Simplicity of love √Complete...

By Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra

Christmas🎄

4.2K 356 19
By Zante7

#Unicode

ကုတင်ပေါ်မှာထိုင်ပြီးဂျောင်ဂုက Laptopနဲ့အလုပ်ရှုပ်နေသလို ဘေးနားမှာထိုင်နေတဲ့သားကလည်း စတော်ဘယ်ရီသီးပန်းကန်နဲ့အလုပ်ရှုပ်နေတော့သည်။TVမှာလာနေတဲ့ကာတွန်းကားကိုကြည့်နေပြီး သူသဘောကျတဲ့နေရာမှာဆို အသံထွက်ပြီးရယ်နေသလို
ပါးစပ်ကလည်း မျိုးစုံပြောသေးသည်။
ဂျောင်ဂုမှာအလုပ်ရှုပ်နေပြီး သားကိုအချိန်ပြည့်ကြည့်မနေနိုင်ပေမယ့် သားရယ်သံကြားရင် အလိုလိုပြုံးမိသွားပြီး
သားကိုတစ်ချက်တော့ကြည့်မိသွားမြဲ။

"ဒယ်ဒီ အလုပ်တွေမပြီးသေးဘူးလား
သားအိပ်...ချင်နေပြီ"

သားရဲ့အသံလေးက အိပ်ချင်နေမှန်းကိုသိသာစေသည်အထိ ခပ်လေးလေးဖြစ်နေသည်။အဲ့တော့မှသူလည်းနာရီကို ကြည့်လိုက်မိတော့ ည၁၂နာရီကျော်နေပြီပင်။သားက တစ်နေကုန်သင်တန်းကျောင်းမှာနေပြီး အိမ်တန်းမပြန်ရဘဲသူ့ရုံးခန်းမှာဝင်နေရတော့ ကလေးကကောင်းကောင်းမနားရသေး။အခုလည်းအချိန်ကအတော်လင့်နေပြီဆိုတော့ သားကပင်ပန်းပြီး အိပ်ချင်နေရှာတော့သည်။

"Sorryသားရယ် ဒယ်ဒီကနာရီမကြည့်လိုက်မိဘူး သားလေးအိပ်ချင်နေပြီပေါ့
အလုပ်မပြီးလည်းဘာအရေးလဲ ဒယ်ဒီ့သားလေးအိပ်ရဖို့သာအရေးကြီးဆုံး"

"ပါးပါးကဖုန်းလည်းမဆက်သေးဘူး"

laptop ကိုစားပွဲပေါ်တင်ပြီးတာနဲ့သားစားထားတဲ့စတော်ဘယ်ရီပန်းကန်ကိုပါယူပြီးတင်ထားနေရင်း ကုတင်ပေါ်ကနေပြောလာတဲ့သားရဲ့အသံလေး။

"ပါးပါးက ဖွားဖွားနေမကောင်းတော့ပြုစုပေးနေရလို့နေမှာပါ ဒါမှမဟုတ်
သားအိပ်နေပြီဆိုပြီး မနက်မှဆက်မလို့နေမှာပါ သားကပါးပါးကိုလွမ်းနေပြီလား"

"သားက လွမ်းနေပြီ ပါးပါးကသားကိုအကြာကြီးထားခဲ့တာ ပါးပါးနောက်လိုက်သွားချင်နေပြီ"

"အဲ့ဒါဆို Noahလေးက ပါပါးနောက်လိုက်သွားပြီး ဒယ်ဒီ့ကိုကြတစ်ယောက်တည်းထားခဲ့နိုင်တယ်ပေါ့"

ဂျောင်ဂုက သားထိုင်နေတဲ့ကုတင်အစွန်းလေးမှာမက်တပ်ရပ်ပြီးမေးလိုက်တော့ သားကထိုင်နေရာမှထလာပြီး သူ့ရင်ခွင်ထဲတိုးဝင်လာတော့သည်။

"ဟင့်အင်း....သားကဒယ်ဒီ့ကိုတစ်ယောက်တည်းမထားခဲ့နိုင်ပါဘူး
သားကဒယ်ဒီ့ကို များကြီး များကြီးချစ်တာ"

"ဟားဟား ဒယ်ဒီ့သားကတော့ကွာ
လာ ဒယ်ဒီတို့မျက်နှာသစ် သွားတိုက်ပြီးအိပ်ကြမယ်"

Babyမရှိပဲသားက သူနဲ့နေရတာ၈ရက်ရှိနေပြီဖြစ်တော့ သူ့ပါးပါးကိုလွမ်းကြောင်းဖွင့်ပြောလာသည်။သူ့အမေနေမကောင်းဖြစ်လို့ ဆေးရုံတင်ထားရတယ်ဆိုပြီး ဖုန်းဆက်လာတော့ babyကသူခဏသွားမှရမယ်ဆိုပြီးပြောလာတော့ ဂျောင်ဂုလည်းခွင့်ပြုလိုက်သည်။သားကိုပါခေါ်သွားမယ်လို့ပြောလာပေမယ့် ဂျောင်ဂုကမခေါ်သွားစေချင်ခဲ့။ဆေးရုံမှာလူနာကိုပြုစုပေးရမှာဖြစ်တာကြောင့် သားကိုပါဂရုစိုက်နေရရင် babyပင်ပန်းမှာလဲစိုးရိမ်သည်။

သူမအားတာနဲ့ ကလေးကိုတခြားသူတွေကြည့်ပေးမှာကိုလည်း
ဂျောင်ဂုကစိတ်မချ။ကလေးကိုရေခြားမြေခြား သူစိမ်းတွေလက်ထဲမှာစိတ်မချနိုင်ပါဘူးလို့ babyကိုပြောလိုက်တော့ သူ့သားသဘောကိုမေးကြည့်မယ်ဆိုပြီး မေးပါလေရော။
မေးလည်းမေးရော ဒယ်ဒီနဲ့နေခဲ့မယ်ဆိုပြီးဖြေလိုက်လို့ babyကသူ့သားကိုစိတ်ကောက်လိုက်သေးသည်။

"ယားတယ်လို့ဒယ်ဒီ....ဟီးဟီး"

မျက်နှာသစ်ပြီး သားမျက်နှာလေးကိုသဘက်နုနုလေးနဲ့သုတ်ပေးနေတုန်းမှာမေးဖျားနဲ့လိုက်ပွတ်နေတော့ သားကယားတယ်ပြောပြီး သူ့လက်လေးနှစ်ဖက်နဲ့အတင်းတွန်းကာ ရယ်နေတော့သည်။ပြီးတာနဲ့ကုတင်ပေါ်တက်ပြီး သူ့ရင်ခွင်ထဲထည့်ဖက်ထားကာ စောင်ထူထူအောက်မှာ သားဖနှစ်ယောက်အိပ်ကြတော့သည်။

"သား နောက်နှစ်ရက်နေရင် ဒယ်ဒီတို့ပါးပါးနောက်လိုက်သွားကြမယ်
ဖွားဖွားလည်း ဆေးရုံကဆင်းရတော့မှာဆိုတော့ Christmas ကိုအဲ့မှာလျှောက်လည်ကြမယ်လေ"

"သားက ဖွားဖွားတို့ဆီခဏခဏရောက်နေတာလေ Christmas ကိုအဲ့မှာမလည်ချင်ဘူး"

စကားတတ်လွန်းတဲ့သားကို အသည်းယားစွာပွေ့ဖက်ပြီးတာနဲ့ပါးဖောင်းဖောင်းလေးကို နမ်းလိုက်တော့သည်။

"ဟုတ်ပြီ သားသွားချင်တဲ့နိုင်ငံရှိလား
သားကြိုက်တဲ့နေရာပြော ဒယ်ဒီကလိုက်ပို့မှာ"

"သားမပါဘဲနဲ့ ဒယ်ဒီနဲ့ပါးပါး နှစ်ယောက်တည်းသွားလည်တဲ့နိုင်ငံလေအဲ့ကိုသွားချင်တာ ဒယ်ဒီ.....
သားတို့ Switzerland ကိုသွားမယ်"

"ဒယ်ဒီ့သားက အဲ့ဒီကိုသွားချင်တာကို
ဖြစ်စေရမယ်ဗျာ သွားကြမယ်"

Jungkookစကားဆုံးတာနဲ့ သူ့လည်ပင်းကိုသိုင်းဖက်ထားပြီး သားကမျက်လုံးလေးတွေကိုမှေးစပြုလာသည်။ကျောလေးကို ခပ်ဖွဖွလေးပွတ်ပေးလိုက်တော့ မကြာခင်မှာ အသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်သွားတော့သည်။အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့သူ့သားကိုကြည့်ပြီးမှ
သူလည်းအိပ်ရတော့သည်။

