ကံကြမ္မာဖန်တတ်ပါ့လေ စာစဥ် ၆
ဘာသာပြန် *** Fortuna
အခန်း (၈၆)
မသွားလို့ ရမလားဟင်
ဒါက စီနီယာအစ်ကိုကြီး ရှာချင်နေတဲ့ ကောင်လေးလား …
အထွတ်အထိပ်ရှင် ကျီယန်က စိတ်ထဲ ကျိတ်တွေးလိုက်သည်။
ခပ်ချောချောကောင်လေးပါ့လား … သူသာ ငါတို့ ထိုက်ပိုင်ချိုင့်ဝှမ်းကို ဝင်လိုက်ပြီး ငါတို့ ဓားပညာရပ်တွေကို သင်ယူလိုက်ရင် အရမ်းကို နာမည်ကြီးလာမှာပဲ …
အဲလေ … အရင်ဆုံး အစ်ကိုကြီး ဓားအောက် အသက်ရှင်ဖို့ လိုသေးတယ် …
ဘယ်လိုဖြစ်ဖြစ်ပါ အစ်ကိုကြီးက သူ့ကို တကယ် မသတ်လောက်ပါဘူး။ ဓားပညာရပ်ပေါ် သင်ခန်းစာပေးရုံလောက် နေမှာပါ … အဲဒါကလည်း ရှန်ထျန်းအတွက် ရေရှည်ကျ အကျိုးရှိမှာပဲလေ
ချန်းဟယ် ဓားအသျှင် လီခန်းလန်က အကျော်ဇေယျ ပုဂ္ဂိုလ်ပဲလေ …
အထွတ်အမြတ်မြေက တပည့်များတောင် သူ့ဆီကနေ သင်ယူဖို့ စိတ်ဝင်စားနေကြသည် မဟုတ်ပါလော။
အထွတ်အထိပ်ရှင် ကျီယန်က ရှန်ထျန်းနှင့် လီလျန်အာတို့ စကားဝိုင်းဆီ ဝင်ရောက်လာသည်။
ရှန်ထျန်း၏ လီလျန်အာအပေါ် အပြုအမူကို ကြည့်ကာ မဲ့ရွဲ့သွားလေ၏။
သူက လီလျန်အာကို တစ်ဖက်ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်သည် “ ဒီတစ်ခါ မှန်ရင်တော့ မင်းက ဆရာနတ်မင်း ရှန်အောင်းထျန်းပဲ နေလိမ့်မယ် ဟုတ်တယ်မလား ”
အထွတ်အထိပ်ရှင် ကျီယန်က ဤတစ်ကြိမ်၌ အရမ်းသတိထားနေသည်။
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း “စီနီယာ ထာဝရကျင့်ကြံသူက ကျွန်တော်ကို ဘာလို့များ ရှာနေတာပါလဲ။ ကျွန်တော်က ထိုက်ပိုင်ချိုင့်ဝှမ်းနဲ့ တစ်ခါ ကံပါပြီးပါပြီ … ဒီအတိုင်းလေး ထားလိုက်သင့်ပါတယ် ”
ရှန်ထျန်း စကား ထွက်ပေါ်လာသည့်အခါ အားလုံး အံ့အားသင့်ကုန်ကြသည်။
ဘယ်လို ဘယ်လို … မင်းသား (၁၃)က မငြင်းဘူးလား …
အထွတ်အထိပ်ရှင် ကျီယန်နှင့် လီလျန်အာတို့က သူ့အား မှတ်မိလိုက်ကြသော်လည်း ဧည့်သည်တော်များက ရှန်ထျန်းကို မယုံနိုင်သေးပေ။ အထွတ်အထိပ်ရှင် ကျီယန်က အမှားတစ်ခါ လုပ်ထားဖူးသူ မဟုတ်ပါလော။
သို့သော်လည်း ရှန်ထျန်းက လုံးလုံး မငြင်းဆန်ခဲ့ပေ။
ဆိုလိုတာက သူ တကယ်ကြီး ဖြစ်နေတာပေါ့
ရုတ်ချည်းဆိုသလို ဧည့်သည်တော်များက ရှန်ထျန်းအား အမြင်တမျိုး ဖြစ်လာကြသည်။ အထူးသဖြင့် လီလျန်အာကို မည်သူမှန်း သိနေကြသူတချို့ ဖြစ်၏။
