းဆီ ေျပးဝင္သြားသည္။ သူ႔တြင္ ဝိဇၨာ႐ုပ္ခႏၶာအဆင့္ ရွိသည့္အျပင္ ေလလြတ္ေျမာက္ေရး နည္းစနစ္လည္း ရွိထားသည့္အတြက္ ဤသို႔ တိုက္ပြဲမ်ိဳး၌ အေရးသာေပသည္။

အက္ေၾကာင္းမွ အလင္းတန္းအမ်ိဳးမ်ိဳး ထြက္ေပၚလာေသာ္လည္း မိုဝူက်ိက စမတိုက္ေသးေပ။ သိပ္မၾကာေသးခင္ မိုဝူက်ိက ေ႐ႊေရာင္အလင္းတန္းသည္ အားအေကာင္းဆုံး လ်ိဳ႕ဝွက္ပညာရပ္ ျဖစ္ၿပီး ထိပ္တန္းအဆင့္ လ်ိဳ႕ဝွက္ပညာရပ္ ျဖစ္မည္ဟု ခန႔္မွန္းမိသည္။ အခုအထိ ဖ်က္စီးေရး မဟာ ပညာရပ္ ထြက္ေပၚလာကာ သဟဇာတ နတ္ဘုရားက ယူေဆာင္သြားေလ၏။ ထိုသဟဇာတ နတ္ဘုရားက ဆက္မေနရဲေတာ့ဘဲ ထိုပညာရပ္ ရရွိၿပီးေနာက္ ျမန္ျမန္ ျပန္ထြက္သြားသည္။
မိုဝူက်ိက စိတ္ထဲ၌ သေရာ္မိလိုက္သည္။ ထိုလူက အားလုံးကို အ႐ူးအမူး ျဖစ္သြားေစမည့္ နတ္ဝိညာဥ္ေသြးေၾကာမ်ား က်လာမည္ကို မသိဘဲ ထြက္သြားေလသည္။

ထိုအေတြး ေတြးမိစဥ္ အက္ေၾကာင္းထဲမွ ဓားရွည္အနက္တစ္ေခ်ာင္း ထြက္ေပၚလာၿပီး ထိုအရာမွ ထြက္ေပၚေနေသာ အရွိန္အဝါ အေငြ႕အသက္မ်ားအရ ရွန္းထ်န္းရတနာ ျဖစ္ေၾကာင္း သိလိုက္သည္။

မိုဝူက်ိ တစ္ေယာက္တည္း သတိထားမိျခင္း မဟုတ္ေပ။ နတ္ဘုရားဘုရင္မ်ားစြာကလည္း ထိုဓားနက္ ေပၚလာသည္ႏွင့္ ခ်က္ခ်င္း ေျပးသြားၾကသည္။

ထိုဓားနက္အၿပီးတြင္ တူညီေသာ အေငြ႕အသက္မ်ားကို ယူေဆာင္လာသည့္ အလင္းတန္းႏွစ္တန္း ထြက္ေပၚလာ၏။

မိုဝူက်ိက အသက္ျပင္းျပင္း ရႈလိုက္၏။

ဒီေန႔ ဒီအက္ေၾကာင္းကေန ရတနာ ဘယ္ေလာက္ေတာင္ ထြက္လာမွာလဲ …

မိုဝူက်ိက ထိုပစၥည္းမ်ားအတြက္ မတိုက္ခိုက္ေပ။ အရင္ဦစြာ ဤေနရာတြင္ နတ္ဘုရားမ်ားစြာ ရွိေနၿပီး ဒုတိယအေနႏွင့္ မိုဝူက်ိက ထိုပစၥည္းမ်ားကို သည္းႀကီးမည္းႀကီး မလိုအပ္ေန၍ ျဖစ္သည္။

ထိုစဥ္ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ အလင္းတန္းေလး ထြက္ေပၚလာသည္။ မိုဝူက်ိက တုံ႔ဆိုင္းမေနဘဲ ထိုအလင္းတန္းဆီ ေျပးသြားလိုက္သည္။ အေၾကာင္းမွာ သူ႔စိတ္ဝိညာဥ္ သိုေလွာင္ေရး လမ္းေၾကာင္းမွ တဆင့္ ထိုအရာသည္ မိုးဆင့္ေခၚလ်ိဳ႕ဝွက္ပညာရပ္ ျဖစ္ေနေၾကာင္း သိလိုက္ရ၍ ျဖစ္ေပသည္။