*******************************

လေဆိပ်ထဲမှာ ထယ်ယောင်းရောက်နေခဲ့တာ တစ်နာရီကျော်ခဲ့ပြီ။နောက်ထပ်၁၀မိနစ်ကြာရင် ဂျွန်နဲ့သားလေးစီးလာတဲ့လေယာဉ်ကဆိုက်ရောက်တော့မည်ဖြစ်တာကြောင့်
အများနည်းတူ သူလည်းရပ်စောင့်နေလိုက်သည်။သူ့သားလေးရဲ့ပုံလေးကိုမြင်ယောင်လိုက်တာနဲ့အလိုလိုပြုံးမိသွားတာများ ကြည်ကြည်နူးနူး။ချမ်းအေးလှတဲ့ဒီဇင်ဘာမှာ သူ့နှလုံးသားလေးက နွေးလို့ထွေးလို့။

ခဏကြာတော့ လေယာဉ်ပေါ်ပါလာတဲ့သူတွေအသီးအသီးထွက်လာကြတော့သည်။သူများတွေကပြေးကြိုနေကြသလို သူကလည်း ဂျွန်နဲ့သားကိုကြည့်ရတာအမော။ထွက်လာကြသူတွေရဲ့အလယ်အုပ်စုလောက်ရောက်မှတွေ့လိုက်ရတာက သားကိုချီပြီးထွက်လာတဲ့ဂျွန်။သားက သူ့ဒယ်ဒီပုခုံးကိုကျစ်ကျစ်ပါအောင်ဖက်ထားရင်းနဲ့ မျက်လုံးလေးတွေကတော့ ယောက်ယက်ခတ်အောင်ကြည့်ပြီးသူ့ကိုရှာနေတာ။

"သားရေ....ပါးပါးဒီမှာ"

သားဖနှစ်ယောက်အနားအပြေးသွားရင်အော်လိုက်တော့မှ ကြည့်လာကြတော့သည်။သားက ထယ်ယောင်းကိုမြင်တာနဲ့ လက်နှစ်ဖက်ဆန့်ပေးလာသည်။သူ့ကိုချီပါပေါ့။

"ပါးပါးသားလေးကို ချီမှာပေါ့.....
အူးမွ....မွ"

ဂျွန်ရဲ့လက်ထဲကနေပြောင်းချီလိုက်ရင်းနဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုနမ်းလိုက်တော့မှ သားကထယ်ယောင်းကိုတရှုံ့ရှုံ့နမ်းလာတော့သည်။သားက အနီရောင်ဟူဒီလေးကိုဝတ်ထားပြီး ဂျင်းပြာဘောင်းဘီလေးကိုတွဲဝတ်ထားကာ လက်အိပ်လေးတွေပါစွပ်ထားသေးသည်။ဂျွန်ကလည်း သူ့သားနဲ့တစ်ပုံစံတည်းတူတဲ့ဂျင်းဘောင်းဘီကိုဝတ်ထားတာ။

"ဘေဘီကမျက်နှာလိုက်တာနော် သားကြနမ်းပြီး ကိုယ့်ကိုတော့သာမန်လိုဆက်ဆံနေတာ"

"သာမန်ဆက်ဆံနေရင် ဂျွန်က
ကျွန်တော့်အမျိုးသားဖြစ်လာပါအုံးမလား ကလေးရှေ့ဆို အနေထိုင်ဆင်ခြင်ရမယ်လေ"

"အဲ့ဒါဆို သားကွယ်ရာကြရင်နော်.....
အကြွေးမှတ်ထားလိုက်မယ်"

ဂျောင်ဂုစလိုက်တော့ ရယ်ပြီး မှတ်ထားတဲ့။သားကတော့ သူ့ပါးပါးကိုသာဖက်ထားပြီး ပုခုံးပေါ်မေးတင်ကာ အိပ်လိုက်လာတော့သည်။

"သားက ပင်ပန်းနေတယ်ထင်တယ်
အိပ်နေလိုက်တာ.... ကလေးနေတော့ကောင်းပါတယ်နော် ဂျွန်"

"ကောင်းပါတယ် ဘေဘီရဲ့ သားကအခုရက်တော့ပင်ပန်းတယ် အစားအသောက်ကလည်းအပြင်စာစားရတာများတယ် ဘေဘီမရှိတော့သူလွမ်းနေတာလည်းပါပြီး ပင်ပန်းနေတာ
ကလေးကအိပ်ချိန်တွေလည်းမမှန်ဘူး ကိုယ်အစည်းအဝေးရှိတဲ့နေ့တွေဆို အစောကြီးထရတယ်"

"အဲ့ဒါကြောင့် မေမေတို့ကိုပြောထားတယ် ကိုရီးယားမှာပြန်နေဖို့လေ နေမကောင်းဖြစ်တိုင်းလာဖို့ကခတ်တယ်လို့ပြောလိုက်ပြီး နားချထားတော့ ပြန်နေမယ်တဲ့လေ"

"ကောင်းတာပေါ့ဘေဘီရာ.... အနားရှိတော့ဘာမဆိုလုပ်ပေးလို့ရသေးတယ်လေ"

ထယ်ယောင်းမှာ သားရဲ့အိပ်နေတဲ့မျက်နှာလေးကို ငုံ့နမ်းရင်းနဲ့ရင်ခွင်ထဲပွေ့ထားရတော့သည်။ကလေးကိုပစ်ထားပြီးလာရတာကို သူလည်းစိတ်မဖြောင့်။ဗိုက်များဆာနေမလား။အိပ်ချိန်လည်းအဆင်ပြေပါ့မလားနဲ့။
အိမ်ရောက်တဲ့အထိ သားကအိပ်မောကျနေတော့ သူ့အဘိုးနဲ့သူ့အဘွားကလည်း စိတ်မကောင်းဖြစ်နေကြသည်။

"သားမရှိလို့ မြေးလေးက ကောင်းကောင်းမအိပ်ဘူးထင်တယ်
အခုအိပ်နေလိုက်တာများ နှစ်နှစ်ခြိုက်ခြိုက် မေမေတို့ကြောင့် မြေးလေး
ပင်ပန်းနေရတယ်"

"မဟုတ်ပါဘူးအမေ စိတ်ထဲထားမနေပါနဲ့ဗျ"

စိတ်မကောင်းဖြစ်နေတဲ့မိဘတွေကို
ဂျောင်ဂုလည်းနှစ်သိမ့်လိုက်ရသည်။

"အဲ့လိုတော့အမြဲလုပ်နေလို့မရဘူး
ဒီနှစ်ကုန်တာနဲ့အမေတို့ပြန်လာတော့မယ် စည်းစိမ်ဥစ္စာရှာတာတွေလည်းတော်သင့်ပါပြီ အရေးကြီးတာက သားတို့မိသားစုတွေပျော်ရွှင်နေဖို့ပဲအရေးကြီးတာ"

ထယ်ယောင်းက သူတို့နေမယ့်အခန်းမှာ
သားကိုမွေ့ယာပေါ်ကိုချပေးပြီးတာနဲ့ အနွေးထည်လေးရော လက်အိပ်တွေ ခြေစွပ်တွေပါ အသာအယာလေးချွတ်ပေးနေရတော့သည်။သက်တောင့်သက်သာဖြစ်သွားမှ ဂွမ်းစောင်ခြုံပေးပြီး နဖူးလေးကိုခပ်ဖွဖွနမ်းရသည်။
ဂျွန်ပါရောက်လာပြီးတာနဲ့သားပါလေးကိုနမ်းပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။သူကတော့သားအဝတ်တွေကို လျှော်ခြင်းထဲထည့်ပြီး ဂျွန်ကိုထိုင်စောင့်နေလိုက်သည်။

"ဘေဘီ ထမင်းစားကြတော့မှာလား"

"စားကြတော့မှာ ဂျွန်အဝတ်လဲလိုက်အုံးလေ"

ရပ်နေတဲ့သူအနားကိုသွားပြီးတာနဲ့
အင်္ကျီကြယ်သီးတွေကိုဖြုတ်ပေးလိုက်ရသည်။သားရှေ့ဆို နှစ်ယောက်စလုံးအနေအထိုင်ဆင်ခြင်ကြတာဖြစ်လို့
အခုလိုအချိန်တွေကတော့ ဂျွန်ရဲ့စနောက်ချိန်များသာ။

"ဘေဘီကရော ကိုယ့်ကိုမလွမ်းဘူးလား ကိုယ်တို့ကတော့ ဘေဘီ့ကိုလွမ်းနေတာ"

"လွမ်းတာပေါ့ ကျွန်တော့်အချစ်ကြီးနဲ့အချစ်လေးကိုမလွမ်းပဲနေမလား"