သူတို့က ထိုမိန်းကလေးသည် မည်မျှ ထူးခြားနေကြောင်း သိနေ၍ ရှန်ထျန်းအား အားကျတကြီး ကြည့်လိုက်ကြသည်။
သူမ အဖေက ချန်းဟယ် ဓားအသျှင် လီခန်းလန် ဖြစ်ပြီး ထိုင်ပိုင်ချိုင့်ဝှမ်း၌ အကျော်ဇေယျတစ်ဦး ဖြစ်၏။
သူက အကြီးအကဲတစ်ဦးမျှ ဖြစ်သော်လည်း ဂိုဏ်းချုပ် ဖြစ်လာနိုင်သည့် အရည်အချင်း ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သူက ထိုကိစ္စကို စိတ်မဝင်စားသည်မှာ သူ့အတွက် အရေးမပါ၍ ဖြစ်သည်။ သူက ထိုအချိန်ကို ဓားပညာရပ် မွမ်းမံဖို့သာ အသုံးပြုလိမ့်မည်။
တကယ်တော့ လီခန်းလန်သည် ယနေ့အထိ အရှေ့ပိုင်းလွင်ပြင်၌ ပြိုင်ဖက်ကင်း ဖြစ်နေဆဲ ဖြစ်၏။ သူနှင့် သက်တူရွယ်တူ လူများပင် လက်ရည်မသာကြပေ။
အကယ်၍ သူ့သမီးဖြစ်သူကို လက်ထပ်ပြီး သူ့မျက်နှာသာပေးခြင်း ခံခဲ့ရလျှင် အထွတ်အမြတ်မြေ၌ အတွင်းစည်း တပည့် ဖြစ်လာရခြင်းထက် ပိုကောင်းသေးပေသည်။ ထို့ကြောင့် ရှန်အောင်းအနေနှင့် အထွတ်အထိပ်ရှင် ကျီယန်အား ဆရာအဖြစ် ရှိနေခြင်းက သိပ်အရေးမကြီးချေ။
ယခု ဧည့်သည်တော်အားလုံးက တူညီသော ကိစ္စကို တွေးကုန်ကြသည်။
လန်နန်းဆောင်ဆီ ပို့ဖို့ နောက်ထပ် လက်ဆောင်ကောင်းကောင်း ထပ်ပြင်လိုက်သင့်လား …
ရှန်အောင်းအား ကနဦး စိတ်ဝိညာဉ်အဆင့် ဆရာတစ်ယောက် ရှိခြင်းအတွက် လက်ဆောင် ပေးထားပြီးပြီ ဖြစ်ရာ ယခု မင်းသား(၁၃)က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ယောက္ခမ ရှိလာပြီ မဟုတ်ပါလော။
ဘယ်လိုလုပ် လက်ဆောင် မပေးဘဲ နေလို့ကောင်းမှာလဲ …
အထွတ်အထိပ်ရှင် ကျီယန်နှင့် ရှန်ထျန်းတို့က လက်ဆောင်များကို မျက်လုံးထဲပင် မထည့်ပေ။ သို့သော် သူတို့က လက်ဆောင်တစ်ခုမှ မပေးခဲ့သည်ကို မှတ်မိသွားခဲ့လျှင် အရှေ့ပိုင်းလွင်ပြင်မှ ရွေ့ပြောင်းသွားရလိမ့်မည်။
ဧည့်သည်တော်များ၏ အတွေးနှင့် မတူညီစွာ မီးတိုင်းပြည် အရှင်ဘုရင် ရှန်ရှောင်းက ပို၍ ရိုးရှင်းသော တုံ့ပြန်မှု ရှိနေ၏။ သူက သူ့သားဖြစ်သူ ရှန်ထျန်းက အထွတ်အထိပ်ရှင် ကျီယန်အား အချက်ကျကျ ပြောဆိုနေသည်ကို ကြည့်ကာ တုန်လှုပ်မိသလို ပျော်လဲ ပျော်ရွှင်မိသည်။ သူ့သားက ဒီလောက် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်ထျန်းက သူ့ချောမောလှသည့် ရုပ်ချောအတွက် သူ့အမေကို ကျေးဇူးတင်ရပေမည်။