မိုဝူက်ိက မိုးဆင့္ေခၚပညာရပ္အေၾကာင္း အၿမဲေတြးေနသည့္အေၾကာင္း ထည့္မေျပာလွ်င္ပင္ ထိုေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ အလင္းတန္းက ေ႐ြေရာင္လ်ိဳ႕ဝွက္ပညာရပ္အၿပီးလွ်င္ အဆင့္အတန္းက ဒုတိယ လိုက္ေပသည္။
မိုဝူက်ိ၏ ေလေ႐ြ႕ေျပာင္းစြမ္းရည္က အင္မတန္ ျမန္ဆန္သည့္အတြက္ ထိုေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ အလင္းတန္းေလး ေပၚလာသည္ႏွင့္ သူ႔လူသားကမာၻထဲ တန္းပို႔လိုက္ႏိုင္သည္။

“ မိုဝူက်ိလား ” နတ္ဘုရားဘုရင္ ယီမင္ မ်က္ဝန္းမ်ားက  တုန္လႈပ္မိသြားသည္။ သူက မိုဝူက်ိသည္ ဤေနရာတြင္ ကိုယ့္ေသတြင္းကို တူးလိမ့္မည္ဟု မထင္ထားေပ။ ယခင္ သူက လ်ိဳ႕ဝွက္ပညာရပ္အမ်ိဳးမ်ိဳးကို ယူေနစဥ္က မိုဝူက်ိ၏ တည္ရွိမႈကို လုံးဝ ဂ႐ုမစိုက္မိခဲ့ေပ။ ယခု မိုဝူက်ိက ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ လ်ိဳ႕ဝွက္ပညာရပ္ကို သိမ္းဆည္းသြားသည့္အခါမွ နတ္ဘုရားဘုရင္ ယီမင္က ခ်က္ခ်င္း သတိျပဳမိလိုက္ျခင္း ျဖစ္၏။

“ ခ်ထားလိုက္စမ္း ” ေလာကနတ္ဘုရားအဆင့္ရွိ က်င့္ႀကံသူတစ္ဦးက မိုဝူက်ိဆီ ေျပးဝင္လာရင္း ေအာ္ေျပာလိုက္သည္။ သူ႔အျမင္၌ မိုဝူက်ိသည္ ပု႐ြက္ဆိတ္လိုမ်ိဳး တည္ရွိမႈ ျဖစ္ေပသည္။

သူက မည္မွ် ျမန္ဆန္ေစကာမူ ပု႐ြက္ဆိတ္ ျဖစ္ေနဆဲ ျဖစ္၏။

တစ္ခ်ိန္တည္းဆိုသလို မိုဝူက်ိ၏ စြမ္းအားစက္ကြင္းဆီ ေမွာ္ရတနာမ်ား၏ အလင္းတန္း ေျမာက္မ်ားစြာ က်ေရာက္လာသည္။ ထိုတိုက္ခိုက္ေရး အလင္းတန္းမ်ားက မိုဝူက်ိအေပၚတြင္ သက္ေရာက္မႈ မရွိေခ်။

မိုဝူက်ိက မလိုအပ္တာ ေျပာမေနေတာ့ဘဲ လျခမ္းေကြး ပုဆိန္လွံရွည္ကိုသာ ေဝ့ယမ္းလိုက္သည္။ သူ႔ဆီ ဦးတည္လာေနသည့္ ေလာကနတ္ဘုရားထံ ခ်ိန္႐ြယ္ထားလိုက္၏။