ပြောပြီးတာနဲ့ ငုံကြည့်နေတဲ့သူရဲ့နှုတ်ခမ်းကိုထိလိုက်တော့ ပြန်နမ်းလာတဲ့အနမ်းများက ညင်သာစွာ။
ထမင်းထွက်စားကြပြီး အိပ်တဲ့အချိန်အထိသားကနိုးမလာသေး။ထမင်းကျွေးဖို့နှိုးမလို့လုပ်ပေမယ့် သားကကောင်းကောင်းအိပ်ပျော်နေတာဖြစ်လို့မနှိုးရက်တာနဲ့ပဲ ထားလိုက်တော့သည်။

"ပါးပါး.....သားဗိုက်ဆာတယ်"

ထယ်ယောင်းအိပ်နေတုန်းမှာ ရင်ခွင်ထဲကသားက သူ့ပါးလေးတွေကိုထိကိုင်ပြီးစကားပြောလာသည်။

"ဟင်....သားကဗိုက်ဆာနေတာလား
ထ ပါးပါးကျွေးမယ်နော်"

အိပ်ရာထကာစသားမျက်နှာလေး လန်းသွားအောင်လို့ ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးပြီးတာနဲ့ ထမင်းစားခန်းထဲကို ချီခေါ်လာရတော့သည်။ဂျွန်လဲပင်ပန်းနေတာထင်သည်။အိပ်နေလိုက်တာများ သားဖနှစ်ယောက်လုံးနှစ်နှစ်ခြိုက်ခြိုက်တွေ။

"သားက နွားနို့နဲ့ပေါင်မုန့်မီးကင်ကို ကြက်ဥကြော်နဲ့စားမှာ"

"Ok....မင်းသားလေးသဘော ပါးပါးလုပ်ပေးမယ် ခဏစောင့်"

ထယ်ယောင်းလည်းသားစားချင်တာကိုအမြန်လုပ်ပေးလိုက်သည်။ညလယ်ရောက်နေပြီဖြစ်လို့ ထမင်းစားရင်အစာမကြေမှာစိုးသောကြောင့် သားစားချင်တာကိုသာလုပ်ပေးလိုက်တော့သည်။
စားပြီးတာနဲ့သားက ပြန်မအိပ်ချင်သေးတော့ သားနဲ့အတူရုပ်ရှင်ထိုင်ကြည့်ပေးနေရသည်။

"ပါးပါး သားကိုဒယ်ဒီကလေ Switzerland လိုက်ပို့မှာတဲ့ Christmas ရော new yearပါအဲ့မှာနေမှာတဲ့"

"အဲ့တော့မင်းသားလေးက ပျော်သွားတယ်ပေါ့"

"ပါးပါးနဲ့သားနဲ့ ဒယ်ဒီနဲ့အတူသွားရမှာကိုပျော်တာပေါ့.... ပါးပါးနောက်ကြရင်သားတို့ကို အကြာကြီးခွဲမသွားနဲ့
ဒယ်ဒီနဲ့သားက ပါးပါးမရှိရင်မနေတတ်ဘူး သားနေပေးခဲ့လို့သာပေါ့ သားပါလိုက်ခဲ့ရင် ဒယ်ဒီတစ်ယောက်တည်းသားတို့ကိုလွမ်းနေရမှာ"

"အင်းပါ သားရယ်"

သားကိုကတိပေးပြီး နမ်းလိုက်မှသားက အိပ်တော့မယ်ဆိုပြီးပြောလာသည်။
သားကိုချီပြီးအခန်းထဲဝင်လိုက်တော့ ဂျွန်ကလည်းတံခါးနားမှာရောက်ခါနီး။

"ကိုယ်ကအခုထွက်လာတော့မလို့ သားစားပြီးပြီလား"

"စားပြီးပြီ ဒယ်ဒီချီ"

"ချီပါပြီဗျာ"

သားကိုကလိထိုးနေတဲ့ဂျွန်ကြောင့် သားကမွေ့ယာပေါ်မှာရယ်နေတော့တာ မောတဲ့အထိ။ဒီလိုမြင်ကွင်းလေးနဲ့ဝေးနေရတာသူ့အတွက်မပြည့်စုံခဲ့။အခုမှသာပြည့်စုံတော့သည်။

***************************

Switzerland ကိုစရောက်ထဲက သားကစူးစမ်းမှု့အပြည့်။ဟိုတယ်ကလာကြိုတဲ့ကားပေါ်မှာထဲက လမ်းတစ်လျှောက်ရှု့ခင်းတွေကိုတစ်ဝကြီးငေးတော့သည်။သားကိုအလိုလိုက်တဲ့ဂျွန်က အခန်းငှားတာတောင်မှ သူတို့လက်ထပ်ပြီးဟန်းနီးမွန်းထွက်လာတော့
တည်းတဲ့အခန်းပဲ။သားကလည်းအမှတ်တရဓာတ်ပုံတွေကြည့်ထားတာဆိုတော့ ဒီအခန်းကနေမြင်ရတဲ့ တောင်တန်းတွေကိုမြင်လိုက်ရတော့
သဘောတွေကြနေတာများ။

"ပါးပါး သားကိုဖွားဖွားတို့ကိုဖုန်းခေါ်ပေးပါအုံး သားရောက်ပြီဆိုတာပြောရအုံးမယ်လေ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ဂျောင်ဂုမှာသားကိုကြည့်ပြီး အသည်းယားလာတာနဲ့ကောက်ပွေ့လိုက်ရတော့သည်။ဂျောင်ဂုပေါင်ပေါ်မှာထိုင်နေရင်းနဲ့သူ့အဘွားတွေကို ဖုန်းပြောတော့သည်။

Christmas အချိန်ဆိုတော့ခရီးသွားတွေကအများအပြားရှိနေကြသည်။
ဂျောင်ဂုတို့လည်း ကားငှားပြီးသာလည်ဖြစ်ကြသည်။သားနဲ့ဆိုတော့နေရာစုံမသွားဖြစ်တော့။နှင်းတွေတဖွဲဖွဲကြနေတော့ကလေးအေးပြီးနေမကောင်းဖြစ်မှာဆိုးတာကြောင့် အနီးအနားကိုသာလည်ဖြစ်ကြသည်။

"သားကအရမ်းစိတ်ဝင်စားနေတာပဲ"

"ဟုတ်တယ်ဘေဘီ.....နွေဦးမှာထပ်လာလည်ရမယ် အဲ့တော့မှသားကစိုက်ခင်းတွေရော နွားလေးတွေရော ကောင်းကောင်းတွေ့နိုင်မှာ"

ကားတောင်မှ ဂျောင်ဂုမောင်းတာမဟုတ်။ကားမောင်းတဲ့သူပါလာသည်။နှင်းတွေလမ်းပေါ်မှာတင်နေတော့ ကားမောင်းရတာအန္တရာယ်ရှိသည်။ဒီဒေသကသူတွေမှသာ ကျွမ်းကျင်စွာမောင်းနိုင်သောကြောင့် ကားမောင်းပို့ပေးမယ့်သူကိုပါ တစ်ခါတည်းငှားရသည်။

"ဒယ်ဒီ ရပ်ထားတဲ့ကားတွေပေါ်မှာနှင်းတွေအများကြီးတင်ကျန်နေတာ ကြည့်လိုက်ပါအုံးဒယ်ဒီ"

"ဟုတ်တယ်သားရဲ့....ကားရပ်ရင်
ဒီကားပေါ်မှာလည်း နှင်းတွေရှိနေမှာ"

ညရောက်တော့ အခန်းထဲမှာဟိုတယ်ကလာဆင်ပေးထားတဲ့ခရစ်စမတ်သစ်ပင်လေးနဲ့အတူရောင်စုံမီးလှလှလေးတွေ။ကလေးပါလာတော့ ကစားစရာအရုပ်လေးတွေ မုန့်တွေ ချောကလက်တွေပါ လက်ဆောင်ထားပေးကြသည်။

ဟိုတယ်မှာညစာစားပြီးတာနဲ့ အခန်းထဲပြန်သားကိုအနွေးထည်ထူထူလေးဝတ်ပေးပြီး ဂျောင်ဂုကချီကာ ဟိုတယ်ရှေ့မှာလုပ်နေတဲ့ ခရစ်စမတ်ပွဲတော်နေရာကိုဆင်းလာကြတော့သည်။

"သားအေးလား"

"မအေးဘူး ပါးပါး"

"ဘေဘီ့သားကအေးနေလည်း မအေးဘူးပြောမှာ ဘေဘီပြန်ခေါ်မှာစိုးလို့လေ"

"ဟုတ်တယ် အဲ့ကောင်လေးမလွယ်ဘူး"

အခုည၈နာရီမှာ ခရစ်စမတ်သစ်ပင်လေးတွေကို မီးတစ်ပြိုင်တည်းလင်းမှာဖြစ်လို့ အားလုံးက စက္ကန့်ကိုပြိုင်တူရေတွက်နေကြသည်။ဂျွန်ချီထားတဲ့အတိုင်း ပြုံးပျော်စွာ အများနည်းတူစက္ကန့်ရေတွက်နေတဲ့သားကိုကြည့်ပြီး
ထယ်ယောင်းမှာချစ်မဝ။ဖုန်းထုတ်ပြီးသားဖနှစ်ယောက်ကိုဓာတ်ပုံရိုက်လိုက်တော့ ရယ်ပြနေကြသေးသည်။

"3.. 2.. 1... Merry Christmas !!!"