သူက ထိုက်ပိုင်ချိုင့်ဝှမ်း၏ မိန်းကလေး ချစ်နှစ်သက်မှု ခံရသောကြောင့် ထိုလူများ၏ အကူအညီဖြင့် သူ့ကံဆိုးမှုကို ပြောင်းလဲပစ်နိုင်တော့မည်။
လန်သာ သိရင် သေချာပေါက် ပျော်နေမှာပဲ …
မင်းသား(၆) ရှန်အောင်းက ခံစားချက် ရောထွေးနေရှာသည်။ သူ့ကံကြမ္မာက မှားယွင်းသွားပြီဟု သံသယဝင်လာမိ၏။
သူက မီးတိုင်းပြည်၏ တောက်ပနေသည့် အနာဂတ်ကို ရရှိမည့်သူ ဖြစ်ကာ သူ့ညီတော် (၁၃)က ငယ်စဉ်ကတည်းက ကံဆိုးလာသူ မဟုတ်ပါလော။
အရာအားလုံးက ဘာလို့ အခု ပြောင်းလဲသွားရတာလဲ … ဒီဟာက ကံကြမ္မာစက်ဝန်း အပြောင်းအလဲလား …
ဒီ ၁၈ နှစ်လုံးအတွက် ငါ့ကံကောင်းမှုအားလုံး ကုန်ဆုံးသွားပြီးတော့ သူက အခုမှ စတင်တာများလား …
ငါ့ညီတော်ရေ … ဒီပွဲအခမ်းအနားက ငါ့အတွက်လေ … ဒါက ငါ့ကို နှုတ်ဆက်တဲ့ပုံလား …
ရှန်အောင်းက အထွတ်အထိပ်ရှင် ကျီယန်နှင့် ရှန်ထျန်းတို့ နီးကပ်နေပုံကို ကြည့်ကာ အလွန်အားကျနေမိသည်။
ငါက ဆရာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ အရမ်းကြိုးစားခဲ့ရတာလေကွာ … ငါ့ညီတော်က ရုပ်ချောတော့ နတ်မိမယ်လျန်အာရဲ့ အာရုံစိုက်မှုကို ရသွားတာတဲ့လား
ပြီးတော့ ငါ့ညီတော်က ဆရာနတ်မင်း အောင်းထျန်းဆိုပဲ … အဲဆိုတော့ ငါ အရမ်းလေးစားနေရတဲ့ ဆရာနတ်မင်းက ငါ့ညီတော်လား … လောကကြီး ဘာဖြစ်ကုန်ပြီလဲ …
သူညီတော် (၁၃) က ဘာလို့ ဒီလောက်တောင် လျို့ဝှက်ထားရတာလဲ
သူက ငွေဓားကို ရွေးချယ်ခဲ့တယ်တဲ့လား … လာနောက်နေတာလား …
ငါက မင်းကို ညီလေးတစ်ယောက်ကို ဆက်ဆံရက်သားနဲ့ မင်းက ငါ့ကို ပြည့်တန်ဆာလို လာဆက်ဆံတာလား … မင်း ပြန်ပေးဆပ်ရမယ်
“ သခင် … ကျွန်မ မင်းသား(၆)ဆီက အားပြင်းတဲ့ အငြိုးတရားကို ခံစားမိတယ် ” ကျိုးအာက ဟာရီတီ ပုတီးစေ့အတွင်းမှ တိတ်တဆိတ် ပြောလိုက်သည်။
ရှန်ထျန်းက ခဏတာ ကြောင်အမ်းသွားပြီး ရှန်အောင်းကို ကြည့်လိုက်လေသည်။
ငါ သူ့ကို အပြစ်မတင်ပါဘူး … သူက အခုလေးတင် မှားယွင်းစွာ စွပ်စွဲခံလိုက်ရတာလေ … သူ့အနေနဲ့ ဆရာကို မုန်းတီးနေတာ ဖြစ်သင့်ပါတယ်