ပုဆိန္လွံရွည္ အလင္းတန္းက ကႏၲာရထဲမွ သဲလႈိင္းလိုမ်ိဳး ထြက္ေပၚလာကာ ေလာကနတ္ဘုရားအား ဝါးမ်ိဳသြားသည္။ ထိုေလာကနတ္ဘုရားက ေလာကနတ္ဘုရား အဆင့္ ၇ ျဖစ္ေသာ္လည္း သူ႔တိုက္ကြက္မ်ားႏွင့္ စိတ္စြမ္းအားမွာ တစ္ဖက္လူ၏ ပုဆိန္လွံရွည္၏ ျဖတ္ေတာက္ျခင္းကို ခံလိုက္ရျခင္းသာ ခံစားမိလိုက္သည္။ သူ႔စြမ္းအားစက္ကြင္းပင္ သူ႔အား ဝါးမ်ိဳသြားေသာ ထိုသဲလႈိင္းလုံးႀကီးေၾကာင့္ တစစီ ျဖစ္သြားေလ၏။

“ ငါ ထပ္ၿပီး မလိုခ်င္ေတာ့ပါဘူး။ ငါ့ကို လႊတ္ေပးပါ  …” ေလာကနတ္ဘုရားက သံမဏိျပားႀကီးႏွင့္ ရင္ဆိုင္မိေၾကာင္း မည္သို႔ မသိဘဲ ေနမည္နည္း။ ဤလူက ပါးမႊားမဟုတ္ဘဲ နတ္ဘုရားဘုရင္ ျဖစ္ေနေလ၏။

မိုဝူက်ိက သက္ညႇာေပးဖို႔ စိတ္ကူးမရွိေသာေၾကာင့္ ကႏၲာရႀကီးက ေပါက္ကြဲထြက္သြားကာ ေသြးျမဴ ျဖစ္တည္လာသည္။ ဤေလာကနတ္ဘုရားက မိုဝူက်ိ၏ တိုက္ကြက္ႏွင့္ ေတြ႕သြားသည့္အခါ ျပန္လည္ ခုခံဖို႔ရာ အင္အားပင္ မက်န္ရွိေတာ့ေပ။

မိုဝူက်ိက အ႐ူး မဟုတ္သေ႐ြ႕ ဤသို႔အခ်ိန္အခါမ်ိဳး၌ အဘယ္ေၾကာင့္ သက္ညႇာေပးရမည္နည္း။

ေကာင္းကင္နတ္ဘုရားတခ်ိဳ႕က မိုဝူက်ိ၏ အႏၲရာယ္ကို ခံစားမိေသာေၾကာင့္ လမ္းတြင္ ရပ္တန႔္လိုက္ၾကသည္။ နတ္ဘုရားဘုရင္အျပင္ မည္သူကမ်ား ေလာကနတ္ဘုရားအား တစ္ခ်က္တည္းျဖင့္ ရွင္းထုတ္ပစ္ႏိုင္မည္နည္း။

မိုဝူက်ိ သြားဖို႔ရာ ျပင္ေနသည့္ နတ္ဘုရားဘုရင္ ယီမင္ပင္ ရပ္တန႔္သြားေလသည္။ သူက နတ္ဘုရားနယ္ေျမ၌ မိုဝူက်ိသည္ တကယ္ႀကီး ေသမင္းေထာင္ေခ်ာက္ အကူအညီျဖင့္ နတ္ဘုရားဘုရင္ ေဗာဓိနက္ကို သတ္ပစ္ခဲ့တာလားဟု သံသယဝင္လာမိသည္။

မိုဝူက်ိကလည္း နတ္ဘုရားဘုရင္ ယီမင္ကို အာ႐ုံခံမိေသာေၾကာင့္ သူ႔ပုဆိန္လွံရွည္အား ေဝ့ယမ္းလိုက္သည္။ ထိုအခါ နတ္ဘုရားဘုရင္ ယီမင္ထံသို႔ ေငြေရာင္ျမစ္ႀကီး က်ဆင္းလာသည္။

မိုဝူက်ိက ရန္ၿငိဳးေၾကာင့္ လႈပ္ရွားလိုက္သည့္ တစ္ဦးတည္းေသာသူ ျဖစ္၏။

“ မင္းက ေသခ်င္ေနတာပဲ ” အစပိုင္းတြင္ နတ္ဘုရားဘုရင္ ယီမင္က နတ္ဘုရားဘုရင္ ယန္ထင္းႏွင့္အတူ မိုဝူက်ိအား ရွာၿပီး မဖယ္ရွားခင္ သူဆီမွ ရတနာမ်ားစြာကို လုယူရန္ ႀကံစည္ထားေလ၏။ ယခု မိုဝူက်ိက သူ႔အား တိုက္ခိုက္လာေလရာ သူ႔အေနႏွင့္ ေဒါသကို မည္သို႔ ထိန္းထားရမည္နည္း။