ပြိုင်တူအော်ပြီးတာနဲ့ သူတို့တွေရဲ့ပတ်ပတ်လည်က ခရစ်စမတ်သစ်ပင်လေးတွေမှာ မီးရောင်စုံထွန်းလင်းလာတော့သည်။

"အကိုတို့မိသားစုကို အမှတ်တရဓာတ်ပုံလေးရိုက်ပေးနိုင်မလား ညီမလေး"

ဂျွန်ကအနားမှာရှိတဲ့ကောင်မလေးနှစ်ယောက်ကိုအကူအညီတောင်းလိုက်တော့ ချက်ချင်းရိုက်ပေးကြသည်။

"သားလေးကချစ်စရာလေး နာမည်ဘယ်လိုခေါ်လဲ"

"Jeon Noah"

"ချစ်လိုက်တာ မမတို့ကချောကလက်လေးတွေလက်ဆောင်ပေးချင်လို့ လက်ခံပါနော်"

"ကျေးဇူးတင်ပါတယ်"

ထယ်ယောင်းမှာရယ်နေရတော့သည်။
မေးသမျှဖြေပြီး သူကြိုက်တဲ့ပစ္စည်းလေးတွေအကြောင်းEnglish အသံထွက်ကိုလေယူလေသိမ်းမှန်မှန်ပါပြန်ပြောနေတဲ့သူ့သားကလူလည်လေး။

"ညီမတို့နှစ်ယောက်ကလည်း လပ်ထပ်ထားတာပါ ကလေးလေးယူဖို့လည်းပြင်ဆင်နေတာမလို့ အကိုတို့မိသားစုကိုတွေ့ရတာ ညီမတို့အတွက်အရမ်းကံကောင်းတာပဲ"

"အဆင်ပြေမှာပါညီမလေး စိတ်မပူပါနဲ့"

ပွဲပြီးတဲ့အထိမနေဘဲနဲ့အခန်းထဲသို့သာပြန်လာလိုက်ကြသည်။ညအိပ်ဝတ်စုံလဲပြီးတဲ့သားက စောင်ထူထူအောက်မှာဇိမ်ယူနေတော့သည်။

"ကဲ..Jeon Noah....တစ်နေကုန်လည်ထားရတော့ အိပ်ချင်နေပြီလား"

"အင်း ပါးပါးသိပ်"

"နေပါအုံးသားရဲ့ ဒယ်ဒီလက်ဆောင်ပေးအုံးမယ်လေ မယူတော့ဘူးလား"

"ယူမှာဒယ်ဒီ"

သူ့ဘေးမှာလာထိုင်တဲ့သူ့ဒယ်ဒီပေါ်ကိုဖက်တက်တော့သည်။

"ဒီမှာ ဆွဲကြိုးလေး သားကြိုက်လား"

"Jလေးပါတယ် သားကြိုက်တယ်"

"လာ ဒယ်ဒီဆွဲပေးမယ်"

ဆွဲပြီးတာနဲ့Happy Christmasလို့ပြောပြီး သားပါးကိုတစ်ယောက်တစ်ဖက်စီနမ်းလိုက်ကြတော့သည်။စကားတွေပြောပြီးရယ်မောနေတဲ့သားက
ခဏအကြာမှာတော့အိပ်ပျော်သွားတော့သည်။

"ဂျွန် ဆွဲကြိုးကိုဘယ်တုန်းကပြင်ဆင်ထားလိုက်တာလဲ"

"Orderမှာထားတာ သားကိုခရစ်စမတ်လက်ဆောင်လေးပေးချင်လို့လေ"

"ကျွန်တော်ကရော"

"ဘေဘီ့ကိုက ကိုယ်နဲ့သားကိုလက်ဆောင်ပေးထားတယ်လေ ဟားဟား"

ဂျောင်ဂုရယ်လိုက်တာနဲ့ လက်ကဗိုက်ကိုလိမ်ဆွဲပြီးသားပင်။

"ကလေးနိုးသွားမယ်"

"မနိုးပါဘူး ဘေဘီကအဖြစ်ကိုသည်းတာ ဘေဘီ့သားနဲ့ပတ်သတ်ရင်"

ဂျွန်ကသူ့ကိုနားအနားကပ်ပြီးလေသံကြားရုံပြောလာတာမလို့ သူ့မှာအလိုလိုမျက်နှာလှည့်ကြည့်မိသွားတော့သည်။
လှည့်လိုက်တာနဲ့သူ့နှုတ်ခမ်းပေါ်ကျရောက်လာသောအနမ်းများ။အချိန်အနည်းငယ်ကြာတဲ့အထိအတူစီးမျောမိကြတော့သည်။

ဂျောင်ဂုရေချိုးခန်းကထွက်လာတော့ ဘေဘီကသားကိုရင်ခွင်ထဲထည့်ကာ အိပ်နေတော့သည်။သားရဲ့လက်လေးကလည်း သူ့ပါးပါးခါးပေါ်မှာနေရာတကျ။အိပ်ပျော်နေတဲ့သားဖပုံကိုဓာတ်ပုံရိုက်ယူပြီးမှ သူလည်းအိပ်ရတော့သည်။ဒီလူသားလေးနှစ်ယောက်ကိုပျော်ရွှင်အောင်ထားရတာကိုက သူ့အတွက်ပျော်ရွှင်မှု့အရင်းအမြစ်ဖြစ်တည်တာပဲ။ဒီချစ်ခြင်းတွေက အမြဲတမ်းနွေးမြဲထွေးမြဲ။

Simplicity Of Love.........
🎄⛄❄🍓💜

အကြောင်းကြောင်းကြောင့် နောက်ကျသွားရတဲ့ခရစ်စမတ်လက်ဆောင်လေးပါရှင်.....Merry Christmas to you all❄⛄🎄🙆‍♀️

#Zawgyi

ကုတင္ေပၚမွာထိုင္ၿပီးေဂ်ာင္ဂုက Laptopနဲ႔အလုပ္ရႈပ္ေနသလို ေဘးနားမွာထိုင္ေနတဲ့သားကလည္း စေတာ္ဘယ္ရီသီးပန္းကန္နဲ႔အလုပ္ရႈပ္ေနေတာ့သည္။TVမွာလာေနတဲ့ကာတြန္းကားကိုၾကည့္ေနၿပီး သူသေဘာက်တဲ့ေနရာမွာဆို အသံထြက္ၿပီးရယ္ေနသလို
ပါးစပ္ကလည္း မ်ိဳးစုံေျပာေသးသည္။
ေဂ်ာင္ဂုမွာအလုပ္ရႈပ္ေနၿပီး သားကိုအခ်ိန္ျပည့္ၾကည့္မေနႏိုင္ေပမယ့္ သားရယ္သံၾကားရင္ အလိုလိုၿပဳံးမိသြားၿပီး
သားကိုတစ္ခ်က္ေတာ့ၾကည့္မိသြားၿမဲ။

"ဒယ္ဒီ အလုပ္ေတြမၿပီးေသးဘူးလား
သားအိပ္...ခ်င္ေနၿပီ"

သားရဲ႕အသံေလးက အိပ္ခ်င္ေနမွန္းကိုသိသာေစသည္အထိ ခပ္ေလးေလးျဖစ္ေနသည္။အဲ့ေတာ့မွသူလည္းနာရီကို ၾကည့္လိုက္မိေတာ့ ည၁၂နာရီေက်ာ္ေနၿပီပင္။သားက တစ္ေနကုန္သင္တန္းေက်ာင္းမွာေနၿပီး အိမ္တန္းမျပန္ရဘဲသူ႔႐ုံးခန္းမွာဝင္ေနရေတာ့ ကေလးကေကာင္းေကာင္းမနားရေသး။အခုလည္းအခ်ိန္ကအေတာ္လင့္ေနၿပီဆိုေတာ့ သားကပင္ပန္းၿပီး အိပ္ခ်င္ေနရွာေတာ့သည္။