သူက အထွတ်အထိပ်ရှင် ကျီယန်ကို ကြည့်ကာ “ ကျွန်တော်နာမည်က ရှန်ထျန်းပါ။ ကျွန်တော်က မီးတိုင်းပြည်ရဲ့ ၁၃ ယောက်မြောက် မင်းသားတစ်ပါးပါ …
ရှန်အောင်းက ကျွန်တော်ရဲ့ အစ်ကိုတော်ပါ။ အခုလေး နားလည်မှုလွဲတာက ကျွန်တော်ကြောင့်ပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော် အစ်ကိုတော်ကို အပြစ်မတင်ပါနဲ့ဗျာ ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းကို တဖန် ပြန်ကြည့်လိုက်သည်။
အဲဒါဆို အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်မှာ သတ္တုရိုင်းတုံးတွေ ရွေးပေးခဲ့တာ ရှန်ထျန်းပေါ့ … သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးတာပဲ ဖြစ်လိမ့်မယ်…
နာမည်တုမှာတောင် သူ့အစ်ကိုနာမည်ကိုတောင် ထည့်သုံးထားရှာတာ … ဒါက မိသားစု စိတ်ဓာတ်ပဲ … ရင်ထဲ ထိသွားပြီ
အထွတ်အထိပ်ရှင် ကျီယန်က သူ့တပည့်လေးကို ကောင်းကောင်း တွေးမိလာသည်။ သူက ပြုံးကာ “ ထားပါတော့ ကျုပ်တို့ ဆရာနတ်မင်းက ပြောနေမှတော့ လိုက်လျောပေးရမှာပေါ့ ”
အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းအား လှည့်ကြည့်ကာ “ အောင်း … မင်း ထိုက်ပိုင်ချိုုင့်ဝှမ်းဆီ တစ်ယောက်တည်း လာစရာ မလိုတော့ဘူး။ မင်းရဲ့ ပွဲအခမ်းအနားပြီးတာနဲ့ မင်းရဲ့ ညီတော်နဲ့ အတူတူ လာလိုက် ”
အထွတ်အထိပ်ရှင် ကျီယန်က ဒေါသမထွက်တော့သော်လည်း ရှန်အောင်း၏ ခံစားချက်များက ပို၍ ရှုပ်ထွေးလာလေ၏။ သူက ထူးခြားမနေတော့သလို ခံစားနေမိသည်။ ထိုက်ပိုင်ချိုင့်ဝှမ်းအတွက် တစ်ခုဝယ် တစ်ခု လက်ဆောင်ရသလိုမျိုး ဖြစ်ကာ သူက လက်ဆောင်နေရာ၌ ရောက်နေခြင်း ဖြစ်နေသည်။
သူက မျက်ရည်ဝဲလုမတတ် ဖြစ်လာမိသည်။
ငါက ဒီနေ့ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားရမယ့်လူလေ …
တစ်ချိန်တည်းတွင် ရှန်ထျန်းလည်း စိတ်ခံစားချက် ရောထွေးနေရှာသည်။
ငါက ထိုက်ပိုင်ချိုင့်ဝှမ်းကို သွားမယ်လို့ ဘယ်သူက ပြောတာလဲ …
လီလျန်အာက အိမ်မှ နောက်တစ်ခေါက် ထွက်ပြေးလာလေရာ ရှန်ထျန်းအနေနှင့် သူမ အဖေက မည်မျှ စိတ်ဆိုးနေမည်ကို မတွေးကြည့်ရဲပေ။ သူက ထိုက်ပိုင်ချိုင့်ဝှမ်းကို လိုက်သွားဖို့ရာ ခံစားချက်ဆိုးဆိုးရွားရွား ရနေမိသည်။
