အခန်း (1033)

661 134 8
                                    

အခန်း(၁၀၃၃) :  လက်ထပ်ဖို့ ကမ်းလှမ်းခြင်း/ သတို့သမီး တောင်းရမ်းခြင်း

ဝမ်ချွမ်းတာအိုကျောင်းတော်

ဤကျောင်းသည်ကား နတ်ဘုရားနယ်မြေတစ်ခုလုံး၏ ထိပ်သီးဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်မှာ မလွဲပေ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ လူတစ်ယောက်သည် ဝမ်ချွမ်းတာအိုကျောင်းဆီသို့ အတင်းအကျပ် လက်ထပ်ခွင့် ကမ်းလှမ်းရန် ကြိုးစားလိမ့်မည်ဟု ပြောပြပါက သိသာစွာပင် ထိုစကားအား တစ်စုံတစ်ယောက်က ပျက်လုံးတစ်ခုအဖြစ် ပြောနေခြင်းသာ ဖြစ်သည်။

သို့သော် ယနေ့တွင်ကား ဝမ်ချွမ်းကျောင်း၏ ဧည့်ခန်းမထဲ၌ နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့သည် မတတ်သာဘဲ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတို့ဖြင့် မြောက်များစွာသော ဧည့်သည်တို့ကို ကြိုဆိုလိုက်ရလေသည်။

ပျက်လုံးတစ်ခုက အဖြစ်မှန် ဖြစ်လာ၏။ ဤဧည့်သည်များမှာ သတို့သမီး တောင်းယူရန် ရောက်လာခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူတို့က သတို့သမီးကို အတင်းအကျပ် လာတောင်းရန် ရောက်လာခြင်း ဖြစ်၏။

နတ်ဘုရားဘုရင် မော့ဟိုင်နှင့် နတ်ဘုရားဘုရင် ယင်မုတို့ နှစ်ယောက်စလုံးက ဘယ်ဘက်ခြမ်းတွင် ထိုင်နေကြသည်။ သူတို့၏ မျက်နှာချင်းဆိုင် ညာဘက်ခြမ်းတွင် နတ်ဘုရားဘုရင် အဆင့် ၇ ကျင့်ကြံဆင့်ရှိသည့် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ထျဲလန်ရှန်းက ထိုင်နေသည်။ သူ့ဘေးတွင် ဖျတ်လတ်ရည်မွန်သော လူရွယ်တစ်ယောက်ဖြစ်သည့် ဝမ့်ယွင်ချမ်က ထိုင်နေသည်။

ဝမ်ယွင်ချန်းသည် ဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း၏ နံပတ်တစ် ပါရမီရှင်ဖြစ်ကာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၇ ကျင့်ကြံဆင့် ရှိသည်။

အခန်း၏ ညာဘက်တွင် ထိုင်နေသည့် နောက်ထပ်တစ်ယောက်မှာ ပျော်ပျော်နေတတ်ပုံပေါ်သော လူတစ်ယောက် ဖြစ်သည်။ သူက ကြယ်ဖုံးတောင်၏ အကြီးအကဲ နတ်ဘုရားဘုရင်အဆင့် ၇ ယောင်ရှီး ဖြစ်သည်။ သူ့ဘေးတွင်ထိုင်နေသည်မှာလည်း လူရွယ်တစ်ယောက်ဖြစ်၏။ သို့သော် ဤလူရွယ်၏ ကျင့်ကြံဆင့်မှာ နည်းနည်း နိမ့်နေလေသည်။ သူက ကောင်းကင်နတ်ဘုရား အဆင့် ၅ တွင်သာ ရှိသည်။

လူသားသစ္စာ [901 - 1100]Where stories live. Discover now