"Sorryသားရယ္ ဒယ္ဒီကနာရီမၾကည့္လိုက္မိဘူး သားေလးအိပ္ခ်င္ေနၿပီေပါ့
အလုပ္မၿပီးလည္းဘာအေရးလဲ ဒယ္ဒီ့သားေလးအိပ္ရဖို႔သာအေရးႀကီးဆုံး"

"ပါးပါးကဖုန္းလည္းမဆက္ေသးဘူး"

laptop ကိုစားပြဲေပၚတင္ၿပီးတာနဲ႔သားစားထားတဲ့စေတာ္ဘယ္ရီပန္းကန္ကိုပါယူၿပီးတင္ထားေနရင္း ကုတင္ေပၚကေနေျပာလာတဲ့သားရဲ႕အသံေလး။

"ပါးပါးက ဖြားဖြားေနမေကာင္းေတာ့ျပဳစုေပးေနရလို႔ေနမွာပါ ဒါမွမဟုတ္
သားအိပ္ေနၿပီဆိုၿပီး မနက္မွဆက္မလို႔ေနမွာပါ သားကပါးပါးကိုလြမ္းေနၿပီလား"

"သားက လြမ္းေနၿပီ ပါးပါးကသားကိုအၾကာႀကီးထားခဲ့တာ ပါးပါးေနာက္လိုက္သြားခ်င္ေနၿပီ"

"အဲ့ဒါဆို Noahေလးက ပါပါးေနာက္လိုက္သြားၿပီး ဒယ္ဒီ့ကိုၾကတစ္ေယာက္တည္းထားခဲ့ႏိုင္တယ္ေပါ့"

ေဂ်ာင္ဂုက သားထိုင္ေနတဲ့ကုတင္အစြန္းေလးမွာမက္တပ္ရပ္ၿပီးေမးလိုက္ေတာ့ သားကထိုင္ေနရာမွထလာၿပီး သူ႔ရင္ခြင္ထဲတိုးဝင္လာေတာ့သည္။

"ဟင့္အင္း....သားကဒယ္ဒီ့ကိုတစ္ေယာက္တည္းမထားခဲ့ႏိုင္ပါဘူး
သားကဒယ္ဒီ့ကို မ်ားႀကီး မ်ားႀကီးခ်စ္တာ"

"ဟားဟား ဒယ္ဒီ့သားကေတာ့ကြာ
လာ ဒယ္ဒီတို႔မ်က္ႏွာသစ္ သြားတိုက္ၿပီးအိပ္ၾကမယ္"

Babyမရွိပဲသားက သူနဲ႔ေနရတာ၈ရက္ရွိေနၿပီျဖစ္ေတာ့ သူ႔ပါးပါးကိုလြမ္းေၾကာင္းဖြင့္ေျပာလာသည္။သူ႔အေမေနမေကာင္းျဖစ္လို႔ ေဆး႐ုံတင္ထားရတယ္ဆိုၿပီး ဖုန္းဆက္လာေတာ့ babyကသူခဏသြားမွရမယ္ဆိုၿပီးေျပာလာေတာ့ ေဂ်ာင္ဂုလည္းခြင့္ျပဳလိုက္သည္။သားကိုပါေခၚသြားမယ္လို႔ေျပာလာေပမယ့္ ေဂ်ာင္ဂုကမေခၚသြားေစခ်င္ခဲ့။ေဆး႐ုံမွာလူနာကိုျပဳစုေပးရမွာျဖစ္တာေၾကာင့္ သားကိုပါဂ႐ုစိုက္ေနရရင္ babyပင္ပန္းမွာလဲစိုးရိမ္သည္။

သူမအားတာနဲ႔ ကေလးကိုတျခားသူေတြၾကည့္ေပးမွာကိုလည္း
ေဂ်ာင္ဂုကစိတ္မခ်။ကေလးကိုေရျခားေျမျခား သူစိမ္းေတြလက္ထဲမွာစိတ္မခ်ႏိုင္ပါဘူးလို႔ babyကိုေျပာလိုက္ေတာ့ သူ႔သားသေဘာကိုေမးၾကည့္မယ္ဆိုၿပီး ေမးပါေလေရာ။
ေမးလည္းေမးေရာ ဒယ္ဒီနဲ႔ေနခဲ့မယ္ဆိုၿပီးေျဖလိုက္လို႔ babyကသူ႔သားကိုစိတ္ေကာက္လိုက္ေသးသည္။

"ယားတယ္လို႔ဒယ္ဒီ....ဟီးဟီး"

မ်က္ႏွာသစ္ၿပီး သားမ်က္ႏွာေလးကိုသဘက္ႏုႏုေလးနဲ႔သုတ္ေပးေနတုန္းမွာေမးဖ်ားနဲ႔လိုက္ပြတ္ေနေတာ့ သားကယားတယ္ေျပာၿပီး သူ႔လက္ေလးႏွစ္ဖက္နဲ႔အတင္းတြန္းကာ ရယ္ေနေတာ့သည္။ၿပီးတာနဲ႔ကုတင္ေပၚတက္ၿပီး သူ႔ရင္ခြင္ထဲထည့္ဖက္ထားကာ ေစာင္ထူထူေအာက္မွာ သားဖႏွစ္ေယာက္အိပ္ၾကေတာ့သည္။

"သား ေနာက္ႏွစ္ရက္ေနရင္ ဒယ္ဒီတို႔ပါးပါးေနာက္လိုက္သြားၾကမယ္
ဖြားဖြားလည္း ေဆး႐ုံကဆင္းရေတာ့မွာဆိုေတာ့ Christmas ကိုအဲ့မွာေလွ်ာက္လည္ၾကမယ္ေလ"

"သားက ဖြားဖြားတို႔ဆီခဏခဏေရာက္ေနတာေလ Christmas ကိုအဲ့မွာမလည္ခ်င္ဘူး"

စကားတတ္လြန္းတဲ့သားကို အသည္းယားစြာေပြ႕ဖက္ၿပီးတာနဲ႔ပါးေဖာင္းေဖာင္းေလးကို နမ္းလိုက္ေတာ့သည္။

"ဟုတ္ၿပီ သားသြားခ်င္တဲ့ႏိုင္ငံရွိလား
သားႀကိဳက္တဲ့ေနရာေျပာ ဒယ္ဒီကလိုက္ပို႔မွာ"

"သားမပါဘဲနဲ႔ ဒယ္ဒီနဲ႔ပါးပါး ႏွစ္ေယာက္တည္းသြားလည္တဲ့ႏိုင္ငံေလအဲ့ကိုသြားခ်င္တာ ဒယ္ဒီ.....
သားတို႔ Switzerland ကိုသြားမယ္"

"ဒယ္ဒီ့သားက အဲ့ဒီကိုသြားခ်င္တာကို
ျဖစ္ေစရမယ္ဗ်ာ သြားၾကမယ္"

Jungkookစကားဆုံးတာနဲ႔ သူ႔လည္ပင္းကိုသိုင္းဖက္ထားၿပီး သားကမ်က္လုံးေလးေတြကိုေမွးစျပဳလာသည္။ေက်ာေလးကို ခပ္ဖြဖြေလးပြတ္ေပးလိုက္ေတာ့ မၾကာခင္မွာ အသက္ရွဴသံမွန္မွန္ေလးနဲ႔အိပ္ေပ်ာ္သြားေတာ့သည္။ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနတဲ့သူ႔သားကိုၾကည့္ၿပီးမွ
သူလည္းအိပ္ရေတာ့သည္။

*******************************

ေလဆိပ္ထဲမွာ ထယ္ေယာင္းေရာက္ေနခဲ့တာ တစ္နာရီေက်ာ္ခဲ့ၿပီ။ေနာက္ထပ္၁၀မိနစ္ၾကာရင္ ဂြၽန္နဲ႔သားေလးစီးလာတဲ့ေလယာဥ္ကဆိုက္ေရာက္ေတာ့မည္ျဖစ္တာေၾကာင့္
အမ်ားနည္းတူ သူလည္းရပ္ေစာင့္ေနလိုက္သည္။သူ႔သားေလးရဲ႕ပုံေလးကိုျမင္ေယာင္လိုက္တာနဲ႔အလိုလိုၿပဳံးမိသြားတာမ်ား ၾကည္ၾကည္ႏူးႏူး။ခ်မ္းေအးလွတဲ့ဒီဇင္ဘာမွာ သူ႔ႏွလုံးသားေလးက ေႏြးလို႔ေထြးလို႔။