ရှန်ထျန်းက ရွေးချယ်စရာ မရှိဘဲ ထုတ်မေးလိုက်ရသည် “ အဟမ်း … ကျွန်တော် မသွားဘဲ နေလို့ ရမလားဟင်”
***
ကံၾကမၼာဖန္တတ္ပါ့ေလ စာစဥ္ ၆
ဘာသာျပန္ *** Fortuna
အခန္း (၈၆)
မသြားလို႔ ရမလားဟင္
ဒါက စီနီယာအစ္ကိုႀကီး ရွာခ်င္ေနတဲ့ ေကာင္ေလးလား …
အထြတ္အထိပ္ရွင္ က်ီယန္က စိတ္ထဲ က်ိတ္ေတြးလိုက္သည္။
ခပ္ေခ်ာေခ်ာေကာင္ေလးပါ့လား … သူသာ ငါတို႔ ထိုက္ပိုင္ခ်ိဳင့္ဝွမ္းကို ဝင္လိုက္ၿပီး ငါတို႔ ဓားပညာရပ္ေတြကို သင္ယူလိုက္ရင္ အရမ္းကို နာမည္ႀကီးလာမွာပဲ …
အဲေလ … အရင္ဆုံး အစ္ကိုႀကီး ဓားေအာက္ အသက္ရွင္ဖို႔ လိုေသးတယ္ …
ဘယ္လိုျဖစ္ျဖစ္ပါ အစ္ကိုႀကီးက သူ႔ကို တကယ္ မသတ္ေလာက္ပါဘူး။ ဓားပညာရပ္ေပၚ သင္ခန္းစာေပး႐ုံေလာက္ ေနမွာပါ … အဲဒါကလည္း ရွန္ထ်န္းအတြက္ ေရရွည္က် အက်ိဳးရွိမွာပဲေလ
ခ်န္းဟယ္ ဓားအသွ်င္ လီခန္းလန္က အေက်ာ္ေဇယ် ပုဂၢိဳလ္ပဲေလ …
အထြတ္အျမတ္ေျမက တပည့္မ်ားေတာင္ သူ႔ဆီကေန သင္ယူဖို႔ စိတ္ဝင္စားေနၾကသည္ မဟုတ္ပါေလာ။
အထြတ္အထိပ္ရွင္ က်ီယန္က ရွန္ထ်န္းႏွင့္ လီလ်န္အာတို႔ စကားဝိုင္းဆီ ဝင္ေရာက္လာသည္။
ရွန္ထ်န္း၏ လီလ်န္အာအေပၚ အျပဳအမူကို ၾကည့္ကာ မဲ့႐ြဲ႕သြားေလ၏။
သူက လီလ်န္အာကို တစ္ဖက္ဆြဲေခၚလိုက္ၿပီးေနာက္ ေျပာလိုက္သည္ “ ဒီတစ္ခါ မွန္ရင္ေတာ့ မင္းက ဆရာနတ္မင္း ရွန္ေအာင္းထ်န္းပဲ ေနလိမ့္မယ္ ဟုတ္တယ္မလား ”
အထြတ္အထိပ္ရွင္ က်ီယန္က ဤတစ္ႀကိမ္၌ အရမ္းသတိထားေနသည္။
ရွန္ထ်န္းက ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္ရင္း “စီနီယာ ထာဝရက်င့္ႀကံသူက ကြၽန္ေတာ္ကို ဘာလို႔မ်ား ရွာေနတာပါလဲ။ ကြၽန္ေတာ္က ထိုက္ပိုင္ခ်ိဳင့္ဝွမ္းနဲ႔ တစ္ခါ ကံပါၿပီးပါၿပီ … ဒီအတိုင္းေလး ထားလိုက္သင့္ပါတယ္ ”
ရွန္ထ်န္း စကား ထြက္ေပၚလာသည့္အခါ အားလုံး အံ့အားသင့္ကုန္ၾကသည္။
ဘယ္လို ဘယ္လို … မင္းသား (၁၃)က မျငင္းဘူးလား …
အထြတ္အထိပ္ရွင္ က်ီယန္ႏွင့္ လီလ်န္အာတို႔က သူ႔အား မွတ္မိလိုက္ၾကေသာ္လည္း ဧည့္သည္ေတာ္မ်ားက ရွန္ထ်န္းကို မယုံႏိုင္ေသးေပ။ အထြတ္အထိပ္ရွင္ က်ီယန္က အမွားတစ္ခါ လုပ္ထားဖူးသူ မဟုတ္ပါေလာ။
သို႔ေသာ္လည္း ရွန္ထ်န္းက လုံးလုံး မျငင္းဆန္ခဲ့ေပ။