နတ္ဘုရားဘုရင္ ယီမင္က လက္ဝါးျဖန႔္လိုက္သည္ႏွင့္ ခ်င္းခြန္ ရွစ္ေျမာင့္ေထာင့္ ပုံကားခ်ပ္ကို ထုတ္ယူလိုက္သည္။ နတ္ဘုရားဘုရင္ ယီမင္၏ ေမွာ္ရတနာေၾကာင့္ တည္ေနရာပတ္လည္မွာ ခ်ဳပ္ေႏွာင္ခံလိုက္ရသလို ျဖစ္သြားသည္။ မိုဝူက်ိက တစ္ဖက္လူ၏ တည္ေနရာ စည္းမ်ည္းအတြင္း ပိတ္ေလွာင္ခံလိုက္ရသလို ခံစားမိလိုက္သည္။

“ ဝုန္း ” မိုဝူက်ိ၏ ေငြေရာင္ျမစ္က ေနာက္ဆုံးတြင္ က်ဆင္းလာၿပီး ေပါက္ကြဲေစသည့္ ပင္လယ္ေရက နတ္ဘုရားဘုရင္ ယီမင္၏ ေမွာ္ရတနာ ပိတ္ေလွာင္ထားသည့္ တည္ေနရာအေပၚ ဆင္းသက္လာသည္။ ထိုစဥ္ ေမွာ္ရတနာမွ ပိတ္ေလွာင္ထားေသာ တည္ေနရာမွာ အစအနမရွိ ကြယ္ေပ်ာက္သြားေလ၏။

နတ္ဘုရားဘုရင္ ယီမင္က သူ႔စြမ္းအားစက္ကြင္း တုန္ခါလာသည္ကို ခံစားမိၿပီး ထိုေငြေရာင္ျမစ္၏ စည္းမ်ည္းမ်ားမွာ မည္မွ် ၿပီးျပည့္စုံေနေၾကာင္း သိလိုက္ရ၍ အံ့အားသင့္သြားသည္။ က်ဆင္းလာသည့္ စြမ္းအားတို႔ကား ျပင္းထန္ေသာ သတ္ျဖတ္ေငြ႕မ်ားကိုပါ ယူေဆာင္လာသည္။

မိုဝူက်ိက သူ႔လျခမ္းေကြး ပုဆိန္လွံရွည္ ထုလုပ္ရာ၌ ဖ်င္ေ႐ြကို ထည့္ခဲ့သည့္ ဆုံးျဖတ္ခ်က္အား အလြန္ဝမ္းသာေနမိသည္။ သူ႔လျခမ္းေကြး ပုဆိန္လွံရွည္ သုံး၍ တိုက္ခိုက္လိုက္သည့္အခါ အလြန္ေက်နပ္ဖြယ္ ေကာင္းလွသည္။

မိုဝူက်ိ၏ ဒုတိယတိုက္ကြက္ ထြက္ေပၚလာသည္ကို ေစာင့္မေနေတာ့ဘဲ နတ္ဘုရားဘုရင္ ယီမင္၏ ခႏၶာကိုယ္က ျဖတ္ခနဲ ေပ်ာက္ကြယ္မသြားခင္ ေအးစက္စက္ ေျပာလိုက္ေသး၏  “ မင္းကို ရက္နည္းနည္းေလာက္ အသက္ရွင္ခြင့္ ေပးထားလိုက္မယ္ ”

ထိုသို႔ေျပာၿပီးေနာက္ နတ္ဘုရားဘုရင္ ယီမင္သည္ မိုဝူက်ိ၏ ေနရာမွ ေဝးရာသို႔ ထြက္ေျပးသြားေတာ့သည္။ သူ ေၾကာက္လန႔္သြားသည္မွာ သူက နတ္ဘုရားဘုရင္ ေဗာဓိနက္ေလာက္ အားမေကာင္းေပ။ အကယ္၍ ဤေနရာ၌ သူသာ မိုဝူက်ိ လက္ထဲ ေသဆုံးရမည္ဆိုလွ်င္ သူ႔အေနႏွင့္ ေနာင္တရမည့္ အခြင့္အေရးပင္ ရလိုက္မည္ မဟုတ္ေခ်။ သူက မိုဝူက်ိကိုေတာ့ မသိမသာ ေၾကာက္႐ြံ႕ေနမိသည္။