ခဏၾကာေတာ့ ေလယာဥ္ေပၚပါလာတဲ့သူေတြအသီးအသီးထြက္လာၾကေတာ့သည္။သူမ်ားေတြကေျပးႀကိဳေနၾကသလို သူကလည္း ဂြၽန္နဲ႔သားကိုၾကည့္ရတာအေမာ။ထြက္လာၾကသူေတြရဲ႕အလယ္အုပ္စုေလာက္ေရာက္မွေတြ႕လိုက္ရတာက သားကိုခ်ီၿပီးထြက္လာတဲ့ဂြၽန္။သားက သူ႔ဒယ္ဒီပုခုံးကိုက်စ္က်စ္ပါေအာင္ဖက္ထားရင္းနဲ႔ မ်က္လုံးေလးေတြကေတာ့ ေယာက္ယက္ခတ္ေအာင္ၾကည့္ၿပီးသူ႔ကိုရွာေနတာ။

"သားေရ....ပါးပါးဒီမွာ"

သားဖႏွစ္ေယာက္အနားအေျပးသြားရင္ေအာ္လိုက္ေတာ့မွ ၾကည့္လာၾကေတာ့သည္။သားက ထယ္ေယာင္းကိုျမင္တာနဲ႔ လက္ႏွစ္ဖက္ဆန႔္ေပးလာသည္။သူ႔ကိုခ်ီပါေပါ့။

"ပါးပါးသားေလးကို ခ်ီမွာေပါ့.....
အူးမြ....မြ"

ဂြၽန္ရဲ႕လက္ထဲကေနေျပာင္းခ်ီလိုက္ရင္းနဲ႔ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကိုနမ္းလိုက္ေတာ့မွ သားကထယ္ေယာင္းကိုတရႈံ႕ရႈံ႕နမ္းလာေတာ့သည္။သားက အနီေရာင္ဟူဒီေလးကိုဝတ္ထားၿပီး ဂ်င္းျပာေဘာင္းဘီေလးကိုတြဲဝတ္ထားကာ လက္အိပ္ေလးေတြပါစြပ္ထားေသးသည္။ဂြၽန္ကလည္း သူ႔သားနဲ႔တစ္ပုံစံတည္းတူတဲ့ဂ်င္းေဘာင္းဘီကိုဝတ္ထားတာ။

"ေဘဘီကမ်က္ႏွာလိုက္တာေနာ္ သားၾကနမ္းၿပီး ကိုယ့္ကိုေတာ့သာမန္လိုဆက္ဆံေနတာ"

"သာမန္ဆက္ဆံေနရင္ ဂြၽန္က
ကြၽန္ေတာ့္အမ်ိဳးသားျဖစ္လာပါအုံးမလား ကေလးေရွ႕ဆို အေနထိုင္ဆင္ျခင္ရမယ္ေလ"

"အဲ့ဒါဆို သားကြယ္ရာၾကရင္ေနာ္.....
အေႂကြးမွတ္ထားလိုက္မယ္"

ေဂ်ာင္ဂုစလိုက္ေတာ့ ရယ္ၿပီး မွတ္ထားတဲ့။သားကေတာ့ သူ႔ပါးပါးကိုသာဖက္ထားၿပီး ပုခုံးေပၚေမးတင္ကာ အိပ္လိုက္လာေတာ့သည္။

"သားက ပင္ပန္းေနတယ္ထင္တယ္
အိပ္ေနလိုက္တာ.... ကေလးေနေတာ့ေကာင္းပါတယ္ေနာ္ ဂြၽန္"

"ေကာင္းပါတယ္ ေဘဘီရဲ႕ သားကအခုရက္ေတာ့ပင္ပန္းတယ္ အစားအေသာက္ကလည္းအျပင္စာစားရတာမ်ားတယ္ ေဘဘီမရွိေတာ့သူလြမ္းေနတာလည္းပါၿပီး ပင္ပန္းေနတာ
ကေလးကအိပ္ခ်ိန္ေတြလည္းမမွန္ဘူး ကိုယ္အစည္းအေဝးရွိတဲ့ေန႔ေတြဆို အေစာႀကီးထရတယ္"

"အဲ့ဒါေၾကာင့္ ေမေမတို႔ကိုေျပာထားတယ္ ကိုရီးယားမွာျပန္ေနဖို႔ေလ ေနမေကာင္းျဖစ္တိုင္းလာဖို႔ကခတ္တယ္လို႔ေျပာလိုက္ၿပီး နားခ်ထားေတာ့ ျပန္ေနမယ္တဲ့ေလ"

"ေကာင္းတာေပါ့ေဘဘီရာ.... အနားရွိေတာ့ဘာမဆိုလုပ္ေပးလို႔ရေသးတယ္ေလ"

ထယ္ေယာင္းမွာ သားရဲ႕အိပ္ေနတဲ့မ်က္ႏွာေလးကို ငုံ႔နမ္းရင္းနဲ႔ရင္ခြင္ထဲေပြ႕ထားရေတာ့သည္။ကေလးကိုပစ္ထားၿပီးလာရတာကို သူလည္းစိတ္မေျဖာင့္။ဗိုက္မ်ားဆာေနမလား။အိပ္ခ်ိန္လည္းအဆင္ေျပပါ့မလားနဲ႔။
အိမ္ေရာက္တဲ့အထိ သားကအိပ္ေမာက်ေနေတာ့ သူ႔အဘိုးနဲ႔သူ႔အဘြားကလည္း စိတ္မေကာင္းျဖစ္ေနၾကသည္။

"သားမရွိလို႔ ေျမးေလးက ေကာင္းေကာင္းမအိပ္ဘူးထင္တယ္
အခုအိပ္ေနလိုက္တာမ်ား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေမေမတို႔ေၾကာင့္ ေျမးေလး
ပင္ပန္းေနရတယ္"

"မဟုတ္ပါဘူးအေမ စိတ္ထဲထားမေနပါနဲ႔ဗ်"

စိတ္မေကာင္းျဖစ္ေနတဲ့မိဘေတြကို
ေဂ်ာင္ဂုလည္းႏွစ္သိမ့္လိုက္ရသည္။

"အဲ့လိုေတာ့အၿမဲလုပ္ေနလို႔မရဘူး
ဒီႏွစ္ကုန္တာနဲ႔အေမတို႔ျပန္လာေတာ့မယ္ စည္းစိမ္ဥစၥာရွာတာေတြလည္းေတာ္သင့္ပါၿပီ အေရးႀကီးတာက သားတို႔မိသားစုေတြေပ်ာ္႐ႊင္ေနဖို႔ပဲအေရးႀကီးတာ"

ထယ္ေယာင္းက သူတို႔ေနမယ့္အခန္းမွာ
သားကိုေမြ႕ယာေပၚကိုခ်ေပးၿပီးတာနဲ႔ အေႏြးထည္ေလးေရာ လက္အိပ္ေတြ ေျခစြပ္ေတြပါ အသာအယာေလးခြၽတ္ေပးေနရေတာ့သည္။သက္ေတာင့္သက္သာျဖစ္သြားမွ ဂြမ္းေစာင္ၿခဳံေပးၿပီး နဖူးေလးကိုခပ္ဖြဖြနမ္းရသည္။
ဂြၽန္ပါေရာက္လာၿပီးတာနဲ႔သားပါေလးကိုနမ္းၿပီး ေရခ်ိဳးခန္းထဲဝင္သြားေတာ့သည္။သူကေတာ့သားအဝတ္ေတြကို ေလွ်ာ္ျခင္းထဲထည့္ၿပီး ဂြၽန္ကိုထိုင္ေစာင့္ေနလိုက္သည္။

"ေဘဘီ ထမင္းစားၾကေတာ့မွာလား"

"စားၾကေတာ့မွာ ဂြၽန္အဝတ္လဲလိုက္အုံးေလ"

ရပ္ေနတဲ့သူအနားကိုသြားၿပီးတာနဲ႔
အက်ႌၾကယ္သီးေတြကိုျဖဳတ္ေပးလိုက္ရသည္။သားေရွ႕ဆို ႏွစ္ေယာက္စလုံးအေနအထိုင္ဆင္ျခင္ၾကတာျဖစ္လို႔
အခုလိုအခ်ိန္ေတြကေတာ့ ဂြၽန္ရဲ႕စေနာက္ခ်ိန္မ်ားသာ။

"ေဘဘီကေရာ ကိုယ့္ကိုမလြမ္းဘူးလား ကိုယ္တို႔ကေတာ့ ေဘဘီ့ကိုလြမ္းေနတာ"

"လြမ္းတာေပါ့ ကြၽန္ေတာ့္အခ်စ္ႀကီးနဲ႔အခ်စ္ေလးကိုမလြမ္းပဲေနမလား"