ဆိုလိုတာက သူ တကယ္ႀကီး ျဖစ္ေနတာေပါ့
႐ုတ္ခ်ည္းဆိုသလို ဧည့္သည္ေတာ္မ်ားက ရွန္ထ်န္းအား အျမင္တမ်ိဳး ျဖစ္လာၾကသည္။ အထူးသျဖင့္ လီလ်န္အာကို မည္သူမွန္း သိေနၾကသူတခ်ိဳ႕ ျဖစ္၏။
သူတို႔က ထိုမိန္းကေလးသည္ မည္မွ် ထူးျခားေနေၾကာင္း သိေန၍ ရွန္ထ်န္းအား အားက်တႀကီး ၾကည့္လိုက္ၾကသည္။
သူမ အေဖက ခ်န္းဟယ္ ဓားအသွ်င္ လီခန္းလန္ ျဖစ္ၿပီး ထိုင္ပိုင္ခ်ိဳင့္ဝွမ္း၌ အေက်ာ္ေဇယ်တစ္ဦး ျဖစ္၏။
သူက အႀကီးအကဲတစ္ဦးမွ် ျဖစ္ေသာ္လည္း ဂိုဏ္းခ်ဳပ္ ျဖစ္လာႏိုင္သည့္ အရည္အခ်င္း ပိုင္ဆိုင္ထားသည္။
သို႔ေသာ္လည္း သူက ထိုကိစၥကို စိတ္မဝင္စားသည္မွာ သူ႔အတြက္ အေရးမပါ၍ ျဖစ္သည္။ သူက ထိုအခ်ိန္ကို ဓားပညာရပ္ မြမ္းမံဖို႔သာ အသုံးျပဳလိမ့္မည္။
တကယ္ေတာ့ လီခန္းလန္သည္ ယေန႔အထိ အေရွ႕ပိုင္းလြင္ျပင္၌ ၿပိဳင္ဖက္ကင္း ျဖစ္ေနဆဲ ျဖစ္၏။ သူႏွင့္ သက္တူ႐ြယ္တူ လူမ်ားပင္ လက္ရည္မသာၾကေပ။
အကယ္၍ သူ႔သမီးျဖစ္သူကို လက္ထပ္ၿပီး သူ႔မ်က္ႏွာသာေပးျခင္း ခံခဲ့ရလွ်င္ အထြတ္အျမတ္ေျမ၌ အတြင္းစည္း တပည့္ ျဖစ္လာရျခင္းထက္ ပိုေကာင္းေသးေပသည္။ ထို႔ေၾကာင့္ ရွန္ေအာင္းအေနႏွင့္ အထြတ္အထိပ္ရွင္ က်ီယန္အား ဆရာအျဖစ္ ရွိေနျခင္းက သိပ္အေရးမႀကီးေခ်။
ယခု ဧည့္သည္ေတာ္အားလုံးက တူညီေသာ ကိစၥကို ေတြးကုန္ၾကသည္။
လန္နန္းေဆာင္ဆီ ပို႔ဖို႔ ေနာက္ထပ္ လက္ေဆာင္ေကာင္းေကာင္း ထပ္ျပင္လိုက္သင့္လား …
ရွန္ေအာင္းအား ကနဦး စိတ္ဝိညာဥ္အဆင့္ ဆရာတစ္ေယာက္ ရွိျခင္းအတြက္ လက္ေဆာင္ ေပးထားၿပီးၿပီ ျဖစ္ရာ ယခု မင္းသား(၁၃)က ဝိညာဥ္အသြင္ေျပာင္းျခင္းအဆင့္ ေယာကၡမ ရွိလာၿပီ မဟုတ္ပါေလာ။
ဘယ္လိုလုပ္ လက္ေဆာင္ မေပးဘဲ ေနလို႔ေကာင္းမွာလဲ …
အထြတ္အထိပ္ရွင္ က်ီယန္ႏွင့္ ရွန္ထ်န္းတို႔က လက္ေဆာင္မ်ားကို မ်က္လုံးထဲပင္ မထည့္ေပ။ သို႔ေသာ္ သူတို႔က လက္ေဆာင္တစ္ခုမွ မေပးခဲ့သည္ကို မွတ္မိသြားခဲ့လွ်င္ အေရွ႕ပိုင္းလြင္ျပင္မွ ေ႐ြ႕ေျပာင္းသြားရလိမ့္မည္။
ဧည့္သည္ေတာ္မ်ား၏ အေတြးႏွင့္ မတူညီစြာ မီးတိုင္းျပည္ အရွင္ဘုရင္ ရွန္ေရွာင္းက ပို၍ ႐ိုးရွင္းေသာ တုံ႔ျပန္မႈ ရွိေန၏။ သူက သူ႔သားျဖစ္သူ ရွန္ထ်န္းက အထြတ္အထိပ္ရွင္ က်ီယန္အား အခ်က္က်က် ေျပာဆိုေနသည္ကို ၾကည့္ကာ တုန္လႈပ္မိသလို ေပ်ာ္လဲ ေပ်ာ္႐ႊင္မိသည္။ သူ႔သားက ဒီေလာက္ ေျပာင္းလဲသြားလိမ့္မည္ဟု မထင္ထားခဲ့ေပ။