မိုဝူက်ိက နတ္ဘုရားဘုရင္ ယီမင္၏ ေမွာ္ရတနာ တန္ျပန္အားကို အတင္းအက်ပ္ ခ်ိဳးေဖာက္လိုက္သည္ႏွင့္ သူႏွင့္ နတ္ဘုရားဘုရင္ ယီမင္ၾကားတြင္ အကြာအေဝးတစ္ခု ရွိေနေသးေၾကာင္း သတိထားမိလိုက္သည္။ ထို႔ေၾကာင့္ သူက နတ္ဘုရားဘုရင္ ယီမင္ေနာက္ လိုက္မသြားေပ။ ထို႔အစား သူက ခပ္ဝဝ သူေတာ္စင္ကိုသာ ၾကည့္လိုက္ၿပီး  “ က်ဳပ္ အမွတ္မမွားရင္ ခင္ဗ်ားက နတ္ဘုရားဘုရင္ ယန္တု မလား။ အရင္တုန္းက ခင္ဗ်ား၊ ယန္တင္း၊ ယီမင္နဲ႔ ေဗာဓိနက္တို႔က အတူတူ က်ဴးလြန္ခဲ့ၾကတယ္မလား ”

နတ္ဘုရားဘုရင္ ယန္တုက မိုဝူက်ိအား ဦးၫႊတ္ကာ  “ ေက်းဇူးရွင္မိုက က်ဳပ္ကို စြပ္စြဲေနတာပါ။ အရင္တုန္းက တာအိုေရာင္းရင္း ဖန္းက်ဲကို ဒုကၡေပးခ်င္လို႔ က်ဳပ္ကိုပါ ဖိတ္ေခၚခဲ့တယ္။ ဒါေပမဲ့ က်ဳပ္က တာအိုေရာင္းရင္း ဖန္းက်ဲနဲ႔ ဆက္ဆံေရး ေကာင္းတယ္ေလ။ သူ႔ကို ဘာမ်ားလုပ္ႏိုင္မွာလဲ … အဲဒါေၾကာင့္မလို႔ က်ဳပ္က က်န္တဲ့သူေတြနဲ႔ မလိုက္ဘဲ ေနရစ္ခဲ့တာပါ။ က်ဳပ္ ဟိုးကတည္းက ေက်းဇူးရွင္မိုကို ေလးစားမိတယ္ေလ … က်ဳပ္က တာအိုေရာင္းရင္း ဖန္းက်ဲကို လုပ္ႀကံဖို႔ ဘာလို႔မ်ား ႀကံစည္ရမွာလဲဗ်ာ ”

ယန္တုက ဖန္းက်ဲႏွင့္ ရင္မဆိုင္လိုသည္မွာ အမွန္ျဖစ္ေသာ္လည္း သူႏွင့္ ဖန္းက်ဲတို႔က ဆက္ဆံေရး ေကာင္းေန၍ေတာ့ မဟုတ္ေပ။ အဓိက အေၾကာင္းအရင္းမွာ သူက မိုဝူက်ိကို ေၾကာက္၍ ျဖစ္သည္။

သူ႔အျမင္၌ သူ႔ခန႔္မွန္းခ်က္မွာ လုံးဝကို မွန္ကန္ေနေပသည္။

အခုမွ ဘယ္ႏွႏွစ္ပဲ ရွိေသးတာလဲ …

နတ္ဘုရားဘုရင္ ေဗာဓိနက္က မိုဝူက်ိ လက္ထဲ ေသဆုံးသြားၿပီး နတ္ဘုရားဘုရင္ ယီမင္ကလည္း ထိပ္တိုက္ ရင္ဆိုင္ၿပီးေတာ့ ထြက္ေျပးသြားရသည္။

Continue Reading

You'll Also Like

48.2K 7.7K 34
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
77.8K 15.6K 131
Translation of immortal mortal ....
40.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
16.2K 1.4K 78
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...