ေျပာၿပီးတာနဲ႔ ငုံၾကည့္ေနတဲ့သူရဲ႕ႏႈတ္ခမ္းကိုထိလိုက္ေတာ့ ျပန္နမ္းလာတဲ့အနမ္းမ်ားက ညင္သာစြာ။
ထမင္းထြက္စားၾကၿပီး အိပ္တဲ့အခ်ိန္အထိသားကႏိုးမလာေသး။ထမင္းေကြၽးဖို႔ႏႈိးမလို႔လုပ္ေပမယ့္ သားကေကာင္းေကာင္းအိပ္ေပ်ာ္ေနတာျဖစ္လို႔မႏႈိးရက္တာနဲ႔ပဲ ထားလိုက္ေတာ့သည္။

"ပါးပါး.....သားဗိုက္ဆာတယ္"

ထယ္ေယာင္းအိပ္ေနတုန္းမွာ ရင္ခြင္ထဲကသားက သူ႔ပါးေလးေတြကိုထိကိုင္ၿပီးစကားေျပာလာသည္။

"ဟင္....သားကဗိုက္ဆာေနတာလား
ထ ပါးပါးေကြၽးမယ္ေနာ္"

အိပ္ရာထကာစသားမ်က္ႏွာေလး လန္းသြားေအာင္လို႔ ေရေႏြးေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးၿပီးတာနဲ႔ ထမင္းစားခန္းထဲကို ခ်ီေခၚလာရေတာ့သည္။ဂြၽန္လဲပင္ပန္းေနတာထင္သည္။အိပ္ေနလိုက္တာမ်ား သားဖႏွစ္ေယာက္လုံးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေတြ။

"သားက ႏြားႏို႔နဲ႔ေပါင္မုန႔္မီးကင္ကို ၾကက္ဥေၾကာ္နဲ႔စားမွာ"

"Ok....မင္းသားေလးသေဘာ ပါးပါးလုပ္ေပးမယ္ ခဏေစာင့္"

ထယ္ေယာင္းလည္းသားစားခ်င္တာကိုအျမန္လုပ္ေပးလိုက္သည္။ညလယ္ေရာက္ေနၿပီျဖစ္လို႔ ထမင္းစားရင္အစာမေၾကမွာစိုးေသာေၾကာင့္ သားစားခ်င္တာကိုသာလုပ္ေပးလိုက္ေတာ့သည္။
စားၿပီးတာနဲ႔သားက ျပန္မအိပ္ခ်င္ေသးေတာ့ သားနဲ႔အတူ႐ုပ္ရွင္ထိုင္ၾကည့္ေပးေနရသည္။

"ပါးပါး သားကိုဒယ္ဒီကေလ Switzerland လိုက္ပို႔မွာတဲ့ Christmas ေရာ new yearပါအဲ့မွာေနမွာတဲ့"

"အဲ့ေတာ့မင္းသားေလးက ေပ်ာ္သြားတယ္ေပါ့"

"ပါးပါးနဲ႔သားနဲ႔ ဒယ္ဒီနဲ႔အတူသြားရမွာကိုေပ်ာ္တာေပါ့.... ပါးပါးေနာက္ၾကရင္သားတို႔ကို အၾကာႀကီးခြဲမသြားနဲ႔
ဒယ္ဒီနဲ႔သားက ပါးပါးမရွိရင္မေနတတ္ဘူး သားေနေပးခဲ့လို႔သာေပါ့ သားပါလိုက္ခဲ့ရင္ ဒယ္ဒီတစ္ေယာက္တည္းသားတို႔ကိုလြမ္းေနရမွာ"

"အင္းပါ သားရယ္"

သားကိုကတိေပးၿပီး နမ္းလိုက္မွသားက အိပ္ေတာ့မယ္ဆိုၿပီးေျပာလာသည္။
သားကိုခ်ီၿပီးအခန္းထဲဝင္လိုက္ေတာ့ ဂြၽန္ကလည္းတံခါးနားမွာေရာက္ခါနီး။

"ကိုယ္ကအခုထြက္လာေတာ့မလို႔ သားစားၿပီးၿပီလား"

"စားၿပီးၿပီ ဒယ္ဒီခ်ီ"

"ခ်ီပါၿပီဗ်ာ"

သားကိုကလိထိုးေနတဲ့ဂြၽန္ေၾကာင့္ သားကေမြ႕ယာေပၚမွာရယ္ေနေတာ့တာ ေမာတဲ့အထိ။ဒီလိုျမင္ကြင္းေလးနဲ႔ေဝးေနရတာသူ႔အတြက္မျပည့္စုံခဲ့။အခုမွသာျပည့္စုံေတာ့သည္။

***************************

Switzerland ကိုစေရာက္ထဲက သားကစူးစမ္းမႈ႕အျပည့္။ဟိုတယ္ကလာႀကိဳတဲ့ကားေပၚမွာထဲက လမ္းတစ္ေလွ်ာက္ရႈ႕ခင္းေတြကိုတစ္ဝႀကီးေငးေတာ့သည္။သားကိုအလိုလိုက္တဲ့ဂြၽန္က အခန္းငွားတာေတာင္မွ သူတို႔လက္ထပ္ၿပီးဟန္းနီးမြန္းထြက္လာေတာ့
တည္းတဲ့အခန္းပဲ။သားကလည္းအမွတ္တရဓာတ္ပုံေတြၾကည့္ထားတာဆိုေတာ့ ဒီအခန္းကေနျမင္ရတဲ့ ေတာင္တန္းေတြကိုျမင္လိုက္ရေတာ့
သေဘာေတြၾကေနတာမ်ား။

"ပါးပါး သားကိုဖြားဖြားတို႔ကိုဖုန္းေခၚေပးပါအုံး သားေရာက္ၿပီဆိုတာေျပာရအုံးမယ္ေလ"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ"

ေဂ်ာင္ဂုမွာသားကိုၾကည့္ၿပီး အသည္းယားလာတာနဲ႔ေကာက္ေပြ႕လိုက္ရေတာ့သည္။ေဂ်ာင္ဂုေပါင္ေပၚမွာထိုင္ေနရင္းနဲ႔သူ႔အဘြားေတြကို ဖုန္းေျပာေတာ့သည္။

Christmas အခ်ိန္ဆိုေတာ့ခရီးသြားေတြကအမ်ားအျပားရွိေနၾကသည္။
ေဂ်ာင္ဂုတို႔လည္း ကားငွားၿပီးသာလည္ျဖစ္ၾကသည္။သားနဲ႔ဆိုေတာ့ေနရာစုံမသြားျဖစ္ေတာ့။ႏွင္းေတြတဖြဲဖြဲၾကေနေတာ့ကေလးေအးၿပီးေနမေကာင္းျဖစ္မွာဆိုးတာေၾကာင့္ အနီးအနားကိုသာလည္ျဖစ္ၾကသည္။

"သားကအရမ္းစိတ္ဝင္စားေနတာပဲ"

"ဟုတ္တယ္ေဘဘီ.....ေႏြဦးမွာထပ္လာလည္ရမယ္ အဲ့ေတာ့မွသားကစိုက္ခင္းေတြေရာ ႏြားေလးေတြေရာ ေကာင္းေကာင္းေတြ႕ႏိုင္မွာ"

ကားေတာင္မွ ေဂ်ာင္ဂုေမာင္းတာမဟုတ္။ကားေမာင္းတဲ့သူပါလာသည္။ႏွင္းေတြလမ္းေပၚမွာတင္ေနေတာ့ ကားေမာင္းရတာအႏၲရာယ္ရွိသည္။ဒီေဒသကသူေတြမွသာ ကြၽမ္းက်င္စြာေမာင္းႏိုင္ေသာေၾကာင့္ ကားေမာင္းပို႔ေပးမယ့္သူကိုပါ တစ္ခါတည္းငွားရသည္။

"ဒယ္ဒီ ရပ္ထားတဲ့ကားေတြေပၚမွာႏွင္းေတြအမ်ားႀကီးတင္က်န္ေနတာ ၾကည့္လိုက္ပါအုံးဒယ္ဒီ"

"ဟုတ္တယ္သားရဲ႕....ကားရပ္ရင္
ဒီကားေပၚမွာလည္း ႏွင္းေတြရွိေနမွာ"

ညေရာက္ေတာ့ အခန္းထဲမွာဟိုတယ္ကလာဆင္ေပးထားတဲ့ခရစ္စမတ္သစ္ပင္ေလးနဲ႔အတူေရာင္စုံမီးလွလွေလးေတြ။ကေလးပါလာေတာ့ ကစားစရာအ႐ုပ္ေလးေတြ မုန႔္ေတြ ေခ်ာကလက္ေတြပါ လက္ေဆာင္ထားေပးၾကသည္။

ဟိုတယ္မွာညစာစားၿပီးတာနဲ႔ အခန္းထဲျပန္သားကိုအေႏြးထည္ထူထူေလးဝတ္ေပးၿပီး ေဂ်ာင္ဂုကခ်ီကာ ဟိုတယ္ေရွ႕မွာလုပ္ေနတဲ့ ခရစ္စမတ္ပြဲေတာ္ေနရာကိုဆင္းလာၾကေတာ့သည္။