ရွန္ထ်န္းက သူ႔ေခ်ာေမာလွသည့္ ႐ုပ္ေခ်ာအတြက္ သူ႔အေမကို ေက်းဇူးတင္ရေပမည္။
သူက ထိုက္ပိုင္ခ်ိဳင့္ဝွမ္း၏ မိန္းကေလး ခ်စ္ႏွစ္သက္မႈ ခံရေသာေၾကာင့္ ထိုလူမ်ား၏ အကူအညီျဖင့္ သူ႔ကံဆိုးမႈကို ေျပာင္းလဲပစ္ႏိုင္ေတာ့မည္။
လန္သာ သိရင္ ေသခ်ာေပါက္ ေပ်ာ္ေနမွာပဲ …
မင္းသား(၆) ရွန္ေအာင္းက ခံစားခ်က္ ေရာေထြးေနရွာသည္။ သူ႔ကံၾကမၼာက မွားယြင္းသြားၿပီဟု သံသယဝင္လာမိ၏။
သူက မီးတိုင္းျပည္၏ ေတာက္ပေနသည့္ အနာဂတ္ကို ရရွိမည့္သူ ျဖစ္ကာ သူ႔ညီေတာ္ (၁၃)က ငယ္စဥ္ကတည္းက ကံဆိုးလာသူ မဟုတ္ပါေလာ။
အရာအားလုံးက ဘာလို႔ အခု ေျပာင္းလဲသြားရတာလဲ … ဒီဟာက ကံၾကမၼာစက္ဝန္း အေျပာင္းအလဲလား …
ဒီ ၁၈ ႏွစ္လုံးအတြက္ ငါ့ကံေကာင္းမႈအားလုံး ကုန္ဆုံးသြားၿပီးေတာ့ သူက အခုမွ စတင္တာမ်ားလား …
ငါ့ညီေတာ္ေရ … ဒီပြဲအခမ္းအနားက ငါ့အတြက္ေလ … ဒါက ငါ့ကို ႏႈတ္ဆက္တဲ့ပုံလား …
ရွန္ေအာင္းက အထြတ္အထိပ္ရွင္ က်ီယန္ႏွင့္ ရွန္ထ်န္းတို႔ နီးကပ္ေနပုံကို ၾကည့္ကာ အလြန္အားက်ေနမိသည္။
ငါက ဆရာရဲ႕ အသိအမွတ္ျပဳမႈကို ရဖို႔ အရမ္းႀကိဳးစားခဲ့ရတာေလကြာ … ငါ့ညီေတာ္က ႐ုပ္ေခ်ာေတာ့ နတ္မိမယ္လ်န္အာရဲ႕ အာ႐ုံစိုက္မႈကို ရသြားတာတဲ့လား
ၿပီးေတာ့ ငါ့ညီေတာ္က ဆရာနတ္မင္း ေအာင္းထ်န္းဆိုပဲ … အဲဆိုေတာ့ ငါ အရမ္းေလးစားေနရတဲ့ ဆရာနတ္မင္းက ငါ့ညီေတာ္လား … ေလာကႀကီး ဘာျဖစ္ကုန္ၿပီလဲ …
သူညီေတာ္ (၁၃) က ဘာလို႔ ဒီေလာက္ေတာင္ လ်ိဳ႕ဝွက္ထားရတာလဲ
သူက ေငြဓားကို ေ႐ြးခ်ယ္ခဲ့တယ္တဲ့လား … လာေနာက္ေနတာလား …
ငါက မင္းကို ညီေလးတစ္ေယာက္ကို ဆက္ဆံရက္သားနဲ႔ မင္းက ငါ့ကို ျပည့္တန္ဆာလို လာဆက္ဆံတာလား … မင္း ျပန္ေပးဆပ္ရမယ္
“ သခင္ … ကြၽန္မ မင္းသား(၆)ဆီက အားျပင္းတဲ့ အၿငိဳးတရားကို ခံစားမိတယ္ ” က်ိဳးအာက ဟာရီတီ ပုတီးေစ့အတြင္းမွ တိတ္တဆိတ္ ေျပာလိုက္သည္။
ရွန္ထ်န္းက ခဏတာ ေၾကာင္အမ္းသြားၿပီး ရွန္ေအာင္းကို ၾကည့္လိုက္ေလသည္။
ငါ သူ႔ကို အျပစ္မတင္ပါဘူး … သူက အခုေလးတင္ မွားယြင္းစြာ စြပ္စြဲခံလိုက္ရတာေလ … သူ႔အေနနဲ႔ ဆရာကို မုန္းတီးေနတာ ျဖစ္သင့္ပါတယ္
