အခန်း (947)

619 154 13
                                    


အခန်း (၉၄၇) : ခင်ဗျားက ဘာလိုချင်တာလဲ

မိုဝူကျိက ရယ်မောသည့်အထိ ဒေါသထွက်လာမိသည်။ ခွန်းဝူဓားအသိက ချက်ချင်း ထွက်ပေါ်လာသောကြောင့် သူတို့အောက်ရှိ မြေကြီးတစ်ခုလုံး အေးစက်စက် ပြောင်းလဲသွားတော့သည်။ ဓားပတ်လည် နယ်ပယ်မှာ သတ်ဖြတ်ရေးနယ်ပယ်တစ်ခု ဖြစ်လာသည်။

" မင်းကများ ငါ့ကို တိုက်ရဲတယ်ပေါ့။ မင်းကို အရှင်လတ်လတ် ဝါးမျိုပစ်မယ် " မိုဝူကျိ၏ အပြုအမူကြောင့် မီးစမွှေးခံလိုက်ရသည့်အလား ဒေါသတကြီး အသံက ဟိန်းထွက်လာသည်။

သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေသည့် မိုဝူကျိက ရုတ်ချည်းဆိုသလို တည်ငြိမ်သွားသည်။ ဤနေရာ၌ ထိုလူက လူမြောက်များစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ ဧရာမ သအသက်သွေးဆေးလုံးကြီးသည် ထိုကျင့်ကြံသူများ၏ အသက်သွေးဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုလူက သူ့ကို ဒေါသထွက်ပြီး အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ ဘေးပတ်လည်တွင် အရိုးများစွာ ရှိနေလေရာ တစ်ခုချင်းစီက ကျောက်အင်္ဂတေအား ဒေါသထွက်စေခဲ့လျှင် ယခုအခါ ထိုသူက ဒေါသထွက်လွန်း၍ သေနေလောက်လေပြီ။

ထို့အပြင် သူက ခွန်းဝူဓားကို မြင်မြင်ချင်း တန်း၍ မှတ်မိပေသည်။ သူ့အား ဒူးထောက်ပြီး ဂါရဝပြုဖို့ရာ မပြောခင်အချိန်အထိ ပျော်ရွှင်နေခဲ့သေး၏။ ကနဦး နတ်ဘုရားအဆင့် ဖြစ်နေလျှင်ပင် သူက ဖိအား မပေးဘဲ လုပ်မည် မဟုတ်လောက်ချေ။

အကယ်၍ ထိုလူက သူ့အား ဒေါသထွက်စေပြီး တိုက်ခိုက်ဖို့ရာ လှည့်ဖျားနေသည်ဆိုလျှင် နတ်ဘုရားလောက၏ ဟောလိဝုဒ်မှ ရောက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက ခွန်းဝူဓားကို ထုတ်ယမ်းလိုက်သော်လည်း ဓား၏ အင်အားကို တစ်ဝက်ခန့်မျှ လျော့ချထားသေး၏။ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၃ ကျင့်ကြံသူ ဖြစ်ပြီး အင်အားတစ်ဝက်မျှ ခြွေတာထားသော်လည်း ခွန်းဝူဓားအသိမှာ ကမ္ဘာဖျက် ဖိအားမျိုးကို ထုတ်လွှင့်နိုင်နေသေးကာ ကျောက်အင်္ဂတေအား သေခြင်းတရား အငွေ့အသက်များကို ပေးစွမ်းနေသည်။

လူသားသစ္စာ [901 - 1100]Where stories live. Discover now