"သားေအးလား"

"မေအးဘူး ပါးပါး"

"ေဘဘီ့သားကေအးေနလည္း မေအးဘူးေျပာမွာ ေဘဘီျပန္ေခၚမွာစိုးလို႔ေလ"

"ဟုတ္တယ္ အဲ့ေကာင္ေလးမလြယ္ဘူး"

အခုည၈နာရီမွာ ခရစ္စမတ္သစ္ပင္ေလးေတြကို မီးတစ္ၿပိဳင္တည္းလင္းမွာျဖစ္လို႔ အားလုံးက စကၠန႔္ကိုၿပိဳင္တူေရတြက္ေနၾကသည္။ဂြၽန္ခ်ီထားတဲ့အတိုင္း ၿပဳံးေပ်ာ္စြာ အမ်ားနည္းတူစကၠန႔္ေရတြက္ေနတဲ့သားကိုၾကည့္ၿပီး
ထယ္ေယာင္းမွာခ်စ္မဝ။ဖုန္းထုတ္ၿပီးသားဖႏွစ္ေယာက္ကိုဓာတ္ပုံ႐ိုက္လိုက္ေတာ့ ရယ္ျပေနၾကေသးသည္။

"3.. 2.. 1... Merry Christmas !!!"

ၿပိဳင္တူေအာ္ၿပီးတာနဲ႔ သူတို႔ေတြရဲ႕ပတ္ပတ္လည္က ခရစ္စမတ္သစ္ပင္ေလးေတြမွာ မီးေရာင္စုံထြန္းလင္းလာေတာ့သည္။

"အကိုတို႔မိသားစုကို အမွတ္တရဓာတ္ပုံေလး႐ိုက္ေပးႏိုင္မလား ညီမေလး"

ဂြၽန္ကအနားမွာရွိတဲ့ေကာင္မေလးႏွစ္ေယာက္ကိုအကူအညီေတာင္းလိုက္ေတာ့ ခ်က္ခ်င္း႐ိုက္ေပးၾကသည္။

"သားေလးကခ်စ္စရာေလး နာမည္ဘယ္လိုေခၚလဲ"

"Jeon Noah"

"ခ်စ္လိုက္တာ မမတို႔ကေခ်ာကလက္ေလးေတြလက္ေဆာင္ေပးခ်င္လို႔ လက္ခံပါေနာ္"

"ေက်းဇူးတင္ပါတယ္"

ထယ္ေယာင္းမွာရယ္ေနရေတာ့သည္။
ေမးသမွ်ေျဖၿပီး သူႀကိဳက္တဲ့ပစၥည္းေလးေတြအေၾကာင္းEnglish အသံထြက္ကိုေလယူေလသိမ္းမွန္မွန္ပါျပန္ေျပာေနတဲ့သူ႔သားကလူလည္ေလး။

"ညီမတို႔ႏွစ္ေယာက္ကလည္း လပ္ထပ္ထားတာပါ ကေလးေလးယူဖို႔လည္းျပင္ဆင္ေနတာမလို႔ အကိုတို႔မိသားစုကိုေတြ႕ရတာ ညီမတို႔အတြက္အရမ္းကံေကာင္းတာပဲ"

"အဆင္ေျပမွာပါညီမေလး စိတ္မပူပါနဲ႔"

ပြဲၿပီးတဲ့အထိမေနဘဲနဲ႔အခန္းထဲသို႔သာျပန္လာလိုက္ၾကသည္။ညအိပ္ဝတ္စုံလဲၿပီးတဲ့သားက ေစာင္ထူထူေအာက္မွာဇိမ္ယူေနေတာ့သည္။

"ကဲ..Jeon Noah....တစ္ေနကုန္လည္ထားရေတာ့ အိပ္ခ်င္ေနၿပီလား"

"အင္း ပါးပါးသိပ္"

"ေနပါအုံးသားရဲ႕ ဒယ္ဒီလက္ေဆာင္ေပးအုံးမယ္ေလ မယူေတာ့ဘူးလား"

"ယူမွာဒယ္ဒီ"

သူ႔ေဘးမွာလာထိုင္တဲ့သူ႔ဒယ္ဒီေပၚကိုဖက္တက္ေတာ့သည္။

"ဒီမွာ ဆြဲႀကိဳးေလး သားႀကိဳက္လား"

"Jေလးပါတယ္ သားႀကိဳက္တယ္"

"လာ ဒယ္ဒီဆြဲေပးမယ္"

ဆြဲၿပီးတာနဲ႔Happy Christmasလို႔ေျပာၿပီး သားပါးကိုတစ္ေယာက္တစ္ဖက္စီနမ္းလိုက္ၾကေတာ့သည္။စကားေတြေျပာၿပီးရယ္ေမာေနတဲ့သားက
ခဏအၾကာမွာေတာ့အိပ္ေပ်ာ္သြားေတာ့သည္။

"ဂြၽန္ ဆြဲႀကိဳးကိုဘယ္တုန္းကျပင္ဆင္ထားလိုက္တာလဲ"

"Orderမွာထားတာ သားကိုခရစ္စမတ္လက္ေဆာင္ေလးေပးခ်င္လို႔ေလ"

"ကြၽန္ေတာ္ကေရာ"

"ေဘဘီ့ကိုက ကိုယ္နဲ႔သားကိုလက္ေဆာင္ေပးထားတယ္ေလ ဟားဟား"

ေဂ်ာင္ဂုရယ္လိုက္တာနဲ႔ လက္ကဗိုက္ကိုလိမ္ဆြဲၿပီးသားပင္။

"ကေလးႏိုးသြားမယ္"

"မႏိုးပါဘူး ေဘဘီကအျဖစ္ကိုသည္းတာ ေဘဘီ့သားနဲ႔ပတ္သတ္ရင္"

ဂြၽန္ကသူ႔ကိုနားအနားကပ္ၿပီးေလသံၾကား႐ုံေျပာလာတာမလို႔ သူ႔မွာအလိုလိုမ်က္ႏွာလွည့္ၾကည့္မိသြားေတာ့သည္။
လွည့္လိုက္တာနဲ႔သူ႔ႏႈတ္ခမ္းေပၚက်ေရာက္လာေသာအနမ္းမ်ား။အခ်ိန္အနည္းငယ္ၾကာတဲ့အထိအတူစီးေမ်ာမိၾကေတာ့သည္။

ေဂ်ာင္ဂုေရခ်ိဳးခန္းကထြက္လာေတာ့ ေဘဘီကသားကိုရင္ခြင္ထဲထည့္ကာ အိပ္ေနေတာ့သည္။သားရဲ႕လက္ေလးကလည္း သူ႔ပါးပါးခါးေပၚမွာေနရာတက်။အိပ္ေပ်ာ္ေနတဲ့သားဖပုံကိုဓာတ္ပုံ႐ိုက္ယူၿပီးမွ သူလည္းအိပ္ရေတာ့သည္။ဒီလူသားေလးႏွစ္ေယာက္ကိုေပ်ာ္႐ႊင္ေအာင္ထားရတာကိုက သူ႔အတြက္ေပ်ာ္႐ႊင္မႈ႕အရင္းအျမစ္ျဖစ္တည္တာပဲ။ဒီခ်စ္ျခင္းေတြက အၿမဲတမ္းေႏြးၿမဲေထြးၿမဲ။

Simplicity Of Love.........
🎄⛄❄🍓💜

အေၾကာင္းေၾကာင္းေၾကာင့္ ေနာက္က်သြားရတဲ့ခရစ္စမတ္လက္ေဆာင္ေလးပါရွင္.....Merry Christmas to you all❄⛄🎄🙆‍♀️

Continue Reading

You'll Also Like

186K 16.4K 22
တကယ္​လို႔အခ်ိန္​​ေတြသာ ​ေနာက္​ျပန္​လွည္​့ႏိုင္​ခဲ့ရင္​.... တကယ်လို့အချိန်တွေသာ နောက်ပြန်လှည့်နိုင်ခဲ့ရင်.... BTS Fanfiction Boy×Boy Jungkook × Taehy...
241K 23.5K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
25.8K 2.5K 41
Unicode & Zawgyi သုံးမြှောင့်ဖန်တုံးကိုအလင်းတန်းတစ်ခုဝင်ရောက်လာတဲ့အခါ သက်တံ့ရောင်ကာလာတွေဖြာထွက်လာတတ်တယ်။ ကိုယ်တို့နှစ်ဦးကြားထဲက သက်တံ့ရောင်ကောင်လေးက...
1.5M 63.1K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...