သူက အထြတ္အထိပ္ရွင္ က်ီယန္ကို ၾကည့္ကာ “ ကြၽန္ေတာ္နာမည္က ရွန္ထ်န္းပါ။ ကြၽန္ေတာ္က မီးတိုင္းျပည္ရဲ႕ ၁၃ ေယာက္ေျမာက္ မင္းသားတစ္ပါးပါ …
ရွန္ေအာင္းက ကြၽန္ေတာ္ရဲ႕ အစ္ကိုေတာ္ပါ။ အခုေလး နားလည္မႈလြဲတာက ကြၽန္ေတာ္ေၾကာင့္ပါ။ ေက်းဇူးျပဳၿပီးေတာ့ ကြၽန္ေတာ္ အစ္ကိုေတာ္ကို အျပစ္မတင္ပါနဲ႔ဗ်ာ ”
အထြတ္အထိပ္ရွင္ က်ီယန္က ရွန္ေအာင္းကို ၾကည့္လိုက္ၿပီးေနာက္ ရွန္ထ်န္းကို တဖန္ ျပန္ၾကည့္လိုက္သည္။
အဲဒါဆို အဆုံးမဲ့ ဝိညာဥ္ဥယ်ာဥ္မွာ သတၱဳ႐ိုင္းတုံးေတြ ေ႐ြးေပးခဲ့တာ ရွန္ထ်န္းေပါ့ … သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးတာပဲ ျဖစ္လိမ့္မယ္…
နာမည္တုမွာေတာင္ သူ႔အစ္ကိုနာမည္ကိုေတာင္ ထည့္သုံးထားရွာတာ … ဒါက မိသားစု စိတ္ဓာတ္ပဲ … ရင္ထဲ ထိသြားၿပီ
အထြတ္အထိပ္ရွင္ က်ီယန္က သူ႔တပည့္ေလးကို ေကာင္းေကာင္း ေတြးမိလာသည္။ သူက ၿပဳံးကာ “ ထားပါေတာ့ က်ဳပ္တို႔ ဆရာနတ္မင္းက ေျပာေနမွေတာ့ လိုက္ေလ်ာေပးရမွာေပါ့ ”
အထြတ္အထိပ္ရွင္ က်ီယန္က ရွန္ေအာင္းအား လွည့္ၾကည့္ကာ “ ေအာင္း … မင္း ထိုက္ပိုင္ခ်ိဳုင့္ဝွမ္းဆီ တစ္ေယာက္တည္း လာစရာ မလိုေတာ့ဘူး။ မင္းရဲ႕ ပြဲအခမ္းအနားၿပီးတာနဲ႔ မင္းရဲ႕ ညီေတာ္နဲ႔ အတူတူ လာလိုက္ ”
အထြတ္အထိပ္ရွင္ က်ီယန္က ေဒါသမထြက္ေတာ့ေသာ္လည္း ရွန္ေအာင္း၏ ခံစားခ်က္မ်ားက ပို၍ ရႈပ္ေထြးလာေလ၏။ သူက ထူးျခားမေနေတာ့သလို ခံစားေနမိသည္။ ထိုက္ပိုင္ခ်ိဳင့္ဝွမ္းအတြက္ တစ္ခုဝယ္ တစ္ခု လက္ေဆာင္ရသလိုမ်ိဳး ျဖစ္ကာ သူက လက္ေဆာင္ေနရာ၌ ေရာက္ေနျခင္း ျဖစ္ေနသည္။
သူက မ်က္ရည္ဝဲလုမတတ္ ျဖစ္လာမိသည္။
ငါက ဒီေန႔ ပရိသတ္ရဲ႕ အာ႐ုံကို ဖမ္းစားရမယ့္လူေလ …
တစ္ခ်ိန္တည္းတြင္ ရွန္ထ်န္းလည္း စိတ္ခံစားခ်က္ ေရာေထြးေနရွာသည္။
ငါက ထိုက္ပိုင္ခ်ိဳင့္ဝွမ္းကို သြားမယ္လို႔ ဘယ္သူက ေျပာတာလဲ …
လီလ်န္အာက အိမ္မွ ေနာက္တစ္ေခါက္ ထြက္ေျပးလာေလရာ ရွန္ထ်န္းအေနႏွင့္ သူမ အေဖက မည္မွ် စိတ္ဆိုးေနမည္ကို မေတြးၾကည့္ရဲေပ။ သူက ထိုက္ပိုင္ခ်ိဳင့္ဝွမ္းကို လိုက္သြားဖို႔ရာ ခံစားခ်က္ဆိုးဆိုး႐ြား႐ြား ရေနမိသည္။
ရွန္ထ်န္းက ေ႐ြးခ်ယ္စရာ မရွိဘဲ ထုတ္ေမးလိုက္ရသည္ “ အဟမ္း … ကြၽန္ေတာ္ မသြားဘဲ ေနလို႔ ရမလားဟင္”
***